အကြွေး
Vol. 19 Ch. 322
ရှောင်လင်းယွီက ကျန်းချွန်းကျောင်းအကြောင်းကို ဂရုမစိုက်ချင်ပေ။
ဒါပေမယ့်လည်း ဒါက ရှောင်လင်းယွီအနားက တစ်ယောက်ယောက်က အဲ့ဒီမိန်းမကို လျစ်လျုရှုထားလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပေ။ ကျန်းချွန်းကျောင်းရဲ့စကားတွေကိုကြားတော့ ဝမ်ကျီက အရမ်း ဒေါသထွက်သွားသည်။ ဒါပေမယ့်လည်း သူမလိုလူမျိုးတွေက ဒေါသထွက်တာထက် ပိုစိတ်ငြိမ်ကြသည်။
သူမက ကျန်းချွန်းကျောင်းကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနဲ့
“ဒေါ်လေး ဒေါ်လေးရဲ့ပါးစပ်ကို ပိတ်ထားဖို့ ကျွန်မအကြံပေးလိုက်မယ်။ ဒေါ်လေးဝဋ်ကြွေးအကြောင်းပြောချင်တယ်ဆိုရင် အန်တီ့လိုလူမျိုးတွေ အရင်ခံရမှာ ကျွန်မကြောက်မိတယ်။ ရှင်က နေ့ခင်းကြောင်တောင်ကြီးမှာ ရှင့်ရဲ့ရည်းစားဟောင်းနဲ့ ဖက်လားရပ်လားလုပ်နေတာကို လူမိခဲ့တယ်။ ပြီးတော့ ဒါက ရှင့်သမီးရဲ့ အိမ်ထောင်ရေးကို ပြိုကွဲစေခဲ့တယ်။ ပြီးတော့ရှင့်မှာ ပြစ်မှုလည်းရှိခဲ့သေးတယ်။
ဒါ့အပြင် ရှင့်ရဲ့အရင်မိသားစုကလည်း ရှင့်ကိုအရမ်းရှက်လို့ စွန့်ပစ်လိုက်ပြီလို့ ကျွန်မကြားတယ်။ ရှင်က ရှင့်တူတွေ တူမတွေရဲ့ အလားအလာကောင်းတဲ့လက်ထပ်ပွဲတွေကို ဖျက်စီးပစ်ခဲ့တာပဲ။
အိုး ပြီးတော့ ဦးလေး ဖူချီက ရှင်လုပ်ခဲ့တဲ့ ရှက်စရာကောင်းတဲ့အရာတွေကြောင့် အရက်စွဲသွားတယ်လို့လဲ ကျွန်မကြားတယ်။ သူမူးရူးနေရင် သူ့ကိုယ်သူ ရန်ပွဲထဲပါနေတယ်ထင်ပြီး ရှင့်ကိုလည်း ရိုက်သေးတယ်။ ဒေါ်လေးအဲ့ဒါအမှန်ပဲလား?”
ပြီးနောက် ဝမ်ကျီက ခိုက်ခိုက်တုန်သွားတဲ့ ကျန်းချွန်းကျောင်းမျက်နှာကို ကြည့်လိုက်သည်။ ပြီးတော့ ဝမ်ကျီက တခစ်ခစ်ရယ်လိုက်သည်။ သူမက ကျန်းချွန်းကျောင်းနဖူးပေါ်က အစိမ်းကွက်ကိုထိုးပြလိုက်ပြီး
“ကျွန်မတောင်းပန်ပါတယ် ဒေါ်လေး။ ရှင့်မျက်နှာက လက်သီးဆုပ်အရွယ်ခရမ်းရောင်အမှတ်က ဒဏ်ရာတစ်ခုမှန်း ကျွန်မမသိခဲ့ဘူး။ ကျွန်မက မိတ်ကပ်တွေထင်လို့”
အခန်းထဲက လူတော်တော်များများ မထိန်းနိုင်ဘဲ နှုတ်ခမ်းတွေ တဆတ်ဆတ်လှုပ်သွားကြသည်။
မိန်းကလေးငယ်လေးရဲ့လေသံက တကယ်ပြတ်သားလွန်းသည်။ လူအများစုက ဒီကိစ္စတွေပြောဖို့ အရမ်းရှက်ကြမှာပေမယ့် ကောင်မလေးက အကုန်ဆွဲထုတ်လိုက်သည်။
ကျန်းချွန်းကျောင်းက ရှောင်လင်းယွီကို ပျက်ရယ်ပြုခဲ့ပြီး ဒီမိန်းကလေးက ဆယ်ဆပြန်တုံ့ပြန်လိုက်သည်။ စကားတစ်ခွန်းချင်းစီက စော်ကားနေသည်။ ကျန်းချွန်းကျောင်းက အရမ်းစိတ်တိုသွားပြီး သူ့တစ်ကိုယ်လုံးတုန်ယင်သွားသည်။
သူမ မျက်နှာက နီရဲနေကာ ရှက်ရွံ့သွားပြီး ဒေါသထွက်သွားသည်။ သူမက သူမကိုယ်သူမ အရှက်ရအောင်လုပ်လိုက်မှန်း သိခဲ့သည်။ ဒါ့ကြောင့် လောလောလတ်လတ် ရွာမှာ ပေါ်လာခဲသည်။ သူမကိုယ်သူမ လူမမြင်အောင် အကောင်းဆုံးကြိုးစားနေသည်။ ဒါမှ ရွာသားတွေက သူမရဲ့ ရှက်စရာကောင်းတဲ့ဖြစ်ရပ်ကိုမေ့နိုင်မှာလေ။
ဒါပေမယ့်လည်း မိန်းကလေးက အားလုံးနားထောင်ဖို့ သူမရဲ့အပြစ်တွေကို ပြန်ဖော်လာပြန်သည်။ တကယ်ကို ရက်စက်တာပဲ။
သူမ လက်ကိုဆန့်ထုတ်လိုက်ပြီး ဝမ်ကျီကို ဒေါသတကြီး ထိုးပြလိုက်သည်။
“နင်...နင်...နင် ခွေးမ၊ ငါနင့်ကိုသတ်ပစ်မယ်!”
ထိုသို့ပြောပြီးတော့ ကျန်းချွန်းကျောင်းရဲ့ နည်းနည်းလေးတဲ့ခန္ဓာကိုယ်က ဝမ်ကျီဆီ တည့်တည့်ပြေးသွားလိုက်သည်။
ရှောင်လင်းယွီက ဝမ်ကျီရဲ့နောက်မှာ ရပ်နေသည်။ ကျန်းချွန်းကျောင်းက သူမကို မတော်တဆထိခိုက်မိမှာ ကုန်းထျန်းဟောက်က စိုးရိမ်သည်။ ဒ့ါကြောင့် သူမကို သူ့ရင်ခွင်ထဲ တိုက်ရိုက်ထည့်ထားလိုက်သည်။
ဒါပေမယ့် ဝမ်ကျီကဘယ်သူလဲ?
သူမက လက်ရွေးစင်ဘော်ဒီဂတ်တစ်ယောက်လေ။
ကျေးတောသူမတစ်ယောက်ကို သူမနဲ့ သူမသခင်ကို ထိခိုက်အောင်လုပ်ခွင့်ပြုထားရင် သူမက သူမလုပ်ငန်းမှာ ဟာသတစ်ခုဖြစ်သွားမှာပေါ့။
သူမ အဲ့လိုအဖြစ်ခံပါ့မလား?
မခံဘူးလေ။
ဒါ့ကြောင့် ကျန်းချွန်းကျောင်းပြေးသွားတဲ့အချိန်မှာ ဝမ်ကျီရဲ့လက်ဖဝါးထဲကို ပဲစေ့တစ်စေ့ရောက်လာသည်။ သူမက ပဲစေ့ကိုတောက်လိုက်ပြီး ကျန်းချွန်းကျောင်းရဲ့ ဒူးခေါင်းရိုးကိုပစ်လိုက်သည်။
“ဘန်း!”
ကျန်းချွန်းကျောင်းက ရှေ့ကို မှောက်လျက်လဲကျသွားကာ မျက်နှာတစ်ခုလုံး ရွှံ့ရေတွေ စင်ကုန်တော့သည်။
လူတိုင်းက ပထမတော့အံ့ဩသွားကြပေမယ့် ပြီးနောက်မှာ တစ်ယောက်က မထိန်းချုပ်နိုင်ဘဲ ရယ်လိုက်သည်။ အဲ့ဒီအချိန်မှာ ဝမ်ကျီကလက်ခုပ်တီးလိုက်ပြီး အပြုံးတစ်ခုနဲ့
“ဒေါ်လေးကျွန်မက အန်တီ့ကိုတိုက်ဖို့ အဆင်သင့်ဖြစ်နေတာ။ ဒါပေမယ့် မတိုက်ရသေးခင် ဒေါ်လေးက အရင်လဲသွားပြီ။ ဒါဒေါ်လေးပြောတဲ့ ဝဋ်လည်တာလား?”
လူတိုင်းရဲ့ပါးစပ်တွေထပ်ပြီး တရွရွဖြစ်သွားပြန်သည်။ ဒီမိန်းကလေးရဲ့ပါးစပ်က တကယ်ခွင့်မလွှတ်နိုင်စရာပဲ။ သူမထက်ဝါကြီးတဲ့လူက သူမရှေ့မှာ လဲသွားတာတောင် ဘာကရုဏာမှမရှိဘူး။ သူမက တည့်ပဲ ဒဏ်ရာပေါ်တောင် ထပ်စော်ကားလိုက်သေးတယ်။
တစ်ချိန်တည်းမှာပဲ ဘယ်သူမှကျန်းချွန်းကျောင်းကို ကူထူဖို့ ခြေလှမ်းမလာကြပေ။ ပြီးတော့ ကျန်းချွန်းကျောင်းက အရမ်းမလျော်မကန်ပြုုမူနေခြင်းပေ။
ကျန်းချွန်းကျောင်းမှာ ရွာသားတွေနဲ့ ဆိုးရွားတဲ့ဆက်ဆံရေးတစ်ခုရှိပြီးသားဖြစ်သည်။ သူမက မကြာခန တခြားလူမကောင်းကြောင်းတွေပြောတတ်သည်။ သူမမျက်လုံးထဲမှာ တရွာလုံးက သူမကိုအကြွေးတင်နေသလိုပင်။ ရွာထဲမှာ သူမကပဲ ကောင်းတဲ့လူတစ်ယောက်ဖြစ်သည်။
ရှောင်ဖူချီက အနောက်ကနေကြည့်နေသည်။ သူ့မိန်းမက သူ့ဟာသူ အရူးလုပ်လိုက်မှန်း သူသိသည်။ ၎င်းက အရမ်းအကျည်းတန်ပြီး ရှက်ဖို့ကောင်းလေသည်။
သူလူအုပ်ကိုတိုးပြီး ထွက်သွားပြီး မဲမှောင်နေတဲ့မျက်နှာနဲ့ သူ ကျန်းချွန်းကျောင်းရှေ့လျှောက်သွားလိုက်ပြီး သူမကို ကူထူပေးလိုက်သည်။ ဒါပေမယ့်လည်း သူမ ကိုယ့်ဟာကိုယ် မတ်မတ်မရပ်နိုင်သေးခင် ရှောင်ဖူချီက ကျန်းချွန်းကျောင်း၏မျက်နှာကို လက်နောက်ပြန်ခပ်ပြင်းပြင်းတစ်ချက် ရိုက်ချလိုက်လေသည်။
၎င်းက ကြွပ်ဆတ်ပြီး ကျယ်လောင်သည်။ ဘေးကကြည့်နေတဲ့လူတွေက သူမကိုမကူညီဘဲ ကိုယ့်ပါးကိုကိုင်ကြည့်လိုက်ကြသည်။ ဒီရိုက်နှက်ချက်က တကယ်ပြင်းလွန်းသည်။
ကျန်းချွန်းကျောင်းရဲ့မျက်နှာတစ်ဝက်လောက်က ယောင်လာသည်။ အရင်ကဆိုရင် ကျန်းချွန်းကျောင်းက သူနဲ့ရန်ဖြစ်နေလောက်ပြီ။ ဒါပေမယ့်လည်း သူမဒေါသက လတ်တလောမှာ ချေမှုန်းခံနေရသည်။
သူမက ကွာရှင်းတာကိုမကြောက်ဘူးလို့ပြောခဲ့ပေမယ့် သူမစိတ်က ဒီလိုမဟုတ်မှန်းသိနေသည်။ သူမဂုဏ်သတင်းနဲ့ဆို သူမကိုလက်ထပ်မယ့် နောက်ထပ်ယောက်ျားတစ်ယောက်ရှာလို့ရမှာမဟုတ်တော့ပေ။ ပြီးတော့ နောက်အိမ်ထောင်ဆိုရင်တောင် သူမ လူကောင်းတစ်ယောက်ရှာနိုင်မှာတဲ့လား?
သူမက ငါးဆယ်ထဲရောက်နေပြီ။ ကွာရှင်းခြင်းက အရမ်းရှက်စရာကောင်းလိမ့်မည်။ သူမသာ ထပ်လက်ထပ်လိုက်ရင် တစ်ယောက်ယောက်ရဲ့မိထွေးဖြစ်လာနိုင်သည်။ သူမ မိထွေးဖြစ်ရမယ်ဆိုရင်တော့ ကလေးငယ်လေးတွေကိုပဲ ပိုသဘောကျသည်။ ဒါမှ သူတို့ကို ထိန်းချုပ်နိုင်မှာလေ။
ဒါပေမယ့်လည်း သူမကိုလက်ထပ်မယ့်လူတွေမှာ အရွယ်ရောက်ပြီးသားကလေးတွေရှိပြီးလောက်ပြီ။
သူတို့က သူမကို ကြင်နာပါ့မလား?
ဒါ့ကြောင့် သူမ သူမကိုယ်ပိုင်မိသားစုနဲ့နေဖို့ပဲ ပိုနှစ်သက်သည်။ သူမမှာ သားတစ်ယောက်ရှိသည်။ အနည်းဆုံးတော့ သူမသားက သူမကို စောင့်ရှောက်နိုင်သည်။
“ဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ!”
ရှောင်ဖူချီက သူမကို ဒေါသတကြီးပါးရိုက်ပြီးတော့ စတင်ကြိမ်းမောင်းလိုက်သည်။
“ကျန်းချွန်းကျောင်း မင်းထပ်ပြီး အရှက်ကွဲမခံချင်ရင် အိမ်ပြန်တော့။ ဒီမှာဟာသမလုပ်နဲ့!”
ကျန်းချွန်းကျောင်းက သူမမျက်နှာကိုကွယ်ထားလိုက်ပြီး ဘာမှမပြောပေ။ ဒါက အရင်ကနဲ့ လုံးဝကွဲပြားသည်။ အရင်ကသာဆိုရင် သူမ ရှောင်ဖူချီကို သေချာပေါက် ဆိုးဆိုးရွားရွားကြိမ်းမောင်းပြီးလောက်ပြီ။
ဒါပေမယ့်လည်း ရွာသားတွေအတွက် အစည်းအဝေးလုပ်နေသည့်နေရာဖြစ်နေသည်။ ဒါသူတို့ ရန်ဖြစ်ရမယ့်နေရာမဟုတ်ပေ။
ရွာသူကြီးက
“တော်လောက်ပြီ ရှောင်ဖူချီ။ လူတိုင်းက အစည်းအဝေးအတွက်ရောက်နေကြတာ။ မင်းတို့ရန်ဖြစ်ချင်တယ်ဆိုရင် မင်းတို့အိမ်ကိုပြန်ကြ”
ပြီးတော့ ရွာသူကြီးက ရှောင်ချန်းချိုင်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲက စိတ်ပျက်မှုတွေနဲ့ ပြောလိုက်သည်။
“ရှောင်ချန်းချိုင် သက်သေကခိုင်မာနေပြီ။ ဒါပေမယ့် မင်းကခေါင်းမာပြီး မင်းအမှားကို ဝန်ခံဖို့ ငြင်းဆိုနေတုန်းပဲ။ မင်းက အပြစ်တင်တာတွေကို လင်းယွီအပေါ်တောင် ပုံချလိုက်သေးတယ်။ မင်းက ငါ့ကို စိတ်ပျက်စေတာပဲ”
ရှောင်ချန်းချိုင်က စိတ်မပါလက်မပါနဲ့
“ရွာသူကြီး ကျုပ်ဘာမှားတာမှပြောမထားဘူး။ နွားဘုရင်ငယ်လေးက ကျုပ်ကိုအကျိုးမပြုဘူးလေ။ ဒီတော့ ဘာလို့ ကျုပ်က အဲ့ဒါကိုကာကွယ်ရမှာလဲ? ခင်ဗျားကျုပ်ကိုဘာလုပ်နိုင်လို့လဲ?
ဒါဆိုရင် ဘာလို့ကျုပ်ကိုဖမ်းပြီး ထောင်ထဲမထည့်လိုက်တာလဲ?”
ရွာသူကြီးက ဘာမှမပြောဘဲ ပြတ်ပြတ်သားသားဘဲမေးလိုက်သည်။
“ရွာထဲက အိမ်ထောင်စု၁၈၀ကျော်က နွားမစင်ကို သွားယူလို့ရပေမယ့် မင်းမိသားစုကျဘာလို့မရတာလဲ? မင်းဒီအကြောင်းကိုရော တွေးမိလား?”
“ဘာလို့လဲ?”
ရှောင်ချန်းချိုင်က
“ကျုပ်မိသားစုက ရှောင်လင်းယွီကို အမှားလုပ်ထားလို့မဟုတ်ဘူးလား?”
“ကောင်းပြီလေ ဘာလို့အကြောင်းရင်းမရှိဘဲ သူ့မိသားစုကို အမှားသွားလုပ်တာလဲ?”
ရွာသူကြီးက စိတ်ပျက်နေခဲ့သည်။
“ငါတို့မစင်အကြောင်းပြောရအောင်။ အရင်ဆုံး ရှောင်မိသားစုက မင်းမိသားစုကို နွားဘုရင်ငယ်လေးရဲ့မစင်တွေယူခွင့်ပြုတယ်။ ဒါပေမယ့်လည်း မင်းမိသားစုလုပ်ခဲ့တာက အရမ်းဆိုးရွားလွန်းလို့ ရှောင်မိသားစုက မင်းတို့ကို အဆက်ဖြတ်ချင်သွားတယ်။ ငါတောင် သူတို့နဲ့ သဘောတူရလိမ့်မယ်!”
ရှောင်ချန်းချိုင်ရဲ့မိသားစုက မှားခဲ့ပေမယ့် အပြစ်ကို သူများတွေဆီလွှဲချနေသည်။ ရှောင်ချန်းချိုင်က သူ့နှုတ်ခမ်းတွေကို ကွေးလိုက်ပြီး စကားမပြောပေ။
ရွာသူကြီးမှန်သည်။ အစက ရှောင်မိသားစုက ရှောင်ချန်းချိုင်တို့မိသားစုကို နွားဘုရင်ငယ်လေးရဲ့မစင်ကို ယူခွင့်ပြုခဲ့သည်။
သူတို့မြေကို ရှောင်လင်းယွီကိုငှားဖို့ ငြင်းဆိုပြီးတာတောင် သူမက စိတ်မခုခဲ့ပေ။ ပြီးတော့ ငှားရမ်းတဲ့ကိစ္စက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ သူမက ၎င်းမှာ ခံစားချက်တွေမထားခဲ့ပေ။ သူမ ဆက် ခွင့်ပြုခဲ့သည်။
ရှောင်ချန်းချိုင်ရဲ့မိသားစုက နွားမစင်တွေယူဖို့ လာခဲ့ကြသည်။ ရှောင်ချန်းချိုင်ရဲ့မိသားစုက သူတို့ကိုယ်ပိုင်လယ်ကွက်တည်ဆောက်ချင်တာလေ အဲ့ဒီတော့လည်း ရှိစေတော့ပေါ့။
ဒါပေမယ့် နောက်တော့...
သူတို့က မစင်ကိုယူချင်ပြီး စတော်ဘယ်ရီတွေလည်း စိုက်ချင်လာသည်။
ဒါကအဆင်ပြေသေးသည်။
ဒါပေမယ့်လည်း သူတို့က စတော်ဘယ်ရီအစေ့တွေပေးဖို့ ရှောင်လင်းယွီကို တောင်းဆိုခဲ့သည်။
ဒီမိသားစုက ဘယ်လောက်တောင် အရှက်မရှိတာလဲ?
သူတို့ကိုယ်တိုင်ဘာမှဝင်ပါစရာမလိုဘဲ ရှောင်လင်းယွီကို အကုန်လွှဲပေးစေချင်နေတယ်?
၎င်းက အရမ်းများသွားပြီ။
သူတော်စင်တစ်ယောက်တောင် စိတ်ကုန်သွားလိမ့်မည်။
ဒါပေမယ့်လည်း ရှောင်ချန်းချိုင်က ဒီလိုမထင်ပေ။
သူက
“သူတို့မိသားစုက သဘောထားသေးသိမ်တာပဲ။ သူတို့က ကျုပ်မိသားစုကို ဒီလိုသေးငယ်တဲ့ကိစ္စလေးအတွက် နွားမစင်တွေယူတာကို တားခဲ့တယ်။ လူတိုင်းရဲ့သီးနှံတွေက လှလှပပကြီးနေပေမယ့် ကျုပ်ဟာတွေကတော့ သေနေပြီ”
ရွာသူကြီးက ဒါကိုကြားပြီးတော့ သူတစ်ခုခုပြောတေ့မယ့်အချိန်မှာ ရှောင်လင်းယွီက
“ရွာသူကြီး ထားလိုက်ပါတော့။ ဦးလေးချန်းချိုင်က သူများကို သံသယလွန်ကဲတဲ့အဆင့်ဝင်နေတာ။ သူ့ကိုဘယ်လောက်ပဲပြောပြော သူမှန်တယ်လို့ပဲထင်နေလိမ့်မယ်”
ရှောင်ချန်းချိုင်က သူ့နှုတ်ခမ်းကိုကွေးလိုက်ပြီး တိတ်ဆိတ်စွာ သဘောတူနေတဲ့သဘောနဲ့ ဘာမှမပြောပေ။
ရွာသူကြီးက ပေါ့ပေါ့ပါးပါး သက်ပြင်းချလိုက်သည်။
ဒါ့နောက်မှာ ရှောင်လင်းယွီက ရှောင်ချန်းချိုင်ကို အေးစက်စွာနဲ့
“ဦးလေးချန်းချိုင်၊ ကျွန်မမိသားစုကို သစ္စာမဖောက်ခင် ညဘက်မှာ ကောင်းကောင်းရောအိပ်ပျော်ရဲ့လား? ဘာပဲဖြစ်ဖြစ် ဒါကမမှားဘူးလို့ရှင်ထင်နေမှတော့ ကျွန်မဒါကိုဆက်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး ဒါပေမယ့်...."
ရှောင်လင်းယွီက စကားလမ်းကြောင်းပြောင်းလိုက်ပြီး ပြတ်ပြတ်သားသားနဲ့
“ရှင့်မိသားစုမှာ ပိုက်ဆံရှိမှတော့ ကျွန်မမိသားစုကို လျော်ကြေးပြန်မပေးသင့်ဘူးလား? ရှင် ဒေါ်လေးကျန်းကို ကွာရှင်းထားပေမယ့် အကြွေးတစ်ဝက်ကို မျှနေရတုန်းပဲ။ စုစုပေါင်း ယွမ်၅၄၀၀၀ရှိတာ။
ဦးလေးက ကျွန်မမိသားစုအတွက် အလုပ်လုပ်နေပေမယ့် ယွမ်၅၀၀အောက်ပဲ စုမိသေးတယ်။
အဲ့ဒီတော့ ကျွန်မကို ယွမ် ၅၃၅၀၀ပေးဖို့ ကျန်တုန်းပဲ။
အခုရှင့်မိသားစုက စုစုပေါင်း အနည်းဆုံး ၄၀၀၀၀ရှိမှတော့ ဦးလေးချန်းချိုင် ကျေးဇူးပြုပြီး ကျွန်မမိသားစုကို အကြွေးတင်နေတာကို ပြန်ပေးပါ..”
***