← Chapters

အခန်း (၁၉၆-၂၀၀)

Vol. 14 Ch. 196-200

အခန်း (၁၉၆-၂၀၀)

Vol. 14 Ch. 196-200

အပိုင်း ၁၉၆ သနားစရာ သုံး​ယောက်အဖွဲ့..

စည်းစိမ်ဥစ္စာများစွာကို ယူ​ဆောင်ပြီးချိန်တွင်၊ လုရှောင်ယန်သည် ရှေးဟောင်းသင်္ချိုင်းတိုင်းရှိ အစီအရင်များကို ပြန်လည်ပြုပြင်ရန် မမေ့ခဲ့ပေ။

 ဤနည်းဖြင့် နောက်ထပ်​ဝင်​ချင်​သည့် မည်​သူမဆိုအတွက် စိတ်​ဝင်​စားစရာဖြစ်​စေမည်​။

 သို့သော် လုရှောင်ယန်သည် ရှေးဟောင်းသင်္ချိုင်းတွင်းသို့ ဝင်ရောက်ပြီးနောက် သူချက်ချင်းပင် အံသြသွားခဲ့သည်။

 "​ဟေ့ ညီအစ်ကို၊ မင်းက အရမ်းဆင်းရဲ မနေဘူးလား။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ မင်းမှာ အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး ရာဂဏန်း၊ ကောင်းကင်ဘုံအဆင့်လက်နက်နဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကြေးပုလင်းတစ်လုံးပဲရှိတယ်။ ဒီမနက် ငါလုယက်ခဲ့တဲ့ ဘုရင်အဆင့်ကျွမ်းကျင်ပညာရှင်ရဲ့ သင်္ချိုင်းက မင်းရဲ့စည်းစိမ်ထက်တောင် ပိုများ​သေးတယ်။"

 လုရှောင်ယန်သည် သူ၏ပစ္စည်းများကိုပင် တဖက်သူအတွက် မြှုပ်နှံထားသည့်အရာများအဖြစ် ချန်ထားခဲ့ချင်စိတ်ကိုပင် ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့သည်။

 သို့သော် နောက်ဆုံးတွင် သူ ခံနိုင်ရည်ရှိနေဆဲပင်။

 ဘာပဲ​ပြော​ပြော သူပိုင်ဆိုင်တဲ့ အရာတွေက တခြားသူတွေရဲ့ သင်္ချိုင်း​တွေကနေ တူးဖော်ခဲ့တဲ့ အရာတွေပါ။

 "ဟင်း..၊ မင်းဘယ်လောက်သနားဖို့ကောင်းလဲဆိုတာ​လေ ငါ မင်းရဲ့ပစ္စည်းတွေကို မလုယူရက်ဘူး။"

 လုရှောင်ယန် ရုတ်​တရက်​စိတ်​မ​ကောင်းဖြစ်​သွားသည်​နှင့်​ ​ခေါင်းယမ်းလိုက်​သည်​။

 "မင်းပစ္စည်းတွေ ငါမယူဘူး။ ဒီပုလင်းကို ငှားပါ။"

 အမျိုးသားများသည် သဘာဝအတိုင်း အပေါက်များကို စွဲလမ်းကြသည်။ စစ်မှန်သော​ယောကျ်ားသည် ဆီးအပေါက်ကိုရှာရမည်။ ဤသည်မှာ ယောက်ျားစစ်စစ်များ မည်သို့ ဆီးသွားသည်ပင် ဖြစ်သည်။

 ဆီးသွားပြီးနောက် လုရှောင်ယန် တုန်ခါသွားပြီး နောက်ရှေးဟောင်းသင်္ချိုင်းကို ရှာ​ဖွေရန် ချက်ချင်း ပြေးသွားခဲ့သည်။

 "ငါက သင်္ချိုင်းဖောက်တဲ့သူတစ်ယောက်ဖြစ်ပြီး သင်္ချိုင်းလုယက်တာ အရမ်းတော်ပါတယ်။ သူ့အမေရဲ့ အုတ်ဂူကို လုယက်ပြီး ဖေဖေ့အုတ်ဂူကို လုယက်ပြီး သူ့ဘိုးဘွားအုတ်ဂူကိုတောင် ရှင်းပစ်ခဲ့တယ်..."

 …

  လုရှောင်ယန် သီဆိုနေစဉ်တွင် သူ၏အသံသည် ပျောက်ကွယ်သွားခဲ့သည်။  များမကြာမီတွင်... 

ဥက္ကာပျံများကဲ့သို့ ရှေးခေတ်သင်္ချိုင်းပေါ်သို့ မီးလုံးသုံးလုံး ကျရောက်လာသည်။

 "အဲဒါက ဒီမှာပဲ။ အာကေရှားဂိုဏ်းရဲ့ အချက်အလက်တွေအရ၊ ဒီနေရာဟာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူရဲ့ သင်္ချိုင်းဖြစ်နိုင်ချေ အရမ်းများတယ်။"

 သူတို့ သုံးယောက်က သူတို့ရဲ့ ကိုယ်ခန္ဓာကို တည်ငြိမ်စေပြီး သူတို့၏ အမူအရာတွေကို ထုတ်ဖော်လိုက်သည်။ ၎င်းတို့မှာ နာလန်ဟုန်ယွီ၊ ဖုန်းအောက်ထျန်းနှင့် လီလျှို့ရွှေတို့ဖြစ်သည်။

 ဖုန်းအောက်ထျန်း၏ အမူအရာမှာ မကောင်းသလို အနည်းငယ် မှုန်မှိုင်း​နေသည်။

 "နာလန်ဟုန်ယွီ၊ ဒီတစ်ခါ မင်းရဲ့အချက်အလက်တွေ ထပ်မမှားဖို့ ငါမျှော်လင့်တယ်။"

 နာလန်ဟုန်ယွီ အနည်းငယ်ရှက်သွားသည်။

 တကယ်တော့ ဒါက သူမအပြစ်မဟုတ်ဘူး။ အာကေရှားဂိုဏ်း၏ အချက်အလက်များသည် 

အခြေခံအားဖြင့် မှန်ကန်မြဲဖြစ်သည်။ ၎င်း၏တိကျမှုအလွန်မြင့်မားသည်။ ယခင်က လုယက်ခံခဲ့ရသည့် အချည်းနှီးသော သင်္ချိုင်းအချို့မှလွဲ၍ ကျန်အားလုံးသည် လူသူမရောက်​သေးသော ရှေးဟောင်းသင်္ချိုင်းများဖြစ်သည်။ သို့သော် သူတို့သွားရောက်လည်ပတ်သည့် သင်္ချိုင်းများတွင် အစီအရင်များသို့မဟုတ် တိုက်ခိုက်မှု စက်ယန္တယားများပင် ဖြစ်ပါစေ၊ ၎င်းတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အစွမ်းထက်လှသည်။

 နာလန်ဟုန်ယွီက ဒါကို တကယ်မမျှော်လင့်ထားပါ။ အမှန်တော့၊ ထိပ်တန်းပညာရှင်တစ်ယောက်၏ သင်္ချိုင်းကလွဲလို့ ဘယ်အုတ်ဂူက အစွမ်းထက်တဲ့ အစီအရင်တွေ အများကြီးရှိမှာလဲ။

  ထို့အပြင် ထိုရှေးဟောင်းသင်္ချိုင်းများကို အလွန်ကောင်းမွန်စွာ တည်ဆောက်ထားသည်မှာ ထင်ရှားသည်။ မြေအောက်နေရာသည် အလွန်ကျယ်သည်။ အချို့သော သင်္ချိုင်းများသည် ​ကမ္ဘ​မြေကို မမှီခို​သော နေရာသစ်များကို ဖွင့်လှစ်ခြင်းဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းသင်္ချိုင်းများပင် ရှိသည်။

 ဤရှေးဟောင်းသင်္ချိုင်းများသည် အစစ်အမှန်ဖြစ်သည်။ သူ့အသက်နှင့် အာမခံရဲသည်။

 သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူတို့ကြုံတွေ့ခဲ့ရသော ရှေးဂူသင်္ချိုင်းအားလုံးနီးပါးမှာ အလွတ်ဖြစ်နေသည်။ ယခုအချိန်အထိ ၎င်းတို့သည် ရှေးဘုရင်အဆင့်စစ်စစ် ဂူသင်္ချိုင်းနှစ်ခု သို့မဟုတ် သုံးခုမျှသာရှိပြီး နှစ်ပေါင်း ၆,၀၀၀ ကျော်သက်တမ်းရှိသော ဧကရာဇ်အဆင့်သင်္ချိုင်းကို တွေ့ရှိခဲ့ကြသည်။

 သို့​သော် အထဲက ပစ္စည်းတွေက လီလျှို့ရွှေနဲ့ ဖုန်းအောက်ထျန်းရဲ့ လက်ထဲက ပစ္စည်းတွေလောက် အဖိုးမတန်​ပေ။

 တန်ဖိုးအရှိဆုံးပစ္စည်းများမှာ အဆင့်နိမ့် သိုင်းဘုရင်အဆင့် လက်နက်နှစ်ခုနှင့် အဆင့်နိမ့် သိုင်းဘုရင်အဆင့်​သွေး​ဆေး တို့ဖြစ်ကြသည်။

 ဒါက ဖုန်းအောက်ထျန်းကို ​သေလု​မျောပါး ဒေါသထွက်​စေသည်။ နာလန်ဟုန်ယွီကိုလည်း ဒေါသထွက်​စေသည်။

 တစ်စုံတစ်ယောက်သည် ရှေးဟောင်းသင်္ချိုင်းအား တစ်စုံတစ်ခုပြုလုပ်ထားခြင်းဖြစ်ရမည်ဟု သူမထင်သော်လည်း ရှေးဟောင်းသင်္ချိုင်းများ၏ အစီအရင်များမှာမူ မပျက်မစီးဖြစ်နေသည်။

ထို့ကြောင့် အတိအကျပြောရလျှင် တစ်​ယောက်​ယောက် ဝင်ရောက်ထားသည်မှာ မဖြစ်နိုင်ပေ။

 အသက်ပြင်းပြင်းရှူပြီးနောက် နာလန်ဟုန်ယွီသည် သူမ၏စိတ်ထဲတွင် မကျေမနပ်ဖြစ်ကာ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

 "ကောင်းပြီ၊ ငါဒီလိုမဖြစ်စေချင်ဘူး။ ဘာဖြစ်နေတာလဲ ငါဘယ်လိုသိရမှာလဲ၊ ဒီသင်္ချိုင်းကို အရင်ဖွင့်ရအောင်"

 ဖုန်းအောက်ထျန်း ဒေါသထွက်နေသော်လည်း သူ့တွင် 

ရွေးချယ်စရာမရှိပေ။ အေးစက်သောလေသံဖြင့် သူသည် ရှေးဟောင်းသင်္ချိုင်းရှိ အစီအရင်များကို ဖျက်သိမ်းရန် ပြင်ဆင်ခဲ့သည်။

 သို့သော်လည်း ထိုအချိန်တွင် လီလျှို့ရွှေက သူ့နောက်မှ အေးစက်စွာပြောလိုက်သည်။

 "ရှေ့ကဖယ်ပေး"

 ဖုန်းအောက်ထျန်းသည် လှည့်ကြည့်ကာ ပြန်လည်တုံ့ပြန်တော့မည့်အချိန်တွင် အလွန်အစွမ်းထက်သော ဓားသွားအလင်းတန်း သူ၏ အနောက်မှ လျင်မြန်စွာ ကျလာသည်ကို ခံစားလိုက်ရသည်။

 "​သေတော့မှာပဲ.."

 သူ ချက်ချင်း ရှောင်ထွက်သွားသည်။ ဓားသွားအလင်းတန်းသည် မြေပြင်သို့ တည့်တည့်မကျရောက်မီ သူ၏ခေါင်းနောက်ဘက်သို့ ဖြတ်သွားလုနီးပါးဖြစ်ခဲ့သည်။

 အုန်း...

 ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံနှင့်အတူ၊ ရှေးဟောင်းသင်္ချိုင်းကို ဤဓားဖြင့် ခုတ်ထစ်ပစ်လိုက်သည်။

 "မင်းက အရူး​ကောင်၊ မင်းငါ့ကိုသတ်မိလုနီးပါးပဲ။"

 ဖုန်းအောက်ထျန်းသည် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များ ခုန်​ပေါက်​နေသည်။

 လီလျှို့ရွှေ က သူ့ကို မကြည့်​ပေ။ သူသည် သူ၏ဓားရှည်ကို အောက်ချလိုက်သည်။

 "မင်းမှာ စကားများဖို့ အချိန်ရှိမယ်ဆိုရင် မင်းရဲ့ ခွန်အားကို မြှင့်တင်ဖို့ မင်းဘာလို့ မစဉ်းစားတာလဲ။"

 "မင်း.."

 ဖုန်းအောက်ထျန်းက အံကြိတ်လိုက်သည်။

 "မင်းကို ငါကြောက်လိမ့်မယ်များ ထင်နေလား။"

 နာလန်ဟုန်ယွီသည် သူမ၏ ကျောက်စိမ်းလက်ကို ဆန့်ထုတ်လိုက်ပြီး သူ့နောက်ကျောကို ဖက်ထားသည်။

 "ကောင်းပြီ၊ စိတ်အေးအေးထားကြပါ၊ ငါတို့အားလုံးက တစ်ဖက်တည်းပဲကို။ အတွင်းရေးပဋိပက္ခတွေ မဖြစ်​စေနဲ့။ မဟုတ်ရင် ထိခိုက်ရတဲ့လူက ငါတို့ပဲဖြစ်လိမ့်မယ်။"

 ထိုစကားကြောင့် သို့မဟုတ် နာလန်ဟုန်ယွီ၏ အပြုအစုကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဖုန်းအောက်ထျန်း၏ဒေါသသည် တဖြည်းဖြည်း ​လျော့သွားခဲ့သည်။

 သူသည် တုန်ယင်နေသော အသက်ရှုသံကို ထုတ်လိုက်ပြီး နာလန်ဟုန်ယွီ၏ လက်လေးကို ဆုပ်ကိုင်လိုက်သည်။ နူးညံ့သိမ်မွေ့မှုကို ခံစားလိုက် ရတော့ သူက ပြုံးလိုက်သည်။

 "ကောင်းပြီ၊ မင်းကြောင့် ငါ သူ့ကို လွှတ်​ပေးလိုက်မယ်။"

 နာလန်ဟုန်ယွီက မရုန်းကန်ခဲ့ပါ။ သူမအတွက်၊ အသားယူခံရခြင်းမှာ အဘယ်မှာ ပြဿနာရှိလိမ့်မလဲ။

 သူမ၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ပြိုင်ဘက်ကင်းသော အမျိုးသမီးကျွမ်းကျင်သူ ဖြစ်လာရန် ဖြစ်သည်။

  ထိုအချိန်တွင် သူမသည် သူမ လိုချင်သမျှကို ရနိုင်သည် ။

 ထိုအချိန်မတိုင်ခင် သူမကိုယ်သူမ ရင်းရလျှင်လည်း ပြသနာမရှိပါ။

  သူမ၏အသား ပဲ့ပါသွားမည်လည်း မဟုတ်​ပေ။ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် စေတနာထားပြီး ဖြည့်ဆည်းပေးရသည်။  အဲဒါ ဘာမှားနေလို့လဲ။

 ဘာပဲ​ပြော​ပြော အားလုံး ပျော်ရွှင်ရသည်ပင်။

 "ကောင်းပြီ၊ မင်းဒီလိုတွေးတာကို ငါကျေနပ်ပါတယ်။ မင်းမြန်မြန်ဆင်းကြည့်သင့်တယ်။ ကောင်းတာတစ်ခုရှိမရှိ ကြည့်ရအောင်။"

 "ကောင်းပြီ။"

 ဖုန်းအောက်ထျန်း ချက်ချင်းဆင်းသက်လာသည်။

 နာလန်ဟုန်ယွီ မကူညီနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

 မြင်းနက်တွေက မာနကြီးပြီး တခြားလူတွေကို အထင်​သေးသည်။

 ဒီလူနှစ်ယောက်ကို သူမ လုံးဝ မထိန်းနိုင်​ပေ။ သူမသည် သူတို့ကို ကောင်းကောင်း ဆွဲဆောင်နိုင်ပြီး ဖြည်းဖြည်းချင်း ချော့ရုံသာတတ်နိုင်သည်။

  လုရှောင်ယန်ကိုသတ်ပြီး သူ့ကံကြမ္မာကို မယူခင်မှာ သူမ ခံနိုင်ရည်ရှိရမည်။

  သို့သော်၊ သူမသည် ရှေးဟောင်းသင်္ချိုင်းသို့ရောက်ပြီး မြေပြင်ပေါ်ရှိ ပစ္စည်းအနည်းငယ်ကို တွေ့လိုက်သောအခါ မျက်လုံးတစ်မှိတ်အတွင်းမှာပင် သူမ၏ စိတ်ခံစားချက်များ ပြောင်းလဲသွားပြန်သည်။

 "နောက်ထပ် ညံ့ဖျင်းတဲ့ သင်္ချိုင်းတစ်ခု၊ ဒီရှေးပညာရှင်တွေ အားလုံးက သူတောင်းစားတွေ များလား"

 လီလျှို့ရွှေ၏ အမူအရာမှာလည်း မကောင်းပေ။

 "ဒီလို အဆင့်တက်တာကို ရပ်လိုက်ဖို့ အချိန်တန်ပြီလို့ထင်တယ်။"

 နာလန်ဟုန်ယွီ ပြောခဲ့သည့် 'မြင်းနက်' သီအိုရီကို သူသံသယမရှိပါ။ သို့သော် တစ်စုံတစ်ခု မှားနေပြီဟု သူ ဆက်လက် ခံစားနေမိသည်။

 အမှားအယွင်းကို မပြောနိုင်သော်လည်း ဆက်လက်လုပ်ဆောင်ပါက အချိန်ပို၍ ဖြုန်းတီးမိမည်ဟု သူခံစားမိသေးသည်။

  ဤအခိုက်အတန့်တွင် ဖုန်းအောက်ထျန်းသည် ​ကောင်းကင်ဘုံအဆင့်လက်နက်နှင့် အခြားသော ဝိညာဉ်ကျောက်တုံးများကို ကောက်ယူပြီး သူ၏ ရှေးဟောင်းကြေးနန်းခန်းမထဲသို့ ပစ်ချလိုက်သည်။

 အရင်တုန်းကတော့ ဒီအရာတွေကို တစ်ချက်တောင် မကြည့်မိဘူး။

 သို့သော် ယခုတော့ သူသည် အစာရေစာ ငတ်မွတ်နေသော ကုလားအုတ်တစ်ကောင် ဖြစ်နေသည်။ ထို့ကြောင့် တွေ့ရသည့်အသားပိုင်းက ခြင်တစ်ကောင်မျှသေးငယ်နေပါစေ မဖြုန်းတီးချင်ပေ။

 လီလျှို့ရွှေသည်တေညါ ဤအရာများကို ကြည့်ပင် မကြည့်ခဲ့ပေ။

  သူက ဖုန်းအောက်ထျန်းနဲ့ မတူဘူး။

  သူက စနစ်ကို အားကိုးသည်။

  သူ့အတွက်သူ ရတနာတွေရှာဖို့ လိုအပ်နေသည့် ဖုန်းအောက်ထျန်းနှင့် မတူဘဲ မစ်ရှင်တွေလုပ်တဲ့အခါ စနစ်က သူ့အတွက် ကောင်းတဲ့အရာတွေ ပေးလိမ့်မည်။

 သူလက်ခံခဲ့တဲ့ မစ်ရှင်က ရှေးဟောင်းသင်္ချိုင်း ၆၀ ကို ရှာဖွေပြီး ဖွင့်ဖို့ပဲ ဖြစ်သည်။ ဒါက နောက်ဆုံးတစ်ခုပင်။ သူသည် ဆုလာဘ်အ​နေနှင့် ထိပ်တန်းအဆင့် သိုင်းဘုရင်အဆင့်ဓားကို ရရှိထားပြီးဖြစ်သည်။

 သူ့အမြင်တွင်တော့ ဖုန်းအောက်ထျန်းသည် သူ၏ဖိနပ်ကို သယ်ရန်ပင် အရည်အချင်းမရှိပေ။

 "အင်း၊ ဒီမှာ အဆင့်နိမ့် ​ကောင်းကင်ဘုံ ပုလင်းရှိတယ်။"

  နာလန်ဟုန်ယွီဟာ အတော်လေး စိတ်မကောင်းဖြစ်ပြီး ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ ဖုန်းအောက်ထျန်းဟာ ထောင့်မှာ ကြေးပုလင်းတစ်လုံးကို ထပ်မံတွေ့ရှိသွားခဲ့သည်။

  အဆင့်နိမ့် ကောင်းကင်ဘုံ ပစ္စည်းက မကောင်းပေမယ့် မဆိုးပါဘူး။

 သူသည် ကြေးပုလင်းကို ကောက်ကိုင်လိုက်ပြီး သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။

 "အထဲမှာ ရေရှိတယ်၊ ပူနေတယ်။"

 နာလန်ဟုန်ယွီ၏ မျက်လုံးများ တောက်ပလာသည်။

 "ဒီရှေးဟောင်းသင်္ချိုင်းဟာ အနည်းဆုံး နှစ်ပေါင်း ၇,၀၀၀ သက်တမ်းရှိသင့်တယ်။ အချိန်အတော်ကြာပြီးတာ​တောင် အတွင်းထဲမှာ နွေးထွေးမှုရှိနေတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ အတွင်းထဲမှာ ကောင်းမွန်တဲ့ အရာတစ်ခု ရှိရမယ်"

ဒီအချိန်မှာ သူမမျက်ရည်ကျလုမတတ်ဖြစ်သွားသည်။

 နောက်ဆုံး​တော့ သူမသည် မြင်းနက်များ၏ ကျော်ကြားသော ရိုက်ကွက်များထဲမှ တစ်ခုကို တွေ့ခဲ့ရသည်။

 သူများတွေ ကောင်းကောင်းမရှာနိုင်တဲ့ နေရာမျိုးမှာ ထိပ်တန်း ရတနာတစ်ခုကို အလွယ်တကူ ရှာတွေ့နိုင်ခြင်းဖြစ်သည်။

 ဒီပုလင်းထဲမှာ ဘာတွေပါလဲ မသိပေမယ့်၊ အဆင့်နိမ့် ကောင်းကင်ဘုံအဆင့်ပုလင်းထဲမှာ ထည့်ထားတာကြည့်ရရင် ​ကောင်းမှာ သေချာသည်။

 ထို့အပြင်၊ ဤအရာသည် နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် ၎င်း၏အပူချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။ ဒီအချက်ကို အခြေခံပြီး ပြောရရင် အတွင်းက အရာဟာ သာမန်မဟုတ်တာ သေချာသည်။

 "ဒါက အထူးစွမ်းအင်ပါ၀င်တဲ့ အရည်တစ်ခု ဖြစ်နိုင်တယ်။ အဲဒါကို သောက်ပြီးရင် ငါ့ရဲ့ ကြီးထွားမှုကို တိုးစေနိုင်တယ်၊ ဒါမှမဟုတ် ငါ့ခြင်ဆီတွေကို ဆေးကြောပြီး ငါ့ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်။"

 သူစကားပြောပြီးသည်နှင့် ဖုန်းအောက်ထျန်းသည် ပုလင်းကိုဖွင့်ကာ တိုက်ရိုက်​​မော့လိုက်သည်။

  အတိတ်ကသာဆိုလျှင် သူ ဤမျှ အိန္ဒြေပျက်မည် မဟုတ်မှာ အသေအချာပင်။ သူ့ကိုယ်သူ ကမ္ဘာကို တစ်ခါမှ မမြင်ဖူးတဲ့ ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လို ဖြစ်အောင် ဖန်တီးမည် မဟုတ်ပါ။

  သို့သော် ယခုတော့ လီလျှို့ရွှေသည် သူ့ထက် သန်မာကြောင်း သူသိလိုက်သောကြောင့် သူ တခြားကို ဂရုမစိုက်နိုင်တော့ပေ။

 ဘာဂုဏ်သိက္ခာလဲ… ဒါတွေအားလုံးက အသုံးမဝင်ဘူး။ ခွန်အားတွေ တိုးလာမှသာလျှင် သူလိုချင်တာကို ရနိုင်မှာ။

 ထို့အပြင်၊ နောက်တစ်ခုရှိသည်။ သူတို့အားလုံး အတူတူရှိ​နေကြသည်။ မသောက်ရင် ဒါမှမဟုတ် နည်းနည်းသာသောက်ရင် တခြားသူတွေဆီ ပါသွားလိမ့်မည်။ ထိုအချိန်တွင် သူ၏အကျိုးခံစားခွင့်များ လျော့ပါးသွားမည်ဖြစ်သည်။

 ဒါက အရမ်းဆိုးသည်။

 ထို့အပြင် လီလျှို့ရွှေ သို့မဟုတ် နာလန်ဟုန်ယွီသာ သူ့ထက်ပိုများများသောက်သွားပါက ကူကယ်ရာမဲ့ဖြစ်ပေလိမ့်မည်။

 ထိုနှစ်ယောက်ကျင့်ကြံမှုအဆင့်များသည် သူ့ထက် အားကောင်းသောကြောင့်ပင်။

 ထို့အတွက်ကြောင့် ဖုန်းအောက်ထျန်းသည် တခြားလူများ မတုန့်ပြန်နိုင်ခင် အမြန်သောက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

 "ဂလု..ဂလု.."

 ပုလင်းတစ်ဝက်ကျော်ကို တစ်ကြိမ်သောက်ပြီးနောက် သူ ​လေချဥ်တက်လိုက်၏။

 နာလန်ဟုန်ယွီက မျှော်မှန်းချက်ဖြင့် ပြောသည် ။

 "ကောင်းလား။ မင်းမှာ ထူးထူးခြားခြား ခံစားချက်တွေ ရှိလာလား။ မင်းရဲ့ ခန္ဓာကိုယ်ထဲက နှလုံး​သွေး​ကြောတွေ ပူတယ်လို့ ခံစားရသလား၊ ဒါမှမဟုတ် မင်းရဲ့ စွမ်းအင်တည်ချက်ဟာ ခွန်အားနဲ့ ပြည့်နေတယ်လို့ မင်းခံစားရလား။"

 ဖုန်းအောက်ထျန်းက မျက်မှောင်ကြုတ်ပြီး မကူညီနိုင်ဘဲ သူ့အမူအရာက အနည်းငယ် ထူးဆန်းနေသည်။

 "အရသာက နည်းနည်းလေးဘဲ၊ ငါ့ဗိုက်က အပူဆုံးလို့ ခံစားရတယ်။ ရင်တွေ တဟုန်ထိုး အန်ချင်သလို ဖြစ်နေတယ်။"

 "ဒါက အရမ်းပုံမှန်ပါပဲ။ ရှေးခေတ် ဝိညာဉ်အရည်မှာပါတဲ့ ဆေးဖက်ဝင်အရည်က သိပ်သည်းလွန်းတာကြောင့် မင်းရဲ့ နှလုံး​သွေး​ကြောထဲကို အရည်ပျော်ပြီး စုပ်ယူဖို့ မဖြစ်နိုင်ဘူး။ အပြီးသတ် သန့်စင်ဖို့အတွက် ရက်အနည်းငယ် ဒါမှမဟုတ် ဆယ်ရက်ထက် ပိုကြာလိမ့်မယ်။”

 "ဟုတ်လား?"

***

အပိုင်း ၁၉၇ ထောင်​ချောက်..

"ဟုတ်တယ်၊ မင်းကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရမယ်။ မင်းဟာ မြင်းနက် ဖြစ်တာကြောင့် မင်းတွေ့သမျှအရာအားလုံးဟာ အကောင်းဆုံးဖြစ်မှာ သေချာတယ်။"

 ဖုန်းအောက်ထျန်းသည် နှုတ်ခမ်းကို သပ်ပြီး မျက်မှောင်ကြုတ်သည်။

 "ဒါပေမယ့် မင်းမှားနေတယ်လို့ ငါဘာလို့ခံစားရတာလဲ။ ဒီအရာက အရသာထူးတယ်။ ငန်လည်းငန်တယ်၊ ခါးလည်းခါးတယ်။ ညှီနံ့တောင်ရှိတယ်။ ဒါပေမယ့် ဝိညာဉ်စွမ်းအင်နဲ့ တခြားစွမ်းအင်တွေ လုံးဝမခံစားရဘူး။"

 "ဒါက မင်းရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်ပဲလေ။ တကယ်တော့ ဒါဟာ ကောင်းတဲ့အရာပဲ။"

 "အခု မင်းပြောလိုက်ကာမှ ငါ တစ်ခုခုကို ခံစားလိုက်ရပုံပဲ။"

 ဖုန်းအောက်ထျန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဗိုက်ထဲက အရည်များ ​ချေဖျက်မှုကို အရှိန်မြှင့်ရန်အတွက် သူ့ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်ကို စတင် ဖြန့်ကျက်လိုက်သည်။

 ထို့နောက် သ​ဘောထားကြီးပုံဖြင့် ပြုမူပြောဆိုသည်။

 "ငါက ဒီအရည်ကို ရှာတွေ့ခဲ့တာဖြစ်ပေမယ့်၊ ငါ ဖုန်းအောက်ထျန်းက အဲဒါကို လက်ဝါးကြီးအုပ်မယ့် လူစားမျိုး မဟုတ်ဘူး။ မင်းတို့နှစ်ယောက်လည်း နည်းနည်းသောက်ပါ။"

 "ကောင်းပြီ!"

 နာလန်ဟုန်ယွီသည် အလွန်ဝမ်းသာသွားပြီး ကြေးပုလင်းကို လက်ခံရယူရန် ချက်ချင်း လှမ်းပြောသည်။

 ဒါက သူမအမြဲတမ်း စောင့်မျှော်နေတဲ့ အရာပါ။ သူမသည် မြင်းနက်ဖြစ်ချင်ပြီး လျင်မြန်စွာ ရှေ့သို့ တိုးသွားခဲ့သည်။

 သူမသည် အကြီးမြတ်ဆုံးအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သည်။ ယခု သူမသည် ဤအရည်ကို ရရှိခဲ့ပြီး သူမ၏ ပိတ်ဆို့မှုများ ပြေလျော့သွားဖွယ်ရှိသည်။  သူမသည် အဆင့်သစ်တစ်ခုကို ကြိုဆိုနိုင်သည်။

 သို့​သော် သူမသောက်ခါနီးတွင် ဖုန်းအောက်ထျန်း က အော်ပြောလိုက်သည်။

 "နတ်မိမယ်ဟုန်ယွီ ၊ အကုန်မသောက်နဲ့။ မမျှတတာမဖြစ်​စေဖို့ အစ်ကိုလျှို့ရွှေ အတွက် နည်းနည်းချန်ထားဖို့ သတိရပါ။"

 လီလျှို့ရွှေ၏ မောက်မာမှုကို နှိမ်နှင်းရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့သည်။

 သူတို့နှစ်ယောက်လုံး မြင်းနက် တွေဖြစ်သည်။ သို့သော် အစကတည်းက ယခုအချိန်အထိ လီလျှို့ရွှေသည် အမြဲတမ်း မာနကြီးပြီး အေးစက်နေခဲ့သည်။ ထို့အပြင်၊ သူသည် သူ့ကို ဆက်၍အထင်​သေးနေသည်။ သူ့မာနကို နှိမ်နှင်းဖို့ အခွင့်အရေးကို မယူရင် သူ့ကိုယ်ပိုင်အမည်ကို မကြာခင် မေ့သွားလိမ့်မည်။

 မထင်မှတ်ပဲ သူပြောပြီးသည်နှင့် လီလျှို့ရွှေက ​အေး​အေး​ဆေး​ဆေး ပြောလိုက်သည်။

 "မလိုပါဘူး။ ငါ ဆီးကို စိတ်မ၀င်စားဘူး။"

 သူစကားပြောပြီးသည်နှင့် လေထုက ချက်ချင်းတိတ်ဆိတ်သွားသည်။

 ခဏကြာတော့ နာလန်ဟုန်ယွီက ကြေးပုလင်းကို ဖုန်းအောက်ထျန်းရဲ့လက်ထဲကို ပြန်ထည့်လိုက်သည်။

 "ငါက အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူဖြစ်နေပြီ။ ငါတို့သုံးယောက်ထဲမှာ မင်းရဲ့ ကျင့်ကြံမှုက အနိမ့်ဆုံးပဲ။ ဘာလို့ မင်းရဲ့ ကျင့်ကြံမှုကို အရင်မတိုးတာလဲ။"

 ဖုန်းအောက်ထျန်း၏ မျက်နှာသည် ချက်ချင်းပင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

 "လီလျှို့ရွှေ၊ ဒါက ဆီးလို့ မင်းဘာလို့ထင်တာလဲ။"

 "မင်းကိုယ်တိုင် ကြည့်လိုက်ရင် မင်းမသိဘူးလား။ 

မင်းရဲ့ နတ်အာရုံကို ​သာမန်ကာလျှံကာ ကြည့်ပြီး သောက်ဖို့ ​လော​နေတယ်။ သူနဲ့ ငါက အဲဒါကို လုယူမှာ ကြောက်လို့ မင်းဂရုတစိုက် မစစ်ဆေးဘူး။ ဟုတ်တယ်မလား.."

  ထိုသို့ပြောပြီးသည်နှင့် ဖုန်းအောက်ထျန်းက အော်ဟစ်လိုက်သည်။

 "မင်းက ငါ့ကို ဆဲရေးနေတာပဲ၊ မင်း ဒီရေသန့်ကိုတောင် မသောက်ဖူးသေးပဲ မင်း ထင်မြင်ယူဆချက်တွေ လုပ်နေတယ်။ မင်း ငါ့ကို ဒီရေသန့်ကို အပြီးအပိုင် စွန့်လွှတ်စေချင်တာမလား။ ငါမင်းရဲ့ လှည့်ကွက်ထဲဝင် မယ်လို့ မင်းတကယ်ထင်နေတာလား။  ငါ အခု ချိတ်ပိတ်လိုက်မယ်။ မင်း တစ်စက်တောင် မရနိုင်တော့ဘူး။"

 ထိုစကားဖြင့် သူသည် ကြေးပုလင်းကို သူ၏ရှေးဟောင်းကြေးနီခန်းမထဲသို့ တိုက်ရိုက်ထည့်ကာ ရှေးဟောင်းသင်္ချိုင်းမှ ထွက်ခွာသွားခဲ့သည်။

 နာလန်ဟုန်ယွီသည် ခဏမျှ တိတ်ဆိတ်သွားသည်။

 လီလျှို့ရွှေ ပြောသည့်စကားသည် အမှန်ဖြစ်နိုင်ကြောင်း သူမ အမှန်အတိုင်း ပြောပြနိုင်သည်။

 သို့သော် ဖုန်းအောက်ထျန်းကတော့ ဒါကို လုံးဝလက်ခံမှာမဟုတ်ပါဘူး။

 အရိုက်ခံရရင်တောင် ဝန်ခံမှာမဟုတ်ဘူး

 သို့သော် လက်ရှိအချိန်၌ သူမသည် အခြားအရာတစ်ခုခုကြောင့် ပို၍ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ အမှန်တကယ်တွင် ပြဿနာကြီးတစ်ခု ရှိခဲ့သည်။

 အဘယ်ကြောင့် ဤနေရာတွင် ဆီးရှိနေရတာလဲ။

 ဒါတင်မကဘူး ပူတောင်ပူနေသေးတယ်။

 ယင်းအတွက် ရှင်းလင်းချက်တစ်ခုသာ ရှိသည်။ တစ်စုံတစ်ယောက်သည် ဤရှေးဟောင်းသင်္ချိုင်းသို့ ဝင်ဖူးသည်။

 ဤ ဧကရာဇ်အဆင့် ကျွမ်းကျင်ပညာရှင်သည် နှစ်ပေါင်းထောင်နှင့်ချီ၍ သေဆုံးပြီး အရိုးစုအဖြစ် ကြာရှည်စွာ တည်ရှိနေသောကြောင့် ဤနေရာသည် သရဲခြောက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင်၊ သူသည် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ရန် ဖြစ်နိုင်လျှင်ပင် သူသည် ဆီးသွားရန် မဖြစ်နိုင်သည်မှာ သေချာသည်။

"ငါတို့အရင် တစ်စုံတစ်ယောက်က ဒီကိုရောက်လာပုံရတယ်။ ဒီရှေးဟောင်းသင်္ချိုင်းတွင်းက ရတနာတွေအားလုံးကို သူရှင်းလင်းပြီးပြီ။"

 "ဒါပေမယ့် ဘယ်သူဖြစ်နိုင်မှာလဲ။"

 နာလန်ဟုန်ယွီသည် အံကြိတ်ကာ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကာ သူမ၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

 လီလျှို့ရွှေ သက်ပြင်းအနည်းငယ်ချလိုက်ပြီး "ငါထင်တာ မမှားရင် လုရှောင်ယန်ပဲ ဖြစ်လိမ့်မယ်။"

 နာလန်ဟုန်ယွီ၏ အမူအရာ ပြောင်းသွားသည်။ သူမ တကယ်ကို မယုံချင်ပေမယ့် လီလျှို့ရွှေ ပြောတဲ့စကားဟာ အလွန်ကျိုးကြောင်းဆီလျော်နေသည်။

 မဟာကျိုး တစ်ခုလုံးတွင် လုရှောင်ယန်မှလွဲ၍ အခြားမည်သူမျှ ထိုသို့သော အရာမျိုး မစွမ်းဆောင်နိုင်ပေ။

  "ဒီကောင် ဘယ်လို လုပ်လိုက်တာလဲ။"

 "ဘယ်သူသိမလဲ။ ဒါပေမယ့် ဒါက ကောင်းတယ်။ အခု ကိစ္စတွေက ပိုလို့တောင် စိတ်ဝင်စားဖို့ ကောင်းလာပြီ။"

 စနစ်၏ အသံက သူ့စိတ်ထဲမှာ ထပ်ပြီးမြည်လာတာကြောင့် လီလျှို့ရွှေရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးကောက်သွားပါတယ်။

 [ဒင်~  အဆင့်အမြင့်ဆုံး မစ်ရှင်ကို ထုတ်ပြန်လိုက်ပါပြီ။ လုရှောင်ယန်ကိုသတ်ပါ။  မစ်ရှင်ဆုလာဘ်- နတ်ဘုရားအဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်မည်။ မစ်ရှင်ကို လက်ခံပါသလား]

 လီလျှို့ရွှေ၏နှလုံးသည် ချက်ချင်းရပ်တန့်သွားသည်။

 လုရှောင်ယန်ကိုသတ်ခြင်းအတွက် ဆုကြေးက အရမ်းရက်ရောမနေဘူးလား။

 "လက်ခံပါတယ်။"

 ဒီလိုကောင်းတဲ့ မစ်ရှင်ကို သူ ဘယ်လိုမှ လက်မခံနိုင်စရာမရှိဘူး။

 လီလျှို့ရွှေသည် သူ လုရှောင်ယန်ကို ခေါင်းဖြတ်ပြီး သူ၏ ​ခေါင်းကို ယူလာမည်ဟု ကတိပြုခဲ့သည်။

 သူတို့နှစ်ဦး ရှေးဟောင်းသင်္ချိုင်းတွင်းမှ ပြေးထွက်လာစဉ် ဖုန်းအောက်ထျန်းသည် အပြင်ဘက်တွင် ပါးစပ်ကို အရူးအမူး သန့်ရှင်းနေပြီဖြစ်သည်။

 သူတို့ နှစ်ယောက် ထွက်လာတာကို မြင်တော့ သူက ချက်ချင်း ငြိမ်သက်ဟန် ဟန်ဆောင်ကာ စိတ်ဓာတ်ခွန်အားနဲ့ ထွက်သွားတဲ့ ဆီးနည်းနည်းကို ပြန်မျိုချလိုက်ပါသည်။

 ဒါက ဖုန်းအောက်ထျန်းကို ပြိုလဲလုနီးပါးဖြစ်​စေသည်။

 သူထွက်လာပြီးသည်နှင့် ကြေးပုလင်းကိုထုတ်ပြီး အတွင်းထဲကို ဆီးကို သွန်ပစ်လိုက်သည်။

 ၎င်းသည် ဆီးအစစ်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ရေတစ်လုတ်ကြီးကို သောက်ကာ ဗိုက်ကို သန့်ရှင်းအောင် ဆေးရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် တွန့်ဆုတ်မနေခဲ့​ပေ။

 ရှေးယခင်က သူသည် ရှေးသင်္ချိုင်းတွင်းရှိစဉ်က အစာခြေမြန်စေရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့ပြီး ဆီးအများအပြားကို ချေဖျက်ခဲ့သည်။

 အခုတော့ သူ့ဗိုက်ထဲက ကျန်နေတဲ့ အစာတွေကို ဆေးကြောဖို့ မလွယ်တော့ဘူး။ အဆုံးမှာတော့ လီလျှို့ရွှေနဲ့ တခြားသူတွေက ဒါကိုမြင်လိုက်တဲ့အခါ သူ့မှာ ဆီးကိုပြန်မျိုချဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။

 ထိုအချိန်တွင်  ဖုန်းအောက်ထျန်းသည် ဤကျင်ငယ်ရည်ပိုင်ရှင်ကို ရှာတွေ့ကာ ထိုသူကို ခွေးများကို အစာကျွေးရန် ခုတ်ထစ်ပစ် ရမည်ဟု စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။

 "နောက်ထပ် ရှေးဟောင်းသင်္ချိုင်းကို သွားကြရအောင်။"

 "မဟုတ်ဘူး၊ တခြားရှေးဟောင်းသင်္ချိုင်းတွေမှာလည်း ကောင်းကောင်း ရှာမတွေ့နိုင်တော့မှာကို ငါကြောက်တယ်။ အခု ငါတို့နည်းလမ်းကို ပြောင်းပြီး လမ်းဘေးဆိုင်ကို သွားကြည့်ရအောင်။ မင်းတို့နှစ်ယောက်စလုံးက မြင်းနက်​တွေပဲ။ တခြားသူတွေ အသိအမှတ်ပြုဖို့ ပျက်ကွက်မယ့် အစွမ်းထက်တဲ့ ပစ္စည်းတချို့ကို ရှာကြည့်ပါ။ ဥပမာ၊ လက်နက်တွေ၊ ကျင့်ကြံနည်းလမ်းတွေ၊ ဆေးပြားတွေ စသဖြင့်ပေါ့။"

 "ဒီနည်းက ထိရောက်ရဲ့လား။"

 ဖုန်းအောက်ထျန်းသည် နာလန်ဟုန်ယွီကို စတင်သံသယဝင်နေပြီဖြစ်သည်။

 နာလန်ဟုန်ယွီက ခပ်ဖျော့ဖျော့ပြုံးပြီး "စိတ်မပူပါနဲ့ ဒီတစ်ခါတော့ မင်းစိတ်ပျက်မှာမဟုတ်ဘူးလို့ ငါအာမခံတယ်။"

 "ဟမ့်၊ ဒါဆို ငါမင်းကို နောက်ဆုံးတစ်ကြိမ်ယုံလိုက်မယ်။"

 သူစကားပြောပြီးသည်နှင့် ဖုန်းအောက်ထျန်းသည် ခြေကိုနင်းပြီး အနီးနားရှိမြို့ဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

 နာလန်ဟုန်ယွီသည် လီလျှို့ရွှေ အနားတွင် ရပ်ကာ သူမ၏ လှပသော ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူမသည် သူမ၏လှပသော​ပုံရိပ်ကို လီလျှို့ရွှေ အားပြသပြီး သူ့ဘက်သို့ လှမ်းကြည့်လိုက်သည်။

 "လျှို့ရွှေ၊ သွားရအောင်။"

 သို့သော်လည်း လီလျှို့ရွှေသည် သူမကို တစ်ချက်မျှ မကြည့်ဘဲ ဟစ်အော်ကာ တိုက်ရိုက်ထွက်သွားခဲ့သည်။

 "ငါက  အသန့်ကြိုက်တယ်။ အဟောင်းတွေကို မကြိုက်ဘူး။"

 "မင်း…"

 နာလန်ဟုန်ယွီ ဒေါသအရမ်းထွက်ပြီး ပြိုလဲလုနီးပါးဖြစ်သွားသည်။

  ဖုန်းအောက်ထျန်းဟာ အခြားတစ်ယောက်ရဲ့ ဆီးကို မှား​သောက်တာကြောင့် စိတ်မချရဟု​​တွေးပြီး ဖုန်းအောက်ထျန်းအ​ပေါ် တခြားအတွေး မရှိတော့​ပေ။

  ထို့ကြောင့် သူမသည် အေးစက်သော လီလျှို့ရွှေဆီသို့ ဦးတည်လိုက်သည်။

 သို့သော်လည်း လီလျှို့ရွှေသည် သူမအား အညှာအတာမဲ့ ပြက်ရယ်ပြုကာ မျက်နှာသာ လုံးဝမပေးဘူးဟု သူမမျှော်လင့်ခဲ့ပေ။ သူမ အလွန်ဒေါသထွက်သွားတော့သည်။

 "ဘာလို့များ အရမ်းအစွမ်းထက်​ပြီး အရမ်း​တော်တတ်​နေသလိုလုပ်​​နေတာလဲ။ မင်း​က တစ်ဦးတည်း​သော မြင်းနက် မဟုတ်သလို ရွေးချယ်ခံရတဲ့ တစ်ယောက်လည်းမဟုတ်​ဘူး။ ငါ လုရှောင်ယန်ကိုသတ်​ပြီး သူ့ကံကြမ္မာကို​စုပ်ယူတဲ့အခါကျ မင်းငါ့ကို ခယမယ့်အချိန်ကို​စောင့်​နေမယ်။"

 …

 သူတို့သုံးဦးသည် အနီးနားရှိမြို့သို့ အလျင်အမြန်ရောက်ရှိလာသော်လည်း မြို့အနီးရှိ ဆိုင်ခန်းများကို မတွေ့ခဲ့ကြပေ။

 ဒါက သူတို့သုံးယောက်ကို စိတ်ရှုပ်သွားစေသည်။

 ကျင့်ကြံသူများသည် နယ်ပယ်များစွာမှ ပေါက်ဖွားလာကြပြီး ဆိုင်ခန်းဟူ၍ ဘယ်သောအခါမှ အတည်တကျမရှိကြောင်း သိရှိထားရမည်ဖြစ်သည်။

 ဆေးလုံးများ၊ ကျင့်ကြံနည်းလမ်းများ၊ လက်နက်များကဲ့သို့သော သာမန်ထောက်ပံ့ရေးပစ္စည်းများကို မဟာကျိုးရှိ ဆိုင်ခွဲဆိုင်ကြီးအနည်းငယ်မှ လက်ဝါးကြီးအုပ်ထားသည်။ ထို့ကြောင့် ကျင့်ကြံများ၏ အနှစ်သက်ဆုံး အရောင်းအဝယ်မှာ လမ်းဘေးဆိုင်များဖြစ်သည်။

 သို့သော် ဤမြို့၏လမ်းများသည် အခြေခံအားဖြင့် ဗလာဖြစ်နေသည်။ ဘယ်သူ့ကိုမှ မမြင်နိုင်လောက်​အောင်ပင်။

 ဒီမြို့မှာ ပြဿနာရှိလို့လား။

ဖုန်းအောက်ထျန်းသည် မြို့ထဲရှိ လမ်းသွားလမ်းလာတစ်ဦးကို တားလိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်သည်။

 "သူငယ်ချင်း၊ ငါ မင်းကို တစ်ခုလောက်မေးလို့ရမလား၊ ဘာလို့ ဒီမြို့မှာ ဆိုင်ခန်းတွေ မဖွင့်ရတာလဲ။"

 ကျင့်ကြံသူသည် ပြုံးပြီး ဝိညာဉ်ကျောက်တုံးများကို လက်ခံခဲ့သည်။

  " ရှိတာပေါ့၊ ဒါပေမယ့် မဟာကျိုးမှာ အခု ဥပဒေရှိတယ်။ လမ်းဘေးဈေးသည်တွေအားလုံးကို တစ်နေရာတည်းမှာ စုပြီးဖွင့်ရမယ်တဲ့ ကြုံသလို နေရာတွေမှာ ဈေးဆိုင်တွေကို ဖွင့်ခွင့် မပြု​တော့ဘူး။ လူတိုင်းကို အရှေ့တောင်ဘက်မှာရှိတဲ့ အသစ်စီစဉ်ထားတဲ့ ဧရိယာမှာ စုစည်းထားတယ်။ အရောင်းအဝယ်လုပ်ချင်ရင်..မြို့၏အရှေ့တောင်ဘက်ကိုသာ  သွားလိုက်ပါ။"

 "ဘာဖြစ်တာလဲ၊ ဘယ်တုန်းက ဖြစ်တာလဲ?"

 ဖုန်းအောက်ထျန်း မကူညီနိုင်ဘဲ အနည်းငယ် ထိတ်လန့်သွားသည်။

 "လွန်ခဲ့တဲ့ တစ်လခွဲကျော်က ဖြစ်ခဲ့တာပါ။ မဟာကျိုးမှာ အခု ဧကရာဇ်အသစ် ပေါ်နေပြီ၊ ဒါတင်မကဘဲ သူတို့လည်း ဥပဒေတွေ ဆက်တိုက်ထုတ်ပြီးပြီ။"

 "ပထမအချက်က အာကေရှားဂိုဏ်းကို ဖျက်ဆီးခဲ့တယ်။ ပြီးတော့ ဆိုင်ခန်းတွေနဲ့ လေလံအိမ်တွေအတွက် ဥပဒေအသစ်ထုတ်ခဲ့တယ်။"

 "မင်း ဘာပြောလိုက်တာလဲ အာကေရှား ဂိုဏ်းပျက်သွားပြီ၊ ဟုတ်လား?"

 နာလန်ဟုန်ယွီ၏စိတ်ထဲသို့ ချက်ချင်းပင် မိုးကြိုးပစ်ချသွားသလို ခံစားလိုက်ရသည်။

 "အဟုတ်ပဲ၊ အာကေရှား ဂိုဏ်းခွဲအားလုံး ဖျက်သိမ်းလိုက်ပြီ။ နတ်မိမယ်အားလုံးကို ဂိုဏ်းပေါင်းစုံက စုဆောင်းသွားတယ်။ ရှေးလူဝံမျိုးနွယ်ရဲ့ အကြီးအကဲ ဖုန်းအောက်ထျန်း၊ အာကေရှား အဖွဲ့ခွဲရဲ့ ဂိုဏ်းချုပ်နာလန်ဟုန်ယွီနဲ့ ဉာဏ်ကြီးရှင် လီလျှို့ရွှေတို့အတွက် အလိုရှိ ပိုစတာ​တွေတောင် ကပ်ထားသေးတယ်"

 နာလန်ဟုန်ယွီသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး သူမ၏မျက်နှာသည် ဖယောင်းကဲ့သို့ ဖြူဖျော့သွားသည်။

 ​သေစမ်း…

 မူလက သူမသည် ဖုန်းအောက်ထျန်းနှင့် လီလျှို့ရွှေတို့၏ ​ကောင်းမှုကို ရှာဖွေပြီး သူမ၏ ကျင့်ကြံမှု တိုးပွားလာစေရန် ရည်ရွယ်ခဲ့သည်။ သို့သော် ဤကဲ့သို့ ကြံစည်မှုမျိုး ဖြစ်ရန် သူမ မမျှော်လင့်ခဲ့ပေ။

 လုရှောင်ယန်၏ကံ​ကောင်းမှုကို လုယူပြီးနောက် သူမ၏ ကျင့်ကြံမှု လျင်မြန်စွာ တိုးလာရန် သူမ ပြင်ဆင်ခဲ့သည်။

  သူမသည် ခြေချောင်းများကို အသုံးပြု၍ တွေးတောရင်​တောင် ဤအရာအားလုံး၏ နောက်ကွယ်မှ လူသည် မည်သူဖြစ်သည်ကို သူမ ခန့်မှန်းနိုင်သေးသည်။

 လုရှောင်ယန်မှလွဲ၍ အခြားမည်သူမှ ဤသို့လုပ်ဆောင်နိုင်မည်ဟု မထင်ပေ။ ဘယ်သူက သူမကို အတိအကျ ပစ်မှတ်ထားမည်လဲ။

 "အယ်! မင်းတို့သုံးယောက်ကို အရမ်းရင်းနှီးတယ်လို့ ငါဘာလို့ခံစားရတာလဲ။ ခဏ​လေး မင်းတို့က မဟာကျိုး ဧကရာဇ်မိသားစုက အလိုရှိနေတဲ့သုံးယောက်မဟုတ်လား။"

 တစ်ဖက်လူ စကားပြီးသည်နှင့် ဒီလူရဲ့ နှလုံးသားနဲ့ ဝိညာဉ်ကို ဖုန်းအောက်ထျန်းက တိုက်ရိုက်ထိုးဖောက်လိုက်သည်။

 "ဒီမကောင်းတဲ့ကောင်၊ လုရှောင်ယန်က ငါတို့ကို ဒီအတိုင်းအတာအထိ အကွက်ဆင်ခဲ့တာပဲ။"

 နာလန်ဟုန်ယွီက အံကြိတ်ပြီး အေးစက်စွာပြောသည်။ "ငါနှစ်ရာနဲ့ချီပြီး သွေး၊ ချွေးနဲ့ မျက်ရည်တွေနဲ့ တည်ထောင်ခဲ့တဲ့ အာကေရှားဂိုဏ်းကို မဟာကျိုး အင်ပါယာက လုံးဝ အမြစ်ပြတ်ချေမှုန်းလိုက်ပြီ။ ငါ ကြိုးကြိုးစားစား ထူထောင်ခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့ကြီး၊  လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၉၀ ဘီလီယံ... အခုတော့ အားလုံး ပျောက်ကွယ်သွားပါပြီ!"

 လေထုသည် တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက်၊ ဖုန်းအောက်ထျန်းက "မင်းမှာ ပိုက်ဆံအများကြီးရှိရင် ဘာလို့စောစောက မပြောခဲ့တာလဲ၊ ဝိညာဉ်ကျောက်တုံးတွေ အများကြီးနဲ့၊ သိုင်းဘုရင်အဆင့်လက်နက်တချို့ဝယ်ဖို့ ငါတို့အတွက် လုံလောက်တယ်။ "

***

အပိုင်း ၁၉၈ တိုက်ပွဲစတင်ပြီ..

"ပါးစပ်ပိတ်"

နာလန်ဟုန်ယွီသည် လက်ရှိတွင် ဒေါသတကြီး ဖြစ်နေသည်။ ဖုန်းအောက်ထျန်း၏စကားကိုကြားတော့ သူမသည် ချက်ချင်းပင် အော်ဟစ်မိသည်။

 ယခုအချိန်တွင် သူမက ဖုန်းအောက်ထျန်းကို မျက်နှာသာမ​ပေးနိုင်တော့ပေ။

 ဒီတစ်​ခါ သူမတကယ်​ဒုက္ခ​ရောက်​​နေပြီဆိုတာ သူမခံစားနိုင်​သည်​။

 ဤသည်မှာ ရွေးချယ်ခံရသူ၏ အရှိန်အဝါများလား။

 တစ်ဖက်သားကို ဆန့်ကျင်တိုက်ခိုက်ပြီးနောက် သူမသည် နှစ်ရာနှင့်ချီ သွေးနှင့် ချွေးများရင်း၍ စု​ဆောင်းထားမှုများ ဆုံးရှုံးခဲ့ရသည်။

  သူတို့၏ လမ်းကြောင်းတွေကိုတောင် ဖြတ်တောက်ပစ်ခဲ့သည်။

  ယခုအချိန်တွင် သူတို့အနေနှင့် မဟာကျိုးကို ချက်ချင်းဝင်တိုက်ဖို့နှင့် ပုန်းအောင်းနေဖို့ဟူ၍ ရွေးချယ်မှုနှစ်မျိုးသာ ရှိတော့သည်။

 ထို့အပြင်၊ လုရှောင်ယန်၏တိုးတက်မှုနှုန်းသည် လုံလောက်စွာ မြန်ဆန်နေပြီဖြစ်သည်။ သူ့ကိုသာ အချိန်ပိုပေးရင် သူဘယ်လောက် အစွမ်းထက်လာမယ်ဆိုတာ သူမတကယ်မသိပေ။

 ယခုအချိန်တွင် နာလန်ဟုန်ယွီသည် လုရှောင်ယန်၏ကံကို ပို၍ပင် တောင့်တလာခဲ့သည်။

 လုရှောင်ယန်ကိုသတ်ပြီး သူ့ကံကြမ္မာကို ဆုပ်ကိုင်နိုင်ခဲ့ရင် သူမ ဘယ်လောက်တောင် အစွမ်းထက်လာမယ်ဆိုတာ သူမ တကယ်ကို တွေးကြည့်လို့​တောင် မရဘူး။

 ဖုန်းအောက်ထျန်းက အေးစက်စွာ ပြုံးပြီး သူမကို စိတ်ထဲမထည့်​တော့ပေ။

 ဆိုရိုးစကားအတိုင်း၊ အမျိုးသမီးများသည် အကြင်နာကင်းမဲ့သည့် သရုပ်ဆောင်များဖြစ်သည်။ သူနှင့် နာလန်ဟုန်ယွီက အစတည်းက ဘာ ဆက်ဆံရေး မရှိခဲ့ဘဲ တစ်ဦးနှင့်တစ်ဦး ရိုးရိုးရှင်းရှင်း ပျော်ရွှင်မှုအချို့ကိုသာ ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

 သူတို့၏ ကြောင်သူတော် အသွင်အပြင်တွေ ကွဲအက်သွားတော့ ဒီပျော်ရွှင်မှုရဲ့ နောက်ဆုံးခြေရာတွေတောင် လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ သူတို့ရဲ့ ဘုံရန်သူ လုရှောင်ယန်ပဲ ကျန်တော့သည်။

  "ငါတို့​နောက်​ထပ်​ ​နှောင့်​နှေးလို့ မရတော့မှာကို​ကြောက်​တယ်​။ အချိန်​ကြာ​လေ လုရှောင်ယန်နဲ့ ငါ တို့ကြားက ကွာခြားချက်​​တွေက ပိုကြီးမားလာတယ်​။ ဒီ​ကောင်​က အရမ်း​ကြောက်​စရာ​ကောင်းတယ်။"

 လီလျှို့ရွှေက အေးစက်စွာပြောသည်။

 ဖုန်းအောက်ထျန်းလည်း ခေါင်းညိတ်ပြီး လီလျှို့ရွှေ ကို အရင်ကလို မဆန့်ကျင်ခဲ့ပါ။

 "မှန်ပါတယ်။ ဒီလိုနည်းနဲ့တိုးတက်ဖို့လုပ်တာက ငါတို့အတွက်တော့ သိပ်လက်တွေ့မကျဘူး။

ငါတို့ရဲ့ကျင့်ကြံမှုက သာမန်လူတွေထက် ပိုမြန်တယ်၊ ဒါပေမယ့် လုရှောင်ယန်ရဲ့ တိုးတက်မှုနှုန်းက ငါတို့ထက်ကို ပိုမြန်နေသေးတယ်။ ငါတို့ နှောင့်နှေးလေလေ သူက ပိုသန်မာလာလေပဲ။"

 "​နေဦး၊ လုရှောင်ယန်နဲ့ ပြတ်ပြတ်သားသား ထိပ်တိုက်တွေ့ချင်နေတာလား၊ ဒါက အရမ်းမိုက်လွန်းတယ်။"

 နာလန်ဟုန်ယွီက သူ့ကို တားဖို့ ပါးစပ်ကို ချက်ချင်းဖွင့်လိုက်သည်။

 သို့သော်လည်း လီလျှို့ရွှေက ငြင်းမရနိုင်သော လေသံဖြင့် အေးတိအေးစက်ပြောခဲ့သည် "ငါ မင်းကို ရွေးချယ်ခိုင်းဖို့ အစီအစဉ် မရှိဘူး။ မင်း ငါတို့နှစ်ယောက်နဲ့ ပူးပေါင်းဖို့ပဲ လိုတာ။"

 "ငါတို့ တိုက်ပြီး သေရင် ငါတို့ ဘာလုပ်ကြမလဲ။"

 "ငါမသေဘူး။"

 ဤစကားသုံးခွန်းကြောင့် နာလန်ဟုန်ယွီ၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားသည်။

 ဤအခိုက်အတန့်တွင် လီလျှို့ရွှေသည် လုရှောင်ယန်ကို အမှန်တကယ် အနိုင်ယူနိုင်သည်ဟူသော ခံစားချက်ကိုပင် သူမ ခံစားရလေသည်။

 ဒါဟာ မြင်းနက်​တွေရဲ့ အရှိန်အဝါလား။

 သူမသည် ခေါင်းဆောင်အဖြစ် ပြင်းပြင်းထန်ထန် အုပ်ချုပ်လိုပြီး သူမ၏ အမိန့်ကို နာခံစေခဲ့သည်။ ထို့နောက် သူမ၏ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန် ၎င်းတို့ကို အသုံးပြုခဲ့သည်။

 သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူမသည် အနိုင်ယူခြင်းခံရသည့် လက္ခဏာများ စတင်ပြသနေပြီဖြစ်သည်။

 ဆိုလိုသည်မှာ သူမ၏ နှလုံးသားသည် တဖြေးဖြေး မြင်းနက်များ၏ နာခံသူ ဖြစ်လာတော့မည် ဖြစ်သည်။

 မြင်းနက်တွေက တကယ်ကို ကြောက်စရာကောင်းလွန်းသည်။

 သူတို့သည် အလွန်ကြောက်စရာကောင်းပြီး မည်သူမျှ သူတို့ကို မခုခံနိုင်ပေ။

 မည်သို့ပင်ဆိုစေကာမူ မြင်းနက်များသည်ပင် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။ သို့ဆိုလျှင် လုရှောင်ယန်သည် မည်မျှအရှိန်အဝါကြီးလိုက်မလဲ။

 လုရှောင်ယန်ကိုသတ်ပြီး သူ့ရဲ့ကံစွမ်းအားကို ရယူနိုင်ခဲ့မယ်ဆိုရင် သူမဟာ မြင်းနက် တွေကို သူမရဲ့ အမိန့်တွေကို နားထောင်မည့် သူမရဲ့လက်အောက်ငယ်သားများ ဖြစ်လာ​စေမှာ သေချာသည်။

 ထိုအချိန်တွင် သူမသည် မြင်းနက်များကို နင်းနိုင်သည့် စွမ်းအားကို ခံစားရုံသာမက မြင်းနက်များကို ဖိနှိပ်ရန် လွတ်လပ်မှုကိုလည်း ခံစားနိုင်သည်။

 ဒါကြောင့် အလောင်းအစားလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

 နောက်ဆုံးတော့ သူမဟာ ဒီတစ်ကြိမ်မှာ မြင်းနက်တစ်​ယောက်တည်းအစား နှစ်​ယောက်ကို ရှာတွေ့ခဲ့သည်။ လုရှောင်ယန်ကိုသတ်ဖို့ သူမအတွက် မဖြစ်နိုင်တာ မဟုတ်​တော့​ပေ။

 အသက်ပြင်းပြင်းရှူပြီးနောက် နာလန်ဟုန်ယွီသည် စိတ်ပိုင်းဖြတ်လိုက်သည်။

 "ကောင်းပြီ၊ ဒါဆို မင်းဘာလုပ်ဖို့ စိတ်ကူးထားလဲ? လုရှောင်ယန်ကို ဘယ်လိုကိုင်တွယ်မှာလဲ။"

 "ဒါဟာ အရမ်းရိုးရှင်းပါတယ်။ သူတို့ကို သီးခြားခွဲထုတ်ပြီး အနိုင်ယူဖို့ပဲ။"

 "မင်းပြောသလိုပဲ လုရှောင်ယန်ရဲ့ ခွန်အားက သူ့ကံအပေါ်မှာပဲ အဓိကမူတည်တယ်။

"အာကေရှားဂိုဏ်းရဲ့ အရင်က စုဆောင်းထားတဲ့ အချက်အလက်တွေကို ငါကြည့်လိုက်တယ်။ 

အချက်အလက်အားလုံးမှာ လုရှောင်ယန် တိုက်ခိုက်တဲ့ မှတ်တမ်းမရှိဘူး၊ မှတ်တမ်းတွေအရ၊ သူ့အတွက် သူ့တပည့်တွေကို အမြဲတမ်း တိုက်ခိုက်ခွင့်ပေးတယ်။

 တစ်နည်းအားဖြင့် လုရှောင်ယန်က အလွန်သတိကြီးသူပဲ။ အဲ့အခြေအနေမှာ၊ သူ့ တိုက်ခိုက်ရေးစွမ်းအားက ငါတို့ထင်သလောက် မမြင့်မားနိုင်ဘူး။

 အနည်းဆုံးတော့ သူက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်တော့ မဟုတ်ဘူး။

 သူတော်စင်အဆင့်ကို မရောက်သေးတာတောင် ဖြစ်နိုင်တယ်။ မဟုတ်ရင် အချိန်တိုင်း နောက်ကွယ်မှာ ပုန်းနေမှာ မဟုတ်ဘူး။

 သူဟာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူမဟုတ်သေးသရွေ့တော့ သူ့ကိုသတ်ဖို့ အခွင့်အရေးရှိတယ်။

 သူ့ အစီအရင် ဖွဲ့စည်းမှု ခွန်အားက ​ကောင်း​ပေမယ့် လူတစ်​ယောက်ရဲ့ အစီအရင် ခွန်အားက သူ့ရဲ့ တိုက်ခိုက်ရေးခွန်အားနဲ့ ညီမျှမှုမရှိဘူးဆိုတာကို မမေ့နဲ့ဦး၊

 သူသာ ကျွမ်းကျင်တဲ့သူဆိုရင် သေချာပေါက် သူ အဲ့​လောက် သတိထားမ​နေဘူး။

 ဒါ​ပေါ့ ငါတို့က ငါတို့ရဲ့ သတိကို နှိမ့်ချလို့ မရဘူး။

 ဒါပေမယ့်၊ သူ့ကို ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ယောက်လို့ မယူဆပဲ​နေရအောင်။

 သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကံတရားရဲ့ အကြွင်းမဲ့ အားသာချက်ကို သူ အဓိက မှီခိုနေရတုန်းပဲ။ သူ့ကံကို ငါတို့ ချိုးနှိမ်နိုင်ရင် သူက သာမန် ဖြတ်သွားဖြတ်လာ တစ်ယောက်နဲ့ အတူတူပဲ။"

 နာလန်ဟုန်ယွီသည် အနည်းငယ် အံ့ဩသွားသည်။

 "လုရှောင်ယန်ရဲ့ကံကို မင်းဘယ်လိုလျှော့ချနိုင်မလဲ။"

 လီလျှို့ရွှေက ဆက်လက်ပြောပြသည်။

 "စာရွက်ကိုဖတ်ကြည့် ရှောင်ပိုင်၊ လင်းဖေး ၊ ဖုန်းအောက်ထျန်းတို့နဲ့ ဆက်ဆံတာက သုံးတဲ့နည်းလမ်းတွေက အတူတူပဲ။"

 "လုရှောင်ယန်က ပစ်မှတ်ကို ဦးစွာကိုင်တွယ်ဖို့ အခြားသူ​တွေကို အသုံးပြုလိမ့်မယ်။ သူကတော့ပြိုင်ဘက်ကို ရန်စဖို့ ဒါမှမဟုတ် သူ့တပည့်​တွေကို အရင်လာခိုင်းတာမျိုး မလုပ်ဖူး။

 ဆိုလိုတာက သူက မြင်းနက်တွေကို တိုက်ရိုက် ကိုင်တွယ်ရာမှာ ယုံကြည်မှု မရှိဘူးလို့ ဆိုလိုတာဘဲ၊ သူက တပည့်တွေကို တစ်ချက်တည်းနဲ့ ချေမှုန်းဖို့ မြင်းနက် တွေရဲ့ ကံကြမ္မာကို အဆက်မပြတ် လျှော့ချဖို့ တခြားသူတွေကို အသုံးချချင်နေတာပဲ။

 ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှု မှန်ကန်ရင် ကံတရားက လူတစ်ယောက်ရဲ့ ပင်မကိုယ်ခန္ဓာနဲ့ သူတို့ပတ်ဝန်းကျင်မှာ ရှိတဲ့ သူ​တွေနဲ့ ဆက်စပ်နေသင့်တယ်။

 မင်း ပတ်ဝန်းကျင်က လူတွေက အပျက်အစီးတွေ ကြုံလာရရင် မင်းကံတွေ ဆုံးရှုံးလိမ့်မယ်။ မင်းရဲ့ ပင်မခန္ဓာကိုယ်ကို တိုက်ခိုက်ခံရရင် မင်းကံတွေလည်း လျော့ကျသွားနိုင်တယ်"

 နာလန်ဟုန်ယွီ၏ အသက်ရှူသံများ အေးခဲသွားသည်။ သူမ တစ်ခုခုကို ခံစားမိသွားပုံရသည်။

 "ဆက်ပါဦး။ ငါတို့ သူ့ကို ဘယ်လို ကိုင်တွယ်မလဲ?"

 “တပည့်​တွေနဲ့ စလိုက်မယ်။

 "ငါတို့သုံးလမ်းခွဲမယ်။ ဖုန်းအောက်ထျန်းက လမ်းကြောင်းတစ်ခုယူမယ်။ ငါ ဦးတည်ချက်တစ်ခုယူမယ်။ မင်းက တခြား ဦးတည်ရာကို ယူမယ်။

 "ငါက အဇူရာကြာပန်းဓားဂိုဏ်းကို သွားမယ်။ အဲဒီမှာ လီချန်းရှန်ရဲ့ ဆွေမျိုးတွေ ရှိနေတုန်းပဲ။ ငါ အဲဒီကို သွားမယ်ဆိုရင် လီချန်းရှန် မလာဘဲမ​နေဘူး။

 "မင်းသွားပြီးတော့ မဟာကျိုး ဧကရာဇ်မိသားစုနဲ့ တိုက်ခိုက်ရလိမ့်မယ်။ မဟာကျိုး ဧကရာဇ်မိသားစုက လုရှောင်ယန်ရဲ့ လက်ပါးစေဖြစ်နေပြီထင်တယ်၊ လုရှောင်ယန်က သူတို့ကို လျစ်လျူရှုလိမ့်မယ်လို့ ငါမယုံဘူး။

  "ဖုန်းအောက်ထျန်းအတွက်ကတော့ လုရှောင်ယန်ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို သွားပြီး ကိုင်တွယ်ရမယ်။

 "ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ နှစ်အတော်ကြာနေထိုင်ပြီးနောက်၊ သူ့မှာ ကောင်းကင်နတ်ဆိုးဂိုဏ်းအတွက် ဘာခံစားချက်မှ မရှိဘူးဆိုတာကို ငါ မယုံဘူး။

 "တကယ်လို့ သူသာ သူတို့ကို ကယ်တင်ဖို့ ပြန်သွားမယ်ဆိုရင် သူ ထိန်းသိမ်းခံရလိမ့်မယ်။ သူသာ မလုပ်ရင် ကောင်းကင်နတ်ဆိုးဂိုဏ်းက ဖျက်ဆီးခံရပြီး သူ့ရဲ့ ကံကြမ္မာက အားနည်းသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ဆုံးရှုံးသွားလိမ့်မယ်။

 "ငါ လီချန်းရှန်ကို အရင်သတ်ပြီး ဖုန်းအောက်ထျန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးပြီးရင် မင်း မဟာကျိုး နန်းမြို့​တော်မှာ ပြသနာတစ်ခု ရှာလိုက်...။ လုရှောင်ယန်မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်လက်ပါရင်တောင် သူက အရာအားလုံးကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။  “

 ဖုန်းအောက်ထျန်းက မကူညီနိုင်ဘဲ စူးစူးရဲရဲ မေးလိုက်သည် ။

 "ဒါပေမယ့် ဟုန်ယွမ်က အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမယ့်၊ မဟာကျိုး ​တော်ဝင်မိသားစုကလည်း အချဉ်မဟုတ်ဖူး​လေ။ မဟာကျိုး တော်ဝင်မိသားစုမှာ အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်ပညာရှင် တစ်​ယောက်မှ မရှိဘူးလို့ မပြောနဲ့။  "

 "မင်းပြောသလိုပဲ၊ မဟာကျိုး တော်ဝင်မိသားစုဟာ လုရှောင်ယန် ရဲ့ လက်ပါးစေတွေ ဖြစ်လာနေပါပြီ။ မဟာကျိုး ဧကရာဇ်မိသားစုက အေးအေးဆေးဆေး ထိုင်နေမှာ မဟုတ်ဘူး။

 "ဟုတ်ပါပြီ၊ ငါသိပါတယ်။"

 လီလျှို့ရွှေသည် နာလန်ဟုန်ယွီ ကို ကြည့်လိုက်သည်။

 "နတ်မိမယ်နာလန် ၊ မင်းဒီလုပ်ငန်းမှာ နှစ်ရာနဲ့ချီပြီး လုပ်လာတာ။ မင်းမှာ ငါတို့လိုတဲ့ ကွန်ရက်မရှိဘူးလို့ ငါမယုံဘူး။ အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူ သုံးယောက်ထက် ပိုရှာဖို့ဆိုတာ ပြဿနာမဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား။"

 နာလန်ဟုန်ယွီသည် မျက်လုံးပေကလက်ပေကလက်နဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနေလေသည်။

 မူလက သူမသည် တော်ဝင်မိသားစုကို တိုက်ခိုက်ရန် မလိုအပ်သည့်အခါ ကောင်းကောင်းကူညီ​ပေးသည်။ သို့သော် ယခုအခါတွင် သူမသည် တော်ဝင်မိသားစုကို တိုက်ရိုက်ကိုင်တွယ်ရန် တောင်းဆိုခံရသောကြောင့် ၎င်းကို ထည့်သွင်းစဉ်းစားရန် လိုအပ်နေပြီဖြစ်သည်။

 လီလျှို့ရွှေက လုရှောင်ယန်ကို အနိုင်ယူနိုင်မယ်လားဆိုတာ သူမတကယ်မသိခဲ့ပါ။ သူမ အခု စိတ်အေးအေးထားဖို့လိုသည်။

 "ဘာကိုအခြေခံပြီး လုရှောင်ယန်ကို ပစ်မှတ်ထားနေတာလဲ၊ သူ့ကို သတ်ပစ်ဖို့ ဘယ်လိုယုံကြည်ချက်ရှိလဲ။"

 လီလျှို့ရွှေသည် ကောင်းကင်ကို ၄၅ ဒီဂရီ ထောင့်ချိုး ကြည့်လိုက်သည်၊ သူ့နောက်ကျောတွင် လက်ပစ်ကာ အဆုံးမဲ့ ယုံကြည်မှုများ သူ့မျက်လုံးများတွင် တောက်ပလာသည်။

 "ငါ့မှာ သူတော်စင်အဆင့် ကျွမ်းကျင်သူကိုသတ်နိုင်တဲ့ လှုပ်ရှားမှုတစ်ခုရှိတယ်။"

 ဖုန်းအောက်ထျန်းနှင့် နာလန်ဟုန်ယွီ၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားကြသည်။

 ကြောက်စရာကောင်းလွန်းသည်။

 လီလျှို့ရွှေသည် ယခုအချိန်တွင် ဧကရာဇ် ပထမအဆင့်ကို ကျင့်ကြံသူသာဖြစ်သည်။ အများအားဖြင့်၊ ၎င်းသည် အဆင့်ကြီးနှစ်ခုကို ကျော်ဖြတ်ရန် တစ်ဦး၏တိုက်ခိုက်ရေးစွမ်းအားအတွက် လုံလောက်သော စွမ်းအားရှိနေပြီဖြစ်သည်။

ထိုအခြေအနေမျိုးတွင် သူတို့သည် လုရှောင်ယန်နှင့် ကိုင်တွယ်ရန် အမှန်တကယ်အခွင့်အရေးရှိပေမည်။

 "ကောင်းပြီ၊ ငါ မင်းကို ကတိပေးတယ်။ ငါ ဘုရင်မင်းမြတ်နဲ့ပတ်သက်ပြီး မင်းကို ကူညီမယ်။"

 နာလန်ဟုန်ယွီသည် သူမ၏စိတ် တည်ငြိမ်နေပြီဖြစ်သည်။

 လုရှောင်ယန်ကိုသတ်ဖို့အခွင့်အရေးရောက်လာပြီဆိုတာ သူမသိသည်။

 သူမ၏တိုးတက်မှုနှုန်းသည် အလွန်နှေးကွေးပြီး လုရှောင်ယန်၏ ကျင့်ကြံမှုအရှိန်သည် အံ့အားသင့်စရာပင်။ သူတို့ နှစ်ယောက်ဟာ တူညီတဲ့ အဆင့်မှာ မရှိခဲ့ပါ။

 ယခု သူမလက်ထဲတွင် ဝှက်ဖဲနှစ်ချပ်ရှိသည်။ မြင်းနက်တွေကြောင့် လုရှောင်ယန်ကို သတ်ရန် သူမ သဘာဝကျကျ အခွင့်အရေးရခဲ့သည်။

 လီလျှို့ရွှေ ဖော်ပြခဲ့သည့် အပြောင်းအရွေ့နှင့်တွဲလျက် လုရှောင်ယန်ကိုသတ်ရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုဖြစ်သည်။

 အကယ်၍ သူမ ဒီအခွင့်အရေးကို လွတ်သွားခဲ့ရင်၊ လုရှောင်ယန်ကို ဒီဘဝမှာ ထပ်ပြီးသတ်နိုင်ပါ့မလားဆိုတာ သူမတကယ်မသိပါ။

 "တော်ဝင်မိသားစုကို တိုက်ခိုက်ရာမှာ မင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူတွေ လုံလုံလောက်လောက် ရှာမတွေ့ခင် ဘယ်လောက်ကြာမလဲ။"

 "တစ်လခွဲ၊ ဆယ်ရက်.."

 ဖုန်းအောက်ထျန်းကလည်း "ကောင်းပါပြီ၊ ငါလည်း ရှေးလူဝံမျိုးနွယ်ကို ပြန်သွားပြီး လုရှောင်ယန်ကို ခုခံဖို့ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို စုဆောင်းရမယ်။"

 "ကောင်းပြီ၊ အဲဒါဆိုရင် ကိုးရက်မြောက်နေ့မှာ စိန်ခေါ်မှုကို စလို့ရတယ်။"

 "​နေရာ အကူးအ​ပြောင်း စနစ်လုပ်ဖို့ သတိရပါ။ ဒါမှ တိုက်ပွဲစတဲ့အခါ၊ အချိန်မရွေး အတူတကွ ​နေရာကူး​ပြောင်းနိုင်ပြီး လုရှောင်ယန်ကို အတူတကွ တိုက်ခိုက်နိုင်တယ်။"

 လီလျှို့ရွှေ၏အချိန်သည် ပြီးပြည့်စုံရန် လိုအပ်သည်။ လုရှောင်ယန်က  လီချန်းရှန်နှင့် သူ၏အခြားတပည့်များကို လိုလိုလားလားလွှတ်ပေးရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် သူသည် လုရှောင်ယန်ကို အစီအရင်ဖွဲ့စည်းမှုများကို ပြင်ဆင်ရန် အချိန်အလုံအလောက်မရှိရန် လည်း လိုအပ်သည်။  

ထို့အပြင် လုရှောင်ယန်သည် အဇူရာကြာပန်းဓားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတို့မှ လူများကို အကာအကွယ်​ပေးလို့မရ​အောင်လည်း လိုအပ်သည်။

 အမှားတစ်ခုလုပ်မိဖို့ မတတ်နိုင်ဘူး။

 သုံးယောက်သား လျင်မြန်စွာ ဖြန့်ကျက်ပြီး သက်ဆိုင်ရာ အစီအစဥ်များကို အကောင်အထည်ဖော်ကြသည်။

 တစ်ဖက်တွင်လည်း လုရှောင်ယန်သည် နန်းမြို့တော်သို့ ပြန်သွားခဲ့သည်။

 ဤကြီးမားသော စု​ဆောင်းမှုကြီးသည် အမှန်ပင် သူ့အတွက် ကြီးမားသော စုဆောင်းမှုတစ်ခုဖြစ်ခဲ့သည်။

 ထိပ်တန်းဝိညာဉ်ကျောက်တုံးများ၏တန်ဖိုးသည် ၁၀ ဘီလီယံနီးပါးရှိသည်။

 ထို့ အပြင် အခြားအဆင့်မြင့်၊ အလယ်တန်း၊ အဆင့်နိမ့် ဝိညာဉ်ကျောက်များအပြင် လက်နက်မျိုးစုံနှင့် တရားဓမ္မရတနာများလည်း ရှိသေးသည်။

 နန်းမြို့တော်တော်သို့ ပြန်ရောက်ခြင်း၏ အရိပ်အာဝါသကို ခံစားမိသော ကျီဝူရှန် သည် ချက်ချင်းပင် သူ့ကို လာနှုတ်ဆက်သည်။

 "အကြီးအကဲလု ပြန်လာပြီလား "

  လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။ အမြောက်အမြားရရှိပြီးနောက် သူသည် စိတ်ထားကောင်း​နေခဲ့သည်။

 "အာကေရှားဂိုဏ်းရဲ့အခြေအနေ ဘယ်လိုနေလဲ…"

***

အပိုင်း ၁၉၉ တိုက်ပွဲကိုလက်ခံခြင်း..

"အာကေရှားဂိုဏ်းကို လုံးလုံး ချေမှုန်းပြီးသွားပါပြီ။ ဒါတင်မကဘဲ အာကေရှားဂိုဏ်းက​နေ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၉၀ ဘီလီယံကျော်ကိုလည်း လုယူခဲ့တယ်။"

 "ဘယ်လောက်..."

 လုရှောင်ယန်သည် ချက်ချင်း သူ့နားကိုပင် မယုံဝံ့ပေ။

 "ဘီလီယံ ၉၀ ကျော်..."

 လုရှောင်ယန်:"…"

 သူသည် အခြားသူများ၏ ဘိုးဘွားသင်္ချိုင်းများကို လုယက်ရန် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ လဝက်ကျော် အလုပ်လုပ်ပြီးနောက် မဟာကျိုး အင်ပါယာရှိ ရှေးဟောင်းသင်္ချိုင်းများအားလုံးကို တူးဖော်လုနီးပါးဖြစ်သည်။ သို့သော် သူသည် ၁၀ ဘီလီယံ​ခန့်​လောက်သာ ရရှိခဲ့သည်။ ထို့အပြင် ထိုလက်နက်များနှင့် ပစ္စည်းများသည် ဘီလီယံ ၂၀ ပင် မပြည့်ခဲ့ပေ။

 နောက်ဆုံးတွင်၊ ကျီဝူရှန်သည် အာကေရှားဂိုဏ်းကို ပိတ်ပစ်ခဲ့ပြီး ၉၀ ဘီလီယံကျော် ရရှိခဲ့သည်။ ဒါက ဟာသတစ်ခုလား။

 " အကြီးအကဲလု ဘာများဖြစ်လို့လဲ "

 လုရှောင်ယန် တိတ်ဆိတ်နေတာကို မြင်လိုက်ရ​၍ ကျီဝူရှန်၏  နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြီး အလျင်စလို မေးလိုက်သည်။

 လုရှောင်ယန်က သူ့လက်ကို ဝှေ့ယမ်းပြီး "ဘာမှ မဖြစ်ဘူး" ဟု ပြောသည်။

 "ကောင်းပါတယ်၊ ဒီမှာ ၉၀ ဘီလီယံ ထိပ်တန်း ဝိညာဉ်ကျောက်တုံးတွေပါ။ အကြီးအကဲ၊ ကျေးဇူးပြုပြီး ယူသွားပါ။"

 လုရှောင်ယန်က ခေါင်းညိတ်ပြပြီး သူ၏ တောင်တန်းနှင့် မြစ် ပန်းချီကားထဲကို ထည့်လိုက်သည်။

 "မကြာသေးခင်က တစ်ခုခုများ ဒုက္ခရောက်ခဲ့သလား။"

 ကျီဝူရှန်က "ဟုတ်တယ်၊ နည်းနည်းတော့ ဒုက္ခရောက်တယ်။ ဧကရာဇ်နန်းတော်ရဲ့ ဘုရင်တချို့၊ အမွေဆက်ခံသူတချို့နဲ့ အရင်ဧကရာဇ်ရဲ့ ယုံကြည်ရတဲ့ လက်ထောက်ဟောင်းတချို့က သိပ်နာခံမှု မရှိဘူး။ သူတို့ကို အမိန့်ပေးဖို့ ခက်တယ်။"

 လုရှောင်ယန်က "မင်းက အခု ဧကရာဇ်မင်းဖြစ်နေပြီ။ အနာဂတ်မှာ တခြားသူတွေကို ဖိနှိပ်ဖို့ မင်းရဲ့စွမ်းအားကို အမြဲအသုံးမချနဲ့။ တစ်ခါတလေမှာ လူတွေကို အကျိုးပြုဖို့အတွက် မင်းအာဏာကို အသုံးပြုတတ်အောင် သင်ယူရမယ်။ ထာဝရရန်သူ ဒါမှမဟုတ် ထာဝရမိတ်​ဆွေ ဆိုတာမရှိဘူးဆိုတာ သတိရပါ။ ဒါ​ပေမယ့် မင်းမှာ ပိုက်ဆံရှိသရွေ့ မင်းမှာ ​နောက်လိုက် တွေရှိ​နေလိမ့်မယ်။"

 သိုင်းပညာကို လေးစားတဲ့ ကမ္ဘာမှာ အားနည်းသူတွေဟာ အားကြီးသူတွေရဲ့ လက်အောက်ခံဖြစ်မှာ အမှန်ပါပဲ။

 သို့သော် အားနည်းသူများသည် သန်မာသူများအတွက် ခြွင်းချက်မရှိ အလုပ်ဖြစ်မည်ဟု မဆိုလိုပါ။

 လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေ မရှိလျှင် မည်သူမှ ရူးသွပ်စွာ လုပ်ကိုင်​ပေးမှာ မဟုတ်ပါ။

 လူသားများသည် စည်းစိမ်ဥစ္စာအတွက် သေဆုံးကြပြီး ငှက်များသည် အစာအတွက် သေဆုံးကြသည်။ ဤသည်မှာ ထာဝရအမှန်တရားဖြစ်သည်။

 လက်သီးအရွယ်အစားကို မြင်နိုင်မှသာလျှင် ပြသနိုင်မည်ဖြစ်သည်။ လက်သီးကို မမြင်နိုင်ရင် လက်သီးဘယ်လောက်ကြီးနေပါစေ အသုံးမကျဘူး။

 ကျီဝူရှန်သည် ယခုအခါတွင် သူထိန်းချုပ်ထားသော မဟာအကြီးအကဲ၊ ကျီနဉ်နှင့် ကျင့်ကြံမှုအဆင့်မြင့်နေပြီဖြစ်သော ဘုရင်ဟောင်းကို အမှီပြု၍ နန်းတက်ခဲ့သည်။

 အကြွင်းမဲ့ ခွန်အားကို ရရှိပြီးနောက်၊ ၎င်း၏ သရုပ်ပြမှုသည် လူအချို့ကို ခြိမ်းခြောက်နိုင်သေးသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူတို့သည် ဤခြိမ်းခြောက်မှုကို တဖြည်းဖြည်း မေ့လျော့သွားကြမည်။

 ထို့အပြင် လူအချို့သည် အစကတည်းက ဤပြင်းထန်သော ဖိနှိပ်မှုကို လက်မခံလိုကြပါ။

 "ဟုတ်​ကဲ့​ အကြီးအကဲလုရဲ့စကား​တွေကို ​သေချာမှတ်​ထားပါ့မယ်။"

 လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

 "ကောင်းပြီ တခြားဘာမှ မရှိရင် မင်းပြန်လို့ရပြီ။"

 ကျီဝူရှန်က လုရှောင်ယန်ကို နှုတ်ဆက်ပြီးပြန်သွားကာ လုရှောင်ယန်သည်လည်း ဆက်လက်ကျင့်ကြံသည်။

 လွန်ခဲ့သည့်ရက်အနည်းငယ်တွင်၊ ယွင်လီကောနှင့် အခြားသူများသည် ၎င်းတို့၏ ကျင့်ကြံမှု အများအပြားကို တိုးမြှင့်ခဲ့ပြီး လုရှောင်ယန်၏ ကျင့်ကြံမှုကို များစွာတိုးလာစေခဲ့သည်။  သူသည် တရားထိုင်ကာ သူ၏ ကိုယ်ခံပညာ အယူအဆများကို ပေါင်းစပ်ပြီး သူ၏ လက်ရှိ လေ့ကျင့်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အရာအားလုံးကို လုံးလုံး ကျွမ်းကျင်စေရန် လိုအပ်သည်။

 …

 အချိန်တို့လျင်မြန်စွာ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကိုးရက်ကြာသွားသည်။

 လုရှောင်ယန် သူ၏မျက်လုံးတွေကို ဖွင့်ကြည့်လိုက်​သည်။

 ဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲက ကမ္ဘာငယ်လေးကို ဖွင့်ပေးလိုက်သလို၊ မိုးခြိမ်းသံလှိုင်းတွေ ထွက်လာ​စေသည်။

 " အကြီးမြတ်ဆုံးအဆင့်ရဲ့ ဆဋ္ဌမအဆင့်"

 လုရှောင်ယန်သည် သူ့လက်သီးများကို ဆုပ်ထားပြီး သူ့ပတ်ဝန်းကျင်တွင် အထူးသံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ဤသံလိုက်စက်ကွင်းတွင်၊ ဝိညာဉ်စွမ်းအင်သည် အလွန်နူးညံ့သိမ်မွေ့သော သိုးငယ်တစ်ကောင်ဖြစ်လာသည်။

အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူကို အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူဟု ခေါ်ဝေါ်ခြင်းမှာ ၎င်းတို့သည် ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်နိုင်ပြီး ဝိညာဉ်စွမ်းအင်ကို ၎င်းတို့၏ လက်အောက်ခံဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် ဝိညာဉ်စွမ်းအင်အပေါ် လုံးဝထိန်းချုပ်မှုအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

 သူ၏ ကျင့်ကြံမှု တိုးလာသည်နှင့်အမျှ ဤသံလိုက်စက်ကွင်းသည် ဒဏ္ဍာရီလာ သူတော်စင်အဆင့်မှ နောက်တစ်ဆင့်သို့ ပြောင်းလဲသွားသည်အထိ ပိုမိုအားကောင်းလာမည်ဖြစ်သည်။

 "သူတော်စင်အဆင့်မှာရှိတဲ့သူတွေက ကျင့်ကြံနည်းစနစ်တွေလည်း သုံးတယ်လို့ ပြောကြတယ်။ ဒါပေမယ့် တူညီတဲ့ ကျင့်နည်းကို သုံးကြပေမယ့် တစ်ဖက်ကို စကားလုံးတစ်လုံးတည်းနဲ့ ဖိနှိပ်ထားနိုင်တုန်းပဲ။ အဲဒါ ဟုတ်လားလို့ ငါ သိချင်မိတယ်။"

 သိုင်းပညာတွင် အဆင့်တိုင်း၏ ဝိသေသလက္ခဏာများမှာ ကွဲပြားသည်။

 သူမြင့်လေလေ၊ တခြားသူတွေက သူ့ကို ဆန့်ကျင်ဖို့ ခက်လေလေပဲ။

 သို့သော်၊ ၎င်းသည် ဖုန်းအောက်ထျန်းနှင့် လီလျှို့ရွှေတို့၏ စွမ်းရည်သည် မည်မျှထိတ်လန့်စရာကောင်းသည်ကို သွယ်ဝိုက်ဖော်ပြသည်။

 မြင့်မားသောဘုံတွင် ရှိနေသော်လည်း ၎င်းတို့သည် အဆင့်ကြီးနှစ်ခုကို ကျော်လွန်နိုင်သေးသည်။ သူတို့သည် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုကိုသာ တိုက်ခိုက်နိုင်ခဲ့သည့် လင်းဖေးနှင့် ရှောင်ပိုင်တို့နှင့် မတူ​ပေ။

 "ငါ့ တပည့်​တွေရဲ့ ကျင့်ကြံဆင့်ကိုမြင်ချင်တယ်၊ ဝမ့်ခိုက် "

 လာပါပြီ သခင်၊ ငါဒီမှာပါ

 "ယွင်လီကော နှင့် အခြားသူ​တွေရဲ့ ကျင့်ကြံဆင့်မှတ်တမ်းကို ပြပါ။"

 ကောင်းပါပြီ သခင်၊ အခုပဲ လုပ်ဆောင်နေပါပြီ​

 ဝမ့်ခိုက်သည် လုရှောင်ယန်အတွက် အချက်အလက်များကို အမြန်ထုတ်ပေးခဲ့သည်။

 "လီကောက ဒီအချိန်မှာ အတော်လေး ကောင်းကောင်း လုပ်ဆောင်နေတယ်။ သူက အာကာပြင်ပြိုကွဲခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ကို ရောက်သွားပြီ။ ဒီရက်ပိုင်းမှာ သူ ​သေချာ ကျင့်ကြံခဲ့ပုံပဲ။"

 တောင်တန်းနှင့် မြစ်ပန်းချီ၏ အချိန်သည် အပြင်ကအချိန်နှင့် မတူပေ။ အပြင်မှာ တစ်ရက်က အထဲက ခုနစ်ရက်ကနေ ရှစ်ရက်နဲ့ ညီမျှသည်။

 ထို့အတွက်ကြောင့် တောင်တန်းနှင့်မြစ် ပန်းချီကားကြီးအတွင်း၌ လအတော်ကြာ ကုန်ဆုံးသွားခဲ့သည်။

 လုရှောင်ယန်သည် ကျီဝူရှားကို တစ်ဖန်ပြန်ကြည့်ကာ ချက်ခြင်းငြိမ်သွားသည်။

  အနှစ်သာရခိုင်မြဲခြင်းအဆင့်၏ ဒုတိယအဆင့်။

 ခြားနားမှုက တစ်ဖန် ကျယ်ပြန့်လာပုံရသည်။

 ထို့အပြင်၊ ကျီဝူရှားသည် ကြက်ဥတစ်လုံးကို ယောင်ဝါးဝါးဖြင့် ရယူထားပုံရသည်။

 ဒါက ဘာလဲ။

 နောက်ထပ် နတ်ဝိညာဉ်လား?

 သို့သော်၊ ဤနတ်ဘုရားဝိညာဉ်သည် အနည်းငယ်ထူးဆန်းသည်။ တကယ်ကို ကြက်ဥကြီးပင်။

 မေ့လိုက်ပါ၊ လောလောဆယ်တော့ အဖြေရှာလို့ မရဘူး။ မည်သို့ပင်ဆိုစေကာမူ အန္တရာယ်မရှိသရွေ့တော့ ကောင်းပါတယ်။ သူက တခြားသူတွေကို အရင်ကြည့်သည်။

 ထိုစကား​ပြောပြီး လုရှောင်ယန်သည် ဖုန်းထျန်းယွမ်၏ အချက်အလက်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

 အနှစ်သာရခိုင်မြဲခြင်းအဆင့်၏ ပြီးပြည့်စုံသော ဒသမအဆင့်။

 လုရှောင်ယန်: "???"

 ဒီလူတွေအားလုံး ဘာကြောင့် ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာလဲ။

 ဖုန်းထျန်းယွမ်သည် ယွင်လီကောနှင့် ကျီဝူရှားတို့ထက် အဆများစွာ ပို၍ ပုံမှန်မဟုတ်နေတာပဲ။

 ယခုအချိန်တွင် ဖုန်းထျန်းယွမ်၏ ခန္ဓာကိုယ်ရှိ ခရမ်းရောင် မိစ္ဆာလူဝံကိုယ်ထည်သည် ပို၍ကြီးမားလာသည်။  လုရှောင်ယန်၏ ခန္ဓာကိုယ်ထဲတွင်လည်း သဘာဝအတိုင်း တစ်စုံတစ်ခု ရှိနေသည်။ ဤ မိစ္ဆာလူဝံကိုယ်ထည်သည် အမှန်တကယ် အလွန်အစွမ်းထက်သည်ကြောင်း ခံစားကြည့်၍ပင်ရသည်။ ၎င်းကို နတ်ဘုရားအဆင့် ကျင့်ကြံနည်းလမ်းဖြင့် ပေါင်းစပ်လိုက်လျှင် မည်မျှ အစွမ်းထက်မည်ကို ဘယ်သူများသိနိုင်မလဲ။

 "နတ်ဝိညာဉ်ရဲ့အကျိုးသက်ရောက်မှုက တကယ်ကို အစွမ်းထက်ပုံပါပဲ။ အခု ဝူရှား မှာလည်း နတ်ဝိညာဉ်တစ်ခုရှိနေပြီဖြစ်လို့ သူမရဲ့ ကြီးထွားမှုနှုန်းက တိုးလာနိုင်ပါတယ်။ ဒီသနားစရာ ကလေး လီကောဟာ အနာဂတ်မှာ ခံနိုင်ရည်ရှိနိုင်ပါ့မလားလို့ပဲ တွေးမိတယ်။"

 ထိုသို့စဉ်းစားရင်း လုရှောင်ယန်သည် လီချန်းရှန်၏ အချက်အလက်ကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။

  မျှော်လင့်ထားသည့်အတိုင်း လီချန်းရှန်သည် ဘုရင်အဆင့်၏ ဒသမအဆင့်သို့ တက်လှမ်းလာခဲ့သည်။

 ဒီတစ်ကြိမ် သူတို့ရဲ့တိုးတက်မှုနှုန်းက တကယ်တော့ မမြန်ပါဘူး။ အဓိကအကြောင်းအရင်းမှာ လုရှောင်ယန်သည် ထိုအချိန်ကို အရှိန်မြှင့်လိုက်ခြင်းပင်။ အပြင်မှာ နှစ်လမပြည့်သေးသလို ထင်ရပေမယ့် တကယ်တမ်းကျတော့ အထဲမှာ တစ်နှစ်နီးပါးရှိနေပြီ။

 သူတို့၏ ပင်ကိုယ်စွမ်းရည်နဲ့ ဝှက်ဖဲတွေ အများကြီးနဲ့ တစ်နှစ်အတွင်းမှာ သူတို့ရဲ့ အင်အားကို ဒီအရှိန်နဲ့ တိုးတာက ဖြစ်သင့်သည်။

 "ငါ့ရဲ့ အငယ်ဆုံးတပည့် ကျီချုံလည်း ရှိတယ်။ သူမရဲ့ ကျင့်ကြံမှုဟာ လီကောနဲ့ ဆင်တူတယ် မဟုတ်လား"

 သို့သော် လုရှောင်ယန်သည် ကျူးကောကျီချုံ၏အချက်အလက်ကိုဖွင့်လိုက်သောအခါတွင် သူသည် သူ စုတ်သပ်မိလိုက်သည်။

 ကျူးကောကျီချုံ၏ကျင့်ကြံမှုသည် အနှစ်သာရခိုင်မြဲခြင်းအဆင့် ၏ပထမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

 ဒီကောင်မလေးက...တကယ်ကို လူသားမဟုတ်ဘူးပဲ။

 အမှန်တော့၊ ကျူးကောကျီချုံ၏ ကျင့်ကြံမှု လျင်မြန်စွာ တိုးပွားလာရသည့် အကြောင်းရင်းတစ်ခု ရှိပါသည်။

 သူမသည် ယွင်လီကောတို့လို သာမန်လူများနှင့် မတူဘဲ သိုင်းဘုရင်အဆင့်​သွေး​ဆေး၊ သိုင်းဘုရင်အဆင့်​ဝိညာဉ်​ဆေး၊ သိုင်းဘုရင်အဆင့်​ ခြင်ဆီ​ဆေးပြားတို့ကိုမ​သောက်သုံးနိုင်​ပေ။

 လုရှောင်ယန်သည် ထိုဆေးလုံးများမှ သိုင်းဘုရင်အဆင့်​သွေးနှင့် သိုင်းဘုရင်အဆင့်​ ခြင်ဆီအား သန့်စင်ပြီး သူမအား တိုက်ရိုက်စားသုံးရန် ပေးခဲ့သည်။

 လုရှောင်ယန်သည် သူမအား သိုင်းဘုရင်အဆင့်​ နှလုံးသားကိုပင် ပေးခဲ့သည်။

 သိုင်းဘုရင်အဆင့်​ကျွမ်းကျင်ပညာရှင်၏ အကျိုးသက်ရောက်မှုသည် ပိုအစွမ်းထက်သွားသည်။

 သူ လီကောနဲ့ တခြားသူတွေကို ထိုနှလုံးကို စားခွင့်ပေးလိုက်ရင် သူတို့ မစားဖြစ်မှာ သေချာပါသည်။ သို့သော် ကျူးကောကျီချုံသည် ဖုတ်ကောင်တစ်ယောက်ဖြစ်သောကြောင့် သူမ လုံးဝစိတ်ထဲမထားပေ။

 ဟင်း...

 ထားလိုက်ပါတော့၊ လုရှောင်ယန်က လီကောကို ဂရုမစိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။ သူသည် လီကောသည် အသင်း၏ အညံ့ဆုံးဖြစ်မည်ကို ဂရုမစိုက်နိုင်တော့ပေ။

 ဘာပဲ​ပြော​ပြော သူ့တပည့်တွေ မြန်မြန်တိုးတက်လေ၊ သူ့ကိုယ်ပိုင် ကျင့်ကြံမှု ပိုမြန်လာ​လေပင်။

 လီကောအတွက် သူ့နှလုံးသားက နာကျင်နေချိန်တွင် လုရှောင်ယန်ဟာ သူ့မျက်လုံးထဲတွင် မျက်ရည်တွေအပြည့်နှင့် လက်ဆောင်တွေကို လက်ခံရရှိပြီး သူတို့ကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။

နတ်ဘုရားအဆင့် ​ဆေးလုံး x 100

 အလယ်အလတ်တန်းစား နတ်ဘုရားအဆင့်လက်နက် ​ ဝံပုလွေနတ်ဘုရား x 1

 အဆင့်နိမ့် နတ်ဘုရားအဆင့်လက်နက် လရောင်ဖြာဓား x 1

 ထိပ်တန်းအဆင့် နတ်ဘုရားအဆင့် ​ ကံကောင်းခြင်း ရွှေနဂါး x 1

 ကံကောင်းခြင်း ရွှေနဂါးကို ကံကောင်းမှုတိုးစေ ပြီး ကံဆိုးမှုကို လျော့ပါးစေဖို့ သုံးနိုင်ပါသည်။

 အလယ်အလတ်တန်းစား နတ်ဘုရားအဆင့် ​ သံနဂါးသံချပ်ကာ x 1

 အလယ်အလတ်တန်းစား နတ်ဘုရားအဆင့် ​ နတ်သားရဲဥ x 1

 ထိပ်တန်းအဆင့် နတ်ဘုရားအဆင့် ​ ကျင့်ကြံနည်းလမ်း၊ သားရဲထိန်းချုပ်ခြင်းပညာရပ် x 1

 မြင့်မြတ်တာအိုစိတ်ဝိညာဉ်ကျောက်တုံး x 1000

 …

 လုရှောင်ယန်သည် ဤအဖိုးတန်ပစ္စည်းများကို မြင်ရပါများ၍ ရိုးနေပြီဖြစ်သည်။

 မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးကို တောင်နှင့် မြစ်ပန်းချီကားထဲသို့ ပစ်ချခဲ့သည်။

 သူအလုပ်ပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် ဧကရာဇ်နန်းတော်မှ လက်အောက်ငယ်သားတစ်ဦးသည် အပြင်ဘက်သို့ ပြေးလာသည်။

 "အကြီးအကဲလု၊ မင်းအတွက် အပြင်မှာ အရေးတကြီးစာတစ်စောင်ရှိတယ်။"

  လုရှောင်ယန် မျက်ခုံးပင့်တင်လိုက်သည်။

 "ဘာဖြစ်တာလဲ?"

 "အကြီးအကဲလု၊ ကျွန်​တော်မသိဘူး..."

 အတွေးတစ်ခုဖြင့် စာတစ်စောင် သူ့လက်ထဲ ချက်ချင်းရောက်လာသည်။

 လုရှောင်ယန်သည် သူ၏ နတ်အာရုံကို ဖြန့်ပြီး အချက်အလက်ကို လေ့လာခဲ့သည်။

 သူအံ့သြမိသည်မှာ အထဲတွင် စိန်ခေါ်စာတစ်စောင် ရှိနေသည် ။

 ပိုလို့တောင် အံ့သြမိတာကတော့ ဒီလူတွေက တကယ့် မိတ်​ဆွေဟောင်းတွေပါ။

 နာလန်ဟုန်ယွီ၊ ဖုန်းအောက်ထျန်းနှင့် လီလျှို့ရွှေတို့ဖြစ်သည်။

 "ဒီလူသုံးယောက်က ငါ့ကို တကယ်တိုက်ချင်နေတာလား။ စိတ်ဝင်စားစရာပဲ။"

 သို့သော်၊ ဤသည်မှာ လုရှောင်ယန် အနည်းနှင့်အများ ​မျှော်လင့်ထားပြီးသားဖြစ်သည်။ နောက်ဆုံးတော့ သူတို့သုံးယောက်ရဲ့ တိုးတက်ရာလမ်းကို ပိတ်ဆို့ထားပြီးသားပင်။ သူတို့သုံးယောက် အသက်ရှင်ချင်တယ်ဆိုရင်တော့ မဟာကျိုးအင်ပါယာကနေ လွတ်မြောက်နိုင်သလို သူ့ကို ထိပ်တိုက်တိုက်ခိုက်နိုင်သည်။

 သူ့ကို လက်စားချေဖို့ မရှာခင် နှစ်ပေါင်းများစွာ ဖုံးကွယ်ပြီး ကျင့်ကြံဖို့ဆိုတာကတော့ လက်တွေ့မကျဘူး။

 မြင်းနက်တွေက တခြားသူတွေကို ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။ ဒါဟာ မြင်းနက်တွေရဲ့ သဘာဝအတိုင်း မောက်မာမှု ဖြစ်သည်။ သူတို့သည် ဆယ်စုနှစ်များစွာ စောင့်ဆိုင်းရန် ဆန္ဒမရှိကြပေ။

 "မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။"

 "ငါ လုရှောင်ယန်က သူတို့ရဲ့ စိန်ခေါ်မှုကို လက်ခံမယ်လို့ စာကို ပေးပို့ခဲ့တဲ့ ဒီလူကို ပြောပါ။"

 "ဟုတ်ကဲ့။"

 ဧကရာဇ်နန်းတော်၏လက်အောက်ငယ်သားက ဆုတ်ခွာသွားပြီး လုရှောင်ယန်က အခြားသူများကို ဆင့်ခေါ်ခဲ့သည်။

 "မင်္ဂလာပါ ဆရာ။"

 လူအနည်းငယ်က တညီတညွတ်တည်း ဦးညွှတ်ကြပြီး လုရှောင်ယန်က ခေါင်းအသာဆတ်ပြလိုက်သည်။

 "မင်းတို့အားလုံး ကောင်းကောင်းလုပ်ခဲ့ကြပြီ။ မင်းတို့ ဒီတစ်ခါတော့ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့တယ်။"

 "ကျေးဇူးပါ ဆရာ။"

 "ဒီတစ်ခါ ကြီးလေးတဲ့ကိစ္စအတွက် မင်းတို့ကို ငါခေါ်လိုက်တာ။"

 "ကျေးဇူးပြုပြီး ပြောပါ ဆရာ။"

 "နာလန်ဟုန်ယွီက စိန်ခေါ်စာတစ်စောင်ကို ပေးပို့ခဲ့တယ်။ သူတို့က ငါတို့ကို စိန်ခေါ်ပြီး ငါလည်း လက်ခံထားပြီးသားပါ။ လောလောဆယ်မှာတော့ တဖက်သူက ဆိုးရွားတဲ့ လှုပ်ရှားမှုတွေကို လုပ်ဖို့ ပြင်ဆင်နေတယ်။ မင်းတို့ဘယ်လိုမြင်လဲ သိချင်တယ်။"

 "ယုတ်မာတဲ့ လှုပ်ရှားမှုလား။"

 "တဖက်သူက မတူညီတဲ့နေရာသုံးခုကနေ တိုက်ခိုက်လိမ့်မယ်။ သူတို့က ငါတို့ကို သီးခြားတိုက်ချင်နေတာ။"

 လီချန်းရှန် ချက်ချင်း သဘောပေါက်သွားသည်။

 "ဆရာ၊ ကျွန်တော့်ကို အဇူရာကြာပန်းဓားဂိုဏ်းကို သွားခွင့်ပြုပါ။ အဇူရာကြာပန်းဓားဂိုဏ်းက ကျွန်တော့်ကို မွေးပြီး ကြီးပြင်းလာခဲ့တဲ့ နေရာပါ။ လီလျှို့ရွှေက ဟိုမှာ ဘာလုပ်ချင်တာလဲ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော် သွားရပါမယ် ။"

 "ဆုံးဖြတ်ချက်ချဖို့ အလျင်စလိုမလုပ်ပါနဲ့၊ တဖက်သူက ငါ့ကို စိန်ခေါ်ဝံ့တဲ့အတွက် သူတို့ရဲ့ ခွန်အားက ထူးထူးခြားခြားဖြစ်ရမယ်။ ငါတို့ သတိမထားရင် သေသွားနိုင်တယ်။"

 "ဒါပေမယ့် ဆရာ၊ ကျွန်တော့်မိသားစုက အဇူရာကြာပန်းဓားဂိုဏ်းမှာ ရှိတယ်။ သူတို့ကို လီလျှို့ရွှေက သတ်လိုက်တာကို ကျွန်တော် မကြည့်နိုင်ဘူး။ သူတို့က ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်။"

 " ငါ့အတွက်လည်း မင်းက အရေးကြီးတယ်…."

***

အပိုင်း ၂၀၀ တိုက်ပွဲအတွက်ပြင်ဆင်ခြင်း

"ဆရာ။"

 လီချန်းရှန်၏ နှလုံးသားသည် နွေးထွေးသော ခံစားမှုဖြင့် ခုန်ပေါက်သွားသည်။

 "ဆရာ့ရဲ့စီစဉ်မှုကို နားထောင်ပါမယ်။"

 လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

 "ဒီ နာလန်ဟုန်ယွီက တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ်။ သူမဟာ နေရာသုံးနေရာကို တစ်ပြိုင်နက်တည်း တိုက်ရိုက်တိုက်ခိုက်ခဲ့တယ်။ သူ့ပန်းတိုင်ကို သိနေပေမယ့်လည်း ငါ့မှာ ကိုယ်ပွား လုံလုံလောက်လောက်မရှိလို့ ရှောင်လို့မရဘူး။"

 ဝမ့်ခိုက်သည် လုရှောင်ယန်ကဲ့သို့ တူညီသော ခွန်အားကို ထုတ်လွှတ်နိုင်သည်။ သို့သော်လည်း လုရှောင်ယန်သည် သူ၏ ဝှက်ဖဲဖြစ်​သော ဝမ့်ခိုက်ကို အချိန်တိုလေးအတွင်း ထုတ်ဖော်လိုခြင်း မရှိပေ။

 ဝှက်ဖဲကို သိမ်းထားရမည်။

 ယွင်လီကောသည် လင်းမိသားစုကို ဖျက်ဆီးလိုက်စဉ်က သူသည် ​နေရာကူး​ပြောင်းခြင်းဆိုင်ရာ အစီအရင်ကို အသက်သွင်းခဲ့သည်။ ထိုစဉ်က မည်ကဲ့သို့ ကျွမ်းကျင်သူများကို ဆွဲဆောင်ခဲ့မည်ကို မည်သူမျှ မသိခဲ့ကြပေ။

 ထိုအချိန်တွင် သူသည် တဖက်သူကို အနိုင်ယူနိုင်ပါက အ​ရေးသာ​သောအခြေအနေတစ်ခုဖန်တီးရန် ဝမ့်ခိုက်ကို ခေါ်ယူနိုင်မည်။

 အခုပြဿနာက အခြေအနေက အရမ်းခက်ခဲနေရင်တောင် လုရှောင်ယန်သည် နာလန်ဟုန်ယွီ ဖြစ်​စေချင်သလို လုပ်ဖို့ကလွဲမရှိ​ပေ။

 နန်းမြို့​တော်ကို စွန့်လွှတ်သင့်သလား။

 ဧကရာဇ်မိသားစုနှင့်အတူ သူသည် မဟာကျိုးကို ထိန်းချုပ်နိုင်သည်။ ဤနည်းဖြင့် အရင်းအမြစ်များနှင့် အချက်အလက်များစွာကို ချက်ချင်းရရှိနိုင်မည်ဖြစ်သည်။

 ထို့အပြင် မရေမတွက်နိုင်သော အကျိုးကျေးဇူးများလည်း ရှိသည်။

 ထို့အပြင် ကျီဝူရှားသည် သူမ၏ မိဘများနှင့် အစ်ကိုများကို စွန့်လွှတ်မည်မဟုတ်ပေ။ လုရှောင်ယန်က သူ့တပည့်တွေ တိုက်ပွဲမှာ သေသွားတာကို ကြည့်မ​နေနိုင်ဘူး မဟုတ်လား။

 အဇူရာကြာပန်းဓားဂိုဏ်းကို သူ စွန့်လွှတ်သင့်သလား။

 အထဲမှာ လီချန်းရှန်၏ စီနီယာတွေနဲ့ သူငယ်ချင်း တော်တော်များများ ရှိနေသည်။ လီချန်းရှန်သည် ၎င်းတို့အသတ်ခံရခြင်းကို လက်ခံရန်မှာ မဖြစ်နိုင်ပေ။

 ​ကောင်းကင်နတ်ဆိုးဂိုဏ်းကိုဆို ပြောစရာကို မလိုပါဘူး။

 လုရှောင်ယန်သည် ထိုနေရာတွင် ဆယ်နှစ်​ကျော်နေထိုင်ခဲ့သည်။ သူ​ရောက်မလာခင် ဒီခန္ဓာကိုယ်ကိုလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းကပဲ ပြုစုပျိုးထောင်ခဲ့သည်။

 သူက ဒီလောက် သွေးအေးတာတော့ မဟုတ်ဘူး။

 သို့သော် လုရှောင်ယန်အနေနှင့် တိုက်ပွဲကိုလည်း မရှုံးချင်ပေ။

 သူ တိုက်ခိုက်ရရင်တောင် နာလန်ဟုန်ယွီကို သူမ၏ သမုဒ္ဒရာထဲမှာ နစ်မြုပ်စေရမည်။

 "ငါထင်တာမမှားရင် ဖုန်းအောက်ထျန်းက ငါကို ထိပ်တိုက်တိုက်ခိုက်ဖို့ နန်းမြို့တော်ကို လာဖို့ မဖြစ်နိုင်ဘူး။ သူ့ရဲ့ လေ့ကျင့်မှုအဆင့်က မလုံလောက်သေးပါဘူး။ နောက်ပြီး နောက်ဆုံးအကြိမ်က မင်းတို့ နည်းနည်းနဲ့ပဲ တိုက်ခိုက်ခံရပေမယ့်၊ သူသေလုနီးပါးပဲ။"

 " နာလန်ဟုန်ယွီက မမိုက်မဲသရွေ့ သူ့ကို မပို့ဘူး။

 "ဒုတိယအနေနဲ့ လီလျှို့ရွှေက အဇူရာကြာပန်းဓားဂိုဏ်းကိုသွားမယ်လို့ ပြောထားပြီးသား။

  ဒါဆိုရင် နာလန်ဟုန်ယွီ က နန်းမြို့​တော်ကို လာရမယ့်သူပဲ။ ဒါပေမယ့် နာလန်ဟုန်ယွီက မမိုက်မဲပါဘူး။ ငါက နန်းမြို့​တော်ရဲ့ တစ်ဦးတည်း​သော  ပညာရှင် မဟုတ်ဘူး။ သူမတစ်ယောက်တည်း လာမှာ မဟုတ်ပါဘူး။

  ငါ့ ယူဆချက်အရ သူတို့ ငါတို့ကို လူစုခွဲချင်နေတာ ဖြစ်နိုင်တယ်။

  မင်းတို့ထဲက တစ်ယောက်ယောက်ကို ဖျက်ဆီးပြီးရင်၊ သူတို့က ငါ့ကို ကိုင်တွယ်ဖို့ သူတို့ရဲ့ ခွန်အားကို စုဆောင်းဖို့ ​နေရာကူး​ပြောင်း အစီအရင်ကို အလျင်အမြန် အသုံးပြုလိမ့်မယ်။

 ငါတို့ရဲ့ နည်းဗျူဟာက အတူတူပါပဲ။ တခြားသူကို ဖယ်ထုတ်ရင် ဘယ်သူက တခြားသူတွေကို ကူညီဖို့ တာဝန်ယူမှာလဲ။ အုပ်စုဖွဲ့တာက အကောင်းဆုံးပါပဲ။"

 ထိုသို့သောအခြေအနေမျိုးတွင်၊ လုရှောင်ယန်သည် ဧရိယာတစ်ခုကိုပိတ်ဆို့ပြီး အုပ်စုလိုက်တိုက်ခိုက်ရန် အစီအရင်ဖွဲ့စည်းမှုကို အသုံးပြုရန် မဖြစ်နိုင်ပေ။

 တဖက်သူသည် မမိုက်မဲ​ပေ။ ၎င်းတို့၏ကိုယ်ပိုင် ​နေရာကူး​ပြောင်းစနစ် ဖွဲ့စည်းမှုကို သေချာပေါက် ပြင်ဆင်ထားမည်။ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်သည်နှင့် ချက်ခြင်း ​နေရာကူး​ပြောင်းမည်မှာ သေချာသည်။  စည်းမျဉ်းစည်းကမ်းများအတိုင်း မဆောင်ရွက်ဘဲ ခိုးဝင်တိုက်ခိုက်လိုလျှင် ​ကျောက်တုံးကိုမပြီး ကိုယ့်​ခြေ​ထောက်​ပေါ်ကို ပစ်ချခြင်းသာဖြစ်မည်။

 ထို့ကြောင့် သူတို့သည် အဖြေတစ်ခုသာ ကျန်တော့သည်။ သူ့တပည့်တွေကိုသာ ခွန်အားပေးပြီး သူ့တပည့်တွေက တိုက်ပွဲကို အောင်အောင်မြင်မြင် အောင်နိုင်မယ်ဆိုတာ သေချာ​စေရမည်။

 "ချန်းရှန်၊ မင်းကို နောက်ထပ် ကျင့်ကြံနည်းလမ်းတစ်ခုကို ငါသင်ပေးမယ်။ စစ်နတ်ဘုရား၏အနုပညာက မင်းနဲ့ လီလျှို့ရွှေတို့ရဲ့ ခြားနားချက်ကို နည်းအောင် မင်းကို ပိုသန်မာလာစေဖို့ သေချာအောင် တိုက်ပွဲအတွင်း မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားကို အဆက်မပြတ် တိုးမြှင့်နိုင်စေတယ်။ နောက်ပြီး ငါ၊  တိုက်ပွဲရဲ့အစောပိုင်းအဆင့်မှာ မင်းဒဏ်ရာတချို့ရလိမ့်မယ်ထင်ပါရဲ့။ ဆေးဖက်ဝင်ဆေးတွေအပြင် အဇူရာသက်ရှည်ပညာရပ်ကိုလည်း သင်ပေးမှာမို့ တိုက်ပွဲအတွင်းမှာ မင်းပြန်ကောင်းလာစေနိုင်မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ"

 "ထျန်းယွမ်က​တော့ မင်းက ဖုန်းအောက်ထျန်းကို တာဝန်ယူရမှာ။ လီကောနဲ့ ဝူရှားက မင်းကို ကူညီမှာပါ။ လီကောက အဇူရာသက်ရှည်ပညာရပ်ကို မင်းနှစ်ယောက်ကို ထောက်ပံ့ဖို့ ကျင့်ကြံရမယ်။ ကျန်တာတော့ ငါကြိုးစားပါ့မယ်။ အထောက်အကူပစ္စည်းဆိုင်ရာ အားသာချက်အချို့ကို ပေးစွမ်းရန် အကောင်းဆုံးပဲ။"

 ဖုန်းအောက်ထျန်း၏ ကျင့်ကြံမှုသည် လီလျှို့ရွှေထက် နိမ့်ကျသည်။ ထို့အပြင်၊ ဖုန်းအောက်ထျန်း၏ကံသည် လီလျှို့ရွှေထက် နိမ့်ကျနေပုံရသည်။ တဖက်သူက အနိုင်ရဖို့ အတော်လေး လွယ်ကူနေပါသေးသည်။

 သို့သော် လုရှောင်ယန်အနေနှင့် ပို၍သတိထားရမည်။

 သူသည် တပည့်များကို အသက်ပြန်သွင်းနိုင်သော်လည်း မြင်းနက်များကို ဦးစွာသတ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။

 သူတို့အနိုင်ရတဲ့ တိုက်ပွဲတိုင်းပြီးနောက် မြင်းနက်တွေက ပိုပြင်းထန်လာနိုင်ပါသည်။

 ပိုးဟပ်များ သန်မာလာစေရန် ပန်းတိုင်ကို ရောက်ရန် ပိုးဟပ်များ မျိုးပွားနိုင်ပုံနှင့် ၎င်းတို့၏ စုစုပေါင်းအရေအတွက် တိုးလာပုံနှင့် တူသည်။

 မြင်းနက်တွေက မသတ်နိုင်တဲ့ ပိုးဟပ်တွေလိုပါပဲ။ များများတိုက်လေလေ၊ ပို တက်ကြွ လေလေပါပဲ။

 "ဒီတစ်ခါ မင်းတို့ကို သိုင်းဘုရင်အဆင့်​ ချပ်ဝတ်တန်ဆာ နှစ်ခု ပေးမယ်။ မင်းတို့ကို နောက်ထပ် တိုက်ခိုက်ရေး သိုင်းဘုရင်အဆင့်​ လက်နက်နှစ်ခု ထပ်ပေးမယ်။ မဟုတ်ရင် ရန်သူက သူတို့ရဲ့ သိုင်းဘုရင်အဆင့်​ကို ပေါက်ကွဲတဲ့အခါ မင်းတို့ ခံနိုင်ရည် မရှိမှာစိုးလို့..။  "

 လုရှောင်ယန်သည် အမှန်တကယ်တွင် နောက်ထပ် သိုင်းဘုရင်အဆင့်​အမြု​တေ​ဆေးပြားရှိသည်။ ၎င်းသည် မိုးကြိုးပေါက်ကွဲဆေးလုံး၏ အဆင့်မြင့်ဗားရှင်းဖြစ်သည်။

 ဒီဆေးလုံး ပေါက်ကွဲသွားရင် ရန်သူကို သေလောက်အောင် သေစေမှာ သေချာသည်။ နာလန်ဟုန်ယွီကဲ့သို့သော အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူပင်လျှင် ၎င်းကို ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပါ။

 သို့သော် ထိုအရာသည် အသုံးမဝင်ပေ။ ၎င်းသည် သိုင်းဘုရင်အဆင့်​လက်နက်ကို ဖောက်ခွဲခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။

 ကောင်းကင်ဘုံနတ်ဆိုးဂိုဏ်း၊ အဇူရာကြာပန်းဓားဂိုဏ်းနှင့် နန်းမြို့​တော်တို့ မဆိုထားနှင့် အကြီးမြတ်ဆုံးအဆင့် ကျွမ်းကျင်သူပင်လျှင် ၎င်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

 ဖုန်းထျန်းယွမ်နဲ့ တခြားသူတွေတောင် မခံနိုင်လောက်တဲ့အထိပါပဲ။

 ဤအရာသည် ဝေးဝေးမှသာ လွတ်မြောက်နိုင်သည်။ သို့သော်လည်း တိုက်ပွဲတစ်ခုတွင်၊ ဖုန်းထျန်းယွမ်နှင့် အခြားသူများသည် မြင်းနက်များကဲ့သို့ အစွမ်းထက်ခြင်းမရှိသောကြောင့် မြင်းနက်များထံမှ ၎င်းတို့၏အကွာအဝေးကို မည်သို့ချဲ့ထွင်နိုင်မည်နည်း။

 ဤသည်မှာ ခံစစ်တိုက်ပွဲဖြစ်ပြီး ချေမှုန်းရေးတိုက်ပွဲမဟုတ်ပါ။ အဆင့်ကို ရှင်းရန် သူ့ကိုယ်ပိုင် ခွန်အားကိုသာ အားကိုးနိုင်သည်။

 လုရှောင်ယန် ပြောပြီးတဲ့အခါ ကျီဝူရှားက ရှေ့ကို လှမ်းပြီး ပြောတယ်၊

 "ဆရာ၊ တကယ်တော့၊ အရင်တိုက်ပွဲမှာ ကျရှုံးရတဲ့ အကြောင်းရင်းနှစ်ခုရှိတယ်လို့ ကျွန်မထင်တယ်။"

 "ပြောကြည့်။”

 "ပထမအနေနဲ့၊ ဆရာတူအစ်ကိုဖုန်းက အောင်ပွဲဆိုတဲ့ ဂါထာကို မပြောခဲ့ပါဘူး။ ရှေးလူဝံမျိုးနွယ်ရဲ့ အနီးနားကို သူပြန်လာတဲ့အခါ၊ သူပြန်မလာတာ ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာ အကျယ်ကြီး မပြောခဲ့ပါဘူး။"

 "ဒုတိယအနေနဲ့၊ ကျွန်မတို့ထဲက အနည်းစုထဲမှာ ဆရာတူ အစ်ကိုဖုန်းက ဆရာရဲ့ အင်္ကျီကို ချွတ်လိုက်တယ်။

 "ဟုတ်လား"

 လုရှောင်ယန် သည် ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားလိုက်သည်။

 အောင်ပွဲမန္တန်ဟု ခေါ်သည်မှာ မြင်းနက်တွေကနေ ကူးယူထားတဲ့ နည်းလမ်းတစ်ခုပင်။

 ယခုအချိန်၌ပင် လုရှောင်ယန်သည် အမှန်တကယ် အလုပ်ဖြစ်မဖြစ် မသေချာသေးပါ။

 သို့သော်လည်း ဤအတော်လေး မထင်မရှား နည်းလမ်းအားဖြင့်၊ ၎င်းသည် မြင်းနက်များ၏ ကံကောင်းမှုကို အမှန်တကယ် လျှော့ချနိုင်ပြီး ၎င်းတို့၏ ကံကို တိုးစေသည်ဟု ထင်ရသည်။

 အောင်ပွဲမန္တန်က အသုံးမဝင်ဘူးလို့လည်း သူက အတိအကျ မပြောနိုင်ပါဘူး။ ယွင်လီကောနှင့် ကျီဝူရှား နှစ်ဦးစလုံး အောင်မြင်ခဲ့သည်။

 ဖုန်းထျန်းယွမ်က ဘာမှမ​ပြောခဲ့သည့်အတွက် ရှုံးခဲ့သည်။

 တကယ်လည်း ထိရောက်မှု ရှိကောင်းရှိနိုင်ပါသည်။

 အင်္ကျီကိုဖန်တီးသူမှာ သူကိုယ်တိုင်ဖြစ်သည်မို့ လုရှောင်ယန်က ကံကောင်းခြင်းတွေ တိုးလာ​စေနိုင်မလားမသိ။

 လုရှောင်ယန်သည် သူသည် ကံကောင်းနေပုံရသည်ကို ယောင်ဝါးဝါး သဘောပေါက်ထားပြီးဖြစ်သည်။ သူက မြင်းနက်တွေကိုသတ်ခဲ့တာကြောင့်လား၊ ဝမ့်ခိုက်ကြောင့်လား၊ ဒါမှမဟုတ် သူ့မှာ မူလထဲကကံကောင်းလို့လား မသိ​ပေ။

 အနည်းဆုံးတော့ သူဟာ မြင်းနက်ကြောင့် ဘယ်တုန်းကမှ မရှုံးခဲ့ဖူးပါဘူး။

 ဒါက မြင်းနက်တွေရဲ့ ကံကြမ္မာကို ခံနိုင်ရည်ရှိတယ်လို့ ဆိုလိုတာလား? သို့ဆိုလျှင်၊ သူလုပ်ခဲ့သော အရာများသည် မြင်းနက် အချို့၏ ကံကောင်းခြင်းများကို ခံနိုင်ရည်ရှိနေသည်ဟု ဆိုလိုပါသလား။

 ယွင်လီကော၊ ဖုန်းထျန်းယွမ်နှင့် အခြားသူများအားလုံးသည် ဗီလိန်များနှင့်တူသည်။ သူတို့၏ ပင်ကိုယ်စွမ်းရည်က မဆိုးပေမယ့် တကယ်တမ်း မြင်းနက်တွေအတွက် တွန်းအားတစ်ခုပင်။

 သူတို့၏ တစ်ခုတည်းသော အားနည်းချက်မှာ ကံဆိုးခြင်းပင်။

 ဖုန်းထျန်းယွမ် သေဆုံးရတဲ့ အကြောင်းရင်းဟာ ကံတရားနဲ့ ဆက်စပ်နေနိုင်သည်။ မဟုတ်ရင် သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရုံသာဖြစ်မည်။

 ဒါကိုတွေးပြီး လုရှောင်ယန်က ချက်ချင်းပြောသည်။ "ဒါဆို ဒီနေ့ကစပြီး ငါ နောက်ထပ် စည်းမျဉ်းနှစ်ခု ထပ်ထည့်မယ်။ ပထမ တိုက်ပွဲမှာ ဘယ်သူကမှ သူတို့ရဲ့ အင်္ကျီတွေကို ချွတ်ခွင့်မရှိဘူး၊ ဒုတိယအနေနဲ့ မင်းရဲ့ ရန်သူဟောင်းနဲ့ ​တွေ့တဲ့အခါ ​အောင်ပွဲမန္တာန် ပြောဖို့ မမေ့နဲ့။ မင်းရဲ့အောင်ပွဲအခွင့်အလမ်းတွေကို တိုးမြင့်စေပြီး တစ်ဖက်သားရဲ့ကံကို ကျဆင်းစေဖို့အတွက် အောင်ပွဲမန္တန်ရွတ်ပါ။"

 "ဟုတ်ကဲ့"

 သူ့တပည့်တွေရဲ့ အဖြေကိုကြားတော့ လုရှောင်ယန်က ခေါင်းညိတ်လိုက်သည်။  ထို့နောက် သူသည် လီချန်းရှန်အား စစ်နတ်ဘုရား၏အနုပညာနှင့် ယွင်လီကောနှင့်ကျူးကောကျီချုံတို့အား အဇူရာသက်ရှည်ပညာရပ်ကို သင်ကြားပေးခဲ့သည်။

 ထို့နောက် တပည့်များအား ပစ္စည်းများကို ဝေငှပေးသည်။

 လုရှောင်ယန်သည် သိုင်းဘုရင်အဆင့်​ ၏လက်နက်များကို တောင်သဖွယ် စုပုံထားလုနီးပါးဖြစ်သည်။ ၎င်းသည် နတ်ဘုရားအဆင့် ​လက်နက်မဟုတ်ပါက လုရှောင်ယန်သည် ၎င်းကို ငြီးငွေ့နေပြီဖြစ်သည်။

 ဒါကြောင့် သူ့တပည့်တွေကို အလကားလို ​ပေးပစ်လိုက်သည်။

ထို့နောက် လုရှောင်ယန်သည် ၎င်းတို့ကို တောင်နှင့်မြစ် ပန်းချီတွင် ထပ်မံထည့်သွင်းကာ ကျင့်ကြံရမည့်အချိန်ကို ရှည်ကြာစေပြီး သိုင်းဘုရင်အဆင့်​ ကျင့်ကြံနည်းလမ်း အနည်းငယ်ကို ဦးစွာကျင့်ကြံပေးခဲ့သည်။

 တောင်နှင့် မြစ် ပန်းချီကားသို့ မဝင်မီ ကျူးကောကျီချုံက "ဆရာ၊ ကျွန်မ ပြောစရာရှိတယ်"

 "ပြောပါ။"

 "ပြီးခဲ့တဲ့အချိန်၊ ကျွန်မတို့ ဖုန်းအောက်ထျန်းကို ကိုင်တွယ်တုန်းက အကြီးဆုံးအစ်ကိုက ကျွန်မကို ကာကွယ်ဖို့ အရမ်းကြိုးစားခဲ့တယ်။ အန္တရာယ်ကြုံလာတဲ့အခါ သူက ကျွန်မကို ပွေ့ဖက်ပြီး ကျွန်မအတွက် တိုက်ပွဲလှိုင်းလုံးတွေကို ပိတ်ဆို့ဖို့ သူ့ခန္ဓာကိုယ်ကို အသုံးပြုခဲ့တယ်။"

 လုရှောင်ယန်:"…"

 "အကြီးဆုံး အစ်ကိုကြီး အစွမ်းကုန် လုပ်နေတာမို့ ဆရာ အကြီးဆုံး အစ်ကိုကို ဒီထက်မက ဆုချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာပဲ​ပြော​ပြော၊ သူ့ရဲ့ ကျင့်ကြံဆင့်က အရမ်းနည်းတယ်၊ သူ့အတွက် တော်တော် ခက်ခဲမယ် ထင်ပါတယ်။"

 "ရပြီ။ ဝင်ပြီး အဇူရာသက်ရှည်ပညာရပ်ကို အရင်ဆုံး ကျင့်ကြံတော့။"

 "ဟုတ်ကဲ့။"

 ကျူးကောကျီချုံ သည် တောင်နှင့်မြစ် ပန်းချီကားထဲသို့ ဝင်ရောက်ပြီးနောက် လုရှောင်ယန်သည် ယွင်လီကော ကို မျက်စိတစ်မှိတ်အတွင်း ထုတ်လိုက်သည်။

 "အယ်၊ ဆရာကြီး၊ အဇူရာသက်ရှည်ပညာရပ်ကို ကျင့်ကြံဖို့ ​ပြောထားတာ မဟုတ်ဘူးလား။ အချိန်က မရှိဘူး။ ကျွန်တော့်ကို ဘာလို့ ထပ်ခေါ်တာလဲ။"

 လုရှောင်ယန်က ဒေါသတကြီးနဲ့ " ဟန်ဆောင်တာကို ရပ်လိုက်တော့၊ မင်းနဲ့ မင်းရဲ့ အငယ်ဆုံး ညီမလေး ဘာတွေဖြစ်နေတာလဲလို့ မေးပါရစေဦး။"

 "အငယ်ဆုံး ညီမလေးက ဘာကိစ္စရှိလို့လဲ"

 ယွင်လီကော၏နှလုံးခုန်နှုန်းသည် ခုန်သွားကာ သူ့တွင် ဆိုးရွားသော ခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။ သူ့မျက်လုံးတွေကလည်း အကြည့်ကိုရှောင်လာသည်။

 "ဟန်မဆောင်နေနဲ့တော့လို့ ပြောထားတယ်လေ၊ မင်းရဲ့ညီမလေးကို အခွင့်ကောင်းယူခဲ့တာမလား။"

 "ဟင့်အင်း မဟုတ်ဘူး၊ ကျွန်​တော်က ညီမလေးကို အကာအကွယ်ပေးတာပါ။ သူ့အပေါ် အခွင့်ကောင်းယူတယ်လို့ ဘယ်လိုပြောလို့ရမလဲ။"

 "သူမကို ကာကွယ်ပေးနေတာလား? တကယ်လား? မင်းသူ့ခန္ဓာကိုယ်ကို တောင့်တနေတာပဲ၊ မင်းက စက်ဆုပ်စရာပဲ။"

 ကျိန်ဆဲပြီးနောက် လုရှောင်ယန် က နောက်ဆုံးတွင် "လီကော၊ မင်းက ငယ်သေးတယ်၊ မင်း အသက် ၂၈ နှစ်ပဲ ရှိသေးတယ်။ မင်း အလုပ်ကြိုးစားရမယ့် အရွယ်ရောက်နေပြီ။ မင်းမိန်းမတွေကို ဘယ်လို စွဲလမ်းနေနိုင်တာလဲ။ မင်း ငါ့ကို ကြည့်စမ်း လမ်းတစ်လျှောက်မှာ ချောမောလှပတဲ့ မိန်းမတွေ အများကြီးတွေ့ဖူးတယ်။

 “ငါ့အကြံဉာဏ်ကို နား​ထောင်ပါ။ အမျိုးသမီးတွေဟာ လူတွေရဲ့ အစာစားတဲ့ ကျား ဒါမှမဟုတ် အူကိုဖောက်တဲ့ အဆိပ်နဲ့တူတယ်။

 “ယောက်ျားက အသုံးမကျရင် ဘယ်လောက်ပဲ ချောမောလှပတဲ့ မိန်းမကို တွေ့ပါစေ၊ ​နောက်ဆုံးမှာ တခြားသူအတွက် ပျိုး​ထောင်​ပေးတာပဲ အဖက်တင်မယ်။"

 "ယောက်ျားက အရည်အချင်းရှိရင် မိန်းမကို လွယ်လွယ်ရှာတွေ့နိုင်တယ်။ သူက အဆုံးမရှိတဲ့ မိန်းမတွေကို ရလိမ့်မယ်။"

 ယွင်လီကောက ရေရွတ်ရင်း "ဆရာ၊ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိပါဘူး။ ကျွန်တော့်ရဲ့ ဂျူနီယာ ညီအစ်မတွေနဲ့ ညီအကိုတွေ အားလုံးက ကျွန်တော့်ထက် သန်မာကြတယ်။ ကျွန်တော် ကျင့်ကြံဖို့ မျှော်လင့်ချက် မဲ့လုနီးပါး ဖြစ်နေပါပြီ။ အခုအချိန်မှာတော့ ကျွန်တော့်ကို ကာကွယ်ဖို့ ဆရာရှိတယ်။ ကျွန်​တော်က ကျီရွှေ့တောင်ထိပ်ရဲ့ အကြီးဆုံး အစ်ကိုပါ။ ဒါပေမယ့် ဆရာသေပြီးရင် ကျွန်တော်က ဘာမှမဟုတ်တော့ဘူး။ ကျွန်တော့် ညီအမတွေ အကုန်လုံးက တစ်ကိုယ်တည်းဖြစ်နေချိန်မှာ အဲဒီအခွင့်အရေးကို မယူသင့်ဘူးလား။ ကျွန်​တော် သူတို့ကို မှီပြီး သူတို့ကို အားကိုးလို့ရတယ်။"

***

All Chapters