ငရဲငယ်နှင့် မဟာငရဲ
Vol. 154 Ch. 2307
အဝီစိသည် ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်ပြီး ခေတ်အဆက်ဆက် ဖြတ်ကျော်လာခဲ့သည့် တည်ရှိမှုတစ်ခု ဖြစ်၏။
ဧကရာဇ်ပိုရွှင်းသည် အဝီစိမှာ အသက်ရှင်နိုင်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
ငရဲကားချပ် ၁၆ခုကို ဧကရာဇ်ပိုရွှင်းက ရေးဆွဲထားခဲ့သည်ဆိုလျှင် ဤပညာရှင်သည် အဝီစိနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်နှင့် သတင်းအချက်အလက် အတော်များများကို သိရှိထားဖို့ များလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် အဝီစိနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ မသိရသလောက်နီးပါးပင်။ သူက ဤနေရာကနေ ထွက်ခွာချင်သည်ဆိုလျှင်တောင် သူသည် လာရာလမ်းအတိုင်း ပြန်လှည့်ဖို့သာ တတ်နိုင်ပေလိမ့်မည်။
ဤတစ်ခေါက်မှာတော့ မိစ္ဆာဥပါဒါန်သုတ္တန်၏ အော်ရာချိတ်ဆက်မှု မရှိဘဲ သိုင်းတာအိုပင်မခန္ဓာသည် ဝင်္ကပါတစ်ခုကဲ့သို့ ဤပုရွက်ဆိတ်သိုက်ကနေ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။
ဒါ့အပြင် အဲဒီမှာ ကြောက်စရာကောင်းသော ငရဲပုရွက်ဆိတ်များ၏ ခြိမ်းခြောက်မှုကလည်း ရှိနေ၏။
သူသည် ဧကရာဇ်ပိုရွှင်းထံမှ အဝီစိနှင့် ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို ရရှိနိုင်မည်ဆိုလျှင် သူသည် ထွက်လမ်းတစ်ခုကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။
ငရဲပုရွက်ဆိတ်များအကြောင်း တွေးမိချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် တစ်စုံတစ်ရာကို သတိရသွား၏။
သူတို့နောက်သို့ ပြေးလိုက်လာခဲ့သော ငရဲပုရွက်ဆိတ်များသည် ခန်းမရှေ့သို့ ရောက်ရှိသောအခါ သူတို့အားလုံးက ရပ်တန့်သွားပြီး အထဲသို့ ဝင်ရောက်မလာခဲ့ပေ။ ယခု အဲဒါကို ပြန်တွေးကြည့်လျှင် အဲဒါသည် ဧကရာဇ်ပိုရွှင်း၏ တည်ရှိမှုကြောင့် ဖြစ်နိုင်လေသည်။
ဧကရာဇ်ပိုရွှင်းသည် ဤနေရာကို ကျဆင်းလာချိန်က သူ၏ အသားသည် ငရဲပုရွက်ဆိတ်များ၏ ကိုက်ခဲစားသောက်ခြင်း ခံခဲ့ရသည်မှာ သူသည် ထိုအချိန်တုန်းက ဒဏ်ရာ အပြင်းအထန်ရရှိထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။
ဒါ့အပြင် ထိုအချိန်တုန်းက ငရဲဖိနှိမ်မီးဖိုကလည်း အဝီစိမှာ ရှိနေခဲ့၏။
သူ၏ ခန္ဓာကိုယ်က ပိန်ပါးနေသည်က လွဲလျှင် ဧကရာဇ်ပိုရွှင်းသည် ထိခိုက်ဒဏ်ရာ လုံးဝ မရှိတော့သည့်ပုံပင်။ သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းသွားပြီဖြစ်ဖို့များလေသည်။
ကိစ္စတစ်ခုလုံးက အဓိပ္ပာယ်ရှိပုံရ၏။
သို့သော်လည်း အဲဒီမှာ ကြီးမားသော မေးခွန်းတစ်ခု ရှိနေ၏။
ဧကရာဇ်ပိုရွှင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်နေသေးတာလဲ။
သူက တစ်ချိန်လုံး သေဆုံးခဲ့ခြင်း မရှိတာလား သို့မဟုတ် သူက အသက်ပြန်ဝင်လာခဲ့တာလား။
ဧကရာဇ်ပိုရွှင်းက တစ်ချိန်လုံး သေဆုံးခဲ့ခြင်း မရှိလျှင် သူသည် ငရဲပုရွက်ဆိတ်များ၏ တိုက်ခိုက်ဝါးမျိုခြင်း ခံရပြီးနောက် ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်ခဲ့တာလဲ။
အဝီစိသည် သူ့ကိုယ်ပိုင်လောကတစ်ခုဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ပိုင်းခြားပေးထား၏။ သူက သူ၏ ထိခိုက်ဒဏ်ရာများကနေ မည်သို့မည်ပုံ သက်သာပျောက်ကင်းပြီး အသက်ရှင်နိုင်နေသေးတာလဲ။
ဧကရာဇ်ပိုရွှင်းက ပြန်လည်မွေးဖွားလာသည်ဆိုလျှင် အဲဒါက ပို၍ပင် စဉ်းစားလို့ မရနိုင်အောင် ဖြစ်လာပေလိမ့်မည်။
သူတို့ရှေ့မှ ဧကရာဇ်ပိုရွှင်းသည် အကြွင်းအကျန် စိတ်ဝိညာဉ်တစ်ခုမျှသာ ဖြစ်နေမလားဟု သိုင်းတာအိုပင်မခန္ဓာက သံသယဝင်ခဲ့ဖူး၏။
သို့သော်လည်း ဧကရာဇ်ပိုရွှင်းက ယန်ပေးချန်ကို ဉာဏ်အလင်းဖွင့်ပေးနေသည်ကို တွေ့ရသောအခါ သူက ထိုထင်မြင်ယူဆချက်ကို ပယ်ချလိုက်၏။
အကြွင်းအကျန် စိတ်ဝိညာဉ်တစ်ခုမျှက ထိုကဲ့သို့ စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် အဲဒါက အကြွင်းအကျန် အသိစိတ်တစ်ခုသာဆိုလျှင် ကောင်းကင်ဘုံဝံပုလွေက အဲဒါကို ချက်ချင်းမှတ်မိသိရှိပေလိမ့်မည်။
အဲဒါသည် ကျိတုဆေဘာ၏ လက်နက်စိတ်ဝိညာဉ် ဖြစ်နေမလားဟုပင် သိုင်းတာအိုပင်မခန္ဓာက စဉ်းစားတွေးတောမိခဲ့၏။
သို့သော်လည်း သူက ကျိတုဆေဘာကို ကိုင်ဆွဲခဲ့စဉ်က သူသည် အာရုံ ၆ပါး စွမ်းအားဖြင့် တိုက်ခိုက်ခံခဲ့ရ၏။ ထိုအချက်သည် ကျိတုဆေဘာ၏ လက်နက်စိတ်ဝိညာဉ်က ထိုအထဲမှာသာ ရှိနေသေးသည်ဟု အဓိပ္ပာယ်ရ၏။
ထို့ကြောင့်ပင်လျှင် ကျိတုဆေဘာက တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
ထိုစဉ်မှာပင် ဧကရာဇ်ပိုရွှင်းသည် သူ၏ လက်ညှိုးကို ရုတ်သိမ်းလိုက်ပြီး အနက်ရောင်ချီက သူ၏ မျက်လုံးထဲသို့ တလိပ်လိပ်တိုးဝင်လာပြီးနောက် အလျင်အမြန် ပျောက်ကွယ်သွား၏။
ထိုအခိုက်အတန့်မှာ ဧကရာဇ်ပိုရွှင်း၏ ခံ့ညားသော အမူအရာက မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသွားခဲ့၏။
သူ၏ မျက်နှာသွင်ပြင်က ပြောင်းလဲမသွားသော်လည်း သူ၏ အော်ရာက သိသိသာသာ ပြောင်းလဲသွား၏။
ကောင်းကင်ဘုံဝံပုလွေသည် ဧကရာဇ်ပိုရွှင်း ရှိရာဘက်သို့ တစ်ချိန်လုံး ချောင်းကြည့်နေခဲ့၏။ သူက ထိုသည်ကို တွေ့မြင်သောအခါ ကြောက်ရွံ့မှုဖြင့် ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ အကြည့်ကို ခပ်မြန်မြန် ရုတ်သိမ်းကာ စိတ်ထဲကနေ ကြိတ်၍ ဆုတောင်းနေ၏။
သိုင်းတာအိုပင်မခန္ဓာက စဉ်းစားတွေးတောနေစဉ်မှာပင် သူက ရုတ်တရက် ကြောက်စရာကောင်းသော ခံစားချက်တစ်ခုကို ရရှိလိုက်၏။
သူက ရင်တစ်ချက်ထိတ်သွားပြီး ဧကရာဇ်ပိုရွှင်း ရှိရာဘက်သို့ အလိုလိုလှည့်ကြည့်လိုက်၏။
ထိုအခိုက်အတန့်မှာ ဧကရာဇ်ပိုရွှင်းသည် သူ၏ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့ပြီဖြစ်၏။ သူက ဆူဇီမိုကို ပြုံး၍ ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
“ဒီကောင်လေးရဲ့ အသက်က အန္တရာယ်မရှိတော့ဘူး.. သူက နိုးထလာတာနဲ့ သူ့ရဲ့ ဒဏ်ရာတွေက လုံးလုံးလျားလျား သက်သာပျောက်ကင်းသွားလိမ့်မယ်”
“နောက်ပြီး အဲ့ဒီအချိန်ကျရင် သူက ကောင်းကင်အမြုတေနယ်ပယ်ကို တက်လှမ်းသွားနိုင်လောက်တယ်”
သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန် ဦးညွှတ်၍ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ထိုသို့ သူပြောလိုက်သော်လည်း သိုင်းတာအိုပင်မခန္ဓာက သတိထားနေပြီဖြစ်၏။
စောစောက မကောင်းဆိုးဝါးဆန်သော ခံစားချက်သည် သူ့ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေခဲ့၏။
အဝီစိမှာ သူ၏ အာရုံခံသတိစိတ်က သုံးစားမရတော့ဘဲ သူက အလွန်တရာ သတိထားနေရ၏။ သူသည် ပေါ့ပေါ့ဆဆ မနေရဲပေ။
ယန်ပေးချန်က သတိလစ်နေဆဲဖြစ်သော်လည်း သူ၏ အသက်ဓာတ်အားက တည်ငြိမ်လာခဲ့ပြီဖြစ်၏။
“စီနီယာ.. ခင်ဗျားက အဝီစိမှာ နေလာခဲ့တာ အရမ်းကြာသွားခဲ့ပြီဆိုတော့ ဒီကနေ ဘယ်လိုပြန်ထွက်ရမလဲ သိလား”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
ယန်ပေးချန်က အဆင်ပြေတာ သေချာသွားပြီးနောက် သူက တတ်နိုင်သမျှ မြန်မြန်ထွက်ခွာရမည်ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည်လည်း အဝီစိမှာ ရှိသော မကောင်းဆိုးဝါးဆန်သည့်အော်ရာကို အာရုံခံမိနေ၏။ သူတို့က ဤနေရာမှာ ဆက်နေမည်ဆိုလျှင် ဘာတွေဖြစ်လာမလဲ မသိနိုင်ပေ။
“ဒါပေါ့ ငါသိတာပေါ့”
ဧကရာဇ်ပိုရွှင်းက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။
“ငါလည်း ဒီကနေ ထွက်ခွာရတော့မယ့် အချိန်ပဲ”
သူက ယန်ပေးချန်ကို ကျောပေါ် တင်ဆောင်ရန် ကောင်းကင်ဘုံဝံပုလွေကို အချက်ပြလိုက်၏။ သူက ကျိတုဆေဘာကို သာမန်ကာလျှံကာ ကောက်ယူပြီး ယန်ပေးချန်၏ ခါးမှာ ချိတ်ပေးလိုက်၏။
“သခင်ဟောင်း ဒါက…”
ကောင်းကင်ဘုံဝံပုလွေက ဂရုတစိုက် မေးမြန်းလိုက်၏။
“သူက ငါ့ရဲ့ အမွေအနှစ်ကို ရသွားပြီဆိုမှတော့ သူက ငါ့ရဲ့ ကျိတုဆေဘာကို ယူသွားရမှာပေါ့”
ဧကရာဇ်ပိုရွှင်းက သာမန်ကာလျှံကာ ပြောလိုက်၏။
သူသည် သူနှင့် နှစ်ပေါင်းများစွာ အတူယှဉ်တွဲ တိုက်ခိုက်ခဲ့သည့် ဤဧကရာဇ်လက်နက်ကို ပေးဖို့ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။
“စီနီယာ.. ခင်ဗျားက အဝီစိကနေ အချိန်မရွေး ထွက်ခွာနိုင်တာလား”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ဒါပေါ့”
ဧကရာဇ်ပိုရွှင်းက မှင်သေသေဖြင့် ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကာလတစ်ခုက ငရဲဖိနှိမ်မီးဖိုက ဒီနေရာကနေ ပျောက်ကွယ်သွားတဲ့အချိန်မှာ ဒီငရဲငယ်တွေက ငါ့ကို ဆက်ပြီး မပိတ်လှောင်နိုင်တော့ဘူး”
“ဒါဆို စီနီယာ.. ခင်ဗျားက နှစ်ပေါင်းသောင်းချီကြာအောင် ဒီနေရာမှာ ဘာလို့ နေနေခဲ့တာလဲ”
သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍ မေးလိုက်၏။
သူသည် သိုင်းတာအိုပင်မခန္ဓာကို ကျောပေးထားပြီး ဧကရာဇ်ပိုရွှင်းက ပြန်မဖြေပေ။ သို့သော်လည်း သူ၏ မျက်လုံးထဲရှိ အနက်ရောင်ချီက နောက်တစ်ဖန် တလိပ်လိပ် ထိုးတက်၍ ခဏမျှ ရစ်ဝဲပြီးနောက် ပျောက်ကွယ်သွား၏။
သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်ပိုရွှင်း၏ ပြောင်းလဲသွားပုံကို မတွေ့မြင်ခဲ့ရသော်လည်း သူက ရင်တလှပ်လှပ် ခံစားလိုက်ရ၏။ သူက ဤမေးခွန်းနှင့် ပတ်သက်ပြီး ဆက်လက်၍ အရစ်ရှည်မနေတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်၏။
“စီနီယာ.. စောစောက ခင်ဗျားပြောတဲ့ ငရဲငယ်တွေဆိုတာ ဘာလဲ.. အဲဒါက ခင်ဗျားရေးဆွဲထားတဲ့ ကားချပ် ၁၆ခုနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေတာလား”
“မင်းက ဉာဏ်ကောင်းသားပဲ”
ဧကရာဇ်ပိုရွှင်းက ရယ်မောလိုက်၏။
“အဝီစိကို မဟာအဝီစိနဲ့ ငရဲငယ် ၁၆ခုဆိုပြီး ခွဲခြားထားတယ်.. ငါတို့ ရောက်နေတဲ့နေရာက ငရဲငယ် ၁၆ခုထဲက တစ်ခုပဲ”
“ဒီနှစ်တွေအားလုံးမှာ ငါက ငရဲငယ် ၁၆ခုကို လှည့်ပတ်သွားလာပြီး ငရဲကားချပ် ၁၆ခုကို ရေးဆွဲနိုင်ခဲ့တယ်”
ငရဲငယ်နှင့် မဟာငရဲ..
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး အလိုလိုမေးလိုက်၏။
“ပြောရမယ်ဆိုရင် ကျုပ်တို့ရဲ့ လက်ရှိတည်နေရာက အဝီစိရဲ့ အစစ်အမှန် ပင်မနေရာ မဟုတ်သေးဘူးပေါ့”
“ဒါပေါ့”
ဧကရာဇ်ပိုရွှင်းက ခေါင်းညိတ်၍ ပြောလိုက်၏။
“မဟာအဝီစိကို အရင်တုန်းက အနန္တမဟာဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကနေ ဖန်တီးထားတာ.. သူ့ရဲ့ပတ်လည်မှာ ရှိတဲ့ ငရဲငယ် ၁၆ခုကတော့ ထျဲဝေတောင်မှာပဲ ရှိတယ်”
သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ် ထိတ်လန့်သွား၏။
သူတို့ ဖြတ်သန်းလာခဲ့သည့် ငရဲနှစ်ခုသည် ကြမ်းကြုတ်ခက်ထန်သော သက်ရှိများစွာနှင့်အတူ လုံလောက်အောင် မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းနေခဲ့ပြီဖြစ်၏။ သို့သော်လည်း သူတို့သည် အဝီစိ၏ ပင်မနေရာနှင့် ယခုအချိန်ထိ မထိတွေ့ခဲ့ရသေးပေ။
ဧကရာဇ်ပိုရွှင်းက ဆက်ပြောလိုက်၏။
“ငါတောင်မှ မဟာငရဲကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး.. အဲဒါက အစစ်အမှန် အနန္တငရဲပဲ.. အဲဒါက လောကမှာ ကြောက်စရာအကောင်းဆုံး တည်ရှိမှုပဲ”
ဧကရာဇ်ပိုရွှင်းကဲ့သို့ ပညာရှင်တစ်ဦးပင်လျှင် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
အရင်တုန်းက ဧကရာဇ်ပညာရှင် ၂၀ကျော်သည် ဧကရာဇ်ပိုရွှင်းကို ပိတ်ဆို့တိုက်ခိုက်ပြီး သူ့ကို အဝီစိသို့ တွန်းပို့ခဲ့စဉ်က သူတို့သည် အနာဂတ်ပြဿနာများကို တားဆီးနိုင်ခဲ့ပြီဟု တွေးထင်ခဲ့ကြ၏။
သို့သော်လည်း အဝီစိကို အမျိုးမျိုးသော အဆင့်များ ခွဲခြားထားမည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
မဟာအဝီစိ၏ ပတ်လည်မှာ ငရဲငယ် ၁၆ခုကို တည်ဆောက်ထားပြီး ဧကရာဇ်ပိုရွှင်းသည် ငရဲငယ်များထဲမှ တစ်ခုတည်းသို့သာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ အသက်ရှင်နေသေး၏။
အတိတ်ကာလတုန်းက ဧကရာဇ် ၂၀ကျော်ပင်လျှင် ဤကဲ့သို့သော လျှို့ဝှက်ချက်တစ်ခုကို သိရှိခဲ့လိမ့်မည် မဟုတ်ပေ။
သူတို့သည် အဝီစိသို့ ဝင်ရောက်လာခဲ့ခြင်း မရှိဘဲ ဤကဲ့သို့သော လျှို့ဝှက်ချက်တစ်ခုကို ဘယ်သူက သိရှိနိုင်ပါ့မလဲ။
အရင်တုန်းက အဝီစိကို ဖိနှိမ်ထားသည့် ငရဲဖိနှိမ်မီးဖိုနှင့်အတူ ဤနေရာသို့ ဝင်ရောက်လာသော သက်ရှိများစွာသည် ငရဲငယ်တစ်ခုထဲမှာ ပိတ်မိသွားသည်ဆိုလျှင်တောင် သူတို့သည် အသက်ရှင်လျက် ပြန်ထွက်နိုင်တော့မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် တော်သေးသည်ဟု ခံစားလိုက်ရ၏။
ကံကောင်းထောက်မစွာဖြင့် သူတို့၏ မဆင်မခြင် ဝင်ရောက်လာမှုက မဟာအဝီစိသို့ ရောက်ရှိမသွားခဲ့ပေ။
မဟုတ်ပါက သူတို့သည် အမှန်တကယ် သေကြေပျက်သုဉ်းခဲ့ရပေလိမ့်မည်။