တဝက်တပျက်ပြီးမြောက်ခြင်းအဆင့်.......
Vol. 61 Ch. 854
သုံးရက်လောက်ကြာပြီးနောက်.....
လီလော့၏ ကြိုးပမ်းမှု နောက်ဆုံးတွင် နိဂုံးချုပ်သွားခဲ့သည်။
သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သောအခါ သူ့ပတ်ဝန်းကျင်ရှိ ပဲ့တင်ထပ်သံစွမ်းအားများ တဖြည်းဖြည်း လျော့ပါးလာကာ အားလုံး သူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားကြသည်။
အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့လက်နှစ်ဖက်လုံးကို ရှေ့ကိုဆန့်ပြီး သူ့ရဲ့ပဲ့တင်ထပ်သံစွမ်းအားတွေကို ဖြန့်ထုတ်လိုက်သည်။
ဤအခိုက်အတန့်တွင် အသွေးအသားများထဲ၌ ရွှေရောင်အလင်းတန်းတစ်ခု စီးဆင်းသွားပြီး သူ့အသားအရည်ပေါ်၍ ရွှေရောင်ဖျော့ဖျော့အလွှာတခုရှိနေကာ ဖျက်ဆီး၍မရနိုင်သလိုပင် ထင်ရသည်။
လီလော့ ပဲ့တင်ထပ်သံစွမ်းအားများကို ဆက်လက် ထုတ်လွှင့်သည်နှင့် ရွှေရောင်များ ပို၍ ပို၍ တောက်ပလာကာ နောက်ဆုံးတွင်၊ ပုံသဏ္ဍာန်အချို့ပေါ်လာသည်။
အသွေးအသားထဲတွင် စိမ့်ဝင်နေသော ထူးခြားသည့်ပုံသဏ္ဍာန်များက တကယ့်ကိုဆန်းကြယ်လှပေသည်။
လီလော့ သူတို့ကို စစ်ဆေးကြည့်ရင်း အပြုံးတစ်ခု ပေါ်လာသည်။ ရွေနတ်ဆိုးခန္ဓာအဆင့်သို့အောင်မြင်ပြီးနောက် ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ရောက်ရန် ကြိုးပမ်းရာတွင် သူ၏ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အဲ့မိုကွမ်းအလင်းတန်းအားလုံးကို အသုံးပြုခဲ့သည်။
ကံမကောင်းစွာပဲ၊ သူသည် အဆုံးတွင် ဖန်သားနတ်ဆိုးခန္ဓာအဆင့်ကို လုံးလုံးလျားလျား တက်လှမ်းနိုင်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် သူ့အနေအထားကို တဝင်တပျက်အဆင့်ဟုယူဆနိုင်သည်။ အတိအကျပြောရလျှင် အရေပြားပေါ်၌ ဆန်းကြယ်သောပုံသဏ္ဍာန်များ ထွက်ပေါ်လာခြင်းမှာ ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ တစ်ဝက်တစ်ပျက်ရောက်နေပြီဟု ဆိုလိုခြင်းပင်ဖြစ်သည်။
ထူးဆန်းသည်မှာ၊ သူသည် သုံးရောင်ခြယ်ဖန်သားအဆင့်ကိုရောက်ရန် ယခင်က လီကျင်းဇယ်ကို ကတိပေးခဲ့သောကြောင့် ကိုးပေါက်ရွှေကျောက်တုံးကိုပင်အသုံးပြုခဲ့သည်။
သုံးရောင်ခြယ်ဖန်သားအဆင့်သည် ဖန်သားနတ်ဆိုးခန္ဓာအဆင့်တွင် အမြင့်ဆုံးမားဆုံးအခက်အခဲဖြစ်သည်။ သို့သော် လက်ရှိအခြေခံအုတ်မြစ်ဖြင့် ၎င်းကို မရရှိနိုင်ပေ။
သူ၏လက်ရှိအခြေအနေကိုကြည့်ကာ၊ နောက်ထပ်အခွင့်အရေးတစ်ခုရလာသည်နှင့်တစ်ပြိုင်နက် ဖန်သားနတ်ဆိုးခန္ဓာအဆင့်၏အမြင့်ဆုံးအမှတ်သို့ရောက်ရှိရန် ဂရုတစိုက်ဆက်လက်ကျင့်ကြံရပေမည်။
"ဒါဟာ တကယ့်ကို မကြုံဖူးတဲ့ အောင်မြင်မှုတစ်ခုပဲ..."
ဤသည်မှာ ကျင့်ကြံခြင်းစတင်ချိန်မှစ၍ အလျင်မြန်ဆုံးအဆင့်တက်ခြင်းဖြစ်သဖြင့် ဤအောင်မြင်မှုက ကျေနပ်လောက်စရာပင်....
မူလက နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့် ဖြစ်ပြီး ငွေနတ်ဆိုးခန္ဓာအဆင့်နှင့် ရွှေနတ်ဆိုးခန္ဓာအဆင့်တို့ကို ကျော်ဖြတ်နိုင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူသည် ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့သွားရာ လမ်းတစ်ဝက်သို့ပင်ရောက်ရှိခဲ့ချေပြီ။
သူဘယ်နှစ်ဆင့်ကျော်သွားလဲဆိုတာကို သိရရင် ဘယ်သူမဆို အံ့သြသွားကြလိမ့်မည်။
သူသည် ဤအောင်မြင်မှုများအတွက် ပြင်ဆင်ရန် အချိန်နှင့် အားထုတ်မှုများစွာကို သုံးစွဲခဲ့ပြီး ပဲ့တင်ထပ်သံ သုံးခု၏ အကျိုးကျေးဇူးများကို အမြင့်ဆုံးအထိ အသုံးချနိုင်ခဲ့သည်။
သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အဆုံးသတ်မှာ အောင်မြင်ခဲ့တာ ကံကောင်းသည်ဟုဆိုရမည်။ သူ၏ကိုယ်ပိုင်ခန့်မှန်းချက်ကိုအခြေခံတွက်ချက်လျှင် လက်ရှိ၌ ကြယ်တာယာခရီးရှည်ကောလိပ်ရှိ ကြယ်နှစ်ပွင့်ခန်းမရှိစီနီယာအဆင့်၌ပင် ရှိနေသင့်သည်ဟု ခံစားနေရသည်။
ကြယ်နှစ်ပွင့်ခန်းမရှိ ကျောင်းသားအများစုသည် ဖန်သားနတ်ဆိုးခန္ဓာအဆင့်မှလူများနှင့် နှိုင်းယှဉ်နိုင်သည်။
အကယ်၍ သူသာ ကြယ်တာယာခရီးရှည်ကောလိပ်တွင် ထိုကဲ့သို့ တိုးတက်မှုကို ပြသခဲ့မည်ဆိုလျှင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေမည်မှာ သေချာပါသည်။သူသာလျှင် ကြယ်တာယာခရီးရှည်ကောလိပ် တည်ထောင်ပြီးကတည်းက ဤမျှလျင်မြန်စွာ တိုးတက်လာမည့် ပထမဆုံးသူဖြစ်မည်ဟု ရဲဝံ့စွာပြောနိုင်သည်။
သာမာန်အားဖြင့် ပြောရလျှင် ဤကဲ့သို့သော အဆင့်မျိူးက ကြယ်သုံးပွင့်ခန်းမရှိ ထိပ်တန်းကျောင်းသားများသာ တက်လှမ်းနိုင်သည့် အရာဖြစ်သည်။
သို့သော် ယင်းသည် ဟန်ချက်ညီသော နှိုင်းယှဉ်မှုမျှသာ ဖြစ်သည်။ အခုဆို အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးသို့ရောက်နေပြီး သူ့တွင် နဂါးစွယ်ကလန်မှ ပံ့ပိုးကူညီမှုနှင့် အရင်းအမြစ်များ အားလုံးရှိသည်။ ကြယ်တာယာခရီးရှည်ကောလိပ်မှ ကျောင်းသားများနှင့် နှိုင်းယှဉ်ပါကသူ၏ တိုးတက်မှုသည် အံ့သြစရာမဟုတ်ပေ။ သူတကယ် နှိုင်းယှဥ်လိုလျှင် အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးမှထိပ်တန်း ပါရမီရှင်များနှင့်သာ နှိုင်းယှဉ်သင့်သည်။
မည်သို့ပင်ဆိုစေကာမူ၊ အဆင့်များကို ကျော်ဖြတ်ခြင်းသည် လီချင်းဖုန်း၊ လုချင်းမိန်နှင့် တျန်ဖုန်းရှန်တို့ကဲ့သို့ ထိပ်တန်းအရည်အချင်းရှိသူများနှင့် သူ့ကြားက ခွန်အားကွာဟချက်ကို ကျဉ်းမြောင်းသွားစေခဲ့သည် ။
"ဒီအတိုင်းဆို ပြင်ပနတ်ဘုရားတိုက်ကြီးမှာနေခဲ့တာ အချိန်ဖြုန်းပစ်ခဲ့သလိုပဲ.... "
လီလော့ ထိုအကြောင်းကို စဉ်းစားရင်း သက်ပြင်းချလိုက်သည်။ လီချင်းဖုန်းနှင့် များစွာနောက်ကျကျန်နေခဲ့သည်မှာ သူ၏အရည်အချင်းမရှိခြင်းကြောင့်မဟုတ်ပေ။ သူတို့အတွက်အရင်းအမြစ်တွေ အများကြီးရှိလို့သာ။
ဥပမာအားဖြင့်၊ ဟွမ်လုံရှီးရေကန်ကဲ့သို့သော ရှားပါးအခွင့်အရေးများကို ရှပြည်ထောင်စုတွင် မရရှိနိုင်ပေ။
လီလော့ မတ်တပ်ထရပ်လိုက်ပြီး လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ ယခု သူ့ခန္ဓာကိုယ်၌ များပြားပြင်းထန်သော စွမ်းအားများဖြင့် ပြည့်နှက်နေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။ သူ၏ကိုယ်ပိုင်ခန့်မှန်းချက်အပေါ်အခြေခံ၍ သူသည် မိုးကြိုးနတ်ဘုရားခန္ဓာကြောင့်ရရှိထားသော အသံလှိုင်းနှစ်ခု အဆင့်ထက် မနည်းသောစွမ်းအားများပိုင်ဆိုင်ထားပြီဖြစ်သည်။
ဒီနှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် သူ့ရဲ့ ကြံ့ခိုင်မှုဟာ အံ့သြစရာကောင်းလောက်အောင် မြင့်မားလာမှာ သေချာသည်။ သို့သော်... ချင်ရိနှင့် သူမ၏ တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်တို့နှင့် ယှဉ်လျှင်တော့ အားနည်းနေပေဉီးမည်။
သူသည် မိုးကြိုးနတ်ဘုရားခန္ဓာ ကို အမြင့်ဆုံးအဆင့်ဖြစ်သော အသံလှိုင်းငါးခုထိရောက်အောင် လေ့ကျင့်နိုင်လျှင် ချင်ရိ၏အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
လီလော့ လက်သီး တင်းတင်းဆုပ်လိုက်ပြီးနောက် ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ထိုးချလိုက်လေသည်။ သူ၏ လက်သီးချက်ကြောင့် လေထုထဲတွင် ကျယ်လောင်စွာ မြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။
ရလဒ်ကို သူအရမ်းသဘောကျနေပြီ..... ဒီအောင်မြင်မှုက တကယ်ကို ခွန်အားဖြစ်စေခဲ့တယ်.... အလင်းတန်းသုံးသောင်းငါးထောင်ကို စုဆောင်းဖို့ သူကြိုးစားခဲ့ရတဲ့ နာကျင်မှုနဲ့ ထိုက်တန်ပါတယ်....
လေ့ကျင့်ရေးခန်းမက ပြန်လာပြီးနောက် သုံးရက်တိုင်တိုင် အငတ်ခံထားရသဖြင့် အစေခံပြင်ဆင်ပေးသော အစားအသောက်များကို အားပါးတရသုးသောက်ခဲ့သည်။
သူစားသောက်ပြီးနောက် တတိယ ခန်းမ သခင်ရောက်လာကြောင်း အစေခံတယောက် သတင်းလာပို့လေသည်။
"ဒေါ်လေးယွင့်....?"
လီလော့ ထိုအကြောင်းကိုကြားသည်နှင့် သူမကို ကိုယ်တိုင်ကိုယ်ကျကြိုဆိုရန် ပြေးဆင်းသွားခဲ့သည်။
လီရုန်ယွင့်က လီလော့ကိုမြင်ပြီး အံ့သြသွားသည်။
"နင် အဆင့်တက်သွားပြီပဲ....နင့် ခန္ဓာကိုယ်တစ်ဝိုက်က ရွှေရောင်တောက်နေတဲ့ အလွှာကိုကြည့်ရင် ရွှေနတ်ဆိုးခန္ဓာ အဆင့်ကို ရောက်နေပြီလို့ ငါထင်တယ်...."
လီရုန်ယွင့်သည် မြို့စားအဆင့် ဖြစ်သည်။ လီလော့၏ ခန္ဓာကိုယ်ထဲတွင် တည်ရှိနေသေးပြီး လုံးလုံး အကင်းမသေသေးသော ပဲ့တင်ထပ်သံစွမ်းအားများကို အာရုံခံ၍ သူမ အလွယ်တကူ ဆုံးဖြတ်နိုင်သည်။
"ကံကောင်းလို့ပါဗျာ...."
လီလော့က လီရုန်ယွင့်ကို ထိုင်ခုံဆီသို့ လမ်းညွှန်ပေးရင်း နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
လီရုန်ယွင့် ထိုကိစ္စကို သိပ်ပြီး မအံ့သြမိပေ။ လီလော့ ဟွမ်လုံရှီးရေကန်ဒ နဂါးမီးတောက် စုစုပေါင်း ခုနစ်ခုကို ရရှိခဲ့ကြောင်း သူမသိသည်။ဒါဟာ အောင်မြင်မှုရရှိရန် သူ့အတွက် လုံလောက်သည်ထက်ပိုပါသည်။
"ဘာကိစ္စများရှိလို့လဲ ဒေါ်လေး...."
" နဂါးစွယ်ကလန်က တံခွန်လေးဖွဲ့လုံး အနောက်ဘက်ခြမ်းက အမှောင်နယ်မြေ ကို ဦးတည်သွားမယ်လို့ ငါကြားတယ်..."
လီလော့ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူ၏အောင်မြင်မှုများအတွက် တံခါးပိတ်ကျင့်ကြံနေစဉ် မစ်ရှင်ကို ကြေညာထားပုံရသည်။
လီလော့ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
"ငါလည်း အနောက်ဘက်ဒေသကို မပြန်ရတာကြာပြီ" ဟု လီရုန်ယွင့်က သက်ပြင်းချကာ ပြောလိုက်သည်။
"ဒေါ်လေး အဲ့မှာ နေခဲ့ဖူးလို့လား... "
" ငါ့ရဲ့လီကလန်က အနောက်ဘက်ဒေသမှာရှိတာလေ....ဒါပေမယ့် အစိမ်းရောင်နယ်သာခန်းမကို တာဝန်ယူပြီးကတည်းက အိမ်မပြန်ဖြစ်ခဲ့ဘူး...."
လီရုန်ယွင့်က ပြုံးပြီး သူ့အိတ်ကပ်ထဲက ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်ကာ...
"မစ်ရှင်အတွက် မင်းအနောက်ဘက်ဒေသကို သွားမယ်ဆိုရင် မင်းအကူအညီလိုရင် လီကလန်ကို ဆက်သွယ်လို့ရတယ်....နောက်ပြီး ဒီဆေးပြားတွေကို ငါ့တူမလေးဆီ ပို့ပေးနိုင်မလား...?"
ဒါကိုကြားတော့ လီလော့ရဲ့နှလုံးသား အနည်းငယ်တုန်လှုပ်သွားခဲ့သည်။လီရုန်ယွင့်ကို ပထမဆုံးတွေ့ခဲ့စဉ်က အချိန်ကို သူ သတိရမိသည်။ ထိုနေ့တွင်၊ ကျန်းချင်းအာ၏ အလင်းနှလုံးသားယဇ်ပူဇော်မှုကို သက်သာစေရန် လီရုန်ယွင့်က သူ့တူမအတွက် မူလရည်ရွယ်ထားသည့် ရှားပါးရတနာတစ်ခုကို ထုတ်သုံးခဲ့ရသည်။
"ရပါတယ် ဒေါ်လေးရဲ့ စိတ်မပူပါနဲ့၊ ပို့ပေးပါ့မယ်...."
"ဒါနဲ့ ညီမဝမ်းကွဲရဲ့ နာမည်က ဘယ်လိုလဲ... သူ့ဒဏ်ရာက ဘယ်လိုကြောင့်ရခဲ့တာလဲ... ကျွန်တော် ကူညီနိုင်ရင် ကူညီပါ့မယ်.....
ဒါကိုကြားတော့ လီရုန်ယွင့် က သက်ပြင်းချလိုက်ပြီး "အဲဒီမိန်းကလေးက လီလင်းကျင်း လို့ခေါ်တယ်...ဒီကလေးက ငါတို့ကလန်ရဲ့ ပါရမီရှင်လေးပါ.....မတော်တဆကြောင့်သာမဟုတ်ရင် နဂါးစွယ်ကလန်ရဲ့ တံခွန်လေးခုကို ဝင်ဖို့ သေချာပေါက် ရွေးချယ်ခံရမှာ.... ...."
"ဘယ်လိုဖြစ်တာလဲ?"
"လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမှောင်နယ်မြေကို လေ့ကျင့်ရေးဆင်းခဲ့တုန်းက ကမ္ဘာခြားသက်ရှိတွေကြောင့် ဒဏ်ရာရသွားပြီး သူမရဲ့ အခြေခံအုတ်မြစ်လည်း ပျက်စီးသွားတယ်....အဲ့ဒီ့ကတည်းကတိုးတက်မှုတွေ အရင်ကထက် အရမ်းနှေးကွေးလာတယ်.... နှစ်တွေကြာလာတာနဲ့အမျှ၊ အရင်က ပါရမီရှင်တစ်ယောက်ရဲ့ ဂုဏ်သတင်းဟာ သူမအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့ပြီး သူမရဲ့ ပင်ကိုယ်စွမ်းရည်ကို မနာလိုတဲ့ လူတော်တော်များများက သူမအတွက် သုံးစွဲထားတဲ့ အရင်းအမြစ်အားလုံးကို ဖြုန်းတီးတဲ့အတွက် သူမကို ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ခဲ့ကြတယ်....."
ဒါကိုကြားတော့ လီလော့ သက်ပြင်းချလိုက်မိသည်။
အမှိုက်ဖြစ်ခဲ့တဲ့ ပါရမီရှင်ဟောင်းတစ်ဦး....
ဒီဇာတ်လမ်းကို သူ ရင်းနှီးခဲ့တယ်...သူကိုယ်တိုင်လည်း ကြုံတွေ့ခံစားခဲ့ဖူးတယ်...... ....