ရှုံးပွဲမရှိကိုယ်တော်လေး.....
Vol. 61 Ch. 848
ဧည့်သည်တွေက သူတို့မြင်နေရသည့် မြင်ကွင်းကို အင်မတန်သဘောကျနေကြသည်။ ဒါဟ ငယ်ရွယ်သူများကြား တိုက်ပွဲတစ်ခုမျှသာဖြစ်သော်လည်း၊ သဟဇာတဖြစ်ခြင်း၏အကျိုးသက်ရောက်မှုကြောင့် မြို့စားအဆင့် ၏စွမ်းအားကို အသုံးချနိုင်ခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် ရလဒ်ကြောင့် လျှို့ဝှက်စွာ တုန်လှုပ်သွားကြသည်။ အမှန်ပင် ဤအရာများသည် ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်မှ ငယ်ရွယ်သောလူငယ်များ၏ အရည်အချင်းများဖြစ်ပြီး
၎င်းတို့၏ အလားအလာမှာ အဆုံးမရှိပေ။
မူလက ချင်ရိနှင့် လီချင်းဖုန်းတို့၏ တိုက်ပွဲက ဤပွဲ၏ မီးမောင်းထိုးပြမှု ဖြစ်လာမည်ဟု သူတို့ထင်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ ၎င်းတို့နှစ်ဦးသည် ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်နှစ်ခု၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထူးချွန်သောပါရမီရှင်များဖြစ်ကြသည်။
လီလော့ အောင်ပွဲခံရန် မည်သူမျှ မမျှော်လင့်ခဲ့ပေ။
ထို့အပြင် နဂါးစွယ်ကလန်မှ လီကျင်းထောင်သည်လည်း များစွာအာရုံစိုက်ခံရသည်။ နောက်ဆုံးတွင်၊ လီချင်းဖုန်း၏ အလုံးစုံတိုက်ခိုက်မှုကို ရပ်တန့်နိုင်လျှင် သူ၏ ခွန်အားမှာ ငြင်းဖွယ်ရာမရှိချေ။
သဟဇာတဖြစ်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့် ၎င်းတို့၏ ခွန်အား ကွာဟချက် ကျဉ်းမြောင်းသွားသော်လည်း အနိုင်ရခြင်းက အနိုင်ရခြင်းသာပင်.....
တစ်ဖက်တွင် ချင်ရီတယောက် မျက်စိမျက်နှာပျက်လျှက် မီးကြာပန်းစခန်းရှေ့သို့ ဆင်းသက်လာသည်။ သူမ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်နှင့် သူမ၏ လှပသော ကျောက်စိမ်းရောင် ဖြူဖွေးသော ပါးပြင်ပေါ်သို့ သူမ၏ ဆံပင်များ ဝဲကျလာသည်။
သူမ နှုတ်ခမ်းနီရဲရဲလေးကို ကိုက်ထားမိနေသည်။ သူမ ကြုံတွေ့ခဲ့ရဖူးသော ဆုံးရှုံးမှုကြောင့် သူမ၏ထုတ်ဖော်ပြောဆိုမှုတွင် စိတ်ပျက်စရာအချို့ရှိခဲ့သည်။ ရောက်ရှိလာသော အမျိုးသားအများအပြားက သူမ၏ မျက်နှာညှိုးငယ်နေသည်ကို မြင်လိုက်ရသောအခါတွင် သူမအတွက် နာကျင်ခံစားခဲ့ရသည်။ သူမနှင့် ပိုကောင်းသော ဆက်ဆံရေးရှိသည့် မီးကြာပန်းစခန်းအဖွဲ့ခေါင်းဆောင်အချို့က သူမကို နှစ်သိမ့်ရန်ပင် ထွက်လာခဲ့ကြသည်။
ချင်ရီ ထိုသူတို့ကို ရိုးရှင်းစွာ ပြုံးပြီး စိတ်ထိန်းလိုက်သည်။ထို့နောက် သူမသည် မဝေးသော လီလော့ကို လှမ်းကြည့်လိုက်သည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ ရွှင်မြူးမှုကြောင့် လီလော့၏ရုပ်သွင်က ယခင်ကထက် ပို၍ တောက်ပနေခဲ့သည်။ သူမသည်အနည်းငယ်မျက်တောင်ခတ်သော်လည်းသူမစိတ်ထဲဘာရှိနေသည်ကိုမည်သူမျှမသိခဲ့ပေ။
ထို့နောက် သူမ လူစုလူဝေးကိုဖြတ်ကာ ချင်လျန်ဆီသို့ ဦးတည်သွားခဲ့သည်။
သူမ ဦးညွှတ်ပြီး ချင်ဇီမင်းကို ဦးစွာနှုတ်ဆက်လိုက်သည်။
"စိတ်ပျက်စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်....."
ချင်ဇီမင်းက ရယ်မောရင်း လက်ကို လေထဲတွင် ဝှေ့ယမ်းပြလိုက်သည်။
"မင်းရဲ့စွမ်းဆောင်ရည်က တော်တော်ကောင်းပါတယ်...ဒီလိုအသေးအဖွဲကျရှုံးမှုကြောင့် စိတ်ညစ်နေစရာ မလိုပါဘူး.... အနာဂတ်မှာ တခြားအခွင့်အရေးတွေ ရှိလာဉီးမှာပါ....."
သူ့အကြည့် သု့အပြောကတဆင့် ချင်ရီကို ချစ်ခင်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
ချင်ရိက အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ ချင်ဇီမင်းအား စကားအနည်းငယ်ပြောပြီးနောက် သူမသချင်လျန်ထိုင်နေသည့် အနောက်ဘက်သို့ လျှောက်သွားလိုက်သည်။
ချင်လျန်က ချင်ရီကိုကြည့်ကာ အနည်းငယ် မကျေမနပ်ဖြစ်နေဟန်ဖြင့်....
" ရှုံးတာက ကိစ္စမရှိဘူး.. ဒါပေမယ့် အဲ့ကောင်လေးကိုဘာလို့ရှုံးခဲ့တာလဲ...."
ကူကယ်ရာမဲ့နေသော ချင်ရီက.... "သမီး သူ့ကို မတားနိုင်ဘူး....ဒါပေမယ့် လီလော့ က တကယ်ကို အရည်အချင်းရှိတဲ့သူပါ....."
" ဘယ်လိုလုပ် အရည်အချင်း ရှိနိုင်မှာလဲ? အားလုံးပြောနေကြသလို သူက ကွာဟချက်ကို ချုံ့ဖို့ သဟဇာတဖြစ်ခြင်း ရဲ့ စွမ်းအားကို အသုံးပြုနေရုံပဲလေ..." ဟု ချင်လျန် က အေးစက်စွာ တုံ့ပြန်လိုက်သည်။
လီလော့နှင့်ပတ်သက်သော မည်သည့် ချီးကျုးမှုကိုမှ သူမ မကြားလိုပေ။
"မင်း ပိုပြီးပြတ်ပြတ်သားသား လုပ်သင့်တယ်....ရေနန်းတော်မှာ ရှိသမျှ ထောင်ချောက်တွေကို စွန့်လိုက်ရရင်တောင်မှ သူ့ကို အပြီးတိုင် ထိန်းထားသင့်တယ်......."
ချင်ရီခင်မျာ သူ့အမေ၏ ကဲ့ရဲ့ပြစ်တင်စကားများရှေ့တွင် လုံးဝအကူအညီမဲ့နေခဲ့သည်။ နောက်ဆုံးတွင်၊ ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်၏စွမ်းအညးပြသရန် ရေနန်းတော်အားအသုံးပြု၍ ကောင်းကင်နဂါးကလန်ငါးခု၏ကိုယ်စားလှယ်များအားလုံးကို ချုပ်ကိုင်ရန် ညွှန်ကြားချက်မှာ ချင်လျန်ထံမှလာခြင်းဖြစ်သည်။ သူမ တကယ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း လီလော့၏ နောက်ဆုံး လှုပ်ရှားမှုက သူမ၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်၍ ပြင်းထန်လာစေမည်ဟု မည်သူ မျှော်လင့်ထားမည်နည်း။ သူမ၏ တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်ပင်လျှင် လီလော့၏တိုက်ခိုက်မှုကို မခံနိုင်ခဲ့ပေ။
ချင်ရိအနေဖြင့် သူမ၏ကိုယ်ပိုင်အစွမ်းသတ္တိကိုယုံကြည်မှုရှိသော်လည်း၊ သူမ၏စွမ်းအားတစ်ခုတည်းဖြင့်သာ သူတို့ကို နှိမ့်ချနိုင်မည်ဟု ထင်ပါက ကောင်းကင်နဂါးကလန်ငါးခု၏ အရည်အချင်းများကို လျှော့တွက်ထားရာကျနေပေလိမ့်မည်။
"ချင်လျန် ..ရှောင်ရိ အပေါ် သိပ်ရက်စက်မနေပါနဲ့... လီချင်းဖုန်းနဲ့ ကျန်သူတွေကို ရေနန်းတော်ထဲမှာ အချိန်အတော်ကြာ ပိတ်မိနေအောင် ထိန်းထားနိုင်ရုံနဲ့တင် သူ့ရဲ့ စွမ်းပကားကို ပြသလိုက်တာပဲလေ.... ဧည့်သည်တွေအားလုံးက ဒါကိုကိုယ်တိုင် မြင်ခဲ့ကြတာပဲ... လီလော့တယောက်တည်းတင်မကဘူး ကျန်တဲ့သူတွေပါရှိနေသေးတာကို လောဘတကြီးဘယ်လိုထိန်းထားနိုင်မှာလဲ...."
ချင်ဇီမင်း၏ အသံကိုကြားတော့ ချင်လျန်၏အမူအရာ ချက်ချင်းပြောင်းသွားသည်။ သူမအနေဖြင့် သန်မာပြီး တောက်ပသော ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း၊ သူမ၏ တိုက်ရိုက်သွေးမျိုးဆက်မှ လေးစားထိုက်သော အကြီးအကဲ ချင်ဇီမင်းကို ကန့်ကွက်ရန် လုံးဝမဝံ့သဖြင့် သူမသည် ရိုးရိုးရှင်းရှင်း တိတ်တိတ်ဆိတ်ဆိတ်နေလိုက်သည်။
တစ်ချိန်လုံး စကားတစ်လုံးမှ မပြောရသေးသော ချူချင်က ပေါ့ပေါ့ပါးပါး ပြုံးပြီး..... "ဆရာ၊ ဂျူနီယာညီမ ဒီနေ့ တကယ်ကို အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်... လီလော့က သဟဇာတဖြစ်ခြင်း ရဲ့ ပံ့ပိုးကူညီမှုကြောင့် ကံကောင်းသွားတာပါ.... သူ့အစွမ်းအစကိုသာ အားကိုးရမယ်ဆို ဂျူနီယာညီမကို အနိုင်ယူဖိူ့အဝေးကြီးပါ... .."
ချင်လျန် ထိုစကားကိုကြားပြီးနောက် မျက်နှာထားအနည်းငယ်ပြေလျော့သွားကာ..... "ဒီအရာတွေအားလုံးကို ငါမသိဘူးလို့ ထင်သလား.... ဒီကောင်ငယ်လေး အောင်မြင်နေတာကို မြင်နေရတာ သည်းမခံနိုင်လို့ပါ... ဒီကောင်လေးမျက်နှာကိုမြင်တိုင်း ဟိုမိန်းမ တန်တိုင်လန်ကို သတိရမိနေလို့....."
ချင်ရိ ခေါင်းယမ်းလိုက်ကာ စကားစပြတ်သွားသည်။ ချင်လျန်ထံမှ တန်တိုင်လန် နှင့် ပတ်သက်၍ ဝေဖန်သံများစွာကြားခဲ့ရပြီးဖြစ်သဖြင့် ကျင့်သားရနေပြီ....
"မေမေ၊ လီလော့က မျှော်မှန်းမရနိုင်သော အနာဂတ်အတွက် ကောင်းကင်နတ်ဘုရားတိုက်ကြီးမှာ ဆက်နေဉီးမှာပါ....အချိန်တွေကျန်ပါသေးတယ်...အခွင့်ကြုံရင် ဒီနေ့အတွက် ပြန်ပေးဆပ်ရအောင်လုပ်မှာပါ.... ဒီနေ့က နဂါးသွေးကလန် အကြီးအကဲရဲ့ မွေးနေ့ပွဲဖြစ်တာကြောင့် သမီးတို့ စည်းမဲ့ကမ်းမဲ့ ပြုမူမိရင် မျက်နှာပျက်စရာတွေဖြစ်လာလိမ့်မယ်..." ဟု ချင်ရိက တိုးတိုးလေးပြောလိုက်သည်။
ချင်လျန်သည် ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒီနေ့ မင်းပြောခဲ့တာကို သတိရပါ.... အနာဂတ်မှာ အခွင့်ကောင်းတွေ ပေါ်လာရင် အကြောင်းပြချက်တွေ မကြားချင်ဘူး... မတော်တဆမှုတွေ မဖြစ်ရဘူး.... ဒီကောင်လေးကို လုံးဝ ချေမှုန်းပစ်ချင်တယ်.... လီလော့နဲ့ သူ့ရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်ကို ချေမှုန်းပြီး လီတိုင်ရွှမ်နဲ့ တန်တိုင်လန်တို့ရဲ့ မျိုးဆက်ကို ဉီးချိုးပစ်ရမယ်...ဒါမှ လီတိုင်ရွှမ်နဲ့ တန်တိုင်လန် တို့ရဲ့ အတိတ်က ရန်ငြိုးတွေအတွက် လက်တုံ့ပြန်နိုင်မှာ...လီတိုင်ရွှမ်က ငါတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းပြီး ငါ့အစ်ကိုကို သတ်ခဲ့တဲ့ သွေးကြွေးကို ပြန်ယူနိုင်မှာ...."
"လီတိုင်ရွှမ် နဲ့ တန်တိုင်လန် ကွယ်လွန်သွားပြီလားမသိဘူး... ဒါပေမယ့် မသေသေးလို့ပြန်လာခဲ့ရင်လည်း အချိန်မနှောင်းသေးပါဘူး....တကွေ့ကွေ့တော့ တွေ့ကြဉီးမှာပါ....."
သူ့အမေရဲ့စကားကိုကြားတော့ ချင်ရ တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။
ချင်ရိတို့ဘက်က ဆူပူကြိမ်းမောင်းခြင်းနဲ့ မတူဘဲ လီလော့တို့ဘက်ကတော့ စည်ကားသိုက်မြိုက်စွာ အောင်ပွဲခံနေကြ၏။
ဟွမ်လုံရှီးရေကန်၏ စွမ်းအင်ကြိုးမျှင်ခုနစ်ခုက လီလော့၏ ပဲ့တင်ထပ်သံနန်းတော်သုံးခုကြားက ကြီးမားသော ကွာဟချက်ကို ဖြည့်ဆည်းနိုင်မည်။ ဤအရာဖြင့်၊ သူသည် နတ်ဆိုးခန္ဓာအဆင့် သို့တက်လှမ်းရန် အဲ့မိုကွမ်းအလင်းတန်း35,000ကိုအသုံးပြု၍ သူ၏ရည်မှန်းချက်ကို ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်သည်။
နတ်ဆိုးခန္ဓာအဆင့်သို့ ရောက်သွားသည်နှင့်၊ သူ၏ တစ်ဦးချင်း ခွန်အားသည်လည်း လီချင်းဖုန်း နှင့် လုချင်းမိန် ကဲ့သို့သော ထိပ်တန်းပါရမီရှင်များနှင့် ကွာဟချက်မှာ သိသိသာသာ ကျဉ်းမြောင်းသွားမည်ဖြစ်သည်။
ထိုအချိန်တွင် လီလော့၏နောက်ကွယ်မှ ရယ်မောသံတစ်ခုထွက်ပေါ်လာသည်။ သူလှည့်ကြည့်လိုက်တော့ လီကျင်းထောင် လာနေတာကို တွေ့လိုက်ရသည်။
".. တတိယညီလေးက ဒီနေ့ လူတိုင်းကို အံ့အားသင့်စေခဲ့တာပဲ.... ပြိုင်ပွဲသမိုင်းတလျှောက်မှာ ထူးထူးခြားခြားပဲဟေ့...."
"အစ်ကိုကြီးလည်း ဒီနေ့ လူတိုင်းကို အံ့အားသင့်စေခဲ့တာပဲလေ ...."
"မရည်ရွယ်ခဲ့ပါဘူးကွာ.... တကယ်တော့ ငါက သိပ်ဉာဏ်မကောင်းပါဘူး.... အရိုက်မခံချင်လို့ ကြိုးစားခဲ့ရုံပါ...."
“အစ်ကိုကြီးရဲ့ ခံစစ်ပညာက တကယ်ကို အထင်ကြီးစရာပဲ.... အစ်ကိုသာတကယ်ရကို ခုခံဖို့ စိတ်ဆုံးဖြတ်ထားရင် လီချင်းဖုန်းတောင် အစ်ကို့ကို ချုပ်နှောင်ထားနိုင်မယ်မထင်ဘူး...."
"ပြိုင်ဘက်ကို အနိုင်မယူနိုင်ပေမယ့် ပြိုင်ဘက်ကလည်း ကိုယ့်ကို တိုက်ခိုက်လို့မရဘူး....."..
"အစ်ကိုကြီး၊ ကိုယ့်ကိုကိုယ် နှိမ့်ချမနေပါနဲ့...အစ်ကို့ရဲ့ ခံစစ်က ကောင်းကင်နတ်ဘုရားတိုက်ကြီးရဲ့ ထိပ်တန်းပါရမီရှင်တွေကို ခေါင်းကိုက်စေလိမ့်မယ်....နောက်ဆို အစ်ကိုကြီးအတွင် နာမည်ပြောင်တခုထပ်တိုးလာတော့မယ်ထင်တယ်..."
"ဘာများလဲကွ...?" လီကျင်းထောင်က စိတ်ဝင်တစား မေးလိုက်သည်။
" ရှုံးပွဲမရှိကိုယ်တော်လေး လီကျင်းထောင်!!!"
လီကျင်းထောင် အားရပါးရပြုံးလိုက်မိပြီး.....
" ကောင်းသားပဲ...တကယ်ဆို သူတပါးအနာတရဖြစ်အောင်ကြမ်းကြမ်းတမ်းတမ်းတွေမတိုက်ခိုက်ချင်ဘူးကွာ...."
ဤအခိုက်တွင် လီကျင်းထောင် နောက်ကွယ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အိုး? ရှုံးပွဲမရှိကိုယ်တော်လေးဆိုပါလား...?"
ဤရင်းနှီးသောအသံကိုကြားတော့ လီကျင်းထောင် ၏မျက်နှာပေါ်ရှိ အပြုံးများ အနည်းငယ် အေးခဲသွားသည်။