← Chapters

အခန်း (၈၁၁-၈၁၃)

Vol. 55 Ch. 811-813

အခန်း (၈၁၁-၈၁၃)

Vol. 55 Ch. 811-813

ရှချန်ယွင်က အေးစက်စွာပြုံး၍ ပြောလိုက်သည်။

"ကောင်လေး..မင်းဆိုလိုချင်တဲ့ အဓိပ္ပါယ်က ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နှစ်မျိုးထက် ပိုပြီး နားလည်တယ်ဆိုတဲ့ သဘောလား.."

ကျန်းချန်က ရွှယ်ယန်တောင်ကို နောက်ဆုံးမှ တက်လာသောသူ ဖြစ်သည်။

အကြီးအကဲ ထျန်းရွှယ်၏ အဆိုအရ ဤကဲ့သို့ အခြေအနေတွင် ဤမျှလောက် မြင့်မားသည့်ရမှတ်ကို ရရှိရန် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ မတူညီသော ကိုယ်ခံပညာများ၏ အဓိပ္ပါယ်ကို နားလည်ပြီး အစီအရင်ထဲတွင် စမ်းသပ်မှု အများအပြားကို ဖြတ်သန်းနေရခြင်းကြောင့် ဖြစ်သည်။

ဤကောင်လေးကို မတူညီသော ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များ အပေါ် နားလည်မှုအား စစ်ဆေးကြည့်လိုက်လျှင် အရာအားလုံး အဖြေပေါ်လာလိမ့်မည် မဟုတ်ပါလော။

"အမှန်ပါပဲ.. ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ဖို့က ကျွန်တော့်အတွက် အရမ်းကြီး မခက်ခဲပါဘူး.. ဒီအတွက် အချိန်တွေ အများကြီး အသုံးမပြုခဲ့ပေမဲ့လည်း ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ် နှစ်မျိုး၊ သုံးမျိုးလောက်ကို နားလည်ဖို့က ကျွန်တော့်အတွက် ဘာပြသနာမှမရှိခဲ့ဘူး"

ကျန်းချန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

"........"

ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ နှုတ်ခမ်းထောင့်များသည် မဲ့ရွဲ့သွားကြသည်။

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သည် သာမန် ကျင့်ကြံသူ အများစုအတွက်ပင် နားလည်ဖို့ အလွန်ခက်ခဲ၏။

သို့သော်လည်း သူတို့ ရှေ့မှ ကောင်လေးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရန် မခက်ခဲဟု လေကျယ်၍ ပြောရုံတင်မကဘဲ နှစ်မျိုး၊ သုံးမျိုးလောက်ကို နားလည်ရန် အချိန်အများကြီး မယူခဲ့ရဟု ပြောဆိုနေခဲ့သည်။

ထိုစကားသည် အမှန်တကယ်ပင် ယုတ္တိရှိပါသလော။

"ကောင်လေး.. မင်းက ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို ဒီလောက်တောင် နားလည်တယ် ဆိုမှတော့ ငါတို့ကို သက်သေပြပေးပါ.. ကိုယ်ခံပညာရဲ့ စစ်မှန်သော သုံးမျိုးကို ပြသနိုင်သ၍ မင်းက ကိုယ်ပိုင်အင်အားနဲ့ ၉၉မှတ် ရတယ်ဆိုတာကို ငါတို့ ယုံကြည်ပေးမယ်"

ရှချန်ယွင်က ကျန်းချန်ကို ခနဲ့တဲ့တဲ့ အမူအရာဖြင့် လှမ်းကြည့်ကာ သူ့နံဘေးမှ ရှတုံလဲ့ကို ချက်ချင်း ပြောလိုက်သည်။

"တုံလဲ့.. ဒီ၉၉မှတ်ရတဲ့ ပါရမီရှင်ရဲ့ ထူးခြားတဲ့ လှည့်ကွက်လေးတွေကို သွားပြီး လေ့လာလိုက်စမ်း.."

မကြာသေးခင်ကစပြီး ရှမိသားစု၏ အခြေအနေသည် အနည်းငယ် အခက်အခဲ ရှိခဲ့သည်။

ရှချန်ယွင်က ဤတစ်ခေါက်တွင် ရှတုံလဲ့ကို ခေါ်လာရသည့်အကြောင်းအရင်းမှာ အကြီးအကဲထျန်းရွှယ်ကို ဆရာအဖြစ် တင်မြှောက်စေလိုသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့နည်းဖြင့် ရှမိသားစုသည် အကြီးအကဲ ထျန်းရွှယ်၏ အထောက်အပံ့ကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလား။

အကြီးအကဲထျန်းရွှယ်၏ အထောက်အပံ့သာရလျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းပင် ရှမိသားစုကို မျက်နှာသာ အနည်းငယ်ပေးမည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် ရှချန်ယွင်သည် သူ့ရှေ့မှ ဆံပင်ရှည်နှင့် ကောင်လေး ကျန်းချန်ကို သူ၏ အစီအစဥ်အား ပျက်စီးစေရန် ဘယ်လိုမှ ခွင့်ပြုမည် မဟုတ်ပေ။

သူ့အနေဖြင့် ရှတုံလဲ့ကို ကျန်းချန်နှင့် ယှဥ်ပြိုင်ခိုင်းခြင်းသည် ကျန်းချန်ကို အမြန်ဆုံး အနိုင်ယူစေချင်၍ ဖြစ်သည်။

ကျန်းချန်က ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သုံးမျိုးကို အမှန်တကယ် နားလည်ထားလျှင်ပင် ရှတုံလဲ့က အချိန်တိုအတွင်း ဖြေရှင်းနိုင်သ၍ ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သုံးမျိုးကိုပင် ပြသနိုင်လိမ့်မည် မဟုတ်ပေ။

ရှတုံလဲ့၏ သိုင်းသခင်နယ်ပယ် တစ်ပိုင်း အဆင့် ခွန်အားနှင့် သူတို့ ရှမိသားစု၏ လျှို့ဝှက်နည်းစနစ်များကို အစွမ်းကုန်အသုံးချလိုက်လျှင် သုံးကွက်အတွင်း ကျန်းချန်ကို ဖြေရှင်းရန် မည်သည့် ပြသနာမှမရှိဟု သူယုံကြည်ခဲ့သည်။

ရှတုံလဲ့ကလည်း သူ့အဖေ၏ ဆိုလိုရင်းကို ကောင်းစွာနားလည်၏။

သူက တုံ့ဆိုင်းမနေဘဲ အလည်ဗဟိုရှိ နေရာတစ်ခုကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး ကျန်းချန်ကို စိန်ခေါ်သည့် အမူအရာဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။

"ညီနောင်ကျန်းချန်..ရှေ့ထွက်လာပြီး ငါနဲ့တိုက်ခိုက်ရဲလား.."

"ဒီလောက်တောင် တိုက်ချင်ရင်လည်း တိုက်ကြတာပေ့ါ.."

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

လျှပ်တပြက်အတွင်း သူ၏ပုံရိပ်သည် ရှတုံလဲ့၏ ရှေ့တွင် ပေါ်လာခဲ့၏။

ကျန်းချန်သည် စိန်ခေါ်လာလျှင် နောက်ဆုတ်ရသည်ကိုနှစ်သက်သောသူ မဟုတ်ပေ။

ဤကောင်လေးက တံခါးဝထိ ရောက်လာ၍ စိန်ခေါ်နေသည် ဖြစ်ရာ သူက အဘယ်ကဲ့သို့ ငြင်းဆန်နိုင်ပါအံ့နည်း။

ကျန်းချန်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေသည်ကို မြင်သော်လည်း အကြီးအကဲ ထျန်းရွှယ်သည် မတားဆီးခဲ့ပေ။

အဆုံးသတ်တွင် ဤတစ်ခေါက် ကျန်းချန်၏ စမ်းသပ်မှုရလဒ်သည် အလွန်အံ့သြစရာ ကောင်းလွန်း၍ လူတိုင်း၏ နှလုံးသားထဲတွင် မယုံနိုင်လောက်သော ခံစားချက် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အကြီးအကဲထျန်းရွှယ်လည်း ထိုအချက်ကို သိချင်နေခဲ့၏။

ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ငါးမျိုးကို အမှန်တကယ် နားလည်နေသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး အမှန်တကယ် ဖြစ်နိုင်ပါသလော။

တကယ်သာ ဖြစ်နေခဲ့လျှင် သူသည် ဤတစ်ကြိမ်တွင် ရတနာကို ကောက်ရခြင်းပင် မဟုတ်ပါလား။

အခန်း(၈၁၁)ပြီး၏။

အခန်း(၈၁၂)

"ဒီကောင်လေးနှစ်ယောက်မှာ ဘယ်သူအနိုင်ရမယ်လို့ မင်းထင်လဲ"

"ပြောစရာလိုသေးလို့လား.. ရှတုံလဲ့ရဲ့ အင်အားက သိုင်းသခင်နယ်ပယ် တစ်ပိုင်းအဆင့်ကို ရောက်ရှိနေပြီး ကျန်းချန်ထက်အနည်းငယ် ပိုမြင့်တယ်.. ဒါ့အပြင် ရှမိသားစုမှာ အရမ်းအင်အားကြီးမားတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခု ရှိသေးတယ်.. ကျန်းချန်လို့ခေါ်တဲ့ ကောင်လေးက လုံးဝ ယှဥ်နိုင်မှာမဟုတ်ဘူး"

"ဒါတော့မ သေချာဘူး.. ကျန်းချန်သာ ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို အမှန်တကယ် နားလည်တဲ့ ပါရမီရှင်တစ်ဦးဆိုရင် သူ့ရဲ့ တိုက်ပွဲဝင်စွမ်းရည်ကို ကျင့်ကြံခြင်း အဆင့်နဲ့ တိုင်းတာလို့ မရတော့ဘူး.."

"........"

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ကျန်းချန်တို့နှစ်ယောက်ကိုကြည့်ကာ တီးတိုးဆွေးနွေးနေခဲ့ကြသည်။

အကြီးအကဲထျန်းရွှယ်သည် သူ့ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ မှတ်ချက်ကိုကြားလျှင် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး နံဘေးတွင်ရှိသည့် လုံထျန်းဝူကို လှမ်းကြည့်ကာ ပြုံး၍ မေးလိုက်သည်။

"ထျန်းဝူ.. ကျန်းချန်ဆိုတဲ့ ဒီကောင်လေးက မင်းနဲ့အတူ လာတာ မဟုတ်လား.. သူတို့နှစ်ယောက်မှာ ဘယ်သူအနိုင်ရမယ်လို့ မင်းထင်လဲ"

"မိတ်ဆွေလေးကျန်းချန်ပဲ အနိုင်ရမှာပါ.. ငါ့ရဲ့မိတ်ဆွေလေးနဲ့ယှဥ်ဖို့ဆိုရင် ရှမိသားစုရဲ့ ကောင်လေးက အများကြီး လိုပါသေးတယ်"

လုံထျန်းဝူက ခေါင်းခါရမ်း၍ ရယ်မောကာ ပြောလိုက်သည်။

လုံထျန်းဝူသည် ဤနေရာရှိ မည်သူ့ထက်မဆို ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည် မည်မျှ ကြောက်မက်ဖွယ် ကောင်းမှန်း ကောင်းစွာ သိသည်။

ထိုအချိန်က နဂါးနက် ကုန်သွယ်‌ရေးအဖွဲ့၏ ဌာနချုပ်တွင် ကျန်းချန်သည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် ဓားတစ်ကွက်တည်းနှင့် ဖြေရှင်းခဲ့သည် မဟုတ်ပါလား။

ရှမိသားစုမှ ရှတုံလဲ့သည် အင်အားအနည်းငယ် ရှိသည်မှာ မှန်သော်လည်း သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူနှင့် ယှဥ်၍တော့ မရပေ။

"မင်းက မင်းရဲ့လူကို အမွှန်းတင်နေတာလား.. အခုအချိန်က အနိုင်အရှုံးပြောဖို့ အရမ်းစောပါသေးတယ်"

လုံထျန်းဝူ၏ စကားကိုကြားလျှင် နံဘေးရှိ ရှချန်ယွင်သည် မနေနိုင်တော့ဘဲ အေးစက်စက် ရေရွတ်လိုက်သည်။

"လုံထျန်းဝူ..ဘယ်သူအနိုင်ရမလည်း ဆိုတာ တိုက်ပွဲပြီးရင် မင်းသိလာလိမ့်မယ်.."

"တကယ်လား.. အဲဒါဆိုလည်း စောင့်ကြည့်ရသေးတယ်ပေါ့ မင်းရဲ့သား ခဏနေကျရင် ရုပ်ပျက်ဆင်းပျက် မရှုံးဖို့ ငါမျှော်လင့်ပါတယ်"

လုံထျန်းဝူက မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

ကျန်းချန်ဆိုသည်မှာ မည်သူနည်း။

၎င်းသည် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့် ဖြစ်သည်။

နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီသည် ကျုံးကျိုးကုန်းမြေ၏ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။

နှလုံးလောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီ၏ မျက်စိကျခြင်းကိုပင် ခံရသည့် ကျန်းချန်၏ ပါရမီကို ကြယ်တစ်ပွင့်မိသားစု ဖြစ်သည့် ရှမိသားစု၏ ပါရမီရှင်က မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

"ကျန်းချန်.. မင်းဘယ်လိုလုပ်လိုက်သလဲ ဆိုတာ ငါ အတိအကျမသိပေမဲ့ ရွှယ်ယန်တောင်ရဲ့ အစီအစဥ်စမ်းသပ်မှုမှာ ၉၉မှတ်ရတယ်ဆိုတာကို ငါလုံးဝမယုံဘူး"

ရှတုံလဲ့က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ငါရှတုံလဲ့က ရွှယ်ယန်တောင်ရဲ့ နံပါတ်တစ်ပါရမီရှင် ဆိုတာ မင်းကို သိစေမယ်.."

"မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ.. ဒီနေ့ ငါ့ကို ခြေတစ်လှမ်း နောက်ဆုတ်အောင် လုပ်နိုင်ရင် ငါ့ကိုယ်ငါ အရှုံးလို့သတ်မှတ်ပေးလိုက်မယ်"

ကျန်းချန်က မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီလေ.. နောက်မှ နောင်တမရနဲ့.."

ရှတုံလဲ့၏အမူအရာက အေးစက်သွားခဲ့သည်။

သူက လက်သီးကို ရုတ်တရက်ဆုတ်လိုက်ပြီးနောက် လျှပ်စီးလို တောက်ပနေသည့် ငွေရောင်လက်သီးချက်သည် လေထုကိုဖြတ်သန်းကာ ကျန်းချန်ဆီသို့ ဝင်ရောက် သွားခဲ့သည်။

ကျန်းချန်ကမူ နေရာမှာပင် ငြိမ်သက်စွာ ရပ်နေခဲ့၏။

သူက ရှတုံလဲ့၏ တိုးဝင်လာသော လက်သီးကို တည်ငြိမ်စွာပင် စောင့်ကြည့်နေခဲ့သည်။

မကြာခင်မှာပင် သူက အတွေးတစ်ချက်ဖြင့် လျှပ်စီးဆန္ဒ၏ တတိယအဆင့် ခွန်အားကို ထုတ်ဖော်လိုက်ရာ ငွေရောင် လျှပ်စီး တစ်ခုသည် အလျင်အမြန်ပင် စုစည်းလာပြီး ရှတုံလဲ့၏ လက်သီးခွန်အားကို တိုက်ရိုက်ပင် အပိုင်းပိုင်းချိုးဖျက်ပစ်လိုက်သည်။

"လျှပ်စီးဆန္ဒ တတိယအဆင့်ပါလား.. ဒီကောင်က လျှပ်စီးဆန္ဒရဲ့ တတိယအဆင့်ကို တကယ်နားလည်ထားတာပဲ.."

ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည့် လျှပ်စီးဆန္ဒတတိယအဆင့် ခွန်အားကိုခံစားမိလျှင် ရှတုံလဲ့၏ အမူအရာသည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ထို့အပြင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ပရိသတ်များ၏ မျက်ဝန်းတွင်လည်း အံ့သြသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

သူတို့က ကျန်းချန်အနေဖြင့် လျှပ်စီးဆန္ဒ၏ တတိယအဆင့်ခွန်အားကို ထုတ်ဖော်လိမ့်မည်ဟု ထင်မထားသည်မှာ ထင်ရှားသည်။

ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ဘယ်နှစ်မျိုးကို နားလည်ထားသည်ဖြစ်ပါစေ၊ စွမ်းအင်သိပ်သည်းခြင်း အဆင့်ဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို တတိယအဆင့်ထိ နားလည်ထားခြင်းကပင် ကျုံးကျိုးကုန်းမြေရှိ ပါရမီရှင် အများစုကို ချက်ချင်းပင် အမှိုက်ဖြစ်စေရန် လုံလောက်၏။

အခန်း(၈၁၂)ပြီး၏။

အခန်း(၈၁၃)

ဤသည်က လျှပ်စီးဆန္ဒ၏ တတိယအဆင့်အင်အား ဖြစ်သည်ကို ကျန်းချန်၏လှုပ်ရှားမှုကနေ အားလုံးက မြင်နိုင်ခဲ့သည်။

ကျန်းချန်နှင့် ရင်းနှီးသည့် လုံထျန်းဝူပင် ထိုမြင်ကွင်းကြောင့် အံဩတုန်လှုပ်သွားခဲ့၏။

သူသိထားသလောက် ကျန်းချန်သည် ဓားစိတ်ဆန္ဒကိုလည်း နားလည်ထားပြီး ဓားစိတ်ဆန္ဒတွင် တတိယအဆင့် အလယ်အလတ် နယ်ပယ် ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ယခုအသုံးပြုခဲ့သည် လျှပ်စီးဆန္ဒကိုပါ ထည့်ပေါင်းလိုက်လျှင် ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်နှစ်မျိုးကို နားလည်ထားသည်ဟု ဆိုရမည်။

အံ့ဩစရာ အကောင်းဆုံးအချက်မှာ ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်နှစ်မျိုးတွင် တတိယအဆင့်ထိ ရောက်ရှိနေခြင်းပင်။

အသက်၁၈နှစ်၊ အသက်၁၉နှစ် အရွယ် ကောင်လေးတစ်ယောက်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်နှစ်မျိုးကို နားလည်သည့်အပြင် တတိယအဆင့်ကိုပင် ရောက်ရှိနေခဲ့သည်။

ကျန်းချန်က စကားဖြင့်ပင် ဖော်ပြဖို့ခက်ခဲသည့် မွန်းစတားတစ်ကောင်ဟုပင် ဆိုရမည်။

"လခွမ်း ဒီကောင်လေးက လျှပ်စီးဆန္ဒ တတိယအဆင့်ကို နားလည်ထားတာပဲ"

သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ရှချန်ယွင်၏မျက်နှာက မကောင်းတော့ပေ။

ကိုယ်ခံပညာ၏ စစ်မှန်သော တတိယအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူကို သာမန်သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူအား သတ်ဖြတ်ရန် အတွက် အထောက်အပံ့ လုံလောက်စွာ ပေးနိုင်သည်။

ဤကောင်လေး ပြသခဲ့သည့် လျှပ်စီးဆန္ဒ၏ တတိယအဆင့်အင်အားအရ ရှတုံလဲ့ အနေဖြင့် အနိုင်ယူရန် မလွယ်ကူမည်ကို သူစိုးရိမ်မိ၏။။

"မင်းက လျှပ်စီးဆန္ဒရဲ့ တတိယအဆင့်ကို နားလည်ထားမယ်လို့ မထင်ထားမိဘူး..မင်းဒီလောာက်ထိ မောက်မာနေတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ"

ရှတုံလဲ့က မှင်တက်ရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ထို့နောက်တွင် သူက ကျန်းချန်ကို ပြင်းထန်စွာ စူးစိုက်ကြည့်လိုက်ပြီး ကြုံးဝါးလိုက်သည်။

"မင်းက လျှပ်စီးဆန္ဒရဲ့ တတိယအဆင့်ကို နားလည်ထားရင်တောင် ဒီနေ့ ငါမင်းကို အနိုင်ယူပြမယ်.."

စကားဆုံးသည်နှင့် ရှတုံလဲ့၏ ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်တွင် ရုတ်တရက် စုစည်းလာခဲ့ပြီး အဆုံးသတ်တွင် သူ၏ လက်သီးပေါ်၌ အရှည်ဆယ်ပေရှိသည့် လျှပ်စီးနဂါးကြီးအဖြစ် စုစည်းသွားခဲ့သည်။

"လျှပ်စီးနဂါးလက်သီး.. သေစမ်း.."

ရှတုန်လဲ့၏ မျက်လုံးများက ဓားကဲ့သို့ အေးစက်သွားခဲ့ပြီး ကျန်းချန်ကို လျှပ်စီးနဂါးလက်သီးဖြင့် ဆောင့်ထိုးလိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် လျှပ်စီးနဂါးကြီးသည် သွားများနှင့်ခြေသည်းများကို ဖြဲကား၍ ကျန်းချန်ဆီ အော်ဟစ်ကာ တိုးဝင်လာခဲ့၏။

လျှပ်စီးဆန္ဒ တတိယအဆင့်ကို နားလည်ထားသည့် ကျန်းချန်နှင့် ရင်ဆိုင်နေရသောကြောင့် ရှတုန်လဲ့သည် ရှမိသားစု၏ အင်အားအကြီးဆုံး ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်သည့် လျှပ်စီးနဂါး လက်သီးသိုင်းကို တိုက်ရိုက် ထုတ်ဖော်လိုက်၏။

"ဟားဟား.. လျှပ်စီးဆန္ဒရဲ့ တတိယအဆင့်ကို ငါနားလည်ထားတာတောင် မင်းက ငါ့ရှေ့မှာ လျှပ်စီးဂုဏ်သတ္တိကို သုံးရဲသေးတယ်.. မင်းရဲ့ကျင့်စဥ်က ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်ရင်တောင် ငါ့ရဲ့ရှေ့မှာ အမှိုက်ထက် မပိုဘူး"

ကျန်းချန်က မထီမဲ့မြင်ပြုံး၍ ရေရွတ်လိုက်သည်။

ထို့နောက်တွင် လျှပ်စီးဆန္ဒ တတိယအဆင့်၏ ခွန်အားဖြင့် သူ၏ ခေါင်းပေါ်၌ အရှည်မီတာတစ်ရာ ရှိသည့် လျှပ်စီးနဂါးတစ်ကောင်ကို တိုက်ရိုက်စုဝေးစေခဲ့သည်။

ထိုဧရာမလျှပ်စီးနဂါးကြီးသည် သူ့ထံသို့ တိုးဝင်လာသည့် ရှတုံလဲ့၏ လျှပ်စီးနဂါးကို ဝါးမျိုရန် အတွက် သူ၏ ပါးစပ်ကိုဖွင့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဧရာမလျှပ်စီးနဂါးသည် သူ့ထံသို့တိုးဝင်လာသည့် လျှပ်စီးနဂါး၏ ဦးခေါင်းကို မျိုချလိုက်ပြီး အမြှီးကို လှုပ်ခါ၍ ထိုလျှပ်စီးနဂါး၏ ခန္ဓာကိုယ်ကို ဆောင့်

ရိုက်လိုက်သည်။

"ဝုန်း.."

အပြင်ဘက်တွင် ကျန်ရှိခဲ့သည့် လျှပ်စီးနဂါး၏ ခန္ဓာကိုယ်တစ်ဝက်သည် ဧရာမလျှပ်စီးနဂါး၏ အမြှီးရိုက်ချက်ဖြင့် ဝုန်းခနဲ ပေါက်ကွဲထွက်သွားပြီး လေထဲတွင် လျှပ်စီး အလင်းစများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

ထိုသို့ လျှပ်စီးနဂါး ပျောက်ကွယ်သွားသော အချိန်မှာပင် ရှတုံလဲ့၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

ထိုအချိန်တွင် သူသည် ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို လှမ်းကြည့်ကာ အလွန်တစ်ရာ ကြောက်လန့်နေခဲ့၏။

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် တတိယအဆင့်က အလွန်အင်အားကြီးမှန်း ရှတုံလဲ့ သိသော်လည်း ကျန်းချန်၏ လျှပ်စီးဆန္ဒ ခွန်အားသည် ဤမျှလောက်အင်အားကြီးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူက သိုင်းသခင် နယ်ပယ်တစ်ပိုင်း အဆင့်အင်အားဖြင့် ကောင်းကင်ကျင့်စဥ်ကိုပါ ထုတ်သုံးခဲ့သော်လည်း ကျန်းချန်သည် သူ့ကို အလွယ်တကူပင် အနိုင်ယူခဲ့သည်။

ရှတုန်လဲ့က စိတ်ထဲတွင် ကြောက်လန့်နေသော အချိန်တွင် ကျန်းချန်၏ ခနဲ့တဲ့တဲ့ ရယ်သံသည် သူ၏ နားထဲသို့ ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။

"ရှတုန်လဲ့.. မင်းက အရမ်းအားနည်းတာပဲ.. မင်းက ဒီလောက်ပဲဆိုရင်တော့ ငါ့ရဲ့ ဒုတိယမြောက် ကိုယ်ခံပညာရဲ့ စစ်မှန်သောအဓိပ္ပါယ်ကို ထုတ်သုံးဖို့ အရည်အချင်း မရှိမှာကို ငါစိုးရိမ်မိတယ်.."

အခန်း(၈၁၃)ပြီး၏။

All Chapters