← Chapters

စိတ်မချမ်းသာစရာဖြစ်နေသော လီဖန်းရိ.......

Vol. 61 Ch. 849

စိတ်မချမ်းသာစရာဖြစ်နေသော လီဖန်းရိ.......

Vol. 61 Ch. 849

ရင်းနှီးကျွမ်းဝင်မေသော အေးစက်သည့်အသံ သူ့နောက်ကျောမှ ထွက်ပေါ်လာသောအခါ လီကျင်းထောင်ခင်မျာ အနည်းငယ်ခက်ခက်ခဲခဲဖြင့် ခေါင်းကိုလှည့်ကြည့်လိုက်တော့ သူ့နောက်တွင်ရပ်နေသော လီဖန်းရိ ကိုတွေ့လိုက်ရသည်။ ထိုအခါသူက ရှက်ရွံ့စွာ ပြုံးပြီး....

"ဟဲဟဲ၊ ဒုတိယညီမ မင်္ဂလာပါ...."

လီဖန်းရိက လီကျင်းထောင်ကို အေးစက်စွာ စိုက်ကြည့်ကာ ရယ်မောလိုက်သည်။

"တော်တော် ဟန်ဆောင်ကောင်းတယ်နော်...ငါကိုတခွန်းမှမပြောဘဲ ငါ့နောက်မှာပဲပုန်းနေရတာကိုကျေနပ်နေတာလား....."

ဒါကိုကြားတော့ လီကျင်းထောင်၏ နဖူးမှ ချွေးအေးများ စီးကျလာပြီး ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။

" ဘာပြောနေတာလဲ၊ ငါ ဖုံးကွယ်ထားရတဲ့ အဓိက အကြောင်းရင်းက ပြောဖို့ မထိုက်တန်ဘူးလို့ ထင်လို့ပါ.... နောက်ပြီး ပျက်သုန်းခြင်းအစွယ်ပညာရပ်က နဂါးစွယ်ကလန်ရဲ့ လူသိများတဲ့ တိုက်ခိုက်ရေးနည်းစနစ်တစ်ခုလေ...ဒါကို ငါက ခံစစ်အဖြစ်ပြောင်းလိုက်တာကို တခြားသူတွေသိရင် လှောင်ရယ်ကြမှာပေါ့...."

လီကျင်းထောင်ကမျက်ရည်တွေဝဲပြီး

"ထုတ်ပြောလိုက်ရင် ငါ့အဖေနဲ့အဖိုးက သေအောင်ရိုက်လိမ့်မယ်...ဒါကြောင့်မပြောခဲ့တာပါ...."

ဒါကိုကြားတော့ လီဖန်းရိက အေးစက်စွာ နှာမှုတ်လိုက်ပြီး ရှုတင်းတင်းအမူအရာကိုပြသနေသည်။

ထိုအချိန်တွင် လီကျင်းထောင်က ခြောက်ကပ်ကာ ရယ်မောကာ ကျောက်စိမ်းပုလင်းကို ထုတ်လိုက်သည်။ ၎င်းတွင် သူယခုရခဲ့သော ဟွမ်လုံရှီးရေကန်၏စွမ်းအင်အမျှင်တခု ပါရှိသည်။

"ဒုတိယညီမ၊ ဒါ မင်းအတွက်ပဲ... စိတ်မဆိုးပါနဲ့တော့နော်!"

"အဲ့ဒါကို ဘယ်သူက ဂရုစိုက်နေလို့လဲ...!"

လီဖန်းရိက သူ့ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။

လီကျင်းထောင် ဤအခြေအနေတွင် ခိုကိုးရာမဲ့ဖြစ်နေသောကြောင့် အကူအညီတောင်းရန် လီလော့ကို လှမ်းကြည့်လိုက်သည်။

လီကျင်းထောင်ကို သနားသွားတာကြောင့် လီလော့ကပဲ ကြားဝင်ဖြန်ဖြေနေရသည်။

"ဒုတိယအစ်မ... စိတ်မဆိုးပါနဲ့တော့.... အစ်ကိုကြီးရဲ့ ပင်ကိုယ်စရိုက်ကို နားလည်သင့်တယ်လေ... သူ့အခြေအနေက တကယ့်ကို ထူးခြားတယ်....အစ်မကို တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး..."

လီဖန်းရိက "ခံစစ်ဖြစ်နေတော့လဲ ဘာဖြစ်လဲ...နဂါးအရိုးကလန်က ခံစစ်ပိုင်းမှာကျော်ကြားတာပဲလေ...ဘယ်သူကများသိမ်ငယ်တယ်လို့ပြောဖူးလို့လဲ...."

သူမက ထက်မြက်သော စကားလုံးများဖြင့် စကားနာထိုးနေသော်လည်း အရင်ကလောက် အမူအရာ မတင်းမာတော့ပေ။ လီလော့နှင့် လီကျင်းထောင်တို့၏ အံ့မခန်းအောင်မြင်မှုများကို ထည့်သွင်းစဉ်းစားရင်း သူမ စိတ်ကောင်းဝင်လာပုံရသည်။ နောက်ဆုံးတွင် နဂါးစွယ်ကလန်က ပြင်ပလူများအား ၎င်းတို့၏စွမ်းရည်များကို ပြသခဲ့သည်မဟုတ်ပေလော...

လီကျင်းထောင်၏ ကျွမ်းကျင်မှုက လူတိုင်းကို အံ့အားသင့်စေခဲ့သည် ။ လီလော့ကလည်း ချင်ရိ၏ထောင်ချောက်မှ စောစီးစွာ လွတ်မြောက်နိုင်ခဲ့သည်ထက် ပို၍ တုန်လှုပ်စေပါသည်။ တခြားတံခွန်တွေရဲ့ ရန်စမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လီကျင်းထောင်ဘက်က ရပ်တည်ပေးခဲ့ရသော အတိတ်က အချိန်တိုင်းကို သူမ တွေးကြည့်မိတိုင်း စိတ်မကောင်းဖြစ်ရေခြင်းပင်......

ဒီလူဟာ ထူးခြားတဲ့ အရည်အချင်းရှိတယ်ဆိုတာ ထင်ရှားမေသော်လည်း သရုပ်ဆောင်ပြီး သူမ နောက်ကွယ်မှာ ဘာကြောင့် အမြဲပုန်းနေခဲ့တာလဲ.....

ဒီနေ့ လီလော့ကို မကူညီဘူးဆိုရင် လီကျင်းထောင်က သူ့ရဲ့ ခွန်အားအစစ်အမှန်ကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ......

ထိုအချိန်တွင် လီကျင်းထောင်က သူ့အမှားကို နားလည်ပြီး နောက်တစ်ကြိမ် ထပ်မလုပ်တော့ကြောင်း ပြသရန် ခေါင်းညိတ်ပြခဲ့သည်။

လီလော့ကလည်း သူ၏ ကျောက်စိမ်းပုလင်းကို ထုတ်ယူခဲ့သည်။ ထို့နောက် သူက ပြုံးကာ.... "ပြိုင်ပွဲမှာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...အစ်မသာ မကူညီခဲ့ရင် ကျွန်တော်အခုလို အောင်မြင်မှာမဟုတ်ဘူး...."

လီဖန်းရိ ကျောက်စိမ်းပုလင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

"ရပါတယ်၊ မိသားစုဝင်တွေကို ကူညီဖို့ အကြောင်းပြချက် မလိုအပ်ပါဘူး.... နောက်ပြီး နင့်ရဲ့ တကယ့်အင်အားက ငါတို့တွေနဲ့ ယှဉ်ရင် အားနည်းနေသေးတယ်၊ ဒါကြောင့် ဒီစွမ်းအင်အမျှင်တွေကို နင့်အတွက်ပဲသုံးသင့်တယ်..."

မည်သို့ပင်ဆိုစေကာမူ လီလော့က သူ့ကမ်းလှမ်းချက်ကို အခိုင်အမာပြောပြီး ကျောက်စိမ်းပုလင်းကို သူမလက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

"မစိုးရိမ်ပါနဲ့ ....အစ်မမြင်တဲ့အတိုင်းပဲ ကျွန်တော့်မှာ စွမ်းအင်အမျှင် ခုနှစ်ခုတောင်ရှိတယ် လုံလောက်တာထက်ပိုပါတယ်ဗျာ..."

သူ့ရဲ့ ဇွဲလုံ့လကို မြင်တော့ လီဖန်းရိက နောက်ဆုံးမှာ လက်လျှော့လိုက်ပြီး ခေါင်းညိတ်လိုက်ကာ ကျောက်စိမ်းပုလင်းကို လက်နှင့်ကိုင်ပြီး...

"ကောင်းပြီ၊ အဲဒါဆိုရင် ငါလက်ခံလိုက်မယ်...."

တစ်ချိန်တည်းမှာပင် သူမက လီကျင်းထောင်ကို ပြင်းထန်စွာ စူးစူးစိုက်စိုက်ကြည့်ကာ... "တတိယမောင်လေးမျက်နှာကိုထောက်ပြီး ဒီတကြိမ်ခွင့်လွှတ်လိုက်မယ်...."

လီကျင်းထောင် ဤစကားကိုကြားသောအခါ စိတ်သက်သာရာရပြီး အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ သူက လီလော့ရဲ့အကူအညီအတွက် ကျေးဇူးတင်ကြောင်းလဲ ပြသခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ လီဖန်းရိက ၎င်းတို့၏ တတိယညီလေး အနားတွင် ရှိနေသရွေ့ သူ့ကို တိုက်ခိုက်မည်မဟုတ်ပေ။

ထိုအချိန်တွင် လီဖန်းရိက လီလော့ အား ကျေနပ်သော အပြုံးဖြင့်... "မောင်လေး...နင်ဒီနေ့ တကယ်ကိုကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်...စောစောက နဂါးသွေးကလန်ကကောင်တွေမျက်နှာကိုမြင်လိုက်လား.... ဟားးးးဟားးးး"

"တကယ်တော့ ကျွန်တော် ကံကောင်းသွားတာပါ... ချင်ရီက နန်းတော်ကိုထိန်းထားဖို့ သူ့ရဲ့ စွမ်းအားကိုတခြားနေရာတွေကိုပါ ပို့ထားရလို့ပါ... တယောက်ချင်းတိုက်ခိုက်ရင် ကျွန်တော်ရှုံးတယ်...."

ဤမှတ်ချက်က အမှန်တရားပင်။ ချင်ရီက အလွန်ကြောက်စရာကောင်းသည်။ သူမ၏ကိုယ်ပိုင်စွမ်းအားဖြင့်၊ သူမသည် အခြားသော တံခွန်ခေါင်းဆောင် အားလုံးကို အချိန်အတော်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။ အကယ်၍ တစ်ဦးချင်းတိုက်ပွဲဖြစ်ပါက၊ လီလော့အနေဖြင့် သဟဇာတဖြစ်မှုစွမ်းအားဖြင့်ပင် အခွင့်အရေးရနိုင်မည်မဟုတ်ပေ။

ထို့အပြင်၊ သူမ၏ တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်က သူမ၏ခန္ဓာကိုယ်ကို အလွန်အားကောင်းစေသည့် မြို့စားအဆင့်ပညာရပ်၏ ဝိဉာဉ်တက်လှမ်းခြင်းအဆင့်ခန္ဓာကိုယ်ကြံ့ခိုင်ရေးပညာရပ် ဖြစ်သည် ။ သူမ၏ နဝမတန်း ရေပဲ့တင်ထပ်သံ၏ ပြန်လည်ကုသနိုင်စွမ်းကိုပါထည့်ပေါင်းလိုက်လျှင် လီလော့မည်သို့မျှ အနိုင်ရနိုင်မည်မဟုတ်ပေ။

"ကိုယ့်ကိုယ်ကို နှိမ့်ချနေစရာ မလိုဘူး.....ချင်ရီမှာက အဆင့်ကိုးရေပဲ့တင်ထပ်သံရှိတဲ့အပြင် တသက်လုံး အရင်းမြစ်ကောင်းကောင်းတွေသုံးစွဲပြီးကြီးပြင်းလာရတာလေ....ဒါ့ကြောင့် နင့်ထက်အားကောင်းနေတာ ပုံမှန်ပါပဲ....

ဒါပေမယ့် နင့်ရဲ့ တိုးတက်မှုကလည်း အခုမှ တကယ်ကို မြန်ဆန်လာတယ်မဟုတ်လား...မကြာမီသူ့ကို လိုက်မှီတော့မှာမို့ ကြောက်နေစရာမလိုဘူး...."ဟု လီဖန်းရိ က သူ့ကို နှစ်သိမ့်ပေးသည်။

လီလော့ကလည်း ရွှင်မြူးစွာ ခေါင်းညိတ်လိုက်သည်။

ယနေ့တွင် သူသည် စွမ်းအင်အမျှင် ခုနစ်ခုကို ရရှိခဲ့သည်။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေကို တမျှင်၊ လီဖန်းရိကို တမျှင် ပေးပြီးနောက်တွင်ပင် သူ့အတွက် ငါးခုရှိသေးသည်။ ၎င်းသည် သူ၏ ပဲ့တင်ထပ်သံနန်းတော်သုံးခုကို ဖြည့်ဆည်းရန် လုံလောက်သော အဲ့မိုကွမ်းအလင်းတန်းနှစ်သောင်းငါးထောင်ကိုရရှိစေနိုင်သည်။

သူသည် ၎င်းတို့အားနတ်ဆိုးခန္ဓာအဆင့် သို့ တက်လှမ်းရန် အသုံးပြုနိုင်သည်။ ဖြစ်နိုင်သည်မှာ၊ သူသည် ငွေနတ်ဆိုးခန္ဓာ ကိုကျော်ပြီး ရွှေနတ်ဆိုးခန္ဓာကို ချက်ချင်းတက်လှမ်းနိုင်မည်ဖြစ်သည်။

ထိုအချိန်သို့ရောက်လာသောအခါတွင် သူ၏ခွန်အားက လီချင်းဖုန်း ၊ချင်ရိ ကဲ့သို့သော ထိပ်တန်းပါရမီရှင်များနှင့် ကွာဟချက်မှာ သိသိသာသာ ကျဉ်းမြောင်းသွားမည်ဖြစ်သည်။ သူတို့သုံးယောက် အချင်းချင်း စကားစမြည်ပြောနေကြစဉ် လုချင်းမိန်ကလည်း သူ့ကို ချီးကျူးဂုဏ်ပြုရန် ရောက်လာခဲ့သည်။

လီလော့ သူမကို တကယ်ကျေးဇူးတင်မိသည် ။ စောစောက ရွှေနဂါးပတ်တိုင်ကို လုံခြုံအောင်လုပ်ဖို့ ကြိုးစားတုန်းက သူမ သူ့ကို ကူညီပေးခဲ့သည်မဟုတ်လော....

"နင်က ချင်ရိကို ဒဏ်ရာရအောင်လုပ်ပြီး နန်းတော်ထဲက အရင်ဆုံးထွက်လာနိုင်ခဲ့တယ်.... ဒါက ငါတို့ ကောင်းကင်နဂါးကလန်ငါးခုကငိ ကယ်တင်ခဲ့တာပဲ... ဒါကြောင့် နင်က ရွှေနဂါးပတ်တိုင်နဲ့ ထိုက်တန်တယ်" လို့ လုချင်းမိန်က သူ့ချီးကျုးစကားဆိုလေသည်။

တစ်ချိန်တည်းမှာပင် သူမက လီလော့အပေါ် စူးစမ်းလိုစိတ်နှင့် စိတ်ဝင်စားမှုအချို့ကို ထုတ်ဖော်ပြသခဲ့သည်။

"နင့်မှာ စွမ်းအင်အမျှင် ခုနှစ်ခုရှိတယ်ဆိုတော့ မကြာခင် နတ်ဆိုးခန္ဓာအဆင့်ကို ရောက်တော့မှာပေါ့...အဲ့အခါကျရင် တပွဲလောက် လက်ရည်စမ်းကြရအောင်...နင့်ရဲ့ပဲ့တင်ထပ်သံသုံးခု ဘယ်လောက်စွမ်းလဲ သိချင်နေပြီ...."

လီလော့ သူမကို ကူကယ်ရာမဲ့ ကြည့်နေမိသည်။ ထိုမိန်းကလေးက အမှန်တကယ်ပင် ကျင့်ကြံခြင်းကို ဝါသနာထုံသူဖြစ်ပြီး ၎င်းတို့၏ နောက်လာမည့်တိုက်ပွဲကို ချက်ချင်းပြင်ဆင်ခဲ့သည်။ ချင်ရီလက်မှ လွတ်မြောက်လာခြင်းက လုချင်းမိန်ကို ပို၍ပင် စိတ်ဝင်စားစေခဲ့ပုံရသည်။

သိပ်မကြာခင်မှာပဲ လုချင်းမိန် ပြန်သွားပြီး လီလော့ နှင့် ကျန်သူများသည်လည်း နဂါးစွယ်ကလန်ဘက်သို့ ပြန်သွားကြပြီး အကြီးအကဲများ၏ ချီးမွမ်းခြင်းများစွာကို ရရှိခဲ့ကြသည်။

ထို့ကြောင့်၊ မွေးနေ့ပွဲ၏ ပေါ်လွင်ချက်များထဲမှ တစ်ခုဖြစ်သည့် ဟွမ်လုံရှီးရေကန်တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မွေးနေ့ပွဲကို နောက်ရက်အနည်းငယ်ကြာအောင် ဆက်လက်ကျင်းပခဲ့သည်။

လီလော့တို့လို ဂျူနီယာများက နောက်ဆက်တွဲ အခမ်းအနားများတွင် မပါဝင်တော့ပေ။အကြီးအကဲများသာလျှင် ဆွေးနွေးစရာများရှိ၍ ပွဲတွင်ကျန်ရစ်ခဲ့ကြသည်။

ထို့ကြောင့်၊ လီကျင်းပန်က နဂါးစွယ်ကလန်သားများကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ထုံးစံအတိုင်း လီလော့က ဒါကို အရမ်းသဘောကျနေသည်။ နဂါးမီးတောက် များ သူ့လက်ထဲတွင် ရှိပြီးသားဖြစ်သောကြောင့် နဂါးသွေးကလန်တွင် ကြာကြာဆက်နေရန်မှာ အဓိပ္ပါယ်မရှိပေ။ ယခုအရေးကြီးဆုံးအချက်မှာနတ်ဆိုးခန္ဓာအဆင့်သို့တက်လှမ်းဖို့ အမြန်ပြန်ပြီးပြင်ဆင်ရပေမည်။

All Chapters