← Chapters

လျော်ကြေး

Vol. 19 Ch. 323

လျော်ကြေး

Vol. 19 Ch. 323

ရှောင်လင်းယွီက သူတို့ကို အကြွေးပေးရန် တိုက်ရိုက်ပဲမေးလိုက်သည်။

“မဟုတ်ဘူး မဖြစ်နိုင်တာ!”

ရှောင်ချန်းချိုင်အမေထွက်လာပြီး ဒေါသတကြီးနဲ့

“ဘာလို့ငါ့မိသားစုပိုက်ဆံတွေကို နင့်ကိုပေးရမှာလဲ? ပြီးတော့ ငါ့မိသားစုကို အရစ်ကျပေးလို့ရတယ်လို့ တရားရုံးကပြောသွားတယ်လေ? ဒီတော့ ငါတို့အရစ်ကျပဲပေးမယ်”

ရှောင်လင်းယွီက ထေ့ငေါ့လိုက်သည်။

“အဘွားချန် ရှင်တို့မိသားစုမှာ ပိုက်ဆံမရှိတဲ့အချိန် အရစ်ကျပေးလို့ရတယ်လို့ တရားရုံးကပြောတာ။ ဒါပေမယ့် အခုရှိနေမှတော့ ကျွန်မကို တိုက်ရိုက်ပေးလို့ရတယ်”

အဘွားချန်က အံ့ဩသွားပြီး ကြောက်စိတ်မွှန်နေတဲ့စိတ်တစ်ခု သူ့စိတ်ထဲမှာဖြစ်လာသည်။ ရှောင်လင်းယွီကို သူမမိသားစုပိုက်ဆံတွေ ယူသွားခွင့်ပြုလိုက်တာထက် အသေပဲခံလိုက်မည်။

အဘွားချန်က ချက်ချင်းမြေကြီးပေါ်မှာထိုင်လိုက်ပြီး ပေါင်တွေပေါ်မှာလက်တင်ကာ ငိုလိုက်သည်။

“ကောက်ကျစ်တဲ့မိန်းကလေး၊ နင်ငါတို့ကိုသတ်ဖို့ကြိုးစားနေတာလား? ဒီလိုဆိုရင် ငါသေသာသေလိုက်တော့မယ်။ အဲ့ဒီနည်းနဲ့ ငါ့မိသားစု လိမ်လည်ခံနေရတာကိုကြည့်ဖို့ အသက်မရှင်တော့ဘူး!”

“ဘုရားသခင် မျက်လုံးတွေကိုဖွင့်ကြည့်ပါဦး။ တစ်စုံတစ်ယောက်က ယုတ်မာရက်စက်ပြီး ကျွန်မရဲ့သနားစရာမိသားစုကို ဖျက်စီးချင်နေပါတယ်”

လူတိုင်း ဆွံ့အသွားသည်။

အရင်က ရှောင်ချန်းချိုင်ရဲ့မိသားစုအတွက် ကရုဏာထားပြီး သနားသူတချို့ရှိသေးသည်။ ပြီး‌တော့ ကျန်းရှောင်လန်က ထောင်ကျနေပြီး သူတို့က ငွေပမာဏအများကြီးကို လျော်ကြေးပေးရဦးမည်။

ဒါပေမယ့်ဘည်း ရှောင်ချန်းချိုင်က ကျန်းရှောင်လန်နဲ့ ကွာရှင်းပြီးတော့ ရွာသား‌တွေ စိတ်ပျက်သွားကြသည်။ အခု သူတို့က ရှောင်ချန်းချိုင်က နွားဘုရင်ငယ်လေးကို ရောင်းပြီးတော့ ငွေပမာဏအများကြီးရခဲ့တဲ့ဘက်ကို ယိုင်နေသည်။

စက်ဆုပ်မှုက ပိုဆိုးလာသည်။

“ကျစ် ချန်ဝူဟွား၊ အော်ဟစ်ပြီး ငိုနေတာရပ်တော့။ ဘယ်သူမှနင့်ကို ကရုဏာထားပြီး သနားမှာမဟုတ်ဘူး”

ကျန်းချွမ်ရှန်းရဲ့အဘွားက ပြောလိုက်သည်။

“နင့်မိသားစုက အဲ့ဆိုးရွားတဲ့အရာတွေကိုလုပ်ခဲ့တာ။ ဒီတော့ ဒါကကံကြမ္မာပဲ”

ရှောင်ချန်းချိုင်ရဲ့အမေက ချက်ချင်းရပ်လိုက်ပြီး ကျန်းချွမ်ရှန်း ရဲ့အဘွားကို ဒေါသတကြီးကြိမ်းမောင်းလိုက်သည်။

“ငါတို့က ဘာဆိုးရွားတာတွေလုပ်ခဲ့လို့လဲ? ငါတို့က တိရစ္ဆာန်တစ်ကောင်အကြောင်း ပြောပြရုံတင်လေ? အဲ့ဒါဘယ်လိုများမှားနေလို့လဲ?”

ပုပ်နေတဲ့ပန်းသီးက ပုပ်နေတဲ့သစ်ပင်ကကျမလာပေ။

ရှောင်လင်းယွီက ရှောင်ချန်းချိုင်အမေကိုကြည့်လိုက်ပြီး

“အဘွားချန် ရှင်တို့ကမှားတာလုပ်ထားလို့ ပေးရမှာပဲ။ ရှင့်ရဲ့တာဝန်ကနေရှောင်လို့မရဘူး။ ကျွန်မ တရားရုံးကိုသွားပြီး ရှင့်မိသားစု ငွေကြေးအခြေအနေကို ပြန်ပြောပေးလိုက်မယ်!”

ရှောင်ချန်းချိုင်အမေနဲ့ ရှောင်ချန်းချိုင်က ဒါကိုကြားတော့ အနည်းအံ့ဩသွားသည်။

သူတို့ ကိစ္စတစ်ခုခုလုပ်တော့မလို့မှာပဲ ရှောင်လင်းယွီက

“ဟုတ်တယ်၊ ကျွန်မတို့ ရှင်တို့ကို ဘာမှလုပ်လို့မရဘူး။ ဒါပေမယ့် ဒီနေ့ဘာလို့ ဖြိုချရေးအဖွဲ့လာလဲသိလား? အဲ့ဒါအကုန် ရှင်တို့ကြောင့်!”

နောက်ဆုံးစကားက အေးစက်ပြီး ကြမ်းတမ်းသည်။

၎င်းစကားက ရှိနေတဲ့လူတိုင်းကို ရှော့ခ်ရသွားစေသည်။

ပြီးတော့ တစ်ယောက်က တုံ့ပြန်ကာ မေးလိုက်သည်။

“လင်းယွီ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?”

“ဟုတ်တယ် ဒါက ဘယ်လိုလုပ် အဲ့ဒီဟာနဲ့ ဆက်စပ်နေတာလဲ?”

လူတိုင်းက ရှောင်လင်းယွီကို ဝိုင်းအုံလာပြီး မေးလိုက်သည်။

ရွာသူကြီးက ထပ်မေးတာကို ရပ်တန့်ဖို့ လူတိုင်းကို လက်ယမ်းပြလိုက်သည်။

သူက

“အားလုံးပဲ ငြိမ်ငြိမ်နေကြ! ငါတို့ဒါကို အသေအချာရှင်းပြမယ်။ မင်းတို့နေရာတွေကိုပြန်သွားကြ!”

လူတိုင်း ကူညီဆောင်ရွက်ပေးသည်။

အားလုံးငြိမ်ကျသွားပြီး ရှောင်လင်းယွီက

“မူလကတော့ တည်ဆောင်ပြုပြင်မယ့်လူက ထောင်ယွမ်ရွာက မြေဆီလွှာကို မျက်စိကျနေတာ။

သူက ဒီမြေကို သိမ်းပိုက်ချင်တာ။ ဒါပေမယ့်လည်း မေးမြန်းစုံစမ်းဖို့ သူ့လူတွေ ထောင်ယွမ်ရွာကိုလာတော့ ရွာရဲ့ စိုက်ပျိုးရေးလျှို့ဝှက်ချက်ကို ဦးလေးချန်းချိုင်ဆီကရသွားတယ်။

ဒါကြောင့် တည်ဆောက်ပြုပြင်မယ့်သူက သူ့ရဲ့ပစ်မှတ်ကို ‌ရွာကနေ နွားဘုရင်ငယ်လေးဆီပြောင်းလိုက်တာ”

တချို့ရွာသားတွေက နားမလည်သောကြောင့်

“သူတို့ပစ်မှတ်က နွားဘုရင်ငယ်လေးဆိုရင် ဘာလို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တစ်ခုနဲ့ လာရတာလဲ?”

ရှောင်လင်းယွီက

“ဘာလို့လဲဆိုတော့ သူတို့ တရားဝင်အကြောင်းပြချက်လိုတယ်လေ။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးက သူတို့အကောင်းဆုံးဆင်ခြေပဲ။ ပြီးတော့ နွားဘုရင်ငယ်လေးရဲ့တန်ဖိုးအစစ်ကို ပြလို့မရမှန်း သူတို့သိတယ်။ ဒါ့ကြောင့် ထောင်ယွမ်ရွာကို သိမ်းပိုက်ဖို့ အပေါ်ယံဇာတ်လမ်းတစ်ခုလိုတယ်။

အဆုံးမှာတော့ သူတို့ကိုယ်ပိုင်လယ်တွေစဖို့ ထောင်ယွမ်ရွာကိုလိုတယ်”

ရွာသားတွေ တော်တော်လေးနားလည်သွားသည်။

ဒါပေမယ့်...

“သူတို့ဘာလို့ နွားဘုရင်ငယ်လေးကိုခိုးပြီး တစ်နေရာရာမှာ လယ်တစ်ကွက်လောက်မစနိုင်ကြတာလဲ?”

တစ်ယောက်က သင်္ကာမကင်းနဲ့မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ထောင်ယွမ်ရွာက လတ်ဆတ်တဲ့အသီးတွေနဲ့ အသီးအရွက်တွေ နာမည်ရှိတယ်လေ”

ရှောင်လင်းယွီက

“သူတို့က ကျွန်မတို့ရဲ့ ရပြီးသားဂုဏ်သတင်းကို ယူသွားချင်တာ”

ဒါပေမယ့်လည်း သူတို့သိပ်နားမလည်သေးပေ။

“လင်းယွီ အဲ့ဒီတော့ သူတို့ ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်ချင်ရင်ရော? မင်းမှာ နွားဘုရင်ငယ်လေးရှိတယ်။ မင်းသူ့ကို မင်းနဲ့ခေါ်သွားလို့မရဘူးလား?”

ရှောင်လင်းယွီက ဟာသမပါဘဲ တခစ်ခစ်ရယ်လိုက်သည်။

“သူတို့က ကျွန်မကို ခေါ်သွားခွင့်ပြုမယ်ထင်လို့လား? သူတို့က သူဌေးကြီးတွေလေ။ ပြီးတော့ ကျွန်မတို့ကရွာသားတွေတင်။ ကျွန်မမိသားစုကို နွားဘုရင်ငယ်လေးကို နောက်မှာထားခဲ့ဖို့ ဖိအားပေးရတာလွယ်တယ်။

အန္တရာယ်ရှိပြီး ကြမ်းတမ်းတဲ့ ဖြိုချရေးအဖွဲ့ကို ရှင်တို့ကိုယ်တိုင် တွေ့တာပဲ။

မစ္စတာကုန်းရဲ့ ဘော်ဒီဂတ်တွေကြောင့် မဟုတ်ဘူးဆိုရင် ဒီနေ့သူတို့တွေ ရွာထဲကို စီးနင်းဝင်လာတာကို ကျွန်မတို့တားနိုင်မယ်ထင်လို့လား?”

နေရာက ငြမ်သက်သွားသည်။ ဒီတစ်ကြိမ်တော့ သူတို့နားလည်သွားကြသည်။

အဲ့ဒီလူတွေရဲ့ တကယ့်ပစ်မှတ်က နွားဘုရင်ငယ်လေးပဲ!

သူတို့က နွားဘုရင်ငယ်လေးကိုလိုချင်ပြီး အဲ့လိုလုပ်ဖို့ ထောင်ယွမ်ရွာတစ်ရွာလုံးကို ယူဖို့ ဆုံးဖြတ်လိုက်တာ။ ဒါ့ကြောင့် သူတို့ရဲ့ ဒုက္ခသုက္ခတွေက နွားဘုရင်ငယ်လေးကြောင့် စတင်ခဲ့သည်။

“သူတို့က ထောင်ယွမ်ရွာကို ခရီးသွားနေရာတစ်ခုအနေနဲ့ တည်ဆောက်ပြုပြင်မှာကို အလေးအနက်ထားနေရင် လုပ်ထုံးလုပ်နည်းတွေနောက်ကို လိုက်မှာပဲ။ လူတိုင်းကို လျော်ကြေးပမာဏအများကြီးလည်းပေးမှာပဲ။ ဒါပေမယ့်လည်း သူတို့ လုံးဝဒါမျိုးမလုပ်ခဲ့ဘူး။ သူတို့က ကျွန်မတို့‌ဆီကနေပဲ အကျိုးအမြတ်ယူချင်တာ”

ရှောင်လင်းယွီက အဆုံးသတ်လိုက်သည်။

“ဒါဆို လင်းယွီ၊ ဒါသူတို့ ရွာကိုဖြိုချဖို့ ထပ်လာလိမ့်ဦးမယ်လို့ ဆိုလိုတာလား?”

တစ်ယောက်က စိုးရိမ်တကြီးနဲ့မေးလိုက်သည်။

“ဟုတ်တယ် လင်းယွီ၊ ဘာတွေဖြစ်လာမှာလဲ?”

အားလုံးက စိုးရိမ်စွာနဲ့မေးလိုက်သည်။

ဒါသူတို့ တသက်လုံးနေလာခဲ့ကြတဲ့ မြေဖြစ်သည်။ သူတို့ တစ်ယောက်ယောက်ကဒီလိုမျိုးဖျက်စီးသွားတာကို မခံနိုင်ပေ။

ရှောင်လင်းယွီက သူမခေါင်းကိုခါလိုက်ပြီး

“ကျွန်မလည်းမသိဘူးလေ”

ရှောင်လင်းယွီရဲ့အဖြေကိုကြားတော့ ရွာသားတော်တော်များများ စိတ်ပျက်သွားကြသည်။

ရုတ်တရက် တစ်ယောက်က ကုန်းထျန်းဟောက်ကို ဂရုတစိုက်နဲ့မေးလိုက်သည်။

“သခင်လေးကုန်း၊ အဲ့ဒီလူတွေပြန်လာမှာလား?”

ကုန်းထျန်းဟောက်မှာ ဘုရင်တစ်ယောက်ရဲ့အရှိန်အဝါရှိသည်။ ရွာသားတော်တော်များများက သူ့ကိုမြင်သည်နှင့် အနည်းငယ်လန့်ဖျပ်ပြီး ကြောက်ရွံ့သွားကြသည်။

ကုန်းထျန်းဟောက်က ပေါ့ပေါ့ပါးပါးနဲ့

“ကျွန်တော်လည်းမသိဘူးလေ။ ဒါပေမယ့်လည်း စိတ်မပူပါနဲ့။ သူတို့ပြန်လာရဲရင် ကျွန့်တော်မှာ သူတို့ကို မောင်းထုတ်မယ့်လူတွေရှိတယ်”

“‌ကောင်းပါပြီ ကျေးဇူးပါ၊ သခင်လေးကုန်း”

တစ်ယောက်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် သခင်လေးကုန်းရဲ့စကားနဲ့ဆို ကျွန်တော်တို့ အေးအေးဆေးဆေးအိပ်လို့ရတယ်”

သူတို့ စိတ်သက်သာရာရသွားကြသည်။

သူတို့မျက်လုံးထဲမှာ ကုန်းထျန်းဟောက်က အရမ်းဩဇာညောင်းသည်။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ကူညီပေးပြီး ဘာမှမပြောပေ။

ပြီး‌နောက် သူ့ရဲ့စူးရှတဲ့အကြည့်က ရှောင်ချန်းချိုင်နဲ့ ရှောင်ချန်းချိုင်အမေတို့ရဲ့ မျက်နှာဆီရောက်သွားပြီး သူကအေးစက်စွာနဲ့

“ရှောင်ချန်းချိုင် ခင်ဗျားတို့ လိမ်လိမ်မာမာနဲ့ ပိုက်ဆံတွေအကုန်ထုတ်ပြီး အကြွေးတွေကိုပေးဖို့ အကြံပေးမယ်။ မဟုတ်ရင်တော့ ခင်ဗျားလည်း ခင်ဗျားမိန်းမနောက်လိုက်လို့ရတယ်”

ဒါကိုကြားတော့ ရှောင်ချန်းချိုင်ရဲ့မျက်နှာက ချက်ချင်းဖြူဖပ်သွားသည်။ သူက သူ့စိတ်ထဲက ကြောက်စိတ်ကို ဖိနှိပ်လိုက်ပြီး စိုးရိမ်တကြီးနဲ့

“ငါ...ငါ ဘာပြစ်မှုမှမကျူးလွန်ခဲ့ဘူး။ ဘာလို့ထောင်ထဲသွားရမှာလဲ?”

ဝမ်ကျီက သူ့ကို ကြင်နာစွာသတိပေးလိုက်သည်။

“ဦးလေးချန်းချိုင် မှားနေတယ်။ ရှင်ပြစ်မှုတစ်ခုကျူးလွန်ခဲ့တယ်လေ”

ရှောင်ချန်းချိုင်က အံ့ဩသွားပြီး မယုံကြည်နိုင်စွာနဲ့ မေးလိုက်သည်။

“ငါဘာပြစ်မှုကျူးလွန်ခဲ့လို့လဲ?”

“ရှင်က ‌ကုန်သွယ်မှုလျှို့ဝှက်ချက်ကို ပေါက်ကြားစေတဲ့ ပြစ်မှုကိုကျူးလွန်ခဲ့တာ!”

ဝမ်ကျီက သူ့ကို တိုက်ရိုက်ရှင်းပြလိုက်သည်။

“တရုတ်ရဲ့ ပြစ်မှုဆိုင်ရာဥပဒေရဲ့ အပိုဒ်၂၁၉အရ၊ လျှို့ဝှက်ချက်လဲလှယ်ဖို့လုပ်ပိုင်ခွင့်ရှိတဲ့လူကို ပြင်းထန်တဲ့ဆုံးရှုံးမှုဖြစ်စေတဲ့ဘယ်သူမဆို သုံးနှစ်ထက်မပိုတဲ့ ပြင်ဆင်ဖို့သက်တမ်းအကျင်းချမှုကို ပြစ်ဒဏ်ခံရမယ်။ ပြစ်မှုဆိုင်ရာထိန်းသိမ်းထားခြင်း မဟုတ်ရင် ဒဏ်ကြေးပဲ။

အထူးသဖြင့် ပြင်းထန်တဲ့အကျိုးဆက်တွေဖြစ်စေတဲ့ ဘယ်သူမဆို သုံးနှစ်ထက်မနည်းပြီး ခုနစ်နှစ်ထက်မပိုတဲ့ ပြင်ဆင်ဖို့သက်တမ်းအကျဉ်းချမှုကို ပြစ်ဒဏ်ခံရမယ်။

ပြီးတော့ ဒဏ်ကြေးလည်းရိုက်ခံရမယ်”

“ရှင့်ဟာက ဒုတိယဟာပဲ။ ရှင်တို့နှစ်ယောက်လုံး ဒဏ်ကြေးရိုက်ခံရပြီး ထောင်ချခံရမှာ”

သို့နှင့် ရှောင်ချန်းချိုင်ရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူက ၎င်းကို မယုံနိုင်ပေ။

‌ဒါက...ဒါကလည်း ပြစ်မှုပဲလား?

“မဟုတ်ဘူး မဟုတ်ဘူး။ ဒါမဖြစ်နိုင်ဘူး!”

ရှောင်ချန်းချိုင်အမေက ရုတ်တရက် မြေကြီးကထလာပြီး အံ့အားသင့်မှုနဲ့ အော်ငိုလိုက်သည်။

“နင်ကငါတို့ကို အမှုဆင်နေတာပဲ။ နင်ကရှောင်လင်းယွီနဲ့ ကြံရာပါပဲ။ နင်က သူ့ကိုပိုက်ဆံပေးပြီး ငါတို့ကိုလှည့်စားဖို့ ကြိုးစားနေတာ ဟုတ်တယ်မလား?”

သူမရဲ့လက်ချောင်းက ရှောင်လင်းယွီကို ထိုးပြလိုက်ပြီးတော့ ဒေါသတကြီးနဲ့

“ရှောင်လင်းယွီ မကောင်းတဲ့ကောင်မ၊ ငါ့မိသားစုကျရှုံးသွားမှ နင်ပျော်နိုင်မှာလား? ဘာလို့ငါ့မိသားစုကို လွှတ်မပေးတာလဲ? နင်အဲ့လောက်အကြင်နာကင်းရလား?”

ကုန်းထျန်းဟောက်က “မကောင်းတဲ့ကောင်မ” ဆိုတဲ့ စကားလုံးကိုကြားတော့ ရက်စက်တဲ့အလင်းတစ်ခုက သူ့မျက်လုံးထဲမှာဖြတ်ပြေးသွားသည်။

‘ဒီအဘွားကြီးက အသက်တစ်ခုအတွက် အရမ်းကောင်းလွန်းနေတာပဲ!'

ဝမ်ကျီက ရှောင်လင်းယွီရှေ့မှာရပ်လိုက်ပြီး ရှောင်ချန်းချိုင်အမေကို အော်လိုက်သည်။

“ရှင့်မိသားစုက မှားတာလုပ်ခဲ့တာလေ။ အဲ့ဒါဆို ဘာလို့တခြားသူကို အပြစ်တင်ဖို့ကြိုးစားနေတာလဲ?”

“အရင်ပြန်ပြောရအောင်၊ ပထမ ရှင့်ချွေးမ၊ သူဘာလို့မီးရှို့ခဲ့တာလဲ? သူသာမစခဲ့ဘူးဆိုရင် ရှင်တို့မိသားစုကို အကြွေးတွေ တင်နေစရာမလိုဘူး”

“ဒုတိယ ရှင့်သား၊ နွားဘုရင်ငယ်လေးက ‌ရှောင်မိသားစုနဲ့ ထောင်ယွမ်ရွာကပိုင်တဲ့ လျှို့ဝှက်ချက်ပဲ။ ဒါပေမယ့် သူက အမြတ်အတွက် ဒါကိုရောင်းပစ်လိုက်တယ်။ အဲ့ဒါဆို ရှင်အခုဘာလို့ ဇီဇာလာကြောင်နေတာလဲ?”

“နင်....”

ရှောင်ချန်းချိုင်အမေက ဝမ်ကျီကိုထိုးပြလိုက်ပြီး သူ့လက်တွေ တုန်ရီနေသည်။

***

All Chapters