← Chapters

လီလော့၏ငါးစာ.....

Vol. 61 Ch. 845

လီလော့၏ငါးစာ.....

Vol. 61 Ch. 845

လီလော့ ဗလာကျင်းနေသော

​စွမ်းအင်လက်ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။စွမ်းအင်လက်သည်လည်း စွမ်းအင်မုန်တိုင်းကြောင့် အနည်းနှင့်အများ ဒဏ်ခံရပြီး အများစုမှာ ပျက်စီးသွားခဲ့သည်။ ထို့အတွက်ကြောင့် ဟွမ်လုံရှီးရေကန်၏ ဒုတိယမြောက်စွမ်းအင်ကြိုးမျှင် လွတ်မြောက်သွားသည်။

ရှင်းနေသည်မှာ၊ နဂါးမီးတောက်ကို ဆုပ်ကိုင်လိုက်ခြင်းက ဆိုးရွားလှသော စွမ်းအင်မုန်တိုင်း၏နောက်တွင် ၎င်းကို အောင်မြင်စွာ ပြန်ယူဆောင်လာမည်ဟု အာမခံချက်ပေးသည်။

သို့သော်လည်း လီလော့ ဤကိစ္စအတွက် စိတ်ပျက်အားငယ်ခြင်းမရှိခဲ့ပေ။ အခြားသူများကို သဟဇာတဖြစ်ခြင်း မှတစ်ဆင့် ၎င်းတို့ပိုင်ဆိုင်သည့် စွမ်းအင်ပမာဏဖြင့် ကန့်သတ်ထားနိုင်သော်လည်း သူ့တွင်ဝှက်ဖဲများ ကိုင်ထားဆဲဖြစ်သည်။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေထံတွင် ချေးယူနိုင်သည့် စွမ်းအင်များရှိနေသေးသည်။

ထို့အပြင်... လီလော့ အလွန်ထူးဆန်းသော အရာတစ်ခုကိုပါ သဘောပေါက်လိုက်သည်။

သူသည် ဟွမ်လုံရှီးရေကန်၏ ဒုတိယမြောက်စွမ်းအင်ကြိုးမျှင်ကို မဆွဲယူနိုင်ခဲ့သော်ကြောင့် နဂါးမီးတောက်က မုန်တိုင်းအတွင်း ပုန်းအောင်းရန် အခွင့်အရေးကို အပြည့်အဝ ရယူထားသင့်သည်။ ဒါပေမယ့် ထိုအရာက ပြေးရမယ့်အစား

စွမ်းအင်တွေ မပျောက်ခင်မှာ ပျံဝဲနေတာကို သတိထားမိခဲ့သည်။

ဟွမ်လုံရှီးရေကန်က စိတ်ဝိညာဉ်အချို့ ပိုင်ဆိုင်ထားသောကြောင့် ၎င်းသည် သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။လီလော့ အံ့အားသင့်သွားသည့်အခိုက်တွင် ပုန်းအောင်းကာ ထွက်ပြေးသင့်သည်မဟုတ်လော။ သို့သော် နဂါးမီးတောက်က အမှန်တကယ်ပင် ခဏမျှ တုံ့ဆိုင်းသွားခဲ့ကာ သူ့ကိုရှာနေပုံရသည်။

လီလော့ လေးလေးနက်နက် တွေးတောမိသွားသည်။ ထိုဟွမ်လုံရှီးရေကန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သောအရာမျိုးကို သူပိုင်ဆိုင်ထားသလော...

သူ့ခန္ဓာကိုယ်ကိုသေချာ စစ်ဆေးကြည့်ကာ ဘာဖြစ်နိုင်မလဲ ဆိုတာကို စဉ်းစားနေမိတော့သည်။

ရှေးဟောင်းကမ္မည်း၊ ကောင်းကင်ဧကရာဇ်စာချွန်နှင့် ပတ်သက်သည်ဟု တွက်ဆရန် အချိန်ကြာကြာမလိုခဲ့ပေ။

ဤအရာ၏ ဝိညာဉ်စွမ်းအင်များက နဂါးမီးတောက်ကို လွှမ်းမိုးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်နိုင်သည်။

ကောင်းကင်ဧကရာဇ်စာချွန်တော်တွင် ကောင်းကင်နဂါး။ သွေးအဆီအနှစ်အချို့ပါရှိပြီး နဂါးမီးတောက်များသည် ကောင်းကင်နဂါးနှင့် ဆက်စပ်မှုရှိသင့်သည်။

ထို့ကြောင့်၊ ဟွမ်လုံရှီးရေကန်က ကောင်းကင်ဧကရာဇ်၏စာချွန်တော်အား တုံ့ပြန်ခဲ့ပြီး ဤအခြေအနေသို့ ဦးတည်သွားဖွယ်ရှိသည်။

သူ့ယူဆချက်ကို စမ်းသပ်ရန်အတွက် လီလော့သည် ယခင်က သူဖမ်းမိခဲ့သော ဟွမ်လုံရှီးရေကန်၏ ပထမဆုံးစွမ်းအင်ကြိုးမျှင်ကိုထည့်သိမ်းထားသော ပုလင်းကို ထုတ်ယူခဲ့သည်။

ထိုပုလင်းပေါ်တွင် ဝိညာဉ်စာလုံးမျာ ရေးထွင်းထားသည်။ လီလော့ ထိုပုလင်းကို ကောင်းကင်ဧကရာဇ်စာချွန်တော်ဆီသို့ ရွှေ့လိုက်သောအခါတွင် ဖမ်းမိထားသော ဟွမ်လုံရှီးရေကန်၏စွမ်းအင်ကြိုးမျှင် အသက်ဝင်လာပြီး ၎င်း၏လှောင်အိမ်အတွင်းမှလွတ်မြောက်ရန် အားကြိုးမာန်တက် လှုပ်ရှားတော့သည်။

"ဒါဆို ဒီလိုပေါ့......" လီလော့ ပြုံးလိုက်သည်။ ကောင်းကင်ဧကရာဇ်၏စာချွန်တော်သည် နက်နဲသောအဝါရောင် နဂါးမီးတောက် များကိုဆွဲဆောင်ခဲ့သည်။ ဒုတိယ နဂါးမီးတောက်ကို ဖမ်းမမိသောအခါ၊ စာချွန်တော်မှ ထွက်လာသော ဆင့်ခေါ်မှုကို ခံစားလိုက်ရပြီး ၎င်းကို ရှာဖွေနေပုံရသောကြောင့် တခဏမျှ တုံ့ဆိုင်းသွားခြင်းဖြစ်ပေမည်။

သို့သော် ဆွဲဆောင်မှု၏ ပြင်းထန်မှုမှာ အနည်းငယ်မျှသာ ဖြစ်သည်။ အနည်းဆုံးတော့ ပထမကြိုးမျှင်လောက် သိသိသာသာ တုံ့ပြန်မှု မရှိခဲ့ပေ။

"ရွှေရောင်အလင်းတန်းက သူ့ရဲ့သက်ရောက်မှုတွေကို ခွဲထုတ်ထားတာကြောင့်များလား.."

လီလော့ ခေါင်းကို မော့ကာ ရွှေနဂါးပတ်တိုင်ကို ဖုံးအုပ်ထားသော ရွှေရောင်အလင်းတန်းကို လေ့လာခဲ့သည်။ ဒါပဲဖြစ်ရမယ်..... ရလဒ်အနေဖြင့် ကောင်းကင်ဧကရာဇ်စာချွန်တော်၏ ဆွဲဆောင်မှုမှာ သိသိသာသာ လျော့နည်းသွားသည်။

လီလော့ မေးစေ့ကို ပွတ်ပြီး သက်ပြင်းချလိုက်သည်။ အကယ်၍ သူသည် ကောင်းကင်ဧကရာဇ်စာချွန်တော်ကို ငါးစာအဖြစ် အမှန်တကယ်အသုံးပြုလိုပါက ၎င်းကို အကာအကွယ်အတားအဆီးမှ လွှတ်ထားရမည်ဖြစ်ပြီး ရလဒ်များကောင်းမွန်ပါက ၎င်းသည် နောက်ထပ်ကြိုးစားစရာမလိုဘဲ နဂါးမီးတောက်များကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သူသည် စွမ်းအင်ကြိုးမျှင်များပိုမိုရရှိရန် သူ၏ကံတရားကို အားကိုးနေစရာ မလိုပေ။

သို့သော်လည်း စာချွန်တော်အား ငါးစာအဖြစ်အသုံးပြုခြင်းသည် ထိတွေ့မှုကြာရှည်ရန် လိုအပ်မည်ဖြစ်ပြီး ဆိုလိုသည်မှာ စွမ်းအင်မုန်တိုင်း၏ တိုက်စားမှုဒဏ်ကို တွန်းလှန်ရန် စွမ်းအင်များစွာ အသုံးပြုရမည်ဖြစ်သည်။

လီလော့သည် သဟဇာတဖြစ်ခြင်း၏ ရလဒ်အဖြစ် ကျန်ရှိနေသော စွမ်းအင်ပမာဏကိုသာ အာရုံစိုက်ခဲ့ပြီး ထိုသို့သော လှုပ်ရှားမှုအတွက် အာမခံများစွာ ကျန်နေသေးကြောင်း သိရှိခဲ့သည်။

အကယ်၍ ဟွမ်လုံရှီးရေကန်ကို မဆွဲဆောင်မီတွင် သူ၏ စွမ်းအင်များ ကုန်ဆုံးသွားပါက၊ ၎င်းသည် သူ၏ ကြိုးပမ်းမှုအားလုံးကို ဖြုန်းတီးနေသလိုဖြစ်သွားလိမ့်မည်။

ဤအချိန်တွင် သူသည် သူ၏ဝှက်ဖဲကို အသုံးပြုရမည်။

လီလော့ လက်တဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ပေါ်ရှိ လက်ကောက်ကို ဖြည်းညှင်းစွာ ပွတ်ဆွဲလိုက်ပြီးနောက် သေချာအာရုံစိုက်လိုက်သည်။

ထိုအခါ သူ့မျက်လုံးရှေ့က မြင်ကွင်းက ပြောင်းလဲသွားပြီး သူ့အမြင်အာရုံတွေ မှိန်ဖျော့လာသည်။ ထို့နောက်တွင် အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ သူ့ရှေ့တွင် ပေါ်လာပြီး ကြက်သွေးရောင်မျက်လုံးများဖြင့်စိုက်ကြည့်နေ၏။ နောက်ဆုံးအကြိမ် စကားပြောပြီးသည့်နောက် ၎င်း၏ ရက်စက်မှုများ သိသိသာသာ လျော့နည်းနေပြီဖြစ်သည်။

လီလော့ အခမ်းအနားတွင် ပါဝင်ခဲ့စဉ်တွင်၊ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေက ပြင်ပကမ္ဘာကို ခိုးကြောင်ခိုးဝှက် ကြည့်ရှုခဲ့ပြီး သူ့ကို ဝန်းရံထားသည့် မြို့စားအများအပြားကြောင့် လုံးဝ ထိတ်လန့်သွားခဲ့သည်။

မြို့စားအဆင့်များအားလုံးသည် ၎င်းအား ကြီးမားသောဖိအားများပေးခဲ့ပြီး ပို၍ကြောက်စရာကောင်းသောတည်ရှိမှုများရှိနေခြင်းကိုလည်း ခံစားခဲ့ရသည်။

သူတို့တစ်ဦးစီသည် ဖန်ချန်းယွမ်ထက် မပျော့ညံ့ပေ။

သူတို့အားလုံး ဘုရင်အဆင့် ကျွမ်းကျင်သူများဖြစ်သည်။

အမြီးသုံးချောင်းကောင်းကင်ဝံပုလွေက လီလော့ ထူးထူးခြားခြားနေရာတစ်ခုသို့ ရောက်လာကြောင်းကို နားလည်ခဲ့ပြီး၊ သူသည် ဤနေရာတွင်ပင် အဆင့်အတန်းမြင့်မားနေပုံရသည်။

ထို့ကြောင့်၊ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေက လီလော့၏ရှေ့မှောက်တွင် အမြီးကုပ်ပြီး မောက်မာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို လျှော့ချရမည်ဖြစ်သည်။

၎င်း၏အနာဂတ်အတွက် လီလော့ကို အားကိုးရမည်ဟုပင် ခံစားနေရသည်။

လီလော့ကလည်း အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ အပြောင်းအလဲကို ခံစားသိရှိနိုင်ပြီး ပျော်ရွှင်မှုအရိပ်အမြွက်ကို ခံစားခဲ့ရသည်။ ယခင်က မိုက်မဲပြီးရက်စက်ရိုင်းစိုင်းသောဤသတ္တဝါသည် နောက်ဆုံးတွင် ကြောက်ရွံ့မှုကို ခံစားခဲ့ရချေပြီ.....

"ရှောင်စန်း ငါ မင်းရဲ့ အကူအညီကို ခဏလောက် လိုလိမ့်မယ်"

လီလော့က သူ့တောင်းဆိုချက်တွေကို တိုက်ရိုက်ပြောနေတာ အရင်ကလိုမယဉ်ကျေးတော့ပေ။

"ငါ မင်းကို နဂါးမီးတောက်လက်သီးကျင့်စဉ်ကို ပေးခဲ့တယ်...မင်း ဒါကိုလေ့ကျင့်ပြီးပြီလား..."

အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ နိုးလာပြီးနောက် လီလော့က နဂါးမီးတောက်လက်သီးကို လေ့လာရန် သူ့ကို ပေးအပ်ခဲ့သည်။ တံခွန်အဖွဲ့၏ သဟဇာတဖြစ်ခြင်းမှစွမ်းအားများကိုအသုံးပြုပြီးနောက် ယခင်ကလို ရှောင်စန်း၏ ခွန်အားကိုနည်းလမ်းသည် ရိုးရှင်းလွန်းပြီး ၎င်းကို အလွန်အကျွံသုံးပါက သူ့စိတ်ကို ထိခိုက်စေမည်ဖြစ်ကြောင်းနားလည်လာသည်။ ထို့ကြောင့် သူသည် အခြားနည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။

လီလော့၏အကြံအစည်မှာ ရှောင်စန်းကို

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏တစ်စိတ်တစ်ပိုင်းဖြစ်လာစေရန်ပင်ဖြစ်သည်။

ထိုအချိန်မှစ၍ သူသည် သဟဇာတဖြစ်ခြင်းကိုအသုံးချ၍ ရှောင်စန်း၏ခွန်အားကို အသုံးချနိုင်ကာ ၎င်း၏ ရန်လိုသော သြဇာလွှမ်းမိုးမှုဒဏ်ကို လျော့ပါးစေမည်ဖြစ်သည်။

အကောင်းဆုံးအပိုင်းမှာ အခြားသူများအနေဖြင့် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

ထိုအတွက် လိုအပ်ချက်တစ်ခုရှိပေသေးသည်။ရှောင်စန်းအနေဖြင့် နဂါးမီးတောက်လက်သီးကို ​ကျွမ်းကျင်နေဖို့လိုသည်။ သို့မှသာ လီလော့က သဟဇာတဖြစ်ခြင်းကို အသုံးချ၍ ၎င်း၏ ခွန်အားကို အသုံးချနိုင်မည်ဖြစ်သည်။

သာမာန်အားဖြင့်ပြောရလျှင် သားရဲတကောင်က နဂါးမီးတောက်လက်သီးကိုလေ့လာခြင်းသည် အနည်းငယ်ဆန်းကြယ်ပြီး နဂါးမီးတောက်လက်သီးကိုလေ့ကျင့်ရန် နဂါးသွေးအဆီအနှစ်ရှိရန်လည်းလိုအပ်ပါသည်။

သို့သော်..ရှောင်စန်းကတော့ အောင်မြင်စွာလေ့ကျင့်သင်ယူနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းကင်နဂါး၏သွေးအဆီအနှစ်ပါဝက်နေသော လီလော့၏ သွေးအဆီအနှစ်ကို ကောင်းကောင်းစုပ်ယူနိုင်ခဲ့သောကြောင့် ဖြစ်နိုင်သည်။

ရလဒ်အနေဖြင့် အောင်မြင်သော်လည်း ၎င်းသည် လူသားမဟုတ်သောကြောင့် ရလဒ်များ ကြီးကြီးမားမားမရှိခဲ့ပေ။

သို့တိုင် လီလော့၏ရည်မှန်းချက်ကို အောင်မြင်ခဲ့သည်ဟုဆိုနိုင်သည်။

၎င်းသည် သဟဇာတဖြစ်ခြင်း ၏အကူအညီဖြင့် ဝံပုလွေ၏ခွန်အားကို ရရှိစေမည်ဖြစ်သည်။

အနာဂတ်မှာ ရလဒ်တွေက ပိုအလားအလာကောင်းပြီး လျှို့ဝှက်မှုတွေ ပိုများလာလိမ့်မည်သာ......

ရှောင်စန်က တခုခုကိုတောင်းဆိုနေဟန်ဖြင့် ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။

"ဟမ်? မင်းက ဟွမ်လုံရှီးရေကန်ထဲက စွမ်းအင် ကြိုးမျှင်တစ်ချောင်းကို လိုချင်တာလား"

လီလော့ မျက်ခုံးပင့်လိုက်မိကာ သက်ပြင်းချလိုက်သည်။

"ငါ့အတွက် ကြိုးမျှင်လေးခုလိုနေတယ် အဲဒါထက်ပိုရရင် မင်းကိုပေးမယ်"

ရှောင်စန်းသည် သူ၏ဝှက်ဖဲများထဲမှ တစ်ခုဖြစ်ပြီး ရှောင်စန်းသာ ပိုမိုအားကောင်းလာပါက သူ့အတွက် ကောင်းမွန်သောအရာတစ်ခုဖြစ်လာနိုင်သည်။ လက်အောက်ငယ်သားများကို အကျိုးခံစားခွင့်အချို့ပေးမှသာလျှင် မိမိအတွက်ကြိုးကြိုးစားစားအမှုထမ်းကြပေမည်။

ရှောင်စန်းကလည်း လီလော့၏စကားကို သဘောတူကြောင်း ခေါင်းညိတ်ပြရှာသည်။

"အဆင်သင့်ဖြစ်ပြီ"

လီလော့ ထိုသို့ပြောပြီး ပျောက်ကွယ်သွားကာ ရွှေနဂါးတိုင်ပေါ်တွင် ထိုင်လျှက် သူ့အတွင်းစွမ်းအားကို စမ်းသပ်ကြည့်သည်။

အသက်ပြင်းပြင်းရှူရင်း၊ သူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ စွမ်းအင်အားလုံးကို နှိုးဆွပြီး နောက်ထပ်ကြီးမားတဲ့ စွမ်းအင်လက်တဖက်ကို ဖန်တီးလိုက်ပြန်သည်။ ထို့နောက် သူသည် ကောင်းကင်ဧကရာဇ်၏ စာချွန်တော်ကို စွမ်းအင်လက်ဖြင့်ကိုင်ထားလိုက်သည်။

ပြင်ဆင်မှုတွေ ပြီးသွားတော့ လီလော့ တုံ့ဆိုင်းမနေတော့ဘဲ ကြီးမားသော စွမ်းအင်လက်ကို အတွေးတစ်ခုဖြင့် အပြင်သို့ ပစ်လွှတ်လိုက်ကာ ရွှေရောင်အကာ အကွယ်အကာ၏အပြင်ဘက် အဝါရောင် လေပြင်းများထဲသို့ တိုးဝင်သွားသည်။

လေပြင်းတိုက်ခတ်ပုံကလေဆင်နှာမောင်းနှင့်တူပြီး စွမ်းအင်အလွှာများကို တဖြည်းဖြည်း ဖယ်ထုတ်ပစ်လိုက်သည်။

ထိုအချိန်တွင်၊ ကြက်သွေးရောင်လက်ကောက် တောက်ပလာပြီး ပြင်းထန်သော စွမ်းအင်ကြိုးမျှင်တစ်ချောင်း ထွက်လာကာ စွမ်းအင်လက်ထဲသို့ နစ်မြုပ်ကာ စွမ်းအင်လျော့ပါးခြင်ကို ထိန်းသိမ်းထားသည်။

ပြင်းထန်သောလေတိုက်ခတ်မှုကြောင့် ကြီးမားသောစွမ်းအင်လက်ကြီး အမှုန်အမွှားဖြစ်သွားသည်ကိုကြည့်ပြီး လီလော သက်ပြင်းတစ်ချက်ချလိုက်သည်။

ကဲ..ငါးစားတော့ချပြီးပြီ......

လီလော့စိတ်ထဲတွင် ဤစမ်းသပ်မှုအောင်မြင်ပါက၊ သူ၏ရလဒ်များသည် သူတွေးဖူးသည်ထက် ပိုမိုများပြားလာမည်ဟု ခံစားမိသည်။

All Chapters