← Chapters

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း(၈၀၂)

"ဟားဟား မိတ်ဆွေလေးကျန်းချန် မသိသေးဘူးထင်တယ်.. ရွှယ်ယန်တောင်မှာ အကြီးအကဲထျန်းရွှယ် တည်ဆောက်ထားတဲ့ အစီအရင်က အမွေဆက်ခံဖို့ လာကြတဲ့ လူငယ်ပါရမီရှင်တွေအတွက် သတ်မှတ်ထားတဲ့ စမ်းသပ်မှုလောက် မရိုးရှင်းဘူး.. ဒီအစီအရင်ထဲမှာ မခန့်မှန်းနိုင်တဲ့ အင်အားတွေ အများကြီးရှိတယ်.. အစီအရင်ထဲကို ဝင်တဲ့သူတွေက အစီအရင် ထဲကနေ အကျိုးအမြတ်တွေ အများကြီး ရရှိနိုင်တယ်.. ဒီအချက်ကလည်း ရွှယ်ယန်တောင်က လူငယ်ပါရမီရှင် အများအပြားကို ဆွဲဆောင်နိုင်တဲ့ အဓိက အကြောင်းအရင်းထဲက တစ်ခုပဲ"

လုံထျန်းဝူက ပြုံးရွှင်စွာဖြင့် ကျန်းချန်ကို ရှင်းပြလိုက်သည်။

"အဲဒါအမှန်ပဲ သခင်လေးကျန်းချန်.. အကြီးအကဲထျန်းရွှယ် တည်ဆောက်ထားတဲ့ အစီအရင်က တကယ် အံ့သြစရာကောင်းတယ်.. ကျွန်မနဲ့ ကျွန်မအကိုက ဒီကိုလာတိုင်းမှာ ရွှယ်ယန်တောင်ကို ခြေလျင်ဘဲ တက်ဖြစ်ကြတယ်.. ရွှယ်ယန်တောင်ကို တက်ရောက်တဲ့ အချိန်တိုင်းမှာ တိုးတက်မှုတွေကို အများကြီး ခံးစားခဲ့ရတယ်.. လွန်ခဲ့တဲ့နှစ်က ရွှယ်ယန်တောင်ကို ခြေလျင်တက်ရောက်တဲ့ လူငယ်ဓားသမား တစ်ယောက် ရှိတယ်.. အဆုံးသတ်မှာတော့ သူ့ရဲ့ ဓားစိတ်ဆန္ဒက အဆင့်ငယ်နှစ်ဆင့်ကို ချိုးဖျက်သွားပြီး မယုံကြည်နိုင်လောက်အောင် ထူးချွန်တဲ့ ဓားသိုင်းပညာရှင်တစ်ယောက် ဖြစ်သွားခဲ့တာ ကျွန်မ မှတ်မိသေးတယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။

"ရွှယ်ယန်တောင်ရဲ့ အစီအရင်က ဒီလောက်တောင် မှော်ဆန်တယ်လား "

ဤအချိန်တွင် ကျန်းချန်သည် ရွှယ်ယန်တောင်၏ အစီအရင်ကို အတော်လေးအံ့သြနေခဲ့ပြီး ဖြစ်သည်။

သူက ရွှယ်ယန်တောင်ထိပ် ဆီသို့ ဖြေးညင်းစွာ တက်ရောက်နေသည့် လူငယ်များကို လှမ်းကြည့်ရင်း မျက်လုံးထဲတွင် စိတ်ဝင်စားသော အရိပ်အယောင်များ အနည်းငယ် ပေါ်လာခဲ့၏။

လုံထျန်းဝူက ခပ်ယဲ့ယဲ့ပြုံး၍ ကျန်းချန်ကို ပြောလိုက်သည်။

"မှော်ဆန် မဆန်သိရအောင် မိတ်ဆွေလေးကျန်းချန် ကိုယ်တိုင် ကြိုးစားကြည့်ရင် သိပါလိမ့်မယ် "

"ဒါဆိုလဲ ကျွန်တော်ကြိုးစားကြည့်မယ်"

ကျန်းချန်က ခေါင်းညိမ့်၍ ပြောလိုက်သည်။

အကြီးအကဲထျန်းရွှယ်၏ အစီအရင်က ဤမျှအထိ မှော်ဆန်နေလျှင် သူက သေချာပေါက် စမ်းသပ်ကြည့်ရပေမည်။

"ကောင်းပြီ.. အချိန်လည်းမစောတော့ဘူး.. မင်းတို့တွေ ရွှယ်ယန်တောင်ထိပ်ကို ခြေလျင်တက်ကြမှာဆိုတော့ ငါတောင်ပေါ်မှာ မင်းတို့ကို စောင့်နေမယ်"

စကားဆုံးသည်နှင့် လုံထျန်းဝူသည် ရွှယ်ယန်တောင်ထိပ်ပေါ်သို့ လျှပ်စီးကြောင်းသဖွယ် လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

"ငါတို့လည်း သွားကြစို့ "

လုံထျန်းဝူ ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် လုံယွင်တို့ မောင်နှမနှစ်ယောက်ကို ဦးဆောင်ကာ ရွှယ်ယန် တောင်ထိပ်ကို ဦးတည်သည့် တောင်တက်လမ်း ဆီသို့ ဖြည်းညင်းစွာ ခြေချလိုက်သည်။

"ဒင်.. သင်က အဌမအဆင့် ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်ထဲကို ဝင်ရောက်ပြီး အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ "

"ဒင်..သင်က ဝိညာဥ်လှည့်ပြောင်း မဟာအစီအရင်ရဲ့ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကို နားလည်သွားပါပြိီ "

"ဝိညာဥ်အလှည့်အပြောင်း မဟာအစိီအရင်လား.. ဒီအစီအရင်က အဌမအဆင့် ရှေးဟောင်းအစီအရင် ဖြစ်နေတာကိုး"

သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးချက်များကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

လူတိုင်းသည် အကြီးအကဲထျန်းရွှယ်ကို လျှော့တွက်ထားပုံရ၏။

စင်စစ် အကြီးအကဲထျန်းရွှယ်သည် အဌမအဆင့် အစီအရင်ကို တည်ဆောက်နိုင်သည့် အဌမအဆင့် အစီအရင်သခင် ဖြစ်နေသည် မဟုတ်ပါလော။

သူ၏စိတ်ထဲမှ အစိီီအရင်၏ အနှစ်သာရ တချို့ကနေ တစ်ဆင့် ကျန်းချန်သည် ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

ဤအစိီအရင်ကို ရှေးခေတ်တွင် အင်အားစုအချို့သည် သူတို့၏ တပည့်များကို စမ်းသပ်လေ့ကျင့်ပေးရန် အတွက် အထူးဖန်တီးခဲ့ခြင်း ဖြစ်သည်။

အစီအရင်က အမြဲတစေ ပြောင်းလဲနေပြီး ခန့်မှန်း၍မရသလို အစီအရင်ထဲကို ဝင်ရောက်သည့် ဝင်ရောက်လာသောသူ၏ ပါရမီကို အလိုအလျောက် ခွဲခြားသတ်မှတ်နိုင်ပြီး ၎င်းတို့၏ ပါရမီအလိုက် အသင့်တော်ဆုံး စမ်းသပ်မှု နည်းလမ်းများကို ပုံဖော်ပေးနိုင်သည်။

"ဒီအကြီးအကဲ ထျန်းရွှယ်က တကယ်ကို လူထူးဆန်းတစ်ယောက်ပဲ...ဒီလိုမျိုး မှော်ဆန်လွန်းတဲ့ အဌမအဆင့် ရှေးဟောင်း အစီအရင်ကိုတောင် တည်ဆောက်နိုင်တယ်"

ကျန်းချန် အံ့အားသင့်နေခဲ့သည်။

ထိုအချိန်မှာပင် မမြင်နိုင်သော ဓားစိတ်ဆန္ဒ၏ ဖိအားတစ်ခုသည် လေထဲတွင် ပါးလွှာစွာ စုစည်းလာခဲ့ပြီး ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

သို့သော်လည်း ထိုဓားစိတ်ဆန္ဒ၏ ဖိအားသည် ကျန်းချန်၏ တတိယအဆင့် ဓားစိတ်ဆန္ဒနှင့် နှိုင်းယှဥ်၍ မရပေ။

ထို့ကြောင့် ကျန်းချန်က လေထဲမှ ဓားစိတ်ဆန္ဒ ဖိအားကို အလွယ်တကူပင် ချိုးဖျက်လိုက်သည်။

"သခင်လေးကျန်းချန် အစီအရင်ကို ဒီလောက်ထိ မြန်မြန်ဆန်ဆန် လှုံ့ဆော်လိုက်နိုင်တာလား "

သူတို့က ရွှယ်ယန်တောင်ကို အကြိမ်ပေါင်းများစွာ တက်ဖူးခဲ့သော်လည်း ဝင်ဝင်ချင်းမှာပင် အစီအရင်ကို လှုံ့ဆော်နိုင်သောသူမျိုးအား ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။

"သခင်လေးကျန်းချန်က တကယ်ကို ကြောက်ဖို့ကောင်းတဲ့ မွန်းစတား တစ်ကောင်ပဲ"

အခန်း(၈၀၂)ပြီး၏။

အခန်း(၈၀၃)

ကျန်းချန်က လုံယွင်တို့ နှစ်ယောက်ကို နားမလည်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

"ဘာပြဿနာရှိလို့လဲ "

ဆိုရလျှင် ပြဿနာသည် သာမန်မဟုတ်ဘဲ ကြီးမားသည့် ပြဿနာ ဖြစ်သည်။

လုံယွင်တို့မောင်နှမသည် ရွှယ်ယန်တောင်ကို အကြိမ်ပေါင်းများစွာ တက်ခဲ့ဖူး၍ ရွှယ်ယန်တောင်၏ အစီအရင်အကြောင်းကို သဘာဝကျစွာပင် နားလည်ပြီးသား ဖြစ်သည်။

သူတို့ သိထားသလောက်ဆိုလျှင် ရွှယ်ယန်တောင်၏ အစီအရင်သည် အစီအရင်ထဲကို ဝင်လာသူ၏ ပါရမီကို လိုက်၍ လှုံ့ဆော်လေ့ရှိသည်။

အစီအရင်ထဲကို ဝင်ရောက်သူ၏ ပါရမီမြင့်မားလေ အစီအရင်၏ လှုံ့ဆော်မှုက ပိုမိုမြန်ဆန်လေ ဖြစ်၏။

ဤအစီအရင်ကို အကြီးအကဲ ထျန်းရွှယ် တည်ဆောက်ကတည်းကပင် လူငယ်ပါရမီရှင် အများအပြားသည် နှစ်စဥ်နှစ်တိုင်း ရွှယ်ယန်တောင်ကို လာတက်ကြသည်။

ထိုအထဲတွင် အလွန်ထူးချွန်သော ပါရမီရှင်များလည်း ပါဝင်၏။

သို့သော်လည်း လုံယွင် သိရသလောက် အသက်ဆယ်ရှိုက်စာ အချိန်အတွင်း မည်သူမျှ မလှုံ့ဆော်နိုင်ခဲ့ပေ။

သို့သော်လည်း သူတို့ရှေ့မှ သခင်လေး ကျန်းချန်ကမူ အစီအရင်ထဲကို ဝင်ပြီး အသက်သုံးရှိုက်စာအချိန် မပြည့်ခင်မှာပင် အစီအရင်ကို လှုံ့ဆော်နိုင်ခဲ့သည်။

"ဒါ.. ဒါက မယုံနိုင်စရာပဲ.. သခင်လေးကျန်းချန်ရဲ့ အင်အားက အင်ပါယာ ပါရမီရှင်တွေနဲ့တောင် ယှဥ်လို့ရနေပြီ.. သခင်လေးက အစီအရင်ထဲကို ဝင်ဝင်ချင်းမှာတင် နှစ်ပေါင်းများစွာအတွင်း ရွှယ်ယန်တောင်ရဲ့ အစီအရင်ကို အမြန်ဆုံး လှုံ့ဆော်နိုင်တဲ့သူ ဖြစ်လာခဲ့ပြီ"

လုံရှင်းယွဲ့က မှင်တက်နေရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်ည်။

သူမ၏ လှပသော မျက်ဝန်းထဲတွင် ယုံကြည်ကိုးစားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

"အဲဒီလောက်လဲ မဟုတ်ပါဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချိီးကျူးမှုများကို လျစ်လျူရှုကာ ဆက်လက် လျှောက်လာခဲ့သည်။

ဆိုရလျှင် သူသည် လင်ယွင်ကျောင်းတော်မှ စတင်ကာ သူ သွားရောက်ခဲ့သည့် နေရာတိုင်းတွင် မရေမတွက်နိုင်သော စံချိန်များကို ချိုးဖျက်ခဲ့သည်။

သူ့အတွက် စံချိန်ချိုးဖျက်သည်မှာ ထမင်းစား ရေသောက်ပင်ဖြစ်၍ အံ့သြစရာမရှိပေ။

ကျန်းချန်က လုံမောင်နှမနှင့် စကားပြောနေချိန်တွင် ခြေလှမ်းကို မရပ်တန့်လိုက်ဘဲ ရွှယ်ယန်တောင်ထိပ်ကို ဆက်လက် တက်လာခဲ့သည်။

ထိုသို့ တက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဓားစိတ်ဆန္ဒ တိုက်ခိုက်မှုသည် တဖြည်းဖြည်း ပိုမိုအားကောင်း လာခဲ့ပြီး မကြာခင်မှာပင် ကျန်းချန်၏ ဓားစိတ်ဆန္ဒနှင့် ယှဥ်ပြိုင်နိုင်သော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"လုံယွင် ငါနည်းနည်း အခက်အခဲရှိနေပြီ.. မင်းတို့နှစ်ယောက်အရင်သွားလိုက်တော့"

ကျန်းချန်က လုံယွင်တို့ မောင်နှမနှစ်ယောက်ကို လှမ်းကြည့်ကာ ပြောလိုက်၏။

သူ၏ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။

"သခင်လေး ကျန်းချန် သတိထားပါ.. ဒါဆိုရင် ကျွန်တော်တို့ အရင်သွားလိုက်တော့မယ်"

ကျန်းချန်က လုံမောင်နှမကို ခေါင်းညိမ့်ပြလိုက်ပြီး ရှေ့ကိုဆက်လက် လျှောက်လာခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်သည် အကြီးအကဲထျန်းရွှယ် တည်

ဆောက်ထားသည့် ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်နှင့် အပြည့်အဝ တိုက်ခိုက်ခဲ့သည်။

ကျန်းချန်နှင့် အခြားသူများ အစီအရင်ကို ဖြတ်သန်းကာ ရွှယ်ယန်တောင်ထိပ်သို့ တက်ရောက်လာချိန်တွင် အလွန်အင်အားကြီးမားသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ဒါဇင်နှင့်ချီသော ကျင့်ကြံသူများသည် ရွှယ်ယန် တောင်ထိပ်ပေါ်တွင် ရှိနေကြသည်။

၎င်းတို့က ထိုင်ခုံများဖြင့် ထိုင်နေကြပြီး အလယ်ရှိ အဓိကထိုင်ခုံတွင် ဆံဖြူအဘိုးအို တစ်ဦးသည် ပြုံးရွှင်သော မျက်နှာထားဖြင့် ထိုင်နေခဲ့သည်။

ထိုအဘိုးအိုက အတော်လေး ပိန်လှီနေသော်လည်း ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

ထိုဆံဖြူအဘိုးအိုသည် တခြားသူမဟုတ်ပေ။

ရွှယ်ယန်တောင်၏ သခင်ဖြစ်သည့် အကြီးအကဲ ထျန်းရွှယ် ဖြစ်သည်။

အကြီးအကဲထျန်းရွှယ်က ကျင့်ကြံသူများနှင့် စကားစမြည် ပြောဆို၍ ရယ်မောနေသော အချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။

"ဟင်"

အကြီးအကဲထျန်းရွှယ်က လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည့် အသံတစ်သံသည် သူ၏ နှုတ်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အကြီးအကဲထျန်းရွှယ်၏ အပြုအမူကို မြင်လျှင် လူတိုင်း အံ့အားသင့်သွားကြ၏။

ထိုအချင်းအရာကိုမြင်လျှင် အနီးအနားမှ သိုင်းသခင်နယ််ပယ် အဆင့် ကျင့်ကြံသူများသည် အကြီးအကဲထျန်းရွှယ်ကို အလျင်အမြန် မေးမြန်းလိုက်သည်။

"အကြီးအကဲထျန်းရွှယ် ဘာအကြောင်းကိစ္စ ထူးလို့လဲ "

"တစ်စုံတစ်ယောက်က စံချိန်ကို ချိုးဖျက်သွားခဲ့ပြီ...သူက ရွှယ်ယန်တောင်မှာ ငါစီရင်ထားတဲ့ အစီအရင်ထဲ ဝင်ဝင်ချင်းမှာတင် အသက်သုံးရှိုက်မပြည့်ခင်မှာ အစီအရင်ကို လှုံ့ဆော်နိုင်ခဲ့တယ်"

အကြီးအကဲထျန်းရွှယ်က နေရာမှ ထရပ်လိုက်ပြီး အံ့သြသော အမူအရာဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ ဒီတစ်ခေါက် ရွှယ်ယန်တောင်ကို တကယ်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ရောက်လာပုံရတယ်"

အခန်း(၈၀၃)ပြီး၏။

အခန်း(၈၀၄)

"အသက်သုံးရှိုက်စာ မပြည့်ခင်မှာတင် အစီအရင်ကို လှုံ့ဆော်နိုင်ခဲ့တယ်လား "

အကြီးအကဲထျန်းရွှယ်၏ စကားကိုကြားလျှင် ကျင့်ကြံသူအတော်များများသည် အံ့အားသင့်သွားခဲ့ကြသည်။

လူတိုင်းသည် ရွှယ်ယန်တောင်၏ အစီအရင်ကို သဘာဝကျစွာပင် နားလည်ထားကြသည်။

ဤအစီအရင်သည် ရွှယ်ယန်တောင်ကို ရောက်လာသည့် လူငယ်ပါရမီရှင်များ အတွက် အကြီးအကဲထျန်းရွှယ်၏ စစ်ဆေးမှု တစ်ခုတင် မဟုတ်ဘဲ သိုင်းပါရမီကို စမ်းသပ်နိုင်သော စွမ်းရည်လည်းရှိသည်။

ယေဘုယျအားဖြင့် ပြောရလျှင် အသက် ၃၀ ရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်နိုင်သူသည် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

အသက် ၂၀ ရှိုက်စာအချိန်အတွင်း အစိိီိီအရင်ကို လှုံ့ဆော်နိုင်လျှင် ကြယ်နှစ်ပွင့် အင်အားစု၏ ဘုရင်အဆင့်ပါရမီရှင် ဖြစ်ရန် လုံလောက်သည်။

အသက် ၁၀ ရှိုက်စာအချိန်အတွင်း အစိိီအရင်ကို လှုံ့ဆော်နိုင်သူသည် ကြယ်သုံးပွင့် အင်အားစုများ၏ အင်ပါယာ ပါရမီရှင်များထက် မနိိမ့်ပေ။

ထို့ကြောင့် အသက် သုံးရှိုက်စာ အချိန်အတွင်း အစိိီအရင်ကို လှုံ့ဆော်နိုင်သူကို ကျုံးကျိုးကုန်းမြေ တစ်ခုလုံးမှာပင် အထွတ်အထိပ် ပါရမီရှင် တစ်ဦးဟု သတ်မှတ်နိုင်နေပြီ မဟုတ်ပါလား။

ဤကဲ့သို့သော ပါရမီရှင်မျိုးကို ဒဏ္ဍာရီလာ ကြယ်လေးပွင့်အင်အားစုတွင်သာ ပိုင်ဆိုင်ထားကြသည်။

ရွှယ်ယန်တောင်လို နေရာတွင် မည်ကဲ့သို့ ပေါ်လာနိုင်ပါအံ့နည်း။

အသက် သုံးရှိုက်စာ အချိန်အတွင်း အစိိီအရင်ကို လှုံ့ဆော်နိုင်ခဲ့သူသည် မည်သူမှန်း မသိသော်လည်း ဤရွှယ်ယန်တောင်တွင် ဤကဲ့သို့သော ပါရမီရှင် အမှန်တကယ် ပေါ်ပေါက်လာခဲ့ပါက အကြီးအကဲထျန်းရွှယ်သည် တပည့်အဖြစ် ခေါ်ယူမည်မှာ သေချာသလောက်ပင်။

"မိတ်ဆွေလေးကျန်းချန်က တကယ်ကို မွန်းစတားပဲ.. အသက် သုံးရှိုက်စာ အချိန်အတွင်းမှာတောင် ရွှယ်ယန်တောင်ရဲ့ အစိိီအရင်ကို လှုံ့ဆော်နိုင်တယ် "

အကြီးအကဲ ထျန်းရွှယ်၏ နံဘေးတွင်ရှိနေသော လုံထျန်းဝူက အံ့အားသင့်နေခဲ့သည်။

သူ့အတွက်မူ အသက် သုံးရှိုက်စာ အချိန်အတွင်း အစိိီအရင်ကို လှုံ့ဆော်နိုင်ခဲ့သူအား စဥ်းစားနေစရာပင် မလိုအပ်ပေ။

ထိုပုဂ္ဂိုလ်မှာ ကျန်းချန်သာ ဖြစ်ရပေမည်။

ထိုကဲ့သို့သော ပါရမီရှင်မျိုးကသာ ယန်ဒီမြို့မှ နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ ထူးချွန်သော တပည့် ဖြစ်လာနိုင်သည် မဟုတ်ပါလော။

ချက်ချင်းဆိုသလို လူတိုင်း၏ အံ့အားသင့်သော အကြည့်များသည် တောင်ထိပ်ကိုဦးတည်နေသည့် တောင်တက်လမ်းဆီသို့ ရောက်ရှိသွားကြသည်။

ပါရမီပိုရှိလျှင် ရွှယ်ယန်တောင်၏ အစီအရင်ထဲတွင် မြန်မြန်ဆန်ဆန် တက်နိုင်လေလေ ဖြစ်ရာ မတော်တဆမှု မရှိသ၍ အသက် သုံးရှိုက်စာ အချိန်အတွင်း အစိိီအရင်ကို လှုံ့ဆော်နိုင်ခဲ့သူသည် ရွှယ်ယန်တောင်ကို အရင်ဦးဆုံး တက်လာသောသူသာ ဖြစ်ရပေမည်။

ထို့ကြောင့် သူတို့အားလုံးသည် ထိုပြိုင်ဘက်ကင်း ပါရမီရှင်မှာ မည်သူဖြစ်မည်ကို အမှန်တကယ် သိချင်နေခဲ့ကြသည်။

ရွှယ်ယန်တောင်ထိပ်ရှိ ကျင့်ကြံသူ အများအပြား အံ့အားသင့်နေကြချိန်တွင် ရွှယ်ယန်တောင်ထိပ်သို့ ဦးတည်နေသော တောင်တက်လမ်းတွင် ကျန်းချန်သည် သတိဝီရိယရှိစွာဖြင့် တက်လာခဲ့သည်။

ကျန်းချန်၏ တောင်ထိပ်သို့ တက်သည့် အရှိန်သည် အလွန်တရာ နှေးကွေးပြီး အစီအရင်ထဲကို ဝင်ရောက်ခဲ့သည့် လူငယ်ပါရမီရှင် အားလုံးနီးပါးတွင် အနှေးဆုံး ဖြစ်သည်။

ဆိုရလျှင် ကျန်းချန်သည် အစီအရင်ကို ဝင်ဝင်ချင်းမှာတင် လှုံ့ဆော်နိုင်ခဲ့ပြီး အစီအရင်၏ မှော်ဆန်သော ဓားစိတ်ဆန္ဒ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည်။

ထိုဓားစိတ်ဆန္ဒ၏ တိုက်ခိုက်မှုသည် ကျန်းချန်တောင်ပေါ်သို့ တက်လာသည်နှင့်အတူ အလျင်အမြန်ပင် တိုးတက်လာခဲ့ပြီး မကြာခင်မှာပင် ကျန်းချန်၏ တတိယအဆင့် ဓားစိတ်ဆန္ဒနှင့်ပင် ယှဥ်နိုင်သောအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သူနားလည်ထားသော ဓားစိတ်ဆန္ဒဖြင့် ကျန်းချန်သည် အဆုံးသတ်တွင် အစီအရင်၏ ဓားစိတ်ဆန္ဒကို ချိုးဖျက်နိုင်ခဲ့သည်။

သို့သော်လည်း ကျန်းချန် အသက်ရှူဖို့ အချိန်မရခင်မှာပင် အစီအရင်ကနေ ပုံဖော်ထားသောမီးဆန္ဒသည် ချက်ချင်းပင် သူ့ကို ရိုက်ခတ်လာခဲ့သည်။

"ဒီဝိညာဥ် အလှည့်အပြောင်း မဟာအစီအရင်က သိပ်အံ့သြဖို့ကောင်းတာပဲ.. ငါနားလည်ထားတဲ့ ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ် ငါးမျိုးက ဒီအစီအရင်ရဲ့ အင်အားနဲ့ ကောင်းချီးပေးခံရတော့မယ် ထင်တယ်"

ဤသို့ဖြင့် ကျန်းချန်သည် သူနားလည်ထားသည့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို ဤအခွင့်အရေးအား အသုံးချ၍ မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

သူက ချက်ချင်းပင် မီးဆန္ဒကို ထုတ်ဖော်ခဲ့ပြီး အစီအရင်က ပုံဖော်ထားသည့် မီးဆန္ဒနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

ကျန်းချန်သည် ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်ထဲတွင် အချိန်ကြာကြာ ရှိလာသည်နှင့်အမျှ အစီအရင်၏ အနှစ်သာရကို ပိုမို၍ နားလည်လေလေ ဖြစ်လာခဲ့ပြီး ဝိညာဥ် အလှည့်အပြောင်း မဟာအစီအရင်၏ အားနည်းချက် အချို့ကိုပင် နားလည်သွားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် အစီအရင်ကို အလွယ်တကူ ကျော်ဖြတ်ရန်အတွက် အစီအရင်၏ အားနည်းချက်များကို အသုံးမပြုခဲ့ပေ။

အစောပိုင်းတွင် သူ၏ ဓားစိတ်ဆန္ဒသည် အလယ်အလတ် အဆင့်ကနေ များစွာ တိုးတက်သွားခဲ့သည်။

ကျန်းချန်၏ ဓားစိတ်ဆန္ဒနှင့် နှိုင်းယှဥ်လျှင် တခြားသော ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်လေးမျိုးသည် များစွာနောက်ကျ ကျန်နေရစ်ခဲ့သည်။

ထို့ကြောင့် ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်သည် ကျန်းချန်အတွက် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို မြှင့်တင်ရန် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်မည်မှာ သေချာသလောက်ပင်။

ယနေ့တွင် သူသည် ဝိညာဥ် အလှည့်အပြောင်း မဟာအစီအရင်ကို အသုံးချ၍ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် သုံးမျိုးကို ပို၍ ကျွမ်းကျင်အောင် လေ့ကျင့်နိုင်တော့မည် ဖြစ်သည်။

အခန်း(၈၀၄)ပြီး၏။

All Chapters