အကြွင်းမဲ့ ကာကွယ်ရေး....
Vol. 61 Ch. 841
လီချင်းဖုန်း ရောက်လာသည်ကို မြင်သောအခါ လီလော့တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
တကယ်ဆို အချိန်နည်းနည်းပဲ လိုတော့တာ....
"တံခွန်ကိုင် လီလော့...ရွှေနဂါးပတ်တိုင်က ပိုင်ရှင်မရှိသေးဘူး... အဲ့တော့ ကျုပ်အနေနဲ့ ရွှေနဂါးပတ်တိုင်အတွက် ပွင့်ပွင့်လင်းလင်းယှဉ်ပြိုင်ချင်ပါတယ်...."
လီချင်းဖုန်း၏ ပြတ်သားသော စိန်ခေါ်သံ ထွက်ပေါ်လာသည်။
"မဖြစ်နိုင်ဘူး!"
လီလော့က ဒေါသတကြီး ပြန်ဖြေလိုက်သည်။ သူအောင်မြင်ခါနီးမှာပဲ လီချင်းဖုန်း ရောက်လာခြင်းဖြစ်သည်။
"အဲ့ဒါဆိုရင် မင်းကို အတင်းအကြပ်ဖိအားပေးရတော့မှာပေါ့...."
လီချင်းဖုန်းက ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ရင်း ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းလုံးကြီးများ သူ့ထံမှ ဖြာထွက်ကာ လေဟာနယ်ကိုပင် လှုပ်ခါသွားစေသည်။
သူ့တွင် အချိန်ဆွဲဖို့ ရည်ရွယ်ချက်မရှိတာကြောင့် လက်သီး ဆုပ်ထားပြီး လက်သီးချက်ထုတ်ဖော်လိုက်လေသည်။
"လီလော့၊ မင်း ဘာလို့ ငါ့ရဲ့ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို မစမ်းကြည့်တာလဲ...."
ထိုလက်သီးတစ်ချက်ကြောင့် စွမ်းအင်မုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်လာပြီး အဆုံးမဲ့ပြင်းထန်သော မှော်စာလုံးများ ရေးထွင်းထားသော ဧရာမလက်သီးများ ထွက်ပေါ်လာကာ ကောင်းကင်ယံထိတိုင် ပြင်းထန်သောဖိအားများ မြင့်တက်လာစေသည်။
"နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်, ကောင်းကင်နဂါးလက်သီး!"
လီချင်းဖုန်း၏ ပထမဆုံး တိုက်ခိုက်မှုက အညှာတာမှုကင်းမဲ့လှသည်။ ဒီလက်သချက်တစ်ချက်က ချင်ရိရဲ့ ရေစီးကြောင်းတစ်ထောင်သတ်ခြင်းထက်တောင် ပိုပြင်းထန်နေသည်။
လက်သီးချက်က ကြယ်တွေရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပုံရပြီး သူ့ရဲ့ ပြင်းထန်တဲ့ စွမ်းအားက လေဟာနယ်ကိုပင် ဖြိုခွဲပစ်လိုက်သည်။
ဝုန်းးးးး
သူတို့နောက်မှာ ငြိမ်ငြိမ်လေးရပ်နေတဲ့ တံခွန်ကိုင်တွေရဲ့ အမူအရာတွေလေးနက်ကုန်သည်ယ လီချင်းဖုန်းက လီလော့ကို ရွှေနဂါးပတ်တိုင်ပေါ်မှဆင်းအောင် တစ်ချက်တည်းထိုးနှက်ရန် ဆုံးဖြတ်ခဲ့သည်။
လုချင်းမိန် ပင်လျှင် ရှောင်တိမ်းခဲ့ရသည်၊ ထို့ကြောင့် လီလော့အနေဖြင့် ၎င်းကို ထိပ်တိုက်ရင်ဆိုင်နိုင်ပါ့မလား......
လီလော့သည် သူ့ဆီသို့ ဦးတည်ပျံသန်းနေသော ပြင်းထန်လွန်းသော လက်သီးချက်ကို ကြည့်ရှုရန် ခေါင်းမော့လိုက်တော့ သူ့အမူအရာက နှိုင်းယှဥ်၍မရလောက်အောင် ဆိုးရွားသွားခဲ့သည်။ သူသည် ချင်ရိကို တိုက်ရာတွင် စွမ်းအင်များစွာကို သုံးစွဲခဲ့ပြီး ယခုအခါ လီချင်းဖုန်းကို ရင်ဆိုင်ရန် အခက်တွေ့နေသည်။
သို့သော် တိုက်ခိုက်မှုကို ရှောင်လွှဲ၍မရကြောင်း ထင်ရှားနေသည်။
လီလော့ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြီးပြည့်စုံသော အမိုးခုံးတစ်ခုဖြစ်လာတော့မည့် ရွှေရောင်အလင်းတန်းကို စိုက်ကြည့်ရင်း ရှေးဟောင်းဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။
အချိန်ခဏလေးပဲလိုတော့တာ...... ဒါပေမယ့် မဖြစ်နိုင်ဘူးထင်ပါရဲ့....
လီလော့၏ ခန္ဓာကိုယ်ထဲမှ များပြားသော စွမ်းအင်များစွာ ထွက်လာပြီး လီချင်းဖုန်း၏ ရက်စက်ကြမ်းကြုတ်သော လက်သီးကို လက်တုံ့ပြန်ရန် ပြင်နေချိန်၌ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။
ရွှေရောင်အလင်းတန်းအပြင်ဘက် ကွက်လပ်တွင် အဝါရောင်စွမ်းအင်လှိုင်းများ ဒီရေကဲ့သို့ လွင့်ထွက်နေသည်။ ၎င်းနောက်တွင် နီးကပ်စွာ လိုက်ပါလာခဲ့သည့်အရာမှ ကြီးမားလှသော အဝါရောင် နဂါးအစွယ်များဖြစ်ပြီး ရှေ့သို့လျင်မြန်စွာ ရွေ့လျားလာနေသည်။ ဤအစွယ်များက အနည်းငယ် စိတ်ဝင်စားစရာကောင်းသည်။၎င်းတို့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် ထက်ရှခြင်း သို့မဟုတ် သေစေန်ိုင်ခြင်းမရှိသော်လည်း ၎င်းတို့သည် ကြီးမားခိုင်ခံ့ပြီး အနည်းငယ် ကိုးရိုးကားယားဖြစ်ပုံရသည်။
နဂါးအစွယ်များက တစ်ခုနှင့်တစ်ခု ရောယှက်နေပုံရပြီး၊ ၎င်းတို့ပေါ်တွင် မြေစွမ်းအား မှော်စာလုံးများက အကာအကွယ်ပေးထားသည်။
ဤနဂါးအစွယ်ဒိုင်းကို ဖွဲ့စည်းလိုက်သောအခါ၊ ရက်စက်ကြမ်းကြုတ်သော ကောင်းကင်ဘုံနဂါးလက်သီးချက်များက လေဟာနယ်ကိုဖြတ်ကျော်ကာ ၎င်း၏မျက်နှာပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာသည်။
ဘန်းးးးးးး
ပေါက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်ပြီး ကြောက်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ စွမ်းအင်ပမာဏများစွာ နေရာတိုင်းမှာ ပေါက်ကွဲထွက်နေလေ၏။
မြူခိုးများ တိုက်ရိုက်ကွဲထွက်သွားပြီး မီတာထောင်ပေါင်းများစွာအတွင်း လေထုကို ရှင်းထုတ်ပစ်လိုက်သည်။ အနောက်ဘက်ရှိ တံခွန်ကိုင်များပင်လျှင် တုန်လှုပ်ချောက်ချားမှုကို ခံစားရနိုင်ပြီး ၎င်းတို့ကိုယ်ကိုကိုယ် ကာကွယ်ရန် ပဲ့တင်ထပ်သော စွမ်းအားများကို အလျင်အမြန် ဖြန့်ကျက်လိုက်ရသည်။
လူတိုင်း၏ ထိတ်လန့်သော အကြည့်များက ရွှေနဂါးပတ်တိုင်ဆီသို့ ဦးတည်သွားကြသည်။
စွမ်းအင်ပေါက်ကွဲမှု ရပ်တန့်သွားသောအခါ လူတိုင်း၏အကြည့်များ ပို၍လေးနက်လာသည အဝါရောင်အကာအရံ ဆက်လက်တည်ရှိနေပြီး၏၎င် မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများစွာရှိနေသော်လည်း အလုံးစုံမပျက်စီးသေးပေ။
တစ်ဖက်တွင်၊ လီချင်းဖုန်း၏ ကောင်းကင်နဂါးလက်သီးကတော့ ပျောက်ကွယ်သွားပြီဖြစ်သည်။
ဤသည်မှာ သူ့လက်သီးချက်က ဤအကာကို မဖျက်ဆီးနိုင်ခဲ့ဟု ဆိုခြင်းဖြစ်ပါသည်။
တံခွန်ကိုင်များ အားလုံး၏ စိတ်နှလုံးသားများ ကမောက်ကမ ဖြစ်ခဲ့ရသည်။ တံခွန်ကိုင် နှစ်ဆယ်ထဲတွင် လီချင်းဖုန်း၏ အထိန်းအကွပ်မဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်သူရှိနေသေးသလား....
ဘယ်သူဖြစ်နိုင်မလဲ.....
ချင်ရိလည်း အံ့သြသွားမိသည်။ ဒီလို မယိမ်းယိုင်တဲ့ အကာအကွယ်မျိုးက ကြောက်စရာကောင်းလှပေသည်။သူမပင်လျှင် ထိုကဲ့သို့သော ခံစစ်ကို ဖြတ်ကျော်ရန် အချိန်အနည်းငယ် လိုအပ်ပေလိမ့်မည်။
တံခွန်ကိုင် အယောက်နှစ်ဆယ်တွင် မည်သူက ထိုသို့သော အကြွင်းမဲ့ ကာကွယ်ရေးကို ပိုင်ဆိုင်ထားသနည်း.....
လီချင်းဖုန်း အပါအဝင် အခြားသူများက ဤရုတ်တရက် အခြေနေကြောင့် အံ့အားသင့်နေကြသည်။
"ဒါက နဂါးစွယ်ကလန်နဲ့ သက်ဆိုင်တဲ့ ပျက်သုန်းခြင်းအစွယ်ပညာရပ်မလား...ဒါဆို လီကျင်းထောင်လက်ချက်လား..."
လီချင်းဖုန်း၏ သုံးသပ်ချက်ကို ကြားခဲ့ရတဲ့ တံခွန်ကိုင်အားလုံး သူတို့ရဲ့စိတ်ထဲမှာ ဗုံးပေါက်ကွဲသလို ခံစားလိုက်ရသည်။
လီကျင်းထောင် လှုပ်ရှားလိုက်တာလား....
နဂါးစွယ်ကလန်၏ ခရမ်းဝိဉာဉ်တံခွန်အဖွဲ့၏ တံခွန်ကိုငိ လီကျင်းထောင်သည် ခပ်လျှိုလျှိုနေတတ်သူဖြစ်သည်။သူ့ရဲ့ ခရမ်းဝိဉာဉ်တံခွန်အဖွဲ့သည် အလယ်အလတ်ရလဒ်များကို အမြဲပိုင်ဆိုင်ထားပြီး၊ အပြန်အလှန်ဆက်ဆံရာတွင် အလွန်ဖော်ရွေပြီး ထူးချွန်သူတစ်ဦးအဖြစ် လူသိများသည်။ သူသည် မည်သူနှင့်မျှ ပဋိပက္ခဖြစ်မည်မဟုတ်ကြောင်း သူတို့အမြဲတမ်း ခံစားခဲ့ရသည်။
ဒီအချိန်တိုင်း သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့တာလား....
ထို့အပြင် နဂါးစွယ်ကလန်၏ ပျက်သုန်းခြင်းအစွယ်ပညာရပ်က စိမ်းသက်နေသောအရာမဟုတ်ပေ။ ၎င်းသည် သတ်ခြင်းအပေါ် အာရုံစူးစိုက်ထားသည့် နည်းပညာတစ်ခုဖြစ်သည်။ တစ်ဖက်တွင်မူ ဤအဝါရောင်နဂါးအစွယ်များသည် ရောယှက်နေပြီး သတ်ဖြတ်ရန်ရည်ရွယ်ချက် သို့မဟုတ် ရက်စက်မှုမျိုး လုံးဝမရှိသော ပကတိအကာအရံတစ်ခုအဖြစ် ဖန်တီးထားသည်။
ပျက်သုန်းခြင်းအစွယ်ပညာရပ်ကို ဘယ်တုန်းက ခုခံကာကွယ်မှုအဖြစ် ပြောင်းလဲခဲ့တာလဲ... ကာကွယ်ရေးနဲ့ပတ်သတ်ရင် နဂါးအရိုးကလန်ကသာ နာမည်အကြီးဆုံးမဟုတ်လား......
ခဏလောက်တော့ အားလုံးစိတ်ရှုပ်ထွေးနေကြသည်။ ကောင်းကင်နဂါးကလန် ငါးခုစလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်ထူးခြားချက်များရှိသည်။ အထူးသဖြင့် လွှမ်းမိုးချုပ်ကိုင်မှု၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် နဂါးစွယ်ကလန်၏ ထူးခြားချက်များဖြစ်ငည်။ နဂါးးအစွယ်များသည် ၎င်း၏အပြင်းထန်ဆုံးလက်နက်များဖြစ်ပြီး မခံချင်စိတ်ရှိသောစိတ်နှလုံးသားကို ပိုင်ဆိုင်ထားမှသာလျှင် နဂါးအစွယ်ကလန် ပညာရပ်များး စစ်မှန်သောစွမ်းအားကို ပြသနိုင်မည်ဖြစ်သည်။
ပျက်သုန်းခြင်းအစွယ်ပညာရပ်ကို ဖောက်ဖျက်၍မရသော အကာအကွယ်တစ်ခုအနေဖြင့် အသုံးပြုနေခြင်းကို မည်သူမျှ အရိပ်အမြွက်မျှပင် မကြားဖူးခဲ့ပေ။
အားလုံး ထိတ်လန့်တုန်လှုပ်နေချိန်တွင် ဒိုင်းကာနောက်ကွယ်မှ အသွင်အပြင်တစ်ခု ထွက်ပေါ်လာပြီး ၎င်းအပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ထိုသူကတော့ အပြုံးတွေနဲ့ ပြည့်နှက်နေတဲ့ မျက်နှာထားရှိပြီး ကရုဏာတရားတွေ ပြည့်နှက်နေတဲ့ စံပြပုဂ္ဂိုလ် လီကျင်းထောင်ပင်ဖြစ်သည်။
ဒီလို အန္တာရာယ်ကင်းသူတစ်ယောက်ဆီမှာ ဘာ့ကြောင့် ထိတ်လန့်ဖွယ်စွမ်းရည်တွေရှိနေသလဲ ဘယ်သူမှ စဉ်းစားမရခဲ့ပေ။
"ဟားဟား...တောင်းပန်ပါတယ်.... မလှုပ်ရှားချင်ပေမယ့် ငါ့ရဲ့ တတိယညီလေးက ရွှေနဂါးပတ်တိုင်ကိုရဖို့ အတော်ကြိုးစားခဲ့ရတာ... တံခွန်ကိုင် လီချင်းဖုန်း၊ မင်း သူ့အခွင့်အရေးကို ဖျက်ဆီးတော့မလို့လား..."
လီချင်းဖုန်းက လီကျင်းထောင်ကို ထက်ရှသောအကြည့်ဖြင့်စိုက်ကြည့်နေပြီး.... "လီကျင်းထောင်....မင်းကိုယ်မင်း လေးလေးနက်နက် ဖုံးကွယ်ထားတာပဲ..."
သူတည်ဆောက်ထားတဲ့ ထိတ်လန့်စရာကောင်းတဲ့ ကာကွယ်မှုဟာ တခြား တံခွန်ကိုင်တွေနဲ့ရင်ဆိုင်ရရင်တောင် ရှုံးပွဲမရှိအောင် ဆက်ရှိနေနိုင်စေပေမည်။
လီကျင်းထောင်က ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး၊ မင်းငါ့ကို အထင်ကြီးလွန်းနေပြီ..... ငါ့မှာ ဒီခံစစ်စွမ်းရည်တစ်ခုပဲရှိတာ...တခြားဘာမှ မလုပ်နိုင်တော့ဘူး...."
လီချင်းဖုန်း မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။ လီကျင်းထောင် မုသားဆိုနေခြင်းမဟုတ်ကြောင်း သူပြောနိုင်သည်။ နောက်ဆက်တွဲ တိုက်ခိုက်ရန် စုဆောင်းထားသည့် အင်အားကို တွန်းလှန်ရန် မည်သည့် ရည်ရွယ်ချက်မျိုးမှ မခံစားရပေ။ ဒါကလည်း ဒီလူဟာ ဒီတစ်ခုတည်းသော ခံစစ်လှုပ်ရှားမှုအတွက် သူ့ရဲ့ အားထုတ်မှုအားလုံးကို အမှန်တကယ် သုံးစွဲခဲ့သည်ဟု ဆိုလိုခြင်းပင်....ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုများကြောင့်ကျော်ကြားသော နဂါးစွယ်ကလန်က ခိုင်ခံ့သော အကာအကွယ်မျိုး ထုတ်သုံးလာမည်ဟု မည်သူမျှ ထင်မထားပေ။
သူတို့နှစ်ဦး စကားပြောနေစဉ်တွင် လီလော့လည်း ထိုမြင်ကွင်းကြောင့် လုံးဝ ထိတ်လန့်သွားခဲ့သည်။
အမြဲတစေ လီဖန်းရိနှင့် မကြာခဏ စကားများလေ့ရှိသူသည် ထိုကဲ့သို့သော ဝှက်ဖဲမျိူးကိုင်ဆောင်ထားမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဒီအဆင့်ရဲ့ ကာကွယ်ရေးက နည်းနည်းတော့ ကြောက်စရာကောင်းနေသည်။ လီလော့သည်ပင် ထိုကဲ့သို့သော အကာအကွယ်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ကြောင်း ခံစားရသည်။
လီကျင်းထောင်၏ အချိန်ဆွဲမှုကြောင့် ရွှေနဂါးပတ်တိုင်ကို ဖုံးအုပ်နေသော အလင်းတန်းများ အပြည့်အဝ ဖွဲ့စည်းသွားပြီဖြစ်သည်။ ရွှေနဂါးပတ်တိုင်ထိပ်မှ တောက်ပသော ရွှေရောင်အလင်းတန်းများ အရပ်လေးမျက်နှာသို့ ဖြန့်ကျက်နေသည့်ကိုမြင်သောအခါ အားလုံး အမူအရာများ ရှုပ်ထွေးကုန်သည်။
ဒီထက်ပိုပြီး ရုန်းကန်ဖို့ ဘာအကြောင်းမှ မရှိတော့ဘူးပေ။
ရွှေနဂါးပတ်တိုင်သည် လီလော့၏ ပိုင်ဆိုင်မှုဖြစ်သွားခဲ့ချေပြီ.... ဒီရလဒ်ဟာ လွန်ခဲ့တဲ့ နေ့တစ်ဝက်လောက်က ဘယ်သူမှ မထင်မှတ်ထားတဲ့ ရလဒ်မျိုးပင်....