← Chapters

အခန်း (၈၀၈-၈၁၀)

Vol. 54 Ch. 808-810

အခန်း (၈၀၈-၈၁၀)

Vol. 54 Ch. 808-810

အခန်း(၈၀၈)

"ကောင်လေး.. မင်းက ငါ့ကို လှောင်ရဲတယ်လား"

ကျန်းချန်၏ စကားများကို ကြားလျှင် ရှချန်ယွင်သည် ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ပြီး သိုင်းသခင် နယ်ပယ် နဝမအဆင့်၏ အင်အားကြီးမားသော အရှိန်အဝါဖြင့် ကျန်းချန်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

သူ့လို ဂုဏ်သိက္ခာရှိသော ကြယ်တစ်ပွင့်အဆင့် မိသားစု ဖြစ်သည့် ရှမိသားစုခေါင်းဆောင်သည် ယခုအခါတွင် စွမ်းအင်သိပ်သည်းခြင်း အဆင့် လူငယ်လေး တစ်ဦး၏ လှောင်ပြောင်ခြင်းကို ခံနေရသည်။

သူအနေဖြင့် ဒေါသမထွက်ဘဲ မည်ကဲ့သို့ နေနိုင်ပါမည်နည်း။

ထိုသို့ ရှချန်ယွင်၏ အရှိန်အဝါ ပေါက်ကွဲထွက်လာချိန်မှာပင် လုံထျန်းဝူ၏ နတ်ဝိညာဉ်ဘုရင်အဆင့် အရှိန်အဝါသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ပြီး ရှချန်ယွင်၏ အရှိန်အဝါ ဖိအားကို အလွယ်တကူ ဖျက်ဆီးလိုက်သည်။

သူက ရှချန်ယွင်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်၏။

"ရှချန်ယွင်.. မင်းလို သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်က လူငယ်တစ်ဦးကို အနိုင်ကျင့်ဖို့ကြိုးစားနေတာ မင်းမရှက်ဘူးလား"

"နတ်ဝိညာဉ်ဘုရင်အဆင့်လား"

လုံထျန်းဝူ၏ လှုပ်ရှားမှုကြောင့် ရှချန်ယွင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူတို့ ရှမိသားစုသည် ကြယ်တစ်ပွင့်အဆင့် မိသားစုသာ ဖြစ်ပြီး မိသားစုထဲတွင် နတ်ဝိညာဉ်ဘုရင် တစ်ပိုင်း အဆင့် တစ်ဦးသာ ရှိ၏။

ဆိုရလျှင် နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူသည် သူတို့ မစော်ကားနိုင်သည့် အဆင့်အတန်း ဖြစ်သည်။

ရှချန်ယွင်က ကျန်းချန်ကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး သူ၏ ဒေါသကို အတော်လေး ထိန်းချုပ်လိုက်ရသည်။

"အကြီးအကဲရှ.. ဒီလိုအကြည့်မျိုးနဲ့ ကျွန်တော့်ကို မကြည့်စမ်းပါနဲ့"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ကျွန်တော့်လို ဘာမဟုတ်တဲ့ လူငယ်တစ်ဦးကို ဒီလိုမျိုး ကြည့်နေတာကိုက အကြီးအကဲ အတွက် အရမ်း ရှက်စရာကောင်းပါတယ်"

"ကောင်လေး.. တကယ်တမ်း ရှက်စရာကောင်းတဲ့သူက မင်းပဲ.. ပါရမီရှင် စစ်မှန်ရင် ရွှယ်ယန်တောင်ရဲ့ အစီအရင်ကို ပိုပြီးမြန်မြန်ဆန်ဆန် ဖြတ်သန်းနိုင်တယ်.. မင်းက တောင်ပေါ်ကို နောက်ဆုံးမှ တက်လာပြီး အသက်သုံးရှိုက်စာ အချိန်အတွင်း အစီအရင်ကို လှုံ့ဆောင်ခဲ့တဲ့သူလို့ ပြောနေတာ မရှက်ဘူးလား"

ထိုစကားကို ကြားလျှင် ကျန်းချန်က ရှချန်ယွင်ကို မထီမဲ့မြင် လှမ်းကြည့်ကာ ပြောလိုက်သည်။

"အကြီးအကဲရှ အနေနဲ့ အကြီးအကဲ ထျန်းရွှယ်ကို အစီအရင်ကို မြန်မြန် ဖြတ်သန်းလေလေ ပါရမီက ပိုကောင်းလေလေ ဆိုတာ ဟုတ်သလားလို့ အရင် မေးကြည့်ပါဦး"

ရှချန်ယွင်က အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။

"ရွှယ်ယန်တောင်ရဲ့ အစီအရင်နဲ့ ပတ်သက်ပြီး အားလုံးက သိနှင့်ပြီးသားပဲ.. ဘာလို့ အကြီးအကဲထျန်းရွှယ်ကို မေးဖို့ လိုအပ်မှာလဲ"

သို့သော် ရှချန်ယွင်၏ စကားဆုံးသည်နှင့် ရုတ်တရက် အိုမင်းသော အသံတစ်သံသည် သူ့နားထဲတွင် ပဲ့တင်ထပ်လာခဲ့၏။

"ရွှယ်ယန်တောင်ရဲ့ အစီအရင်ကို မြန်မြန် ဖြတ်သန်းနိုင်တာနဲ့ ပါရမီ ပိုကောင်းတဲ့သူလို့ တထစ်ချ သတ်မှတ်လို့မရဘူး"

"ဘယ်လို"

အကြီးအကဲထျန်းရွှယ်၏ စကားများသည် ရှချန်ယွင် အပါအဝင် လူတိုင်းကို ရုတ်တရက် အံ့သြသွားစေခဲ့သည်။

ရှချန်ယွင်က အကြီးအကဲထျန်းရွှယ်ကို နားမလည်သော မျက်နှာအမူအရာဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။

"အကြီးအကဲထျန်းရွှယ်.. ဒီစကားက ဘာကို ဆိုလိုတာလဲ"

"ရွှယ်ယန်တောင် အစီအရင်ရဲ့ အရေးကြီးဆုံးအရာက တကယ်တော့ ကိုယ်ခံပညာရဲ့စစ်မှန်သောအဓိပ္ပါယ်ကို စမ်းသပ်မှုပဲ.. ပုံမှန် အခြေအနေအရတော့ မြန်မြန် ဖြတ်သန်းလေလေ ပါရမီ ပိုကောင်းလေလေ ဆိုတာ မှန်တယ်"

"ဒါပေမဲ့ ဒီစည်းမျဉ်းက ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို သာမန်လောက်သာ နားလည်တဲ့ လူတွေအတွက်ပဲ သင့်တော်တယ်"

"ဒီကမ္ဘာမှာ မတူညီတဲ့ ကိုယ်ခံပညာတွေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ထားတဲ့ ပြိုင်ဘက်ကင်း မွန်းစတားတချို့ ရှိကြတယ်.. သူတို့တွေက ကိုယ်ခံပညာရဲ့စစ်မှန်သောအဓိပ္ပါယ်ကို ဘယ်အတိုင်းအတာထိ နားလည်ထားသလဲ ဆိုတဲ့ အပေါ်မူတည်ပြီး အစီအရင်ထဲမှာ စမ်းသပ်ခံရတယ်.. ဒါကြောင့် သူတို့တွေက သာမန်လူတွေထက် အစီအရင်ကို ဖြတ်သန်းရာမှာ ပိုကြာတတ်တာ သဘာဝကျပါတယ်"

အကြီးအကဲ ထျန်းရွှယ်က စကားပြောနေရင်း ကျန်းချန်ကို စူးစိုက်ကြည့်နေခဲ့သည်။

"ငါ့အထင်မမှားရင် ဒီကောင်လေးက မတူညီတဲ့ ကိုယ်ခံပညာတွေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ထားတဲ့ ပါရမီရှင်ပဲ"

"အကြီးအကဲထျန်းရွှယ်က ဒီကောင်လေးကို ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ် တစ်မျိုးထက် ပိုပြီး နားလည်ထားတယ်လို့ ဆိုလိုချင်တာလား"

ရှချန်ယွင်က မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါ...ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သည် ကျင့်ကြံသူ တစ်ဦးအတွက် နားလည်ရန် အလွန်ခက်ခဲသည်။

ကျင့်ကြံသူ အများစုသည် သူတို့၏ တစ်သက်တာလုံး လေ့လာခဲ့လျှင်ပင် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်တစ်ခုကို တတိယအဆင့်အထိ နားလည်ဖို့ပင် အလွန်ခက်ခဲ၏။

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နှစ်မျိုးထက် ပိုပြီး နားလည်ထားသောပါရမီရှင်သည် ကျုံးကျိုးကုန်းမြေ တစ်ခုလုံးမှာပင် အလွန် ရှားပါးသည်ဟု ဆိုရမည်။

အခန်း(၈၀၈) ပြီး၏

အခန်း(၈၀၉)

"ဟားဟား.. ငါ့ရဲ့ ရွှယ်ယန်တောင်မှာ မတူညီတဲ့ ကိုယ်ခံပညာတွေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်တဲ့ ပါရမီတစ်ဦး ဘာလို့ မရှိနိုင်ရမှာလဲ"

အကြီးအကဲ ထျန်းရွှယ်၏ အားပါးတရ ရယ်မောလိုက်သော အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

မကြာခင်မှာပင် သူက လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသော အလင်းများ တောက်ပနေသည့် ဧရာမ အလင်းကန့်လန့်ကာတစ်ခုသည် လူတိုင်း၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။

ထိုအလင်းကန့်လန့်ကာ၏ ထိပ်တွင် ထင်ရှားစွာ ရေးထားသည့် ရွှေရောင်စာကြောင်း တစ်ကြောင်းကို အားလုံးကတွေ့လိုက်ရ၏။

[ပထမနေရာ၊ ကျန်းချန်၊ စမ်းသပ်မှုရမှတ် ၉၉ မှတ်]

"ပထမနေရာက သခင်လေး ကျန်းချန် ဖြစ်မယ်လို့ ကြိုသိပြီးသားပဲ"

အလင်းကန့်လန့်ကာပေါ်မှ နာမည်ကို ကြည့်ရင်း လုံရှင်းယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ရမှတ်က ကိုးဆယ့်ကိုးမှတ်.. အမှတ်ပြည့်နဲ့ တစ်မှတ်ပဲ လိုတော့တယ်.. အကိုကျန်းချန်က သာမန် မွန်းစတား မဟုတ်ဘူးပဲ"

လုံယွင်က တအံတသြ ရေရွတ်လိုက်၏။

ပတ်ဝန်းကျင်ရှိ လူများကလည်း ဤအချိန်တွင် မျက်လုံးများ ပြူးထွက်မတတ် အံ့သြသွားကြသည်။

တောင်ပေါ်ကို နောက်ဆုံးမှ တက်လာသည့် ကျန်းချန်က ပထမရလိမ့်မည်ဟု သူတို့ တကယ် မမျှော်လင့်ထားခဲ့ပေ။

အံ့သြစရာ အကောင်းဆုံးအရာမှာ ထိုကောင်လေး၏ စစ်ဆေးမှု ရလဒ်သည် ကိုးဆယ့်ကိုးမှတ်အထိ ရောက်ရှိသွားခြင်းပင်။

သိထားရမည်မှာ အကြီးအကဲ ထျန်းရွှယ် အစီအရင်ကို စတင် တည်ဆောက်စဥ် ကတည်းကပင် မည်သူမှ စမ်းသပ်မှု၌ အမှတ်ကိုးဆယ်ကျော် မရဖူးသေးပေ။

ပြီးခဲ့တဲ့နှစ်က ပထမရသည့် ဓားသိုင်းပညာရှင်၏ ရလဒ်ပင် ၈၈ မှတ်သာ ရှိ၏။

ထို့အပြင် ထိုဓားသိုင်းပညာရှင်ရဲ့ ပါရမီသည် ကြယ်နှစ်ပွင့်အင်အားစု၏ ဘုရင်အဆင့် ပါရမီရှင်များထက် မနိမ့်ပေ။

ကိုးဆယ့်ကိုးမှတ်။

ကြယ်သုံးပွင့် အင်အားစု၏ အင်ပါယာပါရမီရှင်ပင် ရွှယ်ယန်တောင်ကို လာတက်ခဲ့လျှင် ဤမျှလောက် မြင့်မားသော ရမှတ်ကို ရရှိရန် မလွယ်ပေ။

ထိုကဲ့သို့ရလဒ်သည် ကြယ်လေးပွင့် အင်အားစုများမှ ပါရမီရှင်များသာ စွမ်းဆောင်နိုင်ပေလိမ့်မည်။

ဤကဲ့သို့ ပါရမီရှင်မျိုးက ရွှယ်ယန်တောင်တွင် အဘယ်ကြောင့် ပေါ်လာမှန်း သူတို့ တကယ် နားမလည်ပေ။

"ကိုးဆယ့်ကိုးမှတ်.. ဒါ...ဒါ လုံးဝ မဖြစ်နိုင်ဘူး"

ထိုမြင်ကွင်းကို မြင်လျှင် ရှချန်ယွင်သည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

သူက အကြီးအကဲထျန်းရွှယ်ကို လှမ်းကြည့်ကာ.ပြောလိုက်သည်။

"အကြီးအကဲ ထျန်းရွှယ်.. အကြီးအကဲရဲ့ အစီအရင်က ပြဿနာ တစ်စုံတစ်ရာ မရှိဘူးဆိုတာ သေချာရဲ့လား"

ဤအချိန်တွင် အကြီးအကဲ ထျန်းရွှယ် သည်လည်း ကျန်းချန်၏ ရမှတ်ကို ကြည့်ပြီး အဆုံးစွန်အထိ မှင်တက်သွားခဲ့သည်။

ရွှယ်ယန်တောင်၏ အစီအရင်ကို ဖန်တီးသူအနေဖြင့် အကြီးအကဲထျန်းရွှယ်သည် မည်သူ့ထက်မဆို အစီအရင်၏ အမှတ်ပေးပုံကို ပိုနားလည်သည်။

ယေဘုယျအားဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်တစ်မျိုးလောက်သာ နားလည်သူသည် အမှတ်ကိုးဆယ်ထက် ပိုရမည် မဟုတ်ပေ။

ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် နှစ်မျိုး သို့မဟုတ် သုံးမျိုးကို နားလည်သူများ၏ အမြင့်ဆုံးရမှတ်သည်ပင် ၉၅ မှတ်ထက် ပိုမည် မဟုတ်ချေ။

၉၉မှတ်ကို ရရှိရန်မှာ ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို ၅မျိုးလောက် နားလည်သူမှသာ ဖြစ်နိုင်ပေလိမ််မည်။

သူ့ရှေ့မှ ကောင်လေးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်၅မျိုးကို နားလည်ထားသည့် ပြိုင်ဘက်ကင်း မွန်းစတားတစ်ဦး ဖြစ်နိုင်ပါသလော။

ဤကဲ့သို့ ပါရမီရှင်မျိုးသည် ရှန်းဝူတိုက်ကြီးတွင် ပေါ်ထွက်မလာသည်မှာ နှစ်တစ်သောင်းနီးပါး ရှိပြီ ဖြစ်သည်။

ယခုအချိန်တွင် အကြီးအကဲ ထျန်းရွှယ် ကိုယ်တိုင်ပင် သူ့အစီအရင်၌ ပြဿနာ ရှိနေသလားဟု သံသယတချို့ ရှိလာခဲ့၏။

အကြီးအကဲ ထျန်းရွှယ်က သူ၏စွမ်းအားဖြင့် အစီအရင်ကို စစ်ဆေးကြည့်လိုက်ရာ အစီအရင်လည်ပတ်မှုတွင် မည်သည့် ပြဿနာမှ ရှိမနေသည်ကို တွေ့လိုက်ရသည်။

"အစီအရင်မှာ ဘာပြဿနာမှ မရှိဘူး.. ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်က ဒီကောင်လေးကို တကယ်ကို ကိုးဆယ့်ကိုးမှတ် သတ်မှတ်ပေးခဲ့တာပဲ"

အကြီးအကဲထျန်းရွှယ်က သက်ပြင်းချလိုက်သည်။

သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်က ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

သူ့ရှေ့မှ ကျန်းချန်ဟု ခေါ်သည့် ကောင်လေးသည် အနည်းဆုံး ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် ၅ မျိုး ကို နားလည်ထားသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်မည်မှာ အကြီးအကဲ ထျန်းရွှယ်အတွက် သေချာသလောက်ပင်။

အခန်း(၈၀၉) ပြီး၏

အခန်း(၈၁၀)

"ငါ စစ်ဆေးပြီးပြီ.. အစီအရင်မှာ ဘာပြဿနာမှ မရှိဘူး.. ကျန်းချန်ရဲ့ ၉၉မှတ်က တရားဝင်ရမှတ်ပဲ"

ခဏမျှ မှင်တက်သွားပြီးနောက်တွင် အကြီးအကဲ ထျန်းရွှယ်သည် ကျန်းချန်၏ရလဒ်က မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သည်။

ရှချန်ယွင်က မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အကြီးအကဲ ထျန်းရွှယ်.. ဒါ လုံးဝ မဖြစ်နိုင်ဘူး...ဒီကောင်လေး ဘယ်လိုလုပ်ပြီး ဒီလောက်မြင့်တဲ့ ရမှတ်ကို ရနိုင်မှာလဲ"

ရှချန်ယွင်၏ စကားကိုကြားလျှင် အကြီးအကဲ ထျန်းရွှယ်၏ မျက်နှာထက်၌ မနှစ်မြို့သည့် အမူအရာတစ်ခု ဖြစ်ပေါ်လာ၏။

သူက ရှချန်ယွင်ကို လှမ်းကြည့်ကာ အေးစက်စက် အော်ဟစ်လိုက်သည်။

"ဘာလဲ.. မင်းက ငါ့ကိုပါ သံသယဝင်နေတာလား"

"ကျွန်တော်က ဘယ်လိုလုပ် အကြီးအကဲထျန်းရွှယ်ကို သံသယဝင်ရဲမှာလဲ"

အကြီးအကဲထျန်းရွှယ် ဒေါသထွက်နေမှန်းသိလျှင် ရှချန်ယွင် အနည်းငယ် အံ့သြသွားခဲ့သည်။

သူက အလျင်အမြန်ပင် ပြောလိုက်၏။

"ဒီကောင်လေးရဲ့ ရမှတ်က တကယ် ထူးဆန်းနေတယ်.. ဒီလောက်မြင့်မားတဲ့ ရမှတ်ကို ရဖို့ လှည့်ကွက် တစ်ခုခုကို အသုံးပြုခဲ့တယ်လို့ ကျွန်တော် သံသယရှိတယ်"

"ရှချန်ယွင်.. မိတ်ဆွေလေး ကျန်းချန်က ဘယ်လို လှည့်ကွက်ကိုပဲ အသုံးပြုပြု ရွှယ်ယန်တောင် အစီအရင်ကနေ ၉၉မှတ် ရနိုင်တာ သူ့အရည်အချင်းပဲ"

"မကျေနပ်ရင် မင်းလည်း လှည့်ကွက်သုံးပြီး မင်းရဲ့ သားကို ၉၉မှတ်ရအောင် လုပ်ပေးလိုက်ပေါ့"

လုံထျန်းဝူက လှောင်ရယ်၍ ပြောလိုက်သည်။

ရှချန်ယွင်က လုံထျန်းဝူ၏ စကားကို ကြားလျှင် မျက်နှာအမူအရာက ရုတ်တရက် မနှစ်မြို့ဖွယ် ဖြစ်သွားခဲ့သည်။

သူက လုံထျန်းဝူ၏ လှောင်ပြောင်မှုကို လျစ်လျူရှုပြီး အကြီးအကဲ ထျန်းရွှယ်ကို အလေးအနက် ပြောလိုက်၏။

"အကြီးအကဲထျန်းရွှယ်.. ကျန်းချန်ရဲ့ရလဒ်က အရမ်းထူးဆန်းတယ်.. အကြီးအကဲ အနေနဲ့ အသေးစိတ် မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

ရွှယ်ယန်တောင် အစီအရင်ကနေ ၉၉မှတ် ရခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည် ဖြစ်သည်။

ကျုံးကျိုးကုန်းမြေ၏ အထွတ်အထိပ် ပါရမီရှင်များသာ ဤကဲ့သို့ ရမှတ်ကို ရရှိနိုင်မည် ဖြစ်၏။

ထို အထွတ်အထိပ် ပါရမီရှင်များသည် အနည်းဆုံး သိုင်းသခင်နယ်ပယ်အဆင့်ကို ရောက်ရှိနေကြပြီ ဖြစ်သည်။

သူတို့ရှေ့မှကောင်လေးကမူ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် နဝမအဆင့်သာ ရှိသေး၏။

အသက်နှစ်ဆယ် မပြည့်ခင် စွမ်းအင်သိပ်သည်းခြင်း အဆင့်ကို ရောက်ရှိနိုင်လျှင် ရှားပါး ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်သည်။

သို့သော်လည်း ကျုံးကျိုး ကုန်းမြေပေါ်ရှိ အထွတ်အထိပ် ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင် ကျင့်ကြံခြင်း အဆင့်သည် များစွာ နိမ့်ကျနေခဲ့၏။

ထို့ကြောင့်လည်း ရှချန်ယွင်သည် ကျန်းချန် ၉၉မှတ်ရသည်ကို မယုံကြည်နိုင်ခြင်းပင်။

"ဟားဟား ရှချန်ယွင်.. ရွှယ်ယန်တောင်ရဲ့ အစီအရင်က ဘာအစီအရင်လဲ ဆိုတာ ဘာလဲ မင်းသိလို့လား

"ဒီအစီအရင်ကို ဝိညာဥ် အလှည့်အပြောင်း မဟာအစီအရင်လို့ခေါ်တယ်.. ဒါက တပည့်တွေကို အကဲဖြတ် စမ်းသပ်ဖို့ အထူးပြု ဖန်တီးထားတဲ့ ရှေးဟောင်း အစီအရင်တစ်ခုပဲ.. ဒီအစီအရင်ကနေ အခွင့်အရေးယူဖို့ လုံးဝ မဖြစ်နိုင်ဘူး"

ကျန်းချန်က ရှချန်ယွင်ကို ခနဲ့တဲ့တဲ့ အမူအရာဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး.. ရွှယ်ယန်တောင်ရဲ့ အစီအရင်ကို ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်လို့ ခေါ်တာ မင်း ဘယ်လိုသိတာလဲ"

ရှချန်ယွင်၏ မျက်လုံးများက တလက်လက် တောက်ပလာခဲ့၏။

သူက ကျန်းချန်ကို မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ငါ နားလည်ပြီ.. မင်းက ဒီအစီအရင်ကို တိုက်တိုက်ဆိုင်ဆိုင် နားလည်ထားတာကိုး.. ဒါကြောင့် မင်းက အသက်သုံးရှိုက်စာအချိန်အတွင်း အစီအရင်ကို လှုံ့ဆော်နိုင်ခဲ့တာပဲ.. ကောင်လေး တကယ်တော့ မင်းက လှည့်ကွက်သုံးပြီး ၉၉မှတ်ကို ရယူခဲ့တယ်"

ရှချန်ယွင်၏ စကားက ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အကြည့်ကို ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားစေ၏။

အကြီးအကဲထျန်းရွှယ်၏ မျက်နှာထက်တွင်လည်း အံ့သြသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

သူ၏ ဝိညာဥ် အလှည့်အပြောင်း မဟာအစီအရင်သည် တိမ်မြုပ်နေသော ရှေးဟောင်း အစီအရင်တစ်ခုဖြစ်ပြီး သာမန် အဌမအဆင့် အစီအရင်သခင်ပင် တစ်ချက်ကြည့်ရုံဖြင့် အမည်ကို မပြောနိုင်ပေ။

ထိုကောင်လေးမူ အစီအရင်၏ အမည်ကို အံ့သြဖွယ်ကောင်းလောက်အောင်ပင် အတိအကျ ပြောနေခဲ့သည်။

[ဒီကောင်လေးက ငါ့ရဲ့ အစီအရင်ကို နားလည်ထားလို့ အသက်သုံးရှိုက်စာအတွင်း လှုံ့ဆော်နိုင်ခဲ့တာများလား]

"အမှန်ပဲ ဒီဝိညာဥ် အလှည့်အပြောင်း မဟာအစီအရင်နဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်းပါးပါးသိတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ဒီအစီအရင်ကနေ ၉၉ မှတ် ရယူဖို့လောက်က ကျွန်တော့်အတွက် လွယ်ကူတဲ့ အလုပ်တစ်ခုပဲ.. လှည့်ကွက်လား.. ကျွန်တော့်အတွက် အဲဒါတွေ မလိုအပ်ဘူး"

အခန်း(၈၁၀) ပြီး၏

All Chapters