လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နဂါးမီးတောက်.....
Vol. 61 Ch. 844
လီလော့ ရွှေနဂါးပတ်တိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး သူ့ကြွက်သားများကို ဖြေလျော့ကာ ခန္ဓာကိုယ်ရှိ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန်လုပ်ဆောင်ခဲ့သည်။ ဤနေရာသို့ရောက်ရန် လွယ်ကူသောခရီးမဟုတ်သော်လည်း သူ့ရဲ့ကြိုးစားအားထုတ်မှုများ နောက်ဆုံးတွင် အရာထင်ခဲ့ချေပြီ...
သူ့အောက်က ရွှေနဂါးပတ်တိုင်က အကောင်းဆုံး ဆုလာဘ်ပင် မဟုတ်ပေလော....
"ရေကန်ထဲမှာ ရွှေရောင်နဂါးပတ်တိုင်ကို ယူနိူင်ရင် အနည်းဆုံး နဂါးမီးတောက် ကြိုးမျှင်နှစ်ချောင်းကို ရရှိဖို့ အခွင့်အရေး ရှိတယ်..."
သူသည် ၎င်းတို့အား အဲ့မိုကွမ်းစွမ်းအင်အမျှင် တစ်သောင်းအဖြစ် ပေါင်းစပ်နိုင်ပေမည်။
ဒါဟာ အံ့သြစရာကောင်းတဲ့ ရလဒ်တစ်ခုဖြစ်ပေမယ့် လီလော့ကတော့ အနည်းငယ် မကျေမနပ်ဖြစ်နေတုန်းဆဲပင်....
သူပိုင်ဆိုင်ထားသည့် ပဲ့တင်ထပ်သံနန်းတော်သုံးခုလုံးကို အပြည့်အဝ ဖြည့်တင်းရန် အဲ့မိုကွမ်းစွမ်းအင် စုစုပေါင်း အမျှင် သောင်းခွဲခန်းလိုအပ်သည်။ပွဲမစတင်ခင်လေ့ကျင့်ထားသည့်အတွက် နောက်ထပ်အမျှင်နှစ်သောင်းလေးထောင် လိုအပ်နေသေးသည်။
ပုံမှန်အတိုင်းသာလေ့ကျင့်မည်ဆို တစ်နှစ်နီးပါး အချိန်ယူရမည်ဖြစ်သည်။ ထို့ကြောင့် ဟွမ်လုံရှီးရေကန် ကဲ့သို့သော ရှားပါးသောအခွင့်အရေးကို မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
လီလော့အနေနှင့် ဤအဖိုးတန်သောအခွင့်အရေးကို တတ်နိုင်သမျှအသုံးချပြီး ဟွမ်လုံရှီးရေကန်မှ အကျိုးအမြတ်များကို ရသလောက်ယူဆောင်ရပေမည်။
"ဟွမ်လုံရှီးရေကန်ကနေ နဂါးမီးတောက် သုံးမျှင်လောက်ရရင် အကောင်းဆုံးပဲ...."
တွေးနေရင်းနဲ့ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ရေကန်ရဲ့ အနက်ပိုင်းကို ကြည့်လိုက်တော့ ထိုနေရာမှ အပြင်ဘက်သို့ ကြီးမားသော စွမ်းအင်လှိုင်းကြီးတစ်ခု တွန်းပို့နေကို ခံစားလိုက်ရသည်။
နဂါးဟိန်းသံလို လေတိုးသံများ.....
ထိုအရာက ချက်ချင်းပင် လီလော့၏စိတ်အာရုံကို ဖမ်းစားလိုက်သည်။ ဤသည်မှာ ဟွမ်လုံရှီးရေကန် ပေါ်လာတော့မည့် လက္ခဏာဖြစ်သည်။
လီချင်းဖုန်းနှင့် အခြားသော နဂါးပတ်တိုင် တိုင်ငါးခု၏ ပိုင်ရှင်များသည်လည်း နဂါးငွေ့တန်းရေကန်၏ အနက်ရှိုင်းဆုံးအပိုင်းဆီသို့ တစ်ချိန်တည်း ကြည့်လိုက်ကြသည်။ ပြင်းထန်သော စွမ်းအင်များ ၎င်းတို့၏ ပတ်ဝန်းကျင်ဆီသို့ ဖြာထွက်နေချိန်တွင် လူတိုင်းက တိုက်ခိုက်ရန် အပြည့်အဝ ပြင်ဆင်ထားကြသည်။
သူတို့အတွက် အချိန်အကြာကြီး မစောင့်ခဲ့ရဘဲ နဂါးငွေ့တန်းရေကန်၏ အနက်ပိုင်းတွင် တိမ်များနှင့် မြူများ လုံးဝကွဲထွက်သွားပြီး အဝါရောင် လေပြင်းများ အထက်သို့ လွင့်စင်လာသည်။
လေတိုက်နှုန်းက သဘာဝဘေးအန္တရာယ်တစ်ခုလို ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဘေးပတ်ဝန်းကျင်ရှိလေဟာနယ်ကိုပါ ကွဲအက်သွားစေခဲ့သည်ဖယ
လီလော့ အံ့အားသင့်စွာ ကြည့်လိုက်ရင်း အဝါရောင်လေပြင်းက ပိုမိုဆိုးရွားလာသည်။ ၎င်းတို့သည် လက်ရှိတွင် မြို့စားအဆင့်၏စွမ်းအားကို ကိုင်စွဲထားသော်လည်း မဆင်မခြင် ထိုလေပြင်းကိုရင်ဆိုင်မည်ဆိုပါက ချက်ချင်းပင် အပိုင်းပိုင်းကွဲသွားမည်ဖြစ်သည်။
ကံကောင်းထောက်မစွာ၊ ၎င်းတို့သိမ်းပိုက်ထားသော နဂါးပတ်တိုင်များတွင် အန္တရာယ်မှ အကာအကွယ်ပေးသော အတားအဆီးများ ရှိနေသည်။
အဝါရောင်လေပြင်းများ အတားအဆီးများနှင့် တိုက်မိသွားသောအခါတွင် လှိုင်းလုံးများ လေထဲတွင် လျင်မြန်စွာ ထွက်ပေါ်လာသည်။
ထိုအချိန်မှသာ ဟွမ်းလုံရှီးရေကန်တွင် နဂါးပတ်တိုင်များကို ရယူရန် အဘယ်ကြောင့် လိုအပ်ကြောင်း နားလည်လာခဲ့သည်။ နဂါးပတ်တိုင်တွေဆီကနေအကာအကွယ်မရှိရင်၊ နဂါးမီးတောက်များကို စုဆောင်းဖို့ နေနေသာသာ ဒီမှာ မတ်တပ်တောင် မရပ်ရဲကြမည်မဟုတ်ပေ။
ဤအခိုက်အတန့်တွင်၊ လီလော့က အဝါရောင်လေပြင်းများကို သေချာအာရုံစိုက်၍ကြည့်နေသည်။ ဤလေပြင်းများက ရေကန်၏ အနက်ရှိုင်းဆုံးနေရာများမှ ထွက်လာသည်ဟု ဆိုကြသည်။ သို့သော် ၎င်းတို့ လုံးဝပြိုကွဲမသွားမီ လေထုထဲတွင် အချိန်တခဏသာတည်ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးကို လက်လွတ်မခံလိုပါက အချိန်တိုင်း အာရုံစိုက်နေရမည်ဖြစ်သည်။
အထူးသဖြင့်၊ ရွှေနဂါးတိုင်၏ အနေအထားက ၎င်း၏ပိုင်ရှင်အတွက် နဂါးမီးတောက်ကြိုးမျှင်များပိုမိုရရှိရန် အခွင့်အလမ်းပိုများစေသည်။
လီလော့ ပင့်သက်ရှိုက်လိုက်ပြ သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် စီးဆင်းနေသော ကြီးမားသော စွမ်းအင်စီးကြောင်းကို တစ်ချက်ကြည့်လိုက်သည်။ ဤသည်မှာ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏သဟဇာတဖြစ်ခြင်းမှ ရရှိထားသောစွမ်းအားဖြစ်သည်။ သို့သော်လည်း အစောပိုင်းက ချင်ရိနှင့် ပြင်းထန်စွာ တိုက်ခိုက်ရင်း စွမ်းအင်အများအပြားကုန်ဆုံးထားသည်။ လက်ကျန်စွမ်းအားက နဂါးမီးတောက်များအလုံအလောက်ရရှိရန် သူ့အတွက် လုံလောက်ပါ့မလား....
လီလော့ စိတ်ရှုပ်နေသော်လည်း အာရုံစူးစိုက်မှု အားကောင်းစွဖြင့် ရွှေနဂါးပတ်တိုင်ပတ်လည်ရှိ အဝါရောင်လေပြင်းကိုသာ စေ့စေ့ကြည့်နေသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်လေထုမှ အသံများကို လုံးဝတိတ်ဆိတ်သွားသည်။
သူ့စိတ်ထဲတွင် သူ့နှလုံးခုန်သံကသာ ပဲ့တင်ထပ်မြည်ဟီးနေသလိုထင်ရသည်။
နောက်တခဏမှာတော့ လီလော့ရဲ့အကြည့်တွေအေးစက်လာပြီး စွမ်းအင်တွေက ကြိုတင်တွက်ချက်ထားစရာမလိုဘဲ သူ့ခန္ဓာကိုယ်ထဲက အလိုလို ထွက်ပေါ်လာကာ ပေရာနှင့်ချီ ကျယ်ဝန်းသော ဧရာမလက်ကြီးတဖက်ထဲသို့ စီးဆင်းသွားလေသည်။
အကာအကွယ်အတားအဆီး၏အတွင်းပိုင်းမှ တွန်းထုတ်လိုက်သော လက်ကြီးတဖက်က အဝါရောင်လေပြင်းထဲသို့ ရောက်ရှိသွားသည်။
လေပြင်းများက ဓားသွားများကဲ့သို့ ထက်ရှစွာဖြင့် စွမ်းအင်လက်ကို လျင်မြန်စွာ ဖြတ်တိုက်သွားသည်။ထို့ကြောင့် ဖန်တီးထားသောလက်ထဲသို့ စွမ်းအင် စီးဆင်းမှုနှုန်းလျော့နည်းလာသည်။
သို့သော်လည်း လီလော့ ဒါတွေကို ဂရုမစိုက်ခဲ့ပေ။ အတားအဆီးကို ချဉ်းကပ်နေတဲ့ အရာတစ်ခုကိုသာ စိုက်ကြည့်နေပြီး ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများ၏အလယ်ဗဟိုတွက် ရွှေရောင်စွမ်းအင်ကြိုးမျှင်တစ်ခုရှိနေသည်။
အနီးကပ်ကြည့်လိုက်သောအခါ ထိုစွမ်းအင်အမျှင်တန်းက နဂါး၏ဦးချိုများနှင့် ခြေသည်းများကဲ့သို့ အသက်ဝင်နေပုံရပြီး၎င်းကို နဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထားပုံရသည်။
ဤသည်မှာ လီလော့ တက်မက်နေသော လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နဂါးမီးတောက်ဖြစ်သည်။
လီလော့ ဧရာမစွမ်းအင်လက်ကြီးကို ထိန်းချုပ်ကာ စွမ်းအင်အမျှင်တန်းကို ဖမ်းကိုင်လိုက်သည်။
သို့သော် ဤသည်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ စွမ်းအင်အမျှင်တန်းက အသိဉာဏ်ရှိနေပုံဖြင့် ဖမ်းဆီးမခံရအောင်ရှောင်တိမ်းနေသည်။
ဒါက လီလော့အတွက် အတော်လေး ဒုက္ခဖြစ်စေခဲ့ကာ အဆက်မပြတ်တိုက်ခတ်နေသော အဝါရောင် လေပြင်းများက လီလော့ဖန်တီးထားသောစွမ်းအင်လက်ကို ဖြိုခွဲလိုက်သည်။ လီလော့ ၎င်းကို အကြာကြီး ထိန်းထားနိုင်မည်မဟုတ်ပေ။
သူ့ရဲ့ ဧရာမစွမ်းအင်လက်ကြီး အပြည့်အဝ မပြိုကွဲခင် ၎င်းကို မဖမ်းယူနိုင်ပါက သူ့အတွက်အခွင့်အရေး ဆုံးရှုံးလိမ့်မည်။
အချိန်တွေကြာလာသည်နှင့်အမျှ ဧရာမစွမ်းအင်လက်ကြီး တဖြည်းဖြည်း ကျုံ့သွားကာအဆုံးတွင် ပေတစ်ရာခန့် အရွယ်အစားသာရှိတော့သည်။ ထိုအချိန်တွင် လီလော့၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာပြီး သူ၏ ဧရာမ စွမ်းအင်လက်ကြီးက လေပြင်းများ၏အလယ်ဗဟိုသို့ ကျရောက်သွားကာ နောက်ဆုံးတွင် စွမ်းအင်အမျှင်တန်းကို ဖမ်းဆုပ်ကာ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
နောက်ထပ် မဆိုင်းမတွဘဲ၊ ဧရာမ စွမ်းအင်လက်ကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်သည်။
နောက်ဆုံးတွင် လက်သည် ရွှေရောင်အကာအကွယ်ထဲသို့ ပြန်ရောက်လာသည်။ လီလော့ သေချာအာရုံ စူးစိုက်ကြည့်ပြီး ကြီးမားသော စွမ်းအင်လက်လည်း ပျောက်ကွယ်သွားသည်။ ကျန်တာအားလုံးက သူ့ရှေ့မှာ ဆင်းသက်လာတဲ့ ဟွမ်လုံရှီးရေကန်မှစွမ်းအားများ လွှမ်းခြုံထားတဲ့ စွမ်းအင်တိမ်တိုက်တစ်ခုပင်....
လီလော့သည် မီးတောက်သဖွယ်ပူလောင် ပြင်းပြသော မျက်လုံးများဖြင့် ထိုအရာကို စိုက်ကြည့်နေသည်။ ဤသည်မှာ သူ နေ့ရောညပါ တောင့်တနေခဲ့သောအရာပင်.... ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားများ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်၊ ၎င်းသည် အလွန်တောင့်တမှု၏ လက္ခဏာတစ်ခုပင်ဖြစ်၏.....
ဤသည်မှာ အဲ့မိုကွမ်းစွမ်းအင်အမျှင် ငါးထောင်ဖြစ်ပြီး သာမာန်ကျင့်ကြံခြင်းဖြင့် ဤပမာဏကို စုဆောင်းရန် နှစ်လမှ သုံးလအထိ လိုအပ်မည်ဖြစ်သည်။
သို့သော် ၎င်းတို့ကို စုပ်ယူရမည့်အချိန်မဟုတ်သေးပေ။လီလော့က ကျောက်စိမ်းပုလင်းကိုထုတ်ပြီး ထိုစွမ်းအင်အမျှင်တန်းများကို အသာအယာထည့်သိမ်းလိုက်သည်။
ကျောက်စိမ်းပုလင်းကို သေသေချာချာ သိမ်းပြီးနောက် သူ့စိတ်ထဲကနေ
သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့လက်ထဲတွင်ရှိနေသော စွမ်းအင်အမျှင်တန်းများကနဂါးငွေ့တန်း ရေကန်တွင် တိုက်ပွဲ၏ မြင်သာထင်သာသော ဆုလာဘ်တစ်ခု ထွက်ပေါ်လာခဲ့ချေပြီ...
သို့သော် ဤမျှလောက်ဖြင့် မလုံလောက်ပေ....
လီလော့ သူ့ပတ်ဝန်းကျင်တွင် စီးဆင်းနေသော စွမ်းအင်များကို နောက်တစ်ကြိမ် ခံစားလိုက်ရပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ နက်မှောင်သော အဝါရောင် လေပြင်းတိုက်မှုတွင် သူ၏ စွမ်းအင်သုံးစွဲမှုက မျှော်လင့်ထားသည်ထက် ပိုမြန်နေပုံရသည်။
စောစောက တစ်ကြိမ်ကြိုးစားရုံနဲ့ သူ့စွမ်းအင်ရဲ့ သုံးပုံတစ်ပုံ ကုန်ခမ်းသွားပါပြီ။
သူ နောက်ထပ် နှစ်ကြိမ် ကြိုးစားလိုက်ရင် သူ့စွမ်းအင်တွေ လုံးဝ ကုန်ခမ်းသွား လိမ့်မည်။ ထိုအချိန်တွင် သူသည် နောက်ထပ် စွမ်းအင်အမျှင်များထွက်ပေါ်လာပါက သက်ပြင်းချ၍သာ ကြည့်နေရတော့မည်။
ဤအခွင့်အရေးကို အသုံးပြု၍ လီလော့ သည် အခြား နဂါးပတ်တိုင်များကို ကြည့်ရှုရန် လှည့်ကြည့်လိုက်သည်။ ကျန်ငါးဦးသည်လည်း ပြင်းထန်သော မုန်တိုင်းကို စူးစူးစိုက်စိုက် ကြည့်နေကြဆဲဖြစ်ပြီး အကျိုးမဖြစ်ထွန်းသေးပေ။ ရွှေနဂါးတိုင်ရဲ့ အားသာချက်က တကယ်ပဲ ကူညီပေးခဲ့တာ ထင်ရှားနေပေသည်။ လူတိုင်းက ဒီအရာအတွက် ပြင်းပြင်းထန်ထန် တိုက်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပေ။
ဒီအချိန်မှာ လီလော့ သူ့အကြည့်တွေကို အမြန်ပြန်ရုတ်သိမ်းလိုက်သည်။ စက္ကန့်တိုင်းကို ရေတွက်ပြီး သူ့မှာ တခြားသူတွေကို အာရုံစိုက်ဖို့အချိန်မရှိပေ။
နောက်ထပ်ကြိုးစားမှု နှစ်ခုလည်း အောင်မြင်မယ်လို့ မျှော်လင့်ရပေမည်။ ထိုသို့ဆိုလျှင် စုစုပေါင်း စွမ်းအင်ကြိုးမျှင်သုံးချောင်း ရရှိနိုင်မည်ဖြစ်သည်။
ထိုသို့သော မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားသော လီလော့သည် မိနစ်ပေါင်းများစွာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
နောက်ဆုံးတွင်၊ သူသည် ဟွမ်လုံရှီးရေကန်၏ဒုတိယစွမ်းအင်ကြိုးမျှင်ကို အာရုံခံနိုင်ခဲ့ချေပြီ။
သူသည် နောက်ထပ် စွမ်းအင်လက်တဖက်ဖြင့် ပြတ်ပြတ်သားသား လှမ်းလိုက်သည်။
သို့သော် နောက်အခိုက်အတန့်တွင်မူ ၎င်းကို ရယူရန် ပျက်ကွက်ခဲ့သည်။