← Chapters

အခန်း (၈၂၀-၈၂၂)

Vol. 55 Ch. 820-822

အခန်း (၈၂၀-၈၂၂)

Vol. 55 Ch. 820-822

ယွင်ဖိုရှန်က အာဏာရှင်ဆန်သော လေသံဖြင့် အထက်စီးကနေ ပြောလိုက်သည်။

အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲအနေဖြင့် သူသည်အကြီးအကဲ ထျန်းရွှယ်နှင့် အဆင့်တူဖြစ်သည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ထို့ကြောင့် အကြီးအကဲထျန်းရွှယ် တွေးနေသည့် အရာမှန်သမျှကို သူသည်လည်း သဘာဝကျစွာ တွေးမိခဲ့သည်။

အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ တပည့် မဟုတ်သောသူသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို တတ်မြောက်ထားခဲ့သည်။

ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဤကောင်လေးသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်း ဖြစ်သည့် ယွင်ကျင့်ထျန်းနှင့် ပတ်သက်မှု ကြီးကြီးမားမား ရှိနေနိုင်ခြင်းပင် ဖြစ်သည် မဟုတ်ပါလော။

ထို့အပြင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်း အသက်ရှင်နေသေးသော ကိစ္စသည် သူတို့၏ သေခြင်းရှင်ခြင်းနှင့် ဆက်စပ်နေသည့် အရေးကြီးသောကိစ္စ တစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် ယွင်ဖိုရှန်သည် အနည်းငယ်မျှပင် ပေါ့ပေါ့ဆဆ မလုပ်ရဲခဲ့ပေ။

ယနေ့တွင် မည်သို့သော အကြောင်းတရား ရှိနေပါစေ၊ သူက ဤကောင်လေးကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသို့ သေချာပေါက်ပြန်ခေါ်သွားပြီး ယွင်ကျင့်ထျန်း၏ သဲလွန်စကို စုံစမ်းရမည် ဖြစ်သည်။

ထို့အပြင် မွန်းစတားကဲ့သို့ ပါရမီရှိသည့် ဤကောင်လေးကို သူ့အတွက် အသုံးဝင်အောင် သိမ်းသွင်းနိုင်လျှင် အကောင်းဆုံးရလဒ် ဖြစ်လာပေလိမ့်မည်။

ဤကောင်လေးသာ ယွင်ကျင့်ထျန်းကို သစ္စာရှိနေမည်ဆိုလျှင် သူက တစ်ခါတည်း ကိစ္စတုံးပစ်မည် ဖြစ်၏။

"အကြီးအကဲယွင်.. ကျန်းချန်က တိမ်တိုက်ဝါးမျို နည်းစနစ်ကို မတော်တဆရခဲ့တာလို့ ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ.. ကျန်းချန်ရဲ့ ခွန်အားလောက်နဲ့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်ကို ခိုးယူဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်ပါတယ်.. ကျန်းချန်အနေနဲ့ တိမ်တိုက်ဝါးမျို နည်းစနစ်ကို မတော်တဆ ရရှိခဲ့တာက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနဲ့ ကောင်းမွန်တဲ့ ကံကြမ္မာ ရေစက် ရှိနေတယ်လို့ သက်သေပြနေတာပဲ မဟုတ်လား.. ဘာဖြစ်လို့ အကြီးအကဲယွင်က မဟုတ်တမ်း တရားတွေ စွပ်စွဲနေရတာလဲ.."

လုံထျန်းဝူက ရှေ့ကို တက်လာပြီး ယွင်ဖိုရှန်ကို တည်ကြည်စွာ ပြောလိုက်သည်။

"ဟမ့်.. နတ်ဝိညာဥ်ဘုရင်အဆင့်ကို မကြာခင်ကမှ ထိုးဖောက်ခဲ့တဲ့သူက ငါအကြီးအကဲရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ရဲတယ်.. ငါ့ရှေ့ကနေ အခုချက်ချင်းထွက်သွားစမ်း"

ယွင်ဖိုရှန်က လုံထျန်းဝူကို မထီမဲ့မြင် စိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုသည် လုံထျန်းဝူကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့၏။

ထိုအရှိန်အဝါ၏ ဖိအားအောက်တွင် လုံထျန်းဝူ၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။

သူ၏ တစ်ကိုယ်လုံးပင် တုန်ယင်လာခဲ့ပြီး ချက်ချင်းဆိုသလို ဆယ်လှမ်းကျော်အထိ နောက်ဆုတ်လိုက်ရကာ ပါးစပ်ကနေသွေးတစ်လုတ်ကိုပါ အန်ထုတ်လိုက်ရသည်။

ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲ ယွင်ဖိုရှန်၏ ရှေ့တွင် လုံထျန်းဝူသည် တစ်ကွက်လေးမျှပင် မခုခံနိုင်ခဲ့ပေ။

"ကောင်လေး ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်က ဘယ်နည်းနဲ့မှ အပြင်လူတွေရဲ့ လက်ထဲကို ရောက်နိုင်စရာ အကြောင်းမရှိဘူး.. ဒီနေ့ ဘယ်သူမှ မင်းကို ကာကွယ်နိုင်မှာ မဟုတ်တဲ့ အတွက် အခြေအနေကို နားလည်ရင် ငါ့နောက်ကနေ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ အေးအေးဆေးဆေး လိုက်လာခဲ့ပါ.."

လုံထျန်းဝူကို တစ်ချက်တည်းဖြင့် ဖိနှိပ်ခဲ့ပြီးနောက်တွင် ယွင်ဖိုရှန်သည် ကျန်းချန်ကို အသာအယာ လှမ်းကြည့်ရင်း ကျန်းချန်၏ အနားသို့ ဖြည်းညင်းစွာ ‌ရွေ့လျားသွားခဲ့သည်။

"ယွင်ဖိုရှန်.. ဒါက ငါ့ရဲ့ ရွှယ်ယန်တောင်ပဲ.. မင်းရဲ့ အံ့ဖွယ်တိမ်တိုက် ဂိုဏ်းနယ်မြေ မဟုတ်ဘူး.. မင်းဒီကောင်လေးကို ငါ့နယ်မြေကနေ ခေါ်ထုတ်သွားချင်ရင် ငါသဘာတူမတူ အရင်မေးရမယ်.."

ယွင်ဖိုရှန်၏ လှုပ်ရှားမှုကိုမြင်လျှင် အကြီးအကဲ ထျန်းရွှယ်သည် အေးစက်စက် ကြုံးဝါးလိုက်သည်။

ဤတစ်ခေါက်တ္ငင် သူ၏ ပုံရိပ်သည် တည်နေရာ ရွှေ့ပြောင်းရသကဲ့သို့ပင် ယွင်ဖိုရှန်း၏ ရှေ့သိ့ ရောက်ရှိလာခဲ့သည်။

"ထျန်းရွှယ် ဒီကောင်လေးက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို တတ်မြောက်နေတယ်.. ငါ ဘယ်နည်းနဲ့မဆို သူ့ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ ပြန်ခေါ်သွားရလိမ့်မယ်.. မင်းတကယ်ပဲ ငါ့ကို တားဆီးဖို့ ကြိုးစားမှာလား"

ယွင်ဖိုရှန်က သူ့ရှေ့တွင် ရပ်နေသည့် အကြီးအကဲ ထျန်းရွှယ်ကို လှမ်းကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အကြီးအကဲ ထျန်းရွှယ်ကလည်း အေးစက်စွာ ကြုံးဝါးလိုက်၏။

"ယွင်ဖိုရှန်.. ငါအစောကတည်းက ပြောပြီးသားပဲ.. မင်းဒီနေ့ ငါ့ရဲ့မွေးနေ့ကို လာတက်ရောက်တာ ဆိုရင် ငါမင်းကို ကြိုဆိုတယ်.. ဒီလိုမှမဟုတ်ဘူးဆိုရင် ငါ့ကို ယဥ်ကျေးမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့"

"ထျန်းရွှယ်.. ဒီနေ့ ငါ ဒီကောင်လေးကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ သေချာပေါက် ပြန်ခေါ်သွားမယ်..မင်းငါ့ကို တားဆီးမယ်ဆိုရင်တော့ ငါမင်းနဲ့ တိုက်ခိုက်ရလိမ့်မယ်.. လွန်ခဲ့တဲ့ နှစ်၂၀ အတွင်း မင်းရဲ့ အင်အားက ဘယ်အဆင့်ထိရောက်နေပြီလဲ ဆိုတာ ငါတကယ် သိချင်မိတယ်.."

ယွင်ဖိုရှန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ၏ အားကောင်းသော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

အခန်း(၈၂၀)ပြီး၏။

အခန်း(၈၂၁)

ထိုမြင်ကွင်းကို မြင်လျှင် အကြီးအကဲ ထျန်းရွှယ်ကလည်း နတ်ဝိညာဥ်ဘုရင်အဆင့် အရှိန်အဝါကို ထုတ်ဖော်ကာ ယွင်ဖိုရှန် နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

နှစ်ယောက်စလုံးက အံဖွယ်တိမ်တိုက်ဂိုဏ်းနှင့် ပတ်သက်သူများ ဖြစ်ကြပြီး နတ်ဝိညာဉ်ဘုရင် နဝမအဆင့်ကို ရောက်ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူများ ဖြစ်သည်။

သူတို့ နှစ်ယောက် တိုက်ခိုက်ရာကနေ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးသည် ပေပေါင်းများစွာအထိ နောက်ဆုတ်ခဲ့ရသည်။

"ထျန်းဝူ.. ကျန်းချန်ကို ခေါ်ပြီး ရွှယ်ယန်တောင်ကနေ အရင်ထွက်သွားလိုက်"

အကြီးအကဲ ထျန်းရွှယ်က ယွင်ဖိုရှန်နှင့် တိုက်ခိုက်နေရင်း လုံထျန်းဝူကို တိုက်ရိုက် လှမ်းပြောလိုက်သည်။

ကျန်းချန်က တိမ်တိုက်ဝါးမျို နည်းစနစ်ကို တတ်မြောက်ထားသောကြောင့် ဂိုဏ်းချုပ်ဟောင်း ယွင့်ကျင့်ထျန်းနှင့် ပတ်သက်နေရန် အလွန် ဖြစ်နိုင်ချေရှိသည်။

ထို့ကြောင့် သူက ကျန်းချန်ကို အံဖွယ်တိမ်တိုက်ဂိုဏ်း၏ လက်ထဲသို့ မရောက်စေလိုပေ။

ထို့အပြင် ယွင်ဖိုရှန်သည် ကျန်းချန်ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ ခေါ်သွားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချထား၏။

ဤအတွက် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တစ်ယောက်ယောက်က ရွှယ်ယန်တောင်ကို မကြာခင် ရောက်လာလိမ့်မည်ကို သူစိုးရိမ်မိသည်။

ယခု သူက ယွင်ဖိုရှန်ကို ထိန်းထားသည် ဖြစ်ရာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှလူများ ရောက်မလာခင် ကျန်းချန်ကို ရွှယ်ယန်တောင်ကနေ အမြန်ဆုံး ထွက်သွားခိုင်းရပေမည်။

လုံထျန်းဝူက အကြီးအကဲ ထျန်းရွှယ်၏ စကားကိုကြားသည်နှင့် တုံ့ဆိုင်းမနေဘဲ ကျန်းချန်တို့ သုံးယောက်ကို ခေါ်ကာ ရွှယ်ယန်တောင်ကနေ အလျင်အမြန် ထွက်ခွာရန် ပြင်လိုက်သည်။

"စစ်ထူဟုန်.. ငါ့ကိုယ်စား သူတို့ကို တားဆီးထားစမ်း"

လုံထျန်းဝူတို့ အဖွဲ့ ထွက်ပြေးဖို့ ကြိုးစားနေသည်ကို မြင်လျှင် ယွင်ဖိုရှန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ယွင်ဖိုရှန်၏ စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် လုံထျန်းဝူတို့ ရှေ့ရှိ အာကာပြင်က တွန့်လိမ်သွားခဲ့ပြီး အေးစက်သော အမူအရာရှိသည့် လူလတ်ပိုင်း အရွယ် အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်သည် လုံထျန်းဝူတို့ ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့၏။

"စစ်ထူဟုန်"

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ်ကို မြင်လျှင် လုံထျန်းဝူ၏ မျက်နှာထားက အနည်းငယ် တင်းမာသွားခဲ့သည်။

ဤစစ်ထူဟုန်သည် အကြီးအကဲ ထျန်းရွှယ်၏ မွေးနေ့ပွဲကို တက်ရောက်လာသည့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်၏။

ထို့အပြင် ၎င်းသည် ကြယ်နှစ်ပွင့် အင်အားစု ဖြစ်သည့် စစ်ထူမိသားစု၏ ခေါင်းဆောင်လည်း ဖြစ်သည်။

စစ်ထူဟုန်သည် အမြဲတစေ သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့၏။

၎င်းက ယွင်ဖိုရှန် တိတ်တဆိတ် မွေးထားသည့် လူယုံတစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံထျန်းဝူ မထင်ထားခဲ့ပေ။

"မိတ်ဆွေလေး ကျန်းချန်.. ငါ သူ့ကို တားဆီးထားမယ်.. မင်း လုံယွင် နဲ့ ရှင်းယွဲ့ကို အရင်ခေါ်သွားလိုက်"

လုံထျန်းဝူက စကားဆုံးသည်နှင့် နတ်ဝိညာဉ်ဘုရင် အရှိန်အဝါကို ထုတ်ဖော်ကာ သူ့ရှေ့မှ စစ်ထူဟုန်ကို တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်လိုက်သည်။

"သွားကြစို့"

ကျန်းချန်က စစ်ထူဟုန်နှင့် တိုက်ခိုက်နေသည့် လုံထျန်းဝူကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လုံမောင်နှမနဲ့အတူ လှည့်ထွက်သွားခဲ့သည်။

ထိုအချင်းအရာကို မြင်လျှင် စစ်ထူဟုန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူက လုံထျန်းဝူကို အမြန်ဆုံး အနိုင်ယူပြီး ကျန်းချန်တို့ သုံးယောက်ကို လိုက်ဖမ်းမည်ဟု တွေးနေသော အချိန်မှာပင် အသံတစ်သံက သူ့နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့၏။

"ဟားဟား.. ခေါင်းဆောင် စစ်ထူ.. လုံထျန်းဝူကို စိတ်အေးလက်အေး ရင်ဆိုင်ပါ"

"ကျန်းချန်အတွက်က ငါ့တာဝန်သာ ထားလိုက်"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် တစ္ဆေကဲ့သို့ မြန်ဆန်သော ပုံရိပ်တစ်ခုသည် ကျန်းချန်တို့ ရှေ့ကို ရုတ်တရက် ရောက်လာခဲ့သည်။

"ရှချန်ယွင်"

သူ့ရှေ့မှလူကို မြင်လျှင် ကျန်းချန်၏ အမူအရာက လေးနက်သွားခဲ့သည်။

"ကျန်းချန်.. မင်းက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို ခိုးသင်ရဲတယ်.. လိမ်လိမ်မာမာ အဖမ်းခံလိုက်စမ်း"

ရှချန်ယွင်က သူ့ရှေ့မှ ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။

သူ့မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။

ဤကောင်လေးသည် သူ၏ တစ်ဦးတည်းသောသား ရှတုံလဲ့ကို ဓားဖြင့် ထိုးသတ်လိုက်သည်ဖြစ်ရာ ရှချန်ယွင်သည် ကျန်းချန်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်ခဲ့သည်။

သို့သော် သူ့တွင် အခွင့်အရေး မရှိခဲ့ပေ။

ယခုအခါတွင် ကျန်းချန်က အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးမိပြီး ယွင်ဖိုရှန်ကို လှုပ်ရှားစေခဲ့သည်။

ရှချန်ယွင်သည် ဤကဲ့သို့ ကောင်းမွန်သည့် အခွင့်အရေးကို သဘာဝကျစွာပင် လက်လွတ်ခံမည် မဟုတ်ပေ။

ကျန်းချန်ကို ဖမ်းဆီးနိုင်လျှင် သူ့သား အတွက် လက်စားချေရုံတင်မကဘဲ ယွင်ဖိုရှန်နှင့်လည်း ဆက်ဆံရေး တည်ဆောက်နိုင်မည် ဖြစ်သည်။

သူ့အနေဖြင့် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်နိုင်မည့် ဤအခွင့်အရေးကို အဘယ်ကြောင့် လက်လွတ်ခံနိုင်ပါမည်နည်း။

အခန်း(၈၂၁) ပြီး၏

အခန်း(၈၂၂)

"ရှမိသားစု ခေါင်းဆောင် ရှချန်ယွင်လည်း လှုပ်ရှားနေပြီဟ"

"ကျန်းချန်က ရှတုံလဲ့ကို သတ်ခဲ့တာလေ.. ရှချန်ယွင်က ကျန်းချန်ကို ဘယ်လိုလုပ် အလွယ်တကူ အလွှတ်ပေးမှာလဲ"

"ရှချန်ယွင်ရဲ့ သိုင်းသခင်နယ်ပယ် နဝမအဆင့် အင်အားနဲ့ ဆိုရင် ဒီကောင်လေး အန္တရာယ်ရှိနိုင်တယ်"

".........."

ရှချန်ယွင်၏ တားဆီးမှုကို ခံနေရသည့် ကျန်းချန်တို့ သုံးယောက်ကို လှမ်းကြည့်ရင်း ပတ်ဝန်းကျင်ရှိ လူများသည် ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်ကြသည်။

ယနေ့ ရွှယ်ယန်တောင်ကို လာသည့် ကျင့်ကြံသူများ ထဲတွင် အကြီးအကဲ ထျန်းရွှယ်နှင့် အလွန် ကောင်းမွန်သော ဆက်ဆံရေးရှိသူ အများအပြား ရှိသော်လည်း ဤအချိန်တွင် မည်သူမှ မကူညီခဲ့ပေ။

အဆုံးသတ်တွင် ယွင်ဖိုရှန်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို ကိုယ်စားပြုသူ ဖြစ်၏။

အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသည် သူတို့ စော်ကား၍ရသော အဆင့်အတန်း မဟုတ်ပေ။

သူ့ကို တားဆီးရန် ပစ်မှတ်ထားနေသည့် ရှချန်ယွင်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

သူက သွေးနဂါးဓားကို လေထဲတွင် ဝှေ့ရမ်းလိုက်ရာ ချက်ချင်းဆိုသလို စိမ်းပြာရောင် ဓားစွမ်းအင်များသည် လေထဲတွင် တိုက်ရိုက် စုစည်းသွားကြသည်။

"အချိန်နဲ့ အာကာသ ဓားနယ်မြေ"

သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူဖြစ်သည့် ရှချန်ယွင်နှင် ရင်ဆိုင်ရသောအခါတွင် ကျန်းချန်သည် အချိန်နှင့်အာကာသဓားနယ်မြေကို အသုံးပြုရန် တုံ့ဆိုင်းမနေခဲ့ပေ။

သူ အရင်က တိမ်တိုက်ဝါးမျို နည်းစနစ်၏ အင်အားကို အသုံးချပြီး အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုခဲ့သည်။

"ဓား...ဓားနယ်မြေ.. ဒါ...ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဓားစွမ်းအင် ထောင်ပေါင်းများစွာနှင့် ဖွဲ့စည်းထားတဲ့ ဓားနယ်မြေကို ကြည့်ရင်း ရှချန်ယွင်က တစ္ဆေသရဲကို တွေ့လိုက်ရသကဲ့သို့ အံ့သြသွားခဲ့သည်။

ဓားနယ်မြေ။

၎င်းသည် အင်ပါယာပိုင်နက် စွမ်းအား တစ်မျိုး ဖြစ်ပြီး နတ်သန္ဓေအင်ပါယာ အဆင့်ကို ရောက်ရှိနေသည့် ဓားအင်ပါယာသာ အသုံးပြုနိုင်သည့် အင်အားတစ်မျိုး ဖြစ်၏။

သူ့ရှေ့မှကောင်လေးကမူ စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ဖြင့် နတ်သန္ဓေအင်ပါယာသာ အသုံးပြုနိုင်သည့် ဓားနယ်မြေစွမ်းအားကို အမှန်တကယ် အသုံးပြုနေခဲ့သည်။

ရှချန်ယွင် အကြောက်ဆုံးအရာမှာ ဤဓားနယ်မြေထဲတွင် ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားတစ်ခု ရှိနေပုံရပြီး ထိုအင်အားက သူ့အသက်ကို ဖြည်းညင်းစွာ ကုန်ဆုံးစေခြင်းပင်။

သူ့လို သိုင်းသခင်နယ်ပယ် နဝမအဆင့် အင်အားဖြင့်ပင် ဤဓားနယ်မြေထဲရှိ လျှို့ဝှက်ဆန်းကြယ်သော အင်အားကို ခုခံရန် ခက်ခဲနေ၏။

ရှချန်ယွင်က စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ကာ သိုင်းသခင် နယ်ပယ်နဝမအဆင့် စွမ်းအားကို အစွမ်းကုန် ထုတ်သုံး၍ သူ့ပတ်ဝန်းကျင်ရှိ လျှို့ဝှက်ဆန်းကြယ်သော စိမ်းပြာရောင် ဓားနယ်မြေကို ဖောက်ထွက်ဖို့ ကြိုးစားခဲ့သည်။

ကျန်းချန်က အချိန်နှင့် အာကာသ ဓားနယ်မြေကို အပြည့်အဝအသုံးပြုပြီး ရှချန်ယွင်ကို ရင်ဆိုင်လိုက်ပြီးနောက်တွင် မျက်နှာတစ်ခုလုံး အလွန်တရာ ဖြူဖျော့သွားခဲ့၏။

ရှချန်ယွင်ကို အချိန်နှင့် အာကာသ ဓားနယ်မြေထဲတွင် ယာယီထိန်းချုပ်ထားသော်လည်း ကျန်းချန်သည် သူနှင့် ရှချန်ယွင်တို့ ကြားရှိ ကွာဟချက်ကို ကောင်းစွာ သိသည်။

အချိန်နှင့် အာကာသ ဓားနယ်မြေက အင်အားကြီးမားသော်လည်း သိုင်းသခင်နယ်ပယ် နဝမအဆင့် ရှချန်ယွင်ကို ဖြေရှင်းဖို့ မဖြစ်နိုင်ပေ။

သူက ဘာမှ တုံ့ဆိုင်း မနေဘဲ ခန္ဓာကိုယ် အားနည်းမှုကို တောင့်ခံပြီး လုံမောင်နှမနှင့်အတူ အလျင်အမြန် ပြေးထွက်လာခဲ့သည်။

ကျန်းချန်တို့ ထွက်သွားပြီး သိပ်မကြာခင်မှာပင် ရှချန်ယွင်သည် ကျန်းချန်၏ အချိန်နှင့် အာကာသ ဓားနယ်မြေကို ဖောက်ထွက်နိုင်ခဲ့၏။

သူက အနည်းငယ် ရှက်ရွံ့သော အမူအရာဖြင့် စိမ်းပြာရောင် ဓားနယ်မြေကနေ ထွက်လာခဲ့သည်။

"ကောင်လေး.. မင်း ငါ့ကို စောင့်နေ.. ငါရှချန်ယွင် မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

ရှချန်ယွင်က ခြေရာပျောက်သွားသည့် ကျန်းချန်တို့ သုံးယောက် အကြောင်းကို စဥ်းစားရင်း သူ့ အမူအရာက အလွန် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

ကျန်းချန်၏ ဓားနယ်မြေသည် နတ်သန္ဓေအင်ပါယာ၏ ဓားနယ်မြေနှင့် မယှဉ်နိုင်သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဓားနယ်မြေထဲတွင် ပါဝင်သော ထူးဆန်းသည့် အင်အားကြောင့် သူ့အသက်သည် များစွာ ကုန်ဆုံးသွားခဲ့ပြီး အနည်းဆုံး ငါးနှစ်လောက် တိုတောင်းသွားခဲ့၏။

ကျန်းချန်က သူ့လက်ထဲကနေ ထွက်ပြေးနိုင်လိမ့်မည်ဟု ရှချန်ယွင် မည်သို့မှ မထင်ထားခဲ့ပေ။

သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ရွှယ်ယန်တောင်ထိပ် တစ်ခုလုံးက တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း၏ မျက်နှာတွင် မယုံနိုင်လောက်အောင် တုန်လှုပ်ချောက်ချားနေသည့် အမူအရာများဖြင့် ပြည့်နှက်နေ၏။

သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ရှချန်ယွင်သည် ကျန်းချန်ကို တားဆီးရန် မအောင်မြင်ရုံတင်မက ကျန်းချန်၏ မှော်ဆန်သော ဓားနယ်မြေထဲတွင် အရှက်တကွဲ ပိတ်မိလိမ့်မည်ဟု မည်သူမှ မတွေးနိုင်ခဲ့ပေ။

[ကျန်းချန်လို့ ခေါ်တဲ့ ကောင်လေးက တကယ် ကြောက်စရာကောင်းတဲ့ မွန်းစတား တစ်ကောင်ပဲ]

အခန်း(၈၂၂) ပြီး၏

All Chapters