အနိုင်ရသူ.....
Vol. 61 Ch. 843
ဟွမ်းလုံရှီးရေကန်၏ အနက်ရှိုင်းဆုံးနေရာရှိ နဂါးပတ်တိုင်များ၏ သခင်များ ထွက်ပေါ်လာသောအခါ ရလဒ်များက အပြင်မှ ပရိသတ်များစွာကို အံ့အားသင့်စေခဲ့သည်။
အစောပိုင်းက သူတို့မျှော်လင့်ထားတာတွေနဲ့ သိသိသာသာ ကွဲပြားနေသည်မဟုတ်လော....
ရွှေနဂါးပတ်တိုင်ကို ချင်ရိ သို့မဟုတ် လီချင်းဖုန်းကသာရယူနိုင်မည်ဟု မျှော်လင့်ထားပြီး ၎င်းတို့ကသာ လူတိုင်းကို နှိမ်နှင်းနိုင်သော စွမ်းရည်နှင့် အစွမ်းသတ္တိရှိသည့် နှစ်ဦးသာဖြစ်သည်။
သို့သော်... လီလော့ကဖျက်မြင်းတစ်ကောင်အဖြစ် ပေါ်ထွက်လာခဲ့သည်။ ဒါက လူတိုင်းရဲ့မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်မဟုတ်လော....
ထို့အပြင်၊ လီကျင်းထောင်၏လုပ်ရပ်များကို လူတိုင်းမြင်ပြီးနောက် ဆွေးနွေးမှု၏ အကြီးကျယ်ဆုံးအကြောင်းအရာများထဲမှ တစ်ခုဖြစ်လာခဲ့သည်။အများအမြင်တွင် သူသည် ကြီးကျယ်ခမ်းနားသောအောင်မြင်မှုများမရှိသော သာမန်ပုံစံယောက်ျားလေးတစ်ဦးဖြစ်သည်။ သူသည် နဂါးစွယ်ကလန်မှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်သော်လည်း သူ့ကို မည်သူမျှ အာရုံစိုက်မှု မရှိခဲ့ပေ။ သူ့တွင် ဖုံးကွယ်ထားသော ဤကဲ့သို့သော ဝှက်ဖဲ တစ်ခုရှိမည်ဟု မည်သူထင်မည်နည်း။
တိုက်စစ်အမျိုးအစားမြို့စားအဆင့်ပညာရပ်ကို ခံစစ်အဖြစ်သို့ ပြောင်းလဲခြင်းသည် သူ့အတွက် အမှန်တကယ် ထူးဆန်းသော်လည်း ၎င်းသည် ထူးထူးခြားခြား စွမ်းရည်များကို အခြားသော သဘောတရားများဖြင့် ဖော်ပြခဲ့သည်။
နဂါးပတ်တိုင် သုံးခုကိုရရှိသောနဂါးအစွယ်ကလန်က အခြားကလန်လေးခုကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။
ထိုကဲ့သို့ ကောက်ချက်ချခြင်းသည် ပြင်ပဧည့်သည်များအတွက်သာမက ကောင်းကင်နဂါးကလန်ငါးခု၏ အကြီးအကဲများအတွက်လည်း အံ့အားသင့်စရာပင်။
လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း လီတိုင်ရွှမ် နဂါးစွယ်ကလန်မှထွက်ခွာသွားပြီးနောက် နဂါးစွယ်ကလန်၏မျိုးဆက်သစ်လူငယ်များတွင် အရည်အချင်းရှိသော ပါရမီရှင်မရှိခဲ့ပေ။
သူတို့၏ စွမ်းဆောင်ရည်ကြောင့် လီကျင်းဇယ်က ဖြစ်နိုင်သမျှ အခွင့်အရေးတိုင်းကိုကြံဆ၍
ဟွမ်လုံရှီးရေကန်ကို မဖွင့်ရန် တွန်းအားပေးခဲ့သည်။ဤသည်ကိုကြည်ခြင်းဖြင့် စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တစ်ခုကို သူ မမြင်ချင်ခဲ့တာ ရှင်းနေပေသည်။
ဒါကြောင့်လည်း ဒီတစ်ခေါက်ပွဲကို တော်တော်များများကစိတ်ဝင်စားနေကြခြင်းဖြစ်သည်။ လီကျင်းဇယ်က ဟွမ်းလုံရှီးရေကန်ကို ဖွင့်လှစ်ရန် ဤတစ်ကြိမ်သာ သူ၏ ရပ်တည်ချက်ကို အမှန်တကယ် ပြောင်းလဲခဲ့သည်။
လီလော့ရဲ့အကျိုးအတွက် သူလုပ်ခဲ့တာမှန်းအားလုံး ကောင်းကောင်းသိနေကြသည်။
လီလော့အဖို့ကတော့ ရှားပါးပြီး အဖိုးတန်သောအခွင့်အရေးကို အပြည့်အဝအသုံးချရန်သာလိုအပ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ဟွမ်းလုံရှီးရေကန်အတွင်းရှိ တိုက်ပွဲအားလုံးက တစ်ဦးချင်းစီ၏ ခွန်အားပေါ်တွင်မူတည်နေပြီး အားကိုးစရာ အခြားမည်သူမှမရှိပေ။ လီလော့ကိုယ်တိုင်သာ အစွမ်းထက်ခြင်းမရှိပါက၊ လီကျင်းဇယ်က သူ့အဘိုးဖြစ်နေသည့်တိုင် နဂါးပတ်တိုင်ကို ရရှိရန် နည်းလမ်းမရှိပေ။
လီလော့၏ ခွန်အားအရဆို အနိမ့်ဆုံးအဆင့် ကြေးနဂါးပတ်တိုင်တစ်တိုင်ကိုပင် ရရှိနိုင်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
ထို့ကြောင့် လီကျင်းဇယ်၏ ရပ်တည်ချက် အပြောင်းအလဲကို အဓိပ္ပာယ်မရှိနိုင်ဟုသာ သတ်မှတ်ထားခဲ့ကြသည်။
သို့သော်... သူတို့အားလုံး စိတ်ကူးထားသည်နှင့် တက်တက်စင်အောင်လွဲချော်ခဲ့ပြီး နဂါးစွယ်ကလန်သားများက အံ့မခန်းစွမ်းဆောင်ရည်ကို ပြသခဲ့ကြသည်။
နဂါးကလန်သားများက နဂါးပတ်တိုင်သုံးခုကို သိမ်းယူသွားခဲ့သည်။ ဤသည်မှာ နှစ်ပေါင်းရာနှင့်ချီအတွင်း နဂါးစွယ်ကလန်၏ အကောင်းဆုံးအောင်မြင်မှုဖြစ်သည်။
ထိုရလဒ်ကြောင့် ဧည့်သည်တော် အများအပြားက လီကျင်းဇယ်၏ အမြော်အမြင်နှင့် အကဲဖြတ်မှုကို တိတ်တဆိတ်ချီးကျူးနေကြသည်။
သို့သော်၊ နဂါးသွေးကလန်မှ အကြီးအကဲများကတော့ အလွန်ပင် ပဟေဠိဆန်ပြီး စိတ်ဖိစီးနေပုံရသည်။ နဂါးစွယ်ကလန်ကသာ အစဉ်အဆက် အံ့သြဖွယ်အောင်မြင်မှုများကို ဆောင်ကျဉ်းခဲ့ကြစမြဲပင်....
ရွှေနဂါးပတ်တိုင်က လီချင်းဖုန်းအတွက်သာဖြစ်ရမည်ဟု ကြိုတင်သတ်မှတ်ထားပြီးသားပင်.......
ငွေနဂါးပတ်တိုင်များထဲမှ တစ်ခုကိုတော့ လီဟုန်လိအတွက် ရည်စူးထားသည်။
နဂါးသွေးကလန်ဘက်က ရွှေနဂါးပတ်တိုင်တစ်တိုင်နှင့် ငွေနဂါးပတ်တိုင်တစ်တိုင်သိမ်းပိုက်ပြီးတိုက်ပွဲကို နိဂုံးချုပ်ရန် မျှော်လင့်ထားသည်။
အဆုံးတွင် ရလဒ်က သူတို့၏မျှော်လင့်ချက်နှင့် အလွန်ကွာခြားသွားသည်။ ရွှေတစ်ခုနှင့် ငွေတစ်ခုအစား၊ ငွေတစ်ခုနှင့် ကြေးတစ်ခုသာဖြစ်လာခဲ့သည်။
၎င်းသည် အခြားကလန်သုံးခုနှင့် နှိုင်းယှဉ်ပါက များစွာသာလွန်ကောင်းမွန်သေးသော်လည်း မကြာသေးမီကတိုက်ပွဲများတွင် ၎င်းတို့၏စွမ်းဆောင်ရည်ကို အဆိုးရွားဆုံး စွမ်းဆောင်ရည်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
အကြီးအကဲအများစုက လီချင်းဖုန်းကို ကန့်သတ်ထားသည့် ချင်ရိ၏ထူးဆန်းသော ရေဗိမာန်ကို လျှို့ဝှက်စွာ အပြစ်တင်ကြသည်။ သူမကြောင့်သာ
မဟုတ်ပါက၊ လီလော့အနေဖြင့် ရွှေနဂါးပတ်တိုင်ကို လုံခြုံအောင်ပြုလုပ်နိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် အဆုံးတွင် ရွှေနဂါးပတ်တိုင်၏ အရှင်သခင် မည်သူဖြစ်လာမည်ကို အဆုံးအဖြတ်ပေးမည်ကို ပြောရခက်ပေလိမ့်မည်။
ထိုကဲ့သို့သော အတွေးမျိုးဖြင့် အကြီးအကဲအချို့က ချင်လျန်ကို မကျေမနပ်ဖြစ်ကာ စိုက်ကြည့်နေကြသည်။
သူတို့၏အကြည့်များကို တုံ့ပြန်သည့်အနေဖြင့် ချင်လျန်၏ ဒေါသမျက်နှာထားက ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။
ဘယ်သူက နဂါးစွယ်ကလန်ကောင်းစားအောင်ကူညီပေးချင်မှာလဲဟု အော်ဟစ်ချင်စိတ်ကို မနည်းထိန်းနေရသည်။
မည်သို့ပင်ဆိုစေကာမူ ဤစကားများက သူမပါးစပ်မှ ထွက်မလာနိုင်သော စကားများပင်။ လောလောဆယ်တွင်လည်း ထိုအကြည့်များကို ဂရုမစိုက်နိုင်သေးပေ။
အခြားကလန်များ၏ ရှုပ်ထွေးသောခံစားချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ နဂါးစွယ်ကလန်သားများကတော့ ပျော်ရွှင်နေကြသည်။
"အစ်ကိုကြီး...လီကျင်းထောင်က တကယ်တော်သားပဲ.... အရင်တုန်းကတော့ နဂါးစွယ်ကလန်သားတွေက မြို့စားအဆင့်ပညာရပ်မှန်သမျှကို ကျွမ်းကျင်အောင် မလုပ်နိုင်ဘူးလို့ ပြောခဲ့တယ်.... အခု သူ့ရဲ့ ထူးခြားတဲ့ အားထုတ်မှုတွေကို ကြည့်လိုက်ပါ.... ပျက်သုန်းခြင်းအစွယ်ပညာရပ်ကိုအတိုင်းအတာတစ်ခုအထိ ပြုပြင်မွမ်းမံတာဟာ ရိုးရှင်းလွယ်ကူတဲ့အလုပ်မဟုတ်ဘူး..."
လီကျင်းပန်က လီချင်းဖန်နှင့် စကားပြောနေစဉ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
လီချင်းဖန်ကတော့ ရယ်ရမလား ငိုရမလား မသိတော့ပေ။
"ဒီကောင်ကလေးက ငယ်ငယ်ကတည်းက အသားနာမှာကို အရမ်းကြောက်ခဲ့တာ.... သူက တခြားသူတွေနဲ့ ပြိုင်ရတာမျိုး မကြိုက်ဖူး...သူ့စရိုက်က ငါ့ထက်တောင် ပိုရိုးရှင်းသေးတယ်"
လီကျင်းပန်က ရယ်လိုက်ပြီး.... "ဒါဆို သူက အသားနာမှာ ကြောက်တာကြောင့် ပျက်သုန်းခြင်းအစွယ်ပညာရပ်ကို ခုခံရေးပညာရပ်အဖြစ် ပြောင်းလဲလိုက်တာလား....ဒီကလေးက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ...!"
ဒါကိုကြားတော့ နဂါးစွယ်ကလန်မှ အခြားသော အကြီးအကဲများကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ဝမ်းသာအားရပြုံးရင်း လီချင်းဖန်က.... "ဒီကောင်က အရမ်းပျင်းတယ်... သူ လီလော့ကို ကူညီဖို့ မလိုအပ်ဘူးဆိုရင် သူ့အရည်အချင်းတွေကို ဆက်ပြီး ဖုံးကွယ်ထားဉီးမှာ... နောက်မှ ငါသူ့ကို ဘယ်လိုဆုံးမမလဲ ဆိုတာ စောင့်ကြည့်နေလိုက်...."
"ဒါပေမယ့် ဒီနေ့ သူ ကြီးကျယ်တဲ့စွမ်းဆောင်ရည်တွေပြသခဲ့တယ်လေ... သူ့ကြောင့်သာ မဟုတ်ရင် လီလော့ဒုက္ခရောက်သွားနိုင်တယ်" ဟု လီကျင်းပန်က တုံ့ပြန်ခဲ့သည်။
ထိုအချိန်တွင် လီကျင်းပန်က လီချင်းဖန် ကို အနည်းငယ် မျက်မှောင်ကြုတ်၍ကြည့်ကာ.... "ဒါ့အပြင် ကလန်အကြီးအကဲကလည်း တကယ်ကို ကျေနပ်ပုံရတယ်" ဟုဆိုသည်။
ဒါကိုကြားတော့ လီချင်းဖန်က လီကျင်းဇယ်၏ ဦးတည်ရာသို့ တိတ်တဆိတ် လှည့်ကြည့်လိုက်ရာ သူ့မျက်နှာတွင် လေးနက်သော အပြုံးတစ်ခု ပေါ်လာသည့် အရိပ်အယောင်ကို တွေ့လိုက်ရသည်။
ထင်ရှားသည်မှာ၊ ယနေ့နဂါးစွယ်ကလန်၏အောင်မြင်မှုကို သူတကယ်သဘောကျနေသည်မှာ ထင်ရှားပါသည်။
လီချင်းဖန်က သက်ပြင်းတစ်ချက်ချကာ.... "လီလော့က ဒီပွဲမှာ အများကြီး ပံ့ပိုးပေးခဲ့တယ်... ဒီကလေးက လီကျင်းထောင်ထက် အများကြီး အရည်အချင်းရှိပြီး ချင်ရိကတောင် သူ့ကို မတားနိုင်ခဲ့ဘူး...သူ့ရဲ့ အောင်မြင်မှုတွေနဲ့ အမူအရာတွေကို ကြည့်လိုက်ရင်ငါတို့ရဲ့ တတိယညီလေး အဲဒီနေ့တုန်းက လူစုလူဝေးကို ဘယ်လိုဖြတ်ကျော်ခဲ့လဲဆိုတာကို သတိရမိတယ်....”
“ဒီနေ့ကစပြီး နဂါးအစွယ်ကလန်က မျိုးဆက်သစ်လူငယ်တွေ အားနည်းတယ်လို့ ဘယ်သူမှ ပြောရဲတော့မှာမဟုတ်ဘူး...”
နဂါးစွယ်ကလန်သည် ယခင် ဟွမ်းလုံရှီးရေကန်တိုက်ပွဲများတွင် နောက်ဆုံးအဆင့်မဟုတ်သော်လည်း ၎င်းတို့၏စွမ်းဆောင်ရည်၊ နောက်ခံသမိုင်းကြောင်းကို ခြုံငုံသုံးသပ်ကြည့်သောအခါတွင် ယုတ်ညံ့သော အတင်းအဖျင်း အများအပြားထွက်ပေါ်စေခဲ့သည်။ယခုချိန်တွင်တော့ အရာအားလုံးပြောင်းလဲသွားခဲ့ချေပြီ။
........
. "လီကျင်းဇယ်က ရေကန်ဖွင့်ဖို့အတွက် သူ့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲဖို့ ဆန္ဒရှိနေတာ အံ့သြစရာမဟုတ်တော့ဘူး... နဂါးစွယ်ကလန်သားတွေက တကယ်ကို အပြည့်အ၀ ပြင်ဆင်လာခဲ့တာပဲ..."
လီကျင်းဇယ်က အနည်းငယ်ပြုံးပြီး "ဒီရလဒ်က ကျုပ်ကို အံ့အားသင့်စေတယ်.... ဒီအခွင့်အရေးကို အသုံးချပြီးပြင်ပနတ်ဘုရားတိုက်ကြီးမှာ အကြာကြီးနေခဲ့ရတဲ့ ကျူပ်မြေးကို ဆုံးရှုံးခဲ့ရတာတွေအတွက် ပြန်ဖြည့်စည်းပေးချင်ရုံပါ... သူတကယ် နဂါးပတ်တိုင်ရနိုင်မလားဆိုတာကတော့ သူ့အရည်အချင်းနဲ့ပဲဆိုင်တယ်... "
"လီလော့က သူ့အဖေနဲ့ တပုံစံတည်းပဲ... အချိန်ပိုပေးရင်၊ နဂါးစွယ်ကလန်မှာ ထျန်းယွမ်တိုက်ကြီးကို တဖန်တုန်လှုပ်စေမယ့် နောက်ထပ် ပါရမီရှင်တစ်ယောက် ရှိလာလိမ့်မယ်" ဟု လီထျန်းကျိကလည်းမှတ်ချက်ပေးခဲ့သည်။
"မင်းရဲ့ ကောင်းမြတ်တဲ့ ဆုမွန်ကောင်းတွေအတွက် ကျေးဇူးတင်ပါတယ်" ဟုလီကျင်းဇယ်ကလည်း ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"လီကျင်းထောင်ဆိုတဲ့ ကလေးက စိတ်ဝင်စားဖို့ကောင်းတယ်....ကလန်အကြီးအကဲကျင်းဇယ်... သူက နဂါးစွယ် မျိုးရိုးထက် နဂါးအရိုးကလန်နဲ့ ပိုလိုက်ဖက်ပုံရတယ်...သူ့ကို နဂါးအရိုးကလန်မှာ ပညာသင်ယူဖို့ဘာလို့ ခွင့်မပြုတာလဲ..."
နဂါးအရိုးကလန် အကြီးအကဲ လီရွှမ်းဝူက လီကျင်းဇယ်ကိုကြည့်ပြီး တိုက်ရိုက်ကမ်းလှမ်းလိုက်သည်။လီကျင်းထောင်တွင် ထွားကျိုင်းသော ခန္ဓာကိုယ်ရှိပြီး ကြောက်မက်ဖွယ်ရာ ခုခံမှုစွမ်းအားကို ထုတ်ပေးနိုင်သဖြင့် နဂါးရိုးကလန်က ပညာရပ်များကို သင်လေ့လာရန် အထူးသင့်တော်သည်။
ကောင်းကင်နဂါးကလန်ငါးခုအနက် နဂါးရိုးကလန်သည် ကာကွယ်ရေးအတွက် အထင်ရှားဆုံးဖြစ်သည်။
ဒါကိုကြားတော့ လီကျင်းဇယ်က ရိုးရိုးရှင်းရှင်း ပြုံးလိုက်ပြီး ...."ဒီကောင်လေးက တကယ်ကို ပျင်းတယ်... နဂါးအရိုးကလန်ရဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုကို ခံနိုင်ရည်ရှိမှာကို စိတ်ပူမိတယ်..."
လီကျင်းထောင်၏စွမ်းဆောင်ရည်များက လီကျင်းဇယ်ကို အံ့အားသင့်စေခဲ့ပြီး သူ့ရဲ့ အကြီးဆုံး မြေးဖြစ်သူက အမြဲတမ်း သာမန်ဆန်သူတစ်ယောက်အဖြစ်သာနေထိုင်ခဲ့သည်။ သူ့ထူးခြားချက်က မှားယွင်းနေခြင်းမဟုတ်သော်လည်း တိုက်ခိုက်ရေးပညာရပ်ကို ကာကွယ်ရေးတွင်သုံးမည်ဟု မည်သူက မျှော်လင့်မည်နည်း။
ပျက်သုန်းခြင်းအစွယ်ပညာရပ်က နဂါးစွယ်ကလန်ရှိ ထိုးစစ်ဆင်သည့် မြို့စားအဆင့်ပညာရပ် တစ်ခုဖြစ်သည်။ တကယ်တော့ ထိုပညာရပ်ကို မြို့စားအဆင့်အများအပြားကသာ အောင်အောင်မြင်မြင်လေ့ကျင့်နိုင်ခဲ့ကြသည်။တိုက်ရိုက်သွေးရင်းသားရင်းဖြစ်သည့် လီကျင်းထောင်ကတော့ ၎င်းပညာရပ်ကို သင်ယူခွင့်ရခဲ့သည်။သို့သော်လည်း တိုးတက်မှု အလွန်နှေးကွေးလာသဖြင့် လီကျင်းဇယ်က အချိန်အတန်ကြာပြီးနောက် သူ့ကို ဂရုမစိုက်တော့ပေ။ ဤအချိန်ပြီးနောက်တွင် ပျက်သုန်းခြင်းအစွယ်ပညာရပ်ကို အံ့သြဖွယ်ကောင်းသော ပုံစံသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲပေးမည်ဟု မည်သူက မှန်းဆနိုင်မည်နည်း။
တူညီတဲ့အခြေခံအချက်တွေကြောင့်သာ မဟုတ်ရင် လီကျင်းဇယ်အနေဖြင့် တခြား မြို့စားအဆင့်ပညာရပ်လားလို့တောင် တွေးမိပါလိမ့်မည်။
လီကျင်းထောင်က ပျက်သုန်းခြင်းအစွယ်ပညာရပ်ကို ပြင်ဆင်ခဲ့သည်မှာ ထင်ရှားနေသည်။
တိုက်စစ်ကို ခံစစ်အဖြစ်သို့ ပြောင်းလဲခြင်း... တစ်နည်းအားဖြင့်ဆိုရသော် လီကျင်းထောင်က အမှန်တကယ်ပင် အရည်အချင်းရှိသူဖြစ်သည်။
ထို့အပြင်၊ မွမ်းမံထားသော ပျက်သုန်းခြင်းအစွယ်ပညာရပ်က မူလ ပျက်သုန်းခြင်းအစွယ်ပညာရပ် အဆင့်ထက် ပိုမိုအားကောင်းသည့် ခံစစ်စွမ်းအားရှိကြောင်း လီကျင်းဇယ် ခန့်မှန်းနိုင်ခဲ့သည်။
ဒီကောင်လေးက တကယ်ကို အရည်အချင်းရှိသားပဲ....
ထိုအချိန်တွင် လီကျင်းဇယ် ပြုံးလိုက်ပြီး မျက်ခုံးကို အနည်းငယ် ဖြေလျှော့လိုက်သည်။ ဒီနေ့မှာ သတင်းကောင်းတွေအများကြီးရှိနေခဲ့ပြီ... လီလော့၏ အံ့မခန်း ဖျော်ဖြေမှုနှင့် လီကျင်းထောင်၏စွမ်းဆောင်ရည်တို့က လူတိုင်းကို အလွန်ပင် ရင်သပ်ရှုမောဖွယ်ဖြစ်စေခဲ့သည်။
ဤအတိုင်းသာဆို နဂါးစွယ်ကလန်၏ နေ့သစ်များ စတင်လာချေတော့မည်....
ဤခက်ခဲသောတိုက်ပွဲများပြီးနောက်တ ၎င်းတို့အတွက် အောင်မြင်မှု ဆုလာဘ်များကို ရိတ်သိမ်းရမည့်အချိန်ဖြစ်သည်။
ဟွမ်လုံရှီးရေကန်တွင် လီလော့အတွက် ကောင်းကျိုး မည်မျှရရှိမည်ကို မည်သူသိနိုင်မည်နည်း...