← Chapters

လုံထိုဖြစ်ဖို့ကြိုးစားခြင်း.......

Vol. 61 Ch. 851

လုံထိုဖြစ်ဖို့ကြိုးစားခြင်း.......

Vol. 61 Ch. 851

"မင်းဘယ်လိုထင်လဲ ယုံကြည်ချက်ရှိလား...."

လီကျင်းဇယ်က သူ၏တောင်းဆိုမှုကို ထုတ်ဖော်ပြီးနောက် လီလော့အား အပြုံးဖြင့် မေးလိုက်သည်။

ခဏလောက်စဉ်းစားပြီးနောက် လီလော့ က.... "သုံးရောင်ခြယ်ဖန်သားအဆင့်ကိုရရှိခြင်းရဲ့အကျိုးကျေးဇူးကဘာလဲ...?"

ရှပြည်ထောင်စုတွင် သုံးရောင်ခြယ်ဖန်သားအကြောင်းကို လုံးဝဖော်ပြထားခြင်းမရှိပေ ဖန်သားနတ်ဆိုးခန္ဓာ ကိုရောက်အောင် စီမံနိုင်ခဲ့ရင် သူတို့မျိုးဆက်ရဲ့ဂုဏ်ယူစရာဖြစ်နေပေမည်။ အကာအကွယ်အလင်းရောင်တွင် အရောင်မည်မျှရှိသည်ကို မည်သူမျှ သတိမထားမိကြပေ။

သုံးရောင်ခြယ်ဖန်သားကိုရရှိရန် လိုအပ်ချက်များ အလွန်များပြားသောကြောင့် မည်သူမျှ အထူးတလည်မကြိုးစားဘဲ လျစ်လျူရှုထားခြင်းလည်းဖြစ်နိုင်သည်။

ပြင်ပကောင်းကင်နတ်ဘုရားတိုက်ကြီး၌ အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးထက် အရင်းအမြစ်နည်းပါးသည့်အချက်လည်း ပါပေမည်။

ဥပမာအားဖြင့်၊ ကိုးပေါက်ရွှေကျောက်တုံးလို ရှားပါးရတနာကို ရှပြည်ထောင်စု တစ်ခုလုံးတွင် နှစ်ဒါဇင်အနည်းငယ်တိုင်းတွင် တစ်ကြိမ်သာ မြင်တွေ့နိုင်ဖွယ်ရှိသည်။

"သုံးရောင်ခြယ်ဖန်သားက မင်းရဲ့ခံစစ်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်ခွန်အားကိုလည်း မြှင့်တင်ပေးနိုင်တယ်.... အဲဒါတွေက ယာယီအကျိုးခံစားခွင့်တွေပါပဲ.... စစ်မှန်တဲ့ အရေးပါမှုက မြို့စားအဆင့်ညဒါမှမဟုတ် ဘုရင်အဆင့်အတွက် ပြင်ဆင်ဖို့ တွန်းလှန်မရနိုင်တဲ့ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ခြင်းပဲ....” ဟု လီကျင်းဇယ် က ဖြည်းညှင်းစွာ ရှင်းပြခဲ့သည်။

"မင်း မြို့စားအဆင့်ရောက်တဲ့အခါ သာလွန်မြို့စား...ဘုရင်အဆင့်ရောက်တဲ့အခု ကောင်းကင်ဘုရင်အဆင့်..အဲ့လိုတွေအဆင့်မြင့်မြင့်ရောက်နိုင်ဖို့ မှန်းထားတယ်......"

သူ့စကားဆုံးသောအခါ လီလော့နှင့် အခြားနှစ်ယောက်က သူ့ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေကြသည်။

လီလော့က.... "အဖိုးက ရည်မှန်းချက်ကြီးကြီးထားပြီး ကျွန်တော့်ကို ဖိအားတွေပေးနေတာပဲ....."

သာလွန်မြို့စားအဆင့်လို့ ခေါ်တဲ့ မြို့စားအဆင့်တွေဟာ ဘုရင်အဆင့်ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားရှိတဲ့ မြို့စားအဆင့်များဖြစ်ကြသည်။ ထိုသို့သော တိုက်ပွဲဝင်အင်အားသည် မျိုးဆက်တစ်ခုစီတွင် အကောင်းဆုံးဖြစ်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ ကောင်းကင်ဘုရင်အဆင့်နှင့် ပတ်သက်၍ကတော့ ထပ်၍ရှင်းပြရန်မလိုအပ်တော့ပေ။

လီလော့က လီကျင်းဇယ် သူ့အပေါ် ဤမျှမြင့်မားသော မျှော်လင့်ချက်များ ထားရှိရန် မမျှော်လင့်ခဲ့ပေ။

"ငါ မျှော်လင့်ချက်ကြီးကြီးထားနေတာမဟုတ်ဘူး...နတ်ဆိုးခန္ဓာအဆင့်မှာ သုံးရောင်ခြယ်ဖန်သားအဆင့်ကိုရောက်ရှိတာရယ် ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်မှာ ပုလဲကိုးသွယ်စုဆောင်းနိုင်တာရယ်က ရှေ့ဆက်အလျှောက်ရမယ့်အနာဂတ်အတွက် အလားအလာပိုရှိလာနိုင်စေတယ်....အဲ့အခါကျရင် သာမာန်လူတွေ အိမ်မက်မမက်နိုင်တဲ့အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ပြီ....ဘယ်လိုလဲ စိတ်ဝင်စားရဲ့လား....."ဟုဆိုကာ လီလော့ ကို ဆက်လက် စိုက်ကြည့်နေသည်။

ခဏလောက်တော့ လီလော့ ငြိမ်ကျသွားသည်။

သူစိတ်မဝင်စားဘူးလို့ပြောရင် လိမ်ရာကျပေလိမ့်မည်......

"ကျွန်တော်နားလည်ပါပြီ..." လီလော့ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ သူက ခရမ်းရောင် ကျောက်စိမ်းသေတ္တာကို လှမ်းယူပြီး “ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်” ဟု ကတိပေးလိုက်သည်။

လီကျင်းဇယ်က "သုံးရောင်ခြယ်ဖန်သား အတွက် အခြေခံလိုအပ်ချက်တွေက အလွန်မြင့်မားတယ်.... တစ်ချက်တည်းနဲ့ကြိုးစားဖို့ မလိုပါဘူး။ အဲဒီအစား၊ အဆင့်တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖို့အတွက် ကိုးပေါက်ရွှေကျောက်တုံးကိုအသုံးပြုနိုင်ပါတယ်...."

လီလော့က သူ့အကြံပြုချက်ကို တလေးတစားနားထောင်နေသည်။

ဆက်လက်၍ပြောဆိုနေရင်း လီကျင်းဇယ်၏ လေသံ အနည်းငယ် ပြောင်းလဲသွားပြီး "ဒါနဲ့...အမှတ်သားကိုးခုကြာပန်းကို ခွဲဝေဖို့နည်းလမ်းကိုဆုံးဖြတ်ပြီးကြပြီ....."

ဒါကိုကြားတော့ လီလော့ အသက်ပြင်းပြင်းရှူပြီး လီကျင်းဇယ် ကို စေ့စေ့ကြည့်လိုက်သည်။ကိုးပေါက် ရွှေကျောက်တုံးရရှိတုန်းကထက်ပိုပြီး စိတ်လှုပ်ရှားနေပုံပင်.....

နောက်ဆုံးတော့ ဒီကိစ္စက ကျန်းချင်းအာ ရဲ့ဒဏ်ရာနဲ့ သက်ဆိုင်နေသည်မဟုတ်ပေလော......

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က တခြားအကြီးအကဲတွေနဲ့ ဆွေးနွေးခဲ့ပြီးပြီ.... အစည်းအဝေးက တော်တော်လေး ပြင်းထန်တယ်...စောစောက ပြောခဲ့သလိုပဲ အမှတ်သားကိုးခုကြာပန်းက မြို့စားအဆင့်တွေအတွက် အလွန်အဖိုးတန်တဲ့ ပစ္စည်းတစ်ခုပဲလေ... ခန်းမသခင်တွေအားလုံးမှာ ကိုယ်ပိုင်အမြင်တွေ ရှိကြတယ်.... အထူးသဖြင့် နဂါးသွေးမျိုးဆက်တွေအတွက်ပေါ့....."

လီလော့ ထိုအကြောင်းကို ကြားသောအခါ ပို၍ပင် စိုးရိမ်လာသည်။ အမှတ်အသားကိုးခု ကြာပန်းကို ရရှိဖို့က သူထင်ထားသည်ထက် ပိုမိုခက်ခဲပုံရနေသည်။

"ဒါကိုဝယ်ဖို့ ကောင်းကင်ရွှေ သန်းသုံးရာနဲ့ ကမ်းလှမ်းခဲ့တယ်..."ဟု လီကျင်းဇယ် က အေးဆေးတည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။

ထိုအချိန်တွင် လီလော့ အသက်ပြင်းပြင်းရှူလိုက်မိသည်။

သန်းသုံးရာ.......

ဒီကြာပန်းအကြောင်း သူ လုံးဝမသိကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရချေပြီ......

လီကျင်းဇယ်က "အမှတ်သားကိုးခုကြာပန်းက ထိပ်တန်း ရတနာတစ်ခုပါ...ဒါကို ကောင်းကင်နဂါးကလန်ငါးခုရဲ့ ရတနာ သိုလှောင်ခန်းမှာတောင် တန်ဖိုးအရှိဆုံး ရတနာအဖြစ်သတ်မှတ်ထားတယ်.... ..."

ဒါကိုကြားတော့ လီလော့ နဖူးကနေ အေးစက်စက် ချွေးစေးတွေစီးကျလာသည်။ နဂါးစွယ်ကလန်အတွက် သူ၏တောင်းဆိုမှုက ဤမျှမြင့်မားသောစျေးနှုန်းပေးဆောင်ရသည့်အတွက် အပြစ်ရှိသည်ဟုပင် ခံစားမိသည်။

"သူတို့ သဘောတူလား?"ဟု လီလော့ သေသေချာချာမေးလိုက်တော့ လီကျင်းဇယ်က ခေါင်းယမ်းလိုက်သည်။

"သူတို့ သဘောမတူဘူး.... လီထျန်းကျီ ကလွဲလို့ တခြားကလန်အကြီးအကဲတွေကတော့ ကန့်ကွက်မှု မရှိပါဘူး.... သူဘာတွေ ကြံစည်နေတာလဲဆိုတာ ငါသိတယ်.... သူက ဒီရတနာကို နဂါးသွေးကလန်ရဲ့ ရွှေသွေးခန်းမအကြီးအကဲ လီကျီလော့ အတွက် သိမ်းထားနေတာလေ... အဲဒီလူက လီချင်းဖုန်းရဲ့အဖေပေါ့....ဒီကြာပန်းနဲ့ဆို အဆင့်ရှစ်မြို့စားအဆင့်ကိုရောက်နိုင်ပြီ....."

ထိုရှင်းပြချက်ကို ကြားသောအခါ လီလော့ သက်ပြင်းချရမလား သို့မဟုတ် စိတ်ပျက်ရမည်လားမသိတော့ပေ။

"နောက်ဆုံးတော့ လူငယ်မျိုးဆက်ရဲ့ လုံထ်ိုကို အမှတ်သားကိုးခုကြာပန်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်နည်းဆိုရရင် ဒီရတနာကို တံခွန်နှစ်ဆယ်နဲ့ ဉီးဆောင်သူ လုံထိုကိုပဲ ပေးလိမ့်မယ်........"

ဒါကိုကြားတော့ လီလော့ အံ့အားသင့်သွားပြီး..... "ဒါဆို ကောင်းကင်ရွှေသန်းသုံးရာသုံးဖို့မလိုတော့ဘူးပေါ့...."

လီကျင်းထောင်နှင့် လီဖန်းရိတို့က သူ့ကို တိတ်တဆိတ် ကြည့်နေကြသည်။

ဒီကောင်သာ သူတို့ရဲ့ တတိယညီမဟုတ်ရင် သူတို့အော်မိလိမ့်မည်။ ဒီကလေးက အရမ်းရူးသွပ်လွန်းတယ်...လုံထိုဖြစ်ဖို့လွယ်တယ်ထင်နေသလား....

ထင်ရှားသည်မှာ၊ နဂါးသွေးကလန်၏အကြီးအကဲက လီချင်းဖုန်းသာ အမှတ်အသားကိုးခုကြာပန်းရရှိစေရန် ထိုသို့သောနည်းလမ်းဖြင့် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် လီကျင်းဇယ်၏ အေးစက်တင်းမာသော မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

"တကယ်လို့ သူတို့က ဟွမ်လုံရှီးရေကန်တိုက်ပွဲမတိုင်ခင်မှာ အဲဒီလို ဖြန့်ဖြူးရေးနည်းလမ်းကို အကြံပြုခဲ့မယ်ဆိုရင်၊ ငါ ဒါကို သဘောတူမှာ မဟုတ်ဘူး"

အခုတော့ လီလော့၏တိုက်ပွဲကို မြင်ပြီးသည့်နောက် ဒါဟာ အခွင့်အလမ်းတစ်ခု ဖြစ်နိုင်သည်ဟု ပြောင်းလဲတွေးတောခဲ့မိသည်။

လီဖန်းရိက "လုံထိုဖြစ်ဖို့က တစ်ဦးချင်းစီရဲ့ ခွန်အားအပေါ် မူတည်တယ်... သဟဇာတဖြစ်ခြင်းကို အသုံးပြုခွင့်မရှိဘူး...."

လီလော့၏ စွမ်းဆောင်မှုမှာ အံ့မခန်းဖြစ်ပြီး ချင်ရိ၏ ချုပ်ကိုင်မှုမှပင် လွတ်မြောက်ခဲ့သော်လည်း ဤသည်မှ သဟဇာတဖြစ်​ခြင်း၏စွမ်းအားကြောင့်ပင်ဖြစ်သည်။ သူတို့တစ်ဦးချင်းစီရဲ့ ခွန်အားတစ်ခုတည်းကိုသာ အားကိုးမယ်ဆိုရင် လီလော့အနေဖြင့် ချင်ရီ သို့မဟုတ် လီချင်းဖုန်းနဲ့ ထိပ်တိုက်တွေ့ဖို့ နေနေသာသာ ထိပ်တန်းခေါင်းဆောင် ငါးဦးထဲက တစ်ယောက်ပင်ဖြစ်လာမည်မဟုတ်ပေ။

လီလော့က ပြုံးပြီး ခေါင်းညိတ်ကာ...

"ငါ အခု မလုပ်နိုင်သေးဘူး၊ ဒါပေမယ့် အချိန်ရှိသေးတယ် မဟုတ်လား....."

သူသည် ဖန်သားနတ်ဆိုးခန္ဓာကို အောင်မြင်စွာ အဆင့်တက်လိုက်သည်နှင့်၊ တံခွန်ခေါင်းဆောင် အယောက်နှစ်ဆယ်ထဲမှ ထိပ်တန်းအဆင့်သို့ ရောက်သွားနိုင်မည်ဟု ခန့်မှန်းခဲ့သည်။

သူ့ဘေးမှာရပ်နေတဲ့ လီကျင်းထောင်ကလည်း ပြုံးပြီး.... "တတိယညီလေးရဲ့ အရည်အချင်းနဲ့ဆို မဖြစ်နိုင်စရာအကြောင်းမရှိဘူး...မင်းသာ လုံထိုဖြစ်လာရင် အားလုံးရဲ့ တုန်းလှုပ်မှုက မကြာသေးခင်ကထက် အဆများစွာ ပြင်းထန်လာမှာသေချာတယ်...."

လီဖန်းရိကလည်း.... "နောက်ဆုံးတော့၊ တတိယမောင်လေး ပြင်ပနတ်ဘုရားတိုက်ကြီးမှာ အလဟဿဖြစ်ခဲ့ရတဲ့ နှစ်တွေအားလုံးကို လူတိုင်းသိပါတယ်.... ဒါပေမယ့် အချိန်တိုတိုအတွင်းမှာ ပါရမီရှင်တွေကို အမီလိုက်နိုင်ခဲ့တယ်... သူ့ရဲ့ အရည်အချင်းဘယ်လောက်ကောင်းလဲဆိုတာ ထင်ရှားနေပြီပဲ...."

" ဒီတခေါက် လုံထိုဖြစ်ဖို့ ပြိုင်ဆိုင်မှုက ငါတို့ရဲ့သွေးမျိူးဆက်သမိုင်းတစ်လျှောက်မှာ အပြင်းထန်ဆုံးပြိုင်ပွဲဖြစ်လာမှာ သေချာနေပြီ...."

"အစ်ကိုကြီးနဲ့ ဒုတိယအစ်မတို့ပြောသလိုဖြစ်လာပါစေလို့ မျှော်လင့်ပါတယ်" ဟု လီလော့က ရယ်ရယ်မောမောပြောလိုက်သည်။

တကယ်တော့ လုံထိုဖြစ်ဖို့ကို သိပ်စိတ်မဝင်စားပေ။သူသည် လက်တွေ့ကျသော အမြတ်အစွန်းများကို ပိုမိုအာရုံစိုက်ခဲ့သူဖြစ်သည်။ သို့သော် လုံထိုဖြစ်လာရုံမျှဖြင့် အမှတ်အသားကိုးခုကြာပန်းကို ရနိုင်လျှင်ကြိုးစားကြည့်ရပေမည်။

မူလက အေးအေးဆေးဆေး ကျင့်ကြံချင်သော်လည်း ယခုတော့ လုံထ်ိုဖြစ်ဖို့ကြိုးစားရပေတော့မည်။

All Chapters