← Chapters

အခန်း (၂၆၁-၂၆၅)

Vol. 18 Ch. 261-265

အခန်း (၂၆၁-၂၆၅)

Vol. 18 Ch. 261-265

အပိုင်း ၂၆၁ ပြိုင်ဘက်ကင်းကျင့်ကြံသူ?

“ဒါပေမဲ့ ငါတို့က နတ်ဘုရားအဆင့်ကျွမ်းကျင်သူတွေလေ၊ သူကတော့ အခုမှ သိုင်းဘုရင်အဆင့်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီး သူက ငါတို့နဲ့ ယှဉ်နိုင်မှာလဲ?”

“မင်းက ရယ်စရာတွေ သိပ်ပြောတတ်တာပဲ။ ဒီလူက ကောင်းကင်ဘံကိုပြန်သွားစေဖို့အတွက် နှစ်ပေါင်းရာထောင်ချီကတည်းက အစီအစဉ်ချထားတဲ့ အရွေးချယ်ခံပဲ။ သူက အဆင့်နိမ့်ကျင့်ကြံသူဖြစ်နေတဲ့အချိန်အတွက် အစီအစဉ်လုပ်မထားလောက်ဘူးများ ထင်နေလား? ဒီနေရာမှာ နတ်ဘုရားအဆင့်ကျင့်ကြံသူဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ်များထင်နေလား? ငါ့အထင်သာမမှားရင် အဲ့ကောင်ရဲ့တာအိုအစောင့်အရှောက်က သေချာပေါက် ဒီကမ္ဘာပေါ်မှာ ရှိနေလာက်တယ်။”

တစ်ဖက်ကလူက အနည်းငယ်ရှက်ရွံ့သွားပုံပေါ်ကာ၊ “ဒါဆို… ငါတို့ အခုဘာလုပ်ရမှာလဲ?”

ဝတ်ရုံနက်နှင့်လူက သူ့လက်များကို နောက်ပစ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

“အခုကစပြီး သူအဆင့်နိမ့်မှာရှိနေတုန်းသတ်ပစ်တာ အကောင်းဆုံးပဲ။ သူအဆင့်နိမ့်ကနေ ဖောက်ထွက်ပြီး အထက်အဆင့်ကိုရောက်သွားတာနဲ့ သတ်ဖို့ ပိုပြီးတောင် ခက်သွားလိမ့်မယ်။”

“အခုလောလောဆယ်တော့၊ ငါ့မှာ ဝှက်ဖဲနှစ်ခုရှိသေးတယ်။ ယဲ့ကျွင်းလင် နဲ့ လီချင်းဖန်တို့ပဲ။ ဒီနှစ်ယောက်ရှိနေရုံနဲ့တော့ ရွေးချယ်ခံရသူကို ငါသတ်နိုင်လိမ့်မယ်လို့ အာမ,မခံနိုင်ဘူး။”

“မကြာသေးခင်တုန်းက၊ ငါ ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို လျှို့ဝှက်စုံစမ်းရင်း ဒီကမ္ဘာပေါ်မှာ နောက်ထပ်မြင်းနက်တစ်ယောက်ရှိနေသေးတယ်ဆိုတာ သိလိုက်ရတယ်။ သူ့ကိုရှာဖို့လူတွေလွှတ်လိုက်၊ ပြီးတာနဲ့ ငါဖန်တီးထားတဲ့ နောက်ဆုံးစနစ်သစ်သီးကို ပေးလိုက်။”

“သူ့နာမည်က ဘယ်သူလဲ?”

“ဟန်ကျန့်!”

……

ထာဝရသစ်တော၏နယ်နိမိတ်တွင် လူရိပ်တချို့ ဆင်းသက်လာသည်။ ၎င်းမှာ တခြားသူမဟုတ်ဘဲ ကျွင့်ပုကျန်းတို့ပင် ဖြစ်သည်။

“မြင့်မြတ်သောသားတော်၊ ငါတို့ ထာဝရသစ်တောကိုရောက်ပြီ။ အိမ်ပြန်ရောက်ခါနီးပါပြီ။”

ကျွင့်ပုကျန်း ခေါင်းညိတ်လိုက်သည်။

“ဆရာ ပေးလိုက်တဲ့ ကောင်းကင်ဖြိုခွဲလွန်းကိုပဲ ကျေးဇူးတင်ရမယ်၊ ဒါကြောင့်မလို့ ငါတို့ မဟာကျိုးနန်းမြို့တော်ကနေ ထာဝရသစ်တောကို နာရီဝက်နဲ့ ရောက်လာနိုင်တာပဲ။”

“ဟုတ်ပါတယ်၊ အကြီးအကဲလုက တကယ်ကို ကျွမ်းကျင်သူအစစ်အမှန်ပဲ။”

သူတို့ လုရှောင်ယန်နှင့် ပထမဆုံးတွေ့ဆုံချိန်တုန်းက လူတိုင်း သူ့ကို အလွန်အမင်းအထင်သေးခဲ့ြသည်။

သို့သော်လည်း လုရှောင်ယန်၏တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ပြီးချိန်မှာတော့ လုရှောင်ယန် မည်မျှစွမ်းအားကြီးကြောင်း သိရှိသွားခဲ့သည်။

လုရှောင်ယန်သည် အမှန်ကိုပဲ မြင့်မြတ်သောသားတော်၏ဆရာသခင်ဖြစ်ဖို့ ထိုက်တန်ပေသည်။

“ဒီတစ်ခေါက် အိမ်ပြန်ရောက်တဲ့အချိန် မင်းတို့ ဘာတစ်ခွန်းမှမပြောကြနဲ့။ ငါ့ဆရာက သူ့ကို တခြားလူတွေနှောင့်ယှက်တာကို မကြိုက်ဘူး။ ဒါကြောင့် ဒီကိစ္စကို လောလောဆယ် လျှို့ဝှက်ထားကြ၊ နားလည်လား?”

“ဟုတ်ကဲ့၊ နားလည်ပါတယ်။”

“ကျွင့်မိသားစုကို ပြန်ကြမယ်။”

“ဟုတ်ကဲ့ပါ!”

လူတိုင်း ထွက်ခွာကြတော့မည့်အချိန်မှာပဲ ကျွင့်ပုကျန်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ ခေါင်းအသာဟန့်ရင်း ခပ်ပေါ့ပေါ့ပြောလိုက်သည်။

“မင်းတို့ အရင်သွားနှင့်ကြ။ ငါလုပ်စရာလေးရှိသေးတယ်။”

ကျွင့်မိသားစုမှ အကြီးအကဲများကတော့ စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် သူ့ကိုကြည့်လာကြသည်။

ထိုအချင်းအရာကြောင့် ကျွင့်ပုကျန်း၏အမူအရာမှာ အတော်အတန်အေးစက်လို့သွားကာ၊

“ဘာလဲ? မင်းတို့က ငါ့စကားကို နားမထောင်ကြဘူးလား?”

လူတိုင်း အလျင်အမြန် ခေါင်းယမ်းလိုက်ကြသည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး.. ငါတို့ နားမထောင်ဘဲ မနေရဲပါဘူး။”

အားလုံးက ချက်ချင်းပင် အဝေးကိုထွက်သွားလိုက်ကြသည်။ သူတို့အားလုံး ထွက်သွာသည်ကို မြင်တာတောင်မှ၊ ကျွင့်ပုကျန်းတစ်ယောက် ဘေးနားတစ်ဝိုက် ဟိုကြည့်ဒီကြည့်လုပ်လိုက်သေးသည်။ အနားမှာ ဘယ်သူမှမရှိနေတာကိုမြင်ကာမှ အသက်ပြင်းပြင်းရှူကာ ပြောလိုက်လေသည်။

“နှစ်သန်းပေါင်းတစ်ထောင်တောင်ကြာခဲ့ပြီ။ နောက်ဆုံးတော့ ငါအိမ်ပြန်လာပြီကွ!”

ထိုသို့အော်လိုက်ပြီးသည်နှင့် သူ့မျက်နှာက ပူလောင်သွားတော့သည်။

အရမ်းရှက်ဖို့ကောင်းတာပဲ။

ကံကောင်းလို့ သူ့စကားတွေကို ကြားတဲ့သူမရှိနေဘူး။

ယွင်လီကောနှင့် အခြားသူများ၏အယူသီးမှုကို သူ မယုံချင်သော်လည်း သူ့အသက်ကိုတော့ လောင်းကြေးမထပ်ရဲပေ။

သူရှုံးသွားရင် ဘယ်လိုလုပ်မလဲ? သူ့ဘဝကို အဆုံးအစွန်အထိ ဆိုးယုတ်သွားစေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဒီလိုပြောလိုက်လို့လဲ သူတစ်ခုခုကို ဆုံးရှုံးသွားစရာမှ မရှိဘဲ။

ပြောရရင် ထိုစကားကိုပြောလိုက်ပြီးကာမှ အရင်ထက်ပိုပြီး သက်သောင့်သက်သာရှိလာသည်ဟုပင် ခံစားရပေသည်။

ထို့သို့အတွေးများပြီးနောက် လက်နှစ်ဖက်နောက်ပစ်ကာ ခရီးဆက်လိုက်သည်။

သူ၏လက်အောက်ငယ်သားများနှင့် အတူတူလောက်ပင် ကျွင့်ပုကျန်းသည် ကျွင့်မိသားစုထံသို့ အမြန်ဆုံးရောက်ရှိသွားကာ ကျွင့်မိသားစု၏ ဘိုးဘေးခန်းမသို့ ချက်ချင်းသွားရောက်လိုက်သည်။

“ဘိုးဘေးကို နှုတ်ဆက်ပါတယ်။”

ခဏအကြာတွင်တော့ ဆံဖြူ မုတ်ဆိတ်ဖြူအဘိုးကြီးတစ်ယောက် ကျွင့်မိသားစု၏ ဘိုးဘေးခန်းမထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

တစ်ဖက်လူကိုမြင်လိုက်သည်နှင့် သူ၏အေးစက်သည့်အမူအရာထဲတွင် ချစ်ခင်မြတ်နိုးသည့်အရိပ်ငွေ့များ ပေါ်ထွက်လာခဲ့သည်။

“မင်းပြန်လာပြီပဲ။ ခရီးအခြေအနေဘယ်လိုလဲ? တစ်ခုခုရခဲ့တာရှိလား?”

“ဘိုးဘေး၊ ကျွန်တော် ဒီတစ်ခေါက်သွားတာ အကျိုးအမြတ်တွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော် အခု သိုင်းဘုရင် ဒုတိယအဆင့်ထဲ ရောက်သွားပါပြီ။”

တကယ်တော့ နတ်ဆေးလုံးများနှင့် နတ်သားရဲဥများကို စားခဲ့ခြင်းကြောင့် သူ၏ခန္ဓာကိုယ်တွင်ထဲတွင် မစုပ်ယူရသေးသည့် အနှစ်သာရမြောက်များစွာ ကျန်ရှိနေသေးသည်။

သူသာ ထိုအနှစ်အသာရအားလုံးကို အပြည့်အဝစုပ်ယူလိုက်လျှင် လဝက်အတွင်း နောက်ထပ်အဆင့်သေးတစ်ခုကို ကျော်ဖြတ်နိုင်ဖို့ရန် အခွင့်အရေးရှိသည်ဟု သူရဲရဲကြီးပြောရဲပေသည်။

သို့သော်လည်း သူ့ဆရာသခင်က တစ်စုံတစ်ယောက်သည် ရရှိထားမှုအပေါ် ပျော်ပါးစံစားပြီး ဂုဏ်မြောက်မနေဖို့ရန် ပြောခဲ့သည်။ အမည်မဲ့ဂိုဏ်း၏စည်းကမ်းများအရ ကိုယ့်ကျင့်ကြံဆင့်ကို ဖုံးထားနိုင်သ၍ အတတ်နိုင်ဆုံး မဖော်ထုတ်မိစေရန် ဖုံးကွယ်ထားရမည်ဖြစ်သည်။

သို့သော်လည်း ဘိုးဘေးကျွင့်ကတော့ ထိုမျှနှင့်ပင် အတော်လေးပျော်ရွှင်နေပြီဖြစ်သည်။

“မဆိုးဘူး၊ မဆိုးဘူး။ ထာရဝသစ်တောရဲ့ ထိပ်တန်းမိသားစုကြီးဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ကျွင့်မိသားစုရဲ့မြင့်မြတ်သောသားတော်ဆိုတဲ့အတိုင်းပဲ မင်းရဲ့ကျင့်ကြံဆင့်က ငါတို့ကျွင့်မိသားစုကို သေချာပေါက် အရှက်စေမှာမဟုတ်ဘူး။”

“ကျွန်တော်ကတော့ ရှက်မိတုန်းပဲ။”

“အဲလောက်ကြီး ကိုယ့်ကိုယ်ကို နှိမ့်ချမနေနဲ့။ ထာဝရသစ်တောတစ်ခုလုံးက အမျိုးမျိုးသောမိသားစုကြီးတွေရဲ့ မြင့်မြတ်သောသားတော်နဲ့ မိန်းမပျိုတွေထဲမှာ မင်းက အနည်းဆုံး ထိပ်ဆုံးငါးယောက်ထဲပါတယ်။ ဒါ့အပြင် ယဲ့မိသားစုကမြင့်မြတ်သောသားတော်ကလွဲလို့ တခြားလူတွေရဲ့ခွန်အားတွေက အတူတူလောက်တွေပဲဆိုတာ မင်းလည်းသိနေတာပဲ။”

ဘိုးဘေးက ယဲ့မိသားစု၏မြင့်မြတ်သောသားတော်အကြောင်း ထည့်ပြောလာသည်နှင့် ကျွင့်ပုကျန်းပင်လျှင် လေးစားအားကျစိတ်ကို မထုတ်ဖော်မိဘဲ မနေနိုင်ခဲ့ပေ။

တစ်ဖက်လူသည် အသက်၂၀သာရှိသေးခြင်းပင်!

သို့သော်လည်း သူသည် ထာဝရသစ်တောမှလူငယ်အားလုံးကို ကျော်လွန်ကာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။

သူသည် မွေးလာကတည်းက ချိတ်ဆက်မှုအဆင့်သို့ရောက်ရှိခဲ့သည်ဟုပင် ဆိုကြသည်။ အသက်တစ်နှစ်တွင် ဆရာသခင်အဆင့်၊ အသက်နှစ်,နှစ်တွင် စိတ်ဝိညာဉ်အဆင့်၊ အသက်၁၂နှစ်တွင် အာကာပြင်ပြိုကွဲခြင်းအဆင့်နှင့် အသက်၁၄နှစ်တွင် ဘုရင်အဆင့်သို့ရောက်ရှိခဲ့သည်ဟုပင်ဆိုသည်။ နောက်ဆုံး အသက်၂၀တွင်တော့ သိုင်းဘုရင်အဆင့်သို့ တရားဝင်ရောက်ရှိသွားခဲ့သည်။

သူသည် ထာဝရသစ်တောတစ်ခုလုံးရှိ ကျင့်ကြံခြင်းစံချိန်အားလုံးကို ချိုးဖျက်ခဲ့ခြင်းပင်။

သူ့လိုမျိုး ထိပ်တန်းမိသားစုတစ်ခု၏ဆက်ခံသူတောင်မှ ငယ်ငယ်ရွယ်ရွယ်နှင့် ကျင့်ကြံခြင်းနည်းလမ်းများကို ကျင့်ကြံနိုင်ခြင်းမရှိသည်ကို သိရပေမည်။ အကြောင်းကတော့ ကလေးများသည် ဘယ်လိုကျင့်ကြံရမလဲဆိုသည်ကို မသိဘဲ နားမလည်နိုင်တာကြောင့် ချီသွေဖယ်ခြင်းကို အလွယ်တကူ ခံစားရနိုင်သောကြောင့်ဖြစ်သည်။

သို့သော်လည်း ယဲ့မိသားစုမှမြင့်မြတ်သောသားတော်သည်တော့ ကောင်းကင်ဘုံကိုပင် အံတုနိုင်ခဲ့သည်။

တချို့လူများကတော့ သူ့ကို သေမျိုးကမ္ဘာသို့ ဆင်းသက်လာခဲ့သည့် ဒဏ္ဍာရီလာနတ်ဘုရားတစ်ပါးဖြစ်သည်ဟုပင် ပြောကြသည်။ သူသည် အရိုးထဲကပင် တခြားလူများထက် သာလွန်ဖို့ ပါလာခြင်းဖြစ်သည်။

တချို့ကတော့ သူ့ကို လောက၏အနှစ်သာရကို ပေါင်းစည်းဖို့ရန်အတွက် ကောင်းကင်ဘုံမှစေလွှတ်ခဲ့သည့်သားတော်ဟုပင် ဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျွင့်ပုကျန်းသည် ကျင့်ကြံခြင်းနှင့်ပတ်သတ်လာလျှင် မည်သူ့ကိုမှ လေးစားအားကျမည်မဟုတ်ပေ။

သူ့ဆရာ၏ကျင့်ကြံနှုန်းသည် သူ့ထက်ပင် ပိုမြန်နေသလားဟုတော့ တွေးမိလေသည်။

သူ့ဆရာ၏ကျင့်ကြံမှုအရှိန်သည် သေချာပေါက် သူ့အဆင့်နှင့် အရမ်းဝေးကွာလွန်းနေလောက်ပြီ မဟုတ်လား?

ဘာပဲဖြစ်ဖြစ် သူ့ဆရာသည် ထာဝရသစ်တောသို့ တစ်ခါမှပင် ဝင်မလာခဲ့ဖူးပေ။

သူ့ဆရာ အလွန်စွမ်းအားကြီးသည်မှန်သော်လည်း လက်ရှိအဆင့်သို့ရောက်ဖို့ရန် သေချာပေါက် နှစ်ရာပေါင်းများစွာတော့ ကျင့်ကြံခဲ့ရပေမည်။

“ဘိုးဘေး၊ ယဲ့မိသားစုကလူရဲ့ လက်ရှိကျင့်ကြံဆင့်က ဘယ်လောက်ရောက်သွားပြီလဲ?”

ဘိုးဘေးကျွင့်က ခေါင်းအသာယမ်းလေသည်။

“သူ့ကျင့်ကြံဆင့် အတိအကျဘယ်လောက်ရောက်ပြီလဲဆိုတာ ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ သိုင်းဘုရင်နှောင်းပိုင်းအဆင့်ကိုရောက်နေလောက်တာတော့ သေချာတယ်။ ငါ သူ့ကိုနောက်ဆုံးတွေ့ခဲ့တာ တစ်နှစ်လောက်တောင်ရှိပြီ။ အဲအချိန်တုန်းက သူက သိုင်းဘုရင်အဆင့်ကို ရောက်ရုံပဲရှိသေးတယ်၊ သူ့ဆီကနေပြီး ထိပ်တန်းကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါမျိုးခံစားနိုင်ခဲ့တယ်။ ငါ့အထင်သာမမှားရင် သူက ထာဝရသစ်တောထဲက အမျိုးမျိုးသောမိသားစုကြီးတွေရဲ့တပည့်တွေထဲမှာ ပထမအဆင့်ဆိုတာ အသေအချာပဲ။”

ကျွင့်ပုကျန်းလည်း ခေါင်းညိတ်သဘောတူလေသည်။

ဘိုးဘေး၏စကားများကို သူနည်းနည်းလေးမှ သံသယမဖြစ်ပေ။

သို့သော်လည်း ခဏအကြာမှာပဲ ဘိုးဘေးက ဆက်ပြောလာခဲ့သည်။ “မင်း ပထမနေရာရဖို့မလိုဘူး။ ယဲ့မိသားစုရဲ့ အဲဒီပြိုင်ဘက်ကင်းပါရမီရှင်ကို ဘယ်သူမှအနိုင်ယူနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မကြာသေးခင်က ငါ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ့ရဲ့အကူအညီနဲ့သာဆိုရင် ထာဝရသစ်တောရဲ့ပြိုင်ပွဲမှာ မင်းရလဒ်ကောင်းကောင်းရနိုင်လိမ့်မယ်။”

“ထူးဆန်းတဲ့လူ?”

“ဟုတ်တယ်။ အဲလူရဲ့မျိုးရိုးက လီ။ မင်းသာ သူ့ကိုမြင်လိုက်ရင် သိနေနိုင်တယ်။ သူက ယဲ့မိသားစုရဲ့မြင့်မြတ်သောသားတော်ထက်တောင်မှ မင်းကိုပိုပြီးထိတ်လန့်သွားစေလိမ့်မယ်။”

ကျွင့်ပုကျန်း မှင်သက်သွားလေသည်။

ဘိုးဘေးပြောတဲ့လူက အဲလောက်တောင် စွမ်းအားကြီးတာလား?

ငါ့ကို လာလိမ်နေတာလား?

သို့သော်လည်း ဘိုးဘေးသည် သူရောက်ရှိနေသည့်အဆင့်တွင် ဆရာကြီးတစ်ဦးဖြစ်သည်။ သူ့ကိုတော့ လာမလိမ်လောက်ပါဘူး၊ ဟုတ်တယ်မလား?

“ဒီလိုဆိုမှတော့ ဘိုးဘေးရဲ့စီမံပေးမှုအတိုင်း နာခံပါ့မယ်။”

“ကောင်းပြီ၊ ငါ့နောက်လိုက်ခဲ့။”

ထာဝရသစ်တောရှိ သေးငယ်ကာ အလွန်မထင်မရှားရှိသည့်နေရာငယ်လေးသို့ ဘိုးဘေးနောက်မှနေ အမြန်လိုက်သွားခဲ့သည်။

သူရောက်ရှိသွားသည်နှင့် ချက်ချင်းပင် ကြောင်အသွားလေသည်။

ထိုနေရာသည် သူ့ဆရာ၏အမည်မဲ့ဂိုဏ်းထက်ပင် များစွာသေးငယ်သော တောင်ကုန်းငယ်လေးတစ်ခုသာ ဖြစ်လေသည်။

ဒီနေရာက ကျင့်ကြံသူကြီးတစ်ဦးနေတဲ့နေရာလား?

အခုခေတ် ပြိုင်ဘက်ကင်းကျင့်ကြံသူတွေက ဒီလိုမျိုး ထင်ထင်ရှားရှားမရှိတဲ့နေရာမျိုးမှာပဲ နေကုန်ကြတာလား?

ကျွင့်ပုကျန်း စိတ်ရှုပ်ထွေးနေသည်ကို ခံစားမိတာကြောင့် ဘိုးဘေး တည်တည်ငြိမ်ငြိမ်ပြုံးလိုက်ကာ၊ “ဒီတောင်ကုန်းကို လျှော့မတွက်နဲ့။ ငါပြောမယ်၊ ဒီနေရာက လျှို့ဝှက်နေရာတစ်ခုပဲ။ မင်းရှေ့တစ်လှမ်းလောက်လှမ်းလိုက်ရုံနဲ့ သိလိမ့်မယ်။”

ကျွင့်ပုကျန်း ရှုပ်ထွေးနေသည့်အမူအရာဖြင့် ခြေတစ်လှမ်း,လှမ်းကြည့်လိုက်သည်။

သို့သော်လည်း ထိုခြေလှမ်း,လှမ်းလိုက်ပြီးသည်နှင့် သူ ချက်ချင်းကို ဖြူဖျော့သွားတော့သည်။

တစ်ဖက်လူ၏တောင်ကုန်းထဲသို့ သူခြေလှမ်းလိုက်သည်နှင့်ကို သူ့ကိုယ်တွင်းရှိခွန်အားတို့ လုံးဝဖိနှိပ်ခံလိုက်ရကြောင်း သိရှိလိုက်ရခြင်းကြောင့်ပင်။

လာနောက်နေတာလား!

သူဆိုတာက ဂုဏ်သိက္ခာကြီးမားတဲ့သိုင်းဘုရင်အဆင့်ကျင့်ကြံသူလေ!

သူ့ရဲ့မြင့်မားတဲ့ကျင့်ကြံဆင့်က တကယ်ပဲ ဖိနှိပ်ခံလိုက်ရတာလား?

“ဘိုးဘေး၊ ဒါက…?”

ကျွင့်ပုကျန်း စိတ်ရှုပ်ထွေးနေသော်လည်း ဘိုးဘေးကျွင့်ကတော့ အသာပြုံးကာ လှမ်းဝင်သွားခဲ့သည်။

“မှော်ဆန်လွန်းတယ် မဟုတ်လား? ငါလည်း မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမဲ့ ဒီနေရာက အမှန်တကယ်တည်ရှိနေတာပဲ။ ခြေတစ်လှမ်း,လှမ်းလိုက်ရုံနဲ့ကို ကျင့်ကြံဆင့်က လုံးဝဖိနှိပ်ခံလိုက်ရမှာ။ ငါတောင်မှ စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ နည်းပါးတဲ့ခွန်အားလောက်ကိုပဲ ထုတ်လွှတ်နိုင်တယ်။”

“အဲလိုကိုး။”

“သွားရအောင်။ အကြီးအကဲက အပေါ်ထပ်မှာ။ သွားကြည့်ကြတာပေါ့။”

“ဟုတ်ကဲ့!”

သူတို့နှစ်ယောက် တောင်ကုန်းပေါ်ရှိ သေးငယ်သောသစ်သားအိမ်လေးတစ်လုံးဆီသို့ ရောက်ရှိလာကြသည်။

သူလှမ်းဝင်လိုက်ချိန်တွင် ပထမတော့ ဘာကိုမှမခံစားခဲ့ရပေ။

သို့သော်လည်း သူ အလျင်အမြန်ပဲ အာရုံခံမိသွားလေသည်။

တစ်ခုခုမှားနေပြီ!

တစ်ခုခုတော့မှားနေပြီ!

ဤခြံဝင်းအတွင်းရှိ ဥ,ဥနိုင်သောတိရိစ္ဆာန်အချိန်၏အရှိန်အဝါတို့မှာ ဖိနှိပ်ထားသော်လည်း သူ့ကိုတော့ ယှဉ်နိုင်နေသေးသည်။ ဒါကြောင့် ပြောရမယ်ဆို ၎င်းတို့မှာ သိုင်းဘုရင်အဆင့်သားရဲများဖြစ်ပေမည်။ သို့သော်လည်း ဤနေရာတွင် ဖိနှိပ်ခံထားရတာကြောင့် ၎င်းတို့၏ပုံစံအစစ်အမှန်ကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။

၎င်းတို့အပြင် စားပွဲ၊ ကုလားထိုင်၊ အိုးများ၊ ဒယ်အိုးများနှင့် တခြားသောနေ့စဉ်သုံးပစ္စည်းများလည်း ရှိသေးသည်။ ၎င်းတို့ကိုကြည့်ရတာ ထင်ထင်ရှားရှားမရှိသော်လည်း တကယ်တမ်းတွင်တော့ အားလုံးသည် သိုင်းဘုရင်အဆင့်များပင်ဖြစ်သည်။

ကြောက်စရာကောင်းလွန်းတယ်။

ဒီလူက သူ့ဆရာကိုတောင် ယှဉ်နိုင်တာပဲ။

သူတွေးနေတုန်းမှာပဲ လူတစ်ယောက်က အိမ်ထဲကနေ ထွက်လို့လာသည်။ သူက ဘိုးဘေးကျွင့်ကိုတွေ့သည်နှင့် ချက်ချင်းပင်အော်လိုက်သည်။

“လောင်ကျွင့်၊ ခင်ဗျား ဘာလို့ အခုမှရောက်လာတာလဲ? ကျုပ်လုပ်ထားတာတဲ့အစားအသောက်တွေတောင် အေးလုနေပြီ။ မြန်မြန်လေး လာမြည်းကြည့်။ အာ.. ဒီကောင်လေးက…?”

“ဟဟဟ… လူကြီးမင်းလီ၊ စိတ်မဆိုးပါနဲ့။ ဒါက ငါ့ရဲ့မြေးလေး။ သူ့ရဲ့အသိပညာတွေကျယ်ပြန့်လာအောင် ငါခေါ်လာခဲ့လိုက်တာ။”

“အိုး၊ ခင်ဗျားရဲ့မြေးပေါ့? ကိစ္စမရှိဘူး။ ကျုပ်နောက်ထပ် တူအပိုတစ်စုံထည့်လိုက်မယ်။ မြန်မြန်လာကြ။”

“ကောင်းပါပြီ။”

ထို့နောက်မှာတော့ ကျွင့်ပုကျန်းတစ်ယောက် သူ့အဖိုးဖြစ်သည့် ကျွင့်မိသားစုမှဘိုးဘေးသည် တစ်ဖက်လူနှင့်အတူ ပန်းကန်လုံးနှင့်တူများကိုင်ကာ ထိုင်လိုက်သည်ကို မြင်လိုက်ရသည်။

ဘုရားရေ၊ ဒါ တကယ်ပဲ ငါ့ဘိုးဘေးလား?

သူ့ဘိုးဘေးက နှစ်ပေါင်းများစွာကွဲကွာခဲ့ကြတဲ့ မိတ်ဆွေဟောင်းကြီးကိုမြင်လိုက်ရတဲ့ အဖိုးကြီးလိုဖြစ်နေတယ်လို့ ခံစားရတာပါလိမ့်?

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၆၂ ဝမ့်ခိုက်နိုးလာပြီ

“အာ၊ ခင်ဗျားရဲ့မြေးက မစားဘူးလား?”

လူကြီးမင်းလီက မေးလိုက်သည်။

“ငါ့မြေးအကြီးဆုံးက နည်းနည်း ဘာသိဘာသာနေတတ်လို့ပါ”

“လောင်ကျွင့်၊ အဲလိုတော့မဖြစ်သေးဘူး။ မိန်းကလေးတွေ ဘာသိဘာသာနဲ့လူမရောတတ်တာက ဘာမှမဖြစ်ပေမယ့် ယောက်ျားလေးတွေက အရမ်းဘာသိဘာသာနေလွန်းလို့ မဖြစ်ဘူး။ မဟုတ်ရင် သူတို့အနာဂတ်မှာ ကြင်ဖော်ဘယ်လိုလုပ်ရှာမလဲ?”

“ဟုတ်တယ်။ ငါ သူ့ကို မင်းရဲ့စောင့်ရှောက်မှုအောက် ဘာလို့မထားခဲ့ရမှာလဲ? မင်း သူလိုအပ်တာလေးတွေကို ကူညီထိန်းညှိပေးလို့ရတယ်လေ။”

ကျွင့်ပုကျန်း၏နှုတ်ခမ်းစွန်းတို့မှာ ခပ်ကြမ်းကြမ်းမဲ့ရွဲ့မိသွားလေသည်။ ထို့နောက် ချောင်းအသာဟန့်ပြလိုက်သော်လည်း သူ့ဘိုးဘေးထံမှ မျက်စောင်းထိုးချက်ကိုသာ ပြန်လည်လက်ခံရရှိလိုက်သည်။

“မင်းက ဘာလို့ချောင်းဆိုးပြနေတာလဲ?”

လူကြီးမင်းလီက အသာရယ်မောလေသည်။

“လောင်ကျွင့်၊ ကျုပ်ကလူငယ်လေးပါ။ ပြီးတော့ တစ်ယောက်တည်းနေရာတာကို ပိုသဘောကျတယ်။”

“ဒါဆိုလည်း… ကောင်းပြီလေ။”

ဘိုးဘေးကျွင့်၏မျက်လုံးများထဲတွင် စိတ်ပျက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားရသည်။ ထို့နောက် ကျွင့်ပုကျန်းကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်ပြန်ကာ၊

“မင်းအခုထိ လာထိုင်ပြီး မစားသေးဘူးလား? မင်းဒီလောက်မာန်တက်နမယ်ဆို နောက်ကျ ငါနဲ့မလိုက်ခဲ့နဲ့။”

ကျွင့်ပုကျန်းမှာ အလွန်မှားယွင်းအပြစ်တင်ခံရသလို ခံစားရလေသည်။

ဒီလီဆိုတာကောင်က သူ့ရဲ့အကြီးအကဲမဟုတ်သလို သူ့ဆရာလည်း မဟုတ်ဘူးလေ။ တစ်ဖက်လူကို ကြည့်ရတာ အရူးတစ်ယောက်နဲ့တောင်မှ တူနေသေးတယ်။ ဘာလို့များ သူက ခယဝယဆက်ဆံပေးသင့်မှာလဲ?

သို့သော်လည်း သူ့ဘိုးဘေးကိုတော့ ထိုသို့ခွန်းတုန့်မပြန်ရဲပေ။ မဟုတ်ပါက ပြန်ရောက်တာနဲ့ ပြစ်ဒဏ်ပေးခံရပေလိမ့်မည်။

ဒါကြောင့် စကားနားထောင်ကာ ထိုင်လိုက်ချိန်တွင် သူ့ဘိုးဘေးက အစာတစ်ခါမှမစားခဲ့ရသော ဆာလောင်နေသည့်တစ္ဆေတစ်ကောင်လိုမျိုး ပန်းကန်လုံးကိုကိုင်ကာ အားရပါးရစားနေသည့်မြင်ကွင်းနှင့် ကြုံတွေ့သွားလေသည်။

ထိုမြင်ကွင်းကြောင့် ကျွင့်ပုကျန်းထပ်ပြီး ကြောင်အသွားရပြန်သည်။

ဘိုးဘေး ရူးများရူးသွားတာလား?

သူ့ကျင့်ကြံဆင့်က အရမ်းမြင့်တာလေ၊ အစာစားဖို့လိုသေးလို့လား?

ပြီးတော့ ဒါက စားကောင်းသောက်ဖွယ်တွေလည်း မဟုတ်ဘဲ သာမာန်ဟင်းပွဲလေးတွေလေ။

သံသယများဖြင့် ကျွင့်ပုကျန်း စားစရာတချို့ကို ကောက်ညှပ်လိုက်သည်။ သူတစ်ကိုက်,ကိုက်လိုက်ရုံနဲ့ပဲ သူ့မျက်လုံးတွေကျဉ်းမြောင်းသွားမိလေသည်။

ဒီဟင်းပွဲမှာ သိုင်းရည်ရွယ်ချက်တွေတကယ်ပဲပါဝင်နေတာလား?

ဟာသပဲ!

ထိုအခိုက်အတန့်မှာပဲ သူ့ဘိုးဘေး ဘာကြောင့် သူ့ပုံရိပ်ကိုသူဂရုမစိုက်နိုင်ဘဲ ဘာကြောင့် အသည်းအသန်စားနေရလည်း နားလည်သွားတော့သည်။ ဒီလိုကြောင့်ကိုး။

ပြောရမည်ဆိုလျှင် သိုင်းရည်ရွယ်ချက်ပါဝင်သည့် သဘာဝရတနာမှာ အနည်းငယ်သာရှိပေသည်။

မဟုတ်ပါက တခြားလူ၏ဝိညာဉ်ကိုတိုက်ရိုက်ဝါးမြိုခြင်းဖြင့်လည်း သိုင်းရည်ရွယ်ချက်ကို ရရှိနိုင်သည်။ ဥပမာဆိုရသော် လုရှောင်ယန်၏သိုင်းဘုရင်အဆင့်ဝိညာဉ်ဆေးလုံးတွင် သိုင်းရည်ရွယ်ချက်ပမာဏများစွာ ပါဝင်ပေသည်။

သို့သော်လည်း ဤသည်ကတော့ သာမာန်ပင်။ သိုင်းရည်ရွယ်ချက်ကို ဘယ်လိုလုပ်ပြီးတော့ သိုလှောင်ထားနိုင်တာလဲ?

သူ့ရှေ့က လီဆိုတဲ့လူမှာ တခြားသောထူးခြားချက်တွေများရှိနိုင်တာ ဖြစ်နေမလား?

ယခင်မြင်ကွင်းများကိုပြန်တွေးကြည့်လိုက်လျှင်၊ ခြံထဲတွင်ရှိသည့် သိုင်းဘုရင်အဆင့်သားရဲများနှင့် ဤတောင်ကုန်းငယ်လေးပေါ်သို့ ခြေချလိုက်သည်နှင့် သူကျင့်ကြံဆင့်ဖိနှိပ်ခံခဲ့ရသည်။ တစ်ခုခုတော့ မှားနေပြီဟု ကျွင့်ပုကျန်း စတင်ခံစားမိလာလေသည်။

တကယ်ကိုမှားနေတာပဲ။

ကျွင့်ပုကျန်း သူ့ရှေ့တွင်ရှိနေသည့် ထို ‘လူကြီးမင်းလီ’ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။

ဒီလူက သူ့ဆရာပြောတဲ့ မြင်းနက်ဆိုတာများဖြစ်နေနိုင်မလား?

မြင်းနက်တွေကလွဲလို့ အခြေခံအားဖြင့် ဘယ်သူ့မှာမှာ ဒီလိုထူးဆန်းတဲ့စွမ်းရည်မျိုးမရှိဘူး။ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့တဲ့ဆရာကြီးတွေတောင်မှပေါ့။

၎င်းသည် ဤလောက၏စည်းမျဉ်းများကြောင့်ပင်ဖြစ်သည်။ လူတစ်ဦး၏ကျင့်ကြံဆင့်သည် အတိုင်းအတာတစ်ခုအထိ မြင့်တက်သွားပြီဆိုလျှင် သူတို့ကို လက်ရှိလောကတွင် ဆက်လက်တည်ရှိနေစေဖို့ ခွင့်မပြုတော့ပေ။

ပထမဆုံးအနေနှင့် သူတို့၏ကျင့်ကြံဆင့်သည် အလွန်အားကောင်းကာ ပတ်ဝန်းကျင်ရှိလေဟာနယ်တို့မှာ ၎င်း၏ဒဏ်ကိုတောင့်ခံနိုင်ခြင်းမရှိခြင်းကြောင့်ပင်။

ဒုတိယအနေနှင့်ကတော့ ထိုသူတို့သည် တခြားသောထိပ်တန်းအဆင့်ကျွမ်းကျင်သူများကို အလွှတ်မဲ့သတ်ပစ်နိုင်ခြင်းကြောင့်ဖြစ်သည်။

တတိယအချက်အနေနှင့် အရေးအကြီးဆုံးလည်းဖြစ်သည့်အချက်ကတော့ ကျင့်ကြံသူများ၏သက်တမ်းသည် ရှည်လျားရုံသာဖြစ်ပြီး ထာဝရတည်ရှိနေခြင်းမဟုတ်ပေ။ သူတို့သာ အမြင့်တစ်နေရာရောက်အောင် မကျင့်ကြံနိုင်လျှင်၊ သူတို့၏ကျင့်ကြံဆင့်က မြင့်တက်လာနိုင်မည်မဟုတ်ဘဲ သက်တမ်းသည်လည်း ထပ်မံတိုးလာလိမ့်မည်မဟုတ်ပေ။

ဒါကြောင့် လူကြီးမင်းလီ၏ကျင့်ကြံဆင့်သည် ဤလောက၏စည်းမျဉ်းများကိုကျော်လွန်ရန်က မဖြစ်နိုင်ပေ။

သို့ပေမဲ့ မြင်းနက်များအတွက်ဆိုလျှင်တော့ ကွာခြားပေသည်။

သူ့ဆရာပြောစကားအရဆိုလျှင် မြင်းနက်များအားလုံးသည် ဟက်ကာများပင်။ သူတို့၏စကားများက မနှစ်မြို့ဖွယ်ကောင်းပြီး ကိုယ်ရည်ကိုယ်သွေးကတော့ဖြင့် အလွန်မာနကြီးမောက်မာလေသည်။ တစ်စုံတစ်ယောက်ကသာ မြင်းနက်ကို ကျိန်ဆဲလိုက်မည်ဆိုလျှင် သူတို့တစ်မိသားစုလုံးပင် ဖျက်ဆီးခံရပေလိမ့်မည်။

သို့သော်လည်း တစ်ခုခုတော့ မှားနေပြန်ပုံပဲ။

ဒီလူကိုတော့ ဘယ်သူမှရန်မစခဲ့ဖူးသလို သူနဲ့လည်း ဘယ်သူနဲ့မှ စေ့စပ်ကြောင်းလမ်းခြင်းကို မဖျက်သိမ်းခဲ့ဖူးပါဘူး။

ပြီးတော့ သူက မိသားစုတစ်ခုခုက ပြိုင်ဘက်ကင်းပါရမီရှင်ကြီးလည်းမဟုတ်ဘူး!

သို့ပေမည့် ဒီအချက်ရောက်သွားချိန်မှာတော့ ယဲ့မိသားစုမှလူသည် မြင်းနက်တစ်ယောက်ဖြစ်နိုင်သည်ဟု ကျွင့်ပုကျန်းပိုလို့တောင်မှ ယုံကြည်လာမိတော့သည်။

“မင်းဘာလို့မစားတာလဲ? ဘာလို့ငါ့ကိုပဲ ဆက်တိုက်ကြည့်နေရတာလဲ?”

လူကြီးမင်းလီက စိတ်ရှုပ်ထွေးစွာဖြင့် ကျွင့်ပုကျန်းကိုကြည့်လာခဲ့သည်။ ကျွင့်ပုကျန်းလည်း ချက်ချင်းပင် ခေါင်းကိုငုံကာ စားသောက်လိုက်တော့သည်။

“မဟုတ်ဘူး.. ဘာမှမဟုတ်ပါဘူး။”

လူကြီးမင်းလီက ပခုံးတွန့်ကာ ချက်ချင်းပြုံးရယ်လိုက်သည်။

“တကယ်တော့ မင်းအရမ်းကြီးတသီးတသန့်ဖြစ်နေစရာမလိုပါဘူး။ ငါတို့နှစ်ယောက်လုံးက လူငယ်တွေပဲကို။ ပေါ့ပေါ့ပါးပါးနေပေါ့။ ဒါနဲ့ ငါ့နာမည်က လီချင်းဖန်၊ မင်းစိတ်မရှိဘူးဆိုရင် ငါ့ကို အစ်ကိုချင်းဖန်လို့ပဲခေါ်ပေါ့။”

ဘိုးဘေးကျွင့်၏တူများ ရုတ်တရက် ရပ်တန့်သွားလေသည်။

လီချင်းဖန် သူ့နဖူးသူရိုက်လိုက်ကာ၊

“ကြည့်ပါအုံး၊ ငါက မျိုးဆက်ခြားတာပဲ။ ငါက မင်းအဖိုးနဲ့ မိတ်ဆွေကောင်းတွေလေ။ ဒီတော့ ငါ့ကို မင်း အစ်ကိုကြီးလို့ခေါ်ခွင့်ပြုလိုက်လို့ဘယ်ဖြစ်ပါ့မလဲ? ဒီလိုဆိုရင်ရော? ငါ့ကို အကြီးအကဲလို့သာခေါ်တော့။”

ကျွင့်ပုကျန်း ခေါင်းညိတ်လိုက်ကာ အကြီးအကဲလီဟုခေါ်လိုက်သည်။

ထို့နောက် မြေးအဖိုးနှစ်ယောက် စားသောက်ပြီးစီးသွားကြသည်။ ဘိုးဘေးကျွင့်က လီချင်းဖန်နှင့်အတူ ခဏလောက် ကျားကွက်ကစားပေးခဲ့သည်။ သို့သော်လည်း ကျွင့်ပုကျန်းသည်တော့ သနားစရာကောင်းစွာ ပန်းကန်ဆေး သန့်ရှင်းရေးလုပ်ရမည့်တာဝန်ကို ယူခဲ့ရလေသည်။

နေဝင်ချိန်မှာတော့ အဆုံးတွင် မြေအဖိုးနှစ်ယောက်သား ကျွင့်မိသားစုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

“ဘယ်လိုလဲ? ဘယ်လိုလဲ? လူကြီးမင်းလီကိုမြင်ပြီး အတော်တော်လေးအံ့ဩသွားတယ်မလား?”

ကျွင့်ပုကျန်းတစ်ယောက်မှာ ဘာပြန်ပြောလို့ပြောရမှန်းပင် မသိတော့ပေ။

ဤလီချင်းဖန်သည် အမှန်ကတယ်ကို အရည်အချင်းရှိသည်ဆိုသော်လည်း ကျွင့်ပုကျန်းကတော့ သူ့ကို ဟန်ဆောင်လွန်းပြီး မိုက်မဲသည်ဟု ခံစားမိနေတုန်းပင်။

ထိုလူသည် အလွန်အင်အားကြီးသည်မှာ အရှင်းကြီးဆိုသော်လည်း အခုတော့ အရူးတစ်ယောက်လို ဟန်ဆောင်ပြနေလေသည်။

သူ့ဆရာသည် လီချင်းဖန်ကို သေချာပေါက် အနိုင်ယူနိုင်စွမ်းရှိသည်ဟုလည်း ယုံကြည်သည်။

ဒါ့အပြင် သူသည် သူ့ဆရာ၏ပုံစံမျိုးကို ပိုသဘောကျမိသည်။

သူ့ဆရာသည် အရှက်မရှိပေ။ တစ်ခါတလေ အရမ်းဆိုးတယ်လို့ပြောမည်ဆိုလျှင်တောင် ချဲ့ကားနေခြင်းမဟုတ်ပေ။

သို့သော်လည်း သူ့ဆရာသည် အလွန်ရိူးသားကာ ‘စစ်မှန်သောဗီလိန်’ တစ်ယောက်ဖြစ်သည်။ တကယ်ကို ဆိုးတဲ့လူပဲ!

မိတ်ဆွေများအပေါ်တွင် စိတ်ရင်းအမှန်ဖြင့်ရိုးရိုးသားသားဆက်ဆံမည်ဖြစ်သော်လည်း မိတ်ဆွေမဟုတ်ပါက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပေလိမ့်မည်။ သူ့ဆရာက အသက်ရှူချိန်လေးလောက်တောင် အချိန်ဖြုန်းနေမည့်သူမျိုးမဟုတ်ပေ။

လီချန်းဖန်သည်တော့ အလွန်ဟန်ဆောင်တတ်လွန်းပေသည်။

သူ့အဖိုးသည် လီချန်းဖန်နှင့်အတူရှိနေစဉ်တွင် တစ်ဖက်လူကို တစ်နည်းနည်းနှင့်စော်ကားမိမည်အား ကြောက်ရွံ့နေပုံပေါ်လေသည်။

သို့သော်လည်း သူ့ဘိုးဘေး စိတ်ကျေနပ်စေရန်အတွက် လောလောဆယ်မှာတော့ ခေါင်းသာညိတ်ပြလိုက်သည်။

ဘိုးဘေးကျွင့်လည်း စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလာခဲ့သည်။ “မင်းဒီလိုတွေးတာ အကောင်းဆုံးပဲ၊ ဒီလူကြီးမင်းလီက အရမ်းအစွမ်းထက်တယ်။ အနာဂတ်မှာ မင်းသူနဲ့ ပိုဆက်သွယ်ပြီး သူ့သဘောအတိုင်းလုပ်ပေးရမယ်။ သူသာစိတ်ပျော်သွားရင် မင်းရဲ့ခွန်အားတိုးလာဖို့အတွက် ကူညီပေးလာနိုင်တယ်။ ဒီလိုသာဆို ငါတို့ကျွင့်မိသားစုရော မင်းအတွက်ပါ အကျိုးအမြတ်ကောင်းပဲ။”

“ဟုတ်ကဲ့ပါ။”

……

တစ်ဖက်တွင်တော့ တိုက်ပွဲပြီးသွားပြီဖြစ်သော်လည်း လုရှောင်ယန်မှာ ခဏလေးတောင်မှ အနားမယူရဲသေးပေ။

အနာဂတ်မှာ နောက်ထပ်မြင်းနက်တွေ ထပ်ရှိလာဦးမလားဆိုတာ ဘယ်သူကသိနိုင်မှာလဲ?

ထို့အပြင် မြင်းနက်တွေမရှိဘူးဆိုရင်တောင် သူတို့ကျင့်ကြံဆင့်မြင့်လာသည်နှင့်အမျှ ပိုမိုသန်မာသည့် ရန်သူများနှင့် ကြုံတွေ့လာရနိုင်သည်။

ဒီလိုသာဆို သူ့တပည့်များ၏ကျင့်ကြံမှုမှာ အမှီလိုက်နိုင်တော့မည်မဟုတ်ပေ။

အရင်တုန်းက ကျူးကောဖေးအာကိုတိုက်ခိုက်ချိန်တွင် သူတို့သည် ကျူးကောဖေးအာ၏လက်အောက်ငယ်သားများကို တိုက်ခိုက်နိုင်ခဲ့သေးသည်။ သို့သော်လည်း ဤတစ်ကြိမ်သည်တော့ သိုင်းဘုရင်အဆင့်များကြားက တိုက်ပွဲဖြစ်ကာ သူတို့တွင် ပါဝင်ဖို့ရန်တောင်မှ အရည်အချင်းမပြည့်မီလိုက်ကြပေ။

သူ့တပည့်များသည် သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်ကို တိုးမြှင့်ရာတွင်ကူညီရန်အတွက် ဤနေရာတွင်ရှိနေကြခြင်းဆိုသော်လည်း သူတို့အားလုံးသည် သူ့တပည့်များဖြစ်နေတုန်းပင်။

သူ့တပည့်တွေကို နောင်အနာဂတ်မှာ သူ့ကိုလိုက်မမှီသည့်အဖြစ်မျိုး မဖြစ်စေချင်ပေ။

ဒီလိုသာဆို လုရှောင်ယန် စိတ်ထဲ အလွန်နေရခက်နေပေလိမ့်မည်။

ကျင့်ကြံဆင့်နိမ့်သည့်တပည့်တစ်စုကို ခေါ်ဆောင်သွားရခြင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မည်။

ဒီလိုဆို သူတို့ကို ဤလောကမှာပဲ စွန့်ပစ်ခဲ့သင့်လား? အဲလိုမျိုးလည်း သူ မလုပ်ချင်ပေ။

ထို့အပြင် သူအနားမှာမရှိနေလို့ ယွင်လီကောအနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ?

အဆုံးတွင် သူ့ကျန်တပည့်များ၏ကျင့်ကြံနှုန်းအရှိန်သည် အလွန်မြန်ဆန်ကြသည်။ သူတို့အတွက် အချိန်တစ်ခုအတွင်း သူ့နောက်ကို အမှီလိုက်ဖို့ဆိုသည်က ပြဿနာတစ်ရပ်မဟုတ်ပေ။ ဒါပေမဲ့ လီကောကျတော့ရော?

သူသည် ဆရာဖြစ်သူ၏ခြေလှမ်းနောက်ကို လိုက်နိုင်ဖို့နေနေသာသာ သူ့ကိုယ်သူပင် မထောက်ပံ့နိုင်သည့် အသုံးမဝင်သူဖြစ်သည်။

ထို့ကြောင့် လုရှောင်ယန် သူတို့အားလုံးကို အပြင်းအထန်လေ့ကျင့်ပေးခဲ့သည်။

ဤလောကကြီးမှာရှင်သန်နိုင်ဖို့အတါက် အနည်းဆုံးတစ်ယောက်လောက်ကတော့ သိုင်းဘုရင်အဆင့်ကျင့်ကြံသူဖြစ်နေသင့်တယ်မဟုတ်လား?

ထိုသို့သောအတွေးမျိုးကြောင့် နောက်ပိုင်းရက်များအတွင်း လုရှောင်ယန်သည် သူ့တပည့်များ၏ အဖေတစ်ဖုံ အမေတစ်လှည့်ဖြစ်လာခဲ့တော့သည်။ သူသည် တပည့်များ၏ကျင့်ကြံမှုနှုန်းတိုးမြင့်လာစေရန်အတွက် နတ်သားရဲဥအချို့ကို ကြော်ခြင်း သို့မဟုတ် အဆီအနှစ်အပြည့်အဝထည့်သွင်းထားသည့် ဆေးလုံးများသန့်စင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

သိုင်းဘုရင်အဆင့်ကိုရောက်ပြီးသွားကြလျှင်တော့ သူတို့တွေ နတ်သွေးဆေးလုံးကို သောက်သုံးနိုင်ပေမည်။

နတ်အာရုံစုစည်းခြင်းဆေးလုံးသည် လူတစ်ဦး၏အရည်အချင်းကို တိုးတက်လာစေနိုင်တာကြောင့် သူတို့ကို ထိခိုက်စေလိမ့်မည်မဟုတ်ပေ။ တစ်ဖက်တွင်တော့ နတ်သွေးဆေးလုံးသည်တော့ စွမ်းအင်ကို အားဖြည့်ပေးခြင်းဖြစ်သည်။ ထိုဆေးလုံးကိုသောက်ဖို့ဆိုလျှင် သိုင်းဘုရင်အဆင့်သို့ရောက်ကာ သိုင်းဘုရင်အဆင့်တစ်ယောက်၏ခန္ဓာကိုယ်သန်မာမှုမျိုးရှိနေဖို့ လိုပေသည်။

ဤလမ်းစဉ်ကိုကျင့်သုံးခြင်းဖြင့် အချိန်တို့ တဖျပ်ဖျပ်ကုန်ဆုံးသွားခဲ့သည်။ မျက်စိတ်တစ်မှိတ်အတွင်းတွင်ပင် တစ်လကျော်ခန့်ကုန်ဆုံးသွားပြီဖြစ်သည်။ ပထဆုံးအနေနှင့် ကျူးကောကျီချုံက သိုင်းဘုရင်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ထို့နောက် ချန်းရှန်နှင့်ရှင်းနျန်တို့သည်လည်း သိုင်းဘုရင်အဆင့်သို့တက်လှမ်းသွားသည်။

ထျန်းယွမ်သည်လည်း သူတော်စင်နဝမအဆင့်အထိ သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်နိုင်ခဲ့သည်။ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့အတွက် နောက်ထပ်တစ်လလောက် ထပ်ကျင့်ကြံဖို့သာ လိုတော့သည်။

ကျီဝူရှားသည် အမှီလိုက်ဖို့ရန် ခက်ခဲနေပြီဖြစ်သော်လည်း သူတော်စင်အဆင့်ကိုတော့ ရောက်ရှိသွားခဲ့ပေပြီ။

လီကောတစ်ယောက်ကတော့…

လီကော၏လိပ်သွားနှုန်းအရှိန်ကို မြင်လိုက်ရတိုင်း လုရှောင်ယန်သည် တောင်ခြေသို့သွားကာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် မသေမျိုးဝိုင်ပုလင်းအနည်းငယ်ကို သောက်မိပေလိမ့်မည်။ ဝိုင်သောက်ပြီးနောက်မှာတော့ ညလယ်ခေါင်အချိန်ကြီးတွင် ထို,ထိုသောစိုးရိမ်သောကများ ကျန်ရှိတော့မည်မဟုတ်ပေ။

နေပါဦး!

ဒါကြီးကတော့ အရမ်းနှေးလွန်းပါတယ်!

အခုမှ အကြီးမြတ်ဆုံးဒုတိယအဆင့်ကိုရောက်တယ်တဲ့လား…

ထို့နေ့လည်ပိုင်းတွင် လုရှောင်ယန်တစ်ယောက် တောင်ခြေတွင် အရက်သောက်ပြီး ပြန်လာခဲ့သည်။ လမ်းတစ်ဝက်မှာပဲ ရုတ်တရက် သူ့ဒေါသများက ပေါက်ကွဲလာတော့သည်။

“ကောင်းကင်ဘုံရေ၊ ခင်ဗျား လီကောကို အရည်အချင်းနည်းနည်းလောက် ပိုရှိအောင် လုပ်ပေးလို့မရဘူးလား? သေစမ်း!”

ထိုနေ့တွင် လုရှောင်ယန် အလွန်ဒေါသထွက်နေတာကြောင့် သူ၏ပထမဆုံးနတ်အသုံးအဆောင်ဖြစ်သော နေမင်းဖြိုခွင်းလေးကိုင်းကိုထုတ်ကာ ကောင်းကင်ထက်သို့ မြှားတစ်စင်းပစ်လွှတ်လိုက်လေသည်။

ဒါပေါ့ ထိုမြှားတံက ကောင်းကင်ပေါ်ရှိနေမင်းကြီးကို ဖျက်ဆီးပစ်မည့်အရေးကို သူစိုးရိမ်မနေပါဘူး။

အကြောင်းကတော့ နေမင်းဖြိုခွင်းလေးကိုင်းသည် အသုံးပြုသူ၏ခွန်အားအတိုင်းသာဖြစ်သောကြောင့်ပင်။

သူသည် အခုမှ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး ကျင့်ကြံသူများကြားတွင် အလွန်အင်အားကြီးသော်လည်း ကောင်းကင်ဘုံနှင့်ယှဉ်လိုက်လျှင်တော့ ဘာမှအထင်ကြီးဖို့ကောင်းမနေပေ။

ဒါပေမဲ့ သေချာပေါက် ကိစ္စကြီးပဲ။

အကြောင်းကတော့ မြှားတံထိုးတက်သွားပြီးနောက် အမြင့်ပေကီလိုမီတာသိန်းပေါင်းများစွာသို့ရောက်ချိန်မှာပဲ အဟုန်က စတင်လျော့ကျသွားပေသည်။ ထို့နောက် သူ၏စွမ်းအင်တို့ကုန်ဆုံးသွားကာ မဟာကျိုးအင်ပါယာ၏အရှေ့ဘက်တွင်ရှိသော ထာဝရသစ်တောရှိရာဆီသို့ ထိုးစိုက်ကျသွားလေသည်။

သို့သော် လုရှောင်ယန်ကတော့ ထိုအချင်းအရာကို မြင်နိုင်စွမ်းမရှိခဲ့ပေ။ ကံကောင်းစွာဖြင့် သူမြှားပစ်လိုက်ပြီးချိန်မှာပဲ ဝမ့်ခိုက် နိုးလာခဲ့သည်။

[သခင်၊ ဘာတွေအဲလောက် ဒေါသထွက်နေတာလဲ? အားလုံးက ကံတရားအတိုင်းပဲလေ]

လုရှောင်ယန် အသံကြားရာသို့ လှည့်ကြည့်လိုက်သည်။

ခေါင်းထက်တွင် သားရဲနားရွက်တစ်စုံရှိကာ အမြီးကြီးတစ်ရမ်းရမ်းနှင့် လှပသောအမျိုးသမီးတစ်ဦးသည် သူ့နောက်တွင်ရပ်နေကာ အပြုံးတစ်ပွင့်ဖြင့် သူ့ကိုကြည့်နေခဲ့သည်။ သူမသည် တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသောမျက်နှာလေးနှင့် အလွန်လှပသောအမျိုးသမီးတစ်ဦးပင်…။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၆၃ လူငယ်လေး၊ မင်းသန်မာလာချင်လား?

[အဲလိုကြီး စိုက်မကြည့်ပါနဲ့၊ သခင်ကလဲ။ ရှက်လာပြီ]

“မင်း အရမ်းကလူသလိုမြူသလို မလုပ်ဘဲ နေလို့မရဘူးလား?”

လုရှောင်ယန်၏အေးစက်စက်စကားကြောင့် ဝမ့်ခိုက်၏မျက်နှာမှာ တောင့်တင်းသွားကာ အပြုံးမှာ တောင့်ခဲသွားတော့သည်။

[အဟမ်း..အဟမ်း…]

ဝမ့်ခိုက် ချောင်းအသာဟန့်လိုက်ပြီး နားမလည်ဟန်ဖြင်မေးလိုက်သည်၊ [သခင်၊ ယောက်ျားတွေက ကောင်မလေးတွေ ကလူ၏သို့မြူ၏သို့လုပ်တာမျိုးကို မကြိုက်ကြဘူးလား?]

“ဟဟ၊ အဲဒါက အလေးအနက်မရှိတဲ့ယောက်ျားတွေ။ စစ်မှန်တဲ့ယောက်ျားတစ်ယောက်က သန်မာလာတာကိုပဲ လိုချင်တယ်။”

ဝမ့်ခိုက် : […]

[သခင်၊ ဒါနဲ့များ ဘာလို့အဲဒါကို ဆက်ထားနေသေးတာလဲ? ဖြတ်ပစ်လိုက်ပါတော့လား။]

“ငါသေးပေါက်တဲ့အချိန် ငါ့ဖိနပ်တွေကို မစိုစေချင်လို့ပေါ့။”

ပြောရင်းဆိုရင်း လုရှောင်ယန် နောက်ထပ်ဝိုင်တစ်ပုလင်းကို ထုတ်ယူကာ တစ်ငုံအပြည့်မသောက်ခင် ဝမ့်ခိုက်ကို တစ်ချက်ကြည့်လိုက်သည်။

“ဒီတစ်ခေါက်ရော မင်းမှတ်မိလာတာရှိလား?”

[ဒါပေါ့၊ ဒါပေါ့]

“ဘာအကြောင်းတွေလဲ?”

[သခင်နဲ့ငါနဲ့ အိပ်ရာထဲမှာ အတူတူရှိနေကြတာ]

“ဖူး! အဟွတ် အဟွတ် အဟွတ်…”

လုရှောင်ယန် ဝိုင်သီးသွားတော့သည်။ တော်တော်ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးနောက်မှာတော့ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ ရွှမ်ဟွမ်ဓါးကို တိုက်ရိုက်ဆွဲထုတ်လိုက်တော့သည်။

ထို့နောက် ဒီလောက်နဲ့တင်မလုံလောက်သေးဟု ခံစားရတာကြောင့် ခွန်းလွန်ဓါးကိုပါ ထုတ်လိုက်ပြန်သည်။

“ဒီနေ့မှ ငါမင်းကိုသတ်ပြီး ခွေးသားဟော့ပေါ့မလုပ်ရင် ငါဘယ်လောက်အင်အားကြီးလဲ မင်းသိမှာမဟုတ်ဘူး။”

[မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ အတည်ပြောပါ့မယ်]

ဝမ့်ခိုက် မြန်မြန်ဆန်ဆန်ပဲ ခွေးတစ်ကောင်အဖြစ် ပြန်ပြောင်းလိုက်တော့သည်။

အရင်နှင့်ယှဉ်လျှင် ဝမ့်ခိုက်၏ခွေးမွေးများသည် နှင်းဖြူရောင်ဖြစ်လာကာ တစ်မီတာထက်မနည်း အရပ်ရှည်လာသည်။ ဝမ့်ခိုက်သည် ခွေးတစ်ကောင်နှင့်ပင်မတူတော့ဘဲ ဝံပုလွေတစ်ကောင်လိုပင်။

[သခင်၊ ဒီကမ္ဘာပေါ်က ဝိညာဉ်စွမ်းအားကို စုပ်ယူတဲ့အချိန် တစ်ခုခုထူးခြားတာမျိုး ခံစားရလား?]

“ဘာမှ မခံစားရဘူး။”

[အဲဒါကမှ ရှင်းရခက်နေတဲ့ပြဿနာပဲ။ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူတဲ့အချိန် သခင်က ဘာမှမခံစားရပေမည့် တခြားလူတွေကတော့ သူတို့တွေ ဝိညာဉ်စွမ်းအားကို စုပ်ယူတဲ့အချိန် တစ်ခုခုကို ခံစားကြရင်တယ်။ ဥပမာအနေနဲ့ ပူတာ အေးတာလိုမျိုးပေါ့၊ ဘာပဲဖြစ်ဖြစ် သူတို့အားလုံး တစ်မျိုးမျိုးတော့ ခံစားကြရတာချည်းပဲ။

ဝိညာဉ်စွမ်းအင်သည် ကမ္ဘာကိုထိန်းကြောင်းနေသည့်အခြေခံအုတ်မြစ်ဖြစ်ကာ ဤလောမှဝိညာဉ်စွမ်းအင်တို့သည် အသန့်စင်ဆုံးလည်းဖြစ်သည်။ ဒါကြောင့် သခင်ရဲ့နောက်ခံက ဒီစွမ်းအင်တွေနဲ့ ဆက်စပ်နေနိုင်တယ်]

“ငါ့ကို အသေးစိတ်ပြောပေးလို့ရလား?”

ဝမ့်ခိုက် အသက်ပြင်းပြင်းရှူလိုက်ကာ အလွန်လေးနက်သည့်ပုံစံဖြင့် ချက်ချင်းဖြေကြားလာသည်။ [သခင်က ဟိုးလွန်ခဲ့တဲ့အချိန်အကြာကြီးကတည်းက တည်ရှိနေသူဖြစ်မယ်။ ဝိညာဉ်စွမ်းအင်တွေရဲ့ဖြစ်တည်မှု မတိုင်ခင် ဟိုးကတည်းကပေါ့! ပြောရရင် ဝိညာဉ်စွမ်းအင်တွေဆိုတာ သခင်ဖန်တီးခဲ့တာတောင် ဖြစ်နိုင်တယ်၊ ဒါကြောင့် သခင်အတွက် ဝိညာဉ်စွမ်းအင်တွေက သဘာဝအလျောက်ဆက်နွယ်မှုရှိနေတာ]

“တစ်နည်းပြောရရင်တော့ ငါက လူပြန်ဝင်စားတဲ့ ဆရာကြီးပေါ့?”

[အဲလိုဖြစ်ပုံတော့မတူဘူး။ ငါအရင်က သခင်ရဲ့ဝိညာဉ်ကို စစ်ဆေးဖူးတယ်။ သခင့်ရဲ့ဝိညာဉ်က အရမ်းသန့်စင်ပြီး ဘာမသန့်စင်မှုမျိုးမှမရှိဘူး။ သခင်သာ လူပြန်ဝင်စားဆိုရင် အရင်ဘဝရဲ့မကောင်းတဲ့ကံတရားတွေ သခင့်ဝိညာဉ်မှာ စွန်းထင်းနေမှာ။ ဘာပဲဖြစ်ဖြစ် သခင့်အနားမှာ လူတွေအများကြီးဝိုင်းနေပြီး သူတို့ကိုသတ်ခဲ့တာကို မြင်ရတယ်လေ။ ဒီတော့ အရမ်းသန့်စင်နေတာမျိုးက မဖြစ်နိုင်ဘူး]

“မင်းဘာလို့ အများကြီးတွေပြောပြီး တကယ်အသုံးတည့်တာက နည်းနည်းပဲပါနေရတာလဲ? နည်းနည်းလောက် အသုံးဝင်တာလေး ပိုပြောပေးနိုင်မလား? ဥပမာ၊ လီကောရဲ့ကျင့်ကြံဆင့်ကို ဘယ်လိုတိုးအောင်လုပ်ရမယ်ဆိုတာမျိုး ပြောပေးနိုင်လား?”

[လီကောအတွက် ငါ့မှာလည်း ဖြေရှင်းချက်ကောင်းကောင်းမရှိဘူး။ လီကောက သူ့အရည်အချင်းတိုးတက်လာဖို့ဆို နတ်ဝိညာဉ်တွေကို ဝါးမြိုဖို့ပဲရှိတယ်]

သို့ပေမဲ့ ဤလောကကြီးမှာ နတ်ဝိညာဉ်တစ်ခုရဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

လူတိုင်း သူတို့ရဲ့နတ်ဝိညာဉ်ကိုကျင့်ကြံကြတဲ့ နတ်လောကတွင်သာ နတ်ဝိညာဉ်တစ်ခုရှာဖို့ဆိုတာ ဖြစ်နိုင်မယ်။

ဒါ့အပြင် နောက်တစ်ခုလည်းရှိသေးသည်။ နတ်လောကမှာတောင်မှ နတ်ဝိညာဉ်တွေကို အဆင့်အမျိုးမျိုးခွဲခြားထားပေသည်။ တချို့သေးငယ်သောကမ္ဘာများမှာသိုင်းဘုရင်အဆင့်များသည် နတ်လောကသို့တက်လှမ်းပြီးနောက် သူတို့၏နတ်ဝိညာဉ်များကို ဖွင့်နိုင်ခဲ့ကြသည်မဟုတ်ပေ။ အဆုံးတွင် သူတို့သည် နတ်လောကမှ သာမာန်လူများဖြစ်လာကြပေသည်။

[လီကောက သူ့ရဲ့မွေးရာပါနတ်ဝိညာဉ်ရှိပြီး နိုးထလာနိုင်စေပြီဆိုမှတော့ ဆက်ပြီးတိုးတက်နိုင်ပါတယ်။ သခင် စိတ်ပူမနေပါနဲ့။ သူက တကယ်တော့ အရမ်းမဆိုးပါဘူး။ တခြားတပည့်တွေရဲ့အရည်အချင်းနဲ့ နှိုင်းယှဉ်လိုက်မှသာ ဆိုးတဲ့ပုံပေါက်နေတာပါ]

ဝမ့်ခိုက်၏စကားကိုကြားလိုက်ရတာကြောင့် လုရှောင်ယန်၏ခံစားချက်တို့မှာ နောက်ဆုံးမှာတော့ အတော်လေးပြန်လည်ကောင်းမွန်သွားခဲ့သည်။

ဝမ့်ခိုက်ပြောတာမှန်တယ်။ လီကောရဲ့အရမ်းအချင်းက တကယ်တော့ အရမ်းကောင်းနေပြီးသားပဲ။ ဒါပေမဲ့ တခြားတပည့်တွေက အရမ်းထူးချွန်လွန်းနေလို့သာ လီကောရဲ့အရည်အချင်းက ဆိုးရွားနေသလိုဖြစ်သွားတာ။

ကြည့်ရတာ သူတော့ လီကောကို နတ်ဘုရားအဆင့်ရောက်ဖို့အတွက် စိတ်ထက်သန်လို့ရသေးပြီး နည်းလမ်းတွေစဉ်းစားလို့ရသေးပုံပဲ။ သူသာ နတ်ဘုရားအဆင့်ကိုရောက်သွားသည်နှင့် နတ်လောကသို့သွားနိုင်မည်ဖြစ်ကာ သူ့အခြေအနေသည်လည်း ယခုထက်များစွာပိုမိုကောင်းမွန်လာပေမည်။

ယွမ်လီကောကို အရမ်းကြီးသန်မာလာဖို့အထိ လုရှောင်ယန်မမျှော်လင့်ပေ။ သို့သော်လည်း သူ့ရဲ့ပထမဆုံးတပည့်လေးကိုတော့ သူနှင့်အတူ ခေါ်ဆောင်သွားချင်ပေသည်။ လီကောသည် သူ၏အကြီးဆုံးသားလိုပင်။ အနည်းဆုံးတော့ လီကောကို နောက်မှာချန်ခဲ့ပြီး တခြားလူတွေနဲ့အတူမလိုက်ပါနိုင်မည့်အဖြစ်မျိုး မရှိစေချင်ပေ။

[ဒါနဲ့စကားမဆက်၊ ငါနောက်ထပ်တပည့်တစ်ယောက်ကို ရှာတွေ့ထားတယ်၊ သခင်။ ဒီတပည့်က နည်းနည်းတော့အသက်ကြီးနေပြီဆိုပေမဲ့ သူ့အရည်အချင်းကတော့ အရင်လူတွေထက် ပိုတောင်ကောင်းတယ်]

လုရှောင်ယန်၏နှုတ်ခမ်းတို့ တွန့်သွားရသည်။ ကောင်းရော၊ လီကောရဲ့အဆင့်အတန်းက ထပ်ပြီးနိမ့်သွားပြန်ပြီ။

“ဒါဆိုလည်း ဝိညာဉ်လမ်းညွှန်ကိုသုံးပြီး ဒီကိုခေါ်လိုက်။”

[အခု သူက တစ်စစီဖြစ်နေလို့ သူ့ကို ခေါ်ဖို့ ဝိညာဉ်လမ်းညွှန်ကို အသုံးမပြုနိုင်ပါဘူး]

လုရှောင်ယန် : “…”

“သူ့အချက်အလက်တွေပြပေးပါလား?”

[စတင်စီစစ်နေပါပြီ]

မြန်မြန်ဆန်ဆန်ပဲ အချက်အလက်များကို လုရှောင်ယန် မြင်လိုက်ရသည်။

ကျန်းထိုင်ရွှမ်သည် အရှေ့နတ်ဆိုးဘိုးဘေးဟုလူသိများပြီး ထာဝရသစ်တောတွင် အလွန်နက်နဲသည့်ကျင့်ကြံဆင့်ရှိသော လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

သူ့တပည့်အသတ်ခံလိုက်ရခြင်းကြောင့် လက်စားချေဖို့သွားခဲ့လေသည်။ အဆုံးတွင်တော့ သူသည် တစ်ဖက်လူ၏ နတ်ဘုရားအဆင့်အစီအရင်ထဲတွင် သတ်ဖြတ်ခြင်းခံလိုက်ရသည်။

အခုတော့ သူကတစ်စစီဖြစ်နေကာ တစ်စုံတစ်ဦး၏မြက်ခင်းပြင်ပေါ်တွင် လဲလို့ တဖြည်းဖြည်း မြေဆီလွှာအာဟာရအဖြစ်ပြောင်းလဲလို့နေသည်…

လုရှောင်ယန် : “…”

“ဒီခေါင်းဆောင်က တော်တော်လေးဝမ်းနည်းဖို့ကောင်းတာပဲ။ သူ့ရန်သူကိုတောင် မတွေ့လိုက်နိုင်ဘူး၊ ဟုတ်တယ်မလား?”

[ဖြစ်နိုင်ပါတယ်။ သခင်၊ သူ့ရဲ့အပိုင်းအစတွေကို ပြန်ရှာပြီး ရှန်းထီကျောက်ရှင်အမှတ်အသားနဲ့ပြန်အသက်သွင်းလိုက်တာနဲ့ အားလုံးအဆင်ပြေသွားမှာပါ]

လုရှောင်ယန် ခေါင်းညိတ်လိုက်ကာ တောင်နှင့်မြစ်ပန်းချီကားကို ဆင့်ခေါ်လိုက်သည်။

“ဖိဂုလျန်၊ မင်းအလှည့်ပဲ။ သွားပြီး အရှေ့နတ်ဆိုးဘိုးဘေးရဲ့ပြာကို ပြန်ယူလာခဲ့။”

“ဝုတ်! စိတ်မပူပါနဲ့ သခင်။ ငါမင်းကို စိတ်မပျက်စေရဘူး။”

“ဝမ့်ခိုက်၊ သူ့ကိုမြေပုံပေးလိုက်။”

“ကောင်းပါပြီ။”

ဝမ့်ခိုက်က ချက်ချင်းပင် ဖိဂုလျန်ကို နေရာပြောပြလိုက်ကာ ဖိဂုလျန်လည်း အလင်းတန်းတစ်ခုပမာ ကောင်းကင်ထက်သို့ ပျံ့တက်သွားတော့သည်။

၎င်းသည်လည်း သူတော်စင်အဆင့်ကျင့်ကြံသူဖြစ်နေပေပြီ။ ၎င်း၏ခွန်အားဖြင့်ဆိုလျှင် သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးနှင့်တွေ့ပြီး ပြဿနာမတက်မချင်း ပြဿနာကြီးတစ်ခုဖြစ်လာမည်မဟုတ်ပေ။

……

တစ်ဖက်တွင်တော့၊ ထာဝရသစ်တောမှခပ်လှမ်းလှမ်းတွင် ဟန်ကျန့်တစ်ယောက် လေထဲမှဝိညာဉ်စွမ်းအင်တို့ကို ရှူသွင်းကာ မပြုံးမိဘဲ မနေနိုင်ခဲ့ပေ။

မဟာကျိုးအင်ပါယာမှာ ထပ်ခါတလဲလဲ ပိတ်ပင်တိုက်ခိုက်ခံရမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ခက်ခဲမှုများနှင့်ရင်ဆိုင်ကြုံတွေ့ပြီးချိန်မှာတော့ ထာဝရသစ်တောသို့ပြန်လည်ရောက်ရှိချိန်မှာပဲ ရတနာမြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။

ဤနေရာရှိဝိညာဉ်စွမ်းအင်တို့သည် ပုန်းကွယ်နေကြသော်လည်း သူ့အမြင်အာရုံမှ မလွတ်မြောက်နိုင်ကြသေးပေ။

ဒီအောက်မှာ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတစ်ခု ရှိနေတာပဲ။

ဒါ့အပြင် သူ၏အတွေ့အကြုံများအရ ဤဝိညာဉ်ကျောက်တုံးရတနာသိုက်ကြီးသည် အလွန်ကောင်းလှပေသည်။ အထဲတွင် အနည်းဆုံးဝိညာဉ်ကျောက်တုံး ၁၀ဘီလီယံလောက်ရှိကာ အများစုမှာ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများပင်။

သူတော့ ကြွယ်ဝမှုအသေးစားလေး ပိုင်ဆိုင်နိုင်တော့မှာပဲ။

အရမ်းကောင်းတယ်။

ရှာဖွေလေ တွေ့ရှိလေဆိုတဲ့အတိုင်းပဲ။

ဒီလောင်ဟန်ရဲ့ကံတရားက ဒီနေ့တော့ အရမ်းအရမ်းတော့ ကောင်းနေပုံပဲ။

ဒီတစ်ခေါက် ထာဝရသစ်တောကိုပြန်ဖို့ရွေးချယ်လိုက်တာ တကယ်ကိုမှန်ကန်တာပဲ။

ဟဟဟ….

သို့သော်လည်း ဟန်ကျန့် သူ့အင်္ကျီလက်တို့ကို မတင်ပြီး ဝိညာဉ်စွမ်းအင်ကျောက်တုံးမိုင်းတွင်းကို တူးထုတ်တော့မည့်အချိန်မှာပဲ အန္တရာယ်အငွေ့အသက်ကို ခံစားမိကာ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသည်။

ဟန်ကျန့်၏ဦးရေပြားတို့ ချက်ချင်းထုံကျင်သွားပြီး တစ်ကိုယ်လုံး၏အမွေးမှန်သမျှ ထောင်ထကုန်လေသည်။ သဘာအတိုင်းပင် အမြဲသတိကပ်နေသူဖြစ်တာကြောင့် တစ်ချက်မျှပင်တုံ့ဆိုင်းမနေဘဲ ချက်ချင်းနောက်ဆုတ်လိုက်သည်။

ထို့နောက်မှာတော့ ကောင်းကင်ပေါ်ကနေပြီး ခရမ်းရွှေရောင်မြှားတစ်ချောင်းကိုမြင်လိုက်ရကာ ထိုမြှားသည် သူအခုလေးတင် ရှာဖွေတွေ့ရှိထားသည့် ဝိညာဉ်ကျောက်တုံးမိုင်းတွင်းပေါ်သို့ တိုက်ရိုက်ကျဆင်းသွားခဲ့သည်။

ဘုန်း!

တခဏချင်းမှာပင် သန့်စင်သည့်အလင်းတန်းတစ်ခုသည်သာ လောကကြီးတွင်ကျန်ရစ်ခဲ့တော့သည်။ ၎င်း၏ဆက်လက်ကျယ်ပြန့်လာပြီး အရာအားလုံးကို အဖျက်သဘောဆောင်သည့်ပုံစံဖြင့် ဝါးမြိုလေသည်။

မရေမတွက်နိုင်သော မိစ္ဆာသားရဲတို့သည် ကြောက်လန့်တကြားထွက်ပြေးကြကာ များပြားလှသော ပင်မြင့်သစ်ပင်များကို တုန်လှုပ်သွားစေသည်။

ပေါက်ကွဲမှုက ဖြည်းဖြည်းချင်းပြန်လည်မရပ်တန့်သွားမီ အသက်ဒါဇင်များစွာရှိုက်စာလောက် ကြာမြင့်ခဲ့လေသည်။

ဟန်ကျန့်ကတော့ လေထဲသို့ မျက်လုံးမှေးကြည့်နေခဲ့သည်။

သူ့ရှေ့တွင် ပေါက်ကွဲမှုကြောင့် ကြီးမားသည့်တွင်းကြီးတစ်ခုရှိနေကာ ဝိညာဉ်ကျောက်တုံးတွေ ဘယ်လိုလုပ်များ ကျန်ဦးတော့မှာလဲ?

အားလုံး ပြီးဆုံးသွားပြီ။

“ဘယ်သူက… ဒီလိုကောက်ကျစ်တဲ့လုပ်ရပ်မျိုး ဘယ်သူလုပ်တာလဲ?”

ဟန်ကျန့် ဒေါသတကြီးအော်ဟစ်ပစ်လိုက်သည်။

သူ့ကံကောင်းခြင်းတွေနေ့စဉ်ရက်ဆက်ကျဆင်းနေခဲ့သည်မှာ ရက်ပေါင်းများစွာကြာပေပြီ။ နောက်ဆုံးတော့ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတစ်ခုကိုတွေ့ကာ သူ့ကံကိုပြန်လည်ပြောင်းလဲ နိုင်ခဲ့သည်။ အဆုံးမှာတော့ သူတစ်ခုတောင် မတူးရသေးခင်မှာပဲ တစ်စုံတစ်ယောက်က ဖျက်ဆီးပစ်ပေပြီ။

ဒါတော့ အရမ်းလွန်သွားပြီ!

“လူယုတ်မာ၊ မင်းဘယ်သူလဲ ငါမသိစေနဲ့! ငါဟန်ကျန့် မင်းကို အနှေးနဲ့အမြန် တစ်စစီလုပ်ပစ်မယ်လို့ ကျိန်ဆိုတယ်။ မလုပ်နိုင်ရင် ငါ့နာမည်ကိုငါ ပြောင်းပစ်မယ်။”

သူ့စကားဆုံးသွားလျှင်ဆုံးသွားခြင်း ဟန်ကျန့်၏ဆံပင်တို့ ရုတ်တရက် ထောင်ထသွားပြန်သည်။ ဒီနှစ်တွေအတွင်း တိုးတက်လာခဲ့သည့် ဆဌမအာရုံအရ ဒါဟာအန္တရာယ်ရှိတယ်လို့ ပြောနေတာပဲ!

ပြေး!

အရင်လိုပဲ ဟန်ကျန့်တစ်ယောက် တုံ့ဆိုင်းမနေဘဲ ချက်ချင်းလက်ငင်းထွက်ပြေးလေတော့သည်။

သို့သော်လည်း ဤတစ်ခေါက်တွင်တော့ တစ်ဖက်က သူထွက်ပြေးမည်ကို မျှော်လင့်နေသလိုပင်။

သူစပြီး ထွက်ပြေးလိုက်သည်နှင့် သူ့ခေါင်းပေါ်သို့ တိုက်ခိုက်မှုတစ်ရပ်ကျရောက်လာခဲ့သည်။

နည်းနည်းလေးမှ သတိလက်လွတ်မဖြစ်ရဲဘဲ ဟန်ကျန့် လက်မောင်းများကို အသုံးပြုကာ ကာကွယ်လိုက်သည်။

ဘန်း!

သူ့လက်မောင်းများကို မြှောက်လိုက်သည်နှင့် တစ်ဖက်လူ၏ကြောက်စရာကောင်းလှသော ခွန်အားက သူ့လက်မောင်းများပေါ်သို့ ပြင်းထန်စွာ ရိုက်ချလာခဲ့သည်။

“ဘယ်လိုတောင် အစွမ်းထက်တာလဲ!”

ဟန်ကျန့်၏နှလုံးသားမှာ တုန်ရီလို့သွားရသည်။ တစ်ဖက်လူ၏ခွန်အားသည် အလွန်အားကောင်းလွန်းလှသည်။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာကြောင့် သူ့တွင် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသည့် အလွန်အစွမ်းထက်သော သိုင်းဘုရင်အဆင့်ချပ်ဝတ်တစ်ခုတောင် ရှိလေသည်။

သို့သော်လည်း အခုလေးတင် တစ်ဖက်လူ၏တိုက်ခိုက်မှုက သူ့လက်မောင်းတွေကို ကျိုးသွားတော့မလိုတောင် ခံစားမိစေလေသည်။

ပိုပြီးကြောက်စရာအကောင်းဆုံးအချက်သည်က တစ်ဖက်လူသည် သူ၏ခွန်အားအပြည့်အဝကို အသုံးချထားခြင်းမရှိကြောင်းကိုပါ သူကောင်းကောင်းအာရုံခံမိနေခြင်းပင်။

သေစမ်း၊ တစ်ဖက်လူက သူ့ခွန်အားအပြည်မသုံးဘဲနဲ့တောင် ဒီအဆင့်ကိုရောက်နေပြီပဲ။ တကယ်လို့များ ခွန်အားအပြည့်အဝသာ အသုံးချလိုက်ရင် ဟန်ကျန်၏လက်မှာ လုံးဝကို ချိနဲ့သွားနိုင်ပေသည်။

တစ်ဖက်လူနှင့်ထိပ်တိုက် မတိုက်ခိုက်ဘဲ ဟန်ကျန့်တစ်ယောက် တစ်ဖက်မှ တိုက်ခိုက်မှု၏ ဆန့်ကျင်ဘက်လားရာသို့ ဦးတည်ကာ ချက်ချင်းနီးပါး ထွက်ပြေးတော့သည်။

တစ်ချိန်တည်းမှာပဲ သူ့ကိုယ်တွင်းရှိနတ်ဘုရားအဆင့်ကျင့်စဉ်ကို လှည့်ပတ်လိုက်ကာ နေရာလွတ်ကိုဖြတ်ကျော်သည့်နည်းလမ်းကိုအသုံးပြုကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။

ကံမကောင်းစွာဘဲ သူထို့သို့တွေးနေချိန်မှာပဲ နောက်အခိုက်အတန့်မှာပဲ နောက်ထပ်ကြီးမားသည့်အင်အားတစ်ရပ်က တိုက်ခိုက်လာပြန်ကာ သူ့ရန်ဘက်ကို ထိမှန်ပြီး ထိုနေရာလွတ်နေကပြီး ကန်ထုတ်ပစ်လိုက်လေသည်။

ဖူး!

ဤတစ်ခေါက်မှာတော့ သူ မထိန်းနိုင်တော့ဘဲ ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်မိတော့သည်။

ထိုတိုက်ခိုက်မှုကြောင့် သူ့ရင်ဘက်ရှိ ကြွက်သားများပေါက်ကွဲထွက်တော့မလိုပင် ခံစားလိုက်ရလေသည်။

ကြောက်စရာအကောင်းဆုံးကတော့ သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးများလျှံထွက်လာကာ ကိုယ်တွင်းအင်္ဂါများအားလုံး ဒဏ်ရာရသွားခြင်းပင်။

ဤအဖြစ်က သူ့ကိုအလွန်ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

တစ်ဖက်လူက ဘယ်သူများလဲ?

ဘာလို့ ဒီလောက်တောင်မှ အားကောင်းနေရာတလဲ?

တစ်ဖက်လူက သိုင်းဘုရင်အဆင့်ထက် နည်းနည်းပါးပါး အားပိုကောင်းနေရုံ လုံးဝမဟုတ်ဘူး။

ဒီလိုကျွမ်းကျင်သူတွေကို သူဘယ်တုန်းကများ ရန်သွားစခဲ့မိတာလဲ?

သူ့ခန္ဓာကိုယ်ကန်ထုတ်ခံလိုက်ရသည့်နှင့် တပြိုင်နက် နေရာလွတ်ထဲတွင် ရပ်တန့်လိုက်ပြီး မစဉ်းမစား ထွက်ပြေးဖို့ ဆက်မကြံတော့ပေ။

တစ်ဖက်အဖွဲ့က လူတစ်ယောက်မကလောက်ပေ။ သူထွက်ပြေးချင်လျှင်တောင်မှ ထွက်ပြေးဖို့အခွင့်အရေးမရှိပေ။ ထို့အပြင် တစ်ဖက်က သူ့ကိုသတ်လဲ မသတ်ဘူး။ သေချာပေါက် တခြားရည်ရွယ်ချက်ရှိလောက်ပေသည်။

ဒါကြောင့် သူထွက်မပြေးခင် တစ်ဖက်က ဘာလုပ်ချင်နေတာလဲဆိုတာကို ဖော်ထုတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်…။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၆၄ ခွေးဘယ်သွားတာလဲ?

“ငါ့မှာ ခင်ဗျားတို့နဲ့ ဘာရန်ငြှိုးမှမရှိဘူးထင်တယ်၊ မှန်တယ်မလား? ပြီးတော့ ငါ့ရဲ့ကျင့်ကြံဆင့်က အရမ်းကိုနိမ့်ပြီး ခင်ဗျားတို့က အရမ်းကိုအားကောင်းလွန်းပါတယ်။ ငါနဲ့လာရှုပ်စရာမလိုလောက်ပါဘူးနော်?”

ဟန်ကျန့် စကားပြောနေရင်းဖြင့်ပင် အစီအရင်တစ်ခုကို လျှို့ဝှက်တည်ဆောက်နေခဲ့သည်။

နောက်ပိုင်း ထိုလူများဆီမှ ဘေးကင်းစွာလွတ်မြောက်နိုင်စေကြောင်း သေချာစေရန်အတွက် တိုက်ခိုက်ခြင်းအစီအရင်များနှင့် ကူးပြောင်းခြင်းအစီအရင်များလည်းရှိပေသည်။

သို့သော်လည်း တစ်ဖက်အဖွဲ့က ဟန်ကျန့်ဘာတွေလုပ်ဖို့ကြိုးစားနေလဲဆိုသည်ကို မြင်နေရပုံပင်။

“မင်း အစီအရင်တွေတည်ဆောက်နေဖို့ မလိုဘူး။ ငါတို့က မင်းကိုကူညီဖို့လာကြတာ၊ သတ်ဖို့မဟုတ်ဘူး။ ငါတို့သာ မင်းကို တကယ်အန္တရာယ်ပြုချင်ရင် အရင်ကတည်းက လုပ်ခဲ့ပြီးရောပေါ့။”

ဟန်ကျန်၏မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။

“စီနီယာကြီး၊ မင်းတို့ဘာကြောင့် ငါ့ကိုလာရှာရလဲဆိုတာ သိခွင့်ရှိမလား?”

တစ်ဖက်ကလူများက ပြန်ပြောလာခဲ့သည်။ “မင်း ကျွင့်မိသားစုရဲ့မြင့်မြတ်သောသားတော်ကို အပြစ်ပြုခဲ့မှန်းငါတို့သိတယ်။ ဒါပေါ့ မင်းရဲ့ခွန်အားနဲ့ဆိုရင် သူ့ကိုမင်းအပြစ်ပြုခဲ့ရင်တောင်မှ မင်းအထွေအထူးဂရုစိုက်နေဖို့မလိုဘူး။

ဒါပေမဲ့ အခုတော့ ကွာခြားသွားပြီ။ မင်းရင်ဆိုင်နေရတာက ကျွင့်မိသားစုတစ်ခုတည်းမဟုတ်တော့ဘူး။ မင်း ရန်စဖို့မတတ်နိုင်တဲ့လူတစ်ယောက်ပါ,ပါလာပြီ။”

ဟန်ကျန့်မျက်ခုံးအသာပင့်လိုက်လေသည်။

“ကျွင့်မိသားစုက ထာဝရသစ်တောရဲ့ထိပ်တန်းမိသားစုကြီးဆယ်ခုထဲကဆိုပေမယ့် ငါသူတို့ကိုတောင် မကြောက်ခဲ့ဘူး။ ဒါနဲ့တောင် ခင်ဗျားတို့ပြောတဲ့လူကို ငါကြောက်မယ်လို့များထင်နေတာလား?”

“ဒါပေါ့၊ အဲဒီလူက လက်ရှိမှာ ကျွင့်ပုကျန်းရဲ့ဆရာပဲ။ သူ့ရဲ့ကျင့်ကြံဆင့်က မမြင့်ဘူးဆိုပေမယ့် သူက မင်းနဲ့တူတယ်။ သူတိုက်ခိုက်လိုက်ပြီဆိုတာနဲ့ စက်ဆုပ်စရာနည်းလမ်းပေါင်းစုံကို ထုတ်သုံးလိမ့်မယ်။ မင်းမှာ သူ့ကိုအနိုင်ယူနိုင်မယ့်အခွင့်အရေး လုံးဝမရှိဘူး။”

“ဘာလို့ ခင်ဗျားတို့ပြောတာကို ယုံရမှာလဲ?”

“မင်းမယုံလည်းဖြစ်ပေမယ့် စုံစမ်းကြည့်ဖို့တော့သင့်တယ်။ မဟာချင်အင်ပါယာမှာ ဆုချန်လို့ခေါ်တဲ့ ပါရမီရှင်တစ်ဦးပေါ်ထွက်လာခဲ့တယ်။ သူက နတ်ဘုရားခန်းမကိုတည်ထောင်ပြီး မဟာချင်အင်ပါယာကို သိမ်းပိုက်ခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့တစ်လတုန်းက သူ မဟာကျိုးကို တိုက်ခိုက်တဲ့အချိန်မှာပဲ အမြစ်ပြတ်သုတ်သင်ခံလိုက်ရတယ်။ အဲဒီတိုက်ပွဲကြီးမှာ သူတောင်မှ သေဆုံးသွားခဲ့တာ။

အဲဒီတိုက်ပွဲမှာ သိုင်းဘုရင်အဆင့်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ပါဝင်ခဲ့တယ်။ ပြီးတော့ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတွေအားလုံးမှာ သိုင်းဘုရင်အဆင့်ချပ်ဝတ်နှင့် တိုက်ပွဲဝင်သိုင်းဘုရင်အဆင့်လက်နက်တွေရှိကြတယ်။

ထာဝရသစ်တောမှာဆိုရင်တောင် သူတို့ရဲ့အင်အားက အတော်လေးထူးခြားနေတုန်းပဲ။

ဒါပေမဲ့ အဆုံးမှာတော့ သူတို့အားလုံး ကျွင့်ပုကျန်းရဲ့ဆရာလက်ထဲမှာ သေဆုံးသွားကြတယ်။ တွေးကြည့်လိုက်ပါ။ မင်းမှာသာ အဲလိုအဖြစ်မျိုးဖြစ်လာရင် ဘာကိုရွေးချယ်မလဲ?”

ဟန်ကျန့်ထိတ်လန့်သွားတော့သည်။ ဒါက တစ်ဖက်လူ၏ပြောစကားများကို သူနားမလည်ခြင်းကြောင့်မဟုတ်ပေ။

ကြီးမြတ်တဲ့မဟာချင်အင်ပါယာက ဒီလိုနဲ့ဖျက်ဆီးခံလိုက်ရတယ်ပေါ့?

ပြီးတော့ အဲလူရဲ့တပ်ဖွဲ့တစ်ခုလုံးကလည်း မဟာကျိုးကို သွားရောက်ဖိနှိပ်တဲ့အချိန်မှာ အမြစ်ပြတ်သုတ်သင်ခံလိုက်ရတယ်။

ဒီလောက်နဲ့တင် နောက်ကွယ်ကလူ ဘယ်လောက်စွမ်းအားကြီးကြောင်း သက်သေပြဖို့ရန် လုံလောက်လို့နေပေပြီ။

“ဒါပေါ့၊ မင်းပုန်းနေဖို့ ရွေးချယ်လို့လဲရပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက မင်းထက်တောင် ပုန်းတဲ့နေရာမှာ ပိုကျွမ်းကျင်တယ်နော်။”

“အခုချိန်ထိ သူက ကိစ္စတွေကို တစ်ဆင့်ခြင်းဆောင်ရွက်လာခဲ့တာ။ ဒါတောင်မှ သူ့ကို နာမည်ကြီးလာစေဖို့ မလုံလောက်သေးဘူး။ အခုတောင် မင်းသူ့နာမည်ကို မသိနိုင်သေးဘူးမဟုတ်လား။

အရေးအကြီးဆုံးကတော့ တစ်ဖက်လူရဲ့ကျင့်ကြံမှုအရှိန်က မင်းထက် အဆပေါင်းများစွာ ပိုမြန်တယ်။

သူ့ရဲ့နတ်အာရုံက လောကတစ်ခုလုံးကိုဖြန့်ကျက်ဖို့လုံလောက်တဲ့ အဆင့်တစ်ခုထိ ရောက်တဲ့အချိန်ကျရင် မင်းကိုရှာတွေ့သွားပြီး သတ်လိမ့်မယ်လို့ မထင်ဘူးလား?”

“ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး။”

ဟန်ကျန့်သည် တုံးအသူမဟုတ်ပေ။

“သူ့ခွန်အားက အဆင့်တစ်ခုအထိ ရောက်သွားရင်တောင် လောကစည်းမျဉ်းတွေက သူကို ဒီလောကမှာ ဆက်နေထိုင်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။”

“မင်းက ဘယ်လိုလုပ်သိလဲ? မင်းရဲ့မျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်ဖူးလို့လား ဒါမှမဟုတ် လောကစည်းမျဉ်းတွေနဲ့ မင်းထိတွေ့ဆက်ဆံဖူးလို့လား? ဘယ်လိုလုပ်ပြီး အဲလူရဲ့ကျင့်ကြံဆင့်က အရမ်းမြင့်လာတဲ့အချိန်ကျရင် ဒီလောကမှာ ဆက်နေလို့မရတော့ဘူးဆိုတာ အရမ်းသေချာနေရတာလဲ?”

ဟန်ကျန့် တိတ်ကျသွားတော့သည်။

တစ်ဖက်လူ၏စကားလုံးများက သူ့ရင်ထဲတန်းထိစေကာ စကားလုံးတိုင်းက သူ့အားနည်းချက်ကို ကွက်တိထိမှန်လေသည်။

သူသည် သေဆုံးခြင်းကိုကြောက်ရွံ့ကာ သန်မာလာချင်သူဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူ၏စကားများသာ မှန်ကန်နေပြီး ကျွင့်ပုကျန်းမှာ ထိုမျှအင်အားကြီးသည့်ဆရာတစ်ယောက်ရှိနေလျှင် သူ့အနေနှင့် တစ်ဖက်လူ၏လက်ထဲမှ လွတ်မြောက်ဖို့ ခက်ခဲနိုင်ပေသည်။

အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက် ဟန်ကျန့်၏အမူအရာမှာ အလွန်လေးနက်လို့သွားကာ၊

“ဒီတော့၊ ခင်ဗျားတို့ ဘာကြောင့် ရောက်လာတာလဲ?”

တစ်ဖက်အဖွဲ့ အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။

“ငါတို့က မင်းနဲ့အတူပူးပေါင်းချင်လို့ပါ။ ငါတို့မှာ မင်းကိုနောက်တစ်ဆင့်တက်လှမ်းပြီး ကျွင့်ပုကျန်းရဲ့ဆရာကို ဖြေရှင်းဖို့ ကူညီပေးနိုင်မယ့် လုံလောက်တဲ့ခွန်အားရှိတယ်။”

“ဘယ်လိုမျိုးလဲ?”

ဟန်ကျန့်မေးလိုက်သည်နှင့် တစ်ဖက်က ခရမ်းရောင်ဖျော့ဖျော့လင်းလက်နေသည့် ခရမ်းသီးပုံစံအသီးတစ်လုံးကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။

“ဒါကို စနစ်သစ်သီးလို့ခေါ်တယ်။ ဒါက မင်းတွေးတောင်မတွေးရဲလောက်မဲ့ ခွန်အားမျိုး ပေးစွမ်းနိုင်တယ်။”

“အရမ်းအစွမ်းထက်တာပဲ။”

သစ်သစ်ထံမှ အလွန်အမင်းအစွမ်းထက်သည့်အင်အားကို ခံစားမိလိုက်သည်နှင့် ဟန်ကျန့် အံ့ဩတကြီးရေရွတ်လိုက်သည်။

တစ်ဖက်အဖွဲ့၏မျက်နှာများပေါ်ရှိ အပြုံးက ပိုလို့တောင် ကျေနပ်ဟန်ပေါ်လာခဲ့သည်။

ထို့နောက် စနစ်သစ်သီးကိုကိုင်ထားသည့်လူက သူ့လက်ထဲမှ စနစ်သစ်သီးအား ဟန်ကျန့်ထံသို့ ကမ်းပေးလိုက်သည်။

“ဒီအသီးထဲက စနစ်ကို အသက်သွင်းဖို့အတွက် မင်းရဲ့သွေးအနှစ်သာရကို သုံးဖို့ပဲလိုတယ်။ ပြီးတာနဲ့ စာချုပ်အသက်ဝင်ပြီး စနစ်နဲ့ချိတ်ဆက်လိုက်တာနဲ့ သူ့ရဲ့အစွမ်းထက်တဲ့လုပ်ဆောင်ချက်တွေကို မင်း အသုံးပြုနိုင်မယ်။”

“တကယ်လား?”

“ဒါပေါ့။”

ထိုအဖွဲ့က စနစ်သစ်သီးကို ဟန်ကျန့်ထံသို့ကမ်းပေးပြီးသည်နှင့် တစ်ခါမျှပေါ်မလာခဲ့ဖူးသည်အတိုင်း တိတ်တိတ်ဆိတ်ဆိတ်ဖြင့်ပင် ချက်ချင်းထွက်ခွာသွားလေသည်။

ဟန်ကျန့်သည်တော့ သူ့လက်ထဲရှိ သစ်သီးကိုကြည့်ကာ ဂရုတစိုက် အော်ကြည့်ုလိုက်သည်။

“ခင်ဗျားတို့ ရှိနေကြသေးလား?”

“ဘယ်ရောက်သွားကြတာလဲ?”

“တကယ် သွားကြပြီလား?”

…..

ကြိမ်ဖန်များစွာအော်ဟစ်ကာ တစ်ဖက်အဖွဲ့ အမှန်တကယ်ထွက်သွားကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးနောက်မှာတော့ ဟန်ကျန့်သည် စနစ်သစ်သီးကို မြက်ခင်းပေါ်သို့ လွှင့်ပစ်လိုက်တော့သည်။

“ငါ့ကို အရူးလို့များထင်နေကြတာလား? မင်းတို့ကမှ အရူးတွေ။ ဒီပစ္စည်းက တကယ်ကို အရမ်းကောင်းတယ်ဆိုရင်တောင် ဘာလို့ ကိုယ့်ဘာသာသုံးမယ့်အစား ငါ့ကိုလာပေးကြတာလဲ? ရယ်စရာကောင်းလိုက်ပုံများ!”

တစ်ဖက်အဖွဲ့ သူ့ကို ပြန်လာရှာနိုင်တာကြောင့် ဟန်ကျန့်ခေါင်းတယမ်းယမ်းဖြင့် သူ့ခြေထောက်ကို အသာပုတ်ကာ ချက်ချင်းပင် ထိုနေရာမှ ကူးပြောင်းသွားတော့သည်။

သူထွက်သွားပြီး မကြာလိုက်ခင်မှာပဲ ပုံရိပ်တစ်ခုက သာသာယာယာ ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်လာလေသည်။

“ဒီတစ်ခေါက် တာဝန်ပြီးမြောက်ရင် သခင်က ငါ့ကိုဘာဆုများပေးမလဲ သိချင်လိုက်တာ။ ငါ့ကို နတ်သားရဲဥတွေများ ပေးမှာလား? နတ်သားရဲဥနည်းနည်းသာရလိုက်ရင် ငါ့အတွက် အရမ်းအကျိုးရှိမှာမဟုတ်ဘူး?”

“ငါ့ကျင့်ကြံဆင့်တွေအများကြီးတိုးလာဖို့အတွက် သိုင်းဘုရင်ထိပ်တန်းအဆင့် ဆေးလုးတွေပေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲ။”

“ငါ သိုင်းဘုရင်အဆင့်သားရဲတစ်ကောင်ရဲ့ခွန်အားရသွားတာနဲ့၊ ဟီးဟီးဟီး… ဘာပဲဖြစ်ဖြစ် သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲအကောင်၂၀ကျော်ထဲမှာ ငါ့အတွက် အဖော်နှစ်ယောက်လောက်တော့ ရှာရမယ်။”

“မီးဖီးနစ်ကိုတော့ ငါဘာမှလုပ်မှာမဟုတ်ပါဘူး။ ရွှေခြင်္သေ့က သူကို တစ်လျှောက်လုံးစွဲလမ်းနေခဲ့တာပဲ။ ငါသာ သူ့ကိုလိုက်မယ်ဆိုရင် ရွှေခြင်္သေက ငါ့နောက်ကို လိုက်ပြီးကိုက်လိမ့်မယ်။ ငါ့ကိုယ်ထဲမှာ ချီလင်သွေးမျိုးဆက်ရှိတယ်ဆိုပေမယ့် ငါက သမင်လေးတစ်ကောင်ပါပဲ။”

“ခြင်္သေ့က အသားစားပေမယ့် ငါကတော့ အသီးအရွက်ပဲစားတယ်။ သူ့ကို နိုင်မှာမဟုတ်ဘူး။”

“မြွေစိမ်းဆိုရင်တော့ မဆိုးဘူး။ သူ့ရဲ့ခါးလေးက လိုသလို တွန့်ကွေးနိုင်တယ်။ ကြည့်ရုံနဲ့တင် အရမ်းအဆင်ပြေတာ အသေအချာပဲ။”

“အမြီးကိုးချောင်းမြေခွေးကလည်း ကောင်းသားပဲ။ သူ့ရဲ့သွေးမျိုးဆက်က ထင်ရှားတယ်။ ငါသာ သူ့ကိုလိုက်နိုင်ရင် သမင်မျိုးနွယ်ကို အရှက်ရစေမှာမဟုတ်ဘူး။”

ထိုအချိန်မှာပဲ ဖိဂုလျန် ခြေချော်ကာ လဲကျသွားတော့သည်။

“သေစမ်း!”

ဖိဂုလျန် မြေပေါ်မှ ကုန်းရုန်းထလိုက်ကာ သူ့မျက်နှာတွင်တော့ မယုံနိုင်သည့်အမူအရာတို့ ရှိနေလေသည်။

ခဏလောက်ကြာမှသာ၊ “ဘာဖြစ်သွားတာလဲ?”

သူက ဂုဏ်သိက္ခာကြီးမားတဲ့သူတော်စင်အဆင့်သားရဲလေ၊ ဘယ်လိုလုပ်ပြီး လမ်းလျှောက်ရင်း ခြေချော်လဲရတာလဲ?

ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ?

သူပြန်ထမည့်အချိန်မှာပဲ မြေပြင်ထက်တွင် ခရမ်းရောင်အလင်းတန်းများဖြာထွက်နေသာ သစ်သီးတစ်လုံးကို မြင်လိုက်ရသည်။

“အာ? ဒါဘာလေးလဲ? အရသာရှိလောက်လား?”

ပြောရင်းဆိုရင်းဖြင့်ပင် ဖိဂုလျန်တစ်ယောက် ပါးစပ်ဟကာ ထိုသစ်သီးကို မြိုချလိုက်လေသည်။

သို့သော်လည်း သူမြိုချလိုက်သည်နှင့် သူ့စိတ်ထဲတွင် မကြုံစဖူး အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

[ဒင်! Hostရဲ့ သွေးအနှစ်သာရနဲ့ချိန်ဆက်မိပြီး စနစ်ကို အသက်သွင်းလိုက်ပါပြီ။ Host စနစ်နဲ့ ချိတ်ဆက်လိုပါသလား?]

“ဘယ်သူလဲ? ဘာတွေလဲ?”

ဖိဂုလျန် ကြောင်အလို့သွားမိသည်။ သူ ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။ ဒါကြောင့် စိတ်ရှုပ်ထွေး်သွားလေတော့သည်။

မကြာခင်မှာပဲ ထိုအသံက သူ့စိတ်ထဲတွင် ထပ်မံထွက်ပေါ်လာပြန်သည်။

[ဒင်… ဒီစနစ်က စူပါအရန်အင်ဂျင်စနစ်ဖြစ်ပါတယ်။ စနစ်ကို အောင်မြင်စွာထည့်သွင်းပြီးသည်နှင့် ဒါက သခင့်ကို အမျိုးမျိုးသော အစွမ်းထက်ကျင့်ကြံနည်းများပံ့ပိုးပေးမည်ဖြစ်ပြီး သခင့်ရဲ့ကျင့်ကြံဆင့်ကို မြန်မြန်ဆန်ဆန်တိုးတက်လာအောင် ကူညီပေးသွားမှာဖြစ်ပါတယ်]

“ကြားရတာတော့ မိုက်သားပဲ! ဒီတော့ မင်းကို ဘယ်သူတီထွင်ခဲ့တာလဲ? ဘာအတွက် မင်းကို တီထွင်ခဲ့တာလဲ?”

[ဒီမေးခွန်းက စနစ်ရဲ့လျှို့ဝှက်ထားရမယ့် အတိုင်းအတာထဲမှာရှိနေပါတယ်]

“ဒါဆို မင်းက ဘာလို့ ငါ့ကိုသန်မာလာအောင် ကူညီပေးချင်ရတာလဲ?”

[အဓိကတာဝန်က လူတစ်ယောက်ကိုသတ်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလူနာမည်ကတော့ လုရှောင်ယန်ပါ]

“ဘယ်သူ?”

ဖိဂုလျန် ကြောက်လန့်တကြား တုန်လှုပ်သွားပြီး ဆီးထွက်ကျလုမတတ်ပင်။

[လုရှောင်ယန်!]

တစ်ဖက်မှ အတည်ပြုချက်ကို ထပ်မံလက်ခံလိုက်ရပြီးနောက်တွင်တော့ ဖိဂုလျန် ကြောင်အသွားတော့သည်။

ဒါဘယ်လိုနောက်ပြောင်မှုမျိုးလဲ?

ဒီစနစ်က သူ့ကိုထောက်ပံ့ပေးပြီး သူ့သခင်ကို တိုက်ခိုက်စေချင်နေတာလား? ဒါ ဘယ်လို စူပါထောက်ပံ့ရေးစနစ်ကြီးမျိုးလဲ?

ဒီစနစ်က သူ့ကိုသတ်ဖို့များကြိုးစားနေသလားလို့ပင် ဖိဂုလျန် တွေးမိလေသည်။

“မင်းနဲ့ ချိတ်ဆက်ဖို့ ငြင်းဆိုတယ်။”

[ကျေးဇူးပြုပြီး ချိတ်ဆက်ပေးပါ၊ သခင်။ မဟုတ်ရင် စနစ်က သေဆုံးသွားပါလိမ့်မယ်]

“မင်းထိုက်နဲ့မင်းကံပဲ။”

ဖိဂုလျန် ချက်ချင်းလှည့်ထွက်လိုက်တော့သည်။

စနစ်ကတော့ သူ့ကို အဆက်မပြတ် ဆွဲဆောင်နေလေသည်။

[သခင် ငါနဲ့ချိတ်ဆက်လိုက်ပါ။ သခင်သာ ငါနဲ့ချိတ်ဆက်လိုက်မယ်ဆိုရင် မင်းကို ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်လာအောင် သေချာပေါက် လုပ်ပေးနိုင်တယ်။ အဲအချိန်ကျရင် လုရှောင်ယန်မပြောနဲ့၊ လုရှောင်ယန် ၁၀ယောက် အယောက်၁၀၀အထိတောင် သခင်အနိုင်ယူနိုင်မှာပါ]

“မင်း မငြီးငွေ့သေးဘူးလား? မင်းကိုထွက်သွားလို့ပြောနေတယ်လေ! ထွက်သွားစမ်း!”

သို့သော်လည်း စနစ်ကတော့ ဖိဂုလျန်ကို ဆွဲဆောင်နေတုန်းပင်။

ဖိဂုလျန် တကယ်ကို သည်းမခံနိုင်တော့ပေ။ သူ့မှာ နေရာတစ်နေရာကိုရှာကာ သူ့ခြေထောက်တွေကို ကားပြီး စနစ်သစ်သီးကို ပြန်ထုတ်ဖို့သာ ရှိတော့သည်။

ထို့နောက် စနစ်သစ်သီးဘက်က ထပ်မံပြီး အတွေးနှင့် မဆက်သွယ်နိုင်ခင်မှာပဲ ဖိဂုလျန်၏ပါးစပ်ထဲမှ မီးလုံးတစ်လုံးထွက်လာကာ ထိုစနစ်သစ်သီးဟုခေါ်သော အသီးကို အရည်ဖျော်ပစ်လိုက်တော့သည်။

….

အချိန်ခဏအကြာတွင်တော့ စနစ်သစ်သီးသည် အပြည့်အဝအရည်ပျောက်သွားပြီဖြစ်ကာ ဖိဂုလျန်လည်း နောက်ဆုံးတွင်တော့ သူ့တာဝန်ကိုဆက်လက်လုပ်ဆောင်ဖို့ရန် ထွက်သွားနိုင်ခဲ့သည်။

အရှေ့ပင်လဘ်၏ကျွန်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အနက်ရောင်ဝတ်ရုံနှင့်အမျိုးသားသည် ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။

“သခင်၊ ဘာဖြစ်လို့ပါလဲ?”

“ဘာမှမဖြစ်ဘူး၊ ဆင်းတော့။”

“ဟုတ်ကဲ့ပါ။”

အစေခံများထွက်သွားပြီးနောက် ထိုပုံရိပ်သည် ကောင်းကင်ယံမှ တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။

“ဒီလောကမှာ ငါ့ရဲ့စနစ်သစ်သီးကို ဖျက်ဆီးနိုင်တဲ့တစ်စုံတစ်ယောက် အမှန်တကယ်ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ တစ်ဖက်က လုရှောင်ယန်၏တာအိုအစောင့်အရှောက်ပဲ ဖြစ်မယ်ထင်တယ်။

ငါ့အထင်က တယ်ကိုမှန်နေတာပဲ။ သူတို့ရဲ့ခွန်အားက ဒီလောကထဲကို အမှန်တကယ် စိမ့်ဝင်နေကြပြီပဲ။”

ခဏလောက်ရပ်ပြီးနောက် အေးစက်စက်အမူအရာဖြင့် ဆက်ပြောလာပြန်သည်။

“ဒါပေမဲ့၊ ဒီပုံစံနဲ့ မင်းငါ့ကိုအနိုင်ယူနိုင်မယ် မထင်လိုက်နဲ့။ ဟိုးအရင်ကတည်းက လက်ထဲကဟာကို ဘယ်တုန်းကမှ အလွတ်မခံဖူးဘူး။

လုရှောင်ယန်၊ ငါ သူ့ကိုသေချာပေါက် ဖြုတ်ချပြမယ်။ သူ့ရဲ့ကံကြမ္မာ သူရဲ့ကံတရားက နောက်ဆုံးမှာတော့ ငါနဲ့ပဲ သက်ဆိုင်ရမယ်။”

……

တစ်ချိန်တည်းမှာပဲ ဖိဂုလျန်သည် ဝမ့်ခိုက်ပေးလိုက်သည့်လိပ်စာအရ ထာဝရသစ်တောတွင်ရှိသော တောင်ကုန်းငယ်လေးဆီသို့ ရောက်ရှိလာခဲ့သည်။

“ဒီနေရာပဲဖြစ်မယ်။ ဒါပေမဲ့ အရှေ့နတ်ဆိုးဘိုးဘေးက တစ်စုံတစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် ဒီလိုခေါင်တဲ့နေရာမျိုးကိုလာလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားဘူး။ ရူးမိုက်လိုက်တာ၊ နောက်ဆုံးတော့ သူမသေခင် လက်လေးတစ်ချောင်းတောင် မလှုပ်လိုက်နိုင်ခဲ့ဘူး။ ကံကောင်းလို့ မင်း ငါနဲ့တွေ့တာပဲ။ မဟုတ်ရင် ဒီနေရာမှာ ပန်းတွေသစ်ပင်တွေအတွက် မြေဩဇာဖြစ်သွားလိမ့်မယ်...။”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၆၅ ဒီမြင်းနက်က တော်တော်လေးကွာခြားလားလို့?

“ဟမ်… ဘယ်မှာပါလိမ့်?”

ဖိဂုလျန် တောင်ကုန်းတစ်လျှောက်တက်လာရင်း မြက်ခင်းပေါ်မှ သွေးအိုင်ကို အလျင်အမြန်ပဲ တွေ့ရှိသွားခဲ့သည်။

ထိုသွေးအိုင်သည့် ပြင်းထန်သည့်အသက်စွမ်းအားကို ထုတ်လွှတ်နေသော်လည်း ၎င်းသည် တဖြည်းဖြည်းပျောက်ကွယ်စပြုနေပြီဖြစ်သည်။

သို့သော်လည်း ဒါက ဖိဂုလျန်အတွက် သဘာဝအလျောက် ခက်ခဲမနေပေ။

အခုဆို သူ့မှာ သူတော်စင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ခွန်အား ရှိနေပြီမဟုတ်လား!

“ထစမ်း!”

…….

ခဏအကြာတွင်တော့ ဖိဂုလျန် ကြောင်အနေခဲ့သည်။

“ငါ့ဝိညာဉ်စွမ်းအင်တွေ ဘယ်ရောက်သွားလဲ? ငါ့ရဲ့ကျင့်ကြံဆင့်တွေရော? ငါ့ရဲ့ကျင့်ကြံဆင့်တွေရောလို့?”

“ထစမ်း၊ ထစမ်း!”

ထိုအကြွင်းအကျန်များကို စုဆောင်းရန်အတွက် ၎င်း၏ခွန်အားကိုအသုံးပြုရန် ထပ်မံစမ်းသပ်ခဲ့ပြန်သည်။

ကံမကောင်းစွာဖြင့် ဘာတုံ့ပြန်မှုမှရှိမလာခဲ့ပေ။

ထိုအချိန်မှာပဲ ဖိဂုလျန် လုံးဝဆွံ့အသွားပေတော့သည်။

ဘာတွေဖြစ်နေတာလဲ?

သူ့ကျင့်ကြံဆင့်တွေ ပျောက်ဆုံးကုန်တာလား?

သူ တကယ်ပဲ သမင်တစ်ကောင်ဖြစ်သွားတာလဲ?

သူ့ကိုယ်သူ သံသယဝင်ရင်း ဆွံ့အနေချိန်မှာပဲ တောင်ကုန်းပေါ်ရှိ ခြံဝင်းငယ်လေးထဲကနေပြီး လူရိပ်တစ်ခုက ဖြည်းညှင်းစွာ ထွက်လာလေသည်။

“အာ? ငါဘာတွေ့ထားပါလိမ့်? တကယ် သမင်တစ်ကောင်ပဲ!”

ဖိဂုလျန် ထိတ်လန့်တကြား လှည့်ပြေးတော့သည်။

“မင်းကို လွှတ်ပေးလိမ့်မယ်များထင်နေတာလား?”

ထိုလူရိပ်သည် အလွန်လျင်မြန်လှသည်။ သူက တောင်ပေါ်ရှိ ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ခွဲပစ်လိုက်သည်။

ဘန်း!

ကျောက်တုံးကြီးက အစိတ်အပိုင်းငယ်များအဖြစ် အတိအကျကွဲလို့သွားကာ နောက်တစ်စက္ကန့်မှာပဲ ထိုကျောက်ခဲငယ်တစ်ခုဖြင့် ဖိဂုလျန်၏ခေါင်းတည့်တည့်သို့ပစ်ပေါက်လိုက်ပြီး အမှောက်သိပ်လိုက်သည်။ တစ်ချက်တည်းနှင့်ပင် ဖိဂုလျန် အမြင်တွေမှောင်မိုက်ကာ အကြိမ်အနည်းငယ်ခန့် လိမ့်ကျသွားပြီး တောင်ဆင်းလမ်းတစ်ဝက်မှာတင်ပဲ သတိလစ်သွားခဲ့သည်။

လူရိပ်ကလည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ချက်ချင်း ပြေးဆင်းလာလေသည်။

“ကောင်းလိုက်တာ။ ငါ သမင်သားမစားရတာ တော်တော်ကြာပြီ။ သမင်သားက အရမ်းအရသာရှိတာ။ ဟဟဟ… အားလုံး စနစ်ကိုပဲ ကျေးဇူးတင်ရမယ်။ ငါ မထွက်သွားခင် ငါ့ရဲ့ဒုတိယဦးစားပေးကျွမ်းကျင်မှုကို တိုးတက်အောင် အမြင့်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။ လုံးဝကို အဆင်သင့်ပဲ။ ခဏနေ သူတော်စင်အကြီးအကဲနဲ့တခြားလူတွေလာတဲ့အခါ ငါ့ရဲ့ဟင်းချက်လက်ရာကို မြည်းစမ်းခိုင်းရမယ်။”

ပြောပြောဆိုဆိုနှင့် ဖိဂုလျန်ကို ခြေထောက်ကနေဆွဲလို့ ခြံဝင်းဆီသို့ ပြန်သယ်သွားလေသည်။

…..

တစ်ချိန်တည်းမှာပဲ အမည်မဲ့ဂိုဏ်းတွင်ကျင့်ကြံသည့် လုရှောင်ယန်သည် တစ်ခုခုမှားယွင်းနေပြီး ရုတ်တရက် ခံစားလိုက်ရသည်။

“ဘာဖြစ်သွားတာလဲ? ဘာလို့ ငါနဲ့ဖိဂုလျန်ကြားက ဆက်သွယ်မှုက ပျက်သွားရတာလဲ?”

ဖိဂုလျန်သည် သားရဲထိန်းချုပ်ခြင်းပညာဖြင့် လုရှောင်ယန် ဖိနှိပ်ထားခဲ့သည့် အိမ်မွေးသားရဲတစ်ကောင်ဖြစ်သည်။ သူတို့နှစ်ဦးကြား အကွာအဝေးမည်မျှပင် ခြားနားနေပါစေ လုရှောင်ယန်အနေနှင့် ဖိဂုလျန်ကို အာရုံခံနိုင်နေသင့်ပေသည်။

သို့ပေမဲ့ အခုချိန်မှာတော့ ရုတ်တရက် ဖိဂုလျန်နှင့် သူ့ကြားက ဆက်သွယ်မှုမှာ ပြတ်တောက်သွားခဲ့သည်။

ယေဘုယျအားဖြင့်ပြောရလျှင်တော့ ဤအခြေအနေသည် ဖိဂုလျန်သေဆုံးသွားပြီဟု ဆိုလိုနေခြင်းပင်။

သို့သော်လည်း ဖိဂုလျန်အသက်ရှင်နေသေးမှန်း လုရှောင်ယန် ခံစားမိပေသည်။

ဒါကြောင့် သူ နားမလည်နိုင်ဖြစ်နေရခြင်းပင်။

…….

တစ်ဖက်တွင်တော့၊

တောင်ကုန်းငယ်ပေါ်တွင် သိပ်မကြာခင်မှာပဲ ဘိုးဘေးကျွင့်သည် ကျွင့်ပုကျန်းကို လီချင်းဖန်၏ခြံဝင်းငယ်ဆီသို့ ခေါ်ဆောင်လာလေသည်။

“လူကြီးမင်းလီ၊ ကျုပ်နှစ်ပေါင်းများစွာသိမ်းဆည်းထားတဲ့ သက်တမ်းရင့်ဝိုင်ကို အထူးတလည်သယ်လာခဲ့တယ်။ ဒီနေ့ ကျုပ်တို့နှစ်ယောက် အမူးသောက်ကြရအောင်။”

လီချင်းဖန်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောရင်း သူ့ကို ခြံဝင်းငယ်ထဲသို့ ကြိုဆိုလိုက်သည်။

“လောင်ကျွင့်၊ ခင်ဗျား အချိန်ကိုက်ရောက်လာတာပဲ။ ဒီနေ့ ကျုပ်လည်း အရသာရှိတဲ့ဟင်းပွဲချက်ထားတယ်။ ခင်ဗျား ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျှောက်လုံး မေ့နိုင်တော့မှာမဟုတ်ဘူးလို့ အာမခံတယ်။”

“အိုး? ဘာဟင်းများလဲ? မင်းဒီလောက် ဂုဏ်တင်နေပုံထောက်ရင် အရမ်းကောင်းရမယ်။”

“ဟဟဟ…. ခဏနေ ခင်ဗျားစားပြီးရင် သိပါလိမ့်မယ်။ ကျုပ် အခုထိ မသတ်ရသေးဘူး။ ခဏနေ ကျုပ် အဲကောင်ကိုသတ်ပြီး အရေခွံခွာလိုက်မယ်။”

ဘိုးဘေးကျွင့် ချက်ချင်းပြန်ပြောလာသည်။

“လူကြီးမင်းလီ၊ ဒီလိုကိစ္စအသေးအမွှားလေးအတွက် မင်းကို ဒုက္ခပေးလို့ဘယ်ဖြစ်ပါ့မလဲ? အလုပ်ရှုပ်မခံပါနဲ့။”

“ကောင်းပြီ။ ကျုပ် ဟင်းခတ်အမွှေးအကြိုင်တွေ သွားပြင်ဆင်လိုက်ဦးမယ်။ ခဏနေ စွပ်ပြုတ်ထဲထည့်ရင် ပိုပြီးအရသာရှိအောင်လို့။”

“ကျုပ်လဲ လိုက်ခဲ့မယ်။”

ထိုစကားပြောပြီးသည်နှင့် ဘိုးဘေးကျွင့်က ကျွင့်ပုကျန်းကို ချက်ချင်းကြည့်လာလေသည်။

သူ့ ဘိုးဘေးဆိုလိုချင်သည့်အဓိပ္ပါယ်ကို ဘယ်လိုလုပ်ပြီး နားမလည်ဘဲနေပါ့မလဲ။

သူ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ကာ လုပ်ပေးရုံသာ ရှိတော့သည်။

လူကြီးမင်းလီနှင့် သူ့အဖိုးကတော့ ဟင်းခတ်အမွှေးအကြိုင်များရှာဖို့ရန် ထွက်သွားလေသည်။

မမျှော်လင့်ထားစွာဘဲ သူ ဖိဂုလျန်ရှေ့သို့ရောက်သွားချိန်မှာတော့ အံ့ဩထိတ်လန့်သွားလေတော့သည်။

“ဒါ ဖိဂုလျန်မဟုတ်ဘူးလား?”

သူ ဂိုဏ်းသို့နောက်ကျပြီးမှ ဝင်ခဲ့ကာ သူ့ဆရာ၏နေရာတွင် ခဏတဖြုတ်သာနေခဲ့ဖူးသော်လည်း မြေပြင်ပေါ်တွင်လဲနေသည့် ဒရယ်မျိုးနွယ်ဝင်သမင်သည် ဖိဂုလျန်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သေးသည်။

“ဖိဂုလျန်၊ ဖိဂုလျန်၊ ထဦး။”

ထိုအခါမှ တစ်ဖက်က ချက်ချင်းထလာခဲ့သည်။ ဖိဂုလျန် ထလာပြီးသည်နှင့် သူ့ကိုနှိုးလာသည်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပြီး၊

“သတ္တမသခင်လေး၊ မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ?”

အမည်မဲ့ဂိုဏ်းတွင် သေချာပေါက် လုရှောင်ယန်သည် ခေါင်းဆောင်ဖြစ်သည်။ ထို့နောက်မှာတော့ လုရှောင်ယန်၏တပည့်များသည် သဘာဝကျစွာဘဲ အမြင့်ဆုံးအဆင့်တွင်ရှိသူများပင်။

မိစ္ဆာသားရဲများသည်တော့ အနိမ့်ဆုံးအဆင့်တွင် ဖြစ်ကြသည်။ ဒါကြောင့် မိစ္ဆာသားရဲတို့က လုရှောင်ယန်၏တပည့်များကိုလည်း သခင်အဖြစ် ခေါ်ဆိုကြလေသည်။

ဥပမာအားဖြင့် ယွင်လီကောကို ပထမသခင်လေး၊ ဖုန်းထျန်းယွမ်ကို တတိယသခင်လေးဟု ခေါ်ဝေါ်ကြသည်။

ကျီဝူရှားနှင့်ကျူးကောကျီချုံလို အမျိုးသမီးများကိုတောင်မှ ဒုတိယသခင်မလေးနှင့် ပဥ္စမသခင်မလေးဟု ခေါ်ဆိုကြလေသည်။

“အဲမေးခွန်း ငါကမှ မင်းကိုမေးသင့်တာ! မင်း ဒီကိုဘာလို့ရောက်နေတာလဲ? မင်း အမည်မဲ့ဂိုဏ်းမှာရှိနေရမှာမဟုတ်ဘူးလား?”

“အဲ့အကြောင်း ပြောမနေပါနဲ့တော့…”

ထို့သို့ပြောရင်း သူရောက်လာရသည့်အကြောင်းအရင်းများနှင့်ဖြစ်ပျက်ခဲ့သမျှကို ဖိဂုလျန် ပြောပြလိုက်တော့သည်။

အလုံးစုံသိရှိသွားပြီးနောက်တွင်တော့ ကျွင့်ပုကျန်းတစ်ယောက် ဆွံ့အလို့သွားတော့သည်။

“မဟုတ်သေးပါဘူး၊ မင်းရဲ့ကံက အရမ်းမညံ့လွန်းဘူးလား?”

“ငါလည်း ကံမညံ့ချင်ပါဘူး။ ဒီလိုတွေဖြစ်လာမယ်လို့ ဘယ်သူကသိမှာလဲ? ငါနိုးလာတာနဲ့ မင်းကို မြင်လိုက်ရတာပဲ။”

ကျွင့်ပုကျန်း သူ့မေးကိုပွတ်ကာ စဉ်းစားလိုက်သည်။

“ဒီလိုဆို မဖြစ်သေးဘူး။ မင်းငါ့ကို ရိုက်ပြီး သူပြန်မလာခင် ပြေးတော့။ မြန်မြန်လေး!”

“အာ? ဒါက.. ဒါမသင့်တော့ဘူးထင်တယ်နော်?”

“သင့်တော်တာတွေ မသင့်တော်တာတွေ အရေးမကြီးဘူး။ မင်းငါ့ကို မရိုက်ရင် ငါမင်းကိုလွှတ်ပေးလိုက်တယ်လို့ သူတွေးသွားလိမ့်မယ်၊ ဒီလိုသာဆို အဲလူက ငါ့ကိုပါပြဿနာမရှာလာနိုင်ဘူးလား? ငါ့ကို သတ်တောင်သတ်ပစ်လိမ့်မယ်။”

ဖိဂုလျန် ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ၊ အဲလိုဖြစ်နိုင်ချေများတယ်။ ဒါဆိုလည်း မင်းကို အပြစ်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်။”

ပြောပြီးသည်နျင့် ဖိဂုလျန်က ကျွင့်ပုကျန်း၏ရင်ဘက်ကို ရိုက်ထုတ်က ပျံပြေးတော့သည်။ ကျွင့်ပုကျန်းသည်တော့ ခြံထဲရှိသိုင်းဘုရင်အဆင့်သားရဲတစ်ကောင်နှင့် တိုက်မိကာ မူးဝေသွားလေသည်။

တစ်ဖက်ကသိုင်းဘုရင်အဆင့်သားရဲက ဖိဂုလျန်ကို တိုက်ခိုက်တော့မည့်အချိန်မှာပဲ ကျွင့်ပုကျန်းက ချက်ချင်းပင် ၎င်း၏ခြေထောက်ကို ဆွဲကာ အော်ဟစ်တော့သည်။

“ကူညီကြပါဘူး! တစ်ယောက်ယောက်ရှိကြလား! မိစ္ဆာသားရဲတွေ ငါတို့ကို တိုက်ခိုက်နေကြပြီ။”

ထိုအခွင့်အရေးကို အမိအရယူကာ ဖိဂုလျန်သည် တောင်ကုန်းပေါ်မှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

သူမထွက်သွားခင် အရှေ့နတ်ဆိုးဘိုးဘေး၏ပြာတို့ကို သူ့အမွေးပေါ်တွင် လူးသွားဖို့ကိုလည်း မမေ့ခဲ့ပေ။ အရှေ့နတ်ဆိုးဘိုးဘေး၏ပြာများကိုရပြီး နောက်ဆုံးမှာတော့ တောင်ခြေသို့ အလျင်အမြန်ရောက်ရှိသွားခဲ့လေသည်။

တောင်ခြေသို့ရောက်သည်နှင့် ဖိဂုလျန်၏ကျင့်ကြံဆင့်သည် လုံးဝပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။ ဒါကြောင့် သေချာပေါက် အချိန်ဖြုန်းမနေဘဲ နေရာမှ ထွက်ခွာသွားတော့သည်။

ကျွင့်ဘိုးဘေးနှင့်လီချန်းဖန်တို့ပြန်ရောက်လာချိန်မှာတော့ ရှုပ်ပွနေသည့်ခြံဝင်းကိုတွေ့ပြီး ချက်ချင်းဆွံ့အသွားကြတော့သည်။

“ဘာတွေဖြစ်သွားတာလဲ?”

တစ်ဖက်က ရှက်ရွံ့နေသည့်အမူအရာဖြင့် ချက်ချင်းပြန်ဖြေလာလေသည်။ “တောင်းပန်ပါတယ်၊ လူကြီးမင်းလီ။ ငါတော်တော်အသုံးမကျဘူး။ သမင်ကို လွတ်သွားစေမိပြီ။ မင်းငါ့ကို ရိုက်ရိုက် သတ်သတ် အထွန့်တက်စရာမရှိပါဘူး။”

ရှပ်~

လီချင်းဖန်၏လက်ထဲမှဟင်းခတ်အမွှေးအကြိုက်များအားလုံး မြေပေါ်သို့ ပြုတ်ကျသွားလေသည်။

“မဖြစ်နိုင်တာ? မင်း သူ့ကိုတကယ်လွတ်သွားတာပေါ့? အဲသမင်ကို ဖမ်းဖို့ငါ့အတွက် လွယ်ခဲ့တာမဟုတ်ဘူး။ မင်းကို လွှတ်ပေးလိုက်တယ်ပေါ့?”

ကျွင့်ဘိုးဘေး၏မျက်နှာက မဲမှောင်သွားသည်။ သူချက်ချင်းရှေ့တက်လာပြီး ကျွင့်ပုကျန်း၏ပါးကိုရိုက်ချကာ မြေပေါ်သို့ ခွေလဲကျသွားစေသည်။

“အသုံးမကျလိုက်တာ၊ မင်းရူးနေလား။ ငါမင်းကို သမင်တစ်ကောင်သတ်ခိုင်းလိုက်ရုံပဲကို မင်းက လွတ်သွားစေတယ်တဲ့လား။ မင်းဘာလို့ ဒီလောက်တောင်အသုံးမကျရတာလဲ?”

ကျွင့်ပုကျန်း ဒေါသထွက်သွားသည့်အမူအရာဖြစ်သွားသော်လည်း သူ့ဘိုးဘေးက သူ့ကိုကယ်တင်ပေးနေခြင်းဖြစ်ကြောင်း သိပေသည်။

သူ့ဘိုးဘေးသည် လီချင်းဖန်နှင့်ဆက်ဆံရေးကောင်းမွန်နေသော်လည်း ဒါက လီချင်းဖန် စိတ်ကောင်းဝင်နေခြင်းကြောင့်သာ ဖြစ်ပေသည်။

လီချင်းဖန်သာ စိတ်ခံစားချက်မကောင်းတော့လျှင် သူ့ကို ချက်ချင်းသတ်ပစ်နိုင်ပေသည်။

“မြန်မြန်လေး၊ လူကြီးမင်းလီကို ဦးညွှတ်တောင်းပန်လိုက်။”

ကျွင့်ပုကျန်းသည် သူ့နှလုံးသားထဲတွင် အရှက်တရားတို့ဝင်ရောက်လာတာကြောင့် လက်သီးတင်းတင်းဆုပ်လိုက်ထားလိုက်သည်။

သူ့ဆရာသာ ဒီမှာရှိနေရင် သေချာပေါက် ဆရာက သူ လီချင်းဖန်ကို ဒူးထောက်မှာမျိုး ခွင့်ပြုပေးမှာမဟုတ်ဘူး။

သူ့ဆရာက အကာကွယ်ပေးတတ်ဆုံးလူပဲ။

သို့သော်လည်း အခုဒီနေရာတွင် သူ့ဆရာမရှိသလို သူနှင့် သူ့ဘိုးဘေးသည်လည်း လီချန်းဖန်၏ပြိုင်ဘက်မဟုတ်ပေ။ ဒါကြောင့် သူ့မှာ လက်ခံလိုက်ရုံသာရှိတော့သည်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဘိုးဘေး၏စကားကိုနားထောင်ကာ လီချင်းဖန်ကို တောင်းပန်တော့မည့်အချိန်တွင်ပဲ လီချင်းဖန်က လက်ကိုဝှေ့ယမ်းလာခဲ့သည်။

“ထားလိုက်တော့၊ ထားလိုက်တော့။ သမင်က ထွက်ပြေးသွားပြီပဲ။ မင်း အခုမှတောင်းပန်နေလည်း အသုံးမဝင်ဘူး။ ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ ခင်ဗျားတို့နှစ်ယောက်ပြန်လိုက်ကြတော့။ ကျုပ်ပင်ပန်းလို့ အနားယူချင်ပြီ။”

လီချင်းဖန် ဒေါသထွက်နေပြီဖြစ်ကြောင်း ကျွင့်ဘိုးဘေးနားလည်တာကြောင့် မြန်မြန်ဆန်ဆန် တောင်းပန်လိုက်သည်။

“လူကြီးမင်းလီ၊ အားလုံး ငါ့မြေးရဲ့နမော်နမဲ့နိုင်မှုကြောင့်ပါ။ စိတ်ထဲမထားပါနဲ့နော်။ ငါမင်းကို သေချာပေါက် လျှော်ကြေးအလုံအလောက်ပေးပါ့မယ်။”

လီချင်းဖန်၏အမူအရာမှာ အေးစက်လာခဲ့သည်။

“လောင်ကျွင့်၊ ကျုပ်ပင်ပန်းနေပြီလို့ ပြောနေတယ်လေ။ တတိယအကြိမ် ထပ်ပြောရအောင် မလုပ်နဲ့။”

လီချန်းဖန်၏စကားများထဲမှ အေးစက်မှုကို ခံစားမိသည်နှင့် ကျွင့်ဘိုးဘေး ဆက်မပြောနိုင်တော့ဘဲ ကူရာမဲ့စွာ ခေါင်းညိတ်ရုံသာရှိတော့သည်။

ဒီလိုဖြစ်လာမှာကို သူအကြောက်ခဲ့ဆုံးပဲ။ လီချင်းဖန်က ကိစ္စသေးသေးလေးကြောင့် သူနှင့်စည်းခြားဆက်ဆံလိုက်မည်ကို သူအကြောက်ဆုံးဖြစ်ခဲ့သည်။ ဒါကြောင့် အမြဲတမ်း သတိတကြီးနှင့် တစ်ဖက်လူကို မလေးမစားမလုပ်ရဲခဲ့ပေ။

သူ၏ကျွင့်မိသားစုဘိုးဘေးဆိုသည့် ဂုဏ်ပုဒ်ကိုတောင်မှ ဘေးချိတ်ထားခဲ့ပေသည်။

သို့သော်လည်း ဒီလိုနေ့မျိုး အမှန်တကယ်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ တစ်ဖက်က သူ့သဘောထားကိုပြောင်းလဲလိုက်ကာ ထွက်သွားဖို့ပြောနေပြီဖြစ်တာကြောင့် ထွက်သွားဖို့သာ ရှိတော့သည်။

“ကောင်းပါပြီ၊ လူကြီးမင်းလီ၊ ဂရုစိုက်ပါ။ ကျုပ် သွားတော့မယ်။ နောက်နေ့မှ ပြန်လာလည်ပါဦးမယ်။”

လီချင်းဖန် အသိအမှတ်ပြုသံ တိုးတိုးလေးသာ ပြန်ပြုလေသည်။

ကျွင့်ဘိုးဘေး သက်ပြင်းအသာချကာ ကျွင့်ပုကျန်းနှင့်အတူ ထွက်လာခဲ့လိုက်သည်။

သူထွက်သွားပြီးနောက် ကျွင့်ပုကျန်းက စိတ်ရှုပ်ထွေးစွာ ပြောလာခဲ့သည်။ “ထူးဆန်းလိုက်တာ၊ ဒီသမင် ဘယ်ကလာတာလဲ? ငါ သူ့ခေါင်းကိုထုထားတာတောင်မှ ဘာလို့ ဒီလောက်မြန်မြန် ပြန်သတိရလာတာလဲ?”

တစ်ခုခုမှားနေပြီဟု သူခံစားမိနေသေးသော်လည်း ဘာကမှားနေမှန်းတော့ မပြောနိုင်ပေ။

သို့ပေမဲ့ ကျွင့်ပုကျန်း၏နောက်ကျောကို ကြည့်လိုက်ချိန်မှာတော့ သူ့မျက်လုံးထဲတွင် အေးစက်သည့်အလင်းတန်းတစ်ခု ရှိနေခဲ့သည်။

……

ဖိဂုလျန်ဘက်တွင်၊

တောင်ကုန်းပေါ်မှ ထွက်ပြေးလာပြီးနောက် ဘာစကားတစ်ခွန်းမှမပြောဘဲ အမည်မဲ့ဂိုဏ်းရှိရာသို့သာ ဆယ်ရက်ဆယ်ညနှင့် အမြန်ဆုံး အပြေးပြန်ခဲ့လေသည်။ ခဏတဖြုတ်တောင်မှ အနားမယူရဲခဲ့ပေ။

နောက်ဆုံး ဆယ်ရက်မြောက်တွင် အမည်မဲ့ဂိုဏ်းသို့ ပြန်ရောက်ခဲ့လေသည်။

အမည်မဲ့ဂိုဏ်း၏ဝင်ပေါက်ကို မြင်ရသည်နှင့် ဘန်းကခနဲ မြေပေါ်သို့ ပစ်လဲကျသွားကာ သူ့တစ်ကိုယ်လုံး ဆုတ်ဖြဲခံလိုက်ရသလို အားမရှိတော့ပေ။

၎င်းပြန်လာကြောင်း လုရှောင်ယန် အာရုံခံမိတာကာ မြင်ပါမြင်လိုက်ရချိန်မှာတော့ အံ့ဩသွားတော့သည်။ ထို့နောက် အဇူရာသက်ရှည်ပညာကို အသုံးပြုကာ ဖိဂုလျန်၏ပင်ပန်းနွမ်းနယ်မှုများကို ချက်ချင်းဖယ်ရှားပေးလိုက်သည်။

“ဟမ်း… ကျေးဇူးပါ၊ သခင်။”

ဖိဂုလျန် မြေပေါ်မှ မြန်မြန်ထလိုက်သည်။

“ဒီတစ်ခေါက် မင်းကိုခိုင်းလိုက်တဲ့ကိစ္စဘယ်လိုလဲ? ဘာလို့ ဒီလောက်ပင်ပန်းနေရတာလဲ?”

ဖိဂုလျန်လည်း အဖြစ်အပျက်အားလုံး လုရှောင်ယန်ကို ရှင်းပြလိုက်ရာ လုရှောင်ယန်လည်း ဆွံ့အသွားမိတော့သည်။

ဒီလောကမှာ တခြားလူတွေရဲ့ကျင့်ကြံဆင့်ကိုဖိနှိပ်နိုင်တဲ့ ထူးဆန်းတဲ့ဖြစ်တည်မှုမျိုး အမှန်တကယ်တည်ရှိနေတယ်တဲ့လား?

ဘယ်လို မြင်းနက်မျိုးပါလိမ့်?

ဘာလို့ ဒီမြင်းနက်တွေက ရုတ်တရက်ကြီး အရမ်းကွာခြားသွားတာလဲ?

ပိုပိုပြီး လိုက်မမီနိုင်လောက်အောင် ဖြစ်နေပြီ!

***

All Chapters