← Chapters

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အခန်း(၈၀၅)

"ဒင်.. သင်၏ မီးဆန္ဒက ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်ရဲ့ ဖိနှိပ်မှုအောက်မှာ အတွေ့အကြုံရမှတ် ၁၈၈၈ ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်၏ မီးဆန္ဒက ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်ရဲ့ ဖိနှိပ်မှုအောက်မှာ အတွေ့အကြုံရမှတ် ၁၈၈၈ ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်၏ မီးဆန္ဒက ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်ရဲ့ ဖိနှိပ်မှုအောက်မှာ အတွေ့အကြုံရမှတ် ၂၈၈၈ ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်၏ မီးဆန္ဒက ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်ရဲ့ ဖိနှိပ်မှုအောက်မှာ အတွေ့အကြုံရမှတ် ၂၈၈၈ ကို အဆ၁၀၀ ရရှိပါတယ်"

"....."

"ဒင်.. သင်၏ မီးဆန္ဒကဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံသောနယ်ပယ်အထိ ရောက်ရှိသွားပါပြီ"

ကျန်းချန်သည် အစီအရင်မှ ပုံဖော်ထားသည့် မီးဆန္ဒကို သူ၏ မီးဆန္ဒဖြင့် တစ်လမ်းလုံး တောက်လျောက်ခုခံနေခဲ့သည်။

သူ၏ စိတ်ထဲတွင် သတိပေးသံများကလည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။

သူက အစီအရင်ထဲမှ မီးဆန္ဒ၏ ဖိနှိပ်ခြင်းကို ခံရသည်ဖြစ်စေ၊ သူက မီးဆန္ဒကို ထုတ်ဖော်သည်ဖြစ်စေ အတွေ့အကြုံရမှတ် အများအပြားကို ရရှိခဲ့သည်။

ဤသို့ဖြင့် အဆတစ်ရာစနစ်၏ ကောင်းချီးဖြင့် ကျန်းချန်၏ မီးဆန္ဒသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။

သူ၏မီးဆန္ဒသည် ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်၏ ကောင်းချီးကြောင့် ဒုတိယအဆင့်၏ ပြီးပြည့်စုံသောနယ်ပယ်ကိုပင် ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့သည်။

သိပ်မကြာခင်မှာပင် ကျန်းချန်သည် လက်သီးဆန္ဒဖြင့် ရင်ဆိုင်ရပြန်သည်။

ကျန်းချန်က သူ၏ လက်သီးဆန္ဒဖြင့် အစီအရင်မှ ပုံဖော်ထားသော လက်သီးကို ခုခံရင်း သူ၏ လက်သီးဆန္ဒသည်လည်း ဒုတိယအဆင့်၏ ပြီးပြည့်စုံသော နယ်ပယ်ကို ရောက်ရှိသွားခဲ့သည်။

လက်သီးဆန္ဒပြီးနောက်တွင် အစီအရင်ထဲကနေ လျှပ်စီးဆန္ဒက ထွက်ပေါ်လာပြန်သည်။

ကျန်းချန်၏ လျှပ်စီးဆန္ဒနှင့် လေဆန္ဒသည် နဂိုကတည်းကပင်ပြီးပြည့်စုံသော နယ်ပယ်သို့ ရောက်နှင့်နေပြီးသား ဖြစ်သည်။

အတွေ့ကြုံရမှတ် အများအပြားကို ရရှိပြီးနောက်တွင် ကျန်းချန်သည် လေဆန္ဒနှင့် လျှပ်စီးဆန္ဒတွင် တတိယအဆင့်ကိုအောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။

"ငါနားလည်ထားတဲ့ ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်ငါးမျိုးက အဆင့်တစ်ခုအထိကို တိုးတက်သွားခဲ့ပြီ.. ဒီတစ်ခေါက် ရွှယ်ယန်တောင်ကို တက်လာခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ"

သူတတ်မြောက်ထားသည့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များက အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကို ခံစားရင်း ကျန်းချန်သည် အလွန်ပင် ဝမ်းမြောက်နေခဲ့သည်။

လေဆန္ဒ တတိယအဆင့်နှင့် လျှပ်စီးဆန္ဒ တတိယအဆင့်အပြင် သူနားလည်ထားပြီးသား ဖြစ်သည့် ဓားဆန္ဒ တတိယအဆင့် ပေါင်းစပ်လိုက်လျှင် ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သုံးမျိုးကို တတိယအဆင့်အထိ အောင်မြင်စွာ နားလည်သွားခဲ့ပြီ ဖြစ်၏။

သိထားရမည်မှာ ကျုံးကျိုးကုန်းမြေမှာပင် သာမန်သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူသည် ကိုယ်ခံပညာ၏ အဓိပ္ပါယ်တစ်မျိုးကိုပင် တတိယအဆင့်အထိ နားလည်ရန် ခက်ခဲသည်။

သို့သော်လည်း ကျန်းချန်သည် စွမ်းအင်သိပ်သည်ခြင်းနယ်ပယ်အဆင့်ဖြင့်ပင် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်သုံးမျိုးကို နားလည်ထားသည် ဖြစ်ရာ အလွန် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်ဟုပင် ဆိုနိုင်တော့သည်။

ကျုံးကျိုးကုန်းမြေ တစ်ခုလုံးကို ကြည့်လျှင်ပင် စွမ်းအင်သိပ်သည်ခြင်း နယ်ပယ်အဆင့်ဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်သုံးမျိုးကို တတိယအဆင့်အထိ ကျင့်ကြံနိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိလောက်သည်။

အစီအရင်မှ ပုံဖော်ထားသည့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ငါးမျိုးကို ဖြတ်သန်းပြီးနောက်တွင် ကျန်းချန်သည် ဘယ်လို အတားအဆီးနှင့်မျှ မကြုံတွေ့တော့ပေ။

သူက မဆိုင်းမတွပင် တောင်ထိပ်ကို အလျင်အမြန် တက်လာခဲ့၏။

ထိုသို့ ကျန်းချန်က ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်၏ စမ်းသပ်မှုကို ဖြတ်သန်းနေချိန်တွင် ရွှယ်ယန်တောင်ပေါ်သို့ လူငယ်ပါရမီရှင်များသည် အစီအရင်မှတစ်ဆင့် တက်ရောက်လာခဲ့ကြသည်။

ရွှယ်ယန်တောင်ကို ပထမဆုံး တက်ရောက်လာခဲ့သူမှာ ငွေရောင်ဆံပင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင် တောင့်တင်းသော လူငယ်လေးတစ်ဦး ဖြစ်သည်။

ဤအချိန်တွင် လူတိုင်း၏ အကြည့်သည် ငွေရောင်ဆံပင်နှင့်လူငယ်ဆီသို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။

"ရှချန်ယွင်.. ဒါက မင်းရဲ့သား ရှတုံလဲ့ မဟုတ်လား.. သူက ရွှယ်ယန်တောင်ကို ပထမဆုံးအကြိမ် လာတက်တာလား"

ငွေရောင်ဆံပင်နှင့်လူငယ်ကို ကြည့်ရင်း ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် သူ၏ဘေးမှ ခန္ဓာကိုယ် တောင့်တင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို လှမ်းကြည့်လိုက်သည်။

သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အရောင်တစ်ခု ပေါ်လာခဲ့၏။

ထိုအချိန်တွင် ရှချန်ယွင်ကိုလှမ်းကြည့်နေသည့်တခြားသောကျင့်ကြံသူများ၏ အကြည့်တွင်လည်း မယုံကြည်နိုင်သည့်အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

"အစီအရင်ကို အသက် သုံးရှိုက်စာ အတွင်း လှုံ့ဆော်နိုင်တဲ့သူက ရှတုံလဲ့ ဖြစ်နေတာလား.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ "

ရှချန်ယွင်၏ ရှမိသားစုသည် ကျင့်ယွင်မြို့အနီးရှိ ကြယ်တစ်ပွင့်အဆင့် မိသားစုထက် မပိုပေ။

ရှတုံလဲ့သည် ကျင့်ယွင်မြို့ အနီးတွင် နာမည်ကျော် လူငယ်ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်သော်လည်း အသက်သုံးရှိုက်စာ အချိန်အတွင်း ရွှယ်ယန်တောင်၏ အစီအရင်ကို မည်ကဲ့သို့လှုံ့ဆော်နိုင်ပါအံ့နည်း။

အခန်း(၈၀၅)ပြီး၏။

အခန်း(၈၀၆)

"မဖြစ်နိုင်ဘူး.. ဒါ လုံးဝ မဖြစ်နိုင်ဘူး"

"ရှတုံလဲ့ရဲ့ ပါရမီကို ငါသိတယ်.. သူက အသက်သုံးရှိုက်စာ အချိန်အတွင်း ရွှယ်ယန်တောင်ရဲ့ အစီအရင်ကို လှုံ့ဆော်ဖို့ လုံးဝ မဖြစ်နိုင်ဘူး"

"အကြီးအကဲထျန်းရွှယ်...အကြီးအကဲရဲ့ အစီအရင်မှာများ ပြဿနာ ရှိနေတာလား"

"............."

ရှမိသားစုမှ ရှတုံလဲ့ အကြောင်းကို သိသည့် လူတချို့က မနေနိုင်ဘဲ ပြောဆိုခဲ့ကြသည်။

ရွှယ်ယန်တောင် အစီအရင်ကို အသက်သုံးရှိုက်စာ အချိန်အတွင်း လှုံ့ဆော်နိုင်ခြင်းသည် ကြယ်သုံးပွင့် အင်အားစု၏ အင်ပါယာ ပါရမီရှင်ထက်ပင် များစွာ သာလွန်သည့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်ဟု သတ်မှတ်၍ရ၏။

ရှတုံလဲ့တွင်သာ ဤကဲ့သို့ ပါရမီမျိုး အမှန်တကယ် ရှိနေခဲ့လျှင် ကြယ်သုံးပွင့် အင်အားစုကို မပြောနှင့်၊ ကြယ်လေးပွင့်အင်အားစုများပင် အလုအယက် ကမ်းလှမ်းကြလိမ့်မည် ဖြစ်ရာ ရှတုံလဲ့ အနေဖြင့် အဘယ်ကြောင့် ရွှယ်ယန်တောင်ကို တကူးတက လာတက်စရာ လိုအပ်ပါမည်နည်း။

ဤအချိန်တွင် လုံထျန်းဝူ၏ မျက်နှာထက်၌ အံ့သြသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင် လူငယ်ပါရမီရှင် အများအပြား ရွှယ်ယန်တောင်ကို လာကြသော်လည်း လုံထျန်းဝူ၏ အမြင်တွင်မူ မည်သူမှ ကျန်းချန်ထက် ပိုပြီး ပါရမီရှိရန် လုံးဝ မဖြစ်နိုင်ပေ။

သို့သော်လည်း ယခုအခါတွင် ရွှယ်ယန်တောင်ကို ပထမဆုံး တက်လာသောသူမှာ သူ့ရှေ့မှ ရှတုံလဲ့ ဖြစ်သည်။

"ဒါလုံးဝမဖြစ်နိုင်ဘူး.. အစီအရင်မှာ ပြဿနာများ ရှိနေလားမသိဘူး"

"ဖန့်ချန်ယဲ့.. မင်း စကားက ဘာအဓိပ္ပါယ်လဲ.. ဒါဆို ငါ့သား ရှတုံလဲ့က ရွှယ်ယန်တောင်ကို ဘာလို့ ပထမဆုံး တက်လာနိုင်ခဲ့ရတာလဲ"

ရှချန်ယွင်က အရင်ဆုံး စကားပြောသည့် အဘိုးအိုကို အေးစက်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလို ရှတုံ့လဲ့ကို တိုက်ရိုက် ပြောလိုက်သည်။

"တုံလဲ့.. မင်း အစီအရင်ကို အသက် ဘယ်နှစ်ရှိုက်စာ အချိန်အတွင်း လှုံ့ဆော်နိုင်ခဲ့လဲ ဆိုတာ ဒီမှာရှိနေတဲ့ လူတွေကို ပြောပြလိုက်"

ရှတုံလဲ့က အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်နိုင်မည်ဟု သူ မထင်သော်လည်း ရွှယ်ယန်တောင်ကို ပထမဆုံး တက်လာခဲ့သူ ဖြစ်နေခဲ့သည်။

မတော်တဆမှု မရှိသရွေ့ ရွှယ်ယန်တောင်ကို ပထမဆုံး တက်လာသောသူသည် သူတို့ မျှော်လင့်နေသော ပါရမီရှင်ပင် မဟုတ်ပါလား။

ယခုအခါ ဖြစ်နိုင်ခြေ နှစ်ချက်သာ ရှိသည်။

တစ်ချက်မှာ အကြီးအကဲ ထျန်းရွှယ်၏ အစီအရင်တွင်ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး နောက်တစ်ချက်မှာ ရှတုံလဲ့က အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်နိုင်သည့် ပါရမီရှင် ဧကန် ဖြစ်နေခြင်းပင်။

ရှတုံလဲ့က သူ့အဖေ ရှချန်ယွင်၏ စကားကို ကြားသည်နှင့် ရင်ကော့ကာ ဝင့်ကြွားစွာ ပြောလိုက်သည်။

"အစီအရင်ထဲ ဝင်ပြီးနောက်မှာ အသက်၁၃ ရှိုက်စာအတွင်း အစီအရင်ကို လှုံ့ဆော်နိုင်ခဲ့တယ်"

ဤရလဒ်သည် ပြီးခဲ့သည့်နှစ်က ဓားသိုင်းပညာရှင်၏ ရလဒ်နှင့် တူညီပြီး အလွန်ထူးခြားသော ရလဒ် ဖြစ်သည်မှာ ထင်ရှား၏။

သို့သော်လည်း သူ၏ ရလဒ်အကြောင်းကို ပြောပြီးချိန်မှာပင် သူ့ရှေ့မှ လူတိုင်းသည် သူ၏ ရလဒ်ကို မအံ့သြကြောင်း ရှတုံလဲ့ တွေ့လိုက်ရသည်။

ထို့အပြင် သူ့အဖေ ရှချန်ယွင်၏ မျက်နှာ အမူအရာသည် အလွန်ရှက်ရွံ့သော အမူအရာပင် ဖြစ်သွာခဲ့သည်။

"ဘာ.. အသက်၁၃ ရှိုက်စာ အချိန်ယူခဲ့ရတယ် ဟုတ်လား.. တုံလဲ့.. အသက်သုံးရှိုက်စာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား"

"အသက်သုံးရှိုက်စာ အချိန် ဟုတ်လား"

ရှတုံလဲ့၏ မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားပြီး ရှချန်ယွင်ကို မယုံနိုင်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

အသက်သုံးရှိုက်စာ အချိန်အတွင်း ရွှယ်ယန်တောင်၏ အစီအရင်ကို လှုံ့ဆော်နိုင်ခြင်းသည် အင်ပါယာအဆင့် ပါရမီရှင်ထက်ပင် ပို၍ ပါရမီရှိနေပြီ ဖြစ်သည်။

တကယ်သာ ထိုကဲ့သို့ ပါရမီရှင် ရှိနေလျှင် ရွှယ်ယန်တောင်ကို အဘယ်ကြောင့် လာတက်နေပါသနည်း။

"ဟားဟား.. ရှချန်ယွင်.. မင်းရဲ့သား ရှတုံလဲ့က အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ငါ အရင်ကတည်းက ပြောခဲ့သားပဲ"

ဤအချိန်တွင် သူ့ဘေးမှ ဖန့်ချန်ယဲ့ဟု ခေါ်သည့် အဘိုးအို ရယ်မော၍ ပြောလိုက်သည်။

"ဟမ့်.. ငါ့သားက အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို မလှုံ့ဆော်နိုင်ခဲ့ရင်တောင် တောင်ထိပ်ကို ပထမဆုံး တက်လာတဲ့သူပဲ"

ရှချန်ယွင် အေးစက်စွာ တုံ့ပြန်လိုက်ပြီးနောက်တွင် အကြီးအကဲ ထျန်းရွှယ်ကို လေးလေးစားစား ပြောလိုက်သည်။

"အကြီးအကဲထျန်းရွှယ်.. အကြီးအကဲဲရဲ့ အစီအရင်မှာ တစ်ခုခုများ မှားနေသလား မသိဘူး.. အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်နိုင်တဲ့သူရှိတာ ဖြစ်နိုင်လို့လား"

"ငါ့ရဲ့ အစီအရင်မှာ ဘာပြဿနာမှ မရှိဘူး.. ရွှယ်ယန်တောင်ရဲ့ အစီအရင်ကို အသက်သုံးရှိုက်စာ အချိန်အတွင်း လှုံ့ဆော်နိုင်တဲ့သူ သေချာပေါက် ရှိတယ်"

အကြီးအကဲ ထျန်းရွှယ်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"မင်းတို့ ဘာမှစိတ်မပူနဲ့.. အချိန်တန်ရင် အရာအားလုံးက ပေါ်ပေါက်လာပါလိမ့်မယ်"

အခန်း(၈၀၆) ပြီး၏

အခန်း(၈၀၇)

အကြီးအကဲ ထျန်းရွှယ်၏စကားကို ကြားလျှင် လူတိုင်းသည် ပါးစပ်ပေါက်များ ပိတ်သွားကြသည်။

သူတို့အားလုံးက နောက်ဆုံး ရလဒ်အတွက် တောင်ထိပ်ကို သွားသည့် တစ်ခုတည်းသော လမ်းဆုံကို တိတ်တဆိတ် စောင့်ကြည့်နေကြ၏။

သူတို့၏ တိတ်ဆိတ်စွာ စောင့်ဆိုင်းမှုအောက်တွင်

မကြာခင်မှာပင် ရွှယ်ယန်တောင်ကို တက်ရောက်ခဲ့သည့် လူငယ်ပါရမီရှင်များသည် တောင်ထိပ်ကို တက်လာခဲ့ကြသည်။

လုံယွင်နှင့် လုံရှင်းယွဲ့တို့ မောင်နှမ နှစ်ယောက် အပါအဝင် လူငယ်ပါရမီရှင် ဒါဇင်နဲ့ချီပြီး တောင်ထိပ်ပေါ် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။

"မင်းတို့နှစ်ယောက် ရောက်လာပြီလား...မိတ်ဆွေလေး ကျန်းချန်ရော ဘယ်မှာလဲ"

သူနံဘေးကို လျှောက်လာသည့် လုံယွင်တို့ မောင်နှမကို ကြည့်ရင်း လုံထျန်းဝူ၏ မျက်လုံးထဲတွင် သံသယ အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

ကျန်းချန်၏ ပါရမီနှင့် ပတ်သက်၍ လုံထျန်းဝူသည် အလွန်ရှင်းရှင်းလင်းလင်း သိထားသည်။

၎င်းက ဤနေရာတွင် ရှိနေသည့် မည်သည့် လူငယ်ပါရမီရှင်ကို မဆို အမှိုက်ဖြစ်သွားစေရန် လုံလောက်မှုရှိ၏။

သို့သော် လုံထျန်းဝူ မမျှော်လင့်ထားသည်မှာ လူငယ်အများစုက တောင်ပေါ်သို့ ရောက်လာကြသော်လည်း ကျန်းချန်က ယခုထိ ရောက်မလာသေးခြင်းပင်။

ဤအချိန်တွင် လုံထျန်းဝူသည် ရွှယ်ယန်တောင်၏ အစီအရင်တွင် အမှန်တကယ် ပြဿနာရှိနေသလားဟုပင် စိတ်ထဲ၌ သံသယ တချို့ ရှိလာသည်။

"သခင်လေး ကျန်းချန်က အစီအရင်ထဲ ခြေချလိုက်တာနဲ့ အသက် သုံးရှိုက်စာ အချိန်အတွင်းမှာ အစီအရင်ရဲ့ လှုံ့ဆော်မှုကို ဖြစ်ပေါ်စေခဲ့တယ်.. အဲဒီနောက်မှာ သူက သမီးတို့ကို အရင် တောင်ပေါ် တက်ခိုင်းခဲ့တယ်"

လောင်ရှင်းယွဲ့က ခေါင်းခါယမ်း၍ ပြောနေရင်း သူမ၏ လှပသော မျက်ဝန်းထဲတွင် အလွန်အံ့သြသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။

ကျန်းချန်က အသက်သုံးရှိုက်စာ အချိန်အတွင်း ရွှယ်ယန်တောင်၏ အစီအရင်ကို လှုံ့ဆော်နိုင်ခဲ့သည်။

ဤကဲ့သို့ ပါရမီရှင်သည် ကြယ်သုံးပွင့်အင်အားစု၏ အင်ပါယာပါရမီရှင်ကိုပင် နောက်ကောက်ချထားနိုင်၏။

အခြေအနေအရ ကျန်းချန်သည် တောင်ထိပ်ကို ခြေချသည့် ပထမဆုံးသူ ဖြစ်သင့်သည် မဟုတ်ပါလား။

လုံရှင်းယွဲ့တို့မောင်နှမက ကျန်းချန် အခုထိ အဘယ်ကြောင့် တက်မလာသေးသည်ကို အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

"အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်နိုင်တဲ့သူ တကယ်ပဲ ရှိနေတာလား"

လုံရှင်းယွဲ့၏ စကားကို ကြားလျှင် လူတိုင်း အံ့သြ တုန်လှုပ်သွားကြ၏။

"ကောင်မလေး.. မင်း မှားနေပြီလို့ ငါ ထင်တယ်"

ရှချန်ယွင်က မထီမဲ့မြင် အမူအရာဖြင့် ရုတ်တရက် လှောင်ပြောင်လိုက်သည်။

"မင်းပြောသလို ဒီလောက်ထိ မြန်မြန် အစီအရင်ကို လှုံ့ဆော်နိုင်ရင် ဘာလို့ အခုထိ တောင်ပေါ်ကို မရောက်သေးတာလဲ"

လုံရှင်းယွဲ့က ပြတ်ပြတ်သားသားပင် တုံ့ပြန်လိုက်သည်။

"ကျွန်မ စကားကို ယုံယုံမယုံယုံ သခင်လေးကျန်းချန်က ရွှယ်ယန်တောင် သမိုင်းမှာ အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်နိုင်တဲ့ ပထမဆုံးသူပဲ"

"ဟားဟား.. ရယ်စရာကောင်းလိုက်တာ သမိုင်းမှာ ပထမဆုံးလူဆိုပါလား"

"မင်းပြောတဲ့သူက တောင်ပေါ်တောင် မတက်နိုင်သေးဘူး.. သူက ရွှယ်ယန်တောင်ကို မတက်နိုင်တဲ့ ပထမဆုံးလူပဲ ဖြစ်လာနိုင်တယ်"

ရှချန်ယွင်၏ မျက်လုံးထဲတွင် မထီမဲ့မြင် လှောင်ပြောင်သည့်အရိပ်အယောင်များ ပြည့်နှက်နေ၏

ရှချန်ယွင်က ကျန်းချန်ကို ဤမျှအထိ မထီမဲ့မြင် ပြောဆိုနေသည်ကို မြင်လျှငိ လုံရှင်းယွဲ့ ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။

သို့သော်လည်း သူမ တုံ့ပြန်ပြောဆိုရန် ပြင်တော့မည့် အချိန်တွင် ရယ်သံတစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်သွား၏။

"ရွှယ်ယန်တောင်ကို ငါမတက်နိုင်ဘူးလို့ ဘယ်သူပြောလဲ"

မာနကြီးသော လေသံသည် လူတိုင်းကို အနည်းငယ် အံ့သြသွားစေခဲ့သည်။

မကြာခင်မှာပင် သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ တောင်ပေါ်သို့ ဖြည်းညင်းစွာ တက်ရောက်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။

ကျန်းချန်ကို မြင်လျှင် ရှချန်ယွင်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

"ကောင်လေး.. မင်းက အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်ခဲ့တဲ့သူလား"

ကျန်းချန်က ရှချန်ယွင်ကို လှမ်းကြည့်ပြီး အသာအယာ ပြောလိုက်သည်။

"ဘာပြဿနာရှိလို့လဲ"

"ကောင်လေး.. မင်းက အတော် လေကျယ်တဲ့ကောင်ပဲ"

ရှချန်ယွင်က ခနဲ့၍ပြောလိုက်သည်။

"ဒီမှာ လူငယ်ပါရမီရှင် ဒါဇင်ချီ ရှိပေမဲ့ မင်းက တောင်ထိပ်ကို နောက်ဆုံးမှ တက်လာတဲ့သူပဲ.. မင်းက ဘယ်ကနေ ဘယ်လို သတ္တိရလာပြီး အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်ခဲ့တယ်လို့ ညာချင်ရတာလဲ"

"ဟားဟား.. အသိဉာဏ်မဲ့လိုက်တာ.. ကိုယ့်အရှက်ကိုတော့ ကိုယ်တိုင် မခွဲစမ်းပါနဲ့"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ဟားဟား.. ငါက တောင်ထိပ်ကို နောက်ဆုံးမှ တက်လာတယ်တဲ့လား.. ငါက အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆော်တဲ့သူ ဘာလို့ မဖြစ်နိုင်ရမှာလဲ"

အခန်း(၈၀၇) ပြီး၏

All Chapters