အခန်း (၂၄၁-၂၄၅)
Vol. 17 Ch. 241-245
အပိုင်း ၂၄၁ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်ခြင်း
လီချန်းရှန်သည် အထူးအန္တရာယ်များသည့်တိုက်ကွက်များကို အသုံးမပြုခဲ့သလို အဇူရာကြာပန်းဓားပညာရပ်၏ရှုပ်ထွေးလှသော သိုင်းကွက်များကိုလည်း အသုံးမပြုခဲ့ပေ။
သူက တုန်းဖန်းရန်တုကိုသာ စူးစူးစိုက်စိုက်ကြည့်ကာ ဓားတစ်ချက်လွှဲယမ်းလိုက်သည်။
လီချန်းရှန်၏လှုပ်ရှားမှုသည် အလွန်ရိုးရှင်းလှသော်လည်း သူ့ဓားချက်၏အလှတရားသည် လောကကိုပင် တုန်လှုပ်သွားစေသည်။
လောကကြီးက မှောင်မိုက်သွားသလို တုန်းဖန်းရန်တု၏ ဦးခေါင်းသည်လည်း မြေခသွားခဲ့သည်။
“တုန်ဖန်း!” ကျန်ထိပ်တန်းသုံးဦး၏ ဒေါသတကြီးအော်ဟစ်သံက ထွက်ပေါ်လာခဲ့သည်။
သူတို့၏အရင်းနှီးဆုံးသူငယ်ချင်း ရဲဘော်ရဲဘက်သည် သူတို့ရှေ့တွင်ပင် ခေါင်းဖြတ်ကွပ်မျက်ခံလိုက်ရလေသည်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကများ သည်းခံနိုင်မှာတဲ့လဲ?
သို့သော်လည်း သူတို့တွေ စိတ်ဓာတ်ကျသွား၍မဖြစ်သေးပေ။ သူတို့အတွက်ပိုပြီး စိတ်ပျက်သွားစေသည်က နောက်တစ်စက္ကန့်တွင် ထပ်မံပေါ်ထွက်လာပြန်သည်။ လီချန်းရှန်သည် အမှန်တကယ်ကိုပဲ သုန်းဖန်းရန်တု၏ခန္ဓာကိုယ်ကို အရူးအမူးဆက်တိုက်ခိုက်နေလေသည်။
ဘုန်း! ဘုန်း! ဘုန်း!
ဓားချက်ပေါင်း၅၀၀လောက် ဆက်တိုက်ခုတ်ဖြတ်ပြီး တစ်ဖက်လူ ပြာမှုန့်ဖြစ်သွားပြီဆိုတာ သေချာသွားကာမှ လီချန်းရှန်တစ်ယောက် ရပ်တန့်သွားလေသည်။
“မင်းကိုသတ်မယ်!”
ထိပ်တန်းသုံးယောက်မှာ အလွန်အမင်းဒေါသထွက်ကုန်ကြကာ တပြိုင်တည်းလိုလို လျှပ်စီးအလင်းတန်းများကဲ့သို့ လီချန်းရှန်ဆီသို့ အတင်းတိုးဝင်တော့သည်။
တချိန်တည်းမှာပဲ ကောင်းကင်ထက်မှ ပေါက်ကွဲမှုသည်လည်း အဆုံးသတ်သွားပေပြီ။
လုရှောင်ယန်၏လှုပ်ရှားမှုသည် သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးထက် အဆဒါဇင်ပေါင်းများစွာ သန်မာပေသည်။
သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ သာမာန်တိုက်ခိုက်မှုဖြင့်သာ ညီမျှခြင်းဖြစ်သည်။ လုရှောင်ယန်၏တိုက်ခိုက်မှုမှာတော့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်၏ အင်အားပြင်းလှသည့်တိုက်ခိုက်ချက်နှင့်အတူ သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းအပြင် နတ်လက်နက်တို့၏ခွန်အားပါ ပူးပေါင်းပါဝင်လေသည်။
အလင်းတန်းပြန်လည်ပျောက်ကွယ်သွားချိန်တွင်တော့ ကျူးကောဖေးအာ၏ပုံရိပ်က ပြန်ပေါ်လာခဲ့သည်။
သူ မသေသေးဘူး။
အတိအကျပြောရလျှင်တော့ သူမသည် သူမခေါင်းထက်တွင် ထိပ်တန်းသိုင်းဘုရင်အဆင့်တံဆိပ်ပြားတစ်ခုဖြင့် တိုက်ခိုက်မှုများကို ကာကွယ်ကာ တိုက်ချက်အများစုကို အပြင်းအထန်ခုခံနိုင်ခဲ့ခြင်းပင်!
သို့သော်လည်း ၎င်းသည် ထိပ်တန်းအဆင့်သိုင်းဘုရင်အဆင့်တံဆိပ်ပြားဖြစ်နေလျှင်တောင်မှ လုရှောင်ယန်၏တိုက်ခိုက်မှုကို ခုခံရပြီးချိန်တွင် အက်ရာပေါင်းများစွာ ထင်ကျန်ရစ်ခဲ့ပေပြီ။ ပြောရရင်တော့ လုံးဝနီးပါးပျက်စီးသွားပြီဟုပင် ဆိုနိုင်သည်။
ထို့အပြင် ၎င်းသည် တိုက်ခိုက်မှုအများစုဒဏ်မှ ကျူးကောဖေးအာကို ကာကွယ်ပေးခဲ့လျှင်တောင်မှ ကျူးကောဖေးအာလည်း ထိခိုက်မှုဒဏ်များစွာကို ခံခဲ့ရတုန်းပင်။
ထိုအချိန်တွင်ပဲ သူမကိုယ်ပေါ်ရှိ သိုင်းဘုရင်အဆင့်ချပ်ဝတ်သည် လုံးဝပျက်စီးသွားပြီဖြစ်သည်။
တိုက်ခိုက်မှုမှ ပြင်းထန်လှသည့်သက်ရောက်မှုများက သူမ၏ချောမွေ့သည့်အသားအရည်ကို စုတ်ပြဲသွားစေပေပြီ။
သူမအရေပြားပေါ်တွင် သွေးစီးကြောင်းများစွာဖြင့်၊ အဝတ်အစားများပင်လျှင် သွေးတို့ဖြင့် စိုစွတ်နေပေပြီ။
ကျူးကောဖေး အလွန်မောဟိုက်နေကာ သူမ၏မျက်လုံးများထဲတွင်လည်း အကြောက်တရားများထင်ဟက်လို့နေပေသည်။
သူမက အဇူရာလေ!
ချင်အင်ပါယာရဲ့ တုနှိုင်းမဲ့တိုက်ပွဲနတ်ဘုရားမလေ!
သူမဘဝမှာ တိုက်ပွဲပေါင်းမရေမတွက်နိုင်အောင်တိုက်ခဲ့ပြီး တစ်ခါမှလည်း မရှုံးခဲ့ဖူးဘူး!
နှစ်ပေါင်း၂၀၀အတွင်းမှာပဲ၊ သူမသည် ကိုယ်လုပ်တော်၏သမီးတစ်ယောက်အဖြစ်မှသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာတယ်!
မဟာချင်အင်ပါယာတစ်ခုလုံးက ယောကျ်ားသားတိုင်း သူမကို ဒူးထောက်ခစားချင်နေကြသူချည်းပဲ။
ဒါပေမဲ့ ဒီနေ့တော့ သူမကြောက်ရွံ့နေရပေပြီ!
သူမဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မိခြင်းပဲ။
သူမရှေ့မှ အမည်တောင်မသိရသည့်လူသည် ထိုသူ့ရှေ့တွင် အသက်ပင်ရှူဖို့ခက်ရလောက်အောင် အင်အားကြီးလွန်းသည်။
တစ်ဖက်လူက သူမ၏အရိပ်ဓားကို ချိုင့်ရာထင်သွားစေကတည်းက ထိုလူ့ကို ဒဏ်ရာရအောင်လုပ်နိုင်ပါ့မလားဟု သူမအစကတည်းက သံသယဝင်ခဲ့မိခြင်းဖြစ်သည်။
အခုတော့ လုရှောင်ယန်သည် သိုင်းဘုရင်အဆင့်အထက်မှ တည်ရှိမှုမှန်း သူမနားလည်သွားပေပြီ!
အဲ့ဒါက နတ်လက်နက်ပဲ!
ပြီးတော့ သူ့မှာ တစ်ခါတည်းနဲ့ နှစ်လက်တောင်ရှိနေတာ!
လုရှောင်ယန်မှာ ချပ်ဝတ်လိုမျိုး တခြားနတ်ဘုရားအဆင့်ပစ္စည်းများ ထပ်ရှိနေဦးမလားလို့တောင် သူမသံသယဝင်မိသည်။
အဲ့လိုသာဖြစ်နေရင် သူမ တစ်ဖက်လူ၏အကာအကွယ်ကိုတောင် ချိုးဖြတ်နိုင်ခြင်းမရှိလောက်တော့ဘူးမဟုတ်လား?
သေစမ်း၊ ဘယ်အချိန်တုန်းက ဒီလိုဆရာကြီးမျိုးကို ရန်စခဲ့မိတာပါလိမ့်?
စိတ်အပျက်မိဆုံးအရာသည်က တစ်ဖက်လူသည် သူမကို တကယ့်အချိန်ကောင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပုံမှန်သာဆို မဟာချင်အင်ပါယာကနေပြီး သူမကိုကူညီဖို့အတွက် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးလောက်ကို တောင်းခံနိုင်ပေသည်။
သို့သော်လည်း လက်ရှိအချိန်မှာတော့ မဟာချင်အင်ပါယာတွင် တိုက်ပွဲအကြီးအကျယ်ဖြစ်နေတာဖြစ်၍ သူမကို အကူအညီလှမ်းပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။
ဤအချက်သည်လည်း ကျူးကောဖေးအာကို အတော်လေးစိတ်ပျက်အားလျော့သွားစေခဲ့သည်။
သူမဘဝတွင် အကူအညီတောင်းဖို့ဖြစ်လာလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးပေ။ တကယ်ဆို ရှေးဟောင်းတောင်နယ်နိမိတ်မှ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲနှင့် ရင်ဆိုင်ရလျှင်တောင်မှ ဘယ်တော့မှ အရှုံးခံလိမ့်မည်မဟုတ်ပေ။
နောက်ဆုံးတော့ သူမ အံတင်းတင်းကြိတ်ကာ လက်ရှိအခြေအနေကို လက်ခံလိုက်ဖို့သာ တတ်နိုင်တော့သည်။
အခုတော့ လုရှောင်ယန်နှင့် ထိပ်တိုက်ရင်ဆိုင်နေရကာ အလွန်မောပန်းလွန်းနေ၍ အကူအညီတောင်းဖို့ကိုပင် တွေးမိသွားခြင်းဖြစ်သည်။ ပြီးတော့ ပိုဆိုးသည်က အကူအညီတောင်းချင်ရင်တောင် တောင်းလို့မရနိုင်တာပဲ!
သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့စိတ်ပျက်သည့်ခံစားချက်ကို ရင်ဆိုင်တွေ့လိုက်ရသည်။
“မင်းဘယ်သူလဲ?”
ကျူးကောဖေးအာ အံကြိတ်ကာ မေးလိုက်သည်။
ကံမကောင်းစွာဘဲ လုရှောင်ယန်ကတော့ သူမကိုလုံးဝလျစ်လျူရှုထားလေသည်။
မြင်းနက်တစ်ကောင်နှင့်ရင်ဆိုင်ရချိန်တွင် စကားလျှော့ပြောပြီး ထိုအစားဓားချက်များများခုတ်လိုက်သည်က သူ့အတွက်ပိုပြီး လုံခြုံမှုရှိစေပေသည်။
ကျူးကောဖေးအာ၏ ထိုမေးခွန်းအတွက် လုရှောင်ယန်၏အဖြေကတော့ ဓားချက်တွေ ထပ်ခါတလဲလဲခုတ်ပေးလိုက်ခြင်းပင်။
ဤတစ်ကြိမ်တွင် ဓားချက်များပေါ်၌ သူ့ခွန်အားကိုပင်စုစည်းထားခြင်းမရှိပေ။ သို့သော်လည်း နတ်ဓားနှင့်သူ၏လွန်ကဲသည့်ခွန်အားပေါင်းစပ်လိုက်ချိန်မှာတော့ အထူးတလည်ခွန်အားကို မစုဆောင်းနေရင်တောင်မှ သူကြောင့်ဒဏ်ရာပေါင်းများစွာ ရထားပြီးသားဖြစ်သော သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ကိုင်တွယ်နိုင်စဲဖြစ်သည်။
ကျူးကောဖေးအာတစ်ယောက် အသက်ပင်မရှူနိုင်တော့ပေ။ အတွေးတစ်ချက်ဖြင့် နောက်ထပ် သိုင်းဘုရင်အဆင့်ဓားတစ်လက်ကိုထုတ်ယူကာ လုရှောင်ယန်၏တိုက်ခိုက်မှုကို ခုခံရန်ကြိုးပမ်းလိုက်သည်။
သို့သော် သူမဓားရှည်ကိုထုတ်လိုက်ချိန်မှာပဲ လုရှောင်ယန်က စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းလိုက်ပြန်ကာ ကျူးကောဖေးအာကို မီးတောက်များဖြင့် အလျင်အမြန်ဝါးမြိုပစ်လိုက်သည်။
“အား!”
သိုင်းဘုရင်အဆင့်လက်နက်၏ကာကွယ်မှုမရှိတာကြောင့် ထိုမီးတောက်များသည် သူမ၏စိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းကာ နာကျင်စေခဲ့သည်။
သူမသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း ထိုနာကျင်မှုဒဏ်ကို မခံနိုင်သေးပေ။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏စိတ်ဆန္ဒသည် အလွန်အင်အားကြီးသော်လည်း သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် သည်းခံနိုင်သည်ထက် ကျော်လွန်စွာ မီးတောက်၏ဝါးမြိုမှုက အဆက်မပြတ်တိုက်ခိုက်နေခြင်းကြောင့်ဖြစ်သည်။
သူမ၏အသားအရေတစ်လက်မတိုင်းသာမက သူမ၏စိတ်ဝိညာဉ်နေရာတိုင်းကပင် ထိုနာကျင်မှုဒဏ်မှ ရှောင်လွှဲနိုင်ခြင်းမရှိခဲ့ပေ။
ထိုသို့ နာကျင်မှုကြောင့် ဦးဏှောက်ဗလာဖြစ်နေချိန်မှာပဲ လုရှောင်ယန်က သူ့လက်ကိုမြှောက်ကာ ကျူးကောဖေးအာ၏လက်မောင်းကို ဖြတ်ချလိုက်သည်။
ကျူးကောဖေးအာ မခုခံလိုက်နိုင်ခင်မှာပဲ နောက်ထပ်ဓားချက်တစ်ချက်က သူမခေါင်းထံသို့ တည့်တည့်မတ်မတ်ကျရောက်လာပြန်သည်။ ထို့နောက် ထိုဓားချက်က သူမရင်ဘက်ကို ဖွင့်ထုတ်ပစ်ပြီး သူမခါးကိုပိုင်းဖြတ်ပစ်ကာ လူသေတစ်ယောက်ကဲ့သို့ အပိုင်းပိုင်းခုတ်ဖြတ်နေတော့သည်။
သို့သော်လည်း ထိုမျှဖြင့် မလုံလောက်သေးပေ။
အမြဲတမ်း သတိရှိသည့်လုရှောင်ယန်သည် တခြားလူများကို ရှင်သန်ဖို့အခွင့်အရေး တစ်ပိုင်းတစကိုမျှပင် ချန်ထားပေးခဲ့မည်မဟုတ်ပေ။ ဒါ့အပြင် တစ်ဖက်လူသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်သလို မြင်းနက်လည်း ဖြစ်သေးသည်!
ချက်ချင်းဆိုသလိုပဲ လုရှောင်ယန်ထံမှ ဓားချက်ပေါင်းတစ်ထောင်ထက်မနည်း ထပ်မံခုတ်ချလာပြန်သည်။
ဓားချက်တိုင်းသည် အလင်းတန်းများလိုမျိုး ဝိညာဉ်စွမ်းအားတို့ကိုသယ်ဆောင်ကာ အရာရာတိုင်းကို ခုတ်ပိုင်းနေခဲ့သည်။
ဓားချက်တိုင်းတွင် ဖြတ်ဆီးနိုင်စွမ်းအားတို့ပါဝင်နေကာ ရပ်တန့်မသွားတော့မည့်ဟန်!
နေရာလွတ်ကိုဖြတ်သန်းကာ လောကစည်းမျဉ်းတို့က အားဖြည့်ပေးနေသည်။
ဓားချက်ပေါင်းထောင်ကျော်ဖြင့် ဖြတ်ခုတ်ပြီးချိန်မှာတော့ လုရှောင်ယန်လည်း ကျူးကောဖေးအာကို အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ထစ်သွားနိုင်ခဲ့သည်။
ထို့နောက် ဖျက်ဆီး၍မရနိုင်သောရွှေခန္ဓာကိုယ်နှင့် ရှေးဟောင်းဧကရာဇ်ကျမ်းတို့၏ ခွန်အားတို့ပါဝင်နေသည့်လက်သီးချက်ဖြင့် ကျူးကောဖေးအာ၏စိတ်ဝိညာဉ်ကို အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်ပြန်သည်။
တစ်ချိန်တည်းမှာပဲ အောက်ဘက်တွင်လည်း ရုတ်တရက်ဆိုသလို ထိတ်လန့်ဖွယ် ပေါက်ကွဲသံကြီးတစ်သံထွက်ပေါ်လာခဲ့သည်။
ကျန်ရှိသည့်ထိပ်တန်းလက်ထောက်သုံးဦးစုဝေးသွားချိန်တွင် ဖုန်းထျန်းယွမ်က သိုင်းဘုရင်အဆင့်အမြုတေကို ဖောက်ခွဲပစ်ခဲ့ခြင်းဖြစ်သည်။
သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးပေါ်ထွက်လာသည်နှင့် အစီအရင်၏စွမ်းအားဖြင့် အဆင့်ကျော်တတ်ထားသည့် ထိပ်တန်းသုံးဦးပင်လျှင် ခုခံနိုင်စွမ်းမရှိကြသေးပေ။
၎င်းမှာ သိုင်းဘုရင်အဆင့်အမြုတေဆေးလုံးသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ သာမာန်တိုက်ခိုက်မှုမျိုးနှင့် တူညီသောကြောင့်ဖြစ်သည်။
သာမာန်တိုက်ခိုက်မှုတစ်ခုသာဖြစ်သောငြား သိုင်းဘုရင်အဆင့်အောက်မှလူများ ခုခံနိုင်သည့်အရာမဟုတ်သေးပေ။
“သေစမ်း! ပြေးကြ!”
အစီအရင်သခင်လည်း ကြောက်လန့်မှုကြောင့် တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထသွားကာ တစ်ချက်လေးတောင် မရပ်သွားရဲပေ။
ထိပ်တန်းသုံးယောက် စုဝေးသွားကာ မသေခင်တစ်စက္ကန့်အလိုမှာပဲ သူချက်ချင်း ထွက်ပြေးသွားခဲ့သည်။
သူ မလာခင်ကတည်းက မဟာချင်အင်ပါယာတွင် ကူးပြောင်းအစီအရင်တစ်ခု တည်ဆောက်ထားခဲ့တာကြောင့် အလျင်အမြန်ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
အစောပိုင်းက အစီအရင်ကိုတည်ဆောက်နေချိန်ကတည်းက တကယ်တမ်း ထိုအစီအရင်နှင့်ဆက်သွယ်ကာ ကူးပြောင်းခြင်းအစီအရင်တစ်ခုကိုပါ တည်ဆောက်ထားလိုက်ခြင်းဖြစ်သည်။
ဤနည်းအားဖြင့် အရေးပေါ်အခြေအနေဖြစ်လာပါက ထိုကူးပြောင်းခြင်းအစီအရင်ကိုသုံးပြီး ထွက်ပြေးလွတ်မြောက်နိုင်ပေမည်။
အစီအရင်ကို အောင်အောင်မြင်မြင်အသက်သွင်းပြီးသွားသည်နှင့် ချက်ချင်းပင် စိတ်အေးသက်သာစွာ သက်ပြင်းတစ်ချက်ချကာ သူ့နှုတ်ခမ်းစွန်းများပင် ကော့တက်သွားလေသည်။
သူ့ရဲ့ ကူးပြောင်းခြင်းအစီအရင်က အလွန်တိကျကာ လျင်မြန်တာကြောင့်ပင်။
ဤအရှိန်နှုန်းမှာ ဘယ်လိုရွှေ့လျားမှုကျင့်စဉ်ကိုပဲသုံးသုံး အလွယ်တကူ လိုက်ဖမ်းနိုင်မည့်အရာမဟုတ်ပေ။
တစ်နည်းပြောရလျှင် ကူးပြောင်းခြင်းအစီအရင်ထဲသို့ဝင်ပြီးနောက် စက္ကန့်အနည်းငယ်အတွင်းတွင်ပဲ မဟာချင်အင်ပါယာသို့ရောက်သွားပေလိမ့်မည်။
မဟာချင်အင်ပါယာသို့ရောက်ပြီးသည်နှင့် သူလုံးဝဘေးကင်လုံခြုံသွားပေမည်။
ကံမကောင်းစွာဘဲ!
သူလွတ်မြောက်တော့မည်ဟု တွေးနေရုံရှိသေး လေဟာနယ်ဖြိုခွဲနိုင်သည့်အားတစ်ခုက အစီအရင်ကို ရုတ်တရက် ဆွဲဖွင့်ပစ်လိုက်သည်။
“ဘာ!”
သူပြန်လည်မတုံ့ပြနိုင်ခင်မှာပဲ ဓားအလင်းတန်းတစ်ခုက သူ့ဆီသို့ တိုးဝင်လာကာ စိတ်ဝိညာဉ်ကိုပင် ဆုတ်ဖြဲသွားခဲ့သည်!
“မဖြစ်ဘူး!!”
စက္ကန့်အနည်းငယ်ကြာပြီးနောက် ထိုလောကကိုတုန်လှုပ်သွားစေနိုင်သည့် ဝမ်းနည်းဖွယ်အော်ဟစ်သံကြီးသည် အစီအရင်လှိုင်ခေါင်းကိုဖြတ်ကာ တစ်ဖက်သို့ ပို့ဆောင်ပေးသွားခဲ့လေသည်။
တကယ်တော့ လုရှောင်ယန်၏ရှေ့မှောက်တွင် ဘယ်လောက်ပဲ အံ့ဖွယ်ကူးပြောင်းခြင်းအစီအရင်မျိုးဖြစ်နေပါစေ အသုံးမဝင်ပေ။
တစ်စက္ကန့်တောင်မကြာဘဲ လုရှောင်ယန်သည် အစီအရင်ကိုချိုးဖြတ်ကာ ကူးပြောင်းခြင်းအစီအရင်လှိုင်ခေါင်းကိုပင် ဖွင့်ပစ်နိုင်သည်။
သို့သော်လည်း အခုတော့ ထိုနည်းလမ်းကို သူသုံးဖို့ မလိုအပ်ခဲ့ပေ။
လက်ရှိတွင် သူသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်နေပြီဖြစ်တာကြောင့် လောကစည်းမျဉ်းများကို ထိန်းချုပ်နိုင်နေပြီဖြစ်သည်။
ဓားချက်လေးတစ်ချက်နှင့်တင် လေဟာနယ်ကိုဖြတ်ကာ ရန်သူကို တိုက်ရိုက်သတ်ဖြတ်နိုင်ပေသည်။
ဒါက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အင်အားပဲ!
သူ့တပည့်များနှင့်သားရဲအစေခံများအားလုံး ပျံသန်းလာခဲ့ကြသည်။
“ဆရာ၊ ဒီတစ်ခေါက် တာဝန်အောင်မြင်သွားပြီ။ ထိပ်တန်းလက်ထောက်၄ယောက်နဲ့ ကျူးကောဖေးအာရဲ့ လက်အောက်ခံတွေအားလုံးကို ကျွန်တော်တို့ သတ်လိုက်ပါပြီ။ ဒီတစ်ကြိမ်တော့ တကယ်အောင်ပွဲကြီးပဲ။”
လုရှောင်ယန် ပြုံးလိုက်ကာ ကောင်ကင်ကြီး၏လားရာတစ်ခုဆီသို့ အဓိပ္ပါယ်ပါပါကြည့်ပြီး ဘာမှမပြောခဲ့ပေ။
………
တောင်နှင့်မြစ်ပန်းချီကားထဲရှိ လေထုသည်ရုတ်တရက် ပုံပျက်သွားခဲ့သည်။
ခဏအကြာမှာပဲ ထိုလေဟာနယ်ထဲမှနေပြီး လူရိပ်တစ်ခုပြုတ်ကျလာကာ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားခဲ့သည်။
ထိုသူမှာ ကျူးကောဖေးအာပင်!
ကျူးကောဖေးအာ အလွန်အမင်းမောဟိုက်နေကာ သူမတစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
မီးတောက်ကြောင့်လောင်ကျွမ်းရကာ လုရှောင်ယန်ထံမှ ဓားချက်များကြောင့် နာကျင်မှုသည် လတ်ဆတ်လို့နေပြီး အချိန်အတော်ကြာသည်အထိ မေ့ပျောက်နိုင်မည်မဟုတ်ပေ။
“သေစမ်း! ဒီတစ်ကြိမ်တော့ ငါလုံးဝကျရှုံးလုနီးနီးပဲ! လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး ကျူးကောကျီချုံဆီ ငါ့နှလုံးကိုသာ မကူးပြောင်းလိုက်ရင် သေတာကြာနေရောပေါ့၊ မဟုတ်လား?”
၎င်းသည် ကျူးကောဖေးအာ သူမအတွက်ထားရှိသည် အရံအစီအစဉ်ပင်ဖြစ်သည်။
အရင်တုန်းက သူမ ကျူးကောကျီချုံကို မသတ်ခဲ့ပေ။ ထိုအစား ကျူးကောကျီချုံကို သေသည်အထိ မွန်းကြပ်အောင်ထားခဲ့သည်။
ထို့နောက် သူမ ကံအလွန်ကောင်းပြီးရရှိခဲ့သည့် နတ်ဘုရားအဆင့်ကျင့်စဉ်တစ်ခုကိုအသုံးပြုကာ သူမနှလုံးကိုသန့်စင်ပြီး ကျူးကောကျီချုံ၏ခန္ဓာကိုယ်ထဲ ထည့်ခဲ့လေသည်။
ထိုလျှို့ဝှက်ကျင့်စဉ်ဖြင့်ဆိုလျှင် သူမဘယ်နေရာမှာ ဘယ်လိုပဲသေသေ၊ သူမစိတ်ဝိညာဉ်ကိုတစ်စစီ ဆုတ်ဖြဲခံရရင်တောင်မှ ကျူးကောကျီချုံသာ အနီးနားတွင်ရှိနေသ၍ အသက်ရှင်နိုင်သေးသည်။
အကြောင်းကတော့ သူမ၏စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းနှင့် သွေးအနှစ်သာရတို့ပါဝင်သော နှလုံးကို ကျူးကောကျီချုံထံတွင် ကူးပြောင်းထည့်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။
ဤလျှို့ဝှက်ကျင့်စဉ်သည် အလွန်အမင်းရက်စက်ရာကျသည်။ ထိုနည်းလမ်းကိုပြီးမြောက်ဖို့ရန် တစ်စုံတစ်ဦးနှင့်ဆက်သွယ်လိုက်မှဖြစ်ပေမည်။
သို့သော်လည်း သူမထိုသို့ဆက်သွယ်လိုက်ကာ ကျူးကောကျီချုံ အမြစ်ပြတ်မပျက်စီးသွားသ၍ သူမတွင် အသက်ရှင်သန်ဖို့ရာ လမ်းကြောင်းတစ်ခု အမြဲကျန်ရှိနေမည်ဖြစ်သည်။
ဒါကြောင့်ပဲ ကျူးကောကျီချုံ အကယ်ခံလိုက်ရပြီးနောက် သူမစိုးရိမ်ပူပန်နေခဲ့တာဖြစ်သည်။
ကျူးကောကျီချုံ အသတ်ခံရပြီး သူမ၏လွတ်မြောက်ရာလမ်းကြောင်းကို ထာဝရဆုံးရှုံးလိုက်ရမည်အား သူမကြောက်ရွံ့ခဲ့သည်။
ကံကောင်းစွာဖြင့် ကျူးကောကျီချုံသည် အခုထိ အသက်ရှင်နေသေးကာ သူမလည်း အလွယ်တကူ ရှင်သန်နိုင်ခဲ့သည်။
“ဒါ ဘယ်နေရာလဲ? ရှေးဟောင်းတောင်နယ်နိမိတ်လား?”
ကျူးကောဖေးအာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ဘေးပတ်ဝန်းကျင်အနေအထားကို သူမတစ်ခါမှ မမြင်ခဲ့ဖူးပေ။ ထို့အပြင် အချို့သော အကြောင်းအရင်းများကြောင့် သူမ၏အန္တရာယ်ကို ကြိုအာရုံခံနိုင်သည့်အမြင်မှာ လက်ရှိတွင် အသုံးမဝင်ဘဲ ဖြစ်နေလေသည်။
သူမသည် အခုမှပြန်လည်ရှင်သန်လာခြင်းဖြစ်ကာ သူမကျင့်ကြံဆင့်သည်လည်း ထိပ်ဆုံးအခြေအနေသို့ ပြန်မရောက်သေးသော်လည်း သူမ၏နတ်အာရုံကို မဖြန့်ကျက်နိုင်သည်အထိ ဖြစ်စရာတော့ အကြောင်းမရှိဘူး မဟုတ်လား?
ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို သူမနားထဲသို့ အသံတစ်သံဝင်ရောက်လာခဲ့သည်။
“ဒီနေရာ ရှေးဟောင်းတောင်နယ်နိမိတ်မဟုတ်ဘူး။ နင်သေရမယ့် နေရာပဲ။”
ထို ရင်းနှီးသလိုလို မရင်းနှီးသလိုလိုအသံကိုကြားပြီးသည်နှင့် ကျူးကောဖေးအာ၏အမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားကာ ချက်ချင်းပင် အသံလာရာသို့လှည့်ကြည့်လိုက်သည်။
“နင်လား?”
ကျူးကောကျီချုံကလွဲလို့ ဘယ်သူများဖြစ်နိုင်ဦးမှာလဲ?
ကျူးကောကျီချုံ လှောင်ရယ်လိုက်ကာ၊ “ကျူးကောဖေးအာ၊ နင် မမျှော်လင့်ထားဘူးမဟုတ်လား? နှစ်ပေါင်း၂၀၀ကြာတော့ ငါတို့ပြန်တွေ့ကြရပြီပဲ။”
ကျူးကောဖေးအာက အထင်သေးသည့်အပြုံးမျိုးပြုံးလိုက်သည်။
“ပြန်တွေ့တော့ဘာဖြစ်လဲ? လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀တုန်းကတောင် နင်က ငါ့အတွက် ပုရွတ်ဆိတ်သာသာပဲ။ ဒီနေ့အတွက်လဲ နင်က ငါ့အတွက် ပုရွတ်ဆိတ်တစ်ကောင်ဖြစ်နေတုန်းပဲ။ ဘာများကွာခြားသွားလို့လဲ?”
ကျူးကောကျီချုံ ထိုစကားကို အမှန်ပင် မငြင်းဆန်နိုင်ပေ။
“အဲ့လောက်မြန်မြန် မဆုံးဖြတ်ပါနဲ့။”
သူမစကားဆုံးသွားသည်နှင့် ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ပစ်ထည့်လိုက်သည်။
ထိုအခြင်းအရာကိုကြည့်ပြီး ကျူးကောဖေးအာကတော့ ရယ်စရာကောင်းသည်ဟုသာ ခံစားလိုက်ရသည်။ “နင့်ရဲ့ကျင့်ကြံဆင့်က အခုမှ အကြီးမြတ်ဆုံးအဆင့်ပဲရှိသေးတယ်။ ဆေးလုံးတစ်လုံးသောက်လိုက်ရုံနဲ့ နင့်အဆင့် တက်သွားမယ်များထင်နေလား?”
“ငါက အားနည်းနေရုံနဲ့ နင်ကပိုသန်မာသွားမယ်လို့ မဆိုလိုဘူး!”
****
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၂ ကြွယ်ဝမှု နတ်ဘုရား
“သန်မာနေခဲ့ရင်ရော?”
ကျူးကောကျီချုံ ခပ်သာသာပြုံးလိုက်ကာ သူမ၏သွားစွယ်များကို လစ်ဟပြလိုက်သည်။
ကျူးကောဖေးအာ တစ်ခုခုပြောချင်နေတုန်းမှာပဲ ကျူးကောကျီချုံ၏အရှိန်အဝါက ရုတ်တရက် တိုးလာသည်ကို ခံစားလိုက်မိသည်။
ထိုအချိန်မှာပဲ သူမ၏အမူအရာက ရုတ်ချည်း အရုပ်ဆိုးသွားတော့သည်။
“မဟုတ်သေးဘူး၊ နင့်ရဲ့ကျင့်ကြံဆင့်က… ဘယ်လိုလုပ် နင့်ရဲ့ကျင့်ကြံဆင့်က သိုင်းဘုရင်အဆင့်အထိ မြင့်သွားရတာလဲ? မဖြစ်နိုင်ဘူး! ဘယ်လိုမှမဖြစ်နိုင်ဘူး!”
ခဏလောက်ရပ်သွားပြီးနောက် သူမတစ်စုံတစ်ခုကို အမှတ်ရသွားကာ ကြောက်ရွံ့ထိတ်လန့်သွားတော့သည်။
“အဲ့ဒါ သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးပဲ! အဲ့ဒါကို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ သွေးအနှစ်သာရရယ် အရိုးတွေရယ်နဲ့လုပ်ထားတယ်လို့ ပြောကြတယ်! နင့်မှာတကယ်ပဲ သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးရှိနေတာလား?”
“တော်သားပဲ၊ ဒီတော့ နင့်ရဲ့အစ်မကြီးက နင့်ကိုဆုချပေးရမှာပေါ့။”
ကျူးကောကျီချုံ ပြုံးလိုက်ကာ သူမလက်ဝါးဖြင့် ဝှေ့ရိုက်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ ထိုလေပြင်းအားက ကျူးကောဖေးအာ၏ခြေထောက်များကို ကျိုးပဲသွားစေခဲ့သည်။
ထိုကြောင့် ကျူးကောဖေးအာတစ်ယောက် မြေပြင်ပေါ်သို့ ခြေလွတ်လက်လွတ်ပြုတ်ကျသွားလေသည်။
သူမအသက်ပြန်ရှင်လာပြီးနောက် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားကို ပြန်လည်မထုတ်ဖော်နိုင်သေးပေ။ သိုင်းဘုရင်အဆင့်ဆေးလုံးဖြင့် အဆင့်တက်လာသည့် ကျူးကောကျီချုံနှင့် ရင်ဆိုင်ရချိန်တွင် သူမရင်မဆိုင်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
“အခုတစ်ချက်က နင်နဲ့နင့်အမေတို့ သေအောင်ဖိအားပေးခံခဲ့ရတဲ့ ငါ့အမေအတွက်ပဲ။”
ထိုစကားပြောပြီးသည်နှင့် ကျူးကောကျီချုံက နောက်ထပ်တစ်ချက်ရိုက်ချလိုက်ပြန်ကာ ကျူးကောဖေးအာ၏လက်မောင်းတစ်ဖက်ကို ပေါက်ကွဲထွက်သွားစေသည်။
“ဒါက နင့်ဆီကနေ ငါခံစားခဲ့ရတဲ့ အရှက်ကွဲခဲ့ရမှုတွေအတွက်ပဲ။”
ထို့နောက် ကျူးကောကျီချုံ ထပ်မံရိုက်လိုက်ပြန်ကာ ကျူးကောဖေးအာ၏ကျန်လက်မောင်းတစ်ဖက်ကို ပေါက်ကွဲသွားစေသည်။
“ဒါက နှစ်ပေါင်း၂၀၀ကြာ အလွန်အေးစက်တဲ့နေရာမှာ ငါနေခဲ့ရတဲ့အတွက်ပဲ။”
ထိုတစ်ချက်ပြီးနောက်မှာတော့ ကျူးကောကျီချုံသည်လည်း ကျူးကောဖေးအာ၏အနားသို့ ရောက်ရှိသွားခဲ့သည်။
ကျူးကောဖေးအာမှာ အလွန်အမင်းနာကျင်နေကာ အံတင်းတင်းကြိတ်ထားရပြီး သူမမျက်နှာသည်တော့ သွေးမရှိသလောက် ဖြူဖျော့လို့နေသည်။
“ကျူးကောကျီချုံ၊ အရမ်းမောက်မာမနေနဲ့။ နင်က သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးကြောင့် သိုင်းဘုရင်အဆင့်ကိုယာယီအဆင့်တက်သွားရုံပဲ။ ဝံပုလွေအရေခြုံတဲ့ခွေးက ခွေးပဲဖြစ်နေဦးမှာ! နောင်တချိန် ငါပြန်လာရင် နင့်ကိုသေချာပေါက် တစ်စစီဆွဲဖြဲပစ်မယ်!”
ထိုစကားပြောရင်း ကျူးကောဖေးအာသည် သူ့လျှာသူကိုက်ကကာ သူမ၏ခွန်အားကိုတိုးမြှင့်ကာ ဤနေရာမှချက်ချင်းလွတ်မြောက်နိုင်စေဖို့ရန် သွေးကူးပြောင်းခြင်းပညာရပ်ကို အသုံးပြုဖို့ ကြိုးပမ်းတော့သည်။
သို့သော်လည်း သူမလျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီးနောက်မှ သူမခန္ဓာကိုယ်က မကူးပြောင်းသွားခဲ့ပေ!
သူမ၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားရတော့သည်။
ဘာတွေဖြစ်နေတာလဲ?
သူမဆွံ့အနေချိန်မှာပဲ ကျူးကောကျီချုံက သူမလည်ပင်းကိုညှစ်ကာ မြေပြင်ကနေပြီး အပေါ်သို့ကိုင်မြှောက်ထားလိုက်သည်။
ကျူးကောဖေးအာ၏မျက်နှာမှာတော့ ထိတ်လန့် ရှုပ်ထွေးသည့်အမူအရာများဖြင့်သာ ပြည့်နှက်လို့နေသည်။
“နင်တော်တော်လေး စိတ်ရှုပ်နေတယ်မဟုတ်လား? သွေးကူးပြောင်းခြင်းပညာက အသုံးမဝင်ဘူးမဟုတ်လား? နင့်ကို အမှန်အတိုင်းပဲ ပြောပြလိုက်ပါမယ်။ ငါတို့အခုရောက်နေတဲ့နေရာက ငါ့ဆရာရဲ့ နတ်လက်နက်ထဲမှာပဲ။ ငါက နင့်ထက်နိမ့်ကျတယ်လို့ နင်လှောင်ပြောင်နေချိန်မှာပဲ နင်က ငါ့ဆရာကို မကျော်နိုင်လို့ ဒီနေရာကို ရောက်နေခဲ့ပြီ။”
ထိုစကားကိုကြားသည်နှင့် ကျူးကောဖေးအာ၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
သူမနားလည်ပြီ။
အရာအားလုံးကို နားလည်သွားပြီ။
အားလုံးက သူမအတွက် ထောင်ချောက်တစ်ခုပဲ!
ကျူးကောကျီချုံပျောက်သွားတာက လုရှောင်ယန်နဲ့ သက်ဆိုင်နေခဲ့တာပဲ။
လုရှောင်ယန် ဘာအတွက်ကြောင့် ကျူးကောကျီချုံကို ကူညီရလဲ သူမ မသိပေ… သူမ လုရှောင်ယန်ကို တစ်ခါမှမမြင်ဖူးသလို အခုထိတောင်မှ လုရှောင်ယန်၏နာမည်ကို သူမ မသိသေးပေ။
သို့သော်လည်း လုရှောင်ယန်သည် ခြေလှမ်းတိုင်းကို ဂရုစိုက်ကာ အားလုံးအစီအစဉ်တကျတွေးတောထားသည်ဟု ပြော၍ရသည်။
ကျူးကောမိသားစုပျက်စီးရခြင်းမှာလည်း လုရှောင်ယန်နှင့် သေချာပေါက်ဆက်နွယ်မှု ရှိရပေမည်။
သူက ကျူးကောမိသားစုကို အသုံးချပြီး သူမကိုဆွဲဆောင်လိုက်တာပဲ။ နောက်ဆက်ပြီး မိစ္ဆာသားရဲများက နတ်ဘုရားခန်းမမှလူများကို စတင်တိုက်ခိုက်ခဲ့သည်။
ဒီနေ့မှာတော့ သူမကို ဘယ်သူမှန်းမသိသည့် ကျွမ်းကျင်သူများစွာအပြင် မိစ္ဆာသားရဲအနည်းငယ်ကပါ တိုက်ခိုက်လာခဲ့သည်။
ဒါတွေအားလုံး လုရှောင်ယန်က မိစ္ဆာသားရဲတွေကို လက်အောက်ခံအဖြစ်ထိန်းကျောင်းပြီး အားလုံးကို အခွင့်အရေးယူသွားခြင်းဖြစ်ပေမည်။
ဒါ့အပြင် မဟာချင်အင်ပါယာသို့ တိုင်တန်းရန် မဟာကျိုးအင်ပါယာသွားခဲ့ခြင်းကလည်း လုရှောင်ယန်နှင့် သေချာပေါက် ပတ်သတ်နေပေဦးမည်။
မဟုတ်ရင် မဟာချင်အင်ပါယာနှင့်နတ်ဘုရားခန်မတိုက်ခိုက်နေကြသည်ဆိုရင်တောင် သူတို့ဘက်က ဒီလောက်မြန်မြန် လှုပ်ရှားလာနိုင်စရာအကြောင်းမရှိပေ။
လုရှောင်ယန်က ဒီအခြေအနေအတွေထိပါ အားလုံးတွေးတောပြီး လှုပ်ရှားနေတာပဲဖြစ်ပေမည်။
ဒါမှသာ သူမ အကူအညီတောင်းဖို့ မဖြစ်နိုင်ဘဲ နေပေလိမ့်မည်။
ထို့နောက်မှာတော့ လုရှောင်ယန်သည် အခွင့်အရေးကိုအသုံးချကာ သူမကိုသတ်ဖို့လုပ်သည်။
ထို့အပြင် သူ့၏ခွန်အားသည်လည်း သူမကို သတ်ပစ်ဖို့လုံလောက်သည်ထက် ပိုပေသည်။
သူ့အစီအစဉ်တွေက လုံးဝဟာကွက်ကိုမရှိနေတော့ဘူး။
ဒါပေမယ့်… ဘာကြောင့်လဲ?
ဘာလို့လဲ?
လုရှောင်ယန်က ဘာလို့ သူမကိုသတ်ချင်ရတာလဲ? သူတို့ကြား ဘာကိစ္စများရှိခဲ့ဖူးလို့လဲ?
လုရှောင်ယန်၏မိသားစုကို သူမ သတ်ခဲ့မိလို့လား?
မဟုတ်ရင် လုရှောင်ယန်၏ကြွယ်ဝမှုလမ်းကြောင်းကို သူမဖြတ်တောက်ခဲ့မိလို့လား?
ကျူးကောဖေးအာ ခံစားချက်တို့ရှုပ်ထွေးနေချိန်မှာပဲ ကျူးကောကျီချုံက သူမ၏သွားစွယ်လေးနှစ်ချောင်းကို ပြသဖို့ရန် သူမပါးစပ်ကိုဟလိုက်ကာ ကျူးကောဖေးအာ၏လည်ပင်းထက်ဆီသို့ ထိုးစိုက်လိုက်တော့သည်။
“ဝူး ဝူး!”
ကျူးကောဖေးအာ လွန်စွာနာကျင်သွားတော့သည်။ သူမကိုယ်ထဲမှ သွေးများက အတင်းအကြပ်စုပ်ယူခံနေရာကြောင့် သူမစိတ်ဝိညာဉ်ကို အပိုင်းပိုင်းဆုတ်ဖြဲနေသလိုပင်။
ထိုခံစားချက်မှာ သူမ သေခြင်းတရားဆီ တစ်လှမ်းခြင်းနီးကပ်သွားပုံကို ကိုယ်တိုင်ကြည့်ရှုနေရသကဲ့သို့ပင်။
ဘယ်လိုမှမရုန်းထွက်နိုင်ခြင်းက ပိုလို့တောင်မှ ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသည်။
နောက်ဆုံးမှာတော့ ကျူးကောကျီချုံ၏ သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးသောက်ထားသည့် အစွမ်းက ပျက်ပြယ်သွားချိန် ကျူးကောဖေးအာ၏ ခန္ဓာကိုယ်ထဲမှ သွေးအဆီအနှစ်အားလုံးသည်လုံး လုံးဝစုပ်ယူခံလိုက်ရပေပြီ။
သွေးအဆီအနှစ်တင်မကဘူး။ သူမ၏ရိုးတွင်းခြင်ဆီနှင့် ကိုယ်တွင်းအင်္ဂါများထဲမှ သွေးအဆီအနှစ်များလည်း ပါဝင်သည်။
ထိုသို့စုပ်ယူနေချိန်မှာပဲ ကျူးကောကျီချုံ၏ကျင့်ကြံဆင့်သည်လည်း တဖြည်းဖြည်းစတင် တိုးမြင့်လာခဲ့သည်။
အကြီးမြတ်ဆုံး ပထမအဆင့်…. အကြီးမြတ်ဆုံး ဒုတိယအဆင့်… အကြီးမြတ်ဆုံး တတိယအဆင့်… နောက်ဆုံး သူတော်စင် ပထမအဆင့်သို့ရောက်ကာမှ သူမ၏အဆင့်တက်ခြင်း ရပ်တန့်သွားတော့သည်!
ထိုသို့ရပ်သွားခြင်းမှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ သွေးအဆီအနှစ်သည် တစ်ဖက်လူကို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လောက်အောင် မလုံလောက်ခြင်းကြောင့်ပင်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများစွာ၏ ခွန်အားနှင့်ဝိညာဉ်စွမ်းအားတို့ စုပေါင်းလိုက်လျှင်တော့ ဖြစ်သွားနိုင်သည်။ သို့သော်လည်း သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးတည်း၏ သွေးအဆီအနှစ်ကို တိုက်ရိုက်စုပ်ယူရုံဖြင့်တော့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာရန် မလုံလောက်ပေ။
ထို့အပြင် ကျူးကောဖေးအာသည် နတ်ဘုရားအဆင့်ကျင့်စဉ်ဖြင့် အသက်ဘေးမှလွတ်မြောက်လာကာစဖြစ်ကာ သူမ၏ကျင့်ကြံဆင့်အပြည့်အဝကို ပြန်လည်မရရှိသေးပေ။
ထိုအချိန်မှာပဲ တောင်နှင့်မြစ်ပန်းချီကားအပြင်ဘက်မှ လုရှောင်ယန်၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ရီသွားကာ သူ၏ကျင့်ကြံဆင့်မှာ သိုင်းဘုရင် ဒုတိယအဆင့်သို့ တိုးတက်သွားခဲ့သည်။
ကျူးကောကျီချုံ အောင်မြင်သွားပြီမှန်း သူသိလိုက်ပေသည်။
တကယ်ကိုပဲ နောက်တစ်စက္ကန့်မှာပဲ ဝမ့်ခိုက်၏အသံက ထွက်ပေါ်လာခဲ့သည်။
[ဒင်… မြင်းနက်ကို အောင်မြင်စွာသတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : လက်ရှိကျင့်ကြံဆင့်ကို အဆင့်သေးတစ်ဆင့်မြှင့်ပေးပါမယ်]
လုရှောင်ယန်လည်း သူ့ကျင့်ကြံဆင့်က အမှန်ကို အဆင့်သေးတစ်ဆင့်ထပ်မြင့်သွားမှန်း ခံစားလိုက်ရပေသည်။
[ဒင်… မြင်းနက်ကို အောင်မြင်စွာသတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : နတ်တာအိုစစ်မှန်သောရည်ရွယ်ချက် x 61]
[ဒင်… မြင်းနက်ကို အောင်မြင်စွာသတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : စစ်မှန်သောနတ်ဝိညာဉ်ကျောက်တုံး x 61]
စစ်မှန်သောနတ်ဝိညာဉ်ကျောက်တုံးသည် နတ်တာအိုဝိညာဉ်ကျောက်တုံးကို အဆင့်မြှင့်ထားသည့်ဗားရှင်းဖြစ်သည်။ ၎င်းသည် လက်နက်တစ်ခုကို နတ်လက်နက်အဆင့်မှသည် နတ်အသုံးအဆောင်အဆင့်သို့ တိုးမြှင့်ပေးနိုင်သည်။
နတ်အသုံးအဆောင်တစ်ခုသည် နတ်လက်နက်များထက်သာလွန်သည့်ဖြစ်တည်မှုပင်။ ၎င်းသည် အဆုံးအစမဲ့ကာ ထူးခြားအံ့ဩဖွယ်ကောင်းသည်။
[ဒင်… မြင်းနက်ကို အောင်မြင်စွာသတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : ကံကောင်းခြင်းရွှေနဂါး x 61]
[ဒင်… မြင်းနက်ကို အောင်မြင်စွာသတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : ထိပ်တန်းနတ်သားရဲဥ x 61]
[ဒင်… မြင်းနက်ကို အောင်မြင်စွာသတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် :နတ်ဘုရားအဆင့်လက်နက် x 61]
…..
ဝမ့်ခိုက် သေချာပေါက် တစ်ခုခုကို အရိပ်အမြွက်ပြနေသည်ကို လုရှောင်ယန် ခံစားမိသော်လည်း ဘာကိုမှန်းတော့ မပြောနိုင်ပေ။
ဝမ့်ခိုက်သည် တောင်နှင့်မြစ်ပန်းချီထဲသို့ဝင်ကာ ကျူးကောဖေးအာ၏ကံကောင်းခြင်းကို စားသုံးပြီးသွားပြီဖြစ်သည်။
ကံကောင်းမှုကို စုပ်ယူပြီးမှတော့ သူလည်း အဆင့်ထပ်တက်ဖို့အတွက် တံခါးပိတ်ကျင့်ကြံရမယ်မဟုတ်လား?
ထားလိုက်ပါ.. အရင်ဆုံး အမည်မဲ့ဂိုဏ်းကိုပဲ ပြန်သင့်တယ်။
သူ အမည်မဲ့ဂိုဏ်းသို့ ပြန်ရောက်ချိန်တွင် အတော်လေး နောက်ကျနေပြီဖြစ်သည်။
သို့သော်လည်း အလွန်နောက်ကျနေပေမည့် အမည်မဲ့ဂိုဏ်းအပြင်ဘက်တွင် ရပ်စောင့်နေသော တစ်ယောက်ယောက် ရှိလို့နေသေးသည်။
ထို့အပြင် ထိုလူမှာ တခြားလူမဟုတ်ဘဲ မဟာချင်အင်ပါယာတွင်ရှိနေသင့်သည့် ကျီဝူရှန်ဖြစ်သည်။
“အကြီးအကဲလု။”
ချက်ချင်းဆိုသလို လုရှောင်ယန် ရင်တုန်သွားရသည်။
“ကျီဝူရှန်၊ မင်းဘာလို့ဒီမှာရှိနေတာလဲ?”
ကျီဝူရှန် အသက်ပြင်းပြင်းတစ်ချက်ရှူကာ လေးနက်သည့်အမူအရာဖြင့် ပြန်ဖြေလာခဲ့သည်။ “အကြီးအကဲလု၊ တစ်ခုခုဖြစ်သွားလို့ပါ။ မဟာချင်အင်ပါယာက အထိန်းအချုပ်မဲ့သွားပါပြီ။”
လုရှောင်ယန် : “???”
“ဘာဖြစ်သွားတာလဲ?”
“မဟာချင်အင်ပါယာတစ်ဝက်လောက် ကျရှုံးသွားပါပြီ။ ဒီအတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင် ဆုချန် နန်းမြို့တော်ကို တိုက်ခိုက်လာဖို့ သိပ်မလိုတော့ပါဘူး။ မဟာချင်အင်ပါယာမှာ ဗရမ်းဗတာဖြစ်နေတာကို အခွင့်ကောင်းယူပြီး ဘယ်သူမှမသိခင် ကျွန်တော် ထွက်ပြေးလာခဲ့တာပဲ။”
“ဘာပြောလိုက်တယ်?”
လုရှောင်ယန်၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားတော့သည်။
လာနောက်နေတာလား?
သူက ဆုချန်ရဲ့နတ်ဘုရားခန်းမကို ဖိနှိပ်ဖို့ မဟာချင်အင်ပါယာကို အသုံးချချင်ရုံပဲလေ။
အဆုံးမှာတော့ မဟာချင်အင်ပါယာက နတ်ဘုရားခန်းမကို ဖိနှိပ်ဖို့ကျရှုံးတဲ့အပြင် နတ်ဘုရားခန်းမကို ပိုပြီးမြန်မြန်ဆန်ဆန် ဖွံ့ဖြိုးဖို့ခွင့်ပြုလိုက်လိုက်တဲ့လား!
“အမှန်ပါပဲ။ ဆုချန်ရဲ့ နတ်ဘုရားခန်းမက အရမ်းမြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာနေပါပြီ။ နေ့တိုင်းဆိုသလို သူတို့အဖွဲ့မှာ ကျွမ်းကျင်သူတွေ ပိုပိုများလာနေပါတယ်။”
“မဟာချင်အင်ပါယာက ကျွန်တော်တို့မဟာကျိုးအင်ပါယာလိုမဟုတ်ပါဘူး။ ကျွန်တော့်မဟာကျိုးအင်ပါယာရဲ့ဘုရင်တွေနဲ့တော်ဝင်မျိုးနွယ်တွေရဲ့ ခွန်အားက ဧကရာဇ်နဲ့ ဘုရင်အဆင့်ပဲရှိကြပါတယ်။ ကျွန်တော်တို့ အကြီးမြတ်ဆုံးအဆင့်နဲ့ ဧကရာဇ်အဆင့်အထိ တိုးတက်လာခဲ့တာတွေက အားလုံးအကြီးအကဲလုရဲ့ ကျေးဇူးကြောင့်ပါ။”
တကယ်တော့ အင်ပါယာတွေအားလုံးက အတော်အသင့်တူညီကြလေသည်။
သို့သော်လည်း မဟာချင်အင်ပါယာရှိ ဘုရင်များနှင့် တော်ဝင်မျိုးနွယ်များသည်တော့ အကြီးမြတ်ဆုံးအဆင့်နှင့် သိုင်းဘုရင်အဆင့်များဖြစ်ကြသည်။
“အဲ့ဒါတွေထက်၊ ကျွန်တော်တို့အင်ပါယာက ပထမတန်းဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေဟာ အနှစ်သာရခိုင်မြဲခြင်းအဆင့်နဲ့ ဘုရင်အဆင့်တွေပဲရှိပါတယ်။ ချင်အင်ပါယာရဲ့ပထမတန်းဂိုဏ်းတွေကတော့ ဘုရင်အဆင့်နဲ့ ဧကရာဇ်အဆင့်ကိုရောက်ပြီးကြပါပြီ။ ဒါတောင် ပထမတန်းဂိုဏ်းတွေထက် အဆင့်မြင့်တဲ့ဂိုဏ်းတွေကို ထည့်မတွက်ရသေးပါဘူး။ သူတို့အားလုံးကိုပါထည့်တွက်ရရင် အဆင့်မြင့်ကျွမ်းကျင်သူတွေဆိုတာ မရေမတွက်နိုင်အောင်ပါပဲ။”
လုရှောင်ယန်တစ်ယောက် လုံးဝဆွံ့အသွားလေတော့သည်။
သူ့နှဖူးသူပွတ်ကာ အတော်လေးစိတ်ဓာတ်ကျသွားခဲ့သည်။
မြင်းနက်တွေရဲ့ဟက်နိုင်စွမ်းက အရမ်းစွမ်းအားကြီးလွန်းတာပဲ။
ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲဆို သူ့ကိုတောင် ကူကယ်ရာမဲ့ပြီး စိတ်ဓာတ်ကျသွားစေတဲ့အထိပဲ။
နှစ်ပေါင်းသောင်းချီတည်တံ့ခဲ့တဲ့ အင်ပါယာတစ်ခုက လအနည်းငယ်လောကကမှ ချမ်းသာလာတဲ့ယောက်ျားတစ်ယောက်ကို တကယ်ပဲ မယှဉ်နိုင်ခဲ့ပါလား။ သူ့ကို တကယ်သွေးအန်ချင်လာအောင် လုပ်နေတာပဲ။
တကယ်တော့ မြင်းနက်တွေက အလွန်အင်အားကြီးနေခြင်းကြောင့်မဟုတ်ပေ။ ဆုချန်ကိုက အရမ်းထူးခြားနေခြင်းဖြစ်သည်။
တခြားလူများ၏ဟက်နိုင်စွမ်းသည် ကျင့်ကြံဆင့်နှင့် တိုက်ပွဲခွန်အားကိုသာ ဆက်နွယ်လေသည်။
တစ်ဖက်တွင်တော့ ဆုချန်၏ဟက်နိုင်စွမ်းမှာ ငွေဖြစ်နေလေသည်။
ငွေနဲ့သိမ်းသွင်းရတယ်ဆိုတာ အရမ်းမရိုးရှင်းနေဘူးလား?
ကျွမ်းကျင်သူတွေက အစေခံမဖြစ်ချင်ကြဘူးပေါ့?
အဲ့ဒါ သေချာပေါက် ပေးတဲ့လစာက မလုံလောက်နေလို့ပဲ။
သူတို့တစ်ယောက်စီတိုင်း တစ်လကို ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး ၁သန်းရနေကြတယ်လေ။
ဒီတော့ သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံဆင့် မြန်မြန်ဆန်ဆန်တိုးတာ မတိုးတာက အရေးကြီးမနေတော့ဘူး။ သူ့မှာ ငွေရှိနေသ၍ အချိန်တိုလေးအတွင်း လုံလောက်သောစွမ်းအား၊ ကြီးမားကာ ပုံမှန်ဟုပင်မခေါ်ဆိုနိုင်သည့် ခွန်အားမျိုးရအောင် ချဲ့ထွင်နိုင်တယ်!
ဒါ့အပြင် လုရှောင်ယန်သည် မြင်းနက်များနှင့်တိုက်ခိုက်သည်အား ဘယ်တုန်းကမှ မရပ်တန့်ခဲ့ပေ….
သူ ရှောင်ပိုင်နှင့်တိုက်ခိုက်ခဲ့တာတောင်မှ နှစ်အနည်းငယ်သာ ကြာသေးသည်…
ရှောင်ပိုင်ကစလို့ တခြားမြင်းနက်များသည် ပိုလို့အဆင့်မြင့်လာကြသည်။ သို့သော်လည်း ရှောင်ပိုင်ကတော့ အတော်လေးကံမကောင်းသူပင်။ သူပြန်လည်မွေးဖွားလာပြီးလို့ သိပ်မကြာလိုက်ခင်မှာပဲ အသတ်ခံလိုက်ရသည်။
ရှောင်ပိုင်ကိုသာ အချိန်လုံလုံလောက်လောက် ပေးထားခဲ့မည်ဆိုလျှင် သူ့ရဲ့အောင်မြင်မှုတွေက အလွန်မြင့်တက်လာမည်ဖြစ်ကာ သတ်ဖို့ရန် အတော်လေး ခက်ခဲသွားပေလိမ့်မည်။
ဒါကပဲ ဆုချန်နှင့်ရင်ဆိုင်ရချိန်တွင် ကြုံတွေ့ရသည်ပြဿနာဖြစ်သည်။
ဆုချန် တိုးတက်လာသည်မှာ အချိန်အတော်ကြာနေပေပြီ။ ထို့အပြင် သူတိုးတက်လာသည့်အရှိန်အဟုန်မှာ လွန်စွာမြန်ဆန်ကာ ဒီနေ့နှင့်မနေ့တောင် မတူတော့ပေ။
ဒါ့အပြင် ဆုချန်သည် ချမ်းသာရုံသာမဟုတ်မှန်း လုရှောင်ယန်ကတော့ သေချာသည်။
သူ့ဟက်နိုင်စွမ်းက တခြားကျွမ်းကျင်သူများကို ထိန်းချုပ်ဖို့ရန်လည်း ပါဝင်ပေလိမ့်မည်။
မဟုတ်ပါက ထိုမျှငွေအများကြီးရှိနေပုံမျိုးနှင့်ဆို ထိုကျွမ်းကျင်သူများသည် သူ့ကြွယ်ဝမှုများကို လုယူသွားပြီးတာကြာရောပေါ့။ ဘာလို့များ သူ့လက်အောက်ခံအဖြစ်နေကြဦးမှာလဲ?
သူတို့က ငတုံးတွေမှမဟုတ်တာ!
ဤအတိုင်းသာဆိုလျှင် လုရှောင်ယန်ဘက်က နတ်ဘုရားခန်းမကိုဖျက်ဆီးပြီး ဆုချန်ကို သတ်ချင်နေရင်တောင် သူ မလုပ်နိုင်လောက်ပေ….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၃ မဟာကျိုးအင်ပါယာ
“အဲ့ဒါကလွဲလို့ တခြားဘာသတင်းအချက်အလက်တွေ ရှိသေးလဲ?”
ကျီဝူရှန် ခပ်တိုးတိုးပြန်မဖြေခင် ခဏမျှ နှုတ်ဆိတ်သွားခဲ့သည်။ “မဟာချင်ဧကရာဇ်ရဲ့သားက မဟာချင်ဧကရာဇ်ရဲ့ကိုယ်လုပ်တော်တွေထဲကတစ်ယောက်နဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးမျိုးရှိနေတယ်လို့ ကျွန်တော် သိထားတယ်။ အဲ့ဒီကိုယ်လုပ်တော်မှာပဲ အရင်က ချင်ဧကရာဇ်ရဲ့သားနဲ့ဆက်ဆံရေးတစ်ခုရှိခဲ့ဖူးတဲ့ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်အမျိုးသမီးနဲ့ အခုချိန်မှာ ဆက်ဆံရေးရှိနေတဲ့ မဟာချင်ဧကရာဇ်ရဲ့ညီနဲ့လဲ ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးမျိုး ရှိနေပြန်တယ်….”
လုရှောင်ယန် : “…..”
“မင်းမှာ တခြားဘာမှလုပ်စရာထွေထွေထူးထူးမရှိဘူးလား? ဘာလို့ ဒီလိုအတင်းအဖျင်းသတင်းတွေကို လျှောက်ပတ်နားထောင်နေရတာလဲ?”
“ကျွန်တော် ဘာမှလုပ်စရာမရှိဘူးလေ။ ဒီသတင်းတွေက်လည်း တော်ဝင်နန်းတော်က ကုန်းကုန်းငယ်လေးတစ်ယောက် ပြောပြတာ။ တခြားသတင်းတွေက လွယ်လွယ်ရှာလို့မရတော့ ဒီသတင်းကလည်း အကြီးအကဲလုအတွက် တစ်နည်းနည်းနဲ့များအသုံးဝင်လာမလားဆိုပြီး ကျွန်တော့်ခေါင်းထဲ သေချာထည့်မှတ်လာခဲ့တာ။ ပြီးတော့ ဒီသတင်းကိုအသုံးချပြီး မဟာချင်ဧကရာဇ်ရဲ့သားတော်နဲ့ ညီတော်ကို အကြီးအကဲလု တစ်ခါတည်း ထိန်းချုပ်လို့လဲ ရနိုင်မယ်လေ။”
လုရှောင်ယန်ခမျာ ကျီဝူရှန်ကို ဆွံ့အစွာဖြင့် ကြည့်လို့နေမိသည်။
သူတို့ကိုထိန်းချုပ်တော့ ဘာများအသုံးဝင်မှာလဲ?
အခုဟာက မဟာချင်အင်ပါယာနဲ့ နတ်ဘုရားခန်းမတို့ တိုက်ပွဲအကြီးအကျယ်ဖြစ်နေကြတာလေ။
ပြောရကြေးဆို ရန်သူရဲ့ရန်သူက မိတ်ဆွေပဲ။ သူက မဟာချင်အင်ပါယာနဲ့ မိတ်ဆွေတွေဆိုမှတော့ ဘာလို့ မလိုအပ်တာတွေလျှောက်လုပ်နေရဦးမှာလဲ?
“ထားလိုက်ပါဦး။ အရမ်းလဲ နောက်ကျနေပြီ။ မင်းကို ညတွင်းချင်းကြီး နန်းမြို့တော်ဆီပြန်ခိုင်းလောက်ရေအောင် ငါက မင်းအပေါ် ရက်စက်လွန်းသလိုလဲ မဖြစ်စေချင်ဘူး။ ဒီတော့ ဒီည မင်းဒီမှာပဲနေပြီး မနက်ဖြန်မှပြန်လိုက်။”
“ကျေးဇူးတင်ပါတယ်၊ အကြီးအကဲလု။”
ထို့နောက် နှစ်ယောက်သား တောင်ပေါ်သို့ အတူတကွ ပြန်လာခဲ့ကြသည်။ လုရှောင်ယန်လည်း ချက်ချင်းပဲ အစီအစဉ်အတွက် စဉ်းစားဖို့ရန် သူ၏စာဖတ်ခန်းသို့ ပြန်သွားလေသည်။
ကျီဝူရှန်ကတော့ ကျီဝူရှားကိုရှာကာ သူ့အတွက် အခန်းတစ်ခန်းစီစဉ်ပေးခိုင်းခဲ့သည်။
ကျီဝူရှားက ကျီဝူရှန်ကို အခန်းလွတ်တစ်ခန်းဆီသို့ ခေါ်ဆောင်သွားကာ၊ “အစ်ကိုတော်၊ ခဏတဖြုတ်တော့ ဒီမှာပဲနေဖို့ ဒုက္ခပေးရဦးမယ်။”
ကျီဝူရှန်း ခေါင်းအသာယမ်းလိုက်ပြီး၊ “ဘာမှမဖြစ်ဘူး၊ ဒါက အကြီးအကဲလုရဲ့ ဂိုဏ်းပဲ။ အခုလို ညအိပ်နေခွင့်ရတာကတင် ငါတော်တော်လေးကံကောင်းနေပြီ။”
ကျီဝူရှား ခေါင်းညိတ်လိုက်ကာ၊ “ဒါဆို ဘာကိစ္စမှမရှိတော့ရင် ငါအရင်ပြန်ပြီး ကျင့်ကြံလိုက်ဦးမယ်။”
“ခဏလေးနေဦး။”
ကျီဝူရှန်က တစ်စုံတစ်ခုပြောချင်သလိုမျိုး ကျီဝူရှားကို တားလိုက်သော်လည်း ပြောဖို့ရာ တွန့်ဆုတ်နေလေသည်။
“ဘာဖြစ်လို့လဲ၊ အစ်ကိုတော်?”
ကျီဝူရှန် ခဏလောက် တုံ့ဆိုင်းနေပြီးနောက်ဆုံးမှာတော့ ပြောဖို့အတွက် သတ္တိမွေးလိုက်နိုင်သည်။
“ဝူရှား၊ ငါ ဒီစကားပြောသင့်ရဲ့လားမသိပေမဲ့ ပြောရဦးမယ်။ ဒီတစ်ခေါက် မင်းတို့ရင်ဆိုင်ရမဲ့ ရန်သူက အရမ်းအားကောင်းလွန်းတယ်!”
ထိုနောက်ဆုံးစကားကို ဖော်ပြနေချိန် ကျီဝူရှန်၏အမူအရာမှာ အလွန်လေးနက်လို့နေသည်။
ကျီဝူရှားကတော့ ဘာအမူအရာမှမပြခဲ့ဘဲ၊ “အဲ့တော့?”
ကျီဝူရှန် မှင်သက်သွားကာ စကားပြန်ဆက်ဖို့ရန် အချိန်ယူလိုက်ရသည်။ “ဝူရှား၊ မင်း ငါပြောတာကို နားမလည်ဘူးလား? ဒီတစ်ခေါက် မင်းရင်ဆိုင်ရမဲ့ရန်သူက အရမ်းအားကောင်းတယ်၊ အားကောင်းလွန်းတာမှ ကောင်းကင်ကိုတောင် အံတုနိုင်တဲ့အထိပဲ။ သူက သာမာန်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူး။ သူ့မှာ သိုင်းဘုရင်အဆင့်အစေခံတောင်မှ ရှိနေတယ်။”
သေသေချာချာတွေးကြည့်လိုက်ပါ။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးကို အစေခံအဖြစ် အသုံးချရဲမှတော့ ထိုလူ၏ဖြစ်တည်မှုသည် မည်မျှတောင်မှ တုနှိုင်းမဲ့အင်အားကြီးနေပြီမို့လို့လဲ?
“ငါမင်းကို ပြောပြမယ်။ ငါတို့မဟာကျိုးနဲ့ယှဉ်ရင် မဟာချင်အင်ပါယာဆိုတာက အရမ်းအားကောင်းပြီး ကောင်းကင်ကိုအံတုနိုင်ပြီးသား။ သူတို့မှာ သေမျိုးလောကရဲ့ အမြင့်ဆုံးတိုက်ပွဲစွမ်းအားပိုင်ဆိုင်တဲ့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူရှိတယ်။ ပြီးတော့ အဲ့သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေက တစ်ယောက်မကဘူး။
သူတို့မှာ သူတော်စင်အဆင့်နဲ့ အကြီးမြတ်ဆုံးအဆင့်ကျွမ်းကျင်သူတွေဆိုလည်း မရေမတွက်နိုင်အောင်ပဲ။
ဒါပေမဲ့ ဒီလောက်အများကြီးရှိနေတာတောင်မှ ဆုချန်နဲ့ရင်ဆိုင်ရချိန်မှာ အရမ်းဒုက္ခတွေ့နေသေးတယ်။
မဟာချင်တော်ဝင်မိသားစုက နတ်ဘုရားခန်းမကို တိုက်ရိုက်ဖျက်ဆီးပစ်ဖို့အတွက် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ဘယ်တုန်းကမှမပို့ခဲ့ဘူးဆိုတာ ဘာကြောင့်လဲ သိလား?
ဘာလို့ဆို မဟာချင်အင်ပါယာလည်း ဒီတစ်ကြိမ်တော့ အန္တရာယ်ကို ခံစားမိပြီး ကြောက်လန့်နေလို့ပဲ။
ငါသိသလောက်ဆို မဟာချင်အင်ပါယာရဲ့သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ အနည်းငယ်က အားလုံးတံခါးပိတ်ကျင့်ကြံနေကြတာ။ သူတို့ရဲ့အကောင်းဆုံးအခြေအနေကိုရောက်မှ ဆုချန်ကိုရင်ဆိုင်ဖို့ ပြင်ဆင်နေတာပဲ။
မဟာချင်အင်ပါယာက နတ်ဘုရားခန်းမကို တဇွတ်ထိုးခပ်ကြမ်းကြမ်းမကိုင်တွယ်ဘူးဆိုတာ သူတို့ဘက်က ဆုံးရှုံးမယ့်အနေအထားကို မတတ်နိုင်လို့ပဲ။ မဟာချင်အင်ပါယာဘက်က သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေ ကျရှုံးသွားပြီဆိုတာနဲ့ မဟာချင်အင်ပါယာကြီးတစ်ခုလုံးလည်း အဆုံးသတ်သွားပြီ။
မဟာချင်အင်ပါယာရဲ့ တော်ဝင်မိသားစုမျိုးရိုးက ‘ဆု’ဆိုပြီးတော့ ပြောင်းသွားလိမ့်မယ်!”
“ပြီးတော့ရော?” ကျီဝူရှား နဂိုအမူအရာအတိုင်း မပြောင်းမလဲဖြင့် စကားထောက်ပေးလိုက်သည်။
ကျီဝူရှန်ကတော့ အတော်လေးစိုးရိမ်နေလေသည်။
“မင်း မစိုးရိမ်ဘူးလား? မဟာချင်အင်ပါယာကတောင် နတ်ဘုရားခန်းမရဲ့ပြိုင်ဘက်မဟုတ်ဘူးဆို အကြီးအကဲလုမှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးရဲ့ ခွန်အားမျိုးရှိနေရင်တောင် ငါတို့အားလုံးကို သူ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးကွ!”
ကျီဝူရှား မပြောင်းမလဲအမူအရာဖြင့် မေးလိုက်ပြန်သည်။ “အဲ့တော့ နင် ငါ့ကိုဘာပြောချင်နေတာလဲ?”
ကျီဝူရှန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အလေးနက်ဆုံးပုံစံဖြင့် ပြောလိုက်သည်။ “မင်း အကြီးအကဲလုနဲ့ စကားပြောကြည့်သင့်တယ်လို့ ငါထင်တယ်။ အကြီးအကဲက ငါတို့မဟာကျိုးကို ခေါ်ဆောင်ပြီး ထွက်ပြေးသင့်တယ်။
ငါ ဒီအကြောင်း သေချာတွေးကြည့်ပြီးသွားပြီ။ ထာဝရသစ်တောရဲ့ အရှေ့ဘက်မှာ ကြီးမားတဲ့ပင်လယ်ကြီးရှိတယ်လို့ပြောတယ်။ အဲ့ဒီမှာ ကျွန်းငယ်လေးတွေလဲ မရေမတွက်နိုင်အောင်ရှိတယ်။ ငါတို့တွေ သာမာန်ကျွန်းငယ်လေးတစ်ကျွန်းကိုရှာပြီး အဲ့မှာ ကျင့်ကြံလို့ရတာပဲ။
ထာဝရသစ်တောမှာ ကျွမ်းကျင်သူတွေအများကြီးရှိတယ်ဆိုပေမဲ့ အကြီးအကဲလုရဲ့ သိုင်းဘုရင်အဆင့်ခွန်အားနဲ့သာဆို ငါတို့တွေ ထာဝရသစ်တောကို ဘေးကင်းကင်းဖြတ်ကျော်နိုင်ဖို့အတွက် သူသေချာပေါက် ကူညီပေးနိုင်တယ်။
ပြီးတော့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာကြောင့် အရှေ့ပင်လယ်မှာ ငါတို့ကို အကြီးအကဲလု အပြည့်အဝကာကွယ်ပေးနိုင်မယ်လို့ထင်တယ်။”
ကျီဝူရှားကတော့ ထိုစကားအရှည်ကြီးကိုနားထောင်ပြီး သိပ်စိတ်ဝင်စားပုံမပြဘဲ သာမာန်ကာလျှံကာ “အိုး”ဟုသာ ပြောလာခဲ့သည်။
ထို ‘အိုး’ဟူသောစကားကိုကြားပြီးနောက်မှာတော့ ကျီဝူရှန်တစ်ယောက် အတော်လေးဆွံ့အသွားတော့လေသည်။
သူ့ညီမတော်က သူ့စကားကို နည်းနည်းလေးမှ နားမထောင်ခဲ့ပုံပဲ။
ကျီဝူရှန် အသက်ပြင်းပြင်းရှူလိုက်ကာ စကားဆက်ပြန်သည်။ “ဝူရှား၊ ငါ့စကားတွေကို ဟာသလိုမမှတ်နဲ့။ ငါမင်းကို နောက်ပြောင်နေတာမဟုတ်ဘူး! မင်း ငါ့စကားတွေကိုနားမထောင်ရင် ငါတို့အားလုံးရဲ့အသက်ကို တန်ဖိုးအဖြစ်ပေးလိုက်ရလိမ့်မယ်!”
ကျီဝူရှား သက်ပြင်းချကာ သူမအစ်ကိုတော်ကို ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။ “အစ်ကိုတော်၊ နင် အဲဒီကိစ္စအတွက် အရမ်းစိုးရိမ်နေတယ်ဆို ငါကတော့ နင့်စိုးရိမ်မှုတွေကို လွှတ်ချလိုက်ဖို့ပဲ အကြံပေးမယ်။ နင်က ဧကရာဇ်ကောင်းတစ်ပါးဖြစ်ဖို့ပဲ လိုတာ။ မစိုးရိမ်နေနဲ့ ကျန်တာကို ငါ့ဆရာလက်ထဲအပ်ထားလိုက်။”
ထိုစကားသာပြောပြီး ကျီဝူရှား ပြန်လှည့်ထွက်သွားခဲ့သည်။
ကျီဝူရှန် တံခါးဝသို့အမြန်ပြေးလိုက်ကာ အော်ပြောလိုက်သည်။ “ဘာကြောင့်လဲ?”
“ဘာလို့ဆို ငါ့ဆရာက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် မဟုတ်လို့ပဲ!’
ထိုစကားကိုကြားပြီး ကျီဝူရှန်၏စိတ်တစ်ခုလုံး ပြင်းထန်စွာတုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
အကြီးအကဲလုက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် မဟုတ်ဘူးလား?
ဒါဆို သူကဘယ်အဆင့်လဲ?
သူ့အနေနဲ့ သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား?
သူသာ တကယ်ကြီး သူတော်စင်အဆင့်ကျွမ်းကျင်သူဆို ကောင်းကင်ကိုအံတုနိုင်တဲ့အထိ ပုံမှန်မဟုတ်ဘဲ သန်မာနေနိုင်ရတာလဲ?
ပြီးတော့ မဟာချင်အင်ပါယာရဲ့တိုက်ပွဲနတ်ဘုရားမ ကျူးကောဖေးအာကိုတောင်မှ သတ်ခဲ့သေးတယ်လေ။
ခဏလေးနေပါဦး…
ကျီဝူရှန်၏ပြင်ပခန္ဓာကိုယ်ကပါ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
ရုတ်တရက် သူစိတ်ထဲ အတွေးတစ်ခုဝင်လာခြင်းပင်။
တစ်ခုခုတော့မှားနေပြီ!
တကယ်ကို မှားနေပြီ။
အကြီးအကဲလုက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူမဟုတ်ပေမဲ့ သိုင်းဘုရင်ကျွမ်းကျင်သူတစ်ယောက်ကို သတ်နိုင်နေတယ်…
ဒါတင်မကဘူး၊ သူ့ညီမတော်ကိုလည်း နတ်ဘုရားခန်းမကို လုံးဝမကြောက်ဘဲ စိတ်အေးလက်အေးရှိနေအောင် လုပ်နိုင်နေသေးတယ်…
အဲတော့ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့တယ်။
အကြီးအကဲလုက သိုင်းဘုရင်အဆင့်ကို ကျော်လွန်ပြီး ဒဏ္ဍာရီလာအဆင့်တစ်ခုကို ရောက်နေလို့ပဲ။
နတ်ဘုရားအဆင့်ပေါ့!
ဘုရားရေ!
အကြီးအကဲလုက တကယ်တော့ နတ်ဘုရားအဆင့်ကျွမ်းကျင်သူဖြစ်နေတာလား။
ကျီဝူရှန်သည် ထိုအကြောင်းအရာများနှင့်ပတ်သတ်၍ ရှေးစာပေတချို့မှနေပြီး ဖတ်ရှုဖူးထားတာကြောင့် အမှန်တကယ်ရှိမရှိကို သံသယမဝင်ခဲ့ပေ။
တချို့သောသိုင်းဘုရင်ရှင်များသည် နတ်ဘုရားအဆင့်သို့ရောက်ရှိသွားကြပြီးဖြစ်သော်လည်း သိုင်းဘုရင်အဆင့်သည် နတ်လောကတွင် အသန်မာဆုံးအဆင့်တစ်ခုမဟုတ်တာကြောင့် နတ်ဘုရားအဆင့်ကျွမ်းကျင်သူ တော်တော်များများသည် သေမျိုးလောကမှာပဲ အချိန်ကြာကြာဆက်နေဖို့ရန်အတွက် နတ်လောကသို့တက်ရောက်ဖို့ရန် မရွေးချယ်ကြပေ။
ဒါနဲ့ဆို အကြီးအကဲလုရဲ့ပုံစံနဲ့ ကိုက်ညီမသွားဘူးလား?
ဒီလိုသာဆို အကြီးအကဲက နတ်ဘုရားအဆင့်ကျွမ်းကျင်သူ အမှန်တကယ်ဖြစ်နေတာပေါ့။
ထိုအချိန်တွင် ကျီဝူရှန်၏မျက်နှာထက်၌ စိတ်လှုပ်ရှားလွန်းမှုကြောင့် မျက်ရည်စီးကြောင်းကြီးနှစ်ခု ဖြစ်ပေါ်နေပေပြီ။
သူက နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်နဲ့ တကယ်သိကျွမ်းခွင့်ရခဲ့တာပဲ။
နတ်ဘုရားအဆင့်တဲ့!
ထိုအဆင့်သည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပေါင်းများစွာ အသည်းအသန်ဖြစ်ချင်နေကြသည့် တည်ရှိမှုမျိုးဖြစ်သည်။
နတ်ဘုရားအဆင့်ကျွမ်းကျင်သူဖြစ်လာဖို့အတွက် သိုင်းဘုရင်အဆင့်သည် လုံးဝအစပထမအဆင့်လေးသာဖြစ်သည်။
သေမျိုးတွေအတွက် ထိုအဆင့်ကိုရောက်ဖို့ဆိုသည်က မှန်းဆဖို့ပင် မရဲကြပေ။
သေမျိုးတို့အတွက် သိုင်းဘုရင်အဆင့်ဆိုသည်ကပင် အလွန်အကျူးမျှော်လင့်ချက်ထားရာ ရောက်နေပေပြီ။
အကြီးအကဲလုကတော့ ဒီလို မြင့်မားပြီး ပြိုင်ဘက်ကင်းလှသည့် နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနေလေပြီ!
ထိုအခိုက်မှာပဲ လုရှောင်ယန်၏ပုံရိပ်သည် ကျီဝူရှန်၏နှလုံးသားထဲတွင် အတိုင်းအထက်လွန်ကြီးမြတ်သွားတော့သည်။
အစကတော့ လုရှောင်ယန်က စစ်မှန်သောအမြင်အာရုံသုံးပါးကို အသုံးပြုခဲ့တာကြောင့် သူ၏စိတ်ခွန်အားအပေါ် သက်ရောက်မှုဖြစ်ကာ လုရှောင်ယန်ကို လေးစားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အခုချိန်မှာတော့ လုရှောင်ယန်ကို အမှန်စင်စစ် သူ့ကိုယ်ပိုင် စိတ်ရင်းစိတ်မှန်ဖြင့် စတင်ကာ လေးစားကိုးကွယ်မိနေပေပြီ။
သူတို့ သေချာပေါက် အနိုင်ရလိမ့်မယ်!
မဟာကျိုးတော်ဝင်မိသားစုမှာ နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်၏ ကျောထောက်နောက်ခံရှိနေမှာတော့ အနာဂတ်မှာ ဘာကိုကြောက်နေရဦးမှာလဲ?
ဘာကို နတ်ဘုရားခန်းမလဲ? ဘာကို မဟာချင်အင်ပါယာလဲ?
ဟဟဟဟ၊ အကြီးအကဲလုရဲ့ရှေ့မှာတော့ သူတို့တွေအားလုံး ပုရွတ်ဆိတ်သာသာတွေချည်းပဲ။
သူတို့တွေ သေလောက်အောင်အစွမ်းကုန်တိုက်ခိုက် အကြီးအကဲလုက လက်လေးတစ်ချက်လောက်ဝှေ့လိုက်ရုံနဲ့ အားလုံးကို ရှင်းထုတ်ပစ်နိုင်ပြီး သေမျိုးလောကကို ကျော်လွန်တဲ့စွမ်းအားအကြောင်း သိသွားစေလိမ့်မည်!
ဒါ့အပြင် အကြီးအကဲလုက အခုဆို အရမ်းအင်အားကြီးနေပြီဖြစ်ကာ ကျီမိသားစုကလည်း သူ့ရဲ့အတွင်းလူများဖြစ်နေပြီဖြစ်သည်…
ထပ်ပြီး ပြောရဦးမည်ဆိုလျှင် ကျီဝူရှန်၏ညီမ ကျီဝူရှားသည် အကြီးအကဲ၏ချစ်လှစွာသော တပည့်များထဲမှတစ်ဦးလည်း ဖြစ်နေသေးသည်…
တကယ်လို့များ မမျှော်လင့်ထားတာ တစ်ခုမှမဖြစ်ခဲ့ဘူးဆိုလျှင် အနာဂတ်တွင် ကျီမိသားစုသည် အကြီးအကဲ၏လက်အောက်တွင်ရှိပြီး အလွန်တရာအင်အားကြီးလာပေလိမ့်မည်။
ကျီမိသားစုသည် အနာဂတ်တွင် မဟာချင်အင်ပါယာလိုမျိုး ကြီးမားလာနိုင်တာကြောင့် သူ ရှေ့ဆက်အစီအစဉ်များ ကြိုတင်ဆွဲထားသင့်ပြီဟု ကျီဝူရှန် ခံစားမိလိုက်သည်။
ဒီနေ့ညကစပြီး အနာဂတ်အစီအစဉ်တွေ ချမှတ်ရတော့မယ်။
ထိုအကြောင်းတွေးမိသည်နှင့် ကျီဝူရှန် အသက်ပြင်းပြင်းရှူကာ ချက်ချင်းပင် အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ ထို့နောက် သူ၏သိုလှောင်အိတ်ထဲမှ မှင်တံနှင့်စာရွက်ကိုထုတ်ကာ အကြမ်းချရေးတော့သည်။
“မဟာကျိုးအင်ပါယာရဲ့အမျိုးသားဥပဒေကို တိုးချဲ့ရမယ်…”
“ပထမဆုံးနဲ့အခြေခံကျဆုံးစည်းမျဉ်းကတော့ အကြီးအကဲလုကို သစ္စာရှိဖို့ပဲ။
ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျီမိသားစုကဘယ်သူမဆို အကြီးအကဲလုရဲ့တောင်းဆိုချက်ကို သဘောတူပြီး မေးသမျှကို ဖြေကြားပေးရမယ်။ အတိုချုပ်ပြောရရင် အကြီးအကဲလု လိုအပ်တာမှန်သမျှ ကျီမိသားစုက ပထမဆုံးပံ့ပိုးပေးသူဖြစ်ရမယ်။ အကြီးအကဲလု ဘာမှမလိုအပ်ဘူးဆိုရင်လည်း ကျီမိသားစုက အချိန်ပြည့်အသင့်ရှိနေရမယ်။ အကြီးအကဲလုမှာ ဘာလိုအပ်ချက်မှမရှိချိန် သူတို့အနေနဲ့ အကြီးအကဲလု နည်းနည်းပါးပါးလိုအပ်လာအောင်လို့ တစ်နည်းနည်းနဲ့ ဖန်တီးပေးနိုင်ရင် အကောင်းဆုံးပဲ။
ဥပမာအနေနဲ့… အကြီးအကဲအတွက် လှပတဲ့အမျိုးသမီးတွေပိုပြီး စုဆောင်းပေးရမယ်။ အဲဒီအမျိုးသမီးတွေက ကျီမိသားစုကဖြစ်ပြီး အကြီးအကဲလုရဲ့သွေးမျိုးဆက်ကို ကိုယ်ဝန်ဆောင်ပေးနိုင်မယ်ဆို အကောင်းဆုံးပဲ။
ပြောကာမှ ငါမကြာသေးခင်က ရွေးထားတဲ့ကိုယ်လုပ်တော်တွေထဲမှာ နည်းနည်းအဆင်ပြေလောက်မယ့်လူတွေရှိသလိုပဲ။ သူတို့တွေက နန်းတော်ကိုဝင်ကာစရှိသေးပြီး ဘာရာထူးဂုဏ်ပုဒ်မှမရှိသေးဘူးဆိုတော့ အကြီးအကဲလုအတွက် ပို့ပေးနိုင်မလားပဲ?
အတွေးတွေကို ခဏလောက်ရပ်လိုက်ပြီး ဒုတိယစည်းမျဉ်းကို ထပ်ချရေးပြန်သည်။
“ဒုတိယအနေနဲ့၊ မဟာကျိုးအင်ပါယာက မဟာချင်အင်ပါယာကို တိုက်ခိုက်ပြီး မဟာချင်ရဲ့ပိုင်နက်နယ်မြေတွေကို သိမ်းပိုက်ရမယ်။ ရှေးဟောင်းတောင်နယ်နိမိတ်ကမိစ္ဆာသားရဲတွေလည်း မဟာကျိုးအင်ပါယာရဲ့စီမံထိန်းချုပ်မှုအောက်ကို ရောက်လာလိမ့်မယ်။
ထာဝရသစ်တောကိုကော သိမ်းပိုက်လိုက်သင့်လား? ထာဝရသစ်တောထဲမှာ ပုန်းကွယ်နေတဲ့မိသားစုကြီးတွေ အများကြီးရှိတယ်။ သူတို့ထဲက တော်တော်များများဆို မဟာချင်အင်ပါယာနဲ့ ကျွမ်းကျင်သူပေါင်းများစွာထက်တောင်မှ သန်မာကြသေးတယ်။
ဘာပဲဖြစ်ဖြစ် အကြီးအကဲလုက နတ်ဘုရားအဆင့်ကျွမ်းကျင်သူပဲ။ ဒီတော့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေနဲ့တိုက်ခိုက်ဖို့ဆိုတာ သူ့အတွက် လုံးဝအဆင်ပြေတယ်။
မင်းတို့တွေ ဘယ်လောက်ပဲအင်အားကြီးနေနေ အကြီးအကဲလုအတွက်တော့ မင်းတို့အားလုံးက ပုရွတ်ဆိတ်အုပ်လေးပဲ….”
…..
တစ်ဖက်ရှိ စာဖတ်ခန်းထဲတွင်တော့… လုရှောင်ယန်တစ်ယောက် အလွန်ခေါင်းခဲနေရသည်။
နတ်ဘုရားခန်းမဟာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူရှိတဲ့အထိတောင် အရမ်းအင်အားကြီးနေတာပဲ။
ထိုနေရာတွင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပေါင်း ဘယ်လောက်များများရှိနေမည်လည်း သူ မသိရသေးဘူး။
ထို့အပြင် ပိုပြီးရှက်စရာကောင်းတာက သူ့အဖွဲ့မှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဆိုလို့ သူတစ်ယောက်တည်းရှိတာပဲ။ သူ့တပည့်တွေထဲမှာ တစ်ယောက်ကမှ သိုင်းဘုရင်အဆင့်ကို မရောက်ကြသေးဘူး။
သူတို့အချိန်တွေအားလုံးကို စားဖို့သောက်ဖို့ထက် ကျင့်ကြံဖို့အတွက်ပဲ သုံးနေကြတာတောင်မှလေ…
သူတို့တွေ ဘာလို့များသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ မဖြစ်ကြရသေးတာလဲ?
ဒါ အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၄ ငွေရှိသ၍ ဘယ်သူ့ကိုဂရုစိုက်ရေဦးမှာလဲ?
“ဒီအခြေအနေကိုအခြေခံပြီးတွေးကြည့်ရင် ငါသာ ဆုချန်ကို နောက်လဝက်လောက် ထပ်လွှတ်ထားလိုက်တာနဲ့ ထာဝရသစ်တောကို သွားတိုက်ခိုက်ဖို့တောင် သူ့မှာလုံလောက်တဲ့သတ္တိတွေရှိသွားလိမ့်မယ်။”
လုရှောင်ယန် တစ်ဖက်လူကို လျှော့မတွက်ရဲခဲ့ပေ။
ထို့အပြင် ဝမ့်ခိုက်ကာ ကျူးကောဖေးအာ၏ကံကောင်းမှုစွမ်းအားကို ဝါးမြိုခဲ့တာကြောင့် အခုဆို စတင်တိုးမြှင့်နေပြီဖြစ်သည်။
လတ်တလော သူ့မှာ နောက်ထပ်ပစ္စည်းကောင်းတစ်ခုခုရနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
တစ်ဖက်လူ၏ဟက်စွမ်ရည်က ကျွမ်းကျင်သူပေါင်းမြောက်မြားစွာကို ကြိုးဆွဲနိုင်စေခဲ့သည်။ တစ်ဖက်မှာတော့ သူ၏ဟက်စွမ်းရည်သည် အခုမှပြုပြင်မွမ်းမံနေဆဲဖြစ်ကာ အချိန်တိုအတွင်း အသုံးပြုနိုင်ဦးမည်မဟုတ်ပေ။
ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းလိုက်လဲ?
အရမ်းသနားဖို့ကောင်းတာပဲ။
ထိုအကြောင်းတွေးရင်းဖြင့်ပင် လုရှောင်ယန်တစ်ယောက် ကံကောင်းခြင်းရွှေနဂါးအနည်းငယ်ကို ဆွဲထုတ်ကာ တံဆို့ထိုးဖို့ရန် သိုင်းဘုရင်အဆင့်လှံတံကို အသုံးပြုလိုက်သည်။ ထို့နောက် ဆီသုတ်ကာ ကင်ပြီး အပေါ်မှနေ ဆား၊ ဇီရာ၊ ငရုတ်သီးမှုန့်တို့ ဖြူးလိုက်သည်…
ထိုကံကောင်းခြင်းရွှေနဂါးအနည်းငယ်ကို အရင်ဆုံးစားကြည့်ပြီး သူ့ကံကောင်းခြင်းတွေတိုးလာနိုင်မလား ကြည့်ရပေမည်။
သူ ကံကောင်းခြင်းရွှေနဂါးများကို စားလို့မပြီးခင်မှာပဲ ရှန်းထီကျောက်ရှင်အမှတ်အသားက ရုတ်တရက် လင်းလာခဲ့သည်။ ထို့နောက် ဖိဂုလျန်သည် ရှန်းထီကျောက်ရှင်အမှတ်အသားကနေပြီး ပြန်လည်ရှင်သန်လာခဲ့လေသည်။
ပြီးခဲ့သည့်တိုက်ပွဲတွင် ဖိဂုလျန်သည် ကျူးကောဖေးအာ၏လက်အောက်ငယ်သားမှ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အခုတော့ ရှန်းထီကျောက်ရှင်အမှတ်အသားဖြင့် ကယ်ဆယ်ခံလိုက်ရကာ ချက်ချင်းပင် အဆင်ပြေသွားခဲ့သည်။
“သခင့်ကို နှုတ်ဆက်ပါတယ်။”
လုရှောင်ယန် ခေါင်းအသာညိတ်ကာ လှံကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ပြန်မထည့်ခင် ကံကောင်းခြင်းရွှေနဂါးကို နောက်ဆုံးတစ်လုတ်ဖြင့် အပြီးသတ်စားလိုက်သည်။
ကံကောင်းခြင်းရွှေနဂါးအနည်းငယ်က အရမ်းအသုံးမဝင်ပုံရသည်။ ၎င်းသည် ဖိဂုလျန်၏ပြန်လည်ရှင်သန်ခြင်းအရှိန်ကိုသာ မြှင့်တင်ပေးခဲ့လေသည်။
ဖိဂုလျန်က သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲလိုမှမဟုတ်ဘဲ။
ဟမ်?
ရုတ်တရက် လုရှောင်ယန် မှင်သက်သွားကာ မျက်လုံးတို့က မျှော်လင့်ချက်တို့ဖြင့် တောက်ပလာခဲ့သည်။
“ဟုတ်သားပဲ!”
နတ်ဘုရားခန်းမမှာ မရေမတွက်နိုင်လောက်အောင် ထိပ်တန်းကျွမ်းကျင်သူတွေရှိတယ်ဆိုရင်တောင် သူ စိုးရိမ်နေဖို့မလိုသေးဘူး။ သူ့မှာ ရှေးဟောင်းတောင်နယ်နိမိတ်ရှိနေသေးတာပဲ။ အဲဒီမှာ အင်အားကြီးတဲ့မိစ္ဆာသားရဲတွေဆိုတာ မရေမတွက်နိုင်အောင်ပဲ။
ဥပမာအနေနဲ့၊ အဇူရာနွားထီးတို့ဆိုလျှင် တကယ်တမ်း ရှေးဟောင်းတောင်နယ်နိမိတ်ရှိ မိစ္ဆာသားရဲတို့၏ အစိတ်အပိုင်းငယ်လေးတစ်ခုမျှသာဖြစ်သည်။
သူတို့ဘော့စ်တစ်ကောင်တည်းကပဲ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲမဟုတ်ဘူး။
တကယ်တော့ ရှေးဟောင်းတောင်နယ်နိမိတ်မှာ တခြားသိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတွေ အများကြီးရှိနေသေးတယ်။
ထိုသို့တွေးမိသွားသည်နှင့် လုရှောင်ယန်၏နှုတ်ခမ်းထောင့်က ကော့တက်သွားတော့သည်။
“ဖိဂုလျန်၊ အဇူရာနွားထီးနဲ့ကျန်တဲ့ကောင်တွေကို သွားခေါ်လာခဲ့။”
“ဟုတ်ကဲ့ပါ၊ သခင်။”
မကြာလိုက်ပါဘဲ ဖိဂုလျန်ခေါ်ဆောင်လာသည့် အစိမ်းရောင်နွားထီးကြီးတို့အဖွဲ့ ရောက်ရှိလာခဲ့သည်။
ထိုသားရဲအုပ်စုငယ်ရောက်ရှိလာသည်ကိုမြင်သည်နှင့် ချက်ချင်းပင် လုရှောင်ယန် ပြုံးပြလိုက်သည်။
“မင်းတို့အားလုံး ဒီတစ်ကြိမ်တိုက်ပွဲမှာ ပူးပေါင်းပေးခဲ့ကြတာ အရမ်းကောင်းတယ်။”
အဇူရာနွားထီးနှင့်ကျန်သားရဲများ ချက်ချင်းပင် နှိမ့်ချစွာ ပြန်ဖြေလာသည်။
“သခင်က အရမ်းကြင်နာလွန်းနေပါပြီ။ ငါတို့က အရမ်းသာမာန်လောက်ပါပဲ။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ သခင်အလိုရှိတဲ့အတိုင်းပါပဲ။”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်။ မင်းတို့ရဲ့ခွန်အားတိုးများလာဖို့အတွက် ငါမင်းတို့ကို ဆေးလုံးတွေအများကြီးမပေးရသေးတာကြောင့် မင်းတို့ရဲ့စိတ်ကို ပိုပြီးသက်သေပြလိုက်သလိုပဲ။”
ခဏလောက်ရပ်လိုက်ပြီးနောက် နတ်သားရဲဥတစ်လုံးကို လုရှောင်ယန် ထုတ်ယူလိုက်သည်။
နတ်သားရဲဥ၏ရောင်ဝါကို အဇူရာနွားထီးတို့ အာရုံခံလိုက်မိသည်နှင့် ချက်ချင်းဆိုသလို ကြက်သီးတွေထကုန်ကြတော့သည်။
“ဟစ်~! ဒီရောင်ဝါက! နတ်သားရဲဥလား?”
ထိုမိစ္ဆာသားရဲများတွင် မိစ္ဆာသားရဲသွေးမျိုးဆက်ရှိသော်လည်း တကယ်တော့ အတိအကျပြောရလျှင် သူတို့သည် မဖြစ်မမြောက်အဖွဲ့လေးတစ်ခုသာဖြစ်သည်။
တခြားဘာကိုမှမပြောနဲ့ဦး၊ သူတို့ကိုယ်ထဲကနတ်သားရဲသွေးမျိုးဆက်ဆိုတာ မသန့်စင်ဘဲ ဗရမ်းဗတာချည်းပဲ။ သူတို့အများစုဟာ သာမာန်သွေးမျိုးဆက်တွေတော့ ဖြစ်နေကြတုန်းပဲ။
သို့ပေမဲ့ နတ်သားရဲဥသည်တော့ ကွာခြားလေသည်။ ၎င်းသည် သန့်စင်သည့် နတ်သားရဲသွေးမျိုးဆက်၏ ဥဖြစ်သည်။
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ဒါက နတ်သားရဲဥပဲ။”
လုရှောင်ယန်ကိုယ်တိုင် အတည်ပြုပေးလိုက်သည်ကိုကြားသည်နှင့် သားရဲတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်တော့သည်။
“ဘုရားရေ၊ ဒါတကယ်ကို နတ်သားရဲဥပဲ။”
“ဒီဥထဲမှာရှိတဲ့ အဇူရာဖီးနစ်သွေးမျိုးဆက်က ဘယ်လောက် အားကောင်းလဲဆိုတာတောင် ငါခံစားမိနေတယ်။ သူသာ အကောင်ပေါက်လာရင် အနာဂတ်မှာ အနည်းဆုံးသိုင်းဘုရင်အဆင့်တော့ ရောက်မှာပဲ!”
“အဓိပ္ပါယ်မရှိတာတွေ တော်လိုက်တော့။ ဒါကို မင်းကိုယ်မင်းများထင်နေလား? ဒါက နတ်သားရဲဥကွ! အကောင်သာပေါက်လာရင် အနာဂတ်မှာ နတ်ဘုရားအဆင့်ထိရောက်အောင် သေချာပေါက် ကျင့်ကြံနိုင်မှာ။”
လုရှောင်ယန် မျက်မှောင်ကြုတ်ကာ သားရဲအုပ်စု၏စကားဝိုင်းထဲ ဖြတ်ဝင်လိုက်သည်။
“ကောင်းပြီ၊ စကားစဖြတ်ကြတော့။ ဘာလို့ ဒီလောက်အများကြီးပြောနေကြတာလဲ? ငါက ဒီသားရဲဥကို မင်းတို့တွေဝါးမြိုပြီး မင်းတို့ရဲ့သွေးမျိုးဆက်အင်အားကို တိုးမြှင့်စေဖို့အတွက် ပေးတာ။ မင်းတို့အလိုရှိရဲ့လား?”
“ဟစ်!”
သားရဲအုပ်စုခမျာ ချက်ချင်းပင် တံတွေးတွေမြိုချကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
“သခင်၊ အဲ့လိုလုပ်လို့မဖြစ်ဘူးလေ။ ငါတို့က နတ်သားရဲသွေးမျိုးဆက် နည်းနည်းပါးပါးပါတဲ့ သာမာန်မိစ္ဆာသားရဲတွေပဲ။ ဘယ်လိုလုပ် ဒီလိုသန့်စင်တဲ့နတ်သားရဲဥကို စားနိုင်မှာတဲ့လဲ?”
“ဒီတော့ မင်းတို့မစားချင်ကြဘူးပေါ့? မင်းတို့မစားချင်ရင် ငါ့ဘာသာအတွက်ပဲ ကြက်သွန်မြိတ်လေးထည့်ပြီး စားဖို့ပြင်လိုက်တော့မယ်။ ဒါက အရမ်းကောင်းတာ။ ကျင့်ကြံဆင့်ကိုတောင်မှ တိုးမြှင့်ပေးနိုင်တယ်။ ကျွတ်..ကျွတ်.. တကယ်ကိုရှားပါးတဲ့ရတနာပဲ။”
ထိုစကားကိုကြားသည်နှင့် သားရဲအုပ်စုမှာ တပြိုင်တည်း တံတွေးမြိုချကာ သိုင်းဘုရင်အဆင့်လက်နက်တစ်လက်ကို ထုတ်ပြီး နတ်သားရဲဥကို ခွဲဖို့လုပ်နေသည့် လုရှောင်ယန်ကို စိတ်အားထက်သန်စွာ ကြည့်နေကြတော့သည်။
လုရှောင်ယန် လက်ဆန့်ကာ ခွဲဖို့ပြင်လိုက်သည်နှင့် ရုတ်တရက်ပင် သားရဲများက ဟန့်တားလာခဲ့သည်။
“ခဏလေးနေပါဦး၊ သခင်။ ငါတို့စဉ်းစားကြည့်လိုက်တော့ အခုဆို ငါတို့က မင်းရဲ့အစေခံတွေဖြစ်နေပြီပဲ။ ဒီတော့ မင်းရဲ့အမိန့်တွေကို နားထောင်သင့်တယ်။ ဘယ်လိုလုပ်ပြီး မိစ္ဆာသားရဲတွေရဲ့လမ်းစဉ်အတိုင်း ဆက်လိုက်နေလို့ဖြစ်မှာလဲ?”
“ဟုတ်တယ်၊ အမှန်ပဲ။ သခင်က ငါတို့ကို ညလယ်မှာသေခိုင်းရင် ငါတို့ မနက်မိုးလင်းတဲ့အထိ မစောင့်ရဲဘူး။ ဒါက နတ်သားရဲဥလေးပဲကို။ ငါတို့စားလိုက်ရုံပဲ။ အလွန်ဆုံးမှ အနာဂတ်မှာ တခြားသားရဲတွေနဲ့တွေ့တဲ့အချိန် ငါတို့ နတ်သားရဲဥကိုစားခဲ့တဲ့အကြောင်း မပြောရင် အဆင်ပြေနေပြီပဲမဟုတ်လား?”
“ဟုတ်တာပေါ့။ ရွှေတောင်ပံလင်းယုန်က တကယ်ကိုဉာဏ်ထက်မြက်တာပဲ။”
လုရှောင်ယန် သူ၏သိုင်းဘုရင်အဆင့်လက်နက်ကို ပြန်သိမ်းကာ ပြုံးလိုက်သည်။
“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့.. ပြောပါဦး။ မင်းတို့ရဲ့ ရှေးဟောင်းတောင်နယ်နိမိတ်ထဲမှာ တခြားမိစ္ဆာသားရဲအဖွဲ့တွေက ဘယ်နေရာမှာနေကြတုန်း? သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတစ်ကောင်ကို ငါဘယ်မှာသွားရှာလို့ရမလဲ?”
ထိုစကားများကိုကြားသည်နှင့် အစေက နတ်သားရဲဥကိုယူဖို့ပြင်နေကြသည့် သားရဲများမှာ ချက်ချင်းပင် သတိကပ်လိုက်ကြသည်။
“သခင်၊ ဘာလုပ်ဖို့ကြိုးစားနေတာလဲ?”
“ဘာမှမလုပ်ပါဘူး။ ငါက မင်းတို့သားရဲမျိုးနွယ်ရဲ့ထိပ်တန်းဆရာကြီးနဲ့တွေ့ပြီး စကားလေးပြောချင်ရုံပါ။ လက်ဖက်ရည်လေးတစ်ခွက်လောက် သောက်ရင်းနဲ့ပေါ့။”
သားရဲများ ချက်ချင်းပင် သူတို့မျက်ဆံများကို လှိမ့်လိုက်ကြသည်။
မေ့လိုက်တော့။ ဒီကမ္ဘာပေါ်မှာ သူတို့သခင်ထက်ပိုပြီး အကြံအစည်းများတဲ့လူ ဘယ်သူများရှိသေးလို့တုန်း။
သူတို့သခင်ရဲ့ လှည့်ကွက်တေါက အရမ်းကိုကလိမ်ကျစ်ကျလွန်းတယ်။ အကြံတွေထွက်လာသ၍ ကောင်းတာကိုမရှိဘူး။
သူတို့သည် တုံးအသူများမဟုတ်ကြောင့် သူတို့ကိုလက်ပါးစေအဖြစ် သိမ်းသွင်းခဲ့သူကို မကူညီလိုချင်ပေ။
“သခင်၊ ငါတို့ နတ်သားရဲဥကို မစားချင်တော့ဘူး။”
“ဟုတ်တယ်၊ သခင်။ ငါတို့ တွေးကြည့်လိုက်တော့ နတ်သားရဲဥကို မစားသင့်ဘူးလို့ ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့မှာလဲ နတ်သားရဲတွေကို အတိုင်းအတာတစ်ခုအထိ ရိုသေတဲ့စိတ်ရှိတယ်လေ။”
လုရှောင်ယန် အရေးမစိုက်ဟန် ပုခုံးတွန့်လိုက်ကာ၊
“ကောင်းပြီလေ၊ အစကတော့ ကိစ္စပြီးသွားရင် မင်းတို့ကို နောက်ထပ် နတ်သားရဲဥတစ်လုံးထပ်ပေးဖို့ စိတ်ကူးထားတာ။ မင်းတို့က ဒီလိုပြောနေမှတော့ ဘာနတ်သားရဲဥမှမရှိတော့ဘူး။ မင်းတို့ကိုအားသုံးပြီးထိန်းချုပ်ဖို့ သားရဲထိန်းချုပ်ခြင်းပညာကိုပဲ တိုက်ရိုက်သုံးပြီး မင်းတို့ကို လမ်းပြခိုင်းလိုက်တော့မယ်။”
အဇူရာနွားထီး : “….”
ရွှေတောင်ပံလင်းယုန် : “….”
ရွှေလက်မောင်းမြင့်မြတ်လူဝံ : “….”
မြေနဂါးဝက်ဝံ : “….”
လုရှောင်ယန် အလွန်ဉာဏ်နီဉာဏ်နက်များမှန်း သူတို့သိလေသည်။
ပထမဆုံး အနုနည်းနဲ့ချဉ်းကပ်ပြီးနောက် အကြမ်းနည်းကို သုံးလာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ကတော့ လမ်းပြပေးနေရဦးမှာပင်။
ထို့အပြင် လုရှောင်ယန်သည် အလွန်ကလိမ်ကကျစ်ကျသည်။ သူတို့ကို တခါတည်း ဖိအားပေးကာ လမ်းပြခိုင်းခြင်းမရှိပေ။ ထိုအစား သူတို့ကိုယ်တိုင် စိတ်ဆန္ဒအလျောက် လမ်းပြဖို့ရွေးချယ်လာမည်ကို အတည်ပြုချင်သေးသည်။
သို့သော်လည်း သေချာတွေးကြည့်လိုက်လျှင် ဖိဂုလျန်လို အိမ်မွေးသားရဲမျိုး၏ပိုင်ရှင်သည် ကောင်းစရာကိုမရှိပေ။ မဟုတ်ဘူးလား?
ထို့အပြင် မိစ္ဆာသားရဲတွေသာ သဘောတူခဲ့လျှင် နတ်သားရဲဥကို ရရှိနိုင်ပေသည်။
သူတို့သဘောမတူခဲ့လျှင်တော့ နတ်သားရဲဥကို လက်လွှတ်ရမည့်အပြင် လုရှောင်ယန်က အတင်းအကျပ်ထိန်းချုပ်ကာ လမ်းပြခိုင်းခြင်းကိုလဲ ခံရပေမည်။
အရူးတောင်မှ ဘယ်အရာကိုရွေးချယ်ရမည်မှန်း သိကြသည်။
“သခင်၊ ငါတို့ မင်းအတွက် မိစ္ဆာသားရဲတွေရှာပေးဖို့ ဆန္ဒရှိပါတယ်။”
လုရှောင်ယန်၏နှုတ်ခမ်းစွန်းက မသိမသာကော့တက်သွားလေသည်။
တကယ်တော့ သူက သူတို့ကိုခြောက်လိုက်ရုံသာဖြစ်သည်။ သားရဲထိန်းချုပ်ခြင်းပညာသည် အားကောင်းသော်လည်း အတင်းအကျပ်အမိန့်ပေးခြင်းသည် မိစ္ဆာသားရဲ၏စိတ်ဝိညာဉ်ကို ပျက်စီးစေကာ ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည်။
ဒါကြောင့် တခြားရွေးချယ်စရာမရှိသည့်အခြေအနေမျိုးသာမဟုတ်လျှင် လုရှောင်ယန်သည် သေချာပေါက် သူတို့ကို ဖိအားပေးခိုင်းစေမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဆုချန်၏နတ်ဘုရားခန်းမသို့သွားလျှင် သေချာပေါက် ကျွမ်းကျင်သူအရေအတွက်များများ လိုအပ်ပေသည်။
ဒါကြောင့် တတ်နိုင်သလောက် လူအင်အားကိုထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့သည်။
“ကောင်းပြီလေ၊ အခုပဲ ငါ့ကို သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲဆီ ခေါ်သွားပေးကြ။”
“ဒါဆို သခင်၊ နတ်သားရဲဥလေးတွေပေးပါဦး။”
“မင်းတို့တွေ အရင်ဆုံးအလုပ်လုပ်ကြဦးလေး။ ပြီးသွားကာမှ ကျန်တာ မင်းတို့ကိုပေးမယ်။”
“သခင်၊ ငါတို့ကိုလှည့်မှာတော့မဟုတ်ဘူးမလား?”
“စိတ်မပူပါနဲ့၊ ငါက အဲလောက်ဆိုးတဲ့လူမဟုတ်ပါဘူး။”
သားရဲအုပ်စုမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကာ လုရှောင်ယန်၏စကားများအပေါ် အလွန်အမင်း သံသယဝင်သွားကြတော့သည်။
သို့သော်လည်း သူတို့မှာ ရွေးချယ်စရာမရှိပေ။ ဘာပဲဖြစ်ဖြစ် သူတို့က တစ်ဖက်လူ၏အစေခံတွေပဲ မဟုတ်လား။
ဒါကြောင့် မှောင်နေသေးသည့်အချိန်ဖြစ်သော်လည်း မိစ္ဆာသားရဲများသည် ချက်ချင်းပင် လုရှောင်ယန်ကို ရှေးဟောင်းတောင်နယ်နိမိတ်ဆီ ခေါ်ဆောင်သွားရတော့သည်။
ရှေးဟောင်းတောင်နယ်နိမိတ်သည် အလွန်ကြီးမားသော်လည်း လုရှောင်ယန်သည် သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲကိုရှာရာတွင် ထိုကျယ်ပြောလှသည့်အကွာအဝေးကို လုံးဝလျစ်လျူရှုခဲ့သည်။
သူ့တွင် နတ်လက်နက်အဖြစ်အဆင့်မြှင့်တင်ထားသည့် ကောင်းကင်ဖြိုခွင်းလွန်းရှိနေတာပဲ။ သူ့မှာလမ်းပြမယ့်သူရှိနေသ၍ သူသွားချင်သည့်ဘယ်နေရာကိုမဆို သွားနိုင်ပေသည်။ မောင်းနှင်ဖို့အတွက် စိုးရိမ်နေဖို့မှမလိုဘဲ။
မကြာခင်မှာပဲ သားရဲအုပ်စုသည် ရှေးဟောင်းတောင်နယ်နိမိတ်ရှိ ရေကန်တစ်ခုနှင့် သိပ်မဝေးသည့်နေရာသို့ လုရှောင်ယန်ကို ခေါ်ဆောင်သွားခဲ့သည်။
“သခင်၊ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲရဲ့ ပုန်းခိုရာက ရှေ့တည့်တည့်မှာပဲ။”
“ဒါပေမဲ့ သခင် ဂရုစိုက်တာပိုကောင်းမယ်နော်။ ဒီသားရဲက အရမ်းအားကောင်းတယ်။ သခင်သာ သေချာမကိုင်တွယ်နိုင်ရင် သေမှာပဲ။”
“အရမ်းကောင်းတာလား?”
လုရှောင်ယန်ကတော့ အရမ်းသိချင်သွားမိသည်။
“အားကောင်းရုံတင်မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်တုန်းက၊ သိုင်းဘုရင်အဆင့် မိစ္ဆာလူဝံတစ်ကောင် ရှေးဟောင်းတောင်နယ်နိမိတ်ကိုရောက်လာပြီး မောက်မာနေခဲ့တာ။ သူက ဘုရင်ဖြစ်ချင်ပြီး ငါတို့ကိုပါ အသိအမှတ်ပြုအောင်လုပ်ခဲ့တယ်။ အဆုံးမှာတော့ ဒီရေကန်က ဆရာကြီးက သူ့ကိုတိုက်ရိုက်ဝါးမြိုပစ်လိုက်တယ်လေ။ နောက်တစ်နေ့မှာ ကြားခဲ့ရတာကတော့ အဲဆရာကြီးက မိစ္ဆာလူဝံရဲ့အရိုးတွေပါတဲ့အပုံကြီးတစ်ခုကို ရေကန်ဆီသယ်သွားတယ်လို့ ဒီနားက သားရဲတစ်ကောင်က မြင်ခဲ့တယ်တဲ့။”
“တကယ်ကို စိတ်မကောင်းစရာပဲ။ မိစ္ဆာလူဝံရဲ့မယားလူဝံမတွေကို တခြားသားရဲမျိုးနွယ်တွေကတောင်မှ လက်မခံကြဘူးလို့ကြားတယ်။”
လုရှောင်ယန် မျက်လုံးများကိုအသာမှေးကျဉ်းကာ ရေကန်ဆီသို့ကြည့်လိုက်သည်။ တကယ်ကိုပဲ ရေကန်၏အောက်ခြေတွင် အလွန်အင်အားကြီးလှသည့် စွမ်းအင်များလှည့်ပတ်နေပုံရသည်။
သို့သော်လည်း ထိုသားရဲသည် ဘယ်လိုအမျိုးအစားဖြစ်မှန်းမသိသလို သူ့တွင် ထူးခြားသည့်စွမ်းရည်များရှိနေမလားကိုလည်း မသိရပေ။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၅ ငါးစာကောင်းမှ ငါးကဟပ်ချင်မှာပေါ့
ရေကန်ထဲရှိသားရဲ၏အဆင့်ကို သူ မသိသော်လည်း သူလုပ်ဖို့လိုအပ်တာကိုတော့ လုပ်ရပေဦးမည်။
တပ်သားသစ်စုဆောင်းခြင်းလုပ်ငန်းစဉ် စတင်ပြီ။
သေချာပေါက် လုရှောင်ယန်၏စရိုက်အရ သူ့ဘက်ကအသာစီးရရန် ပြင်ဆင်စရာတချို့ရှိပါသေးတယ်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်သူသည် ကြီးမြတ်သည့်သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲပေပဲ။ တစ်ဖက်သူထွက်လာလို့ သူက အနိုင်မယူနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ?
သူအနိုင်ယူနိုင်ခဲ့လျှင်တောင်မှ တစ်ဖက်သူက ထွက်ပြေးလွတ်မြောက်သွားနိုင်သေးတာပဲ။
တစ်ဖက်က စစ်ကူမရှာခဲ့ရင်တောင်မှ သူ့ရဲ့လက်အောက်ခံအဖြစ် ဝင်လို့သည့်ဆန္ဒမရှိခဲ့ရင်ရော?
ဒါ့အပြင် ထိုသားရဲ၏နယ်မြေသည် ရေအောက်တွင်ဖြစ်သည်။ ရေအောက်ထဲမှာ နောက်ထပ်သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတစ်ကောင် ထပ်မရှိနေပါဘူးလို့ ဘယ်သူကများ အာမခံပေးမှာလဲ? ထိုသားရဲမှာ မိတ်ဖက်ရှိနေခဲ့ရင်ရော?
မဟုတ်ရင်လည်း ထိုသားရဲမှာ သူ့ကိုတစ်ခါတည်းအပြီးသတ်လိုက်ဖို့လုံလောက်အောင် ထောင်ချောက်တွေ ရှိနေနိုင်သေးတာပဲ။
ဘာပဲဖြစ်ဖြစ် လုရှောင်ယန်ကတော့ တစ်စုံတစ်ယောက်၏အိမ်ကွင်းသို့ ဘာပြင်ဆင်မှုမှမရှိဘဲ ဇွတ်တိုးဝင်ရလောက်သည်အထိ မမိုက်မဲသေးပေ။ ထို့အပြင် သူလှုပ်ရှားတော့မယ်ဆိုရင်လည်း သူ့ကိုယ်ပိုင်အိမ်ကွင်း သို့မဟုတ် ကိုယ်ပိုင်နီးနီးပြုပြင်ထားသည့်အိမ်ကွင်းမျိုးတွင်သာ စတင်လှုပ်ရှားပေမည်။
ဒါကြောင့် လုရှောင်ယန် အမြန်ဆုံးနည်းနှင့် ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင် ၂ခု၊ ကြယ်ကြွေအင်ပါယာအစီအရင် ၂ခု၊ ရှေးဟောင်းနဂါးအစီအရင် ၃ခု၊ လေးဘက်မြင်အစီအရင် ၇ခုနှင့် အခြေားသာ သိုင်းဘုရင်အဆင့်အစီအရင်ပေါင်းများစွာကို ရေကန်ဘေးပတ်လည်တွင် ခင်းကျင်းလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ အာကေရှားဂိုဏ်းကို သိမ်းတုန်းက နာလန်ဟုန်ယွီဆီကနေပြီး ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးပေါင်း မြောက်မြားစွာကို ရရှိထားခဲ့သည်ပဲ။ လက်ရှိတွင် လုရှောင်ယန်၌ ဝိညာဉ်ကျောက်တုံးတွေက မပြတ်လတ်နေတော့ပါဘူး။
အားလုံး သေချာစီစဉ်ပြီးနောက်မှာတော့ မြေနဂါးဝက်ဝံခမျာ လုရှောင်ယန်၏ အကန်ကို ခံလိုက်ရသည်။
“သွားပြီး အဲ့ကောင်ကို မျှားခေါ်လာခဲ့။”
မြေနဂါးဝက်ဝံမှာ တုန်လှုပ်သွားတော့သည်။
“အာ? သခင်၊ ငါမလုပ်နိုင်ဘူး။ ငါက အကြီးမြတ်ဆုံးအဆင့်အမှိုက်လေးတစ်စပါ။ အဲဒီသားရဲအိုကြီးကို သေချာပေါက် မကိုင်တွယ်နိုင်ဘူး။ ငါ့ကိုသာလွှတ်လိုက်ရင် ဘာမှအကျိုးမရှိဘဲ ပြန်လှည့်လာရလိမ့်မယ်။”
လုရှောင်ယန် ကျန်သည့်သားရဲများအပေါ် ကြည့်လိုက်ရာ သားရဲများကလည်း မြေနဂါးဝက်ဝံစကားကို ထောက်ခံဟန်ပြန်ပြကြသည်။ ဒါနဲ့ လုရှောင်ယန်က ချက်ချင်းပင် သူ့လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်သည်။
“သွားပေးတဲ့သူ ဘယ်သူမဆို သိုင်းဘုရင်အဆင့်သွေးဆေးလုံး ၁၀လုံးရမယ်။”
သားရဲတို့၏မျက်လုံးများ တောက်ပသွားသော်လည်း ခေါင်းတွေကိုခါယမ်းကာ ငြင်းဆန်နေကြတုန်းပင်။
ဘာပဲဖြစ်ဖြစ် အဲဒီအကျိုးအမြတ်တွေကိုစံစားဖို့ဆိုတာ အသက်ရှင်နေဦးမှလေ။
တစ်ဖက်က သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲကြီး။ တစ်ဖက်သူရဲ့ သာမာန်ကာလျှံကာလှုပ်ရှားမှုလေးတစ်ခုကတင် သူတို့စိတ်ဝိညာဉ်ကို တခါတည်းလွင့်ထွက်သွားအောင် လုပ်နိုင်စွမ်းရှိတယ်။ ဘယ်သူက အဲလိုကောင်ကြီးကို သွားစရဲမှာလဲ?
ဒါတင်မကဘူး၊ ထိုသားရဲကို လုရှောင်ယန် လက်အောက်ခံအဖြစ် ထိန်းချုပ်နိုင်ဖို့ရန် သူတို့က သွားမျှားခေါ်ပေးရမှာဖြစ်သည်။
ဒါက ထိုသားရဲ၏ရှေးဘိုးဘေး၁၈ဆက်ကို ပြန်သွားတူးလိုက်တာထက်တောင် ပိုဆိုးနေတယ်မဟုတ်လား။
လုရှောင်ယန် လက်နှစ်ချောင်းပြောင်းလိုက်သည်။
“အလုံး ၂၀။”
သားရဲများမှာ လိုချင်စိတ်တို့ဝင်လာကာ တံတွေးပင်မြိုချမိကြသည်။
သို့သော်လည်း သူတို့ သဘောမတူကြသေးပေ။
လုရှောင်ယန် နောက်ပြန်မရေတွက်ခင် ခဏမျှတိတ်ဆိတ်သွားခဲ့သည်။
“ကိုး”
သားရဲများအားလုံး : “???”
“ရှစ်”
သားရဲများ “….”
“ခုနှစ်”
“သခင်၊ မင်းအရမ်းလွန်သွားပြီ။ ဘာလို့ တဖြည်းဖြည်းနည်းသွားတာလဲ?”
“ခြောက်”
“….”
“ငါး”
“ရပ်ပါတော့၊ သခင်။ ရပ်လိုက်ပါတော့။ ဆေးလုံး၂၀ပေး ငါသွားမယ်။”
ရွှေလက်မောင်းမြင့်မြတ်လူဝံက လုရှောင်ယန်ကို အလျင်စလိုဝင်တားလိုက်သည်။ နွားထီးနှင့်ကျန်သားရဲများကတော့ သူ့ကိုစိုက်ကြည့်လာကြလေသည်။
“ငါ့ကိုလာမကြည့်၊ ငါ့မှာလည်း ရွေးချယ်စရာမှမရှိတာ။ အဆင့်တက်ဖို့အတွက်ဆို ဆေးလုံးတွေလိုအပ်တယ်။”
“မျောက်၊ မင်းက စာနာစိတ်လုံးဝမရှိတဲ့ကောင်ပဲ!”
“ငါ နွားကြီးက မင်းကို အရဲရင့်ဆုံးသူအဖြစ် လေးစားပေးမယ်!”
ရွှေလက်မောင်းမြင့်မြတ်လူဝံ အသက်ပြင်းပြင်းရှူလိုက်ကာ ရေကန်းအနားသို့ ဂရုတစိုက် ချဉ်းကပ်သွားသည်။
တစ်ချက်တစ်ချက်ပြန်လှည့်လာကာ သူ့သတ္တိကိုမြှင့်တင်ဖို့ရန်အတွက် လုရှောင်ယန်ကို ကြည့်နေသေးသည်။
“အဆင်ပြေပါတယ်။ သခင်က သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပဲ။ ဘာမှကြောက်ဖို့မလိုဘူး။ မျှားထုတ်နိုင်ပြီဆိုတာနဲ့ ပြန်လှည့်ပြေးရုံပဲ။”
ထိုသို့တွေးမိသည်နှင့် ရေကန်အောက်ခြေရှိသားရဲကြီးနှင့်ဆက်သွယ်ဖို့အတွက် ၎င်း၏ ‘အားနည်းလှပါသော’ နတ်ဝိညာဉ်ကိုချက်ချင်းထုတ်လွှတ်လိုက်သည်။
“မင်္ဂလာပါ၊ တစ်ယောက်ယောက်များ ရှိနေလား?”
“ထွက်သွားစမ်း!”
တစ်ဖက်က ထူးမခြားနားစွာပြောလိုက်ခြင်းဖြစ်သော်လည်း ထိုအသံထဲတွင် မေးခွန်းပြန်မထုတ်နိုင်လောက်သည့်အမိန့်ဆန်မှုများ ပါဝင်နေခဲ့သည်။
ရွှေလက်မောင်းမြင့်မြတ်လူဝံက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ။”
ထို့နောက် ချက်ချင်းဆိုသလို ပြန်လှည့်ပြေးတော့သည်။
လုရှောင်ယန် : “….”
နွားထီး : “….”
ရွှေတောင်ပံလင်းယုန် : “….”
မြေနဂါးဝက်ဝံ : “…”
“မင်းဒီလောက်သတ္တိကြောင်တာ မင်းအဖေရော သိရဲ့လား?”
ရွှေလက်မောင်းမြင့်မြတ်လူဝံက သူ့နဖူးထက်မှချွေးအေးများကို သုတ်လိုက်ကာ၊
“ငါက ငါ့အမေဘယ်သူဆိုတာကိုပဲသိတော့ သေချာပေါက် ငါ့အဖေသိစရာအကြောင်းမရှိဘူးပေါ့။ ပြောရရင် ငါ့အဖေဘယ်သူမှန်းတောင် သိတာမှမဟုတ်တာ။ ငါ့အဖေကလည်း ငါဘယ်သူဆိုတာ သိမှာမဟုတ်ဘူး။”
လုရှောင်ယန် နှုတ်ဆိတ်သွားတော့သည်။
“ဒါဆိုလည်း မင်းအတွက် ဘာဆေးလုံးမှ ရမှာမဟုတ်ဘူး။”
ရွှေလက်မောင်းလူဝံ ချက်ချင်းလက်ကိုမြှောက်လိုက်ကာ၊
“မလုပ်ပါနဲ့၊ သခင်။ ငါအခုမှ သွေးပူလာလို့ပါ။ နောက်တစ်ကြိမ်ထပ်သွားခွင့်ပြုပါဦး။”
“ဒါဆိုလည်း မြန်မြန်ဆန်ဆန်လုပ်။”
“ဟုတ်ကဲ့ပါ။”
ရွှေလက်မောင်းလူဝံက သူ့ကိုယ်သူရဲဆေးတင်သည့်အနေဖြင့် ရင်ဘက်ကို လက်သီးဆုပ်များဖြင့် ထုလိုက်ပြီးကာမှ ရေကန်ဆီသို့ ထံမံပြေးထွက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ သူဘာမှမပြောနိုင်ခင်မှာပဲ အေးစက်ကာ အလွန်အမင်းခွဲခြားလွန်းသည့်အသံတစ်သံက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။
“ထွက်သွားစမ်း”
သာမာန်လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည့် စကားလုံးများဖြစ်နေတုန်းပင်။
သို့သော်လည်း ထိုစကားလုံးသုံးလုံးကပင် သာမာန်မဟုတ်သည့် ဖိအားများပါဝင်နေကာ ရွှေလက်မောင်လူဝံကို ကြောက်လန့်မှုကြောင့် တုန်ရီသွားစေခဲ့သည်။
“စီနီယာကြီး၊ တကယ်တော့လေ…”
“ထွက်သွားစမ်း။”
“ငါက…”
“ထွက်သွားစမ်း”
“….”
“ထွက်သွားစမ်း”
“စီနီယာကြီး?”
“ထွက်သွားစမ်း”
“စီနီယာကြီး၊ တကယ်ပဲ မင်းကိုယ်တိုင်ပြောနေတာပါနော်?”
“ထွက်သွားစမ်း”
“စီနီယာကြီး၊ ငါပါ၊ ငါက မင်းရဲ့သွေးဝေးတဲ့ဝမ်းကွဲရဲ့သားရဲ့ အကြီးဆုံးဝမ်းကွဲရဲ့ သူငယ်ချင်းရဲ့ ခယ်မရဲ့ခင်ပွန်းလေ။”
“ထွက်သွားစမ်း။”
ထိုသို့မဟုတ်ကဟုတ်ကစကားများဖြင့်ပါ စမ်းသပ်ပြီးချိန်မှာတော့ တစ်ခုခုမှားယွင်နေပြီမှန်း ရွှေလက်မောင်းလူဝံ ခံစားလိုက်ရသည်။
တစ်ဖက်က သိုင်းဘုရင်အဆင့်သားရဲတစ်ကောင်မှန်း မမေ့ထားသင့်ပေ။ တစ်ဖက်ကသာ အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်မည်ဆိုလျှင် တစ်ချက်လေးမှ မတိုက်ခိုက်၊ မသတ်ဖြတ်နေမည်မဟုတ်ပေ။
ဘယ်လိုလုပ်ပြီး ဒီသားရဲကြီးက ‘ထွက်သွားစမ်း’ဆိုတဲ့ စကားလုံးကိုပဲ ဆက်တိုက်ပြောနေရတာလဲ?
ဒါ လုံးဝ ပုံမှန်အခြေအနေမဟုတ်ဘူး။
ဒါတင်မကသေးဘူး…. ဒီအသံက ဘာလို့ ဘေးဘက်ကနေလာတယ်လိုများ ခံစားနေရတာပါလိမ့်?
ထိုသို့တွေးကြည့်ပြီးနောက် ရွှေလက်မောင်းလူဝံက မြေပြင်ပေါ်လှဲချကာ နားထောင်ကြည့်လိုက်သည်။ ထို့နောက် သူ့အမူအရာက အထူးအဆန်းဖြစ်သွားကာ မြေပြင်သို့ တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးချလိုက်လေသည်။ နောက်တစ်စက္ကန့်မှာပဲ ရေထဲမှနေပြီး အစိမ်းရင့်ရင့်ပုံရိပ်တစ်ခု မြောက်တက်လာကာ ဘေးသို့ ကျသွားခဲ့သည်။
“ထွက်သွားစမ်း… ထွက်သွားစမ်း… ထွက်သွားစမ်း… ထွက်သွားစမ်း…”
ရွှေလက်မောင်းလူဝံ၏မျက်နှာမှာ မဲမှောင်သွားတော့သည်။ ဒီတော့.. အဲကောင်က တကယ်တမ်း ကောင်းကင်လှိုင်းသံဖားဖြစ်နေတာပေါ့။
၎င်းသည် အရွယ်အစားအလွန်သေးငယ်ကာ အဆင့်နိမ့်သည့် သားရဲတစ်ကောင်ဖြစ်သည်။ လူဝံတစ်ကောင်အနေနဲ့ လေတစ်ချက်လည်ရုံနဲ့တောင်မှ ထိုဖားအုပ်တစ်အုပ်လောက်ကို သတ်နိုင်ပေသည်။ ၎င်းသားရဲ၏အဓိကလုပ်ဆောင်ချက်မှာ စကားချန်ခဲ့ခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုသားရဲတွင် စကားတစ်ခွန်းချန်ခဲ့လိုက်သည်နှင့် ထိုသားရဲသည် ထိုစကားကိုပဲ ဆက်တိုက်ရေရွတ်နေတော့မှာဖြစ်သည်။
သေစမ်း၊ ဒီတော့ သူက အချိန်အကြာကြီး ဒီသေးငယ်တဲ့ကောင်းကင်လှိုင်းသံဖားရဲ့ အရူးလုပ်တာကို ခံနေခဲ့ရတာပေါ့။
ရွှေလက်မောင်းလူဝံ အလွန်အမင်းဒေါသထွက်သွားကာ ဖားသားရဲ၏ဘဝကို အဆုံးသတ်ပေးဖို့ရန် ချက်ချင်းပင် သူ၏သံမဏိလက်သီးကိုမြှောက်လိုက်သည်။
သို့သော်လည်း နောက်တစ်ခဏမှာပဲ ရေအောက်ထဲမှနေပြီး ရုတ်တရက်ဆိုသလို ဂုဏ်သိက္ခာရှိလှသည့် အသံတစ်သံထွက်လာခဲ့သည်။
“ငါ့ရဲ့လက်အောက်ငယ်သားကို မင်းဘာလုပ်ချင်တာလဲ?”
ရွှေလက်မောင်းလူဝံ ရုတ်တရက် တုန်လှုပ်သွားကာ သူကိုယ်ပေါ်ရှိ ရှိသမျှအမွေးတွေအကုန် ထောင်ထသွားတော့သည်။
ဒီတစ်ကြိမ်ထွက်ပေါ်လာသည့်အသံမှာ တကယ်ကို ထိုဆရာကြီးမှန်း သူသိလိုက်သည်။
သူ့တစ်ကိုယ်လုံး ချွေးအေးများဖြင့် ဖုံးလွှမ်းသွားသော်လည်း သတိလက်လွတ်မဖြစ်ရဲပေ။ ဒီအချိန်လေးမှာ တစ်စုံတစ်ရာသာမှားယွင်းသွားသည်နှင့် သူသေရလိမ့်မည်မှန်း သိလို့နေသည်။
ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီးနောက်၊ “စီနီယာကြီး၊ ဒါ ငါ့အမှားပါ။ ငါက မင်းကို တွေ့ချင်ရုံပဲကို သူက လာရှုပ်နေတယ်လို့ တွေးလိုက်မိလို့ပါ။”
“မင်းက ငါ့ကို ဘာလို့ တွေ့ချင်တာလဲ?”
“ဒါက ဒီလိုရှိပါတယ်။ ငါ ကောင်းကင်တောင်တန်းနှင်းကြာပွင့်တစ်ပွင့်ကောက်ရခဲ့လို့။ အဲ့ဒါ စီနီယာကြီး ပြုတ်ကျကျန်ခဲ့တာများလားလို့ပါ?”
သူ့နောက်ရှိ အဇူရာနွားထီးတို့ကတော့ သူ့တို့ခွာများကို တိတ်တဆိတ်မမြှောက်မိကြဘဲ မနေနိုင်ခဲ့ပေ။
ဘယ်လောက်တောင် အားကောင်းလှတဲ့ဆင်ခြေကြီးလဲ။ တစ်ဖက်ကို ဤအကြောင်းပြချက်နဲ့ ဆွဲဆောင်လို့တောင် ရနိုင်တယ်။
ကောင်းကင်တောင်တန်းနှင်းကြာပန်းသည် သားရဲတို့၏ခွန်အားကို အမြောက်အမြားတိုးမြှင့်ပေးနိုင်စွမ်းရှိသည့် အလွန်ထူးခြားသည့်သဘာဝရတနာတစ်ပါးဖြစ်သည်။
ကံမကောင်းစွာဘဲ၊ တစ်ဖက်က ကြည့်တောင်မကြည့်လာဘဲ တိုက်ရိုက်ပြောလိုက်သည်။ “ချခဲ့ပြီး ထွက်သွားတော့။”
“အမ်…”
ရွှေလက်မောင်းလူဝံ၏မျက်နှာမှာ တွန့်ရှုံ့သွားတော့သည်။ ဒါ ဘာမှမဟုတ်လို့လား?
“စီနီယာကြီး၊ တကယ်တော့ ငါ ကောင်းကင်တောင်တန်းသွေးကြာပန်းကိုလည်း ကောက်ရခဲ့တယ်။ ဒါကကော မင်းပိုင်တာများလား။”
“ဟုတ်တယ်၊ ရေကန်ထဲ ပစ်ချပေးပြီး သွားတော့။”
ရွှေလက်မောင်းလူဝံ : “….”
တကယ်ပဲ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲရော ဟုတ်ရဲ့လား?
ဘာလို့များ လှည့်ကွက်တွေအများကြီး ဝှက်ထားတယ်လို့ ခံစားနေရတာပါလိမ့်?
လှည့်ကွက်ပိုင်းတွင် တစ်ဖက်က သူ့သခင်ထက်တောင် ပိုတော်နေသလိုပဲ။
ဘယ်အရာကိုမှ မငြင်းပယ်ပေမဲ့ ထွက်လာဖို့တော့ ဆန္ဒမရှိဘူး။ ဘာသိဘာသာနေနိုင်လိုက်ပုံများ!
သူသာ တကယ်ပဲ ထိုအဖိုးတန်ကြာပန်းများကို ပေးလိုက်ရင်တောင် ဘာမှအကျိုးထူးလာမှာမဟုတ်ဘူး။
“စီနီယာကြီး၊ ငါ့ဘဝမှာ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတစ်ကောင်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သိုင်းဘုရင်အဆင့်သားရဲတစ်ကောင်က ဘယ်လောက်တောင်မှ အားကောင်းလဲ ငါအမြဲတမ်းမြင်ဖူးချင်ခဲ့တာ။ စီနီယာကြီးကများ ငါ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလား?”
တစ်ဖက်က ပြန်မဖြေခင် အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့သည်။ “ငါအဲဒီပစ္စည်းကို မလိုချင်ဘူး။ ထွက်သွားတော့။”
ရွှေလက်မောင်းလူဝံ : “….”
သူကိုယ်တိုင် ရှေးဟောင်းတောင်နယ်နိမိတ်တွင် နှစ်ထောင်ပေါင်းများစွာနေထိုင်ခဲ့ပြီး အဇူရာနွားထီးတို့နှင့်အတူ လုရှောင်ယန်ကို ခေါ်ဆောင်ခဲ့ခြင်းသာမဟုတ်လျှင် ဤရေကန်အောက်တွင် သိုင်းဘုရင်အဆင့်သားရဲတစ်ကောင် အမှန်တကယ်ရှိပါ့မလားဟုတောင် သံသယဝင်မိပေလိမ့်မည်။
ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။ “ဒါဆိုလဲ ကောင်းပြီ။ အစကတော့ စီနီယာကြီးကို ငါ့သခင်နဲ့တွေ့ပေးဖို့ ခေါ်သွားချင်ခဲ့တာဆိုပေမဲ့ စီနီယာကြီးက ဆန္ဒမရှိမှတော့ ထားလိုက်ပါတော့။ ကြည့်ရတာ ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်းကိုရှာလာခဲ့တာ အချိန်ဖြုန်းမိသလိုဖြစ်သွားပုံပဲ။”
ထိုစကားဆုံးသွားသည်နှင့် အစက ငြိမ်သက်နေခဲ့သည့်ရေကန်ကြီးသည် ရုတ်တရက်ဆိုသလို လှိုင်းကြမ်းများလွန့်လူးလာခဲ့သည်။
ကောင်းကင်ရှိ တိမ်တိုက်များသည်လည်း လှုပ်ရှားလာခဲ့သည်။
ထိုအချိန်မှာပဲ ရေထဲမှနေပြီး ပေါက်ကွဲမှုများစွာဖြစ်ပေါ်လာကာ ကြီးမားသည့်ပင်လယ်လိပ်လိုအရိပ်ကြီးသည် ရေထဲမှနေပြီး ထွက်ပေါ်လာခဲ့သည်။
အတိအကျပြောရလျှင်တော့ ၎င်းသည် လိပ်နက်သွေးမျိုးဆက်ဖြစ်သည့် သိုင်းဘုရင်အဆင့်လိပ်နက်တစ်ကောင်ဖြစ်သည်။
၎င်း၏ကြီးမားသော ကိုယ်ထည်ကြီးသည် မီတာရာဂဏန်းအနည်းငယ်လောက်အထိတောင် ကြီးမားလေသည်။ ပြောရရင် မိစ္ဆာသားရဲငယ်ပေါင်းများစွာကို နေထိုင်စရာပတ်ဝန်းကျင်တစ်ခုပေးနိုင်လောက်သည်အထိကြီးမားသော ရွေ့လျားနေသည့်ကျွန်းတစ်ခုလိုပင်။
၎င်း၏ရှေ့မှောက်တွင်တော့ ရွှေလက်မောင်းလူဝံသည် ကပ်ပါးပိုးကောင်လေးတစ်ကောင်သဖွယ် သေးငယ်လို့သွားသည်။
“ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်း ဘယ်မှာလဲ?”
လိပ်နက်ကြီးက ဖြည်းညှင်းစွာပြောလာခဲ့သည်။ ထိုစကားကိုကြားပြီး ရွှေလက်မောင်းလူဝံမှာ ချက်ချင်းပင် ဆွံ့အသွားခဲ့သည်။
အဲဒီကြာပန်းဘယ်မှာရှိတုန်း သူက ဘယ်လိုလုပ်သိမှာလဲလို့?
သူသာသိနေရင် ချက်ချင်းစားပစ်လောက်ပြီမဟုတ်ဘူးလား? တကယ်ပဲ တခြားသားရဲတွေဆီ အပြေးအလွှားလာပြီး မိုက်မိုက်မဲမဲနဲ့ ပေးကမ်းနေမှာတဲ့လား?
လုရှောင်ယန်မှာ တစ်ပွင့်ရှိပေမဲ့ သူ့ကိုပေးချင်စိတ်ရှိဦးမှလေ။
ရွှေလက်မောင်းလူဝံ နှုတ်ဆိတ်သွားသည်ကိုမြင်ရသည်နှင့် လိပ်နက်၏အမူအရာမှာ အေးစက်သွားကာ ချက်ချင်းဆိုသလို ပြင်းထန်အားကောင်းသည့်အရှိန်အဝါကို ထုတ်လွှတ်လိုက်တော့သည်။
“ငါ့ကိုများ လိမ်ညာရဲတယ်ပေါ့!”
ရွှေလက်မောင်းလူဝံ ရင်တုန်သွားကာ ထိုဖိအားပေးနိုင်လွန်းသည့် ပြင်းအားက သူ့ကို ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေမလိုပင်။
သေစမ်း။
တစ်ဖက်ကသာ တိုက်ခိုက်လာရင် သူ နေရာမှာတင် အမှုန့်ဖြစ်သွားနိုင်တယ်မဟုတ်လား?
ကံကောင်းစွာဖြင့် ထိုအချိန်မှာပဲ လုရှောင်ယန်၏အသံက အချိန်ကိုက် ပေါ်လာခဲ့သည်။
“ဒီကောင်မှာ ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်း မရှိပေမဲ့၊ ငါ့မှာတော့ ရှိတယ်….”
***