← Chapters

သုံးရောင်ခြယ်ဖန်သား.....

Vol. 61 Ch. 850

သုံးရောင်ခြယ်ဖန်သား.....

Vol. 61 Ch. 850

နဂါးသွေးကလန်အကြီးအကဲ၏မွေးနေ့ပွဲကို ရက်အနည်းငယ်ကြာသည်အထိ ဆက်လက်ကျင်းပခဲ့သည်။

ထိုအချိန်အတောအတွင်း ပြိုင်ပွဲအကြောင်းသတင်းများ နဂါးစွယ်တောင်တန်း၌ ပျံနှံ့နေသည်။ ဒါဟာ ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခဲ့ပါသည်။ နောက်ဆုံးတွင်၊ ၎င်းသည် ဆယ်စုနှစ်များစွာကြာ ဟွမ်လုံရှီးရေကန် တိုက်ပွဲတွင် နဂါးစွယ်ကလန် ရရှိခဲ့သော အကောင်းဆုံးအောင်မြင်မှုဖြစ်သည်။

အားလုံးထဲမှာ အံ့သြစရာအကောင်းဆုံးကတော့ အဖြစ်အပျက်ရဲ့ မီးမောင်းထိုးပြမှုကို ခိုးယူပြီး ရွှေနဂါးပတ်တိုင်ကို လုံခြုံစေခဲ့သူကတော့ လီလော့ပင်ဖြစ်သည်။

လွန်ခဲ့သောလအနည်းငယ်ကမှ ဝေးလံခေါင်သီသောအရပ်မှ ရောက်ရှိလာသူ တောသားလူငယ်လေးက ဤသို့စွမ်းဆောင်နိုင်ခဲ့သဖြင့် ယုံမှားသံသယမရှိဘဲ လီလော့၏ဂုဏ်သတင်း မြင့်တက်လာခဲ့သည်။ အတိတ်ကာလတွင်၊ သူသည် ပြင်ပနတ်ဘုရားတိုက်ကြီးတွင် အချိန်များစွာဖြုန်းတီးခဲ့သည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။ သူ့တွင် လီတိုင်ရွှမ်၏ သွေးသားက ထူးကဲသော အရည်အချင်းများ ပိုင်ဆိုင်ထားသော်လည်း၊ သူ၏ အခြေခံအုတ်မြစ်မှာ လီချင်းဖုန်း၊ လုချင်းမိန်နှင့် သူ၏ရွယ်တူများလို ကောင်းကင်နဂါးကလန်ငါးခု၌ ကြီးပြင်းလာခဲ့သည့် ထိပ်တန်းပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် သူ၏ အခြေခံအုတ်မြစ်က အလွန်အားနည်းပါသည်။

သို့သော်လည်း လီလော့၏ လတ်တလောအောင်ပွဲကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ အပျက်သဘောဆောင်တဲ့ အတင်းအဖျင်းတွေ အားလုံးဟာ သိသိသာသာ ချုပ်ငြိမ်းသွားခဲ့သည်။

လီလော့ကိုလီချင်းဖုန်းနှင့် ကျန်သူများထက်အားနည်းသည်ဟု အချို့က ပြောဆိုနေကြသော်လည်း၊ နဂါးစွယ်ကလန်အတွင်း၌ ​လီလော့၏ ကြီးထွားမှုကို မည်သူမျှ မရပ်တန့်နိုင်တော့ပေ။

သူသည် အခြားသူများနှင့် ပေါင်းစည်းပြီးသည်နှင့် ဤမျိုးဆက်တွင် လုံထိုဖြစ်လာဖို့ အလားအလာရှိသော ကိုယ်စားလှယ်လောင်း ဖြစ်လာမည်ဖြစ်သည်။

ပြင်ပကမ္ဘာတွင် အတင်းအဖျင်းမျိုးစုံပျံ့နှံနေသော်လည်း လီလော့ကတော့ အစိမ်းရောင်နယ်သာလေ့ကျင့်ကွင်း တခါတလေသာပေါ်လာပြီး ရက်အနည်းငယ် သီးသန့်နေခဲ့သည်။

သူ၏ ထိပ်တန်းဦးစားပေးမှာ နဂါးမီးတောက်ကိုသန့်စင်ပြီး နတ်ဆိုးခန္ဓာ အဆင့်သို့ တက်လှမ်းနိုင်ရန် ပြီးပြည့်စုံစွာ ပြင်ဆင်ထားရန်ဖြစ်သည်။

ကံမကောင်းစွာပဲ၊ လီကျင်းဇယ် တောင်ပေါ်သို့ပြန်လာပြီးနောက် သူ၏ပြင်ဆင်မှုများ ရပ်တန့်သွားခဲ့သည်။

……

နဂါးစွယ်တောင်တန်း၏ ဝါးတောအတွင်း၌.....

လီကျင်းဇယ်က မျှစ်ဟင်းလျာများကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်နေပြီး လီလော့အပြင် လီကျင်းထောင်နှင့် လီဖန်းရိ တို့သည်လည်း စားပွဲဝိုင်းတွင် ထိုင်နေကြသည်။

နဂါးစွယ်ကလန်ထဲ၍ ဤလူငယ်သုံးယောက်သာ လီကျင်းဇယ် ကိုယ်တိုင်ပြင်ဆင်ထားသော ဟင်းလျာကိုစားနိုင်သူများဖြစ်နိုင်သည်။ သူ့သား လီချင်းဖန် နှင့် လီကျင်းပန်တို့တောင် ထိုအခွင့်ထူးကို ခံစားခွင့်ရမည်မဟုတ်ပေ။

ကျင့်သားရနေပြီဖြစ်သော လီလော့ အေးအေးဆေးဆေး စားသောက်နေချိန်တွင် လီကျင်းထောင်နှင့် လီဖန်းရိတို့ကတော့ အနည်းငယ်ရှိန်နေကြသည်။ လီကျင်းဇယ်က ၎င်းတို့နေ့စဉ်ဘဝတွင် အလွန်အလေးအနက်ထားပြီး အရောတဝင်မဆက်ဆံဖူးပေ။ ဤသည်မှာ ငယ်စဉ်ကတည်းကပင် သူတို့၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာသော ခံစားချက်တစ်ခုဖြစ်သည်။ ကံကောင်းထောက်မစွာ၊ လီလော့ သူတို့နှင့်အတူရှိနေသောကြောင့် သိပ်မရှိန်ကြတော့ပဲ တဖြေးဖြေးနဲ့ သူတို့ နှစ်ယောက်လည်း ထမင်းကိုမြိန်ယှက်စွာစားသောက်ကြလေသည်။

လီကျင်းဇယ် ကိုယ်တိုင်ကတော့ ဘာမှမစားဘဲ သူကိုယ်တိုင် ချက်ထားတဲ့ ဝါးဝိုင်ကိုသာသောက်သုံးနေသည်။ ခဏအကြာတွင်....

"မင်းတို့တွေ ကောင်းကောင်စွမ်းဆောင်နိုင်ခဲ့တာပဲ....."

"တတိယညီလေးရဲ့ကျေးဇူးကြောင့်ပါ... "

လီကျင်းထောင်က ဝင်ပြောလိုက်တော့

လီကျင်းဇယ်က သူ့ကို ကြည့်လိုက်သည်။

"မင်းလည်း တကယ်ကို အံ့သြစရာ ကောင်းတယ်..ပျက်သုန်းခြင်းအစွယ်ပညာရပ်ကို ကွဲပြားတဲ့ ပုံစံအဖြစ် ပြောင်းလဲထားပေမယ့် ဖျက်စီးပစ်လိုက်တာမှမဟုတ်တာ.... နဂါးတကောင်အတွက် အစွယ်ဆိုတာ အချွန်ခက်ဆုံး ကိုယ်အင်္ဂါအစ်ိတ်အပိုင်းပဲ...ဒီအချက်ကို ငါတို့တွေ လျစ်လျူရှူခဲ့မိတယ်...မင်းအခုလို တိုက်စစ်ကို ခံစစ်အဖြစ်ပြောင်းနိုင်တယ်ဆိုတာ တော်ရုံမြို့စားအဆင့်တွေတောင် မလုပ်နိုင်တဲ့အရာပဲ...."

သူ့စကားကြားတော့ လီကျင်းထောင် အနည်းငယ် ထိတ်လန့်သွားသည်။ ထို့နောက် လျင်မြန်စွာ ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများ အနည်းငယ်နီရဲလာသည်။

လီကျင်းဇယဆီက နူးညံ့သိမ်မွေ့သော လေသံဖြင့်ပြောသော စကားပြောသံကို ပထမဆုံးအကြိမ် ကြားလိုက်ခြင်းပင်။ ထို့အပြင် ဤစကားများသည် လီကျင်းဇယ်က သူ၏စွမ်းရည်များကို အသိအမှတ်ပြုသည်ဟု ဆိုလိုသည်။

ဒါက သူ့ကို စိတ်လှုပ်ရှားစေပြီး ဝမ်းသာကျေနပ်စေသသည်။

ဤအခိုက်တွင် လီကျင်းဇယ်က လီလော့ ဘက်သို့ လှမ်းကြည့်ကာ.... "မင်းမှာ နဂါးမီးတောက် ခုနစ်ခု ရထားပြီးပြီ၊ မင်း နတ်ဆိုးခန္ဓာ အဆင့်ကို တက်ဖို့ ပြင်ဆင်နေတယ် မဟုတ်လား?"

လီလော့က ခေါင်းညိတ်ပြီး အတည်ပြုလိုက်တော့....

"ဟားးဟားးး မင်းရဲ့ ပဲ့တင်ထပ်သံနန်းတော်ထဲမှာ အဲ့မိုကွမ်းစွမ်းအင်အမျှင် သုံးသောင်းလောက်ကို သိမ်းဆည်းထားနိုင်မယ်လို့ ငါထင်တယ်" ဟု လီကျင်းဇယ် က ပြုံးလျက်ပြောသည်။

ဒါကိုကြားတော့ လီကျင်းထောင်နဲ့လီဖန်းရိတို့ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်ကာ လျှာကိုက်လိုက်မိသည်။ သူတို့ နတ်ဆိုးခန္ဓာ အဆင့်သို့တက်လှမ်းစဉ်က အဲ့မိုကွမ်းအလင်းတန်း တသောင်းခန့်သာလိုအပ်ခဲ့သည်။ ထိုအချိန်တွင် လီလော့က ၎င်းတို့၏ ပမာဏထပ် သုံးဆပို၍ လိုအပ်နေသည်။ ဒါဟာ တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ကိန်းဂဏန်းပင်.....

သို့ရာတွင်၊ ဤသည်မှာ ပဲ့တင်ထပ်သံနန်းတော်များစွာရှိခြင်း၏ အကျိုးကျေးဇူးဖြစ်သည်ကို သူတို့နားလည်ခဲ့ကြသည်။ သာမာန်လူများတွင် ပဲ့တင်ထပ်သံနန်းတော်တစ်ခုသာရှိကြပြီး လီလော့တွင် ပဲ့တင်ထပ်သံဘုံနန်းတော် သုံးခုရှိသောကြောင့် သူ၏ သိုလှောင်နိုင်စွမ်းက အခြားသူများထက် များစွာမြင့်မားသည်။

"တကယ်တော့ သုံးသောင်းငါးထောင်လောက်ရှိတယ်" ဟု လီလော့ က ရှက်ပြုံးလေးနဲ့ ပြောလိုက်သည်။

လီကျင်းဇယ် ထိုစကားကိုကြားပြီးနောက် အနည်းငယ် ချောင်းဟန့်လိုက်ရသည်။ သူ၏ များပြားလှသော အသိပညာနှင့် အတွေ့အကြုံနှင့်ပင်၊ ဤမျှများပြားလှသော ပမာဏကိုသိုလှောင်နိုင်စွမ်းရှိသည်ကို သူပထမဆုံးကြားလိုက်ရခြင်းပင်။

"ဒါတွေကိုသုံးပြီး မင်း အဆင့်တွေကို ကျော်ဖို့ စီစဉ်နေပုံပဲ..."

အတွေ့အကြုံရှိသူပီပီ လီလော့၏ ရည်မှန်းချက်များကို ချက်ချင်းမြင်လိုက်ရသည်။

"ကျွန်တော်က ရွှေနတ်ဆိုးခန္ဓာရို တိုက်ရိုက် အဆင့်တက်ဖ်ု့ စီစဉ်ထားပါတယ်" ဟု လီလော့က ရှင်းပြသည်။

"ရွှေနတ်ဆိုးခန္ဓာအဆင့်....."

လီကျင်းဇယ်က ခေါင်းညိတ်ပြီး ဆက်ပြောသည်က.... "မင်းရဲ့ အခြေခံအုတ်မြစ်နဲ့ဆို တကယ်အောင်မြင်ဖို့ မခဲယဉ်းပါဘူး.... ဒါပေမယ့် မင်းနည်းနည်းတော့ လျှော့တွက်ထားသလို ငါခံစားရတယ်...."

လီလော့ ရုတ်တရက် ထိတ်လန့်သွားသည်။

"ကျွန်တော်က ဖန်သားနတ်ဆိုးခန္ဓာကို တိုက်ရိုက်သွားရမှာလား..." ဟုစိုးရိမ်စိတ်အနည်းငယ်ဖြင့် မေးသည်။

"ဖန်သားနတ်ဆိုးခန္ဓာအဆင့်ကိုတက်ဖို့ဆို တခြားပစ္စည်းတွေလိုအပ်သေးတယ်မလား...."

တကယ်တော့ လီလော့ ဒါကို စောစောကပဲ တွေးခဲ့ဖူးသည်။ သို့သော်လည်း အဆင့်များစွာကို ကျော်သွားပါက သူ၏အခြေခံအုတ်မြစ်ကို ထိခိုက်စေမည်ကို သူစိုးရိမ်ခဲ့သည်။ ၎င်းသည် အနာဂတ်တွင် ပိုမိုမြင့်မားသောအဆင့်များသို့ ဝင်ရောက်ရန် ကြိုးစားမှုကို ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်သည်။

ထိုအချိန်တွင် လီကျင်းဇယ်က ထူးဆန်းသောအမူအရာဖြင့် "ကောင်လေး... မင်းက ရှေးရိုးဆန်လွန်းတယ်... အဲ့မိုကွမ်းအလင်းတန်း သုံးသောင်းငါးထောင်နဲ့ မွေးမြူထားတဲ့ အခြေခံအုတ်မြစ်က မတည်ငြိမ်ဘူးဆိုရင် ဘယ်လို အခြေခံအုတ်မြစ်က တည်ငြိမ်နိုင်မှာလဲကွာ....”

ခဏလောက်စဉ်းစားပြီးနောက် လီလော့ က..... "ဒါက အဖိုးရဲ့ထင်မြင်ချက်ပဲလေ.... ကျွန်တော် အဲ့အတွက် ဘာမှမပြင်ဆင်ရသေးဘူး...."

သူစကားပြောပြီးသောအခါတွင် လီကျင်းဇယ်အား ရိုးရိုးရှင်းရှင်းနှင့် ရိုးသားစွာ ပြုံးပြခဲ့သည်။

အဆင့်တက်ဖို့ရတနာပစ္စည်းများက အပေါစားမဟုတ်ပေ။ အကယ်၍ သူသာ ၎င်းတို့ကို စျေးမှဝယ်ယူမည်ဆိုပါက ၎င်းတို့သည် ကောင်းကင်ရွှေ သန်းနှင့်ချီ၍ ကုန်ကျဖွယ်ရှိသည်။ တကယ်တော့၊ ထိပ့တန်းအဆင့်ဆိုလျှင် သန်းဆယ်ဂဏန်းတောင်တန်ကြေးရှိနိုင်သည်။

မှန်ပါသည်၊ အကယ်၍ သူ့တွင် ဖန်သားနတ်ဆိုးခန္ဓာအတွက် ရည်မှန်းရန် ရည်မှန်းချက်မရှိပါက ဤအသုံးစရိတ်အတွက် စိတ်ပူစရာ မလိုပါ။

သူ့အပြုံးကိုမြင်တော့ လီကျင်းဇယ်က လီလော့ တွေးနေသည့်အရာကို ချက်ချင်းသိလိုက်သည်။

"အရှက်မရှိတဲ့ကောင်လေးပဲ....

ဟုပြောရင် ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ထို့နောက် လက်ချောင်းများကို ပွတ်ဆွဲလိုက်သည်နှင့် သူ့လက်ကောက်ဝတ်ရှိ အိတ်ဆောင်စက်လုံး တောက်ပလာသည်။ နောက်အခိုက်အတန့်တွင် လီလော့၏ရှေ့တွင် ခရမ်းရောင်ကျောက်စိမ်းသေတ္တာတစ်ခု ပေါ်လာသည်။

ကျောက်စိမ်းသေတ္တာက အလိုအလျောက်ပွင့်လာပြီး အတွင်းဘက်၌ လက်ဖဝါးလောက်ရှိတဲ့ ရွှေရောင် ဥက္ကာခဲတစ်ခုကို တွေ့လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သောအလင်းများ ဥက္ကာခဲတစ်ဝိုက်တွင် စီးဆင်းနေပြီး ၎င်းတွင် အပေါက်ကိုးပေါက်ရှိကာ လောကသဘာဝစွမ်းအင်များ တွင်းထဲသို့ လျှံကျနေသကဲ့သို့ ထူးဆန်းသောအသံကို ထုတ်လွှတ်နေသည်။

"ဒါက ကိုးပေါက်ရွှေကျောက်တုံးလား...."

လီကျင်းထောင် နှင့် လီဖန်းရိတို့ ထိုအရာကို မြင်သည်နှင့် မျက်လုံးများ ပြူးကျယ်ကာ အော်ပြောကြသည်။ထို့နောက် လီဖန်းရိက စိတ်ရှုပ်ထွေးနေသော လီလော့ ဘက်သို့ လှည့်လာပြီး ....."ဒါက ဖန်သားနတ်ဆိုးခန္ဓာကို အဆင့်တက်ဖို့သုံးတဲ့ ဝိညာဉ်ပစ္စည်းပဲ...ရွှေနဂါးဘဏ်တိုက်မှာ လေလံတင်မယ်ဆို အနည်းဆုံး

ကောင်းကင်ရွှေ ဆယ့်ငါးသန်းအထိ တန်ကြေးရှိတယ်....."

လီကျင်းထောင်နှင့် သူမ နှစ်ဦးစလုံးသည် ဖန်သားနတ်ဆိုးခန္ဓာသို့ ရောက်ရှိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းတို့အသုံးပြုခဲ့သော ဝိဉာဉ်ပစ္စည်းများကတော့ သာမာန်အဆင့်သာဖြစ်သည်။ ဒါက သူတို့မိဘတွေက ကောင်းကင်ရွှေကို မတတ်နိုင်လို့ မဟုတ်ဘဲ ထိုသို့သောဝိညာဉ်ပစ္စည်းများက အလွန်ရှားပါးခြင်းကြောင့်ဖြစ်သည်။

လီကျင်းဇယ်က ပြုံးပြီး.... "ဒါကို မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်ရည်အတွက် ဆုအဖြစ်ပေးတယ်လို့ သဘောထားလိုက်....."

စူးစမ်းချင်စိတ်အပြည့်ဖြင့် လီလော့က ခရမ်းရောင်ကျောက်စိမ်းသေတ္တာကို လက်ခံခဲ့ပြီး လီကျင်းဇယ် အား "ကျေးဇူးတင်ပါတယ် အဘိုး" လို့ ပြုံးပြုံးလေးပြန်ပြောလိုက်သည်။

လီကျင်းဇယ်က အနည်းငယ် ခေါင်းညိတ်ပြီး..... " ငါ မင်းကို နောက်ထပ် တောင်းဆိုစရာ တစ်ခု ရှိတယ်"

"ဘာများလဲ?" လီလော့ အံ့သြစွာ မေးလိုက်တော့ လီကျင်းဇယ်က လက်ချောင်းများကို အသာအယာပုတ်လိုက်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးတခု ပေါ်လာသည်။

"မင်းရဲ့ အခြေခံအုတ်မြစ်နဲ့ ဖန်သားနတ်ဆိုးခန္ဓာအဆင့် ရောက်ဖို့မခက်ခဲဘူး... ဒါပေမယ့် ဖန်သားနတ်ဆိုးခန္ဓာ အတွင်းက မတူညီတဲ့ အဆင့်တွေအကြောင်း မင်းကြားတယ်မလား..."

လီလော့ ခေါင်းညိတ်ပြပြီး ခဏလောက် တုံ့ဆိုင်းသွားသည်။

ဖန်သားနတ်ဆိုးခန္ဓာဟုခေါ်ခြင်းမှာ ယေဘုယျအသုံးအနှုန်းဖြစ်သည်။ ၎င်းအတွင်းတွင်၊ လူများက သုံးရောင်ခြယ်ဖန်သားဟုခေါ်သော အဆင့်များဟူ၍ ပိုမိုသေးငယ်သော အမျိုးအစားခွဲခြားမှုများရှိခဲ့သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ဖန်သားနတ်ဆိုးခန္ဓာကို အောင်မြင်စွာရောက်ရှိပြီးနောက် လူတစ်ဦး၏ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်ဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ကာကွယ်မှုအလင်းရောင်သည် များသောအားဖြင့် အရောင်တစ်ခုတည်းဖြစ်သည်။ သို့သော်လည်း အကောင်းဆုံး အခြေခံအုတ်မြစ်ရှိသူများကတော့ အရောင်တရောင်ထက် ပိုမိုများပြားနိုင်သည်။

၎င်းကို သုံးရောင်ခြယ်ဖန်သားအဆင့်ဟုခေါ်သည်။

ထိုကဲ့သို့သော ဖန်သားနတ်ဆိုးခန္ဓာအဆင့်ကျွမ်းကျင်သူများကို အရောင်နှစ်ရောင် သို့မဟုတ် သုံးရောင်အထိရှိသည့် လျှို့ဝှက်ဆန်းကြယ်သောအကာအကွယ်အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသည်။ ထို့ကြောင့် ၎င်းတို့ကို သုံးရောင်ခြယ်ဖန်သားအဆင့်ဟု အမည်ပေးခဲ့သည်။

လီကျင်းဇယ်က ခရမ်းရောင် ကျောက်စိမ်းသေတ္တာအတွင်းမှ ကိုးပေါက်ရွှေကျောက်တုံးကို ညွှန်ပြပြီး....

“မင်းကို တောင်းဆိုမှာက သုံးရောင်ခြယ်ဖန်သားအဆင့်ရောက်အောင်ကြိုးစားဖို့ပဲ...."

ဒါကိုကြားတော့ လီလော့ လုံးဝမအံ့သြဘဲ အဲဒီအစား သူက ခါးသီးတဲ့ အပြုံးကိုသာပြုံးနိုင်ခဲ့သည်။

သူသိနေတယ်...ဒါပေမယ့် အဖိုးက သူ့ကိုအများကြီးမျှော်လင့်နေတာပဲ....ဒါက တကယ့်စိန်ခေါ်မှုတစ်ခုပဲ......

All Chapters