ကုန်းနှင့်ယန်
Vol. 19 Ch. 326
“ဆောရီး! ဆောရီး! ဆက်ပြောပါ!”
ရှောင်လင်းယွီက သူမပါးစပ်ကို လက်တစ်ဖက်နဲ့ကာလိုက်ပြီး တခြားတစ်ဖက်နဲ့ မျက်နှာကိုခတ်လိုက်သည်။
ဒါပေမယ့်လည်း သူမကုန်းထျန်းဟောက်ကို ကြည့်တဲ့ပုံကတော့ သိသိသာသာပြောင်းလဲသွားသည်။
“…”
ကုန်းထျန်းဟောက်ကမျက်နှာက အတွန့်အခေါက်တွေနဲ့ ပြည့်နေသည်။ သူ ရှောင်လင်းယွီခေါင်းကို ဆွဲဆန့်လိုက်ပြီး သူမကိုကြည့်လိုက်သည်။
သူ့သွားတွေကို အံ့ကြိတ်ရင်း
“အချန်တွေအများကြီးကုန်ဆုံးပြီးတာတောင် ကိုယ်က တခြားဘက်ကို လှည့်ကြည့်မယ်လို့ ထင်နေတာလား?”
ရှောင်လင်းယွီက ပြုံးလျက်ပင်။ သူမခေါင်းကိုခါလိုက်ပြီး
“မထင်ရပါဘူး”
ဒါပေမယ့် သူမအဖြေက ဝတ်ကျေတမ်းကျေဖြစ်နေသည်။
ကုန်းထျန်းဟောက်လက်တွေက ရှောင်လင်းယွီမျက်နှာကို ကိုင်ထားတာကို ယန်စစ်မင်မြင်တော့ စိတ်ထဲမှာ ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားလိုက်ရသည်။
သူက ရှောင်လင်းယွီမျက်နှာကနေ ကုန်းထျန်းဟောက်လက်တွေကို ဆွဲလိုက်ပြီး
“မစ္စတာကုန်း မေးခွန်းရဲ့အဖြေကိုရဖို့ ယွီအာရဲ့မျက်နှာကိုထိစရာမလိုပါဘူး”
ကုန်းထျန်းဟောက်ရဲ့စူးရှတဲ့မျက်လုံးတွေက ယန်စစ်မင်ကို တည့်တည့်ကြည့်လိုက်ပြီး ခက်ထန်စွာနဲ့
“ဥက္ကဌယန် ခင်ဗျားအရမ်းစွက်ဖက်နေတာမဟုတ်ဘူးလား? ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး ကြည်နူးနေတာက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ?”
ယန်စစ်မင်က အံ့ဩသွားပြီး မယုံနိုင်ဖြစ်သွားသည်။
သူက သင်္ကာမကင်းနဲ့
“ကောင်မလေး...ကောင်မလေး?”
သူ့စကားတွေကို သက်သေပြဖို့ ကုန်းထျန်းဟောက်က ရှောင်လင်းယွီလည်တိုင်ကို လက်တစ်ဖက်နဲ့ကိုင်ထားလိုက်ပြီး တခြားတစ်ဖက်က ရှောင်လင်းယွီရဲ့သေးငယ်တဲ့လက်လေးကိုကိုင်ထားကာ သူ့ရဲ့အခွင့်အရေးကို တရားဝင်ကြေညာလိုက်သည်။
“ဟုတ်တယ် ယွီအာက ကျွန်တော့်ကောင်မလေးပဲ! ပြီးတော့ ကျွန်တော် ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ချစ်သူပဲ!”
ယန်စစ်မင်ရဲ့သူငယ်အိမ်တွေတင်းကျပ်သွားပြီး သူ့မျက်နှာထားကလည်း ရှော့ခ်ရသွားသည်!
သူမယုံကြည်ရဲသလို ယုံလည်းမယုံကြည်ချင်ပေ။
'ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက မြန်မြန်ဆန်ဆန်ချစ်သူတွေတောင်ဖြစ်သွားကြတာလား? ဒါဖြစ်နိုင်လို့လား?'
ယန်စစ်မင်က ခနလောက်အံ့ဩသွားပေမယ့် မြန်မြန်အသိပြန်ဝင်လာပြီး အပြုံးတစ်ခုဖြင့်
“မစ္စတာကုန်း တခြားသူတွေကို ခင်ဗျားချစ်သူလို့ အခိုင်အမာမဆိုနဲ့လေ။ ယွီအာ သူ့ဆီက အရူးလုပ်မခံနဲ့။ တကယ်တော့ သူ့အကြောင်း နောက်ထပ်ကောလဟာလတစ်ခုလည်းကြားသေးတယ်။ ယွီအာ မင်းနားထောင်ချင်လား?”
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ယွီအာလို့ခေါ်နေတာကိုကြားတော့ ယန်စစ်မင်ကလည်း မရှံးချင်ပေ။
ကုန်းထျန်းဟောက်က မျက်လုံးကျုံ့လိုက်ပြီး သူ့ရဲ့စူးရှတဲ့အကြည့်တွေကို ယန်စစ်မင်ရဲ့မျက်နှာကို ဖုံးလွှမ်းလိုက်သည်။
‘ကြည့်ရတာ ဒီတစ်ကြိမ် သူသေချာပြင်ဆင်လာပုံပဲ။'
ယန်စစ်မင်က ရှောင်လင်းယွီပြန်ဖြေတာကိုမစောင့်ဘဲ ဆက်ပြီးတော့
“ကောလဟာလကတော့ သူက မိန်းကလေးတွေအနားမှာ မစွမ်းဆောင်နိုင်ဘူးတဲ့”
ဒီတစ်ကြိမ်တော့ ရှောင်လင်းယွီရဲ့ပါးစပ်အစွန်းက ပြင်းပြင်းထန်ထန်တရွရွဖြစ်သွားသည်။
အဲ့ဒါသာအမှန်ဆို သူမဗိုက်ထဲကကလေးက ဘယ်လိုလုပ်ဖြစ်လာတာလဲ?
ဒါပေမယ့်လည်း ဒါကိုကောင်းကောင်းနားလည်တဲ့ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ထူးဆန်းတဲ့အမူအယာနဲ့ တမင်သက်သက်ကြည့်လိုက်သည်။
ယန်စစ်မင်ရဲ့နှုတ်ခမ်းစွန်းတွေ ကွေးတက်သွားပြီး သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာသည်။ ဂုဏ်ယူမှုအရိပ်အယောင်တစ်ခု သူ့မျက်နှာမှာပေါ်လာသည်။ ဒါမတိုင်ခင် သူနဲ့ကုန်းထျန်းဟောက်ရဲ့ အကြည့်တိုက်ပွဲမှာ သူရှုံးခဲ့သည်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူ့လက်ထဲမှာ အောင်နိုင်မှုရှိနေပြီ။
ရှိုးကိုပျော်ရွှင်ခံစားနေတဲ့ ရှောင်လင်းယွီကိုမြင်ပြီး ကုန်းထျန်းဟောက်ရဲ့နှုတ်ခမ်းအစွန်းတွေ တရွရွဖြစ်သွားသည်။ ပြီးတော့ သူ့သွားတွေကိုကြိတ်လိုက်ပြီးတော့
“ယွီအာ ကိုယ်တို့ဒီကောလဟာလတွေကို ချက်ချင်းစစ်ဆေးကြည့်ရင်ရော?”
ရှောင်လင်းယွီက ချက်ချင်းတုန်ယင်သွားပြီး လက်ကိုမြန်မြန်ခါလိုက်သည်။
“တခြားမိန်းကလေးတွေဆီကိုပဲ ဒီအခွင့်အရေးလွှဲလိုက်ပါ့မယ်။ ကျွန်မမလိုပါဘူး”
ဘေးကကြည့်နေတဲ့ယန်စစ်မင်က သီချင်းဆိုမိမတတ်ဖြစ်သွားသည်။ ဒါပေမယ့်လည်း သူမဆိုလိုက်ပေ။ သူက ရေနွေးကြမ်းခွက်နည်းနည်းလောက် ပျော်ရွှင်စွာသောက်လိုက်သည်။ နောက်ဆုံးတော့ သူအသာစီးရလာပြီ။
သူစိတ်ကောင်းဝင်နေတော့သည်!
‘ဟင်း ဒီဆေးဖက်ဝင်ရေနွေးကြမ်းက တကယ်ကောင်းတာပဲ။ ပြီးကျလို့ပြန်ရင် ငါနဲ့အတူနည်းနည်းယူသွားသင့်တယ်။ ဒါပေမယ့်လူတွေက ငါ့ကို ဒါနဲ့မြင်ရင် မရယ်ကြလောက်ဘူးလား?
ကောင်းပြီလေ ငါအဲ့လောက်လည်းဂရုမစိုက်သင့်ပါဘူး ကောင်းကောင်းအသုံးချဖို့အတွက်ဆိုရင်ပေါ့။'
ကုန်းထျန်းဟောက်က ပျော်ပျော်ရွှင်ရွှင်ပြုံးနေတဲ့ရှောင်လင်းယွီကို မေးလိုက်သည်။ သူ ရေနွေးတစ်ခွက်လည်းယူလိုက်ပြီး ကိုယ်တိုင်ခွက်သေးတစ်ခွက် လောင်းထည့်လိုက်သည်။
သူတစ်ကျိုက်မော့လိုက်သည်။ ၎င်းရေနွေးကြမ်းက တကယ်ပဲ လတ်ဆတ်ပြီး အရသာရှိသည်။ ၎င်းက နွေအပူကိုရှောင်ဖို့ တကယ်ကောင်းတဲ့ထုတ်ကုန်တစ်ခုပဲဖြစ်သည်။
ကုန်းထျန်းဟောက်က ရုတ်တရက်
“ဥက္ကဌယန် သခင်ကြီးယန်က ခင်ဗျားကို ထောင်ယွမ်ရွာလာတာ တားမြစ်ထားတယ်လို့ကြားတယ်။ ဒီတစ်ကြိမ်ရော သခင်ကြီးယန်ရဲ့ခွင့်ပြုချက်ရခဲ့ရဲ့လား?”
ယန်စစ်မင်ရဲ့နှလုံးက ချက်ချင်းအေးဆေးသွားသည်။
‘ကုန်းထျန်းဟောက် ဒီကြောက်စရာလူ။ သူဒါကိုရည်ရွယ်ချက်ရှ်ိရှိလုပ်နေတာပဲ’
သူနဲ့ရှောင်လင်းယွီရဲ့ ဆက်ဆံရေးကိုတားချင်လို့ သူ့အဘိုးက သူ့ကို ထောင်ယွမ်ရွာကိုလာတာ တားမြစ်ထားခဲ့သည်။ ရှောင်လင်းယွီကို ဘယ်တော့မှလက်ထပ်ခွင့်မပြုဘူးလို့ သူ့အဘိုးက အတိအလင်းပြောထားသည်။
အရင်က သခင်ကြီးယန် ထောင်ယွမ်ရွာကိုလာတော့ သူ့ရဲ့ခေါင်းဆောင်ကြီးနောက်လိုက်ဖို့ အိမ်တစ်လုံးဆောက်ချင်ခဲ့သည်။ ဒါပေမယ့်လည်း သူတို့Zမြို့ကိုပြန်လာပြီးတော့ ဒီကိစ္စကို ဘယ်တော့မှကို ထပ်မပြောတော့ပေ။
ယန်စစ်မင်က ဒါကိုတက်တက်ကြွကြွ ထုတ်ပြတဲ့အကြိမ်မျိုးတွေရှိပေမယ့် သူ့အဘိုးက မကြားချင်ယောင်ဆောင်နေသည်။ သခင်ကြီးယန်က သူ့ဆုံးဖြတ်ချက်ကို အတည်တကျပြောထားသည်။
ယန်စစ်မင်က ဖျန်ဖြေပေးပြီး သူ့စိတ်ပြင်းပြမှုကို ဖော်ပြဖို့ ကြိုးစားခဲ့ပေမယ့် သခင်ကြီးယန်ကြောင့် အကြိမ်တိုင်း အတားခံရသည်။ သခင်ကြီးယန်က ယန်စစ်မင်ပြောချင်နေတာကို အသေအချာသိပေမယ့် နားမထောင်ချင်ပေ။
ယန်စစ်မင်က တွန်းအားပေးတော့ ယန်စစ်မင် တောင်းပန်လာတဲ့အထိ သူ့အဘိုးကစိတ်ကောက်သည်။
သူ့အဘိုးက အသက်ပြီးနေပြီ။ သူ့ကို မကြာခန စိတ်တိုအောင်လုပ်လို့မရပေ။ ဒါ့ကြောင့် ယန်စစ်မင်က နှောင့်နှေးနေတဲ့နည်းဗျူဟာအပေါ်မှာပဲ မှီခိုနေရသည်။
ဒါပေါ့ သူ့မိသားစုရဲ့ခုခံမှုကြောင့်နဲ့ ယန်စစ်မင်လက်လျှော့ဖို့ဆိုတာတော့ မဖြစ်နိုင်ပေ။ သူက ရှောင်လင်းယွီနဲ့ပက်သက်တဲ့ကိစ္စတွေကိုအရမ်းစိုးရိမ်ပူပန်သေးသည်။ ဒါ့ပြင် သူ့မှာ ထောင်ယွမ်ရွာမှာနေထိုင်တဲ့ အင်အားကြီးတဲ့အချစ်ပြိုင်ဘက်တစ်ယောက်လည်းရှိသေးသည်။
ကုန်းထျန်းဟောက်က သခင်ကြီးယန်ကိုဆွဲထည့်လိုက်တာနဲ့ ယန်စစ်မင်က ရှောင်လင်းယွီရဲ့တုံ့ပြန်ချက်ကို အလိုလိုကြည့်မိလိုက်သည်။ သူမမျက်နှာပေါ်မှာ ဘယ်လိုအမူအယာမျိုးဖြစ်မလဲဆိုတာ သူမြင်ချင်သည်။
သူမ မျက်နှာသေဖြစ်နေတယ်...
မဟုတ်ဘူး သူမခပ်ရေးရေးပြုံးနေသည်။
ဘာဝမ်းနည်းမှုအရိပ်အယောင်မှမရှိပေ။
ရှောင်လင်းယွီက ထက်မြက်တဲ့လူတစ်ယောက်ဖြစ်သည်။ သူမ သေချာပေါက် သခင်ကြီးယန်ရဲ့ခံယူချက်ကိုနားလည်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီက ၎င်းကို စိတ်ထဲထားပုံမပေါ်ပေ။
ယန်စစ်မင်က တိတ်တဆိတ်စိတ်ပျက်သွားသည်။ ၎င်းက သူမဂရုမစိုက်ဘူးလို့ဆိုလိုသည်။ ၎င်းက ရှောင်လင်းယွီက မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ဂရုစိုက်သလိုမျိုး သူ့ကိုဂရုမစိုက်ဘူးလို့ဆိုလိုသည်။
ဒါပေမယ့်လည်း ယန်စစ်မင်လက်မလျှော့ပေ။
ယန်စစ်မင်ကပြုံးပြီးတော့
“ကြည့်ရတာ မစ္စတာကုန်းက ကျွန်တော့်ကိစ္စတွေကို အရမ်းစိတ်ဝင်စားပုံပဲ။ ကျွန်တော် ကောလဟာလတွေကိုတောင်သတိရသွားပြီ။ မစ္စတာကုန်း ခင်ဗျား ကျွန်တော့်ကို စိတ်ဝင်စားနေတာလား?”
“ဖွီး!”
ယန်စစ်မင်ရဲ့စကားတွေကိုကြားတော့ ရှောင်လင်းယွီက ရေတစ်ငုံသောက်နေရုံသာရှိသေးပြီး ချက်ချင်း အကုန်ထွေးထုတ်လိုက်သည်။ ကံမကောင်းစွာပဲ သူမနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့လူက ယမ်စစ်မင်ဖြစ်သည်။
ဒါ့ကြောင့် ရေတွေက ယန်စစ်မင်မျက်နှာကို စင်သွားလေသည်။
“အဟွတ် အဟွတ်...”
ရှောင်လင်းယွီက သီးသွားပြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးလိုက်သည်။
‘ဒီယန်စစ်မင်ရူးသွားတာလား?
ကုန်းထျန်းဟောက်နဲ့ ငြင်းခုံတာမှာ နိုင်ဖို့ သူက ဒီလိုဟာမျိုးပြောတယ်လား?'
သူမမှာ ယန်စစ်မင်အပေါ် ရှုထောင့်အသစ်တစ်ခုရသွားသည်။
ကုန်းထျန်းဟောက်က ယန်စစ်မင်ရဲ့မသက်မသာဖြစ်နေတဲ့အခြေအနေကိုကြည့်လိုက်ပြီး သူ့ပါးစပ်အစွန်းတွေ ကွေးတက်သွားသည်။ ဘာပဲဖြစ်ဖြစ် သူရှောင်လင်းယွီရဲ့ ကျောကုန်းကို ညင်ညင်သာသာပုတ်ပေးလိုက်ပြီး ညင်သာပေမယ့် အပြစ်ကင်းတဲ့လေသံနဲ့
“မင်းကို ဖြည်းဖြည်းသောက် ဖြည်းဖြည်းစားဖို့ ကိုယ်အမြဲပြောပါတယ်”
သူတို့က ချစ်သူစုံတွဲတွေနဲ့တူနေသည်။
ရှောင်လင်းယွီက နှစ်ကြိမ်ချောင်းဆိုးလိုက်သည်။ သူမ အသက်ပြန်ရှုလာတော့ ယန်စစ်မင်ရဲ့ စိုစွတ်နေတဲ့မျက်နှာကိုမြင်လိုက်ပြီး တောင်းပန်လိုက်သည်။
“အစ်ကိုယန် ကျွန်မတောင်းပန်ပါတယ်။ ရှင့်မျက်နှာပေါ်ကို ရေတွေအကုန်ထွေးထုတ်လိုက်ဖို့ မရည်ရွယ်ပါဘူး”
သူမ အနားပတ်လည်ကိုကြည့်လိုက်ပြီး စားပွဲကိုထိုးပြလိုက်ပြီးတော့
“ရှင်ဘာလို့ ရေတွင်းကိုမသုံးတာလဲ? ရေတွင်းထဲကရေက အရမ်းအေးတယ်”
ယန်စစ်မင်က သူ့မျက်နှာကိုသုတ်ဖို့ တစ်ရှူးစနည်းနည်းယူလိုက်ပြီး သူ့အဝတ်တွေကိုသုတ်လိုက်ပြီးတော့ ပြောလိုက်သည်။
“ရပါတယ်”
ဒီလိုနဲ့ သူထလာပြီး ရေတွင်းဆီသွားလိုက်သည်။ ဒါပေမယ့်လည်း သူရေတွင်းဆီရောက်တော့ ထပ်ပြီးမျက်မှောင်ကျုံ့လိုက်သည်။ သူဘုံပိုင်ခေါင်းကိုမတွေ့ဘဲ ရေစုပ်စက်တစ်ခုကို တွေ့လိုက်သည်။
ရေက ဘယ်ကနေလာမှာလဲ? ခနလေ့လာကြည့်ပြီးတော့ ရေကို ကိုယ်တိုင်ဆွဲရမယ်ဆိုတာ သဘောပေါက်သွားသည်။ မြေအောက်ရေကို ဖိအားပေးပြီး သုံးဖို့ လက်ကိုင်ကို နှိမ့်လိုက်ချလိုက်လုပ်ရမည်။ သူရေကို စဆွဲတင်လိုက်သည်။
ရေတွေ ပန်းထွက်လာသည်။
ယန်စစ်မင်က အရပ်ရှည်က သူကရေထွက်ပေါက်မှာ မတ်တပ်ရပ်နေမိသားဖြစ်နေသည်။
ရေတွေက ချက်ချင်း သူ့တစ်ကိုယ်လုံးပေါ် ဖျန်းလိုက်သည်။ သူတုံ့ပြန်ပြီး မြန်မြန်ဆန်ဆန်ဆုတ်လိုက်ပေမယ့် ရေတွေက သူ့ခြေထောက်တွေပေါ်ကိုတော့ ပန်းထွက်နေသေးသည်။
ဘေးကကြည့်နေတဲ့ ရှောင်လင်းယွီက အနည်းငယ်အံ့ဩသွားသည်။ ပြီးတော့ သူမခေါင်းကို ဖြည်းဖြည်းပုတ်လိုက်သည်။
ယန်စစ်မင်က လက်ထိုးရေတွင်းရေစုပ်စက်ကို ဘယ်လိုသုံးရမလဲမှန်း မသိတာလို့ သူမထင်မထားပေ။
***