အခန်း (၂၄၆-၂၅၀)
Vol. 17 Ch. 246-250
အပိုင်း ၂၄၆ ဘာလူသားလဲ? သူက ငါ့ရဲ့ချစ်လှစွာသောသခင်ကွ!
လုရှောင်ယန်၏အသံကိုကြားတော့ အစတွင် လိပ်နက်ကြီးသည် ကြောင်အသွားပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
“လူသား! ဘာလို့ နိမ့်ကျတဲ့လူသားတစ်ယောက်က ရှေးဟောင်းတောင်နယ်နိမိတ်မှာ ပေါ်လာရတာလဲ? မင်း၊သားရဲစုတ်လေး၊ မင်းက လူသားတွေနဲ့ ပူးပေါင်းရဲတယ်ပေါ့။ ငါ မင်းကိုသတ်ပစ်မယ်။”
လိပ်နက်ကြီးသည် ရုတ်တရက်ဆိုသလို လောကစည်းမျဉ်းတို့ပါဝင်နေသည့်ဟိန်းဟောက်သံဖြင့် ရွှေလက်မောင်းလူဝံကို တိုက်ခိုက်တော့သည်။
ထိတ်လန့်တုန်လှုပ်ဖွယ်ရာအသံကြီးသည် ချက်ချင်းဆိုသလို မီတာသောင်းကျော်အထိ လွင့်ပျံသွားကာ ကြားခံနေရာလွတ်ကိုပင် ဆုတ်ဖြဲပစ်သည်။
ရွှေလက်မောင်းလူဝံသည်တော့ နေရာတွင်ပဲ တောင့်တောင့်ကြီးဖြင့် ဆီးထွက်ကျသွားတော့သည်။
ကံကောင်းစွာဖြင့် လုရှောင်ယန်က ချက်ချင်းဆိုသလို သူ့ရှေ့သို့ နေရာကူးပြောင်းလိုက်ကာ လောကစည်းမျဉ်းများကို သူ့လက်တစ်ဖက်ဖြင့် ကာစည်းပေးထားခဲ့သည်။
လိက်နက်သားရဲက အေးစက်စွာပြုံးလိုက်သည်။
“သူဘာလို့များ လူသားတွေနဲ့ပူးပေါင်းရဲရလဲ သိချင်နေမိတာ။ မင်းက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်နေလို့ကိုး။ ဒါပေမဲ့ မင်းဘာမင်း သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်နေရင်တောင် ရှေးဟောင်းတောင်နယ်နိမိတ်ကို ကျူးကျော်ရဲရင် ငါမင်းကို သတ်ဦးမှာပဲ။”
လိပ်နက်သားရဲ ထပ်မံတိုက်ခိုက်လာသည်နှင့် လုရှောင်ယန်က ရွှေလက်မောင်းလူဝံကို တွန်းထုတ်လိုက်ကာ ရွှမ်ဟွမ်ဓားကို တိုက်ရိုက်ဆွဲထုတ်လိုက်သည်။
မိစ္ဆာသားရဲများသည် နဂိုမူလကိုက မာနကြီးကာ သူတို့ကိုယ်သူတို့သာ အထင်ကြီးတတ်ကြပြီး လူသားများကိုတော့ အထင်သေးလေသည်။ သူတို့ကို သိမ်းသွင်းဖို့အတွက် မရိုက်နှက်ဘူးဆိုလျှင် ကောင်းကောင်းမွန်မွန်ဆွေးနွေးဖို့ကိုတော့ မေ့ထားလိုက်တော့။
ဘာမှထွေထွေထူးထူးပြောမနေတော့ဘဲ လုရှောင်ယန်သည် အဇူရာကြာပန်းဓားပညာကို ထုတ်သုံးလိုက်သည်။
ရွှမ်ဟွမ်ဓားမှ ဓားအလင်းတန်းသည် မီတာတစ်သိန်းလောက်အထိ ပျံ့နှံ့သွားကာ ရှေ့သို့တိုးဝင်သွားသည်။ ညဉ့်နက်ယံတွင် ထိုအလင်းတန်းသည် နှလုံးသားကိုလှိုက်ဖိုစေပြီး ကောင်းကင်တစ်ခုလုံးကို လင်းလက်သွားစေခဲ့သည်။
လိပ်နက်သားရဲကတော့ အလွန်အထင်သေးဟန်ဖြင့် ပြုံးလိုက်တုန်းပင်။
“လူသားတစ်ယောက်ရဲ့ကျင့်ကြံခြင်းနည်းလမ်းက ငါတို့မျိုးနွယ်သွေးမျိုးဆက်နဲ့ လောကစည်းမျဉ်းတွေရောနှောနေရုံပဲ။ ဘယ်လိုလုပ်ပြီး ငါတို့သားရဲမျိုးနွယ်ရဲ့သဘာဝနတ်ကျင့်စဉ်ကို ယှဉ်နိုင်မှာလဲ? သေစမ်း!”
လိပ်နက်သားရဲက သူတို့နှစ်ယောက်သာ ထိပ်တိုက် တိုက်ခိုက်ကြလျှင် လုရှောင်ယန် သေချာပေါက် သေရလိမ့်မည်ဟု ခံစားမိသည်!
အကြောင်းကတော့ သူ့တွင်က နတ်သားရဲ၏ လိပ်နက်သွေးမျိုးဆက်ရှိနေခြင်းကြောင့်ပင်။
လိပ်နက်သားရဲသည် ခုခံရေးတွင်ဦးဆောင်သူအနေအထားရှိသည်။ လိပ်နက်သွေးမျိုးဆက်၏ခုခံနိုင်စွမ်းသည် ကမ္ဘာပေါ်ရှိ အခြားသောမိစ္ဆာသားရဲတို့ထက် အဆဒါဇင်ပေါင်းများနီးပါး သန်မာလေသည်။
၎င်းသည် လုရှောင်ယန်လိုမျိုး သိုင်းဘုရင်အဆင့်ဖြစ်ကာ တိုက်ခိုက်နိုင်စွမ်းတူညီသော်လည်း ၎င်း၏ကာကွယ်နိုင်စွမ်းက လုရှောင်ယန်ထက် အဆပေါင်းများစွာ သန်မာလေသည်။ လုရှောင်ယန်သာ ၎င်း၏အကာအကွယ်ကို မချိုးဖြတ်နိုင်ခဲ့လျှင် ဘယ်လိုလုပ်ရှုံးနိုင်တော့မှာလဲ။
သို့သော်လည်း လုရှောင်ယန်၏ဓား ပြန်ကျလာချိန်မှာတော့ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ မဟုတ်သေးဘူး၊ အရမ်းမှားနေတာ။
လိပ်နက်သားရဲ၏ချွန်ထက်သည့်လက်သည်းရှည်များသည် လုရှောင်ယန်နှင့် ဆယ်မီတာလောက်သာ ကွယ်ဝေးတော့ချိန်တွင် လုရှောင်ယန်၏ဓားအလင်းတန်းက မယုံကြည်နိုင်လောက်စရာစွမ်းအားဖြင့် ၎င်း၏လိပ်ခွံကို ပြင်းထန်စွာ ထိုးခွဲသွားခဲ့သည်။ ဓားချက်တစ်ချက်လေးနဲ့တင် သူအရမ်းဂုဏ်ယူနေခဲ့သည့်အကာအကွယ်သည် တိုက်ရိုက်ချိုးဖြတ်ခံလိုက်ရပေပြီ။
“ဘာ?”
လိပ်နက်သားရဲ၏နှလုံးမှာ ချက်ချင်းတုန်လှုပ်သွားတော့သည်။
“မဖြစ်နိုင်ဘူး!”
ဘယ်လိုလုပ်ပြီး လုရှောင်ယန်က တစ်ချက်တည်းနဲ့ သူ့အကာအကွယ်ကို ဖျက်ဆီးနိုင်မှာလဲ?
သူ၏ကျင့်ကြံဆင့်သည် သေချာပေါက်ကို သိုင်းဘုရင် တတိယအဆင့်ဖြစ်သည်။ လိပ်နက်သားရဲသည် သိုင်းဘုရင်ဒုတိယအဆင့်သာဖြစ်သော်လည်း လုရှောင်ယန်အနေနှင့် ၎င်း၏အကာအကွယ်ကို ချိုးဖြတ်ဖို့ဆိုလျှင် အနည်းဆုံး သိုင်းဘုရင်ပဉ္စမအဆင့်ရှိရပေမည်။
တစ်ခုခုတော့မှားနေပြီ!
လက်နက်ကြောင့်များလား!
ထိုအချိန်မှာပဲ လုရှောင်ယန်၏လက်နက်က တစ်ခုခုထူးဆန်းနေမှန်း လိက်နက်သားရဲ သတိထားမိသွားခဲ့သည်။ လုရှောင်ယန်၏လက်နက်သည် ရွှေရောင်ဖျော့ဖျော့အစား တောက်ပသည့်ရွှေရောင်တောက်တောက်အလင်းကို ထုတ်လွှတ်နေသည်။
ဒါက နတ်လက်နက်လို့ ဆိုလိုနေတာမဟုတ်လား!
ဒီသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူမှာ တကယ်ပဲ နတ်လက်နက်တစ်ခုရှိနေတာလား?
မလန့်သွားနဲ့!
သူသေချာပေါက် လန့်သွားလို့မဖြစ်ဘူး။
ထို့ကြောင့် လိပ်နက်သားရဲသည် ၎င်း၏စိတ်ကိုတည်ငြိမ်စေရန်အတွက် လိပ်ခွံထဲတွင် ပုန်းဖို့ရန် ဆုံးဖြတ်လိုက်သည်။
တစ်ဖက်လူတွင် နတ်လက်နက်တစ်ခုရှိနေရုံဖြင့် လိပ်နက်သားရဲ စိတ်ပျက်အားလျော့သွားမည်မဟုတ်ပေ။
၎င်း၏စစ်မှန်သောခွန်အားသည် သိုင်းဘုရင်အဆင့်လက်နက်၏မာကြောမှုထက်သာလွန်သော ၎င်း၏လိပ်ခွံဖြစ်သည်။
ဝိညာဉ်စွမ်းအား၏အကာအကွယ်မပါဘဲနဲ့တောင် ၎င်း၏လိပ်ခွံသည် လုရှောင်ယန်၏တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိသေးသည်!
တစ်ဖက်လူ၏ကျင့်ကြံဆင့် ဒါမှမဟုတ် တိုက်ခိုက်မှုက ဘယ်လောက်ပဲ အားကောင်းနေပါစေ ၎င်းသာ လိပ်ခွံထဲပုန်းနေလျှင် တစ်ဖက်လူအနေနှင့် သေချာပေါက် ဘာမှတတ်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း!
ထိုအချိန်မှာပဲ ထပ်ပြီး မှားတွက်မိပြန်သည်။
ဓားအလင်းတန်းက လိပ်ခွံပေါ်သို့ကျရောက်သွားချိန်မှာပဲ လုရှောင်ယန်က စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းလိုက်လေသည်။
စစ်မှန်သောထုတ်ဖော်ခြင်းနှင့်တွဲဆက်ထားသည့်ဓားအလင်းတန်းကြောင့် လိပ်နက်သားရဲ၏အကာအကွယ်ဘယ်လောက်ပဲ အားကောင်းနေပါစေ အသုံးမဝင်ဖြစ်သွားတော့သည်။
ဘုန်း!
နောက်ဆုံးမှာတော့ ဓားအလင်းတန်းသည် လိပ်ခွံပေါ်သို့ ကျရောက်သွားခဲ့သည်။
လိပ်နက်သားရဲမှာ ချက်ချင်းပင် သွေးအန်သွားကာ ပြင်းထန်လှသည့်ဖိအားကြောင့် ၎င်း၏ခေါင်း၊ ခြေချောင်းများနှင့် အမြီးမှာ လိပ်ခွံထဲကနေပြီး ကန်ထွက်သွားတော့သည်။
၎င်း၏မျက်လုံးများသည်လည်း ပေါက်ကွဲထွက်တော့မလို သွေးနီကြောများထင်းထွက်နေလေသည်။
“မင်း အရမ်းလွန်သွားပြီ။ မင်းကို အသေသတ်ပစ်မယ်!”
လိပ်နက်သားရဲသည် ၎င်း၏ရှိသမျှခွန်အားများနှင့် လောကစည်းမျဉ်းတို့ကို ပေါင်းစပ်ကာ ၎င်း၏ပါးစပ်ကြီးထဲတွင် စုဝေးလိုက်ပြီး ဗုံးတစ်လုံးလိုမျိုး လုရှောင်ယန်ထံသို့ ပစ်လွှတ်လိုက်သည်။
ဘုန်း!
ကြီးမားသည့်အလင်းတန်းကြီးသည် လုရှောင်ယန်ကို ဝါးမြိုသွားသည့်အပြင် လုရှောင်ယန်နောက်သို့ ကီလိုမီတာပေါင်းများစွာအထိကို လျှိုမြောင်ကြီးဖြစ်သွားစေသည်။
ထိုအချင်းအရာဖြင့်ပင် တိုက်ခိုက်မှုက မည်မျှအားကောင်းမှန်း ခန့်မှန်း၍ရပေပြီ။
သေလိုက်စမ်း လူသားကောင်၊ မင်းကို ဘယ်သူက ငါနဲ့လာတိုက်ခိုင်းလို့လဲ? ငါကျင့်ကြံလာတာ နှစ်တစ်သောင်းနီးပါးရှိနေပြီ။ ငါက ဘာကိုကြောက်နေရ… ဟမ်?
လိပ်နက်သားရဲ အဆုံးထိမတွေးလိုက်နိုင်ခင်မှာပဲ လုရှောင်ယန်က ထိုအလင်းတန်းကြားမှနေပြီး လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။
“သေစမ်း!”
လိပ်နက်သားရဲ၏လောကအမြင်တို့ ချက်ချင်းကွဲကြေသွားလေတော့သည်။
ဒီကောင်စုတ်က မဟုတ်မှ လိပ်နက်မျိုးနွယ်စုကများလား?
ဘာလို့ သူ့ရဲ့အကာအကွယ်စွမ်းရည်က ဒီလောက်တောင် အားကောင်းနေရတာလဲ?
တစ်ခုခုတော့ မှားနေပြီ!
တစ်ခုခုတော့ မှားနေပြီ!
လူသားတွေအနေနဲ့ ကျင့်ကြံဆင့်တစ်ခုတည်းနဲ့တင် အလွယ်တကူခုခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အားနည်းသည်ဆိုဆို သိုင်းဘုရင်အဆင့်သားရဲတစ်ကောင်ဖြစ်နေတုန်းပင်။
တစ်ဖက်လူက သေချာပေါက် ချပ်ဝတ်တစ်ခုခုကို ဝတ်ထားလို့ပဲ… ဒါ့အပြင် သာမာန်ချပ်ဝတ်တစ်ခုလဲ မဟုတ်နိုင်ဘူး။
တစ်ဖက်လူမှာ တိုက်ပွဲသုံးနတ်လက်နက်တစ်ခုရှိနေမှတော့ နတ်ချပ်ဝတ်တန်ဆာတစ်ခုလဲ သေချာပေါက် ရှိနေနိုင်တယ်။
ဒီကောင်က အရမ်းအားကောင်းလွန်းတယ်။ သူ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ဒီတော့ ပြေးရမှာပေါ့!
မျက်စိတစ်မှိတ်အတွင်းမှာပင် လိပ်နက်သားရဲသည် အချက်အလက်အားလုံးကို ခွဲခြမ်းစိတ်ဖြာကာ လုရှောင်ယန်သည် ၎င်း၏ပြိုင်ဘက်မဟုတ်ကြောင်း သိရှိသွားတော့သည်။
ဒါကြောင့် တုံ့ဆိုင်းခြင်းမရှိ အမြန်ဆုံးနည်းနှင့် လှည့်ပြေးတော့သည်။
လူတိုင်းကတော့ လိပ်နက်သွေးမျိုးဆက်၏အကာအကွယ်စွမ်းအားသည် အလွန်အားကောင်းသည်ဟု တွေးကြသည်။ တကယ်တမ်း တလောကလုံး မသိသေးသည်က လိပ်နက်သွေးမျိုးဆက်၏ အရှိန်သည် ဇာမဏီနှင့်ကျားဖြူတို့ထက် နှေးကွေးသော်လည်း ကျန်သွေးမျိုးဆက်အများစုကိုတော့ ကျော်လွန်နေသေးသည်ကိုပင်။
သို့သော်လည်း လိပ်နက်သားရဲသည် အလွန်ကြီးမားကာ ၎င်း၏ခန္ဓာကိုယ်သည် အလွန်လေးလံလှသည်။ ၎င်း၏အရှိန်က ခရီးဝေးအတွက်ဆိုလျှင် မြန်ကောင်းမြန်နိုင်သော်လည်း ခရီးတိုအတွက်ဆိုလျှင်တော့ နှေးသည်ဟု ဆိုနိုင်သေးသည်။
၎င်းအနေဖြင့် ရေကန်ထဲသို့ပြန်လည်ထွက်ပြေးရုံသာ လိုအပ်ပေသည်။
ဤရေကန်၏အောက်ခြေသည် သိပ်သည်းလေးလံရေ၏အလွှာတစ်ခုဖြစ်သည်။ သိပ်သည်းလေးလံရေတွင် ထူးဆန်းသည့်စွမ်းရည်တစ်ခုရှိကာ မြေတုံး ကျောက်ခဲများထက်ပင်လေးလံသည်။ ထို့အပြင် ထိုရေထဲရောက်သွားသည်နှင့် ရုန်းကန်လေ ဖိအားက ပိုမိုပြင်းထန်လာလေဖြစ်မည်။
လိပ်နက်မျိုးနွယ်မှလွဲ၍ တခြားသောမျိုးနွယ်များသည် ထိုဖိအားကိုရင်ဆိုင်ဖို့ ခက်ခဲပေသည်။
သူသာ ရေကန်အောက်ခြေကို လွတ်မြောက်နိုင်သ၍ လုရှောင်ယန်က လိုက်ဖမ်းနိုင်တော့မည်မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူလည်း ရေကန်အောကခြေတွင် ခဏလောက်ပုန်းနေကာ လုရှောင်ယန် ဘယ်လောက်ကြာကြာ ဆက်နေနိုင်မလဲ စောင့်ကြည့်တာပေါ့!
သူထွက်လာသည်အထိစောင့်ဖို့ရန်အတွက်တော့ လုရှောင်ယန်က သူ့ဘဝသက်တမ်းကို အလဟဿ မဖြုန်းလောက်ဘူးမဟုတ်လား။
ဒါက ၎င်းအတွက်တော့ သေးငယ်သည့်ပန်းတိုင်တစ်ခုသာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် နှစ်တစ်သောင်းလောက်တောင် ရေကန်ထဲက ထွက်ခဲ့သည်မှမဟုတ်ဘဲ။
လိပ်နက်သွေးမျိုးဆက်၏တစ်သက်တာသည် လုရှောင်ယန်၁၀ယောက်ပေါင်းလျှင်ပင် လိုက်မီနိုင်သည့်အရာမဟုတ်ပေ။
သို့သော်လည်း ထိုအချိန်မှာပဲ တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
ပုံမှန်သာဆို သူ ရေကန်ထဲရောက်နေသင့်ပြီမဟုတ်လား။
၎င်း၏အရှိန်သည် အလွန်လျင်မြန်ကာ တခဏတွင်းချင်း ရေကန်ထဲသို့ပြန်ရောက်ဖို့ရန် လုံလောက်သည်။ သို့သော်လည်း အခုတော့ စက္ကန့်ပေါင်းများစွာပင် ကုန်ဆုံးသွားသည့်ပုံပင်။
လက်ရှိတွင် ၎င်းသည် လေထဲမှာမျောလွင့်နေမြဲဖြစ်နေတုန်းပင်။
“ဒါ အစီအရင်များလား? မင်း နေရာလွတ်စွမ်းအားကို ပိတ်ပင်ဖို့အတွက် အစီအရင်သုံးထားတာပဲ။ နိမ့်ကျလိုက်တဲ့လူသား၊ မင်း ဒီထက်အရှက်မဲ့နိုင်ပါဦးမလား?”
အတွေးတစ်ချက်ဖြင့် လုရှောင်ယန်သည် ၎င်း၏ရှေ့မှောက်သို့ ရောက်ရှိလို့သွားသည်။
“ငါ့ကိုလွှတ်ပေးစမ်း! နိမ့်ကျတဲ့လူသား၊ မင်းမှာ သတ္တိရှိရင် ငါနဲ့နောက်ထပ် ပွဲ၃၀၀လောက် လာတိုက်ခိုက်လိုက်လေ!”
“မင်း စိတ်ကျေနပ်စေရမှာပါ။”
လုရှောင်ယန်သည် ရှေးဟောင်းဧကရာဇ်ကျမ်းကို အားအပြည့်ထည့်ကာ လက်သီးချက်ပေါင်း၁သောင်းလောက်ပစ်လွှတ်ပြီး လိပ်နက်သားရဲကို တိုက်ခိုက်တော့သည်။
စစ်မှန်သောအမြင်အာရုံသုံးပါးကို အဆုံးစွန်အထိအသုံးချထားကာ လှုပ်ရှားမှုတိုင်းက ၎င်း၏လိပ်ခွံကိုဖြတ်၍ အတွင်းရှိကိုယ်ထည်ကို အလွယ်တကူ ထိခတ်သွားစေသည်။
“အား! နိမ့်ကျတဲ့လူသား၊ ငါ့ကိုလွှတ်ပေးပြီး အတူတိုက်ခိုက်မယ်လို့ပြောနေတယ်လေ၊ ဒီလိုမျိုး ငါ့ကိုမဖိနှိပ်ထားနဲ့!”
….
“မင်းသတ္တိရှိရင် ငါ့ကိုလွှတ်လိုက်စမ်း!”
….
“မင်းမှာ သတ္တိရှိရင် ခဏရပ်လိုက်။ ငါအသက်ရှူပါရစေဦး။”
….
“မင်းကိုယ်မင်း အရမ်းရက်စက်တယ်မထင်ဘူးလား။ မတိုက်တော့နဲ့။ ငါအရှုံးပေးတယ်!”
….
ထိုတော့မှ လုရှောင်ယန် ရပ်လိုက်သည်။ လိပ်နက်သားရဲလဲ ဟောဟဲလိုက်နေကာ ၎င်း၏အရှိန်အဝါတို့မှာ သုညအထိ လျော့ကျသွားပြီး တစ်ကိုယ်လုံး အားနည်းပျော့ခွေနေတော့သည်။
လိပ်နက်သားရဲမှာ အလွန်အမင်းဝမ်းနည်းနေလေသည်။ သူဒီလိုမျိုး အားနည်းခဲ့ဖူးတာ နှစ်ပေါင်း၈ထောင်ကျော်ကြာခဲ့ပြီမှန်း မှတ်မိနေသေးသည်။ သူ ငယ်ရွယ်ခဲ့ချိန်တုန်းက လိပ်မသုံးကောင်နှင့် ကာမဆက်ဆံခဲ့ရာမှ ပြန်လည်သက်သာဖို့ရန် အချိန်သုံးရက်လောက် အနားယူခဲ့ရသည်။
လူသားတစ်ယောက်ကြောင့် အခုလိုအခြေအနေမျိုးအထိဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အရမ်း ရှက်ဖို့ကောင်းတာပဲ။
“ငါ မင်းကိုအခုပဲ ငါ့ရဲ့အစေခံအဖြစ် လိုချတယ်။ မင်း ဆန္ဒရှိရဲ့လား?”
“အဲလိုလုပ်လို့ မင်းငါ့ကို အရိုက်ရပ်ပေးမယ်ဆိုရင် ဆန္ဒရှိတယ်။”
“ဒါဆို မင်းဆန္ဒရှိတယ်လို့ မှတ်လိုက်ပြီနော်။”
ထို့နောက် လုရှောင်ယန်သည် သားရဲထိန်းချုပ်ခြင်းပညာကို သံဒးကာ လိပ်နက်ကို ယဉ်ပါးစေပြီး သူ၏တပ်သားသစ်အဖြစ် သိမ်းသွင်းလိုက်တော့သည်။
ထို့နောက်၊ “အခု၊ ငါ့မှာ ပထမဆုံးအမိန့်ရှိတယ်။ တခြား သိုင်းဘုရင်အဆင့်မိစ္ဆာနတ်ဆိုးတွေကို ခေါ်လာခဲ့ပေး။”
လိပ်နက်သားရဲ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားတော့သည်။
“ဒါ မဖြစ်နိုင်ဘူး။ ငါက မင်းလက်အောက်ရောက်သွားပြီဆိုပေမဲ့ သားရဲတစ်ကောင်ဖြစ်နေတုန်းပဲ! မင်းငါ့ကို ဘာအမိန့်ပေးပေးရတယ်၊ ဒီနေရာမှာပဲ သေခိုင်းလိုက်ရင်တောင်ရတယ်… ဒါပေမဲ့ သားရဲမျိုးနွယ်နဲ့ ငါ့ရဲ့တခြာသောမျိုးနွယ်ဝင်တွေအပေါ် သစ္စာဖောက်ခိုင်းဖို့တော့ မဖြစ်နိုင်ဘူး။”
၎င်းက ခဏရပ်လိုက်ပြီးနောက် အဇူရာနွားထီးတို့ကို အလွန်အမင်းအထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
“ရှက်စရာပဲ၊ ငါတို့သားရဲမျိုးနွယ်အတွက် အရှက်ရစရာပဲ!”
အဇူရာနွားထီးတို့မှာ ရှက်ရွံ့ကာ ခေါင်းငုံသွားခဲ့ကြသည်။
လုရှောင်ယန်က နတ်သားရဲဥတစ်လုံးကို ထုတ်ယူလိုက်သည်။
“မင်း ဒါကိုမှတ်မိလား?”
အစကတည်ငြိမ်နေခဲ့သည့် လိပ်နက်သားရဲမှာ တုန်လှုပ်သွားတော့သည်။
“ဒီရောင်ဝါက… ဒါလိပ်နက်သွေးမျိုးဆက်ရဲ့ နတ်သားရဲဥမဟုတ်လား? ဘုရားရေ! မင်းဘယ်ကနေရလာတာလဲ?”
ကမ္ဘာပေါ်ရှိ မိစ္ဆာသားရဲများအားလုံးတွင် ဝိညာဉ်များရှိကြကာ ၎င်းတို့၏ခွန်အားတိုးတက်ဖို့ရန် ၎င်းတို့၏သွေးမျိုးဆက်အပေါ် မူတည်ကြသည်။
သာမာန်မိစ္ဆာသားရဲတို့သည် နတ်သားရဲဥနှင့်တွေ့ကြုံရချိန်တွင် သူတို့၏သွေးမျိုးဆက်ထက်အဆင့်မြင့်တာကြောင့် ကြောက်ရွံ့ကြပေသည်။
သို့သော်လည်း သိုင်းဘုရင်အဆင့်ရောက်နေပြီဖြစ်သည့် မိစ္ဆာသားရဲသည်တော့ ထိုသို့မဟုတ်ပေ။
၎င်းတို့အတွက် နတ်ဘုရားဖြစ်ဖို့ရန်လမ်းကြောင်းပွင့်သွားပြီဖြစ်၍ ၎င်းတို့၏ကိုယ်ထဲမှ သွေးမျိုးဆက်မှာ လုံးဝနိုးထသွားပြီဖြစ်ကာ နတ်သားရဲများဖြစ်လာကြခြင်းကြောင့်ပင်။
၎င်းတို့၏သွေးမျိုးဆက်အင်အားကောင်းလေ နတ်ဘုရားဖြစ်ဖို့ရန် အခွင့်အရေးပိုများလေပင်။
ဤနတ်သားရဲဥတွင် သန့်စင်သောလိပ်နက်သွေးမျိုးဆက်ရှိသည်။ ၎င်းကိုသာ စားလိုက်မည်ဆိုလျှင် လိပ်နက်စွမ်းအားဘယ်လောက်တောင် ရနိုင်မလဲ ဘယ်သူသိနိုင်မှာလဲ!
လိပ်နက်သားရဲအနေဖြင့် မလိုချင်မိဖို့ဆိုတာ မဖြစ်နိုင်ပေ။
အဇူရာနွားထီးတို့လည်း ချက်ချင်းပင် တိုးတိုးတိတ်တိတ်ပြောကုန်ကြသည်။
“လိပ်နက်သိုင်းဘုရင်၊ ဒီလူသားမှာ သွေးမျိုးဆက်အမျိုးမျိုးက နတ်သားရဲဥတွေအများကြီးရှိတယ်။”
“အဟုတ်ပဲ၊ သူ့တပည့်ကဆို နတ်သားရဲဥကို ကြော်တောင်စားလိုက်သေးတယ်။”
“မင်းကများ!”
ရုတ်တရက် လိပ်နက်သားရဲက ဟိန်းဟောက်လိုက်သည်။
“ဘာကို လူသားလဲ? ရိုင်းစိုင်းလိုက်တာ။ ဒါ ငါ့ရဲ့ချစ်လှစွာသောသခင်ကွ!”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၇ မိတ်ဆွေဟောင်းကြီး တံခါးဖွင့်ပါဦး
…..
ငါးမိနစ်ကြာပြီးနောက် အုပ်စုတစ်စုသည် ရှေးဟောင်းတောင်နယ်နိမိတ်၏အနောက်ဘက်တွင်ရှိသော မီးတောက်တောင်သို့ တိတ်တဆိတ် ချဉ်းကပ်လာနေကြသည်။
ထိုတောင်ရှိအပူချိန်သည် ပုံမှန်ထက်များစွာပူပြင်းသည်။ ညအချိန်တွင်တောင်မှ တောင်ဝန်းကျင်တစ်ခုလုံးတွင် နေ့အချိန်ကဲ့သို့ မီးတောက်များဖြင့် တောက်လောင်နေသည်။
“သခင်၊ မီးတောက်တောင်က ရှေ့နားမှာပါပဲ။ အဲဒီမှာ အဇူရာဖီးနစ်သွေးမျိုးဆက်ရှိတဲ့ မီးဖီးနစ်သားရဲရှိပါတယ်။ ငါ့လိုပဲ သူ့ရဲ့ကျင့်ကြံဆင့်ကလည်း သိုင်းဘုရင်အဆင့်မှာပဲ။”
အဇူရာနွားထီးနှင့်ကျန်အကြီးမြတ်ဆုံးအဆင့်သားရဲတို့မှာ သူတို့ရှေ့တွင် အတည်ပေါက်ကြီးဖြင့် လုရှောင်ယန်ကို ဦးဆောင်ခေါ်သွားပေးနေသော လိပ်နက်သားရဲကို ဆွံ့အစွာကြည့်နေမိကြသည်။
သားရဲများဖြစ်တာကြောင့် သူတို့သည် လုရှောင်ယန်၏သားရဲများဖြစ်သော်လည်း ငြင်းဆန်ခဲ့ကြသေးသည်။ အစပိုင်းတွင် လုရှောင်ယန်က သူတို့ကို ခေါ်သွားပေးခိုင်းစဉ်တွင် ဆန္ဒမရှိခဲ့ကြပေ။
သို့သော်လည်း သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲဖြစ်သည့် လိပ်နက်သားရဲသည်တော့ တကယ်ကိုပဲ သားရဲမျိုးနွယ်၏ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ သားရဲမျိုးနွယ်ကိုလက်အောင်ခံသိမ်းသွင်းမည့် လုရှောင်ယန်အား ခေါ်ဆောင်ပေးနေလေသည်။
ဒါလုံးဝ သူတို့လောကအမြင်တွေကို ဇောက်ထိုးလှန်လိုက်သလိုပဲ။
သူတို့ကပဲ သိုင်းဘုရင်အဆင့်သားရဲတွေမဟုတ်လို့များလား။ ဒါကြောင့်မို့လို့ သူတို့မှာ လုံလောက်အောင် အရှက်မမဲ့နိုင်သေးတာလား။
လုရှောင်ယန်က စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းကာ မီးလောင်တောင်ကို ကြည့်လိုက်သည်။ တကယ်ကိုပဲ ကြည့်လိုက်မိသည်နှင့် ပူပြင်းသည့်မီးလုံးကြီးကို ရှင်းရှင်းလင်းလင်း အာရုံခံလိုက်နိုင်သည်။
မီးတောက်များထဲတွင် လုံးထွေးနေသည့်မိစ္ဆာသားရဲသည် သေချာပေါက် အဇူရာဖီးနစ်သွေးမျိုးဆက်ရှိသော သိုင်းဘုရင်အဆင့်မီးဖီးနစ်ပင်ဖြစ်သည်။
ထိုအချိန်တွင် လုရှောင်ယန်သည် ငါးစာချသည့်နည်းလမ်းကို အသုံးမပြုတော့ပေ။
ထိုနည်းလမ်းမှာ အလွန်နှေးကွေးလွန်းသည်။ သိုင်းဘုရင်အဆင့်သားရဲတွေကို ဆက်ပြီး မျှားခေါ်နေဖို့မဖြစ်နိုင်ပေ။ ထိုအတိုင်းသာဆို အချိန်အရမ်းကုန်သွားလိမ့်မည်။
ဒါ့အပြင် လိပ်နက်သားရဲကိုလည်း သူ့လက်အောက်ခံအဖြစ်သိမ်းသွင်းထားပြီးဖြစ်သည်။ လိပ်နက်သားရဲကိုလက်ခံလိုက်ပြီးနောက် သူ၏တိုက်ပွဲခွန်အားသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ထက်ကျော်လွန်သွားပြီဖြစ်သည်။ ဒါကြောင့် မီးဖီးနစ်ကို သူတစ်ယောက်တည်းနဲ့ သေချာပေါက် အနိုင်ယူနိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် လိပ်နက်သားရဲ၏သွေးအဆီအနှစ်နှင့် စိတ်ဝိညာဉ်ကို ရှန်းထီကျောက်ရှင်အမှတ်အသားထဲ ထည့်သွင်းထားပြီးသားဖြစ်သည်။ ဒါကြောင့် လိပ်နက်သားရဲကို ကင်းထောက်ဖို့အတွက် လွှတ်လိုက်နိုင်သည်။ တကယ်လို့ ၎င်းသေသွားမယ်ဆိုရင်တောင် အဆင်ပြေပါတယ်။ သူ အသက်ပြင်သွင်းပေးနိုင်နေတာပဲ။
“လိပ်နက်၊ သွားပြီး အနိုင်ယူလာခဲ့။ အနာဂတ်မှာ နတ်သားရဲဥတွေရှိလာရင် မင်းကို အရင်ဆုံးပေးမယ်။”
“ကောင်းပါပြီ..”
ထိုစကားကြားသည်နှင့် ဘာကိုမှအထွန့်တက်မနေဘဲ လိပ်နက်သားရဲသည် ချက်ချင်းပျံသန်းသွားခဲ့သည်။
ဒီအဖိုးကြီး အသက်ရှင်လာတာ နှစ်ပေါင်းတစ်သောင်းမကတော့ဘူး ဒီတော့ အရမ်းဉာဏ်ကောင်းတယ်ကွ။
လုရှောင်ယန်ကို မတွန်းလှန်နိုင်မှန်းသိနေတာကြောင့် ဆန့်ကျင်မနေတော့ဘဲ လုရှောင်ယန်၏အမိန့်တွေကို နာခံလိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် အကျိုးအမြတ်တွေပြန်ရနေသ၍ အဆင်ပြေနေတာပဲမဟုတ်လား။
၎င်းက ချက်ချင်းဆိုသလို မီးတောက်တောင်၏ဝင်ပေါက်သို့ ပျံသန်းသွားကာ အော်ဟစ်လိုက်သည်။
“မီးဖီးနစ်ညီမရေ၊ ငါ လူသားတွေလိုက်တာခံနေရလို့။ မြန်မြန်လေးတံခါးဖွင့်ပြီး ငါ့ကိုပုန်းခွင့်ပေး။ ငါ့ကိုကယ်ပါဦး။”
နောက်တစ်စက္ကန့်တွင်ပဲ မီးတောက်တောင်၏ဝင်ပေါက်က ရုတ်တရက် ပွင့်သွားလေသည်။
“အစ်ကိုလိပ်နက်၊ မြန်မြန်လေးဝင်လာခဲ့ပါ။”
လိပ်နက်က အလျင်အမြန်ပင် တွားသွားဝင်သွားခဲ့သည်။ နောက်တစ်ခဏမှာပဲ ရုတ်တရက်ဆိုသလို မီးတောက်တောင်ထဲမှနေပြီး အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
“လိပ်နက်၊ နင် ဘာ… ဘာလုပ်တာလဲ? နင် အရှက်မဲ့လှချည်လား! ငါ့ကိုလွှတ်စမ်း။ အနားမလာနဲ့နော်… အား!”
လုရှောင်ယန် : “….”
အဇူရာနွားထီးနှင့်ကျန်သားရဲများ : “…”
“သခင်၊ ဒီအဖိုးကြီး လက်ရှိအခြေအနေကို အခွင့်ကောင်းယူနေတာဖြစ်နိုင်မလား?”
“အဲ့လိုတော့မထင်ဘူး။ တစ်ကောင်က လိပ်၊ တစ်ကောင်က ငှက်လေ။ ဘယ်လိုမှမလိုက်ဖက်ဘူး။”
“ဒါပေမဲ့ ဆိုရိုးရှိတယ်လေ၊ မြွေတစ်ကောင်က ငန်းအသားကို မက်မောတယ်တဲ့။”
“တော်ကြတော့၊ ငါသွားကြည့်လိုက်ဦးမယ်။”
လုရှောင်ယန်က ချက်ချင်းပင် လှိုဏ်ဂူရှိရာသို့ ပျံသွားခဲ့သည်။ အချိန်က ခဏလေးသာရှိနေသေးတာကြောင့် ဘာမသင့်တော်သည့်မြင်ကွင်းမျိုးမှမရှိခဲ့ပေ။ ထိုအဖိုးကြီးက မီးဖီးနစ်၏အတောင်တစ်ဖက်ကို ကိုက်ထားရုံသာဖြစ်ပေသည်။
၎င်းက ၎င်း၏သားရဲစွမ်းအားကိုအသုံးပြုကာ မီးဖီးနစ်ကို ဂူထဲတွင် အေးခဲထားခြင်းဖြစ်သည်။
ထို့နောက် လုရှောင်ယန် ၎င်းအပေါ် အသုံးပြုခဲ့သည့်နည်းလမ်းအတိုင်း တစ်ဖက်ကို ပြန်လည်ဖိနှိပ်နေခြင်းပင်။
အပြင်တွင် စောင့်နေကြသည့် အဇူရာနွားထီးနှင့်ကျန်သားရဲများမှာ လုရှောင်ယန်လည်း ဝင်သွားပြီးနောက် တိတ်ဆိတ်သွားသည်ကိုမြင်၍ သူတို့မှာ မှင်သက်နေကြသည်။
“ဒီမီးဖီးနစ်သားရဲက အရမ်းလှနေလို့များလား?”
“လှဖို့မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် လိပ်နက်အိုကြီးနဲ့ မီးဖီးနစ်ဆိုတာ ဘယ်လိုမှမလိုက်ဖက်ဘူး။ သခင်နဲ့မီးဖီးနစ်ဆိုလည်း ဘယ်လိုမှမသင့်တော်ဘူး။”
“အဟုတ်ပဲ၊ သူတို့သာ လုပ်မယ်ဆိုရင် သခင် သူ့တစ်ကိုယ်လုံးကိုသွင်းလိုက်မှပဲရမယ်။ မဟုတ်ရင် ပဲပင်ပေါက်လိုပဲဖြစ်နေလိမ့်မယ်။”
သို့သော်လည်း သားရဲများအတင်းအဖျင်းပြောနေချိန်တွင်ပဲ ရုတ်တရက်ဆိုသလို ကေင်းကင်ပေါ်သို့ အဇူရာအလင်းတန်းတစ်သွယ်ထိုးတက်သွားခဲ့သည်။
“ဟမ်~! အားကောင်းလိုက်တာ။”
“ဒီအရှိန်အဝါကလည်း သိုင်းဘုရင်အဆင့်သားရဲပဲလား? မီးဖီးနစ်သားရဲဖိတ်ခေါ်လိုက်တဲ့ တပ်ကူများဖြစ်နေမလား?”
“ငါတို့တော့သွားပြီ။ သိုင်းဘုရင်အဆင့်သားရဲနှစ်ကောင် တပြိုင်တည်းပေါ်လာရင် သခင်တို့တတွေ အနိုင်ယူနိုင်ပါဦးမလား?”
“အဲဒါတွေအရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ဝေးဝေးဆုတ်နေကြမယ်။ သူ မသေခဲ့ရင် ငါတို့ သူ့အစေခံဆက်ဖြစ်နေဦးမှာပဲ။ သူသေသွားမယ်ဆို ငါတို့လည်း သူ့ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အတွက် အရှုံးမရှိဘူး။”
“အကြံကောင်းသားပဲ။”
တချိန်တည်းမှာပဲ လှိုဏ်ဂူထဲတွင်…
“ဖီးနစ်က သခင့်ကိုနှုတ်ဆက်ပါတယ်။”
လိက်နက်သားရဲက ပြုံးလိုက်ကာ၊ “မီးဖီးနစ်ညီမရေ မင်းနားလည်ရဲ့လား? ငါမင်းကို လိမ်ခဲ့တာမဟုတ်ဘူး၊ မှန်တယ်မလား? သခင့်နောက်လိုက်တာ မင်းအတွက် တကယ်ကိုကောင်းတယ်။ သေချာပေါက် မင်းဘာမှဆုံးရှုံးမှာမဟုတ်ဘူး။”
“ထွက်သွားစမ်း!”
မီးဖီးနစ်၏အမူအရာမှာ အေးစက်နေကာ ဒေါတကြီးအော်လိုက်သည်။
သားရဲတွေအားလုံးကတော့ လုရှောင်ယန်၏အစေခံဖြစ်ချင်ကြတာမှ မဟုတ်တာ။
လုရှောင်ယန်တွင် နတ်သားရဲဥရှိတယ်ဆိုရင်တောင် တချို့သားရဲတွေကတော့ လှုပ်ကြမည်မဟုတ်ပေ။
ဥပမာအားဖြင့် မီးဖီးနစ်၏သွေးမျိုးဆက်သည် လိပ်နက်ထက်များစွာ ပိုသန်မာလေသည်။
နတ်သားရဲဥက အသုံးဝင်သော်လည်း သူမအတွက်တော့ ထူးထူးခြားခြားအကျိုးသက်ရောက်မည်မဟုတ်ပေ။
လိပ်နက်သည်လည်း သူပြောတာမှားသွားမှန်းသိနေတာကြောင့် ကိုးရိုးကားရားပြုံးသာပြုံးပြီး ဘာမှမပြောတော့ပေ။
သို့သော်လည်း ထိုအချိန်တွင်ပဲ ရုတ်တရက်ဆိုသလို အားကောင်းလှသည့်အရှိနတ်အဝါတစ်ခုက ဆင်းသက်လာခဲ့သည်။
“မီးဖီးနစ်၊ မင်းရဲ့အရှိန်အဝါ ဗရမ်းဗတာဖြစ်သွားတာကို ငါအာရုံခံမိလိုက်တယ်။ မင်းအန္တရာယ်ရှိနေတာလား?”
“မကောင်းတော့ဘူး!”
မီးဖီးနစ်၏အမူအရာက ပြောင်းလဲသွားခဲ့သည်။
လိပ်နက်သားရဲသည်တော့ ပျော်ရွှင်သွားကာ၊ “သခင်၊ အဲဒါ ရွှေခြင်္သေ့-သိုင်းဘုရင်အဆင့်သားရဲပဲ။ သူက မီးဖီးနစ်ကို သဘောကျနေတာ တော်တော်ကြာပြီ။”
လုရှောင်ယန်၏မျက်လုံးတို့ တောက်ပသွားလေသည်။ ရွှေခြင်္သေ့ထွက်ပြေးဖို့ရန် မီးဖီးနစ်အချက်ပြလိုက်မည့်အချိန်ကို စောင့်မနေဘဲ တိုက်ရိုက်ပင် မီးဖီးနစ်ကိုထိန်းချုပ်ဖို့ရန် စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းပညာကို အသုံးပြုလိုက်သည်။
“ငါ ချီကစဉ့်ကလျားဖြစ်ပြီး စိတ်ဖောက်ပြန်တော့မလိုဖြစ်နေတယ်။ မြန်မြန်လာပြီး ကူညီပါဦး။”
“ကောင်းပြီ! မီးဖီးနစ်၊ အရမ်းမလန့်နဲ့။ ငါအခုချက်ချင်းဆင်းခဲ့မယ်။”
ချက်ချင်းဆိုသလိုပင် ရွှေခြင်္သေ့က ဂူထဲသို့ အလျင်အမြန်ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း သူ့ကိုစောင့်မျှော်နေသည်က ရက်စက်လှသည့်ထိုးနှက်ချက်တစ်ခုပင်။
တောင်နတ်ဘုရားကျောက်တိုင်သည် နတ်လက်နက်တစ်ခုဖြစ်သည်။ လုရှောင်ယန်က ထိုလက်နက်ကိုသုံးကာ ရွှေခြင်္သေ့ကို တစ်ချက်တည်းဖြင့် အလဲထိုးခဲ့လေသည်။
မီးဖီးနစ်သားရဲက ချက်ချင်းပင် တောင်းပန်စကားဆိုလိုက်သည်။ “ရွှေခြင်္သေ့ ငါတောင်းပန်ပါတယ်။ အားလုံး ငါ့အမှားတွေပါ။”
“ကိစ္စမရှိဘူး မီးဖီးနစ်။ ဒါ မင်းအမှားမဟုတ်ဘူး။ တစ်စုံတစ်ယောက်ကိုသာ အပြစ်တင်ရမယ်ဆို ဒီအဖိုးကြီးကိုပဲ အပြစ်တင်လိုက်မယ်။ အရမ်းအရှက်မဲ့တာပဲ။”
လိပ်နက်သားရဲ : “???”
“ငါနဲ့ဘာဆိုလို့လဲ? ငါလည်း သခင့်ရဲ့လက်အောက်ခံဖြစ်သွားပြီးနောက် ဒီကိုလာဖို့ ဖိအားပေးခံခဲ့ရတာပါ။”
ရွှေခြင်္သေ့က လှောင်ရယ်လိုက်သည်။
“ဒီလိုသိမ်ဖျင်းတဲ့လုပ်ရပ်လုပ်ဖို့ အမိန့်ပေးခံရတာတောင် မင်းက ဘာလို့တည်ငြိမ်နေတာလဲ? မင်းမှာ ဘာစိတ်ဒဏ်ရာမှရထားပုံလည်းမပေါ်ပါဘူး။ အရှက်မဲ့လိုက်တာ။”
“…”
လိပ်နက်သားရဲလည်း သူ့ဘဝတွင် ထပ်ပြီးခေါင်းဖော်ဖို့မဖြစ်နိုင်တော့မှန်း သိပေသည်။ သူက အမြဲတမ်းသားရဲမျိုးနွယ်၏သစ္စာဖောက်အဖြစ် သတ်မှတ်ခံရတော့မည်။
သို့သော်လည်း ဒီခံစားချက်ကပဲ မိစ္ဆာသားရဲတွေအားလုံးကို အမိဖမ်းပစ်ချင်စိတ်ကို တိုးမြင့်လာစေခဲ့သည်။
အားလုံးသာ သခင်ရဲ့အစေခံတွေဖြစ်သွားကြမည်ဆိုလျှင် ၎င်းကို ဘယ်သူမှ သစ္စာဖောက်လို့ ခေါ်နိုင်ကြတော့မည်မဟုတ်ပေ။ အားလုံး အရှက်မရှိကြတာချင်း အတူတူပဲဖြစ်သွားမည်မဟုတ်လား။
ထို့ကြောင့် ကျန်ရှိသည့်အချိန်များတွင် လုရှောင်ယန်လက်အောက်သို့ သားရဲများကိုသိမ်းသွမ်းဖို့ရန် လိပ်နက်သားရဲသည် ၎င်းကိုယ်တိုင် အကောင်းဆုံးကြိုးစားပေးတော့သည်။
ဒါကြောင့် ညနက်အချိန်တွင် ရှေးဟောင်းတောင်နယ်နိမိတ်ဝန်းကျင်တစ်ခွင်၌ အသံကျယ်ကြီးများ တစ်ခေါက်ပြီးတစ်ခေါက် ပေါ်ထွက်လာခဲ့လေသည်။
“မိတ်ဆွေဟောင်းကြီး၊ တံခါးဖွင့်ပါဦး။ ငါ လိပ်နက်ပါ…”
….
“မိတ်ဆွေဟောင်းကြီး၊ တံခါးဖွင့်ပါဦး။ ငါမင်းအတွက် ကောင်းတာလေးတစ်ခုလာပို့ပေးတာ။”
….
“မိတ်ဆွေဟောင်းကြီး၊ တံခါးဖွင့်ပါဦး။ ငါတကယ်ကို ရည်ရွယ်ချက်ကောင်းနဲ့လာခဲ့တာပါ။ မင်းကိုသေချာပေါက် မထိခိုက်စေရဘူး။”
…..
“မိတ်ဆွေဟောင်းကြီး၊ တံခါးဖွင့်ပါဦး။ မင်းတံခါးမဖွင့်ဘူးဆို၊ ငါ့ကို ရိုင်းတယ်လို့တော့ အပြစ်မတင်နဲ့! ငါနဲ့အတူ သိုင်းဘုရင်အဆင့်သားရဲတွေအများကြီးပါလာတယ်!”
……
“လုပ်ကြစမ်းပါ၊ ညီအစ်ကိုတို့၊ ငါ သုံးအထိရေမယ်၊ ပြီးရင် တောင်ဂိတ်တံခါးကို ငါတို့အတူ တွန်းကြမယ်။ ဟေ့..မင်းတို့… မင်းတို့အစောကတင် သခင့်ရဲ့အစေခံဖြစ်သွားတာ ငါသိတယ်နော်၊ အဲမှာ အရူးလို ရပ်မနေကြနဲ့။ တောင်အနောက်ဘက်ဂိတ်ကိုသွားပြီး ပိတ်ထားကြ။ ဟိုကောင် တောင်အနောက်ဘက်ဂိတ်ကနေ ထွက်ပြေးမသွားစေနဲ့။”
……
“အမည်မဲ့ဂိုဏ်းက သိုင်းဘုရင်အဆင့်၊ သူတော်စင်အဆင့်၊ အကြီးမြတ်ဆုံးအဆင့်၊ ဧကရာဇ်အဆင့်နဲ့ ဘုရင်အဆင့်သားရဲအမျိုးမျိုးကို စုဆောင်းနေတယ်။”
“မင်းမှာ မင်းတောင်မသိတဲ့ရည်မှန်းချက်ရှိနေရင်၊ မင်းမဖြည့်ဆည်းနိုင်ခဲ့တဲ့ လိုအင်ဆန္ဒရှိနေရင် ငါတို့အမည်မဲ့ဂိုဏ်းကိုသာ ဝင်လာခဲ့ပါ။”
“ဝိညာဉ်ကျောက်တုံး၊ အရင်းအမြစ်၊ ငွေကြေး ဘာမှပေးစရာမလိုဘူးနော်… အလကားဝင်လိုက်ရုံပဲ။”
“ငါတို့ဂိုဏ်းကို ဝင်လိုက်တာနဲ့ ဧကရာဇ်တစ်ပါးလို့ ဆက်ဆံခံရမှာ။ နတ်သားရဲဥတွေကို ဆုလာဘ်အဖြစ်ရနိုင်ရုံတင်မကဘူး သိုင်းဘုရင်အဆင့်ဆေးလုံးပေါင်း မြောက်မြားစွာကိုလည်း ရဦးမှာ။”
“မင်းသာ သိုင်းဘုရင်အဆင့်ဆိုရင်၊ ဂိုဏ်းထဲဝင်လိုက်တာနဲ့ နတ်သားရဲဥတစ်လုံး ရမှာနော်။ မင်းက သိုင်းဘုရင်အဆင့်သားရဲမဟုတ်ရင်လည်း မင်းရဲ့ကျင့်ကြံဆင့် မြန်မြန်ဆန်ဆန်တက်လာဖို့ အကူအညီဖြစ်စေမဲ့ ဆေးလုံးတွေရဦးမှာ။”
“ဘာမှစဉ်းစားမနေနဲ့တော့၊ မင်းကိုယ်မင်းပိုတိုးတက်ချင်ရင် အမည်မဲ့ဂိုဏ်းကိုသာ ဝင်လိုက်ကြ!”
….
ဤနည်းဖြင့် လဝက်နီးပါးကြိုးစားပြီးနောက်တွင် လုရှောင်ယန်သည် ရှေးဟောင်းတောင်နယ်နိမိတ်မှ သိုင်းဘုရင်အဆင့်သားရဲ၂၀နီးပါးကို စုဆောင်းသွားနိုင်ခဲ့သည်။
ဒါပေါ့၊ ဒီလောက်ပဲဘယ်ဟုတ်မလဲ။
ထိုသိုင်းဘုရင်အဆင့်သားရဲတိုင်းတွင် မရေမတွက်နိုင်လောက်အောင် များပြားသည့် သူတော်စင်အဆင့်၊ အကြီးမြတ်ဆုံးအဆင့်၊ ဧကရာဇ်အဆင့်နှင့် ဘုရင်အဆင့်လက်အောက်ခံများရှိသေးသည်။
ပြောရရင်တော့ ဤအရေအတွက်သည် ဆုချန်၏နတ်ဘုရားခန်းမထက် ဘယ်လိုမှ မနိမ့်တော့ပေ။
ထိုသားရဲများစွာကို စုဆောင်းပြီးနောက်မှာတော့ လုရှောင်ယန်တစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့လေသည်။
လက်ရှိတွင် ဆုချန်ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သူ့တွင် အခွင့်အရေးရှိသွားပေပြီ။
ဤအချိန်အတွင်း သူ့တပည့်များသည်လည်း တောင်နှင့်မြစ်ပန်းချီထဲတွင် ကြိုးကြိုးစားစားကျင့်ကြံကာ အဆင့်အနည်းငယ်တိုးလာခဲ့ပေပြီ။
အစတုန်းက ကျူးကောကျီချုံသည် ကျူးကောဖေးအာ၏အဆီအနှစ်ကို စုပ်ယူခဲ့တာကြောင့် သူတော်စင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။ အခုချိန်မှာတော့ သိုင်းဘုရင်အဆင့်သွေးဆေးလုံးမှ သွေးအဆီအနှစ်နှင့် နတ်သားရဲဥတို့၏အကူအညီဖြင့် သူတော်စင်အဌမအဆင့်သို့ပင် ရောက်ရှိသွားပြီဖြစ်သည်။
သူမ၏ကျင့်ကြံဆင့် သိုင်းဘုရင်အဆင့်အထိ တိုးလာပြီးနောက်တွင် လုရှောင်ယန်သည် သူမကို နတ်သွေးဆေးလုံးပေးကာ နတ်သွေးအဆီအနှစ်ကို စုပ်ယူခိုင်းမည်ဖြစ်သည်။ ထိုအချိန်တွင် သူမ၏ကျင့်ကြံမှုသည် သေချာပေါက် နှေးကွေးနေတော့မည်မဟုတ်ပေ။
လီချန်းရှန်နှင့်စုန့်ရှင်းနျန်တို့၏ကျင့်ကြံဆင့်မှာ မမြင့်လာခဲ့ပေ။ သူတို့နှစ်ဦးစလုံး သူတော်စင်ပဉ္စမအဆင့်တွင်သာ ရှိကြသေးသည်။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ထံမှ များပြားလှသည့်စွမ်းအင်အဆီအနှစ်များကို မစုပ်ယူခဲ့ကြပေ။ ဒါကြောင့် ကျူးကောကျီချုံထက် များစွာ နိမ့်ကျနေခဲ့သည်။
ဖုန်းထျန်းယွမ်ကတော့ သိပ်မဆိုးပေ။ သူသည် သူတော်စင်ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကျီဝူရှားကတော့ လက်ရှိတွင် ဧကရာဇ်သတ္တမအဆင့်တွင်ရှိနေပေပြီ။
ယွင်လီကောကတော့…
ယွင်လီကော၏ကျင့်ကြံဆင့်ဇယားကို လုရှောင်ယန် ကြည့်မိချိန်တိုင်း ရှယ်ယာဈေးနှုန်းများကို ကြည့်နေရသလိုပင်။ ရှယ်ယာဈေးမြင့်လာသည့်အချိန်ကို မမြင်နိုင်သလောက်ကို ရှိသည်။
သူ့နှလုံးသားက အေးစက်လို့သွားခဲ့သည်။
ကံကောင်းစွာဖြင့် ကျန်တပည့်များ၏ကျင့်ကြံဆင့်သည် မြန်မြန်ဆန်ဆန်တိုးတက်နေခဲ့ကာ လုရှောင်ယန်၏ကျင့်ကြံဆင့်ကိုလည်း ဆက်တိုက်တိုးမြှင့်ပေးနေခဲ့ပေသည်။
အခုဆို သူသည သိုင်းဘုရင်တတိယအဆင့်မှသည် ပဉ္စမအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများအတွက် အဆင့်သေးတစ်ဆင့်ချင်းစီတိုင်း၏ကွာခြားချက်မှာ လွန်စွာကြီးမားလေသည်။
တပည့်တိုင်း၏ကျင့်ကြံဆင့်က ဆက်တိုက်တိုးတက်နေခဲ့ရင်တောင်မှ လုရှောင်ယန်၏ကျင့်ကြံဆင့်သည်တော့ ယခင်တိုးတက်မှုများထက် များစွာနိမ့်ကျနေသေးသည်။
လုရှောင်ယန်သည် သိုင်းဘုရင်အဌမနှင့်နဝမအဆင့်သို့ရောက်ပြီးနောက်တွင် သူနောက်ထပ်အဆင့်တစ်ခုထပ်တက်ဖို့အခွင့်အရေးရရန် နောက်ထပ်သိုင်းဘုရင်ပထမအဆင့်ကျင့်ကြံဆင့်ရှိမည့် တပည့်အနည်းငယ်လိုအပ်မည်ဟု ခန့်မှန်းမိသည်။
သို့သော်လည်း သူတို့တွေ သိုင်းဘုရင်အဆင့်သို့ရောက်ရှိပြီး နတ်သွေးဆေးလုံး၏စွမ်းအားကို တောင့်ခံနိုင်ပြီးလျှင် နတ်သွေးဆေးလုံးလို ဆေးလုံးမျိုးကို စတင်စားသုံးနိုင်ပေတော့မည်။
ဤနည်းဖြင့် သူသည်လည်း ကျင့်ကြံဆင့်များပိုတိုးလာနိုင်ပေသည်။
ထိုအချိန်တွင်ပဲ ဝမ့်ခိုက်သည်လည်း နိုးလာခဲ့သည်….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၈ ငါ့ကိုငွေအကြောင်းလာမပြောနဲ့ စိတ်မဝင်စားဘူး
[သခင်၊ ငါ့ကိုလွမ်းနေရဲ့လား?]
ဝမ့်ခိုက်၏အသံကိုကြားလိုက်ရချိန်တွင် လုရှောင်ယန် ဘယ်လောက်တောင်မှ ပျော်ရွှင်သွားခဲ့ရလဲဆိုတာ ကောင်းကင်ဘုံကသာ သိပေမည်။
ပြီးခဲ့သည့်အချိန်အတော်အတွင်း သူ၏ဟက်စွမ်းရည်သည် သုံးဖို့ရန်မရှိခဲ့။ အခုလိုပြန်ရှိလာသည့်အချိန်မျိုးတွင် အနည်းဆုံးတော့ မရှိသည်ထက် ပိုလုံခြုံမှုပေးနိုင်ပေသည်။
“ထွက်လာခဲ့။”
[ကောင်းပါပြီ၊ သခင်]
ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူ သေးငယ်သည့်ပုံရိပ်လေးတစ်ခုက လုရှောင်ယန်၏အိပ်ရာထက်တွင် တိတ်တဆိတ်ပေါ်ထွက်လာခဲ့သည်။
အဆင့်ထက်မြှင့်ခဲ့သည့်ဝမ့်ခိုက်သည် အသက်၁၂-၁၃နှစ်အရွယ်လောက်ရှိသော ငယ်ရွယ်ကာ လှပသည့်လိုလီမိန်းမငယ်လေးအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
သူမတွင် ဖြူစင်သည့်မျက်နှာ၊ ချောမွေ့သည့်အသားအရေ၊ ကျောက်စိမ်းလို လက်မောင်းသားလေးနှင့် မိုးမခပင်လို သေးသွယ်သည့်ခါးလေးလည်း ရှိသည်။
ဒါပေမဲ့… တချို့နေရာတွေကတော့ ကျိုးကြောင်းဆီလျော်မနေဘူး!
[ဘာလို့လဲ? သခင်၊ ငါ့ရဲ့အသွင်သစ်က အဆင်ပြေရဲ့လား?]
လုရှောင်ယန်က သူ့အိပ်ယာထက်တွင် အမြှီးလေးတစ်ယမ်းယမ်းနှင့်လှဲနေသည့် ဝမ့်ခိုက်ကို ကြည့်လိုက်သည်။ သူခဏတာမျှတိတ်ဆိတ်နေခဲ့သည်။
“စနစ်နဲ့ချိတ်ထားတာကို ဖြတ်ပေး။”
ဝမ့်ခိုက် : [???]
မိန်းမတွေရဲ့ဆွဲဆောင်မှုက ယောက်ျားတွေရဲ့သန်မာရာလမ်းကြောင်းမှာ အတားအဆီးပဲ။ ငါ ဒါကြောင့်နဲ့ လွှမ်းမိုးခံမှာမဟုတ်ဘူး။
ဝမ့်ခိုက်လည်း ချောင်းအသာဟန့်ကာ ခွေးပေါက်လေးပုံစံသို့ ပြန်ပြောင်းလိုက်လေသည်။ သူ့ပုံစံက အရမ်းမငယ်နေတော့ဘဲ ၆-၇လသားအရွယ်ခန့်ဖြစ်သွားပြီဖြစ်သည်။ ပြောရရင်တော့ အရွယ်ရောက်သည့်ခွေးတစ်ကောင် ဖြစ်လုနီးပါးပင်။
[ဒီပုံစံနဲ့ဆိုရင်ရော သခင့်ကိုလွှမ်းမိုးမိသေးလား?]
“ဒီပုံစံက မျက်စိထဲမြင်ရတာ ပိုပြီးအဆင်ပြေတယ်။ နောက်တစ်ခါ မိန်းမလိုပုံစံနဲ့ ငါ့မျက်စိရှေ့ထပ်ပေါ်မလာခဲ့နဲ့။ မင်းသိပါတယ်။ ငါက ငါ့အားနည်းချက်ကို ပြန်ပြီးစိန်ခေါ်ချင်တဲ့သူမဟုတ်ဘူး။”
[နားလည်ပါပြီ]
“ငါ့တပည့်တွေရဲ့တိုးတက်မှုအတွက် လက်ဆောင်အိတ်တွေပေးတော့။”
[ကောင်းပါပြီ၊ လက်ဆောင်အိတ်တွေကို စီစစ်နေပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ၊ သခင်]
လက်ဆောင်အိတ်ဒါဇင်ပေါင်းများစွာကို ရရှိပြီးနောက်မှာတော့ ချက်ချင်းဆိုသလို လုရှောင်ယန်လည်း အိတ်များကို ဖွင့်ကြည့်တော့သည်။
လက်ဆောင်အိတ်ကိုမဖွင့်ခင် ကံကောင်းခြင်းရွှေနဂါးအနည်းငယ်ကိုတော့ စားရပေဦးမည်။
ကံကောင်းခြင်းရွှေနဂါးကင်များကို စားလိုက်လျှင် သူ့ကံကြမ္မာက အလွန်ကောင်းမွန်လာကြောင့် လုရှောင်ယန် သတိထားမိသွားပြီဖြစ်သည်။
ဒါက တချို့လူတွေ တစ်ခုခုကိုမလုပ်ခင် သူတို့ခွန်အားကို တိုးမြှင်ပေးစေနိုင်သည့် ဆေးလုံးနှစ်လုံးလောက်ကို စားလိုက်တာမျိုးနှင့် အလားတူပေသည်။
ကံကောင်းခြင်းရွှေနဂါးကင်များကို စားပြီးသည့်နောက်မှာတော့ လက်ဆောင်အိတ်များကို စတင်ဖွင့်တော့သည်။
နတ်သားရဲဥ x 521
“ကောင်းလိုက်တာ၊ ပထမဆုံးလက်ဆောင်အိတ်အသေးမှာတောင် နတ်သားရဲဥတွေအများကြီး ပေးထားတယ်။ ကြည့်ရတာ ဒီတစ်ခေါက်တော့ လက်ဆောင်အိတ်တွေထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ပါမယ့်ပုံပဲ။”
လုရှောင်ယန် ပြုံးကာ ဒုတိယမြောက်လက်ဆောင်အိတ်ကို ဖွင့်လိုက်သည်။
နတ်တာအိုစစ်မှန်သောရည်ရွယ်ချက် x 521
ဒါလည်း မဆိုးပါဘူး။ နတ်တာအိုစစ်မှန်သောရည်ရွယ်ချက်သည် သူ့ကို နတ်ဘုရားအဆင့်ကျင့်စဉ်တွေအများကြီးရှိလာစေလိမ့်မည်။
ထို့နောက် တတိယမြောက် လက်ဆောင်အိတ်ငယ်။
နတ်တာအိုဝိညာဉ်ကျောက်တုံး x 521
လုရှောင်ယန် မျက်မှောင်ကြုတ်မိသွားတော့သည်။
ပစ္စည်းတွေအားလုံး ၅၂၁ ဖြစ်နေဖို့မလိုဘူးလားလို့?
သေစမ်း၊ ဒီခွေး တစ်ခုခုကို အရိပ်အမြွက်ပြနေတာဖြစ်နေမလား?
ထိုအခိုက်အတန့်တွင်ပဲ လုရှောင်ယန် တစ်စုံတရာကို ဝိုးတဝါးခံစားမိကာ ဆွံ့အသွားတော့သည်။
(၅၂၀ နဲ့ ၅၂၁ နှစ်ခုလုံးက တရုတ်တွင် လို့ မှတ်ယူကြပါတယ်။)
“ဝမ့်ခိုက်”
[လာပါပြီ၊ လာပါပြီ၊ သခင်။ ငါဒီမှာပါ]
“ငါ မင်းကို မနက်ဖြန် ထမင်းတစ်နပ်လောက် ကျွေးချင်လို့။ မင်းအချိန်ရလား?”
[ဒါပေါ့၊ ဒါပေါ့၊ ငါ့မှာ အချိန်ရှိတယ်။ သခင် ဘာစားချင်လဲ?]
“ခွေးကြွတ်ကြွတ်ကြော်။ အဲဒါအရမ်းကောင်းတယ်။ ခွေးသားကို ရွှေရောင်သန်းတဲ့အထိသာကျော်လိုက်ရင်၊ ဘေးဂိုဏ်းက ဂိုဏ်းချုပ်တောင်မှ စားချင်စိတ်တွေပြင်းထန်လာလိမ့်မယ်။”
ဝမ့်ခိုက် : [….]
[နားလည်ပါပြီ၊ သခင်။ ငါသွားနားလိုက်ပါတော့မယ်။]
“ကောင်းတယ်၊ လိမ္မာလိုက်တဲ့ကလေး။”
လုရှောင်ယန်လည်း သူ၏လက်ဆောင်အိတ်များကို ဆက်ဖွင့်လေသည်။
ထိပ်တန်းသိုင်းဘုရင်အဆင့် လက်ဆောင်အိတ် x 1111
အဆင့်မြင့် နတ်လက်နက်လက်ဆောင်အိတ် x 11
နတ်သားရဲဥ x 1111
နတ်သွေးဆေးလုံး x 1111
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး x 1111111
…..
လုရှောင်ယန် ပြုံးလိုက်သည်။ ဒီဂဏန်းတွေကမှ သူ့မျက်စိတ်ထဲ မြင်ရတာ အဆင်ပြေပြေရှိသေးတယ်။
နောက်ဆက်လုပ်ရမှာကတော့ ထိုက်ရွှမ်ပေသို့နှင့် ပြန်လည်မွေးဖွားခြင်းခြောက်ပါးကို ကျင့်ကြံရမည်ဖြစ်သည်။
လုရှောင်ယန်သည် ထိုကျင့်စဉ်နှစ်ခုအား အမြဲလိုလို နတ်ဘုရားအဆင့်သို့ မြှင့်တင်ချင်နေခဲ့ခြင်းဖြစ်သည်။
တစ်ခုသည် ကန့်သတ်ချက်တစ်ခုအတွင်း နေရာလွတ်ကို ထိန်းချုပ်နိုင်ကာ ကျန်တစ်ခုသည်တော့ အချိန်ကို ထိန်းချုပ်နိုင်သည်။
ထိုနှစ်မျိုးကိုသာ ပေါင်းစပ်လိုက်လျှင် တိုက်ပွဲတွင် အတိုင်းထက်အလွန်အသုံးဝင်ပေလိမ့်မည်။
ထိုကျင့်စဉ်ကို သူ့အတွက် အသက်ကယ်နည်းလမ်းအသစ်ဟုပင် သတ်မှတ်နိုင်ပေသည်။
ဤအတိုင်းသာဆို အနာဂတ်တွင် အလျက်တပြတ်တိုက်ပွဲ ဒါမှမဟုတ် ရန်သူ့ပေါ်တွင် တိုက်ရသည့်တိုက်ပွဲဖြစ်လာခဲ့လျှင် အစီအရင်ကြိုတင်မတည်ဆောက်ရခြင်းကြောင့် တိုက်ပွဲစွမ်းအားလျော့နည်းတာကနေပြီး ပြန်ကာမိပေမည်။
တကယ်ကို ပြီးပြည့်စုံတဲ့အစီအစဉ်ပဲ။
…..
တစ်ဖက်တွင်တော့
မဟာချင်အင်ပါယာ၏ နန်းမြို့တော်မှ ကီလိုမီတာပေါင်း ၆သောင်းခန့်အကွာတွင် နတ်ဘုရားခန်းမ၏ အဓိကအခြေစိုက်စခန်းတည်ရှိနေသည်။
အခြေစိုက်စခန်း၏အရွယ်အစားမှာ လွန်စွာကြီးမားကာ ပထမအဆင့်မြို့ကြီးသုံးမြို့ပေါင်းအကျယ်ထက် မနိမ့်ကျပေ။
ကျင့်ကြံသူများအတွက် မြို့တစ်မြို့တည်ဆောက်ရသည်မှာ အသေးအဖွဲကိစ္စမျှသာဖြစ်သည်။
သူတို့တစ်ဦးချင်းစီက ကြီးမားသည့်ကျောက်တုံးကြီးတစ်တုံးကို ပစ်မည်ဆိုလျှင်တောင် ထောင်ပေါင်းများစွာသောလူများအနေနှင့် ကျောက်တုံးကြီးပေါင်းတစ်သောင်းမက ပစ်နိုင်သေးသည်။ ထို့အပြင် ထိုကျောက်တုံးကြီးများ၏အရွယ်အစားမှာ ဘက်စကတ်ဘောကွင်းနှင့်တောင်ယှဉ်၍ရပေသည်။
နတ်ဘုရားခန်းမ၏ကျွမ်းကျင်သူများအတွက် အစီအရင်တည်ဆောက်ရခြင်းမှာလည်း သဘာဝအလျောက် လွယ်ကူသည်။
ထိုအချိန်တွင် ဆုချန်သည် သူ၏ထိပ်တန်းသိုင်းဘုရင်အဆင့်လက်နက်ဖြစ်သော သံမဏိဧကရာဇ်ပလ္လင်ပေါ်တွင် ထိုင်လို့နေသည်။ သူ့ခြေထောက်နှစ်ဖက်ကိုတော့ ချိတ်ထားကာ မဟာချင်အင်ပါယာတည်ရှိယာဘက်သို့ ကြည့်နေခဲ့သည်။
သူ့နောက်တွင်တော့ လှပသည့်မြင့်မြတ်သောမိန်းမပျိုအစေခံများက ဝိုင်းဝိုင်းလည်နေသည်။ တချို့က သူ့ခြေထောက်တွေကို နှိပ်နယ်ပေးနေကာ တချို့ကတော့ သူ့ခြေချောင်းများကို နှိပ်နယ်ပေးနေပြီး တချို့ကတော့ ယပ်ခတ်ပေးနေကြသည်။
ဆုချန်သည် မိန်းမများကို အလွန်အမင်းစွဲလမ်းနေသူပင်။ ယခင်က မိန်းမတစ်ယောက်၏ပစ်ပယ်ခြင်းကို ခံခဲ့ရတာကြောင့်ဖြစ်နိုင်ကာ သူ့တွင် စိတ်ပိုင်းဆိုင်ရာပြဿနာအချို့ရှိနေခဲ့သည်။ သူတစ်ခုခုစားလိုလျှင်တောင်မှ မြင့်မြတ်သောမိန်းမပျိုတစ်ယောက်က သူမပါးစပ်ပေါက်သေးသေးလေးဖြင့် အစာကို ခွင့်ကျွေးဖို့လိုအပ်နေသေးသည်။
လက်ရှိသူ့ကို အလွန်အမင်းအကဲပိုသည်ဟု ရိုးရိုးရှင်းရှင်း မှတ်ချက်ချလို့ပင်ရသည်။
“မဟာချင်အင်ပါယာနဲ့ ငါတို့ ဘယ်လောက်ဝေးလဲ?”
“ခန်းမသခင်၊ ကီလိုမီတာပေါင်း၆သောင်းလိုပါသေးတယ်။ မနက်ဖြန်ဆိုရင်တော့ ရောက်ပါပြီ။”
ဆုချန်က ဝိညာဉ်စွမ်းအားရှိသည့်သစ်သီးတစ်လုံးကို မြိုချလိုက်သည် သူ့နှုတ်ခမ်းစွန်းတို့ ကွေးတက်သွားခဲ့သည်။
“ဒီပျင်းစရာကောင်းတဲ့ စစ်ပွဲက မနက်ဖြန်ဆို အဆုံးသတ်တော့မယ်ပုံပဲ။ မှတ်ထား၊ မဟာကျိုးဧကရာဇ်ကျီဝူရှန်ကို လုံးဝအလွတ်မပေးကြနဲ့။ ငါကိုယ်တိုင် သူ့ကိုအရေခွံခွာပြီး ငါ့ရဲ့ဝံပုလွေစိမ်းမိစ္ဆာသားရဲတွေကို သူ့အရိုးနဲ့အသား ကျွေးချင်တယ်။”
“ဟုတ်ကဲ့ပါ။”
လက်အောက်ငယ်သားက ခဏရပ်လိုက်ပြီးနောက် ချက်ချင်းဆက်ပြောလာသည်။ “ခန်းမသခင်၊ မင်း နည်းနည်းမောက်မာလွန်းမနေဘူးလား? ငါကြားတာတော့ မင်းရဲ့လက်အောက်ငယ်သားတချို့က မင်းအပေါ် သိပ်မကျေနပ်ကြဘူးဆိုပဲ။”
“ဟဟဟဟ…. လောင်လျှို့၊ မင်းမှာ ငါ့လိုမျိုး မကုန်ဆုံးနိုင်တဲ့ဝိညာဉ်ကျောက်တုံးတွေနဲ့ သိုင်းဘုရင်အဆင့်လက်နက်တွေသာ ရှိနေရင် ငါ့ထက်တောင် ပိုပြီးမောက်မာလိမ့်ဦးမယ်။”
လောင်လျှို့တစ်ယောက် ခါးသီးစွာပြုံးရင်း ခေါင်းညိတ်လိုက်သည်။
အမှန်ပါပဲ။ သူ့မှာသာ အသက်၂၀-၃၀လောက်နဲ့ ထိုမျှများပြားသည့် ဝိညာဉ်ကျောက်တုံးများရှိနိုင်လျှင် ဆုချန်ထက်တောင်မှ ပိုလို့မောက်မာပေလိမ့်မည်။
လူတိုင်း ဤအတိုင်းပင်။ သူတို့သာ အတိုင်းအတာတစ်ခုထက်ကျော်လွန်သွားပြီဆိုလျှင် သူတို့စိတ်နှလုံးသားကို ပြန်ထိန်းချုပ်ဖို့ ခက်ခဲသွားပေပြီ။
သို့သော်လည်း သူကမြန်မြန်ပဲ ဆက်ပြောလာသည်။ “ဒါပေမဲ့၊ မကျေနပ်ကြတဲ့ ကျင့်ကြံသူတွေအတွက်ကြတော့ရော?”
ဆုချန်၏အမူအရာမှာ အေးဆေးတည်ငြိမ်နေတုန်းပင်၊
“မကျေနပ်တာလား? မကျေမနပ်ဖြစ်ရဲတဲ့သူရှိရင် တခါတည်း သတ်ပစ်လိုက်။”
လောင်လျှို့၏နှလုံးမှာ တုန်ရီသွားလေသည်။
ဆုချန်က ရူးသွပ်နေမှတော့ သူ့နောက်မှလူတွေမှာလည်း သေချာပေါက် မကောင်းသည့်ရည်ရွယ်ချက်မျိုးရှိသူများ များပေသည်။ ထို့အပြင် ထိုလူများ ဆုချန်၏လက်အောက်ငယ်သားဖြစ်လာရခြင်းမှာ ငွေအတွက်ကြောင့်သာဖြစ်သည်။ သူ့ကို ဘယ်လိုလုပ် လေးစားပေးနေမှာတဲ့လဲ?
သူတို့အတွက် အတွေးများစွာရှိနေသည်မှာ ပုံမှန်သာဖြစ်သည်။
သို့သော်လည်း ဆုချန်ကတော့ ဂရုမစိုက်ပေ။
ဘာပဲဖြစ်ဖြစ် အန္တိမဘော့စ်စနစ်၏ အကာအကွယ်ရှိပေသည်။
စနစ်က သူ့ကို နောက်ကျောဓားနှင့်ပြန်ထိုးမည့် ဝံပုလွေအုပ်မျိုးကို ကျွေးမွေးခွင့်ပေးထားမည်တဲ့လား?
သေချာပေါက် မဟုတ်ဘူးပေါ့။
လက်အောက်ခံအဖြစ်ဝင်လာသူတိုင်း ဆုချန်နှင့် စာချုပ်တွင် လက်မှတ်ရေးထိုးရသည်။
ဒါပေါ့၊ လက်အောက်ငယ်သားတွေဘက်က အမြင်မှာတော့ သူတို့၏သွေးအနှစ်သာရ သို့မဟုတ် စိတ်ဝိညာဉ်ကို ထိန်းချုပ်ခြင်းမခံရသည့်အတွက် သူတို့အားလုံး ဆုချန်ကြောင့်နှင့် ဘေးအန္တရာယ်မဖြစ်နိုင်ဟု ထင်နေကြသည်။
ဒါပေမဲ့ သူတို့အတွေးတွေက အလွန်ရိုးစင်းနေရုံသာဖြစ်သည်။
သူတို့ စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်နှင့် စနစ်ထဲတွင် မှတ်တမ်းဝင်သွားမည်ဖြစ်သည်။
ထိုလူများ မသိခဲ့သည်က တကယ်တမ်း ဆုချန်သာ အလိုရှိလျှင် အချိန်မရွေး သူတို့ကို သတ်ပစ်နိုင်ကြောင်းကိုပင်။
ပုန်ကန်ထကြွမယ်တဲ့လား?
အိပ်မက်သာမက်နေလိုက်။
ထိုအချိန်တွင် စစ်သုံ့ပန်းတစ်စုမှာ ဖိနှိပ်ခံနေရသည်။
ထိုစစ်သုံ့ပန်းအဖွဲ့၏ခေါင်းဆောင်မှာ အလွန်အမင်းလှပသည့် အမျိုးသမီးတစ်ဦးပင်။
သူမကိုမြင်လိုက်ရသည်နှင့် ဆုချန်၏ဘောင်းဘီတစ်နေရာက လှုပ်သွားခဲ့သည်။
သူ့ခြေထောက်နှင့်ခြေဖဝါးတို့ကို နှိပ်နယ်ပေးနေကြသည့် မြင့်မြတ်သောမိန်းမပျိုနှစ်ယောက်ကတော့ သူတို့အားထည့်တာအရမ်းများသွားလားလို့တွေးကာ ထိတ်လန့်သွားကြလေသည်။
သို့သော်လည်း ဘာတွေဖြစ်နေလဲဆိုသည်ကို သူမတို့မြင်လိုက်ချိန်မှာတော့ မျက်နှာများနီရဲကာ ခေါင်းငုံ့သွားကြတော့သည်။
အောက်ဘက်ရှိ ဆုချန်၏လက်အောက်ငယ်သားများက စတင်ပြီး အစီရင်ခံလေသည်။
“ခန်းမသခင်၊ ဒီလူတွေက မဟာချင်အင်ပါယာရဲ့ ပထမတန်းဂိုဏ်း - စဉ့်နန်းတော်က တပ်မှူးတွေပါ။ သူတို့ထဲမှာ စဉ့်နန်းတော်ရဲ့ဂိုဏ်းချုပ် ရှန့်ကွမ်းလျို့လီလဲ ပါ,ပါတယ်။”
“တခြားအကြီးအကဲတွေဖြစ်တဲ့ ကျူးကောရှုံ၊ ဝမ်ချန်း၊ လျို့နန် နဲ့ ဟူရှန်းယွင်တို့လည်း ပါ,ပါတယ်။”
ဆုချန်က စိတ်ဝင်တစားဖြင့် အားလုံးကို လိုက်ကြည့်လိုက်သော်လည်း နောက်ဆုံးမှာတော့ သူ့အကြည့်က ရှန့်ကွမ်းလျို့လီထံသို့ ပြန်လည်ရောက်ရှိသွားသည်။
“ခေါင်းမော့လိုက်။”
ရှန့်ကွမ်းလျို့လီက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ နောက်ဆုံးမှာတော့ သူမခေါင်းကို မော့လာခဲ့သည်။ သူမက တောင်းပန်ခယဟန်မျိုး ဒါမှမဟုတ် မောက်မာဟန်မျိုး လုံးဝမပါဘဲ ဆုချန်၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေသည်။
“ငါ့ကို သတ်လိုက်။”
ထိုစကားလုံးများကို သူမ၏အေးစက်ကာ မာနကြီးသည့်အရှိန်အဝါနှင့်အတူ ထူးမခြားနားဟန်ဖြင့် ပြောလိုက်ပြီးနောက် ဆုချန်၏မျက်လုံးများထဲတွင် အစိမ်းရောင်အလင်းများ တဖျတ်ဖျတ်လက်လာခဲ့သည်။
ဒီလိုမိန်းကလေးမျိုးသည် အနိုင်ယူဖို့ အလွန်ထိုက်တန်သည့်ပုံစံမျိုးပင်။
ဆုချန်၏နှုတ်ခမ်းစွန်းတို့ ခပ်ပါးပါးကော့တက်သွားခဲ့သည်။
“ဒီလိုမိန်းမလှလေးမျိုးကို သတ်ဖြစ်ဖို့ဆိုတာ နှမြောစရာဘဲ။ ငါ့မိန်းမလုပ်လိုက်။ ဒီည ငါ့ကိုလာခစားချည်။”
ရှန့်ကွမ်းလျို့လီ မျက်မှောင်ကြုတ်ကာ အေးစက်စွာပြန်ပြောလိုက်သည်။ “အိပ်မက်,မက်မနေနဲ့။ ဒီအတိုင်းသာ သတ်လိုက်။”
စဉ့်နန်းတော်မှအကြီးအကဲများ အထူးသဖြင့် ဝမ်ချန်းက လှောင်ရယ်လိုက်ကြသည်။ သူက နေရာတွင်ပင် ထေ့ငေါ့ပြောဆိုလာခြင်းပင်။
“ဆုချန်၊ မင်းကိုယ်မင်းဘာလို့ပြန်မကြည့်တာလဲ? မင်းကိုယ်မင်း ငါတို့ဂိုဏ်းချုပ်ကိုလိုက်ဖို့ ထိုက်တန်တယ်များထင်နေလား? ငါတို့ဂိုဏ်းချုပ်က သိုင်းဘုရင်ပထမအဆင့်ရောက်နေပြီ။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ မင်းလိုအရှုံးသမားကို စိတ်ကူးနိုင်မှာလဲ? ရယ်စရာကောင်းလိုက်တာ။”
ဆုချန်၏မျက်လုံးတို့ အနည်းငယ်ကျဉ်းမြောင်းသွားလေသည်။
ဤဝမ်ချန်းဟုခေါ်သည့်အကြီးအကဲသည် ရှန့်ကွမ်းလျို့လီကို စိတ်ဝင်စားနေခြင်းဖြစ်ပေမည်။
အကြောင်းအရင်းတချို့ကြောင့် ဤမြင်ကွင်းသည် သူ့အတိတ်နေ့ရက်တစ်ခုသို့ ပြန်ရောက်သွားစေသလို ခံစားလိုက်ရသည်။
ထိုနေ့က သူ့မိန်းကလေးသည်လည်း ဤနည်းအတိုင်း အလစ်သုတ်ခံခဲ့ရသည်။
သို့ပေမဲ့ နောက်တော့ သူတစ်ဖန်ပြန်ရုန်းထလာနိုင်ရုံတင်မကဘဲ တစ်ဖက်လူကိုလည်း ဝိညာဉ်ပျောက်ကွယ်သည်အထိ သတ်ပစ်နိုင်ခဲ့သည်။
အခုတော့ သူ့ပြန်ခိုးယူရမဲ့အလှည့်ပဲ။ ဆုချန်ကိုကြည့်ရသည်မှာ နားမလည်နိုင်လောက်အောင် စိတ်လှုပ်ရှားနေပုံပင်။
စိတ်ဝင်စားစရာပဲ။
ထိုအမျိုးသမီးကို ဒီညအရယူဖို့ရန် သူဆုံးဖြတ်လိုက်သည်။ ဘယ်သူမှ သူ့ကိုမတားနိုင်ပေ။
“ငါ သူနဲ့ထိုက်တန်မတန်ဆိုတာ မင်းဆုံးဖြတ်ရမဲ့အရာမဟုတ်ဘူး။ သူကမှ အမှန်တကယ်ဆုံးဖြတ်ရမဲ့သူပဲ။”
ခဏလောက်ရပ်လိုက်ပြီးနောက်၊ “ရှန့်ကွမ်းလျို့လီ၊ ငါ့မိန်းကလေးဖြစ်လာပေး။ ငါ မင်းကို လတိုင်း အဆင့်မြင့်ဝိညာဉ်ကျောက်တုံးပေါင်း သန်း၅၀ပေးမယ်။”
ရှန့်ကွမ်းလျို့လီ၏အကြည့်များသည် တည်ငြိမ်နေမြဲပင်။
ဝိညာဉ်ကျောက်တုံးပေါင်း သန်း၅၀သည် အလွန်များသော်လည်း သူမဘဝမှာ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည်တော့မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် စဉ့်နန်းတော်သည်က မဟာချင်အင်ပါယာ၏ ထိပ်တန်းဂိုဏ်းတစ်ခုပင်။
တကယ်တော့ သူမကိုယ်တိုင်ကလည်း သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်သည်။ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး သန်း၅၀လောက်ကို ဘာလို့ဂရုစိုက်နေမှာလဲ?
ထို့အပြင် တဖက်လူသည် ထိုဝိညာဉ်ကျောက်တုံးသန်း၅၀လောက်နှင့် သူမ၏ဂုဏ်သိက္ခာကို ရောင်းစားစေချင်နေသည်။
သေချာပေါက် မဖြစ်နိုင်တဲ့အရာပဲ။
“ငါ့ကိုငွေအကြောင်းလာမပြောနဲ့။ စိတ်မဝင်စားဘူး။ အားကုန်ခံမနေပါနဲ့၊ မြန်မြန်တိုက်ခိုက်ပြီး ငါ့ကိုသတ်လိုက်တော့။”
ဝမ့်ချန်းသည်လည်း ထပ်ပြီး လှောင်ရယ်လာပြန်သည်။
“တွေ့ပြီလား? ဆုချန်၊ ဒါကမှ ငါတို့စဉ့်နန်းတော်ရဲ့ ဂိုဏ်းချုပ်ကွ! သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်! မင်းရဲ့ညစ်ပတ်တဲ့ငွေက အသုံးမဝင်ဘူး!...”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၉ မဟာချင်ကျရှုံးသွားပြီလား?
ဆုချန်သည် လုံးဝဒေါသထွက်မသွားခဲ့ပေ။ ထိုအစား အေးဆေးတည်ငြိမ်သည့်အပြုံးတစ်ခုက ဆက်လက်ရှိနေလေသည်။
ဒါက ရှန့်ကွမ်းလျို့လီ၏ငြင်းဆိုချက်များကို လုံးဝစိတ်ထဲမထားသလိုပင်။
ဒါမှမဟုတ် သူမကိုအပိုင်ရလိမ့်မည်ဟု သေချာနေခြင်းလဲဖြစ်နိုင်သည်။
“မှန်တာပေါ့၊ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးလေး သန်း၅၀လောက်က ဘယ်များပါ့မလဲ။ မင်းလိုမျိုး သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ် ဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းချုပ်လဲဖြစ်တဲ့သူအတွက် သန်း၅၀ဆိုတဲ့ပမာဏက အရမ်း အရမ်းကိုနည်းတာပေါ့။ ဒီလိုဆိုရင်ရော? ငါမင်းကို ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး သန်း၅၀၀ပေးမယ်၊ ပြီးတော့… သိုင်းဘုရင်အဆင့်ချပ်ဝတ်တစ်ခုရော။ ဘယ်လိုလဲ?”
ရှန့်ကွမ်းလျို့လီ၏မျက်လုံးများ လှုပ်ရှားသွားသော်လည်း ဘာမှမပြောလာခဲ့ပေ။
သို့သော်လည်း သူမမျက်လုံးများလှုပ်ရှားသွားမှုသည် ဆုချန်၏အမြင်အာရုံမှ မလွတ်မြောက်ခဲ့ပေ။
တဆက်တည်းလိုပဲ ဆုချန်၏နှုတ်ခမ်းတွင် မြူးထူးသည့်အပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။
တစ်ဖက်လူ၏အကြည့်များကလှုပ်ရှားသွားသ၍ ထိုလူကို သူရရှိဖို့ရန် သိပ်မဝေးတော့ကြောင်း ပြသနေလေသည်။
သူမဘာသာ တသီးတသန့်နေတတ်နေတော့ရော?
သူမရာထူးက မြင့်နေတော့ရော?
သူမကျင့်ကြံဆင့်က အရမ်းအားကောင်းနေတော့ရော?
ငွေတစ်ခုတည်းနဲ့ တစ်ဖက်လူကိုအနိုင်မယူနိုင်ဘူးဆိုရင် တခြားအရင်းအမြစ်တွေကို ထုတ်သုံးရုံပေါ့။
ဤကမ္ဘောပေါ်တွင် ကျင့်ကြံသူများကိုဆွဲဆောင်ဖို့ရန် ပစ္စည်းအနည်းငယ်သာလိုအပ်ပေသည်။
သူတို့ကို ကမ်းလှမ်းဖို့ရန် နည်းလမ်းတစ်ခုကတော့ အမြဲရှိနေဦးမည်ပင်။
ဆုချန်ဆိုသည်က ငွေတစ်ခုတည်း ချမ်းသာနေသူမဟုတ်ပေ။
သူ့ဂိုဏ်းချုပ်က ဆုချန်ကို ဆက်ပြီးလျစ်လျူရှုနေသေးသည်ကို မြင်လိုက်ရသည်နှင့် ဝမ်ချန်း၏နှုတ်ခမ်းမှာ စိတ်လှုပ်ရှားမှုကြောင့် ကော့တက်သွားလေသည်။
“ဆုချန်၊ ခွေးကောင်၊ မင်းမြင်လား? ငါတို့ဂိုဏ်းချုပ်က မင်းရဲ့ညစ်ပတ်တဲ့ငွေကိုရော ပစ္စည်းကိုရော သေချာပေါက် ဂရုမစိုက်ဘူးကွ။ မင်းအတွေးတွေကို အမြန်ဆုံးလက်လျှော့လိုက်တော့! ငါတို့ကို မြန်မြန်သာသတ်လိုက်! ဒါမှ အလှောင်ခံရတာ သက်သာမယ်။ ဟဟဟဟ….”
ဆုချန်ကတော့ သူ့ကိုလျစ်လျူရှုထားတုန်းပင်။ ဒီလိုအသေးအမွှားဇာတ်ကောင်လေးတွေနဲ့ အလုပ်ရှုပ်ခံပြီး စကားမပြောလိုပေ။
ထို့အပြင် ရှန့်ကွမ်းလျို့လီသာ သူ့မိန်းကလေးဖြစ်ဖို့ သဘောတူလိုက်သ၍ သူ့ကိုချက်ချင်းသတ်ပစ်လိုက်မှာပင်။
ထိုအချိန်ကျလျှင် သူ့အပျော်ဆုံးအချိန်ဖြစ်လာပေလိမ့်မည်။
ဒါကြောင့် သူဆက်ပြီးတော့၊ “ရှန်းကွမ်းလျို့လီ၊ မင်း ဒီအတိုင်း သူတို့နဲ့အတူသေလိုက်ချင်တာလား? အဲလိုသာဆို အရမ်းသနားဖို့ကောင်းတယ်လို့ မထင်မိဘူးလား? မင်းက အသက်၂,၀၀၀ပဲရှိသေးတာ အရမ်းငယ်သေးတယ်။ သိုင်းဘုရင်အဆင့်တစ်ယောက်ရဲ့အသက်အရွယ်အရဆို မင်းက အခုချိန်မှာ ငယ်ရွယ်မှုအထွတ်အထိပ်ကိုရောက်နေတာပဲ။ မင်းက သိုင်းဘုရင်အဆင့်ကိုဖြတ်ကျော်ပြီး နတ်ဘုရားအဆင့်ကျွမ်းကျင်သူဖြစ်လာနိုင်ချေ အရမ်းများတယ်။ ဒီနေရာမှာပဲ တကယ်သေပစ်လိုက်ချင်ပြီလား?”
ရှန့်ကွမ်းလျို့လီက သူမမျက်လုံးများကို အသာမှိတ်လိုက်သော်လည်း သူမ၏ဆန္ဒမရှိသည့်မျက်ဝန်းများကို ဆုချန် ဖမ်းမိလိုက်တုန်းပင်။
ဆုချန်က ဆက်လက်ပြီး၊ “ထိပ်တန်းဝိညာဉ်ကျောက်တုံး၅ဘီလီယံ။ သိုင်းဘုရင်အဆင့်လက်နက်နဲ့ နောက်ထပ်သိုင်းဘုရင်အဆင့်ချပ်ဝတ်ကိုပါ ပေးဦးမယ်။ မင်းဆန္ဒရှိမယ်ဆိုရင် ငါမင်းကို လတိုင်း သိုင်းုရင်အဆင့်ဆေးလုံး၃လုံးပါ ပေးဦးမယ်။ ဒါတင်မကဘူး၊ နောက်လာမယ့်သုံးနှစ်အတွင်း မင်းအဆင့်တစ်ဆင့်ဖြတ်ကျော်နိုင်ရမယ်လို့လည်း အာမခံတယ်။”
ရှန့်ကွမ်းလျို့လီ၏ သိမ်မွေ့သည့်ခန္ဓာကိုယ်လေးမှာ သိသာလုနီးနီးတုန်ရီသွားခဲ့သည်။
ဆုချန်ကမ်းလှမ်းလာခဲ့သည့်အခြေအနေများမှာ သူမအတွက် မငြင်းနိုင်လောက်စရာကောင်းနေသည်။
တစ်ဖက်မှာတော့ သေခြင်းနှင့်ဂုဏ်သိက္ခာရှိနေကာ တစ်ဖက်တွင်တော့ ဂုဏ်သိက္ခာကိုစွန့်လွှတ်ဖို့ရှိနေသည်။ သို့သော်လည်း အသက်ဆက်ရှင်ဖို့ရွေးမည်ဆိုလျှင် သူမ၏ခွန်အားတို့ တိုးတက်လာနိုင်ကာ ဝိညာဉ်ကျောက်တုံးများ၊ သိုင်းဘုရင်အဆင့်လက်နက်များနှင့် သိုင်းဘုရင်အဆင့်ဆေးလုံးများကိုလည်း ရနိုင်သည်။
အရေးအကြီးဆုံးအချက်ကတော့ သုံးနှစ်အတွင်း နောက်ထပ်အဆင့်တစ်ဆင့်ကို ချိုးဖြတ်နိုင်မည်ဆိုလျှင် သူမ၏သက်တမ်းသည်လည်း ပိုရှည်သွားမည်ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး၊ ဆေးလုံးနှင့် တခြားသော အရင်းအမြစ်တွေ… ဒါတွေနဲ့သာဆို သူမတကယ်ကို အနာဂတ်တွင် နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားနိုင်သည်။
သူမသာ သေသွားခဲ့လျှင် အခုချိန်ထိ ကြိုးစားခဲ့ရသမျှအားလုံး သဲထဲရေသွန်ဖြစ်သွားပေမည်။
သို့သော်လည်း သူမသာ မသေခဲ့လျှင်တော့ သူမ၏အနာဂတ်မှာ မှန်းဆလို့ပင်မရနိုင်လောက်အောင် မြင့်တက်သွားပေလိမ့်မည်။
နှစ်တစ်သောင်းကြာပြီးနောက်တွင် အရာအားလုံးပြောင်းလဲသွားပေလိမ့်မည်။ ရှန့်ကွမ်းလျို့လီဟုခေါ်သော သိက္ခာရှိသည့်မိန်းမတစ်ယောက်ကို ဘယ်သူကများ မှတ်မိနေဦးမှာလဲ?
သိက္ခာရှိသည့်မိန်းကလေးတစ်ယောက်ဖြစ်ရတဲ့ တကယ့်အကြောင်းအရင်းကဘာလဲ?
သိုင်းလောကကြီးမှာ အသက်ရှင်သန်ပြီး သန်မာလာသည့်လူသည်သာ အောင်မြင်ကျော်ကြားလာနိုင်ပေသည်။
ထို့အပြင် အခုဆို ဆုချန်သည် အလွန်အင်အားကြီးနေသည်။ အနာဂတ်မှာ ဆုချန်သည် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်မလာပါဘူးလို့ ဘယ်သူကများ အာမခံနိုင်လဲ?
ဒဏ္ဍာရီလာတစ်ယောက်၏အမျိုးသမီးတစ်ယောက်အနေနဲ့ ဘာကိုများ ရှက်နေဖို့လိုတော့ဦးမှာလဲ?
ဝမ့်ချန်းကတော့ ထေ့ငေါ့လှောင်ပြောင်နေတုန်းပင်။
“ဆုချန်၊ မင်းသောက်ပါးစပ်ကို ပိတ်ထားလိုက်။ ငါတို့ဂိုဏ်းချုပ်ကိုများ ဘာထင်နေလဲ? သူက မင်းပစ္စည်းတွေကို ဂရုစိုက်မယ်များထင်နေလား? ငါပြောပြီးပြီပဲ။ အဓိပ္ပါယ်မရှိတာတွေ တော်လိုက်တော့။ လက်လျှော့ပြီး မြန်မြန်လေး ငါတို့ကို သတ်လိုက်တော့။”
သို့သော်လည်း သူ့စကားဆုံးရုံရှိသေး ရုတ်တရက်ဆိုသလို သူ့နားထဲသို့ အသံတစ်သံကဝင်ရောက်လာခဲ့သည်။
“ငါ အခုချက်ချင်း ဝိညာဉ်ကျောက်တုံးတွေ၊ သိုင်းဘုရင်အဆင့်လက်နက်တွေနဲ့ သိုင်းဘုရင်အဆင့်ဆေးလုံးတွေ လိုချင်တယ်။”
ထိုအသံကြောင့် ဝမ်ချန်း၏အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားရတော့သည်။
ချက်ချင်းဆိုသလို မယုံကြည်နိုင်ခြင်းများစွာဖြင့် သူ့ဂိုဏ်းချုပ်ကို ကြည့်လိုက်လေသည်။ ဤအမျိုးသမီးသည် အနာဂတ်တွင် သူ့ဇနီးဖြစ်လာမည့်သူဟု အမြဲတမ်းအိပ်မက်မက်နေခဲ့ရသည့်သူပင်။
သူ့နှလုံးသားထဲတွင် သူမသည် အမြဲတမ်း မြင့်မြတ်ဖြူစင်သည့်ငန်းမလေးတစ်ကောင်ဖြစ်နေခဲ့ကာ အေးစက်ကာ လေးစားဖွယ်ကောင်းသော အမျိုးသမီးပင်။
သို့သော်လည်း လက်ရှိအချိန်တွင်တော့ သူမသည် တကယ်ကိုပဲ ငွေအတွက်ကြောင့်နဲ့ လိင်ပိုင်းဆိုင်ရာစည်းမရှိသည့်ယောက်ျားတစ်ယောက်ထံသို့ ဦးညွှတ်လိုက်လေပြီ။
ဒီရိုက်ချက်က အလွန်ပြင်းထန်လွန်းကာ သူ့ကိုလုံးဝကွဲကြေသွားစေတော့မတတ်ပင်။
“ဂိုဏ်းချုပ်၊ မင်းဘာတွေပြောနေတာလဲ? မင်းရူးသွားပြီလား? ဘယ်လိုလုပ် သဘောတူနိုင်လိုက်ရတာလဲ? မရဘူး! သူက…”
“ပါးစပ်ပိတ်ထား။”
ရှန့်ကွမ်းလျို့လီက အေးစက်သောအမူအရာဖြင့် ကြိမ်းမောင်းလိုက်သည်။ “ဝမ်ချန်း၊ ငါဘာပဲလုပ်ချင်လုပ်ချင် မင်းနဲ့မဆိုင်ဘူး။ ကိုယ်ကိစ္စကိုယ်သာ ဂရုစိုက်ပါ။ မဟုတ်လို့ မင်းအပေါ်ရိုင်းမိရင် ငါ့ကိုအပြစ်လာမတင်နဲ့။”
ဝမ်ချန်းတစ်ယောက် လုံးဝဆွံ့အသွားလေတော့သည်။ သူက ရှန့်ကွမ်းလျို့လီကိုသာ သူမကိုတစ်ခါမှမသိခဲ့ဖူးသလိုမျိုး မယုံကြည်နိုင်စွာကြည့်နေခဲ့သည်။
ဆုချန်၏နှုတ်ခမ်းစွန်းက သိသိသာသာကော့တက်သွားသည်။ သူ့လက်ချောင်းကိုတစ်ချက်လှုပ်လိုက်ပြီး ရှန့်ကွမ်းလျို့လီ၏ကိုယ်ပေါ်မှ ထိန်းချုပ်မှုကို ဖယ်ရှားပေးလိုက်ကာ သိုလှောင်အိတ်တစ်လုံး ပစ်ပေးလိုက်သည်။
ရှန့်ကွမ်းလျို့လီကကလည်း ချက်ချင်းပင် သိုလှောင်အိတ်ကို လှမ်းယူလိုက်လေသည်။ သူမ၏နတ်အာရုံဖြင့် သိုလှောင်အိတ်ကိုခြုံငုံကြည့်လိုက်ရာ အထဲတွင်ရှိသည်များကိုမြင်ပြီး အံ့ဩထိတ်လန့်သွားလေသည်။
ဆုချန် မည်မျှရက်ရောတတ်မှန်း သူမအတော်ကြာကတည်းက ကြားဖူးထားခဲ့သော်လည်း…
သို့သော်လည်း ဂတိအတိုင်း တကယ်တမ်းရရှိလာခဲ့ချိန်မှာတော့ သူမ မအံ့ဩမိဘဲ မနေနိုင်ခဲ့ပေ။
အရမ်းများတာပဲ!
သိပ်သည်းလှသည့်ဝိညာဉ်ကျောက်တုံးများသည် တောင်ကြီးတစ်ခုသဖွယ် စုပုံလို့နေသည်!
ဒါ့အပြင် သိုင်းဘုရင်အဆင့်လက်နက်များ၊ သိုင်းဘုရင်အဆင့်ချပ်ဝတ်နှင့် သိုင်းဘုရင်အဆင့်ဆေးလုံးများလည်း ရှိသေးသည်။
သူမလို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတောင်မှ ထိုအရာများကြောင့် စိတ်မလှုပ်ရှားမိဘဲ မနေပေ။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပေါင်းများစွာ သူ့နားမှာဝိုင်းဝိုင်းလည်နေဖို့ ဆန္ဒရှိနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး။
ဒီလိုပစ္စည်းကောင်းတွေအများကြီးနဲ့မှတော့ ဘာလို့များ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူရဲ့ဂုဏ်သိက္ခာဆိုတာ လိုနေတော့ဦးမှာလဲ?
ဂုဏ်သိက္ခာဆိုတာ ဆေးလုံးတွေလို စားလို့ရနိုင်လို့လား?
မဟုတ်ရင် သိုင်းဘုရင်အဆင့်လက်နက်လို အသုံးပြုလို့ရနိုင်လို့လား?
ဒါမှမဟုတ်ရင်လည်း ထိပ်တန်းဝိညာဉ်ကျောက်တုံးတွေအများကြီးနဲ့ လဲလှယ်လို့ရနိုင်လို့လား?
“တွားသွားလာခဲ့။”
ဆုချန်က သူမရှိရာသို့ လက်ချောင်းအသာကွေးကာ ခေါ်လိုက်သည်။
ရှန့်ကွမ်းလျို့လီ အံတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် သူမတကယ်ကိုပဲ ဒူးထောက်ချကာ ခွေးတစ်ကောင်လိုမျိုး ဆုချန်ဆီသို့ တွားသွားခဲ့လေသည်။
ဒါက ထိပ်တန်းဝိညာဉ်ကျောက်တုံး၅ဘီလီယံကြောင့်မဟုတ်သလို သိုင်းဘုရင်အဆင့်လက်နက်တွေနဲ့ သိုင်းဘုရင်အဆင့်ဆေးလုံးတွေကြောင့်လဲ မဟုတ်ပေ။
သူမက ဆုချန်၏မိန်းကလေးဖြစ်ချင်ကာ သူ့မျက်နှာပေးမှုကို ရယူလိုခြင်းဖြစ်သည်။ ဒါမှသာ ဝိညာဉ်ကျောက်တုံးပေါင်းများစွာနှင့် သိုင်းဘုရင်အဆင့်ဆေးလုံးများ ရပေလိမ့်မည်။
အခုတော့ သူမ၏ရည်မှန်းချက်မှာ ပိုပိုကြီးထွားလာခဲ့ပေပြီ။
သူနှစ်သက်ခဲ့ရသည့်အမျိုးသမီးက တစ်စုံတစ်ယောက်၏ရင်ခွင်ထံသို့ ခွေးတစ်ကောင်လို တွားသွားထွက်သွားသည်ကိုမြင်လိုက်ရချိန်မှာတော့ ဝမ်ချန်း တကယ်ကိုကြေကွဲသွားတော့သည်။
“ရှန့်ကွမ်းလျို့လီ! မင်း မိန်းမပျက်မ! တကယ်ကို မိန်းမပျက်ပဲ! မင်းလို မိန်းမပျက်မျိုးကို ငါတကယ်ကြိုက်ခဲ့မိတာ ယုံတောင်မယုံနိုင်တော့ဘူး!”
ဆုချန်၏နှုတ်ခမ်းစွန်းတို့ အသာကွေးတက်သွားကာ အလွန်အမင်းပျော်ရွှင်နေလေသည်။
သူက ပုရွက်ဆိတ်တစ်ကောင်လို ရုန်းကန်နေသည့် ဝမ်ချန်းအား သူ့၏ယခင်အသုံးမကျသည့်ပုံစံကို ပြန်မြင်နေရသလိုမျိုး ကြည့်နေခဲ့သည်။
ဒါပေမဲ့ အခုကစပြီး သူက အဲလိုလူမျိုး မဟုတ်တော့ဘူး။ အခုဆို သူက နတ်ဘုရားခန်းမရဲ့ခန်းမသခင် ဆုချန်ဖြစ်နေပြီ!
အကြွင်းမဲ့နတ်ဘုရားပဲ!
“တခြားအကြီးအကဲတေွ အညံ့ခံချင်ရင် တစ်ယောက်ကို ထိပ်တန်းဝိညာဉ်ကျောက်တုံး ၁၀သန်း၊ သူတော်စင်အဆင့်လက်နက်တစ်ခုနဲ့ သူတော်စင်အဆင့်ချပ်ဝတ်တစ်ခုရမယ်။”
သူထိုစကားပြောလိုက်သည်နှင့် ကျန်အကြီးအကဲများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြတော့သည်။
“ငါတို့ ဆန္ဒရှိပါတယ်!”
“အညံ့ခံပါမယ်!”
ထိုအချိန်တွင် သူတို့ကိုယ်သူတို့ အကြီးမြတ်ဆုံးကျွမ်းကျင်သူတွေ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေဆိုတာ ဘာကိုမှ ဂရုမစိုက်ကြတော့ပေ!
ကြီးမြတ်လှတဲ့သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်တဲ့ ဂိုဏ်းချုပ်ကတော့ ခွေးတစ်ကောင်လို ဒူးထောက်လိုက်ပြီပဲ။ သူတို့မှာ ဒူးမထောက်စရာဘာအကြောင်းများရှိတော့လို့လဲ?
ဒါ့အပြင် ဂိုဏ်းချုပ်ကမှ သူ့ခန္ဓာကိုယ်ကို ဆက်သဖို့လိုသေးတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ဆက်သဖို့မှမလိုတာ။ အရူးပဲ အညံ့ခံဖို့ငြင်းလိမ့်မယ်။
ဝမ်ချန်းမျက်လုံးများမှာ သွေးကြောနီများဖြင့် ပြည့်နှက်လာခဲ့သည်။
“မင်းတို့ သူရဲဘောကြောင်တဲ့ကောင်တွေ။ ထကြစမ်း။ ထကြလို့! မင်းတို့မှာ ကျောရိုးရှိသေးရဲ့လား? လူသားတွေရော ဟုတ်သေးရဲ့လား?”
သူ့စကားဆုံးသွားချင်းပင် ဆုချန်က သူ့ကိုနှစ်ခြမ်းခွဲပစ်လိုက်လေသည်။
“ပါးစပ်ပိတ်ထားစမ်း!”
စုန့်ရှင်းနျန် သူ့ကိုသင်ပေးထားသည့် အတွေ့အကြုံအရ သေးငယ်သည့်ပုရွတ်ဆိတ်လေးနှင့်တွေ့ခဲ့ရလျှင်ပင် တစ်ခါတည်းသတ်ပစ်လိုက်ဖို့ဖြစ်သည်!
ဒါက နောက်ဖြစ်လာမည့်ပြဿနာများကို လျှော့ချပြီးသားဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ရှန့်ကွမ်းလျို့လီသည် ဆုချန်၏ခြေရင်းသို့ တွားသွားရောက်ရှိသွားပေပြီ။
ဆုချန်က သူမမေးကိုပင့်မကာ သူမ၏သိမ်မွေ့ကာလှပသည့်မျက်နှာလေးကိုကြည့်လိုက်ပြီးနောက် သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
“လောင်လျှို့၊ မနက်ဖြန်နေထွက်တဲ့အချိန် ငါက မဟာချင်တော်ဝင်မြို့တော်ကို ‘ဆု’မျိုးရိုးပြောင်းချင်တယ်လို့ ကြေညာလိုက်!”
“ဟုတ်ကဲ့ပါ!”
ထို့နောက် ဆုချန်က ရှန်းကွမ်းလျို့လီကို ကောကမကာ ခန်းမအနောက်သို့ ဝင်သွားလေသည်။
……..
အမည်မဲ့ဂိုဏ်းတွင် လုရှောင်ယန်တစ်ယောက် သူ့ခွန်အားကိုတိုးမြှင့်ဖို့အတွက် ရူးသွပ်စွာ ကျင့်ကြံနေခဲ့သည်။
အခုဆို ထိုက်ရွှမ်ပေသို့နှင့်ပြန်လည်မွေးဖွားခြင်းခြောက်ပါးကို ကျင့်ကြံပြီးသွားပြီဖြစ်ကာ အားလုံးကို စစ်မှန်သောအမြင်အာရုံသုံးပါးထဲသို့ ထည့်သွင်းလိုက်ပြီဖြစ်သည်။
အကြောင်းမှာတော့ စစ်မှန်သောအမြင်အာရုံသုံးပါးသည် သူ့စွမ်းရည်တို့ကို ချက်ချင်းထုတ်လွှတ်ပေးနိုင်ခြင်းကြောင့်ပင်။ ဤနည်းလမ်းဖြင့်ဆိုလျှင် ရန်သူကို ကာကွယ်နိုင်ဖို့အချိန်ပိုပေးခြင်းကနေ ရှောင်၍ရသွားပေမည်။ ဒါ့အပြင် သူ့တိုက်ခိုက်မှုကို တုံ့ပြန်နိုင်မည့် ဖြစ်နိုင်ချေကိုလည်း ကာကွယ်ပြီးသားဖြစ်သွားပေမည်။
သူ့တွင် အလွန်မှော်ဆန်သည့်စွမ်းရည်များစွာရှိသော်လည်း တစ်ဖက်လူတွင် ပုံမှန်မဟုတ်သည့်အထူးစွမ်းရည်တချို့မရှိနေနိုင်ပါဘူးလို့တော့ အာမမခံနိုင်ပေ။
ဂရုစိုက်ထားတာက အကောင်းဆုံးဖြစ်သည်။
ဒါတွေတင်မကဘူး သိုင်းဘုရင်အဆင့်လက်နက်များနှင့် လက်ဆောင်အိတ်များကိုလည်း သူဖွင့်ခဲ့ပေသေးသည်။ ထို့နောက် သူ၏ကျင့်ကြံခြင်းနည်းလမ်းများနှင့် ပစ္စည်းများတိုးပွားလာခဲ့သည်။
ထို့အပြင် သူမကြာသေးခင်က လက်ခံထားခဲ့သည့် သားရဲအစေခံများ၏ကျင့်ကြံဆင့် တိုးလာအောင်လည်း ကူညီပေးခဲ့သေးသည်။
အချိန်တိုလေးအတွင်း သူအလွန်အမင်းအလုပ်များနေကာ စက္ကန့်တိုင်းကြိုးစားလုပ်ကိုင်နေခဲ့သည်။
သူအသက်ရှင်ကျန်နိုင်ဖို့အတွက် အရာရာတိုင်းကို ကြိုတင်လုပ်ဆောင်နေခဲ့သည်!
ဤနည်းဖြင့် တောင်နှင့်မြစ်ပန်းချီကားထဲတွင် ၁၅ရက်ကာ လုပ်ကိုင်ပြီးနောက်မှာတော့ လုရှောင်ယန် ပြန်ထွက်လာခဲ့လေသည်။
ထိုအချိန်တွင် သူ၏ကျင့်ကြံဆင့်မှာ သိုင်းဘုရင် ဆဌမမြောက်အဆင့်သို့ ရောက်ရှိနေခဲ့ပေပြီ။
သူ့လက်အောက်ရှိသားရဲအစေခံများ၏ကျင့်ကြံဆင့်သည်လည်း အားမနည်းပေ။
အစကတော့ သိုင်းဘုရင်အဆင့်သားရဲ အကောင်၂၀ရှိခဲ့သည်။ နောက်တော့ တချို့က နတ်သားရဲဥများစားကာ သိုင်းဘုရင်အဆင့်သို့တက်သွားကြ၍ အခုဆို သိုင်းဘုရင်အဆင့်သားရဲ စုစုပေါင်း ၂၈ကောင် ရှိသွားပေပြီ။
သူတို့ထဲတွင် သိုင်းဘုရင်ပဉ္စအဆင့်၁ကောင်၊ သိုင်းဘုရင် စတုတ္ထအဆင့်၃ကောင်။ သိုင်းဘုရင် တတိယအဆင့် ၆ကောင်၊ သိုင်းဘုရင် ဒုတိယအဆင့် ၈ကောင်နှင့် သိုင်းဘုရင်ပထမအဆင့်၁၀ကောင်တို့ ပါဝင်သည်။
အရေအတွက်ကတင် အတော်လေးအထင်ကြီးစရာကောင်းလို့နေပေပြီ။
ဒါတင်မကသေး၊ သူ့တပည့်များဖြစ်သည့် ရှန်းနျန်၊ ချန်းရှန်နှင့်ကျီချုံတို့အပါအဝင် သူတော်စင်အဆင့်ကျွမ်းကျင်သူပေါင်း၁၀၀ကျော်လည်း ရှိသေးသည်။
အကြီးမြတ်ဆုံးအဆင့်နှင့်ဧကရာဇ်အဆင့်တို့ကိုတော့ ထည့်ပြောနေဖို့တောင် မလိုတော့ပေ။ ဤတိုက်ပွဲတွင် သူတို့၏ခွန်အားမှာ အောက်ခြေမျဉ်းကို ရောက်နေပြီဖြစ်သည်။
အတိအကျတော့ မပြောနိုင်သေးပေ။
ယေဘုယျအားဖြင့်တော့ နတ်ဘုရားခန်းမကို ယဉ်နိုင်သေးသည်။
ဒါပေါ့၊ သူသာ ဒီထက်ပိုပြီး တိုးတက်အောင်လုပ်ခွင့်ရမည်ဆိုလျှင် ပိုတောင်ကောင်းလာနိုင်သေးသည်။
နတ်ဘုရားခန်းမ၏အလံသည် မဟာချင်အင်ပါယာ၏တော်ဝင်နန်းမြို့တော်တွင် လွှင့်တင်ထားပြီးလေပြီ…
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၅၀ ဒီငမိုက်သားကိုကြည့်ပါဦး
“ဘာ? မဟာချင်အင်ပါယာရှုံးသွားပြီ?”
ထိုသတင်းကိုကြားလိုက်ရသည်နှင့် လုရှောင်ယန်တစ်ယောက် ချက်ချင်းဆွံ့အသွားရှာလေသည်။
မဟာချင်အင်ပါယာက ဒီလောက်မြန်မြန်ကြီး ရှုံးသွားခဲ့တာလား?
ဘယ်လောက်များကြာသေးလို့လဲ?
အဲဒါက အရမ်းကိုအင်အားကြီးတဲ့အင်ပါယာကြီးလေ!
မြင်းနက်တွေအကုန်လုံး ဒီလိုအရှက်မဲ့ကြတာပဲလား?
လုရှောင်ယန်၏ခံစားချက်တို့ ဆိုးရွားနေလေသည်။
တကယ်တော့ ဆုချန်အနေနှင့် မဟာချင်အင်ပါယာကို မြန်မြန်ဆန်ဆန် ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ အလွန်ကျိုးကြောင်းသင့်ပေသည်။
ဘာပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်နေစဉ်တလျှောက် သူ့လက်အောက်သို့ သိုင်းပညာရှင်အသစ်များက ဆက်တိုက် ဝင်ရောက်လာနေသည်ပဲမဟုတ်လား။
သူ့လက်အောက်တွင် ကျွမ်းကျင်သူတွေ ပိုများလာလေ သူသည်လည်း ပိုသန်မာလာလေပင်။ ဆန့်ကျင်ဘက်အနေနှင့် မဟာချင်အင်ပါယာ၏ တိုက်ပွဲစွမ်းရည်သည် ကျဆင်းသွားပေသည်။
ဒါကြောင့် မဟာချင်အင်ပါယာ မြန်မြန်ဆန်ဆန်ဖြိုခွင်းခံလိုက်ရသည့် ရလဒ်မျိုး ထွက်လာခဲ့တော့သည်။
ထို့အပြင် ပိုပြီးမမျှော်လင့်ထားစရာကောင်းတာက မဟာချင်အင်ပါယာ၏ဧကရာဇ် ရှုံးနိမ့်သွားခြင်းပင်။
သို့သော်လည်း သေသေချာချာ ပြန်တွေးကြည့်မည်ဆိုလျှင်တော့ နားလည်၍ရသည်။
ပြောရရင် သူသည် မဟာချင်အင်ပါယာ၏ဧကရာဇ်တစ်ပါးဖြစ်နေသည်မဟုတ်လား။ ဆုချန်လိုမျိုး အဓိကဇာတ်လိုရောင်ဝါရှိနေသည့်လူမျိုးနှင့်ယှဉ်လာချိန်မှာတော့ သူသည် ဆိုးသွမ်းသည့်ဗီလိန်ကြီးတစ်ယောက် အလိုအလျောက်ဖြစ်သွားပေသည်။ ဒီတော့ သူသေသွားသည်က သဘာဝကျလှသည်။
သို့သော်လည်း လုရှောင်ယန်အတွက်တော့ သတင်းကောင်း ဟုတ်မနေပေ။
အကြောင်းကတော့ ဆုချန်မှာလောက် သူ့တွင် လူအများကြီးမရှိခြင်းကြောင့်ဖြစ်သည်။
နတ်ဘုရားခန်းမသည် မဟာချင်အင်ပါယာမှနေပြီး သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပေါင်းများစွာ ရခဲ့သည်။ အခုဆို အနည်းဆုံး ဒါဇင်ပေါင်းများစွာ ရှိနေပေတော့မည်။
အခြားအချက်များကို ထည့်သွင်းမစဉ်းစားထားတာတောင်မှ ဤလောက်ဖြစ်နေပေပြီ။ ထို့အပြင် တစ်ဖက်လူတွေက သိုင်းဘုရင်အဆင့်လက်နက်ရော သံချပ်ကာများပါ ရှိနေသေသည်။
ဒါတွေကို ထည့်မတွက်ရင်တောင်မှ တစ်ဖက်လူတွင် သုံးမကုန်နိုင်လောက်မည့် များပြားလှသော ဝိညာဉ်ကျောက်တုံးများလည်း ရှိသေးသည်။
ဆုချန်၏လူအင်အား၊ တိုက်ပွဲခွန်အား၊ ကြွယ်ဝမှုနှင့် တခြားသောအရာပေါင်းများစွာက သူ့ကိုဖိနှိပ်ထားလေသည်။
ဒါကြောင့် သူ့တွင် နောက်ဆုံးသောလမ်းကြောင်းကို လျှောက်ဖို့သာ ရွေးချစရာရှိတော့သည်။
ဒါကြောင့်လည်း ရှေးဟောင်းတောင်နယ်နိမိတ်ကိုသွားကာ မိစ္ဆာသားရဲများစွာကိုရှာဖွေခဲ့ပြီး သူတို့အင်အားတိုးတက်ဖို့ရန် နတ်သားရဲဥများကို ကျွေးမွေးခဲ့ခြင်းဖြစ်သည်။
လုရှောင်ယန်၏အကြံမှာ အလွန်ရိုးရှင်းလှသည်။ ပထမဆုံး ကျွမ်းကျင်သူများရလာအောင် ကျွေးမွေးပျိုးထောင်ပြီး တစ်ဖက်လူကို အရေအတွက်နှင့် ချေဖျက်လိုခြင်းဖြစ်သည်။ ထို့နောက်မှာတော့ မဟာချင်အင်ပါယာဆီသို့သွားကာ ဆုချန်အပါအဝင် နတ်ဘုရားခန်းမမှ ကျွမ်းကျင်သူတိုင်းကို သတ်ပစ်မည်ပင်။
နတ်ဘုရားခန်းမကို အပြီးတိုင်ဖျက်ဆီးပစ်ပေမည်။
ဒါပေါ့ လက်ရှိမှာတော့ သူ့အစီအရင်တွင် ပြဿနာတစ်ခုပေါ်လာခဲ့ပြီ။
အကြောင်းကတော့ ဆုချန်သည် မဟာချင်အင်ပါယာကိုသိမ်းယူလိုက်ပြီးနောက်တွင် ရှေးဟောင်းတောင်နယ်နိမိတ်ကို ဖြတ်လာဖို့ဆိုသည်က သူ့အတွက် အလွန်လွယ်ကူသွားပြီ ဖြစ်တာကြောင့်ပင်။
အရင်တုန်းက ကျီဝူရှန်သည် သူ့ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ကာ ထိုကျီဝူရှန်ကပဲ မဟာချင်အင်ပါယာသို့ သွားရောက်တိုင်တန်းခဲ့သူဖြစ်သည်။
အဓိကဇာတ်လိုက်တစ်ဦးအနေနှင့် သေချာပေါက် ကျီဝူရှန်ကို လာသတ်ပေလိမ့်မည်။
ဒါအပြင် ထိုသို့ဖြစ်လာဖို့ကလည်း သိပ်မကြာလောက်တော့ပေ။
သေချာပေါက် ဒီနေ့ မဟုတ်ရင် မနက်ဖြန်တောင် ဖြစ်လာနိုင်သည်။
ထိုမြင်းနက်များအားလုံးအတွက် သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။ သူတို့အားလုံးသည် အထူးသဖြင့် အလျင်လိုကြကာ ဘယ်တော့မှ မမောနိုင်မပန်းနိုင်ကြပေ။
လီလျှို့ရွှေလိုမျိုး တည်ငြိမ်ကာ သာမာန်ကိုယ်ရည်ကိုယ်သွေးမျိုးရှိသည့် ပုံမှန်ဇာတ်လိုက်မျိုးလည်း ရှိနိုင်ပေသည်။
သို့သော်လည်း ဆုချန်ကတော့ ထိုသို့သောလူမျိုးမဟုတ်ကြောင်း အသိသာကြီးပင်။ သူသည် သူဌေးကြီးတစ်ယောက်ဖြစ်သော မြင်းနက်ဖြစ်တာကြောင့် ချမ်းသာလာပြီးနောက်တွင် သေချာပေါက် ကြွားဝါနေပေလိမ့်မည်။
သူ့လိုလူများသည် တကယ်တော့ ကိုယ့်ကိုယ်ကို လေးစားမှုအလွန်နည်းပါးကြသည်။
ဆိုရိုးအတိုင်းဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလေ ကြွားဝါထုတ်ဖော်ဖို့ ပိုကြိုးစားကြလေပင်။
သူက မဟာချင်အင်ပါယာကို အနိုင်ယူလိုက်ပြီဆိုမှတော့ အနည်းဆုံး ဧကရာဇ်တစ်ပါးတော့ ဖြစ်လာပေပြီ။
လာမည့်ရက်အနည်းငယ်အတွင်း သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ရန်အတွက် မဟာကျိုးကို လာတိုက်ခိုက်မည်မှာ သေချာသည်။
လုရှောင်ယန်ကတော့ မဟာကျိုးနှင့်ကောင်းကင်နတ်ဆိုးဂိုဏ်း ဖျက်ဆီးခံရမည်ကို ကြည့်နေနိုင်မည်မဟုတ်ပေ။
သူ့ညီအစ်ကိုတွေ သူငယ်ချင်းတွေ အများကြီး တစ်ခါတည်းသေကြေကုန်ကြမည်ကို ကြည့်နေနိုင်မယ်တဲ့လား?
သေပြီးကာမှ လက်စားချေပြန်ချေပေးဖို့ရန် တစ်နေရာရာမှာ နှစ်အနည်းငယ် သွားပုန်းနေရမှာလား?
သူသာ အဲလိုလုပ်ခဲ့လျှင် စိတ်နတ်ဆိုးကိုမွေးမြူသလို ဖြစ်သွားနိုင်သည်။
လုရှောင်ယန် ခေါင်းကိုက်နေတုန်းမှာပဲ ရုတ်တရက်ဆိုသလို ဝမ့်ခိုက်၏အသံက ထွက်ပေါ်လာခဲ့သည်။
[ဒင်… တပည့်သစ်တစ်ဦးလက်ခံဖို့ရန် ရှာဖွေတွေ့ရှိပါသည်]
လုရှောင်ယန် မျက်ခုံးပင့်မိသွားသည်။
တစ်ဖက်လူက သူဌေးကြီးလေ။ တပည့်သစ်လေးတစ်ယောက် လက်ခံလိုက်ရုံနဲ့ စားပွဲကိုလှန်ပစ်လို့ ဘယ်လိုလုပ်ရနိုင်မှာလဲ? (အခြေအနေကိုပြောင်းပြန်လှန်)
ဘယ်လောက်တောင် ရယ်ချင်စရာကောင်းလိုက်လဲ!
ဒါပေမဲ့လည်း ထားလိုက်ပါလေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ ဖြေရှင်းဖို့ နည်းလမ်းကောင်းမှ ရှိမနေတာ။ တစ်ချက်လောက် ကြည့်လိုက်တာပေါ့။
ထိုသို့တွေးပြီးသွားသည်နှင့် လုရှောင်ယန် ချက်ချင်းပြန်ပြောလိုက်သည်။ “သူ့ အချက်အလက်တွေ ပြပေး။”
[ကောင်းပါပြီ။ အချက်အလက်များ စီစစ်ပေးနေပါပြီ။]
မကြာလိုက်ပါဘဲ လုရှောင်ယန်၏စိတ်ထဲတွင် တပည့်သစ်၏အချက်အလက်များ ပါဝင်သော စခရင်တစ်ခုပေါ်လာခဲ့သည်။
ကျွင့်ပုကျန်း - ထာဝရသစ်တောရှိ ထိပ်တန်းမိသားစုကြီး၁၀စုတွင် တစ်ခုအပါအဝင်ဖြစ်သော ကျွင့်မိသားစု၏ မြင့်မြတ်သောသားတော်
သိုင်းဘုရင် ပထမအဆင့်
ရှေးခေတ်ကတည်းက ပင်ကိုအရည်အချင်းထူးချွန်ထက်မြက်သူများသည် ကျွင့်မိသားစု၏ ဆက်ခံသူများဖြစ်ခဲ့သည်။
“သေစမ်း၊ သူ့နောက်ခံက တော်တော်လေးကြီးတာပဲ။ ထာဝရသစ်တောရဲ့မြင့်မြတ်သောသားတော်၊ သူ့ရဲ့အဆင့်အတန်းက စုန့်ရှင်းနျန်ထက်တောင်မှ အများကြီးမြင့်သေးတယ်။ စုန့်ရှင်းနျန်ဆိုတာက မဟာချင်အင်ပါယာရဲ့ကျယ်ပြောကောင်းကင်ဂိုဏ်းက မြင့်မြတ်သောသားတော်။ ဒါပေမဲ့ ဒီတစ်ယောက်ကတော့ ဒီလောကမှ အင်အားအကြီးဆုံးဖြစ်တဲ့ ထာဝရသစ်တောကပဲ။”
ခဏလောက်ရပ်လိုက်ပြီးနောက် လုရှောင်ယန်က၊ “ဝမ့်ခိုက်၊ ဝိညာဉ်လမ်းညွှန်လွှတ်လိုက်။”
[စိတ်မကောင်းပါဘူး၊ သခင်။ လက်ရှိအချိန်မှာ သူ့ကို ဝိညာဉ်လမ်းညွှန်နဲ့ ငါမခေါ်ပေးနိုင်ပါဘူး]
“နားလည်ပြီ။ ပြောပါဦး၊ သူက မသန်မစွမ်းလား? သေသွားပြီလား? သူ့ဝိညာဉ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီမဟုတ်လား?”
[မဟုတ်ဘူး၊ သူအဆင်ပြေပါတယ်။ အခုထိ ကျွင့်မိသားစုဝင်တွေ အထင်ကြီးလေးစားကြတဲ့ မြင့်မြတ်သောသားတော်ဖြစ်နေတုန်းပါ။ ပြီးတော့ သူ့ကံကလည်း မဆိုးလှဘူး။ ဒီထက်နည်းနည်းလေးသာ ပိုမြင့်လိုက်ရင် မြင်းနက်လို့တောင် ယူဆလို့ရနေပါပြီ။ ဒီ သူ့ရဲ့ကောင်းလှတဲ့ကံက သူ့ကိုယ်ကိုကာကွယ်ပေးနိုင်တာကြောင့် ဝိညာဉ်လမ်းညွှန်လို စွမ်းရည်မျိုးကို ခုခံနိုင်နေတာကြောင့်ပါ]
လုရှောင်ယန် : “….”
“ဝမ့်ခိုက်၊ မင်း တည့်တည့်သာပြောလိုက်။ ဒီလို သာမာန်ထက်ထူးကဲတဲ့အဆင့်အတန်း၊ ခွန်အားနဲ့ အရည်အချင်းတွေရှိတဲ့ ဘဝရဲ့အထွတ်အထိပ်ကိုရောက်နေတဲ့လူမျိုးကို မင်းက ငါ့ကိုလက်ခံပေးစေချင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?”
[ဒါပေမဲ့၊ ဒီတပည့်က မဟာချင်တိုက်ပွဲမှာ သခင့်ကို လုံလုံလောက်လောက် အကူအညီပေးနိုင်မှာပါ။ သူ့နောက်က ကျွင့်မိသားစုဆိုတာ မဟာချင်အင်ပါယာကို ဖျက်ဆီးဖို့အတွက် လုံလောက်အောင် အင်အားကြီးပါတယ်]
[ဒါပေါ့၊ ဆုချန် မဟာကျိုးကို ရှင်းမပစ်ခင် သခင် ကျွင့်ပုကျန်းကို သိမ်းသွင်းနိုင်ခဲ့ရင်တောင် သိပ်မကောင်းသေးပါဘူး။ ကျွင့်မိသားစုကို အခွင့်အရေးယူဖို့ သခင်အတွက် မဖြစ်နိုင်လောက်သေးဘူး]
[ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ ကျွင့်ပုကျန်းမှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေ အများကြီး ရှိပါသေးတယ်
သူတို့နဲ့လည်း သခင့်ရဲ့ခွန်အားကို တစ်စိတ်တစ်ပိုင်းလောက် တိုးမြှင့်ဖို့ လုံလောက်တယ်]
ဝမ့်ခိုက်၏ရှင်းလင်းချက်များကို နားထောင်ပြီးနောက် လုရှောင်ယန် ဆက်ပြောလာသည်။ “ဒီတော့ သူက အခုဘယ်မှာလဲ?”
[သူ့ရဲ့မြင်းနက်နောက်ကို လိုက်ဖမ်းနေပါတယ်]
လုရှောင်ယန် : “….”
“သေစမ်း၊ ငါတပည့်တွေ စလက်ခံပါပြီဆိုကတည်းက အရိုက်မခံရတဲ့တပည့်တစ်ယောက်တောင် မတွေ့ခဲ့ရဖူးဘူး။ အခုတော့ ကြည့်ပါဦး၊ ဒီကောင်ကတော့ တကယ်ကြီး မြင်းနက်ကို ကိစ္စတုံးဖို့လုပ်နေတာပဲ။ ငါ့ကို နောက်နေတာလား? သူကမှ ဇာတ်လိုက်လား ဒါမှမဟုတ် သူလိုက်ဖမ်းနေတဲ့မြင်းနက်ကမှ ဇာတ်လိုက်လား?”
ထိုအကြောင်းတွေးရင်း လုရှောင်ယန်လည်း အချက်အလက်စခရင်ကိုပြန်ဖွင့်ကာ ဆက်ဖတ်ကြည့်လိုက်သည်။
ဟန်ကျန့်သည် သိုင်းဘုရင်ပထမအဆင့်ဖြစ်ကာ အလွန်အမင်း သတိကြီးသူဖြစ်သည်။ ပုံမှန်အားဖြင့် သတ္တိကြောင်သူလဲဖြစ်သည်။
သူသာ တစ်ဖက်လူကိုအနိုင်ယူနိုင်မည်ဆိုလျှင် သူတို့ကို လတ်စသတ်လိုက်မှာဖြစ်ပြီး မနိုင်,နိုင်ရင်တော့ ထွက်ပြေးမှာပင်။ သူက သူ၏ဂုဏ်သိက္ခာကို ဘယ်တုန်းကမှ ဂရုစိုက်မနေဘဲ ပိုသန်မာလာဖို့သာ လိုချင်သူဖြစ်သည်။
လုရှောင်ယန် : “…”
သေစမ်း၊ ဒီတစ်ယောက်က ဘာသိဘာသာနေတဲ့ဇာတ်လိုက်ပဲ!
ကျွင့်ပုကျန်း၏ရန်သူသည် သေချာပေါက် မရိုးရှင်းမှန်း သူသိလိုက်သည်။
ဟန်ကျန့်သည် သိုင်းဘုရင်ပထမအဆင့်သာရှိသေးသော်လည်း သူ့တွင် လျှို့ဝှက်လှည့်ကွက်များစွာ ရှိနေနိုင်သည်။
ကျွင့်ပုကျန်း မည်မျှပင် အင်အားကြီးနေပါစေ ဟန်ကျန့်ကို သတ်နိုင်လိမ့်ဦးမည်မဟုတ်ဟု ခန့်မှန်းနိုင်သည်။ ဆန့်ကျင်ဘက်အနေနှင့် ဟန်ကျန့်သည် ဘာသိဘာသာစွာနေထိုင်ရင်း တဖြည်းဖြည်းချင်း တိုးတက်လာပေလိမ့်မည်။ ဟန်ကျန့်တစ်ယောက် ကျွင့်ပုကျန်းကို သတ်နိုင်ချိန်တွင်တော့ ကျွင့်ပုကျန်း သေချာပေါက် သေနေ့စေပေမည်။
ထိုအချိန်တွင် ကျွင့်ပုကျန်း ဘယ်လောက်ပဲ အင်အားကြီးနေပါစေ ဟန်ကျန့်၏တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။
ထားပါ၊ ဆုချန်ရဲ့ နတ်ဘုရားခန်းမကို ရှင်းပစ်ဖို့ဆို သူလည်း အမှန်ကို လူတွေအများကြီး လိုအပ်နေသည်။
“အခု ကျွင့်ပုကျန်း ဘယ်မှာလဲ?”
[ကျွင့်ပုကျန်း ဟန်ကျန့်ကိုလိုက်ဖို့ လူတွေအများကြီးကိုဦးဆောင်နေတာ သခင် မသိဘူးလား။ သူ လက်ရှိ မဟာကျိုးအင်ပါယာရဲ့ အရှေ့ဘက်နယ်စပ်က ပင်လယ်မှာရှိနေပါတယ်]
“ငါ့ကို ကိုဩဒိနိတ် ပို့ပေး။”
[ကောင်းပါပြီ၊ သခင့်အတွက် ကိုဩဒိနိတ် ပို့ပေးလိုက်ပါမယ်]
ကိုဩဒိနိတ်ကိုရရှိပြီးနောက်တွင်တော့ လုရှောင်ယန် ကောင်းကင်ဖြိုခွင်းလွန်းကို တိုက်ရိုက်ထုတ်သုံးကာ မဟာကျိုးအင်ပါယာ အရှေ့ဘက်နယ်စပ်ရှိသို့ ပျံသန်းသွားတော့သည်…
***