မင်းကို မင်းရဲ့လမ်းကြောင်းပေါ်ပို့ပေးမယ်
Vol. 154 Ch. 2310
အဝီစိ...။
သိုင်းတာအိုပင်မခန္ဓာသည် အနက်ရောင်နွယ်ပင်များဖြင့် ပြည့်နှက်သွားပြီး သူက ချောက်နက်ထဲသို့ ကျဆင်းသွား၏။ တစ်ခဏချင်းမှာပင် သူသည် ဧကရာဇ်ပိုရွှင်း၏ ရှေ့သို့ ဆွဲယူခြင်းခံလိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာ၏ ပတ်လည်မှာ ဆင့်ခေါ်ထားသည့် ရွှေရောင်သက္ကတစာလုံးများကလည်း အနက်ရောင်နွယ်ပင်များနှင့် လုံးလုံးလျားလျားဝါးမျိုခံလိုက်ရပြီဖြစ်၏။ သို့သော်လည်း သူက ကံကြမ္မာစက်ကွင်း ၉ခုကို တတ်နိုင်သမျှထုတ်ဖော်ကာ ကောင်းကင်နှင့်မြေကြီးမီးဖိုကို လှည့်ပတ်၍ ဧကရာဇ်ပိုရွှင်း၏ တိုက်ခိုက်မှုကို သူ၏ အစွမ်းကုန်ဖြင့် ခုခံနေ၏။
“မင်းက ဘယ်လိုပေါက်တတ်ကရကို ကျင့်ကြံထားတာလဲ”
ဧကရာဇ်ပိုရွှင်း၏ မိစ္ဆာသွင်ပြင်က မကောင်းဆိုးဝါးဆန်နေပြီး သူက ညိုမည်းနေသောအကြည့်ဖြင့် လှောင်ရယ်လိုက်၏။
“တကယ့်ကို အားနည်းလွန်းတယ်... ရိုက်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာကို ရစ်ပတ်ထားသည့် နက်မှောင်နေသောနွယ်ပင်များက တင်းကျပ်လာခဲ့၏။
ဖျောက်... ဖျောက်... ဖျောက်...
ကံကြမ္မာစက်ကွင်း ၉ခုက ခရမ်းရောင်တဖျပ်ဖျပ်ဖြစ်၍ အချိန်မရွေးလဲပြိုကျသွားနိုင်သည့်အလား အသံများထွက်ပေါ်လာ၏။
“ကြေမွစမ်း”
ဧကရာဇ်ပိုရွှင်းက ညင်သာစွာအော်ငေါက်လိုက်၏။
ဘုန်း...
သိုင်းတာအို၏ စိတ်စွမ်းအားနှင့် ဓမ္မအစီအရင်များကနေ စုဖွဲ့ထားသည့် ကံကြမ္မာစက်ကွင်း ၉ခုက ချက်ချင်းပင်ပြိုကျသွားပြီး မရေမတွက်နိုင်သော အစအနများအဖြစပြောင်းလဲကာ သိုင်းတာအိုမီးဖိုထဲသို့ ကျဆင်းသွား၏။
ကံကြမ္မာစက်ကွင်း ၉ခု ဖြစ်ပေါ်လာခဲ့ပြီးကတည်းက သူတို့သည် အမြဲတမ်း ဖျက်ဆီး၍မရနိုင်ဘဲ မရေမတွက်နိုင်သော နတ်ဘုရားလက်နက်များအဖြစ်ပင် အသွင်ပြောင်းလဲနိုင်ခဲ့၏။
သို့သော်ယခု... သူတို့သည် ပကတိခွန်အား၏ ဖိနှိမ်ခြင်းမှာ လုံးဝမခုခံနိုင်တော့ပေ။
နက်မှောင်နေသော နွယ်ပင်များစွာက အလျှံညီးညီး သိုင်းတာအိုမီးဖိုပေါ်သို့ ဆင်းသက်လာခဲ့၏။ ဒေါသူပုန်ထနေသောမီးတောက်များက တလိပ်လိပ်ထိုးတက်လာပြီး နက်မှောင်နေသောနွယ်ပင်များက တရှဲရှဲမြည်၍ မီးခိုးများအူထွက်လာ၏။
“စိတ်ဝင်စားစရာပဲ”
သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးနယ်မြေက သူ၏ မိစ္ဆာချီကိုပင် သန့်စင်နိုင်သည်ကို တွေ့မြင်ရသောအခါ ဧကရာဇ်ပိုရွှင်းသည် သွားဖြဲ၍ သူ၏ အဖြူရောင်သွားတစ်တန်းက ပေါ်ထွက်လာ၏။ သို့သော်လည်း တစ်ခဏချင်းမှာပင် သူက သူ၏ အပြုံးကို ရုပ်သိမ်းပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒါပေမဲ့ မင်းက အားနည်းလွန်းသေးတယ်”
သိုင်းတာအိုပင်မခန္ဓာပေါ်ရှိ မိစ္ဆာချီက သိပ်သည်းကျစ်လစ်လာပြီး ၎င်း၏ ခွန်အားက ဆပွားများစွာတိုးလာခဲ့၏။
ဖျောက်.. ဖျောက်.. ဖျောက်...
သိုင်းတာအိုမီးဖိုပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
သိပ်မကြာခင် အဲ့ဒါက ပေါက်ကွဲထွက်သွား၏။
“ဖွီး...”
သိုင်းတာအိုပင်မခန္ဓာက သွေးများစွာကို ထွေးထုတ်ပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။
သိုင်းတာအိုပင်မခန္ဓာမွေးဖွားလာခဲ့ကတည်းက သူသည် ဤကဲ့သို့သော ရှုံးနိမ့်မှုဖြင့် တစ်ခါမှမကြုံတွေ့ခဲ့ရဖူးပေ။
ပြိုင်ဘက်ကင်းစွမ်းပကားတစ်ခုနှင့်အတူ သူသည် လောကရှိ သန်မာသောရန်သူများအားလုံးကို စိုးမိုးခြယ်လှယ်ကာ အရာရာတိုင်းကို ဖိနှိမ်ခဲ့၏။ သူသည် ဘယ်တုန်းကမှ ဤမျှထိ ဒဏ်ရာပြင်းထန်စွာ မရရှိခဲ့ဖူးပေ။
သူတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် မူကွဲတစ်ခုဖြစ်ပြီး သိုင်းတာအိုကို ဖန်တီးထားခဲ့သော်လည်း အဲ့ဒါသည် သူတို့ကြားကွာဟချက်ကို မဖာထေးနိုင်ပေ။
ကံကြမ္မာစက်ကွင်း ၉ခုနှင့် ကောင်းကင်နှင့်မြေကြီးမီးဖိုမရှိဘဲ မိစ္ဆာချီများက သိုင်းတာအိုပင်မခန္ဓာထဲသို့ ချက်ချင်းပင်တလိပ်လိပ်တိုးဝင်လာပြီး သူ၏ မရီးဒါန် ၈ခု၊ ခြေလက်များနှင့် ကိုယ်တွင်းအင်္ဂါများဆီ မုန်တိုင်းတစ်ခုကဲ့သို့ ဖြတ်သန်းဝင်ရောက်လာ၏။
သိပ်မကြာခင်... သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေး၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါတို့က အနက်ရောင်ဖြင့် ဖုံးလွှမ်းခြင်းခံလိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာ၏ အသိစိတ်ကပင်လျှင် နက်မှောင်နေသော ချောက်နက်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ခရမ်းရောင်အမြုတေစိတ်ဝိညာဥ်တစ်ခုကသာလျှင် ခပ်ဖျော့ဖျော့အရောင်အဝါတစ်ခုကို ဖြာထုတ်ပြီး ၎င်း၏ ခန္ဓာကိုယ်က ခရမ်းရောင်မီးတောက်များဖြင့် တောက်လောင်နေ၏။
“မင်းက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ဘယ်လိုသိထားတာလဲ”
ဧကရာဇ်ပိုရွှင်းက မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက အေးစက်နေသောအမူအရာဖြင့် အသံတိတ်နေ၏။
“ငါ့ကို ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန် ပြောပြပြီး ငါ့ဆီမှာ အညံ့ခံလိုက်... ငါမင်းအသက်ကို ချမ်းသာပေးပြီး မင်းကိုအခွင့်အလမ်းတစ်ခုတောင်မှ ပေးနိုင်တယ်”
ဧကရာဇ်ပိုရွှင်းက ထပ်ပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ငြိမ်သက်နေဆဲဖြစ်၏။
သိုင်းတာအိုက အကြောက်အလန့်ကင်းမဲ့လေသည်။ သူက တခြားသူများထံမှာ ဘယ်လိုလုပ် အညံ့ခံနိုင်ပါ့မလဲ။
သိုင်းတာအိုပင်မခန္ဓာက ယခုအချိန်တွင် အသက်ရှင်ဖို့အတွက် ဧကရာဇ်ပိုရွှင်းထံမှာ အညံ့ခံလိုက်မည်ဆိုလျှင် သူ၏ တာအိုက လုံးလုံးလျားလျားလဲပြိုကျသွားပြီး သူကဆက်လက်၍ ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။
သိုင်းတာအိုက ပြတ်တောက်သွားမည်ဆိုလျှင် ပင်မခန္ဓာ၏ တည်ရှိမှုက ဘာများအဓိပ္ပါယ်ရှိတော့မှာလဲ။
“ငါမင်းကို တတိယမြောက်အခွင့်အရေး ပေးမှာမဟုတ်ဘူး”
ဧကရာဇ်ပိုရွှင်းက မကောင်းဆိုးဝါးဆန်ဆန်လှောင်ပြုံးလိုက်၏။
သူက မည်ကဲ့သို့သောအဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသလဲ...။
ဧကရာဇ်ပညာရှင်တစ်ဦးအနေဖြင့် သူသည် သိုင်းတာအိုပင်မခန္ဓာကို ရွေးချယ်စရာနှစ်ခုပေးခဲ့ပြီးလေပြီ။ အဲ့ဒါက ကြီးမားသောဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်နေလေပြီ။
သူ၏ မျက်လုံးများက ထူးဆန်းသောအလင်းရောင်ဖြင့်တောက်ပနေပြီး အနက်ရောင်အလင်းတန်းနှစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲသို့ ဝင်ရောက်သွား၏။
ဝိညာဥ်ရှာဖွေခြင်းအတတ်...။
ဧကရာဇ်ပိုရွှင်းသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်လက်၍ အချိန်ဆွဲမနေတော့ဘဲ ဝိညာဥ်ရှာဖွေခြင်းအတတ်ကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။
အနက်ရောင်အလင်းတန်းများက သိုင်းတာအိုပင်မခန္ဓာ၏ အသိစိတ်ထဲမှာ ပေါ်ထွက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ထံသို့ ရစ်ပတ်လိုက်၏။
သို့သော်လည်း အနက်ရောင်အလင်းများက ရှေ့သို့ရစ်ပတ်လာသည့်ခဏမှာပင် အဲ့ဒါက သိုင်းတာအိုအမြုတေစိတ်ဝိညာဥ်ပေါ်ရှိမီးတောက်များဖြင့် လောင်ကျွမ်းခံလိုက်ရပြီး မီးခိုးစိမ်းများအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သိုင်းစိတ်ဝိညာဥ်ကို စုဖွဲ့ခဲ့သောအခါ အဲ့ဒါက မီးတောက်လုံးတစ်လုံးဖြစ်လေသည်။
သူ၏ အမြုတေစိတ်ဝိညာဥ်သည် တကယ်တော့ သိုင်းစိတ်ဝိညာဥ်မီးကနေ စုဖွဲ့ထားခြင်းဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာ၏ ဝိညာဥ်ကို ရှာဖွေဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ သိုင်းစိတ်ဝိညာဥ်မီးက ငြိမ်းသေသွားမှသာရပေလိမ့်မည်။
သို့သော်လည်း သိုင်းစိတ်ဝိညာဥ်မီးငြိမ်းသေသွားပါက သိုင်းတာအိုပင်မခန္ဓာက သေဆုံးသွားမည်ဖြစ်ပြီး ဧကရာဇ်ပိုရွှင်းသည် မည်သည့်မှတ်ဉာဏ်ကိုမှ ရရှိတော့မည် မဟုတ်ပေ။
“ဟမ်...”
ဧကရာဇ်ပိုရွှင်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူ၏ ခွန်အားအရ သူ့အနေဖြင့် သိုင်းစိတ်ဝိညာဥ်မီးကို ငြှိမ်းသတ်ဖို့က လွယ်ကူလေသည်။ သို့သော်လည်း ထိုသို့ပြုလုပ်လိုက်ပါက သူက မည်သည့်အရာကိုမှ ရရှိတော့မည် မဟုတ်ပေ။
ခဏမျှစဥ်းစားပြီးနောက် ဧကရာဇ်ပိုရွှင်းက အတွေးတစ်ခုရသွားပြီး မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။
“ငါမင်းရဲ့ဝိညာဥ်ကို မရှာနိုင်ဘူးဆိုလည်း ရတယ်လေ... မင်းကို မိစ္ဆာတာအိုမှာ နစ်မြုပ်သွားပြီး ငါ့ဆီမှာအညံ့ခံလာစေမယ့် နည်းလမ်းတွေ ငါ့မှာရှိတယ်”
ဧကရာဇ်ပိုရွှင်း၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး သိုင်းတာအိုပင်မခန္ဓာကို ရစ်ပတ်လွှမ်းခြုံလာသည့် အနက်ရောင်မြူခိုးတစ်လွှာအဖြစ် ပြောင်းလဲသွားပုံရလေသည်။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ နားထဲမှာ ညစ်ညမ်းသောအသံများဝင်ရောက်လာပြီး သူ၏ ရှေ့မှာ နတ်ဆိုးမပုံရိပ်များစွာက ပေါ်ထွက်လာ၏။ သူတို့က သူတို့၏ ခန္ဓာကိုယ်များကိုတွန့်လိမ်ပြီး ယစ်မူးစေသည့် စွဲမက်ဖွယ်ရာအသွင်အပြင်များကို ထုတ်ဖော်ပြသလာ၏။
ဧကရာဇ်ပိုရွှင်းသည် သိုင်းတာအိုပင်မခန္ဓာကို လုံးလုံးလျားလျား ပူးကပ်သိမ်းပိုက်ဖို့အတွက် သူ၏ မိစ္ဆာတာအိုနှလုံးသားကို အသုံးပြုချင်၏။
သူ၏ ခွန်အားအပြည့်အဝဖြင့် ဧကရာဇ်ပိုရွှင်းထုတ်ဖော်ထားသည့် မိစ္ဆာနည်းစနစ်တစ်ခု၏ သက်ရောက်မှုသည် ကျိတုဆေဘာထက် များစွာပိုမိုသန်မာအားကောင်းလေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူ၏ တာအိုနှလုံးသားကို အသေအလဲခုခံကာကွယ်နေ၏။ သူ၏ စိတ်ထဲမှာ မည်သို့သောမြင်ကွင်း သို့မဟုတ် မည်သို့သောအသံများ ထွက်ပေါ်လာသည်ဖြစ်စေ သူက လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။
အဲ့ဒီမှာ မည်သည့်လူသား၊ မည်သည့်သက်ရှိ သို့မဟုတ် မည်သည့်အသက်ရှည်ခြင်းမှ မရှိပေ။
ပန်းရောင်အရိုးစု၊ အဖြူရောင်အရေပြား၊ အသားနှင့် အရိုးများ အရာရာအားလုံးက ရုပ်ဒြပ်များသာဖြစ်၏။
သူ၏ အမြင်အာရုံက မှားယွင်းနေသည်ဆိုလျှင် သူက အမှန်တရားကိုသာ နှလုံးသွင်းထားရပေလိမ့်မည်။
ဧကရာဇ်ပိုရွှင်းက မည်သို့ပင်ကြိုးစားသည်ဖြစ်စေ သူသည် သိုင်းတာအို၏ စိတ်အပေါ် သက်ရောက်စေနိုင်ခြင်း မရှိပေ။ ဤမြင်ကွင်းသည် အတိတ်ကာလတုန်းက ဗောဓိပင်အောက်မှာ ဗုဒ္ဓ၏ ဉာဏ်အလင်းပွင့်မှုနှင့် ဆင်တူလေသည်။
ထိုအချိန်တုန်းက ရှေးဟောင်းမိစ္ဆာဧကရာဇ်ပိုရွှင်းက ရောက်ရှိလာခဲ့ပြီး ဗုဒ္ဓ၏ ကျင့်ကြံမှုကို ဟန့်တားနှောက်ယှက်ခဲ့လေသည်။
လက်ရှိဧကရာဇ်ပိုရွှင်းသည် အတိတ်ကာလတုန်းက ရှေးဟောင်းမိစ္ဆာပိုရွှင်းနှင့် ယှဥ်နိုင်၏။
သို့သော် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က အတိတ်ကာလတုန်းက ဗုဒ္ဓထက် များစွာနိမ့်ကျနေ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားဖြစ်စေ... ဗုဒ္ဓ၏ တာအိုနှလုံးသားဖြစ်စေ သူတို့၏ တာအိုနှလုံးသားများသည် ကျောက်သားကဲ့သို့ခိုင်မာပြီး ကိုင်လှုပ်၍ မရနိုင်ပေ။
တာအိုနှလုံးသားလှေခါး၏ စမ်းသပ်ချက်နှင့် ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့မှုအပြီး၌ ဧကရာဇ်ပိုရွှင်းအနေဖြင့် သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားကို ဖမ်းစားဖို့က မဖြစ်နိုင်တော့သလောက်နီးပါးပင်။
“လက်လျှော့လိုက်တော့”
နောက်ခဏ၌ သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်စကားပြောလိုက်၏။
ဧကရာဇ်ပိုရွှင်း၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး သူ၏ မျက်လုံးများထဲမှာ တုန်လှုပ်မှုနှင့် အမျက်ဒေါသ တစ်စွန်းတစ်စရှိနေ၏။
သူသည် အားထုတ်မှုကြီးမားစွာပြုလုပ်ခဲ့ပြီး သူက စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုကိုပင် ခံစားခဲ့ရ၏။
သို့သော်လည်း ဤလူသည် လုံးဝသက်ရောက်ခြင်းမခံရသည့်အလား စကားပြောနေနိုင်သေး၏။
သူက ပြန်လည်ပေါ်ထွက်လာခါစဖြစ်ပြီး ယခုအချိန်ထိ သူ၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ပြသဖို့ ကောင်းကင်ဘုံကမ္ဘာသို့ မသွားရောက်ရသေးပေ။ သို့သော် ယခုအခါ သူသည် ဤဘာမဟုတ်သည့် ကျင့်ကြံသူတစ်ယောက်ကြောင့် ထပ်တလဲလဲ မချင့်မရဲခံစားနေရ၏။
ဧကရာဇ်ပိုရွှင်းက ဒေါသထွက်နေလေပြီ။
“ခင်ဗျားက ကောင်းကင်ဘုံဝံပုလွေကို ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးခဲ့တာပဲ”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
စောစောက အခြေအနေအရ သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေသည် စင်္ကြံလမ်း၏ အစပ်မှာရှိနေခဲ့ကြ၏။ ဧကရာဇ်ပိုရွှင်း၏ အစွမ်းအစအရ သူက ကောင်းကင်ဘုံဝံပုလွေကို ထိန်းသိမ်းထားချင်သည်ဆိုလျှင် ထိုသူက ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
တစ်ခုတည်းသောဖြစ်နိုင်ချေမှာ ဧကရာဇ်ပိုရွှင်းသည် ကောင်းကင်ဘုံဝံပုလွေကို တမင်ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးခဲ့ခြင်းဖြစ်၏။
“အဲ့ဒါကို မင်းပြောနိုင်တာလား”
ဧကရာဇ်ပိုရွှင်းက သွားဖြဲလိုက်၏။
“မင်းက... ဉာဏ်ကောင်းသားပဲ... ငါမင်းကို သိပ်တောင်မသတ်ရက်တော့ဘူး”
ဧကရာဇ်ပိုရွှင်းက ပြုံးနေသော်လည်း သူ၏ မျက်လုံးထဲရှိ အေးစက်မှုက သိပ်သည်းကျစ်လစ်လာခဲ့၏။
“ဒါပေမဲ့... မင်းက မိစ္ဆာအဖြစ်လည်း ပြောင်းလဲမပေးနိုင်... ငါ့ဆီမှာလည်း အညံခံဖို့ငြင်းဆန်နေတဲ့လုပ်ရပ်က ငါ့ကိုတော်တော်လေးမကျေမနပ်ဖြစ်စေတယ်”
ဧကရာဇ်ပိုရွှင်းက အေးစက်စွာပြောလိုက်၏။
“ငါက မင်းကို သတ်တာထက် အဆတစ်သောင်းကျော်ပိုပြီးကြောက်စရကောင်းတဲ့ အပြစ်ပေးမှုတစ်ခုကို သိထားတယ်... မင်းက ဆိုးဆိုးဝါးဝါးညှင်းပန်းနှိပ်စက်ခံရမှုနဲ့ အဲ့ဒီထဲမှာ ထာဝရနစ်မြုပ်သွားလိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာက ရင်ထဲမှာဆို့နင့်သွား၏။
ထိုစဥ်မှာပင် ဧကရာဇ်ပိုရွှင်း၏ အသံက ထွက်ပေါ်လာ၏။
“မဟာအဝီစိက အောက်ဘက်မှာရှိတယ်... ငါမင်းကို မင်းရဲ့လမ်းကြောင်းပေါ် ပို့ပေးမယ်”