အမွေအနှစ်
Vol. 154 Ch. 2306
“သခင်ဟောင်း... ခင်ဗျားဘယ်လိုလုပ်ပြီး...”
တံတွေးကို အလျင်စလိုမျိုချပြီး ကောင်းကင်ဘုံဝံပုလွေက မနေနိုင်ဘဲ မေးလိုက်၏။
“အရင်တုန်းက... ခင်ဗျားက မရေမတွက်နိုင်တဲ့ ငရဲပုရွက်ဆိတ်တွေရဲ့ ကိုက်ခဲခံရပြီး သေဆုံးသွာတာကို ကျုပ်ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပါတယ်”
“ငါအသက်ရှင်နေသေးလို့ မင်းက မပျော်ဘူးလား”
ဧကရာဇ်ပိုရွှင်းက ပြုံးစစဖြင့် မေးလိုက်၏။
“ဘယ်ကသာ..”
ကောင်းကင်ဘုံဝံပုလွေက သူ၏ ခေါင်းကို ရူးသွပ်စွာခါယမ်းပြီး ပြတ်သားစွာပြောလိုက်၏။
“ကျုပ်အရမ်းပျော်တာပေါ့... ကျုပ်ရဲ့သခင်ဟောင်းက အသက်ရှင်နေသေးတယ်ဆိုတာ... ကျုပ်ကြိုသိခဲ့မယ်ဆိုရင် ကျုပ်က ဟိုးအရင်ကထဲက ဒီကိုပြန်လာခဲ့တယ်”
ဧကရာဇ်ပိုရွှင်းက ရယ်မောပြီး သူ၏ ပိန်းလှီသောလက်ဖဝါးကို ဆန့်ထုတ်ကာ ကောင်းကင်ဘုံဝံပုလွေ၏ နဖူးပေါ်ရှိ ငွေရောင်သားမွေးများကို သပ်ပေးလိုက်၏။
တစ်ချက်သပ်လိုက်တိုင်း သူသည် ငရဲဂိတ်တံခါးကိုဖြတ်၍ လျှောက်လှမ်းသွားရသည့်အလား ကောင်းကင်ဘုံဝံပုလွေ၏ ခန္ဓာကိုယ်က တုန်ခါသွားလေသည်။
“မင်းတို့တွေ ဒီကိုဘာလို့ရောက်လာတာလဲ”
ဧကရာဇ်ပိုရွှင်းက မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဥ်းစားတွေးတောပြီး မည်သည့်အရာကိုမှ ထိန်ချန်မထားပေ။
“ကျုပ်ရဲ့ ချစ်ခင်ရတဲ့မိတ်ဆွေရဲ့ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရရှိထားတယ် သူက မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံပြီးတဲ့နောက် ယာယီအားဖြင့်တော့ အသက်ရှင်နိုင်ခဲ့တယ်”
“ဒါပေမဲ့... နောက်ပိုင်းမှာ သူ့ရဲ့ဒဏ်ရာတွေက ပိုပြီးတော့ဆိုးလာတယ်... အဲ့ဒါကြောင့်ကျုပ်က ဗုဒ္ဓကြမ္မာသုတ္တန်ကို ရှာဖွေနေတာ... ပြီးပြည့်စုံတဲ့ မိစ္ဆာဥပါဒါန် ဗုဒ္ဓကြမ္မာသုတ္တန်ကပဲ သူ့အသက်ကိုကယ်နိုင်လိမ့်မယ်ထင်တယ်”
“ဟုတ်တာပေါ့”
ဧကရာဇ်ပိုရွှင်းက မြေပြင်ပေါ်မှာလဲကျနေသော ယန်ပေးချန်ကိုကြည့်ပြီး ပြောလိုက်၏။
“ငါ့ရဲ့ မိစ္ဆာဥပါဒါန် ဗုဒ္ဓကြမ္မာသုတ္တန်ကို ကျင့်ကြံမှပဲ သူ့ရဲ့ဒဏ်ရာတွေကို တကယ်ပဲကုသပေးနိုင်မယ်”
“ဒါပေမဲ့... သူက ဒဏ်ရာအပြင်းအထန် ရထားပြီး အခုလောလောမှာသတိလစ်နေတယ်... ကျုပ်က ဗုဒ္ဓကြမ္မာသုတ္တန်ရဲ့အမွေအနှစ်ကိုရခဲ့ပေမယ့် ကျုပ်က သူ့ကို အခုချိန်ထိ နှိုးလို့မရသေးဘူး”
သိုင်းတာအိုပင်မခန္ဓာက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ဧကရာဇ်ပိုရွှင်းကို အလေးအနက်ဦးညွတ်လိုက်၏။
“စီနီယာ... ခင်ဗျားသူ့ကို ကယ်တင်ပေးနိုင်မလား... ကျုပ်ရဲတင်းစွာနဲ့ မေးပါရစေ”
ဤလောကမှာ ယန်ပေးချန်ကို ကယ်တင်နိုင်မည့်သူတစ်ယောက်ယောက်ရှိမည်ဆိုလျှင် အဲ့ဒါက သူ့ရှေ့မှာရှိသော ဤဧကရာဇ်ပိုရွှင်းသာဖြစ်ပေလိမ့်မည်။
အခြားသောဧကရာဇ်ပညာရှင်များက ထိုသို့တတ်နိုင်မည်ဆိုလျှင်တောင် အဲ့ဒါက နောက်ကျလွန်းသွားပေလိမ့်မည်။
အဲ့ဒါထက် သူတို့သည် အဝီစိသို့ ဝင်ရောက်လာရဲလိမ့်မည် မဟုတ်ပေ။
“အဲ့လိုလုပ်စရာမလိုပါဘူး”
ဧကရာဇ်ပိုရွှင်းက ညင်သာစွာပြုံးလိုက်၏။
သူက သူ၏ လက်ကို မြောက်လိုက်ရုံသာဖြစ်၏။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြီးမားသည့်စွမ်းအားတစ်ခုက တွန်းတင်ပေးလိုက်သည်ဟု သိုင်းတာအိုပင်မခန္ဓာက ခံစားလိုက်ရပြီး သူကဆက်လက်၍ ဦးမညွှတ်နိုင်တော့ပေ။
“အသက်တစ်သက်ကို ကယ်တင်ရတာက စေတီတစ်ဆူတည်တာထက်ပိုကောင်းတာပဲ”
ဧကရာဇ်ပိုရွှင်းက ပြောလိုက်၏။
“မင်းအဲ့ဒါကို မပြောရင်တောင် ငါက သူ့ကို ကယ်တင်ပေးရလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်စီနီယာ”
သိုင်းတာအိုပင်မခန္ဓာက ကျေနပ်သဘောကျသွားပြီး နောက်တစ်ဖန် ကျေးဇူးတင်စကားဆိုလိုက်၏။
ဧကရာဇ်ပိုရွှင်းက ပြုံး၍ပြောလိုက်၏။
“နောက်ပြီး... ဒီဂျူနီယာက မိစ္ဆာဥပါဒါန်သုတ္တန်အပေါ် နက်ရှိုင်းတဲ့ နားလည်ဆင်ခြင်မှုရှိနေတယ်... ဥပါဒါန်မိစ္ဆာချီတွေက သူ့ရဲ့အရိုးထဲထိ စိမ့်ဝင်နေပြီ”
“ငါက သူ့ကို ဗုဒ္ဓကြမ္မာသုတ္တန်သင်ကြားပေးမယ်ဆိုရင် အဲ့ဒါက ငါ့ရဲ့အမွေအနှစ်ကို ကောင်းကောင်းလက်ဆင့်ကမ်းပေးနိုင်လိမ့်မယ်”
ခဏမျှရပ်တန့်ပြီးနောက် သူက သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။
“မင်းကလည်း မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံထားပေမယ့် ဒီကျင့်ကြံရေးနည်းစနစ်အပေါ် မင်းရဲ့နားလည်ဆင်ခြင်မှုက သူ့ထက်သိသိသာသာ နိမ့်ကျနေတယ်”
ဧကရာဇ်ပိုရွှင်း၏ အကဲဖြတ်မှုက တကယ်ပင်ကြောက်စရာကောင်းလောက်အောင် ထက်မြက်နေ၏။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုကို ကျင့်ကြံထားပြီး အဲ့ဒါသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ ဓမ္မတာအိုများနှင့် ကွဲပြားခြားနားလေသည်။
ထိုသို့ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာသည် အရင်က မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံထားသည်ဆိုတာကို ဧကရာဇ်ပိုရွှင်းက ပြောနိုင်လေသည်။ ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာဥပါဒါန်သုတ္တန်ကို နက်ရှိုင်းစွာမကျင့်ကြံရသေးသည်ကိုလည်း သူကပြောနိုင်၏။
အဲ့ဒါက အမှန်တရားပင်ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံခဲ့သည်မှာ မာရ်နတ်မျက်နှာဖုံးကို ထိန်းချုပ်ဖို့အတွက်သာဖြစ်၏။
သူ၏ အဓိကရည်ရွယ်ချက်မှာ မိစ္ဆာဥပါဒါန်သုတ္တန်၏ ဓမ္မတာအိုကို သိုင်းတာအိုမီးဖိုထဲသို့ ထည့်သွင်းပေါင်းစည်းပြီး သူ့ကိုယ်ပိုင်တာအိုနှင့် ဓမ္မပညာရပ်များကို ကောက်ချက်ချထုတ်နုတ်ဖို့ဖြစ်၏။
“ဒါပေမဲ့... သူက သတိလစ်နေတယ် စီနီယာ... ခင်ဗျားက သူ့ကိုဘယ်လိုနှိုးပြီး ဗုဒ္ဓကြမ္မာသုတ္တန်ကိုသင်ကြားပေးမလဲ ကျုပ်သိချင်မိတယ်”
သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍ မေးလိုက်၏။
“သူ့ကိုနှိုးစရာမလိုဘူး”
ဧကရာဇ်ပိုရွှင်းက ခပ်ယဲ့ယဲ့ပြုံးလိုက်၏။
“ငါကသူ့ကို လျှို့ဝှက်အတတ်တစ်ခုသုံးပြီး ဗုဒ္ဓကြမ္မာသုတ္တန် သင်ကြားပေးနိုင်တယ်”
ဉာဏ်အလင်းဖွင့်လျှို့ဝှက်အတတ်တစ်ခု...။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးက ဝင်းလက်သွား၏။
ဤနှစ်များမှာ သူသည် မရေမတွက်နိုင်သော သုတ္တန်များနှင့် လျှို့ဝှက်အတတ်များကို လေ့လာဖတ်ရှုခဲ့ပြီး ဉာဏ်အလင်းဖွင့် လျှို့ဝှက်အတတ်များရှိသည်ကို ကြားဖူးခဲ့လေသည်။
ဤလျှို့ဝှက်အတတ်သည် ကျင့်ကြံရေးနည်းစနစ်များကို သင်ကြားပေးသည့် နည်းလမ်းတစ်ခုနှင့်တူညီ၏။ အဲ့ဒါသည် ကျင့်ကြံရေးနည်းစနစ်များကို သင်ကြားပေးရုံသာမက အဲ့ဒါသည် ထိုကျင့်ကြံရေးနည်းစနစ်များအပေါ် လူတစ်ယောက်၏ နားလည်ဆင်ခြင်မှုကိုပါ အခြားလူတစ်ယောက်ထံ လွှဲပြောင်းသင်ကြားပေးနိုင်ခြင်းဖြစ်၏။
ထို့ကြောင့် ဉာဏ်အလင်းပွင့်ခြင်းမှာ လူတစ်ယောက်သည် ရုတ်တရက် အသိအမြင်များကို ရရှိလာမည်ဟု ဆိုရိုးစကားရှိလေသည်။
ဉာဏ်အလင်းဖွင့် လျှို့ဝှက်အတတ်သည် အသုံးပြုသူ၏ ကျင့်ကြံမှုနယ်ပယ်အပေါ် အလွန်တရာတင်းကျပ်သည့် လိုအပ်ချက်များရှိပြီး သူတို့အပေါ် သိသာထင်ရှားသည့် ထိခိုက်မှုများပင် ဖြစ်စေနိုင်၏။
ထို့ကြောင့် ဤကဲ့သို့သောပုံစံဖြင့် သူတို့၏ အသိပညာများကို သင်ကြားပေးလိုသည့်သူများက မရှိသလောက်နီးပါးပင်။
ယခု... ယန်ပေးချန်ကို ကယ်တင်ဖို့အတွက် ဧကရာဇ်ပိုရွှင်းသည် ဉာဏ်အလင်းဖွင့် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုတော့မည်ဆိုတော့...။
“ခင်ဗျားရဲ့ကြင်နာမှုကို ကျုပ်မှတ်ထားပါ့မယ် စီနီယာ”
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်က လှုပ်ရှားယိမ်းယိုင်သွား၏။
ဧကရာဇ်ပိုရွှင်းက ညင်သာစွာပြုံးပြလိုက်၏။
“မင်းက... မာရ်နတ်မျက်နှာဖုံးကိုတပ်ထားပြီး ကျိတုဆေဘာမှာရှိတဲ့ အာရုံ၆ပါး စွမ်းအားကို ခုခံနိုင်ခဲ့တယ်... ဒါပေမဲ့ ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံမဲ့ အရိုက်အရာဆက်ခံသူအနေနဲ့ ငါက သူ့ကို ပိုပြီးတော့တန်ဖိုးထားရလိမ့်မယ်”
ဧကရာဇ်ပိုရွှင်းသည် ယန်ပေးချန်ကို သူ၏ အရိုက်အရာဆက်ခံသူအဖြစ် သတ်မှတ်ပြီးသွားသည့်အလားပင်။
ဧကရာဇ်ပိုရွှင်းသည် တစ်ခါက မိစ္ဆာမဟာနယ်မြေတစ်ခုလုံးကိုအုပ်စိုးပြီး အလွန်တရာကြီးမားသည့်တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားခဲ့သော်လည်း သူ့မှာ အရိုက်အရာဆက်ခံသူ သို့မဟုတ် မည်သည့်တပည့်မှမရှိခဲ့ဟု ကောင်းကင်ဘုံဝံပုလွေက ပြောခဲ့ဖူးလေသည်။
ယခု ယန်ပေးချန်သည် သေအံ့ဆဲဆဲအခြေအနေမှာ အဝီစိတွင် ဧကရာဇ်ပိုရွှင်း၏ အရိုက်အရာဆက်ခံသူအဖြစ် ရွေးချယ်ခံလိုက်ရလေသည်။
အဲ့ဒါသည် ယန်ပေးချန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လေသည်။
ဧကရာဇ်ပိုရွှင်းသည် ညင်သာစွာ လက်ယပ်ခေါ်လိုက်ပြီး နူးညံ့သိမ်မွေ့သောစွမ်းအားတစ်ခုက ယန်ပေးချန်၏ ခန္ဓာကိုယ်ကို သူ့ထံသို့ ဖြည်းဖြည်းချင်းသယ်ဆောင်လာခဲ့၏။
ဧကရာဇ်ပိုရွှင်းကဲ့သို့ပင် ယန်ပေးချန်က သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ တင်ပျဥ်ခွေထိုင်သွားလေသည်။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
ဧကရာဇ်ပိုရွှင်း၏ မျက်လုံးများက ထက်ရှသောဓားနှစ်လက်ကဲ့သို့ ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် တောက်ပလာပြီး ထိုအလင်းများက ယန်ပေးချန်၏ တင်းကျပ်စွာမှိတ်ထားသော မျက်လုံးများထဲသို့ ချက်ချင်းပင်ဝင်ရောက်သွား၏။ ယန်ပေးချန်သည် လှုပ်နှိုးခံလိုက်ရသည့်အလား ဆတ်ခနဲ တုန်ယင်သွား၏။
ရုတ်တရက် သူ၏ ခန္ဓာကိုယ်က ဖြောင့်မတ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဥပါဒါန်မိစ္ဆာချီများကလည်း ရူးသွပ်စွာဖြင့် တလိပ်လိပ်ထိုးတက်လာ၏။
အတိအကျဆိုရလျှင် ဥပါဒါန်မိစ္ဆာချီသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး အဲ့ဒါက စိတ်လှုပ်ရှားတက်ကြွလာသည်နှင့်တူလေသည်။
ဧကရာဇ်ပိုရွှင်းသည် သူ၏ ခြောက်ကပ်ပိန်လှီသော လက်ချောင်းများကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး ယန်ပေးချန်၏ နှာရောင်ကို ညင်သာစွာ ထိလိုက်၏။
သူတို့၏ ခန္ဓာကိုယ်နှစ်ခုက တစ်ချိန်တည်းမှာ ဆတ်ခနဲတုန်ယင်သွား၏။
ထို့နောက် ချက်ချင်းပင် ရွှေရောင်စက်ဝန်းများက ဧကရာဇ်ပိုရွှင်း၏ ခန္ဓာကိုယ်ပတ်လည်မှာ တလိပ်လိပ်ထိုးတက်လာပြီး ယန်ပေးချန်၏ အသိစိတ်ထဲသို့ သူ၏ လက်ချောင်းများကနေတစ်ဆင့် တိုးဝင်သွားလေသည်။
အစကတော့... ယန်ပေးချန်၏ အသိစိတ်က ကြေမွသွားခဲ့ပြီဖြစ်၏။
ယခုအချိန်မှာ ရွှေရောင်စက်ဝန်းများ၏ လွှမ်းခြုံမှုအောက်တွင် သူက အသက်ဓာတ်အားကို တဖြည်းဖြည်းပြန်လည်ရရှိနေ၏။ သူ့အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ ဒဏ်ရာများကပင်လျှင် စတင်၍သက်သာလာနေ၏။
ယန်ပေးချန်၏ ပတ်လည်မှာ နက်မှောင်နေသော ဥပါဒါန်မိစ္ဆာချီများရှိနေပြီး တစ်ချိန်တည်းမှာပင် အဲ့ဒီမှာ ရွှေရောင်အလင်းတောက်တောက်တစ်ခုလည်းရှိနေ၏။
လုံးဝကို ကွဲပြားသည့် စွမ်းအားနှစ်ခုက အတိုက်အခံဖြစ်နေသင့်လေသည်။ သို့သော်လည်း ယန်ပေးချန်မှာ လျှို့ဝှက်ဆန်းကြယ်သောမျှခြေတစ်ခု ရရှိလာခဲ့၏။
တူညီသောခန္ဓာကိုယ်အတွင်းမှာ ဗုဒ္ဓနှင့်မိစ္ဆာ...။
အစကတော့ ယန်ပေးချန်သည် သူ၏လမ်းဆုံးသို့ရောက်ရှိနေခဲ့ပြီဖြစ်၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ အသက်ဓာတ်အားကို တဖြည်းဖြည်းချင်းပြန်လည်ရရှိလာနေ၏။
သူ၏ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများကလည်း တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် ထိုသည်ကိုတွေ့မြင်သောအခါ သူကနောက်ဆုံးမှာ စိတ်ကိုလျှော့ချလိုက်ပြီး စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။
ထိုစဥ်မှာပင် သူကရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကိုအာရုံခံမိသွားသည့်အလား ဘေးဘက်ကိုလှည့်ကြည့်လိုက်၏။
မလှမ်းမကမ်းမှာ ကောင်းကင်ဘုံဝံပုလွေက မြေပြင်ပေါ်မှာနာခံစွာဖြင့် ဝပ်တွားနေဆဲဖြစ်၏။ သို့သော်လည်း သူက တတ်နိုင်သမျှမြန်မြန် ထွက်ခွာဖို့ အတတ်နိုင်ဆုံးကြိုးစားကာ သူ့ကို အချက်ပြနေ၏။
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဧကရာဇ်ပိုရွှင်းသည် ယခုအချိန်မှာ ယန်ပေးချန်ကိုကယ်တင်ပေးနေပြီး သူ့အနေဖြင့် ဒီတိုင်းလှည့်ထွက်သွားဖို့က အဆင်မပြေပေ။
ဒါ့အပြင် ကောင်းကင်ဘုံဝံပုလွေ၏ စိုးရိမ်ပူပန်မှုများက လိုအပ်မှုမရှိဟုထင်ရ၏။
ဧကရာဇ်ပိုရွှင်းက ဘယ်လောက်တောင်အရှိန်အဝါကြီးမားလိုက်သလဲ။
ဧကရာဇ်ပိုရွှင်းက သူ့ကို သတ်ဖြတ်လိုသည်ဆိုလျှင် သူသည် သေဆုံးသွားသည်မှာ ကြာနေလောက်လေပြီ။ ထိုသူက သူနှင့် ဤမျှထိစကားများစွာ ဘာ့ကြောင့်ပြောဆိုနေခဲ့မှာလဲ။