အမှောင်နယ်မြေ....
Vol. 61 Ch. 852
လီလော့၏ သတ္တိကို လီကျင်းဇယ် အမှန်တကယ် သဘောကျခဲ့သည်။ ပြင်းထန်သော ပြိုင်ဘက်များကြုံရသော်လည ဘယ်တော့မှ အရှုံးမပေးသည့် စိတ်ဓာတ်မှာ ကျော်ကြားသော နဂါးစွယ်ကလန်၏ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားဖြစ်သည်။ လီကျင်းထောင်လို ထူးထူးခြားခြား စိတ်သဘောထားရှိသူကတော့ ချွင်းချက်ထားရပေမည်။
လီကျင်းဇယ်က ခဏလောက်စဉ်းစားပြီး....
"မင်းဘက်က ယုံကြည်ချက်ရှိတယ်ဆို လုံထိုရာထူးကိုရနိုင်မလားဆိုတာ စမ်းကြည့်ရအောင်... မင်းမအောင်မြင်ရင်တောင် အမှတ်အသားကိုးခုကြာပန်းရဖို့ အခြားနည်းနဲ့ အဲဒီငါကြိုးစားမယ်..."
လီလော့အတွက် ထိုကြာပန်း၏ အရေးကြီးပုံကို သူသိသည်။ ထို့ကြောင့် လီလော့ လုံထိုဖြစ်ရန် ပျက်ကွက်ခဲ့လျှင်ပင် ၎င်းကိုရအောင်ယူပေးရမည်။
နောက်ဆုံးတွင်၊ သူ၏မြေးလေးခင်မျာ ပြင်ပနတ်ဘုရားတိုက်ကြီးတွင် ခက်ခဲကြမ်းတမ်းသောနှစ်များစွာကို ဖြတ်သန်းခဲ့ရသည်။ ဒါကြောင့် သူ့နှလုံးသားထဲတွင် နောင်တအနည်းငယ်ခံစားရပြီး လီလော့ ၏တောင်းဆိုချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းရန် ကြိုးစားခဲ့သည်။ လုံထိုရာထူး အတွက် ပြိုင်ဆိုင်မှုက လီလော့အတွက် လေ့ကျင့်ရန် နည်းလမ်းတစ်ခုမျှသာ ဖြစ်သောကြောင့် သူ့တွင် ရည်မှန်းချက်များ ပိုမိုရရှိမည်ဖြစ်သည်။
လီလော့ ဤစကားကိုကြားပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ "ကျေးဇူးတင်ပါတယ် အဘိုး"
လီကျင်းဇယ် က သူ့လက်ကို ဝှေ့ယမ်းပြီး စကားဝိုင်းခေါင်းစဉ်ကို ပြောင်းလိုက်သည်။
"နောက်ထပ်ဆွေးနွေးစရာကိစ္စရှိသေးတယ်.... နွားသိုးကြီးပေါင်ပေါင်ကို ပြန်ကောင်းအောင်လုပ်ဖို့ လမ်းညွန်ချက်တချို့ ရထားတယ်.... "
လီလော့ ဒီလိုကြားရတာ အရမ်းပျော်သွားသည်။ လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့ အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးမှ ထွက်လာစဉ်က လီတိုင်ရွှမ်နှင့်တန်တိုင်လန်ကိုကာကွယ်ပေးခြင်းကြောင့် နွားသိုးကြီးပေါင်ပေါင်ရရှိခဲ့သော ဒဏ်ရာများသည် သူ့နှလုံးသားထဲတွင် အမြဲတမ်းဆူးပင်ဖြစ်ခဲ့သည်။ ထို့အပြင်၊ ပေါင်ပေါင်သည် လော့လန်အိမ်တော်တွင်နေထိုင်ခဲ့ပြီး ကျန်းချင်းအားနှင့်သူအား ဤနှစ်များတစ်လျှောက်လုံး ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် လီလော့ ထိုသူ့အပေါ် ကြီးမားသော အကြွေးများ တင်ကျန်နေသည်။ နွားသိုးကြီးပေါင်ပေါင်သယ လော့လန်အိမ်တော်တွင် စောင့်ကြပ်မနေပါက လီတိုင်ရွှမ် နှင့် တန်တိုင်လန်တို့ ထွက်သွားစဉ်တွင် အခြားသူများက ပိုင်ဆိုင်မှုများကို မုချလုယက်သွားမည်ဖြစ်သည်။ လီလော့နဲ့ ကျန်းချင်းအာအခုလို ကြီးပြင်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုမှ ဖြစ်လာနိုင်မည်မဟုတ်ပေ။
အရင်တုန်းကတော့ သူဘာမှ မလုပ်နိုင်ခဲ့ပေ။ သို့သော် နဂါးစွယ်ကလန်သို့ပြန်ရောက်ပြီးနောက် နွားသိုးကြီးပေါင်ပေါင် ၏ဒဏ်ရာများကို တတ်နိုင်သမျှအမြန်ဆုံးကုသပေးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ နွားသိုးကြီးပေါင်ပေါင် ပြန်လည်ကောင်းမွန်လာပြီး အစိမ်းရောင်နယ်သာခန်းမတွင် ခန်းမသခင် ဖြစ်လာပြီးသည်နှင့် လီလော့အဖို့ အနာဂတ်တွင် ခန်းမကို ထိန်းချုပ်နိုင်စေရန် ကူညီပေးမည်ဖြစ်သည်။
လီလော့၏မျက်နှာပေါ်က ကြည်နူးနေသောအပြုံးကိုမြင်လိုက်သောအခါ လီကျင်းဇယ်က....
"အရမ်းကြီးတော့ မျှော်လင့်မထားနဲ့.... နွားသိုးကြီးပေါင်ပေါင်ရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်.... မြို့စားရဲတိုက် ကို ဖျက်ဆီးလိုက်ရတာဟာ မြို့စားအဆင့်တွေအတွက် ဒဏ်ရာကြီးတစ်ခုလို့ မှတ်ယူနိုင်တယ်... ကံကောင်းတာက နဂားစွယ်ကလန်မှာ ခိုင်ခံ့တဲ့ အခြေခံအုတ်မြစ် ရှိပြီး ဘိုးဘေတွေ ချန်ထားခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းတွေရှိနေသေးတယ်.... ငါတို့လိုအပ်နေတဲ့ အရေးကြီးတဲ့ပါဝင်ပစ္စည်းတစ်ခုက ရှားပါးသစ်သီးလို့လူသိများတဲ့ သန္ဓေသားသစ်သီးပဲ...ဒီသစ်သီးက ကျင့်ကြံသူတွေရဲ့အခြေခံအုတ်မြစ်ကို ပြုပြင်နိုင်စွမ်းရှိတယ်... “
လီလော့ ခဏတာ အံ့အားသင့်သွားသည်။
ဒီအကြောင်းကို သူအရင်ကတောင် မကြားမိဘူးပေ.....
"သန္ဓေသားသစ်သီးကို ဘယ်မှာရှာရမလဲ"
နွားသိုးကြီးပေါင်ပေါင်ကို ကူညီဖို့ လီကျင်းဇယ်ကို အားကိုးခြင်းထက် သူကိုယ်တိုင်လည်းကြိုးစားရပေမည်။
ထိုအချိန်တွင် လီဖန်းရိက....
"ငါမှတ်ထားတာ မမှားဘူးဆို ဒီသစ်သီးကို နဂါးစွယ်ကလန်ရဲ့ အနောက်ဘက် ဒေသရဲ့ မြောက်ဘက်ခြမ်းက အမှောင်နယ်မြေမှာ တွေ့နိုင်တယ်....."
"အမှောင်နယ်မြေ?"
လီလော့က လီဖန်းရိကို မေးခွန်းတွေ ပြည့်နှက်နေတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။
ဒါကိုမြင်တော့ လီဖန်းရိက.... "အမှောင်နယ်မြေတွေဟာ ကမ္ဘာကြီးရဲ့ အက်ကွဲကြောင်းတွေပါပဲ.... ဒီအက်ကြောင်းတွေက အရိပ်ကမ္ဘာနဲ့ ဆက်စပ်နေတာမို့ ကမ္ဘာခြားသက်ရှိတွေ အဆက်မပြတ် ပေါ်လာနိုင်တယ်.... အမှောင်နယ်မြေတွေ တစ်ခါတစ်ရံမှာ ပေါက်ကွဲထွက်ပြီး ကမ္ဘာခြားသက်ရှိတွေ အများအပြား ထွက်ပေါ်လာဖူးတယ်.... ငါအခုပြောပြတဲ့နယ်မြေက နဂါးစွယ်ကလန် စောင့်ကြည့်ပေးနေရတဲ့ အမှောင်နယ်မြေဆိုပေမယ့် ရေမြေအနေအထားထူးခြားတယ်..အဲ့မှာ လောကသဘာဝစွမ်းအင်တွေ ပေါင်းစည်းနေတာကြောင့် ဒဏ္ဍာရီလာ ရတနာတွေ ထွက်ပေါ်လာတတ်တယ်...သန္ဓေသားသစ်သီးကလဲ အဲ့ဒီ့ရတနာတွေထဲကတခုပဲ...."
ဒါကိုကြားတော့ လီလော့ ရုတ်တရတ် သဘောပေါက်သွားသည်။ အရိပ် လှိုဏ်ဂူလိုပဲပေါ့...... ကောင်းကင်နတ်ဘုရားတိုက်ကြီးမှာ စွမ်းအားတွေ ပိုအားကောင်းပြီး ကောလိပ်ကျောင်းမှာတုန်းကလို အက်ကြောင်းတွေကို ဖုံးကွယ်ထားဖို့ မလိုအပ်တော့ဘူး...အဲ့အစား ကျင့်ကြံမှုအရင်းမြစ်များတွေကို ရယူခံစားရင်း အနီးကပ် စောင့်ကြည့်မှုအောက်မှာ ထိန်းချုပ်ထားရုံပဲ....
"သန္ဓေသားသစ်သီးက အရေအတွက် အလွန်နည်းတယ်.... နွားသိုးကြီးပေါင်ပေါင်ကို ကူသပေးချင်တယ်ဆို အမှောင်နယ်မြေကိုသွားဖို့လိုတယ်..."ဟု လီကျင်းဇယ်က ရှင်းပြခဲ့သည်။
"ဒါပေမယ့် ဒီသစ်သီးကို မျက်စိကျတဲ့သူတွေ အများကြီးရှိတယ်.... တစ်ခုပေါ်လာတိုင်း ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ အမြဲရှိတယ်.... ဒါ့အပြင် ကောင်းကင်ဧကရာဇ် လီသွေးမျိုးဆက်ရဲ့ အနောက်ဘက်ခြမ်းက ငါတို့ရဲ့ နယ်နိမိတ်မှာ ရှိတယ်....ဒါ့အပြင် ကောင်းကင်ဧကရာဇ်ကျောက်သွေးမျိုးဆက်လည်း အရင်းအမြစ်တွေကို ရှာဖွေဖို့ အမှောင်နယ်မြေထဲကို လူတွေ မကြာခဏ စေလွှတ်ကြတယ်... အပြင်မှာတွေ့ရင် ငါတို့ ထိန်းထားနိုင်လောက်ပါတယ်.... ဒါပေမယ့် အမှောင်နယ်မြေထဲမှာဆိုရင်တော့ လူဘယ်နှစ်ယောက် အသတ်ခံခဲ့ရတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ...."ဟု လီဖန်းရိကဆက် ပြောလိုက်သည်။
"ကောင်းကင်ဧကရာဇ်ကျောက်သွေးမျ်ုးဆက်......" လီလော့၏ မျက်လုံးများ တောက်ပလာသည်။ ကောင်းကင်နတ်ဘုရားတိုက်ကြီး၌ ကောင်းကင်ဧကရာဇ်တသွးမျိုးဆက်လေးခုရှိသည်။၎င်းတို့မှာ ကောင်းကင်ဧကရာဇ်လီ၊ ကောင်းကင်ဧကရာဇ်ချင်၊ ကောင်းကင်ဧကရာဇ်ကျောက်နှင့် ကောင်းကင်ဧကရာဇ်ကျူ့သွေးမျိုးဆက်တို့ဖြစ်သည်။ ၎င်းတို့လေးခုအနက် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်နှင့် ကောင်းကင်ဧကရာဇ် ကျောက်သွေးမျိုးဆက်တို့ကတော့ အဆိုးဆုံးဆက်ဆံရေးရှိသည်။ ၎င်းတို့နှစ်ဖက်လုံး ရန်သူများဖြစ်ကြသည်ဟုဆိုခြင်းက ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ၎င်းတို့ ခွဲဝေထားသော နယ်နိမိတ်ကြောင့် မကြာခဏ ပဋိပက္ခများ ဖြစ်ပွားကြစမြဲပင်....
ထို့ကြောင့် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက် ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်နှင့် ပေါင်းစည်းလိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လီလော့ ခဏလောက် စဉ်းစားနေမိသည်။ သူသည် အမှောင်နယ်မြေ သို့ သွားရောက်လည်ပတ်ပြီး နွားသိုးကြီးပေါင်ပေါင်အတွက် သန္ဓေသားသစ်သီးတစ်လုံးကို ရယူချင်သော်လည်း လုံလောက်အောင်မသန်မာသေးပေ။နတ်ဆိုးခန္ဓာအဆင့်သို့ရောက်သည့်တိုင်ထိုနေရာမျိုးတွင် အနည်းငယ်မျှပင် အသုံးမ၀င်နိုင်ပေ။
ကမ္ဘာခြားသက်ရှိများနှင့် ရင်ဆိုင်ရသည်မှာ ခေါင်းကိုက်ရသည့်အပြင် ကောင်းကင်ဧကရာဇ်ကျောက်သွေးမျိုးဆက်ကိုလည်း အချိန်တိုင်း စိတ်ပူနေရမည်ဖြစ်သည်။
ကြယ်တာယာခရီးရှည် ကောလိပ်အောက်ရှိ အရိပ်လှိုဏ်ဂူတွင် ကမ္ဘာခြားသက်ရှိများနှင့် တွေ့ကြုံခဲ့ဖူးသည်။ အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးရှိ ကမ္ဘာခြားသက်ရှိများက အရိပ်လှိုဏ်ဂူကထက် ပို၍ပင် အားကောင်းလာမည်မှာ သေချာပါသည်။
သူသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို စည်းရုံးနိုင်သော်လည်း အစိမ်းရောင်နယ်သာတံခွန်အဖွဲ့က သူ၏ကိုယ်ပိုင်စစ်တပ်မဟုတ်ပေ။တံခွန်ခေါင်းဆောင် ဖြစ်ပေမဲ့ သူ့ဆန္ဒတစ်ခုတည်းနဲ့ စည်းရုံးလို့မရပေ။ ဤသည်မှာ ဗိုလ်ချုပ်တဉီးက ထိပ်ပိုင်းမှ ညွှန်ကြားချက်မပါဘဲ နိုင်ငံတစ်ခု၏ တပ်များကို သီးသန့် မစည်းရုံးနိုင်ပုံနှင့် တူသည်။
လီလော့ တွေးရကြပ်နေချိန်တွင် လီကျင်းဇယ်က စားပွဲကို လက်ချောင်းများဖြင့် အသာအယာပုတ်ကာ "တံခွန်အဖွဲ့နှစ်ဆယ်အတွက် မစ်ရှင်တွေ ထမ်းဆောင်ရတော့မယ်မလား...."
ဒါကိုကြားတော့ လီဖန်းရိနဲ့ လီကျင်းထောင်က ခေါင်းညိတ်လိုက်ကြသည်။
မစ်ရှင်ကာလဆိုသည်မှာ နှစ်စဉ်နှစ်တိုင်း တံခွန်အဖွဲ့များကို မစ်ရှင်တစ်ခုပေးမည့် အချိန်ကာလကို ရည်ညွှန်းသည်။ ယင်းတွင် အစွမ်းထက်သော သားရဲတစ်ကောင်ကို နှိမ်နင်းရန် သို့မဟုတ် သတ်ပစ်ခြင်းလည်း ပါဝင်သည်။
ကလန်အသီးသီးက တံခွန်အဖွဲ့သားများ ပိုမိုတိုးတက်စေရန် ရင်းနှီးမြှုပ်နှံပြီး ထိုသို့စီစဉ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း တံခွန်အဖွဲ့နှစ်ဆယ်စလုံး မစ်ရှင်များကို ထမ်းဆောင်ရန် လိုအပ်ပါသည်။ မစ်ရှင်ကို မအောင်မြင်ပါက နောက်နှစ်တွင် ၎င်းတို့အတွက်အရင်းအမြစ်များ လျော့ပါးသွားမည်ဖြစ်သည်။ ယင်းကြောင့် တံခွန်အဖွဲ့များက မစ်ရှင်များကို လေးနက်စွာထမ်းဆောင်ကြသည်။
လီကျင်းဇယ်က စဉ်းစားပြီးသောအခါ "အချိန်တန်ရင် အနောက်ဘက်ဒေသက အမှောင်နယ်မြေမှာ မစ်ရှင်လုပ်ဖို့ ညွှန်ကြားချက်ထုတ်ပေးမယ်.... "
ထိုအချိန်တွင် သူက လီလော့ကိုကြည့်ကာ "နွားသိုးကြီးပေါင်ပေါင်အတွက် သန္ဓေသားသစ်သီးယူပေးချင်တယ်မလား....." ဟု မေးခဲ့သည်။
လီလော့ ထိုစကားကိုကြားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို မစ်ရှင်တွင် တရားဝင် သုံးနိုင်ဖို့ လီကျင်းဇယ်ဘက်က အကူညီပေးနေချေပြီ။
ဒီအချိန်မှာ ရိုးရှင်းတဲ့ အမှန်တရားတစ်ခုကို သူနားလည်ခဲ့ပြီ.......
ယနေ့ခေတ်ကြီးတွင် မည်မျှပင် အပြင်းအထန်ကြိုးစားနေစေကာမူ ခိုင်မာသော နောက်ခံကို မည်သူမျှ
အနိုင်မယူနိုင်ပေ.....