အခန်း (၂၀၁-၂၀၅)
Vol. 14 Ch. 201-205
အပိုင်း ၂၀၁ ဗီလိန်ရဲ့ အာဏာက မထိပါးကောင်းဘူး။သတ်။
လုရှောင်ယန်:"…"
"ငါစောစောသေမယ်လို့ မင်းမျှော်လင့်နေတာလား။"
"အိုး... မဟုတ်ဘူး၊ ကျွန်တော် မှားသွားတာ၊ ဆိုလိုတာက... နောင်မှာ ဆရာကြီး ကျွန်တော်တို့အနားမှာ မရှိတော့ရင်..."
"ဗရမ်းပတာပြောနေတာတွေ ရပ်လိုက်တော့၊ မိန်းမကို အားကိုးချင်ရင်တောင် မင်းညီမငယ်ဆီ သွားစရာ မလိုဘူး မဟုတ်လား၊ မင်းတို့ နှစ်ယောက်က မတူညီတဲ့ မျိုးစိတ်နှစ်ခုလေ၊ ညတိုင်း အေးစက်နေတဲ့ ခန္ဓာကိုယ်က ပွေ့ဖက်လို့ အဆင်ပြေမယ်လို့ မင်းတကယ်ထင်လား။ သူမဟာ ဖုတ်ကောင်တစ်ကောင်ပဲ။ အရေးအကြီးဆုံးကတော့ သူ့သွားတွေ အရေခွံနွှာခံရမှာကို မကြောက်ဘူးလား။
"ဟစ်~ ဆရာကြီးပြောတာ မှန်တယ်။ အဲဒါဆိုရင် ဂျူနီယာညီမ ဝူရှားကို လိုက်သင့်တယ်ထင်တယ်။"
လုရှောင်ယန်:"…"
ဒီလီကောဟာ အသုံးမကျသည်မှာ အထင်အရှားပင်ဖြစ်သွားလေပြီ။
"မင်းတိုးတက်ရမယ်။ မင်းဟာ ကျီရွှေ့ တောင်ထိပ် ရဲ့ အကြီးဆုံး ဆရာတူအစ်ကိုပဲ။ စိတ်ဓါတ်ကျတဲ့ အခိုက်အတန့်လေးကြောင့် အရှုံးပေးလိုက်လို့မရဘူး။"
"ဆရာ၊ ကျွန်တော် မကြိုးစားတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော် ဘယ်လောက် ပင်ပင်ပန်းပန်း လုပ်နေတယ်ဆိုတာ ဆရာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ကျင့်ကြံမှု တဖြည်းဖြည်း တိုးလာဖို့ တာက ဘယ်လောက် အဆင်မပြေ ဖြစ်လဲ ဆရာမသိဘူး။ ဘယ်လောက်ပဲ ကြိုးစားပါစေ တခြားသူတွေကို အမှီမလိုက်နိုင်တာက တကယ့်ကို စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။"
လုရှောင်ယန်က သက်ပြင်းချလိုက်သည်။
ယွင်လီကော၏ ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်ရန် မဖြစ်နိုင်ပုံရသည်။
သူ အခြားနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
ယင်းကို ပြောရလျှင် သူသည် ယခုတစ်ကြိမ် လက်ဆောင်အိတ်ငယ်လေးမှ သားရဲထိန်းချုပ်ခြင်းပညာရပ်ကို ရရှိပုံရသည်။ ၎င်းကို တိရစ္ဆာန်များကို ထိန်းချုပ်ရန် အသုံးပြုသင့်သည်။
လီကောသည် ၎င်းကို လေ့လာဖို့အတွက် သင့်တော်လှသည်။
ထိုသို့ဆိုလျှင် သူသည် အရည်အချင်းလည်း မလိုတော့ပေ။ သူအသုံးချရန်အတွက် တန်ခိုးကြီးသော နတ်သားရဲအုပ်စုတစ်စုကို ဆင့်ခေါ်နိုင်သရွေ့ သူသည် ပိုသန်မာလာနိုင်သည်။
သို့သော်လည်း လီကောသည် ယခုအချိန်တွင် သာမန်လူတစ်ဦးသာဖြစ်သည်။ ကံတရား၏အကာအကွယ်မပါဘဲ၊ သူသည် မြင့်မြတ်သောနည်းလမ်းကို သေချာပေါက် မသင်ယူနိုင်ပေ။
လုရှောင်ယန်က သူ့ကို ကံကောင်းခြင်းရွှေနဂါး ပေးဖို့ မဖြစ်နိုင်ပါ။ ကံတရားက အရေးကြီးလွန်းသည်။ ထို့အပြင် ကံကောင်းခြင်းရွှေနဂါး၏ အကျိုးသက်ရောက်မှုသည် သူနှင့် သူ့တပည့် နှစ်ဦးစလုံးကို တပြိုင်နက် သက်ရောက်မှု မရှိနိုင်ပေ။ သူ့ တပည့်သုံးပြီးရင် သူ့ကံတွေ တိုးမလာတော့ပေ။
၎င်းကို လီကောကို ပေးရတာ ဖြုန်းတီးလွန်းသည်။ သူမသုံးခဲ့ဘူးဆိုရင်တောင် ချန်းရှန် ဒါမှမဟုတ် ထျန်းယွမ်ကို ပေးလိမ့်မည်။ ဘာပဲပြောပြော သူတို့နှစ်ယောက်ဟာ နတ်ဝိညာဉ်တွေ ရှိပြီးသားပင်။
ဝူရှားလည်း မဆိုးပါဘူး။ သူမခန္ဓာကိုယ်ထဲမှာ ကြက်ဥတစ်လုံးရှိနေပြီဖြစ်ပြီး နတ်ဝိညာဉ်တစ်ဝက်ရှိတယ်လို့ ယူဆနိုင်သည်။
မေ့လိုက်ပါ၊ ဘာကြောင့်များ နတ်သားရဲဥကို အရင်မပေးရမှာလဲ။ နတ်သားရဲဥကို ဘယ်လို ဖောက်ရမယ်ဆိုတာကို သင်ယူပါစေဦး။ နတ်သားရဲကို အကောင်ပေါက်ပြီးနောက်၊ ၎င်းသည် သူ့ကို တိုက်ခိုက်ရန်ပင် ကူညီပေးနိုင်သည်။
နောင်တွင်၊ သူ၏ ကျင့်ကြံမှုသည် နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနောက် သားရဲထိန်းချုပ်မှုဆိုင်ရာ မြင့်မြတ်သောအနုပညာကို သင်ယူရန် သူ့အတွက် အချိန်နှောင်းမည်မဟုတ်ပေ။
ဒါကိုတွေးပြီး လုရှောင်ယန်က နတ်သားရဲဥကိုထုတ်ပြီး ယွင်လီကောကို ပေးလိုက်သည်။
"စိတ်ဓာတ်မကျပါနဲ့၊ မင်းအတွက် ငါအမြဲတမ်း တွေးတောနေခဲ့တယ်။ ဟိုတုန်းကလည်း ငါ ဒီကို တစ်လှမ်းချင်း ရောက်ခဲ့တယ်။ ဒီဥကို မင်းကို ငါပေးမယ်။ မင်း ကောင်းကောင်းသုံးရမယ်။ မင်းရဲ့ တိုက်ခိုက်ရေး အင်အားကို တိုးစေတယ်။ “
ဥမှ ထုတ်လွှတ်သောရောင်ဝါကို အာရုံခံလိုက်ရာ ယွင်လီကော၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာသည်။
ဒီဥက ထူးခြားတယ်လို့ ဘယ်လို မပြောနိုင်ပဲနေလိမ့်မလဲ။
"ဆရာ... ကျွန်တော်... ကျွန်တော် တော်တော်လေး အသုံးမကျဘူး၊ ဒါပေမယ့် ဆရာက အရမ်းကောင်းနေတုန်းပဲ၊ ဘာပြောရမှန်းတောင် မသိဘူး။"
လုရှောင်ယန်က ခပ်ဖျော့ဖျော့ပြုံးပြီး "မင်းက ငါ့တပည့်မို့ ငါ မင်းကို အရှုံးမပေးတာ သဘာဝကျတယ်။ မင်းက အကြီးဆုံး အစ်ကိုကြီးပဲ။ မင်းရဲ့ ဂျူနီယာ ညီအကို မောင်နှမတွေအတွက် စံနမူနာပြရမယ်။ အနာဂတ်မှာ မင်းရဲ့ ငယ်ရွယ်တဲ့ ညီအကိုမောင်နှမတွေကို လမ်းလွဲမသွားစေဘဲ လုံ့လစိုက်ထုတ်ရမယ်။"
ယွင်လီကောက ခေါင်းညိတ်ပြီး လေးနက်သော အမူအရာဖြင့် ပြောသည် ။
"ဆရာ၊ ကျွန်တော် ဘာလို့ အဲ့ဒါကိုဖြတ်ပြီး အနာဂတ်မှာ စိတ်နှလုံးအကြွင်းမဲ့ မကျင့်ကြံရမှာလဲ။"
လုရှောင်ယန်သည် ချက်ချင်းပင် သူ့ခြေထောက်များ တင်းကျပ်လာသည်ကို ခံစားလိုက်ရသည်။
"အဲဒါကို မလိုအပ်ပါဘူး။ မင်းရဲ့အသားကို ချက်ခြင်းမဖြတ်တာ အကောင်းဆုံးပါပဲ။ မင်းမှာ ခိုင်မာတဲ့ဆန္ဒရှိသရွေ့တော့ ကောင်းပါတယ်။ မင်းရဲ့စိတ်ပိုင်းဖြတ်မှုအရ မင်းအောင်မြင်မယ်လို့ ငါယုံကြည်တယ်။"
"ကောင်းပြီ၊ ကျွန်တော် အခုကျင့်ကြံလိုက်ဦးမယ်။"
"သွား၊ သွား။"
"ဟုတ်ကဲ့။"
လုရှောင်ယန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ယွင်လီကောကလှည့်ကာ တောင်နှင့်မြစ် ပန်းချီကားထဲသို့ ဝင်လိုက်သည်။
ယွင်လီကောက အသက်ရှုသွင်းပြီး "ငါက အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့် ကျွမ်းကျင်သူ ဖြစ်နေပြီ။ ငါ့ရဲ့ စိတ်ဝိဉာဏ်က ကျင့်ကြံနည်းလမ်းကို သူ့ဘာသာသူ ကျင့်ကြံပေးနိုင်တယ်။ အခု ငါ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ ဒီဥကို အရင် ကိုင်တွယ်သင့်တယ်။"
ဒါကို စဉ်းစားရင်း ယွင်လီကောဟာ သိုင်းဘုရင်အဆင့် လှံတစ်ချောင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။
…
လုရှောင်ယန်ကလည်း လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်နေသည်။ ပထမဦးစွာ သူသည် နန်းမြို့တော်အပြင်ဘက်တွင် ချိတ်ပိတိအစီအရင်ကို တည်ထောင်ခဲ့သည်။ ထိုမှသာ ရန်သူတွေရောက်လာရင် ထွက်သွားဖို့ကို မေ့ထားနိုင်သည်။
ပြဿနာရဲ့ အရင်းခံကို ရှင်းပစ်ရမည်။
ထို့အပြင်၊ သူသည် သူ၏တပည့်များ၏အဝတ်အစားပေါ်တွင် နေရာကူးပြောင်းအစီအရင်များကိုလည်း ချခဲ့သည်။
ဤနည်းဖြင့် ၎င်းတို့သည် အချိန်မရွေး နေရာကူးပြောင်းနိုင်သည် သို့မဟုတ် သူကိုယ်တိုင် ၎င်းတို့၏တည်နေရာကို နေရာကူးပြောင်းနိုင်သည်။
ဒါတွေအားလုံးကို စီစဉ်ပြီးရင် လုရှောင်ယန် သူတို့ရဲ့ သက်ဆိုင်ရာ စစ်မြေပြင်ကို ခရီးထွက်ခိုင်းစေနိုင်ပြီ။
သူတည်ဆောက်နေချိန်တွင် လုရှောင်ယန်သည် သူ့ခန္ဓာကိုယ်မှ ရုတ်တရက်ထွက်ပေါ်လာသော အသံတစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်းပင် အံသြသွားခဲ့သည်။
"အယ်? ငါအဆင့်တက်တာလား?"
သူ ပဟေဋ္ဌိဖြစ်သွားသည်။ သူဘယ်လိုအဆင့်တက်သွားသည်လဲ။ သူ မကျင့်ကြံရသေူဘူး။ သူတပည့်တော်တွေကလည်း မကြာသေးခင်ကမှ ကျင့်ကြံဆင့် တိုးပွားလာခဲ့သည်။ ဒီလိုအချိန်တိုလေးအတွင်းမှာ သူတို့ရဲ့ ကျင့်ကြံမှုကို ကြီးကြီးမားမား တိုးမြှင့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
သူတို့ရဲ့ ကျင့်ကြံမှု တိုးမြင့်လာတာကြောင့် မဟုတ်ရင် သူ့အတွက် အဆင့်ဖို့ မဖြစ်နိုင်ဘူး။
"ဝမ့်ခိုက်"
[ လာ၊ လာပါပြီ သခင်၊ ငါ ဒီမှာပါ]
"တပည့်တွေရဲ့ အချက်အလက်တွေကို ပြပေး"
[ကောင်းပြီ၊ အဲဒါကို ဆရာကြီးအတွက် ထုတ်ပေးနေတယ်]
လုရှောင်ယန်သည် တပည့်များ၏ သတင်းအချက်အလတ်များကို မြင်သောအခါ သူချက်ချင်း ထိတ်လန့်သွားသည်။
ဖြန်း...
သူ့လက်ထဲက တောင်နဲ့ မြစ်ပန်းချီကားကို မြေပြင်ပေါ် ပစ်ချလိုက်တဲ့ အထိပါပဲ။
သူ ဘာကိုမြင်တာလဲ။
ယွင်လီကောသည် အာကာပြင်ပြိုကွဲခြင်းအဆင့်၏ ပဉ္စမအဆင့်မှ အနှစ်သာရခိုင်မြဲခြင်းအဆင့်၏ ဒသမအဆင့်သို့ အမှန်တကယ် တိုးလာခဲ့သည်။ ဖုန်းထျန်းယွမ် ကဲ့သို့ပင်၊ သူသည် ဘုရင်အဆင့် သို့ ခြေတစ်လှမ်းမျှသာ ဝေးသည်။
"ဒီကောင် ဘာဖြစ်နေတာလဲ၊ သူ့ ရဲ့ ကျင့်ကြံမှုက ဘာလို့ ရုတ်တရတ် တိုးလာတာလဲ၊ သူက ဆယ့်ငါးဆင့် တိုက်ရိုက် တိုးလာတယ် ၊ ဒါက အဲ့လောက် မကြီးကျယ်သင့်ဘူး မဟုတ်လား။
"ခဏလေး၊ တစ်ခုခုမှားနေပုံရတယ်။"
လုရှောင်ယန်သည် ချက်ချင်းပင် တောင်နှင့်မြစ် ပန်းချီကားထဲသို့ ဝင်လိုက်သည်။
ယွင်လီကောသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံရန် တရားထိုင်နေသည်။ သူ့ဘေးတွင် ကွဲကြေနေသော နတ်သားရဲဥခွံကြီးတစ်ခုရှိသည်။
လုရှောင်ယန်၏ မျက်နှာသည် ချက်ချင်းပင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ဒီအသုံးမကျတဲ့ကောင်တော့.....။
သူသည် ဤမျှလောက်ကောင်းသော နတ်သားရဲဥကို ဖျက်ဆီးပစ်လိုက်သည်။
နတ်သားရဲတစ်ကောင် အကောင်ပေါက်လျှင် ၎င်း၏ ကျင့်ကြံမှု မနည်းပါးမည်မှာ သေချာသည်။ အနည်းဆုံးတော့၊ ၎င်းသည် လက်ရှိတိုက်ကြီးတွင် သူနှင့်အတူလိုက်ပါနိုင်ပြီး အံ့ဩစရာဖြစ်နိုင်သည်။
မသေမျိုး ကမ္ဘာတွင်ပင်၊ ၎င်းသည် အတော်အတန် အထောက်အပံ့ပေးသည့် တိုက်ခိုက်ရေးအင်အားတစ်ခု ဖြစ်နေဆဲပင်။
လုရှောင်ယန်၏ အငွေ့အသက်ကို အာရုံခံလိုက်သည်နှင့် ယွင်လီကောသည် တရားထိုင်ရာမှ ချက်ချင်းနိုးလာသည်။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ချက်ချင်း လန့်နိုးသွားသည်။ လုရှောင်ယန်ကိုမြင်လိုက်သည်နှင့် သူ့မျက်လုံးများ ချက်ချင်းလင်းလာသည်။
"ဆရာကြီး၊ ကျွန်တော် ဆရာ့ကို ချစ်လို့သေတော့မယ်။ ဆရာ ပြောတာမှန်တယ်။ ကျွန်တော့်ရဲ့အရည်အချင်းတွေ ဘယ်လောက်ပဲညံ့ဖျင်းနေပါစေ ကျွန်တော့် ကံတွေဘယ်လောက်ပဲ ညံ့နေပါစေ အနည်းဆုံးတော့ ကျွန်တော့်မှာ ဆရာရှိသေးတယ်! ဆရာအနားမှာရှိနေသရွေ့ ကျွန်တော် ပိုသန်မာလာဖို့ မျှော်လင့်ချက်ရှိတယ်။ ဆရာက ကျွန်တော့်ရဲ့ကံကောင်းမှုနဲ့ အရည်အချင်းပဲ။"
လုရှောင်ယန်:"…"
"တကယ်တော့ မင်းစားလိုက်တဲ့အရာက နတ်သားရဲဥပဲ။ မင်းအကောင်ပေါက်ရင် နတ်သားရဲငယ်လေးတစ်ကောင်ရနိုင်တယ်။ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက သူတော်စင်အဆင့် အနည်းဆုံးဖြစ်လိမ့်မယ်လို့ ငါခန့်မှန်းမိတယ်။ ဒါ့ပြင် တဖြည်းဖြည်းကြီးလာတာနဲ့အမျှ၊ အနာဂတ်မှာ ခွန်အားက သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်ထက် သာလွန်သွားဖွယ်ရှိတယ်။ အခုတော့ အဲ့တာကို မင်းစားလိုက်ပြီ။ နောက်ဆုံးမှာ၊ မင်းက အာကာပြင်ပြိုကွဲခြင်းအဆင့် ပဉ္စမအဆင့်ကနေ အနှစ်သာရခိုင်မြဲခြင်းအဆင့် ဆယ်အဆင့်အထိသာ မင်းရဲ့ခွန်အားကို တိုးစေခဲ့တယ်။"
ယွင်လီကော :"…"
သူ့နှလုံးသားထဲတွင် ထွန်းညှိထားသည် မီးတောက်တွေဟာ ချက်ချင်းပဲ ရေအေးနဲ့ ပက်လိုက်သလိုဖြစ်သွားသည်။
နတ်သားရဲနှင့် တစ်ဆယ့်ငါးဆင့်အကြား ခြားနားချက်ကို သူ မည်သို့ မပြောနိုင်မည်နည်း။
ဆုံးရှုံးလိုက်တာ။
ဘယ်လောက်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလဲ။
"ဆရာ့မှာ နောက်ထပ် နတ်သားရဲဥတွေရှိသေးလား?”
"ဟင့်အင်း၊ ငါ့မှာ တစ်ခုပဲရှိတယ်။"
ယွင်လီကော :"…"
"အဆင်ပြေရဲ့လား?"
"ပြေပါတယ်၊ ခဏလောက် ငိုပြီးရင် ကောင်းသွားမယ်။"
လုရှောင်ယန်က သက်ပြင်းချလိုက်သည်။
လီကောဟာ နောက်ထပ်အခွင့်အရေးတစ်ခုကို လွဲချော်ခဲ့ပြန်သည်။
ထိုဥကိုစားပြီးလျှင် သူ့အရည်အချင်းတွေ တိုးမလာတော့ဘူး။ နောင်တွင် သူ၏ ကျင့်ကြံမှုသည် တဖြည်းဖြည်းသာ တိုးပွားလာပေလိမ့်မည်။
ယွင်လီကောသာ မစားခဲ့ရင် အနည်းဆုံး နတ်သားရဲတစ်ကောင်ကို အကောင်ပေါက်ပြီးရင် သူ့မှာ အစွမ်းထက်တဲ့ ကိုယ်ရံတော် တိုက်ခိုက်ရေးသမားတစ်ယောက် ရှိမှာပါ။
ထားလိုက်ပါတော့။ ဖြစ်နိုင်တာက ကံကြောင့်ပဲပေါ့။
သူ့ကို ကျရှုံးဖို့အတွက် ဖန်တီးထားပုံပင်။
သူတို့ ထွက်ခွာဖို့ အချိန်တန်ပြီဟု လုရှောင်ယန် ခံစားမိသည်။ ၎င်းတို့သည် သက်ဆိုင်ရာ စစ်မြေပြင်သို့ အပြေးအလွှား သွားရမည့် အချိန်ဖြစ်သည်။ ထို့နောက် တပည့်အားလုံးကို ခေါ်ရန် စိတ်စွမ်းအားကို အသုံးပြုခဲ့သည်။
"မင်္ဂလာပါ ဆရာ။"
လူတိုင်း လုရှောင်ယန်ကို ဦးညွှတ်ကြသည်။
ကျီဝူရှားက၊ "ဆရာ၊ စီနီယာ အစ်ကိုကြီး ဘာကြောင့် ဝမ်းနည်းနေရတာလဲ၊ သူက ဆရာ့ကို စိတ်ဆိုးစေလို့ ဆရာ အပြစ်ပေးထားလို့လား?"
"ငါနဲ့ဘာမှမဆိုင်ဘူး။ သူငိုချင်နေတာ။ ဒီအကြောင်းမပြောနဲ့။ တိုက်ပွဲချိန်နီးနေပြီ။ မင်း သက်ဆိုင်ရာစစ်မြေပြင်ကို မြန်မြန်သွားကြတော့။ မဟုတ်ရင် မင်းတို့နောက်ကျရင် နာလန်ဟုန်ယွီ နဲ့ အခြားသူတွေက ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ အဇူရာကြာပန်း ဓားဂိုဏ်းတို့ကို ဖျက်ဆီးသွားနိုင်တယ်။"
"ဟုတ်"
အားလုံးက ပြန်ဖြေပြီး ထွက်သွားကြသည်။
ယွင်လီကော၊ ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့သည် ကောင်းကင်နတ်ဆိုးဂိုဏ်းဆီသို့ ဦးတည်သွားကြသည်။
လီချန်းရှန်နှင့် ကျူးကောကျီချုံတို့သည် အဇူရာကြာပန်းဓားဂိုဏ်းသို့သွားကြသည်။
လုရှောင်ယန်ကတော့ နန်းမြို့တော်၏ ဌာနချုပ်ကို စောင့်ကြပ်နေပါသည်။
သူသည် နာလန်ဟုန်ယွီအတွက် ခေါင်းတလား အမျိုးအစားပေါင်း ၂၃၅၈ခု ကို ပြင်ဆင်ထားပြီးဖြစ်သည်။
တဖက်သူက သူ့ကိုသတ်ဖို့ ဇာတ်ဆောင်အရှိန်အဝါ ရှိသည့် မြင်းနက် နှစ်ဦးကို တွေ့ခဲ့သည်။
ဒီအချိန်မှာ လုရှောင်ယန်က စိတ်ပိုင်းဖြတ်လိုက်သည်။
သူသည် ဗီလိန်အနေနဲ့ တစ်ကြိမ်လောက် သရုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ဗီလိန်၏ ဂုဏ်သိက္ခာသည် မည်သူမဆို နှိုးဆွနိုင်သော အရာမဟုတ်ကြောင်း တစ်ဖက်လူအား အသိပေးချင်သည်။
…
အချိန်တွေကုန်တာမြန်ပြီး ညက မျက်စိတစ်မှိတ်အတွင်း ကုန်သွားသည်။
ဒုတိယနေ့ရောက်လာသည်။ အရှေ့ဘက်ရှိ နံနက်ခင်းအလင်းရောင်သည် ကောင်းကင်ကို ခွင်းဝင်ရောက်လာသောအခါ တိုက်ပွဲစတင်မည့်ရက်ကို တရားဝင်အစပြုနေပြီဟု အဓိပ္ပါယ်ရသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းအပြင်ဘက်တွင် ကတိပြုထားသည့်အတိုင်း လူသုံးယောက်ရောက်လာသည်။
ယွင်လီကောနှင့် အခြားနှစ်ယောက်ဖြစ်သည်။
သုံးယောက်သား တောင်ခြေရင်းမှာ ရပ်ပြီး တောင်ထိပ်ကို အဝေးက လှမ်းကြည့်တော့ သူတို့ရဲ့ မျက်လုံးတွေက နက်နဲတဲ့ အမူအရာတွေ ပေါ်လာသည်။
"နှစ်ပေါင်းတစ်ထောင်ကြာခဲ့ပြီ။ ငါ ဖုန်းထျန်းယွမ် နောက်ဆုံးတော့ ပြန်လာခဲ့ပြီ။"
လေထုသည် တိတ်ဆိတ်သွားသည်။
ယွင်လီကော: "???"
ကျီဝူရှား: "???"
ခဏလောက် နှုတ်ဆိတ်နေပြီးနောက် ကျီဝူရှားက နောက်ဆုံးမှာ "မောင်လေး၊ ဒါက နည်းနည်းချဲ့ကားလွန်းတယ်မဟုတ်လား။"
ဖုန်းထျန်းယွမ်က အသက်ပြင်းပြင်းရှူပြီး "လုံးဝ မဟုတ်ပါဘူး၊ ဒီတစ်ခါတော့ ဖုန်းအောက်ထျန်းကို သတ်ကိုသတ်ရမယ်။"
ယွင်လီကောနှင့် ကျီဝူရှားတို့၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားသည်။ ဖုန်းထျန်းယွမ်၏ ဆုံးဖြတ်ချက်ကို အာရုံခံလိုက်သောအခါတွင် ၎င်းတို့သည် ချက်ချင်းပင် ၎င်းတို့၏ နှလုံးသားထဲတွင် ထပ်ခါထပ်ခါ ချီးမွမ်းခြင်းကို မရပ်တန့်နိုင်ပေ။
သူတို့ အနိုင်ရမှာ အသေအချာပဲ။
ဒီတစ်ခါတော့ သူတို့သေချာပေါက် အနိုင်ရလိမ့်မယ်။
ဖုန်းအောက်ထျန်း ဒီတစ်ခါ သေမှာ သေချာတယ်။
ထို့အပြင်၊ ဖုန်းအောက်ထျန်းထံမှ ကောင်းကင်နတ်ဆိုးဂိုဏ်းကိုလည်း ကာကွယ်ကြမည်ဖြစ်သည်။
သို့သော်...
နှစ်ယောက်သား ဒါကို တွေးနေကြစဉ်မှာပင် သတိမထားမိဘဲ အလွန်အားကောင်းသော အလင်းတန်းတစ်ခု ကောင်းကင်မှ ရုတ်တရက် ပစ်ချလိုက်သည်။ ၎င်းသည် ကောင်းကင်နတ်ဆိုးဂိုဏ်းကို တိကျစွာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အုန်း..
တခဏချင်းမှာပဲ ကောင်းကင်နတ်ဆိုးဂိုဏ်းက သူတို့သုံးယောက်ရှေ့မှာ မီးတောက်တစ်ခု ဖုံးလွှမ်းသွားတော့သည်….
***
အပိုင်း ၂၀၂ စစ်မှန်တဲ့အဖွဲ့လိုက်တိုက်ခိုက်မှု..
ယွင်လီကော :"…"
ကျီဝူရှား :"…"
ဖုန်းထျန်းယွမ်:"…"
ရုတ်တရက် ထအော်လိုက်ခြင်းမပြုမီ စက္ကန့်အနည်းငယ်မျှ လေထုသည် တိတ်ဆိတ်သွားခဲ့သည်။
"မဖြစ်ဘူး၊ ကောင်းကင်နတ်ဆိုးဂိုဏ်းက ပေါက်ကွဲသွားပြီ!"
"ငါတို့ အဆုံးသတ်ပြီ၊ ဆရာက အခု ငါတို့ကို သတ်တော့မှာမဟုတ်ဘူးလား"
"ငါတို့သေမှာသေချာတယ်။"
သူတို့ သုံးယောက်၏ မျက်နှာသည် အလွန်ဖြူဖျော့နေ၏။
ဒီတခေါက်တော့ သူတို့ တကယ်ဒုက္ခရောက်သွားပါပြီ။
ကံကောင်းထောက်မစွာ၊ မီးခိုးတွေ ပျောက်ကွယ်သွားချိန်မှာတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အဲဒီနေရာမှာပဲ ရှိနေခဲ့ပါသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း ၏ ခံစစ်အစီအရင်ဖြင့် ပိတ်ဆို့ခံလိုက်ရကြောင်း တွေ့ရှိလိုက်ရသည်။
သုံးယောက်သား ချက်ချင်း သက်ပြင်းချလိုက်မိတော့သည်။
"ကံကောင်းလို့၊ ဒီမှာဆရာ့ရဲ့ ခံစစ်အစီအရင်ရှိတယ်၊ ဆရာ့ ခံစစ်အစီအရင်ကြောင့်သာ မဟုတ်ရင်၊ ငါတို့ တကယ်ပဲ အဆုံးသတ်လောက်ပြီ။"
သူပြောပြီးသည်နှင့် တပြိုင်နက်တည်း သုံးယောက်သား ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ခဏအတွင်း သူတို့ သုံးယောက် အေးစက်သော အကြည့်များ ပြောင်းသွားသည်။
"သူ့ကို ချကြ.."
မဆိုင်းမတွဘဲ ယွင်လီကောသည် လေးလံသော ခြေလှမ်းတစ်ခုကို လှမ်းပြီး သူ့ခန္ဓာကိုယ်သည် တိမ်တိုက်ဆီသို့ ပြေးဆင်းသွားသည့် လျှပ်စီးလက်ချက်အဖြစ် ပြောင်းလဲသွားသည်။
ဖုန်းထျန်းယွမ်က နောက်ကနေ အနီးကပ်လိုက်လာပြီး ကျီဝူရှားက နောက်ဆုံးမှလိုက်ပါသည်။
ကောင်းကင်တွင်၊ ဖုန်းအောက်ထျန်းသည် သူ၏လှုပ်ရှားမှု မထိရောက်ကြောင်း မြင်သောအခါ မကျေမနပ်ဖြစ်နေသည့်အမူအရာကို ထုတ်ပြမိသည်။ သို့သော် သူ လျင်မြန်စွာ ရယ်မောလိုက်သည်။
"ဟွန့်...မင်းက တော်တော် အရည်အချင်းရှိတယ်။ မင်းတကယ် ခံစစ်အစီအရင်ကို တည်ဆောက်ထားတာပဲ။ ဒါပေမယ့်၊ ခံစစ်အစီအရင်ဟာ ခံစစ်အစီအရင်တစ်ခုပဲ။ သိုင်းဘုရင်အဆင့် လက်နက်တစ်ခုရဲ့ တိုက်ခိုက်မှုကို အကြာကြီး ခုခံနိုင်မှာ မဟုတ်ဘူး။"
သူပြောသည့်အတိုင်း ဖုန်းအောက်ထျန်းသည် သူ၏နောက်ထပ်လှုပ်ရှားမှုကို ထုတ်ပြရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ရုတ်တရက်၊ အလွန်ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခု အောက်ကနေ ရုတ်တရက် ထွက်လာပြီး သူ့အာရုံကို ဖမ်းစားလိုက်သည်။
"မင်းတို့ တကယ်ပေါ်လာတာဘဲ။ ဒါပေမယ့် မင်းတို့ ဒီမှာ ဘယ်လောက်ပဲရောက်ရောက် မင်းတို့က ငါ့အတွက် ကစားဖို့ပဲ ဒီမှာရှိနေတာ သနားစရာပဲ။"
ဖုန်းအောက်ထျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားအလင်းတန်းက ယွင်လီကောကို ဦးတည်သွားသည်။
သူ့ထင်မြင်ချက်အရတော့ သူ့ခွန်အားကို ၁၀၀% မထုတ်ခဲ့ပေမယ့် ယွင်လီကော ခံနိုင်ရည်ရှိတဲ့အရာတော့ မဟုတ်သေးပါ။
သို့သော် တိုက်ခိုက်မှုနှစ်ခု တိုက်မိလိုက်သည်နှင့်ပင် ယွင်လီကောသည် သူ၏ ခွန်အားအပြည့်ကို ရုတ်ချည်း လွှတ်လိုက်သည်။ ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံကို လက်ထဲတွင်ကိုင်ထားပြီး ဖုန်းအောက်ထျန်း၏ဓားအလင်းတန်းကို သုတ်သင်ရှင်းလင်းပြီး ဖုန်းအောက်ထျန်း၏ပခုံးပေါ်သို့ လှံတံကို ပစ်လွှတ်လိုက်သည်။
အုန်း~~
ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံနှင့်အတူ ကောင်းကင်၌ တိမ်တိုက်ကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။ ဖုန်းအောက်ထျန်းအတွက်မူ သူဟာ မီတာထောင်ပေါင်းများစွာ အကွာအဝေးကို အလိုအလျောက် ပစ်ချခံလိုက်ရသည်။
"ဘယ်လိုလုပ်… အနှစ်သာရခိုင်မြဲခြင်း ပြီးပြည့်စုံတဲ့အဆင့်.."
ဖုန်းအောက်ထျန်း၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ဒါက ဘယ်လိုဖြစ်နိုင်တာလဲ။
ယွင်လီကောသည် ဝတ်ရုံရှည်နှင့် ဝါးဦးထုပ်ကို ၀တ်ဆင်ထားသော်လည်း ယွင်လီကော၏ ရောင်ဝါမှ ၎င်းသည် အလွန်နိမ့်ကျသော ကျင့်ကြံမှုဖြင့် ယခင် ယွင်လီကော ဖြစ်သည်ကို သူခံစားနိုင်သေးသည်။
ယခုမူ သူ၏ ခွန်အားသည် အဘယ်ကြောင့် ဤမျှလောက် တိုးလာသနည်း။
တစ်လ နှစ်လပဲ ရှိသေးသည်။
သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူက သူ့ကို သင်ပြပေးခဲ့တာလား။
တုံ့ပြန်ခြင်းမပြုမီတွင် အနောက်မှ ကြီးမားသော အင်အားကြီးတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
"မကောင်းတော့ဘူး။"
ဖုန်းအောက်ထျန်း က ခုခံကာကွယ်လိုသော်လည်း တစ်ဖက်သား၏ အရှိန်က မြန်လွန်းသည်။ သူ့မှာ ခုခံဖို့ လုံးဝ အချိန်မရှိ တော့ဘဲ ချက်ချင်း လွင့်ထွက်သွားပြန်သည်။
နောက်ထပ် ပြီးပြည့်စုံသော ဒသမအဆင့် အနှစ်သာရခိုင်မြဲခြင်းအဆင့် ကျွမ်းကျင်သူ။
ကံဆိုးလိုက်တာ၊ လုရှောင်ယန်ရဲ့ တပည့်တွေ ဘာတွေလုပ်နေခဲ့တာလဲ။ သူတို့ ဘယ်လိုတောင် အစွမ်းထက်နိုင်သည်လဲ။
၎င်းတို့သည် ယခင်ကကဲ့သို့ အရန်အစီအရင်ကို အသုံးပြုနေကြတာလား။
ရန်သူ၏ ကျင့်ကြံမှုကို နှိမ့်ချပြီး ကိုယ်ပိုင် ကျင့်ကြံမှု တိုးလာနိုင်သည့် အစီအရင် အမျိုးအစားကို အသုံးပြုနေတာလား။
မဟုတ်သေးဘူး၊ ဒီနေရာမှာ သိုင်းဘုရင်အဆင့်အစီအရင်ရဲ့ အရိပ်အယောင်တောင် မရှိနေဘူး။
တစ်ဖက်သား၏ အင်အားက တကယ်ကို တိုးလာတာပေါ့။
သူတွေးနေတုန်းမှာပင် ကျီဝူရှား၏ တိုက်ခိုက်မှုလည်း ကျလာသဘ်။
ချွမ်း...
ဖီးနစ်အော်ဟစ်သံနှင့်အတူ ဖုန်းအောက်ထျန်း၏ပုံသဏ္ဍာန်သည် ရိုက်ခတ်မှုမှ တဖန်တုန်ခါသွားကာ ပြိုကျလုနီးပါးဖြစ်နေပြီဖြစ်သည်။
သို့သော်လည်း ကျီဝူရှား၏ ကျင့်ကြံမှုသည် အခြားနှစ်ယောက်ထက် များစွာနိမ့်ကျပြီး အနှစ်သာရခိုင်မြဲခြင်းအဆင့်၏ ဒုတိယအဆင့်တွင်သာ ရှိသည်။ သူမသည် သူမထက်ပိုမြင့်သည့်အဆင့်မှလူကို တွန်းလှန်နိုင်သော်လည်း၊ သူမသည် တစ်ဖက်သားကို များစွာထိခိုက်စေရန် မဖြစ်နိုင်ပေ။
"မင်းရဲ့ ကျင့်ကြံမှုက ဘာလို့ ပိုသန်မာလာမှန်း ငါမသိပေမယ့် မင်းငါ့ကို မယှဉ်နိုင်သေးဘူး။ မင်းသေရမှာပဲ"
ကံမကောင်းစွာပဲ၊ ကျန်သုံးယောက်လုံး သက်ရောက်မှုမရှိခဲ့ပါ။ သူတို့က စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို အရူးအမူး တိုက်ခိုက်ကြသည်။
ဤသည်မှာ ကျီရွှေ့ တောင်ထိပ် အုပ်စွဖွဲ့တိုက်ခိုက်မှု၏ စစ်မှန်သောလျှို့ဝှက်နည်းပညာဖြစ်သည်။
သူတို့သည် လေကုန်မခံပဲ သတ်ရန် ရည်ရွယ်ချက်ဖြင့် ချက်ချင်း တိုက်ခိုက်ကြသည်။
ဖုန်းအောက်ထျန်းသည် ပြန်လည်တိုက်ခိုက်ရန် လုံးဝအချိန်မရှိသည့်အပြင် ရိုက်နှက်မှုကိုသာ ခံရတော့သည်။
ကောင်းကင်တွင် မီးလေးလုံးသာ မြင်ရသည်။ လျှပ်စီးလက်သကဲ့သို့ တိမ်တိုက်များကြားတွင် လိုက်၍ တိုက်မိကြသည်။
တိုက်မိတိုင်း အားပြင်းသော လှိုင်းလုံးများ ထွက်ပေါ်လာသည်။
အောက်ဘက်တွင် ပြင်းထန်သော တိုက်ခိုက်မှု သူတို့၏ ဦးခေါင်းထက်တွင် အဆက်မပြတ် တိုက်မိနေသည်ကို ခံစားနိုင်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများသည် မျက်လုံးများပြူးကျယ်ကာ ကောင်းကင်ကို စူးစိုက်စိုက်ကြည့်နေကြသည်။
"ဘုရားသခင်၊ ဒါက သိပ်အားကြီးတာမဟုတ်ဘူးလား။"
"အထက်က ဘယ်သူတိုက်ခိုက်နေတာလဲ၊ ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးလား။ ဒါပေမယ့် ဒီအရှိန်အဝါက သူနဲ့မဆိုင်ဘူး။"
လူအုပ်ထဲတွင် လီတောက်ယန်က မကူညီနိုင်ဘဲ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
ဟင်း.. အထက်မှ အရှိန်အဝါများမှာ ယွင်လီကော၊ ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်၏ အရှိန်အဝါများ မဟုတ်ပါလား။
သနားစရာကောင်းသော အကြီးအကဲများသည် တဖက်သူ၏ အထောက်အထားကို လုံးဝမသိခဲ့ကြပေ။
သို့သော် လုရှောင်ယန်၏လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြနိုင်ပေ။ ထို့ကြောင့် သူသည် အခြားသူများကဲ့သို့ သူ့လက်ကို နောက်ပစ်ကာ တိုက်ပွဲကို အေးအေးဆေးဆေး စောင့်ကြည့်နေရုံသာတတ်နိုင်သည်။
သူ့မျက်လုံးများက မနာလိုခြင်းနှင့် လေးစားခြင်းတို့ကို ထုတ်ဖော်ပြသသည်။
"လောင်လု၊ မင်းရဲ့ တပည့်တွေတောင် အထင်ကြီးစရာကောင်းနေပြီ ၊ မင်းရဲ့ ကျင့်ကြံမှုက ပိုလို့တောင် အားကောင်းနေပြီ မဟုတ်လား။"
ဒါပေမယ့် မင်းက အရမ်းအစွမ်းထက်နေပြီဆိုပေမဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ကာကွယ်ဖို့ တပည့်တွေကို စေလွှတ်နေတုန်းပဲ။ မင်းကိုငါအကြည့်မမှားခဲ့ဖူးပဲ။”
အားနည်းသူတွေက သန်မာသူတွေရဲ့ သားကောင်တွေဖြစ်တဲ့ ဒီကမ္ဘာမှာ ကိုယ်ကျင့်တရားက သိပ်အရေးမကြီးပါဘူး။
လုရှောင်ယန်သည် ယခုအခါ စူပါကျွမ်းကျင်သူဖြစ်နေပါပြီ။ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းကို စွန့်ပစ်ရန် အပြည့်အဝ ရွေးချယ်နိုင်သည်။
လီတောက်ယန်သည် လုရှောင်ယန်ကြောင့်သာ ဖုန်းအောက်ထျန်း ဤနေရာသို့ ရောက်လာနိုင်သည်ကို သိသော်လည်း လုရှောင်ယန်သည် နောက်ပိုင်းတွင်မှ ဖုန်းအောက်ထျန်းကို သတ်ပစ်ရန် ရွေးချယ်၍ရသည်ကို သူသိသည်။
သို့သော် လုရှောင်ယန်သည် သူ၏တပည့်ကို စေလွှတ်သေးသည်။ ဆိုလိုသည်မှာ လုရှောင်ယန်သည် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ သူ၏ သူငယ်ချင်းဟောင်းကို စိတ်ထဲရှိနေသေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ယခုအချိန်တွင် ကောင်းကင်ယံ၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။
ဖုန်းအောက်ထျန်းက ကြုံးဝါးကာ ယွင်လီကောနှင့် တခြားနှစ်ယောက်ကို ဖြိုခွဲဖို့ သူ၏ ခွန်အားကို အပြည့်အဝ အသုံးချလိုက်သည်။
"လစ်ကြစမ်း.. ၊ ငါ ဖုန်းအောက်ထျန်းက အားနည်းသူလို့ မင်းတို့ တကယ်ထင်နေတာလား?"
ထိုအသံကိုကြားသော် အောက်က ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေ၏ အမူအရာတွေ ချက်ချင်းပြောင်းသွားသည်။
"ဖုန်းအောက်ထျန်း! ဘုရားသခင်၊ ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ခဲ့တဲ့သူက ဖုန်းအောက်ထျန်း ဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက သူနဲ့ ဘာမှ မဆိုင်ဘူး။ သူ ငါတို့ကို ဘာလို့ တိုက်ခိုက်တာလဲ။"
"ဖုန်းအောက်ထျန်းက ဘယ်သူလဲ။"
အကြီးအကဲအချို့က ချက်ချင်းပင် စိတ်ရှုပ်ထွေးစွာ မေးကြသည်။
ထိုအခိုက်အတန့်တွင် အကြီးအကဲဟွမ်ဘေးမှ ကြံ့ခိုင်သော အမျိုးသမီးတစ်ဦးသည် မျက်မှောင်ကြုတ်ကာ လေးနက်သောအမူအရာဖြင့် ပြောသည်။
"ဒီ ဖုန်းအောက်ထျန်းက အရင် ရှေးလူဝံမျိုးနွယ်က အကြီးအကဲရဲ့သားပါ။ သူ့ခန္ဓာကိုယ်က အားနည်းတဲ့အတွက် မွေးကတည်းက စွန့်ပစ်ခံခဲ့ရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူဘယ်ကနေမှ ထမြောက်ရှင်သန်ခဲ့လဲမသိပေမယ့် ရှေးလူဝံမျိုးနွယ်ရဲ့ အကြီးအကဲရာထူးကို သိမ်းပိုက်ဖို့ ပြန်သွားခဲ့တယ်။ ရှေးလူဝံမျိုးနွယ်ရဲ့ အကြီးအကဲအသစ်ဖြစ်လာခဲ့တယ်။ ဟွမ်ကို ငါလက်မထပ်ခင်မှာ သူ့ရဲ့ ကျင့်ကြံမှုဟာ အနှစ်သာရခိုင်မြဲခြင်းအဆင့်ကို ရောက်နေပြီလို့ ထင်ရတယ်။ အခု သူ့ရဲ့ အရှိန်အဝါကို ကြည့်လိုက်တော့၊ စိတ်ဝိညာဉ်အဆင့် အကြီးအကဲတွေတောင် သူ့ရှေ့မှာ တုန်လှုပ်သွားရလိမ့်မယ်။ ဘုရင်အဆင့်ကို ဖြတ်ပြီးနေလောက်မှာ စိုးတယ်။"
"ဘာ..."
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများသည် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
ဖုန်းအောက်ထျန်းက တကယ်ကို ရက်စက်တဲ့လူလား။
ဒါက သိပ်မယုံနိုင်စရာပဲ မဟုတ်လား။
ယခင်က အာကေရှားအဖွဲ့၏အကြီးအကဲတစ်ဦးဖြစ်သောကြောင့် သူမ၏စကားများကို မည်သူမှသံသယမ၀င်ပါ။ အာကေရှားဂိုဏ်း၏ထောက်လှမ်းရေးသည် မဟာကျိုးတစ်ခုလုံးတွင်အကောင်းဆုံးဖြစ်သည်။
"ဂိုဏ်းချုပ်၊ ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အခု ဒုက္ခရောက်မှာ စိုးရတယ်။ ဖုန်းအောက်ထျန်းက အရမ်းအစွမ်းထက်တယ်၊ ဘယ်သူက သူ့ကို အနိုင်ယူနိုင်မှာလဲ။"
"မှန်တယ် ဆရာ၊ အခု ဘာလုပ်သင့်လဲ?"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အသက်ပြင်းပြင်းရှူပြီး လေးနက်သောအမူအရာဖြင့် ပြောသည် ။
"မင်း ဘိုးဘေးရဲ့ စကားကို လိုက်နာဖို့ အချိန်တန်ပြီ ဖြစ်မယ်။ ငါ့အမိန့်ကို ပြန်လိုက်ပါ။ လူတိုင်းကို တောင်နောက်ကနေ လွတ်မြောက်စေပြီး တိုက်ပွဲပြီးရင် ပြန်လာစေမယ်။"
ထိုညက သူတို့၏ဘိုးဘေး၏ မြင့်မြတ်သောတန်ခိုးတော်အား ပြန်သတိရသောအခါ လူတိုင်း၏ခန္ဓာကိုယ်များ တုန်လှုပ်သွားကြသည်။
ဘိုးဘေး၏ စကားမှာ မမှားနိုင်ဘူး မဟုတ်လား။
သူတို့ အရင်ထွက်ပြေးရမည်။
"တပည့်အပေါင်းတို့ကိုစုဝေး၍ ဆုတ်လော့။ ချက်ခြင်းပြန်ဆုတ်လော့။"
"တပည့်ဟောင်းများ၊ တပည့်သစ်များ ဆုတ်ခွာကြပါစို့။ တောင်ထိပ်အသီးသီးရှိ အကြီးအကဲများက စည်းကမ်းထိန်းသိမ်းရန် တာဝန်ရှိပါတယ်။ လူအုပ်ကြီးမဖြစ်အောင် ရူးရူးမိုက်မိုက် တွန်းမတိုက်ပါနဲ့။"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲများ၏ ဘေးကင်းသော လုပ်ဆောင်ချက်ဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများသည် လျင်မြန်စွာ လွတ်မြောက်ခဲ့ကြသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးသည် ချက်ချင်းပင် လွတ်နေသောတောင်ကြီးဖြစ်လာသည်။ တိုက်ပွဲ၏ နောက်ဆက်တွဲ လှုပ်ခတ်မှုက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ သူတို့ကို ထိခိုက်ဒဏ်ရာရဖို့ မဖြစ်နိုင်တော့ပါဘူး။
ကီလိုမီတာ ၅အကွာအဝေးရောက်မှသာ လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြသည်။
"နောက်ဆုံးတော့ သူတို့ရဲ့ တိုက်ခိုက်မှုလှိုင်းသက်ရောက်တဲ့ အကွာအဝေးကို ငါတို့ ကျော်ခဲ့ပြီးပြီ။ ဒီအကွာအဝေးနဲ့ဆို ငါတို့အတွက် အတော်လေး လုံခြုံသင့်တယ်။"
"ပြောရင် ဘယ်ဘက်က ပိုအားကောင်းလဲ?"
ပထမ အကြီးအကဲသည် မုတ်ဆိတ်မွေးကို ပွတ်သပ်၍ လေးနက်သော အမူအရာဖြင့် ပြောသည်၊
"မသိဘူး၊ ဖုန်းအောက်ထျန်း က အစွမ်းထက်ပေမယ့် တဖက်က လူ ၃ ယောက်ရှိတယ်။ ဆိုရိုးအတိုင်း လက်သီးနှစ်ခုက လေးခုကို မရိုက်နိုင်မှာ ကြောက်တယ်..."
သို့သော် ထိုအချိန်တွင် ဂိုဏ်းချုပ်က ခေါင်းယမ်းသည်။
"အဲ့ဒါတော့မဖြစ်နိုင်ဘူး! ဒီဖုန်းအောက်ထျန်းဟာ မကြာသေးမီကမှ ထင်ရှားကျော်ကြားပြီး ဂိုဏ်းခွဲများစွာကို လက်အောက်ခံအဖြစ်ထားလိုက်ကြောင်းကို ကြားသိခဲ့ရတယ်။ သူက မဟာကျိုး အင်ပါယာကနေ ခွဲထွက်ဖို့တောင် ရည်ရွယ်ချက်ရှိတယ်လို့ ပြောခဲ့တယ်။ သုံးယောက် တစ်ယောက်တိုက်ပွဲဆိုရင်တောင် ကြောက်စရာအကြောင်းမရှိဘူး။"
အခြားအကြီးအကဲတစ်ဦးကလည်း “ဒီအချိန်ကာလမှာ ကျွန်တော်တို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းဟာ ဘိုးဘေးရဲ့ အုပ်ထိန်းမှုအောက်မှာ အမြဲရှိနေတယ်။
ဒါကို မင်းတို့ မသိဘူး။ ဒီ ဖုန်းအောက်ထျန်းဟာ အခုအချိန်မှာ အလွန်အစွမ်းထက်တဲ့ နာမည်ကြီးတစ်ယောက်ဖြစ်နေပြီဆိုတာ ကျွန်တော်ကြားသိခဲ့ရတယ်။ တကယ်တော့ သူ့ကို မဟာကျိုး တော်ဝင်မိသားစုက အာကေရှား ဂိုဏ်းခွဲရဲ့ ဂိုဏ်းချုပ်နဲ့ တခြား ပါရမီရှင်တစ်ယောက်နဲ့အတူ သူ့ကို လိုချင်နေကြတယ် ။
"နတ်ဆိုးဂိုဏ်းနဲ့ နတ်ဆိုးအရှင်ကိုတောင် အနိုင်ယူခဲ့တယ်လို့ ပြောလို့ရတယ်။"
"ဟစ်~ သူက မဟာကျိုး အင်ပါယာကနေတောင် ခွဲထွက်ချင်နေတာပေါ့"
"သူဟာ နတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးအရှင်ကိုတောင် အနိုင်ယူခဲ့တာလား?"
ဒီအချိန်မှာ လူတိုင်းနီးပါး သေချာသွားသည်။
ဖုန်းအောက်ထျန်းက သေချာပေါက် အနိုင်ရလိမ့်မည်။
ဒီလို ကျွမ်းကျင်သူကို ဘယ်သူ အနိုင်ယူနိုင်မလဲ။ သူ့ကို ဘယ်သူသတ်နိုင်မလဲ။
သူကသာ သူ၏ရန်သူများကို သတ်ပစ်လိမ့်မည်။
ယခုအချိန်တွင် ကောင်းကင်ယံ၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ ဖုန်းအောက်ထျန်းသည် သူ၏ တိုက်ခိုက်စွမ်းအားကို အချိန်တိုအတွင်း တိုးမြှင့်ပေးနိုင်သည့် သိုင်းဘုရင်အဆင့်ဆေးကို မျိုချလိုက်ပုံရသည်။ သူတိုက်ခိုက်လိုက်တိုင်း အစွမ်းက ထူးထူးခြားခြားပါပဲ။ သူတို့ သုံးယောက် အကြာကြီး ဝိုင်းထားခံရပြီးနောက် သူသည် အသာစီးကို အတင်းပြန်ယူလိုက်နိုင်သည်။ ဤအခိုက်အတန့်တွင် သူသည် သူတို့ သုံးယောက်ကို တစ်ဆင့်ပြီးတစ်ဆင့် နောက်ပြန်ဆုတ်ခိုင်းသည်။
သူ၏ဓားသည် အလွန်လျင်မြန်သည်။ ထပ်ခါတလဲလဲ ခုတ်ထစ်သောအခါ ကျီဝူရှား၊ ဖုန်းထျန်းယွမ်နှင့် ယွင်လီကော၏အဝတ်အစားများသည် အနည်းငယ်စုတ်ပြဲနေပြီး အတွင်းဘက်တွင် သိုင်းဘုရင်အဆင့်ချပ်ဝတ်တန်ဆာကို ထုတ်ဖော်ပြသလိုက်သည်။
သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာကို မြင်လိုက်ရသဖြင့် ဖုန်းအောက်ထျန်း ဒေါသအရမ်းထွက်ကာ မျက်လုံးများနီရဲလာတော့သည်….
***
အပိုင်း ၂၀၃ ဖုန်းအောက်ထျန်း၏သေဆုံးမှု
ဘာလို့လဲ?
သူတို့က သာမာန်အမှိုက်သုံးခုပဲ။ သူတို့သည် လုရှောင်ယန်ရဲ့ တပည့်ဖြစ်လာရုံမျှဖြင့် ဤမျှ အစွမ်းထက်သောခွန်အားကို ရရှိနိုင်သည်လား။ သူတို့မှာ ပစ္စည်းတွေ အများကြီးရှိနေပြန်သေးတယ်။
ဘာလို့လဲ??
သူက မြင်းနက်လေ။
လုရှောင်ယန်ထက် နိမ့်ကျနေရင်တောင် သူ့တပည့်တွေထက်ပါ ဘာကြောင့် နိမ့်ကျရတာလဲ။
သတ်ပစ်ရမယ်…..
သူ့မျက်လုံးများ နီမြန်းလာနေပြီ။
သူသည် သူတို့သုံးယောက်လုံးနှင့် အောက်ရှိကောင်းကင်နတ်ဆိုးဂိုဏ်းမှလူအားလုံးကို သတ်ပစ်ချင်လာသည်။
သူသည် လူတိုင်းကို ဖောက်ခွဲပစ်ချင်သည်။
ဟုတ်ပါသည်၊၊ ဖုန်းအောက်ထျန်းသည် သူ၏ သိုင်းဘုရင်အဆင့် လက်နက်ကို ထပ်ပြီး မဖောက်ခွဲနိုင်တော့ပါဘူး။
ရှေးဟောင်းကြေးဝါခန်းမသည် အလွန်အစွမ်းထက်သော ရှေးဟောင်းဂိုဏ်းတစ်ခု၏ ရတနာဗိမာန်ဖြစ်သော်လည်း၊ မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ ဂိုဏ်းတစ်ခုမျှသာ ဖြစ်နေဆဲပင်။
ထို့ကြောင့် သူ့တွင် သိုင်းဘုရင်အဆင့်လက်နက် အရေအတွက် ကန့်သတ်ချက် ရှိနေသေးသည်။
ယခင်က သူသည် လင်းရှင်းရွှယ်နှင့် တိုက်ခိုက်ရာတွင် လက်နက် နှစ်ကြိမ်မှ သုံးကြိမ်အထိ ဖောက်ခွဲခဲ့ပြီးဖြစ်သည်။ နောက်ပိုင်းတွင် သူသည် ဖုန်းထျန်းယွမ်နှင့် အခြားသူများနှင့် တိုက်ခိုက်သောအခါ လုရှောင်ယန်၏ သိုင်းဘုရင်အဆင့် တိုက်ခိုက်မှုအစီအရင်နှစ်ခုကို ချိုးဖျက်ရန်အတွက် နောက်ထပ်များစွာ ထောက်ခွဲခဲ့သည်။
သူ့မှာ သိပ်မကျန်တော့ဘူး။
သူ့တွင် သိုင်းဘုရင်အဆင့် လက်နက်များစွာ မကျန်တော့သော်လည်း၊ သူ့တွင် သူတော်စင်အဆင့်နှင့် ကောင်းကင်ဘုံအဆင့်လက်နက်များစွာ ရှိနေသေးသည်။
ဤလက်နက်များ၏ အရည်အသွေးသည် သိုင်းဘုရင်အဆင့် လက်နက်များထက် နိမ့်ကျသော်လည်း ၎င်းတို့တွင် အရည်အတွက် အလုံအလောက်ရှိနေသရွေ့ သိုင်းဘုရင်အဆင့် လက်နက်များနှင့် ယှဉ်နိုင်သည့် ပေါက်ကွဲစွမ်းအားရရန် ပြဿနာမဟုတ်ပေ။
မဆိုင်းမတွဘဲ ဖုန်းအောက်ထျန်း သည် သူတော်စင်အဆင့် လက်နက် ၁၄ ခု၊ ကောင်းကင်ဘုံအဆင့်လက်နက် ၆၉ ခု နှင့် မြေကမ္ဘာအဆင့်လက်နက် ၁၉၃ ခုကို ရှေးဟောင်းကြေးနီခန်းမမှ တိုက်ရိုက်ထုတ်ယူခဲ့သည်။
ရုတ်တရက် ပေါ်လာသော လက်နက်များကို မြင်လိုက်ရတော့ ယွင်လီကော၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်တွင်၊ လက်နက်တစ်ခုစီသည် အဖျက်သဘောရောင်ဝါဖြင့် ပြည့်နှက်နေသော ရွှေရောင်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်လိုက်တော့သည်။
"တစ်ခုခုတော့မှားနေပြီ။ သူ့လက်နက်ကို ထပ်ပြီး ဖောက်ခွဲတော့မယ်။"
"ဒီလူက မီးရှူးမီးပန်းနဲ့ ဆော့ရတာ အရမ်းကြိုက်တာလား?"
"မကြောက်နဲ့ ငါ့နောက်နေ။"
ဖုန်းထျန်းယွမ်သည် သူ၏ မပျက်စီးနိုင်သော ရွှေကိုယ်ထည်ကို အစွမ်းကုန် အသုံးပြုခဲ့သည်။
လက်ရှိသူသည် အနှစ်သာရခိုင်မြဲခြင်း ဒသမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူအသုံးပြုခဲ့သော မပျက်စီးနိုင်သော ရွှေရောင်ကိုယ်ထည်သည် ယခင်ကထက် အနည်းငယ်မက ပိုသန်မာလာသည်။
သူအသုံးပြုလိုက်သည့်အခိုက်တွင် မီတာတစ်ရာကျော်မြင့်သော ရွှေဘီလူးကြီးသည် ချက်ချင်းပင် ကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။
ဤကျင့်ကြံနည်းလမ်းကိုမြင်လျှင် ဖုန်းအောက်ထျန်း ရုတ်တရက် တုန်လှုပ်သွားသည်။
"ဒီကျင့်ကြံနည်းလမ်း... မင်းပဲလား။ မင်းတကယ်မသေဘူးလား၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါမယုံဘူး။"
"မင်းကိုမသတ်ခင် ငါက ဘာလို့ သေရမှာလဲ?"
ဖုန်းထျန်းယွမ်၏အသံကိုကြားလိုက်ရသည်နှင့် ဖုန်းအောက်ထျန်းသည် ဤအခိုက်အတန့်တွင် လုံးဝပြိုလဲသွားသည်။
ဖုန်းထျန်းယွမ် အသက်ရှင်နေဦးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း လီလျှို့ရွှေ၏ဓားသည် ဖုန်းထျန်းယွမ်ကို ရှင်းရှင်းလင်းလင်း သတ်ပစ်လိုက်သည်။
သူ့မျက်လုံးနဲ့ အတည်ပြုခဲ့သည်။
ထပ်ပြီး လုရှောင်ယန်ပဲလား?
သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ ယခုအချိန်တွင် ဖုန်းအောက်ထျန်းသည် သူတစ်ခါမှမတွေ့ဖူးသော လုရှောင်ယန်ကို အလွန်ကြောက်ရွံ့နေလေသည်။
အဲဒီလူက သေနေတဲ့လူကိုတောင် အသက်ပြန်ရှင်စေနိုင်ပါသည်။ သူ့မှာ နောက်ထပ် လှည့်ကွက်တွေ ဘယ်လောက်ရှိမလဲ။
သူ၏ စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်သို့ ရောက်ရှိပြီးနောက်၊ ဖုန်းအောက်ထျန်းသည် ရူးသွပ်သွားခဲ့ပြီဖြစ်သည်။
ဖုန်းထျန်းယွမ်ကို သတ်ပစ်ရမည်။
ယွင်လီကောနှင့် ကျီဝူရှားတို့လည်း ရှိသေးတယ်။ သူတို့ကို ဆွဲချပြီး သူသည် လုရှောင်ယန်၏ကံကို လျော့ကျစေနိုင်သည်။
ဤနည်းဖြင့်သာ သူသည် လီလျှို့ရွှေ နှင့် နာလန်ဟုန်ယွီတို့နှင့် ပူးပေါင်းကာ လုရှောင်ယန်ကို လုံးဝသတ်နိုင်မည်ဖြစ်သည်။
ဖုန်းအောက်ထျန်းသည် လုရှောင်ယန်ကို ယခင်က မတွေ့ဖူးသော်လည်း လုရှောင်ယန်သည် ဖုန်းအောက်ထျန်းဘဝ၏ အကြီးကျယ်ဆုံးသော အိပ်မက်ဆိုး ဖြစ်လာနေပြီဟု ဆိုနိုင်သည်။
သတ်ပစ်မယ်...
သတ်ဖြတ်လိုစိတ်များ တိုးလာသည်နှင့်အမျှ ဖုန်းအောက်ထျန်းက အော်ပစ်လိုက်ကာ လက်နက်အားလုံးသည် ချက်ချင်းဆိုသလိုပင် ဖုန်းထျန်းယွမ်၏ မပျက်စီးနိုင်သော ရွှေရောင်ကိုယ်ထည်ကြီးကို အမြောက်ကျည်များကဲ့သို့ အညှာအတာမဲ့စွာ ထိုးဖောက်ကာ ပြိုးပြိုးပြက်ပြက်ရှိသော ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။
အုန်း..အုန်း..အုန်း..
ပေါက်ကွဲသံများ ဆက်တိုက်ကြားလာရသည်။ ပြင်းထန်သော ပေါက်ကွဲမှုစွမ်းအင်ကြောင့် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။ ကီလိုမီတာ ၅၀ ကျော်အကွာတွင် ရှောင်တိမ်းနေသော ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများပင် ဤပေါက်ကွဲသံကို ကြားရသောအခါတွင် သူတို့၏ နှလုံးသားများ ရင်တုန်သွားရသည်။
"ကြောက်စရာကောင်းလွန်းတယ်။ ဒါက ဖုန်းအောက်ထျန်း ရဲ့ တိုက်ခိုက်ရေးစွမ်းရည်လား။"
"ဒါက ငါတို့နဲ့ လုံးဝခြားနားတဲ့ အဆင့်မှာရှိနေပြီ။ ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်း ရဲ့ ဘိုးဘေးတွေတောင်မှ သူနဲ့ မတိုက်နိုင်မှာကို ငါကြောက်တယ်။"
အကြီးအကဲဟွမ်က မကူညီနိုင်ဘဲ သက်ပြင်းချလိုက်သည်။
" မဟာကျိုးကနေ ခွဲထွက်ရဲတာ အံ့သြစရာတော့ မရှိပါဘူး။ ဒီအစွမ်းထက်တဲ့ အစွမ်းသတ္တိနဲ့ ငါသာ သူ့နေရာမှာဆို ငါ့ရဲ့ ကိုယ်ပိုင်ဂိုဏ်းကိုတောင် ထူထောင်နေပြီ.."
ဂိုဏ်းချုပ်က ခဏလောက် နှုတ်ဆိတ်နေပြီး "အကြီးအကဲဟွမ် ၊ ဒီလူတွေ ထွက်သွားတဲ့အခါ ငါ မင်းနဲ့ စကားကောင်းကောင်း ပြောချင်တယ်" ဟု ပြောသည်။
အကြီးအကဲဟွမ်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။
"မလုပ်ပါနဲ့ ၊ ဂိုဏ်းချုပ်၊ အဲ့လို မပြောပါနဲ့ ၊ ကျွန်တော် နောက်နေတာပါ "
ကံမကောင်းစွာ ဂိုဏ်းချုပ်ချန်က သူ့ကို ဂရုမစိုက်ဆော့ပေ။
ဒါက ချက်ချင်းပဲ အကြီးအကဲဟွမ်ကို ငိုချင်သွားစေသည်။ သူ့ဘေးမှာ ချောမောလှပတဲ့ ဇနီးဖြစ်သူက သူ့နောက်ကျောကို ပွတ်သပ်ပြီး နှစ်သိမ့်မှုပေးသည်။
"လောင်ကုန်း၊ မငိုပါနဲ့။ ဂိုဏ်းချုပ်က ယောက်ျား၊ မင်းလည်း ယောက်ျားပဲ။ အနည်းဆုံးတော့ မင်းကို ရိုက်နှက်ရုံပေါ့။"
…
ကောင်းကင်နတ်ဆိုးဂိုဏ်းအထက် ကောင်းကင်မှာ ပေါက်ကွဲသံတွေက ပိုပိုပြီးပြင်းထန်လာသည်။ ရွှေဘီလူးကြီးသည် အနည်းငယ် မခံနိုင်တော့ဘဲ တဖြည်းဖြည်း ပြိုလဲကာ တုန်လှုပ်လာသည်။
"ဆရာတူညီလေး၊ မစိုးရိမ်နဲ့။"
ယွင်လီကောနှင့် ကျီဝူရှားတို့သည် ချက်ချင်းပင် ရှေ့သို့ ပြေးသွားကြသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် မပျက်စီးနိုင်သော ရွှေရောင်ကိုယ်ထည်ကို ထိန်းသိမ်းရန် ဖုန်းထျန်းယွမ်ထံသို့ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ အရူးအမူး ပေးပို့ကြသည်။
တစ်ချိန်တည်းမှာပင်၊ ယွင်လီကောသည် ဖုန်းထျန်းယွမ်၏ဒဏ်ရာများကို အဆက်မပြတ်ကုသရန် အဇူရာသက်ရှည်ပညာရပ်ကို အသုံးပြုခဲ့သည်။
ကောင်းကင်တွင် သူ့လက်နက်ပေါက်ကွဲတော့မည်ကို မြင်လိုက်ရသဖြင့် ဖုန်းထျန်းယွမ်သည် အံကြိတ်ကာ တောင့်ခံထားသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စိမ့်ထွက်နေပြီဖြစ်သော်လည်း ရွှေရောင်ဘီလူးပုံရိပ် မပျက်စီးသေးပါ။ ဖုန်းအောက်ထျန်း၏ နီမြန်းသော မျက်လုံးများသည် အာရုံ ပျောက်ဆုံးနေပြီဖြစ်သည်။
"ရှေ့ဆက်ပြီး ရပ်တန့်နိုင်အောင် ကြိုးစား။ ဒါကို ရပ်တန့်နိုင်မလား ကြည့်ရအောင်။"
သူစကားပြောနေစဉ်တွင် ဖုန်းအောက်ထျန်းသည် ရှေးဟောင်းကြေးနန်းခန်းမမှ သိုင်းဘုရင်အဆင့်လက်နက်ကို ထုတ်ယူခဲ့သည်။ အော်သံနှင့်အတူ သူသည် သိုင်းဘုရင်အဆင့် လက်နက်ကို တိုက်ရိုက်ပေါက်ကွဲပြီး ဖုန်းထျန်းယွမ်ထံ ပစ်ချလိုက်သည်။
ယခုအချိန်တွင် သူသည် သူ၏ သိုင်းဘုရင်အဆင့်လက်နက်များကို မထိန်းသိမ်းလိုတော့ပါ။ ဖုန်းထျန်းယွမ်ကို သတ်နိုင်သရွေ့တော့ အားလုံးကိုစတေးပစ်မှာပင်။
ဤပေါက်ကွဲမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး အရောင်ပြောင်းသွားခဲ့သည်။ တုန်ခါနေခဲ့တယ်။ လေထုသည် အနည်းငယ် မတည်မငြိမ်ဖြစ်ပြီး အချို့သော ပုံပျက်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ကို ဖြစ်ပေါ်နေပါသည်။
သူတော်စင်အဆင့်လက်နက်များ ၏နောက်ဆုံးလက်နက်ပေါက်ကွဲသောအခါ၊ နောက်ဆုံးတွင် ဖုန်းထျန်းယွမ်၏မပျက်စီးနိုင်သောရွှေကိုယ်ထည်တွင်ကြီးမားသောအပေါက်တစ်ခုပေါ်လာသည်။
"ကောင်းတယ်…"
ဖုန်းအောက်ထျန်း၏ မျက်လုံးများတွင် ဘဝင်မြင့်နေသော အမူအရာ ပေါ်လာသည်။ သူက သိုင်းဘုရင်အဆင့်လက်နက်ကြီးကို အပေါက်ကြီးပေါ်မှာ ပေါက်ကွဲဖို့ တိုက်ရိုက် ထိန်းချုပ်ခဲ့တယ်။
အုန်း...
နောက်ထပ် ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လှိုင်းလုံးကြီးသည် လေထုကို ကမောက်ကမ ဖြစ်စေခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ဖုန်းထျန်းယွမ်၏ မပျက်စီးနိုင်သော ရွှေကိုယ်ထည်သည် နောက်ဆုံးတွင် စုတ်ပြဲသွားပြီး လေထုမငြိမ်မသက်မှု၏ အရှိန်အဝါဖြင့် မညှာတာစွာ မျိုချခြင်းခံလိုက်ရသည်။
ကောင်းကင်တွင် ဖုန်းအောက်ထျန်းသည် ချက်ချင်းပင် ရယ်မောလိုက်သည်။
"ဟာဟားဟား... မင်း ဒီအချိန် အသက်ရှင်ဖို့ ဘယ်လိုစီစဉ်ထားလဲဆိုတာ ငါကြည့်ချင်တယ် ရှေးဟောင်းလူဝံမျိုးနွယ်က နောက်ဆုံးတော့ ငါ ့လက်ထဲရောက်မှာပဲ။"
သို့သော်~~
သူပြောနေစဉ် သူ့ဘယ်ဘက်ရှိ လေထုသည် ရုတ်တရက် ပုံပျက်သွားသည်။ နောက်အခိုက်အတန့်မှာတော့ နဂါးတစ်ကောင်လို အေးစက်တဲ့အလင်းရောင်က သူ့လက်တစ်ဖက်ကို တစ်ချက်ချင်း ထိုးဖောက်ဝင်ရောက်လာသည်။
သူတုံ့ပြန်မှုမပြုမီတွင်...
တစ်ဖက်သား၏လက်ကောက်ဝတ်သည် အင်အားစိုက်ထုတ်လိုက်ပြီး အားကောင်းသည့် အရှိန်အဝါသည် သူ့လက်မောင်းကို တိုက်ရိုက်ကွဲအက်သွားစေသည်။
"အား.."
ဖုန်းအောက်ထျန်းသည် လွင့်ထွက်သွားကာ သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ ယွင်လီကောကို စိုက်ကြည့်နေသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ သေချာ ဖောက်ခွဲထားတာ။ မင်း ဒဏ်ရာကင်းမဲ့တာ မဖြစ်နိုင်ဘူး။"
"မင်းက ငါ့ရဲ့ ကျင့်ကြံနည်းလမ်း ကာကွယ်ရေးနဲ့ သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာအလွှာကို ဖြိုခွဲလိုက်တာပဲ။"
သူစကားပြောပြီးသည်နှင့် ဖုန်းထျန်းယွမ်၏ ရင်းနှီးသောအသံသည် ဖုန်းထျန်းယွမ်၏တူသံနှင့်အတူ သူ့နားထဲတွင် ထွက်ပေါ်လာသည်။
အုန်း
အာကာပြင်ပြိုကွဲခြင်းတူသည် ဖုန်းအောက်ထျန်းကို လွင့်ထွက်သွားစေပြန်သည်။ ယခုတစ်ကြိမ်တွင် ကျောကုန်းတွင် နံရိုးငါးခု ကျိုးသွားခဲ့သည်။
ဖွီး...
ပါးစပ်ထဲက သွေးတွေ ထွက်လာပြီး ဖုန်းအောက်ထျန်း ချက်ချင်း လှည့်ပြီး သူ့မျက်လုံးတွေက ဖုန်းထျန်းယွမ်ကို စိုက်ကြည့်နေသည်။
"မဖြစ်နိုင်ဘူး! ဒါမဖြစ်နိုင်ဘူး!"
ဖုန်းထျန်းယွမ်၏ သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာတွင် ကြီးမားသောအပေါက်ကြီးတစ်ခု ပေါက်ကွဲပြီးဖြစ်သည်။ သို့သော်၊ သံချပ်ကာအတွင်းတွင် သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာတစ်ခု ရှိနေသေးသည်။
ထို့အပြင်၊ လီလျှို့ရွှေ သည် ယခင်က ဖုန်းထျန်းယွမ်၏ အခြားသော သိုင်းဘုရင်အဆင့်သံချပ်ကာကို ဖျက်ဆီးခဲ့သည်။ သူ့တွင် သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာ မည်မျှရှိသနည်း။
ဒီကောင် လုရှောင်ယန်...။ သူ့မှာ သူ့ထက်ပိုပြီး သိုင်းဘုရင်အဆင့် လက်နက်နဲ့ ချပ်ဝတ်တန်ဆာ အမြောက်အမြား ရှိနေသည်။
သူ့စိတ်ထဲတွင် ပရမ်းပတာနှင့် မနာလိုစိတ်များ ရှိနေကာ ဖုန်းအောက်ထျန်း နောက်မှ နောက်ထပ် ဓားအလင်းတန်းတစ်ခု ထွက်လာသည်။
သူသည် ဓားကို လက်တစ်ဖက်တည်းတွင် ကိုင်ထားပြီး တိုက်ခိုက်မှုကို ခံယူရန် တွန်းလှန်လိုက်သည်။
"ဒုတိယအဆင့် အနှစ်သာရခိုင်မြဲခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကများ ထွက်သွားစမ်း..."
ထိုဓားအလင်းတန်းသည် ကျီဝူရှား၏ဓားအလင်းတန်းကို လွင့်စင်သွားစေခဲ့ပြီး ကျီဝူရှား၏ ဖီးနစ်သဏ္ဍာန်ကို မညှာမတာ ချေမှုန်းပစ်လိုက်သည်။
ဓားအလင်းတန်းသည် အရှိန်အဟုန်မပျက်ဘဲ ကျီဝူရှား၏အဝတ်အစားများကို တိုက်ရိုက်ခွဲထုတ်ပစ်လိုက်သည်။ ဒီလှုပ်ရှားမှုဟာ ကျီဝူရှားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ်လို့ မူလက သူထင်ခဲ့သည်။ ကံမကောင်းစွာပဲ၊ ကျီဝူရှားသည် နှစ်ကြိမ်သာ ချောင်းဆိုးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိသည့် သဲလွန်စမရှိခဲ့ပေ။
တစ်ခုခုတော့ မှားနေပြီ။
ဖုန်းအောက်ထျန်းသည် အင်္ကျီအတွင်းမှ အက်ကွဲကြောင်းကို ချက်ချင်းကြည့်သည်။ ပေါ်လွင်နေသော သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာ၏ထောင့်ကို သူမြင်သောအခါ၊ သူ၏ဦးနှောက်သွေးကြောများသည် ပေါက်ကွဲတော့မည်။
နောက်ထပ် သိုင်းဘုရင်အဆင့် လက်နက်။
မကြာသေးမီက၊ သူသည် ရှေးဟောင်းကြေးခန်းမကို ရရှိခဲ့ကာ သိုင်းဘုရင်အဆင့် လက်နက် ဆယ်လက်ကျော် ပိုင်ဆိုင်ခြင်းအတွက် ဂုဏ်ယူနေခဲ့သည်။
တစ်ကမ္ဘာလုံးတွင်၊ အောက်ဘုံ၌ သူနှင့် ယှဉ်နိုင်သည့်သူ မရှိသည်မှာ သေချာပါသည်။
သို့သော်လည်း ယနေ့တွင်၊ လုရှောင်ယန်၏ တပည့်များ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုအောက်တွင် သူ့စိတ်သည် လုံးဝ ပြိုပျက်သွားခဲ့ပြီး ရူးသွပ်သွားချေပြီ။
"ငါ မင်းတို့အားလုံးကို သတ်ချင်တယ်"
ဖုန်းအောက်ထျန်းသည် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ သူ၏ မနာလိုမှုနှင့် ပိုင်နိုင်မှုတို့က သူ့လက်ကျန် သိုင်းဘုရင်အဆင့် လက်နက်များကို မတွန့်တိုစေတော့ပေ။
လုရှောင်ယန်ရဲ့တပည့်ကိုသတ်ပြီး လုရှောင်ယန်ကိုသတ်ပစ်ရမယ်။
ကံမကောင်းစွာပဲ၊ ကျီဝူရှားက သူ့ကို အာရုံလွှဲခဲ့တာကြောင့် ယွင်လီကောနဲ့ ဖုန်းထျန်းယွမ်တို့ကို တိုက်ခိုက်ဖို့ အချိန်လုံလောက်စေခဲ့ပါသည်။ နှစ်ယောက်သား အခွင့်ကောင်းယူ၍ တိုက်ခိုက်ကြသည်။ သူသည် သိုင်းဘုရင်အဆင့် လက်နက်ကို ထုတ်ယူလိုက်စဉ် ယွင်လီကောသည် သူ၏ ခေါင်းကို တိုက်ခိုက်ခဲ့ပြီး မူးဝေသွားစေသည်။
ဖုန်းထျန်းယွမ်သည် ဖုန်းအောက်ထျန်း၏ လည်ချောင်းတွင် ၎င်း၏တူကို ပြင်းထန်စွာ ရိုက်ရန် အခွင့်အရေးကို ရယူခဲ့သည်။
အဆုံးတိုင်အောင် အသက်ရှင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်ဟု သူ၏ဆရာက ပြောခဲ့သည်။ စက်ဆုပ်ဖွယ်ကောင်းသော လှုပ်ရှားမှုများသည် ဖြောင့်မတ်သည်ဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် စကားပြောပိုင်ခွင့်သည် အောင်နိုင်သူလက်ထဲတွင် ရှိနေသောကြောင့်ဖြစ်သည်။
အုန်း...
ဤတိုက်ခိုက်မှု၏ နာကျင်မှုသည် ဖုန်းအောက်ထျန်း၏ နှလုံးသားထဲသို့ ရောက်ရှိသွားပြီး သူ့စိတ်တွေ တုန်လှုပ်သွားစေသည်။ သူ့အသိစိတ်အားလုံး တုံ့ဆိုင်းသွားကာ ဦးနှောက်ထဲက သွေးတွေ လုံးဝမလည်ပတ်နိုင်တော့ဘူး။
ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး ယွင်လီကောက သူ့ရဲ့ သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာကို ရှောင်ပြီး သူ့လည်ပင်းကို ဖောက်လိုက်တယ်။
အုန်း..
သွေးတွေ ပန်းထွက်လာကာ
ဖုန်းအောက်ထျန်း၏ ခေါင်းသည် လေထဲတွင် လွင့်သွားသည်။
သူ့ဦးခေါင်း၏ ထိန်းချုပ်မှုမရှိဘဲ၊ သူ့ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင်ကို မလှုပ်ရှားနိုင်တော့ဘဲ သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာသည်လည်း ၎င်း၏အကျိုးသက်ရောက်မှုကို မထုတ်လွှတ်နိုင်ပါ။
ဖုန်းအောက်ထျန်း ရှေ့တွင်၊ ယွင်လီကော၏လှံသည် သံချပ်ကာမှတဆင့် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဖုန်းထျန်းယွမ်သည် သူ၏ချပ်ဝတ်တန်ဆာကို ဖျက်ဆီးလိုက်သည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဖုန်းအောက်ထျန်း လုံးလုံးပြိုလဲသွားသည်။
"မဟုတ်ဘူး၊ ငါ... ငါ မသေနိုင်ဘူး။ ငါသေရင် ငါ့ရဲ့ တော်ဝင် အာဏာ ဘာဖြစ်သွားမလဲ။"
"ငါ့မောင်းမဆောင်က ဘာဖြစ်သွားမလဲ…"
***
အပိုင်း ၂၀၄ မြင်းနက် vs ရွေးချယ်ခံရသူ
သေရေးရှင်ရေးတွင် ဖုန်းအောက်ထျန်းသည် ရှေးဟောင်းကြေးနန်းခန်းမကို ချက်ချင်းခေါ်ထုတ်ခဲ့သည်။
သူသည် ရှေးဟောင်းကြေးခန်းမထဲသို့ ပြေးဝင်ကာ လေထုထဲသို့ ပြေးသွားချင်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန်အတွက် ရှေးကြေးရုပ်ခန်းမရှိ ဆေးဖက်ဝင်ဆေးပြားများကို အသုံးပြုမည်။
ထိုအချိန်တွင် သူသည် အသက်ရှင်ရန် အခွင့်အလမ်းရှိသေးသည်။
ထို့အပြင်၊ သူသည် သူ့ရှေ့၌ ရှေးဟောင်းကြေးခန်းမကို ခေါ်ဆောင်သည်မှာ အလွန် မှန်ကန်သည်။ ဤအခိုက်အတန့်တွင် ယွင်လီကောနှင့် အခြားသူများ၏တိုက်ခိုက်မှုများကို ရှေးဟောင်းကြေးနန်းခန်းမက ပိတ်ဆို့ထားပြီး သူ့ကို ဒဏ်ရာအနာတရဖြစ်စေနိုင်မည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့်၊ ယွင်လီကောသည် ဤအတွက် ပြင်ဆင်နေခဲ့တာ ကြာလေပြီ။
သူ့ဆရာက ပြင်းပြင်းထန်ထန် ရိုက်ချက်တွေက မသေခင်မှာ အသက်ရှင်ဖို့ အခွင့်အလမ်း အမြဲရှိတယ်လို့ အကြိမ်ကြိမ် ပြောဖူးသည်။
ထိုမြင်းနက်များသည် ကယ်တင်ခံရခြင်း သို့မဟုတ် လျှို့ဝှက်နည်းပညာများဖြင့် လွတ်မြောက်နိုင်သည်။
ထို့ကြောင့် ဖုန်းအောက်ထျန်း ခေါင်းတစ်လုံးသာကျန်တော့သောအခါ ယွင်လီကောသည် ချက်ချင်းပင် တိုက်ခိုက်လေသည်။ သူသည် သူ၏ အခြားသော သိုင်းဘုရင်အဆင့် လက်နက်ကို ထုတ်ကာ လျှပ်စီးလက်သလိုမျိုး အလျင်အမြန် ပစ်ချလိုက်တော့သည်။
တိုက်ပွဲကို အခုပဲ တွေ့ကြုံပြီးနောက် စစ်နတ်ဘုရား၏အနုပညာဟာ အဆက်မပြတ် ပျံ့နှံ့နေသည်။ ယခုအချိန်တွင်၊ ယွင်လီကော၏ တကယ့်တိုက်ပွဲစွမ်းအားသည် ဘုရင်အဆင့်၏ ပထမအဆင့်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။
သိုင်းဘုရင်အဆင့် လက်နက်၏ အင်အားသည် အကန့်အသတ်မရှိပေ။
အုန်း..
သိုင်းဘုရင်အဆင့်လက်နက်က စတင်တိုက်ခိုက်ပြီး ရှေးဟောင်း ကြေးခန်းမကို တိုက်ရိုက် ဖြိုခွဲခဲ့သည်။
"မဟုတ်ဘူး!"
ဖုန်းအောက်ထျန်း၏ မျက်လုံးများသည် အလွန်အမင်းကြောက်လန့်ကာ ပြူးကျယ်သွားသည်။
ယွင်လီကောတွင် ဒုတိယမြောက် သိုင်းဘုရင်အဆင့်လက်နက်ရှိမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ဒီအမှားက သူ့အသက်ကို လုံးဝဆုံးရှုံးစေခဲ့သည်။
ကျီဝူရှားသည် အောက်မှ ခုန်တက်လာပြီး ခုတ်ထစ်လိုက်သည်။
"အနှစ်သာရခိုင်မြဲခြင်းအဆင့်ရဲ့ ဒုတိယအဆင့် ဓားသွားတိုက်ခိုက်တာကို မြည်းစမ်းကြည့်လိုက်ပါ။ မင်းကိုသတ်ဖို့ လုံလောက်ပြီမလား?"
အအေးဓာတ်က မီတာတစ်ထောင်အထိ ပျံ့နှံ့သွားသည်။ အားကောင်းသောဓားရောင်ခြည်သည် ဖုန်းအောက်ထျန်း၏ဦးခေါင်းကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။
သူ၏ ရုပ်ခန္ဓာကို ဆုံးရှုံးပြီးနောက်၊ ဖုန်းအောက်ထျန်း၏ဝိညာဉ်သည်လည်း ခုခံနိုင်စွမ်းမရှိခဲ့ပေ။
သူ မလွတ်မြောက်ခင်မှာ ဖုန်းထျန်းယွမ်ရဲ့ အာကာပြင်ပြိုကွဲခြင်းတူဟာ သူ့ခေါင်းကို ဖိထားပြီးသားပင်။
အုန်း..
ကျယ်လောင်သော ပေါက်ကွဲသံကြီးပြီးနောက် နေရာလွတ်ပြိုကျသွားသည်။ ဖုန်းအောက်ထျန်း၏ ဝိညာဉ်သည် ချက်ချင်းပင်အပိုင်းပိုင်း ကွဲထွက်သွားသည်။
ထိုအချိန်တွင် ဖုန်းအောက်ထျန်းသည် လုံးဝသေဆုံးသွားခဲ့ပေသည်။
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချက်ချင်းပြုံးလိုက်ကြသည်။
သူတို့၏ ဝတ်ရုံများ၊ မျက်နှာဖုံးများနှင့် အင်္ကျီများကို အပိုင်းပိုင်း စုတ်ပြတ်နေစေကာ သူတောင်းစားသုံးဦးနှင့်တူနေသော်လည်း သူတို့ သုံးဦးသည် အလွန်ပျော်ရွှင်နေကြသည်။
လွယ်ကူခဲ့တာတော့ မဟုတ်ပေ။ နောက်ဆုံးတော့ သူတို့ မြင်းနက်ကို သတ်လိုက်နိုင်ကြသည်။
ဤအခိုက်အတန့်တွင် သူတို့ သုံးဦးသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို နွေးထွေးသော တွန်းအားဖြင့် ထုပ်ပိုးထားရပြီး အထူး သက်တောင့်သက်သာ ရှိနေသည်ကို ခံစားလိုက်ရသည်။
"ဒီခံစားချက်က ကံကောင်းခြင်းရဲ့ စွမ်းအားလား?"
သူတို့သုံးယောက် မျက်လုံးမှိတ်ပြီး ကံ၏အကျိုးကို ခံစားလိုက်ရသည်။
သူတို့ခန္ဓာကိုယ်ထဲမှာ တစ်ခုခုပြောင်းလဲသွားပုံရတယ်လို့ ခံစားရတယ်။ သူတို့ရဲ့ ကျင့်ကြံမှု ဘာကြောင့် မတိုးသလဲ ဆိုတာကို ရှင်းပြလို့ မရပေမယ့် ယုံကြည်မှု ပိုရှိလာတယ်လို့ ခံစားရသည်။
ကြိုးကြိုးစားစား အလုပ်လုပ်နေသမျှ ဘာမဆို လုပ်နိုင်သည်ဟု သူတို့ယုံကြည်ကြသည်။
အကယ်၍ ဝမ့်ခိုက်သာ ဤနေရာတွင် ရှိနေခဲ့ပါက သူ ဒေါသထွက်နေပေလိမ့်မည်။
အကြောင်းပြချက်မရှိဘဲ ဝမ့်ခိုက်၏ အစားအစာမှာ ခိုးယူခံခဲ့ရသည်။
ဒါပေမယ့် ဝမ့်ခိုက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပေးနိုင်ခဲ့ပေ။ သေပြီးနောက် သူတစ်ပါး၏ကံသည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ ဒီကံကောင်းခြင်းတွေ ပျောက်ကွယ်သွားတဲ့အခါ၊ အနီးစပ်ဆုံး သက်ရှိကိုတွေ့ရှိပြီး ထိုသူ၏ ကံတရားနဲ့ ပေါင်းစပ်သွားပါလိမ့်မည်။
၎င်းသည် သေသူ၏ခန္ဓာ၌ ကြာကြာနေမည် မဟုတ်ပါ။ မဟုတ်ရင် ကမ္ဘာပေါ်က နေရာတိုင်းမှာ ကံကောင်းခြင်းတွေကို ရှာတွေ့နိုင်မှာပေါ့။
သူတို့သုံးယောက် ဖုန်းအောက်ထျန်း၏ ကံကြမ္မာကို စုပ်ပြီးတဲ့အခါ မျက်လုံးဖွင့်ပြီး ပြုံးပြလိုက်သည်။
"ဆရာကြီး ဒီတခေါက် ငါတို့ပြန်လာရင် ငါတို့ကို ဆူမှာမဟုတ်လောက်ဘူး၊၊"
"အစ်ကိုကြီး၊ နောက်ဆုံးတော့ ပြီးသွားပြီ။"
ယွင်လီကောသည် လက်တစ်ဖက်ကို ကျောနောက်သို့ ပစ်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းက ယဉ်ကျေးလွန်းတယ်။ အောက်မှာ ဖုန်းအောက်ထျန်းရဲ့ ကြေးနန်းဆောင် ရှိပါသေးတယ်။ မြန်မြန် ထွက်သွားပြီး ဆရာကြီးနဲ့ တခြားသူတွေကို ကူညီကြပါစို့။"
"ကောင်းပြီ။"
သူတို့သုံးယောက် ချက်ချင်းဆင်းသက်ပြီး ရှေးဟောင်းကြေးခန်းမကို ရွှေ့လိုက်တယ်။
၎င်းတို့ သုံးဦးသည် ရှေးဟောင်းကြေးနန်းခန်းမကို ရွှေ့ရန် အတူတကွ လုပ်ဆောင်နေစဉ်တွင် စုံစမ်းရန် အမြန်ပြန်လာခဲ့သော ဂိုဏ်းချုပ်ချန်သည် ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။
ထိုအချိန်တွင် သူ အံသြသွားသည်။
"ဒါက ရှောင်ယန်ရဲ့ တပည့်သုံးယောက် မဟုတ်ဘူးလား?"
…
တစ်ဖက်တွင်၊ မဟာကျိုး နန်းမြို့တော်တော်အထက် ကောင်းကင်ယံသို့ လူခုနစ်ယောက် ရောက်ရှိလာခဲ့သည်။
"ဒါက မဟာကျိုး နန်းမြို့တော်ကြီးလား?"
"မှန်ပါတယ်။ ဒါက မဟာကျိုး နန်းမြို့တော်ကြီးပါ၊ အဲဒီလူက လုရှောင်ယန်။"
"ဟုန်ယွီ၊ ဒီကောင်က သိုင်းဘုရင်အဆင့်လက်နက်တွေ အများကြီးရှိတယ်လို့ ပြောတဲ့သူပဲ၊ မင်း ငါတို့ကို လိမ်ဝံ့ရင် ငါတို့ခြောက်ယောက်က မင်းကို တစ်သက်လုံး နောင်တရသွားစေမှာ သေချာတယ်။"
နာလန်ဟုန်ယွီက လက်ကို နောက်ပစ်ပြီး ဘာသိဘာသာ ပြုံးနေလိုက်သည်။
"ငါ့လို အကြီးမြတ်ဆုံးအဆင့်ကျင့်ကြံသူက ကိုယ့်အသက်ကိုယ်လောင်းကြေးထပ်ပြီး ဟာသလုပ်မယ်များထင်နေလား? ဒီကလူတိုင်းက အကြီးမြတ်ဆုံးအဆင့်ကို ကျင့်ကြံဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိသင့်တယ်လေ၊ ဟုတ်တယ်မလား?"
"ငါက လုရှောင်ယန်ကို ငါ့လက်နဲ့ကိုယ်တိုင်သတ်ပြီး ငါ့သားအတွက် လက်စားချေချင်ရုံပဲ၊ သူ့ရဲ့ သိုင်းဘုရင်အဆင့် လက်နက်တွေအတွက်ကတော့ တစ်ခုမှ မယူဘူးလို့ ငါအာမခံတယ်။ မင်းတို့နှစ်ယောက် အနည်းဆုံး သိုင်းဘုရင်အဆင့် လက်နက်တစ်ခုစီလောက်တော့ ရနိုင်တယ်။ “
ဒါကိုကြားတော့ အားလုံးက ခေါင်းညိတ်ကြသည်။
"ကောင်းပြီ၊ မင်းပြောတဲ့စကားကြောင့် ဒီနေ့ မင်းကို ငါတို့ကူညီမယ်။"
စကားစမြည်ပြောသောအခါ၊ သူတို့ခြောက်ယောက်သည် တစ်ချိန်တည်းတွင် သူတို့၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာကြသည်။
တခဏချင်းမှာပဲ ကမ္ဘာကြီးက ပြောင်းလဲသွားသည်။ နန်းမြို့တော်တစ်ခုလုံးတွင် လေနှင့် တိမ်များ လှိုင်းထလာပြီး လျှပ်စီးလက်လာသည်။ တန်ခိုးကြီးသော ရောင်ဝါသည် ကျဆင်းလာပြီး မဟာကျိုး နန်းမြို့တော်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်စေသည်။
တိုင်းသူပြည်သားများ၏ ၇၀% နီးပါးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းမထောင်နိုင်လောက်သည့်အထိပင်။
ဆရာသခင်အဆင့် အောက်ရှိသူများသည် ဤဖိအားကို ရိုးရိုးရှင်းရှင်း မခုခံနိုင်ခဲ့ကြပေ။
နာလန်ဟုန်ယွီ၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးတက်သွားသည်။
ဒီလူတွေကို လုရှောင်ယန်ကိုသတ်နိုင်မယ်လို့ သူ,မမျှော်လင့်ထားပါ။
ရွေးချယ်ခံရသူအနေဖြင့် လုရှောင်ယန်သည် ပိုမိုမြင့်မားသောအဆင့်ရှိ ရန်သူများကို သတ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
ရန်သူများစွာကို တစ်ပြိုင်နက်တည်း အလွယ်တကူ သိမ်းပိုက်နိုင်သည်။
သူသာ အဆင့်တူကျင့်ကြံသူ အနည်းငယ်၏ သတ်ဖြတ်ခြင်းကို ခံရပါက၊ လုရှောင်ယန်သည် အလွန်တန်ဖိုးမမဲ့ပေဘူးလား။
သူမလုပ်ချင်တာက ဒီလူတွေကို အချိန်ဆွဲစေချင်သည်။ ဖုန်းအောက်ထျန်းနဲ့ လီလျှို့ရွှေတို့ဟာ လုရှောင်ယန်ရဲ့ တပည့်တွေကို သတ်ပြီး သူ့ကံတွေ အလွန်နည်းသွားပြီးနောက် သူတို့ဟာ နေရာကူးပြောင်းပြီး လုရှောင်ယန်ကို ပို့ပေးဖို့ သူမကို ကူညီပေးပေလိမ့်မည်။
လုရှောင်ယန်၏ သိုင်းဘုရင်အဆင့် လက်နက်တွေအတွက်တော့... ဟီးဟီး... သဘာဝအလျောက် သူတို့အပိုင်တွေပဲ ဖြစ်လာရမှာပေါ့။
ယခုအချိန်တွင်၊ မဟာကျိုး တော်ဝင်မိသားစု အကြီးအကဲအုပ်စုသည်လည်း ဤစွမ်းအားကို ခံစားသိရှိလာခဲ့သည်။ လူတိုင်း တုန်လှုပ်သွားကြသည်။
"ဘုရားရေ၊ ဘယ်လောက် တန်ခိုးကြီးလိုက်လဲ၊ သူတို့ အားလုံးက အကြီးမြတ်ဆုံးအဆင့်မှာ ရှိတယ်။ ဘာဖြစ်နေကြတာလဲ၊ ငါတို့ရဲ့ မဟာကျိုးမှာ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတွေ ဘာလို့ အများကြီး ရှိနေတာလဲ?"
"ပြီးသွားပြီ။ မဟာကျိုး သွားပြီ!"
"ဒါက ကမ္ဘာကြီးရဲ့ အဆုံး ဖြစ်နိုင်ပါ့မလား?"
မဟာကျိုး အင်ပါယာရှိ အသစ်တည်ဆောက်ထားသော ဧကရာဇ်နန်းတော်တွင် ကျီထျန်းမင်နှင့် အခြားသူများသည် သူတို့လုပ်နေသမျှကို ရပ်တန့်ကာ နှလုံးသားများ တုန်လှုပ်သွားသည်အထိ ကောင်းကင်ဆီသို့ မျှော်ကြည့်နေကြသည်။
" ဘယ်လောက် ပြင်းထန်တဲ့ ဖိအားကြီးလဲ။ ဒီလောက်များတဲ့ အကြီးမြတ်ဆုံးနယ်ပယ်က ပညာရှင်တွေ ဘယ်ကရောက်လာကြတာလဲ။ ဘာဖြစ်နေတာလဲ?"
မဟာကျိုး၏ယခင်ဧကရာဇ်သည် အကြီးအကဲအုပ်စု၏အဖွဲ့ဝင်ဖြစ်နေပြီဖြစ်ပြီး ဧကရာဇ်မဟုတ်တော့ပေ။
ဒီအချိန်မှာ သူ့လက်ကို နောက်ပစ်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ သူသည် ကောင်းကင်ယံမှ ရုပ်ပုံကို စိုက်ကြည့်ကာ အံကြိတ်ထားသည်။
"မင်းကိုရှာဖို့ သူတို့အားလုံး ဒီကိုရောက်နေကြပြီမဟုတ်လား? ဒီတစ်ခါတော့ မင်းရဲ့အစွမ်းသတ္တိကို ထုတ်ပြဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။ မင်းဘယ်သူလဲဆိုတာကို ငါစောင့်မနေနိုင်တော့ဘူး!"
တဖက်သူက လင်းဖေးကို သတ်လိုက်တည်းက သူအတော်ကို သံသယဝင်ဖြစ်နေပြီ။
ကျီဝူရှန်သည် သူ၏ချစ်လှစွာသော သမီးတော်ရူယန်ကို ထီးနန်းရရှိရေးတိုက်ပွဲတွင် သတ်လိုက်သောအခါတွင် ၎င်းကို အတည်ပြုခဲ့ပြီးဖြစ်သည်။
ခရမ်းရောင်ငြိမ်းချမ်းရေးအင်ပါယာနန်းတော်နောက်ကွယ်ကလူကတော့ ကျီဝူရှား၏နောက်ကွယ်ကလူဆိုတာ သေချာပါသည်။
သူသည် မတုံးပေ။ တဖက်လူက သူတို့သုံးယောက်ကို အစွမ်းထက်အောင် လုပ်နိုင်ခဲ့ပြီး ခရမ်းရောင်ငြိမ်းချမ်းရေး အင်ပါယာနန်းတော်ရဲ့ အခြေအနေကို အတည်ပြုဖို့ အကြီးအကဲကိုတောင် သိမ်းသွင်းနိုင်ခဲ့သည်။
လုရှောင်ယန်၏ ခွန်အားသည် အလွန်အစွမ်းထက်ကြောင်း သက်သေပြရန် လုံလောက်ပါသည်။
သို့သော် ဒါကို သူ လက်မခံချင်ခဲ့ပေ။ လုရှောင်ယန် မည်မျှ အစွမ်းထက်သည်ကို သူ မြင်ချင်သည်။
တဖက်သူက သူ့ကို အကြီးအကဲအုပ်စုရဲ့ သာမာန်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဆက်နေစေနိုင်လောက်အောင် အစွမ်းထက်သလားဆိုတာ သူသိချင်သည်။
ဒါမှမဟုတ် အခုမှ တစ်နှစ်နေရင် လုရှောင်ယန် ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့ ဖြစ်နေမလား။
…
နာလန်ဟုန်ယွီကိုစောင့်နေသော လုရှောင်ယန်သည် နှစ်မိနစ်အလိုတွင် ပျင်းလာသည်။ သူ့မှာဘာမှလုပ်စရာမရှိတာကြောင့် ယွင်လီကော၏အဆင့်မြင့်လက်ဆောင်အိတ်ကိုလက်ခံပြီး အချိန်ကုန်အောင်ဖွင့်ဖို့ဆုံးဖြတ်လိုက်တယ်။
မြင့်မြတ်တာအိုစိတ်ဝိညာဉ်ကျောက်တုံး x 1000
အလယ်အလတ်တန်းစား နတ်ဘုရားအဆင့် တာဝါ x 1
အဆင့်မြင့် နတ်ဘုရားအဆင့် နတ်သားရဲဥ x 1
အဆင့်နိမ့် နတ်ဘုရားအဆင့် တိုင်ယိလျှပ်စီးတူ x 1
…
လက်ဆောင်အိတ် ဆယ်အိတ်ကျော်ကို ဆက်တိုက်ဖွင့်ပြီးနောက်၊ မရင်းနှီးသော အစွမ်းထက်သော ရောင်ဝါသည် ကောင်းကင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဒါက လုရှောင်ယန်ရဲ့မျက်လုံးတွေကို ချက်ချင်းလင်းသွားစေသည်။
"သူတို့ ရောက်ပြီပဲ။"
မဆိုင်းမတွဘဲ၊ မဟာကျိုး နန်းမြို့တော်ရှိ အစီအရင်အားလုံးကို ချက်ချင်းအသက်သွင်းလိုက်သည်။
ဤအစီအရင်များသည် တိုက်ပွဲမှထွက်ရှိသော လှိုင်းလုံးများကို ခုခံနိုင်ပြီး ထိုလူများ ဝင်ရောက်ခြင်းမှ တားဆီးနိုင်သည်။ ဤနည်းအားဖြင့် မဟာကျိုး နန်းမြို့တော်ကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောလှိုင်းများဖြင့် ပျက်စီးမိစေခြင်းမှ တားဆီးနိုင်သည်။
ထို့နောက် လုရှောင်ယန်သည် ထိုလူများကို ထွက်ပြေးခြင်းက တားဆီးရန် နန်းမြို့အပြင်ဘက်တွင် အစီအရင်ကို အသက်သွင်းခဲ့သည်။
ဤအရာနှစ်ခုကိုလုပ်ပြီးနောက် လုရှောင်ယန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် ထိပ်တန်းသိုင်းဘုရင်အဆင့် လက်နက်နှစ်ခုဖြစ်တဲ့ ဓားတစ်လက်နှင့် ဓားရှည်တစ်လက်ကို ထုတ်ယူခဲ့သည်။
ဒါကသိပ်တော့အကူအညီဖြစ်မှာမဟုတ်ပါဘူး။ သူ၏ လက်ရှိ အင်အားသည် အလွန်အားကောင်းနေပြီဖြစ်သည်။ သူသည် အကြီးမြတ်ဆုံးအဆင့်၏ သတ္တမအဆင့်သို့ ရောက်ရှိခဲ့ပြီး နည်းလမ်းများစွာရှိသည်။ မြင့်မားသောအဆင့်ရှိသူများကို တိုက်ခိုက်ရန်မှာ သူ့အတွက် လုံးဝပြဿနာမဟုတ်ပေ။
အကယ်၍ သူသည် နတ်လက်နက်ကို ထပ်မံထုတ်ယူခဲ့မည်ဆိုလျှင်၊ ကောင်းကင်ဘုံသည် နတ်ဘုရားမိုးကြိုးနှင့် ပစ်မည်ကို သူတကယ်ကြောက်နေမိသည်။
သူသည် သိုင်းဘုရင်အဆင့်လက်နက်ကို ထုတ်လိုက်သည်နှင့် တစ်ဖက်လူက သူ့ရောင်ဝါကို အာရုံခံမိသွားတော့သည်။ အချိန်မဖြုန်းဘဲ၊ သူတို့ထဲက တစ်ယောက်က သူ့ခေါင်းကို တိုက်ရိုက်ဖိချလိုက်တယ်။
"မင်းက လုရှောင်ယန်လား? ငယ်ငယ်ရွယ်ရွယ်နဲ့ အကြီးမြတ်ဆုံးအဆင့်ထဲကို တကယ်ဝင်ရောက်နေခဲ့တာပဲ။ မင်းရဲ့အရည်အချင်းတွေက တကယ့်ကို အံ့မခန်းပါပဲ။ မင်းကို အချိန်နည်းနည်းပေးရင် မင်း သူတော်စင်အဆင့်ထဲကို ဝင်ဖို့ အလားအလာ အရမ်းများတယ်။
ဒါပေမယ်... ကံမကောင်းစွာပဲ၊ မင်းက မာနကြီးလွန်းပြီး ကိုယ့်ကိုယ်ကို ချုပ်တည်းဖို့ မသိဘူး။ မင်း သတ်လိုက်မိတဲ့သူ.. မှားသွားပြီ…"
"လူ" ဟူသော စကားလုံးကို သူ မပြောမီတွင် တုန်လှုပ်ခြောက်ခြား မြန်ဆန်သော အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် တိုက်ခိုက်လာသည်။
လုရှောင်ယန်ပင်။
သူ့လက်ထဲက သိုင်းဘုရင်အဆင့် ဓားကို ပစ်ချလိုက်သည်။
အုန်း...
အလင်းသည် တစ်ဖက်သား၏ပခုံးကို အညှာအတာမဲ့စွာ ထိုးဖောက်ဝင်ရောက်ကာ ကြီးမားသော သွေးထွက်သံယိုအပေါက်တစ်ခု ထွက်လာခဲ့သည်။
"မာနကြီးတဲ့ကောင်!"
ချက်ခြင်းပြောသောသူသည် အလွန်အေးစက်ပြီး ရုပ်ဆိုးသောအမူအရာရှိသည်။ လုရှောင်ယန်သည် သူ့ရှေ့ရောက်လာပြီးသောအခါတွင် သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး လုရှောင်ယန်ကို သတ်ပစ်တော့မည့်ဟန်ပြင်လိုက်သည်။
ထိတ်လန့်တုန်လှုပ်သော အရှိန်သည် သူ၏ ဒေါသစိတ်ကို ချက်ခြင်း မျိုသိပ်လိုက်ပြီး ၎င်းကို အစားထိုးသည့်အရာမှာ သည်းထန်သော အကြောက်တရားဖြစ်သည်။
လုရှောင်ယန်က ဒီကို ဘယ်လို မြန်မြန်ရောက်လာတာလဲ?
သူ့အမြန်နှုန်းက ဘာလို့ ဒီလောက်မြန်ရတာလဲ?
သူဘယ်လိုလုပ်တာလဲ?
လုရှောင်ယန်ထံမှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်တို့ကို ခံစားသိရှိလိုက်ရသဖြင့် သူ လုံးဝ သတိမလွတ်ဝံ့တော့ပေ။ သူသည် လုရှောင်ယန်ကိုတွန်းလှန်ရန် ထိပ်တန်းအဆင့် သူတော်စင်အဆင့် အထက်ဓားလက်နက်၊ သိုင်းဘုရင်အဆင့် တစ်ပိုင်းလက်နက်နှင့် ဓားတစ်လက်ကို ချက်ချင်းထုတ်ပစ်လိုက်သည်။
သို့သော် သူဆွဲထုတ်ပြီးရုံရှိသေး လုရှောင်ယန်က သူ့လက်ကို မြှောက်လိုက်ပြီး ခုတ်လိုက်ပေပြီ…
***
အပိုင်း ၂၀၅ ကံကြမ္မာတိုက်ပွဲ
အကြီးမြတ်ဆုံးအဆင့် ကျင့်ကြံသူသည် သူ၏ အကြီးမြတ်ဆုံးအဆင့် လက်နက်ကို ကိုင်ဆောင်ထားသည့် လက်ကို လုရှောင်ယန်မှ တိုက်ရိုက်မဖြတ်မီ တုံ့ပြန်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။
သွေးများ ပန်းထွက်လာခဲ့သည်။ တဖက်သူက တုံ့ပြန်နိုင်ပြီး မြန်မြန်ပြန်မဆုတ်နိုင်ခင်မှာ လုရှောင်ယန်၏ ဒုတိယဓားသွားတိုက်ခိုက်မှုဟာ ကျရောက်လာခဲ့ပြီဖြစ်သည်။
နောက်တော့ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ...
တခဏအတွင်း စုစုပေါင်း အကြိမ် ၈၄၀၀ လောက် လွှဲခုတ်ပစ်ခဲ့ပေပြီ ။
ဓားချက်သည် သေစေနိုင်ပြီး အခြားသူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ပိုင်းဖြတ်ခဲ့သည်။
ထိုအချိန်တွင် သိုင်းဘုရင်အဆင့်ဓားသည် ပြုတ်ကျလာခဲ့ရာ လုရှောင်ယန်သည် ဓားကို ဖမ်းကိုင်လိုက်ပြီး အရှိန်ကို အသုံးပြုကာ မိုးကြိုးကိုစုစည်း၍ တစ်ဖက်သူကို ပြာအဖြစ် တိုက်ရိုက်ချေမှုန်းခဲ့သည်။ တစ်ဖက်သူ၏ ဝိညာဉ်အထိ ကွဲအက်ကာ ဒီကမ္ဘာကြီးကနေ လုံးဝပျောက်ကွယ်သွားစေသည်။
ဤတိုက်ခိုက်မှုများကို မြန်မြန်ဆန်ဆန် ပြီးမြောက်ပြီးနောက် လုရှောင်ယန်သည် နောက်ဆုံးတွင် ရပ်လိုက်ပြီး အသက်ရှူသွင်းလိုက်သည်။
"ဟား… မင်းမှာ သိုင်းဘုရင်အဆင့် လက်နက်တောင် မရှိဘူး၊ ဒါတောင် မင်းငါ့ကို တိုက်ရဲတယ်ပေါ့။ ဘယ်လောက်ရှက်စရာကောင်းလဲ။"
အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူတစ်ယောက်အတွက် သိုင်းဘုရင်အဆင့် လက်နက်မရှိတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လူတိုင်းက လုရှောင်ယန်လို ပုံမှန်မဟုတ်တာမျိုး မဟုတ်လို့ပါပဲ။
ထို့အပြင်၊ လူတိုင်းသည် ဖုန်းအောက်ထျန်းကဲ့သို့ ကံကောင်းခြင်းမျိုးမရှိ၍ လမ်းဘေးဆိုင်များတွင် သိုင်းဘုရင်အဆင့် လက်နက်များကို ရှာမတွေ့နိုင်ပေ။
မဟာကျိုး ဧကရာဇ်မိသားစုတွင် စုစုပေါင်း သိုင်းဘုရင်အဆင့် လက်နက်ငါးခုရှိသည်။ ၎င်းတို့အားလုံးသည် မဟာကျိုး အင်ပါယာကို တည်ထောင်ခဲ့သော ဧကရာဇ်မင်း ချန်ရစ်ခဲ့ခြင်းဖြစ်သည်။
ထိုဧကရာဇ်သည်လည်း သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
နတ်ဆိုးဂိုဏ်းမှ လင်းရှင်းရွှယ်သည် သိုင်းဘုရင်အဆင့် လက်နက်တစ်ခုသာရှိသည်။ လွန်ခဲ့သည့် နှစ်တစ်ထောင်က နတ်ဆိုးအရှင် အမွေပေးခဲ့ခြင်းဖြစ်သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ပင် သိုင်းဘုရင်အဆင့် လက်နက်များသည် အလွန်ရှားပါးသည်။
လုရှောင်ယန်ကဲ့သို့ အထူးတည်ရှိနေသူမှသာ မရေမတွက်နိုင်သော သိုင်းဘုရင်အဆင့်လက်နက်များ ရှိမည်ဖြစ်သည်။
လုရှောင်ယန်သည် အကြီးမြတ်ဆုံးအဆင့်မှ ကျွမ်းကျင်သူတစ်ဦးကို ချက်ချင်းသတ်ပစ်လိုက်သည်ကို မြင်လိုက်ရသောအခါ အခြားသူများ၏အမူအရာများသည် ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် လုရှောင်ယန် ဤမျှလောက်ထိမြန်ပြီး အစွမ်းထက်မည်ဟု မမျှော်လင့်ထားသောကြောင့်ဖြစ်သည်။
နောက်ဆုံးတွင်၊ အခြားသူသည် အချိန်တိုအတွင်း အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ဦးကို သတ်နိုင်ခဲ့သည်။
သို့သော် သူတို့ မကြောက်ခဲ့ပေ။
ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူသည် ၎င်းတို့အားလုံးထဲတွင် အညံ့ဆုံးဖြစ်သောကြောင့်ဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် အကြီးမြတ်ဆုံးအဆင့် ပထမအဆင့်တွင်သာ ရှိသေးသည်။ သူသည် အကြီးမြတ်ဆုံးအဆင့်သို့ တက်လှမ်းကာစ ကျင့်ကြံသူတစ်ဦးဖြစ်သည်။
သူ့တွင် သိုင်းဘုရင်အဆင့်လက်နက်တောင် မရှိပေ။
ထို့အပြင်၊ လုရှောင်ယန်တွင် သူ၏တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ပေးသည့် သိုင်းဘုရင်အဆင့် လက်နက်တစ်ခုရှိသည်။ တစ်ဖက်လူ သတိလက်လွတ်ဖြစ်နေသည့် အခြေအနေတွင် လုရှောင်ယန်သည် တစ်ဖက်လူကို သတ်လိုက်သည်မှာ အံ့သြစရာမဟုတ်ပေ။
ဟုတ်တာပေါ့၊ ဒီလိုဆိုလျှင်တောင်မှ သူတို့ လုရှောင်ယန်ကို လျှော့တွက်မှာတော့ မဟုတ်ဘူး။
သို့သော်လည်း သူတို့သည် အောင်ပွဲရရန် အခွင့်အလမ်းများ တိုးမြင့်လာစေရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ကာ လုရှောင်ယန်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။
"ဒီကောင်လေးရဲ့ လေ့ကျင့်မှုဟာ အလွန်အစွမ်းထက်တယ်။ အားလုံးပဲ သူ့ကို တစ်ယောက်ချငိး မတိုက်ခိုက်ကြနဲ့၊ သူ့ကို အတူတူ တိုက်ခိုက်ပြီး သတ်ကြမယ်၊ ပြီးရင်တော့ သူ့ရဲ့ သိုင်းဘုရင်အဆင့် လက်နက်ကို ခွဲဝေယူကြတာပေါ့။"
"အတူတူ တိုက်ခိုက်ကြရအောင်။"
နာလန်ဟုန်ယွီက အော်လိုက်သည်။ ဤအခိုက်အတန့်တွင် အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူများအားလုံးသည် လုရှောင်ယန်ကို စတင်တိုက်ခိုက်တော့သည်။
ကောင်းကင်မှာ မီးလုံး ခုနစ်လုံးကို ချက်ချင်းမြင်ရသည်။ ၎င်းတို့ အဆက်မပြတ် တိုက်မိကြသည်။
တိုက်မိသည့်အခါတိုင်း မိုးကြိုးပစ်သည်။ ကောင်းကင်မှာ လျှပ်စီးတွေ ထပ်ခါထပ်ခါ ရိုက်ခတ်နေပြီး ပေါက်ကွဲသံတွေက ခဏတာမျှ ရပ်မသွားပေ။
သူတို့၏ တိုက်ပွဲလှိုင်းလုံးတွေကြောင့် ကောင်းကင်မှာ တိမ်တွေတောင် ကွဲအက်ပြီး အငွေ့ပျံခဲ့သည်...
ကောင်းကင်မှာ တိမ်တွေ မရှိတော့ပါ။
ဤသည်မှာ မဟာကျိုး နန်းမြို့တော်တော်ကြီးတစ်ခုလုံး၏ သမိုင်းတွင် မှတ်တမ်းတင်ရမည့် တိုက်ပွဲဖြစ်သည်။
လုရှောင်ယန်သည် အကြီးမြတ်ဆုံးအဆင့် သိုင်းပညာရှင် ခုနစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအစတွင် တစ်ဦးပင် သေဆုံးခဲ့ပြီးဖြစ်သည်။
လုရှောင်ယန်၏ အဆင့်အတန်းကို လူအနည်းငယ်ကသာ သိကြသည်။
တခြားသူတွေကတော့ လုရှောင်ယန် ဘယ်သူလဲဆိုတာ မသိကြပါ။
တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်ပညာရှင် ခြောက်ဦးသည် လျှပ်စီးကြောင်းကဲ့သို့ တိုက်ခိုက်ခဲ့ပြီး အကန့်အသတ်မရှိ ခွန်အားရှိသည်။
ဓားတစ်ချောင်းသည် လေထုကိုဖြတ်သွားကာ ဓားတစ်ချောင်းသည် လုရှောင်ယန်၏ အရေးကြီးသောအစိတ်အပိုင်းများကို တိုက်ခိုက်ရန် ဝိညာဉ်စွမ်းအင်ကို ထုတ်ယူခဲ့သည်။
လုရှောင်ယန်သည်လည်း မရှောင်တိမ်းပေ။
သူသည် နတ်ဘုရားအဆင့် ချပ်ဝတ်တန်ဆာသုံးလွှာကို ဝတ်ဆင်ထားပြီးဖြစ်သည်။
အမှန်တော့၊ သူသည် နတ်ဘုရားအဆင့် ချပ်ဝတ်တန်ဆာအသစ်ကို ရရှိတိုင်း၊ သူချက်ချင်း ဝတ်ဆင်ထားခဲ့သည်။
ဤချပ်ဝတ်တန်ဆာများအားလုံးကို ဝိညာဉ်ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် မည်မျှဝတ်ထားပါစေ၊ ၎င်းကို ဖုံးကွယ်ထားနိုင်ဆဲဖြစ်သည်။ လုရှောင်ယန်၏ အသွင်အပြင်ကို ကြည့်ရုံဖြင့် မည်သူမျှ မပြောနိုင်ပေ။
နတ်ဘုရားအဆင့် ချပ်ဝတ်တန်ဆာမှလွဲ၍ ထိပ်တန်းအဆင့် သိုင်းဘုရင်အဆင့်ချပ်ဝတ်တန်ဆာ အလွှာနှစ်ခုလည်း ရှိသည်။
ဤသည်မှာ လူတစ်ဦး၏ ချပ်ဝတ်တန်ဆာဝတ်ဆင်နိုင်မှု ကန့်သတ်ချက် ဖြစ်နေပြီဖြစ်သည်။ မဟုတ်ရင် လုရှောင်ယန်ဟာ သူ၏ သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာ ဒါဇင်ပေါင်းများစွာကို ၀တ်ဆင်ထားပေလိမ့်မည်။
သို့တိုင်အောင် လုရှောင်ယန်သည် သူ၏ကိုယ်တွင်းအင်္ဂါများကို တိုက်ရိုက်ဖုံးအုပ်ရန် မပျက်စီးနိုင်သောရွှေကိုယ်ထည်အလွှာကို အသုံးပြုနေဆဲဖြစ်ပြီး အထူးသဖြင့် သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာ ခုခံကာကွယ်နိုင်စွမ်းမရှိသည့် အစိတ်အပိုင်းများတွင် ရှိသည်။
လက်ရှိ လုရှောင်ယန်သည် ဖျက်ဆီး၍မရဟုပင် ဆိုနိုင်လောက်သည်။
သူအဲဒီမှာ ရပ်ပြီး လူအနည်းငယ်ကို သူ့ကို တိုက်ခိုက်ခွင့်ပေးရင်တောင်မှ သူ့ခုခံမှုကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး။
အကြီးမြတ်ဆုံးအဆင့် ကိုယ်ခံပညာရှင် ခြောက်ဦးသည် လုရှောင်ယန်ကို ဝိုင်းရံထားပြီး အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့သည်။ သို့သော်လည်း လုရှောင်ယန်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ပေ။
"အင်း၊ ဒီကောင်က ဘာလို့ လိပ်နဲ့တူနေတာလဲ၊ ငါ သူ့ကို လုံးဝထိခိုက်အောင် မတိုက်နိုင်ဘူး။"
"စိတ်ဓာတ်မကျပါနဲ့၊ သူ့မှာ သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာတွေအများကြီးရှိတယ်။ သူ့ကိုသတ်နိုင်သရွေ့တော့ ဒီ သိုင်းဘုရင်အဆင့် လက်နက်တွေကို ငါတို့ရနိုင်တယ်။ သိုင်းဘုရင်အဆင့် လက်နက်တွေအတွက် ဆက်လုပ်ပါ။"
နာလန်ဟုန်ယွီသည် သူမ၏အဖော်ကို ဆွဲဆောင်နေစဉ်တွင် သူမသည် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ လုရှောင်ယန်၏ ကျင့်ကြံမှုသည် ရိုးရှင်းစွာ အစွမ်းထက်လွန်းလှသည်။
သူမသည် သွေးဆောင်ခံခဲ့ရသည်။
သူမနှင့် လုရှောင်ယန်သာ ရန်သူမဟုတ်လျှင်.. သူတို့ နှစ်ယောက် အတူတူ ပူးပေါင်းပြီး လုရှောင်ယန်၏ မိန်းမ ဖြစ်လာရင် သူတို့ နှစ်ယောက်အတူ ထကြွပြီး ဒီကမ္ဘာကြီးရဲ့ အုပ်စိုးရှင် ဖြစ်လာမှာ သေချာသည်။
သို့သော်လည်း ယခုအခါတွင် နှစ်ဘက်စလုံးသည် သေသည်အထိ တိုက်ပွဲဝင်မည့် ရန်သူများ ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူမအနေနှင့် သတ်ပစ်ရုံသာတတ်နိုင်တော့သည်။
ကောင်းကင်ယံ၌ အတက်အကျသည် ပို၍ အားကောင်းလာသည်။ မဟာကျိုး နန်းမြို့တော်၏ ခံစစ်ခင်းကျင်းမှုသည် အမှန်တကယ် တုန်လှုပ်သွားသလို ခံစားရသည်။ မူလက ခိုင်မာသော ခံစစ်အတားအဆီးသည် ယခုအချိန်တွင် ရေကဲ့သို့ ခုန်တက်လာသည်။
လုရှောင်ယန်၏ အမူအရာမှာ တည်ငြိမ်သွားသည်။
၎င်းတို့ ခြောက်ဦး တိုက်ခိုက်ခဲ့ရာမှ ယခုအချိန်အထိ အကြိမ်ပေါင်း တစ်သောင်းကျော် တိုက်ခိုက်ခဲ့သည်။
တစ်စက္ကန့်မျှသာ ကြာခဲ့သည်။
အကြီးမြတ်ဆုံးအဆင့် တိုက်ပွဲ၏ အရှိန်နှင့် ခွန်အားသည် ဤကမ္ဘာငယ်လေး၏ ခံနိုင်ရည်အား ကျော်လွန်နေပြီဖြစ်သည်။
သာမန်လူများ ခံစားနိုင်သောအဆင့်ကို ကျော်လွန်သွားခဲ့သည်။
သာမာန်လူများသည် ကောင်းကင်တွင် လျှပ်တစ်ပြက် လျှပ်စီးကြောင်းများကိုသာ မြင်နိုင်ပြီး ၎င်းတို့၏ ပတ်ဝန်းကျင်ကို လှုပ်ခတ်နေသော လှိုင်းလုံးကြီးများကို ခံစားနိုင်သည်။
သူတို့ မတုံ့ပြန်နိုင်ခင်မှာ မြေပြင်ပေါ် ဒူးထောက်ပြီးပြီ။
ဒါက သူတို့ခန္ဓာကိုယ်ရဲ့ ပင်ကိုယ်တုံ့ပြန်မှုပင်။ သူတို့၏ ဝိညာဉ်များသည် ၎င်းကို အလွယ်တကူ မကိုင်တွယ်နိုင်ခဲ့ကြပေ။
တစ်စက္ကန့်အတွင်းမှာပဲ လုရှောင်ယန်ဟာ ရိုးရှင်းတဲ့ သွေးပူမှုအပြီးမှာ တိုက်ရိုက် ထိုးဖောက်သွားတော့သည်။
ယခင် ထိပ်တိုက်ရင်ဆိုင်မှုတွင် သူသည် သူ၏ အင်အား ၉၀% ကိုသာ အသုံးပြုခဲ့သည်။ အခုတော့ သူ့ ရဲ့ ခွန်အား ၁၀၀% ကို တိုက်ရိုက် ထုတ်လွှတ်ချင်နေပေပြီ။
ထိုသူတို့ကို ဖိနှိပ်ပစ်ချင်မိသည်။
အုန်း...
လုရှောင်ယန်သည် သူ၏ဓားနှင့် ဓားရှည်တို့ကို တစ်ပြိုင်နက်တည်း လွှဲခုတ်လိုက်သည်။ လုရှောင်ယန်ကို ပထမဆုံးတိုက်ခိုက်ခဲ့သော အကြီးမြတ်ဆုံးအဆင့်ကိုယ်ခံပညာရှင်နှစ်ဦးသည် ချက်ချင်းပင် မီတာထောင်ပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။
အကြီးမြတ်ဆုံးအဆင့် ကိုယ်ခံပညာရှင် နှစ်ယောက်စလုံး အံသြသွားကြသည်။ သိုင်းဘုရင်အဆင့် လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် သူတို့၏လက်များသည် အဆက်မပြတ်တုန်ခါကာ သူတို့၏နှလုံးသားများ နာကျင်လာသည်။
အဘယ်ကြောင့်ဆိုသော် လုရှောင်ယန်၏ စွမ်းအားသည် ပြင်းထန်လွန်းသောကြောင့်ပင်။ ရလဒ်အနေဖြင့် ၎င်းတို့၏ အကြီးမြတ်ဆုံးအဆင့် ခန္ဓာကိုယ်အသီးသီးမှ ဤစွမ်းအားကို ခံနိုင်ရည်မရှိဖြစ်ပြီး တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ အင်အားက သူတို့၏ အတွင်းအင်္ဂါတွေကိုတောင် တုန်လှုပ်စေသည်။
တစ်စုံတစ်ယောက်သည် လုံလောက်သော စွမ်းအားရှိပါက၊ လုရှောင်ယန်၏ တုန်လှုပ်ဖွယ်တိုက်ခိုက်ချက် သဘာဝအတိုင်း ရှောင်ရှားနိုင်မည်ဖြစ်သည်။
သို့သော် ရိုးရိုးသားသားပြောရလျှင် တူညီသောအဆင့်ရှိသူတစ်ဦးကို ရှာတွေ့ရန်မှာ မလွယ်ကူပေ။
ဤနေရာရှိ လူအနည်းငယ်ကိုတော့ ထည့်ပြောနေရန်မလိုတော့ပေ။
ဤ အကြီးမြတ်ဆုံးအဆင့် ကိုယ်ခံပညာရှင်နှစ်ဦး မတုံ့ပြန်မီတွင် အခြားသော အကြီးမြတ်ဆုံးအဆင့် ကိုယ်ခံပညာရှင်လေးဦးကိုလည်း လုရှောင်ယန်၏ ကြီးမားသော စွမ်းအားဖြင့် လွင့်ထွက်စေခဲ့သည်။
လူတိုင်း၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ လုရှောင်ယန်သည် ဤကဲ့သို့ ပြင်းထန်သော ခွန်အားကို ထုတ်လွှတ်နိုင်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။
"ဒီကောင်က အကြီးမြတ်ဆုံးအဆင့် ဟုတ်ရဲ့လား။ ငါတို့အားလုံးက အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူတွေပါ။ ငါတို့က အကြီးမြတ်ဆုံးအဆင့် ပညာရှင်အတုတွေလို့ ဘာလို့ခံစားရတာလဲ။ ဒီမှာ သူတစ်ယောက်ပဲ အကြီးမြတ်ဆုံးအဆင့် ပညာရှင်စစ်စစ်လား။"
အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူများထဲမှ တစ်ဦးသည် ကျိန်ဆဲရုံမှတစ်ပါး မတတ်နိုင်ပေ။ သူကျိန်ဆဲမည့်ဆဲဆဲ အလွန်အစွမ်းထက်သည့် သတ်ဖြတ်လိုစိတ် သူ့ထံဦးတည်လာသည်ကို ခံစားလိုက်ရသည်။
သူ အများကြီးမတွေးဘဲ ချက်ခြင်းပြန်ဆုတ်သွားသည်။
လုရှောင်ယန်ကဲ့သို့ သူကို ရင်ဆိုင်နေရ၍ ရပ်တန့်ရန် မဝံ့ရဲခဲ့ပေ။
တကယ်တော့ သူ့ခန့်မှန်းချက်က မှန်သည်။ သူထွက်သွားသည်နှင့် နောက်တစ်စက္ကန့်တွင် သူရပ်နေသည့်နေရာကို လုရှောင်ယန်က ခုတ်ထစ်ကာ အကွဲအပြဲတစ်ခုကို လေထုအတားအဆီးတွင် တိုက်ရိုက်ဖန်တီးခဲ့သည်။
ဟစ်...
အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူသည် သူ၏ ဦးရေပြား ထုံသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ဤလူသည် လေထုအတားအဆီးအတွင်း အက်ကွဲကြောင်းများဖြစ်အောင် ဖြတ်တောက်နိုင်ခဲ့သည်။ ဒါက နည်းနည်း ကြောက်စရာကြီး မဟုတ်ဘူးလား။
သူတော်စင်အဆင့်မှသူတို့သာလျှင် လေထုအတားအဆီး ကိုဖြတ်ကျော်ပြီး တိုက်ခိုက်သည့်အခါ လေဟာနယ်အက်ကွဲကြောင်းများကို ဖန်တီးနိုင်သည်ကို သိရှိထားရမည်ဖြစ်သည်။
ဟုတ်ပါတယ်၊ အခြားနည်းလမ်းတစ်ခုရှိပါသေးသည်။ နိမ့်ကျသော ကျွမ်းကျင်သူတစ်ဦးသည် မတူညီသော ပြင်းထန်သောတိုက်ခိုက်မှုများကို ပေါင်းစည်းလိုက်သောအခါတွင်လည်း လေဟာနယ်အက်ကွဲကြောင်းကို ဖန်တီးရန် အခွင့်အရေး ရှိလာသည်။
ဥပမာအားဖြင့်၊ ဖုန်းအောက်ထျန်းသည် သိုင်းဘုရင်အဆင့်အောက်ရှိ လက်နက်မျိုးစုံကို အဆက်မပြတ်ဖောက်ထုတ်ခြင်းဖြင့် လေဟာနယ်အက်ကွဲကြောင်းများကို ဖန်တီးနိုင်သည်။ သို့မဟုတ်ပါက သူသည် သိုင်းဘုရင်အဆင့် လက်နက်တစ်ခုတည်းကို တိုက်ရိုက် ဖောက်ခွဲနိုင်သည်။
သို့သော်လည်း ပြဿနာမှာ လုရှောင်ယန်သည် လှုပ်ရှားမှုတစ်ခုတည်းသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
တစ်ချက်သာ...။
ဤတစ်ချက်တည်းဖြင့် သူသည် လေထု အတားအဆီးကို တိုက်ရိုက်ချိုးဖျက်ပစ်လိုက်သည်။ ဒီထဲမှာ ပါဝင်သည့်အစွမ်းသည် ဘယ်လောက် အစွမ်းထက်သည်လဲ။
၎င်းတို့အနက် မည်သူမှ လုရှောင်ယန်လိုမျိုး သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာ၏ ခုခံကာကွယ်ခြင်းမရှိပါ။ သူတို့ ၀တ်ဆင်ထားသည့် အကောင်းဆုံး ချပ်ဝတ်တန်ဆာကတော့ သူတော်စင်အဆင့် ချပ်ဝတ်တန်ဆာ အသေးလေးပဲ ဖြစ်သည်။ လုရှောင်ယန်ရဲ့ တိုက်ခိုက်မှုကို ဒီအဆင့်ရဲ့ သံချပ်ကာက ဘယ်လို ခုခံနိုင်မလဲ။
သူတို့လက်ထဲမှာရှိတဲ့ သိုင်းဘုရင်အဆင့် လက်နက်တွေက လုရှောင်ယန်၏ ဓားသွားတွေကို အချိန်တိုင်း ပြီးပြည့်စုံအောင် မကာကွယ်နိုင်ဘူးဆိုရင် သူတို့အားလုံး လုရှောင်ယန်ရဲ့လက်မှာ သေဆုံးသွားကြလိမ့်မည်။ အနည်းငယ်သွေဖည်သွားလျှင်ပင် သူတို့၏ အသက်ကို ဆုံးရှုံးစေနိုင်သည်။
ကြောက်စရာအကောင်းဆုံးမှာ ဤ..သောက်.. လုရှောင်ယန်၏ တိုက်ခိုက်ရေးအမြန်နှုန်းသည် ၎င်းတို့ထက် အဆပေါင်းမရေမတွက်နိုင်အောင် မြန်ဆန်နေခြင်းဖြစ်သည်။
ဤအရှိန်အဟုန်၏ အားကောင်းလာမှုနှင့်အတူ၊ သူတို့သည် လုရှောင်ယန်ကို အနိုင်ယူရန် လုံးဝ
အခွင့်အရေးမရှိပေ။
ပြီးသွားပြီ။
ဒီတစ်ခါတော့ လုံးဝ မရှုပ်သင့်တဲ့ သူတစ်ယောက်ကို ရှုပ်မိသွားပြီ။
အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူများထဲမှ တစ်ဦးက သူသည် သူ့ဘဝ၏ အကြီးမားဆုံးသော အမှားကို ပြုလုပ်ခဲ့သည်ဟု ခံစားခဲ့ရသည်။
သူသည် နာလန်ဟုန်ယွီ၏ ဗရုတ်သုတ်ခစကားများကို နားထောင်ပြီး လုရှောင်ယန်ကို ပြဿနာရှာရန် မလာသင့်ဟု ချက်ခြင်းပင် ခံစားရလေသည်။
တဖက်သူတွင် သိုင်းဘုရင်အဆင့် လက်နက်များနှင့် ဓမ္မရတနာများစွာရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သူတစ်ယောက်ရနိုင်ရင် သူ့ဘဝအတွက် အလွန်အကျိုးရှိပေလိမ့်မယ်။
သို့သော် ငွေရှာရန်အတွက် သုံးစွဲရန် အသက်ရှင်နေရမည်။
မဟုတ်ဘူး၊ ဒါက ဆက်မလုပ်နိုင်ဘူး။ ဒီအတိုင်းဆက်သွားရင် သူဒီမှာပဲသေလိမ့်မယ်။
"ပြေးတော့…."
***