← Chapters

အလှည့်

Vol. 19 Ch. 325

အလှည့်

Vol. 19 Ch. 325

ရွာသူကြီးက သူတို့ကို ကိစ္စအများကြီးပြောပြ‌ခဲ့ပေမယ့် အလားအလာတွေနဲ့ အကျိုးအမြတ်တွေကို ရှင်းရှင်းလင်းလင်းလည်း ခွဲခြားကြည့်ခဲ့သည်။

ဘယ်သူမှတော့ တုံးအမနေသရွေ့ ဘာရွေးချယ်မှုကို လုပ်ရမလဲသိမှာပင်။

နေရာက တိတ်ဆိတ်နေသည်။

ခနကြာပြီးတော့ တစ်ယောက်က

“ရွာသူကြီး နောင်ကျရင် ရှောင်လင်းယွီက တောင်တွေနဲ့စာချုပ်ဆက်ချုပ်ဦးမယ်ဆိုတာ သေချာလား?”

ရှောင်လင်းယွီသာ ဒါကိုမလုပ်တော့ဘူးဆိုရင် ရွာသားတွေမှာ နှစ်စဉ်များပြားတဲ့ဝင်ငွေရှိလိမ့်မည်။ သူတို့ ဘာမှလုပ်ဖို့တောင်မလိုတော့ပေ။ သူတို့အိမ်မှာအိပ်နေပြီး ငှားရမ်းတာကနေ ပိုက်ဆံရနေလိမ့်မည်။

ရှောင်လင်းယွီ ထောင်ယွမ်လယ်ကို ငှားတုန်းက သုံးနှစ်တစ်ကြိမ် ငှားရမ်းခကို ၂၀ရာခိုင်နှုန်း တိုးပေးမယ်လို့ ကတိပြုခဲ့သည်။ သူမ တောင်စာချုပ်တွေကိုလည်း အတူတူပဲလုပ်လိမ့်မည်။ ဒါ့ပြင် ရှောင်လင်းယွီ တောင်တွေကိုငှားပြီးတော့လည်း လူတိုင်းတောင်တွေဆီသွားနိုင်သေးသည်။

ရှောင်လင်းယွီက ကြားမဝင်ပေ။ ရွာသားတွေမှာ ဘာဆုံးရှုံးစရာမှမရှိပေ။

ရွာသူကြီးက သေသေချာချာနဲ့

“ဒါပေါ့ ဒီကြားဝင်မှုကြောင့်သာမဟုတ်ရင် ရှောင်လင်းယွီက တောင်တွေနဲ့ စာချုပ်ချုက်ပြီးနေလောက်ပြီ”

အားလုံးထပ်ပြီး တ်တ်ဆိတ်သွားပြန်သည်။ ဒါပေမယ့်လည်း သူတို့မှာဘာလုပ်ရမလဲဆိုတာအတွက် သေချာတဲ့အကြံတစ်ခုရှိသွားပြီ။

ရှောင်ကျန်းယန်က ထောင့်နားကနေထိုင်ပြီး ဘာစကားမှမပြောဘဲ ကြည့်နေသည်။ သူက ရွာသားတွေ နောင်ကျရင် ဘာလုပ်မလဲ‌ဆိုတာကို ဂရုမစိုက်ပေ။ ဒါပေမယ့်လည်း သူ့သမီးကိုတော့ ဘယ်သူမှထိခိုက်အောင်လုပ်ခွင့်မပြုပေ။

တည်ဆောက်ပြုပြင်မယ့်သူတွေက သေချာပေါက် နွားဘုရင်ငယ်လေးအတွက်လာကြသည်။ ပိုဆိုးတာကနေ အဆိုးဆုံးဖြစ်လာရင် သူ ရှောင်ကွမ်းကိုပဲ သတ်ပစ်လိုက်တော့မည်။ ပြီးရင် အားလုံးရပ်တန့်သွားလိမ့်မည်။ ဒါပေါ့ ဒါကနောက်ဆုံးခိုကိုးရာလေ။

.......

ယန်စစ်မင်က အလောတကြီး ဆောင်ရွက်လိုက်သည်။

နာရီအနည်းငယ်ကြာပြီးတော့ နောက်ဆုံးမှာ ထောင်ယွမ်ရွာကို သူရောက်လာသည်။

ဒါပေမယ့် သူရွာကိုရောက်တော့ သူ့ရဲ့လှပတဲ့မျက်ခုံးတွေကတွန့်သွားပြီး သံသယတွေနဲ့ပြည့်သွားသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ဖြိုချရေးအဖွဲ့က ‌ရွာထဲကို ဝင်သွားပြီဆိုတဲ့သတင်းကို သူကြားခဲ့ရသည်။

သူ လျောင်ကောဟိုင်ကိုဆက်သွယ်တော့ ဖြိုချရေးအဖွဲ့က ထောင်ယွမ်ရွာမှာရောက်နေပြီ။ ဒါပေမယ့်လည်း သူရောက်လာတော့ ရွာက တိတ်ဆိတ်နေသည်။ ဘာဖျက်ဆီးမှုလက်ရာခြေရာမှ မရှိချေ။

‘ဘာတွေဖြစ်နေတာလဲ? ပြီးတော့ လမ်းပေါ်မှာလည်း ရွာသားတစ်ယောက်မှ သူမတွေ့ပေ။ သူတို့အကုန်ဘယ်သွားကြတာလဲ?'

ယန်စစ်မင်က အဖြေမရှာနိုင်ဘဲ ရှောင်အိမ်ဆီ မောင်းသွားလိုက်သည်။

ဒါပေမယ့်လည်း သူရောက်သွားပြီး အထဲကမြင်ကွင်းကိုမြင်တော့ သူ့သူငယ်အိမ်တွေ တင်းကျပ်သွားသည်။ ရှောင်လင်းယွီက မျက်လုံးတွေပိတ်ထားပြီး နောက်မှီခုံပေါ်မှာ လှဲနေသည်။ သူမက အနားယူနေပုံပေါ်ပြီး ကုန်းထျန်းဟောက်က ကျောက်စားပွဲ‌ရဲ့ရှေ့မှာ စာအုပ်တစ်အုပ်ဖတ်နေသည်။

နေဝင်ဆည်းဆာက ရွှေရောင်အလင်းစနဲ့ အရမ်းလှပနေသည်။ ၎င်းက သူတို့နှစ်ယောက်‌အပေါ်မှာ တောက်ပနေတော့ ၎င်းက မှိန်ပျပျရွှေရောင်ခြည်တစ်ခုကို အလင်းပြန်နေစေသည်။

၎င်းက နူးညံ့ပြီး သန့်စင်မွန်မြတ်သည်။

အဲ့ဒီအချိန်မှာ ယန်စစ်မင်တောင် သူတို့က ကောင်းကင်ရဲ့ တွဲဖက်ပေးမှုလို့ပင် ထင်လိုက်သေးသည်။

ကုန်းထျန်းဟောက်က ခြံဝင်ပေါက်ကနေလာတဲ့ အသံတချို့ကြားလိုက်သည်။ သူ့ခေါင်းကိုလှည့်လိုက်ပြီး မိန်းမောမှုတစ်ခုနဲ့ အဝင်ဝမှာရပ်နေတဲ့ ယန်စစ်မင်ကို မြင်လိုက်သည်။ သူ့မျက်လုံးတွေက အနားယူနေတဲ့ ရှောင်လင်းယွီကို စူးစိုက်ကြည့်နေသည်။ သူမျက်မှောင်ကျုံ့လိုက်သည်။

ပြီးတော့ သူကပြုံးလိုက်ပြီး ယန်စစ်မင်ကို ပြောလိုက်သည်။

“ဥက္ကဌယန်ပဲ! ဥက္ကဌယန် ဒီမှာဘာလုပ်နေတာလဲ?”

ကုန်းထျန်းဟောက်က ရှောင်လင်းယွီနဲ့ နှစ်ယောက်တည်းရှိချင်လို့ သူ့ဝမ်းကွဲတွေကို မေမေရှောင်နဲ့ ဖေဖေရှောင်တို့နဲ့အတူ လယ်ထဲပို့လိုက်သည်။ အိမ်မှာက သူတို့နှစ်ယောက်ပဲရှိသည်။ ရှောင်လင်းယွီ ကိုယ်ဝန်နှစ်လရှိတည်းက သူမအမြဲအိပ်ချင်နေသည်။

ဒါပေမယ့်လည်း ကိုယ်ဝန်ဆောင်အကျင့်တွေက လေးလပြီးရင် လျော့နည်းသွားတယ်လို့ လူတွေပြောကြသည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီရဲ့ လက္ခဏာတွေကတော့ လျော့ပါးမသွားပေ။ သူမ စားပြီးအိပ်သည် အိပ်ပြီးစားသည်။

သူမက ဝက်တစ်ကောင်လိုပဲ!

ကုန်းထျန်းဟောက်အတွက်ကတော့ သူက ဒီဝက်ကို နေ့တိုင်း အလုပ်အကျွေးပြုနေရသည်။ ရှောင်လင်းယွီရဲ့ ပိုပိုသာယာပြီး ဝိုင်းလာတဲ့မျက်နှာကိုမြင်တော့ သူပျော်သည်။

ယန်စစ်မင်က သဘောထားကြီးကြီးနဲ့ဝင်မလာခင် တံခါးမှာ ခနလောက် အံ့ဩနေသည်။

သူ့ခြေသံတွေက ရှောင်လင်းယွီကို သက်ရောက်သွားသည်။ သူမမျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ယန်စစ်မင် ကုလားထိုင်ဘေးမှာ ရပ်နေတာကိုမြင်တော့ သူမအံ့ဩသွားသည်။

သူမက ပြုံးပြီးတော့

“အစ်ကိုယန် ရှင်ဘယ်လိုလုပ်ရောက်လာတာလဲ?”

သူမမျက်နှာကိုနောက်ဆုံးမြင်ပြီးတည်းက သူမမျက်နှာက ပိုဝိုင်းလာတာကို ယန်စစ်မင်သတိထားမိလိုက်သည်။

သူ့မျက်ခုံးတွေကိုပင့်လိုက်ပြီး တိုက်ရိုက်ပဲ

“တစ်ယောက်က ထောင်ယွမ်ရွာကိုမျက်စိကျပြီး ခရီးသွားနေရာတစ်ခုအနေနဲ့ တည်ဆောက်ချင်တယ်လို့ကြားလို့။ သူတို့ဒီနေ့ ရွာကိုဖြိုချဖို့လာခဲ့တယ်‌လေ။ အဲ့ဒါကြောင့် ကြည့်ရအောင်လာခဲ့တာ”

၎င်းကိုပြာပြီးတော့ သူက အနားကိုကြည့်လိုက်ပြီး သင်္ကာမကင်းနဲ့

“ဒါပေမယ့် ငါရွာထဲကိုဝင်လာတော့ ရွာကိုအရမ်းတိတ်ဆိတ်နေတာတွေ့လိုက်တယ်။ ပြီးတော့ ဘာဖြိုချမှုမှလည်းမတွေ့ဘူး။ ဘာတွေဖြစ်နေတာလဲ?”

ရှောင်လင်းယွီက

“ဖြိုချရေးအဖွဲ့ကပြန်သွားပြီလေ အဲ့ဒီတော့ ဘာမှမဖြစ်ခဲ့ဘူး”

“သူတို့ပြန်သွားတယ်လား?”

ယန်စစ်မင် အံ့ဩသွားသလို အံ့ဩလည်းမသွားပေ။

‘အဲ့ဒီတော့ လျောင်ကောဟိုင်က ငါ့အကြံပေးတာကို နားထောင်လိုက်တာပေါ့။

သူ့လူတွေကို ပြန်ခိုင်းလိုက်တယ်ပေါ့။'

“ဟုတ်တယ် သူတို့က ကားတချို့ကြောင့်ကြောက်သွားတာ”

ရှောင်လင်းယွီက ပြောလိုက်သည်။

ယန်စစ်မင်က အံ့ဩသွားပြီး နားမလည်ခဲ့ပေ။ “ကားတွေ? ဘယ်လိုကားမျိုးတွေလဲ?”

အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်က

“ကျွန်တော့် ဘော်ဒီဂတ်တွေရဲ့ကားတွေလေ။ သူတို့က ခြောက်သန်းနဲ့ သုံးဆယ့်ခြောက်သန်းတန်တယ်။ သူတို့ကို ရွာဝင်ပေါက်မှာ ပြထားလိုက်တာ”

ကုန်းထျန်းဟောက်ရဲ့အဖြေကိုကြားတော့ ယန်စစ်မင်ရဲ့ ပါးစပ်ဖျားက ရွစိရွစိဖြစ်သွားသည်။ ဒါက အထူး‌ခြောက်လှန့်တဲ့နည်းဗျူဟာပဲ။

ယန်စစ်မင်က ခေါင်းညိတ်ပြီးတော့

“မစ္စတာကုန်း၊ ကျွန်တော်တကယ်အထင်ကြီးသွားပြီ! ခင်ဗျားက ဒီကြောက်စရာကောင်းတဲ့နည်းဗျူဟာကိုတောင် တွေးမိတာပဲ”

“ဒါမစ္စတာယန်ဆီက ချီးကျူးစကားများလား?”

ကုန်းထျန်းဟောက်က စားပွဲပေါ်က ပန်းသီးတစ်လုံးကိုယူလိုက်ပြီး အခွံစခွာလိုက်သည်။ သူ့အရည်အချင်းတွေက အံ့ဩစရာကောင်းလောက်အောင် တက်လာသည်။ အခွံက အလယ်ကနေ ပြတ်မသွားပေ။ ပန်းသီးက ဝိုင်းပြီး ချောမွတ်နေသည်။ တစ်ခါတစ်လေ ကုန်းထျန်းဟောက်က သဘောကျကြောင်းပြောဖို့ အခွံကိုတောင်ယူထားသည်။

ယန်စစ်မင်က ကုန်းထျန်းဟောက်အကြောင်း ဂရုမစိုက်ပေ။ သူက စားပွဲမှာ တိုက်ရိုက်ပဲထိုင်လိုက်ပြီး ခွက်တစ်ခွက်ယူကာ ရေနွေးကြမ်းငှဲ့ပြီး သောက်လိုက်သည်။

ရှောင်မိသားစုရဲ့ ရေနွေးကြမ်းက တကယ်အရသာရှိတာပဲ!

ရေနွေးကြမ်းတစ်ခွက်သောက်ပြီးတော့ သူ့တကိုယ်လုံးအေးသွားတာကို ခံစားလိုက်ရသည်။

ယန်စစ်မင်က နားမလည်တဲ့ပုံ‌နဲ့မေးလိုက်သည်။

“လင်းယွီ ဒါဘယ်လိုရေနွေးကြမ်းမျိုးလဲ? ဒါအမြဲတမ်း ကိုယ့်ကိုလန်းဆန်းစေတယ်”

“ဒါပုံမှန် ဆေးဖက်ဝင်ရေနွေးကြမ်းပါပဲ”

ရှောင်လင်းယွီက ပြောလိုက်သည်။

“ဒါက ကျွန်မတို့ရွာက အထူးဆေးပင်တမျိုး‌ကနေလုပ်ထားတာ။ ဒါကအရမ်း အေးမြစေတယ်။ ကျွန်မတို့လိုလယ်သမားတွေက မကြာခန နေပူပူအောက်မှာ အလုပ်လုပ်ကြတယ်လေ။ ဒီတော့ နှလုံးရပ်တာကနေကာကွယ်ဖို့ အလုပ်ကပြန်လာရင် ဆေးဖက်ဝင်ရေနွေးကြမ်းတစ်အိုးအတူတူပြန်သယ်လာတယ်”

ယန်စစ်မင်က မြို့မှာ ကြီးပျင်းလာသည်။ သူသာ ရှောင်လင်းယွီကိုမသိခဲ့ရင် ဒီအရာတွေကိုတောင်သိမှာမဟုတ်ပေ။ သူအရင်က လယ်သမားရွာတွေကို လည်ပတ်ဖူးပေမယ့် သူတို့တွေအားလုံးက ခရီးသွားတွေအတွက် အထူးတည်ဆောက်ထားတဲ့ လယ်အိမ်တွေပဲဖြစ်ကြသည်။

ယန်စစ်မင်က ခေါင်းညိတ်လိုက်သည်။

အဲ့ဒီအချိန်မှာ ရှောင်လင်းယွီက

“အစ်ကိုယန် ရှင်ဘာလို့ ဒီကိုရုတ်တရက်ကြီးလာတာလဲ?”

ယန်စစ်မင်က

“…”

ကောင်းပြီလေ သူက ဒီမှာ အမှတ်ယူဖို့ရှိနေတာလို့ ပြောနိုင်ပါ့မလား?

ဒါပေမယ့်လည်း သူမဖြေရှင်းခင် ကုန်းထျန်းဟောက်က ပြဿနာကိုဖြေရှင်းလိုက်လိမ့်မယ်လို့ မျှော်လင့်မထားပေ။

ယန်စစ်မင်က အပြုံးတစ်ခုနဲ့

“ထောင်ယွမ်ရွာကို တစ်ယောက်ယောက်က တည်ဆောက်ပြုပြင်ချင်နေတယ်လို့ ကြားတယ်လေ။ အဲ့ဒါကြောင့် အခြေအနေဲ့ မင်းကိုကြည့်ဖို့ ငါလာခဲ့တာ။ ပြီးတော့ ငါမင်းကို မတွေ့ရတာလည်းကြာပြီလေ”

သူ့စကားတွေက နောက်နေတာနဲ့တူပေမယ့် တချိန်တည်းမှာအဲ အရမ်းလည်းလေးနက်ပုံပေါ်နေသည်။

ကုန်းထျန်းဟောက်က ဒါကိုကြားတော့ သူ့မျက်နှာချက်ချင်းမှောင်မိုက်သွားသည်။

“ဥက္ကဌယန် ခင်ဗျား အားနေတာဖြစ်ရမယ်။ ဘာလို့ Zမြို့ က မိန်းမနောက် လိုက်မနေဘဲ ‌တောဘက်ကိုလာရတာလဲ?”

“မစ္စတာကုန်း ခင်ဗျားလည်းအတူတူပဲလေ!”

ယန်စစ်မင်က ပြုံးလျက်

“မြို့တော်က မိန်းကလေးတွေ မစ္စတာကုန်းကိုဘယ်လိုနှစ်သက်ကြောင်းကြားပေမယ့် သူတို့အကုန်အငြင်းခံလိုက်ရတယ်တဲ့။ ဒါကြောင့် မစ္စတာကုန်းက တခြားဘက်ကို မျက်တောင်တစ်ချတ်မခတ်တဲ့လူလို့ ကောလဟလကြားတယ်”

ကုန်းထျန်းဟောက်က သူ့နာမည်ကို အရင်က နည်းနည်းပါးပါးအသေရေဖျက်ခံရဖူးပေမယ့် ဒီတစ်ခေါက်တော့ ယန်စစ်မင်က ပြင်ဆင်လာသည်။

သူက ကုန်းထျန်းဟောက်အကြောင်းစုံစမ်းဖို့ မြို့တ်ေကို တစ်ယောက်လွှတ်လိုက်သည်။ သူကဒီကောလဟာလကိုတွေ့သွားတော့ ရယ်မောလိုက်သည်။

ရှောင်လင်းယွီသည်လည်း ဒါကိုကြားပြီး ရယ်လိုက်မိလေသည်...

***

All Chapters