← Chapters

ငရဲခွေး

Vol. 154 Ch. 2299

ငရဲခွေး

Vol. 154 Ch. 2299

သူတို့သည် အောက်သို့အဆက်မပြတ်ကျဆင်းနေမည့်အလား သိုင်းတာအိုပင်မခန္ဓာ၏ ကျဆင်းမှုအလျင်အဟုန်က တစ်ချိန်လုံး လျော့ကျမသွားပေ။

သူတို့၏ အောက်ဘက်မှာ အရာရာတိုင်းကိုဝါးမျိုနိုင်သည့် အဆုံးမဲ့ချောက်နက်တစ်ခုရှိနေပုံရ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူတို့ကျဆင်းနေသည့်အမြင့်ကို ဆက်လက်၍ မတွက်ချက်နိုင်တော့ပေ။

အချိန်အတန်ကြာပြီးနောက် သူတို့နှစ်ယောက်နှင့် ဝံပုလွေသည် ရေပြင်ကဲ့သို့ အကာအရံအလွှာတစ်ခုကို ဖြတ်ကျော်လာပုံရပြီး ရုတ်တရက် အခြားသောနေရာလွတ်တစ်ခုထဲသို့ ဝင်ရောက်လာခဲ့၏။

ဤနေရာလွတ်က မကောင်းဆိုးဝါးဆန်၍ သိပ်သည်းသောအနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် ၎င်းနေရာသို့ ဝင်ရောက်လာပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီက မမြင်ရသောအင်အားတစ်ရပ်ဖြင့် ဖိနှိမ်ခံရပြီး အသက်သွင်းလို့မရနိုင်တော့သည်ကို နားလည်သိရှိလိုက်၏။

စိတ်ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းနိုင်မှုအတိုင်းအတာကလည်း အကန့်သတ်ရှိပြီး မြင်နိုင်စွမ်းအားက အရမ်းကိုနိမ့်ကျလာခဲ့၏။

“ကျုပ်တို့ဒီကိုရောက်လာပြီပဲ... ဒါက အဝီစိပဲ”

ကောင်းကင်ဘုံဝံပုလွေ၏ တုန်ယင်နေသောအသံက မပွင့်တပွင့် ထွက်ပေါ်လာ၏။ သူသည် အဝီစိမှာ ကြောက်စရာကောင်းသော တည်ရှိမှုတချို့ နိုးထသွားမည်ကို စိုးရိမ်နေသည့်အလားပင်။

ဤနေရာသို့ ဝင်ရောက်လာပြီးနောက် စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံပို့လွှတ်ခြင်းကဲ့သို့ ရိုးရှင်းသော ဓမ္မပညာရပ်များကိုပင်လျှင် မထုတ်ဖော်နိုင်တော့ပေ။

“ဘေးပတ်ဝန်းကျင်က အနက်ရောင်မြူခိုးတွေက အဝီစိမိစ္ဆာချီပဲ”

သိုင်းတာအိုပင်မခန္ဓာ၏ လက်တစ်ဖက်က ကောင်းကင်ဘုံဝံပုလွေကို တစ်ချိန်လုံးထိန်းပေးထား၏။ သူသည် ကောင်းကင်ဘုံဝံပုလွေ၏ ခန္ဓာကိုယ်က တုန်ယင်နေသည်ကို ခံစားမိနိုင်၏။ ကောင်းကင်ဘုံဝံပုလွေက တကယ်ကိုကြောက်ရွံ့ထိတ်လန့်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ့ကိုယ်သူတည်ငြိမ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။

ခဏနေပြီးနောက် သူသည် နောက်ဆုံးမှာမြေပြင်ပေါ်သို့ ဆင်းသက်လာပြီး သူ၏ ခြေဖဝါးက မြေပြင်နှင့်ထိတွေ့သွားသည်ကို ခံစားမိလိုက်၏။

ဘေးပတ်ဝန်းကျင်က အလွန်တရာ တိတ်ဆိတ်ငြိမ်သက်၍ မကောင်းဆိုးဝါးဆန်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် အာရုံစိုက်၍ကြည့်ရှုလိုက်ပြီး သူ၏ မျက်လုံးထဲတွင် မီးတောက်လုံးနှစ်လုံးပေါ်ထွက်လာကာ သူ၏ အမြင်အာရုံကို တတ်နိုင်သမျှများများချဲ့ထွင်လိုက်၏။

သူက မည်သည့်အရာကိုမှ မတွေ့မြင်ရသေးပေ။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခြေဖဝါးအောက်မှ မှောင်မည်းနေသောမြေပြင်နှင့် သူ၏ ဘေးပတ်လည်မှာ နက်မှောင်နေသော ကျောက်ဆောင်များကိုသာ တွေ့မြင်ရ၏။

ကျောက်သားတချို့က သွေးများဖြင့်ပင် စွန်းထင်းနေ၏။

ဆိုးယုတ်ငရဲတစ္ဆေများက ပေါ်ထွက်လာပုံမရပေ။

“ငါတို့ ဘယ်လိုရှေ့ဆက်သင့်လဲ”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာမေးလိုက်၏။

“ကျုပ်လည်းမသိဘူး”

ကောင်းကင်ဘုံဝံပုလွေ၏ မျက်နှာက ဖြူဖျော့နေ၏။ သူက သူ၏ ခေါင်းကို ခါပြလိုက်၏။

“ဒီနေရာက ကျုပ်အရင်မှတ်မိတဲ့နေရာနဲ့ မတူဘူး”

“ဒီလမ်းပဲ”

သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဥ်းစားတွေးတောပြီးနောက် ကျပန်းနေရာတစ်ခုကို ရွေးချယ်လိုက်၏။ သူက လမ်းတစ်လျှောက် ဦးဆောင်သွားပြီး ကောင်းကင်ဘုံဝံပုလွေက နောက်ကနေထပ်ကြပ်မကွာလိုက်ပါကာ တင်းကျပ်လေးလံစွာဖြင့် လှည့်ပတ်ကြည့်ရှုနေ၏။

ယန်ပေးချန်က သတိလစ်နေသောအခြေအနေဖြင့် သူ၏ ကျောပေါ်မှာ ရှိနေဆဲဖြစ်၏။

သူ၏ ဘေးပတ်လည်မှာရှိသော အရာရာတိုင်းက ဘာမှန်းမသိရဘဲ သူက မြန်မြန်ဆန်ဆန်လျှောက်လှမ်းရဲခြင်းမရှိပေ။

ကီလိုမီတာအတော်အတန်သွားခဲ့ပြီးနောက် ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကင်ဘုံဝံပုလွေ၏ ခြေသံတို့ကလွဲလျှင် မည်သည့်အသံမှမရှိပေ။

လမ်းတစ်လျှောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် အဝီစိမှာ အလောင်းများစွာကို တွေ့မြင်ခဲ့ရ၏။ သို့သော်လည်း သူတို့အများစုက ခြောက်သွေ့နေပြီဖြစ်ပြီး ညင်သာစွာ ထိမိရုံနှင့် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားနိုင်၏။

အလောင်းများ၏ ဘေးမှာရှိသော သိုလှောင်အိတ်များကပင်လျှင် ဆွေးရိနေပြီဖြစ်ပြီး အထဲမှာရှိသော ဓမ္မရတနာများနှင့် ဓမ္မလက်နက်များကပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲနေပြီဖြစ်၏။

သူသည် အလွန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိ မခန်းခြောက်သေးသည့် သွေးအိုင်တစ်အိုင်ဘေးကနေ ဖြတ်ကျော်လာခဲ့ရ၏။

သိုင်းတာအိုပင်မခန္ဓာက ထိုအနားသို့ ချဥ်းကပ်ရဲခြင်းမရှိပေ။

သွေးအိုင်မှာ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုပါဝင်နေ၏။

မိုင်အတော်အတန်လျှောက်လှမ်းလာပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ရုတ်တရက် သူ၏ ခြေလှမ်းကို ရပ်တန့်၍ လှည့်ပတ်ကြည့်ရှုလိုက်၏။

ကောင်းကင်ဘုံဝံပုလွေက တုန်လှုပ်သွားပြီး သူကလည်း ကပျာကယာရပ်တန့်လိုက်၏။

“ဘာဖြစ်လို့လဲ”

သူက ညင်သာစွာမေးလိုက်၏။

“စောစောက အဲ့ဒီမှာ နောက်ထပ်ခြေသံတွေရှိနေတယ်”

သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်းပြောလိုက်၏။

“ခင်ဗျားပြောချင်တာက...”

ကောင်းကင်ဘုံဝံပုလွေက ထိတ်လန့်တကြားဖြစ်သွား၏။

သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။

“ငါတို့ရဲ့နောက်ဘက်မှာ တစ်ခုခုလိုက်လာတယ်”

“ဟာ..”

ကောင်းကင်ဘုံဝံပုလွေသည် သူ၏ သွားများကို ဖြဲပြီး ပင့်သက်ကိုရှိုက်လိုက်၏။ သူ၏ သားမွေးများက ထောင်ထလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြန့်ကားသွား၏။

သိုင်းတာအိုပင်မခန္ဓာသည် သိပ်သည်းသည့် အနက်ရောင်မြူခိုးများကလွဲလျှင် အခြားမည်သည့်အရာကိုမှ မတွေ့မြင်ရပေ။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ဆက်လျှောက်သွားလိုက်၏။

ဤတစ်ခေါက်မှာတော့ သူတို့၏ နောက်ဘက်မှခြေသံများက ထပ်မံ၍ ထွက်ပေါ်မလာတော့ပေ။

တစ်နာရီကြာသွားပြီးနောက် ဘယ်ဘက်ခြမ်းမှာရှိသော အနက်ရောင်မြူခိုးများကနေ ထူးဆန်းသောအသံတစ်သံထွက်ပေါ်လာ၏။

ဖြောက်...

အရိုးများကျိုးပဲ့သွားသည့်အလား ​ကြွပ်ဆတ်ဆတ်အသံတစ်သံဖြစ်နေ၏။

သိုင်းတာအိုပင်မခန္ဓာက သုန်မှုန်နေသောအမူအရာဖြင့် လှည့်ကြည့်လိုက်၏။

ရုတ်တရက် အနက်ရောင်မြူခိုးများထဲကနေ နီရဲနေသောအလင်းစက်တစ်စက်ပေါ်ထွက်လာပြီး ထူးဆန်းသောမီးအိမ်တစ်ခုကဲ့သို့ ဖြည်းဖြည်ချင်း လွင့်မျောလာ၏။

မီးအိမ်က တဖြည်းဖြည်း ချဥ်းကပ်လာနေ၏။

ကောင်းကင်ဘုံဝံပုလွေက သတိအနေအထားပြင်ပြီး သူ၏ မျက်လုံးများက ပြူးကျယ်နေ၏။

ထိုအခိုက်အတန့်မှာ သူ၏ စိတ်က တည်ငြိမ်လာခဲ့၏။

မည်သို့ပင်ဆိုစေ သူသည် တစ်ခါတုန်းက သူ၏ ယခင်ဘဝမှာ စိတ်ခံစားချက်၇မျိုး မိစ္ဆာဘုရင်ဖြစ်ခဲ့ဖူးပြီး အတွေ့အကြုံများစွာကြွယ်ဝလေသည်။

ဤကဲ့သို့သောအခိုက်အတန့်မှာ ထိတ်လန့်ကြောက်ရွံ့နေခြင်းက သေဆုံးခြင်းကိုသာ ဖြစ်စေပေလိမ့်မည်။

သိပ်မကြာခင် ကြီးမားသောခန္ဓာကိုယ်တစ်ခု၏ အရေးအ​ကြောင်းက တဖြည်းဖြည်းပေါ်ထွက်လာပြီး နက်မှောင်နေသောမြူခိုးများထဲကနေ လျှောက်လှမ်းထွက်လာ၏။

၎င်းသည် ပေ၃၀ ကျော်မြင့်မားသော ရက်စက်ကြမ်းကြုတ်သည့် ခွေးတစ်ကောင်ဖြစ်လေသည်။ ၎င်း၏ ခန္ဓာကိုယ်က ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဖက်ကနေ နံရိုးများက ပြူထွက်နေ၏။

ငရဲခွေးမှာ ခေါင်းတစ်ခြမ်းသာရှိပြီး ၎င်း၏ တစ်ဖက်တည်းမျက်လုံးက အဆုံးမဲ့သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။ ၎င်း၏ ထက်ရှသောသွားစွယ်များကို ထုတ်ဖော်ပြီး စေးကပ်နေသောတံတွေးရည်များက တမျှားမျှားကျနေ၏။

ထျန်ဟွမ်ကုန်းမြေတိုက်၏ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာပင်လျှင် အသွေးအသားနှင့် ဆိုးယုတ်တစ္ဆေများက ပေါ်ထွက်လာခဲ့ဖူး၏။

အထက်ဘုံလောက၏ အဝီစိမှာ ဤကဲ့သို့သော ကြမ်းကြုတ်သက်ရှိများမွေးဖွားလာနိုင်သည်ကို သိုင်းတာအိုပင်မခန္ဓာက အံ့အားသင့်သွားခြင်းမရှိပေ။

“ဂါး...”

ငရဲခွေးက သိုင်းတာအိုပင်မခန္ဓာကို ခဏမျှ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။

၎င်းသည် ထိုသူကို မခန့်မှန်းနိုင်သည့်အလား မာန်ဖီဟိန်းဟောက်ပြီး ကောင်းကင်ဘုံဝံပုလွေထံသို့ ခုန်အုပ်လိုက်လေသည်။

ကောင်းကင်ဘုံဝံပုလွေက အကြောက်အလန့်မရှိဘဲ ငရဲခွေး၏ တိုက်ခိုက်မှုကို ဖျတ်ခနဲ ရှောင်တိမ်းလိုက်၏။

ရုတ်တရက်ဆိုသလို သူက ကိုယ်ကိုလှည့်ပြီး ငရဲခွေး၏ လည်ဂုတ်ကို ကိုက်ချကာ ပြင်းထန်စွာ ခါယမ်းလိုက်၏။

ဖြောက်... ဖြောက်...

ငရဲခွေး၏ လည်ပင်းက ကောင်းကင်ဘုံဝံပုလွေ၏ တိုက်ခိုက်မှုဖြင့် ကျိုးပဲ့သွားပြီး ၎င်း၏ ခေါင်းတစ်ခြမ်းက ပျော့ခွေစွာဖြင့် ငိုက်စိုက်ကျသွား၏။

ကောင်းကင်ဘုံဝံပုလွေက တံတွေးထွေးကာ နှုတ်ခမ်းဆူလိုက်၏။

“သောက်ခွေး... ဒီလောက်အစွမ်းအစနဲ့ မင်းငါ့ကိုဘယ်လိုတောင်ရန်စရဲတာလဲ”

သူက တစ်ဘက်သို့လှည့်ပြီး လှည့်ထွက်တော့မည်ပြုစဥ်မှာပင် လည်ပင်းကျိုးနေသော ငရဲခွေးက ထူးဆန်းစွာဖြင့် ထရပ်လာခဲ့၏။

၎င်း၏ ခေါင်းကိုငုံ့ပြီး တစ်ဖက်တည်းသောမျက်လုံးဖြင့် ကောင်းကင်ဘုံဝံပုလွေကို စိုက်ကြည့်ကာ ၎င်း၏ မျက်လုံးထဲရှိ သွေးရောင်အလင်းက ပို၍တောက်ပလာခဲ့၏။

ကောင်းကင်ဘုံဝံပုလွေက တစ်ဘက်သို့လှည့်လိုက်သည့်ခဏမှာပင် ငရဲခွေးက မတ်တတ်ထရပ်၍ ခုန်အုပ်လိုက်ပြီဖြစ်ပြီး သေကွင်းသေကွက်တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်လိုက်၏။

ကောင်းကင်ဘုံဝံပုလွေသည် အန္တရာယ်ကို နားလည်သိရှိသည့်အချိန်မှာ နောက်ကျသွားခဲ့ပြီဖြစ်၏။

ခရမ်းရောင်ပုံရိပ်တစ်ခုက ဖျတ်ခနဲ လှုပ်ရှားသွား၏။

သိုင်းတာအိုပင်မခန္ဓာက ပို၍ပင်မြန်ဆန်လေသည်။ သူက ကောင်းကင်ဘုံဝံပုလွေ၏ နောက်ဘက်သို့ရောက်ရှိလာပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ငရဲခွေး၏ ရှေ့လက်နှစ်ချောင်းကို ဖမ်းဆွဲပြီး သူတို့ကိုဆွဲဖြဲလိုက်၏။

ဗြင်း...

ငရဲခွေးသည် သိုင်းတာအိုပင်မခန္ဓာ၏ နှစ်ပိုင်းဆွဲဖြဲခြင်းခံရပြီး သွေးများကစီးကျလာခဲ့၏။

ထိုသို့ဆိုလျှင်တောင် ငရဲခွေးက လုံးလုံးလျားလျားသေဆုံးမသွားပေ။

၎င်း၏ ခန္ဓာကိုယ်တစ်ခြမ်းက မြေပြင်ပေါ်မှာ အနည်းငယ်တွန့်လိမ်နေ၏။ သို့သော်လည်း ၎င်းသည် မတ်တတ်ထရပ်ပြီး တိုက်ခိုက်ဖို့ ဆက်လက်၍မဖြစ်နိုင်တော့ပေ။

ဆိုးယုတ်တစ္ဆေများကနေ ဆင်းသက်လာသော သက်ရှိများမှာ အသိစိတ်များ သို့မဟုတ် အမြုတေစိတ်ဝိညာဥ်များ မရှိပေ။

သူတို့ကို အပြီးတိုင်သတ်ဖြတ်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ လောင်ကျွမ်းပြာချပစ်ဖို့ဖြစ်၏။

“မင်းက... ဒီငရဲခွေးတွေကို အရင်က တစ်ခါမှမတွေ့မြင်ဖူးဘူးလား”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်၍မေးလိုက်၏။

စောစောက ကောင်းကင်ဘုံဝံပုလွေ၏ ပြုမူလှုပ်ရှားပုံအရ သူသည် ဤကဲ့သို့သောငရဲ​ခွေးတစ်ကောင်နှင့် တိုက်ခိုက်ခဲ့ဖူးသည့် အတွေ့အကြုံမရှိသည့်ပုံပင်။

ကောင်းကင်ဘုံဝံပုလွေက ခေါင်းခါပြလိုက်၏။

“ကျုပ်သူတို့ကို အရင်က တစ်ခါမှမတွေ့ဖူးခဲ့ဘူး... ကျုပ်ရဲ့သခင်ဟောင်းနဲ့ကျုပ်က ဒီနေရာကိုကျဆင်းလာပြီးတဲ့နောက် သူကနေရာမှာတင် အားဖြည့်နေခဲ့တယ်... သိပ်မကြာခင်ပဲ... မရေမတွက်နိုင်တဲ့ ဆိုးယုတ်တစ္ဆေတွေက အဆက်မပြတ်တိုးဝင်လာကြတယ်”

“ကျုပ်သခင်က ဒဏ်ရာအပြင်းအထန် ရထားပြီး သူတို့ရဲ့အဆက်မပြတ်တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ဘူး... အဲ့ဒါကြောင့်ပဲ သူကနောက်ဆုံးမှာ သေဆုံးသွားခဲ့ရတာ”

သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဥ်းစားတွေးတောလိုက်၏။

“မင်းပြောသလိုဆိုရင် အဝီစိက ကျယ်ပြောပြီးတော့ အကန့်အသတ်မဲ့တယ်.. ငါတို့က ဒီနေရာမှာ မတူညီတဲ့ ငရဲသက်ရှိတွေကို တွေ့ကြုံရတာ သိပ်တော့မထူးဆန်းဘူး”

“ကံကောင်းတာကတော့... ဒီငရဲခွေးက သိပ်ပြီးမသန်မာဘူး... အဲ့ဒါက ငါတို့ကိုသိပ်ပြီးမခြိမ်းခြောက်နိုင်ဘူး”

ကောင်းကင်ဘုံဝံပုလွေက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“ဒီငရဲခွေးက တကယ်ပဲအားနည်းလွန်းတယ်... ဒါပေမဲ့ အဝီစီမှာ သူတို့ထက်ပိုပြီးသန်မာတဲ့ ဆိုးယုတ်တစ္ဆေတွေရှိနေတယ်”

“အဲ့ဒီဆိုးယုတ်တစ္ဆေတွေ နိုးထလာမယ်ဆိုရင် ကျုပ်တို့က လုံးဝခုခံနိုင်မှာ မဟုတ်ဘူး”

“အသက်ရှင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ကျုပ်သခင်ဟောင်းရဲ့အလောင်းကို တတ်နိုင်သမျှမြန်မြန်ရှာပြီး ဒီနေရာကနေထွက်ခွာဖို့ နည်းလမ်းတစ်ခုကို စဥ်းစားဖို့ပဲ”

All Chapters