ကြွယ်ဝသော ရိတ်သိမ်းမှု.....
Vol. 61 Ch. 847
လီချင်းဖုန်းသည် သူ့ထံမှ နဂါးမီးတောက် စွမ်းအင်ကြိုးမျှင်ငါးချောင်း လီလော့ဆီသို့ ဦးတည်သွားသောအခါ သူ့အပြုံးများ အေးခဲသွားသည်။
သူ ခဏတာ အံသြသွားသည်။ ယင်းနောက်တွင် သူသည် တည်ငြိမ်မှုကို မထိန်းနိုင်ဘဲ ငွေနဂါးပတ်တိုင်ထိပ်တွင် မတ်တပ်ရပ်လိုက်သည်။အခုချက်ချင်း အကာအကွယ်အတားအဆီးကနေ ရုန်းထွက်ချင်နေပြီ။
သို့သော်အပြင်ဘက်ရှိ စွမ်းအင်မုန်တိုင်းသည် မယုံနိုင်လောက်အောင် ဆိုးရွားလှသဖြင့် မနည်းစိတ်ထိန်းထားရသည်။ အကယ်၍ မဆင်မခြင် ပြေးထွက်သွားပါက အချိန်အကြာကြီး မခံချိမခံသာဖြစ်ပြီး ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။
ထို့ကြောင့နဂါးမီးတောက် ကြိုးငါးချောင်းသည် ၎င်းတို့၏ အသိုက်ဆီသို့ ပြန်သွားသည့် ငှက်အုပ်တစ်အုပ်ကဲ့သို့ လီလော့၏ စွမ်းအင်လက်ဆီသို့ ပျံသန်းသွားသည်ကို လီချင်းဖုန်းခင်မျာ ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေခဲ့ရသည်။
လီချင်းဖုန်း၏ ချောမောသော မျက်နှာသည် ချက်ချင်းပင် အကျည်းတန်လာသည်။
"မဖြစ်နိုင်ဘူး!"
သူ တကယ်ကို ဒေါသထွက်နေပြီ...ဘယျလျိုဖွဈရတာလဲ...တကယ်ဆို နဂါးခံတွင်းရည်နံ့သာတိုင်ကြောင့် နဂါးမီးတောက်တွေ သူ့ဆီကိုပဲရောက်လာရမှာလေ...ဘာလို့ လီလော့ဆီသွားကုန်ကြတာလဲ....
သူ့အဖြစ်က စားရခါနီးမှ မုန့်ပြုတ်ကျသွားသော ကလေးငယ်လိုပင်....
သူ့အမြင်အရ နဂါးမီးတောက်ငါးခုသည် သူ၏ နဂါးခံတွင်းရည် အမွှေးတိုင်ကြောင့် ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ထိုကြိုးမျှင်များက သူ့အတွက်သာဖြစ်သင့်သည်။
"အဲ့ဒါကြောင့်လား?"
လီချင်းဖုန်းက လီလော့၏ ဧရာမစွမ်းအင်လက်ထဲတွင် ပေါ်လာသော အနက်ရောင် ကမ္ဗည်းပြားကို စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် ကမ္ဗည်းပေါ်က လီ စာလုံးကို သတိပြုမိပြီး ချက်ချက်း အေးစက်သွားသည်။
"အဲဒါ... ကောင်းကင်ဧကရာဇ်ရဲ့ စာချွန်တော်မလား..."
သူ့နှလုံးသားထဲမှာ ခံစားချက်တွေရှုပ်ထွေပြွတ်သိပ်နေပြီ။ နဂါးသွေးမျိုးဆက်မှ တိုက်ရိုက်ဆင်းသက်လာသူအနေဖြင့် ကောင်းကင်ဧကရာဇ်စာချွန်တော်အကြောင်းကို သေချာပေါက်သိသည်။ ဤသည်မှာ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော အရာဖြစ်သည်။
အမှန်မှာ၊ ၎င်းသည် နဂါးမျိုးဆက်၌ အံ့သြဖွယ်အကောင်းဆုံးနှင့် အနှစ်သက်ဆုံးသော အရည်အချင်းရှိသူများသာ ပိုင်ဆိုင်ရမည့်အရာဖြစ်သည်။
ကောင်းကင်ဧကရာဇ်လီ သွေးမျိုးဆက်ကို တည်ထောင်ချိန်မှစ၍ ယခုအချိန်ထိ လူအနည်းငယ်ကိုသာ ဘိုးဘေးများက ကောင်းကင်ဘုံဧကရာဇ်စာချွန်တော်ကို ပေးအပ်နိုင်ခဲ့သည်။
ရှင်းနေသည်၊ ဤကောင်းကင်ဘုံဧကရာဇ်စာချွန်တော်သည် လီလော့နှင့်မသက်ဆိုင်ဘဲ သူ့အဖေ လီတိုင်ရွှမ်၏အပိုင်ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင်၊ လီတိုင်ရွှမ်သည် ထိုခေတ်က ကောင်းကင်ဧကရာဇ်စာချွန်တော်ကို ပြန်လည်ရရှိခဲ့သောအဖြစ်ကို နဂါးကလန်ငါးခုစလုံး၌ မသိသူမရှိပေ။
လီလော့က နဂါးမီးတောက်များကို သူ့နံဘေးသို့ ဆွဲဆောင်ရန် ဤပစ္စည်းကို အသုံးပြုခဲ့သည်မှာ ထင်ရှားသည်။
ထိုအချိန်တွင် လီချင်းဖုန်း၏ မျက်နှာ အမှန်တကယ်ပင် ရုပ်ဆိုးသွားခဲ့သည်။ လီလော့တွင် ထိုသို့သော ဝှက်ဖဲရှိမည်ဟု သူ မမျှော်လင့်ထားပေ။ ဒီအကြောင်းကို စောစောက သိခဲ့မယ်ဆိုရင် သူ့ရဲ့ နဂါးခံတွင်းရည် နံ့သာတိုင်ကို ထုတ်သုံးနေမည်မဟုတ်ပေ။ ယခု သူဆွဲဆောင်ခဲ့သော လနဂါးမီးတောက်များကို မဖမ်းဆုပ်နိုင်ရုံသာမကဘဲ ၎င်းတို့ကို လီလော့ ထံ အခမဲ့ လွှဲပြောင်းပေးနေရသည်။
သူ့နှလုံးသားမှာ နောင်တရမှုတွေ ပြည့်နှက်နေသည်။ နဂါးခံတွင်းရည် နံ့သာတိုင်က အလွန်ရှားပါးပြီး ဈေးကြီးသည်။ ရွှေနဂါးပတ်တိုင်ကိုရပြီးနောက် နဂါးမီးတောက်တွေပိုရရှိနိုင်အောင် သူ့အဖေ ဝီရိယစိုက်ထုတ်ပြင်ဆင်ထားခြင်းဖြစ်သည်။
သို့သော် အကျိုးကျေးဇူးများကို ခံစားနေရသူမှာ သူမဟုတ်ဘဲ လီလော့ဖြစ်နေသည်။
စုစုပေါင်း စွမ်းအင်ကြိုးမျှင်ငါးခု......
လီလော့သာ ဒါတွေရခဲ့မယ်ဆိုရင် သူ့မှာ စောစောက ရရှိခဲ့တဲ့ တခုကိုပါထည့်ပေါင်းရင် စုစုပေါင်း နဂါးမီးတောက် ခြောက်ခု ရရှိနိုင်မည်။
၎င်းသည် ဟွမ်းလုံရှီးရေကန်၌ ရိတ်သိမ်းနိုင်သည့် ထိပ်တန်း စံချိန် (၃) ခုစရင်းတွင် စံချိန်တင်နိုင်မည်မှာ သေချာပါသည်။
ကောင်းကင်ဧကရာဇ်စာချွန်တော်က လီလော့အောင်မြင်နိုင်သည့်တစ်ခုတည်းသောအကြောင်းပြချက်မဟုတ်ပေ။ လီချင်းဖုန်း၏ နဂါးခံတွင်းရည် နံ့သာတိုင်ကလည်း များစွာပံ့ပိုးကူညီခဲ့ပေသည်။
တစ်နည်းဆိုရသော် လီချင်းဖုန်း၏ သေးငယ်သော တွက်ချက်မှုများနှင့် အစီအစဥ်အားလုံးသည် လီလော့အတွက် အမှန်တကယ် အကျိုးရှိစေပါသည်။
လီချင်းဖုန်း၏နှလုံးသွေးများစီးကျနေသကဲ့သို့ခံစားနေရချိန်၌ လီလော့ကတော့နဂါးမီးတောက် ကြိုးငါးချောင်းလုံးကို ဆုပ်ကိုင်နိုင်ခဲ့သည်။ သူ၏ လျင်မြန်စွာခုန်နေသော နှလုံးကို ဖိနှိပ်ကာ ၎င်းတို့ကို အကာအကွယ်အတားအဆီးထဲသို့ အမြန်ပြန်ဆွဲသွင်းခဲ့သည်။
ပြီးတာနဲ့ချက်ချင်း သူ့ကျောက်စိမ်းပုလင်းထဲကို ဂရုတစိုက်ထည့်လိုက်ပြီးမှသာစိတ်သက်သာရာရသွားသည်။
အားလုံးပြီးစီးပြီးနောက် လီလော့၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။
နဂါးမီးတောက်ငါးခု.........
ယခု သူ့လက်ထဲတွင် နဂါးမီးတောက် ခြောက်ခုရှိနေသဖြင့် ရှောင်စန်းကိုတခု ပေးပြီးနောက် သူ့အတွက် ငါးခုကျန်တော့မည်ဖြစ်သည်။ ၎င်းသည် သူ၏ ပဲ့တင်ထပ်သံနန်းတော်သုံးခု၏ ကြီးမားသော ကွာဟချက်ကို ဖြည့်ဆည်းရန် လုံလောက်ပေလိမ့်မည်။
ထိုအချိန်တွင်၊ နတ်ဆိုးခန္ဓာအဆင့်ကိုရောက်ရှိရန် စိတ်ကူးယဉ်အိပ်မက်ကို နောက်ဆုံးတွင် အကောင်အထည်ဖော်နိုင်ပေတော့မည်။
သူ့မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခုကိုချိတ်ဆွဲလျှက် လီလော့က သူ့နောက်ဘင်ခပ်လှမ်းလှမ်းတွင်ရှိသော လီချင်းဖုန်းကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ လီချင်းဖုန်းကလည်း ဤအချိန်တွင် သူ့ကို စူးစူးစိုက်စိုက်ကြည့်နေပြီး အရင်လို မတည်ငြိမ်နိုင်တော့ပေ။
နဂါးကလန်တွင် ကြင်နာတတ်သော သူများရှိနေသေးဖြင့် လီလော့စိတ်ထဲကနေ ကျေးဇူးတင်မိသည်။
လီလော့ သက်ပြင်းချကာ လက်သီးဆုပ်၍ လီချင်းဖုန်းအား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
ဒါကိုမြင်တော့ လီချင်းဖုန် ရဲ့နဖူးပေါ်က သွေးကြောတွေဟာ ဒေါသအရှိန်ကြောင့် ပွင့်ထွက်လုနီးနီးဖြစ်နေရှာသည်။ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူပြီး လီလော့ကို လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်ရလေသည်။
လီလော့က ၎င်းကို လုံးဝ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ကြည့်နေ၏။ သူ့ရည်မှန်းချက်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့အတွက် သူ့အပေါ် ဖိအားတွေမရှိတော့တာကြောင့် အဆုံးသတ်ကို စောင့်ရန်သာလိုသည်။
ယနေ့တွင် သူသည် အမှန်တကယ် ကောင်းမွန်သော အရာများကို ရရှိခဲ့သည်။
အကျိုးသက်ရောက်မှုက အကန့်အသတ်ရှိမည်ဖြစ်သောကြောင့် ကျန်အချိန်များတွင် သူသည် ကောင်းကင်ဧကရာဇ်စာချွန်တော်ကို နောက်ထပ်အသုံးမပြုတော့ပေ။ နောက်ဆုံးတွင်၊ နဂါးမီးတောက် ထွက်ပေါ်လာမှုက အကန့်အသတ်ရှိသည်။ အများကြီးစုပ်ယူမိလျှင် သူတို့ပြန်ဖြည့်တင်းဖို့ နှစ်ပေါင်းများစွာ ကြာလိမ့်မယ်။
နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေက အားရစရာမရှိပေမယ့် တခြားသူတွေလည်း ဆုလာဘ်အချို့ကို ရယူနိုင်ခဲ့သည်။
လုချင်းမိန်က ငွေနဂါးပတ်တိုင်ပေါ်တွင်မီးတောက်ကို ပထမဆုံးရရှိသူဖြစ်သည်။
ကြေးနဂါးပတ်တိုင်များတွင် လီဟုန်လီနှင့် တျန်ဖုန်းရှန်တို့ကလည်း နဂါးမီးတောက် တခုစီရရှိခဲ့ကြသည်။
လီကျင်းထောင်ကတော့ သူတို့အပေါ် တိုက်ခိုက်ဖို့ စိတ်မဝင်စားသေးသလို နဂါးမီးတောက်တခုမှလဲ မရခဲ့ပေ။သို့သော် သူ့အမူအရာက အပြင်ဘက်ရှိ ပရိသတ်များထက် ပို၍ ပေါ့ပါးနေသည်။
ဒီလိုနဲ့ပဲ နောက်ထပ်တစ်နာရီ ကုန်ဆုံးသွားချေသည်။
လီလော့ နောက်ထပ်နဂါးမီးတောက်များကို ရည်မှန်းခြင်းမရှိသော်လည်း၊ သူသည် မမျှော်လင်ဘဲ နဂါးမီးတောက် နောက်ထပ်တခုကို ရရှိခဲ့သည်။ ရလဒ်အနေဖြင့် သူ့တွင် နဂါးမီးတောက် ၏ စုစုပေါင်းခုနစ်ခုရှိသည်။
အချိန်မလွန်ခင်မှာ လီကျင်းထောင်ဟာ နဂါးမီးတောက်တခုကို အေးအေးဆေးဆေး ဖမ်းယူနိုင်ခဲ့သည်။
လုချင်းမိန် နှင့် လီချင်းဖုန်းတို့သည်လည်း ငွေနဂါးပတ်တိုင်များ၏ အားသာချက်များ ကြောင့် နောက်ထပ် တခုစီ ရယူနိုင်ခဲ့သည်။
ဒေါင်!
ငြိမ့်ညောင်းသော ခေါင်းလောင်းသံများ ရေကန်၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
ပြိုင်ပွဲ တရားဝင်ပြီးဆုံးချေပြီ.....
လက်ရှိ လူခြောက်ဦးတွင် လီလော့က နဂါးမီးတောက် ခုနစ်ခုကို ရရှိခဲ့ပြီး လီချင်းဖုန်းနှင့် လုချင်းမိန်တို့က နှစ်ခုစီ ရရှိခဲ့သည်။ လီဟုန်လီ၊ တျန်ဖုန်းရှန်နှင့် လီကျင်းထောင်တို့ကတော့ တခုစီရရှိထားသည်။
တစ်နည်းဆိုရသော် လီလော့၏ရိတ်သိမ်းနိုင်မှုက အခြားငါးယောက် ပေါင်းလိုက်သည်နှင့်ညီမျှသည်။
သူ၏ ရိတ်သိမ်းမှုကြီးက အခြားသူများထံမှ မနာလိုမှုများစွာကို ဆွဲဆောင်ခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ပေါ်မှ အလင်းတန်းခြောက်ခု နဂါးတိုင်ပတ်များပေါ်သို့ ဆင်းသက်လာသည်။ ဤအလင်းတန်းများ၏ အကာအကွယ်အောက်တွင် လီလော့ နှင့် အခြားငါးယောက်တို့ လေထဲသို့ ဖြည်းညှင်းစွာကြွတက်လာကာ ပြင်းထန်သောမုန်တိုင်းကို ဖြတ်ကျော်၍ ရေကန်အနားရှိ ကျောက်စင်ပေါ်တွင် ပြန်လည်ဆင်းသက်ခဲ့ကြသည်။
လီလော့ ဆင်းသက်လာသည်နှင့် တပြိုင်နက် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့မှ ပြင်းထန်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သည် ယနေ့တွင် အခမ်းနားဆုံး ဖျော်ဖြေမှုကို ပြသထားသောကြောင့် တံခွန်အဖွဲ့ဝင်များအားလုံး စိတ်လှုပ်ရှားနေပါသည်။
ဤမျှအံ့သြဖွယ်အောင်မြင်မှုကြောင့် အစိမ်းရောင်နယ်သာတံခွန်သည် 20 တံခွန်အဖွဲ့နှစ်ဆယ်ကြား၌ဧကန်မုချကျော်ကြားလာမည်ဖြစ်သည်။
အစိမ်းရောင်နယ်သာ တံခွန် အဖွဲ့ဝင်တော်တော်များများက လီလော့ကို သဘောကျစွာ ကြည့်နေကြသည်။ ယခုအချိန်တွင် သူသည် တံခွန်အဖွဲ့အတွင်း မကြုံစဖူး လေးစားမှုအဆင့်ကို ရရှိနေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြားတံခွန်ဖွဲ့များကလည်း ခံစားချက်များ ရောထွေးနေခဲ့သည်။ လီလော့ဘက်က ယနေ့ပြိုင်ပွဲတွင် အံ့အားသင့်စရာကောင်းသော အပြုအမူတစ်ခုကို ပြသခဲ့သည်။
သူသည် ချင်ရီ၏ ကန့်သတ်ချက်မှ အမြန်ဆုံးလွတ်မြောက်ခဲ့ရုံသာမက ရွှေနဂါးပတ်တိုင်ကို လုံခြုံအောင် ထိန်းနိုင်ခဲ့ပြီး နောက်ဆုံးတွင် အံ့သြဖွယ်ကောင်းသော နဂါးမီးတောက်ခုနစ်ခုကို ရရှိခဲ့သည်။
ဤတိုက်ပွဲအပြီးတွင် တိတ်ဆိတ်ငြိမ်သက်သော အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ကြောင့် တံခွန်အဖွဲ့နှစ်ဆယ်ကြားရှိ အဆင့်သတ်မှတ်ချက်များ ကြီးမားစွာ ပြောင်းလဲသွားဖွယ်ရှိသည်။
အခြားတံခွန် အသီးသီးမှ အဖွဲ့ဝင်များက နေရောင်အောက်တွင် ရပ်နေသော လူငယ်လေးကို ကြည့်လိုက်ကြသည်။
လွန်ခဲ့သည့်လအနည်းငယ်ကမှ ပြင်ပလောကမှပြန်ရောက်လာသောဤလူငယ်၏စွမ်းရည်များနှင့်ပတ်သက်ပြီး သံသယရှိခဲ့ကြသည်။
သို့သော် ယခုချိန်တွင် ဤလူငယ်က အလုပ်ဖြင့်သက်သေပြခဲ့ချေပြီ.....
တကယ်တော့၊ တံခွန်အဖွဲ့ဝင်တွေတင် ဒီအတိုင်း တွေးနေကြခြင်းမဟုတ်ပေ။ ကောင်းကင်နဂါးကလန်ငါးခုမှ အကြီးအကဲများသည်လည်း လီလော့ကိုကြည့်ရင်း လီတိုင်ရွှမ်ကို ပြန်မြင်နေရသလို ခံစားနေကြရသည်။