မတူညီသောနည်းလမ်းများ........
Vol. 61 Ch. 846
ပြင်းထန်စွာတိုက်ခတ်နေသော လေပြင်းများက ရေကန်ကို ဖြတ်ကျော်သွားပြီးနောက် ပျက်ပြယ်သွားသည်။ ဤလေတိုက်မှုကြောင့် လေထုထဲတွင် အနက်ရောင်အစင်းကြောင်းအချို့ ကျန်ရစ်ခဲ့သည်။ သို့သော်လည်း ကွဲအက်နေသောလေဟာနယ်များက အချိန်ကြာလာသည်နှင့်အမျှ သူ့အလိုလို ပြန်လည်ပြုပြင်ကောင်းမွန်လာသည်။
ရွှေရောင်အလင်းတန်း၏ အပြင်ဘက်တွင် မီတာဆယ်ဂဏန်းကျယ်သော ကြီးမားလှသော စွမ်းအင်လက်တစ်စုံရှိသည်။သို့သော် ရှောင်စန်း၏စွမ်းအင်များက လေတိုက်စားမှုဒဏ်ကို ခုခံကာကွယ်ပေးထားသည်။
ရွှေရောင်အကာအကွယ်အတွင်းရှိ လီလော့သည် သူ့ပတ်ဝန်းကျင်ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ငါးစာကိုငါးလာဟပ်မည့်အချိန်ကို စောင့်မျှော်နေလေသည်။
ကနဦးစောင့်ဆိုင်းမှုမှာ အနည်းငယ်ရှည်လျားပြီး မိနစ်အနည်းငယ်ကြာသည်အထိ ဟွမ်လုံရှီးရေကန်ဘက်က တုံ့ပြန်မှုမရှိသေးပေ။ ဒါက သူ့ကို အနည်းငယ် စိတ်ရှုပ်စေသည်။ကြီးမားသော စွမ်းအင်လက်တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် တစ တစ ယိုယွင်းလာနေသည်။
သူသည် ငါးစာချထားပြီး စောင့်ဆိုင်းနေစဉ် လီချင်းဖုန်းနှင့် ကျန်လူများကိုလည်း အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ကြေးနဂါးပတ်တိုင်များပေါ်ရှိ လီဟုန်လီ လီကျင်းထောင်နှင့် တျန်ဖန်းရှန်းတို့အားလုံး မျက်လုံးများနာသွားသည်အထိ ၎င်းတို့ရှေ့မှ နေရာလွတ်ကို စိုက်ကြည့်နေကြသည်။ ကံမကောင်းစွာပဲ၊ သူတို့အနီးနားတွင် နဂါးမီးတောက်ကို မမြင်နိုင်သေးပေ။
ဒါက ပုံမှန်ပင်... ကြေးနဂါးပတ်တိုင်များသည် နဂါးမီးတောက် အရင်းအမြစ်မှ အဝေးဆုံးဖြစ်သည်။ တစ်ခုတစ်လေရရှိရန် အခွင့်အလမ်းနည်းပါးပြီး ဤနေရာမှ လက်ဗလာဖြင့် ထွက်ခွာသွားရမည်မှာ အဆန်းမဟုတ်ပေ။
၎င်းတို့ရှေ့တွင် ငွေနဂါးပတ်တိုင်နှစ်တိုင်ရှိသည်။ လုချင်းမိန်ရဲ့ ကံကြမ္မာက မဆိုးလှပေ။ ဟွမ်လုံရှီးရေကန်မှ နဂါးမီးတောက်တခု သူမအနီးကို ချဉ်းကပ်လာနေပြီ.....
တစ်ချိန်တည်းမှာပင်၊ လီချင်းဖုန်းကလည်း နဂါးမီးတောက်ကို သတိပြုမိခဲ့သည်။
သူသည် လုချင်းမိန်ဆီသို့ ဖြည်းညှင်းစွာ ကူးခတ်နေသည့်နဂါးမီးတောက်ကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ ရွှေနဂါးပတ်တိုင်ဆီသို့ အေးစက်သော အရိပ်အယောင်များဖြင့် လှည့်ကြည့်လိုက်သည်။
ရွှေနဂါးပတ်တိုင်ကို ဆုံးရှုံးလိုက်ရခြင်းသည် သူ့အတွက် စိတ်ပျက်စရာပင်...
သူ့အတွက်ပဲဖြစ်သင့်တာ......
လက်ရှိတွင် ငွေနဂါးပတ်တိုင်ကိုသိမ်းပိုက်ထားနိုင်သော်လည်း ကောင်းမွန်သောရလဒ်များရရှိရန် သူ့အတွက် ခက်ခဲမည်ဖြစ်သည်။
သို့သော်လည်း သူသည် လေးလေးနက်နက် သက်ပြင်းချကာ သူ့လက်ကောက်ဝတ်ပေါ်ရှိ
စက်လုံးတစ်ခုကို ပွတ်ဆွဲလိုက်သည်။ထိုအခါ နဂါးနှင့်တူသော မရေမတွက်နိုင်သော မှော်စာလုံးများ များဖြင့် ရေးထွင်းထားသည့်အစိမ်းရင့်ရောင် အမွှေးတိုင်တစ်ချောင်း ပေါ်လာသည်။
ထိုအမွှေးတိုင်ကို နဂါးခံတွင်းရည်ဟု ခေါ်သည်။
ထိုအရာသည် နဂါးများ၏ သွေးအဆီအနှစ်ကို သန့်စင်ထားခြင်းဖြစ်ပြီး မီးလောင်ကျွမ်းသောအခါတွင် နဂါးမီးတောက်အတွက် အလွန်ဆွဲဆောင်မှုရှိသော ရနံ့ကို ထုတ်ပေးသည်။
မူလက ထိုအရာကို ရွှေနဂါးပတ်တိုင်ရပြီးချိန်၌ အသုံးပြုရန် ပြင်ဆင်ထားသည့်အရာဖြစ်သည်။
သူသည် ရွှေနဂါးပတ်တိုင်ကိုရပြီးနောက် ၎င်း၏ဆွဲဆောင်မှုရှိသောရနံ့ကို အသုံးချရန် စီစဉ်ခဲ့ပြီး နဂါးမီးတောက် စွမ်းအင်ကြိုးမျှင် လေးခုကိုပင် ရရှိနိုင်သည်ဟု မှန်းထားသည်။
ယခုတော့ သူ့အစီအစဥ်တစ်ခုလုံး ပျက်စီးသွားသည်မှာ စိတ်ပျက်စရာပင်....
ငွေနဂါးပတ်တိုင်တွင်ရှိနေခြင်းကြောင့် နဂါးခံတွင်းရည်၏
အကူအညီဖြင့်ပင်၊ သူလုပ်နိုင်သောအကောင်းဆုံးမှာ ကြိုးမျှင်နှစ်ချောင်း သို့မဟုတ် သုံးချောင်းဖြစ်နိုင်သည်။ သို့သော်လည်း လီချင်းဖုန်းအနေဖြင့် ၎င်း၏ထူးခြားသောဂုဏ်သတ္တိများကို အပြည့်အဝအသုံးချနိုင်ခြင်းမရှိသေးသော်လည်း ၎င်းကိုအသုံးပြုရန်ဆုံးဖြတ်ထားဆဲဖြစ်သည်။
၎င်း၏လက်ရှိတည်နေရာတွင်သက်ရောက်မှုများ လျော့နည်းသွားသော်လည်း၊ နဂါးခံတွင်းရည်နံ့သာတိုင်ကို မီးရှို့ခြင်းသည် လီလော့ ၏တည်နေရာမှ လျှို့ဝှက်ဆန်းကြယ်သော နဂါးမီးတောက် အချို့ကို ဆွဲဆောင်နိုင်သေးသည်။ အခြေခံအားဖြင့်၊ သူသည် လီလော့အတွက် ရည်ရွယ်ထားသည့် နဂါးမီးတောက်ကို ခိုးယူနိုင်မည်ဖြစ်သည်။
ဒါက သူ့ကို နည်းနည်းလေးတော့ စိတ်ပြေစေနိုင်၏။
လီလော့က သူ၏ ရွှေနဂါးပတ်တိုင်ကို ခိုးယူပြီးနောက်၊ သူပိုင်သင့်သော နဂါးမီးတောက်များကို သိမ်းပိုက်ရန် အခြားနည်းလမ်းများကို အသုံးပြုရတော့မည်။
ဒါကို စိတ်ထဲမှာ စွဲမှတ်ထားလိုက်ပြီး သူ့လက်ထဲက နဂါးခံတွင်းရည်နံ့သာတိုင်ကို မီးရှို့လိုက်လေသည်။ထိုအခါ အခိုးအငွေ့များ လွင့်ပျံလာကာ အကာအကွယ်အလင်းရောင် အတားအဆီးကို ဖြတ်ကျော်ဝင်သွား၍ လေပြင်းမုန်တိုင်း၏ နက်ရှိုင်းရာသို့ ဝင်ရောက်လာခဲ့သည်။
လေပြင်းတိုက်တာနဲ့ ချက်ခြင်းပဲ မီးခိုးတွေ လွင့်စင်သွားပေမယ့် လုံးလုံးတော့ မဟုတ်ပေ။ ယင်းအစား၊ ၎င်း၏ထူးခြားသောရနံ့သည် လေ၏အကူအညီဖြင့် နေရာအနှံ့ ပျံ့နှံ့သွားသည်။
ထို့နောက် နဂါးခံတွင်းရည်နံ့သာတိုင်က လုချင်းမိန် အနီးသို့ ချဉ်းကပ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော နဂါးမီးတောက် စွမ်းအင်ကြိုးမျှင်ကို ဆွဲဆောင်လေတော့သည်။
မူလက ထိုနဂါးမီးတောက်က လုချင်းမိန်ဆီသို့ နီးကပ်စွာ ချဉ်းကပ်နေခဲ့သည်။ သို့သော် မွှေးရနံ့များ ပျံ့နှံ့လာသဖြင့် နဂါးမီးတောက် ရုတ်တရက် တုန်လှုပ်သွားပြီး ချက်ချင်းပင် အမြီးလှည့်ကာ လီချင်းဖုန်းဆီသို့ ဉီးတည်လေတော့သည်။
လုချင်းမိန် ရုတ်တရက်အမူအရာပြောင်းလဲသွားသည်။ ထို့နောက် သူမ လီချင်းဖုန်းဆီသို့ တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲတွင် နံ့သာတိုင်တစ်ချောင်းကို တွေ့လိုက်ရသည်။
ထိုအရာဝတ္ထုက ဘာလဲဆိုတာ သူမ မသိသော်လည်း ၎င်းသည် နဂါးမီးတောက် လှည့်ထွက်သွားသည့် အကြောင်းရင်းဖြစ်ကြောင်း သူမ ခန့်မှန်းနိုင်သည်။
ဤအရာက သူမကို လုံးဝဒေါသဖြစ်စေခဲ့ပြီး သူမ၏အကြည့်များ အေးစက်သွားခဲ့သည်။
ဒီလူယုတ်မာက သူမအတွက် ရည်ရွယ်ထားတဲ့ နဂါးမီးတောက်ကို ဆွဲဆောင်နေတာပဲ.....
လုချင်းမိန်၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း လီချင်းဖုန်းက အနည်းငယ် ပြုံးရုံသာ.....
သူ့နည်းလမ်းတွေက စည်းမျဉ်းတွေကို ချိုးဖောက်သလိုမျိုးမဟုတ်သဖြင့် လုချင်းမိန်ကိုလည်း ဘာမှ မလုပ်နိုင်ခဲ့ပေ။ ဟွမ်လုံရှီးရေကန်အတွက် ပြိုင်ဆိုင်မှုသည် နောက်ဆုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းရည်များပေါ်တွင် မူတည်သည်။
လျှို့ဝှက်ဆန်းကြယ်သော နဂါးမီးတောက် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ လီချင်းဖုန်း ရုတ်တရက် လှုပ်ရှားသွားပြီး ကြီးမားသော စွမ်းအင်ပမာဏများ သူ့ထံမှ ထွက်ပေါ်လာပြီး ဧရာမ စွမ်းအင်လက်တစ်ခု ဖြစ်လာသည်။ ၎င်းသည် အတားအဆီးထဲသို့ ပြန်မဆုတ်မီ သန့်ရှင်းတိကျသော လှုပ်ရှားမှုဖြင့် နဂါးမီးတောက်ကို ဖမ်းယူခဲ့သည်။
ထို့နောက် သူသည် ကျောက်စိမ်းပုလင်းကို ထုတ်ကာနဂါးမီးတောက် ကို သိမ်းဆည်းခဲ့သည်။ သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာပေသည်။
ဤပထမစွမ်းအင်ကြိုးမျှင်က အမြည်းသက်သက်ဖြစ်သည်။ လီလော့၏ တည်နေရာမှ လျှို့ဝှက်ဆန်းကြယ်သောနဂါးမီးတောက်ကို ခိုးယူခြင်းသည် စစ်မှန်သော ရိတ်သိမ်းမှုဖြစ်မည်ဖြစ်ပြီး ကြီးကျယ်ခမ်းနားသော ပြပွဲတစ်ခုဆီကို မျှော်လင့်နေမိတော့သည်။
လီလော့ရဲ့ ဦးတည်ရာကို လှမ်းကြည့်လိုက်တော့ လီချင်းဖုန်း မျက်မှောင်ကြုတ်သွားသည်။
လီလော့ ဖန်တီးထားသော စွမ်းအင်လက်သည် အချိန်အတော်ကြာသွားသော်လည်း လေပြင်း၏ပျက်စီးစေသောအကျိုးသက်ရောက်မှုများနှင့် ထိတွေ့နေရဆဲဖြစ်ကြောင်း သူသဘောပေါက်ပါသည်။
"ဒီကောင်ဘာလုပ်နေတာလဲ....ဒီအတိုင်းနေလို့ကတော့ စွမ်းအင်သုံးစွဲမှုကိုဖြုန်းတီးနေတာမဟုတ်ဘူးလား..."
လီချင်းဖုန်းက အံသြသောအမူအရာဖြင့်တွေးလိုက်မိပြီး လီလော့၏ လုပ်ရပ်များက မိုက်မဲနေပုံရသည်။
သို့သော် သူ၏ အံ့သြမှုက ကြာရှည်မခံပေ။ ရွှေနဂါးပတ်တိုင်အနီး လှုပ်ရှားမှုကို သူသတိထားမိသည်။
နံ့သာတိုင်မှအမွှေးရနံ့များ ဆက်လက်ပျံ့နှံ့နေချိန်တွင် ရွှေနဂါးပတ်တိုင်အနီးတွင် နဂါးမီးတောက်တခု ပေါ်လာသည်ကို လီချင်းဖုန်း တွေ့လိုက်ရသည်။
မဟုတ်ဘူး... တစ်ခုတည်းတော့ မဟုတ်ဘူး......
ဟွမ်လုံရှီးရေကန်၏ ပထမစွမ်းအင်ကြိုးမျှင် ပေါ်လာသောအခါ နောက်ထပ် နှစ်ခုသည်လည်း ရှေးမနှောင်းမီထွက်ပေါ်လာပြန်သည်။
နဂါးမီးတောက်စွမ်းအင်ကြိုးမျှင်သုံးချောင်း............
သူ့အကြည့်တွေက စိတ်လှုပ်ရှားမှုတွေ တောက်လောင်နေ၏။ နဂါးခံတွင်းရည် နံ့သာတိုင်က သူထင်ထားတာထက် ပိုထိရောက်သည်။ အမွှေးတိုင်မီးခိုးငွေ့က နဂါးမီးတောက်သုံးခုကို အမှန်တကယ် စွဲဆောင်နေသလား.......
လီချင်းဖုန်း အားရပါးရ ပြုံးလိုက်ပြီး....
"ဒီနဂါးမီးတောက်သုံးခုကို ရွှေနဂါးပတ်တိုင်ရဲ့ စွမ်းအားက ဆွဲဆောင်နေတယ်လို့ လီလော့ ထင်နေလောက်ပြီ...."
လျှို့ဝှက်ဆန်းကြယ်သော နဂါးမီးတောက်များ ရွှေနဂါးပတ်တိုင်ကို လျစ်လျူရှုကာ သူ့ဆီသို့ ကူးခတ်လာသောအခါ လီလော့၏ စိတ်ပျက်လက်ပျက်မျက်နှာကို မြင်တွေ့ရန် သူမျှော်လင့်နေသည်။ ဤအမူအရာက မည်မျှ အံ့သြဖွယ်ကောင်းမည်နည်း။
လီလော့အနေဖြင့် ရွှေနဂါးပတ်တိုင်ကို ရနိုင်သော်လည်း အကြီးမားဆုံးအောင်နိုင်သူမှာ လီချင်းဖုန်းပင်ဖြစ်သည်။
လီချင်းဖုန်း သူ့ကိုယ်ပိုင်စိတ်ကူးထဲမှာ ကြည်နူးနေချိန်မှာပဲ လီလော့သည်လည်း နဂါးမီးတောက်သုံးခုကြောင့် စိတ်လှုပ်ရှားနေလေ၏။
"စွမ်းအင်လက်ထဲမှာ ကောင်းကင်ဧကရာဇ်စာချွန်တော်ကို ကိုင်ထားလိုက်တာ ကောင်းတဲ့အကြံပဲ..."
လီလော့ သက်ပြင်းတစ်ချက်ချလိုက်သည်။
ငါးစာချပြီးနောက် သူသည် သင့်တင့်လျောက်ပတ်သော အကျိုးအမြတ်အချို့ကို ရိတ်သိမ်းနိုင်ခဲ့သည်။
လီလော့က လျှို့ဝှက်ဆန်းကြယ်သော နဂါးမီးတောက် စွမ်းအင်ကြိုးမျှင်သုံးချောင်းကို အလျင်အမြန်ဖမ်းယူရန် ကြံစည်ထားသော်လည်း သူသည် အမွှေးတိုင်တစ်ချောင်းကို ရုတ်တရက် သတိပြုမိလိုက်သည်။
ထိုအနံ့က ထူးထူးခြားခြား ခံစားချက်မျိုးပေးစွမ်းနေသည်မဟုတ်လော.....
"ဟမ်?"
ရနံ့ပေါ်လာသည်နှင့်အမျှ လီလော့အံ့သြစွာ အော်ဟစ်လိုက်သည်။ သူ့နှင့် သိပ်မဝေးသော နေရာ၌ ရွှေရောင်အလင်းတန်းနှစ်ခုကို သူမြင်လိုက်ရသည်။
နောက်ထပ်စွမ်းအင်ကြိုးနှစ်ချောင်း.....
လီလော့ မျက်လုံးပြူးနေပြီ....
အဲဒီသုံးခုကို ပေါင်းထည့်လိုက်ရင် အားလုံးပေါင်း ငါးခု ပေါ်လာပြီပေါ့......
ဤအရာသည် မည်ကဲ့သို့ ကြွယ်ဝသော ရိတ်သိမ်းမှုမျိုး ဖြစ်သနည်း။
စွမ်းအင်ကြိုးမျှင်ငါးချောင်းနဲ့ ရင်ဆိုင်လိုက်တဲ့အခါ လီလော့ရဲ့ နှလုံးခုန်သံတွေ ဆူညံလာသည်။ သူသည် သူ၏ စွမ်းအင်လက်ကို ပြတ်ပြတ်သားသား ဆန့်ထုတ်လိုက်ပြီး ငါးခုစလုံးကို တရှိန်ထိုး ဖမ်းဆုပ်ရန် စီစဉ်နေသည်။
သို့သော် သူလုပ်ဆောင်တော့မည့်အချိန်တွင် နဂါးမီးတောက်များက အသက်ဝင်လာပြီး အခြားလမ်းကြောင်းသို့ ရွေ့သွားပုံရသည်။ သူတို့သည် သူ့ဆီသို့ မလာတော့ဘဲ သူ့နောက်ဘက် တစ်နေရာသို့ သွားနေကြသည်။
ဒါကိုမြင်တော့ တခုခု မှားနေပြီဖြစ်ကြောင်းခန့်မှန်းမိသည်။သို့သော်၊ သူသည် သူတို့၏လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်ရာ၊ အနည်းငယ်ပြုံးနေသော လီချင်းဖုန်းက လက်ထဲတွင် နံ့သာတိုင်တစ်ချောင်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ထို့နောက် လီလော့ သဘောပေါက်လာသည်။ လီချင်းဖုန်း၏ထူးဆန်းသောနည်းလမ်းကြောင့် စွမ်းအင်ကြိုးမျှင်ငါးချောင်း ပေါ်လာခြင်းပင်.....
သူ့လက်ထဲက အမွှေးတိုင်တစ်ချောင်းဟာ နဂါးမီးတောက်တွေကို ဆွဲဆောင်နိုင်တဲ့ ကောင်းကင်ဧကရာဇ်စာချွန်တော်နဲ့ ဆင်တူတဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပေမည်။
ကောင်းကင်ဧကရာဇ်စာချွန်တော်နှင့် အမွှေးတိုင်နှစ်ခုလုံး၏ ပေါင်းစပ်လွှမ်းမိုးမှုဖြင့် ကြိုးမျှင်ငါးချောင်းကို ဆွဲဆောင်ခဲ့သည်ဟုဆိုနိုင်သည်။
"ဒါဆို ငါတစ်ယောက်တည်း ပြင်ဆင်ထားတာမဟုတ်ဘူးပေါ့..."
လီချင်းဖုန်း၏ အမွှေးတိုင်သည် သူ့မျှော်လင့်ချက်ထက် အနည်းငယ်သာလွန်နေသော်လည်း၊ ဤအရာသည် အမှန်ပင် ကောင်းသောကိစ္စဖြစ်သည်။ နောက်ထပ် နဂါးမီးတောက်များရရှိရန် တစ်စုံတစ်ယောက်က သူ့ကို ကူညီပေးနေပြီး ထိုလူသည် အလွန်ရက်ရောသည့်အတွက် ဆုတစ်ခု ထိုက်တန်ပါသည်။
လီချင်းဖုန်း၏ ရည်ရွယ်ချက်မှာ လျှို့ဝှက်ဆန်းကြယ်သောနဂါးမီးတောက် ကို သူ့ထံသို့ မြှူဆွယ်ပြီး အားလုံးကို သိမ်းယူလိမ့်မည်။ သို့သော်၊ ကောင်းကင်ဧကရာဇ်၏စာချွန်တော်က ထိုနံ့သာတိုင်ထက် ပိုစွမ်းသည်ကိုတော့ မသိရှာပေ။
ထို့ကြောင့် လီလော့က လီချင်းဖုန်းအား ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်သည်။ထို့နောက် အတွေးတစ်ခုဖြင့် ဧရာမစွမ်းအင်လက်၏ တစ်စိတ်တစ်ပိုင်း ပျံ့လွင့်လာသည်။ ခဏအကြာတွင် အနက်ရောင် ကမ္ပည်းပြားတခု ပေါ်လာသည်။
သူသည် ကောင်းကင်ဧကရာဇ်စာချွန်တော်ကို တိုက်ရိုက် ဖော်ထုတ်ခဲ့သည်။
သူဒီလိုလုပ်လိုက်တာနဲ့ လီချင်းဖုန်းဆီကို ဦးတည်သွားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နဂါးမီးတောက်တွေ ရုတ်တရက် တုံ့ဆိုင်းသွားပြီး သူတို့ကိုဖုံးအုပ်ထားသည့် ရွှေရောင်အလင်းတန်းတွေက ပိုလို့တောင် တောက်ပလာပုံပေါ်ရသည်။
ခဏအကြာတွင် နဂါးမီးတောက်ငါးခုစလုံး လီလော့၏ ဧရာမစွမ်းအင်လက်ဆီသို့ ရောက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လီချင်းဖုန်းရဲ့အပြုံးတွေ လုံးဝပျောက်ကွယ်သွားခဲ့ချေပြီ........