အခန်း (၂၈၁-၂၈၅)
Vol. 19 Ch. 281-285
အပိုင်း ၂၈၁ ကမ္ဘာ့နံပါတ်(၁)ဂိုဏ်း
"ဘိုးဘေးကျွင့်လား? သူဘယ်အချိန်က ချိုးဖြတ်ပြီး ဝင်သွားနိုင်တာလဲ?"
ရောက်ရှိနေကြသည့် စွမ်းအားကြီးမားလှသော ပုဂ္ဂိုလ်များအားလုံးမှာ အလွန်အမင်း အံ့ဩသွားခဲ့ကြသည်။
သူတို့၏သန်မာမှုက သူတို့၏အဆင့်သို့ ရောက်ပြီးသည့်နောက်တွင် ချိုးဖြတ်ဝင်ရောက်ရတာက ကောင်းကင်ဘုံသို့ တက်လှမ်းရ သလောက်နီးနီး အခက်အခဲဖြစ်ခဲ့ကြသည်။
၎င်းက နောက်ဆုံးအဆင့်သာ ဖြစ်သော်လည်း ရှေးယခင်အချိန်များကတည်းက မရေမတွက်နိုင်အောင် များပြားလှသော ထင်ရှားသည့် ပါရမီရှင်များသည် အသက်ကြီး၍ သေဆုံးသည်အထိ နောက်ဆုံးအဆင့်၌ သောင်တင်နေခဲ့ကြသည်။
"ဒါက ဆေးဖက်ဝင်ဆေးလုံးကြောင့်ပဲ! လုရှောင်ယန်ရဲ့ ဆေးဖက်ဝင်ဆေးလုံးက သူ့ကို ချိုးဖြတ်ဝင်ရောက်ဖို့ ကူညီပေးလိုက်တာဖြစ်မယ်။"
လူတချို့သည် ပြဿနာ၏ ဖြေရှင်းရခက်သည့် အချက်ကို တုန့်ပြန်ခဲ့ပြီး ဖြစ်သည်။
လုရှောင်ယန်က ပြုံးကာ ပြောလိုက်သည်။
"တာအိုရောင်းရင်းတို့… ခင်ဗျားတို့မှန်ပါတယ်။ ကျုပ်တို့ရဲ့ အမည်မဲ့ဂိုဏ်းက အရမ်းကောင်းတယ်လို့ မပြောရဲပေမယ့် သိုင်းဘုရင်အဆင့်ကျင့်ကြံတာနဲ့ နတ်ဘုရားတစ်ပါးဖြစ်လာဖို့ အတိဒုက္ခကျော်လွှားတာလို အတတ်ပညာနဲ့ဆိုင်တဲ့ အလုပ်တွေပါလာတဲ့အခါ ကျုပ်တို့က အရမ်းအစွမ်းထက်ပါသေးတယ်။"
"ကျင့်ကြံဖို့အတွက် ကျုပ်တို့မှာ အထူးသင်ပေးတဲ့ စင်တာတစ်ခုနဲ့ ဆေးဘက်ဆိုင်ရာ ခန်းမတစ်ခု ရှိတယ်။ သေချာအောင်မြင်ဖို့ အကောင်းဆုံး ဝန်ဆောင်မှုတွေကို ကျုပ်တို့က ပံ့ပို့ပေးတယ်။ ကျင့်ကြံနည်းစနစ်တွေကနေ ကျင့်ကြံတာအထိ၊ ဆေးဖက်ဝင် ဆေးလုံးတွေကနေ သဘောပေါက်နားလည်တာအထိ ကျုပ်တို့က အရာအားလုံးကို ဂရုစိုက်ပေးမှာပါ။"
"အတိဒုက္ခအတွက် ပြီးပြည့်စုံတဲ့ တန်ပြန်ရေးအစီအမံတစ်ခု ကျုပ်တို့မှာ ရှိတယ်။"
"အခု ခင်ဗျားတို့ မြင်နေရတာက ထာဝရသစ်တောက ကျွင့်မိသားရဲ့ ကျော်ကြားတဲ့ ဘိုးဘေးပဲ။ တာအိုရောင်းရင်းတို့တော်တော်များများက သူ့အခြေအနေကို သိတယ်လို့ ကျုပ်ယုံကြည်တယ်။ သူက ပြီးပြည့်စုံတဲ့ ဒဿမမြောက် သိုင်းဘုရင်အဆင့်ကနေ နှစ်ပေါင်း များစွာကြာအောင် ရုန်းမထွက်နိုင်ခဲ့ဘူး။"
"ကျင့်ကြံတာကလဲ အသုံးမဝင်သလို ဆေးကိုလဲ သူ မသောက်နိုင်ခဲ့ဘူး။"
"သူ့ရဲ့ ဇရာ၊ သူ့သွေးအဆီအနှစ်က ကျဆင်းလာပြီး သူ့ရဲ့ ကျင့်ကြံတာတောင် လျော့လျော့လာလို့ ဒီလောက် အတိုင်းအတာ အထိ ဖြစ်ခဲ့ရတယ်။
သူ ကျုပ်တို့ရဲ့ အမည်မဲ့ဂိုဏ်းကို ဝင်လိုက်ကတည်းက ဂိုဏ်းရဲ့ အပြည့်အဝ လမ်းညွှန်မှုအောက်မှာ သူ့ရဲ့ ခါးက မနာတော့သလို သူ့ခြေထောက်တွေကလဲ မကိုက်တော့ဘူး။ သူက တစ်နပ်စာအတွက် နတ်ဆေးလုံးအများကြီးကို စားနိုင်တယ်။ သူ့ရဲ့ နေဝင်ချိန်နှစ်တွေမှာ ထိပ်တန်းကိုယ်ခံပညာရှင်ရဲ့ စံပြပုဂ္ဂိုလ်လို့ ပြောလို့ရတယ်။
ဒီနေ့က သူ အဆင့်တက်ဖို့ အတိဒုက္ခကို ကျော်လွှားတဲ့နေ့ပဲ။ ဒါက ကျုပ်တို့အမည်မဲ့ဂိုဏ်းရဲ့ အတိဒုက္ခအစီအစဉ်ကို စမ်းသပ်ဖို့ ကျုပ်တို့အတွက် အခွင့်ကောင်းပဲ။"
ထိုနေရာတွင် စုဝေးနေသော ကျင့်ကြံသူများအားလုံးမှာ အံ့အားသင့်သွားတော့သည်။
ကျွင့်မိသားစုဘိုးဘေး၏ သွေးအဆီအနှစ်က ကျဆင်းနေခဲ့သည်။ လုရှောင်ယန်က သူ့အား ဘယ်လိုကယ်တင်ပြီး အတိဒုက္ခကို ကျော်လွှားဖို့ သူ ဘယ်လို ထပ်ပြီး ချိုးဖြတ်ဝင်ရောက်နိုင်မှာလဲ?
ဒါက အမှန်လား?
ပြီးတော့ လုရှောင်ယန်မှာ အတိဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်မယ့် သေချာတဲ့ အစီအစဉ် ရှိတာလား?
ဒါက ဟာသတစ်ခုလား?
အတိဒုက္ခကို ကျော်လွန်ခြင်းက ကလေးကစားစရာမဟုတ်ကြောင်းကို သိထားရပေမည်။ ၎င်းက ကောင်းကင်ဘုံမှ စမ်းသပ်ချက်တစ်ခုဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏ ကဏ္ဍအားလုံးအတွက် စွမ်းအင်နိယာမများ၏ စမ်းသပ်မှု တစ်ခုပါပဲ။
၎င်းသည် မဟာတာအိုနိယာမများတွင်ပါဝင်သောကြောင့် အသေးအမွှားကိစ္စတစ်ခု မဟုတ်ပေ။ တကယ်တော့ နိယာမများ၏ အစွမ်းဖြင့် ကြားမှ ကွက်လပ်အတားအဆီးကို တစ်ချက်တည်းဖြင့် ထိထိမိမိ ချိုးဖြတ်ဝင်ရောက်နိုင်မှာဖြစ်သည်။
ထိုကဲ့သို့သော အရာမျိုး ဖြစ်လာတဲ့အခါ လုရှောင်ယန်က ဘယ်လို လှည့်စားလို့ရပါ့မလဲ?
ဝုန်း !
ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုနှင့်အတူ ကောင်းကင်ယံမှ ရုတ်တရက် လျှပ်စီးကြောင်းတစ်ခု ကျရောက်လာခဲ့သည်။
ဤလျှပ်စီးကြောင်းတွင် ကြီးမားသောအရှိန်အဝါတစ်ခု ပါဝင်ခဲ့သည်။
၎င်းက ဤကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး ဤကမ္ဘာကို ပျက်စီးစေမှာမဟုတ်သောကြောင့် ကွက်လပ်အတားအဆီးကို ပေါက်ပြဲသွားအောင် မလုပ်ခဲ့ပေ။
သို့သော် ၎င်းက သက်ရှိများအတွက်တော့ ကွဲပြားလေသည်။
လျှပ်စီးသည် ယခုတင် ချမ်မိသားစုလူအုပ်ထဲသို့ တိုက်တိုက်ဆိုင်ဆိုင် ကျရောက်သွားခဲ့သည်။ ထိုအခါ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတချို့မှာ ချက်ချင်း ချေမှုန်းခံလိုက်ရတော့သည်။
"လူစုခွဲကြ!"
မိသားစုကြီးများမှ ခေါင်းဆောင်များ၏ အမူအရာများက ရုတ်တရက် ပျက်ယွင်းသွားကြပြီး ချက်ချင်း ဆုတ်ခွာခဲ့ကြသည်။
ကောင်းကင်ဘုံမှလာသော အတိဒုက္ခကို ရင်ဆိုင်ရာ၌ သူတို့ အရိုအသေမဲ့ မလုပ်ရဲကြချေ။
ကောင်းကင်ယံရှိ ပုံသဏ္ဍာန်က အတန်ကြာအောင် နောက်ကြောင်းပြန်သည်အထိ ဖြစ်ခဲ့သည်။
နတ်ဘုရားတစ်ပါး ဖြစ်လာရန် အတိဒုက္ခကို ကျော်လွှားခဲ့ကြ သော်လည်း ကောင်းကင်ဘုံဆိုင်ရာအတိဒုက္ခ၏ ဖိအားက သာမန်ကာလျှံကာ ခုခံနိုင်သော အရာမျိုးတော့ မဟုတ်သေးပေ။
ဝုန်း! ဝုန်း! ဝုန်း!
ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံဆိုင်ရာအတိဒုက္ခသည် ကျွင့်ချန်မင်၏ အရှိန်အဝါကို သတိပြုမိသွားပြီး ခြိမ်းခြောက်သလိုလို၊ စိန်ခေါ်သလိုလိုဖြင့် လျှပ်စီးကြောင်းများနှင့် မြည်ဟိန်းသံ ခပ်တိုးတိုးကို ထုတ်လွှတ်နေတော့သည်။
ခေါင်းဆောင်ကျွင့်က သက်ပြင်းချလိုက်ပြီး လုရှောင်ယန်ဘေးသို့ ဖြေးညင်းစွာ ရောက်လာခဲ့သည်။
"ဂိုဏ်းချုပ်"
လုရှောင်က အချိန်အတော်ကြာ ဆန်းစစ်အကဲဖြတ်ထားသော ကံကောင်းခြင်းရွှေနဂါးတစ်ကောင်ကို ထုတ်ယူကာ သူ့ထံသို့ ကမ်းပေးလိုက်သည်။
"ဒါကိုစားလိုက်"
"အင်း!"
ခေါင်းဆောင်ကျွင့်က လုံးဝတုံ့ဆိုင်းခြင်း မရှိခဲ့ပေ။ သူက ၎င်းကို ယူကာ စားဖို့ ပြင်လိုက်သည်။
အဝေးမှ ကျင့်ကြံသူများမှာ ချက်ချင်းပင် ပဟေဠိဖြစ်သွားခဲ့ကြသည်။
"ခေါင်းဆောင်ကျွင့်၊ ခင်ဗျား ဘာစားနေတာလဲ?"
"ကျုပ်မသိဘူး။ ဒါက ငါးရှဉ့်လိုပဲ။ ဒါပေမယ့် ငါ့ရှဉ့်တွေက ဒီလို ထူပါ့မလား?"
"ခေါင်းဆောင်… အဲ့ဒါက ဘာလဲ?"
ရှီမိသားစု၏ ကျွမ်းကျင်သူများပင် ပဟေဠိဖြစ်ခဲ့ကြသည်။
ရှီမိသားစုခေါင်းဆောင်ကလည်း လုံးဝစဉ်းစားမရပဲ နက်နက်နဲနဲ တွေးနေပုံဖြင့် မျက်မှောင်ကို တင်းတင်းကြုတ်ထားခဲ့သည်။
ဤအချိန်၌ ကောင်းကင်ယံရှိ ကြီးမားသောပုံသဏ္ဍာန်က နဂါးဝတ်ရုံတွင် ထည်ဝါသောပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းသွားပြီး လူအုပ်ထဲသို့ ဆင်းသက် လာခဲ့သည်။
"ဒီဟာက ကံကောင်းခြင်းရွှေနဂါးတစ်ကောင် ဖြစ်လောက်တယ်… ဟုတ်တယ်မလား?"
မြင်ကွင်းတစ်ခုလုံးက ချက်ချင်း ငြိမ်သက်သွားတော့သည်။
ခဏအကြာတွင် တစ်စုံတစ်ယောက်က ပြောလာခဲ့သည်။
"ဘာ?"
"ခင်ဗျား နားမကြားဘူးလား? မကြားလိုက်ဘူးလား? ဒါက ကံကောင်းခြင်းရွှေနဂါးပဲ!"
"သေရော!"
ဤအချိန်၌ ရှိနေသော လူအားလုံး ပွက်လောညံသွားတော့သည်။
ကံကောင်းခြင်းရွှေနဂါး!
၎င်းက တစ်စုံတစ်ယောက်၏ ကံတရားကို မြှင့်တင်နိုင်သော တကယ့် ဒဏ္ဍာရီလာ ရွှေနဂါးတဲ့လား?
မှားများမှားတာလား?
မိသားစုတစ်စု၊ ဂိုဏ်းတစ်ခု (သို့မဟုတ်) အင်ပါယာတစ်ခုက ဤအရာကို ရရှိခဲ့လျှင် ၎င်းကို သူတို့၏ ဘိုးဘေးများလို ပြုမူရမှာ ဖြစ်သည်။
ထိုအရာက နတ်ဆေးလုံးများ၊ သိုင်းဘုရင်အဆင့်လက်နက်များနှင့် နတ်လက်နက်များထက်ပင် ပိုတန်ဖိုးရှိသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။
ဤအရာက ရတနာများကြားက တကယ့်ရတနာတစ်ခုပါပဲ!
သို့သော် ယခုအခါ လုရှောင်ယန်က ၎င်းကို ခေါင်းဆောင်ကျွင့်ကို ချက်ချင်းပေးပစ်လိုက်တာလား?
သူတို့အိပ်မက်မက်နေတာများလား?
ဤအရာက အတုအယောင်လို့ တွေးရလောက်အောင် သူတို့ စဉ်းစားဉာဏ်မမဲ့ခဲ့ကြပေ။ တကယ်တော့ ဤအရာက ရှေးဟောင်းတောင်နယ်နိမိတ်ရှိ လူက အတည်ပြုပေးထားသောအရာပင် ဖြစ်သည်။
နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ရှေးဟောင်း နဂါးဧကရာဇ်ကို ဘယ်လိုလုပ်ပြီး လိမ်ညာနိုင်ပါ့မလဲ?
ဤအချိန်၌ လူတိုင်းသည် လုရှောင်ယန်က ဘယ်ပုံဘယ်နည်း ကြောက်စရာကောင်းသည်ဆိုခြင်းကို နားလည်မှုအသစ်တစ်ခု ရခဲ့ကြသည်။
မကြာမီ ခေါင်းဆောင်ကျွင့်က ရွှေကံနဂါးကို အနည်းငယ်ကိုက်ကာ မျိုချလိုက်သည်။
ပို၍ပင် ဒေါသထွက်စရာကောင်းသောအရာမှာ သူက လေချဉ်တောင်တက်ပြလိုက်တာ ဖြစ်သည်။
"ဂေ့!"
၎င်းက ရှိနေကြသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများက သူ့အား သတ်ချင်စိတ်ပေါက်အောင် လုပ်ခဲ့သည်။
"ကောင်းပြီ… ခင်ဗျားစားပြီးရင် တက်သွားတော့။"
"ဟုတ်ကဲ့!"
ကျွင့်ချန်မင်က သူ၏လက်များကို လက်ခုပ်ပုံပြုလုပ်ကာ တုန့်ပြန်ရင်း ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားတော့သည်။
ဤအရာက လူတိုင်းကို မှင်တက်မိစေခဲ့သည်။
လူတိုင်းသိထားတဲ့အတိုင်း သန်မာတာကလွဲပြီး အတိဒုက္ခကို ကျော်လွန်တာက ကံအပေါ်၌သာ မူတည်တာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အတိဒုက္ခအတောအတွင်း လူတိုင်း၏ ခွန်အားသည် အခြေခံအားဖြင့် တူညီကြသောကြောင့် ဖြစ်သည်။ ၎င်းက စာမေးပွဲတစ်ခုလို ဖြောင့်မတ်ပါတယ်!
အထက်ကန့်သတ်ချက်မရှိသော ထိပ်တန်းပါရမီရှင်တချို့သာ ကောင်းကင်ဘုံဆိုင်ရာ အတိဒုက္ခ၏ ကန့်သတ်ချက်ကို ချိုးဖြတ်ကျော်လွှားနိုင်ကြသည်။
သို့သော် ရှေးခေတ်များထဲက ထိုကဲ့သို့သော ပါရမီရှင်များမှာ အမြဲတမ်း ရှားပါးခဲ့သည်။
အတိဒုက္ခကျော်လွန်ခြင်းနယ်ပယ်သို့ ကျင့်ကြံနိုင်သူများသည် ပါရမီရှင်များကြားတွင် ပါရမီရှင်များဖြစ်ပြီးတာကို သိထားရပေမည်။
ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်က နှစ်ထောင်ပေါင်းများစွာ အတွင်း၌ပင် မပေါ်နိုင်ပေ။
ထို့ကြောင့် ကျွင့်ချန်မင်က အတိဒုက္ခအတောအတွင်း သူ၏ကံကို တိုးမြှင့်ရန် ကံကောင်းခြင်းရွှေနဂါးကို စားသောနည်းလမ်းအား သုံးခဲ့သည်ကို လူတိုင်းက တွေ့သောအခါ သူတို့ အလွန် ထိတ်လန့်သွားကြသည်။
ဤနည်းလမ်းက တကယ့်ကို တွင်ကျယ်လာခဲ့လျှင် အခုကစပြီး အတိဒုက္ခကို အောင်မြင်စွာ ကျော်လွှားရာ၌ အခွင့်အလမ်းများစွာ တိုးလာမှာဖြစ်သည်။
မူလအောင်မြင်မှုနှုန်း (၁%) က ယခုအခါ (၁၀၀%) သို့ ရောက်ရှိနိုင်မှာဖြစ်သည်။
ဤအချိန်၌ မရေမတွက်နိုင်သော လူများသည် စ၍ ဖြားယောင်းခြင်း ခံလာရတော့သည်။
ခေါင်းဆောင်ကျွင့်က လျှပ်စီးပိတ်ဆို့မှုကို အလျင်အမြန် ချိုးဖြတ်ဝင်ရောက်ကာ ကောင်းကင်ယံရှိ လျှပ်စီးတိမ်တိုက်များထဲသို့ တဟုန်ထိုးပြေးဝင်သွားခဲ့သည်။
ဤအချိန်၌ ကောင်းကင်ယံရှိ လျှပ်စီးက ချက်ချင်း ရပ်တန့်သွားပြီး ၎င်းကို အစားထိုးလိုက်သောအရာမှာ သန့်စင်မွန်မြတ်သော ရွှေရောင်နိမိတ်တိမ်တိုက်တစ်ခု ဖြစ်လေသည်။
၎င်းသည် လျှို့ဝှက်ဆန်းကြယ်ကာ အေးချမ်းသောရောင်ဝါဖြင့် ပြည့်နှက်နေခဲ့သည်။
"သူက ဒီလိုပုံစံနဲ့ အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားခဲ့တာလား? ဒီလိုမျိုးလား?"
သန်းရာနှင့်ချီရှိသော ကျင့်ကြံသူများသည် ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ သူတို့၏ ကမ္ဘာကြီးအကြောင်း စဉ်းစားနည်းက လုံးဝ ပျက်ပြားသွားတော့သည်။
လုရှောင်ယန်လည်း သက်ပြင်းချလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းက အလုပ်ဖြစ်ခဲ့သည်။
ယခင်က အတိဒုက္ခကျော်လွှားခြင်းမှ သူ့ကိုယ်သူ တားဆီးရန်အလို့ငှာ အချက်အလက်တချို့ကို သူ ကြိုတင် စစ်ဆေးထားခဲ့သည်။
ကံကောင်းခြင်းရွှေနဂါးက အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားဖို့ ကူညီနိုင်မည်ဟု သူ ခန့်မှန်းထားခဲ့သည်။ ယနေ့တွင် တကယ်အောင်မြင်လာဖို့ကို သူ မျှော်လင့်မထားခဲ့ပေ။
ကျွင့်ချန်းမင်မှာ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များ စီးကျလာခဲ့သည်။
သူအောင်မြင်သွားပြီ!
သူအောင်မြင်သွားပြီ!
နတ်ဘုရားအဆင့်ဖြစ်လာဖို့ အတိဒုက္ခကို သူ ကျော်လွှားခဲ့ပြီ!
သူသည် အတိဒုက္ခကို ကျော်လွန်ပြီး နတ်ဘုရားအဆင့်ဖြစ်လာဖို့ ဘယ်တုန်းကမှ မလိုလားခဲ့တာ မဟုတ်ပေ။ ထိုကဲ့သို့ လှပသော အိမ်မက်က အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူ့မှာ ရှိခဲ့သည်။
သို့သော် ချိုးဖြတ်ဝင်ရောက်ဖို့ နှစ်ပေါင်းများစွာကြာတဲ့အထိ မဖြစ်နိုင်သည့် နောက်ပိုင်းတွင် သူ မျှော်လင့်ချက်မထားတော့တာ ကြာခဲ့ပြီဖြစ်သည်။ သူ၏ သွေးအဆီအနှစ်များ ကျဆင်းမှုက သူ့ကို မျှော်လင့်ချက်မဲ့အောင် ပြုလုပ်ခဲ့လေသည်။
သို့သော် အမည်မဲ့ဂိုဏ်းကို ဝင်ရောက်ပြီးနောက် ဤမျှ တိုတောင်းသောအချိန်ကာလအတွင်း၌ နောက်ဆုံးအဆင့်ကို ချိုးဖြတ်ဝင်ရောက်ရန် သူ မျှော်လင့်မထားခဲ့ပေ။ ထို့အပြင် လုရှောင်ယန်၏ အကူအညီဖြင့် နတ်ဘုရားအဆင့်ဖြစ်လာရန် အတိဒုက္ခကို သူ လုံးလုံးလျားလျား ကျော်လွှားခဲ့ပြီဖြစ်သည်။
ဤအရာအားလုံးက သူ့အတွက် အိမ်မက်တစ်ခုလိုပါပဲ!
"ဂိုဏ်းချုပ်… ကျေးဇူးပြုပြီး ကျုပ်ရဲ့ ဂါရဝပြုတာကို လက်ခံပေးပါ!"
ထို့နောက် မည်သည့်တုံ့ဆိုင်းမှုမှမရှိပဲ ကျွင့်ချန်မင်က ချက်ချင်း ပြန်ဆင်းလာပြီး လုရှောင်ယန်ရှေ့တွင် ဒူးထောက်လိုက်သည်။
လုရှောင်ယန်က ခေါင်းညိတ်ကာ အဝေးမှလူများကို ချက်ချင်း ပြောလိုက်သည်။
"ခင်ဗျားတို့ ဒါကို တွေ့လား? ကျုပ်တို့ရဲ့ အမည်မဲ့ဂိုဏ်းက ဒီလို ယုံကြည်စိတ်ချရတယ်။ အခု ကျုပ်တို့ရဲ့ဂိုဏ်းကို ဘယ်သူမဆို တိုက်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ဘယ်ဘက်မှာ ရပ်ပေးပါ။ မတိုက်ချင်ရင်တော့ ကျေးဇူးပြုပြီး ညာဘက်မှာ ရပ်ပေးပါ။ ခင်ဗျားတို့ပူးပေါင်းချင်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး အလယ်မှာ ရပ်ပေးကြပါ။"
သူပြောပြီးသည်နှင့် လူအုပ်ကြီးက စတင်၍ အုံအုံကြွကြွဖြစ်လာပြီး အလယ်ဘက်ဆီသို့ တိုးဝှေ့ဝင်လာကြတာကို လုရှောင်ယန် ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။
"ကျုပ်ကို ဝင်ခွင့်ပြုပါ။ ကျုပ်အမည်မဲ့ဂိုဏ်းကို ဝင်ချင်တယ်။"
"အမည်မဲ့ဂိုဏ်းကို ဝင်ပါဟုတ်လား? ခင်ဗျားနဲ့ တန်လို့လား? ထွက်သွားစမ်း!"
အချို့သော ကျင့်ကြံသူများက တိုက်ခိုက်ရန် ချက်ချင်း ပြင်လာခဲ့ကြသည်။
ထိုထိပ်တန်းမိသားစုများက သိပ်ပြီး စိတ်မရှည်ကြပေ။
ခေါင်းဆောင်ရှီက ပြောလာခဲ့သည်။
"ဂိုဏ်းချုပ်လု… ကျုပ်တို့ ခင်ဗျားရဲ့ဂိုဏ်းကို ဝင်ရင် အမည်မဲ့ဂိုဏ်းက သေချာပေါက် ကြီးစိုးတော့မယ်။ အဲ့ဒီအချိန်မှာ ခင်ဗျားက ဩဇာကြီးလွန်းတာမို့လို့ ကျုပ်တို့အပေါ် လက်စားချေမှာ မဟုတ်ဘူးဆိုတာကို ခင်ဗျားဘယ်လို အာမခံချက် ပေးနိုင်မလဲ?"
လုရှောင်ယန်က ပြုံးလိုက်သည်။
"ဒါက ရှင်းပါတယ်။ ကျုပ်တို့ စာချုပ်ချုပ်လို့ရတာပဲ။ ကျုပ်က တခြားသူတွေကို အနိုင်ကျင့်ပြီး ကျုပ်ရဲ့နောက်လိုက်တွေကို အနာတရဖြစ်အောင် သာမန်ကာလျှံကာ လုပ်မှာမဟုတ်ဘူးဆိုတာကို ကျုပ်ရဲ့သွေးအဆီအနှစ်နဲ့ ကျိန်ဆိုပါတယ်။"
သူထိုသို့ ပြောခဲ့သော်လည်း လုရှောင်ယန်က အလွယ်တကူ သိမ်းသွင်း၍ရသောသူတစ်ယောက် မဟုတ်ခဲ့ပေ။ စာချုပ်ကို တကယ် လက်မှတ်ထိုးဖို့ အချိန်ကျတဲ့အခါ သူ၏သွေးကို သူ သုံးမည်မဟုတ်ချေ။
ထိုအချိန်၌ သူက ဖိဂုလျန်၏သွေးကိုသာ သုံးမှာဖြစ်သည်။
လုရှောင်ယန်သည် မည်သည့်ချုပ်ချယ်မှုတွင်မှ သူ့ကိုယ်သူ ထိုးထည့်မည် မဟုတ်ပေ။
သူသည် ထိုလူများကို သူ၏လက်အောက်ငယ်သားများအဖြစ် ခေါ်ဖို့သာ လိုအပ်သည်။ တင်းကျပ်အောင် ရစ်ပတ်ထားတဲ့ လွှမ်းမိုးမှုကို သူ့ပေါ်မှာထားဖို့ သူတို့ တွေးထားကြတာလား? အိပ်မက်မက်နေလိုက်!
သူ ထိုသို့ပြောတာကို ကြားသောအခါ လူတိုင်းသည် သူတို့၏ စိတ်များထဲက အာဃာတများကို နောက်ဆုံး၌ လျှော့ချလိုက်တော့သည်။
"ကောင်းပြီ! ဒီလိုဆိုရင် ကျုပ်တို့ ပူးပေါင်းချင်ပါတယ်!"
လုရှောင်ယန်၏ နည်းလမ်းများကို သူတို့ လုံးဝ လက်ခံယုံကြည် သွားခဲ့ပြီဖြစ်သည်။
သူတို့ အမှန်တကယ် တိုက်ခိုက်လျှင် သူတို့အားလုံးက အတူတူ လက်တွဲပြီး လုရှောင်ရန်ကို အသက်မရှူနိုင်တဲ့အထိ သေချာပေါက် ဖိနှိပ်ထားမှာ ဖြစ်သည်။
နောက်ဆုံးတွင် ကမ္ဘာတစ်ဝှမ်းလုံးက ထိပ်တန်းကျွမ်းကျင်သူများသည် ဤနေရာ၌ စုစည်းခဲ့ကြလေပြီ။
သို့သော် လုရှောင်ယန်ကို သတ်ရန် သူတို့ပေးရမည့် တန်ရာ တန်ကြေးက သေချာပေါက် မနည်းဘူးဆိုတာကို သူတို့လည်း သိထားခဲ့ကြသည်။
ရှိနေကြသော ကျွမ်းကျင်သူများ၏ ထက်ဝက်ကျော်က သေချာပေါက် သေကြလိမ့်မည်။ ဒါမှမဟုတ် ထက်ဝက်ကျော်ထက် ပိုပေမည်!
ထိုအစား အမည်မဲ့ဂိုဏ်းတွင် ပူးပေါင်းတာက သူတို့အတွက် ပိုကောင်းလေသည်။
သူတို့၏ လွတ်လပ်ခြင်းနှင့် လုပ်ပိုင်ခွင့်ကို ဆုံးရှုံးနိုင်သော်လည်း သိုင်းဘုရင်အဆင့်လက်နက်များ၊ သိုင်းဘုရင်အဆင့်ဆေးလုံးများနှင့် နတ်ဆေးလုံးများအား တစ်နှစ်ကို ဝိဉာဉ်ကျောက်တုံးနှစ်တုံးဖြင့် သူတို့ ဝယ်ယူနိုင်သေးသည်။
ထို့အပြင် အရေးအကြီးဆုံးအချက်မှာ သူတို့ အတိဒုက္ခကို ကျော်လွှားနိုင်ခြင်းပါပဲ!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၈၂ နဝမမြောက်တပည့်
"ထာဝရသစ်တောက ယွီမိသားစုမှာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ (၁၁)ယောက်နဲ့ သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ(၃၉)ယောက် ရှိတယ်။ သူတို့က အမည်မဲ့ဂိုဏ်းကို တရားဝင် ဝင်လာကြပြီ။"
…
"ထာဝရသစ်တောက လီမိသားစုမှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ (၇)ယောက်နဲ့ သူတော်စင်အဆင့်ကျွမ်းကျင်သူ (၁၇)ယောက်ရှိတယ်။ အမည်မဲ့ဂိုဏ်းကို သူတို့ တရားဝင် ဝင်လာကြပြီ။"
…
"ရှေးဟောင်းတောင်နယ်နိမိတ်က ရှေးဟောင်းနဂါးဧကရာဇ်က အမည်မဲ့ဂိုဏ်းမှာ တရားဝင် ဝင်လိုက်ပြီ။"
…
"ထာဝရတောင်နယ်နိမိတ်က ရှီမိသားစုမှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ (၁၄)ယောက်နဲ့ သူတော်စင်အဆင့်ကျွမ်းကျင်သူ(၄၂)ယောက် ရှိတယ်။ အမည်မဲ့ဂိုဏ်းကို သူတို့ တရားဝင် ဝင်လာကြပြီ။"
…
အောက်မှ အဆက်မပြတ်ထွက်ပေါ်လာသော တင်ပြချက်များကို ကြားသောအခါ လုရှောင်ယန်မှာ သက်ပြင်းချလိုက်တော့သည်။
ဤ သေရေးရှင်ရေးကာလကို နောက်ဆုံး၌ သူ ဖြေရှင်းနိုင်ခဲ့လေပြီ။
အရိုးသားဆုံးပြောရရင် ထိုလူများသည် သတ်ဖြတ်ရင်း တကယ်ဒေါသထွက်လာလျှင် ၎င်းက လုရှောင်ယန်ကို ဒုက္ခရောက်အောင် လုပ်ဖို့ လုံလောက်မှာ သေချာလေသည်။
လုရှောင်ယန်ကို သတ်ဖို့က မဖြစ်နိုင်ပေ။ သူက ထိုမျှ အင်အား မနည်းပေမယ့် ဆုံးရှုံးမှု ကြီးကြီးမားမားကိုတော့ သူခံစားရမည်မှာ သေချာပေသည်။
သူဒဏ်ရာရလျှင် ယဲ့မိသားစုက သေချာပေါက် အရင်ဆုံး ရောက်လာမှာဖြစ်သည်။
လုရှောင်ယန်ကို သတ်ဖို့က သာမန်လူများအတွက် အလွန်ခက်ခဲပေမယ့် ယဲ့မိသားစုရှိ ပါရမီထူးပြီးအောင်မြင်သူများကတော့ သူ့ကို သတ်ဖို့ အခွင့်အလမ်း မြင့်မားကြသည်။
ထို့ကြောင့် သူက မတိုက်ချင်ခဲ့ပေ။
ယခုအခါ သူတို့က မတိုက်ခဲ့ယုံသာမက သူ၏လက်အောက်ငယ်သားများပါ ဖြစ်လာခဲ့ကြသည်။
ယခုအချိန်မှစပြီး အမည်မဲ့ဂိုဏ်းက တစ်ကမ္ဘာလုံးတွင် အင်အားအတောင့်တင်းဆုံးဂိုဏ်းတစ်ခု ဖြစ်လာပေတော့မည်။
နတ်ဘုရားအဆင့်ရောက်ဖို့ အတိဒုက္ခကို သူ မကျော်မချင်း သိက္ခာမဲ့စွာ နေချင်ခဲ့သည်။ နှစ်ပေါင်းအနည်းငယ်ကြာအောင် ထိုသို့နေထိုင်ပြီးနောက်မှာတော့ သူက ကမ္ဘာ၏ အကြီးအကဲတစ်ယောက် ချက်ချင်းဖြစ်လာမည်ဆိုခြင်းကို မျှော်လင့်မထားခဲ့ပေ။
ယခုအခါ ယဲ့မိသားစုရှိ ပါရမီထူးသူတစ်ယောက်နှင့် ဟန်ကျန့်သာ ကျန်တော့သည်။
ဟန်ကျန့်သည် ရှေးဟောင်းအထွတ်အထိပ်အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ထားသောကြောင့် ယခု သူ ထွက်မလာတာ ဖြစ်နိုင်သည်။
လုရှောင်ယန်က သူ့အတွက် ဒုက္ခမခံနိုင်ပေ။ သူက သူ၏လက်အောက်ငယ်သားများကို ဟန်ကျန့်လို အရူးတစ်ယောက်နောက်သို့ လိုက်ခိုင်းမည် မဟုတ်ချေ။
ဤလူကို နတ်ဘုရားအဆင့်ကျင့်ကြံနည်းစနစ်များဖြင့် လွှမ်းခြုံထားသည်။ ထို့အပြင် သူတို့အားလုံးသည် ကျင့်ကြံနည်းစနစ်များမှ ရှောင်ရှားခဲ့ကြသည်။ သိုင်းဘုရင်အဆင့်၏ အထွတ်အထိပ်တွင်ရှိသော ကျွမ်းကျင်သူပင် သူ့ကို ဖမ်းနိုင်မည် မဟုတ်ပေ။
သူက ဟန်ကျန့်နောက်ကိုလိုက်လျှင် အတွေ့အကြုံ၊ ပစ္စည်း၊ ဆေးဖက်ဝင်ဆေးလုံးများနှင့် အမျိုးမျိုးသော ရင်းမြစ်များကို ဟန်ကျန့်အား ပေးလိုက်ခြင်းဖြင့်ပင် သူ အဆုံးသတ်သွားနိုင်သည်။
သူက ဟန်ကျန့်အား သိက္ခာမဲ့စွာ နေထိုင်ဖို့ကို ခွင့်ပြုပေးနိုင်သည်။ တကယ်တော့ သူ၏ကျင့်ကြံခြင်းက ယခု ဘယ်သူ့ကိုမှ မထိခိုက်နေခဲ့ပေ။
ဤကိစ္စသည် အဖြစ်အပျက် နောက်ကွယ်ရှိ ယဲ့မိသားစုကြောင့် ဖြစ်ခဲ့သည်ဆိုခြင်းက ပြောဖို့ပင် မလိုတော့ချေ။
သူ ယဲ့မိသားစုကို သတ်ပစ်ရပေမည်။ ထိုအတွက် ဆွေးနွေးစရာ အကြောင်းမရှိပေ။
သို့သော် အခုတော့ မဟုတ်ပေ။
ပထမဆုံး ဝမ့်ခိုက်က အဆင့်တက်တာ မပြီးသောကြောင့် မနိုးခဲ့ချေ။
ဒုတိယအချက်အနေဖြင့် လုရှောင်ယန်သည် နတ်ဘုရားအဆင့်ကိုတက်ဖို့ ခြေတစ်လှမ်းသာ ဝေးတော့သည်။
သူ၏သန်မာမှု အနည်းငယ် ပိုတိုးလာဖို့ကို သူ မျှော်လင့်ထားဆဲဖြစ်သည်။
နတ်ဆိုးအကြောင်းပြောခြင်းက နတ်ဆိုးကို ရောက်လာကောင်း ရောက်လာစေနိုင်သည်။ လုရှောင်ယန်က ဝမ့်ခိုက်ကို စဉ်းစားလိုက် ယုံဖြင့် လုရှောင်ယန်၏ ခန္ဓာကိုယ်ထဲရှိ ဝမ့်ခိုက်က နိုးလာခဲ့သည်။
[သခင်… မတွေ့တာကြာပြီနော်။ ငါ့ကို သတိရရဲ့လား?]
လုရှောင်ယန်က အလွန်ပျော်ရွှင်ပြီး စာကြည့်ခန်းသို့ ချက်ချင်း ကူးသွားခဲ့သည်။
"နောက်ဆုံးတော့ မင်း အဆင့်တက်တာ ပြီးသွားပြီပေါ့။"
ဝမ့်ခိုက်သည် လုရှောင်ယန်၏ခန္ဓာကိုယ်ကနေ တွား၍ ထွက်လာခဲ့သည်။ ၎င်း၏ အဖြူရောင် အဝတ်အထည်များက နှင်းထက် ပိုဖြူပြီး ၎င်းပခုံးများပေါ်ရှိ အဝတ်များက အနည်းငယ် ကျနေခဲ့သည်။ ၎င်း၏ ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသားအရေက ပို၍ပင် နူးညံ့ချောမွေ့တော့သည်။
သူမ၏ ရှည်လျားသော ခြေတံများက အနည်းဆုံး တစ်မီတာမျှ ရှည်လျားသည်။ သူမ၏ ခြေထောက်သေးသေးလေးက လှုပ်ယမ်းနေခဲ့ပြီး ခြေထောက်နောက်ပိုင်းက ဖြောင့်စင်းနေတော့သည်။
[သခင်၊ ငါကြည့်ကောင်းလား?]
လုရှောင်ယန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ ပြန်ပြီး ပုံမှန်လို ဖြစ်နိုင်မလား? ဒီဟာတွေ လုပ်နေတာကို ရပ်လိုက်တော့။ မင်းက ခွေး၊ ငါကလူ။ ငါတို့ရဲ့ ဖွဲ့စည်းပုံက မတူဘူး။ ဒီဟာတွေကို တစ်နေ့လုံး ဘာလို့ လုပ်နေတာလဲ?
ဝမ့်ခိုက် : "…."
ခဏအကြာတွင် ဝမ့်ခိုက်သည် ၎င်း၏ သားရဲခန္ဓာကိုယ်ပုံစံသို့ ပြန်ပြောင်းသွားတော့သည်။ ၎င်းက သန်မြန်သော ဝံပုလွေတစ်ကောင် ဖြစ်သွားပြီလား?
ဒါက ပြောင်းပြန် ဆင့်ကဲဖြစ်စဉ်တစ်ခုလား?
ဝမ့်ခိုက်က ခွေးတစ်ကောင် မဟုတ်ပဲ ဝံပုလွေတစ်ကောင်ဆိုတာကို လုရှောင်ယန် ရှင်းရှင်းလင်းလင်း ပြောနိုင်ပါသည်။
"ဒီတစ်ခါ မင်း ဘာမှတ်ဉာဏ်တွေကို ရခဲ့လဲ?
[ရတာပေါ့။ လီကောက လူတိုင်းနဲ့အတူ သခင့်ကို တိုက်ခိုက်တာကို ငါ မြင်ခဲ့ရတယ်]
လုရှောင်ယန် : "…."
"လီကောက တခြားသူတွေနဲ့အတူ ငါ့ကို တိုက်ခိုက်နေတယ် ဟုတ်လား? ဒီကောင်…"
[ဟုတ်တယ်။ သူက လှံတစ်ချောင်းနဲ့ ရှေ့ကပြေးနေတာ။ ဒါပေမယ့် သူက သခင့်ရဲ့ အရိုက်ခံရပြီးတဲ့နောက်မှာလဲ အခံရဆုံးသူပဲ။ လီကောက မြန်မြန် မရှောင်ခင် သခင့်ဆီက တစ်ခုခုကိုတောင် ခိုးယူသွားခဲ့တယ်]
လုရှောင်ယန် ဆွံ့အသွားတော့သည်။
ဤအယုတ်တမာကောင် လီကောက သူ၏ယခင်ဘဝတွင် သူ့ကို တကယ်ပဲ မညှာမတာ ရိုက်ခဲ့တာလား? သူ့ပစ္စည်းတွေကိုတောင် ခိုးယူဖူးတာလား?
ဒီလူက ဘယ်သူလဲ?
၎င်းကို ပြောရမည်ဆိုလျှင် လီကော၏ ကျင့်ကြံခြင်းက အညံ့ဆုံးဖြစ်ပြီး သူ၏ ပါရမီက အဆိုးဆုံးဖြစ်ပေမဲ့ သူ၏ နတ်ဝိညာဉ်က အထူးခြားဆုံးဖြစ်သည်။
အခြားသူများ၏ နတ်ဝိညာဉ်များကို ကျင့်ကြံခြင်းအားဖြင့် အင်အားဖြည့်တင်းကြပေမယ့် သူသည် သူ့ကိုယ်သူ အင်အားဖြည့်တင်းဖို့ နတ်ဝိညာဉ်များကို တိုက်ရိုက် ဝါးမျိုနိုင်သည်။
ထို့အပြင် လုံးဝ ဘေးထွက်ဆိုးကျိုးမရှိပေ။
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် သူသည် ပိုသန်မာလာစေရန် ဝါးမျိုနေသော စိတ်ဝိညာဉ်များအပေါ်၌ အားကိုးခဲ့ရသည်။
၎င်းက စကြဝဠာတစ်ခုလုံးတွင် အဆိုးဆုံးနတ်ဆိုးဝိညာဉ် ဖြစ်နိုင် သည်။
သူက နတ်ဆိုးတစ်ကောင်လိုပါပဲ။
ထားလိုက်ပါတော့။ လီကောကို သူ့တပည့်အဖြစ် ခေါ်ထားပြီးဖြစ်သည်။ ဝမ့်ခိုက်က သူ့အား ဖိနှိပ်ထားခြင်းကြောင့် သူလုံးဝ ပုန်မကန်နိုင်ခဲ့ပေ။
ထို့အပြင် သူ၏ယခင်ဘဝ၌ပင် လီကောသည် သူ ရိုက်နှက်တာကို ခံခဲ့ရလေသည်။
၎င်းက သူ၏ယခင်ဘဝဖြစ်စေ၊ ယခုဘဝဖြစ်စေ စိတ်ပူစရာ ဘာမှ မရှိပေ။
"ဒါနဲ့ တခြားဘယ်တပည့်တွေကို မင်း တွေ့ခဲ့လဲ?"
[မတွေ့ဘူး။ လီကောကိုပဲတွေ့ခဲ့တာ]
လုရှောင်ယန်က အနည်းငယ် တွေးဆလိုက်သည်။ ထိုသို့ဆိုလျှင် လီကောက တကယ့်ကို မူမမှန်တာပဲ။
ဝမ့်ခိုက်က သူ့ကို မွေးဖွားခဲ့တာ ကြာပြီဟု ပြောခဲ့ဖူးသည်။
ထိုခေတ်က ကျင့်ကြံသူများသာ ရှိလောက်သည်။
သူ၏တပည့်များကြားတွင် လီကောတစ်ယောက်သာ သူ့လို တူညီသောခေတ်မှာ ရှိခဲ့သည်။ လီကောက သေချာပေါက် သာမန်လူ တစ်ယောက် မဟုတ်ပေ။
သို့သော် ပြောရမည်ဆိုလျှင် သူ၏တပည့်များတွင် သူတို့၏ ကိုယ်ပိုင်ထူးခြားသော လက္ခဏာများ ရှိပုံပေါ်သည်။ သူတို့အားလုံးက သူ့အရင်ဘဝက ဩဇာရှိသူများ ဖြစ်နိုင်လောက်လား?
နောက်ဆုံးတွင် လီကောက သူနှင့်တစ်ခေတ်ထဲမှ ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းကို အတည်ပြုပြီးခဲ့လေပြီ။
၎င်းနှင့်ပတ်သက်ပြီး သူ မည်သို့ စဉ်းစားပါစေ ၎င်းက ယုတ္တိမရှိပေ။
၎င်းကိုမေ့ပစ်လိုက်ပြီး ထိုအကြောင်းကို မစဉ်းစားဖို့ သူ ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဝမ့်ခိုက်က သူ၏မှတ်ဉာဏ်များအားလုံးကို ပြင်ဆင်ပြီးသောအခါ သူဘယ်သူဖြစ်ကြောင်းကို သိလာပေလိမ့်မည်။
"ဒီတစ်ခါ မင်းရဲ့ အဆင့်တက်တာပြီးတဲ့နောက်မှာ ဘာစွမ်းရည်အသစ်တွေကို မင်းရခဲ့လဲ?"
[ဟုတ်ကဲ့၊ ဟုတ်ကဲ့။ အဝေးက တပည့်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ငါရနိုင်ပြီ။ ဥပမာ တပည့်တွေ တိုက်ခိုက်ခံရပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာရလာခဲ့ရင် ငါက အဲ့ဒါကို သခင့်ဆီ အချိန်မီ တင်ပြနိုင်တယ်]
"ဒီစွမ်းရည်က အရမ်းအသုံးဝင်မယ့်ပုံမပေါ်ပါဘူး။"
[ ဒါက အရမ်းကို အထင်ကြီးစရာ ဖြစ်နေပြီ။ တကယ်တော့ ဒါက အပိုစွမ်းရည်တစ်ခုဖြစ်ပြီး အလုပ်လုပ်နေတဲ့ စွမ်းရည်မဟုတ်ဘူး။ ငါ့ရဲ့စွမ်းရည်က အကြောင်းအရာတွေကို ဖန်တီးတာနဲ့ တပည့်တွေကို ခေါ်တဲ့အပေါ်မှာ အာရုံစိုက်ထားတုန်းပဲ]
"ကောင်းပြီ။ မင်းအသစ် ဘာရှာတွေ့ခဲ့လဲ?"
[သခင်။ ငါ အောင်အောင်မြင်မြင် တိုးတက်လာတဲ့အချိန်မှာ နဝမြောက်တပည့်ကို ငါ စုံစမ်းခဲ့ပြီးပါပြီ။ တစ်ဖက်လူက သွေးလုံးတစ်လုံးလို ပြောင်းသွားပြီး သွေးပင်လယ်ထဲမှာ ရှိနေတာမို့လို့ ဝိညာဉ်လမ်းညွှန်မှုကို ငါ အသက်မသွင်းနိုင်ခဲ့ဘူး]
"ကောင်းပြီ။ ဒါဆို တစ်ဖက်ကလူကို အရင် ပြန်ခေါ်ကြတာပေါ့"
[ဟုတ်ကဲ့]
ဝမ့်ခိုက်က လုရှောင်ယန်၏ စိတ်ထဲသို့ မြေပုံညွှန်းကို ပေးပို့လိုက်သည်။
လုရှောင်ယန်က ကောင်းကင်ဖြိုခွဲလွန်းကို ချက်ချင်းအသုံးပြုကာ ထိုနေရာသို့ ရောက်သွားတော့သည်။
"နတ်ဘုရားအဆင့်အထက်မှာရှိတဲ့သူတွေက လေဟာနယ်ကို ဖြတ်ကျော်ရုန်းထွက်နိုင်ပြီးတော့ ဒီနေရာကို ကူးပြောင်းနိုင်ကြတယ်တဲ့။ အဲ့ဒီအချိန်ကျရင် ကောင်းကင်ဖြိုခွဲလွန်းကို သုံးဖို့ ငါထပ်လိုမှာမဟုတ်ဘူး။"
တီးတိုးရေရွတ်ပြီးနောက် လုရှောင်ယန်က သူ့ရှေ့ကို ကြည့်လိုက်သည်။
ဤနေရာက အဆုံးမဲ့ချောက်ကမ်းပါးတစ်ခုဖြစ်သည်။ ချောက်ကမ်းပါးက မြေပြင်ပေါ်တွင်ရပ်ပြီး တိမ်တိုက်များထဲသို့ ထိုးထွက်နေသော နံရံမြင့်မြင့် တစ်ခုလိုပါပဲ။
"ဒီနေရာက အရှိန်အဝါနဲ့ နည်းနည်း ရင်းနှီးတယ်။"
[ဒါက အကြီးအကဲ ထျန်းကျီရဲ့ ရောင်ဝါပဲ]
ဝမ့်ခိုက်ထိုသို့ ပြောလိုက်မှ လုရှောင်ယန်က ချက်ချင်း အမှတ်ရ
သွားတော့သည်။
၎င်းက တကယ့်ကို အကြီးအကဲထျန်းကျီ၏ ရောင်ဝါပါပဲ။
"ဖြစ်နိုင်လောက်လား…?"
လုရှောင်ယန်က အနည်းငယ် မျက်မှောင်ကြုပ်လိုက်သည်။ အတွေးတစ်ခုဖြင့် ချောက်ကမ်းပါးပေါ်ရှိ လိုဏ်ဂူတစ်ခုသို့ သူရောက်လာခဲ့သည်။
တကယ်တော့ ဤလိုဏ်ဂူထဲတွင် နတ်ဘုရားအဆင့် အခင်းအကျင်း အစီအရင်တစ်ခု ရှိခဲ့သည်။
သို့သော် ၎င်းက လုရှောင်ယန်အတွက် အခက်အခဲ မရှိခဲ့ပေ။
အစီအရင်နည်းစနစ်များက လုရှောင်ယန်တွင် အကောင်းဆုံးအရာဖြစ်သည်။
သူက ဤအခင်းအကျင်းအစီအရင်ကို ချက်ချင်း ဖြေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း၌ တဆတ်ဆတ်တုန်နေသော သွေးရောင် နှလုံးသားတစ်ခု ခုန်ထွက်လာခဲ့သည်။
လုရှောင်ယန်က သူ့မျက်ခုံးများကို အနည်းငယ် မြှင့်လိုက်ရင်း လိုဏ်ခေါင်း၏ အနက်ဆုံးသို့ ရောက်လာခဲ့သည်။
အေးစက်သောလေများက အထဲသို့ တရဟော တိုးဝင်လာပြီး လုရှောင်ယန်၏ရှေ့တွင် သွေးအိုင်ကြီးတစ်ခု ပေါ်လာခဲ့သည်။
ဤသွေးအိုင်က ကြီးမားယုံမက ၎င်းအထဲရှိ စွမ်းအင်ကလည်း ထူးခြားတော့သည်။
"ဒီသွေးအိုင်ထဲမှာ စုပ်ထားတဲ့ အနိမ့်ဆုံးအဆင့်သွေးက ဘုရင်အဆင့်အထက်ရဲ့ သွေးတွေ ဖြစ်နိုင်တယ်။ ပြီးတော့ ဒီအဆင့်ကိုရောက်ဖို့ အကြီးအကဲထျန်းကျီက နှစ်ပေါင်းထောင်ချီကြာအောင် စုဆောင်းထားခဲ့တာပဲ။"
အတိဒုက္ခကို သူ ကျော်ဖြတ်ပြီးသောအချိန်၌ သူ သုံးဖို့အတွက် ဤသွေးများကို သူမ စုဆောင်းထားခဲ့ခြင်းဖြစ်သည်ဟု သူမ တစ်ခါ ပြောဖူးခဲ့သည်။
"သူတို့ထဲမှာ ငါ့ရဲ့ ကိုးယောက်မြောက် တပည့်ရှိဖို့ကို ငါမျှော်လင့်မထားဘူး။"
ဝမ့်ခိုက်၏ သတင်းအရ သူ၏တပည့်သည် စုလင်းဝူဟုခေါ်သော အယောင်ဆောင်နတ်ဘုရားအဆင့် လေလွင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်လေသည်။
ယဲ့ကျွင်းလင်၏ မွေးနေ့တွေ့ဆုံပွဲ၌ ယဲ့ကျွင်းလင်ကို သူစော်ကားခဲ့သောကြောင့် ယဲ့မိသားစုက သူ့အား သတ်ခဲ့ကြသည်။
လုရှောင်ယန်က သူ့လက်ကို ဝှေ့ယမ်းကာ သွေးအိုင်ထဲမှ သွေးကို ချက်ချင်းထုတ်ယူကာ သူ၏ ခန္ဓာကိုယ်ပုံစံငယ်ပြုလုပ်သော အမှတ်အသားထဲသို့ ၎င်းကို စုပ်ယူလိုက်လေသည်။
တစ်ဘက်လူက သူ့ခန္ဓာကိုယ်အား ပြုပြင်ရာ၌ အကူအညီပေးဖို့ ရှန်းထီကျောက်ရှင်ကို သူ အသုံးပြုနိုင်သည်။
ရှန်းထီကျောက်ရှင်အမှတ်အသားသည် ခန္ဓာကိုယ်ကို ပြုပြင်ရန် လုပ်ငန်းစဉ်တစ်ခုကို လိုအပ်လေသည်။ လုရှောင်ယန်က မဟာတာအိုမွေးဖွားခြင်းကို အသုံးပြုလျှင်တောင်မှ သူ အချိန်အတိုင်းအတာ အနည်းငယ်ကို သူလိုအပ်သေးသည်။
ဤအခွင့်အရေး၏ အားသာချက်ကိုယူကာ သွေးအိုင်၏အလယ်ရှိ နှစ်ထောင်ပေါင်းများစွာ အစုအပုံကို ပေါ့ပေါ့ပါးပါးဖြင့် ထုတ်ယူလိုက်လေသည်။
ထိုအရာများက အစထဲက သူ့အတွက် ချန်ထားခဲ့တာမို့လို့ ၎င်းတို့အား ယူဖို့က သူ့အတွက် မသင့်လျော်စရာမရှိပေ။
သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်
ရောက်ခါနီးပြီဖြစ်သောကြောင့် ၎င်းကို သူ အချိန်မရွေး လိုအပ်နိုင်သည်။
သွေးများအားလုံးကို စုဆောင်းပြီးသည့်နောက်မှာတော့ ဤလိုဏ်ဂူထဲ၌ လုရှောင်ယန် ထပ်နေစရာ မလိုတော့ပေ။
သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်ကာ အခန်းတစ်ခုသို့ ကူးသွားခဲ့သည်။
၎င်းက အကြီးအကဲထျန်းကျီ နေနေကျအခန်း ဖြစ်လောက်သည်။
အခန်းက အလွန် ရိုးရှင်းပေသည်။ ကျောက်အိပ်ယာတစ်ခု၊ သစ်သားစားပွဲတစ်လုံးနှင့် တရားထိုင်ကူရှင်တစ်ခုသာ ရှိခဲ့သည်။
အခန်းနံရံပေါ်တွင် ထွင်းထုထားသည့် လှပသော အမျိုးသမီး တစ်ယောက်၏ပုံ ရှိလေသည်။ ၎င်းက သူတစ်ခါလောက်သာ တွေ့ဖူးခဲ့သော အကြီးအကဲထျန်းကျီ၏ ဝိညာဉ်နှင့် တစ်ထပ်ကျ နေခဲ့သည်။
၎င်းက အကြီးအကဲထျန်းကျီ ဖြစ်လောက်သည်ဟု ယူဆရပေသည်။
သို့သော် သူမ၏ဘေးတွင် သူမ၏အလှကို ယှဉ်နိုင်သော အမျိုးသမီး နှစ်ဦးရှိလေသည်။
သူတို့ထဲမှတစ်ယောက်က ရင့်ကျက်ပြီး ကြော့ရှင်းလှသည်။
အခြားတစ်ယောက်ကမူ အနည်းငယ် မာနကြီးပြီး ငယ်ရွယ်နုပျိုသော အရှိန်အဝါ ရှိလေသည်။
သူတို့သုံးယောက်ထဲတွင် ရင့်ကျက်သောသူက အစ်မကြီးဖြစ်လောက်ပြီး အနည်းငယ် မာနကြီးသောသူက ဒုတိယအစ်မ ဖြစ်လောက်သည်။ အကြီးအကဲထျန်းကျီကမူ တတိယညီမ ဖြစ်လောက်လေသည်။
လုရှောင်ယန်က ဤအရာကို သူမ၏ အရှိန်အဝါဖြင့် မဟုတ်ဘဲ သူတို့၏ ခန္ဓာကိုယ်များဖြင့် အဓိက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
တစ်ယောက်က ရင်အတိုင်း နံပါတ် (၅၀)ရှိပြီး နောက်တစ်ယောက်က နံပါတ်(၄၀)ရှိသည်။ သို့သော် အကြီးအကဲထျန်းကျီ၏ နံပါတ်မှာမူ (၃၀) လောက်သာ ဖြစ်နိုင်လေသည်။
ပေါက်ကရတွေပဲ။ အဝတ်အစားများဝယ်ဖို့က သူတို့အတွက် မလွယ်လောက်ပေ။
ခဏမျှ ငြိမ်သက်သွားပြီးနောက် လုရှောင်ယန်က သူတို့ထဲမှ တချို့ကို ဦးညွှတ်လိုက်သည်။
ကောင်းကင်လျှို့ဝှက်ချောက်ကမ်းပါး၏ အကြီးအကဲတွင် သူ့အား ကူညီဖို့အတွက် အကြောင်းရင်းတစ်ခု ရှိကောင်းရှိနိုင်သည်။
သို့သော် ယခုအခါ သူမ သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် သူ၏ ကျေးဇူးတင်ခြင်းကို ဖော်ပြခွင့်သာ ရှိတော့သည်။
ထို့နောက် သူ၏အကြည့်က စားပွဲပေါ်သို့ ရောက်သွားခဲ့သည်။ ၎င်းပေါ်တွင် မှတ်စုစာအုပ်ငယ်တစ်အုပ် ရှိနေခဲ့သည်။ ၎င်းက အကြီးအကဲထျန်းကျီ မှတ်တမ်းတင်ထားခဲ့သော အချက်အလက် ဖြစ်လောက်သည်။
လုရှောင်ယန်က စာအုပ်ကို ဖွင့်ကာ လှန်လိုက်ပြီး ၎င်းအပေါ်တွင် သူ၏အကြည့်ကို ဝေ့ကြည့်လိုက်လေသည်။
ဒါက သူ့အတွက် ရေးထားတာပဲ။
"လုရှောင်ယန်။ မင်း ဒီစာအုပ်ကို တွေ့တဲ့အချိန်မှာ ငါသေသွား လောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့မစ်ရှင်ကတော့ ပြီးသွားပြီ။ ကျန်တဲ့လမ်းကို လျှောက်ဖို့က မင်းကိုယ်မင်းပဲ အားကိုးရမယ်။"
"သွေးအဆီအနှစ်အများကြီးနဲ့ မင်း နတ်ဘုရားအဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့ လုံလောက်မှာပါ။
ဒါပေမယ့် နတ်ဘုရားတစ်ပါး ဖြစ်လာတာက ပထမခြေလှမ်းပဲရှိသေးတယ်။ နတ်ဘုရားတစ်ပါးဖြစ်လာပြီးတဲ့နောက်မှာ ပိုအန္တရာယ်များတဲ့ ဘဝတစ်ခုနဲ့ တွေ့ရမယ်ဆိုတာကို မင်း ထည့်တွက်ထားရမယ်။
ဒီမှတ်စုစာအုပ်မှာ နတ်ဘုရားလောကနဲ့ပတ်သက်တဲ့ အချက်အလက်တွေပါတယ်။ ဒါကို မင်းအတွက် ငါကြိုပြီး စီစဉ်ထားတာ။”
“ဒါက မင်းအတွက် အသုံးဝင်တယ်။ မပျောက်စေနဲ့။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၈၃ ထူးကဲသော အတိဒုက္ခ
နိဒါန်းကို ဖတ်ပြီးနောက် လုရှောင်ယန် ကျန်တာတွေကို ဆက်ဖတ်လိုက်သည်။ အခြေခံအားဖြင့် နတ်ဘုရားလောကတွင် အင်အားများဖြန့်ခြင်းနှင့် ပတ်သက်သော အချက်အလက်တချို့နှင့် သီးသန့်အချက်အလက်တချို့ရှိခဲ့သည်။
ဥပမာအားဖြင့် နတ်ဘုရားဓားဂိုဏ်းဟုခေါ်သော ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူသည် နတ်ဆိုးဂိုဏ်းမှ အမျိုးသမီးတစ်ဦးနှင့်ချစ်ကြိုက်ကာ ကလေးတစ်ယောက် ရခဲ့သည်။
ထို့နောက် အမျိုးသမီးဖြစ်သူက တိုက်ပွဲတွင် သေဆုံးသွားပြီး ကလေးက နတ်ဆိုးဂိုဏ်းတွင် အရွယ်ရောက်လာခဲ့သည်။ နတ်ဘုရားဓားဂိုဏ်းခေါင်းဆောင်က သူတော်စင်ဂိုဏ်းတပည့်များစွာကို သတ်ရန် ဤမိန်းကလေးအား နှစ်ပေါင်းများစွာကြာအောင် အမြဲတမ်းအကူအညီပေးနေခဲ့သည်။
ယခုအခါ မိန်းကလေးသည် နတ်ဆိုးဂိုဏ်း၏ မြင့်မြတ်သောမိန်းမပျိုပင် ဖြစ်လာခဲ့ပြီဖြစ်သည်။
နောက်ထပ်ဥပမာမှာ မျိုးရိုးအမည် ချန်နှင့်မိသားစုတစ်ခုတွင် ဖြစ်သည်။ ထိုမိသားစု၏ ခေါင်းဆောင်ဖြစ်သူက သူ့ညီငယ်၏ ဇနီးဖြစ်သူနှင့် အချစ်ဇာတ်ခင်းခဲ့သည်။ သူ၏ညီငယ်ဖြစ်သူက သူ၏သားဖြစ်သူကို နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ပေးနေခဲ့သည်။
ထိုကဲ့သို့သော အကြောင်းအရာများက မရေမတွက်နိုင်အောင်ပါပဲ။
ဤအချက်အလက်ဖြင့် လုရှောင်ယန်က တခြားဘက်၏ အားနည်းချက်ကို ပစ်မှတ်ထားနိုင်ပြီး တချို့သော ရည်မှန်းချက် ပန်းတိုင်များကို အောင်မြင်မှုရရှိရန် ၎င်းကို အသုံးချနိုင်မှာဖြစ်သည်။
သို့သော် အကြီးအကဲထျန်းကျီ သူမ၏ အမှာစကားကိုလည်း ပြောထားခဲ့လေသည်။
ဤအချက်အလက်အများစုက လုမိသားစုဝန်းကျင်ကို ဗဟိုပြု ထားခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ၎င်းသည် လုမိသားစုနယ်မြေဝန်းကျင်ရှိ အင်အားစုတချို့နှင့်ပတ်သက်သော အချက်အလက်ဖြစ်လေသည်။
လုရှောင်ယန်ကလည်း ဤအရာကို နားလည်နိုင်သည်။
တကယ်တော့ နတ်ဘုရားလောကက ကြီးမားလွန်းလှပေသည်။ သူမက အရာရာတိုင်းကို စူးစမ်းလေ့လာခဲ့လျှင် ဤအချိန်တွင် သူမ သေဆုံးလိမ့်မည် မဟုတ်ပေ။
"ဝမ့်ခိုက်… ငါ့မှာ အကြီးအကဲထျန်းကျီရဲ့သွေးစက်နဲ့ သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန်ရှိသေးတယ်။ ရှန်းထီကျောက်ရှင်အမှတ်အသားကို အရင် ငါသုံးတဲ့အချိန်တုန်းက သူ့ကို ငါဘာလို့ ပြန်အသက်မသွင်းနိုင်တာလဲ။"
[ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ရှန်းထီကျောက်ရှင်က အခု နတ်ဘုရားလက်နက်အဆင့်မှာပဲ ရှိတာ။ အဲ့ဒါက နတ်ဘုရား လက်နက်တောင် မဟုတ်ဘူး။ ပြီးတော့ နတ်ဘုရားလောကရဲ့ နယ်ပယ်ကို ခုထိ မကျော်ရသေးဘူး]
[ဒါပေမယ့် အကြီးအကဲထျန်းကျီရဲ့ သွေးနဲ့ အရိုးတွေက နတ်ဘုရားအဆင့်ကို အမှန်တကယ် ကျော်လွန်သွားပြီ။ ဒါက အကြီးအကဲထျန်းကျီကို အသက်ပြန်သွင်းဖို့ သခင့်အတွက် မဖြစ်နိုင်တာ သဘာဝကျပါတယ်]
"ငါသိပြီ။"
လုရှောင်ယန်က သူ့စိတ်ထဲမှာ တွက်ချက်လိုက်သည်။ အကြီးအကဲထျန်းကျီကို ကယ်တင်ရန် နည်းလမ်းတစ်ခုကို မစဉ်းစားမီ အနာဂတ်တွင် ရှန်းထီကျောက်ရှင်အမှတ်အသားကို ပိုမြင့်သော အဆင့်တစ်ခုသို့ တက်သည်အထိ သူ စောင့်ရမည့် ပုံပါပဲ။
ဤအရာကို စဉ်းစားရင်း လုရှောင်ယန်က အကြီးအကဲထျန်းကျီ၏ မှတ်စုစာအုပ်ကို ယူလိုက်သည်။
သူထွက်သွားပြီးနောက် ကောင်းကင်လျှို့ဝှက်ချောက်ကမ်းပါးလည်း လုံးဝ ပြိုကျသွားတော့သည်။
ချောက်ကမ်းပါးပြိုကျရာမှ ထွက်လာသည့် ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ အပျက်အစီးပုံတစ်ခုအဖြစ်သို့ ပြောင်းသွားတော့သည်။
…
ထာဝရသစ်တော … ယဲ့မိသားစု၏ မြင့်မြတ်သောမြေ…
ရွှေရောင်အလင်းများ တဖျပ်ဖျပ်လှုပ်နေစဉ် ပုံသဏ္ဍာန်တစ်ခုက လေဟာနယ်ကို ခွဲထွက်ကာ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
ဤပုံသဏ္ဍာန်က (၈)ပေမြင့်ပြီး ကြယ်ပမာတောက်ပသောမျက်လုံးများ၊ ထင်ရှားသောမျက်ခုံးများ အလွန်ယောက်ျားပီသသောမျက်နှာနှင့် ထူးခြားသော ရောင်ဝါလက္ခဏာများ ရှိသည်။
သူ၏ရှေ့တွင် ဝတ်ရုံနက်တစ္ဆေတစ်ကောင်က ဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့သည်။
တစ်ဘက်က မြင်ရသောအခါ ခံ့ညားသော သူ့အား ချက်ချင်းပင် လက်ဖြင့်အုပ်ကာ ပြောလိုက်သည်။
"ကျွင့်လင်း ဆရာ့ကို နှုတ်ဆက်ပါတယ်။"
"ဟုတ်ပါရဲ့။ မင်းက နတ်ဘုရားရဲ့သွေးနဲ့ လုံးဝ ပေါင်းစပ်ထားသလိုပါပဲလား။ ဒီအချိန်မှာ မင်းက သိုင်းဘုရင်အဆင့်မှာပဲ ရှိပေမယ့် မင်းရဲ့ အရိုးတွေ၊ သွေး၊ ခန္ဓာကိုယ်နဲ့ ဆံပင်ကတောင် နတ်ဘုရားလောကရဲ့ လူတွေနဲ့ မကွာဘူး။ နတ်ဘုရားရဲ့ စည်းမျဉ်းတွေကို ထိန်းချုပ်ထားတဲ့ လီချင်းဖန်တောင် မင်းကို ယှဉ်နိုင်မှာမဟုတ်ဘူး။"
"ဒါတွေအားလုံးက ဆရာပြုစုပျိုးထောင်တာရဲ့ ကျေးဇူးကြောင့်ပါ။ ဆရာရဲ့ကျေးဇူးကို ကျွန်တော် အမြဲတမ်း သတိရနေမှာပါ။"
"မင်း ငါ့ကို ပေးနိုင်တဲ့ အကောင်းဆုံးပေးဆပ်တာကတော့ လုရှောင်ယန်ကို သတ်ပစ်ဖို့ပဲ။ မင်းမဆပ်နိုင်ရင် တခြားဟာတွေနဲ့ ငါ့ကို ပြန်ဆပ်စရာ အကြောင်းမရှိဘူး။"
ယဲ့ကျွင်းလင်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဆရာ! အဲ့ဒီလုရှောင်ယန်က အရမ်းအင်အားကြီးလွန်းတယ်ဆိုရင် ဘာလို့ ဆရာ ကိုယ်တိုင် မတိုက်တာလဲ? ဆရာတိုက်မယ်ဆိုရင် သူ့ကိုလွယ်လွယ်နဲ့ ဖမ်းမိနိုင်မှာ သေချာတယ်။"
"မင်းအရမ်းတွေးနေတာပဲ။ ငါ့ရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထားကို အရမ်းသတိထားရတယ်။ ငါ့ရဲ့ပင်မခန္ဓာကိုယ်က ပိုနိမ့်တဲ့အဆင့်ကို မသွားနိုင်ဘူး။ မဟုတ်ရင် ငါပါ ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မယ်။"
"ငါလိုချင်တာက လုရှောင်ယန်ကိုသတ်ပြီး သူ့ရဲ့ ကံတရားကို လုယူဖို့ပဲ။ ငါ့ဟာငါ ပတ်သက်ဖို့ မပါဘူး။"
"ဒီကမ္ဘာမှာရှိတဲ့ ငါ့ရဲ့ကိုယ်ပွားက မိန်းမပျက်တစ်ယောက်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတယ်။ ဒါကြောင့် ငါ မင်းကိုပဲ အားကိုးရတော့မယ်။"
"ငါက လုရှောင်ယန်ကို သတ်ဖို့ ဆုံးဖြတ်ထားတယ်! သူ့ကို သတ်လိုက်မှပဲ ငါပိုင်ဆိုင်သင့်တဲ့ဟာအားလုံးကို ငါရမှာ။"
"ငါ့ရဲ့အစီအစဉ်တွေ ပျက်စီးမယ့် ဘာကိုမှ မင်း မလုပ်မိအောင် သေချာလုပ်ပါ!"
"စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော်တို့ လုရှောင်ယန်ကို သေချာ သတ်ပစ်မှာပါ။
ဝတ်ရုံနက်တစ္ဆေက ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုရင် ယဲ့မိသားစုရဲ့ တိုက်ခိုက်ရေးအင်အားကို သွားစုကြ။ ရှေးဟောင်းအထွတ်အထိပ်အဆင့်သတ်မှတ်တာရဲ့ အစီအစဉ်က မအောင်မြင်တော့ဘူး။ ယဲ့မိသားစုကို လုရှောင်ယန် တိုက်ဖို့ အချိန်တန်နေပြီ။"
"ဟုတ်ကဲ့ပါ!"
ယဲ့ကျွင့်လင်းထွက်သွားပြီးနောက် ဝတ်ရုံနက်တစ္ဆေက မြင့်မြတ်သောမြေ၏ အနက်ရှိုင်းဆုံးရှိရာသို့ ကြည့်လိုက်သည်။
အစေခံက သူ၏အကြည့်ကို သတိပြုမိပုံရပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဝတ်ရုံနက်တစ္ဆေက ဤသီးခြားကမ္ဘာငယ်လေးမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
…
လုရှောင်ယန်ဘက်မှာတော့ သူသည် ဂိုဏ်းသို့ ပြန်လာပြီးနောက်တွင်
လူများအော်ဟစ်နေတာကို သူတွေ့ခဲ့ရသည်။ ဤအရာက သူ့အား စဉ်းစားမရ ဖြစ်စေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ?
အမည်မဲ့ဂိုဏ်းက ဤတစ်ခါ တပည့်ပေါင်းများစွာကို ခေါ်ထားသော်လည်း သူတို့က အခြေခံအားဖြင့် သူတော်စင်အဆင့်နှင့် သိုင်းဘုရင်အဆင့်တွင်ရှိသော ကျွမ်းကျင်သူများဖြစ်သည်ကို မမေ့သင့်ပေ။
ယေဘုယျအားဖြင့် ပြောရလျှင် ဤအဆင့်ရှိသော ကျင့်ကြံသူများကြားတွင် ဘယ်လိုသဘောထားကွဲလွဲမှုကြောင့်နဲ့မှ ဆူညံနေစရာမရှိပေ။ အချို့သော ဝတ္ထုများမှာလို တစ်ယောက်ကိုတစ်ယောက် အလကားနေတိုက်ခိုက်ဖို့ကလည်း သူတို့အတွက် မဖြစ်နိုင်ချေ။
ဒါဆို ဘာလို့ ဒီမှာ ဆူဆူညံညံ လုပ်နေကြတာလဲ?
လုရှောင်ယန်က ထောင့်တစ်ခုတွင် ကျူးကောကျီချုံကို တွေ့လိုက်ရသောကြောင့် သူမကို သူ့လက်ချောင်းအား ကွေးပြကာလှမ်းခေါ်လိုက်သည်။
ကျူးကောကျီချုံက ချက်ချင်း ရှေ့သို့ ပြေးလာခဲ့သည်။
"ဆရာ၊ ကျွန်မကို ခေါ်လိုက်တာလား?"
"ရှေ့မှာ ဘာတွေဖြစ်နေတာလဲ? တပည့်တွေအများကြီး ဘာလို့ ငြင်းခုံနေကြတာလဲ?
ကျူးကောကျီချုံက သူတို့အား ဝေ့ကြည့်ကာ ပခုံးတွန့်ပြလိုက်သည်။
"သူတို့အားလုံးက အကြီးဆုံး စီနီယာအစ်ကိုရဲ့ တပည့်တွေ ဖြစ်လာဖို့အတွက် ငြင်းခုံနေကြတာ။"
"ဘယ်သူ?"
လုရှောင်ယန်၏အသံက ရုတ်တရက် ကျယ်သွားတော့သည်။
"အကြီးဆုံး စီနီယာ အစ်ကိုပါ!"
ကျူးကောကျီချုံက ထပ်ဖြေလိုက်သောအခါ လုရှောင်ယန်မှာ လုံးဝ အံ့အားသင့်သွားတော့သည်။
"သူတို့မှာ စဉ်းစားဉာဏ်မရှိကြဘူးလား?"
"ဒါတော့ မတတ်နိုင်ဘူး။ ဆရာက တပည့်မခေါ်ပဲ ကျွန်မတို့ကိုပဲ တပည့်ခေါ်စေချင်ခဲ့တာ။ သူတို့က ဂိုဏ်းမှာ နာမည် မရှိလို့ ဆရာတစ်ယောက်ကို ရှာချင်တာ သဘာဝကျပါတယ်။
ပြီးတော့ အကြီးဆုံးစီနီယာအစ်ကိုက ကျွင့်ချန်မင်ကို အရင်က မြေတောင်မြှောက်ပေးခဲ့တာ မဟုတ်လား? ဒီလို သင်ကြားရေး အတွေ့အကြုံကောင်းရှိလို့ သူ့ကို တောင်းဆိုတာက သေချာပေါက် များလာလိမ့်မယ်။"
လုရှောင်ယန် : ”…”
"သူ့မှာ ဘာကျင့်ကြံအတွေ့အကြုံရှိလဲ? ငါ့ဆီကနေ အဲ့ဒီရတနာတွေကို သူ ယူသွားပြီးတော့ တခြားသူတွေ သုံးဖို့ ပေးလိုက်တာ။ ဒါ့ကြောင့် သူတို့ရဲ့ ကျင့်ကြံနှုန်းက တိုးလာတာ။"
"ဒါပေမယ့် သူတို့က အဲ့ဒါကို မသိကြဘူး။ အကြီးဆုံးစီနီယာအစ်ကိုကြီးက ရုပ်ဖြောင့်ပြီး ကြည့်ကောင်းတယ်လို့ပဲ သူတို့ သိကြတယ်။ သူက နတ်ဆေးလုံးတွေနဲ့ သိုင်းဘုရင်အဆင့်ဆေးလုံးတွေကို အမြဲတမ်း ဒီတိုင်းပေး,ပေးပစ်တာ။"
လုရှောင်ယန်မှာ လုံးဝ မှင်တက်သွားတော့သည်။
သူသည် ဘာမှမတတ်နိုင်တော့ပဲ ကြားဝင်ဖျန်ဖြေကာ သူတို့အား မမျှမတဖြစ်ခြင်းမှ တားဆီးရန် အမျိုးမျိုးသော မိသားစုကြီးများမှ ခေါင်းဆောင်များကို တပည့်များထံသို့ ညီညီမျှမျှ ခွဲပေးရပေတော့မည်။
ထို့နောက် သူ၏တပည့်များနှင့် တပည့်ကျော်များအား သင်တန်းအသစ်ပေးရန် စလိုက်လေသည်။
၎င်းက တပည့်များဖြစ်စေ (သို့မဟုတ်) ဂိုဏ်းကို ခုမှဝင်ရောက်လာသော သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများဖြစ်စေ သူတို့၏ ကျင့်ကြံခြင်း တိုးလာဖို့အတွက် သူတို့အားလုံး ကြိုးစားခဲ့ကြသည်။
ယဲ့မိသားစုနှင့် ရင်ဆိုင်သောအချိန်တွင် သူ သတိမထားပဲ ပြီးပြီးရော မလုပ်နိုင်ပေ။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများအား ပိုမြန်မြန် ကျင့်ကြံဖို့ကို ခွင့်ပြုသောအားဖြင့် လုရှောင်ယန်က သူ၏ အမြန်နှုန်းတိုးလာရန် မဟာတာအိုမွေးဖွားခြင်းကို အသုံးပြုလိုက်သည်။
ဘာပဲဖြစ်ဖြစ် ထိုလူများကို သွေးအနှစ်သာရစာချုပ် ချုပ်ထားပြီးပြီဖြစ်သည်။ လုရှောင်ယန်သည် သူတို့ မနာခံမည်ကို လုံးဝ စိုးရိမ်နေစရာမလိုတော့ပေ။ သူတို့ ကလန်ကဆန်လုပ်ဝံ့သည်ဆိုလျှင် သူက သူတို့အား ချက်ချင်း သတ်ပစ်မှာဖြစ်သည်။
ထို့အပြင် သွေးအနှစ်သာရစာချုပ်တွင် တစ်ဘက်လူက ဖိဂုလျန်ဖြစ်သည်။ သူတို့က သူ့အား ထိန်းချုပ်ပြီး အမိန့်ကို ငြင်းဆန်ရန် စာချုပ်ကိုအသုံးပြုလိုလျှင် လုရှောင်ယန်က လုံးဝ ကြောက်စရာ လိုမည်မဟုတ်ပေ။
ဖိဂုလျန်၏ ကိုယ့်ဟာကိုယ် ဖျက်ဆီးခြင်းက သူ့ကို သက်ရောက်လိမ့်မည် မဟုတ်ချေ။
မဟာတာအိုမွေးဖွားခြင်းနှင့် နတ်ဆေးလုံးများ၊ သိုင်းဘုရင်အဆင့်ဆေးလုံးများနှင့် နတ်သားဥများ၏ တသီတတန်းဖြင့် လုရှောင်ယန်သည် ထိုကျွမ်းကျင်သူများကို အလွန် အစွမ်းထက်သောအဆင့်တစ်ခုသို့ အလျင်အမြန် ပြုစုပျိုးထောင်ပေးခဲ့သည်။
သူတော်စင်အဆင့်ကျွမ်းကျင်သူများအားလုံးက သာမန်အားဖြင့် သိုင်းဘုရင်အဆင့်သို့ တိုးလာခဲ့သည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများကမူ မကြာခဏ သူတို့၏ ကန့်သတ်ချက်များကို ချိုးဖြတ်ဝင်ရောက်မှာ ဖြစ်လေသည်။
၎င်းက အတိဒုက္ခကို ကျော်လွန်ပြီး နတ်ဘုရားများ ဖြစ်လာဖို့ သူတို့အတွက် အလွန်လွယ်ကူခဲ့သည်။
ကံကောင်းခြင်းရွှေနဂါး၏ အကူအညီဖြင့် သူတို့အားလုံးသည် အတိဒုက္ခကို ကျော်လွန်နိုင်ခဲ့ကြသည်။ သူတို့သည် အတိဒုက္ခကို မအောင်မြင်ခြင်းနှင့်ပတ်သက်ပြီး စိတ်ပူစရာ မလိုတော့ပေ။
ဤနည်းဖြင့် ရက်အနည်းငယ်အတွင်း လုရှောင်ယန်သည် သူ၏ လက်အောက်ငယ်သားအဖြစ် နတ်ဘုရားအဆင့်ကျွမ်းကျင်သူ (၁၇)ယောက်ကို ရရှိခဲ့လေသည်။
ရက်အနည်းငယ်ကြာပြီးနောက် သူသည် သူ၏ကန့်သတ်ချက်ကို နောက်ဆုံး၌ ချိုးဖြတ်ဝင်ရောက်ကာ အတိဒုက္ခကိုကျော်လွန်ရန် သတ်မှတ်ချက်ကို ရောက်လာပြီး နတ်ဘုရားတစ်ပါး ဖြစ်လာတော့သည်။
အကြီးအကဲထျန်းကျီက သူ့အား အတော်ကြာကြာ သတိပေးထားခဲ့သောကြောင့် သူ၏ ကျော်လွန်ခြင်းတွင် အလွန်အစွမ်းထက် သောရလဒ်တစ်ခု သေချာပေါက်ရှိမည်ဆိုခြင်းကို လုရှောင်ယန် သိထားခဲ့သည်။
ထို့ကြောင့် သူက အမည်မဲ့ဂိုဏ်းအထက်ရှိ ကောင်းကင်ယံ၌ အတိဒုက္ခကျော်လွန်ရန် မရွေးချယ်ခဲ့ပေ။
သူသည် ထာဝရသစ်တော၏ အရှေ့ဘက်ရှိ ဝူဝမ်ပင်လယ်၌ သီးသန့်
ရောက်ရှိနေခဲ့သည်။
ဝူဝမ်ပင်လယ်က အဆုံးမဲ့ ကျယ်ပြောတော့သည်။ ဤနေရာ၏ အကွာအဝေးကို မြေပြင်တွင် နှိုင်းယှဉ်နိုင်သောအရာ မရှိပေ။
လုရှောင်ယန်သည် ကောင်းကင်ကပ်ဘေးဒုက္ခက သမုဒ္ဒရာထဲမှာဖြစ်မှာကြောင့် သူ၏ မိသားစုနှင့် မိတ်ဆွေများအား အန္တရာယ်ဖြစ်မှာကို လုံးဝ စိုးရိမ်စရာ မရှိခဲ့ပေ။
အတိဒုက္ခမကျော်လွန်မီ လုရှောင်ယန်က သေးငယ်သော ကျွန်းတချို့ကို ဦးစွာရှာထားပြီး သူ၏ တိုက်ခိုက်ရေးအင်အား တိုးလာရန် ခံစစ်အခင်းအကျင်း အစီအရင်မျိုးစုံကို စီစဉ်ထားခဲ့သည်။
၎င်းက အသုံးဝင်မဝင်ကို သူမသိသော်လည်း အနည်းငယ် အကူအညီရသရွေ့ အဆင်ပြေပါသည်။
သူအနည်းငယ် စိတ်ချမ်းသာသလို ခံစားခဲ့ရသည်။
ထို့နောက် လုရှောင်ယန်သည် သူ၏ဝမ်းဗိုက်ကို ဘောလုံးတစ်လုံးလို မပြည့်မချင်း ကံကောင်းခြင်းရွှေနဂါးတစ်ရာကျော်ကို သာမန်ကာလျှံကာ ကင်စားလိုက်သည်။
"ဂေ့!"
နောက်ဆုံးအချိန်တွင် အသည်းအသန် လေချဉ်တက်လိုက်ပြီးနောက် လုရှောင်ယန်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် ကောင်းကင်ယံကို နောက်ဆုံး၌ မော့ကြည့်လိုက်သည်။
"ကောင်းပြီ။ လာခဲ့။"
သူပြောပြီးသည်နှင့်တပြိုင်နက် သူ၏ရောင်ဝါကို ချက်ချင်း လွှတ်ထုတ်လိုက်သည်။
သိုင်းဘုရင်အဆင့်၏ ထိပ်ဆုံး ဒဿမမြောက်အဆင့်က ဤအခြေအနေတွင် ဝင်သက်ထွက်သက်ကို ဆယ်ကြိမ်ကြာအောင် ထိန်းထားနိုင်သရွေ့ ကောင်းကင်ဘုံဆိုင်ရာအတိဒုက္ခကို သူ အစပျိုးနိုင်ပြီဖြစ်သည်။
လုရှောင်ယန်၏ သန်မာမှုကို အာရုံခံပြီးနောက် မကြာမီ ကောင်းကင်ယံတွင် စွမ်းအင်နိယာမတို့က အလျင်အမြန် တုန့်ပြန်လာခဲ့သည်။ ၎င်းက လျှပ်စီးတိမ်တိုက်များကို စုစည်းစေခဲ့ပြီးကောင်းကင်ဘုံဆိုင်ရာအတိဒုက္ခကို လုပ်ဆောင်ရန် စတင်ခဲ့လေသည်။
သူသည် အခြားသူများ အတိဒုက္ခကျော်လွန်တာကို အကြိမ်ပေါင်းများစွာ သူ ဖြစ်ဖူးခဲ့သော်လည်း ဤဒုက္ခကို သူကိုယ်တိုင်ကြုံတွေ့ရချိန်တွင် ၎င်းက မည်မျှ ကြောက်စရာကောင်းသည်ကိုလည်း သူသိထားခဲ့သည်။
သူ့အပေါ် စုစည်းလာသော ဖိအားများ၏ ခံစားချက်က သူ့တွင် ပုန်းစရာနေရာမရှိတော့သလို ခံစားရအောင် ပြုလုပ်ခဲ့သည်။ သူ၏ ရင်ခုန်နှုန်းက မြန်နေတော့သည်။
ဒါက အရမ်းကြောက်စရာကောင်းတာပဲ။
ဤအရောင်အဝါထွက်လာသည်နှင့်တပြိုင်နက် ပင်ကိုအားဖြင့် မတည်ငြိမ်သော ပင်လယ်ပြင်က ဤအချိန်၌ လှိုင်းထလာသည်ကို လုရှောင်ယန် ရှင်းရှင်းလင်းလင်း သတိပြုမိလိုက်သည်။
၎င်းကို ပင်လယ်ရေကတောင် ကြောက်နေသလိုပါပဲ။
ဤအချိန်၌ ပင်လယ်ထဲရှိ နတ်ဆိုးသားရဲများဖြစ်စေ၊ အနီးအနားရှိ ကျွန်းများပေါ်မှ ကျင့်ကြံသူများဖြစ်စေ အားလုံးမှာ အလျင်အမြန် ထွက်ပြေးကြတော့သည်။ ဤနေရာကို ဘယ်သူမှ လုံးဝ မကပ်ရဲကြချေ။
ငြိစွန်းမှာကို သူတို့ ကြောက်ခဲ့ကြသည်။
လုရှောင်ယန်က တံတွေးတစ်ငုံစာမျှ မျိုချလိုက်ပြီး သူ့မျက်လုံးများကတည်ငြိမ်လာခဲ့သည်။ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူသည် ချက်ချင်း ရှေ့သို့ လှမ်းလိုက်ကာ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံဝဲတက်သွားတော့သည်။
ဝုန်း!
တစ်စုံတစ်ယောက်က သူ၏ဂုဏ်သိက္ခာကို ရန်စနေသည်ဟု သတိပြုမိသောအခါ မိုးကြိုးတိမ်တိုက်များသည် တိုက်ခိုက်ရန် ရုတ်တရက် စတင်လာခဲ့သည်။ ပုံးတစ်ပုံးလို ဒုရှိသော မိုးကြိုးစက်ကွင်းကာ ကျလာပြီး လုရှောင်ယန်၏ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိမှန်သွားတော့သည်။
ကြီးမားသော ပေါက်ကွဲမှုနှင့် တုန်ခါနေသော အရှိန်က လုရှောင်ယန်၏ ခန္ဓာကိုယ်ကို ဘာမှမတတ်နိုင်ပဲ အနည်းငယ် တန့်သွားအောင် ပြုလုပ်ခဲ့သည်။
"ဘယ်လောက်တောင် ပြင်းထန်လိုက်လဲ!"
ကောင်းကင်ဘုံအတိဒုက္ခသည် ကောင်းကင်ဘုံအတိဒုက္ခဖြစ်ဖို့ တကယ့်ကို ထိုက်တန်ခဲ့သည်။ ၎င်းက သာမန်ကာလျှံကာမျှသာ ကျလာခဲ့ခြင်း ဖြစ်ပေမယ့် ဤစွမ်းအားသည် သာမန်လူများ ယှဉ်နိုင်သော အရာ မဟုတ်ခဲ့ပေ။
ကြောက်စရာအကောင်းဆုံးအရာမှာ ဤအရာက လျှပ်စီး၏ ပထမဆုံး ပစ်ချခြင်းသာ ဖြစ်လေသည်။ ထိုနေရာတွင် နောက်ထပ် လျှပ်စီးများ မည်မျှရှိသည်ကို မည်သူမှ မသိကြချေ။
လုရှောင်ယန်သည် သူ့စိတ်ထဲက လှောင်လိုက်လေသည်။
ဒီလျှပ်စီးက တကယ် မတရားတာပဲ။
၎င်း၏ပြင်းအားက အဆိုပါပုဂ္ဂိုလ်၏ သန်မာမှုပေါ်မှာ သိသိသာသာ မူတည်နေခဲ့သည်။
ယခင်က သူ့တပည့်များ၏ အဆင့်တက်မှုကို သူ မြင်ခဲ့ရသည်။ သို့သော် သူတို့၏ လျှပ်စီးက သူ့ထက် များစွာ ပိုအားနည်းတာ သိသာခဲ့သည်။
၎င်းက သူ့ထံရောက်လာချိန်မှာ ဘာလို့ ဒီလောက် ပိုအားကောင်းလာရတာလဲ?
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၈၄ သူဘယ်လောက် စွမ်းအားကောင်းကောင်း အရေးမကြီးဘူး။ နောက်ဆုံးမှာ ငါသူ့ကို နင်းခြေပစ်မှာ…
လျှပ်စီးက အဆက်မပြတ် လက်နေပြီး အမြင့်ဆုံးရောင်ဝါလက္ခဏာဖြင့် လုရှောင်ယန်ကို နှိမ်နင်းရန် ကြိုးစားနေခဲ့သည်။
လုရှောင်ယန်က မလောက်လေးမလောက်စား မဟုတ်ပေ။ သူ၏ တိုက်ရည်ခိုက်ရည်ကို အကောင်းဆုံးမြှင့်တင်ရန် လုပ်လိုက်ပြီး ကောင်းဘင်ဘုံအတိဒုက္ခကို ခုခံရန် သူ၏ ကံကြမ္မာကို ပြောင်းလဲလိုက်သည်။
၎င်းက ဆိုးရွားသောဖြစ်ရပ်ကို မွေးဖွားလိုက်သလိုပါပဲ။
ကောင်းကင်ယံရှိ တိမ်မဲများက ပင်လယ်ပြင်ပေါ် ပြိုကျတော့မလို ဖြစ်လာခဲ့သည်။
တိမ်တိုက်များထဲတွင် လျှပ်စီးလက်နေခဲ့ပြီး နေရာတိုင်းတွင် ပေါက်ကွဲသံများ ထွက်ပေါ်နေခဲ့သည်။
ပင်လယ်ပြင်ပေါ်တွင် လုရှောင်ယန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းဖြင့် ဖုံးအုပ်ထားခဲ့သည်။ သူက ကောင်းကင်ထဲသို့ တဟုန်ထိုးသွားရန် ကြိုးစားလိုက်သဖြင့် ကောင်းကင်ဘုံမှလာသော လျှပ်စီး၌ အားသွင်းထားသော အလင်းမှုန်တစ်ခုနှင့် တူတော့သည်။
ပြင်းထန်သောလှိုင်းဂယက်များက ပင်လယ်ပြင်နှင့် တိမ်တိုက်များ
ကြားတွင် အဆက်မပြတ် ဖြစ်လာတော့သည်။
သက်ရောက်သောစွမ်းအင်က ပင်လယ်ရေမျက်နှာပြင်ပေါ်၌ ကြီးမားသော ရေဝဲကြီးကို ဖြစ်ပေါ်လာခဲ့သည်။ ရေမျက်နှာပြင်က အရပ်မျက်နှာ အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး စုစည်း၍ မရနိုင်ခဲ့ပေ။
လုရှောင်ယန်က နတ်ဘုရားချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ သူ၏ ခွန်အား အားလုံးဖြင့် မဖျက်ဆီးနိုင်သောရွှေရောင်ကိုယ်ထည်ကို အသုံးပြုလိုက်သည်။ သူသည် ခွန်းလွန်ဓားနှင့် မရဏဓားရှည်ကို သူ့လက်များထဲတွင် ဆုပ်ကိုင်ရင်း သူ၏လှုပ်ရှားမှုများတွင် သုံးနေခဲ့သည်။
လျှပ်စီးကြောင်းတိုင်းကို သူက တကွဲစီဖြစ်အောင်ခုတ်ပိုင်းပစ်လိုက်တယ်!
၎င်းက ခွဲထွက်သွားပြီးနောက် ပိုများသော လျှပ်စစ်စွမ်းအင်က မျက်စိ တစ်မှိတ်အတွင်း ပိုမြန်မြန် ဆင်းသက်လာခဲ့သည်။
လုရှောင်ယန်၏ တိုက်ခိုက်မှုက မည်မျှ ပြင်းထန်သည် ဖြစ်စေ၊ မြန်ဆန်သည်ဖြစ်စေ ၎င်းက ကိစ္စမရှိပဲ နောက်ထပ်စက္ကန့်ပိုင်းတွင် လျှပ်စီးက အရှိန်မြင့်လာမှာဖြစ်သည်။
၎င်းသည် နောက်ကွယ်မှ မျက်စိဒေါက်ထောက် ကြည့်နေသလိုပါပဲ။
လျှပ်စီး၏စွမ်းအားက ပိုပိုပြီးအားကောင်းလာသည်ကို အာရုံခံစားမိသောအခါ လုရှောင်ယန်၏ တိုက်ပွဲနတ်ဘုရားအနုပညာကလည်း သူ၏ သန်မာမှုကို တိုးလာရန် ဆက်လုပ်ခဲ့သည်။
ဤအချိန်၌ သူပစ်လွှတ်လိုက်သော တိုက်ခိုက်မှုတိုင်းက နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်ထက် မနိမ့်ကျဘူးဆိုတာက ထင်ရှားတော့သည်။
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကြားရှိ အတားအဆီးကို သူနှင့် ကောင်းကင်ဘုံလျှပ်စီးဒုက္ခတို့က မညှာမတာ ဖြိုခွဲလိုက်ကြသည်။
လုရှောင်ယန်က အံ့ကြိတ်ကာ ကောင်းကင်ပေါ်သို့ တစ်ဆင့်ပြီး တစ်ဆင့် တက်လာခဲ့လေသည်။
မီတာတစ်ရာ!
မီတာတစ်ထောင်!
မီတာတစ်သောင်း!
မီတာတစ်သိန်း!
…
လုရှောင်ယန် အမြင့်သို့ဆက်တိုက်တက်သွားခဲ့သည်။
လုရှောင်ယန်က အောင်မြင်မှုဆီသို့ ခြေတစ်လှမ်း ပိုပိုပြီး နီးလာပြီဟု စက္ကန့်တိုင်း ခံစားနေခဲ့ရသည်။
လုရှောင်ယန်သည် သူ့အလုပ်၏ အခက်အခဲက တဖြည်းဖြည်းတိုးလာသည်ဟုလည်း စက္ကန့်တိုင်း ခံစားခဲ့ရသည်။
သို့သော် ဤတစ်ခါ သူ ချိုးဖြတ်ကာ မဝင်ရောက်နိုင်လျှင် သူ့တွင် မည်မျှ ခွန်အားရှိသည်က အရေးမကြီးတော့ပဲ သူက ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်တော့မည်ကို သူသိသောကြောင့် သူမကြောက်ခဲ့ပေ။
ပုရွက်ဆိတ်တစ်ကောင်က သဘောရှိ အသတ်ခံရမှာပါပဲ!
တစ်ခုခုကို ပြီးမြောက်ဖို့ သူ ဆန္ဒရှိရင် သူ နတ်ဘုရားတစ်ပါး ဖြစ်မှရမယ်!
သူ နတ်ဘုရားတစ်ပါးကို သတ်ဖို့လိုတယ်!
သူ နတ်ဘုရား ဖြစ်လာရမယ်!
အမြင့်ဆုံးအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ပြီးသည့်နောက်တွင် ကမ္ဘာရှိ မည်သူမှ၊ မည်သည့်ဂိုဏ်းမှ၊ မည်သည့်စည်းမျဉ်းကမှ သူ့အား ဘယ်လိုမှ မခြိမ်းခြောက်နိုင်ပေ။
ဤအချိန်၌ လုရှောင်ယန်သည် သူ၏သွေးများ လောင်ကျွမ်းရန် စတင်နေသလို ခံစားလိုက်ရသည်။
ရှေးမှတ်ဉာဏ်တစ်ခုက သူ့သွေးမျိုးဆက်ထဲတွင် နိုးထလာသလို ဖြစ်လာခဲ့သည်။
ကမ္ဘာကြီးကို အထင်အမြင်သေးပြီး အရာရာတိုင်းကို စက်ဆုပ်သော ရူးသွပ်မှုတစ်ခုက သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေခဲ့သည်။
ကမ္ဘာကြီးကို အထင်အမြင်သေးသည့် ပြင်းထန်သော ခံစားချက်က သူ့မျက်လုံးများမှ ထွက်လာသော အလင်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။
ဤအချိန်၌ ကောင်းကင်ယံမှ လျှပ်စီးတိမ်တိုက်များက စတင် မြည်ဟည်းလာခဲ့သည်။
ထိုတိမ်တိုက်များက ထိတ်လန့်မှုများနှင့် ကြုံတွေ့ခဲ့ရသလို ဖြစ်နေခဲ့သည်။
ကြောက်ရွံ့မှု ပျံ့နှံ့လာသည်နှင့်အမျှ အလွန်အစွမ်းထက်သော စိတ်စွမ်းအားတစ်ခုက ကောင်းကင်ဘုံဒုက္ခမှ ရုတ်တရက် ပေါက်ကွဲလာပြီး လုရှောင်ယန်ကို ခြုံလွှမ်းရန် ကြိုးပမ်းနေတော့သည်။
ဤစိတ်စွမ်းအားက လုရှောင်ယန်ကို သတ်ရန် မရည်ရွယ်ပေ။ ထိုအစား ၎င်းက လုရှောင်ယန်ထံမှ တစ်ခုခုကို ဖော်ထုတ်ချင်တာဖြစ်သည်။
လုရှောင်ယန်သည် ဤစိတ်စွမ်းအားကို အထူးတလည် ခံစားလိုက်ရသဖြင့် သူ၏စိတ်က နိုးကြားလာတော့သည်။
မည်သည့်တုန့်ဆိုင်းမှုမှမရှိပဲ သူ့အတွက် အကြီးအကဲထျန်းကျီ စုဆောင်းပေးထားသော သွေးကို ချက်ချင်း ထုပ်လိုက်လေသည်။
နောက်ထပ်စက္ကန့်ပိုင်း၌ ဝိဉာဉ်သည် သွေးဖြင့် ဖုံးအုပ်သွားတာကြောင့် တစ်ဖက်က ရုတ်တရက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ၎င်းက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
လုရှောင်ယန်က သွေးလုံးမှ ထွက်ရန် အခွင့်အရေးကို ယူလိုက်ပြီး ကောင်းကင်သို့ လုံးဝမတက်မီ နောက်ဆုံး လျှပ်စီးကြောင်းကို ဖြတ်တောက်လိုက်သည်။
ဤအချိန်၌ ကောင်းကင်ယံ၌ ပြည့်နှက်နေသော လျှပ်စီးတိမ်တိုက်များက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူတို့အား အစားထိုးလာသောအရာက ကောင်းကင်တွင် ပြည့်နှက်နေသည့် သိပ်သည်းသော ရွှေရောင် အရောင်အဝါတစ်ခုဖြစ်သည်။ ၎င်းအရာအားလုံးက လုရှောင်ယန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့ခန္ဓာကိုယ်အား အရူးအမူး သန့်စင်တော့သည်။
မကြာမီ လုရှောင်ယန်သည် သူ၏အင်အား အလျင်အမြန် တိုးလာတာကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများနှင့် အသားများတွင် ထူးဆန်းသော အပြောင်းအလဲတစ်ခုကိုလည်း ခံနေခဲ့ရသည်။
သူ့ခန္ဓာကိုယ်က ပိုသန်မာလာသလိုပါပဲ!
သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက ယခင် ဖျက်ဆီး၍ မရနိုင်သော ရွှေခန္ဓာ၏အင်အားကို ကောင်းကောင်း ခုခံနိုင်ပြီဟု သူ ခန့်မှန်းကြည့်ခဲ့သည်။
သူ၏ ဝိညာဉ်စွမ်းအင်ကလည်း ပျောက်ဆုံးသွားပြီး အခြားစွမ်းအားဖြင့် အစားထိုးခဲ့သည်။
ဤစွမ်းအင်က ဒဏ္ဍာရီလာနတ်ဘုရားစွမ်းအင်ဖြစ်မှန်း လုရှောင်ယန် သိလိုက်သည်။
သာမန်လူတစ်ယောက်သည် အတိဒုက္ခကို ကျော်လွန်ခဲ့ပြီး နတ်ဘုရားတစ်ပါးဖြစ်လာခဲ့လျှင် သူတို့၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကလည်း အပြောင်းအလဲကြီးကြီးမားမားကို ကြုံရမှာဖြစ်သည်။
ယခင်က ပါရမီထူးသူဖြစ်သည့် လီချင်းဖန်တွင် သေမျိုးခန္ဓာကိုယ် ရှိသော်လည်း ဤနတ်ဘုရားစွမ်းအင်ကို သူ ထိန်းချုပ်နိုင်သေးသည်။ ၎င်းမှာ သူ၏ အင်အားက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ထက် ပိုသန်မာသောကြောင့် ဖြစ်သည်။
တကယ်တော့ သူ၏အင်အားက
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ တစ်ယောက်ထက်ပင် အဆပေါင်းများစွာ ပိုသန်မာသောကြောင့်ဖြစ်သည်။
"ဒါ.. ဒါက နတ်ဘုရားစွမ်းအင်လား?"
လုရှောင်ယန်က သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လောလောဆယ်၌ သူ မည်မျှ အစွမ်းထက်သည်ကို သတိပြုမိခဲ့သည်။ သူအတော်လေး ထိတ်လန့်သွားတော့သည်။
ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးမှသာလျှင် အင်အား၏ ခြားနားမှုကို အမှန်တကယ် ခံစားနိုင်မည်ဖြစ်သည်။
လုရှောင်ယန်သည် သူ၏ ယခု လက်ဖဝါးမှလေဖြင့် ကျင့်ကြံနည်းစနစ်ကို မသုံးပဲ သူတော်စင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ကြောင်းကို ခံစားခဲ့ရသည်။
ကျင့်ကြံနည်းစနစ်တစ်ခုကို သူ သုံးခဲ့လျှင် သိုင်းဘုရင်အဆင့်ကျွမ်း
ကျင်သူတစ်ယောက်အား အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။
တစ်စုံတစ်ယောက်၏ ကျင့်ကြံနည်းစနစ်က မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းကို တွန်းလှန်ဖို့က သူတို့အတွက် ဖြစ်နိုင်မည် မဟုတ်ချေ။
ဟား!
အနည်းငယ် အသက်ရှူထုတ်ပြီးနောက် လုရှောင်ယန်သည် သူ့လက်ကို အနောက်ဘက်သို့ ထားလိုက်သည်။ အတွေးတစ်ခုဖြင့် သူ့ရှေ့ရှိ အကွာအဝေးအတားအဆီးကို ချက်ချင်းပင် တစ်စစီဆုတ်ဖြဲလိုက်တော့သည်။
ဖြောက်! ဖြောက်!
အကွာအဝေးအတားအဆီးသည် သူ့ရှေ့တွင် စာရွက်အလား စုတ်ပြဲသွားတော့သည်။
"အခုငါက ဒီကမ္ဘာရဲ့ အတားအဆီးကို လွယ်လွယ်နဲ့ တစ်စစီ ဆုတ်ဖြဲပစ်နိုင်ပြီ။ ဒါပေမယ့် နတ်ဘုရားလောကရဲ့ အကွာအဝေး အတားအဆီးက ဒီကမ္ဘာထက် ပိုပြီး ခံနိုင်အားရှိမှာ သေချာတယ်။"
"အဲ့ဒီအချိန်မှာ လေဟာနယ်အတားအဆီးကို ဖောက်ပြီး အခုလောက် လွယ်လွယ်ကူကူ မဆုတ်ဖြဲနိုင်မှာကိုပဲ ငါကြောက်တယ်။"
သို့သော် ၎င်းက အရေးမကြီးပေ။ ထိုအချိန်၌ သူက သေချာပေါက် ဆက်လက်ကျင့်ကြံနိုင်မှာဖြစ်ပြီး သူ၏ကျင့်ကြံနှုန်းက တိုးလာမှာဖြစ်သည်။
သူနေရာတစ်ခုကို ရှာဖို့သာ လိုအပ်သည်။
မဟုတ်ဘူး။ သူ နေရာတစ်ခုကို ရှာဖို့ မလိုဘူး။ သူက လုမိသားစုဆီကို
တန်းသွားနိုင်မှာဖြစ်သည်။ ထို့နောက် လုမိသားစုတွင် ပုန်းအောင်းရန်
နေရာတစ်ခုကို ရှာဖွေနိုင်ပြီး နှစ်ထောင်ပေါင်းအနည်းငယ်ကြာအောင် ကျင့်ကြံနိုင်မှာဖြစ်သည်။ ထိုအချိန်၌ အင်အားကြီးသူတစ်ယောက် ဖြစ်လာမှ ထွက်လာတာက သူ့အတွက် သိပ်နောက်ကျမည် မဟုတ်ချေ။
အံ့ဩလောက်စရာပဲ။
မကြာမီ လုရှောင်ယန်သည် အမည်မဲ့ဂိုဏ်းသို့ ပြန်လာခဲ့သည်။
သူပြန်ပေါ်လာသည်နှင့် တပြိုင်နက် ဘိုးဘေးကျွင့်နှင့် ပက်ပင်းတိုးတော့သည်။
ဤဘိုးဘေးကျွင့်က နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ပြီးကတည်းက ကျင့်ကြံရန် နတ်ဘုရားလောကသို့ မသွားခဲ့ပေ။ ထိုအစား သူက အမည်မဲ့ဂိုဏ်းအနှံ့ တစ်ချိန်လုံး လှည့်လည်သွားလာနေခဲ့သည်။
သူ၏လက်ရှိကျင့်ကြံဆင့်က သူ့စကားအရ နိမ့်လွန်းတော့သည်။ နတ်ဘုရားလောကသို့ သူသွားလျှင် အနိုင်ကျင့်ခံရမည်သာ ဖြစ်သည်။ သူသည် သေမျိုးလောကတွင် ရက်အနည်းငယ်ကြာ သက်တောင့်သက်သာ နေအုံးမှာဖြစ်သည်။
နှစ်ပေါင်းတစ်သောင်းကျော်ကြာအောင် ကျင့်ကြံပြီးနောက် ရက်အနည်းငယ်ကြာ အနားယူဖို့က သူ့အတွက် ထိုက်တန်ပေသည်။
မကြာသေးမီက သူသည် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ပြီး မိန်းကလေးများကို တွေ့ဆုံယူရန် အနီးနားရှိ မြို့သို့ သွားခဲ့သည်ဟုဆိုသည်။
နတ်ဘုရားတစ်ပါး ဖြစ်လာပြီးနောက် သူက အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါး နေခဲ့လေသည်။
သူက နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာကို ဂရုမစိုက်ခဲ့ပေ!
"ဂိုဏ်းချုပ်။ ခင်ဗျားပြန်လာပြီပဲ။"
လုရှောင်ယန်ကို တွေ့သောအခါ ခေါင်းဆောင်ကျွင့်က ချက်ချင်း ရှေ့သို့လှမ်းလာကာ ပြုံးပြ နှုတ်ဆက်လိုက်သည်။
လုရှောင်က သူ့အား တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီး ချက်ချင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ကျွင့်ချန်းမင်။ ခင်ဗျားက ကောင်မလေးတွေကို လှည့်စားဖို့ အပြင်ကို ထွက်သွားတာလား?"
"ဂိုဏ်းချုပ်။ ဒါက မမှန်ပါဘူး။ ကျုပ်က နှစ်တစ်သောင်းကျော်ထက် ပိုကြာအောင် အသက်ရှင်ပြီးသွားပြီ။ ဒီလို အရှက်မဲ့တဲ့ ဟာကို ဘယ်လို လုပ်နိုင်မှာလဲ။ တောင်တံခါးပေါက်က အဲ့ဒီကလေးတွေရဲ့ စကားကို နားမထောင်ပါနဲ့။”
"ပေါက်ကရတဲ့လား? ပြီးခဲ့တဲ့ရက်ပိုင်းက ခင်ဗျားကို ရှာဖို့ ကျုပ်တို့ရဲ့
အမည်မဲ့ဂိုဏ်းကို ချိတ်ဆက်မှုအဆင့်မိန်းကလေးတစ်ယောက် လာသွားတယ်လို့ ကျုပ်ကြားခဲ့တယ်။ သူ့မှာ ကိုယ်ဝန်ရှိနေပုံပဲ။"
"ဂိုဏ်းချုပ်။ ခင်ဗျား မှားနေပြီ။ ကျုပ်က အခု နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်ပါ။ ကျုပ်ရဲ့ ခန္ဓာကိုယ်က သာမန်လူတွေနဲ့ မတူတော့ဘူး။ ကျုပ်က သူ့ရဲ့ကိုယ်ဝန်ကို ဘယ်လို လုပ်ပြီး ရနိုင်မှာလဲ? သူ အပြင်မှာ ကမြင်းကျောထနေလို့ ကိုယ်ဝန်ရခဲ့တာ။ သူက တခြားလူရဲ့ လုပ်ရပ်အတွက် ကျုပ်ကို တာဝန်ယူစေချင်တာ။"
"ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ကျုပ် အပင်ပန်းမခံနိုင်ဘူး။
ဒါပေမယ့် ကျုပ် ခင်ဗျားကို သတိပေးပါရစေ။ ဒီကိစ္စတွေမှာ ခင်ဗျား မပါရင် အကောင်းဆုံးပဲ။ ဒါက ကံပဲ။”
ကျွင့်ချန်းမင်ကမြင်ပြီး သူမအား စွန့်ပစ်ခဲ့လျှင် သူ ကံဆိုးမှာဖြစ်သောကြောင့် လုရှောင်ယန်က တကယ့်ကို စိတ်ပူနေခဲ့သည်။
သူ၏ယခင်ဘဝတွင် အမျိုးသမီးများအကြောင်း ဝတ္ထုရှည်များစွာကိုလည်း ဖတ်ခဲ့ပြီး အမျိုးသမီးများသည် စွန့်ပစ်ခံရပြီးနောက် အနည်းငယ်သော အပြောင်းအလဲများကို ကြုံတွေ့ရသည်ဟု သူသိထားခဲ့သည်။
တိုတိုပြောရရင် ထိုအမျိုးသမီးတွေက ရုတ်တရက် တိုးတက်လာတာ၊ အရမ်းအစွမ်းထက်လာတာ၊ ပုံမှန်မဟုတ်တဲ့ ပါရမီတွေရှိလာပြီး အမည်မဲ့ဂိုဏ်းကို မဖျက်ဆီးခင် သူတို့ရဲ့ ကျင့်ကြံတာက အမြန်တိုးလာတာတွေ ဖြစ်လာလိမ့်မယ်!
"အင်းပါ၊ အင်းပါ။ စိတ်မပူပါနဲ့ ဂိုဏ်းချုပ်။ ကျုပ် သေချာပေါက် ပိုသတိထားပါ့မယ်။"
လုရှောင်ယန်က ခေါင်းညိတ်လိုက်ပြီး သူ့အခန်းသို့ ပြန်ရန် လေဟာနယ်ကြားအကွာအဝေးကို ဆုတ်ဖြဲကာ ဖွင့်လိုက်သည်။
ဤမြင်ကွင်းကို တွေ့သောအခါ ကျွင့်ချန်းမင်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး မှင်တက်သွားတော့သည်။
"သူက လေဟာနယ်အတားအဆီးကို အပိုင်းပိုင်း စုတ်ဖြဲလိုက်တာပဲ။ ဒါက နတ်ဘုရားအဆင့်ကျွမ်းကျင်သူရဲ့ စွမ်းရည်မဟုတ်လား? ဂိုဏ်းချုပ်က ဒီလှုပ်ရှားမှုကို အခု ဘာလို့ စ သုံးလိုက်တာလဲ? သူက ပြီးပြည့်စုံတဲ့ ဒဿမမြောက် သိုင်းဘုရင်အဆင့်မှာ ရှိတာမဟုတ်လား? ဖြစ်နိုင်လောက်လား… ဟစ်…"
ကျွင့်ချန်းမင်သည် သူ၏ ဦးရေထုံသွားတာကို ချက်ချင်း ခံစားလိုက်ရသည်။
ဂိုဏ်းချုပ်ကလဲ နတ်ဘုရားဖြစ်သွားပြီ!
သို့သော် နတ်ဘုရားတစ်ပါး ဖြစ်လာဖို့က ဂိုဏ်းချုပ်အတွက် ပုံမှန်ဖြစ်ပုံရသည်ဟု ပြောရမှာပဲ။
တကယ်တော့ သူက ပြီးပြည့်စုံသော ဒဿမမြောက် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့် ထိုကဲ့သို့ ကောင်းကင်ဘုံကို အံတုသော ပါရမီရှိခဲ့သည်။ နတ်ဘုရားတစ်ပါးဖြစ်လာဖို့က အံ့ဩစရာမဟုတ်ပေ။
သို့သော် ဂိုဏ်းခေါင်းဆောင်က နတ်ဘုရားဖြစ်မလာမီကပင် သူက အလွန်ဩဇာတိက္ကမ ကြီးမားလွန်းနေပြီဖြစ်သည်။ ယခု သူ နတ်ဘုရားတစ်ပါးဖြစ်လာသောအခါ သူက ပို၍ပင် ဩဇာကြီးမားလာနိုင်သည်။
ကျွင့်ချန်းမင်အံ့အားသင့်နေခိုက် တိုးညင်းသောအသံတစ်သံကို သူ့နားထဲတွင် ရုတ်တရက် ကြားလိုက်ရသည်။
"တဆိတ်လောက်… ဒါက ကျင့်ကြံတဲ့ ဂိုဏ်းတစ်ခုလား?"
ကျွင့်ချန်မင်က လှည့်ကြည့်လိုက်သောအခါ သူ့မျက်လုံးများက ချက်ချင်း တောက်ပသွားတော့သည်။
ဒီမိန်းကလေး အရမ်းမိုက်တာပဲ!
သူမတွင် တောက်ပသော မျက်လုံးများ၊ ဖြူဖွေးသော သွားများနှင့် သင့်လျော်သော မျက်နှာအသွင်အပြင်များ ရှိသည်။ သူမသည် မိန်းကလေးတစ်ယောက်၏ နူးညံ့မှုနှင့် ယောက်ျားလေးတစ်ယောက်၏ ရုပ်ရည်ချောမောမှုကို ပိုင်ဆိုင်ထားပြီး အလွန်ရဲရင့်သော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့သည်။
ဤမိန်းကလေးက သူ့အကြိုက်နှင့် တော်တော် ကိုက်ညီပေသည်။
ဤအရာကို တွေးမိသောကြောင့် ကျွင့်ချန်းမင်က ချက်ချင်းပင် နူးညံ့စွာ ပြုံးလိုက်သည်။
"မင်္ဂလာပါ… မိန်းကလေး… ကျုပ် ခင်ဗျားကို ဘယ်လို ကူညီရမလဲ?"
အမျိုးသမီးက သူမ၏ လက်ဝါးနှစ်ဖက်ကို လက်ခုပ်ပုံ ပြုလုပ်ကာ ပြောလိုက်သည်။
"ဒါကဒီလိုပါ။ ကျင့်ကြံဖို့ ဒီတောင်ဂိတ်ထဲကို ကျွန်မ ဝင်ချင်တယ်။ ရှင် ကျွန်မကို အကြံပေးနိုင်မလား?"
ကျွင့်ချန်မင်က သူ့စိတ်ထဲမှ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ လူတစ်ယောက်က ဤတောင်တံခါးပေါက်ကို ဝင်ချင်လျှင် သူတို့က အနည်းဆုံး သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ ဖြစ်ရမှာဖြစ်သည်။ သူမလို အညံ့စား စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်က လက်ဖက်ရည်နှင့် ရေကို တည်ခင်းဖို့ပင် အရည်အချင်း မပြည့်မီပေ။
သူမအား လက်ခံရန် လုရှောင်ယန်အတွက် ပို၍ပင် မဖြစ်နိုင်ပေ။ သူက သူမအားဂိုဏ်းကို ဝင်ခွင့်ပြုလျှင် လုရှောင်ယန်က သူ့အား ကန်ကျောက်ကာ သတ်ပစ်မှာဖြစ်သည်။
သို့သော် ကျွင့်မိသားစု၏ အခြေအနေနှင့်ပတ်သက်ပြီး သတင်းပို့ရမှာ ဖြစ်သောကြောင့် အနီးအနားတွင် ကျွင့်မိသားစု တပည့်တချို့ကို စခန်းချထားခဲ့ပုံရသည်။
အခြားမိသားစုများတွင်လည်း ထိုကဲ့သို့သော တပည့်များ ရှိကြသည်။ သူတို့အားလုံးက မိသားစုကိစ္စများကို ဖြေရှင်းရန် မိသားစုများမှ ကျွမ်းကျင်သူများနှင့် ဘိုးဘေးများအတွက် အဆင်ပြေအောင် ပံ့ပိုးခဲ့ကြသည်။
သူမအား ထိုကျွင့်မိသားစုတပည့်များ၏ စန်းသို့ ဘာကြောင့် မခေါ်သွားရမှာလဲ?
ဘဝအကြောင်းကို သူတို့ လေးလေးနက်နက် ဆွေးနွေးလို့ရတာပေါ့။
ဘာပဲဖြစ်ဖြစ် သူက နတ်ဘုရားတစ်ပါးဖြစ်လာပြီး ဤအချိန်၌ ကျင့်ကြံဖို့အကြောင်းကို စိတ်ပူစရာ မလိုပေ။
"မိန်းကလေး… ဒီဂိုဏ်းက မင်းအတွက် တကယ် မသင့်တော်ဘူး။ ဒီဂိုဏ်းမှာ အမှိုက်တွေနဲ့ ပြည့်နေတာ။ ဒီဂိုဏ်းရဲ့ဂိုဏ်းချုပ်က ချိတ်ဆက်မှုအဆင့်ကိုတောင် မချိုးဖြတ်ရသေးဘူး။"
အမျိုးသမီး၏ အမူအရာက ချက်ချင်း ကြောက်မက်ဖွယ် ပြောင်းသွားတော့သည်။
"ဒီလောက် ချာတူးလန်တာလား?"
"ဟုတ်တယ်။ အဲ့ဒီလောက်တောင် ချာတူးလန်တာ။"
အမျိုးသမီးက လှည့်ထွက်သွားတော့သည်။
ကျွင့်ချန်မင်က ကမန်းကတန်း နောက်က လိုက်သွားခဲ့သည်။
"မိန်းကလေး… အရင်မသွားပါနဲ့အုံး။ ဒီနားလေးမှာ အရမ်းကောင်းတဲ့ ဂိုဏ်းတစ်ခု ရှိတယ်။ မင်း စဉ်းစားချင်လား…"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၈၅ လင်းမိသားစု၏ ကျွမ်းကျင်သူ
လုရှောင်ယန်ဘက်မှာတော့ သူ့အခန်းသို့ ပြန်ရောက်ပြီးနောက် ရှန်းထီကျောက်ရှင်အမှတ်အသားထဲတွင် ရွှေရောင်အလင်းကလည်း စတင်တောက်ပလာခဲ့သည်။ ဤသည်မှာ ပြင်ဆင်မှုပြီးသွားပြီဟု ဆိုလိုခြင်း ဖြစ်လေသည်။
ထိုအမှတ်အသားထဲတွင် လူတစ်ဦးသာရှိပြီး ထိုလူက သူ၏တပည့်သစ် စုလင်းဝူဖြစ်လေသည်။
သူက အယောင်ဆောင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ သူသည် အတိဒုက္ခကို တစ်ကြိမ်ကျော်လွန်ခဲ့ပြီးနောက် တစ်ဝက်တစ်ပျက်နှင့် နတ်ဘုရားနှင့်ဆင်တူသော ဖြစ်တည်မှုတစ်ခု ဖြစ်မလာမီ မအောင်မြင်ခဲ့သော ဖြစ်တည်မှုမျိုးဖြစ်သည်။
သူလိုလူများက ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် တကယ့်ကို အကျပ်အရိုက်ဆုံးပါပဲ။
ယေဘုယျအားဖြင့် ပြောရလျှင် ဒုက္ခကို တစ်ခါတည်း ဖြတ်ကျော်တာက ကျင့်ကြံသူများအတွက် အကောင်းဆုံးဖြစ်သည်။ သူတို့သည် ၎င်းကို တစ်ခါတည်း မကျော်နိုင်ပါက အနာဂတ်တွင် ပိုပြီး စိတ်အနှောင့်အယှက်ပေးမှာ ဖြစ်သည်။
ပထမအကြိမ် မအောင်မြင်ပြီးနောက် ဒုတိယအကြိမ် ဆင်းရဲဒုက္ခက ပထမထက် အဆပေါင်းများစွာ ပိုခက်မှာ ဖြစ်သည်။
လုရှောင်ယန်က တစ်ဖက်မှလူကို လွှတ်ပေးလိုက်သည်။
အဖြူရောင်ဆံပင်နှင့် မုတ်ဆိတ်မွေးများဖြင့် တုတ်ခိုင်သန်မာသော ပုံစံက လုရှောင်ယန်ရှေ့တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။
လုရှောင်ယန်ကို တွေ့လိုက်ရသောအခါ သူသည် ချက်ချင်းပင် အတော်စိတ်ရှုပ်သွားပြီး ကြက်သေသေသွားခဲ့သည်။
"ခင်ဗျားဘယ်သူလဲလို့ ကျုပ် မေးလို့ရမလား?"
"ငါ့နာမည်က လုရှောင်ယန်။ ငါက မင်းကို ကယ်ခဲ့တဲ့သူပဲ။"
"ကျုပ်သဘောပေါက်ပါပြီ။ ကျေးဇူးတင်ပါတယ် စီနီယာ။"
စုလင်းဝူ၏စိတ်ထဲတွင် မုန်တိုင်းတစ်ခုက တဟုန်ထိုး တိုက်ခတ်လာခဲ့သည်။
သူ့ကို ယဲ့မိသားစုက သတ်လိုက်ကြောင်း သူသိထားခဲ့သည်။ သို့သော်
ဤကမ္ဘာတွင် သူ၏အလောင်းကို ကိုယ်တိုင်အသက်သွင်းနိုင်သော ဖြစ်တည်မှုတစ်ခုက လုရှောင်ယန်၏ အဆင့်၌ အမှန်တကယ် ရှိခဲ့သည်ဟု သူမျှော်လင့်မထားခဲ့ပေ။
လုရှောင်ယန်က တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။
"ရပါတယ်။ ငါက မင်းကို အကြောင်းပြချက်တစ်ခုကြောင့် ကယ်ခဲ့တာ။ ငါက မင်းကို ငါ့ရဲ့တပည့်လို ခေါ်ယူဖို့ စိတ်ကူးထားတယ်။ တကယ်တော့ မင်းကို ရွေးချယ်စရာရယ်လို့ မပေးထားပါဘူး။ မင်းက ငါ့တပည့် ဖြစ်လာနိုင်သလို မင်းကို သွေးအိုင်ထဲကို ပြန်ပို့ပေးနိုင်တယ်။"
စုလင်းဝူ၏မျက်နှာမှာ မဲ့ကျသွားတော့သည်။
ဒီစီနီယာက အပေါ်စီးဖြင့် ဆက်ဆံလွန်းသည် မဟုတ်ပါလား?
တစ်ဖက်က သူ့အား တပည့်အဖြစ် အတင်းအကြပ် ခေါ်ချင်နေခဲ့သည်။ သူလက်မခံလျှင် သူ့အတွက် ဆိုးရွာစွာ အဆုံးသတ်သွားနိုင်သည်။
သို့သော် သူက တစ်ခါသေပြီးခဲ့ပြီး ယခု ပြန်ရှင်လာတာက သူ့အတွက် အလွန်ကောင်းနေပြီဖြစ်သည်။ ထို့ကြောင့် သူက သိပ်ပြီး အတိုက်အခံ
မလုပ်ချင်ခဲ့ပေ။
"လက်ရှိအခြေအနေကို ကျုပ် နားလည်အောင် အတိုချုံးရှင်းပြလို့ရမလား?
လုရှောင်ယန်က ခေါင်းညိတ်လိုက်ပြီး လွန်ခဲ့သောလအနည်းက တိုက်ကြီးတွင် ဖြစ်ပျက်ခဲ့သော အရာရာတိုင်းကို သူ၏ စိတ်စွမ်းအားမှတဆင့် စုလင်းဝူထံသို့ ချက်ချင်း ပို့ပေးလိုက်သည်။
ဤအချက်အလက်များအားလုံးကို ရပြီးနောက် စုလင်းဝူ၏အမူအရာက ချက်ချင်း ပြောင်းသွားတော့သည်။
အထူးသဖြင့် သူ့ရှေ့ရှိထိုလူက ကမ္ဘာရှိ သူရဲကောင်းများကို အမှန်တကယ် ပေါင်းစည်းကာ လက်ရှိကမ္ဘာတွင် အသန်မာဆုံး ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်ဆိုခြင်းကို သူ သိလိုက်သောအခါ သူပို၍ပင် ထိတ်လန့်သွားတော့သည်။
အယောင်ဆောင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် သူ၏ ယခင် အင်အားက ကမ္ဘာရှိ ထိပ်တန်းအယောက်(၂၀)ထဲတွင် ရှိသည်ဟုလည်း ပြောနိုင်သည်။
သို့သော် သူသည် အင်အားရှိသော်လည်း လုရှောင်ယန် လုပ်သည့်အတိုင်း သူလုပ်နိုင်သည်ဟုတော့ မပြောဝံ့ပေ။
ဤလူသည် ကန့်သတ်ချက်အတွက် အလွန်ဆိုးရွားပြီး သာမန်မဟုတ်သော စကားလုံးများအား လူပုဂ္ဂိုလ်အသွင်ဖြင့် ကိုယ်စားပြုနေခဲ့သည်။
အရမ်းစွမ်းတာပဲ!
သူက အံ့ဩလောက်အောင် အစွမ်းထက်တာပဲ!
သိပ်ပြီး တုံ့ဆိုင်းခြင်းမရှိပဲ စုလင်းဝူသည် အသက်ကို ပြင်းပြင်းရှူကာ
မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်တော့သည်။
သူ ဘယ်လို အင်အားကြီးပြီး မာနကြီးပါစေ လတ်တလောတွင် သူ့အား လုရှောင်ယန်က စည်းရုံးခဲ့လေသည်။
တစ်ကမ္ဘာလုံးကို ထိန်းချုပ်နိုင်သော လူတစ်ယောက်က ဘယ်လောက်တောင် တန်ခိုးကြီးလိုက်လဲ?
တကယ်တော့ တခြားလူများအားလုံးက အာဏာရှိခဲ့လျှင်တောင် အခြားတစ်ဖက်ကို စည်းရုံးသိမ်းသွင်းနိုင်မည် မဟုတ်ချေ။
နောက်ထပ်အဓိကအကြောင်းမှာ လုရှောင်ယန်က ယဲ့မိသားစုနှင့် ဖြေရှင်းချင်တာဖြစ်သည်။
လုရှောင်ယန်က ယဲ့မိသားစုနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ခဲ့လျှင် သူ အသက်ခံရခါနီးရင်တောင် လုရှောင်ယန်အား သူ့အဆရာအဖြစ် အသိအမှတ်ပြုမည် မဟုတ်ပေ။
"တပည့်စုလင်းဝူက ဆရာ့ကို နှုတ်ဆက်ပါတယ်။"
သူတပည့်တစ်ယောက်ဖြစ်လာသောအချိန်၌ ဝမ့်ခိုက်၏အသံက လုရှောင်ယန်၏ စိတ်ထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
[စုလင်းဝူကို တပည့်အဖြစ်လက်ခံနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်၊ သခင်။ ထိပ်တန်းသိုင်းဘုရင်အဆင့် ကျင့်ကြံနည်းစနစ်၊ အဖော်မဲ့ရှစ်ပါး နတ်ဘုရားတိုက်ပွဲတွေနဲ့ သခင် ဆုချီးမြှင့်ခံရပါတယ်! ထိပ်တန်း သိုင်းဘုရင်အဆင့် နတ်ဘုရားသတ်ပုဆိန်နဲ့ ထိပ်တန်း သိုင်းဘုရင်အဆင့် ရှေးဟောင်းအဖော်မဲ့ဒိုင်းကို သခင် ဆုချီးမြှင့်ခံရပါတယ်!]
ဤသို့ဖြစ်ရသည်မှာ ဤကမ္ဘာတွင် သာမန်ကျင့်ကြံသူများသည် နတ်ဘုရားအဆင့်သို့ မကျင့်ကြံနိုင်တာ (သို့မဟုတ်) နတ်လက်နက်များကို မသုံးနိုင်တာကြောင့် ဖြစ်သည်။
ထို့ကြောင့် ဝမ့်ခိုက်ပေးသော အခြေခံဆုလာဘ်များအားလုံးက ထိပ်တန်းသိုင်းဘုရင်အဆင့်များ ဖြစ်ခဲ့သည်။
သို့သော် အနာဂတ်တွင် နတ်ဘုရားအဆင့်သို့ သူ၏ ကျင့်ကြံနည်း စနစ်များနှင့် လက်နက်များကို တိုးမြှင့်ရန် နတ်တာအို စစ်မှန်သောရည်ရွယ်ချက်လို အပိုပစ္စည်းများအား အသုံးပြုနိုင်ခဲ့သည်။
ထိုအချိန်၌ ၎င်းက နတ်လောကတွင် တပည့်များ၏ ကျင့်ကြံခြင်းနှင့် စွမ်းဆောင်မှုကို သက်ရောက်မှုရှိမည် မဟုတ်ပေ။
"ထတော့။ ကျုပ် ခင်ဗျားကို ကျင့်ကြံနည်းစနစ် သင်ပေးမယ်။ အဖော်မဲ့ရှစ်ယောက်နတ်ဘုရားတိုက်ပွဲကို ကောင်းကောင်းကျင့်ကြံပါ။ အနာဂတ်မှာ နတ်ဘုရားအဆင့်ကို တက်ဖို့ ခင်ဗျားကို ကျုပ် ကူညီပေးမယ်။"
"ကျုပ်မှာ ဆေးဖက်ဝင်ဆေးလုံးတွေနဲ့ နတ်သားရဲဥတွေတောင်ရှိတယ်။ မင်းရဲ့ကျင့်ကြံခြင်းကို အကောင်းဆုံးအခြေအနေအထိ ပြန်တိုးလာဖို့ အဲ့ဒါတွေကို အရင်စားလိုက်ပါ။ ပြီးရင် အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားပြီးတော့ နတ်ဘုရားတစ်ပါး ဖြစ်လာအောင် မင်းကို ငါကူညီပေးမယ်။ အဲ့ဒီအချိန်မှာ အကြွေးတွေကို သွားယူဖို့ ယဲ့မိသားစုဆီကို ငါတို့ သွားကြမယ်။"
"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာ။"
လုရှောင်ယန် သူ့အားပေးသော ပစ္စည်းများကြောင့် စုလင်းဝူထပ်ပြီး အံ့ဩသွားခဲ့ရသည်။
ကမ္ဘာပေါ်က ကျွမ်းကျင်သူများအားလုံးကို ထိန်းချုပ်သည့် လုရှောင်ယန်၏ စွမ်းရည်သည် သာမန်လူများ ယှဉ်နိုင်သောအရာနှင့်
ဝေးကွာလွန်းတော့သည်။
နတ်ဆေးလုံးများနှင့် နတ်သားရဲဥများပင် ရှိခဲ့သည်။
ဤအရာက တကယ့်ကို ကြောက်စရာကောင်းနေတော့သည်။
စုလင်းဝူသည် ဆေးဖက်ဝင်ဆေးလုံးကိုရပြီးနောက် သူသည် တောင်တန်းနှင့်မြစ် ပန်းချီကားထဲသို့ ချက်ချင်း ဝင်သွားတော့သည်။ လုရှောင်ယန်ကလည်း ကြီးမြတ်သော တာအိုမွေးဖွားခြင်းကို အားဖြည့်လိုက်ပြီး သေချာ ကျင့်ကြံရန် စတင်လိုက်သည်။
…
တစ်ချိန်တည်း၌ ဝူဝမ်ပင်လယ်၏အထက်ရှိ ကောင်းကင်ယံတွင် လေနှင့် တိမ်တိုက်များက ရုတ်တရက် တလိပ်လိပ်တက်လာခဲ့သည်။ ထို့နောက် ရွှေရောင်အလင်းက ကောင်းကင်ကို ရုတ်တရက် ဆုတ်ဖြဲပြီး ကြားအက်ကြောင်းတစ်ခုကို ဖွင့်လိုက်သည်။
ခဏကြာပြီးနောက် ရွှေရောင်ချည်တာအိုဝတ်ရုံများဖြင့် ထိုကြားအက်ကြောင်းမှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။
ထိုလူငါးယောက်လုံးတွင် ထူးခြားသော ရောင်ဝါများ ရှိခဲ့သည်။ သူတို့၏ မျက်လုံးများက အားမာန်အပြည့်ဖြစ်နေပြီး မျက်စိကျိန်းလောက်သောအလင်းများ ပေါ်နေခဲ့သည်။ သူတို့၏ စိတ်များက လေဟာပြင် ကို ဖြတ်၍ ထိုးဖောက်နိုင်ခဲ့သလိုမျိုး တလှပ်လှပ် ဖြစ်နေခဲ့သည်။
သူတို့ငါးယောက်သည် တစ်ယောက်နှင့်တစ်ယောက် မတူပေမယ့် "လင်း" ဟူသော စကားလုံးကို သူတို့၏ ရင်ဘတ်ပေါ်တွင် ပန်းထိုးထားခဲ့သည်။
"ငါတို့ လင်းမိသားစုရဲ့ ဘိုးဘေး ပထမဆုံး မွေးဖွားခဲ့တဲ့နေရာက ဒီနေရာလား?"
"ကမ္ဘာငယ်လေးပဲ ရှိသေးတယ်။ ကြည့်ပါအုံး… ဒီနေရာမှာ အနိမ့်ဆုံး ဝိဉာဉ်စွမ်းအင်ပဲ ရှိတယ်။ ဒီလို ချာတူးလံနေရာတစ်ခုကနေ နတ်လောကကို တက်ဖို့ ဘိုးဘေးအတွက် တကယ့်ကို ခက်ခဲခဲ့တာပဲ။"
"ကောင်းပြီ။ စကားပြောနေတာကို ရပ်လိုက်။ ဒီအချိန်မှာ လင်းမိသားစုမျိုးဆက်အတွက် လက်စားချေဖို့ ငါတို့မိသားစုရဲ့ အမိန့်တွေနဲ့ ပိုနိမ့်တဲ့အဆင့်ကို ငါတို့ လာခဲ့ကြတာ။ ကမြင်းကြောထဖို့ ဒီနေရာမှာ ငါတို့ ရှိနေတာမဟုတ်ဘူး။"
"ဒါက ပိုနိမ့်တဲ့အဆင့်မှာရှိတာ။ နတ်လောကမဟုတ်ဘူးဆိုတာကို
သတိရပါ။ စွမ်းအင်နိယာမက ငါတို့ကို စောင့်ကြည့်နေကြတယ်။ မင်းတို့အားလုံး ကိုယ့်ကိုယ်ကို ချုပ်ထိန်းပြီး နတ်ဘုရားအဆင့် ကျင့်ကြံစနစ်တွေကို မသုံးပါနဲ့။ ပြီးတော့ ငါတို့ရဲ့ ကျင့်ကြံခြင်းကို ထိန်းထားရရင်တောင် ဒီနေရာမှာရှိတဲ့ ကျင့်ကြံသူတွေက ငါတို့ရဲ့ပြိုင်ဘက် လုံးဝ မဟုတ်သေးဘူး။ ငါတို့ရဲ့ ကျင့်ကြံစနစ်တွေကို ငါတို့ ထိန်းထားနိုင်သရွေ့ ပြဿနာဖြစ်မှာမဟုတ်ဘူး။"
"မင်းတို့ နတ်ဘုရားအဆင့်ကျင့်ကြံစနစ်တွေကို သုံးလိုက်တာနဲ့ ကောင်းကင်ဘုံတာအိုနိယာမတွေနဲ့ မင်းတို့ နှိမ်နင်းခံရလိမ့်မယ်။ အဲ့ဒီအချိန်မှာ ဒီနေရာမှာ သေတဲ့ ဘယ်သူမဆိုက အရမ်းကို အရှက်ရစေလိမ့်မယ်။"
"အေးပါ!"
"မဟာကျိုးအင်ပါယာကို တစ်ခါလောက်သွားကြည့်ပြီး သတင်းစုကြစို့။ အမြန်မပြန်ခင် လင်းမိသားစုဝင်တွေကို သတ်ပစ်တဲ့လူတွေကို ရှင်းပစ်ဖို့ပဲလိုတယ်။ ဒီနေရာက ငါတို့ ကြာကြာနေလို့ရတဲ့ နေရာမဟုတ်ဘူး။
…
ကျင့်ကြံနေသော လုရှောင်ယန်သည် တစ်စုံတစ်ခုကို ခံစားမိလိုက်သောကြောင့် ရုတ်တရက် သူ့မျက်လုံးများက ပွင့်လာခဲ့သည်။
သူက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ထူးဆန်းလိုက်တာ။ မကောင်းတဲ့ခံစားချက် ငါ့မှာ ဘာလို့ ဖြစ်တာလဲ?"
သို့သော် သူသည် ချက်ချင်း သူ့ကိုသူ စိတ်ငြိမ်အောင် လုပ်လိုက်သည်။
ခုချိန်မှာ ဘာတစ်ခုမှ မကောင်းတာမရှိတာထားလို့ ရှိခဲ့ရင်တောင် သူလုပ်နိုင်တာ ဘာမှ ရှိမနေခဲ့ပေ။
သူ့ဆီသို့ လာသော ဘယ်အရာကိုမဆို သူက ဖြေရှင်းမှာဖြစ်
သည်။
"ပြောရမယ်ဆိုရင် လီကောနဲ့ တခြားသူတွေက ခုတလော ဘယ်လို လေ့ကျင့်နေခဲ့ကြတာလဲ?"
လုရှောင်ယန်က သူတို့၏ ကျင့်ကြံခြင်းဘောင်ကွက်များကို ဖျတ်ကနဲ
တစ်ချက်ကြည့်လိုက်သည်။
လီကောက ဤတစ်ခါ များစွာတိုးတက်လာသည်ဟု ပြောရမှာဖြစ်သည်။
ယခုအခါ သူသည် သူတော်စင်အဆင့်၏ ပထမအဆင့်၌ တကယ့်ကို ရောက်ခဲ့ပြီဖြစ်သည်။
မဆိုးပါဘူး။ လုံးဝမဆိုးပါဘူး။
ဒီကောင်က ခုတလော ဘာမှ အချိန်မဖြုန်းခဲ့ပုံပဲ။
ထို့နောက် လုရှောင်ယန်သည် ကျီဝူရှား၏ ကျင့်ကြံခြင်းစနစ်အပေါ် စူးစိုက်ကြည့်လိုက်သည်။
…
လေသည် စက္ကန့်ပိုင်းမျှ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။
ကျီဝူရှားသည် သူတော်စင်အဆင့်၏ အကောင်းဆုံးဖြစ်သော ဒဿမမြောက်အဆင့်သို့ တကယ့်ကို တက်လှမ်းပြီးပြီဖြစ်သည်။ သူမသည် သိုင်းဘုရင်အဆင့်သို့ တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ ဝေးတော့သည်။
ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလိုက်လဲ။
လီကောက ကောင်းကောင်းကြိုးစားပြီး မီခါနီးဖြစ်နေပြီဟု သူ အစက ထင်ထားခဲ့သည်။ လူတိုင်းက သူ့အား အများကြီး ကျော်တက်မယ်လို့ သူ ထင်မထားခဲ့ပေ။
ဖုန်းထျန်းယွမ်နှင့် အခြားသူများကတော့ သိုင်းဘုရင်အဆင့်သို့ ဝင်ပြီးကြပြီဖြစ်သည်။
ကျွင့်ပုကျန်းနှင့် ကျန်းထိုင်ရွှမ်တို့က သိုင်းဘုရင်အဆင့်၏ နဝမနှင့် ဒဿမမြောက်အဆင့်သို့ အသီးသီး ရောက်ရှိခဲ့ကပြီး နတ်ဘုရားများ
ဖြစ်လာရန် အတိဒုက္ခကို ကျော်လွန်ခါနီးပြီဖြစ်သည်။
ထိုအရာမှလွဲပြီး လီချန်းရှန်၊ စုန့်ရှင်းနျန်နှင့် ကျူးကောကျီချုံတို့၏ ကျင့်ကြံခြင်းကလည်း သိုင်းဘုရင်အဆင့်၏ ပဉ္စမမြောက်အဆင့်နှင့် အထက်သို့ တိုးသွားခဲ့ပြီဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းသည် အလျင်အမြန် တိုးတက်လာခဲ့ကြသည်။
သူ့တပည့်များ၏ ကျင့်ကြံခြင်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းက လုရှောင်ယန်အတွက် ကောင်းသော ကိစ္စတစ်ခုလည်း ဖြစ်သည်။
နောက်ဆုံးတွင် သူ၏ကျင့်ကြံခြင်းမှာလည်း သွယ်ဝိုက်၍ တိုးတက်နေတော့သည်။
လက်ရှိသူက ဒုတိယမြောက် နတ်ဘုရားအဆင့်ကို ချိုးဖြတ်ဝင်ရောက်
ခါနီးပြီဖြစ်သည်။
ဤအမြန်နှုန်းက ယခင်ကထက် များစွာ ပိုနှေးတာ သေချာပေသည်။ သို့သော် ၎င်းနှင့်ပတ်သတ်ပြီး သူလုပ်နိုင်တာ ဘာမှ မရှိပေ။
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက ပိုမြင့်လေလေ ပိုများသော စုဆောင်းမှုကို လိုအပ်လေလေဖြစ်သည်။
သူ၏ တပည့်ကိုးယောက်လုံးက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်းက တစ်ဆင့်တက်လာရင်တောင်မှ ၎င်းက သူ၏ လက်ရှိကျင့်ကြံခြင်းကို အနည်းငယ်မျှသာ တိုးလာနိုင်မှာ ဖြစ်လေသည်။
အနာဂတ်တွင် သူ့အားသူကိုးဖို့ လိုအုံးမည့် ပုံပါပဲ။
တကယ်တော့ သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းက ပိုအားကောင်းဆဲ ဖြစ်သည်။
နောက်ထပ်ပြဿနာက ဤသေးငယ်သော ကမ္ဘာတွင် နတ်ဘုရားအဆင့်သို့ ကျင့်ကြံပြီးနောက် ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။
ဝိဉာဉ်စွမ်းအင်ကို စုပ်ယူပြီး ၎င်းကို နတ်ဘုရားစွမ်းအင်အဖြစ်သို့ အသွင်ပြောင်းဖို့က နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်အတွက် အလွန်နှေးတော့သည်။
နတ်ဘုရားအဆင့်သို့ ဝင်ပြီးနောက် ကောင်းကင်တာအိုနိယာမများက သူ့အား အပြစ်မပေးခဲ့လျှင်တောင်မှ ထိုကဲ့သို့သော ကမ္ဘာငယ်လေးတွင် သူ ကြာကြာ မနေနိုင်မယ့် ပုံပါပဲ။
တစ်နည်းအားဖြင့် သူ၏ ကျင့်ကြံခြင်း တိုးတက်မှုက နှေးခဲ့ပါက သူ၏ အနာဂတ် ကျင့်ကြံမှုအတွက် အခက်အခဲရှိမှာ မဟုတ်ပါလား။
သို့သော် ထိုသို့ဆိုလျှင်တောင်မှ လုရှောင်ယန်က နတ်ဘုရားလောကသို့ လက်ဗလာဖြင့် ပြေးရန် မပြင်ဆင်ထားခဲ့ပေ။
ဘာပဲဖြစ်ဖြစ် နတ်ဘုရားလောကသို့ ဦးတည်မသွားမီ အရင်ဆုံး သူ၏ ခွန်အားကို တိုးလာဖို့ နည်းလမ်းတစ်ခုကို သူ စဉ်းစားထားခဲ့သည်။
တစ်နည်းအားဖြင့် သူ ခွန်အားနည်းလွန်းလျှင် သူ မညှာမတာ ရိုက်နှက်တာကိုသာ ခံရမှာဖြစ်သည်။
လုရှောင်ယန်က မိုက်မဲသူတစ်ယောက် မဟုတ်ပေ။ လုံလောက်သော ပြင်ဆင်မှုမရှိပဲ သူ ဘာမှ လုပ်မှာမဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် လုရှောင်ယန်တွင် နတ်ဆေးလုံးများ ရှိနေသေးသည်။ ထိုဆေးလုံးများအားလုံးက နတ်စွမ်းအင်များပါဝင်သော ဆေးဖက်ဝင်ဆေးလုံးများဖြစ်ပြီး လူတိုင်း၏ သုံးစွဲမှုကို ဖြည့်တင်းနိုင်ယုံမျှသာ ရှိသည်။
လုရှောင်က ထိုရင်းမြစ်များကို တွက်ချက်လိုက်ပြီး အနည်းဆုံး နှစ်နှစ်
(သို့မဟုတ်) သုံးနှစ်အကြာတွင် နတ်ဘုရားလောကသို့ သွားဖို့ သူစိတ်ပူစရာ လိုမည် မဟုတ်ပေ။
ဤအချိန်၌ သူက သူ့တပည့်များကို စည်းစနစ်တကျ သင်ကြားနိုင်ပြီး သူတို့၏အင်အားကို တိုးလာစေမှာ ဖြစ်သည်။
အနာဂတ်တွင် နတ်ဘုရားလောက၌ ရောက်ရှိပြီးနောက် သူ့တပည့်များ ပစ်မှတ်ထားခံရပါက ပြန်လည်ခုခံနိုင်မည့် ခွန်အားပြည့်ဝနေစေဖို့ကို လုရှောင်ယန်မျှော်လင့်မိသည်။
သူများတကာကို လိုက်ပြီး အနိုင်ကျင့်ချင်နေတာတော့မဟုတ်ပါဘူး။
သူက ပြဿနာကို ရှောင်ရှားပြီး ပုံမှန် ကျင့်ကြံချင်ခဲ့သည်။
သို့ပေမယ့် သူက သူရဲဘောကြောင်သူ မဟုတ်ပေ။
နတ်ဘုရားလောကတွင် သူ၏တန်ဖိုးရှိလှသော တပည့်များ အနိုင်ကျင့်ခံရတာကို လုရှောင်ယန်လည်း မမြင်ချင်ခဲ့ပေ။
သူသည် သူတို့အား နတ်ဘုရားလောကတွင် သတ္တုတွင်း အလုပ်သမား၊ အစေခံ (သို့မဟုတ်) ပြည့်တန်ဆာ မဖြစ်စေချင်ပေ။
ဖိဂုလျန်လို နတ်ဆိုးအိမ်မွေးတိရစ္ဆာန်ကို ပိုလို့တောင် သတိထားရပေမည်။ သူတို့သာ အဖမ်းခံရပြီး ခုခံရန် အင်အားမရှိခဲ့လျှင် ဘယ်လောက်တောင် စိတ်မကောင်းစရာ ဖြစ်လိုက်မလဲ?
***
စာစဉ် ၁၉ ပြီး၏။