← Chapters

အခန်း (၈၁၇-၈၁၉)

Vol. 55 Ch. 817-819

အခန်း (၈၁၇-၈၁၉)

Vol. 55 Ch. 817-819

ငွေရောင်လျှပ်စီးလက်ဝါးကြီးက ရှတုံလဲ့၏ အရှေ့ရှိ လေထုထဲတွင် ပေါ်လာပြီး အလွန်စွမ်းအားကြီးမားသော အင်အားကိုသယ်ဆောင်ကာ ကျန်းချန် ဆီသို့ဦးတည်သွားခဲ့သည်။

"ဒါက အသက်ကယ် ကျောက်စိမ်းတံဆိပ်ပြားပဲ.. ရှတုံလဲ့က အရမ်းယုတ်မာတာပဲ..သူက အသက်ကယ် တံဆိပ်ပြားရဲ့ စွမ်းအားကို ထုတ်သုံးခဲ့တယ်.."

ရှတုံလဲ့၏ လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ရှတုံလဲ့ကို အထင်အမြင်သေးသော အမူအရာဖြင့် ကြည့်ရှုနေခဲ့ကြသည်။

ဤကောင်လေးက သိုင်းသခင်နယ်ပယ်တစ်ပိုင်း အဆင့်ကျင့်ကြံသူ ဖြစ်သော်လည်း စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကောင်လေးကို ရင်ဆိုင်ရာတွင် အသက်ကယ် ကျောက်စိမ်း တံဆိပ်ပြားကို အသုံးပြုခဲ့သည်။

အသက်ကယ် ကျောက်စိမ်းတံဆိပ်ပြားသည် ကျုံးကျိုးကုန်းမြေတွင် အင်အားကြီးမားသော ကျင့်ကြံသူများက ၎င်းတို့၏ ထူးချွန်သော တပည့်များအတွက် ပံ့ပိုးပေးထားသည့် အသက်ကယ် တံဆိပ်ပြား ဖြစ်သည်။

ဥပမာအားဖြင့် ရှတုန်လဲ့ ထုတ်သုံးခဲ့သည် အသက်ကယ်တံဆိပ်ပြားသည် လက်ဝါးအင်အား တစ်ခုကို စည်းတံဆိပ် ခတ်ထားသော တံဆိပ်ပြားတစ်ခု ဖြစ်ပြီး ထိုတံဆိပ်ပြား၏ အင်အားသည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုထက် မနိမ့်ကျပေ။

"ရှချန်ယွင်.. မင်းရဲ့သားက အသက်ကယ် တံဆိပ်ပြားကိုတောင် အသုံးပြုခဲ့တယ်.. တကယ်ကို ယုတ်မာတဲ့ကောင်ပဲ.. ဒီနေ့ မင်းရဲ့သားက မိတ်ဆွေလေး ကျန်းချန်ရဲ့ ဆံပင်တစ်ပင်ကို ထိခိုက်ခဲ့ရင်တောင် ငါလုံထျန်းဝူကို ယဉ်ကျေးမှု မရှိဘူးလို့ အပြစ်မတင်နဲ့.."

လုံထျန်းဝူက ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

ဤတစ်ကြိမ် ရှတုန်လဲ့၏ လုပ်ရပ်သည် သူလုံးဝ မမျှော်လင့်ထားသော လုပ်ရပ် ဖြစ်သည်။

ထို့ကြောင့် သူအနေဖြင့် တားဆီးဖို့ အချိန်မရလိုက်ဘဲ ငွေရောင်လျှပ်စီး လက်ဝါးသည် ကျန်းချန်ဆီသို့ ပြင်းထန်စွာ သက်ရောက်လာခဲ့၏။

လုံထျန်းဝူက ရှချန်ယွင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် လူသတ်ငွေ့များ ဖုံးလွှမ်းသွားခဲ့သည်။

ထို့အပြင် အဓိကနေရာတွင် ထိုင်နေကြသည့် အကြီးအကဲထျန်းရွှယ်နှင့် သူ့နံဘေးရှိ ယွင်ဖိုရှန် တို့သည်လည်း ရှချန်ယွင်ကို ဒေါသထွက်သော အမူအရာများဖြင့် စိုက်ကြည့်လိုက်ကြသည်။

ကျန်းချန် ဆိုသည်မှာ သူတို့၏အမြင်တွင် အင်ပါယာအဆင့်ပါရမီရှင်ကိုပင် ကျော်လွန်နေသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဤကဲ့သို့သော လူမျိုးသည် ကျုံးကျိုးကုန်းမြေ တစ်ခုလုံးမှာပင် လက်တစ်ဆုပ်စာသာ ရှိ၏။

အကြီးအကဲထျန်းရွှယ် နှင့် ယွင်ဖိုရှန်းတို့သည် ကျန်းချန်ကို သူတို့၏ တပည့်အဖြစ်ပင် ကြိတ်၍ သတ်မှတ်ထားခဲ့ကြသည်။

ယခု သူတို့၏ ပါရမီရှင်တပည့်ကို ရှတုန်လဲ့က ဤကဲ့သို့ ယုတ်မာသော နည်းလမ်းဖြင့် တိုက်ခိုက်နေသည် ဖြစ်ရာ သူတို့အဘယ်ကဲ့သို့ ဒေါသမထွက်ပဲ နေနိုင်ပါမည်နည်း။

"ငါ့.. ငါ့ရဲ့သားက အသက်ကယ် တံဆိပ်ပြားကို အသုံးပြုလိုက်လိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး.."

နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူသုံးယောက်၏ အရှိန်အဝါ ဖိအားကို ရင်ဆိုင်ရလျှင် ရှချန်ယွင်၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။

ဤအချိန်တွင် ရှချန်ယွင်သည် ရှတုံလဲ့ကို ခွင့်ပြုချက်ပေးမိသည်ကိုပင် နောင်တရနေခဲ့ပြီ ဖြစ်သည်။

ကျန်းချန်သာ အမှန်တကယ် တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် ယနေ့တွင် သူတို့သားအဖ နှစ်ယောက်သည် ရွှယ်ယန်တောင်ကနေ ထွက်သွားဖို့ ခက်ခဲမည်ကိုပင် သူစိုးရိမ်နေမိ၏။

အခန့်မသင့်လျှင် ထိုကိစ္စ၏ ဂယက်ကြောင့် ရှမိသားစု တစ်ခုလုံးပင် ဒုက္ခရောက်သွားနိုင်ပေသည်။

"တိမ်တိုက်ဝါးမျို နည်းစနစ်.. နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်ရဲ့ သွေးစွမ်းအား.."

ကျောက်စိမ်းတံဆိပ်ပြားတွင် စည်းတံဆိပ် ခတ်ထားသည့် လက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် သူ၏ အင်အားကို ချက်ချင်းဆိုသလို အဆုံးစွန်ထိ မြှင့်တင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက ကောင်းကင်ခုတ်ပိုင်း ဓားသိုင်းကို ဓားဆန္ဒ တတိယအဆင့်ခွန်အားနှင့် ပေါင်းစပ်ကာ ထုတ်သုံးလိုက်သည်။

ဤသို့ဖြင့် ကြောက်မက်ဖွယ်ကောင်းသော အင်အားနှစ်ခုသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားပြီး ဓားချင်း ထိခတ်သံများသည် ပဲ့တင်ထပ်သွားခဲ့သည်။

နဂါးမီးတောက် ခန္ဓာကိုယ်၏ သွေးစွမ်းအားနှင့် ဘုရင်အဆင့်လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်သည့် အခါတွင် ကျန်းချန်၏ ဓားအင်အားသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်ထိ တဟုန်ထိုး တိုးတက်သွားခဲ့သည်။

သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သည့် ‌ငွေရောင်လျှပ်စီး လက်ဝါးကို ရင်ဆိုင်လိုက်ရသည့်အခိုက်မှာပင် ကျန်းချန်သည် အသာစီးရနေခဲ့၏။

အဆုံးသတ်တွင် ငွေရောင်လျှပ်စီးလက်ဝါးသည် ကျန်းချန်၏ ဓားအင်အားကို မခုခံနိုင်တော့ဘဲ တိုက်ရိုက်ပင် နှစ်ပိုင်းခွဲခံလိုက်ရသည်။

"မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါမင်းးဆန္ဒကိုဖြည့်ဆည်ပေးမယ်.."

ကျန်းချန်က ရှတုံလဲ့ကို မထီမဲ့မြင် အမူအရာဖြင့် စူးစိုက်၍ ကြည့်လိုက်သည်။

ထို့နောက်တွင် ဓားဆန္ဒ တတိယအဆင့်၏ ကြောက်မက်ဖွင်အင်အားသည် ရှတုံလဲ့၏ ရှေ့တွင် တိုက်ရိုက် ပေါက်ကွဲထွက်လာခဲ့ပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရှတုန်လဲ့၏ လည်ချောင်းကို တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။

အခန်း(၈၁၇)ပြီး၏။

အခန်း(၈၁၈)

တတိယအဆင့် ဓားစိတ်ဆန္ဒကို အသုံးပြု၍ ကျန်းချန်၏ တိုက်ခိုက်မှုသည် ရှတုန်လဲ့ကို တုန့်ပြန်ရန်ပင် အခွင့်အရေးမ‌ပေးခဲ့ပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထက်ရှသော ဓားစိတ်ဆန္ဒသည် ရှတုံလဲ့၏ လည်ချောင်းနှင့် သုံးပေအောက် အကွာသို့ ရောက်လာခဲ့သည်။

"မသတ်ပါနဲ့.."

ကျန်းချန်၏ တတိယအဆင့် ဓားစိတ်ဆန္ဒ ဖိအားအောက်တွင် ရှတုန်လဲ့၏ လှုပ်ရှားမှုများသည် ထိုအချိန်တွင် ထိန်းချုပ်ခံလိုက်ရပြီ ဖြစ်သည်။

သူ့အနေဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဘဲ ကျန်းချန်၏ ဓားက သူ၏လည်ချောင်းကို တန်းတန်းမတ်မတ် တိုးဝင်သွားသည်အား ကြည့်နေရုံမျှသာ တတ်နိုင်ခဲ့သည်။

ထိုအချိန်တွင် ကြောက်ရွံ့သော ခံစားချက်သည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအထိ ပျံ့နှံ့သွားခဲ့သည်။

ရှတုံလဲ့က အကာအကွယ် ကျောက်စိမ်းတံဆိပ်ပြား၏ အင်အားကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်၏ အနိုင်ယူခြင်းအား ခံလိုက်ရသည်ကို မြင်လျှင် ရှချန်ယွင်က မှင်တက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ပုံရိပ်သည် မသဲမကွဲ အရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ တိုက်ခိုက်မှုကို တားဆီးရန် ပြေးဝင်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ရှတုံလဲ့သည် သူ၏ တစ်ဦးတည်းသောသား ဖြစ်၍ ကျန်းချန်၏ လက်ထဲတွင် ယခုကဲ့သို့ သေဆုံးသွားမည်ကို သူ မကြည့်နိုင်ခဲ့ပေ။

သို့သော်လည်း ခြေလှမ်းအနည်းငယ်မျှ လှမ်းရသေးသော အချိန်မှာပင် လုံထျန်းဝူသည် ရုတ်တရက် တည်နေရာ ရွှေ့ပြောင်းသွားသကဲ့သို့ သူ၏‌ ရှေ့တွင် တိုက်ရိုက်‌ ပေါ်လာခဲ့သည်။

ထို့နောက်တွင် လုံထျန်းဝူသည် ရှချန်ယွင်ကို အသာအယာ လှမ်းကြည့်ကာ ပြောလိုက်၏။

"ရှချန်ယွင်.. ကလေးတွေရဲ့တိုက်ပွဲမှာ မင်း ဝင်စွက်ဖက်စရာ ဘာအကြောင်းမှ မရှိဘူး..မင်းရဲ့သား ဒီလိုမျိုး အဆုံးသတ်တာက သူ့ရဲ့ ယုတ်မာတဲ့ အကျင့်စရိုက်ကြောင့်ပဲ.. မင်းတကယ်တိုက်ခိုက်ချင်တယ် ဆိုရင် ငါမင်းနဲ့ ကစားပေးမယ်"

သူ့ရှေ့မှာရပ်ကာ ဟန့်တားနေသည့် လုံထျန်းဝူကို ကြည့်ရင်း ရှချန်ယွင်၏ အမူအရာသည် အကြည့်ရဆိုးသွားခဲ့သည်။

ဤကဲ့သို့ လုံထျန်းဝူက သူ့ကို ပိတ်ဆို့ထားသော အချိန်တွင် ကျန်းချန်၏ တတိယအဆင့်ဓားဆန္ဒ ပါဝင်နေသည့် တိုက်ခိုက်မှုသည် ရှတုံလဲ့၏ လည်ချောင်းကို တိုက်ရိုက်ပင် ဖြတ်သန်းသွားခဲ့၏။

နောက်ထပ် တခဏတွင် ရှတုံလဲ့၏ လည်ပင်းကနေ နီဆွေးသော သွေးများသည် ပန်းထွက်လာခဲ့ပြီး ရှတုန်လဲ့၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ တအိအိ လဲကျသွားခဲ့သည်။

"တုံလဲ့"

ရှချန်ယွင်၏ မျက်လုံးများက ဤအချိန်တွင် ပြူးထွက်မတတ်ဖြစ်နေခဲ့ပြီး ကျန်းချန်ကို လှမ်းကြည့်နေသည့် သူ၏ မျက်ဝန်းထဲတွင် မီးထတောက်လုမတတ် ဖြစ်နေခဲ့သည်။

လက်ရှိအချိန်တွင် စိတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် လုံထျန်းဝူသည် သူ၏ ရှေ့တွင် ရပ်နေခဲ့ပြီး ကျန်းချန်ကိုကာကွယ်ထားသဖြင့် ရှချန်ယွင်သည် သူ၏ စိတ်နှလုံးထဲမှ ဒေါသကို အတင်းအကြပ် ထိန်းချုပ်ထားလိုက်ရသည်။

သူသာ ယခုအချိန်တွင် ကျန်းချန်ကို ဒုက္ခပေးခဲ့လျှင် နောက်ဆုံးရလဒ်သည် ဤနတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူ လုံထျန်းဝူ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကိုသာ ခံရလိမ့်မည် မဟုတ်ပါလော။

"ဝိုး.. ရှတုံလဲ့က အသက်ကယ် တံဆိပ်ပြားကို အသုံးပြုခဲ့တာတောင် ကျန်းချန်ရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတယ်ဟ..ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ မွန်းစတားက ဘယ်ကနေ ထွက်ပေါ်လာတာများလဲ.."

"........"

သူတို့ရှေ့မှ တုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူအများစုသည် အချိန်အတော်ကြာ မှင်တက်နေခဲ့ကြသည်။

ကျန်းချန်ကို လှမ်းကြည့်နေသည့် သူတို့၏ အကြည့်ထဲတွင် မယုံကြည်နိုင်လောက်သည့် အံ့သြသော အရိပ်အယောင်တစ်ခု ရှိနေခဲ့၏။

ရှတုံလဲ့၏ အသက်ကယ် ကျောက်စိမ်းတံဆိပ်ပြားကိုလှုံ့ဆော်၍ တိုက်ခိုက်မှုအင်အားသည် သိုင်းသခင်နယ်ပယ်စတုတ္ထအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုနှင့် ညီမျှ၏။

သို့ဆိုလျှင် သူတို့ရှေ့မှ ကောင်လေးသည် သိုင်းသခင်နယ်ပယ်စတုတ္ထအဆင့်၏ ခွန်အားကို စွမ်းအင်သိပ်သည်းခြင်းအဆင့်ဖြင့် ပိုင်ဆိုင်ထားသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

ထိုကဲ့သို့သော ပါရမီကို စကားလုံးဖြင့်ပင် ဖော်ပြရန်ခက်ခဲသည်။

"ဒါ.. ဒါက တိမ်တိုက်ဝါးမျို နည်းစနစ်ပဲ.. ကောင်လေး.. မင်းက ဘယ်လိုလုပ်ပြီး ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ တိမ်တိုက်ဝါးမျို နည်း စနစ်ကိုတတ်မြောက်ထားရတာာလဲ"

လူတိုင်းက အံ့သြမှင်တက်နေသော အချိန်မှာပင် ယွင်ဖိုရှန်သည် ရုတ်တရက် ထိုင်ရာကနေ ထရပ်လိုက်သည်။

သူက ကျန်းချန်ကို အနီးကပ် စူးစိုက်၍ ကြည့်လိုက်သည်။

သူ့ထံမှ မယုံကြည်နိုင်လောက်သည့် ရေရွတ်သံတစ်ခုသည် ရွှယ်ယန် တောင်ထိပ်ပေါ်တွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။

"ဒါက ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ တိမ်တိုက်ဝါးမျိုနည်းစနစ်ပဲ.."

ယွင်ဖိုရှန်၏ ရေရွတ်သံကိုကြားလျှင် ကျန်းချန်ကလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

စန်းဟိုင်ကျွန်းတွင် သူတွေ့ခဲ့သည့် ယွင်ကျိရန်သည် ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းဝင်တစ်ဦး ဖြစ်နိုင်ပါသလော။

ကျန်းချန်က သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်။

ယနေ့တွင် တိမ်တိုက်ဝါးမျို နည်းစနစ်၏ ဇစ်မြစ်ကို ရှင်းလင်းစွာ မပြောပြနိုင်လျှင် သူ့အနေဖြင့် အခက်အခဲ တွေ့လိမ်မည်ကို စိုးရိမ်နေမိသည်။

အခန်း(၈၁၈)ပြီး၏၊

အခန်း(၈၁၉)

"ဒီကောင်လေးက တိမ်တိုက်ဝါးမျို နည်းစနစ်ကို တကယ်ကို တတ်မြောက်ထားတာပဲ"

အကြီးအကဲ ထျန်းရွှယ်က ကျန်းချန်ကို လှမ်းကြည့်နေရင်း သူ၏အိုမင်းသော မျက်ဝန်းထဲတွင် အံသြသော အရိပ်အယောင် တစ်ခုသည် ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။

ဤတိမ်တိုက်ဝါးမျို နည်းစနစ်သည် ကြယ်သုံးပွင့် အင်အားစုဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်ပြီး ဂိုဏ်း၏ ထိပ်တန်းကျင့်စဥ်များထဲမှ တစ်ခုဖြစ်သည်။

အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တိမ်တိုက်ဝါးမျိုနည်းစနစ်ကို လေ့ကျင့်ရန် အရည်အချင်း ပြည့်မီသူ အနည်းငယ်မျှသာ ရှိ၏။

သို့ဆိုလျှင် ဤကောင်လေးသည် တိမ်တိုက်ဝါးမျို နည်းစနစ်ကို မည်သည့်နေရာက ရရှိခဲ့ပါသနည်း။

ထိုခဏမှာပင် အကြီးအကဲ ထျန်းရွှယ်၏ မျက်လုံးများသည် အနည်းငယ် တောက်ပလားခဲ့ပြီး ရုတ်တရက် တစ်စုံတစ်ရာကိုတွေးမိကာ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

တိမ်တိုက်ဝါးမျို နည်းစနစ်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်၍ ဂိုဏ်း၏ အကြီးအကဲများပင် ၎င်းတို့၏ တပည့်များကို လက်ဆင့်ကမ်းပိုင်ခွင့် မရှိပေ။

အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ပြိုင်ဘက်ကင်းပါရမီရှင် စစ်ဆေးမှုကို ဖြတ်သန်းပြီးမှသာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ခေါင်းဆောင်က ဤတိမ်တိုက်ဝါးမျို နည်းစနစ်ကို သင်ကြားခွင့်ပေးမည် ဖြစ်သည်။

ယခုအခါတွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း အပြင် ဤတိမ်တိုက်ဝါးမျိုနည်းစနစ်ကို တခြားသူထံ လက်ဆင့်ကမ်းနိုင်သည့် တစ်ဦးတည်းသောသူမှာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကနေ ပျောက်ဆုံးသွားခဲ့သည့် ဂိုဏ်းခေါင်းဆောင် ယွင်ကျင့်ထျန်း ဖြစ်သည်။

သူတို့ရှေ့မှ ကောင်လေးသည် ပျောက်ဆုံးသွားသည့် သူတို့၏ ဂိုဏ်းခေါင်းဆောင်ဟောင်း ဖြစ်သည့် ယွင်ကျင့်ထျန်းနှင့် အဆက်အသွယ်ရှိသူ ဖြစ်နိုင်ပါသလော..

ထိုအကြောင်းကို တွေးမိလျှင် အကြီးအကဲ ထျန်းရွှယ်သည် အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။

ဆိုရလျှင် အကြီးအကဲ ထျန်းရွှယ်ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတွင် ထောက်ပံ့ပေးခဲ့သူမှာ ဂိုဏ်းခေါင်းဆောင်ဟောင်း ဖြစ်သည့် ယွင်ကျင့်ထျန်း ဖြစ်၏။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် ယွင်ကျင့်ထျန်းသည် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်။

ဤသို့ဖြင့် ဂိုဏ်းခေါင်းဆောင် အသစ်က အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို တာဝန်ယူပြီးနောက်တွင် အကြီးအကဲ ထျန်းရွှယ်သည် ဂိုဏ်းကနေ နှုတ်ထွက်ခဲ့သည်။

အကြီးအကဲထျန်းရွှယ်သည် နှစ်ပေါင်းများစွာကြာသည် အထိ ယွင်ကျင့်ထျန်း၏ သဲလွန်စကို လိုက်ရှာခဲ့သော်လည်း မည်သည့်ရလဒ်မှ မရရှိခဲ့ပေ။

ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာလာသည်နှင့် အမျှ အကြီးအကဲ ထျန်းရွှယ်၏ မျှော်လင့်ချက်များသည် တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ် ရွှယ်ယန်တောင်တွင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို တတ်မြောက်သည့် ထူးဆန်းသော လူငယ်တစ်ဦး ရှိနေသည်။

အကြီးအကဲထျန်းရွှယ် အတွက် သူ့ရှေ့မှ ကျန်းချန်ဟု ခေါ်သည့် ကောင်လေးက ယွင်ကျင့်ထျန်းနှင့် ဆက်စပ်မှုရှိမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

"ဒီကောင်လေးက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ ဘုရင်အဆင့်လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ခဲ့တာလား"

ပတ်ဝန်းကျင်ရှိ လူများသည် ယွင်ဖိုရှန်၏ အစောပိုင်းက စကားကြောင့် အံ့သြ တုန်လှုပ်သွားခဲ့ကြသည်။

အထူးသဖြင့် လုံထျန်းဝူတို့ အဖွဲ့သည် အမူအရာများ ရုတ်တရက် ပြောင်းလဲသွားခဲ့ကြသည်။

ကျန်းချန် တတ်ကျွမ်းထားသည့် တိမ်တိုက်ဝါးမျို နည်းစနစ်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ် ဖြစ်နေမည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။

သို့သော်လည်း ကျန်းချန်က အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနှင့် မည်သို့မှ မပတ်သက်သည်ကို သူတို့ ကောင်းစွာ သိထားကြ၏။

အကယ်၍သာ ယွင်ဖိုရှန်က စုံစမ်းစစ်ဆေးမည် ဆိုလျှင် ယနေ့တွင် ကျန်းချန်သည် အမှန်တကယ်ပင် အန္တရာယ်ရှိလာလိမ့်မည် ဖြစ်သည်။

"ဒီဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ တိမ်တိုက်ဝါးမျိုနည်းစနစ်က ကျွန်တော် မကြာခင်ကမှ ရရှိတဲ့ နည်းစနစ်တစ်ခုပဲ.. ဒါ့အပြင် ဒီနည်းစနစ်က အကြီးအကဲတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ နည်းစနစ်မှန်း ကျွန်တော် တကယ် မသိခဲ့ဘူး"

ကျန်းချန်က သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်ပြီး ယွင်ဖိုရှန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

ကျန်းချန်က သူ့စကားထဲတွင် ယွင်ကျိရန်နှင့် ပတ်သက်သည့်အကြောင်းများကို မပြောခဲ့ပေ။

ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဘုရင်အဆင့် နည်းစနစ်ကို ပိုင်ဆိုင်နိုင်သည်ကို ထောက်လျှင် ယွင်ကျိရန်သည် သာမန် မဟုတ်သည်မှာ ထင်ရှားနေသည်။

သို့သော်လည်း သူမသည် ကျုံးကျိုးကုန်းမြေ၏ အပြင်ဘက်ရှိ သာမန်ကျွန်းလေး တစ်ကျွန်းတွင် ပုန်းရှောင်နေခဲ့ရသည်။

ထိုကြောင့် ယွင်ကျိရန်ထံတွင် လျှို့ဝှက်ချက်များ ရှိနေသည်ကို ကျန်းချန်သည် တွေးကြည့်ရုံဖြင့်ပင် အလွယ်တကူ သိနိုင်ပေသည်။

မည်သို့ပင် ဖြစ်စေကာမူ ယွင်ကျိရန်သည် သူ့ကို ဘုရင်အဆင့်လျှို့ဝှက်နည်းစနစ် ဖြစ်သည့် တိမ်တိုက်ဝါးမျို နည်းစနစ်ကိုတွန့်တိုခြင်း မရှိဘဲ လက်ဆင့်ကမ်းပေးခဲ့သည့် ကျေးဇူးရှိသည်။

ဤတိမ်တိုက်ဝါးမျို နည်းစနစ်သာ မရှိခဲ့လျှင် ကျန်းချန်သည် ဤနေရာအထိ ချောချောမွေ့မွေ့ ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်သည် ယွင်ကျိရန်ကို အလွယ်တကူထုတ်ဖော်ပြီး အန္တရာယ်ရှိသည့် အနေအထားသို့ မတွန်းပို့နိုင်ချေ။

"ကောင်လေး.. ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ တိမ်တိုက်ဝါးမျို နည်းစနစ်က ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်ပဲ..မင်း ဒီလျှို့ဝှက်နည်းစနစ်ကို ဘယ်လိုရခဲ့သလဲ ဆိုတာ ငါ စုံစမ်းစစ်ဆေးရလိမ့်မယ်.."

ထိုအချိန်တွင် ယွင်ဖိုရှန်၏ မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။

"ငါအပိုစကားတွေ မပြောချင်ဘူး ငါနဲ့အတူ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို တစ်ခါတည်းပဲ လိုက်လာခဲ့ပါ"

အခန်း(၈၁၉)ပြီး၏။

All Chapters