အဆင့်ကျော်ခြင်း.....
Vol. 61 Ch. 853
ဝါးတောမှ ပြန်လာပြီးနောက် သူ့ခန္ဓာကိုယ်ဟာ ပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိနေသလို ခံစားသဖြင့် နောက်ထပ် အချိန်မဆွဲဘဲ အဆင့်တက်ဖို့ကြိုးစားလေတော့သည်။
လီလော့ လက်ရှိတွင် တံခွန်အဖွဲ့၏ ကျင့်ကြံရေးခန်းမထဲ၌ ကြာပန်းအနေအထားထိုင်ကာ သူ့ရှေ့တွင် ကျောက်စိမ်းပုလင်းငါးလုံးရှိသည်။ ၎င်းတို့တစ်ခုစီတွင် နဂါးမီးတောက် စွမ်းအင်ကြိုးမျှင်များဖြင့် ပြည့်နှက်နေသည်။
ကျောက်စိမ်းပုလင်းတွေကို စိုက်ကြည့်ရင်း သူ့မျက်နှာကးထား လေးနက်နေကာ သူ့အတွေးတွေကို အာရုံစိုက်လိုက်ချိန်၌ ပဲ့တင်ထပ်တဲ့ စွမ်းအားတွေ တိုးပွားလာသည်။ထိုအခါ ကျောက်စိမ်းပုလင်းများ ကွဲအက်သွားကာ စွမ်းအင်အမျှင်တန်းများက လွတ်မြောက်ရန် ကြိုးပမ်းနေသကဲ့သို့ လွင့်ထွက်သွားကြသည်။
ဒါပေမယ့် လီလော့ ထိုအတွက် ကြိုတင်ပြင်ဆင်ထားပါသည်။သူ့ပါးစပ်မှ ပဲ့တင်ထပ်သံစွမ်းအားများ ထွက်လာပြီး ကြိုးမျှင် ငါးခုကို စုစည်းကာ မျိုချလိုက်လေသည်။
ထို့နောက်ဖြည်းညှင်းစွာ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး နဂါးမီးတောက်ကို စတင်သန့်စင်လေတော့သည်။
ခဏအကြာတွင် တုန်လှုပ်ချောက်ချားဖွယ် ကြီးမားသော စွမ်းအင်တစ်ခု သူ့ခန္ဓာကိုယ်အတွင်း ဖြစ်တည်လာသည်ကို ခံစားလိုက်ရသည်။ ပြင်းထန်လွန်းသဖြင့် သူ့သွေးအသားနှင့် သွေးပြန်ကြောများပါ နာကျင်လာသည်။
သို့သော်လည်း လီလော့ ထိတ်လန့်ခြင်းမရှိပေ။ သူသည် များပြားသန့်စင်သောစွမ်းအင်ကို သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် စနစ်တကျ လမ်းညွှန်ခဲ့ပြီး ၎င်းတို့ကို လျင်မြန်စွာ သန့်စင်ရန် ကျင့်စဉ်များကို အပြည့်အဝအသုံးချခဲ့သည်။
သန့်စင်ခြင်းလုပ်ငန်းစဉ်မှာ မျှော်လင့်ထားသည့်အတိုင်း အံ့သြဖွယ်အရှိန်ဖြင့် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေလေတော့သည်။
ဤအရှိန်အဟုန်က သာမန်ကျင့်ကြံနေချိန်က သူအောင်မြင်နိုင်သည်ထက် များစွာကျော်လွန်သွားခဲ့သည်။
ပဲ့တင်ထပ်သံနန်းတော်များထဲသို့ အဲ့မိုကွမ်းအလင်းတန်းများ စီးဆင်းလာသည်ကို ကြည့်ရင်း သူ့စိတ်ထဲတွင် တကယ်ကို ကြည်နူးမိပါသည်။
ရုတ်တရက် ပဲ့တင်ထပ်သံနန်းတော် သုံးခုသည် အလင်းတန်းများ ဝင်လာကာ ပ်ို၍ပင် အသက်ဝင်လာသည်။
ဤသို့ဖြင့် တနေကုန် အချိန်ကုန်ခဲ့ပြီး
ဒုတိယနေ့ နံနက်ခင်းနေရောင်က တိမ်များကို ဖြတ်ကျော်ဝင်ရောက်လာသောအခါ လီလော့ မျက်လုံးနှစ်ဖက်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။စစချင်၍ မျက်လုံးထဲတွင် စူးရှတောက်ပတဲ့ ရွှေရောင်အလင်းတန်းတွေ စီးဆင်းနေပေမယ့် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
ပြင်းထန်သော စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲတွင် လှိုင်းလုံးများကဲ့သို့ တိုးပွားလာပြီး နှလုံးခုန်သံ မြန်ဆန်လာသည်။
ဤအခိုက်အတန့်တွင်၊ သူ့ခန္ဓာကိုယ်ရှိ ပဲ့တင်ထပ်သံနန်းတော်သုံးထပ်၍ အလင်းတန်းများ တောက်ပစွာ ဖြာထွက်နေပြီး ၎င်းတို့ဆီမှ ထုံမွှမ်းနေသော အငွေ့အသက်ကိုပါ ခံစားနိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ပဲ့တင်ထပ်သံနန်းတော်သုံးခုသည် နောက်ဆုံးတွင် ၎င်းတို့၏ စွမ်းရည်ပြည့်မြောက်လာသောကြောင့် ဖြစ်သည်။
ဤအချိန်တွင် သူ၏ ပဲ့တင်ထပ်သံနန်းတော် သုံးခုအတွင်း၌ အဲ့မိုကွမ်းစွမ်းအင်အလင်းတန်း သုံးသောင်းငါးထောင်ရှိနေသည်။
ဒါဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ စွမ်းဆောင်မှုတစ်ခုပင်....
သာမာန်အခြေအနေအရ၊ နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့် ၏အထွတ်အထိပ်ရောက်နေသူများပင်လျှင် အလင်းတန်းနှစ်သောင်းထက်မပိုနိုင်ပေ။
သို့သော် လီလော့ကတော့ ပဲ့တင်ထပ်သံနန်းတော်သုံးခု၏ အကျိုးအမြတ်ဖြင့် အလင်းတန်း သုံးသောင်းငါးထောင်ကို ရရှိခဲ့သည်။
"နောက်ဆုံးတော့ ပြည့်သွားပြီ...."
လီလော့ အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်အေးသွားသည်။
သူဒီနေ့ကို စောင့်နေတာ ကြာလှပြီ......
ပဲ့တင်ထပ်သံဘုံနန်းတော်သုံးခုရှိနေခြင်းက မက်လောက်စရာဖြစ်သော်လည်း သူ့အား ကြီးမားသောစိတ်ဖိစီးမှုဖြစ်စေခဲ့သည်။
အချိန်သည် သူ့အတွက် တန်ဖိုးအရှိဆုံးအရာဖြစ်သည်။ ကံကောင်းစွာဖြင့် ပြိုင်ပွဲမှ ဆုလာဘ်များရိတ်သိမ်းနိုင်၍သာတော်ပေတော့သည်။မဟုတ်ရင် အဆင့်တက်နိုင်ဖို့အတော်ကြိုးစားရမည်။
ဤအခိုက်အတန့်တွင် ရှပြည်ထောင်စုမှ ထွက်ခွာပြီး ဤနေရာသို့ လာရန်ဆုံးဖြတ်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ပညာရှိသော ဆုံးဖြတ်ချက်တစ်ခုဟု ခံစားရသည်။ သူ့မွေးရပ်မြေမှာဆို နဂါးမီးတောက်လိုမျိုး ရှားပါးတဲ့ အခွင့်အရေးကို သူ ဘယ်တော့မှရနိုင်မည်မဟုတ်ပေ။
ပဲ့တင်ထပ်သံနန်းတော်သုံးခုအတွင်း၌ အလင်းတန်းများက စူးစူးဝါးဝါး အလင်းတန်းများက သက်ဝင်လှုပ်ရှားနေသော ငှက်များလို လှုပ်ရှားနေသည်မှာ အံ့သြဖွယ် မြင်ကွင်းတစ်ခုဖြစ်သည်။ နောက်ပိုင်းတွင်၊ လီလော့ အဆင့်များကို ကျော်တက်ပြီး အောင်မြင်မှုများရရှိရန် ၎င်းတို့ကို အသုံးချရပေမည်။
လီလော့ သူ့လက်နှစ်ဖက်လုံးဖြင့် လိုအပ်သော လက်ဟန်စည်းတံဆိပ်များကို ဖန်တီးပြီးနောက် အလင်းတန်း သုံးသောင်းငါးထောင်တို့သည် ပဲ့တင်ထပ်သံ နန်းတော်များမှ ပြင်းထန်သောပုံစံဖြင့် ထွက်သွားကြသည်။ဤသည်မှာ တစ်နေရာတည်းတွင် ကြီးမားသော ဆူနာမီလှ်ိုင်းကြီး သုံးခုတိုက်ခတ်နေသကဲ့သို့ပင်....
ထိုအချိန်တွင် လီလော့၏အသွေအသားနှင့်အရိုးများပါတုန်ခါလာသည်။
ဤသည်မှာ ကျင့်ကြံခြင်းခရီးလျှောက်၌ သူ၏ရုပ်ခန္ဓာကို ကြံခိုင်စေအောင် ပထမဆုံးအကြိမ်ကြိုးပမ်းခြင်းဖြစ်သည်။
အလင်းတန်းများက သူ့အသားနှင့် အရိုးများထဲသို့ ရောနှောသွားကာ ပူလောင်လာသည်။
အကန့်အသတ်မဲ့ တက်ကြွလန်းဆန်းမှုများက အသွေးအသားထဲကနေကျ လျှံနေတဲ့ ဒီရေလို စီးဆင်းနေလေ၏။
အညစ်အကြေးတွေနဲ့ ပြည့်နေတဲ့ သွေးတွေ သူ့ချွေးပေါက်ထဲက စိမ့်ထွက်လာကာ ဒီဖြစ်စဉ်အတိုင်း ဆက်သွားနေရင်း ရံဖန်ရံခါ နာကျင်ခြင်းကြောင့် ငြီးတွားနေမိတော့သည်။
ဒါက ခန္ဓာကိုယ်ကြံ့ခိုင်စေခြင်းကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ နာကျင်မှုပင်။ သို့သော်လည်း လီလော့ စိတ်ပိုင်းဖြတ်ထားပြီး မယိမ်းယိုင်ခဲ့ပေ။
အလင်းတန်းသုံးသောင်းငါးထောင် သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းလာနေပြီး သူ့အသွေးအသားတို့ကို ကြိမ်ဖန်များစွာ သန့်စင်နေသည်။
ဒီဖြစ်စဉ်ကို ခံယူရင်း အချိန်ကုန်မှန်းမသိ ကုန်ဆုံးနေကာ နောက်တစ်ရက်သ်ို့ ကူးပြောင့်လေပြန်သည်။
လီလော့ သူ့ခန္ဓာကိုယ်ကို ဖြေလျှော့ကာ သန့်စင်ခြင်းလုပ်ငန်းစဉ်၌ ဆက်လက်နှစ်မြှုပ်နေခဲ့သည်။ ထိုအချိန်တွင် သူ့အရေပြားပေါ်၌ စုပုံနေသော အညစ်အကြေးများနှင့် ပြည့်နေသော သွေးများပင် သွေးခဲများအဖြစ်သို့ပြောင်းလဲကာ အလွှာတခုလို ဖုံးအုပ်နေသည်။
ထိုစဉ် ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲက မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ သူ့ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များပင် ယခုအချိန်တွင် စတင်ဆူပွက်လာပုံရကာ ပြင်းထန်သော စွမ်းအားတစ်မျိုးကို ဆွဲဆောင်ထားပုံရပြီး သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းသွားသည်။
ဤအချိန်တွင် လီလော့ကိုဖုံးအုပ်ထားသော သွေးခဲများအားလုံး ကွဲအက်သွားပြီး ငွေရောင်အလင်းတန်းတစ်ခု သူ့အရေပြားအောက်သို့ စီးဆင်းသွားသည်။
သူ၏ အသွေးအသားများ တဖြည်းဖြည်း တုန်ခါလာကာ ရက်စက်ကြမ်းကြုတ်သော ခွန်အားကို ထုတ်ပေးနေသည်။
နတ်ဆိုးခန္ဓာအဆင့်သို့ အဆင့်တက်နိုင်မှုသည် သူမျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်နေသည်။
သို့သော် ဤအရာသည် အံ့သြစရာမဟုတ်ပေ။ သူ၏အခြေခံအုတ်မြစ်သည် အလင်းတန်းသုံးသောင်းငါးထောင်၏အကူအညီကြောင့် အပြစ်ကင်းစင်နေသည်။ ဤသည်မှာ နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်ရှိ အခြားသူများ အိပ်မက်ပင် မမက်နိုင်သောအရာ ဖြစ်သည်။
ဤမျှခိုင်မာသောအခြေခံအုတ်မြစ်ဖြင့် အခက်အခဲမရှိဘဲ နတ်ဆိုးခန္ဓာ အဆင့်သို့ရောက်ရန်မှာ သဘာဝကျပါသည်။
လီလော့ ယခုဆို ငွေရောင်နတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ငွေရောင်တောက်ပသောအလင်းတန်းများ စီးဆင်းနေသည်ကို မြင်တွေ့ရသည်။
သို့သော် ၎င်းသည် သူ၏ပန်းတိုင်မဟုတ်ပေ။
သူ့ခန္ဓာကိုယ်အတွင်းတွင် တောက်လောင်နေသော အလင်းတန်းများက သူ့အသွေးအသားကို ဆက်လက် သန့်စင်နေဆဲပင်.....
လီလော့က နောက်ပစ်မှတ်အဖြစ် ရွှေနတ်ဆိုးခန္ဓာအဆင့်သို့ ဆက်လက်ဉီးတည်နေဆဲဖြစ်သည်။
ထိုအချိန်တွင် သူ့ခေါင်းပေါ်မှ အပြာရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ ဒီအချိန်မှာ သူ့ခန္ဓာကိုယ်ကို ထိလိုက်မိရင် ခန္ဓာကိုယ်အပူချိန်က အလွန်မြင့်မားနေတာကို တွေ့ရလိမ့်မည်။ ဤသည်မှာ သူ၏ ရုပ်ခန္ဓာသန်မာရခြင်း ဖြစ်သည်။
ဒီအတိုင်းပဲ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ကာ မကြာခင်မှာပဲ နေ့တစ်ဝက်ကျော်ကျော် ကုန်ဆုံးသွားပြန်သည်။
ဘယ်လောက်အချိန်ကြာမှန်း အတိအကျမသိပေမယ့် သူ့အရေပြားအောက်က ငွေရောင်တောက်ပမှုတွေ ရုတ်တရက် ပိုထူထဲလာသည်။ ရံဖန်ရံခါ ငွေရောင်အလင်းတန်းများအတွင်း၌ ရွှေရောင်အလင်းတန်းများ ပေါ်လာတော့သည်။
ရွှေချည်မျှင်များ သူ့အသွေးအသားများကြားတွင် တဖြေးဖြေးစီးဆင်းလာပြီး ပိုတောက်ပလာသည်။
တစ်ကြိမ်တွင် လီလော့ပါးစပ်ထဲမှ မီးခိုးငွေ့များ ထွက်လာသည်။
ခပ်အုပ်အုပ်ပေါက်ကွဲသံတခု သူ့ခန္ဓာကိုယ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။
ထိုအခါ ရွှေချည်မျှင်များသည် သူ့ခန္ဓာကိုယ်ကို ရွှေချထားသကဲ့သို့ ဖြာထွက်လာသည်။
ရွှေနတ်ဆိုးခန္ဓာအဆင့်..........
လီလော့ ဤအခိုက်အတန့်တွင် မျက်လုံးဖွင့်လိုက်ကာ ခရမ်းရောင် ကျောက်စိမ်းသေတ္တာတစ်ခုကိို ထုတ်ယူလိုက်သည်။
မျက်တောင်မခတ်ဘဲ သေတ္တာအတွင်းမှ ကိုးပေါက်ရွှေကျောက်တုံးကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ထိုအခါ ကြီးမားလှသော စွမ်းအားကြီးတစ်ခုကို သူ့ခန္ဓာကိုယ်မှ ဖိတ်ခေါ်ပြီး ရွှေကျောက်တုံးကို ရွှေအမှုန့်အဖြစ်သို့ ချေမွလိုက်လေသည်။ထို့နောက် လီလော့ ပါးစပ်ဖြင့် အသက်ပြင်းပြင်းရှူကာ လျှို့ဝှက်ဆန်းကြယ်သော ရွှေမှုန့်အားလုံးကို မျိုချလိုက်သည်။
ယခု ရွှေနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိသွားသောအခါ၊ ရွှေကျောက်တုံးကို ကြားခံအဖြစ် အသုံးပြုပြီး နတ်ဆိုးခန္ဓာအဆင့်၏ တတိယအဆင့်ကို ချိုးဖျက်ရန် ကြိုးစားရန် အချိန်တန်ပြီ..........