← Chapters

အခန်း (၂၆၆-၂၇၀)

Vol. 18 Ch. 266-270

အခန်း (၂၆၆-၂၇၀)

Vol. 18 Ch. 266-270

အပိုင်း ၂၆၆ ကြင်ဖက်တွေ့မယ်?

“ဒါနဲ့ သခင်၊ နောက်ထပ် အရမ်းအရေးကြီးတဲ့ကိစ္စရှိသေးတယ်။”

“ဘာကိစ္စလဲ?”

“အဲဒါက ဒီလိုပါ။ ငါ ကျန်းထိုင်ရွှမ်ကိုရှာဖို့ သွားတုန်းက အသီးတစ်လုံးတွေ့ခဲ့တယ်။ ပြောတာတော့ သူက စနစ်ဖြစ်ပြီး ငါနဲ့စည်းနှောင်ချင်တယ်တဲ့။ နောက်တော့ မင်းကိုသတ်ဖို့ပြောလာတယ်။ ဒါပေမဲ့ နောက်တော့ သူ့ကိုငါဖျက်ဆီးပစ်လိုက်တယ်။ အဲဒါ သခင့်ရဲ့ရန်သူလား?”

လုရှောင်ယန် နှလုံးတစ်ချက်ဆောင့်ခုန်လို့သွားမိသည်။

စနစ်?

သူ့ကိုသတ်ဖို့အတွက် ဖိဂုလျန်နဲ့တောင်မှ စည်းနှောင်ဖို့လုပ်တယ်တဲ့လား?

သေစမ်း၊ သူက ပစ်မှတ်ထားခံနေရတာပေါ့?

ဖိဂုလျန် သူ့ကိုလိမ်ညာလိမ့်မည်ဟု လုရှောင်ယန် သံသယမဝင်ခဲ့ပေ။

အကြောင်းကတော့ ဖိဂုလျန်သည် သားရဲထိန်းချုပ်ခြင်းပညာဖြင့် သူကိုယ်တိုင် ထိန်းချုပ်ထားသူဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဒီတော့ ဖိဂုလျန်အနေနှင့် သူ့ကိုလိမ်ညာဖို့ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်ပေ။

ဒါပေမဲ့ တစ်ဖက်လူက ဘယ်သူများလဲ?

ထိတ်လန့်စရာအကောင်းဆုံးကတော့ တစ်ဖက်လူက စနစ်တစ်ခုကိုတောင်မှ တကယ်ပဲ ရေးဆွဲခဲ့တာလား?

“သခင်… သခင်?”

သူ့သခင် တိတ်ဆိတ်နေသည်ကိုမြင်ပြီး ဖိဂုလျန် မြန်မြန်သွက်သွက်ခေါ်လိုက်လေသည်။

လုရှောင်ယန် အသိပြန်ဝင်လာကာ သူ့အမူအရာသည်လည်း ပုံမှန်အခြေအနေ ပြန်ဖြစ်လို့သွားသည်။

ထို့နောက် တောင်နှင့်မြစ်ပန်းချီထဲမှ နတ်သားရဲဥနှစ်လုံးကို ထုတ်ယူလိုက်သည်။

“ဒီတစ်ခေါက် မင်းကောင်းကောင်းလုပ်ခဲ့တယ်။ မင်းရဲ့ကြိုးစားမှုအတွက် ငါပေးတဲ့ဆုလာဘ်ပဲ။”

ဖိဂုလျန်၏မျက်လုံးတို့ ချက်ချင်းတောက်ပသွားကာ အလွန်စိတ်လှုပ်ရှားသွားတော့သည်။

“ကျေးဇူးတင်ပါတယ်၊ သခင်။”

ထို့နောက် နတ်သားရဲဥနှစ်လုံးကိုယူကာ ချက်ချင်းပင် ပျော်ပျော်ကြီးထွက်သွားတော့သည်။

“ဟဟဟ…. ငါတကယ်ကို ဉာဏ်ကောင်းတာပဲ။”

နတ်သားရဲဥများသည် အလွန်အာဟာရပြည့်ဝကာ သွေးမျိုးဆက်စွမ်းအင်တို့ပါဝင်ပေသည်။ ၎င်းတို့လိုမျို သားရဲများအတွက် နတ်သားရဲဥသည် အလွန်ရှားပါးသည့်အားဆေးတစ်မျိုးပင်။

ဟိုအစုတ်အပြတ်စနစ်ဆိုတာနဲ့ယှဉ်ရင် ဒါကမှ အဆပေါင်းများစွာ ပိုကောင်းသေးတယ်!

ကံကောင်းလို့ သူဉာဏ်ထက်ထက်နဲ့ စနစ်ဆိုတဲ့ဟာကို အချိန်မီဖယ်ထုတ်ခဲ့လိုပေါ့။ စနစ်ရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားယောင်ပြီး စာချုပ်သာချုပ်လိုက်မိရင် အခုချိန်လောက်ဆို သေအောင်ငိုနေရတော့မှာ။

အခုတော့ နတ်သားရဲဥနှစ်လုံးတောင်ရလိုက်ပြီး တကယ်ကို အကျိုးအမြတ်ကြီးကြီးမားမားရလိုက်တာပဲ။

……

ဖိဂုလျန်ထွက်သွားပြီးနောက်တွင်တော့ လုရှောင်ယန်သည် အေးစက်စက်မျက်နှာထားဖြင့် ဝမ့်ခိုက်ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

“မင်းကြားလိုက်တယ်မလား?”

လုရှောင်ယန်မေးလိုက်ရာ ဝမ့်ခိုက်ကာ တည်ငြိမ်သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလာသည်။

“ငါ ပစ်မှတ်ထားခံနေရပြီး။ ပြီးတော့ တစ်ဖက်လူမှာ စနစ်လည်းရှိနေတယ်။”

ဝမ့်ခိုက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ ပြန်ဖြေလိုက်သည်။ “သခင်၊ အရမ်းကြီးစိုးရိမ်နေဖို့မလိုပါဘူး။ တစ်ဖက်လူမှာ ငါနဲ့ယှဉ်နိုင်တဲ့ စနစ်တစ်ခုရှိတယ်ဆိုရင်တောင် လုပ်နိုင်စွမ်းကတော့ အရမ်းရှိမှာမဟုတ်ဘူး။”

ငါတို့က နာမည်တူ အမျိုးအစားပါတူနေရင်တောင်မှ ကွာခြားချက်ကတော့ အရမ်းကြီးမားနေသေးတယ်။ အနည်းဆုံးတော့ ငါက သဘာအတိုင်းဖြစ်ပေါ်လာတာဖြစ်ပြီး တခြားစနစ်တွေလိုမျိုး ဖန်တီးခံရတာမဟုတ်ဘူး။

နောက်ထပ် အရမ်းအရေးကြီးတဲ့အချက်က ငါက ကံကောင်းခြင်းတွေကိုစုပ်ယူပြီး အင်အားကိုတိုးမြှင့်နိုင်တယ်။ တခြားစနစ်တွေက ဒါမျိုးမလုပ်နိုင်ဘူး။

ဒါပေမဲ့ အခုချိန်မှာ အကြီးမားဆုံးပြဿနာတစ်ရပ်က တစ်ဖက်လူက သခင့်ရဲ့နာမည်ကို အတိအကျပြောပြီး သတ်ချင်နေတာဆိုတော့ သေချာပေါက် သာမာန်လူတော့ မဟုတ်လောက်ဘူး။

ပြီးတော့ တစ်ဖက်လူက စနစ်တစ်ခုကိုတောင်မှ ဖန်တီးနိုင်တယ်။ သူ့အင်အားက နိမ့်ကျမှာလည်းမဟုတ်ဘူး။ သခင်သာ သေချာမကိုင်တွယ်မိရင် တော်တော်လေးပြဿနာများနိုင်တယ်။”

လုရှောင်ယန် သူ့မေးစေ့ကို အသာပွတ်လိုက်သည်။

သူ ဒီလောက် လူတိုင်းအမြင်တွင် သူ့ခွန်အားကိုဖုံးကွယ်ကာ သိုသိုသိပ်သိပ်နေတာတောင်မှ တစ်စုံတစ်ယောက်က သူ့ကိုသတ်ချင်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

လွန်လွန်းတာက သူ့ကိုသတ်ဖို့အတွက်နဲ့ တစ်ဖက်လူက စနစ်လို့ခေါ်တဲ့အရာကိုတောင် ဖန်တီးလိုက်သေးတာပဲ။

ဒီအမှောင်ထဲမှာပုန်းကွယ်နေတဲ့လူက ဘယ်သူများလဲ?

မဟုတ်မှ ဖြစ်နိုင်တာက…?

အတွေးတစ်ခုဝင်လိုက်သည်နှင့် လုရှောင်ယန် ချက်ချင်းပင် တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဝင်သွားလိုက်သည်။

အရင်တုန်းက ဆုချန်လက်အောက်တွင် လုပ်ခဲ့သည့်သိုင်းဘုရင်အဆင့်ကျင့်ကြံသူများအနက်မှ ငါးဦးသည်ဖောက်ခွဲမခံလိုက်ရပေ။ ထို့နောက် လုရှောင်ယန်သည် ထိုလူများကို တောင်နှင့်မြစ်ပန်းချီထဲတွင် အကျဉ်းချထားခဲ့သည်။

ထိုလူငါးဦးသည် သူတို့၏မူရင်းဇစ်မြစ်ကို လုံးဝဖော်ထုတ်လိုခြင်းမရှိခဲ့ပေ။ ဒါက လုရှောင်ယန်ကို အစဉ်အမြဲခေါင်းကိုက်နေစေတာကြောင့် သူတို့ကို တောင်နှင့်မြစ်ပန်းချီထဲတွင် ထည့်ပိတ်ထားလိုက်ခြင်းဖြစ်သည်။

သူ တောင်နှင့်မြစ်ပန်းချီထဲသို့ရောက်ပြီး သိုင်းဘုရင်အဆင့်ကျင့်ကြံသူငါးဦးကို ရှာလိုက်ရာ ထိုသူများသည် မြေကွက်လပ်တစ်ခုတွင် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေကြသည်အားတွေ့လိုက်ရသည်။

တစ်စုံတစ်ယောက်လာနေသည်ကို ခံစားမိလိုက်တာကြောင့် ထိုလူများ တစ်ယောက်ပြီးတစ်ယောက် မျက်လုံးဖွင့်လာကြသည်။ တစ်ဖက်က လုရှောင်ယန်မှန်း မြင်လိုက်ပြီးနောက်တွင်တော့ သူတို့မျက်လုံးများကို ချက်ချင်းပြန်ပိတ်ထားလိုက်ကြသည်။

လုရှောင်ယန် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုလူများအပေါ် အကြည့်ဖြန့်ကျက်လိုက်သည်။

“မင်းတို့တွေ မြန်မြန်လေးဝန်ခံသင့်တယ်။ ဆုချန်ရဲ့နတ်ဘုရားခန်းမကို မင်းတို့ဝင်ဖို့အတွက် ဘယ်သူကစီစဉ်ပေးခဲ့တာလဲ? ငါ့ကိုအရူးလုပ်ဖို့မကြံနဲ့။ ဆုချန်ရဲ့ဆောင့်ကြည့်မှုတွေကြားမှာ နတ်ဘုရားခန်းမထဲ ပုန်းကွယ်နေဖို့ဆိုတာ အရည်အချင်းတချို့မရှိဘဲနဲ့ ပုန်းနေနိုင်ဖို့မဖြစ်နိုင်ဘူး။”

ဆုချန်တွင် ဝမ့်ခိုက်နှင့်ဆင်တူသည့်နည်းလမ်းမျိုးရှိလိမ့်မည်မှန်း လုရှောင်ယန် အသေအချာသိပေသည်။ ဝမ့်ခိုက်သည် လုရှောင်ယန်ကို တခြားလူတွေက ဆရာအဖြစ်အသိအမှတ်ပြုလိုက်သည်နှင့် အားကောင်းလာကာ ဝမ့်ခိုက်သည်လည်း ထိုတပည့်များ လုရှောင်ယန်၏အမိန့်ကို အမြဲနားထောင်ပြီး ဘယ်တော့မှ သစ္စာမဖောက်စေရန် လုပ်နိုင်စွမ်းရှိသည်။

ဒုတိယအချက်ကတော့ လုရှောင်ယန်၏တပည့်များ ကျင့်ကြံဆင့်တိုးလာလျှင် လုရှောင်ယန်သည်လည်း အလားတူတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည်။

ဒီလိုအခြေအနေမျိုးမှာ ဆုချန်သည် သူ၏လက်အောက်ခံသိုင်းဘုရင်အဆင့်ကျင့်ကြံသူအနည်းငယ်ကို ဖောက်ခွဲရာမှာ မအောက်မြင်သွားသည်က တကယ်ကို ထူးဆန်းလှသည်။

ထိုလူများက ယခင်အတိုင်းတင်းခံနေတုန်းပင်၊ “ငါတို့ ဘာမှပြောမှာမဟုတ်ဘူး။ မင်းဆန္ဒရှိရင် ငါတို့ကိုသတ်လိုက်နိုင်တယ်။ ဘာမှယဉ်ကျေးနေဖို့မလိုဘူး။”

“အိပ်မက်မက်နေလိုက်!”

ရုတ်ချည်း လုရှောင်ယန် ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်သည်။

ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မစုံစမ်းရသေးခင် ဒီနောက်လိုက်ငါးဦးကို သေချာပေါက် သတ်ပစ်မည်မဟုတ်ပေ။

အချက်အလက်မပြည့်စုံခြင်းသည် ဘယ်လောက်အထိ အန္တရာယ်များကြောင်း သူအသိဆုံးပင်။

ဥပမာအားဖြင့်၊ အခုဆို တစ်စုံတစ်ယောက်က သူ့ကိုသတ်ရန်အလို့ငှာ စနစ်တစ်ခုကို ဖန်တီးခဲ့ပေပြီ။ ဤကိစ္စဖြစ်ပြီးသွားတာတောင်မှ တစ်ဖက်လူက ဘယ်သူလည်း သူမသိသေးသလို တစ်ဖက်လူ၏ရန်မှကာကွယ်ဖို့ရန်လည်း မစောင့်ကြပ်နိုင်သေးပေ။ သူ့မှာ လောလောဆယ် ဒေါသထွက်နေရုံသာရှိတော့သည်။

သို့သော်လည်း တစ်ဖက်လူတွေဘက်က ဘာမှထုတ်မပြောလာရုံနဲ့ သူအကူအညီမဲ့နေမည်ဟုလည်း မဆိုလိုပေ။

“အစကတော့၊ မင်းတို့ထဲကသုံးယောက်မှာ ငါ့အပေါ်မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာ မတွေ့ခဲ့ရလို့ ငါမင်းတို့ကို မတိုက်ခိုက်ခဲ့တာ။ အခု ငါနဲ့ပူးပေါင်းဖို့ငြင်းဆန်နေတာ မင်းတို့ဘဲ။ ဒီတော့ ငါ့ကိုအပြစ်လာမဆိုကြနဲ့။”

သတိပေးလိုက်ပြီးသည်နှင့် လုရှောင်ယန်သည် အသက်ပြင်းပြင်းရှူရှိုက်လိုက်ကာ ချက်ချင်းပင် စစ်မှန်သောအမြင်အာရုံသုံးပါးကို ဖွင့်လိုက်တော့သည်။

စစ်မှန်သောအမြင်အာရုံသုံးပါး၏အထူးစွမ်းရည်က တစ်ဖက်ရှိသိုင်းဘုရင်အဆင့်ကျင့်ကြံသူများ၏စိတ်ကို သူ၏ကိုယ်ပိုင်စိတ်ခွန်အားဖြင့် ကျူးကျော်ဝင်ရောက်ဖို့ပြုလေသည်။

ပထမတော့ ထိုလူအားလုံးသည် သိုင်းဘုရင်အဆင့်ကျင့်ကြံသူများဖြစ်တာကြောင့် လုရှောင်ယန်အနေဖြင့် သူတို့၏ဝိညာဉ်စည်းကို ကျော်ဖြတ်ဖို့ မလွယ်ကူခဲ့ပေ။

သို့သော်လည်း ဝမ့်ခိုက်ကိုပါ လုရှောင်ယန်ဆင့်ခေါ်လိုက်ပြီး စစ်မှန်သောအမြင်အာရုံသုံးပါး၏စွမ်းရည်ကို နှစ်ဆတိုးမြှင့်စေလိုက်သည်။ စစ်မှန်သောအမြင်အာရုံသုံးပါး၏စွမ်းအားတို့ တစ်ခုနှင့်တစ်ခုထပ်လို့သွားသည်။ ထို့အပြင် လုရှောင်ယန်သည် အစွမ်းသက်ရောက်သည့်ဧရိယာကို လျှော့ချလိုက်ကာ သူ၏စိတ်စွမ်းအားအလုံးစုံကို တစ်ယောက်တည်းသို့သာဦးတည်လိုက်သည်။

ချက်ချင်းဆိုသလိုပဲ တစ်ဖက်လူ၏ဝိညာဉ်စည်းထဲသို့ တိုက်ရိုက်ချိုးဝင်သွားနိုင်ခဲ့သည်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ရီလို့လာသည်။ သူ့မျက်လုံးများကိုဖွင့်လိုက်ပြီး သူ့ရှေ့တွင်ရှိနေသည့် လုရှောင်ယန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လာခဲ့သည်။

လုရှောင်ယန်ဘက်တွင်တော့ သူ၏စိတ်စွမ်းအားတို့ကို တစ်ဖက်လူ၏ဝိညာဉ်ထဲ ကျူးကျော်လိုက်ပြီးနောက် ဘယ်လိုလျှို့ဝှက်ချက်ကိုမှ ရှာမတွေ့ခဲ့ရပေ။ ၎င်းမှာ မူရင်းသိုင်းဘုရင်အဆင့်ဝိညာဉ်တစ်ခုနှင့် တစ်ထပ်တည်းတူနေခဲ့သည်။

“အာ! ဒါကဘာလဲ?”

လုရှောင်ယန် စိတ်ပျက်သလိုရှိသွားချိန်မှာပဲ တစ်ဖက်လူ၏ဝိညာဉ်ထဲမှ နက်ရှိုင်းသောနေရာတစ်ခုတွင် ပုန်းကွယ်နေသည့် အလင်းဖျော့ဖျော့ကို ဝမ့်ခိုက်က ရုတ်တရက် သတိပြုမိသွားခဲ့သည်။

လုရှောင်ယန်သည်လည်း ထိုအလင်းဖျော့ဖျော့ကို အလျင်အမြန်သတိထားမိသွားသည်။ သူတို့၏ခွန်အားတို့ကို တစ်ချိန်တည်း နှစ်ဖက်ညှပ်ကာအသုံးပြု၍ သူတို့၏စိတ်စွမ်းအားကို ထိုအလင်းရောင်ထံသို့ပစ်လွှတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူတို့နှစ်ယောက်လုံး ကြီးမားသည့်သွေးကန်ကြီးတစ်ခုရှိရာသို့ ရောက်ရှိသွားကြပုံပင်။

ထိုသွေးကန်သည် အလွန်အမင်းအားကောင်းသည့်စွမ်းအားများ၊ ရွှေရောင်သွေးစက်များဖြင့် ပြည့်လို့နေလေသည်။

“ဒါက… သိုင်းဘုရင်အဆင့်ကျင့်ကြံသူရဲ့သွေးလား? ဒီကန်ထဲကသွေးတွေထဲမှာ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့သွေးစက် ပမာဏပေါင်းများစွာ ပါဝင်နေတာလား?”

လုရှောင်ယန်၏နှလုံးခုန်နှုန်းတို့ မထိန်းချုပ်နိုင်လောက်အောင် မြန်ဆန်လာခဲ့သည်။

ဤသွေးကန်၏အရွယ်အစားကိုကြည့်ရုံဖြင့် အထဲတွင် အနည်းဆုံးသိုင်းဘုရင်အဆင့်ကျင့်ကြံသူ တစ်ထောင်လောက်တော့ပါဝင်နေမည်မှန်း ပြောနိုင်ပေသည်။

ဘယ်သူကလဲ? သိုင်းဘုရင်အဆင့်တစ်ထောင်ထက်မနည်းကိုသတ်ပြီး သူတို့ရဲ့သွေးတွေကိုစုဆောင်းလို့ ဒီလောက်ကြီးမားတဲ့သွေးကန်ကြီးဖန်တီးခဲ့တာ ဘယ်သူများလဲ?

သူ၏ခံစားချက်တို့ ရှုပ်ထွေးလာခဲ့သည်။ နောက်တစ်ခဏမှာပဲ သွေးကန်ထဲတွင် သွေးများဖြင့်ရေချိုးနေသည့် လှပသည့်ပုံရိပ်တစ်ခုကိုပါ လုရှောင်ယန် တွေ့လိုက်ရသည်။

တစ်ဖက်လူကလည်း လုရှောင်ယန်ကြည့်နေသည်ကို အာရုံခံမိသလိုမျိုး ချက်ချင်းလှည့်ကြည့်လာခဲ့သည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားချိန်မှာတော့ လုရှောင်ယန်တစ်ယောက် ကြက်သေသေသွားမိသည်။

တစ်ဖက်လူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့သော်လည်း တစ်ဖက်လူ၏အကြည့်များဖြင့်ပင် ထိုလူ၏အရှိန်အဝါသည် အလွန်အားကောင်းကြောင်း ပြောနိုင်သည်!

တစ်ဖက်လူ၏အရှိန်အဝါထက် တစ်ဖက်လူ၏မျက်လုံးများထဲတွင် ထုတ်ဖော်လို့မရနိုင်သည့်ခံစားချက်တို့ ရောထွေးနေသလိုပင်။

အဲဒါက… သူ့ကိုသိနေတဲ့ပုံပေါက်နေတာမျိုးပေါ့။

“တစ်နေ့ မင်းဒီကိုရောက်လာလိမ့်ဦးမည်လို့ ငါမမျှော်လင့်ထားဘူး။”

“မင်းက ဘယ်သူလဲ?”

“ငါ ဘယ်သူဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ငါက မင်းဘက်ကလူပဲ။ မင်းစိတ်ရှုပ်ရင်ရှုပ်နေမှာပေါ့၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ မကြာခင် မင်းသိလာလိမ့်မယ်။”

“တော်လိုက်တော့၊ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ပုံမှန်စည်းမျဉ်းအရ မင်းဘက်က ပိုပြီးဖုံးကွယ်လေ အဆုံးမှာ ပိုပြီးပြဿနာများစေလိုပဲ။ မင်းသာ ငါနဲ့တကယ်ပဲ တစ်ဖက်တည်းကဆို မင်းရဲ့အထောက်အထားကို ဖော်ထုတ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှ အထင်လွဲမှုတွေကို လွယ်လွယ်ဖြေရှင်းနိုင်သွားလိမ့်မယ်။

ဘာလို့ ငါတို့နှစ်ယောက်က မတိုက်ခိုက်ကြရတာလဲ?”

လုရှောင်ယန် အမုန်းဆုံးအရာက ဘာဖြစ်မလဲ? သူက အချက်အလက်တွေ ဖုံးကွယ်ခံထားရတာကို မုန်းတယ်။ သူက လူတွေ ရွေးချယ်စရာမရှိဘဲ သူတို့အကြောင်း သူ့ကိုပြောပြဖို့ရာ ခက်ခဲနေတဲ့လူတွေကိုမုန်းတယ်။

ဒီလိုလူစားမျိုးတွေက ကိစ္စတွေရဲ့ခက်ခဲမှုကို တိုးမြှင့်ပေးပြီး မရှုပ်ထွေးသင့်ဘဲ အရမ်းရှုပ်ထွေးကုန်အောင် လုပ်ပစ်ကြတယ်။

ဒီလိုကိစ္စတွေဖြစ်လာအောင် ဖန်တီးတဲ့လူတွေက ရူးသွပ်နေတာမဟုတ်ရင် မကောင်းတဲ့လူတွေပဲ။

အမျိုးသမီးက တခစ်ခစ်ထမရယ်ခင် ခဏလောက်တိတ်နေခဲ့သည်။

“မှန်းထားသလိုပါပဲ။ မင်းက စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလိုဆိုမှတော့ ထာဝရသစ်တောရဲ့ကောင်းကင်လျှို့ဝှက်ချောက်ကမ်းပါးကိုလာခဲ့။ ငါ မင်းကို စောင့်နေမယ်။”

“အိပ်မက်သာမက်နေလိုက်!”

လုရှောင်ယန်သည် အရူးမဟုတ်ပေ။ တစ်ဖက်လူပြောသလို လုပ်စရာအကြောင်းလည်းမရှိပေ။ သူမသိထားတဲ့အချက်အလက်တချို့ကို နားလည်ဖို့အသေအလဲကြိုးစားတာက မလိုအပ်သည့်အရာပင်။ သူ သားရဲတွင်းထဲ ခုန်ချဖို့လိုလို့လား? တစ်ဖက်လူရဲ့ဦးနှောက်က တစ်ခုခုများချို့ယွင်းနေတာလား?

တစ်ဖက်လူက ထောင်ချောက်တွေဘာတွေ ဆင်ထားခဲ့ရင် ဘယ်လိုလုပ်မလဲ?

အဲလိုဆို သူက ထောင်ချောက်ထဲ တည့်တည့်ကြီး ထိုးဆင်းလိုက်သလို မဖြစ်သွားဘူးလား?

“ငါ့ဆီသာ လာခဲ့စမ်းပါ။ မင်းက နောက်ကွယ်က ကြိုးကိုင်နေတဲ့သူဆိုရင် သေချာပေါက် ငါဘယ်မှာရှိတယ်ဆိုတာ သိမှာပေါ့၊ ငါ့ကိုသာ လာရှာလိုက်စမ်းပါ။”

သူ၏ဂိုဏ်းပတ်လည်တွင် သိုင်းဘုရင်အဆင့်အစီအရင်တွေချထားပြီးသားဖြစ်သည်။ တစ်ဖက်လူလာခဲ့ရင်တောင်မှ သူ့မှာ တိုက်ခိုက်ဖို့ရန် ခွန်အားရှိနေဦးမည်။ တစ်ဖက်လူ၏ပိုင်နက်ထဲသွားသည်အထက် အဆမျိုးစွာပိုသာပေသည်။

အမျိုးသမီးက အချိန်ကြာကြာ နှုတ်ဆိတ်မသွားဘဲ ခေါင်းညိတ်လာခဲ့သည်။

“ကောင်းပြီလေ၊ ဒီလိုဆို ငါ အမည်မဲ့ဂိုဏ်းကိုလာခဲ့မယ်။”

လုရှောင်ယန်၏ရင်ထဲ မကျေနပ်မှုတချို့ ဝင်ရောက်လာခဲ့သည်။ တစ်ဖက်လူက တကယ်ပဲ သူ့အထောက်အထားတွေကို သိနေတာပေါ့။

“ဒါဆိုလည်း မင်းရောက်လာမှာကို စောင့်နေပါ့မယ်။”

ထိုစကားပြောပြီးသည်နှင့် လုရှောင်ယန် သူ၏နတ်အာရုံကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ဂိုဏ်းအပြင်သို့ ပြေးထွက်ကာ အစီအရင်တစ်ခုကို စတင်တည်ဆောက်လေတော့သည်။

တစ်ဖက်လူ၏နည်းစနစ်တွေက အရမ်းနဲ့မှအားကောင်းလွန်းတယ်။ ပြောရရင် တစ်ဖက်လူက သိုင်းဘုရင်အဆင့်ကျင့်ကြံသူ တစ်ထောင်ထက်မနည်းကို သတ်ထားတဲ့သူမဟုတ်လား။ ဒီလိုလူမျိုးက သာမာန်လူသားသိုင်းပညာရှင်တစ်ယောက် ခုခံနိုင်တာမျိုးမဟုတ်တော့ဘူး။ တစ်ဖက်လူက နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်ချေ အရမ်းများလွန်းတယ်!

တစ်ဖက်လူသာ ရောက်လာလို့ သူ့မှာ တစ်ဖက်လူကို ဖိနှိပ်ထားဖို့လုံလောက်တဲ့ ခွန်အားမရှိခဲ့ရင် နေရာမှာပဲ ချက်ချင်းအသတ်ခံလိုက်ရနိုင်တယ်မဟုတ်ဘူးလား?

ဒါကြောင့် လုရှောင်ယန် အစီအရင်ပေါင်းတစ်ထောင်ကျော်လောက်ကို အမြန်တည်ဆောက်လိုက်သည်။ ထိုအစီအရင်များအားလုံးတွင် နတ်ဘုရားအဆင့်အစီအရင်တွေက အဓိကပါဝင်ပေသည်။

ဟူး!

ကြင်ဖက်တွေ့ပွဲတွေမှာ အန္တရာယ်တစ်ခုမဟုတ်တစ်ခုကတော့ ရှိမြဲလို့ ပြောကြသလိုပဲ။

ဒါပေမဲ့ သာမာန်လူတွေအတွက်တော့ တစ်ဖက်လူက ကိုယ့်ကိုအချဉ်ဖမ်းမဲ့လူမဖြစ်စေဖို့ပဲ သတိထားဖို့လိုတယ်။

လုရှောင်ယန်အတွက်ကတော့ တစ်ဖက်လူက ရုပ်မဆိုးတာ သေချာစေဖို့အပြင် ကိုယ့်ကိုတိုက်ခိုက်လာမည့်အရေးကို ကာကွယ်ဖို့ပါ လိုနေသေးတယ်။

ဘဝက ခါးသီးလိုက်တာ…

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၆၇ မင်းသားချောင်ပီလော့?

တစ်နေ့တစ်ညကုန်ဆုံးသွားပြီးနောက်မှာတော့ အဆုံးတွင် အမည်မဲ့ဂိုဏ်းတစ်ဝိုက်မှ အစီအရင်များအားလုံးကို လုရှောင်ယန် ပြန်လည်တိုးမြှင့်လို့ ပြီးစီးသွားခဲ့လေပြီ။

ဒီလောက်များပြားတဲ့ နတ်ဘုရားအဆင့်အစီအရင်တွေကို တည်ဆောက်လိုက်ပြီးကာမှ လုရှောင်ယန်လည်း စိတ်အေးကာ သက်ပြင်းချနိုင်သွားတော့သည်။

“ဟ! အခုတော့ အဲဒီဆန်းကြယ်တဲ့ပုဂ္ဂိုလ်ရောက်လာမှာကို ထိုင်စောင့်ရုံပဲရှိတော့တယ်။”

အမှန်ကိုပဲ လုရှောင်ယန်သည် တောင်ခြေတွင် တင်ပျဉ်ခွေထိုင်ကာ တိတ်တိတ်လေးစောင့်နေခဲ့သည်။ တစ်ဖက်လူ မတိုက်ခိုက်လာသည်အား သေချာစေရန်အတွက် သူ၏နတ်အာရုံကို ပတ်ဝန်းကျင်တစ်ခုလုံးသို့ဖြန့်ကျက်ကာ စစ်ဆေးနေခဲ့သည်။

အချိန်သိပ်မကြာခဲ့ပေ။ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည့်လုရှောင်ယန် ရုတ်ချည်း မျက်လုံးဖွင့်လာခဲ့သည်။ သူ၏မျက်လုံးများထဲတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်တို့ ပြည့်သွားခဲ့သည်။

နောက်တစ်ခဏမှာပဲ လေထုတစ်နေရာက ပုံပျက်သွားကာ အနက်ရောင်ဝတ်ရုံဖြင့် လူတစ်ယောက်က လမ်းလျှောက်တုတ်တစ်ချောင်းကိုင်လို့ လေဟာနယ်ထဲမှ ထွက်လာခဲ့သည်။

လုရှောင်ယန် : “???”

တစ်ဖက်လူက ငယ်ရွယ်တဲ့အမျိုးသမီးတစ်ယောက်မဟုတ်ဘူးလား?

ဘာလို့ဒီမှာ အဘွားကြီးတစ်ယောက်ရှိနေရတာလဲ?

ကြောက်ဖို့ကောင်းလိုက်ပုံများ!

ဒီစိတ်ကူးယဉ်ကမ္ဘာကြီးမှာလဲ အထူးအလှပြုလုပ်ချက်တွေရှိနေတာလား?

သူသည် ရုပ်ရည်သွင်ပြင်ဆိုတာ အပေါ်ယံဟုမှတ်ယူကာ အမျိုးသမီးတွေကို စိတ်မဝင်စားသော်လည်း တစ်ဖက်လူက တကယ်ပဲ အဘွားကြီးတစ်ယောက်ဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ ပြောရရင် သူ့ကိုတော်တော်လေး လက်မခံနိုင်ဖြစ်စေခဲ့သည်။

“အဘွား၊ လမ်းမှားလာတာလား?”

အဘွားကြီးက ပုံမှန်အတိုင်းပြုံးလိုက်ရာ သူမမျက်နှာထက်တွင် အရေတွန့်များပိုများလာတာကြောင့် လုရှောင်ယန်၏နှလုံးသားထဲ ပိုလို့တောင်မှ ခါးသီးသွားတော့သည်။

“မင်းပဲ ငါ့ကိုလာခဲ့ခိုင်းတာမဟုတ်ဘူးလား?”

“ဒီနေရာကိုလာသင့်တဲ့လူက မင်းရဲ့မြေးမ မဟုတ်တာ သေချာရဲ့လား? ဒါမှမဟုတ် မင်းရဲ့မြစ်လား?”

“ငါ့မှာ ဘာမျိုးဆက်မှမရှိဘူး။”

“ဒါဆို မင်းရဲ့တပည့်များ မဖြစ်နိုင်ဘူးလား?”

လုရှောင်ယန်က လက်မလျှော့သေးပေ။

သို့သော်လည်း တစ်ဖက်လူက သူ့အတွေးများကို ချက်ချင်းဖြတ်တောက်ပေးလိုက်လေသည်။

“အဲလောက် စိတ်ပူမနေပါနဲ့၊ မင်းမြင်လိုက်တဲ့အမျိုးသမီးက ငါ့ရဲ့ဝိညာဉ်ကိုယ်ထည်ပဲ။ ငါ့မှာက ဝိညာဉ်လေးပဲကျန်တော့တာ။ ဒီခန္ဓာကိုယ်က ငါရထားတဲ့တစ်စုံတစ်ခုဖြစ်ရုံပဲ၊ ငါ့ရဲ့ခန္ဓာကိုယ်အစစ်မဟုတ်ဘူး။”

လုရှောင်ယန် လုံးဝလက်လျှော့သွားလေတော့သည်။

လုရှောင်ယန်၏အမူအရာကိုမြင်ပြီး တစ်ဖက်က စနောက်လာခဲ့သည်။ “ဒီတော့ ငါပြန်လိုက်ရမလား?”

“အာ.. ထားလိုက်ပါတော့။ တကယ့်ကိစ္စကိုပဲ ဆွေးနွေးကြရအောင်။”

တစ်ဖက်က ခေါင်းညိတ်လာခဲ့သည်။ “မင်းရဲ့အစီအရင်က တော်တော်လေးကောင်းသားပဲ။”

လုရှောင်ယန် : “….”

တစ်ဖက်လူက သူ့အစီအရင်တွေအကြောင်း တကယ်ပဲသိနေတာလား။ သေချာပေါက် ဆရာကြီးတစ်ယောက်ပဲ။

လုရှောင်ယန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် လေးနက်သည့်အမူအရာသို့ ပြန်ပြောင်းလိုက်သည်။

“တကယ်ပဲ မင်းဘယ်သူလဲ?”

“ဒီလောကကလူတွေကတော့ ငါ့ကို အကြီးအကဲထျန်းကျီလို့ခေါ်ကြတယ်။ ဒါပေမဲ့ သီအိုရီအရတော့ မင်း ငါ့ကို ဆရာတူအစ်မလို့ခေါ်သင့်တယ်။”

“ဒါဆို ငါက ဘယ်ဂိုဏ်းကလဲ? ဒါမှမဟုတ် ငါက ဘေးဒုက္ခကိုခံစားဖို့အတွက် သေမျိုးလောကမှာ ပြန်လည်မွေးဖွားဖို့စေလွှတ်ခံရတဲ့ တစ်စုံတစ်ယောက်ရဲ့တပည့်လို့ဆိုနိုင်မလား?”

“ဒါတော့ မမှန်ဘူး။ မင်းက လူဝင်စားမဟုတ်ဘူး။ မင်းက ဒီလောကမှာ ငါ့ဆရာရှာတွေ့ခဲ့တဲ့ အသန့်စင်ဆုံးသွေးစက်ပဲ။

ငါ့ဆရာ၊ တစ်နည်း ငါတို့ရဲ့ဆရာက မင်းကိုအနာဂါတ်မှာ ထိပ်တန်းအဆင့်တစ်ယောက်ဖြစ်လာပြီး ငါတို့ဂိုဏ်းကိုအန္တရာယ်ကြားကနေ ကယ်တင်နိုင်ဖို့အတွက် သူ့ရဲ့စွမ်းအင်အားလုံးကိုအသုံးချပြီး မင်းအတွက် နတ်လောကဆီသွားဖို့ အထူးလမ်းကြောင်းကို နှစ်သိန်းပေါင်းများစွာကြာအောင် တည်ဆောက်ပေးခဲ့တယ်။“

“ငါတို့ဆရာက အဲလောက်တောင် အံ့ဩဖို့ကောင်းလား? သူသာ ဒီလောက်အံ့ဩဖို့ကောင်းတဲ့လူမျိုးဆိုရင် ဘာကြောင့်များ ငါ့ကို သေမျိုးလောကဆီလွှတ်ပြီး ဒုက္ခဆင်းရဲခံစားခိုင်းနေတာလဲ? သူကိုယ်တိုင် ငါ့ကိုခေါ်ဆောင်ပြီး လမ်းပြပေးလိုက်ရင် ငါ့ရဲ့ခွန်အားကိုတိုးမြှင့်ဖို့အတွက်လမ်းကြောင်းက ပိုမလွယ်ကူသွားဘူးလား?”

အဘွားကြီးက သက်ပြင်းခပ်ဖွဖွချလိုက်သည်။

“ဒါနဲ့ပတ်သတ်ပြီး ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး။ သူက အခု အကျဉ်းချခံထားရတယ်။ ငါတို့ဂိုဏ်းက ဆရာတူညီအစ်ကိုမောင်နှမတွေအားလုံး သေတဲ့သူသေ၊ ထွက်ပြေးတဲ့သူပြေး၊ အသတ်ခံရရင်ခံရ မဟုတ်လည်း လက်အောက်ခံအဖြစ် ဖိနှိပ်ခံလိုက်ကြရပြီ။ အခု လူနည်းနည်းပါးပါးပဲကျန်တော့တယ်။ သူသာ မင်းကိုတလျှောက်လုံး အတူခေါ်ထားခဲ့ရင် မင်းကိုလည်း အန္တရာယ်ကြားထဲ ဆွဲသွင်းမိသွားလိမ့်မယ်။ ဒါကြောင့် မင်းကို သေမျိုးလောကဆီ ပို့လွှတ်လိုက်တာပဲ။”

“ဒါဆို ငါတို့ဂိုဏ်းကို ဘယ်လိုခေါ်လဲ?”

“အခုတော့ မင်းကိုမပြောပြနိုင်သေးဘူး။ အကြောင်းကတော့ အနာဂတ်မှာ မင်းရဲ့ကျင့်ကြံမှုအကြောင်း ထုတ်ဖော်လိုက်ရနိုင်ချေရှိလို့ပဲ။ ဒါက ငါတို့ဂိုဏ်းအကြောင်းပါပေါ်သွားပြီး ဆရာ့ဆီကို ဆိုးရွားတဲ့ဆန္တရာယ်တွေ ဆောင်ကျဉ်းပေးသွားနိုင်တယ်။ ပြောရရင် ငါတို့ဂိုဏ်းတစ်ခုလုံးကိုထာဝရပျက်စီးခြင်းကို ဆိုက်ရောက်သွားစေနိုင်တဲ့အထိပဲ။ ဒီလိုအန္တရာယ်ဖြစ်လာနိုင်တဲ့ကိစ္စမျိုးကို ငါမလုပ်နိုင်ဘူး။”

“ကောင်းပြီလေ၊ နောက်ထပ်ပြဿနာရှိသေးတယ်။ ငါက ဘယ်သူလဲ? ဘာလို့ ငါမှလဲ? မင်းရဲ့ဆရာက တခြားလူတွေကိုမဟုတ်ဘဲ ဘာလို့ငါ့ကိုမှ ရွေးချယ်ခဲ့တာလဲ?”

“ဘာလို့ဆို မင်းက ဒီလောကမှ အသန့်စင်ဆုံးသွေးစက်ဖြစ်နေလို့ပဲ။ မင်းက ကောင်းကင်တာအိုနဲ့ချည်နှောင်ခြင်းမခံထားရတဲ့ စစ်မှန်တဲ့ဖြစ်တည်မှုပဲ။ ငါ့ဆရာကတော့ မင်းကို ရွေးချယ်ခံရသူလို့ခေါ်တယ်!”

“နောက်ဆုံးမေးခွန်း။ ငါက နတ်လောကမှာမွေးလာတာမဟုတ်ဘူးလား? ဘာလို့ ငါက နတ်လောကမှာလည်းမဟုတ်တဲ့အပြင် ကျင့်ကြံဆင့်နိမ့်နိမ့်နဲ့ ထွက်ပေါ်လာခဲ့ရတာလဲ?”

“ဒါကတော့ ငါတို့ရဲ့အမှားပဲ။ အစတုန်းက ဆရာ့ရဲ့အစီအစဉ်အရ မင်းကို နတ်လောကမှာမွေးဖွားစေပြီး မင်းရဲ့ခွန်အားကို မြန်နိုင်သမျှမြန်မြန်တိုးတက်လာအောင် လုပ်ပေးမလို့ပဲ။ ဒါပေမဲ့ ကံမကောင်းစွာဘဲ ဆရာက မင်းပေါ်မှာ ခိုင်မာတဲ့စည်းတံဆိပ်ကိုထပ်ခါတလဲလဲလုပ်ပေးခဲ့တာတောင်မှ မင်းမွေးဖွားလာချိန်မှာဖြစ်ပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေကို မတားဆီးနိုင်ခဲ့ဘူး။

အဲဒီအချိန်မှာပဲ မင်းက ကောင်းကင်တာအိုရဲ့အာရုံကိုစွဲဆောင်မိပြီးသားဖြစ်သွားပြီ။

ဒါကြောင့် မင်းကို လုံးလုံးသတိထားမိသွားတဲ့အထိမဖြစ်အောင် နောက်ဆုံးမိနစ်မှာပဲ ငါတို့ရဲ့ဗျူဟာကိုပြောင်းလဲပြီး မင်းကိုဖွက်ထားဖို့ ကြိုးစားခဲ့တယ်။

ဒီအချိန်မှာ မင်းကိုမွေးဖွားတဲ့မိသားစုက တခြားမိသားစုတစ်ခုနဲ့ ပြဿနာတက်နေခဲ့တယ်။

ဒီလိုဖြစ်လာတဲ့အချိန် အချက်အလက်တချို့ပေါက်ကြားစေကာ တဖက်က မင်းတို့မိသားစုကို တိုက်ခိုက်လာအောင်လုပ်ခဲ့တယ်။ ဒီနောက်မှာတော့ အခွင့်အရေးကိုအရယူပြီး ငါတို့မင်းကိုခေါ်သွားပြီး ကျင့်ကြံဆင့်နိမ့်အောင်လုပ်ပေးခဲ့တယ်။ နောက်အနာဂတ်မှာ မင်းရဲ့ကျင့်ကြံဆင့်က နတ်လောကကိုဝင်နိုင်တဲ့အထိ ကျင့်ကြံပြီးတဲ့အခါမှာ မင်းရဲ့မိသားစုဆီကိုပြန်နိုင်အောင်လို့ ငါတို့ စီစဉ်ပေးခဲ့ကြတယ်။”

လုရှောင်ယန် မျက်မှောင်အသာကြုတ်ကာ အတွေးနက်ထဲတိုးဝင်လို့သွားလေသည်။

လက်ရှိသူရရှိလိုက်တဲ့အချက်အလက်တွေထဲက ပထမဆုံးအနေနဲ့၊ သူက ဂိုဏ်းတစ်ခုရဲ့ဆရာကြီးကနေပြီး ဒီလောကကိုပို့ဆောင်ပေးခြင်းခံလိုက်ရတယ်။ သူက အနာဂတ်မှာ အောင်မြင်အောင်ကျင့်ကြံပြီး သူကိုယ်တိုင်နဲ့သူ့ဂိုဏ်းကိုကယ်တင်ဖို့ပြန်သွားရန်အတွက် နတ်လောကရဲ့အင်အားကြီးမိသားစုတစ်ခုမှာ လူပြန်ဝင်စားခံရတယ်လို့ ယူဆလို့ရတယ်။

တတိယအချက်ကတော့ သူတို့ဂိုဏ်းက အလွန်အင်အားကြီးတာပဲ။ အင်အားကြီးလွန်းလို့ ကောင်းကင်တာအိုဥပဒေရဲ့တစ်စိတ်တစ်ပိုင်းကိုတောင်မှ ပိတ်ဆို့ထားနိုင်တယ်။

စတုတ္ထအချက်ကတော့၊ သူတို့ဂိုဏ်းက အရမ်းအန္တရာယ်များတဲ့အခြေအနေမှာလည်း ရှိနေတယ်။ ဂိုဏ်းရဲ့ဆရာသခင်က အကျဉ်းချခံထားတယ်၊ ဂိုဏ်းကကျ တကွဲတပြားဖြစ်နေတယ်၊ ပြီးတော့ ဆရာတူညီအစ်ကိုမောင်နှမတွေက၊ သေကြေ၊ ဒဏ်ရာရရင်ရ မဟုတ်ရင် လက်အောက်ခံအဖြစ်ဖိနှိပ်ခံထားရတယ်။

အကျဉ်းချုပ်လိုက်ရရင် သူတို့ကို အလွန်ကံမကောင်းတဲ့လူတွေလို့တောင် ယူဆနိုင်တယ်။

တစ်ဖက်လူက သူ့ကိုဂိုဏ်းအကြောင်းအများကြီးမပြောပြချင်တာ သေချာပေါက် နားလည်ပေးလို့ရပါတယ်။ လုရှောင်ယန်လည်း အများကြီးထပ်မမေးတော့ဘဲ နောင်တချိန်မှ ရှာဖွေဖော်ထုတ်ဖို့ရန်အတွက် လမ်းကြောင်းတစ်ခုကို တွေးတော့ကြည့်ရတော့သည်။

ဒါပေမဲ့ ပြောကာမှ တစ်ဖက်က သူ့ကို အသက်ကယ်ကောက်ရိုးမျှင်တစ်ခုအဖြစ် ပြုစုပျိုးထောင်ပေးခဲ့ကြတာပဲ။ ဒါပေမဲ့ လက်တွေ့မှာတော့ သူ့လက်ရှိဝိညာဉ်က အရင်ဝိညာဉ်မှမဟုတ်တော့တာ။ ဒီလိုဆိုရင်တောင် သူက အရွေးချယ်ခံဖြစ်နိုင်တုန်းပဲလား?

လွန်ခဲ့သည့်ဆယ်နှစ်က ကူးပြောင်းလာခဲ့ပြီး မူရင်းပိုင်ရှင်၏ဝိညာဉ်ကို စုပ်ယူခဲ့ပြီးနောက် သူ့ကို တခြားလူတစ်ယောက်အဖြစ် သတ်မှတ်သင့်နေပြီမဟုတ်ဘူးလား?

ဒါ့အပြင် ဝမ့်ခိုက်စမ်းသပ်ခဲ့တဲ့မှတ်ဉာဏ်တွေအားလုံးက သူ့ဝိညာဉ်ရဲ့မှတ်ဉာဏ်တွေချည်းပဲ။ တစ်နည်းပြောရရင် သူ့ဝိညာဉ်ရဲ့အထောက်အထားကလည်း လျှို့ဝှက်ဆန်းကျယ်နေတုန်းပေါ့?

ဝမ့်ခိုက်၏ပြောစကားတွေအရ သူ့ကိုယ်ပိုင်အထောက်အထားက အလွန်အမင်းစွမ်းအားကြီးတဲ့အထောက်အထားဖြစ်ရမယ်!

တကယ်သာဆို သူက ဤအကြီးအကဲထျန်းကျီရဲ့နောက်ကွယ်က ဆရာသခင်ဆိုသူထက်တောင်မှ ပိုပြီးအင်အားကြီးနိုင်သေးတာပဲ!

တစ်ဖက်မှာတော့ သူက နတ်လောကရဲ့ မိသားစုတစ်ခုက ကလေးတစ်ယောက်။

တစ်ဖက်မှာတော့ သူက အလွန်အမင်းအင်အားကြီးတဲ့ ကျဆင်းနေပြီဖြစ်တဲ့ဂိုဏ်းတစ်ခုကနေ ပျိုးထောင်ပေးနေတဲ့ ထိပ်တန်းကျွမ်းကျင်သူ၊ အမွေခံ နဲ့ မြင့်မြတ်သော သားတော်တစ်ပါး!

ဒါ့အပြင် သူ့ရဲ့အရင်ဘဝတုန်းက သူက အလွန်အမင်းစွမ်းထက်တဲ့ဆရာကြီးတစ်ယောက်ဖြစ်နိုင်သေးတယ်။ ဒါတင်မကဘူး၊ ဝမ့်ခိုက်ရဲ့အမြင်အရ သူက လူပေါင်းများစွာရဲ့ဝန်းရံသတ်ဖြတ်ခြင်းကိုလည်း ခံခဲ့ရတာမျိုးဖြစ်နိုင်တယ်။

ဒီလိုသာဆို သူ့မှာ အထောက်အထားသုံးမျိုးတောင်ရှိနေတာမဟုတ်ဘူးလား?

ထို,ထိုသောမြင်းနက်များထက်တောင်မှ သူကပိုလို့တောင်အံ့ဩဖွယ်ထူးချွန်သူဟု လုရှောင်ယန် ခံစားမိသွားသည်။

“ဒါနဲ့၊ ငါ့မှာနောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ်။ ခင်ဗျား မြင်းနက်တွေ ဘာဖြစ်နေတယ်ဆိုတာ သိလား?

“ဒီမြင်းနက်တွေက ကမ္ဘာငယ်ထဲမှာ တစ်စုံတစ်ခုကိုရှာဖွေဖို့အတွက် လူတချို့ကဖန်တီးခဲ့တာပဲ။ ဒါပေမဲ့ သူတို့ဘာကိုရှာချင်နေတာလဲဆိုတာကိုတော့ ငါလည်း မသေချာဘူး။

ဒီမြင်းနက်တွေအားလုံးက ဖန်တီးထားပြီး ကြီးမားတဲ့ကံကောင်းခြင်းမျိုးရှိတယ်ဆိုတာပဲ ငါသိတယ်။ သူတို့က ကမ္ဘာငယ်တွေအများကြီးမှာ ပြန့်ကျဲနေကြတာပဲ။”

ငါကတော့ မင်းရဲ့ခွန်အားတွေ တိုးမြှင့်လာနိုင်စေဖို့အတွက် မြင်းနက်တချို့တလေကို ဆွဲဆောင်ပြီး မင်းသတ်ပစ်နိုင်အောင် ကူညီပေးတာပဲ။”

တစ်ဖက်လူ၏စကားများကိုကြားပြီးနောက် လုရှောင်ယန် တစ်စုံတစ်ခုကို စတင်ယုံကြည်လာတော့သည်။

မြင်းနက်တွေက သူ့ကိုသတ်ဖို့လာကြတာမဟုတ်ဘူး။ တစ်နည်းပြောရရင် မြင်းနက်တွေက အကြီးအကဲထျန်းကျီရင်းနှီးနေတဲ့ဆရာတူမောင်လေးပုံစံကို သတ်ဖို့လာကြတာမဟုတ်ဘူး။

ကူးပြောင်းပြီးနောက်မှာ သူက ဝမ့်ခိုက်နဲ့စည်းနှောင်ပြီး မြင်းနက်တွေကိုသတ်ဖို့အတွက် ဖိအားပေးခံရတယ်။ ပြောရမယ်ဆို သူကူးပြောင်းပြီးနောက်မှာမှ မြင်းနက်တွေက သူ့ရန်သူဖြစ်လာပြီး သူကိုလိုက်လံဖမ်းဆီးဖို့ စတင်ခံတယ်လို့ ဆိုနိုင်တာပဲ။

ဒီတော့ မြင်းနက်တွေကိုပျိုးထောင်ခဲ့တဲ့လူက တကယ်ပဲ သူ့ကိုရှာနေတာလို့လည်း ပြောနိုင်တယ်။

အကြီးအကဲထျန်းကျီနဲ့သူဆရာဆိုသူတောင်မှ ဒါကိုသိမှာမဟုတ်ဘူး။ ဒါကတင်ပဲ သူ့ရဲ့အစစ်အမှန်အထောက်အထားက အကြီးအကဲထျန်းကျီတို့ဂိုဏ်းရဲ့အထက်မှာရှိနေတယ်ဆိုတာ သက်သေပြဖို့လုံလောက်သွားပေပြီ။

ဒါပေမဲ့ သူ့နောက်ခံကို အခုထိ မသိရသေးဘူး!

လုရှောင်ယန် အနည်းငယ်ဝမ်းနည်းသွားမိသည်။ ဒါပေမဲ့လည်းကောင်းပါတယ်လေ။ အနည်းဆုံးတော့ သူကအရမ်းအင်အားကြီးမှန်း သိလိုက်ရတာပဲမဟုတ်လား။

ဤသို့တွေးလိုက်ခြင်းဖြင့် သူ အနည်းငယ်မျှ စိတ်သက်သာရာရသွားခဲ့သည်။

“မင်းရဲ့ကျင့်ကြံဆင့်က သိုင်းဘုရင် သတ္တမအဆင့်ကိုရောက်နေပြီ။ နောက်ထပ်အဆင့်သေးအနည်းငယ်လောက် ဖြတ်ကျော်ပြီးရင် နတ်ဘုရားအဆင့်ကိုရောက်နိုင်ပြီ။

ငါ့ဘက်မှာတော့ နှစ်တစ်ထောင်ကျော်လောက်စုဆောင်းထားခဲ့တဲ့သွေးတွေက ကြီးမားတဲ့သွေးကန်ကြီးတစ်ခုဖြစ်နေပြီ။ အဲဒါ မင်းငါ့ရဲ့စိတ်ခွန်အားကိုဖြိုခွဲလိုက်တုန်းက မြင်ခဲ့ရတဲ့သွေးကန်ပဲ။

အနာဂတ်မှာ၊ မင်း အတိဒုက္ခကိုကျော်လွန်ပြီး အထက်ကိုတက်လာနိုင်တဲ့အခါ မင်းအတိဒုက္ခကိုဖြတ်ကျော်နေကြောင်း မိုးကြိုးတိမ်တိုက်ဥပဒေကိုဖန်တီးသူရှာမတွေ့သွားအောင် ကောင်းကင်လျှို့ဝှက်ချက်တွေကနေ ကာကွယ်ဖို့အတွက် သွေးကန်ထဲကသွေးတွေကို အသုံးပြုပြီး မင်းကိုကူညီပေးမယ်။”

ထိုစကားကိုကြားလိုက်ရလို့ လုရှောင်ယန် ရင်ထဲ အရမ်းထိမသွားပေ။

တစ်ဖက်လူကသာ သူ့ကိုရိုးရိုးသားသားကူညီပေးချင်နေခြင်းဆိုလျှင် သူအလွန်အမင်းကျေးဇူးတင်နေပေလိမ့်မည်။

သို့သော်လည်း အခုတော့ တစ်ဖက်လူက သူမဂိုဏ်းကိုကူညီဖို့ရန်အတွက် သူ့ကိုလုံးလုံးထောက်ပံ့ပေးနေခြင်းသာဖြစ်ပေသည်။

ဒီတော့ နှစ်ဖက်အပေးအယူစီးပွားရေးအရဆက်ဆံရေးမှာ ခံစားချက်တွေအကြောင်း ထည့်ပြောနေဖို့ မလိုအပ်ပေ။

ထို့အပြင် သူသည် တစ်ဖက်လူ၏စကားတိုင်းကို အပြည့်အဝမယုံကြည်ထားပေ။

ဤအကြီးအကဲထျန်းကျီက သူ့ကိုလှည့်စားနေသလားဆိုတာ ဘယ်သူကသိနိုင်မှာလဲ?

“ခင်ဗျားဘာပြောချင်လဲဆိုတာ ငါနားလည်ပြီ။ ဒါပေမဲ့ ငါနားလည်တယ်ဆိုရင်တောင် မင်းကိုအမှန်တကယ်ယုံကြည်စေချင်ရင်တော့ မင်းရဲ့အစစ်အမှန်ရိုးသားမှုကို ပြမှရမယ်။”

“ငါနားလည်ပြီ။”

အကြီးအကဲထျန်းကျီက ဒါတွေအားလုံးကိုအရင်ကတည်းက ကြိုတင်မှန်းဆထားမိပြီးသားဖြစ်ပုံရသည်။ ဒါကြောင့် သူမက သူ၏သွေးအနှစ်သာရတစ်စက်နှင့် သူမ၏ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ကာ လုရှောင်ယန်ထံသို့ ပေးလိုက်လေသည်။

ထိုသို့ ဘာမှတောင်တွေးနေဖို့မလိုဘဲ ပြတ်ပြတ်သားသားလုပ်လိုက်သည့် အပြုအမူက လုရှောင်ယန်ကိုတောင် အနည်းငယ်မအံ့ဩမိသွားစေဘဲ မနေနိုင်ခဲ့ပေ။

ဒီအကြီးအကဲထျန်းကျီရဲ့ယုံကြည်ချက်က တကယ်ကိုပြင်းထန်တာပဲ!

သူမဆရာနဲ့ဂိုဏ်းကိုကယ်တင်ဖို့ရန်အတွက် သူမအသက်ကိုတောင်မှ လုံးလုံးဂရုမစိုက်တော့ဘူး။

ကြည့်ရတာ သူမပြောသွားတာတွေက မှန်နေပုံပဲ။

ဘာပဲဖြစ်ဖြစ် သူမအသက်နဲ့ရင်းပြီးတော့ သူ့ကိုမလိမ်လောက်ဘူးလေ။

အကြီးအကဲထျန်းကျီ၏လက်ရှကျင့်ကြံဆင့်သည် သူ့ထက်သေချာပေါက်သာလွန်ကြောင်း လုရှောင်ယန် ပြောနိုင်ပေသည်။ သူတို့သာ အမှန်တကယ်တိုက်ခိုက်ကြလျှင် သူက အသတ်မခံရနိုင်ရင်တောင်မှ သည်းမခံနိုက်လောက်တဲ့အဆင့်ထိရောက်အောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားနိုင်ပေသည်…။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၆၈ ထပ်မံစည်းနှောင်ခြင်း

လူတစ်ယောက်၏ခွန်အားက ကိုယ့်ထက်သာလွန်ပြီး သူတို့ရဲ့ကံကြမ္မာကို ကိုယ့်လက်ထဲအသာတကြည့်အပ်နှံဖို့ဆန္ဒရှိသည့်အခါ အခြေခံအားဖြင့် ထိုလူကို သံသယဝင်နေစရာအကြောင်း မရှိတော့ပေ။

လုရှောင်ယန် သူ့မျက်ခုံးတို့ကိုအသာပွတ်ကာ စကားဆက်လိုက်သည်။ “ဒါဆို ငါဘာဆက်လုပ်ရမလဲ?”

“မင်းရဲ့ကျင့်ကြံဆင့်က သိုင်းဘုရင်အဆင့်ကိုရောက်နေပြီ။ နတ်ဘုရားအဆင့်ရောက်အောင် ဆက်ပြီးတိုးမြှင့်နိုင်သ၍ ငါသွေးကန်ကိုချက်ချင်းအသက်သွင်းပြီး ကောင်းကင်တာအိုစည်းမျဉ်းတွေ မင်းကိုအာရုံခံမိတာကနေ တားဆီးပေးမယ်။ အဲဒီအချိန်ကျရင် မင်းလည်း မိုးကြိုးအတိဒုက္ခကို တိုက်ရိုက်ဖြတ်ကျော်ပြီး အဆင့်တက်သွားလိမ့်မယ်။ နတ်လောကကိုရောက်ပြီးတာနဲ့ နတ်လောကရဲ့ရှေးဟောင်းလျှို့ဝှက်ကုန်းမြေမှာရှိတဲ့ လုမိသားစုဆီ မင်းချက်ချင်းသွားရလိမ့်မယ်။

မင်းလုမိသားစုပိုင်နက်ထဲမှာ သွေးအနှစ်သာရတစ်စက်ကိုချပြီး တံဆိပ်ပြားကိုအသက်သွင်းလိုက်တာနဲ့ လုမိသားစုကတစ်ယောက်ယောက် မင်းကိုလာရှာလိမ့်မယ်။”

“လုမိသားစုက ငါ့ကိုအသိအမှတ်မပြုရင် ဘယ်လိုလုပ်မလဲ? ငါပျောက်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပြီလေ။ လက်ရှိငါ့ကို သူတို့ သံသယမဝင်နိုင်ဘူးလား?”

“မင်းရဲ့သွေးမျိုးဆက်က လုမိသားစုရဲ့သွေးမျိုးဆက်ပဲ၊ ဒါကြောင့် လုမိသားစုက မင်းကိုသံသယဝင်မှာမဟုတ်ဘူး။ မင်းအနေနဲ့ သွေးစစ်ဆေးမှုလုပ်မှာကို ကြောက်နေဖို့တောင်မလိုဘူး။ လုမိသားစုထဲဝင်ပြီးတာနဲ့ လုမိသားစုရဲ့ကာကွယ်မှုနဲ့ဆို မင်း နတ်လောကမှာ ခဏလောက်တော့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လို့ရနိုင်တယ်၊ အဲဒီအချိန်အတွင်း မင်းရဲ့ကျင့်ကြံဆင့်ကိုဆက်ပြီးတိုးတက်အောင် ကျင့်ကြံထား။

မင်းရဲ့နောက်ခံနဲ့ပတ်သတ်ပြီးကတော့ မင်း တစ်ခုခုဖန်တီးလိုက်လို့မရနိုင်ဘူးလား? လိမ်ညာပြောဆိုတဲ့နေရာမှာ မင်းထက်ပိုပြီးသာတဲ့လူမရှိဘူးလားလို့ပါ?”

လုရှောင်ယန် : “…..”

“အဓိပ္ပါယ်မရှိတာတွေမပြောနဲ့၊ ဒါ စွပ်စွဲနေတာပဲ။ မင်းကို အသရေဖျက်မှုနဲ့တရားဆွဲပစ်မယ်ဆို ယုံလား?”

ခဏလောက်ရပ်လိုက်ပြီးနောက် လုရှောင်ယန် ဆက်ပြောလိုက်သည်။ “ဒီကမ္ဘာမှာမြင်းနက်တွေ ဘယ်လောက်များများရှိလဲ?”

“သုံးယောက်။ နှစ်အတော်ကြာ စောင့်ကြည့်လေ့လာကြည့်ပြီးနောက် ဒီကမ္ဘာရဲ့မြင်းနက်တွေအားလုံးကို ငါအတည်ပြုပြီးသွားပြီ။ အများစုက မင်းသတ်လို့ သေကုန်ကြပြီူ။ အခုတော့ ထာဝရသစ်တောက ယဲ့မိသားစုရဲ့ ယဲ့ကျွင်းလင်၊ ထာဝရသစ်တောက လီချင်းဖန်လို့ခေါ်တဲ့ လေလွင့်ကျင့်ကြံသူနဲ့ ထာဝရသစ်တောက ဟန်ကျန့်လို့ခေါ်တဲ့ နောက်ထပ်လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ ကျန်တော့တယ်။

သူတို့သုံးယောက်ထဲမှာ ဟန်ကျန့်က ဖမ်းဖို့အခက်ဆုံးဖြစ်ပြီး ယဲ့ကျွင်းလင်ကတော့ အသန်မာဆုံး။ လီချင်းဖန်ကတော့ ဒုတိယလိုက်တယ်။ မင်း အရင်ဆုံးလီချင်းဖန်ကို တိုက်ခိုက်ဖို့ကြိုးစားကြည့်သင့်တယ်လို့ထင်တယ်။”

လုရှောင်ယန်သည် ဟန်ကျန့်ကိုတော့ ရင်းနှီးပြီးသားဖြစ်သည်။ လီချင်းဖန်ကိုလည်း သိပေသည်။ သူ၏ရှစ်ယောက်မြောက်တပည့် ကျန်းထိုင်ရွှမ်က အခုထိ အပိုင်းပိုင်းဖြစ်နေတုန်းပင်။ သူ့ကို ရှန်းထီကျောက်ရှင်အမှတ်အသားထဲ ထည့်ထားရုံသာရှိသေးကာ ပြန်လည်မရှင်သန်လာသေးပေ။

သို့သော်လည်း လုရှောင်ယန်ကို အံ့အားသင့်စေသည်က တကယ်ပဲ နောက်ထပ်ယဲ့ကျွင်းလင်ဆိုသည့်တစ်ယောက်ပါ ရှိနေခြင်းပင်။

ထို့အပြင် အကြီးအကဲထျန်းကျီ၏ပြောစကားအရ ထိုယဲ့ကျွင်းလင်သည် အသန်မာဆုံးတောင်မှဖြစ်သေးသည်။

ကြည့်ရတာ သူတော့ နောက်ထပ်ပြင်းထန်တဲ့တိုက်ပွဲအနည်းငယ် ကြုံရဦးမယ့်ပုံပဲ။

“ဒါဆို ငါ လီချင်းဖန်ကိုအရင်ရှင်းလိုက်မယ်။ မတိုင်ခင် တချို့ကိစ္စလေးတွေစုံစမ်းပေးဖို့ မင်းကို ဒုက္ခပေးရဦးမယ်။”

“ဘာကိစ္စလဲ?”

“ဒီကမ္ဘာမှာ မင်းလိုမျိုးနောက်ထပ်တစ်ယောက်ရှိသလားဆိုတာ ငါ့ကိုကူစုံစမ်းပေး။”

အကြီးအကဲထျန်းကျီ၏မျက်လုံးများ ရုတ်ချည်းအေးစက်သွားတော့သည်။

“ဘာကိုဆိုလိုတာလဲ?”

“ဘာမှမဟုတ်ပါဘူး။ ငါ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်သက်သက်ပါ။ ဒါပေမဲ့ မင်းက ငါနဲ့တစ်ဖက်တည်းဆိုမှတော့ ကူညီစုံစမ်းပေးပါဦး။”

“ကောင်းပြီ!”

အကြီးအကဲထျန်းကျီ၏ဂိုဏ်းရှင်သန်ဖို့အရေးသည် လုရှောင်ယန်၏လုံခြုံရေးနှင့်ဆက်စပ်နေတာကြောင့် ဤသို့အကူအညီတောင်းခြင်းမျိုးကို သူမဂရုစိုက်နေမည်မဟုတ်ပေ။

ဒါကြောင့် လုရှောင်ယန် ပြောလာသည်နှင့် အကြီးအကဲထျန်းကျီလည်း လုရှောင်ယန်ကို ချက်ချင်းနှုတ်ဆက်ကာ ပြန်ထွက်သွားတော့သည်။

လုရှောင်ယန် သူ့မေးကိုဆွဲပွတ်လိုက်ပြီးနောက် အမည်မဲ့ဂိုဏ်းသို့ပြန်လာခဲ့လေသည်။

သူအမည်မဲ့ဂိုဏ်းသို့ရောက်သွားသည်နှင့် သူ့တပည့်များသည် နံရံပေါ်မှပျံလွှားများလို့မျိုး တတန်းတည်းရပ်ကာ သူ့ကိုပြုံးပြုံးကြီးကြည့်နေကြလေသည်။

“ဆရာ၊ အခုတင်တောက်ခြေမှာ ဆရာနဲ့တွေ့ခဲ့တဲ့အမျိုးသမီးက ဘယ်သူလဲ?”

“ထွက်သွားကြစမ်း!”

“သူက ကျွန်တော်တို့ဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆရာကတော်ဖြစ်မဲ့သူလား?”

လုရှောင်ယန် : “….”

“မင်းတို့ကောင်တွေ ကျင့်ကြံဖို့စိတ်ကူးမရှိကြဘူးလား? အားလုံး ဒီမှာဘာလုပ်နေကြတာလဲ?”

“ကျွန်တော်တို့အကြာကြီးကျင့်ကြံပြီးကြပါပြီ။ လေကောင်းလေသန့်လေးရှူဖို့ခဏထွက်လာတာပါ။ ဒါနဲ့၊ ဆရာ ရှက်နေဖို့မလိုပါဘူး။ ဆရာက အသက်လည်းကြီးနေပြီ အင်အားကလည်းအရမ်းကြီးနေပြီ။ ဆရာ တာအိုအဖော်ရှာတာကို ကျွန်တော်တို့ နားမလည်ပေးနိုင်စရာမရှိပါဘူး။”

“မှန်တယ်၊ မှန်တယ်။ ဆရာ ကျွန်တော်တို့ အရမ်းနားလည်ပါတယ်။ ဘာမှစိတ်မပူနဲ့။ ကျွန်တော်တို့အားလုံးက ကလေးကောင်းတွေချည်းပဲ။ ဆရာ့ရဲ့ဇနီးရောက်လာတဲ့အချိန် ကျွန်တော်တို့သေချာပေါက် နာနာခံခံနဲ့ ဆရာ့ကိုအရှက်မရစေရဘူး။”

လုရှောင်ယန် ဆဲဆိုတော့မည့်အချိန်မှာပဲ လေထုကရုတ်ချည်းပုံပျက်သွားကာ အကြီးအကဲထျန်းကျီ၏ပုံရိပ်က ထပ်ပေါ်လာပြန်သည်။

“ငါမင်းကို ပြောဖို့မေ့ခဲ့လို့၊ အရင်တုန်းက မြင်းနက်နှစ်ယောက်ရဲ့အရှိန်အဝါက ယဲ့မိသားစုမှာပေါ်လာဖူးတယ်။ မင်း ယဲ့မိသားစုကိုဖြေရှင်းတဲ့အချိန်ကျရင် ဂရုစိုက်မှဖြစ်မယ်။”

သူမစကားဆုံးသည်နှင့် တဖန်ပြန်လှည့်သွားကာ ချက်ချင်းပျောက်ကွယ်သွားလေသည်။

တပည့်များသည်တော့ တော်တော်လေးနှုတ်ဆိတ်လို့သွားကြတော့သည်။

ခဏကြာပြီးနောက် ယွင်လီကောက တစ်ခုခုကိုထုတ်မပြောမိဘဲ မနေနိုင်တော့ပေ။

“ဆရာ၊ ဘယ်တုန်းကမှအမျိုးသမီးတစ်ယောက်ကို မရှာခဲ့တာကို ကျွန်တော် အမြဲအံ့ဩနေမိတာ။ မထင်ထားတာက… တကယ်တော့ ဆရာက အသက်ကြီးတဲ့အမျိုးသမီးတွေကိုမှ သဘောကျတာပဲ။”

“ဆရာ့ရဲ့အရသာခံနိုင်စွမ်းက နည်းနည်းမလွန်ကဲနေဘူးလား? သိုင်းပညာရှင်တွေက သူတို့ရဲ့ရုပ်ရည်ကိုထိန်းညှိနိုင်တယ်ဆိုပေမယ့်၊ ဒါကတော့… ဆရာဒီလိုပုံစံမျိုးမှကြိုက်လိမ့်မယ်လို့ ကျွန်တော် ယုံတောင်မယုံနိုင်ဘူး။”

ကျီဝူရှားတစ်ယောက် သူမ၏မှတ်စုစာအုပ်လေးကို တိတ်တဆိတ်ထုတ်ယူလိုက်လေသည်။

“မဟာကျိုးသက္ကရာဇ်၊ ၂၀… ဆရာက အသက်ကြီးတဲ့အမျိုးသမီးတွေကိုမှ သဘောကျတယ်။ အရေးအကြောင်းတွေဖုံးလွှမ်းနေတဲ့ရုပ်ရည်မျိုးဆို အကောင်းဆုံးပဲ။”

“ဖြစ်နိုင်တာက သူကရင့်ကျက်တဲ့အမျိုးသမီးမျိုးကို ကြိုက်လို့ပဲ။”

လုရှောင်ယန် : “….”

ခဏကြာပြီးနောက် လုရှောင်ယန် အင်္ကျီလက်များပင့်တင်က သူ့၏ငတုံးတပည့်အုပ်စုထံသို့ ခြေလှမ်းကျဲကျဲဖြင့်ဦးတည်သွားတော့သည်။

“ကြည့်ရတာ ဒီနေ့ မင်းတို့ပါးစပ်ပေါက်တွေကို တစ်စီဆွဲဖြဲပစ်မှရမယ့်ပုံပဲ။”

……

ထိုငတုံးတပည့်အုပ်စုကို သင်ခန်းစာပေးလိုက်ပြီး နောက်ဆုံးတွင်တော့ လုရှောင်ယန် သူ၏စာဖတ်ခန်းထဲသို့ ဒေါတကြီးပြန်သွားခဲ့သည်။

တစ်ခါတလေ သူ့လိုမျိုးဉာဏ်ရည်မြင့်ပါရမီရှင်တစ်ယောက်တွင် ဒီလောက်များပြားတဲ့ငတုံးတပည့်တွေ ဘာကြောင့်ရှိနေရလဲ တကယ်ကို နားမလည်နိုင်တော့ပေ။

ဝမ့်ခိုက်က တပည့်ရှာရင် ကျင့်ကြံမှုအရည်အချင်းကိုပဲကြည့်ပြီး ဉာဏ်ရည်ကိုမကြည့်တာကြောင့်များဖြစ်နိုင်မလား?

ဒါပေမဲ့ လောလောဆယ် ထိုအကြောင်းတွေကိုတွေးပြီး စိတ်ရှုပ်မခံနိုင်သေးပေ။

သူ့ကိုတကယ်စိတ်ပူစေသည့်အရာကတော့ အကြီးအကဲထျန်းကျီနောက်ဆုံး လာပြောသွားသည့်စကားပင်။

ယဲ့မိသားစုမှာ မြင်းနက်နှစ်ယောက်ရဲ့အရှိန်အဝါပေါ်လာဖူးတယ်။

ဆိုလိုတာက…

ယဲ့မိသားစုမှာ မြင်းနက်နှစ်ယောက်ရှိနေတာမျိုးလား?

သူတို့က အဲလောက်တောင်အံ့ဩဖို့ကောင်းကြတာလဲ?

ယဲ့မိသားစုမျိုးရိုးနဲ့လူတွေအားလုံး အရမ်းအစွမ်းထက်နေကြတာမျိုးလား?

မေ့လိုက်ပါတော့။ သူတို့မှာ မြင်းနက်နှစ်ယောက် တကယ်ပဲရှိနေတယ်ဆိုရင်တောင်မှ လက်ရှိမှာ သူဆုံးဖြတ်နိုင်မှာမဟုတ်ဘူး။ သူလုပ်ခဲ့ရင်တောင်မှ သူတို့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး။

ထိုအကြောင်းတွေးနေမယ့်အစား လီချင်းဖန်အကြောင်းတွေးတာကမှ ပိုကောင်းဦးမယ်။

အနည်းဆုံးတော့ သူက တစ်ယောက်တည်းရှိတဲ့မြင်းနက်ပဲလေ။ လုရှောင်ယန် သူ့ကိုအရင်ဆုံးရှာသတ်ပြီး ယဲ့မိသားစုကမြင်းနက်နှစ်ယောက်နဲ့ထိပ်တိုက်မတွေ့ခင် သူ့ခွန်အားတိုးဖို့အတွက် လီချင်းဖန်၏ကံကောင်းမှုကို စုပ်ယူရပေမည်။

မတိုင်ခင် အရင်ဆုံးကျန်းထိုင်ရွှမ်ကို အသက်ပြန်သွင်းဖို့လိုအပ်သည်။

လုရှောင်ယန်သည် ရှန်းထီကျောက်ရှင်အမှတ်အသားကို တောင်နှင့်မြစ်ပန်းချီထဲတွင်ထည့်ထားခဲ့သည်။ အထဲတွင်အချိန်စီးဆင်းမှုမြင့်တာကြောင့် ရှန်းထီကျောက်ရှင်အမှတ်အသားက ကျန်းထိုင်ရွှမ်၏ခန္ဓာကိုယ်ကို အမြန်ဆုံးစတင်ပြုပြင်နေပေပြီ။

အပြင်ဘက်တွင်တစ်လကြာပြီးနောက်မှာတော့ ကျန်းထိုင်ရွှမ်၏ဝိညာဉ်နှင့်ခန္ဓာကိုယ်နှစ်ခုလုံး အပြည့်အဝပြန်လည်ကောင်းမွန်သွားတော့သည်။

လုရှောင်ယန်တစ်ချက်ကြည့်လိုက်ရာ ကျန်းထိုင်ရွှမ်၏ကျင့်ကြံဆင့်သည် သိုင်းဘုရင်ပဉ္စမအဆင့်တွင်ရှိနေမှန်း တွေ့လိုက်ရသည်။ ၎င်းကိုအခြေခံ၍ သူ၏ဒဏ်ရာများပြန်လည်ကောင်းမွန်လာစေရန် ရက်ပေါင်း၃၀၀ခန့်အချိန်ယူရမည်ဟု အလွယ်တကူခန့်မှန်းနိုင်ပေသည်။

သူ၏ကျင့်ကြံခြင်းက အချိန်ကြာလျှင် သူ့ခန္ဓာကိုယ်ကိုပြန်လည်ပြုပြင်ဖို့ရန်အတွက် တစ်နှစ်သို့မဟုတ် နှစ်ပေါင်းများစွာပင် အချိန်ယူရပေမည်။

ဤအတိုင်းသာဆို သူပြန်လည်ရှင်သန်လာလျှင်တောင်မှ အချိန်အကြာကြီး နှောင့်နှေးကာ ကူလို့ပင်ရတော့မည်မဟုတ်ပေ။ သူ့မှာကျင့်ကြံဖို့အချိန်လုံလုံလောက်လောက်ရှိမည်ဆိုလျှင်တောင်မှ အလွန်အမင်းနောက်ကျကျန်ခဲ့ပေမည်။

အနာဂတ်မှာ သူ့တပည့်တွေကို သေချာသင်ပေးရဦးမည့်ပုံပင်။ သူတို့ကို အရမ်းမမောက်မာဖို့နဲ့ မောက်မာလွန်းပါက အသတ်ခံရနိုင်ကြောင်း ပြောပြရပေမည်။ ဒီလိုအဆုံးသတ်မျိုးက ဘယ်လိုမှကောင်းမနေဘူး။

အထူးသဖြင့် လီကောပဲ!

ရှန်းထီကျောက်ရှင်အမှတ်အသားသည်တောက်ပလာပြီး ကျန်းထိုင်ရွှမ်၏ခန္ဓာကိုယ်ကို ထုတ်ပေးလာခဲ့သည်။ ကျန်းထိုင်ရွှမ် အပြင်ရောက်လာသည်နှင့် သူ့ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်ကာ သူ့ရှေ့တွင်ရှိနေသည့် လုရှောင်ယန်ကို စိတ်ရှုပ်ထွေးမှုဖြင့် ကြည့်လိုက်သည်။

လုရှောင်ယန်အနေဖြင့် အသက်ရှူချိန်လောက်တောင် သူ့အပေါ်မှာ အချိန်ကုန်မခံလိုက်တာကြောင့် စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းကာ ဖြစ်ပျက်သမျှအလုံးစုံကို ရှင်းပြလိုက်လေသည်။ ထိုထဲတွင် အမည်မဲ့ဂိုဏ်း၏စည်းမျဉ်းမျိုးစုံနှင့် သူ့ကိုတပည့်အဖြစ်လက်ခံလိုခြင်းအကြောင်းတို့ပါ ပါဝင်ပေသည်။

မှတ်ဉာဏ်များအားလုံးကိုလက်ခံရရှိပြီးနောက် ကျန်းထိုင်ရွှမ်း နည်းနည်းလေးပင် တုံ့ဆိုင်းမနေခဲ့ပေ။ သူက ချက်ချင်းဒူးထောက်ချကာ လုရှောင်ယန်အား သူ့ဆရာအဖြစ် အသိအမှတ်ပြုလိုက်လေသည်။

“အရှေ့နတ်ဆိုးဘိုးဘေး- ကျန်းထိုင်ရွှမ်က ဆရာ့ကိုဂါရဝါပြုပါတယ်။”

ထိုအိုမင်းနေသည့်အသံက လုရှောင်ယန်ကို တခဏမျှနှုတ်ဆိတ်သွားစေခဲ့သည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်၏အဆင့်အတန်းကို ပြောင်းလိုက်သင့်သည်ဟုပင် လုရှောင်ယန် ရုတ်တရက်ခံစားလိုက်ရသည်။

ပြောရရင် ကျန်းထိုင်ရွှမ်သည် အဘိုးကြီးတစ်ဦးဖြစ်ကာ သူကတော့ ငယ်ရွယ်သည့်လူငယ်လေးပင်။ တစ်ဖက်လူက သူ့ကိုဒူးထောက်ကာ ဂါရဝပြုလာသည်က စိတ်ခံစားချက်တို့ကို ရှုပ်ထွေးသွားစေသည်။

သို့သော်လည်း ထိုအချိန်မှာပဲ ဝမ့်ခိုက်၏အသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။

[ကျန်းထိုင်ရွှမ်ကို တပည့်အဖြစ်လက်ခံနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ရရှိသည့်ဆုလာဘ်တွေကတော့ ထိပ်တန်းသိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်၊ တစ္ဆေလောကျမ်းစာ၊ ထိပ်တန်းသိုင်းဘုရင်အဆင့် တစ္ဆေအင်ပါယာတံခွန်နှင့် နတ်ဘုရားအဆင့်နတ်ဝိညာဉ်တစ်ခုတို့ဖြစ်ပါတယ်]

တစ်ခါတည်းနဲ့ပစ္စည်းကောင်း သုံးမျိုးတောင်ပေါ်လာတာပါလား။ ကြည့်ရတာ ဒီတပည့်က သိပ်မဆိုးတဲ့ပုံပဲ။

လုရှောင်ယန် စိတ်ထဲမှာရှုပ်ယှက်ခတ်နေသည့်အတွေးများကို ဘေးဖယ်လိုက်ပြီး ညင်ညင်သာသာပြောလိုက်သည်။ “ထပါ။”

“ကျေးဇူးတင်ပါတယ်၊ ဆရာ။”

လက်ရှိတွင် အရာအားလုံးကိုနားလည်ထားပြီးသားဖြစ်သည့် ကျန်းထိုင်ရွှမ်သည် လုရှောင်ယန်ကို အလွန်အမင်းလေးစားနေပြီဖြစ်သည်။

တကယ်တော့ ဟိုးအရင်တုန်းက သူ့ကို လီချင်းဖန် ချက်ချင်းသတ်လိုက်နိုင်သည့်အချိန်မှာကတည်းက သူ့နှလုံးသားထဲကမောက်မာဝံ့ကြွားမှုတွေအားလုံး တစ်စွန်းတစ်စမျှမကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အခုတော့ သူ့ဆရာက သူ့ကို ပြာမှုန့်ဘဝကနေပြီး ပြန်လည်ရှင်သန်လာအောင် လုပ်ပေးနိုင်ခဲ့သည်။ ဒီလိုစွမ်းအားကြီးတဲ့ပုဂ္ဂိုလ်မျိုးကို သူ မလေးစားဘဲ ဘယ်နေနိုင်ပါ့မလဲ?

ကျန်းထိုင်ရွှမ်၏အပြုအမူအပေါ် လုရှောင်ယန်လည်း ကျေနပ်သွားခဲ့သည်။ သူက ချက်ချင်းပင် တစ္ဆေလောကျမ်းစာသင်ပေးလိုက်ပြီး သိုင်းဘုရင့်အသွေးဆေးလုံး၊ သိုင်းဘုရင်အဆင့်ခြင်ဆီဆေးလုံး၊ သိုင်းဘုရင်အဆင့်ဝိညာဉ်ဆေးလုံး၊ မြင့်မြတ်အာရုံစုစည်းခြင်းဆေးလုံး၊ နတ်သွေးဆေးလုံးနှင့် ထိပ်တန်းအဆင့်ဆေးလုံးတစ်ပုံလိုက်ကြီးကိုပါ တခါတည်းထုတ်ပေးလိုက်လေသည်။

ထို့နောက် ကျန်းထိုင်ရွှမ်ကို နတ်ဝိညာဉ်နှင့်ပါ ပေါင်းစပ်ပေးပေလိမ့်မည်။

တစ်လကြာပြီးနောက် ကျန်းထိုင်ရွှမ်၏ခွန်အားသည် သိုင်းဘုရင်ပဉ္စမအဆင့်မှသည် သိုင်းဘုရင် သတ္တမအဆင့်သို့တိုင် တဟုန်ထိုးတိုးတက်သွားတော့သည်။

ထို့အပြင် ကျွင့်ပုကျန်းသည်လည်း သိုင်းဘုရင်တတိယအဆင့်သို့ တရားဝင်ရောက်ရှိသွားခဲ့ပေပြီ။

ကျူးကောကျီချုံ၊ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့သည် သိုင်းဘုရင်အဆင့်သို့ တရားဝင် ဝင်ရောက်လာခဲ့ကြပြီဖြစ်သည်။

ဖုန်းထျန်းယွမ်သည်လည်း သိုင်းဘုရင်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။

ကျီဝူရှားသည်တော့ သူတော်စင်စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပေပြီ။

ယွင်လီကောကတော့….

ထားလိုက်ပါတော့ လုရှောင်ယန် သူ့မျက်နှာသာ အဖက်ဆယ်ချင်ပါသေးတယ်။ ဒါကြောင့် ယွင်လီကော၏အချက်အလက်ဇယားကို လုံးဝလျစ်လျူရှုထားလိုက်တော့သည်။

ပြောရရင် ထိုဇယားကိုမြင်ရုံနဲ့တင် သူ့အသဲတွေကွဲသွားနိုင်သည်။

သူ့တပည့်များ၏ကျင့်ကြံဆင့်မြင့်တက်လာသည့် အကူအညီဖြင့် လုရှောင်ယန်သည်လည်း နောက်ဆုံးတော့ ပြီးပြည့်စုံသည့် သိုင်းဘုရင်နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သိုင်းဘုရင်ဒဿမအဆင့်သို့ရောက်ရှိဖို့ရန် ခြေတစ်လှမ်းသာ လိုတော့ပြီး မကြာခင် နတ်ဘုရားအဆင့်ကို ဖြတ်ကျော်နိုင်ပေတော့မည်။

ဤအခြေအနေက လုရှောင်ယန်၏စိတ်အခြေအနေကို မြင့်တက်လာစေပြီး တပည့်များကို ကြိမ်ဒဏ်ပေးလို့ ကျင့်ကြံခိုင်းရာတွင်လည်း ကြိုးစားလုပ်ဆောင်ခဲ့သည်။

……

တစ်ချိန်တည်းမှာပဲ တစ်ဖက်ခြမ်းတွင်၊ ထာဝရသစ်တောနှင့်အနည်းငယ်အလှမ်းကွာဝေးသော တောင်စောင်းတစ်ခုရှိ သစ်သားအိမ်ငယ်လေးအတွင်း၌-

လီချင်းဖန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်လေသည်။

သူ၏မျက်လုံးထဲတွင် ဓားသွားလိုထက်ရှသည့်အလင်းတန်းနှစ်ခုသည်လည်း တပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။ သူ့ထံမှပျံ့လွင့်လာသည့် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်တို့က တခြားလူများကို တုန်လှုပ်သွားစေနိုင်သည်။

အခုတင်ပဲ ဖယ်ရှားလိုက်ပြီဟု ကြေညာထားခဲ့သည့်စနစ်က အမှန်ပင် ထပ်မံပေါ်လာပြီး ဒုတိယအကြိမ်ပေါင်းစည်းမှုအောင်မြင်သည်ဟု ပြောလာခဲ့သည်။

[ဒင်! အသန်မာဆုံးဘဝနေထိုင်မှုဒုတိယလမ်းကြောင်းစနစ်၊ ဒုတိယအကြိမ်ပေါင်းစည်းခြင်း အောင်မြင်ပါသည်]

“စနစ်၊ မင်းပြန်လာတာလား?”

လီချင်းဖန် ချက်ချင်းဝမ်းသာသွားတော့သည်။

ဤစနစ်ဟုခေါ်သည့်အရာသည် သူပထမဆုံးစတင်ကျင့်ကြံစဉ်က ရရှိခဲ့ခြင်းဖြစ်သည်။

ပထမတော့ ဤဘဝနေထိုင်မှုဒုတိယလမ်းကြောင်းစနစ်ဟုခေါ်သည်အရာသည် အလွန်အမှိုက်ဆန်သည်ဟု သူတွေးခဲ့သည်။ ဤစနစ်က သူ့ကို ဗျတ်စောင်းဘယ်လိုတီးရမယ်၊ ကျားကွက်ဘယ်လိုကစားရမယ်၊ စားအုပ်ဖတ်ဖို့၊ ပုံဆွဲဖို့၊ ချက်ပြုတ်ဖို့ နဲ့ သီးပင်စားပင်စိုက်ပျိုးနည်းတွေကိုသာ သင်ယူစေခဲ့သည်။

သို့သော်လည်း နောက်များကျမှ စနစ်သည် တစ်စုံတစ်ခုကို မျှားထုတ်နေမှန်း သူသိလိုက်ရသည်…။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၆၉ တာဝန် : လုရှောင်ယန်ကိုသတ်ရန်

ဥပမာအနေနှင့် စနစ်သည် သူ့ကိုကြက်မွေးမြူရန်သင်ပေးခဲ့သော်လည်း တကယ်တမ်းတော့ သူ့တွင် အလွန်အစွမ်းထက်သည့်မိစ္ဆာသားရဲများစွာကို မွေးမြူထားခဲ့သည်။

ဥပမာအနေနှင့် စနစ်သည် သူ့ကိုဘယ်လိုချက်ပြုတ်ရမည်ကို သင်ပေးခဲ့သည်။ သူချက်ပြုတ်သည့်ဟင်းလျာများသည် အလွန်သာမာန်ဆန်ပုံပေါ်သော်လည်း တကယ်တမ်းတွင် သိုင်းဘုရင်အဆင့်ကျင့်ကြံသူများပင် ထိုဟင်းပွဲအတွက် တိုက်ခိုက်ကြပေမည်။

ကျွင့်မိသားစုက မြေးအဖိုးနှစ်ယောက်က ဥပမာပဲမဟုတ်ဘူးလား?

အစတုန်းကတော့ လီချင်းဖန်သည် ထိုအရာကို နားမလည်ခဲ့ပေ။ ဒါက သူတစ်ခေါက်အပြင်ထွက်ပြီး ကျွင့်မိသားစုသည် ထာဝရသစ်တောရှိထိပ်တန်းမိသားစုကြီးဆယ်ခုအတွင်းမှ တစ်ခုဖြစ်ကြောင်း မကြားသိခင်အထိပင်၊ ထိုအခါမှ သူတစ်စုံတစ်ခုကို ဖြည်းဖြည်းချင်းစတင်သံသယဝင်လာခဲ့မိသည်။

အစတုန်းကတော့ ကျွင့်ပုကျန်းသည် ကျွင့်မိသားစုမှ အလွန်ရှားမှရှားသည့်ပါရမီရှင်တစ်ဦးဟုသာ သူသိထားခဲ့သည်။

သေချာပြန်လည်တွေးတောကြည့်ပြီးနောက် ဘိုးဘေးကျွင့်သည် ကျွင့်ပုကျန်း၏စီနီယာဖြစ်ကြောင်း သူသဘောပေါက်သွားခဲ့သည်။ မဟုတ်ရင် ကျွင့်ပုကျန်း၏အဆင့်အတန်းအရ ကျွင့်ပုကျန်းအနေနှင့် ဘိုးဘေးကျွင့်ကိုအလွန်ရိုသေနေစရာမလိုအပ်ပေ။

တစ်နည်းပြောရရင် ဘိုးဘေးကျွင့်သည် တကယ်တော့ ကျွင့်မိသားစုအဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးပဲ!

ကျွင့်မိသားစုမှအဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးသည် သူ့ဖိနပ်ကိုလာလျက်နေဖို့ရန် မလိုအပ်ပေ။

ဒီတော့ တစ်ခုတည်းသောဖြစ်နိုင်ချေက ကျွင့်မိသားစုက ဘိုးဘေးကို ဆွဲဆောင်ဖို့ သူ့မှာ လုံလောက်တဲ့ ထူးခြားမှုရှိနေလို့သာ တစ်ဖက်လူကို သူ့အဆင့်အတန်းသူနှိမ့်ချပြီး ဒီလိုနေရာမျိုးကို လာရောက်စေတာပဲ။

နောက်ပိုင်းတွင် လီချင်းဖန်သည် သူမွေးထားသည့်ကြက်အိုကြီးကို ထာဝရသစ်တောထဲရှိနေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားကာ သူတော်စင်အဆင့်သားရဲတစ်ကောင်ကို ရှာဖွေခဲ့သည်။

အဆုံးတွင်တော့ ထိုကြက်အိုကြီးသည် သူ၏အရှိန်အဝါတစ်ခုတည်းကိုအသုံးချကာ တစ်ဖက်ကို ပြန်ပင်မထနိုင်တော့အောင် ဖိနှိပ်ပစ်ခဲ့လေသည်။

အဆုံးတွင်တော့ ကြက်အိုကြီးသည် သားရဲ၏ဦးခေါင်းကို အပေါက်တောင်ဖောက်ပစ်ပြီး သတ်ဖြတ်ခဲ့လေသည်။

၎င်းမှာ ကြီးမြတ်သည့်သူတော်စင်အဆင့်သားရဲတစ်ကောင်ဖြစ်သည်။ ဒါတောင်မှ ကြက်အိုကြီး၏အရှိန်အဝါအောက်က ရုန်းမထွက်နိုင်ခဲ့ပေ။

ထိုကြက်အိုကြီးသာ သိုင်းဘုရင်အဆင့်သားရဲတစ်ကောင်မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာတဲ့လဲ?

ဒါပေါ့ ဒီအဖြစ်လေးတစ်ခုတည်းနဲ့တင် လီချင်းဖန်သည် သူကိုယ်တိုင်က အလွန်အံ့ဖွယ်ကောင်းနေသည်ဟု ယုံလိုက်စရာအကြောင်းမရှိပေ။

ထို့ကြောင့် အလွန်ကျင့်ကြံဆင့်နိမ့်ကာ အားနည်းသည့်ကျင့်ကြံသူတစ်ယောက်ကိုရှာပြီး သူသန့်စင်ထားသည့်ဆေးလုံးကိုပေးနိုင်ရန် အခွင့်အရေးရှာလိုက်သည်။

အဆုံးတွင်တော့ တစ်ဖက်လူသည် ဆေးလုံးကိုစားလိုက်ပြီး ချက်ချင်းဆိုသလိုပင် အချိန်ပိုင်းလေးအတွင်းမှာပဲ ကျင့်ကြံဆင့်တွေ တဟုန်ထိုးတိုးတက်သွားလေတော့သည်။

ထိုအချိန်ကစ၍ သူ့စနစ်သည် သူ့ကိုလှည့်စားနေခြင်းမဟုတ်ကြောင်း လီချင်းဖန် နားလည်သွားတော့သည်။

စနစ်က သူ့ကို ဒုတိယသက်မွေးမှုပညာရပ်တွေသာ သင်ပေးခဲ့သော်လည်း ထိုပညာရပ်မျှနှင့်ပင် သူ့ကို မထင်မှတ်ထားလောက်အောင် အစွမ်းထက်သွားစေခဲ့သည်။

ဘယ်လောက်တောင်လဲဆိုလျှင် သိုင်းဘုရင်အဆင့်ကျင့်ကြံသူများပင်လျှင် သူ့အတွက် ဘာမှမဟုတ်တော့သည့်အထိပင်။

ဒါကြောင့် အသန်မာဆုံးဘဝနေထိုင်မှုလမ်းကြောင်းစနစ် သူနှင့်ဒုတိယအကြိမ်လာရောက်စည်းနှောင်လိုက်ချိန်တွင် လီချင်းဖန်ဘယ်လောက်တောင်မှ စိတ်လှုပ်ရှားသွားသည်ကို ဘယ်သူများသိနိုင်မှာတဲ့လဲ?

[ဟုတ်ပါတယ်၊ Host၊ ငါပြန်လာပါပြီ]

“ပြန်လာတာကောင်းတယ်။ ပြန်ရောက်လာတာ တကယ်ကိုကောင်းတယ်။”

လီချင်းဖန် စိတ်လှုပ်ရှားလွန်းတာကြောင့် အသံများပင် တုန်နေခဲ့သည်။

အသန်မာဆုံးဘဝနေထိုင်မှုဒုတိယလမ်းကြောင်းစနစ်၏အကူအညီဖြင့်ဆိုလျှင် သူ့ကျင့်ကြံဆင့်ကို နောကတစ်ဆင့်တက်လှမ်းဖို့ရန်မှာ မခက်ခဲတော့ပေ။

သူတကယ်ကို နတ်ဘုရားအဆင့်ထိရောက်အောင်ကျင့်ကြံပြီး စစ်မှန်ထူးခြားသည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာချင်ပေသည်။

[Host၊ ငါဒီတစ်ခေါက်ပြန်လာတာက မင်းရဲ့ခွန်အားကိုတိုးမြှင့်ပေးဖို့ပါ။ ဒီတစ်ကြိမ်တော့ မင်းငါ့ရဲ့အမိန့်တွေကို သေချာနားထောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်]

“ကောင်းပြီ၊ ကိစ္စမရှိဘူး။ ငါ မင်းအမိန့်တွေကို သေချာပေါက်နားထောင်ပါ့မယ်။ စိတ်မပူပါနဲ့။”

[ဒီလိုဆို ကျေးဇူးပြုလို့ စိတ်ကိုဖြေလျှော့ပြီး ခွင့်ပြုချက်တွေအားလုံးကို ဖွင့်ထားပေးပါ]

“ကောင်းပြီ!”

လီချင်းဖန် သတိကိုလျှော့ချလိုက်ပြီး သူ့စိတ်ကိုဖွင့်လှစ်ထားလိုက်သည်။

နောက်တစ်စက္ကန့်မှာပဲ အပြာရောင်အလင်းတစ်ခုက သူ့မျက်လုံးထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။ နောက်ချက်ချင်းဆိုသလိုပဲ သွေးနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။

“ဘာဖြစ်သွားတာလဲ? စနစ်၊ ငါ့.. ငါ့အသိစိတ်တွေ ပျောက်ကွယ်သွားသလိုပဲ။ မင်းဘာလုပ်လိုက်တာလဲ?”

[Host၊ စိတ်မပူပါနဲ့။ ငါအရင်ဆုံး မင်းရဲ့ခန္ဓာကိုယ်ကိုငှားလိုက်ရုံပါ။ တာဝန်ပြီးမြောက်တာနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတာကနေ ငါပြန်လွှတ်ပေးပါမယ်]

“ကောင်ပြီလေ! ဒီတော့… မင်းပြီးမြောက်ချင်တဲ့တာဝန်က ဘာလဲ?”

[လုရှောင်ယန်ကို သတ်ဖို့ပါ]

“လုရှောင်ယန်…? ဒီနာမည်ကို မရင်းနှီးသလိုပဲ! သူကဘယ်သူလဲ? ဘာလို့ ငါသူ့နာမည်ကို တခါမှမကြားဖူးတာလဲ?”

[သူက ကျွင့်ပုကျန်းရဲ့ဆရာဖြစ်သလို အရှေ့နတ်ဆိုးဘိုးဘေး ကျန်းထိုင်ရွှမ်ရဲ့ဆရာလည်း ဖြစ်ပါတယ်]

“သေစမ်း!”

လီချင်းဖန်၏ဝိညာဉ်က ချက်ချင်း တုန်လှုပ်သွားတော့သည်။

“ကျွင့်ပုကျန်းက သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီမဟုတ်ဘူးလား? သူ့ဆရာသာဆို အရမ်းကြောက်ဖို့ကောင်းမယ်မဟုတ်လား? အရှေ့နတ်ဆိုးဘိုးဘေး ကျန်းထိုင်ရွှမ်လည်း ရှိသေးတယ်။ ကျန်းထိုင်ရွှမ်ကလည်း သိုင်းဘုရင်အဆင့်ကျင့်ကြံသူဖြစ်မယ်ထင်တယ်? အရင်တုန်းက ငါသူ့တပည့်နဲ့တွေ့ပြီး မတော်တဆသတ်ခဲ့မိလားလို့။”

[ဟုတ်ပါတယ်၊ ဒါပေမဲ့ hostက ကျန်းထိုင်ရွှမ်ရဲ့တပည့်ကိုတင် သတ်ခဲ့တာမဟုတ်ပါဘူး။ တကယ်တော့ ကျန်းထိုင်ရွှမ်ကိုလည်း သတ်ခဲ့ပါတယ်]

“ဘာ? ငါ ဘယ်တုန်းက ကျန်းထိုင်ရွှမ်ကို သတ်ခဲ့တာလဲ? ကျန်းထိုင်ရွှမ်လို့ခေါ်တဲ့လူနဲ့ တစ်ခါမှမတွေ့ဖူးပါဘူး!”

[Hostကတော့ ကျန်းထိုင်ရွှမ်ကို တစ်ခါမှမမြင်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ ကျန်းထိုင်ရွှမ်က သူ့တပည့်အတွက် လက်စားချေဖို့လာတဲ့အချိန် hostရဲ့အစီအရင်တွေကြောင့် သေသွားပြီး အကြွင်းအကျန်လောက်သာ ကျန်ရစ်ခဲ့ပါတယ်။ အခုတော့ လုရှောင်ယန်က သူ့ကိုအောင်အောင်မြင်မြင် ပြန်လည်အသက်သွင်းခဲ့ပါပြီ]

လီချင်းဖန် ချက်ချင်းမှင်သက်သွားတော့သည်။

“သူက တခြားလူတွေကိုပြန်အသက်သွင်းနိုင်တာလား?”

သူဘယ်လိုများ လုပ်တာပါလိမ့်?

ဒါဘယ်လိုမှမဖြစ်နိုင်တဲ့အရာလေ။

ဒီလုရှောင်ယန်က နည်းနည်းတော့ အစွမ်းထက်လွန်းမနေဘူးလား?

သူ့ကိုယ်သူ အတော်ဟုတ်နေပြီဟု အမြဲတွေးခဲ့သည်။ ပြောရရင် သူလက်ရှိအဆင့်ကိုရောက်ဖို့ရန် အချိန်ဆယ်နှစ်သာလိုခဲ့သည်မဟုတ်လား။

အဆုံးမှာတော့ သူ့ထက်ပိုပြီးအံ့ဩဖို့ကောင်းသည့်ဖြစ်တည်မှုမျိုး ဤကမ္ဘာတွင်ရှိနေလိမ့်ဦးမည်ဟု မထင်ထားခဲ့ပေ။

ဒီလုရှောင်ယန်က တကယ်ကိုဟက်ကာတစ်ယောက်ပဲ! မုန်းစရာကောင်းလိုက်တာ!

စနစ်က သူ့ကို မြန်မြန်ဆန်ဆန်ပဲ ရှင်းပြလာသည်။

[ဒါက သန့်စင်တဲ့ပြန်လည်အသက်သွင်းမှုမျိုးမဟုတ်ပါဘူး။ သူက နတ်လက်နက်တချို့ကနေပြီး အကျိုးကျေးဇူးတချို့ကို အားကိုးခဲ့တာပါ။ ဒါ့အပြင် ပြန်လည်ရှင်သန်ဖို့အတွက် လုံလောက်တဲ့သွေးအနှစ်သာရပမာဏနဲ့ ဝိညာဉ်လိုအပ်ပါသေးတယ်။ တကယ်လို့ ပြာမှုန့်ဖြစ်တဲ့အထိ တစ်ခါတည်းပေါက်ကွဲသေသွားတာမျိုးဆိုရင် ပြန်အသက်သွင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး]

“ဟ! သေလောက်အောင်ကြောက်သွားတာပဲ။ ဒီကောင်သာ အကန့်အသတ်မရှိ ပြန်အသက်သွင်းနိုင်တဲ့သူမျိုးဆို သူ့ကိုဆန့်ကျင်ရင် ငါတကယ်သေသွားနိုင်တယ်။”

“ဒါပေမဲ့ ဒီလုရှောင်ယန်ကို ငါဘယ်လိုရှာရမလဲ? ငါ သူ့ကိုသွားရိုက်ရုံပဲလား?”

[မဟုတ်ပါဘူး၊ လုရှောင်ယန်က နဂိုကကို သတိကြီးတတ်တဲ့လူမျိုးဖြစ်တဲ့အပြင် ခွန်အားကြီးပြီး နည်းလမ်းတွေအများကြီးရှိတယ်။ တကယ်လို့ ငါတို့သာ သူ့ပိုင်နက်ထဲမှာ တိုက်ခိုက်မယ်ဆိုရင် အဲဒီနေရာက သေချာပေါက် Hostရဲ့သင်္ချိုင်းဖြစ်သွားဖို့ အရမ်းများပါတယ်]

လီချင်းဖန် : “….”

“အဲလောက်တောင် အန္တရာယ်များလား? ငါသူ့ကိုမတိုက်လို့မရဘူးလား?”

[စိတ်မကောင်းပါဘူး၊ အခု hostရဲ့ခန္ဓာကိုယ်က ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပါ။ Hostစိတ်တိုင်းကျ မဖြစ်နိုင်တော့ပါဘူး]

လီချင်းဖန်၏နှလုံး ချက်ချင်းပင် တုန်ခါသွားတော့သည်။

ဒီသေသင့်တဲ့စနစ်က မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ သူ့ကိုလှည့်စားသွားခဲ့တာပဲ။

အခုတော့ သူ့ခန္ဓာကိုယ်က သူ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘဲ စနစ်ပြောသမျှကို နာခံရတော့မယ်။

အတိုချုပ်ပြောရရင်တော့ သူက ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သွားတာပဲပေါ့။ စနစ်ရဲ့ဆန္ဒတွေအတိုင်း သူလှုပ်ရှားရတော့မယ်။

ထို့နောက် စနစ်က လီချင်းဖန်ကို ထိန်းချုပ်ကာ တောင်ကုန်းငယ်လေးတစ်ခုလုံးတွင် အမျိုးမျိုးသောအစီအရင်ပေါင်းများစွာကို တည်ဆောက်တော့သည်။ ပြီးသွားသည်နှင့် ကျွင့်မိသားစုမှသခင်ကြီးထံ စာပို့ကာ ဖိတ်ကြားလိုက်သည်။

ကျွင့်မိသားစုမှသခင်ကြီးသည် ယခင်က လီချင်းဖန်ကို စော်ကားခဲ့မိခြင်းကြောင့် အတော်လေးစိတ်ပျက်ခဲ့ရသည်။

အခုတော့ လီချင်းဖန်ထံမှဖိတ်ကြားချက်ကို လက်ခံရရှိလိုက်ရတာကြောင့် သေချာပေါက် ရူးတော့မလို ပျော်ရွှင်သွားလေသည်။ နည်းနည်းမှပင်စဉ်းစားမနေတော့ဘဲ ကျွင့်ပုကျန်းကိုပါ တောင်ကုန်းငယ်ဆီသို့ တိုက်ရိုက်ခေါ်ဆောင်သွားတော့သည်။

ဘိုးဘေးကျွင့်သည် သူ၏သိုင်းစွမ်းရည်တိုးတက်လာစေရန်နှင့် နောက်ထပ်အဆင့်များချိုးဖောက်ရန်အတွက် ကြိုးစားအားထုတ်ရန် လီချင်းဖန်၏ အရသာရှိလှသော အစားအသောက်များကို အမြဲစားချင်နေခဲ့သည်။

…..

သုံးရက်ကြာပြီးနောက် အမည်မဲ့ဂိုဏ်းသည် စာတစ်စောင်လက်ခံရရှိလိုက်သည်။

စာပါအကြောင်းအရာများကို ရှင်းရှင်းလင်းလင်းမြင်လိုက်ပြီးနောက်မှာတော့ လုရှောင်ယန် တုန်လှုပ်သွားတော့သည်။

ကျွင့်မိသားစုမှဘိုးဘေးနှင့်ကျွင့်ပုကျန်းတို့ နှစ်ယောက်လုံးကို လီချင်းဖန်က ဖမ်းထားသည်ပင်။

ထို့အပြင် လီချင်းဖန်သည် သူတို့ကို ကိုယ်တိုင်ကိုယ်ကျတောင်မှ လာကယ်စေချင်နေသေးသည်။

မဟုတ်ရင် လီချင်းဖန်က ကျွင့်မိသားစုမှဘိုးဘေးနှင့် ကျွင့်ပုကျန်းတို့သေဆုံးခြင်းအပေါ် လုရှောင်ယန်အား အပြစ်ပုံချပေလိမ့်မည်။

ဘာတွေဖြစ်ကုန်တာလဲ?

ဒီကျွင့်ပုကျန်းက အရမ်းဉာဏ်ကောင်းတယ်မဟုတ်ဘူးလား? ဘာလို့ ဒီအရူးနှစ်ယောက်က မျောက်တွေလို သွားဖျော်ဖြေပေးနေကြတာလဲ?

ပြီးတော့ ဒီလီချင်းဖန်က တော်တော်လေးသမားရိုးကျသမားမဟုတ်ဘူးလား?

အခုတော့ တကယ်ပဲ သူ့တပည့်ကို ပြန်ပေးဆွဲထားတယ်တဲ့လား။ ဒီအခြေအနေကို ကြိုတင်ကာကွယ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။

ဒါတင်မကဘူး သူ့ကိုတောင်အပြစ်ဖို့ကာ ကျွင့်မိသားစုတစ်ခုလုံး သူ့ကိုလာတိုက်ခိုက်အောင်တောင် လုပ်ချင်သေးတယ်လား?

သေစမ်း၊ ဒီအရှက်မဲ့တဲ့နည်းလမ်းက သူနဲ့တောင်မှ ယှဉ်လို့ရနေပြီ။

ဒါပေမဲ့ လောလောဆယ် သူလုပ်နိုင်တာ ဘာမှမရှိပေ။ ကျွင့်ပုကျန်းကို ပြန်အသက်သွင်းပြီး အထင်လွဲမှုတွေကို ပြန်ဖြေရှင်းလို့ရနိုင်ပေမယ့် ရှန်းထီကျောက်ရှင်အမှတ်အသားနှင့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူကို ပြန်လည်ဖန်တီးဖို့ရန်က အလွန်အချိန်ကြာပေသည်။ တစ်ဖက်လူကသာ ကျွင့်ပုကျန်းကိုသတ်ပြီးတာနဲ့ ချက်ချင်းလက်ငင်း ကျွင့်မိသားစုထံသို့အကြောင်းကြားပြီး သူ့ကိုတိုက်ခိုက်လိုက်ရင်… တော်တော်ခေါင်းကိုက်စရာပဲ။

ဒီတစ်ခေါက်တော့ လုရှောင်ယန် မတိုက်ခိုက်ချင်ရင်တောင်မှ တိုက်ခိုက်ဖို့သာ ရှိပေသည်။

ဤအကြောင်း အမည်မဲ့ဂိုဏ်းတစ်ခုလုံး ကြားသိသွားချိန်မှာတော့ ဒေါသမထွက်ဘဲ မနေနိုင်ကြပေ။

“ဒီလီချင်းဖန် တော်တော်လေးရဲတင်းပါလား! ငါတို့ညီငယ်ကိုတောင်မှ ချောင်းမြောင်းလုပ်ကြံရဲတယ်။ တကယ်ကို သေချင်နေတာပဲ!”

“ဆရာ၊ ဆရာတူညီငယ်ကိုကယ်ပြီး သူ့ကိုသတ်လို့ အရိုးတွေအထိ ပြာဘဝပြောင်းပစ်ဖို့အတွက် လီကောကို ခွင့်ပြုပေးပါ။”

လုရှောင်ယန် မြန်မြန်သွက်သွက် လက်ကိုခါယမ်းလိုက်သည်။

“ထားလိုက်၊ မင်းအိမ်မှာစောင့်နေခဲ့တာကမှ ပိုပြီးဘေးကင်းလိမ့်မယ်။”

ယွင်လီကော ခဏမျှတိတ်ဆိတ်သွားလေသည်။

“ဆရာ၊ ကျွန်တော့်ကို အထင်သေးနေတာလား?”

“မဟုတ်ပါဘူး။”

“ကျွန်တော် မယုံဘူး!”

လုရှောင်ယန် ကြာပွတ်ကိုထုတ်လိုက်ကာ၊ “ပြန်စဉ်းစားကြည့်။”

“ဆရာ့ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို ကျွန်တော်နားလည်သွားပါပြီ။ ဆရာက ကျွန်တော်ပိုကောင်းကောင်းကျင့်ကြံနိုင်ပြီး အနာဂတ်မှာတောက်ပလာနိုင်မယ့်လမ်းကြောင်းကို ဘေးအန္တရာယ်မကျရောက်စေဖို့အတွက် ကာကွယ်ပေးနေတာပဲ။ ဒါကြောင့် လီကောက ဆရာ့ကိုအရမ်းချစ်တာ။”

လုရှောင်ယန် ခေါင်းအသာညိတ်လိုက်သည်။

“ဒီတစ်ခေါက် တစ်ဖက်လူက တိုက်ပွဲလို့ပြောလာပေမယ့် အစစ်အမှန်တိုက်ပွဲဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါတို့အနေနဲ့ ခြုံခိုတိုက်ခိုက်လာနိုင်တဲ့ဖြစ်နိုင်ခြေကို သတိထားဖို့လိုတယ်။ ဖြစ်လာနိုင်ချေတွေကအရမ်းများလွန်းတယ်။ ဒါကြောင့် ငါနဲ့အတူ လူတွေအများကြီးကို ခေါ်သွားမှာဆိုပေမယ့် အများစုကို တောင်နဲ့မြစ်ပန်းချီထဲမှာပဲ ထားမယ်။

အဲဒီအချိန် တစ်ဖက်က ငါတို့ကိုခြုံခိုတိုက်ခိုက်လာပါစေ အစစ်အမှန်စိန်ခေါ်လာခြင်းဖြစ်ပါစေ အရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ပန်းတိုင်က အရင်နဲ့အတူတူပဲ။ သူ့ကို တစ်ယောက်ချင်းမတိုက်ခိုက်ဘူး။ ငါတို့မှာအခွင့်အရေးသာရရင် အုပ်စုလိုက်ဝိုင်းတိုက်ခိုက်ကြမယ်။ သူ့ကိုတိုက်ရိုက်တိုက်ခိုက်ဖို့အတွက် ဘယ်လိုညစ်နည်းပေါင်းစုံကိုမဆို အသုံးပြုကြမယ်။ ငါတို့ဂုဏ်သိက္ခာတွေဘာညာကို ဂရုစိုက်နေစရာမရှိဘူး။”

“ဆရာ၊ ကျွန်တော့်ကို အဓိကတိုက်ခိုက်သူနေရာထားပေးပါ။”

စုန့်ရှင်းနျန်က အဓိကတိုက်ခိုက်သူနေရာအတွက် အရင်ဆုံးတောင်းဆိုလာခဲ့သည်။ သို့သော်လည်း ချက်ချင်းပင် လီချင်းရှန်က မကျေမနပ်ဖြစ်သွားလေသည်။

“ဘာလို့မင်းကို အဓိကတိုက်ခိုက်သူဖြစ်ခွင့်ပြုရမှာလဲ? ငါ့ကျင့်ကြံဆင့်က လတ်တလော အများကြီးတိုးတက်လာခဲ့တာ။ ငါ့ရဲ့လှုပ်ရှားမှုတွေက မထက်အများကြီးပိုသန်မာတယ်။ ဘာပဲဖြစ်ဖြစ် ငါကမှ အဓိကတိုက်ခိုက်သူဖြစ်သင့်တာ။”

ကျူးကောကျီချုံသည်လည်း တစ်ချိန်တည်းမှာပင်၊

“ဆရာ၊ ဘာလို့ ကျွန်မကို အဓိကတိုက်ခိုက်သူနေရာမထားလိုက်တာလဲ? ကျွန်မက ဖုတ်ကောင်ခန္ရာယ်ကိုယ်ရှိတဲ့သူလေ။ သာမာန်တိုက်ခိုက်မှုမျိုးက ကျွန်မကို ထိခိုက်ဒဏ်ရာရစေမှာမဟုတ်ဘူး။ ဒီတော့ ဆရာတူအစ်ကိုနှစ်ယောက်ထက်စာရင် ကျွန်မက အဓိကတိုက်ခိုက်သူနေရာအတွက် ပိုပြီးသင့်တော်ပါတယ်။”

“ဂျူနီယာညီမလေး၊ မိန်းမတွေက အဓိကတိုက်ခိုက်သူနေရာမဖြစ်နိုင်ဘူး။ ငါတို့ယောက်ျားသားနှစ်ယောက်က ဘယ်လိုလုပ် လက်ခံပေးရမှာလဲ?”

….

ထိုအဖွဲ့စကားများရန်ဖြစ်နေသည်ကို မြင်လိုက်ရတာကြောင့် လုရှောင်ယန် စားပွဲကို ရိုက်ချလိုက်တော့သည်။

“ဘာတွေရှုပ်ထွေးနေကြတာလဲ? ဘာကို အဓိကတိုက်ခိုက်သူတွေ အရံတိုက်ခိုက်သူတွေလဲ? တိုက်ပွဲစတင်ပြီဆိုတာနဲ့ မင်းတို့အားလုံး ငါ့အမိန့်ကို နာခံရမယ်။ ဘာအဓိကတိုက်ခိုက်သူမှမရှိဘူး။ တကယ်တော့ အားလုံးက အဓိကတိုက်ခိုက်သူတွေပဲ။ မင်းတို့ သိုင်းဘုရင်အဆင့်ကျင့်ကြံသူဖြစ်သရွေ့ ရှေ့ထွက်ပြီး တစ်ပွဲတစ်လမ်းနွှဲကြ။ လုံးဝမရပ်ကြနဲ့။ မင်းတို့ရဲ့အသန်မာဆုံးနည်းစနစ်ကိုအသုံးပြုပြီး ဆက်တိုက် တိုက်ခိုက်၊ လုံးဝမရပ်နဲ့။

ငါ လုရှောင်ယန်က မြင်းနက်တွေအများကြီးကို သတ်ခဲ့တယ်။ ငါကသာ တခြားလူတွေကို လျှို့ဝှက်ကြံစည်နေကျ။ ဘယ်သူကမှ ငါ့ကို လျှို့ဝှက်မကြံစည်ရဲခဲ့ဖူးဘူး။ ဒီကိစ္စကို ငါလုံးဝသည်းမခံနိုင်ဘူး။

ပြီးတော့ ငါ့လက်အောက်မှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဒါဇင်ပေါင်းများစွာရှိတယ်။ ငါ့တစ်ဘဝလုံး ဒီလောက်ကောင်းတဲ့တိုက်ပွဲမျိုးတစ်ခါမှ မတိုက်ခိုက်ဖူးဘူး!”

“ဒီလီချင်းဖန်၊ သူ့တစ်ဆွေလုံးတစ်မျိုးလုံးကို သုတ်သင်ပစ်မယ်!”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၇၀ ဒါတွေအားလုံး အရင်ကငါသုံးခဲ့တဲ့ ရက်စက်တဲ့လှည့်ကွက်တွေပဲ

ဝူဝမ်ပင်လယ်တွင် အနက်ရောင်ဝတ်ရုံနှင့်ပုဂ္ဂိုလ်သည် ချောက်ကမ်းပါးစွန်းတွင်ရပ်နေပြီး သူ၏အေးစက်သောမျက်နှာမှာ နှင်းတစ်လွှာဖုံးလွှမ်းနေခဲ့သည်။

ခဏကြာပြီးနောက် သူ့နောက်ဘက်ရှိလေထုသည် ပုံပျက်သွားကာ လှပသည့်ပုံရိပ်တစ်ခုက သူ့နောက်တွင် ပေါ်လာခဲ့ပြန်သည်။

“သခင်၊ စနစ်က လီချင်းဖန်ရဲ့ကိုယ်ထဲ နောက်တစ်ကြိမ်ပြန်လည်ပေါင်းစပ်သွားပါပြီ။”

“ကောင်းတယ်။”

“သခင်၊ ဘာလို့ ယဲ့ကျွင်းလင်နဲ့လီချင်းဖန်တို့ကို တစ်ချိန်တည်း မတိုက်ခိုက်ခိုင်းရတာလဲ? သူတို့နှစ်ယောက်သာပေါင်းတိုက်ရင် အကျိုးသက်ရောက်မှု ပိုမကောင်းသွားနိုင်ဘူးလား? လုရှောင်ယန်ကို ဖမ်းဖို့အခွင့်အရေးပိုမမြင့်သွားနိုင်ဘူးလား?”

“ငါဒီလိုမျိုးမတွေးဖူးဘူးလို့များ မင်းထင်နေလား? ဒါပေမဲ့ ယဲ့ကျွင်းလင်က လီချင်းဖန်နဲ့အတူတိုက်ခိုက်ပြီး ရှုံးသွားမယ်ဆိုရင် ငါတို့မှာစားပွဲကိုပြန်လှန်နိုင်မယ့် အခွင့်အရေးတစ်ခုကိုပါ ဆုံးရှုံးသွားလိမ့်မယ်။

ဟန်ကျန့်က စနစ်နဲ့ပေါင်းစပ်တာ မအောင်မြင်ဘူးဆိုမှတော့ ငါတို့ပိုပြီး သတိထားသင့်တယ်။

ဒါပေါ့ လီချင်းဖန် လုရှောင်ယန်ကို သတ်နိုင်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပဲ။

သူမသတ်နိုင်ဘူးဆိုရင်လည်း ငါတို့ရဲ့နောက်အစီအစဉ်အပေါ် သက်ရောက်မှုမရှိပါဘူး။”

“ဒါပေမဲ့ သခင်၊ ကျွန်မအခုထိ နားမလည်နိုင်သေးဘူး။ ကျွန်မတို့လက်ထဲမှာ ကတ်နှစ်ကတ်ရှိနေတယ်ဆိုရင်တောင် သူတို့နှစ်ယောက်ကို အတူအသုံးချလိုက်ရင် အောင်မြင်နိုင်မယ့်အခွင့်အရေးက ပိုမများသွားဘူးလား?”

“ဟဟဟဟ…”

အနက်ရောင်ဝတ်ရုံနှင့်အမျိုးသားက ယုတ်မာစွာရယ်မောလိုက်သည်။

“ကတ်နှစ်ခုကိုအတူသုံးလိုက်ရင် အောင်ပွဲရနိုင်ချေက သေချာပေါက် ပိုမြင့်လာနိုင်မယ်ဆိုပေမယ့် သူတို့တွေ သေတဲ့အထိ တိုက်ကြရလိမ့်မယ်။ ငါနိုင်သွားရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ရှုံးသွားခဲ့ရင် ငါတို့မှာ အခြေအနေကိုပြန်လှန်နိုင်မယ့် နည်းလမ်းပါမရှိနိုင်တော့ဘူး။ စားပွဲပေါ်မှာ နောက်ထပ်ဝှက်ဖဲတစ်ချပ်ရှိနေသ၍ ငါဆက်ပြီးကစားနိုင်ဦးမှာပဲ။”

“ဒါပေမဲ့ အောင်မြင်နိုင်ချေက လျော့ကျသွားမှာလေ။ ဒီကဒ်ကို စားပွဲပေါ်မှာ ဆက်ထားလို့ ဘာထူးမှာလဲ? ကျွန်မတို့ အနှေးနဲ့အမြန် ဆုံးရှုံးသွားရမှာပဲကို။”

“ဒါ မမှန်သေးဘူး။ တကယ်လို့… ငါ့မှာတတိယမြောက်ကတ်ရှိနေရင်ရော?”

အနက်ရောင်ဝတ်ရုံနှင့်လူက လျှို့ဝှက်စွာပြုံးလိုက်ရာ အမျိုးသမီးမှာ မှင်သက်သွားလေသည်။

တတိယမြောက်ကတ်?

သူ့သခင်မှာ တတိယမြောက်ကတ်ပါရှိနေသေးတာလား?

ထိုအချိန်မှာပဲ အနက်ရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် တားလိုက်ကာ အဝေးကောင်းကင်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

“ကြည့်ရတာ ငါ့မိတ်ဆွေဟောင်းတစ်ယောက် လာနေပုံပဲ။”

နောက်တစ်ခဏမှာပဲ လေထုပုံပျက်သွားကာ အနက်ရောင်ဝတ်ရုံနဲ့နောက်တစ်ယောက်က လေဟာနယ်ထဲကနေ ဖြည်းညှင်းစွာထွက်လာလေသည်။ ထိုလူကတော့ တခြားလူမဟုတ်ဘဲ အကြီးအကဲထျန်းကျီသာဖြစ်သည်။

တစ်ဖက်လူကို မြင်လိုက်သည်နှင့် အနက်ရောင်ဝတ်ရုံအမျိုးသား၏လက်အောက်ငယ်သား၏အမူအရာမှာ ရုတ်ချည်းအေးစက်သွားလေသည်။

“ဘယ်သူလဲ? ဝူဝမ်ပင်လယ်ထဲကို ဘယ်လိုတောင် ကျူးကျော်ရဲတာလဲ? မင်း သေချာနေတာပဲ!”

“နားညီးတယ်။”

အကြီးအကဲထျန်းကျီ၏မျက်လုံးများက လှုပ်ရှားသွားခဲ့သည်။

ဘုန်း!

နောက်တစ်စက္ကန့်မှာပဲ အမျိုးသမီးသည် အမှန်တကယ်ကိုပေါက်ကွဲသွားပြီး သွေးမြူများအဖြစ်ပြောင်းလဲသွားတော့သည်။

သို့သော်လည်း သူမကိုအံ့ဩသွားစေသည်က သူမသခင်သည် လုံးဝဒေါသထွက်မနေခဲ့ပေ။

ထိုအစား သူက ပြုံးလိုက်ကာ၊ “ဒီလောက်နှစ်တွေအများကြီးကြတာတောင် မင်းရဲ့ဒေါသက အရမ်းဆိုးနေလိမ့်ဦးမယ်လို့ မထင်ထားခဲ့ဘူး။”

“ဟမ့်! မင်းရဲ့ကြောင်သူတော်အကျင့်တွေနဲ့ ယဉ်ကျေးပြနေဖို့မလိုအပ်ဘူး။”

အနက်ရောင်ဝတ်ရုံနှင့်အမျိုးသားက ပခုံးအသာတွန့်ပြလိုက်သည်။

“သွေးကန်အဖြစ်ပြောင်းလဲသွားပြီးနောက် အခုတော့ မင်းရဲ့လျှာကိုပဲ သုံးနိုင်တော့တယ်။ အရင်တုန်းကသာဆို ငါ့ရဲ့အရေးမပါတဲ့ကျင့်ကြံမှုလေးက မင်းရဲ့ဖိနပ်ကိုတောင် သယ်ပေးဖို့ မလုံလောက်ခဲ့ဘူးမလား? မဟုတ်ရင် မင်း ငါ့ကိုသတ်ခဲ့တာကြာရောပေါ့။”

“အပိုတွေပြောမနေနဲ့။ မြင်းနက်တွေက မင်းနဲ့ဘာဆိုင်လဲ?”

“ဟဟဟ… ငါက အဲ့လောက်အထိ စွမ်းအားမကြီးရပါဘူး။”

“အမှန်ပဲ။ မင်းမှာ မြင်းနက်တစ်ယောက်ကိုဖန်တီးဖို့အထိ အရည်အချင်းမရှိဘူး။”

ခဏလောက်ရပ်လိုက်ပြီးနောက် သူမဆက်ပြောလာခဲ့သည်။ “ဒါပေမဲ့၊ မင်း ဒီမှာရှိနေတာကလည်း ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ မြင်းနက်တွေက မင်းနဲ့ အနည်းနဲ့အများတော့ သက်ဆိုင်တယ်။ မင်းကိုယ်တိုင် ပြောပြမလား ဒါမှမဟုတ် မင်း ငါ့ကိုမပြောပြမချင်း အရိုက်ခံချင်လား?”

“ငါတို့က မိတ်ဆွေဟောင်းတွေပဲလေ။ ငါတို့တွေ့တာနဲ့ တိုက်ခိုက်သတ်ဖြတ်နေဖို့ မလိုပါဘူး။ မင်းကိုပြောပြလိုက်လို့လဲ အန္တရာယ်မရှိပါဘူး။ မြ်ငနးက်တွေကိုယ်တိုင်က ဒီကမ္ဘာရဲ့တည်ရှိမှုတွေပဲ။

ငါ သူတို့ကို မဖန်တီးထားဘူး၊ ဒါပေမဲ့ ဒါနဲ့တော့ ငါ သူတို့ကိုရှာပြီး အသုံးချတာကို တားလို့မရဘူးလေ..”

အကြီးအကဲထျန်းကျီ ထေ့ငေါ့လိုက်ကာ၊ “ဒါမင်းရဲ့ပုံမှန်နည်းလမ်းတွေပဲ မဟုတ်ဘူးလား? စက်ဆုပ်ဖို့ကောင်းပြီး အရှက်ကင်းမဲ့တဲ့လုပ်ရပ်တွေ။ ဒါပေမဲ့ အရင်တုန်းက မင်း ငါ့ဂိုဏ်းကို အခွင့်ကောင်းယူခဲ့တယ်။ အခုတော့ မင်း ငါ့ဂိုဏ်းအပေါ်ထပ်ပြီး အခွင့်အရေးယူခွင့်မပေးတော့ဘူး။”

သူမစကားဆုံးသွားသည်နှင့် အကြီးအကဲထျန်းကျီသည် တစ်ဖက်လူကို တုံ့ပြန်ဖို့အခွင့်အရေးမပေးတော့ဘဲ ချက်ချင်းတိုက်ခိုက်ကာ တစ်ဖက်လူကို ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားစေသည်။

သို့သော်လည်း နောက်တစ်ခဏမှာပဲ တစ်ဖက်လူက သူမနောက်တွင် ပြန်ပေါ်လာခဲ့သည်။

“ငါ့ကို ဒီလိုအသေးအဖွဲ့လှုပ်ရှားမှုလေးတစ်ခုနဲ့ သတ်ချင်တာလား? ရယ်စရာတွေမလုပ်စမ်းပါနဲ့။ မင်းရဲ့ခွန်အားအစစ်အမှန်ကိုထုတ်ပြလိုက်တာ ပိုကောင်းမယ်။”

ပြောပြီးသည်နှင့် ဝတ်ရုံနက်လူ၏လက်သီးချက်က အကြီးအကဲထျန်းကျီထံသို့ ဦးတည်သွားတော့သည်။ သူ၏လက်သီးတွင် သတ်ဖြတ်လိုသည့်ရည်ရွယ်အပြည့်ရှိလို့နေကာ အကြီးအကဲထျန်းကျီနားဘေးမှလေဟာနယ်ကို ကွဲအက်သွားစေခဲ့သည်။

တကယ်လို့ ထိုလက်သီးသာ အကြီးအကဲထျန်းကျီအပေါ် တိုက်ရိုက်ကျရောက်ခဲ့မည်ဆိုလျှင် သေချာပေါက် သေသွားနိုင်ပေသည်။

ကံမကောင်းစွာဘဲ အကြီးအကဲထျန်းကျီ၏တုံ့ပြန်မှုအရှိသည် ထိပ်တန်းအဆင့်မှီပေသည်။

တစ်ဖက်လူ၏လက်သီးချက်မှဖိအားများကျရောက်လာချိန်မှာပဲ အကြီးအကဲထျန်းကျီသည် မူလရှိနေသည့်နေရာမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမက တစ်ဖန် ဝတ်ရုံနက်လူ၏နောက်ဘက်တွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

တစ်ဖက်လူကို တုံ့ပြန်ဖို့အခွင့်အရေးလေးတစ်ခုပင် မပေးဘဲ သူမတွင်ရှိသမျှခွန်အားအပြည့်အဝကိုအသုံးချကကာ တစ်ဖက်လူ၏ကျောရိုးကို ခုတ်ချဖို့ရန်အတွက် လက်ကိုမြှောက်လိုက်တော့သည်။

ဘန်း!

အမပြင်းထန်လှသည့်အင်အားရပ်က တစ်ဖက်လူ၏အရိုးများကို ချက်ချင်းကွဲကြေလို့သွားစေသည်။ အကြီးအကဲထျန်းကျီထံမှထွက်ပေါ်လာသည် ကြောက်မက်ဖွယ်ရာသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ကြီးသည် လုံးဝယုတ်လျော့သွားခြင်းမရှိဘဲ သူမ၏ခွန်အားအလုံးစုံကို ဆက်တိုက်အသုံးချနေခဲ့သည်။

အရိုးများကွဲကြေသွားပြီးနောက် တစ်ဖက်လူ၏လှုပ်ရှားမှုအရှိန်က ချက်ချင်းဆိုသလို ကျဆင်းလာတော့သည်။

အကြီးအကဲထျန်းကျီသည်လည်း ထိုအခွင့်အရေးကိုအမိအရယူကာ ဆက်တိုက်တဟုန်ထိုးတိုက်ခိုက်နေပြီး တစ်ဖက်လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို တစ်နေရာပြီးတစ်နေရာ ပေါက်ကွဲသွားစေသည်။

မကြာလိုက်ပါဘဲ တစ်ဖက်လူ၏ခန္ဓာကိုယ်မှာ ရှိသည်ဆိုရုံမျှသာ ကျန်ရှိလေတော့သည်။

“အဲလက်နက်သာမရှိရင် မင်းကအမှိုက်တစ်စပဲ။ ငါ့ရှေ့မှာဆိုရင်တော့ မင်းက ငါ့ဖိနပ်သယ်ပေးဖို့တောင် အရည်အချင်းမပြည့်မှီဘူး။” အကြီးအကဲထျန်းကျီက တစ်ဖက်လူ၏လည်ပင်းကို ညှစ်ထားကာ အေးစက်စက်ပြောလိုက်သည်။

“ဟဟ…”

ဝတ်ရုံနက်နှင့်လူက ခပ်ဖွဖွပြုံးလာကာ မတုန်မလှုပ်ရှိနေသည်။

“မင်းပြောတာမှန်တယ်၊ အဲလိုဆိုတော့ရော ဘာဖြစ်လဲ? ငါက ကိုယ်ပွားတစ်ခုသာသာပဲ။ ငါသေသွာရင်တောင် တခြားတစ်နေရာမှာ ငါက ဆက်ပြီးရှင်သန်နေဦးမှာ! ဒါပေမဲ့ မင်းကတော့ မတူဘူးလေ။ မင်းမှာက မူရင်းခန္ဓာကိုယ်နဲ့! မင်းသာသေရင်၊ အဲဒါ တကယ်သေတာပဲ။”

သူပြောပြီးသည်နှင့်တပြိုင်နက် စူးရှသည့်အလင်းတန်းတစ်ခုသည် ကျွန်းတစ်ခုလုံးတွင် ရုတ်ချည်းလင်းထိန်းသွားတော့သည်။

အကြီးအကဲထျန်းကျီ၏အမူအရာသည်လည်း သိသိသာသာပြောင်းလဲသွားခဲ့သည်။

ဒီကျွန်းပေါ်မှာ အစီအရင်တစ်ခုရှိနေတာပဲ!

ဝတ်ရုံနက်လူ၏လက်အောက်ငယ်သားတွေအားလုံး အပြင်သို့ အရူးအမူးပြေးထွက်ကုန်ကြသည်။

သို့သော်လည်း အကြီးအကဲထျန်းကျီကတော့ ထွက်မပြေးခဲ့ပေ။ အကြောင်းကတော့ ဤအစီအရင်ထဲကနေပြီး ဘယ်သူမှမလွတ်မြောက်နိုင်ဘူးဆိုတာ ဘယ်သူ့ထက်မဆို သူမကောင်းကောင်းပိုသိနေခြင်းကြောင့်ဖြစ်သည်။

လက်ရှိအချိန်တွင် သူမလက်ထဲရှိ ဝတ်ရုံနက်နှင့်လူကိုသာ အေးစက်စွာစိုက်ကြည့်နေခဲ့သည်။

“မင်းရဲ့လူတွေရော ဒီနေရာမှာ ငါနဲ့အတူ သေကြမှာလား?”

“သူတို့လား? သူတို့က ငါ့ဂိုဏ်းကလူတွေမဟုတ်ဘူး။ သူတို့က ဒီကမ္ဘာကိုရောက်တုန်း ယာယီစုဆောင်းထားတဲ့ လက်အောက်ခံတစ်ဖွဲ့သာသာပဲ။ အခု မင်းကိုဖမ်းဖို့အတွက် သူတို့ကိုစွန့်လွှတ်အနစ်နာခံခိုင်းရတာ တန်ပါတယ်။”

ခဏလောက်ရပ်ပြီးနောက် ဝတ်ရုံနက်နှင့်လူက ဆက်ပြောလာသည်။ “အို.. ဟုတ်သားပဲ၊ ငါမင်းကိုပြောဖို့ကျန်သွားတာ တစ်ခုရှိသေးတယ်။ ငါလည်း မင်းကိုအေးအေးချမ်းချမ်းသေစေချင်တယ်လေ။ ကောင်းကင်တာအိုက မြင်းနက်တွေဒီလောက်အများကြီး ဘာကြောင့်စေလွှတ်ထားခဲ့လဲဆိုတာ မင်းသိလား?”

အမှန်အတိုင်းပြောရရင် သူတို့သည် လုရှောင်ယန်ကိုသတ်ဖို့ရန်အတွက် ဤနေရာတွင်ရှိနေကြခြင်းဖြစ်သည်။

“မင်းရဲ့ဆရာက လုရှောင်ယန်ကို အခြေအနေတွေ လှန်ပစ်ဖို့အတွက် အသုံးချချင်ခဲ့တာ။ ဒါပေမဲ့ အဆုံးမှာတော့ လုရှောင်ယန်ဘယ်သူမှန်းတောင် သူမသိသွားခဲ့ဘူး!”

“မင်းတို့မှာ မျှော်လင့်ချက်လုံးဝမရှိတော့ဘူး။ ကောင်းကင်ကိုအံတုပြီး မင်းတို့ကံကြမ္မာကိုပြောင်းလဲချင်ရင် တာဝန်ပြီးမြောက်ဖို့အတွက် လုရှောယန်ကိုသတ်ပြီး သူ့ရဲ့ကံကြမ္မာကိုလုယူရမယ်။

မဟုတ်ရင်တော့ လူတိုင်း လုရှောင်ယန်ရဲ့ခြေနင်းပြားဖြစ်သွားလိမ့်မယ်။ ဘယ်သူမှ ခြွင်းချက်ဆိုတာမဟုတ်ဘူး!

သူက ရွေးချယ်ခံရသူဖြစ်သလို… သူကိုယ်တိုက်ကိုက ကံကြမ္မာပဲ။”

အကြီးအကဲထျန်းကျီ၏ဆံပင်များထောင်ထသွားကာ ကြက်သီးမွေးညှင်းများလည်း ထသွားလေသည်။ တချိန်တည်းနီးပါးတွင်ပဲ ပင်လယ်ထဲတွင် အစီအရင်ကြောင့် ပြင်းထန်သည့်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားခဲ့သည်။

အလွန်ပြင်းထန်လှသည့်ပေါက်ကွဲမှုကြီးသည် ပင်လယ်ပြင်၏ဧကရိယာဆယ်သန်းကျော်လောက်အထိ ချက်ချင်းဖုံးလွှမ်းသွားခဲ့လေသည်။

ရုတ်ချည်းဆိုသလိုပင် ပင်လယ်ထဲတွင် ကြီးမားသည့်အနက်ရောင်တွင်းကြီးတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

ထိုအနက်ရောင်တွင်းကြီးသည် လောကကိုဝါးမြိုပြီး အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ရန်ပင် လုံလောက်ပေသည်!

……

ဝူဝမ်ပင်လယ်၏ကမ်းခြေတွင်တော့ ဟန်ကျန့်သည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူသန်မာလာဖို့ရန်အတွက် ထာဝရသစ်တော၏အရှေ့ဘက်ရှိ ဝူဝမ်ပင်လယ်သို့ အထူးတလည်လာရောက်ခဲ့ခြင်းဖြစ်သည်။

သူရောက်လာသည်နှင့် ပင်လယ်ပြင်တွင်သာပေါ်ပေါက်တတ်သည့် ဝိညာဉ်စွမ်းအင်ငါးတစ်မျိုးကို ရှာတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဤဝိညာဉ်စွမ်းအင်ငါးသည် ပင်လယ်နက်ပိုင်းတွင်သာ တည်ရှိသည့်သတ္တဝါပင်။

၎င်းတို့သည် အရသာရှိရုံသာမကဘဲ ဝိညာဉ်စွမ်းအင်ပေါကြွယ်ဝသည့် စားကောင်းသောက်ဖွယ်လည်းဖြစ်သေးသည်။

သူသာ စားလိုက်ရလျှင် သိုင်းဘုရင်အဆင့်ဆေးလုံးကိုစားခြင်းနှင့်ဆင်တူသည့် အကျိုးကျေးဇူးမျိုးရရှိပေလိမ့်မည်။

သို့သော်လည်း ထိုဝိညာဉ်စွမ်းအင်ငါးကို သူဖမ်းတော့မည့်အချိန်မှာပဲ ဝူဝမ်ပင်လယ်အနက်ပိုင်းမှ အလွန်ပြင်းထန်လှသည့်လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“မကောင်းတော့ဘူး!”

ထိုထိတ်လန့်ဖွယ်လှိုင်းလုံးကြီးသည် အလွန်အားကောင်းလှသည်။ ၎င်းက လေဟာနယ်အက်ကွဲကြောင်းကိုပင် ဆုတ်ဖြဲပစ်နိုင်ကာ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး၏ သာမာန်တိုက်ခိုက်မှုမျိုးထက်ပင် ကျော်လွန်လေသည်။

ဟန်ကျန့် နည်းနည်းလေးမှ သတိလက်လွတ်မပြုမိူရဲဘဲ ချက်ချင်းပင် မြန်နိုင်သမျှအမြန်ဆုံး ထွက်ပြေးတော့သည်။

သူမလွတ်မြောက်လိုက်နိုင်ခင်မှာပဲ ထိုထိတ်လန့်ဖွယ်လှိုင်းလုံးကြီးက အမှီလိုက်လာကာ သူ့ကို လွင့်ထွက်သွားစေတော့သည်။

ထိုအချိန်မှာပဲ ဟန်ကျန့်၏နှလုံးသားမှာ လုံးဝပြိုလဲကျသွားတော့သည်။

ဝိညာဉ်စွမ်းအင်ငါးအုပ်ကို ရှာတွေ့ဖို့ဆိုသည်က မလွယ်ကူလှပေ။ သူ့အတွက်ကြွယ်ဝမှုအသေးစားလေးရှာတွေ့ရုံရှိသေး မျက်စိတစ်မှိတ်အတွင်းမှာပဲ ဤသို့ကံမကောင်းမှုကြီးနှင့် ကြုံရပြန်လေပြီ။

အခုတလော သူ့နောက်ကို ကံဆိုးမှုနတ်ဘုရားလိုက်နေတာကြောင့်များ ဖြစ်မလား?

…..

တချိန်တည်းမှာပဲ ထာဝရသစ်တော၏တောင်ကုန်းငယ်ရှိရာ လေထုတစ်နေရာသည် ပုံပျက်လို့သွားကာ လုရှောင်ယန်သည် ကုန်းစောင်းတစ်နေရာတွင် ပေါ်ထွက်လာခဲ့သည်။

သူပေါ်လာသည်နှင့် တစ်စုံတစ်ခုကို အာရုံခံမိသွားခဲ့ပြီး သူ့အကြည့်တို့က ဝူဝမ်ပင်လယ်ရှိရာသို့ ရွေ့သွားလေသည်။

သူ အကြီးအကဲထျန်းကျီသေတာကို အာရုံခံမိလိုက်တာများလား!

ထိုအချိန်မှာပဲ အကြီးအကဲထျန်းကျီ၏အရှိန်အဝါသည် ရုတ်ချည်း ကွဲကြေကာ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချင်းအရာကြောင့် လုရှောင်ယန် ထိတ်လန့်သွားလေသည်။

အကြီးအကဲထျန်းကျီ မည်မျှအင်အားကြီးမှန်း သူမသိသော်လည်း အကြီးအကဲထျန်းကျီသည် အနည်းဆုံးတော့ ပြီးပြည့်စုံသည့်သိုင်းဘုရင်ဒဿမအဆင့်၏အထက်တွင်ရှိနေကြောင်းကိုတော့ သိသေးသည်။

ပြောရလျှင် အကြီးအကဲထျန်းကျီ၏ခွန်အားသည် အနည်းဆုံး နတ်ဘုရားအဆင့်တွင်ရှိပေသည်။

ထိုမျှအင်အားကြီးသည့်ပုဂ္ဂိုလ်မျိုးက ဖျက်ဆီးခံလိုက်ရတယ်လား?

ဒါဆို သူ့ကိုဖျက်ဆီးလိုက်တဲ့လူက ဘယ်လောက်တောင်မှ အင်အားကြီးတဲ့လူလဲ?

မဖြစ်သေးဘူး၊ ဒီတစ်ခေါက် ကျွင့်ပုကျန်းနဲ့သူ့အဘိုးကိုကယ်တင်ပြီးရင် သူ့တပည့်တွေရဲ့ခွန်အား မြန်မြန်ဆန်ဆန်တိုးတက်လာဖို့နည်းလမ်းကို စဉ်းစားမှဖြစ်တော့မယ်။

မဟုတ်ရင် သူဘာမှတော့ လုပ်နိုင်လိုက်မှာမဟုတ်ဘူး။ လူတိုင်း၏ကျင့်ကြံဆင့်က အဆက်မပြတ်တိုးလာမှဖြစ်မယ့်အပြင် သူကိုယ်တိုင်၏ကျင့်ကြံဆင့်သည်လည်း တဟုန်ထိုးတိုးလာမှဖြစ်ပေမည်။

အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် လုရှောင်ယန်သည် သူ၏ရှုပ်ထွေးနေသော အတွေးများကို ဖယ်ထုတ်လိုက်ကာ အောက်ဘက်ရှိတောင်ကုန်းကိုကြည့်လိုက်သည်။

စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းလိုက်ပြီး တောင်ကုန်းတစ်ခုလုံး၏ပတ်ဝန်းကျင်အနေအထားကို တိုက်ရိုက်စစ်ဆေးလိုက်လေသည်။

စစ်မှန်သောအမြင်အာရုံသုံးပါးသည် ထာဝရလမ်းညွှန်ချက်ဆယ်ပါးကို စုပ်ယူလိုက်ပြီးနောက် ၎င်း၏ထောက်လှမ်းနိုင်စွမ်းသည် ထိပ်တန်းအဆင့်သို့မြင့်တက်သွားခဲ့လေပြီ!

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဤတောင်ကုန်းသည် အစီရင်ပေါင်းများစွာဖြင့် ပြည့်နှက်နေကြောင်း လုရှောင်ယန် ပြောနိုင်ပေသည်။ ထို့အပြင် သူတို့အားလုံးသည် သိုင်းဘုရင်ထိပ်တန်းအဆင့်များဖြစ်ကြကာ အဆင့်နိမ့်နတ်ဘုရားအဆင့်အစီအရင်တချို့ပင်ပါရှိသေးသည်။

ဘယ်လောက်တောင် ရိုင်းလိုက်လဲ။ တစ်ဖက်လူက သူနဲ့ကိုယ်တိုင်ထွက်ပြီးမရှင်းခင် ဒီအစီအရင်တွေကိုသုံးပြီး သူ့ကိုပေါက်ကွဲသွားစေချင်နေတာပဲ။

ရယ်စရာအကောင်းဆုံးကတော့ ထိုနည်းလမ်းများသည် လုရှောင်ယန် အရင်ကသုံးခဲ့သည့် ညစ်ပတ်သည့်လှည့်ကွက်များဖြစ်နေခြင်းပင်။

ငါ၊ လုရှောင်ယန်ကသာ ဒီလိုနည်းလမ်းတွေနဲ့ပတ်သတ်ရင် ကျွမ်းကျင်သူအစစ်အမှန်ဖြစ်တယ်ကွ!

***

All Chapters