← Chapters

အငြင်းအခုံ

Vol. 19 Ch. 324

အငြင်းအခုံ

Vol. 19 Ch. 324

ရှောင်ချန်းချိုင်ရဲ့အမေက အရမ်းစိတ်‌တိုနေပြီး သူ့တစ်ကိုယ်လုံးတောင်တုန်ယင်နေသည်။

“ပြီးတော့ လူတွေကို ဟိုမကောင်းတဲ့ကောင်မ ဒီမကောင်းတဲ့ကောင်မလို့မခေါ်နဲ့”

ဝမ်ကျီကပြင်းပြင်းထန်ထန်ပြောလိုက်သည်။

"ရှင်ကအသက်ကြီးတာနဲ့ပဲ လင်းယွီကို စိတ်တိုင်းကျကြိမ်းမောင်းနိုင်တယ်လို့ မတွေးလိုက်နဲ့။

ကျွန်မပြောပြမယ် အဘွားကြီး၊ လင်းယွီက ပေါ့ပေါ့ပဲသဘောထားပေမယ့် ကျွန်မကတော့မရဘူး။ ရှင်လင်းယွီကို ထပ်ကြိမ်းမောင်းရဲရင် ရှင့်ပါးစပ်ကိုဆွဲဖြဲပစ်မယ်။ ရှင့်အသက်ပိုကြီးတာနဲ့ကျွန်မကိုနိုင်ထက်စီးနင်းလာမလုပ်နဲ့!”

သူမက ရှောင်လင်းယွီရဲ့ ဘော်ဒီဂတ်ဖြစ်သည်။ သူမရဲ့မစ်ရှင်က ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ဘယ်ထိခိုက်မျိုးကမဆို ရှောင်လင်းယွီကို ကာကွယ်ပေးဖို့ဖြစ်သည်။

ရှောင်ချန်းချိုင်အမေက ဝမ်ကျီကို လက်ညှိုးတထိုးထိုးဖြင့် ဆဲဆိုချင်နေပေမယ့် သူမကို ဘယ်လိုချေပရမှန်းမသိချေ။

“နင်...”

ရှောင်ချန်းချိုင်အမေက အရမ်းစ်တ်တိုပြီး မျက်နှာတွေတောင် စိမ်းဖန်ကုန်သည်။

ဝမ်ကျီက ခေါင်းကို ဝင့်ဝါစွာမြှောက်လိုက်ပြီး

“အဘွားချန် ရှင့်ကို ကိုယ့်ကိုကိုယ်အနည်းငယ်ဆင်ခြင်သုံးသပ်ဖို့ ကျွန်မအကြံပေးမယ်။ ပိုက်ဆံပေးလိုက် ပြီးရင် ရှင်တို့အဆင်ပြေသွားလိမ့်မယ်။ မဟုတ်ရင်တော့ ထောင်ထဲအပို့ခံရဖို့သာစောင့်နေလိုက်!”

ဝမ်ကျီရဲ့စကား‌တွေက အရမ်းဒဲ့ဒိုးဆန်သည်။

ရွာသားတွေ အံ့ဩသွားသည်။ မိန်းကလေးက အရမ်းအံ့ဩစရာပဲ!

သူမက စေ့စပ်ဆွေးနွေးခွင့်တောင်မပေးဘူး!

ရှောင်ချန်းချိုင်အမေကြီးရဲ့ တစ်ကိုယ်လုံး ယိမ်းထိုးသည်။ သူမ တကိုယ်လုံးတုန်ယင်သွားပြီး မျက်နှာက ဖြူဖပ်ဖပ်နဲ့ စိမ်းဖန့်ဖန့်ဖြစ်နေသည်။ သူမ ဝမ်ကျီကိုကြည့်လိုက်တဲ့အချိန်မှာ ဒေါသထွက်၊ အံ့ဩပြီး အနည်းငယ်ကြောက်ရွံ့နေသည်။

ရှောင်ချန်းချိုင်ရဲ့မျက်နှာထားက တင်းမာနေသည်။ သူ့မျက်နှာက ဖျော့တော့တော့ဖြစ်နေပြီး သူ့မျက်လုံးတွေက ကြောက်ရွံ့မှုနဲ့ မသက်မသာဖြစ်မှုကိုပြနေသည်။ ဒါပေမယ့်လည်း ဒေါသကိုတော့ သူ့စိတ်ထဲမှာ ဖုံးထားသည်။ သူက ပိုက်ဆံမပေးချင်ပေ ဒါပေမယ့် ထောင်ထဲကိုလည်းမသွားချင်ပေ။ ထောင်ထဲမသွားရဖို့ဆို သူပေးရလိမ့်မည်။

ဒါဆိုရင် သူက ဘာမှမဟုတ်တာအတွက် ဒါတွေအကုန်လုပ်ခဲ့ရတာလို့ ဆိုလိုသည်။

မှားတယ်!

သူက တရွာလုံးဆီက စက်ဆုပ်မှုနဲ့ ငြင်းပယ်မှုတွေကို ဆွဲဆောင်ခဲ့သည်။

ရှောင်လင်းယွီ သူတို့နှစ်ယောက်ကိုကြည့်လိုက်ပြီး အေးစက်စွာနဲ့

“ဦးလေးချန်းချိုင် အဘွားချန်၊ ရှင်တို့ဘာကိုရွေးချယ်မလဲဆိုတာ သေချာစဉ်းစားကြပေါ့။ ရှင်တို့စဉ်းစားဖို့ ကျွန်မအချိန်တစ်ရက်ပဲပေးမယ်။ မနက်ဖြန်ဒီအချိန် ကျွန်မကိုအဖြေမပေးရင်တော့ ကျွန်မ ရဲကိုပဲ တိုက်ရိုက်ခေါ်လိုက်တော့မယ်!”

သူမက သူတို့ကို လုံးဝမသနားပေ။ သူတို့အပြစ်တွေကိုသာမကျူးလွန်ခဲ့ရင် သူတို့ဒီအခြေအနေရောက်မှာမဟုတ်ပေ!

သူတို့ အကုန်ဆုံးရှုံးပြီး တရွာလုံးရဲ့ အထင်အမြင်အသေးခံရနေသည်။ သူတို့ ထောင်ယွမ်ရွာက ထွက်မသွားသေးခင်အထိပင်။

ဒီအစည်းအဝေးရဲ့ရည်ရွယ်ချက်က ဖြိုချရေးအဖွဲ့ရဲ့ရောက်ရှိလာမှုကို ရွာသားတွေကို ရှင်းပြဖို့ဖြစ်သည်။ အခု အရာအားလုံးရှင်းလင်းသွားပြီဆိုတော့ ရှောင်လင်းယွီ ဆက်နေရမယ့် အကြောင်းရင်း မရှိတော့ပေ။

ကုန်းထျန်းဟောက်က ညင်ညင်သာသာနဲ့

“ယွီအာ မင်းလည်းပင်ပန်းနေပြီ။ ပြန်ရအောင်၊ ရွာသူကြီးနဲ့ ရွာသားတွေ အစည်းအဝေးဆက်လုပ်လိမ့်မယ်!”

ရှောင်လင်းယွီက မငြင်းလိုက်ပေ။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ကူညီနေတုန်း သူ့ရဲ့စူးရှတဲ့အကြည့်က ရှောင်ချန်းချိုင်နဲ့ သူ့အမေကို ဖုံးလွှမ်းသွားသည်။ ၎င်းက သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အေးစက်သွားစေသည်။

ဒါကကြောက်စရာပဲ။

သူတို့ အဲ့ဒီလူရဲ့အကြည့်ကိုဆုံလိုက်တာနဲ့ သူတို့ သူတို့စိတ်ဝိညာဉ်အနက်ကနေ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ပြီးနောက် ကုန်းထျန်းဟောက် သူ့မျက်လုံးတွေကို ရွာသူကြီးဆီရွှေ့လိုက်သည်။ သူက အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။

ကုန်းထျန်းဟောက်ဆိုလိုတာကို ရွာသူကြီးက နားလည်လိုက်သည်။

ရှောင်လင်းယွီ ထွက်သွားပြီး ဝမ်ကျီကလည်း သူမလက်တော့ပ်နဲ့အတူ ‌နောက်ကလိုက်သွားသည်။ ဒါပေမယ့် သူမရှေ့မှာ စုံတွဲကဖက်နေတာကိုမြင်တော့ ဝမ်ကျီကတိတ်တဆိတ် လျှာထုတ်ပြလိုက်သည်။

မိန်းကလေးဘော်ဒီဂတ်နှစ်ယောက်က ဒီနှစ်ယောက်နောက်ကို နေ့တိုင်းလိုက်ပြီး ခွေးစာကျွေးခံရသည်။ ၎င်းက ဝမ်ကျီနဲ့ ယွမ်မင်ကို အရမ်းနားမလည်နိုင်ဖြစ်သွားစေသည်။

သူတို့ဘော့စ်ကြီးက ရှောင်လင်းယွီဘေးမှာ အမြဲတမ်းရှိကတည်းက ဘာလို့ သူတို့ကို ပြောင်းပစ်တာလဲ?

သူတို့ဒီနေရာမှာ အရမ်းအချိန်အားနေသည်။ ကျေးဇူးတင်စွာပဲ သူတို့ဒီမှာ ပျော်နေကြသည်။ မေမေရှောင်က ချက်ပြုတ်တာမှာ တကယ်တော်သည်။ သူမ အစားအသောက်တွေ ဘယ်လောက်ပဲချက်ချက် သူတို့အမြဲတမ်းကုန်အောင်စားသည်။

ရှောင်လင်းယွီထွက်သွားပြီးတော့ ရွာကော်မတီက ဆက်လက်လုပ်ဆောင်ခဲ့သည်။ ရှောင်ချန်းချိုင်နဲ့ သူ့အမေကို ဘယ်သူမှဆက်ဂရုမစိုက်တော့ပေ။

ရွာသူကြီးက တည်တည်ငြိမ်ငြိမ်နဲ့

“တည်ဆောက်ပြုပြင်မယ့်သူက နောက်ကျ သဘောကောင်းတဲ့ဖျောင်းဖျမှုလုပ်မယ်လို့ ရှောင်လင်းယွီက ထင်နေတယ်”

ရွာသားတွေက မေးလိုက်သည်။

“ရွာသူကြီး ခင်ဗျား ဒါကဘာကိုဆိုလိုတာလဲ?”

“သူတို့က အိမ်တွေကို ဖြိုချဖို့လာဦးမယ်လို့ပြောတာ။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်တော့ ကွာခြားလိမ့်မယ်။ သူတို့က ငါတို့ကို လျော်ကြေးတွေပိုပေးလိမ့်မယ်”

“အာ?”

ရွာသားတွေက အနည်းငယ်အံ့ဩသွားသည်။

“အခု သူတို့က လူတစ်ယောက်ကို ၅၀၀၀ပဲပေးတယ်။ နောက်တစ်ကြိမ်ကျရင် တစ်ယောက်ကို ၁၀၀၀၀ မဟုတ်ရင် ၂၀၀၀၀လောက်ပေးနိုင်တယ်”

လူတိုင်းရဲ့မျက်လုံးတွေ ဝင်းလက်သွားသည်။

ဒါကကောင်းတာပဲ။

မိသားစုကြီးတစ်ခုဆိုရင် ယွမ်၁၀၀၀၀၀ကျော်တောင်ရမှာ!

ဒီပိုက်ဆံနဲ့ဆို မြို့မှာ အိမ်တစ်လုံးဆောက်ဖို့ သူတို့အတွက် လုံလောက်သည်။

ရွာသူကြီးရဲ့အကြည့်က နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သူက ရွာသားတွေရဲ့ အမူအယာကိုမြင်လိုက်သည်။ တချို့လူတွေက အသံတိုးတိုးနဲ့ ဆွေးနွေးနေကြသည်။ သူတို့သေချာပေါက် ဖျားယောင်းခံလိုက်ရလိမ့်မည်။ ပြီးတော့ ၁၀၀၀၀၀က သူတို့တသက်လုံးစုတာထက်တောင် ပိုတဲ့ပိုက်ဆံဖြစ်သည်။

“အဟမ်း အဟမ်း...”

ရွာသူကြီးက လေးလေးပင်ပင်ချောင်းဆိုးလိုက်ပြီး မပြောခင် လူတိုင်းရဲ့အာရုံကို ပြန်‌ဆွဲလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မစ္စတာကုန်းက ငါ့ကို ရွာသား‌တွေဆီ သတင်းစကားတစ်ခုပို့စေချင်တယ်။

ဒီလိုသာဖြစ်လာရင် သဘောမတူတာအကောင်းဆုံးပဲ။ အဲ့ဒီတည်ဆောက်ပြုပြင်မယ့်သူတွေက အောင်မြင်မှာမဟုတ်ဘူး”

“အာ?”

“ရွာသူကြီး သခင်လေးကုန်းက ဘာကိုဆိုလိုတာလဲ? သူက ကျွန်တော်တို့ကို ပိုက်ဆံတွေကိုပစ်ပြီး ဆင်းဆင်းရဲရဲနေစေချင်တာလား?”

“ဟုတ်သားပဲ သူကချမ်းသာတယ်။ အဲ့ဒီတော့ ငါတို့ဒုက္ခတွေကို နားမလည်ဘူး”

“ဟုတ်တယ် ငါတို့ကိုတားပိုင်ခွင့်ကို သူ့ဘယ်သူကပေးထားလို့လဲ?”

ရွာသူကြီးက ဒါကိုမျှော်လင့်ထားသည်။

ပြီးတော့ ကုန်းထျန်းဟောက်က အခြေခံအားဖြင့်တော့ ရွာသားတွေကို ရုတ်တရက်ရောက်လာမယ့်ပိုက်‌ဆံတပြုံတခေါင်းကို မျက်နှာလွှဲဖို့ တောင်းဆိုနေခြင်းဖြစ်သည်။

ရွာသူကြီးက စိတ်ထဲက သက်ပြင်းချလိုက်သည်။ သို့နှင့် ရွာသူကြီးက မျက်နှာတည်တည်ထားလိုက်ပြီး ကျယ်လောင်စွာနဲ့

“မင်းတို့လူတွေ ဘာတွေပြောနေတာလဲ? မင်းတို့က သခင်လေးကုန်းက အဲ့လိုလူမျိုးလို့ထင်လို့လား?”

တစ်ယောက်က ချက်ချင်းမေးလိုက်သည်။

“ရွာသူကြီး ဒါကအမှန်တရားပဲ။ သူက ကျွန်တော်တို့ကို လျော်ကြေးကို လက်မခံစေချင်ဘူး။ သူက ကျွန်တော်တို့ကို ဆင်းဆင်းရဲရဲနေရအောင် အသိသာကြီးကြိုးစားနေတာ! ဆိုးရွားလိုက်တဲ့လူပဲ!”

“အမှန်အတိုင်းဆိုရင် ‌ဈေးက လုံလုံလောက်လောက်မြင့်နေပြီ။ ကျွန်တော် သူတို့ကို မြေတွေနဲ့ အိမ်တွေ ပေးလိုက်ချင်တော့တယ်”

ဒါပေမယ့် အရမ်းဆန့်ကျင်ဘက်စကားတွေလည်း ရှိနေသည်။

ပြီးတော့ သူတို့မှာ ပိုက်ဆံရှိရင်တောင် အိမ်နဲ့မြေမရှိဘဲနဲ့ဆို သူတို့အရမ်းအခြေမကျသလို ခံစားရလိမ့်မည်။ သူတို့က ဘာဘေးကင်းလုံခြုံမှုမှမရှိတဲ့ အိမ်ခြေယာမဲ့တွေလို ဖြစ်နေလိမ့်မည်။

“ငါတို့အိမ်သာ အဖြိုချခံလိုက်ရရင် ဘယ်မှာ အိမ်အသစ်သွားဆောက်ရမှာလဲ? သူတို့က ငါတို့အိမ်တွေတင်မကဘဲ မြေတွေကိုပါယူချင်တာ။ ငါတို့တသက်လုံးဒီမှာ အလုပ်လုပ်လာတာ။ ငါတို့ကမချမ်းသာဘူး။ ဒါပေမယ့် အနည်းဆုံးတော့ သေအောင်ဆာလောင်မနေဘူး”

“‌ဒီမြေတွေမရှိရင် ငါတို့လူကြီးတွေဘာလုပ်နိုင်မယ်လို့များ မျှော်လင့်ထားတာလဲ? ဒါ့ကြောင့် လျော်ကြေးဘယ်လောက်ပဲမြင့်မြင့် ငါလက်မ‌လျှော့ဘူး”

“ငါလည်း မင်းနဲ့အတွေးအတူတူပဲ။ ငါတို့ အိမ်နဲ့ မြေတွေမရှိဘဲ နောက်ဆုံးကျရင် လျော်ကြေးငွေတွေလည်းပြတ်ကုန်မှာ”

“ဟုတ်တယ်!”

နောက်ဆုံးမှာတော့ ဘာမှမပြောတဲ့လူတွေလည်းရှိခဲ့သည်။ သူတို့က အခြေအနေကို လေ့လာနေသည်။

ရွာသူကြီးက စိတ်ပါလက်ပါနဲ့

“မင်းတို့မြေကို ရောင်းချင်တဲ့လူတွေ အကျိုးဆက်တွေကိုရော တွေးမိကြလား? မင်းတို့က အခြေခံအားဖြင့်တော့ မြေကိုရောင်းတာပဲ။ ဦးလေး၉ ပြောသလိုပဲ မကြာခင်မှာပဲ မင်းတို့ ပိုက်ဆံပြတ်သွားလိမ့်မယ်”

ရွာသူကြီးက ဒါကိုပြောတော့ ပိုက်ဆံရဖို့ လှုံ့ဆော်နေတဲ့သူတွေက ခေါင်းတွေကို တိတ်တဆိတ်ငုံ့ထားလိုက်ကြသည်။ လူကြီးတွေပြောတာမှန်သည်။

“ပြီးတော့လည်း ငါတစ်ခုပြောဦးမယ်”

ရွာသူကြီးက

“ရှောင်လင်းယွီ တောင်တွေကိုငှားဖို့ ကြိုးစားတဲ့ကိစ္စကိုမှတ်မိလား? ရွာက ငါတို့ဟာဖြစ်နေသရွေ့ နောက်ဆုံးမှာ လင်းယွီ တောင်တွေကိုငှားမှာပဲ” “ပြီးရင် ငှားရမ်းခကနေကို လူတိုင်း တစ်ခါကို တစ်သောင်းရနိုင်တယ်။ ဒါ့ပြင် မင်းတို့က ငှားရမ်းခကို အမြဲရမှာ။ လင်းယွီက သုံးနှစ်တစ်ကြိမ်ပေးမှာ ပြီးတော့ တစ်ကြိမ်ကို တစ်သောင်းဝန်းကျင်ပဲ။ မင်းတို့ကို ရွှေ့ခိုင်းတာအတွက် သူတို့က အဲ့လောက်လျော်ကြေးပေးမယ်ထင်လို့လား?

သူတို့က နှစ်တိုင်း လျော်ကြေးပေးမယ်ထင်လို့လား?

သေသေချာချာစဉ်းစားကြ။ ဘယ်ဟာကပိုကောင်းလဲ?”

“ရှောင်လင်းယွီက တောင်တွေကို ငှားလိမ့်မယ်။ သူ့မိသားစုကလည်း အလုပ်သမားတွေလိုလိမ့်မယ်။ သူတို့ ရွာသားတွေကို ခန့်မှာပဲ။ တစ်နှစ်ဆို မင်းတို့အနည်းဆုံး ထောင်ချီတော့ စုလို့ရတယ်။ ဒါများတဲ့ပမာဏပဲ။

တစ်ခုရှိသေးတယ် နွားဘုရင်ငယ်လေးကို တခြားသူတွေက အတင်းအဓမ္မရသွားရင် သူ့မစင်တွေကို သွားယူနိုင်ဦးမှာလား?

အရင်က ရှောင်လင်းယွီက သူမတောင်းဆိုချက်အတိုင်းစိုက်ထားတဲ့ မင်းတို့သီးနှံအားလုံးကို ဝယ်မယ်လို့ ကတိပေးခဲ့ပြီးသား။ မင်းတို့တွေ ပိုက်ဆံရဖို့ သူကစွန့်စားပေးနေတာ။ မင်းတို့ကြိုးစားမှုပေါ်မူတည်ပြီး ဘယ်လောက်စုဆောင်းနိုင်လဲ?

တောင်စာချုပ်တွေ၊ အနာဂတ်အလုပ်အကိုင်တွေ၊ သီးနှံဝင်ငွေတွေ မင်းတို့တစ်နှစ်ကို ဘယ်လောက်စုနိုင်လဲ? တွက်ကြည့်ကြ၊ ဘယ်ဟာကပိုတန်လဲ?

အရေးအကြီးဆုံးက သူတို့တစ်ခုတည်းအတွက် ငါတို့ မြေတွေနဲ့ အိမ်တွေကို ထားလို့ရတယ်။

ငါတို့ ဆက်အလုပ်ကြိုးစားနေသရွေ့ အကျိုးအမြတ်တွေရဲ့တန်ဖိုးက အဆက်မပြတ် လည်ပတ်နေမှာပဲ...”

***

All Chapters