သင်္ချိုင်းစောင့်
Vol. 154 Ch. 2297
အဆူရာက မြင့်မား၍ ကြီးမားတုတ်ခိုင်သော်လည်း ယခုအခါ သူသည် မြေပြင်ပေါ်မှာ ဒူးထောက်ကျနေပြီး သူ၏ မြှောက်ထားသောလက်ပေါ်တွင် အလွန်တရာသေးငယ်ပုံရသောပုံရိပ်တစ်ခုက မတ်တတ်ရပ်နေ၏။
သို့သော်လည်း ထိုပုံရိပ်သည် အဆူရာကို သူ၏ ခြေဖဝါးအောက်မှာ တက်နင်းထားပြီး ထိုသူက သူ၏ ခေါင်းကိုပင် မမြှောက်နိုင်တော့ပေ။
အဆူရာကျောင်းတော်မှကိုယ်တော်များက တုန်လှုပ်စွာဖြင့် မျက်လုံးများပြူးကျယ်နေ၏။
ဗုဒ္ဓကျောင်းတော်များ၏ သူတော်စင်ပညာရှင်တစ်ဦးသည် အဆူရာကျောင်းတော်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဤအဆူရာကို အားထုတ်မှုများစွာ ပြုလုပ်၍ဖိနှိမ်ခဲ့ရ၏။
(ဗုဒ္ဓကျောင်းတော်များ၏ သူတော်စင်ဘွဲ့သည် အင်မော်တယ်ဂိုဏ်းများ၏ ပကတိအင်မော်တယ်ဘွဲ့နှင့် ဆင်တူပါသည်။ ကျင့်ကြံမှုနယ်ပယ်မှာ အတူတူပင် ဖြစ်ပါသည်။)
ယခု... အဆူရာသည် အချီရေအနည်းငယ်အတွင်း ခရမ်းရောင်ဝတ်အမျိုးသား၏ ဖိနှိမ်ခြင်းခံလိုက်ရပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ခရမ်းရောင်ဝတ်အမျိုးသားသည် အနီးကပ်တိုက်ခိုက်ရည်မှာ အဆူရာကို တိုက်ခိုက်ချေမှုန်းခဲ့၏။
အဲ့ဒါသည် သွေးချီနှင့် ကိုယ်ကာယအကြား တိုက်ခိုက်မှုစစ်စစ်ဖြစ်လေသည်။
တကယ်တော့... အဆူရာက သူ၏ ခွန်အားအပြည့်အဝကို ချက်ချင်းထုတ်ဖော်ခဲ့မည်ဆိုလျှင် သူသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ယခုထက်ပို၍ကြာကြာ တောင့်ခံနိုင်ပေလိမ့်မည်။
စောစောက သူသည် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုမှာ စဦးအရေးနိမ့်သွားခဲ့ပြီး သူ၏ ရုန်းကန်ပေါက်ကွဲအားကို အပြည့်အဝ မထုတ်ဖော်နိုင်ခင်မှာပင် သူက ထိုသူ၏ ဖိနှိမ်ခြင်းကိုခံခဲ့ရ၏။
“မင်းတို့ရဲ့ကျောင်းတော်မှာ အသောကသစ်သီး မရှိဘူးလား”
သိုင်းတာအိုပင်မခန္ဓာက အဆူရာကို သူ၏ ခြေဖဝါးအောက်မှာ နင်းထားသော်လည်း သူက ထိုသူကိုသတ်ဖြတ်ခြင်းမရှိဘဲ ထပ်မေးလ်ိုက်၏။
သူသည် ဤတစ်ခေါက်ရောက်လာသည့်အကြောင်းအရင်းမှာ ယန်ပေးချန်ကို ကယ်တင်ဖို့ဖြစ်၏။
သူ့ရှေ့မှာရှိသော အဆူရာကျောင်းတော်နှင့် နက်ရှိုင်းသော ရန်ငြိုးရန်စမရှိသည့်အတွက် သူ့အနေဖြင့် အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုတစ်ရပ်ကို စတင်ဖို့မလိုအပ်ပေ။
“အသောကသစ်ပင်က ကြေမွပျက်စီးသွားတာကြာခဲ့ပြီ... သင်လာတာနောက်ကျလွန်းသွားပြီ”
ကိုယ်တော်တစ်ပါးက လှောင်ရယ်လိုက်၏။
“သင်က အသောကသစ်သီးကို ယူချင်တယ်ဆိုရင် အဝီစိကို သွားလိုက်လေ... အဲ့ဒီမှာဆို ရှိလောက်တယ်”
“ကောင်းပြီလေ... အဲ့ဒါဆိုလည်း ငါအဲ့ဒီကိုပဲ သွားရတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြန်ဖြေလိုက်၏။
ထိုကိုယ်တော်က မှင်တက်သွား၏။ သူက အဲ့ဒါကို စောစောက သာမန်ကာလျှံကာ ပြောလိုက်ခြင်းသာဖြစ်ပြီး ခရမ်းရောင်ဝတ်အမျိုးသားက အဝီစိသို့ တကယ်သွားရောက်ချင်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
ကောင်းကင်ဘုံကမ္ဘာကို မပြောနှင့် အထက်ဘုံလောကတစ်ခုလုံးမှာပင် အဝီစိသည် ဧကရာဇ်များပင်လျှင် စူးစမ်းရှာဖွေမှုမပြုလုပ်ရဲသော ကျော်ကြားလှသည့် တားမြစ်ကုန်းမြေတစ်ခုဖြစ်၏။
အဝီစိသို့ဝင်ရောက်ခြင်းက ကိုယ်ကိုကိုယ် သတ်သေခြင်းနှင့်တူနေပေလိမ့်မည်။
အဝီစိတည်ရှိလာပြီးကတည်းက မရေမတွက်နိုင်သောပညာရှင်များသည် ၎င်း၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ချင်ခဲ့သော်လည်း မည်သူကမှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ပေ။
အဆုံးမဲ့မဟူရာတွင်းနက်တစ်ခုနှင့်ဆင်တူစွာ အဝီစိသည် အရာရာတိုင်းကို ဝါးမျိုပစ်နိုင်၏။
“သင် ဘာအကြောင်းကိုပြောနေတာလဲ သိရဲ့လား”
ကိုယ်တော်က မယုံကြည်နိုင်ဖြစ်နေသေးပြီး အော်ငေါက်လိုက်၏။
“အဝီစိက ဘယ်လိုနေရာလဲ.. သင်မသိဘူးလား”
သိုင်းတာအိုပင်မခန္ဓာက အဆူရာကျောင်းတော်မှ ကိုယ်တော်များကို လျစ်လျူရှုပြီး ဖျတ်ခနဲဆို ကောင်းကင်ဘုံဝံပုလွေကို ဦးဆောင်ကာ သိပ်မကြာခင် သူတို့၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။
“စီနီယာအစ်ကို... ကျုပ်တို့ဘာလုပ်ရမလဲ”
ကိုယ်တော်တစ်ပါးက မေးလိုက်၏။
“ဆရာတော်ရဲ့ တာအိုနှလုံးသားက ပြိုလဲကျသွားပြီ... သူက ချီသွေဖယ်ခြင်းကိုလဲ ဝင်ရောက်နေပြီ... သူက အခုချိန်မှာ မှိုင်တွေငေးမောနေတုန်းပဲ... ကျုပ်တို့က ကုသိုလ်ကျောင်းတော်က သူတော်စင်ပညာရှင်တွေဆီကို သတင်းပို့သင့်လား”
“ခရမ်းရောင်ဝတ်ကျင့်ကြံသူနောက်ကိုလိုက်ဖို့ အရင်ဆုံးတစ်ယောက်ယောက်ကိုလွှတ်လိုက်... သူဘယ်ကိုသွားမလဲကြည့်ရမယ်”
နောက်ထပ်ကိုယ်တော်တစ်ပါးက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သူက အဝီစိကို တကယ်ပဲ ဝင်ရောက်သွားမယ်ဆိုရင် ကျုပ်တို့က သူနဲ့ပတ်သက်ပြီး အရေးလုပ်နေစရာမလိုတော့ဘူး... ဘယ်လိုပဲဖြစ်ဖြစ် သူက အဝီစိကိုဝင်ရောက်တာနဲ့ သူကသေမှာပဲ”
“ကောင်းပြီလေ”
ကိုယ်တော်တစ်ပါးက ဖျတ်ခနဲလှုပ်ရှားသွားပြီး သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ပြေးလိုက်သွားလေသည်။
အဆူရာကျောင်းတော်က အလွန်တရာ ကျယ်ဝန်းပြီး သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့တက်လှမ်းသွား၏။ ၁၅ မိနစ်ခန့်လျှောက်လှမ်းလာပြီးနောက် သူသည် နောက်ဆုံးမှာ အဆူရာကျောင်းတော်၏ နောက်ဖေးခြံဝန်းအုတ်တံတိုင်းကို တွေ့မြင်လိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေကို ခေါ်ဆောင်ပြီး အုတ်တံတိုင်းကိုဖြတ်ကျော်တော့မည့်ဆဲဆဲမှာပင် သူက ရုတ်တရက် ရပ်တန့်၍ ခြံဝန်း၏ ထောင့်တစ်နေရာသို့ အကြည့်ရောက်သွားလေသည်။
အဲ့ဒီမှာ လဲပြိုကျတော့မည့်ဆဲဆဲ ယိုယွင်းပျက်စီးနေသည့် ကောက်ရိုးတဲတစ်လုံးနှင့်အတူ ၎င်း၏ ဘေးမှာ မထင်မရှား ဂူသင်္ချိုင်းတစ်ခုရှိနေ၏။
အဲ့ဒီမှာ ပြောပလောက်စရာများစွာမရှိပေ။ ထူးဆန်းနေသည့်တစ်ခုတည်းသောအရာမှာ အုတ်ဂူကမ္ပည်းကျောက်စာတစ်ခုပေါ်တွင် ဘုန်းကြီးအိုတစ်ပါးက သိုင်းတာအိုပင်မခန္ဓာကို ကျောပေးပြီးထိုင်နေ၏။ ဘုန်းကြီးအို၏ ကျောက ကုပ်ကိုင်းနေပြီး သူက အတော်လေးပိန်ပါးလေသည်။ သူ၏ ခေါင်းကို အနည်းငယ်မော့ထားကာ သူ၏ အဖြူရောင်မျက်ခုံးမွေးများက သူ၏ ပခုံးများပေါ်သို့ ထိလုမတတ်ကိုင်းညွှတ်ကျနေပြီး သူက တည်ငြိမ်အေးချမ်းသော အမူအရာတစ်ခုနှင့်အတူ သုခစဘုံသန့်စင်ကုန်းမြေရှိရာဘက်သို့ ငေးကြည့်နေ၏။ သူက ဘာကိုကြည့်နေသလဲ မသိရပေ။
ဘုန်းကြီးအို၏ ကိုယ်နေဟန်ထားက အနည်းငယ်ထူးဆန်းနေ၏။ တစ်စုံတစ်ယောက်၏ ကမ္ပည်းကျောက်စာတိုင်ပေါ်မှာထိုင်ခြင်းသည် သေသူကို တစ်နည်းတစ်ဖုံအားဖြင့် မလေးမစားပြုမူရာကျလေသည်။
သိုင်းတာအိုပင်မခန္ဓာကို ပို၍ပင်တွေဝေရှုပ်ထွေးသွားစေသည့်အရာမှာ သူသည် စောစောက အဆူရာကျောင်းတော်တစ်ခုလုံးကို စစ်ဆေးကြည့်ရှုဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်ခဲ့သော်လည်း သူက ဤဘုန်းကြီးအို၏ တည်ရှိမှုကို အာရုံမခံမိခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်က ဘုန်းကြီးအိုပေါ်သို့ ရောက်ရှိသွား၏။
သူက အနိမ့်တန်းမဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ပြီး သူ့မှာဘဝသက်တမ်းက ကုန်ခန်းလုနီးပါး ဖြစ်နေလေပြီ။ သူဘဝနေဝင်ချိန်အော်ရာတစ်ခုကိုဖြာထုတ်ထားပြီး သူ့မှာ အချိန်များစွာ မကျန်ရှိတော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဤဘုန်းကြီးအိုနှင့်ပတ်သက်၍ တစ်နည်းတစ်ဖုံထူးခြားနေသည်ဟုခံစားရ၏။
သို့သော်လည်း ဘယ်နေရာမှာထူးခြားနေသည်ကို သူက အတိအကျထောက်မပြနိုင်ပေ။
“ကိုယ်တော်... ခင်ဗျားရဲ့တာအိုဘွဲ့ကို ကျုပ်သိလို့ရမလား”
သိုင်းတာအိုပင်မခန္ဓာက ဘုန်းကြီးအိုဘေးသို့ ဆင်းသက်ရောက်ရှိလာပြီး လက်သီးနှစ်ဖက်ကိုယှက်ကာ မေးလိုက်၏။
ရှည်လျားသော မျက်ခုံးမွေးများနှင့်ဘုန်းကြီးအိုက သိုင်းတာအိုပင်မခန္ဓာကို ဖြည်းဖြည်းချင်း တစ်ချက်လှည့်ကြည့်ပြီးနောက် သူ့ဘေးမှာရှိသော ကောင်းကင်ဘုံဝံပုလွေကို ကြည့်လိုက်၏။ သူ၏ မှုန်ရီနေသောမျက်လုံးများထဲမှာ မည်သည့် စိတ်ခံစားချက်မှမရှိသလို သူ၏ အမူအရာက ပြောင်းလဲသွားခြင်းလည်း မရှိပေ။
“ငါ့မှာ... ဘာဓမ္မဘွဲ့မှမရှိဘူး... ငါကဒီတိုင်း သင်္ချိုင်းစောင့်တစ်ယောက်ပဲ”
ဘုန်းကြီးအိုက သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေကို လုံးဝစိတ်မဝင်စားသည့်အလား မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။ သူက တစ်ချက်မျှကြည့်ပြီးနောက် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။
“အဆူရာကျောင်းတော်က ဒီနေရာမှာဘာလို့ ပေါ်ထွက်လာတာလဲ”
သိုင်းတာအိုပင်မခန္ဓာက ထပ်မေးလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီ ကာလတစ်ခုက ဒီနေရာမှာ ကြီးကြီးမားမား ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ် ဖြစ်ပွားခဲ့တယ်”
ဘုန်းကြီးအိုက သူ၏ ပိန်လှီနေသောလက်ကိုမြှောက်ပြီး ခပ်ဝေးဝေးအရပ်တစ်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ထိုအရပ်ကို မြေပုံနှင့်တိုက်စစ်ပြီး အဲ့ဒါသည် ထျဲဝေတောင်၏ အဝီစိရှိရာဘက်ဖြစ်သည်ကို တွေ့မြင်လိုက်ရ၏။
လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီကာလတစ်ခုက အဝီစိမှာကြီးမားသောကိစ္စတစ်စုံတစ်ရာဖြစ်ပွားခဲ့ပုံရပြီး သူနှင့် ငရဲဖိနှိမ်မီးဖိုသည် တစ်ချိန်တည်းမှာ အောက်ဘုံလောကသို့ ကျဆင်းလာခဲ့သည်ဟု ကောင်းကင်ဘုံဝံပုလွေက တစ်ခါပြောခဲ့ဖူး၏။
ဘုန်းကြီးအိုက ပြောလိုက်၏။
“အဲ့ဒါပြီးတဲ့နောက် သန့်စင်ကုန်းမြေက ကိုယ်တော်တွေက ဒီနေရာကို စောင့်ကြည့်ဖို့အတွက် ကျောင်းတစ်ကျောင်းကို တည်ဆောက်ခဲ့ကြတယ်... အဲ့ဒီမှာ ပြုမူလှုပ်ရှားမှုတစ်ခုခုရှိမယ်ဆိုရင် သန့်စင်ကုန်းမြေက အဲ့ဒါကိုတတ်နိုင်သမျှ မြန်မြန်သိနိုင်လိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာက သူ့ဘာသာသူခေါင်းညိတ်လိုက်၏။
အဲ့ဒါက အဓိပ္ပါယ်ရှိ၏။
မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းသည် အနီးနားမှာရှိသော ထျဲဝေတောင်၏ ဘေးပတ်လည်မှာ ပြုမူလှုပ်ရှားမှုတစ်ခုခုကို စောင့်ကြည့်နေဖို့ လုံလောက်လေသည်။
“ဒီမှာရှိတဲ့သင်္ချိုင်းမှာ ဘယ်သူတွေကို မြှုပ်နှံထားတာလဲ”
သိုင်းတာအိုပင်မခန္ဓာက ထပ်မေးလိုက်၏။
ဘုန်းကြီးအိုက ပြန်ဖြေလိုက်၏။
သူတို့အားလုံးက ကျောင်းထဲမှာ တရားထိုင်ရင်း ကွယ်လွန်ခဲ့ကြတဲ့ ကိုယ်တော်တွေပဲ”
“ပြီးတော့ ခင်ဗျားအောက်ဘက်က အုတ်ဂူရဲ့ကမ္ပည်းကျောက်စာတိုင်ပေါ်မှာ ဘာလို့နာမည်မရှိတာလဲ”
“ဘာလို့လဲဆိုတော့... သူက အခုချိန်ထိ မသေသေးလို့ပဲ'
“အဲ့ဒါက ဘယ်သူ့ရဲ့အုတ်ဂူလဲ”
“ငါ့အုတ်ဂူပဲ”
ဘုန်းကြီးအိုက မသေခင်မှာပင် သူ့အတွက် ကမ္ပည်းကျောက်စာတိုင်ကို သူကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးလေပြီ။
ဒါ့အပြင် ဘုန်းကြီးအိုသည် အရာရာတိုင်းကိုထွင်းဖောက်မြင်နေပြီး သေဖို့အတွက် စောင့်ဆိုင်းနေသည့်အလား တည်ငြိမ်နေသောအမူအရာဖြင့် သူ၏ ကမ္ပည်းကျောက်စာတိုင်ပေါ်မှာ ထိုင်နေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲမှာ ဖော်မပြတတ်သော ထူးဆန်းသည့်ခံစားချက်တစ်ခုက ပေါ်ထွက်လာ၏။
ရုတ်တရက် သူ၏ အဝတ်စက လှုပ်ခါသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက ဘေးသို့တစ်ချက်လှည့်ကြည့်လိုက်၏။ ကောင်းကင်ဘုံဝံပုလွေက သူ၏ အင်္ကျီအနားစကိုကိုက်ပြီး သူ့ကို ညင်သာစွာဆွဲကာ ထွက်ခွာဖို့လောဆော်နေသည်ကို တွေ့မြင်လိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ လက်သီးနှစ်ဖက်ကိုယှက်ပြကာ နှုတ်ဆက်လိုက်၏။ ဘုန်းကြီးအိုက လှုပ်ရှားခြင်းမရှိသလို သူ့ကိုလှည့်ကြည့်လာခြင်းပင် မရှိပေ။
သိုင်းတာအိုပင်မခန္ဓာက လေထဲသို့ပျံတက်ပြီး ကောင်းကင်ဘုံဝံပုလွေနှင့်အတူ ထျဲဝေတောင်ရှိရာဘက်သို့ ဆက်လက်၍ထွက်ခွာသွား၏။
“မင်းက... အဲ့ဒီဘုန်းကြီးအိုကို သိလို့လား”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“မသိဘူး”
မလှမ်းမကမ်းသို့ ထွက်ခွာလာပြီးနောက် ကောင်းကင်ဘုံဝံပုလွေက ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသည့်အလား သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်၏။
“ဒါပေမဲ့... ဘာလို့လဲမသိဘူး... အဲ့ဒီဘုန်းကြီးအိုက ကျုပ်ကိုမကောင်းဆိုးဝါးဆန်တဲ့ခံစားချက်တစ်ခု ပေးနေတယ်... အထူးသဖြင့် သူနဲ့အတူရှိနေရာတာက သက်တောင့်သက်သာမရှိဘူး”
“စောစောက သူကျုပ်ကိုကြည့်ခဲ့တဲ့ပုံက ကျုပ်ရဲ့သားမွေးတွေကို ထောင်ထသွားစေတယ်”
သိုင်းတာအိုပင်မခန္ဓာက ထိုသို့မခံစားခဲ့ရပေ။
ဒါ့အပြင် သူသည် ဘုန်းကြီးအိုထံမှ မည်သည့်ရန်လိုစိတ် သို့မဟုတ် မည်သည့်သတ်ဖြတ်လိုစိတ်ကိုမှ အာရုံမခံမိခဲ့ပေ။ သူ၏ အာရုံခံသတိစိတ်ကပင် လုံးဝတုံ့ပြန်မလာခဲ့ပေ။
“အဲ့ဒီအဖိုးကြီးက တကယ်ပဲထူးဆန်းတယ်... သူက မသေသေးဘူး ဒါပေမဲ့ သူ့အတွက် အုတ်ဂူတစ်လုံးကို ကြိုတင်ပြင်ဆင်ထားပြီးပြီ... သူက ကံဆိုးမိုးမှောင်ကျမှာကို မကြောက်ဘူးလား”
ကောင်းကင်ဘုံဝံပုလွေက မကျေမနပ်ဖြင့် ထပ်မံ၍ရေရွတ်ပြောဆိုလိုက်၏။
“သင်္ချိုင်းစောင့်... သင်္ချိုင်းစောင့်...”
သိုင်းတာအိုပင်မခန္ဓာက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်နေ၏။