အခန်း (၂၇၆-၂၈၀)
Vol. 19 Ch. 276-280
အပိုင်း ၂၇၆ ဒါတွေအားလုံး အရင်ကငါသုံးခဲ့တဲ့ ရက်စက်တဲ့လှည့်ကွက်တွေပဲ
လုရှောင်ယန်ထံမှ ခွင့်ပြုချက်ရသည်နှင့် ဘိုးဘေးကျွင့်တစ်ယောက် ယွင်လီကောကို ဆရာအဖြစ်အသိအမှတ်ပြုဖို့ရန် ချက်ချင်းအပြေးသွားတော့သည်။
ယွင်လီကောသည်တော့ ကြောင်အနေခဲ့လေသည်။
“ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားရဲ့ဆရာဖြစ်စေချင်တာလား?”
“ဟုတ်ပါတယ်၊ စီနီယာယွင်။ ကျွန်တော် ဂိုဏ်းချုပ်ရဲ့ခွင့်ပြုချက်ကိုလည်း ရခဲ့ပြီးပါပြီ။ ကျွန်တော့်ကို စီနီယာရဲ့တပည့်ဖြစ်ခွင့်ပြုပါ။”
ယွင်လီကော : “…..”
ထိုအချိန်တွင် သူ့နှလုံးသားထဲမှာ အဆဲစကားတစ်သောင်းလောက်အထိ ပြည့်နှက်သွားခဲ့သည်။
သူ့ရဲ့ဆရာတူညီ(၇)၏ဘိုးဘေးက သူ့ကို ဆရာအဖြစ်အသိအမှတ်ပြုချင်လိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး!
ပြီးတော့ အဲဒီလူက ပြီးပြည့်စုံတဲ့ သိုင်းဘုရင်ဒဿမအဆင့်လဲဖြစ်နေသေးတယ်!
ရိုးရိုးသားသားပြောရရင် တစ်ဖက်လူရဲ့ရှေ့မှာ သူဆိုသည်က သေးငယ်သည့်ပုရွတ်ဆိတ်တစ်ကောင်နဲ့တောင် မခြားပေဘူး။
သူက တစ်ဖက်လူ၏ဖိနပ်ကိုသယ်ဖို့လောက်တောင်မှ အရည်အချင်းမရှိတဲ့လူလေ။
တစ်ခုခုတော့မှားနေပြီ။ အရမ်းကိုမှားနေပြီ။
ဆရာကတော့ ဒီလိုအဆင့်နိမ့်တဲ့အမှားမျိုးလုပ်မိဖို့ မဖြစ်နိုင်ဘူး!
သူတို့ဆရာသခင်က ဘယ်လိုလူမျိုးမို့လို့လဲ?
ပြိုင်ဘက်ကင်းကျွမ်းကျင်သူကြီးလေ!
ကိုယ့်ထက်အဆင့်မြင့်တဲ့လူတွေကို အလွယ်လေးတိုက်ခိုက်နိုင်ကြတဲ့ မြင်းနက်တွေတောင်မှ သူတို့ဆရာရဲ့ပြိုင်ဘက်မဟုတ်ဘူး။
ဒါတောင် သူ့ဆရာက ဒီလိုရိုးရှင်းတဲ့အမှားမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ?
ဒါပေမယ့် တစ်ဖက်လူက ပြီးပြည့်စုံတဲ့သိုင်းဘုရင်ဒဿမအဆင့် ထိပ်တန်းကျင့်ကြံသူကြီးလေ…
နေပါဦး၊ မဟုတ်မှ… သူ့ရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်လွန်းတာကို ဆရာမြင့်တော့ သူ့အတွက်သက်တော်စောင့်ထားဖို့ ထိပ်တန်းသိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ကို စီစဉ်ပေးလိုက်တာများလား?
ထိုသို့တွေးမိလိုက်သည်နှင့် ယွင်လီကော၏မျက်လုံးအိမ်တို့ ချက်ချင်းနီရဲလာတော့သည်။
မှန်တယ်၊ ဒီလိုပဲဖြစ်ရမယ်။
ဒီအကြောင်းပြချက်ကလွဲလို့ သူ့ဆရာ ဘာလို့ ဒီလူကို သူ့တပည့်ဖြစ်ခွင့်ပေးလိုက်ရလဲဆိုသည်ကို ယွင်လီကော တကယ်မစဉ်းစားတတ်တော့ပေ။
ကြည့်ရတာ ဆရာက သူ့ကိုလက်မလျှော့သွားသေးဘူးပဲ။
သူ အခုထိ ဆရာ့ရဲ့အချစ်ဆုံးတပည့်ဖြစ်နေသေးတာပဲ။
ဝူးဝူးဝူး….
သူ့ဆရာက သူ့အပေါ်အရမ်းကောင်းလွန်းတာကြောင့် ဒီဘဝတော့ ဤကျေးဇူးတရားတို့ကို ပြန်မဆပ်နိုင်တော့ဘူးဟု ယွင်လီကော ခံစားမိသွားသည်။
ဒါကြောင့် အခုကစလို့ ဆရာ့ရဲ့အသန်မာဆုံးကူဖော်လောင်ဖက်ဖြစ်လာကာ အမည်မဲ့ဂိုဏ်း၏အကြီးဆုံးဆရာတူအစ်ကိုကြီးဆိုသည့်ဂုဏ်ပုဒ်နှင့် ကိုက်ညီအောင် အကောင်းဆုံးကြိုးစားသွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
အတွေးများပေရှည်ပြီးနောက် မျက်လုံးထဲတွင် မျက်ရည်အပြည့်ဖြင့် ကျွင့်ချန်းမင်အား လက်ခံလိုက်တော့သည်။
“ကောင်းပြီ! ဒီနေ့ကစလို့ မင်းက ငါ့တပည့်ပဲ!”
ကျွင့်ချန်းမင် ချက်ချင်း ဒူးထောက်လိုက်သည်။
ယွင်လီကောက သူ့ကို အမြန်အဆန်ထူပေးလိုက်ပြီး၊ “အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး၊ ငါ့ရဲ့ချစ်တပည့်လေး။ မြန်မြန်ထတော့။”
“မင်းက ဒီနေ့မှ ရုတ်တရက်ကြီး ငါ့တပည့်ဖြစ်သွားတာဆိုတော့ မင်းကိုပေးဖို့ ငါဘာမှမပြင်ဆင်ထားမိဘူး။ ဒီတော့ သိုင်းဘုရင်အဆင့်လက်နက်နည်းနည်းလောက် အရင်ယူထားလိုက်ဦး။ ဒီ သိုင်းဘုရင်အဆင့်ဆေးပုလင်းနည်းနည်းနဲ့ နတ်ဆေးလုံးတွေကတော့ မင်းရဲ့ကျင့်ကြံခြင်းဆိုင်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်။”
“အိုး ဟုတ်သားပဲ၊ မင်း နတ်သားရဲမစားဖူးသေးဘူးမလား? ငါမင်းကို နှစ်လုံးပေးမယ်။ မင်း သူတို့ကို ပြုတ်စား,စား၊ ကြော်စား,စားရတယ်။ မင်းဘယ်လိုပုံစံမျိုးကို ကြိုက်လဲ?”
“မင်း စားလို့ကုန်သွားရင် အချိန်မရွေးပြောနော်။ မင်းရဲ့ဆရာအဖိုးဆီက ငါထပ်တောင်းပေးမယ်။”
“ဂလု~!”
ဘိုးဘေးကျွင့် မနေနိုင်စွာ တံတွေးမြိုချမိသွားသည်။
သူကဘယ်သူလဲ? သူက ဟိုးလွန်ခဲ့တဲ့နျစ်တစ်သောင်းလောက်ကတည်းက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာခဲ့တဲ့သူလေ။
သူ့မှာလည်း သိုင်းဘုရင်အဆင့်လက်နက်တွေ ပြတ်လတ်မနေဘူးဆိုပေမယ့် တစ်ကြိမ်တည်းနဲ့ အပုံလိုက်ထုတ်ပေးဖို့ကတော့ အတော်လေးခက်ခဲနေတုန်းပဲ။
အဖိုးအတန်ဆုံးသောပစ္စည်းကတော့ ထိုဆေးလုံးများပင်ဖြစ်သည်။
တကယ်တမ်းပြောရလျှင် သိုင်းဘုရင်အဆင့်ဆေးလုံးတစ်လုံးဆိုသည်ကပင် အဖိုးတန်သည်ဟု ပြောဖို့ လုံလောက်နေပေပြီ!
သို့သော်လည်း သူ့ဆရာကတော့ နတ်ဘုရားအဆင့်ဆေးလုံးတစ်လုံးကိုတောင်မှ ပေးလာခဲ့သည်!
နတ်ဘုရားအဆင့်ဆေးလုံးတဲ့လေ!
ဆေးလုံးတွေထဲမှာ တန်ဖိုးအရှိဆုံးဆေးလုံး!
ဒီလောက,က ဘယ်သူကမှ ထိုဆေးလုံးမျိုးကို ဝယ်ယူဖို့ မတတ်နိုင်ကြဘူး။
ပိုပြီးအရေးကြီးဆုံးအရာကတော့ နတ်သားရဲဥတွေပါ ရှိနေသေးတာပဲ!
အနည်းဆုံးတော့ သူဆိုသည့်ဘိုးဘေးကျွင့်သည် ဤလောကရှိ အသန်မာဆုံးသောလူစုထဲတွင် ပါဝင်သည်ဟု သတ်မှတ်၍ရသည်။
သူမမြင်ဖူးတာ ဘာများရှိခဲ့လို့လဲ?
သို့သော်လည်း ယနေ့မှာတော့ သူဟာ ရေတွင်းအောက်ခြေက ဖားတစ်ကောင်သာဖြစ်မှန်း လက်ခံလိုက်ရပေသည်။
သို့ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့စိတ်သည် ပျော်ရွှင်ခြင်းဆီသို့ ကူးပြောင်းသွားခဲ့သည်။
အဟုတ်ပဲ၊ သူတိတ်တိတ်လေး ပျော်ရွှင်နေမိတယ်။
ကံကောင်းစွာဖြင့် သူသည် ယွင်လီကော၏တပည့်ဖြစ်လာခဲ့တယ်လေ!
တကယ်ကို သူ့ရွေးချယ်ချက်မှန်ကန်နေတာပဲ။ ဂိုဏ်းထဲမှာ တပည့်ခေါင်းဆောင်ကသာ သေချာပေါက် အသန်မာဆုံးလူဖြစ်နိုင်တာပေါ့။
တပည့်ခေါင်းဆောင်ကလွဲလို့ ကျန်တဲ့တပည့်တွေအားလုံး အမှိုက်တွေချည်းပဲ။
ကျွင့်ပုကျန်းလည်း အမှိုက်ပဲ!
မဟုတ်ရင် ကျွင့်ပုကျန်း ကျွင့်မိသားစုကို ပြန်လာတဲ့အချိန်တုန်းက သူ့ကို နတ်ဆေးလုံးတစ်လုံး ဒါမှမဟုတ် နတ်သားရဲဥတစ်လုံးလောက်တောင် မပေးခဲ့ရတာလဲ?
နတ်ဆေးလုံးကို မပြောပါနဲ့ဦး၊ ကျွင့်ပုကျန်း သူ့ကို သိုင်းဘုရင်အဆင့်ဆေးလုံးအနည်းငယ်လောက်ပေးခဲ့ရင်တောင်မှ သူ ကျွင့်ပုကျန်းကို အမှိုက်စာရင်းထဲ ထည့်ပစ်မှာမဟုတ်ဘူး!
သို့သော်လည်း တစ်ဖက်လူက သူ့ကို သိုင်းဘုရင်အဆင့်ဆေးလုံးတစ်လုံးတစ်လေကိုတောင် မပေးခဲ့ပေ။
ဒါကပဲ ကျွင့်ပုကျန်း၏အရည်အချင်းက မပြည့်ဝသေးကြောင်း သက်သေပြသွားပေသည်။
ထို့သို့တွေးမိပြီးနောက် ယွင်လီကောပေးလာသည့် အဖိုးတန်ပစ္စည်းများကို အလျင်အမြန်လက်ခံလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဆရာ။”
ယွင်လီကော ခေါင်းအသာညိတ်လိုက်သည်။
“ငါမင်းကိုပစ္စည်းတွေအများကြီးပေးခဲ့တယ်ဆိုပေမယ့် မင်း ကျင့်ကြံဖို့တော့လိုသေးတယ်နော်။ အချောင်ခိုနေလို့မရဘူး၊ နားလည်လား?”
“နားလည်ပါတယ်။”
“ဘာကိစ္စမှမရှိတော့ရင် သွားလို့ရပြီ။”
“ဟုတ်ကဲ့ပါ။”
ဘိုးဘေးကျွင့် ပျော်ရွှင်စွာ အပြင်သို့ထွက်လာပြီးနောက် ကျွင့်ပုကျန်းနှင့် တပည့်တည့်တိုးလေသည်။
ကျွင့်ပုကျန်းက ချက်ချင်းပင် နှုတ်ဆက်လိုက်သည်။ “အာ၊ အဘိုး၊ ဘာလို့ ခန်းမထဲကနေ ထွက်လာတာလဲ?”
“နေပါဦး… အကြီးဆုံးဆရာတူအစ်ကိုတစ်ယောက်ပဲ ခန်းမထဲမှာ နေတာမဟုတ်လား?”
ကျွင့်ပုကျန်း၏နှလုံးသား ရုတ်တရက် ခုန်လှုပ်သွားရသည်။ “အဘိုး၊ မဟုတ်မှလွဲရော… ကျွန်တော့်ရဲ့ဆရာတူအစ်ကိုအကြီးဆုံးကို ဆရာအဖြစ်အသိအမှတ်ပြုလိုက်တာများလား?”
“အမှန်ပဲ!”
ကျွင့်ပုကျန်း၏အမူအရာ ပြောင်းလဲသွားတော့သည်။
ထို့နောက် သူ့နဖူးသူပြန်ရိုက်လိုက်လေသည်။
တကယ်ကိုပဲ၊
သူ ထင်နေတယ်။
“အဘိုး၊ ခင်ဗျား.. ဘာလို့ ကျွန်တော့်ရဲ့ဆရာတူအစ်ကိုအကြီးဆုံးကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်တာလဲ? သိရဲ့လား၊ ဆရာတူအစ်ကိုအကြီးဆုံးက.. သူ… သူက..”
ထိုနေရာရောက်သည်နှင့် ကျွင့်ပုကျန်း၏အသံက ချက်ချင်းတိုးဝင်သွားသည်။ “ဆရာတူအစ်ကိုအကြီးဆုံးက တကယ်တော့ အရမ်းအစွမ်းမထက်ဘူး။”
သူထိုစကားပြောပြီးသည်နှင့် ဘိုးဘေးကျွင့်၏အမူအရာမှာ ချက်ချင်းမဲမှောင်သွားတော့သည်။
“ခွေးကောင်လေး!! မင်းကများ ငါ့ဆရာကို အပုပ်ချရဲတယ်! မင်းသေချာနေပြီပဲ!”
ဘိုးဘေးကျွင့်၏သိုင်းဘုရင်ဒဿမအဆင့်ဖိအားက ကျွင့်ပုကျန်းခေါင်းပေါ်သို့ ချက်ချင်းဖိကျလာကာ ချက်ချင်းပင် ဖိအားများသွားရတော့သည်။ ရုတ်တရက်ဆိုသလို မြေပေါ်သို့ ဒူးထောက်ကျသွားကာ သူ့မျက်နှာမှာ နီရဲနေခဲ့သည်။
“အဘိုး…”
“ငါမင်းကိုသတိပေးလိုက်မယ်။ မင်းက ငါ့ရဲ့မျိုးဆက်ဆိုပေမယ့် ငါ့ဆရာကို အရှက်ခွဲလို့မရဘူး။ ဒါက မင်းပထမဆုံးအကြိမ်အမှားလုပ်တာဆိုတော့ မင်းကို ဘာမှမလုပ်တော့ဘူး။ နောက်တစ်ကြိမ်ထပ်ဖြစ်လာလို့ကတော့ ငါ ငါ့မြေးအပေါ်တောင် မညှာဘူးဆိုပြီး အပြစ်လာမတင်နဲ့။”
“ဟုတ်..ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ။”
ပြောပြီးသည်နှင့် ဘိုးဘေးကျွင့်က ဖိအားကိုပြန်လည်ဖယ်ရှားပေးကာ သက်ပြင်းမောတစ်ချက်ချလိုက်သည်။
ထို့နောက် ဘိုးဘေးကျွင့်က ပြောလာသည်။ “ငါမင်းကိုမေးပါရစေဦး။ မင်း အမည်မဲ့ဂိုဏ်းကိုရောက်တာ အတော်ကြာနေပြီ။ မင်း နတ်သားရဲဥဘယ်နှလုံးစားပြီးသွားပြီလဲ? နတ်ဆေးလုံးကော ဘယ်နှလုံးရပြီးသွားပြီလဲ?ပြီးတော့ သိုင်းဘုရင်အဆင့်လက်နက်တွေကရော?”
“အမ်… ကျွန်တော် နတ်သားရဲဥတစ်လုံးနဲ့ နတ်အာရုံစုစည်းခြင်းဆေးလုံးတစ်လုံးပဲ စားရပါသေးတယ်။ သိုင်းဘုရင်အဆင့်ဆေးလုံးတွေနဲ့ သာမာန်နတ်ဆေးလုံးတွေကတော့ ရေတွက်ကြည့်ဖို့ မလွယ်တော့ဘူး။”
ထိုစကားကိုကြားတော့ ဘိုးဘေးကျွင့် မနေနိုင်စွာ လှောင်ရယ်လိုက်သည်။ “ဒါပဲလား? ဒါနဲ့တောင်မှ မင်းမှာ ငါ့ဆရာကိုပြတ်ရယ်ပြုဖို့ မျက်နှာရှိသေးတယ်လား? ရယ်စရာကောင်းချက်။”
ကျွင့်ပုကျန်း : “???”
ဘာကိုဆိုလိုချင်တာလဲ? ဒီလောက်ဆိုရင်တောင် အရမ်းကိုမှ အထင်ကြီးစရာကောင်းနေပြီ မဟုတ်ဘူးလား?
ဒီလောကတစ်ခုလုံးမှာ ဒီလောက်များပြားတဲ့အဆင့်မြင့်ပစ္စည်းတွေကို ဘယ်သူကများ ထုတ်နိုင်လို့လဲ?
ဒါတွေက ဈေးထဲက ဂေါ်ဖီထုပ်တွေလို ပေါပေါပဲပဲရတာမျိုး မဟုတ်ဘူးလေ။ ကျွင့်မိသားစုကို မဆိုထားနှင့် ထာဝရသစ်တောတစ်ခုလုံးတောင်မှ ဘယ်မိသားစုကများ နတ်သားရဲဥတစ်လုံး (ဒါမှမဟုတ်) နတ်ဆေးလုံးတစ်လုံးကို ထုတ်လာနိုင်လို့လဲ?
နေပါဦး၊ တစ်ခုခုတော့ မှားနေသလိုပဲ။
ကျွင့်ပုကျန်း မျက်မှောင်ကြုတ်လိုက်သည်။
“အဘိုး၊ ကျွန်တော့်ဆရာတူအစ်ကိုက အဘိုးကို ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်တွေ ဘယ်လောက်တောင် ပေးလိုက်တာလဲ?”
“သိပ်မများပါဘူး။ နတ်သားရဲဥနည်းနည်းနဲ့ နတ်ဆေးပုလင်းနည်းနည်းလောက်ရယ်ပါ.. ပြီးတော့ သိုင်းဘုရင်အဆင့်လက်နက် နည်းနည်းပါးပါးရောပေါ့…”
ကျွင့်ပုကျန်း : “….”
မဟုတ်သေးပါဘူး။ သူတို့နှစ်ယောက်လုံးက ဆရာ့ရဲ့တပည့်တွေပဲလေ။ ဘာလို့ ဆရာတူအစ်ကိုအကြီးဆုံးဆီမှာက ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်တွေ ဒီလောက်အများကြီး ရှိနေရတာလဲ? ဘာလို့ သူ့မှကျတော့ ဘာမှမရှိရတာလဲ?
မဟုတ်မှ ဆရာက ဘက်လိုက်နေတာလား?
မရဘူး၊ သူမေးမှဖြစ်မယ်။
ထို့သို့တွေးပြီးသည်နှင့် တခြားဆရာတူအစ်ကိုအစ်မများကို ရှာဖို့ရန် ချက်ချင်းပြေးထွက်သွားတော့သည်။
မကြာလိုက်ပါဘဲ ကျီဝူရှား၏တံခါးရှေ့သို့ ရောက်သွားလေသည်။
“ဒုတိယအစ်မ၊ မင်းအထဲမှာရှိလား?”
ကျင့်ကြံနေသည့်ကျီဝူရှား မျက်မှောင်အသာကြုတ်လိုက်ကာ ချက်ချင်းပြောလိုက်သည်။ “ဆရာတူမောင်လေး(၇) ကိစ္စရှိလို့လား?”
“ဟုတ်တယ်.. ဆရာတူအစ်မကို တစ်ခုခုလောက် မေးစရာရှိလို့ပါ။”
ကျီဝူရှား တံခါးကို ချက်ချင်းဖွင့်ပေးလိုက်သည်။ “ဘာကိစ္စများလဲ? ငါ့ကိုတောင်မှ တကူးတကလာမေးတာပါလား။”
“အမ်.. ကိစ္စကြီးတော့မဟုတ်ပါဘူး။ အစ်ကိုအကြီးဆုံးနဲ့ဆရာ့ကြားက ဆက်ဆံရေးက ဘယ်လိုလဲဆိုတာ ဆရာတူအစ်မသိလားလို့ မေးချင်တာပါ။”
ကျီဝူရှား၏မျက်ခုံးက အသာပင့်တက်သွားသည်။
“သာမာန် ဆရာ-တပည့်ဆက်ဆံရေးမျိုးပေါ့။ ဘာဖြစ်နိုင်ရဦးမှာလဲ?”
“တကယ်လား?”
“ဒါပေါ့၊ အမှန်ပဲလေ။ မဟုတ်ရင် မင်းက ဘာဖြစ်မယ်ထင်လို့လဲ?”
“အစ်ကိုအကြီးဆုံးက ဆရာ့ရဲ့တရားမဝင်သားများဖြစ်နေမလားလို့?”
“သေချာပေါက် မဟုတ်ဘူးပေါ့။ အကြီးဆုံးအစ်ကိုက ဆရာ့ထက်တောင်မှ ၁နှစ်၂နှစ်လောက် ကြီးနိုင်သေးတယ်။ ဘယ်လိုလုပ် ဆရာ့ရဲ့တရားမဝင်သားဖြစ်နိုင်မှာလဲ? မင်းက ရယ်စရာတွေ ပြောနေတာပဲ။”
“အရမ်းထူးဆန်းတယ်! အကြီးဆုံးအစ်ကိုက ဆရာ့ရဲ့တရားမဝင်သားသာမဟုတ်ရင် ငါ့ထက်ပိုပြီး အရင်းအမြစ်တွေပိုရနေစရာအကြောင်းမရှိဘူးလေ! သူရထားတဲ့ ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်တွေက ဆရာ့ကိုတောင်ယှဉ်နိုင်တော့မယ်။”
ကျီဝူရှား၏မျက်နှာအမူအရာမှာ ရှုံ့တွမိသွားလေသည်။
ထို့နောက် သူမ ကျွင့်ပုကျန်းအားကြည့်ကာ ပြောလိုက်သည်။ “တကယ်တော့ မင်းလည်း လုပ်နိုင်ပါတယ်။”
ကျွင့်ပုကျန်း : “???”
ကျွင့်ပုကျန်း၏မသိနားမလည်သောအမူအရာကိုမြင်ရတော့ ကျီဝူရှား ခဏလောက်တိတ်သွားမိသည်။
“အမ်၊ မင်းရဲ့နှုတ်မှုစွမ်းရည်က ဘယ်လောက်ရှိလဲ?”
“နှုတ်မှုစွမ်းရည်?”
“ငါဆိုလိုတာက၊ မင်းရဲ့ ဖိနပ်လျက်နိုင်တဲ့စွမ်းရည်ဘယ်လောက်ရှိလဲလို့ မေးတာ?”
“အာ… ငါ ဘယ်တုန်းကမှ တခြားလူတွေကို မြှောက်ထိုးပင့်ကော်မပြောဖူးဘူး။ ပြီးတော့ ဘယ်လိုပြောရမှန်းလည်း မသိဘူး။ ငါငယ်ငယ်လေးကတည်းက ငါကသာ လူတွေရဲ့မြှောက်ပင့် ဖိနပ်လျက်တာကို ခံခဲ့ရတဲ့သူလေ။ ငါကတော့ ဘယ်တုန်းကမှ မလုပ်ဖူးဘူး။”
“ဒါဆို မင်း အကြီးဆုံးအစ်ကိုကြီးလိုဖြစ်ချင်ရင်၊ မင်းရဲ့နှုတ်မှုစွမ်းရည်ကို လေ့ကျင့်သင့်တယ်။”
“တကယ်တမ်းပြောရရင် ဆရာ့ဆီမှာရှိတဲ့အရင်းအမြစ်တွေက မှန်းဆလို့တောင်မရနိုင်ဘူး။”
“အဓိကအချက်က ရနိုင်စွမ်းရှိမရှိဆိုတာပဲ။”
“မင်းမှာသာ ဖိနပ်လျက်နိုင်တဲ့စွမ်းရည်ကောင်းကောင်းရှိသလို အကြီးဆုံးအစ်ကိုကြီးလိုပဲ မင်းလည်း အရင်းအမြစ်တွေအများကြီး ရနိုင်တယ်။”
ကျွင့်ပုကျန်း : “…”
လာနောက်နေတာလား?
သူများဖိနပ်လျက်ရုံနဲ့ သန်မာလာနိုင်တယ်ပေါ့?
ဒီလိုသာဆို ကိုယ်တိုင် ကြိုးကြိုးစားစားကျင့်ကြံနေကြတဲ့သူတွေအတွက်ကရော?
သူနားမလည်နိုင်စွာ တွေးများရှုပ်ထွေးနေသည်ကို သိတာကြောင့် ကျီဝူရှားက ဆက်ရှင်းပြလာသည်။ “အဲလိုမျိုးပဲ။ တကယ်တော့ ဆရာ ငါတို့ကိုပေးတဲ့ အရင်းအမြစ်တွေက လုံလောက်နေပါပြီ။”
“ဥပမာ၊ နတ်အာရုံစုစည်းခြင်းဆေးလုံး၊ သိုင်းဘုရင်အဆင့်သွေးဆေးလုံး၊ သိုင်းဘုရင်အဆင့်ခြင်ဆီဆေးလုံးနဲ့ သိုင်းဘုရင်အဆင့်ဝိညာဉ်ဆေးလုံးတွေလိုမျိုး ဆေးမျိုးတွေက ငါတို့အနေနဲ့ တစ်လုံးလောက်စားဖို့ပဲ လိုတယ်လေ။ နောက်ထပ်,ထပ်စားလို့လည်း သိပ်အသုံးမဝင်တော့ဘူး။ ဒါကြောင့် ငါတို့ဆရာ့ဆီက ဆေးလုံးအပိုတွေ ထပ်ရရင်တောင်မှ အရမ်းအသုံးဝင်မှာမဟုတ်တော့ဘူး! ငါပြောတာမှန်တယ်မလား?
အကြီးဆုံးအစ်ကိုကြီးကို ဥပမာအဖြစ်ယူရရင်။ သူ့မှာ အရင်းအမြစ်ပစ္စည်းတွေ အများကြီးရှိတယ်ဆိုပေမယ့် ငါတို့ထဲမှာ သူ့ရဲ့ကျင့်ကြံဆင့်က အနိမ့်ဆုံးပဲမဟုတ်ဘူးလား?”
ကျွင့်ပုကျန်း ခေါင်းညိတ်လိုက်သည်။
“ဒါကြောင့်၊ ကျင့်ကြံခြင်းဆိုတာ အရင်းအမြစ်နဲ့အချိုးမကျဘူး။ အဓိကက ပင်ကိုအရည်အချင်းပဲ။ ဆရာငါတို့ကိုပေးတဲ့အရင်းအမြစ်တွေက တကယ်တော့ အားလုံးအတူတူလောက်ပဲ။ သူက ဘာမှမဖုံးကွယ်ထားသလို အကြီးဆုံးအစ်ကိုကိုလည်း အထူးမျက်နှာသာပေးတာမဟုတ်ဘူး။”
“အဲလိုကိုး၊ နားလည်ပါပြီ။ သေချာရှင်းပြပေးတဲ့အတွက် ဒုတိယအစ်မကို ကျေးဇူးတင်ပါတယ်။”
“ကောင်းပြီ၊ မင်းဒီလိုတွေးတတ်သွားတာ အကောင်းဆုံးပဲ။ ငါဆက်ပြီး ကျင့်ကြံရဦးမှာမို့ မင်းနဲ့စကားဆက်မပြောတော့ဘူး။”
“ဟုတ်ကဲ့ပါ။”
ထို့နောက် ကျီဝူရှားနှုတ်ဆက်ကာ တံခါးကိုပြန်ပိတ်လိုက်သည်။
သူ့ဆရာတူအစ်မပြောသွားသည်များက မှန်ပေသည်။ အရင်းအမြစ်တွေအများကြီးရှိနေလို့လည်း အသုံးမဝင်ပေ။ လုံလုံလောက်လောက်ရှိနေရုံကတင် ကောင်းနေပြီဖြစ်သည်။
အကြီးဆုံးအစ်ကိုဆီကနေ ဘာကိုမှသင်ယူနေဖို့ မလိုအပ်ဘူး။
ဘာပဲဖြစ်ဖြစ် အကြီးဆုံးအစ်ကို၏ကျင့်ကြံဆင့်သည် အလွန်နိမ့်လွန်းသည်။ သူသာ တခြားနယ်ပယ်တွေမှာတောင်မှ ကျွမ်းကျင်ရာတစ်ခုခုရှိမနေခဲ့ရင် တကယ်ကို သာမာန်ဆန်လွန်းသူဖြစ်သွားပေတော့မည်။
…..
တချိန်တည်းမှာပဲ မဟာကျိုးတော်ဝင်နန်းမြို့တော်တွင်။
မဟာချင်အင်ပါယာမှ တင်ပြချက်များကိုဖတ်နေသည့် ကျီဝူရှန်တစ်ယောက် ရုတ်တရက် လျှို့ဝှက်တင်ပြချက်တစ်ခုကို လက်ခံရရှိလိုက်သည်။
ထိုလျှို့ဝှက်အစီအရင်ခံစာကိုမြင်လိုက်သည်နှင့် သူ့အမူအရာက ရုတ်ချည်းပြောင်းလဲသွားလေသည်။
“ဒါဘယ်သူလုပ်တာလဲ? ဘယ်သူလုပ်တာလဲလို့?”
အမတ်များမှာ ချက်ချင်းထိတ်လန့်တကြားဖြင့် အလျင်အမြန်ဒူးထောက်လိုက်ကြသည်။
“ကျွန်..ကျွန်တော်တို့လည်း မသိပါဘူး။”
“မြန်မြန်လေး၊ ငါ့အတွက် ဝိညာဉ်စွမ်းအင်သုံးလေသင်္ဘောပြင်ထား။ မဟုတ်သေးဘူး၊ ကူးပြောင်းခြင်းအစီအရင်ကိုပဲ သုံးတော့မယ်။ အကြီးအကဲလုကို သွားရှာရမယ်။ မြန်မြန်လေး! ငါတို့သာ နှောင့်နှေးသွားရင် အချိန်တွေလွန်ကုန်လိမ့်မယ်!”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ ၂၇၇ ထာဝရသစ်တော ရှေးဟောင်းအထွတ်အထိပ်အဆင့် သတ်မှတ်ခြင်း၏ အစ… ရှီမိသားစု…
ထာဝရသစ်တောရှိ ထိပ်တန်းမိသားစု(၁၀)စုထဲမှ မိသားစုတစ်ခုအနေဖြင့် ရှီမိသားစုသည် ထာဝရသစ်တောထဲတွင် ထူးခြားသော အဆင့်အတန်းတစ်ခု ရှိခဲ့ကြသည်။
ဤအရာက ရှီမိသားစုဝင်များ၏ အဆက်မပြတ် ကြိုးစား အားထုတ်မှုနှင့် နီးကပ်စွာ ပတ်သက်မှုရှိလေသည်။
ရှီမိသားစု၏ အကြီးအကဲတောင်မှ တစ်ချိန်လုံး ကျင့်ကြံနေခဲ့သည်။
သို့သော် ဤအချိန်တွင် ပုဂ္ဂိုလ်တစ်ယောက်၏ ရုတ်တရက် ကျူးကျော်မှုက ရှီမိသားစု၏ ငြိမ်းချမ်းမှုကို အဆုံးသတ်ခဲ့သည်။
"ခေါင်းဆောင်… ခေါင်းဆောင်… မကောင်းတာတစ်ခုခု ဖြစ်ပြီ။ မကောင်းတာတစ်ခုခု ဖြစ်ပြီ!"
ရှီမိသားစု၏ ခေါင်းဆောင်ဖြစ်သူက သူ၏ကျင့်ကြံခြင်းမှ နိုးလာခဲ့ပြီး မျက်ခုံးများက အနည်းငယ် မြင့်တက်သွားကာ သူ၏ အမူအရာက အတော်လေး ဒေါသထွက်သွားခဲ့သည်။
"ဘာဖြစ်နေတာလဲ?.. ဘာကိုလန့်တာလဲ?…"
ထိုအခါ ရှီမိသားစုနောက်လိုက်က ကျောက်စိမ်းစလစ်တစ်ခုကို အလောတကြီး လှမ်းပေးလိုက်သည်။
"ခေါင်းဆောင်၊ ဒါကို တစ်ချက်ကြည့်လိုက်။ ဒီဟာကို ဖတ်ပြီးရင် ကျုပ်ကိုထပ်ပြီး မကျေမနပ်ပြောတော့မှာ မဟုတ်ဘူး။"
ရှီမိသားစု၏ခေါင်းဆောင်ဖြစ်သူက ၎င်းထဲသို့ သူ၏စိတ်အာရုံကို ချက်ချင်း ပို့လွှတ်လိုက်သည်။
"ရှေးဟောင်းအထွတ်အထိပ်အဆင့်… ဒါကဘာလဲ?.."
"ကျုပ်မသိဘူး။ ဒါပေမယ့် အခုဒီဟာက အပြင်ကို တောမီးလိုပျံ့နေပြီ။ ဒါက ဒီကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ စွမ်းအားအဆင့် သတ်မှတ်ချက်ကို ပြောထားတာ။"
"အိုး? ဘယ်လောက်တောင် စိတ်ကြီးဝင်လိုက်လဲ။ ဒီလိုဟာမျိုးတွေအတွက် အဆင့်သတ်မှတ်တာတောင် ရှိတာလား?"
ထို့နောက် ရှီမိသားစု၏ ခေါင်းဆောင်ဖြစ်သူက ချက်ချင်း အာရုံစူးစိုက်ကာ အဆင့်များကို ကြည့်လိုက်သည်။
မကြာမီမှာပဲ ပြဿနာ၏ ဖြေရှင်းရခက်သည့်အချက်ကို သူ ရှာတွေ့သွားတော့သည်။
"(၃၀၀) မြောက်နေရာ၊ အရှေ့နတ်ဆိုးခေါင်းဆောင်၊ ကျန်းထိုင်ရွှမ်၊ ပဥ္စမမြောက် သိုင်းဘုရင်အဆင့်"
"(၂၀၀)မြောက်နေရာ၊ တကယ့်ကို ထည်ဝါခံ့ညားတဲ့ နတ်ဆိုး သခင်လင်းပါထျန်း၊ သတ္တမမြောက် သိုင်းဘုရင်အဆင့်"
…
"ဒီအဆင့်တွေက တကယ် ထိုက်တန်ပါတယ်…"
သူက ပြောရင်း ဆက်၍ ကြည့်လိုက်သည်။
"အယောက်(၁၀၀)မြောက်နေရာမှာ ကျွင့်မိသားစုက ကျွင့်ထျန်းကျွေး၊ (၉၀)မြောက်နေရာကတော့ ချန်မိသားစုက ချန်ရှုဟွာ၊ အယောက်(၈၀)မြောက်နေရာက ငါတို့ရဲ့ ရှီမိသားစုက ရှီဟွိုက်ရို့နဲ့ (၇၆)ယောက်မြောက်နေရာက …"
" ငါတို့ထာဝရသစ်တောရဲ့ ထိပ်တန်းမိသားစု(၁၀)ခုက ထိပ်ဆုံး နေရာ (၁၀၀)လောက်ကို ယူထားကြတာပဲ။ ငါမှတ်မိတာ မှန်တယ်ဆိုရင် ဒီ ကျွင့်ထျန်းကျွေးက သိုင်းဘုရင်အဆင့်ရဲ့ နဝမမြောက်အဆင့်မှာ ရှိလောက်တယ် မဟုတ်လား။ ထိပ်တန်း(၁၀၀) အတွက် ပြိုင်ဆိုင်ရတာက အရမ်းကို ပြင်းထန်ပါလား။"
ခေါင်းဆောင်ရှီက ဆက်၍ဖတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။
သူသည် အဆင့်(၂၇)ခုမြောက်တွင်သာ ရှိနေတာကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
သူက သိုင်းဘုရင်အဆင့်၏ ပြီးပြည့်စုံသော ဒဿမမြောက်အဆင့်၌ ရှိသည်ကို သိထားရမည်ဖြစ်သည်။
သို့သော် သူ့လို ကျော်ကြားသော အချို့မိသားစု ခေါင်းဆောင်များသည်လည်း အလားတူအဆင့်များတွင် ရှိကြသည်ကို သူတွေ့ရသောအခါမှ စိတ်သက်သာရာ ရသွားတော့သည်။
ထိပ်ဆုံးအဆင့်(၂၀)တွင် သတ်မှတ်ခံထားရသော လူအားလုံးသည် ထာဝရသစ်တောရှိ ထိပ်တန်းမိသားစု(၁၀)ခု၏ ဘိုးဘေးများ ဖြစ်ကြသည်။
ထိုဘိုးဘေးအားလုံးနီးပါးသည် ရှေးပဝေသဏီအချိန်များထဲက အသက်ရှင်ကျန်ရစ်ခဲ့ကြသူများ ဖြစ်ကြသည်။
သူတို့ထဲမှ တချို့သည် သိုင်းဘုရင်အဆင့်၏ ဒဿမမြောက်အဆင့်၌ သောင်တင်နေခဲ့ကြပြီး နတ်ဘုရားများဖြစ်လာဖို့အတွက် အတိဒုက္ခကို အချိန်မရွေး ကျော်လွှားနိုင်ကြသည်။
အချို့က အတိဒုက္ခကို ကျော်လွန်ပြီးဖြစ်သော်လည်း မအောင်မြင်သောကြောင့် ထပ်မံကျင့်ကြံဖို့ကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ဤဖြစ်တည်မှုအမျိုးအစားကို အယောင်ဆောင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူဟု ခေါ်လေသည်။
သူတို့၏ တိုက်ရည်ခိုက်ရည်က သိုင်းဘုရင်အဆင့်၏ ဒဿမမြောက်အဆင့်ကို သာလွန်ပေသည်။
နတ်ဘုရားများဖြစ်လာဖို့အတွက် အတိဒုက္ခကို ကျော်လွန်ခဲ့ကြသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူတချို့ ရှိခဲ့ပေမယ့် ကောင်းကင်ဘုံတာအိုနိယာမများဖြင့် အာရုံခံ၍ မရလေအောင် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားဖို့အတွက် လျှို့ဝှက်နည်းစနစ်များကို အသုံးပြုခဲ့ကြသည်။
ဤနည်းဖြင့် သူတို့ကို ကောင်းကင်တာအိုဖြင့် လွယ်လွယ်ကူကူ ရှာမတွေ့တော့ပဲ အခြားမိသားစုများကို ခြိမ်းခြောက်ရန် ဤကမ္ဘာတွင် ဣန္ဒြေမပျက် နေနိုင်ခဲ့ကြသည်။
ထိုကဲ့သို့သော ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ယောက်သည် သမားရိုးကျအတိုင်း ပြီးပြီးရော တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ဘာလို့လဲဆိုတော့ သူ့တွင် ဖုံးကွယ်ထားဖို့အတွက် လျှို့ဝှက်နည်းစနစ်တစ်ခုရှိလျှင်တောင်မှ ကောင်းကင်ဘုံတာအိုနိယာမများ ဖြင့် သူ့ကို အလွယ်တကူ ဖော်ထုတ်ခံရနိုင်သေးသောကြောင့် ဖြစ်သည်။
ယဲ့မိသားစုတွင် ထိုကဲ့သို့သော လူတစ်ယောက် လတ်တလော ရှိနေကြောင်းကို ယေဘုယျသိထားခဲ့ကြသည်။
သို့သော် ဤပုဂ္ဂိုလ်ကို ဖုံးကွယ်ထားသော်ငြားလည်း သူသည် ရှေးဟောင်းအထွတ်အထိပ်အဆင့်တွင် မှတ်တမ်းတင် ခံခဲ့ရသေးသည်။
ပို၍ပင် ကြောက်စရာကောင်းသောအရာမှာ အခြားအဖွဲ့၏ အချက်အလက်ကို ဤအဆင့်သတ်မှတ်ချက်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းဖြစ်သည်။
ဤအရာက ကြောက်စရာကောင်းလွန်းတော့သည်။
အယောင်ဆောင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်ပင် မှတ်တမ်းတင်ခံခဲ့ရသည်။ ရှေးဟောင်းအထွတ်အထိပ်အဆင့် သတ်မှတ်တာကို ဖန်တီးခဲ့သော ဤလူက တော်တော်စွမ်းတာပဲ!
ခေါင်းဆောင်ရှီ၏ အမူအရာက တည်ငြိမ်လွန်းနေခဲ့လေပြီ။
သူ့ကို အမှန်တကယ် လန့်အောင်လုပ်သောအရာက တခြားဘာမှ မရှိပေမယ့် ဤအဆင့်သတ်မှတ်ခြင်းက ယဲ့မိသားစုကို သတ္တမအဆင့်တွင်သာ သတ်မှတ်ခဲ့လေသည်။
အဲ့ဒါက အယောင်ဆောင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပဲ!
အယောင်ဆောင်နတ်ဘုရားအဆင့်!
ထိုအရာက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများကပင် လေးစားရသော ထိပ်တန်းအဆင့်ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်သည် ထိုကမ္ဘာထဲသို့ ဝင်ရောက်ရန် အခွင့်အရေးပေးခံထားရပြီး လူသားသိုင်းပညာရှင်များထက် သာလွန်ပေသည်။
ဤသံသယနှင့်အတူ ရှီမိသားစုခေါင်းဆောင်က ဆက်၍ ဖတ်လိုက်သည်။
ဆဌမနေရာ၊ ရှေးဟောင်းတောင်နယ်နိမိတ်ရှိ ရှေးနဂါးဧကရာဇ်။
၎င်းသည် နဂါးမျိုးနွယ်၏ နတ်ဘုရားအဆင့်ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး ရှေးဟောင်းတောင်နယ်နိမိတ်တွင် တစ်နှစ်ပတ်လုံး ပုန်းအောင်းနေသော ဩဇာကြီးမားသည့် နတ်ဆိုးကြီး တစ်ဦးဖြစ်သည်။
ပဉ္စမနေရာ၊ ဟန်ကျန့်၊ သိုင်းဘုရင်အဆင့်၏ ဒုတိယအဆင့်။
ရှီမိသားစုရဲ့ ခေါင်းဆောင်: "??"
ဘာတွေဖြစ်နေတာလဲ? သိုင်းဘုရင်ဒုတိယအဆင့်မှာရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်က တိုက်ကြီးရဲ့ ထိပ်တန်းငါးခုမှာ အဆင့်သတ်မှတ်ခံရတာလား? ဒါက အမှားတစ်ခုလား?
ဒီဟန်ကျန့်က နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို အနိုင်ယူနိုင်တာ ဖြစ်နိုင်ပါ့မလား?
ထို့နောက် သူဆက်၍ဖတ်လိုက်သည်။
စတုတ္ထနေရာ၊ ဟွန်နိုပင်လယ်ကျွန်းရဲ့ ကျွန်းပိုင်ရှင်။
"ဒါက ဘယ်သူလဲ?"
ရှီမိသားစုခေါင်းဆောင်၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာက ချက်ချင်း ထွက်ပေါ်လာတော့သည်။
ထို့အပြင် တတိယနေရာကို အကြီးအကဲထျန်းကျီက ရသွားခဲ့သည်။
ရှီမိသားစုခေါင်းဆောင်သည် အကြီးအကဲထျန်းကျီနှင့်ပတ်သက်၍ အနည်းအကျဉ်း သိထားခဲ့သည်။
အကြီးအကဲထျန်းကျီ၊ လျှို့ဝှက်ကောင်းကင်မျှော်စင်နှင့် ကောင်းကင်လျှို့ဝှက်ချောက်ကမ်းပါးတို့နှင့် စပ်လျဉ်းသော ကောလဟာလတသီတတန်းကို သူကြားဖူးခဲ့သည်။
ထာဝရသစ်တောတွင် ဤလျှို့ဝှက်လွန်းသော အဖွဲ့အစည်း ပေါ်ပေါက်လာကတည်းက သစ်တောရှိ မိသားစုကြီးတိုင်းသည် အမြဲတမ်း စိုးရိမ်ကြောက်လန့်နေခဲ့ရသည်။
တတိယအဆင့် သတ်မှတ်ခံရခြင်းက သူမအတွက် မထူးဆန်းလှပေ။
ဒုတိယနေရာက ယဲ့ကျွင်းလင်ပဲ!
ရှီမိသားစုခေါင်းဆောင်သည် ယဲ့ကျွင်းလင်ကို အသိအမှတ်ပြုဆဲဖြစ်သည်။
ယဲ့ကျွင်းလင်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများက သူ့အပေါ်တွင် နက်ရှိုင်းသော ခံစားမှုကို ကျန်ရစ်စေခဲ့သည်။
ရှီမိသားစု၏ ခေါင်းဆောင်ပင် ၎င်းကို အလေးအနက် ထားခဲ့ရသည်။
သူသည် ယခုအခါ သိုင်းဘုရင်အဆင့်၏ ဒဿမမြောက်အဆင့်၌သာ ရှိသော်လည်း ၎င်းက သူ၏အင်အားကို ချုပ်ထိန်းနေခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြသည်။ နတ်ဘုရားအဆင့်ကို သူ ရောက်ချင်လျှင် အားထုတ်ကြိုးပမ်းဖို့ မလိုပဲ အနည်းငယ်မျှဖြင့် ထိုအဆင့်သို့ ရောက်အောင် လုပ်နိုင်မှာဖြစ်သည်။
ထို့ကြောင့် ဒုတိယအဆင့် သတ်မှတ်ခံရတာက ဤလူအတွက် မထူးဆန်းလှပေ။
သို့သော် ရှီမိသားစုခေါင်းဆောင်သည် ပထမနေရာကို တွေ့လိုက်ရသောအခါ လုံးဝ အံ့အားသင့်သွားတော့သည်။
"လုရှောင်ယန်တဲ့လား? ဒါကဘယ်သူလဲ? ပြီးတော့ သူက သိုင်းဘုရင်အဆင့်ရဲ့ ပြီးပြည့်စုံသော ဒဿမအဆင့် ကျွမ်းကျင်သူ ဖြစ်ပေမယ့် နတ်ဘုရားအဆင့်ကျွမ်းကျင်သူတော့ မဟုတ်ဘူး။ သူက ယဲ့ကျွင်းလင်ထက် ပိုသန်မာတာ ဖြစ်နိုင်လား?"
သံသယတစ်စွန်းတစ်စဖြင့် ရှီမိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ လုရှောင်ယန်၏ အချက်အလက်ကို ဆက်၍ ဖတ်လိုက်သည်။
"သေစမ်းကွာ!"
ဖျတ်ကနဲကြည့်လိုက်ယုံမျှဖြင့် ရှီမိသားစု၏ ဂုဏ်သရေရှိ ဒဿမအဆင့် သိုင်းဘုရင်ကျင့်ကြံသူသည် ချက်ချင်းပင် ကျိန်ဆဲမိတော့သည်။
အံ့အားသင့်လွန်းတာကြောင့် သူ မည်သူမည်ဝါဖြစ်ကြောင်းကို မေ့သွားခဲ့ပြီဖြစ်သည်။
သူဆက်ပြီးဖတ်လေလေ ပိုပြီး အံ့အားသင့်လေလေ ဖြစ်လာခဲ့သည်။
ကမ္ဘာပေါ်မှာ သိုင်းဘုရင်အဆင့်လက်နက်အများစုက တစ်ဖက်လူမှာ ရှိနေတာပဲ! သူ့မှာ သိုင်းဘုရင်အဆင့်လက်နက်ပေါင်း တစ်သောင်းကျော် ရှိပြီးသားလား?
ဒီကမ္ဘာမှာ တစ်ဖက်လူကပဲ သိုင်းဘုရင်အဆင့်ဆေးလုံးတွေ အများစုကို ပိုင်ဆိုင်ထားတာလား? သူ့ဆီမှာ သိုင်းဘုရင် အဆင့်ဆေးလုံးတွေရဲ့ အရေအတွက်က အဆုံးမရှိလောက်အောင် ရှိတာလား?
ဒီကမ္ဘာမှာ တစ်ခါမှ မမြင်ဖူးတဲ့ နတ်ဆေးလုံးတွေ သူ့မှာ ရှိတယ်!
ပြီးတော့ နတ်သားရဲဥတွေရောလား?
ဟာသပဲ!
သူ့မှာ နတ်သားရဲဥတွေနဲ့ နတ်ဆေးလုံးတွေတောင် ရှိတာတဲ့လား?
အဲ့ဒါတွေက နတ်လောကမှာပဲ ရှိတာမဟုတ်ဘူးလား?
သူက အဲ့ဒါတွေကို ခိုးဖို့ နတ်လောကကို သွားခဲ့တာလား?
ရှီမိသားစု၏ခေါင်းဆောင်ဖြစ်သူမှာ မူးလဲတော့မလို ခံစားလိုက်ရသည်။
ဤလူသည် သန်မာလွန်းပြီး သာမန်လဲ မဟုတ်ခဲ့ပေ။
ထို့ကြောင့် ဤလူကို အသန်မာဆုံးအဖြစ် သတ်မှတ်ခံရသည်မှာ အံ့ဩစရာမရှိပေ။ သူက သာမန်လူသားတစ်ယောက် လုံးဝ မဟုတ်ချေ။
သူဘယ်သူလဲ? သူက နတ်ဘုရားတစ်ပါးလား?
နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်တောင်မှ ဒီလောက် မထူးခြားလောက်ဘူး… ဟုတ်တယ်မလား?
တကယ်တော့ ယဲ့မိသားစုက အယောင်ဆောင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှင့် ရှေးဟောင်းတောင်နယ်နိမိတ်က အယောင်ဆောင်နတ်ဘုရားအဆင့်ရှိသည့် မကောင်းဆိုးဝါးကြီးနှစ်ယောက်စလုံးကို သူ့နောက်မှ အဆင့်သတ်မှတ်ခဲ့တာ မဟုတ်ပါလား?
ဒီလုရှောင်ယန်က ကောင်းကင်ဘုံကို အံ့တုလွန်းတာပဲ!
သို့သော် ဤအရာက အဓိကအချက်မဟုတ်ပေ။ အဓိကကျသောအချက်မှာ ကမ္ဘာရှိကျင့်ကြံသူများအားလုံးသည် လုရှောင်ယန်ကို ရှာဖွေရန် သွားကောင်းသွားနိုင်သည်။
လုရှောင်ယန်က သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ (သို့မဟုတ်) နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက် ဟုတ်မဟုတ်က ပြဿနာမရှိပဲ တစ်ကမ္ဘာလုံးက အားသာချက်အနည်းငယ်ကို ရရှိနိုင်မှာ ဖြစ်လေသည်။
အသက်ကို ပြင်းပြင်းရှူရင်း ရှီမိသားစုခေါင်းဆောင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်တစ်ခုကို ပြသလာခဲ့သည်။
ရှီမိသားစုက ဤအခွင့်အရေးကို သေချာပေါက် လက်လွတ် မခံနိုင်ပေ!
"ငါ့ရဲ့အမိန့်တွေကို လက်ဆင့်ကမ်းပေးပါ။ ရှီမိသားစုရဲ့ နောက်လိုက်တွေအားလုံးကို စုခိုင်းပြီး မဟာကျိုးအင်ပါယာကို ခရီးစထွက်မယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်သမျှ အတိုဆုံးအချိန်အတွင်းမှာ အမည်မဲ့ဂိုဏ်းကို ငါတို့ ရှာရမယ်။"
"ဟုတ်ကဲ့!"
သူ၏ လက်အောက်ငယ်သားများက ရှီမိသားစု၏ နောက်လိုက် များကို စုစည်းရန် ထွက်သွားပြီးမှ ရှီမိသားစုခေါင်းဆောင်သည် ပင့်သက်ရှိုက်ကာ ပြောလိုက်လေတော့သည်။
" ဒါက ရှီမိသားစုရဲ့ အခွင့်အရေး ဖြစ်နိုင်တယ်။ ခေါင်းဆောင်၊ မင်းနှစ်ပေါင်းများစွာကြာအောင် တိတ်ဆိတ်နေခဲ့တာ။ ငါတို့ ရှီမိသားစုအတွက် တောင်ကနေ နောက်ဆုံးတစ်ခေါက် ထွက်သွားကြရအောင်။"
…
တကယ်တော့ ၎င်းက ရှီမိသားစုတစ်ခုထဲတွင်သာ မဟုတ်ခဲ့ပေ။ ဤအခိုက်အတန့်တွင် တစ်ကမ္ဘာလုံးရှိ မိသားစုကြီးအားလုံးနီးပါးသည် မဟာကျိုးအင်ပါယာဆီသို့ တစ်ချိန်တည်း ဦးတည် နေခဲ့ကြသည်။
၎င်းက မြေကြီးလက်ခတ်မလွဲပေ။ ဤမျှ ကြီးမားသော အကျိုးအမြတ်များကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါ လူတိုင်းသည် ဆွဲဆောင်ခံခဲ့ရတော့သည်။
လူသားများ၏ လောဘက အဆုံးအစမဲ့ပါပဲ။
ထို့အပြင် တစ်ယောက်ယောက်က လောဘမကြီးခဲ့လျှင်တောင်မှ အခြားသူများက ထိုသို့ ဖြစ်နိုင်ပါ့မလား?
နောက်ဆုံးတွင် အခြားသူများက လုရှောင်ယန်၏ ပစ္စည်းကို လုယူရန် ကြိုးစားခဲ့ရင် ဘာဖြစ်မှာလဲ?
၎င်းကို မည်သူမျှ အောင့်ထားနိုင်မည် မဟုတ်ပေ။
အခြားသူများက လုရှောင်ယန်၏ ပစ္စည်းကို လုယူပြီး သူတို့၏အင်အားကို တိုးမြှင့်ခဲ့လျှင် တခြားမိသားစုတွေက သူတို့ကို လာရောက်မဖျက်ဆီးပါဘူးဆိုတဲ့ အာမခံချက်ကိုရဖို့က ထိုမိသားစုများအတွက် ခက်ခဲတော့သည်။
အားနည်းသူက အားကောင်းသူ၏ သားကောင်ဖြစ်သွားသော ဤကမ္ဘာရှိ ဟန်ချက်ညီမှုကို ချိုးဖောက်မခံရလျှင် လူတိုင်းသည် စည်းမျဉ်းများနှင့် သူတို့၏ နယ်နိမိတ်များကို ဘောင်မကျော်ခြင်းအားဖြင့် ကျိုးနွံစွာလိုက်နာကြမှာဖြစ်သည်။
သို့သော် ဟန်ချက်ပျက်သွားသည်နှင့် လူများ၏ မကောင်းသောဘက်ခြမ်းသည် မည်သည့်ထိန်းချုပ်မှုမှမရှိတော့ပဲ ပေါ်ပေါက်လာမှာ ဖြစ်သည်။
တကယ်တော့ လုရှောင်ယန်က အလွန့်အလွန် အစွမ်းထက်ကြောင်းကိုလည်း လူတိုင်း သိထားခဲ့ကြသည်။ နောက်ဆုံးတွင် တစ်ဖက်လူသည် ကမ္ဘာပေါ်တွင် ပထမအဆင့် သတ်မှတ်ခံ ခဲ့ရသည်။
သို့သော် လုရှောင်ယန်က ဘယ်လိုကြောက်စရာကောင်းသည်ဆိုခြင်းနှင့် ယှဉ်လျှင် သူ့တွင်ရှိသောရင်းမြစ်များက ပို၍ပင် ဆွဲဆောင်နေတော့သည်။
အရေးအကြီးဆုံးမှာ လုရှောင်ယန်က မည်မျှပင် အစွမ်းထက်ပါစေ ကမ္ဘာပေါ်ရှိ လူတိုင်းက အရေးမလုပ်ခဲ့လျှင် သူဘယ်လို ခံနိုင်ရည်ရှိမှာလဲ?
လက်သီးနှစ်လုံးက လက်လေးဘက်အတွက် ဘက်ညီသူ မဟုတ်ပေ!
…
မဟာကျိုး၊ အမည်မဲ့ဂိုဏ်း။
လုရှောင်ယန်သည် နောက်ဆုံးအဆင့်ကို ချိုးဖြတ်ချင်သောကြောင့် ကျင့်ကြံနေခဲ့သည်။
မည်သို့ဆိုစေ သူ့တွင် ဝမ့်ခိုက်ရှိနေခဲ့သည်။ နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ပြီးလျှင် နိယာမများ၏ အစွမ်းဖြင့် အံ့ဩဖွယ်ကောင်းသောကမ္ဘာသို့ အတင်းအကြပ် ခေါ်ဆောင်ခံရမည်ကို သူ စိုးရိမ်စရာ မလိုတော့ပေ။
ကျီဝူရှန်၏ ရုတ်တရက် ရောက်လာခြင်းက သူ၏ကျင့်ကြံခြင်းကို အနှောင့်အယှက် ဖြစ်သွားခဲ့သည်။
"အကြီးအကဲလု… မကောင်းတာတော့ ဖြစ်ပြီ။"
ကျီဝူရှန် တက်သုတ်ရိုက်ပြေးလာတာကို တွေ့သောအခါ လုရှောင်ယန်မှာ သူ့အား ဒေါသတကြီးဖြင့် ဝေ့ကြည့်လိုက်သည်။
"ကျီဝူရှန်… မင်း ပြဿနာထပ်ဖြစ်ပြန်ပြီလား? ငါ ခုထိ မင်းကို မတွေ့ရဘူး။ ဆုချန်ရဲ့ လက်အောက်ငယ်သားတွေဆီက ဝိဉာဉ်ကျောက်တုံးတွေကို စုထားဖို့ မင်းကို ငါခိုင်းထားပေမယ့် အဲ့ဒါတွေကို ခုထိ ငါ့ကို မပေးသေးဘူး။"
"ဒါက ပြဿနာမဟုတ်ပါဘူး။ စုချန်ရဲ့လက်အောက်မှာ ဝိဉာဉ်ကျောက်တုံးတွေ အများကြီးရှိပါတယ်။ အဲ့ဒါက ထရီလီယမ်ရာဂဏန်းကို ကျော်နေပြီ။ အခု အဲ့ဒါတွေကို ကျွန်တော် ရေနေတယ်။ အခု ပိုအရေးကြီးတဲ့ ပြဿနာတစ်ခုရှိတယ်။"
"ဘာပြဿနာလဲ?"
"ဒါကို တစ်ချက်ကြည့်လိုက်"
ကျီဝူရှန်က ရှေးဟောင်းအထွတ်အထိပ်အဆင့်သတ်မှတ်ခြင်းကို လုရှောင်ယန်အား ပြသလိုက်သောအခါ လုရှောင်ယန်မှာ အံ့အားသင့်သွားတော့သည်။
ဘာဖြစ်နေတာလဲ?
ဘယ်သူက ဒီအဆင့်တွေကိုစီလိုက်တာလဲ?
ဒါက အမှားတစ်ခုလား?
အဆင့်သတ်မှတ်ချက်က သူ့အား မြင်သာအောင် အတိအကျ ပြနေခဲ့သည်။
ဒီလို စည်းမစောင့်တာကို ဘယ်သူက လုပ်မှာလဲ?
ထို့အပြင် သူ၏ သိုင်းဘုရင်အဆင့်လက်နက်ပေါင်း တစ်သောင်းကျော်နှင့် သိုင်းဘုရင်အဆင့်ဆေးလုံးများကို ပြသထားခဲ့သည်။ တစ်ဖက်လူက သူ့အား အခြေအနေဆိုးရွားအောင် လုပ်ခဲ့လေပြီ!
ထိုအရာများ ထုတ်ဖော်ခံရလျှင် တိုက်ကြီးတစ်ခုလုံးက သူ့အား အစိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ပြီး အမြတ်ထုတ်ကြမှာ မဟုတ်ပါလား?
ငှက်များက အစာအတွက် သေပွဲဝင်ကြပြီး လူသားများက ဥစ္စာဓနအတွက် သေပွဲဝင်ကြသည်။ ဤကဲ့သို့သော အကျိုးအမြတ်များကို လွှတ်ပေးလိုက်ဖို့က တိုက်ကြီးတစ်ခုလုံးအတွက် မဖြစ်နိုင်ပေ။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၇၈ ကမ္ဘာကြီးကို တစ်ယောက်ထဲ တိုက်နေတာလား? အရူးတစ်ယောက်ကပဲ အဲ့ဒီလိုလုပ်မှာ…
"ဒါကို ဘယ်ကောင်လုပ်လိုက်တာလဲ?"
လုရှောင်ယန်မှာ ဒေါသထွက်လွန်းတာကြောင့် လဲကျလုနီးနီး ဖြစ်သွားခဲ့သည်။
ဤလူက သူ့အားသတ်ရန် ကြိုးစားနေသည့်အပြင် သူ့ပြိုင်ဘက်၏ အရိုးပြာများကို ဖြန့်ကြဲမည့်လူစားမျိုး ဖြစ်သည်။
"အကြီးအကဲလု… ရှောင်ဖို့နဲ့လူသူဝေးရာမှနေဖို့ နေရာတစ်ခုကို ကျုပ်တို့ ဘာလို့ မရှာတာလဲ? အခု တိုက်တစ်ခုလုံးက ခင်ဗျားကို ရှာနေကြပြီ။ မကြာခင် တစ်ယောက်ယောက် ရောက်လာတော့မယ်။"
"ပြေးမှာလား? ဘယ်ကိုလဲ? ငါ့ကို အခု တစ်ကမ္ဘာလုံးက လိုချင်နေကြတာ။ ငါဘယ်နေရာမှာပဲ ရှောင်,ရှောင် အလိုက်ခံရမှာပဲ။"
တစ်နေရာရာမှာ လုရှောင်ယန် ပုန်းအောင်းနေကျပုံမျိုးနှင့် ဤအရာက မတူပေ။
ယခင်က ပုန်းဖို့နေရာတစ်ခုကို သူ ရှာတွေ့တဲ့အခါ တခြားလူတွေက သူ့အား တမင်သက်သက် လိုက်ရှာမည် မဟုတ်ပေ။
ယခုအခါမှာတော့ သူသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ဖော်ထုတ်ခံလိုက်ရလေပြီ။ ထိုလူများက သူ့တွင် ရတနာပေါင်းများစွာ ရှိမှန်းသိလျှင် သူ့အား သေချာပေါက် အသည်းအသန် လိုက်ရှာကြတော့မှာ ဖြစ်သည်။
ဤကမ္ဘာသည် အစုလိုက်အပြုံလိုက်သတ်ခြင်းဖြင့် အဆုံးသတ်ကာ ပွက်လောရိုက်သွားနိုင်မလား!
"ဒါဆို… ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဒါက တစ်ကမ္ဘာလုံးနော်။ အကြီးအကဲ သူတို့ကို နိုင်ပါ့မလား?"
ကျီဝူရှန်၏ လေသံက အလွန်အမင်း စိတ်ပျက်အားငယ်နေတော့သည်။
ဤတစ်ခါက တစ်ခုတည်းသောနတ်ဘုရားခန်းမနှင့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများစွာနှင့် မဆိုင်တော့ပေ။ ထိုအစား ကမ္ဘာပေါ်ရှိ ထိပ်တန်းကျွမ်းကျင်သူများအားလုံးက သူ့အတွက် လာနေကြပြီ ဖြစ်သည်။
"ဘာကြောက်စရာရှိလို့လဲ? အရင်ဆုံးသွားလိုက်တော့။ ဒါနဲ့ ပတ်သက်ပြီး ငါစဉ်းစားလိုက်အုံးမယ်။"
"ဟုတ်ကဲ့ပါ"
ကျီဝူရှန် ထွက်သွားခါနီးတွင် လုရှောင်ယန်က ရုတ်တရက် ပြောလိုက်သည်။
"နေအုံး"
"အကြီးအကဲလု… တခြားဘာရှိသေးလို့လဲ?"
လုရှောင်ယန်က သူ့လက်ကို ကွေးကာ ဝိုင်းပြလိုက်သည်။
"ငါ့ရဲ့ ဝိဉာဉ်ကျောက်တုံးတွေပေးခဲ့အုံး။"
ကျီဝူရှန်၏မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။ ထို့နောက် သူက လုရှောင်ယန်အား သိုလှောင်အိတ်တစ်လုံးကို လှမ်းပေးလိုက်သည်။
လုရှောင်ယန် အနည်းငယ် မျက်မှောင်ကြုပ်သွားတော့သည်။ ထရီလီယံရာဂဏန်းရှိတဲ့ ဝိဉာဉ်ကျောက်တုံးတွေကို သိုလှောင်အိတ် တစ်ခုထဲမှာ တကယ်ပဲ သိမ်းထားနိုင်တာလား။
သို့သော် သိုလှောင်အိတ်ထဲတွင် ဒါဇင်နှင့်ချီသော သိုလှောင်ကွင်းများရှိနေတာကို သူ ချက်ချင်း ရှာတွေ့လိုက်သည်။
သိုလှောင်ကွင်းတိုင်းက ပြည့်နှက်နေသည့်အပြင် သိုလှောင်ကွင်း တစ်ခု၏ သိုလှောင်စရာနေရာလွတ်က သိုလှောင်လွယ်အိတ်တစ်လုံးထက် များစွာ ပိုအားကောင်းလေသည်။
ထို့ကြောင့် ပြဿနာမရှိပေ။
"ကောင်းပြီ။ အရင်ဆုံး ထွက်သွားလိုက်တော့။ အခင်းအကျင်း အစီအရင်တွေကို အသက်သွင်းထားဖို့ ဝူရှားကို အကြောင်းကြားလိုက်။"
"ဟုတ်ကဲ့"
ကျီဝူရှန် ထွက်သွားပြီးနောက် လုရှောင်ယန်က တွေးလိုက်သည်။
တစ်ဖက်လူက ဒီအဆင့်သတ်မှတ်တာကို ဖန်တီးခဲ့တာမို့လို့ ဒါဟာ အဲ့ဒီလူက သူ့ကို သေချာပေါက် ပစ်မှတ်ထားနေတယ်လို့ ဆိုလိုလိုက်တာပဲ။
မဟုတ်ရင် သူက စာရင်းရဲ့ ထိပ်ဆုံးမှာရှိနေပြီး သူ့မှာ သိုင်းဘုရင် အဆင့်လက်နက်တွေ၊ ဆေးလုံးတွေနှင့် နတ်ဆေးလုံးတွေတောင် အများကြီးရှိသည်ဆိုသော သတင်းကို တခြားအဖွဲ့က ဖြန့်မှာမဟုတ်ပေ။
အကြီးအကဲထန်းကျီက မလုပ်မှာ သေချာသည်။ သူမက သူ့အနား တွင် ရှိနေပြီး သူမ၏ဂိုဏ်းကို ပြန်လည်ထူထောင်ရန် သူက ကူညီနိုင်သည်ဟုပင် မျှော်လင့်ခဲ့သေးသည်။
သို့သော် ဤကိစ္စသည် အကြီးအကဲထျန်းကျီသေဆုံးပြီးမှသာ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အကြီးအကဲထျန်းကျီ လက်အောက်တွင် သစ္စာဖောက်တစ်ယောက် ရှိသည်ဆိုခြင်းကို ထည့်မတွက်၍ မရတော့ပေ။
ပြီးတော့ ၎င်းသည် အဖြစ်အပျက်များနောက်ကွယ်က စနစ်ကို ဖန်တီးခဲ့သူလည်း ဖြစ်နိုင်သည်။
အကြီးအကဲထျန်းကျီက သေဆုံးသွားခဲ့သော်လည်း ထိုလူ သေ၊ မသေဆိုတာကတော့ မသေချာသေးပေ။
သူကဘယ်သူလဲ၊ သူဘယ်မှာလဲ?
အတိအကျဆိုရရင်တော့ ပြဿနာတစ်ခုလုံးကို နောက်ကွယ်မှ သူက စီစဉ်ခဲ့ခြင်းဖြစ်သည်။ သူက လုရှောင်ယန်အား တိုက်ခိုက်ရန် တစ်ကမ္ဘာလုံးကို အသုံးချပြီး ဒဏ်ရာအပြင်းအထန်ရအောင် ကြိုးစား နေခြင်းဖြစ်သည်။
ဤအခိုက်အတန့်၌ သူသည် သံသယဖြစ်စရာ အကောင်းဆုံးပါပဲ။
ဤသည်မှာ သူက လီချင်းဖန်ကို စာရင်းမသွင်းထားသောကြောင့် ဖြစ်သည်။
လီချင်းဖန်က သေချာပေါက် သူ၏လက်အောက်ငယ်သားဖြစ်ပြီး ပို၍ သန်မာလေသည်။ သူက စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်၌သာ ရှိသော်လည်း နတ်ဘုရားကမ္ဘာရှိ နိယာမများ၏အစွမ်းကို သူက ထိန်းချုပ်ခဲ့သောကြောင့် အဆင့်သတ်မှတ်ချက်တွင် သတ်မှတ်ခံရဖို့က သူ့ အတွက် အရည်အချင်းပြည့်မီတာထက်ကို ပိုတော့သည်။
သို့သော် ဘာပဲဖြစ်ဖြစ် အနည်းဆုံးတစ်ချက်ကတော့ မှန်ပေသည်။
ထိုအရာမှာ တစ်ကမ္ဘာလုံးက သူ့အား ချက်ချင်း တိုက်ခိုက်ကြမည်ဆိုခြင်းဖြစ်သည်။
ဤအရာက လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခုဖြစ်သောကြောင့် ပြဿနာပါပဲ။ တစ်ကမ္ဘာလုံးက သူ့အား တိုက်ခိုက်သောကြောင့် သူ ဒဏ်ရာ အပြင်းအထန်ရပြီးသည်နှင့် တခြားအဖွဲ့က သေချာပေါက်လာပြီး အပြတ်ရှင်းမှာဖြစ်သည်။
ဤအရာက တကယ့်ကို မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ဆိုတာပါပဲ။
အတိတ်အချိန်တုန်းက သူသည် အခြားသူများကို အမြဲတမ်း လှည့်ဖြားခဲ့သူ ဖြစ်သည်။ သူက ဂိုဏ်းနှစ်ဂိုဏ်းကို တိုက်ခိုက်အောင် လုပ်ပြီးနောက် အမြတ်အစွန်းများကို ခေါင်းပုံဖြတ်ယူရန် ဘာမှ မလုပ်ပဲ ထိုင်ကြည့်နေခဲ့သည်။
နောက်ဆုံးမှာတော့ ယနေ့တွင် သူ လှည့်စားခံလိုက်ရလေပြီ။ ထို့အပြင် သူသည် ရက်ရက်စက်စက် အလှည့်စားခံခဲ့ရတာဖြစ်ပြီး တစ်ကမ္ဘာလုံးအနေနှင့်ကို ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်သည်။
သူ့တွင် ထိုသိုင်းဘုရင်အဆင့်လက်နက်များ မရှိကြောင်းကို သူတို့အား ရိုးရှင်းစွာ ပြောလိုက်ခြင်းအားဖြင့် ဤတိုက်ပွဲကို သူ တားဆီးနိုင်လိမ့် မည်ဟု လုရှောင်ယန် မထင်ခဲ့ပေ။
သူ့ထက် အဘက်ဘက်က ခွန်အားပိုကြီးသော လောဘကြီးသည့် လူ တစ်စုကို ရင်ဆိုင်နိုင်သော်လည်း တစ်ဖက်လူကို ဖျောင်းဖျဖို့က သူ့ အတွက် ပို၍ပင် ခက်ခဲတော့သည်။
တိုတိုပြောရရင် ဤတိုက်ပွဲကို သူ အလွယ်တကူ မတိုက်နိုင်သောကြောင့် တစ်ဖက်လူ၏ ထောင်ချောက်ထဲသို့ သူ့ဟာသူ ကျရောက် သွားစေတော့သည်။
သူဘာလုပ်သင့်လဲ?
လုရှောင်ယန်က သူ၏ နားသယ်စပ်များကို ခပ်ကြမ်းကြမ်း ပွတ်သပ်ကာ မျက်မှောင်ကြုပ်လိုက်လေသည်။
သို့သော် ဤအခိုက်အတန့်တွင် ဘိုးဘေးကျွင့်ချန်းမင် ဝင်လာခဲ့သည်။
"ဂိုဏ်းချုပ်၊ အကူအညီရဖို့ ကျွင့်မိသားစုရဲ့ နောက်လိုက်တွေကို ခင်ဗျား စုစေချင်လား? ကျုပ်တို့ ကျွင့်မိသားစုရဲ့အကူအညီနဲ့ ဂိုဏ်းအပေါ်က ဖိအားတချို့ကို ကျုပ်တို့ လျှော့ချကောင်း လျှော့ချနိုင်မယ်။"
သို့သော် လုရှောင်ယန်က ကျွင့်ချန်းမင်ကို တွေ့လိုက်ရသည့်အတွက် သူ့စိတ်ထဲတွင် စိတ်ကူးတစ်ခုက ရုတ်တရက် ပေါ်လာသောကြောင့် သူ့အား ဘာမှ ပြန်မဖြေခဲ့ပေ။
"စကားမစပ် ဒါကို ကျုပ် လုံးဝ လုပ်နိုင်တယ်။ "
ထိုအရာကို တွေးရင်း လုရှောင်ယန်က လက်ခုပ်တီးလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားတော့သည်။
"ကျွင့်ချန်းမင်… ခင်ဗျား အတိဒုက္ခနယ်ပယ်ကို ချိုးဖြတ်ဝင်ရောက် ခါနီးပြီ မဟုတ်လား?"
ကျွင့်ချန်မင်က ခေါင်းညိတ်လိုက်သည်။
"မှန်တာပေါ့။ တကယ်တော့ ကျုပ်က အတိဒုက္ခကို ကျော်ဖြတ်ခါနီးနေပြီ။ ဒါပေမယ့် ဂိုဏ်းက ဒုက္ခတွေ့နေလို့ ကျုပ် အတိဒုက္ခကို ကျော်ပြီး ထွက်သွားလို့ မရတာ။"
ကျွင့်ချန်မင်သည် အစထဲက ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး သိုင်းဘုရင်အဆင့်၏ ပြီးပြည့်စုံသော ဒဿမ မြောက်အဆင့်တွင် နှစ်ပေါင်းများစွာကြာအောင် ရောက်နေခဲ့သည်။ ထိုအချိန်က သူ့ဆရာဖြစ်သူ ယွင်လီကောထံမှ ကောင်းသောအရာ များစွာကို စားပြီးနောက် အတိဒုက္ခကို ကျော်ဖြတ်ရန် သူ တကယ့်ကို အရည်အချင်း ပြည့်မီခဲ့လေသည်။
"ကောင်းပြီ။ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ခဏနေရင် မင်းကို အတိဒုက္ခကျော်လွှားဖို့ ငါခွင့်ပြုပေးမယ်။ စိတ်မပူပါနဲ့။ ငါနဲ့အတူ အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မယ်ဆိုတာကို ငါအာမခံပါတယ်။"
"ကောင်းပြီ။ အရင်ဆုံး အပြင်ထွက်ပြီး မြန်မြန် ပြင်ဆင်လိုက်ပါ။"
"ဟုတ်ကဲ့"
ခေါင်းဆောင်ကျွင့် ထွက်သွားပြီးနောက် လုရှောင်ယန်သည် နောက်ထပ် နောက်လိုက်အနည်းငယ်ကို ချက်ချင်း စုဆောင်းလိုက်သည်။ ထို့နောက် မရပ်မီ သူသတိထား ပြင်ဆင်ဖို့ လိုအပ်တဲ့ အရာရာ တိုင်းကို စီစဉ်လိုက်သည်။
မကြာမီ အမည်မဲ့ဂိုဏ်းအနီးတွင် များစွာသော ရောင်ဝါလက္ခဏာများက ထွက်ပေါ်လာတော့သည်။
တချို့က သန်မာပြီး တချို့က အားနည်းလေသည်။
အများစုမှာ အင်အားကြီးမားခြင်းမရှိသော်လည်း လောဘမသတ်နိုင်ခဲ့ကြပေ။
ခြင်္သေ့များ အမဲလိုက်သောအခါ လင်းတများနှင့် ကျီးကန်းများကလည်း သူတို့နှင့်အတူ လိုက်လာမှာဖြစ်သည်။
ခြင်္သေ့များက အကြွင်းအကျန်များကို စားပြီးတာနဲ့ သူတို့က ဝိုင်းအုံလာမှာဖြစ်သည်။
ဤအရာက သဘာဝ၏ ထာဝရနိယာမပါပဲ။
လုရှောင်ယန်က လုံးဝ ကြောက်မနေခဲ့ပဲ တကယ့်ကို ဆရာကြီးများ ထွက်ပေါ်လာဖို့အတွက် တိတ်ဆိတ်စွာ စောင့်ဆိုင်းခဲ့သည်။
ထိုဆရာကြီးများကို သူ ဖြေရှင်းနိုင်သရွေ့ ထိုမဖြစ်စလောက်လေးတွေကို ကြည့်ဖို့ပင် လိုတော့မည် မဟုတ်ချေ။
ယွင်လီကောနှင့် အခြားသူများသည် အမည်မဲ့ဂိုဏ်း၏ တောင်ထိပ်ပေါ်တွင် သိုင်းဘုရင်အဆင့်လက်နက်များကို ပုံထားရန် အမိန့်ပေးခံခဲ့ရသည်။ လက်နက်များက အားလုံးပေါင်း တစ်သိန်းပင်! လက်နက်များကို တောင်ငယ်တစ်ခုလောက်နီးနီး စုပုံခဲ့ရလေသည်။
ထိုလက်နက်များ၏ဘေးတွင် သိုင်းဘုရင်အဆင့်ဆေးလုံးများက သိန်းနှင့်ချီပြီး ရှိခဲ့သည်။
တောင်ငယ်နှစ်ခုစလုံးသည် သိုင်းဘုရင်အဆင့်တွင်ရှိသောကြောင့် ၎င်းတို့သည် အားကောင်းသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်နေခဲ့သည်။ ၎င်းတို့သည် ပတ်ဝန်းကျင်ကို သေးငယ်သော နေနှစ်စင်းအလား အလင်းရောင် ပေးနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အဝေးတွင် ပုန်းအောင်းနေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများကိုလည်း သွားရည်တများများကျအောင် ပြုလုပ်ခဲ့လေသည်။
အချိန်က စက္ကန့်နှင့်အမျှ ကုန်ဆုံးသွားတော့သည်။ နောက်ဆုံးတွင် အချိန်ကာလ မည်မျှကြာသည်ကို မသိလိုက်ပဲ ကုန်ဆုံးသွားပြီးနောက် ကောင်းကင်ရှိ ဟင်းလင်းပြင်အတားအဆီးက တုန်ခါလာပြီး အလွန် အားကောင်းသော အလင်းအခိုးအငွေ့တစ်ခုက ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။
"အဲ့ဒီမှာ တစ်ယောက်ယောက်ရှိတယ်။"
ကျင့်ကြံသူများအားလုံးက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ရှိ ဟင်းလင်းပြင်အတားအဆီးက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ ထို့နောက် မြို့တစ်မြို့အလား ကြီးမားလှသော ဝိဉာဉ်စွမ်းအင်သင်္ဘောတစ်စင်းက ကောင်းကင်တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။ ၎င်းသည် ခံ့ညားထည်ဝါပြီး ကောင်းကင်ကို လွှမ်းခြုံသွားတော့သည်။
"ဒါ… ဒါက ထာဝရသစ်တောရဲ့ ဝမ်မိသားစုပဲ။ ဟုတ်တယ်မလား? ဝမ်မိသားစု ဒီနေရာမှာ ရှိတယ်။ အဲ့ဒါက ထာဝရသစ်တောက ထိပ်တန်း အဆင့်နှစ်ဆယ်ထဲမှာ သတ်မှတ်ခံထားရတဲ့ မိသားစုပဲ။"
"အဲ့ဒီလိုလား? ငါ အရင်က မြင်ဖူးတယ်ထင်တယ်။ သူတို့ရဲ့ ခေါင်းဆောင်က ရှေးဟောင်းအထွတ်အထိပ်အဆင့်ရဲ့ ထိပ်တန်း အယောက်(၂၀၀)မှာ ရှိတယ်။ သူက (၁၉၈)ယောက်မြောက်လို့ ထင်တာပဲ။"
ဝိညာဉ်စွမ်းအင်သင်္ဘောမှ ပုံရိပ်တချို့က အလျင်အမြန် ဆင်းသက်လာပြီး ဟင်းလင်းပြင်တွင် မျောလွင့်နေခဲ့သည်။ သူတို့က အောက်တွင်ရှိသော အမည်မဲ့ဂိုဏ်းကို ကြည့်လိုက်ပေမယ့် ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။
"ခေါင်းဆောင်… ဟိုဟာကို ခင်ဗျားတွေ့လား? အောက်မှာရှိတဲ့ ရွှေရောင်တောက်နေတဲ့ တောင်နှစ်လုံးထဲက တစ်ခုဟာ သိုင်းဘုရင်အဆင့်လက်နက်ပုံဖြစ်ပြီးတော့ နောက်တစ်ခုကတော့ သိုင်းဘုရင်အဆင့် ဆေးလုံးပုံပဲ။"
"ငါတွေ့ပါတယ်။"
"ခေါင်းဆောင်… ကျုပ်တို့က တခြားမိသားစုတွေ ရောက်မလာခင် ဘာလို့ အရင်တိုက်ပြီး တချို့တလေကို အမြန်လုမယူရတာလဲ?"
မိသားစုခေါင်းဆောင်က ဝမ်မိသားစုအကြီးအကဲကို အလွန်အမင်း အထင်သေးစွာဖြင့် မျက်စိတစ်ချက်ဝေ့ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"လုယူမယ် ဟုတ်လား? ဘာလို့လဲ? အောက်မှာရှိတဲ့ လူက ရှေးဟောင်းအထွတ်အထိပ်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်(၁)မှာ ရှိတယ်ဆိုတာကို မမေ့နဲ့။ ကျုပ်တို့ ဝမ်မိသားစုရဲ့ ဘိုးဘေးဆင်းသွားရင် သူချက်ချင်း သတ်ခံရလိမ့်မယ်။"
"ပြီးတော့ ဒါကို ကျုပ်တို့က လုယူရင် ဘာဖြစ်မှာလဲ? ပြူထွက်လာတဲ့ ငှက်က အပစ်ခံရတယ်တဲ့။ အဲ့ဒီအချိန်မှာ တခြားမိသားစုတွေက မင်းကို ပြောဆိုကြလိမ့်မယ်။ အဲ့ဒီအခါကျရင် မင်း ဘာလုပ်နိုင်မှာလဲ?"
"အခု ငါတို့ ပါးပါးနပ်နပ်လုပ်နိုင်တဲ့ တစ်ခုတည်းသောဟာက ငါတို့အကြောင်းကို မစဉ်းစားခင် အဲ့ဒီထိပ်တန်းဂိုဏ်းတွေ လုပ်မယ့်ဟာကို စောင့်ကြည့်ဖို့ပဲ။"
သူပြောလို့ပြီးသည်နှင့် ကြီးမားသော ဝိဉာဉ်စွမ်းအင် သင်္ဘောက လေဟာပြင်ထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
၎င်းနှင့်အတူ နားကွဲမတတ်ဆူညံသော အသံပါ ထွက်ပေါ်နေ၏။
"လောင်ဝမ်… ခင်ဗျားတို့မိသားစုက စောလှချည်လား။"
ခေါင်းဆောင်ဝမ်က တခြားအဖွဲ့ကို ချက်ချင်း အရိုအသေ ပေးလိုက်လေသည်။
"ခေါင်းဆောင်ချန်… ခင်များက အရမ်း ဖော်ရွေတာပဲ။ ကျုပ်ရဲ့ ဝမ်မိသားစုက နည်းနည်း ပိုနီးလို့ပါ။"
အောက်မှ လူများသည် ဤစကားကို ကြားလိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။
"ဒီမိသားစုက ဘယ်သူလဲ။ ထာဝရသစ်တောက ထိပ်တန်း မိသားစု(၂၀)မှာပါတဲ့ ဝမ်မိသားစုခေါင်းဆောင်က တခြားအဖွဲ့ကို ဘာကြောင့် ယဉ်ကျေးလွန်းရတာလဲ။"
"သူတို့ ယဉ်ကျေးရမှာပေါ့။ ဒါက ထာဝရသစ်တောက ထိပ်တန်းဆယ်ခုမှာ အဆင့်သတ်မှတ်ခံထားရတဲ့ မိသားစုတစ်ခုပဲ။ သူတို့ရဲ့ မိသားစုမှာ ရှေးဟောင်းအဆင့်သတ်မှတ်ချက်မှာပါတဲ့ ဩဇာကြီးမားတဲ့သူတွေ အများကြီးရှိတယ်။ ဒါကြောင့် ဝမ်မိသားစုက သူတို့ကို ရန်စနိုင်စွမ်း ရှိပါ့မလား?"
"ရှူး! ဒီနေ့ နဂါးတွေ ပင်လယ်ကို တကယ် ထွက်လာကြပြီ။"
ခဏကြာပြီးနောက် ကြီးမားသော ဝိညာဉ်စွမ်းအင်သုံးသင်္ဘောများက ကောင်းကင်တွင် ထွက်ပေါ်လာခဲ့သည်။ သင်္ဘောတစ်စင်းစီပေါ်ရှိ အလံများက မိသားစုကြီးတစ်ခုကို ကိုယ်စားပြုထားခဲ့သည်။
ထိုမိသားစုများထဲရှိ မိသားစုတစ်စုစီတိုင်းက ထင်ပေါ်ကျော်ကြားကြပြီး သူတို့အားလုံးသည် ရှေးဟောင်းအထွတ်အထိပ်အဆင့်သတ်မှတ်ချက်တွင် ရှိခဲ့ကြသည်။
ကောင်းကင်တွင် အလင်းအရှိန်အဝါများက တကယ့်ကို ထူထပ်လွန်း သောကြောင့် တိမ်များပင် အဝေးသို့ ရွေ့သွားခဲ့သည်။
ထိုမျှသာမက အလင်းအရှိန်အဝါများက များလွန်းသောကြောင့် ကျွမ်းကျင်သူများသည် ၎င်းတို့အား ချုပ်ထိန်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ရလဒ်အနေဖြင့် ကျင့်ကြံသူများစွာသည် ခံနိုင်စွမ်းရှိရန်အတွက် သူတို့၏ ကျင့်ကြံနည်းစနစ်များကို လှည့်ပတ်ရန် အတင်းအကြပ်
လုပ်ယူရတော့သည်။
သို့သော်လည်း ကျင့်ကြံသူများစွာသည် ဖိအားကို တောင့်မခံနိုင်တာကြောင့် မြေပြင်ပေါ်တွင် ဒူးထောက်လျှက် ကျသွားခဲ့ကြသည်။
ချိတ်ဆက်မှုနယ်ပယ်သို့ မချိုးဖြတ်ရသေးသော သူများသည် ဤအရှိန် အဝါကြောင့် သူတို့၏ ဒွာရ(၇)ပေါက်မှ သွေးများ ထွက်လာကာ သေလုမျောပါး ဖြစ်ခဲ့ရသည်။
ဤအချိန်၌ ကောင်းကင်ယံမှ နဂါးဟောက်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဤနဂါးဟောက်သံက ရှေးပဝေသဏီအချိန်များမှ ဆင်းသက်လာပုံရပြီး မရေမတွက်နိုင်သော လူသားကျင့်ကြံသူများ၏ နှလုံးသားများကို ထွင်းဖောက်သွားတော့သည်။
ထာဝရသစ်တောရှိ မိသားစုများပင် ကောင်းကင်သို့ စူးစူးစိုက်စိုက်ကြည့်ရင်း အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်နေခဲ့ကြသည်။
ထိုနေရာရှိ တိမ်တိုက်များကြားတွင် မပြတ်သားသော ပုံရိပ်တစ်ခုက ခေါက်တုံ့ခေါက်ပြန် သွားနေခဲ့သည်။ ၎င်း၏ ရွှေရောင်အကြေးခွံများသည် ပျက်စီးစေသော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည့် အေးစက်သောအလင်းဖြင့် တဖျပ်ဖျပ် လှုပ်ခတ်နေခဲ့သည်။
ဤအဆင့်၌ရှိသော ကျွမ်းကျင်သူပင် ရောက်လာမည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြပေ။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၇၉ ဝိညာဉ်ကျောက်တုံး နှစ်တုံးပဲ၊ ဝိညာဉ်ကျောက်တုံးနှစ်တုံးပဲ… မင်း ဆုံးရှုံးမှာ (ဒါမှမဟုတ်) လှည့်စားခံရမှာ မဟုတ်ဘူး…
"ဘုရားရေ… ဒါက ရှေးဟောင်တောင်နယ်နိမိတ်က တစ်ယောက်ပဲ။"
မရေမတွက်နိုင်သော ကျင့်ကြံသူများက တုန်လှုပ်လာတော့သည်။
၎င်းက ကြောက်စရာကောင်းလွန်းလှပေသည်။
ထိုအရာက ရှေးဟောင်းအထွတ်အထိပ်အဆင့်သက်မှတ်ချက်၏ ထိပ်ဆုံးဆဌမမြောက်အဆင့်တွင်ရှိသည့် ရှေးဟောင်တောင်နယ်နိမိတ်၏ အသန်မာဆုံးကျွမ်းကျင်သူ ဖြစ်လေသည်။
ကောင်းကင်ယံတွင် မိသားစုကြီးများမှ ကျွမ်းကျင်သူများသည် သက်ပြင်းသာ ချနိုင်တော့သည်။
"ရှေးဟောင်းနဂါးဧကရာဇ် ဒီနေရာမှာရှိမယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး။ သူက ရှေးဟောင်တောင်နယ်နိမိတ်မှာ ပုန်းနေပြီး ဘယ်တော့မှ ထွက်မလာဘူး မဟုတ်လား?"
"သူဘယ်လောက်ကြာကြာ ပုန်းနေချင်တာက ကိစ္စမရှိဘူး။ ဒီလို ကြီးကြီးမားမား ကိစ္စကြီးပြီးရင် သူ ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့မှာကိုပဲ ငါကြောက်တာ။”
အရူးတစ်ယောက်ကသာ အကြောင်းမဲ့သက်သက် ထိုင်နေမှာဖြစ်သည်။ ဤနေရာ အောက်ဘက်တွင်ရှိသော ဥစ္စာဓနများစွာကြောင့် မည်သူက ဝင်မစွက်ဖက်ချင် ရှိပါ့မလဲ။
ယွင်လီကောနှင့် အခြားသူများအားလုံးသည် အောက်တွင် ရှိနေကြပြီး ကောင်းကင်ရှိ လျှို့ဝှက်သော ကျွမ်းကျင်သူများကို စူးစိုက်ကြည့်နေခဲ့ကြသည်။
"ဒီလူတွေ အရမ်းထူးလွန်းတယ်! သူတို့က နတ်ဘုရားခန်းမက လူတွေထက် အများကြီး ပိုသန်မာကြတယ်။"
ကျွင့်ပုကျန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။
"အဲ့ဒါက သေချာတယ်။ တခြားဟာတွေထားအုံး ထာဝရသစ်တောက ယဲ့မိသားစုကလွဲပြီး ထိပ်ဆုံးမိသားစု(၂၀)က လူတိုင်း ရောက်လာကြပြီ။ ဒီမိသားစုတွေထဲက ဘယ်တစ်ခုမှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ယောက် မရှိမှာတဲ့လဲ? ပြီးတော့ တချို့မိသားစုတွေမှာ တစ်ယောက်ထက် ပိုပြီးတောင် ရှိတယ်။"
ထို့အပြင် တိုက်ကြီးတစ်ခုလုံးတွင် အခြားဂိုဏ်းများလည်း ရှိသေးသည်။ အားလုံး ပေါင်းလိုက်လျှင် မရေမတွက်နိုင်သော သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများစွာ ရှိတော့သည်။
ကောင်းကင်ယံတွင် ရေတွက်၍ပင် မရနိုင်သော အယောင်ဆောင်နတ်ဘုရားအဆင့် တွင်ရှိသည့် ကျွမ်းကျင်သူတချို့နှင့် နတ်ဘုရားအဆင့်ကိုရောက်ပြီးသော ရှေးနဂါးဧကရာဇ်တို့ ရှိကြသည်။
ယွင်လီကောနှင့် အခြားသူများသည် ချက်ချင်း ငြိမ်ကျသွားတော့သည်။
ဒါ… လူအရမ်းများလွန်းတယ်မဟုတ်လား?
သူတို့ ဘယ်လို အနိုင်ရနိုင်ပါ့မလဲ?
ရှေးပဝေသဏီအချိန်ကတည်းက တစ်ကမ္ဘာလုံးကို သူတို့၏ ရန်သူအဖြစ် မည်သူကမှ မလုပ်ခဲ့ကြပေ။
သို့သော် ထိုအချိန်၌ လုရှောင်ယန်က လက်ကိုဆန့်တန်းကာ သူတို့ထဲမှ အနည်းငယ်ကို ပြောလိုက်လေသည်။
"ခင်ဗျားတို့အားလုံး အောက်ဘက်ကို စောင့်ထား။ ဘယ်သူ့ကိုမှ ထွက်သွားဖို့ ခွင့်မပြုဘူး။ ငါ့ရဲ့အစီအစဉ် အောင်မြင်ရင် အားလုံး ကောင်းသွားလိမ့်မယ်။ မပြေခဲ့ရင် ငါချန်ထားခဲ့တဲ့ အခင်းအကျင်းပုံစံကို အသက်သွင်းလိုက်ကြ။"
"ဒါက နတ်ဘုရားအဆင့်ကူးပြောင်းရေးအစီအရင်တစ်ခုပဲ။ မိုးပေါ်မှာရှိတဲ့ ရှေးနဂါးဧကရာဇ်တောင် ဒါကို တားနိုင်မှာမဟုတ်ဘူး။"
"ဆရာ!"
လူတိုင်း၏ မျက်လုံးများက နီရဲလာတော့သည်။
ဤအချိန်၌ပင် သူတို့၏ဆရာဖြစ်သူက သူတို့၏ လုံခြုံရေးနှင့်ပတ်သက်ပြီး စဉ်းစားနေသေးသည်။
တကယ်တော့ လုရှောင်ယန်တွင် ရွေးချယ်စရာမရှိပေ။
သူလည်း ပြေးချင်ပေမယ့် ဤတစ်ခါ၌ သူ မလွတ်နိုင်တော့ပေ။
ထို့ကြောင့် ၎င်းကို သူ ရင်ဆိုင်ရပေတော့မည်။
သူ့တွင် ဖြေရှင်းဖို့ ကံဇာတာပါလာခဲ့ပြီဖြစ်သောကြောင့် သူ၏နောက်လိုက်များကို ဘာကြောင့် သူက လိုက်ခိုင်းရမှာလဲ?
သူ၏အစီအစဉ် တကယ် မအောင်မြင်ခဲ့လျှင် သူက ထိုနောက်လိုက်များကို အနည်းဆုံးတော့ ထွက်သွားခိုင်းမှာဖြစ်သည်။
"ရှင်သန်ဖို့အတွက် ဘာမဆိုလုပ်မယ့် ငါ့လို အထင်သေးစရာကောင်းတဲ့ လူတစ်ယောက်က အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ တခြားသူတွေအတွက် တစ်နေ့မှာ စဉ်းစားပေးလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။ ငါ့ကိုယ်ငါလို့တောင် မခံစားရတော့ဘူး။"
လုရှောင်ယန်က သူ၏နားထင်များကို ပွတ်သပ်လိုက်ပြီး သူ့ကိုယ်သူ ပျက်ရယ်ပြုလိုက်သည်။
နောက်လိုက်များစွာကို ခေါ်ယူပြီးနောက်မှာတော့ သူ၏ စိတ်နှလုံးက နူးညံ့သွားပုံပါပဲ။
သူ့တွင် ယခင်ကလို ရက်စက်ပြီး စဉ်းလဲတာ မရှိတော့ပေ!
သူ၏ဦးခေါင်းကို ခါယမ်းလိုက်ရင်း သူ၏ခြေထောက်ကို အသာအယာပုတ်ကာ ကောင်းကင်ယံသို့ ဖြည်းဖြည်းချင်း ပျံဝဲတက်သွားတော့သည်။
ဘက်ပေါင်းစုံမှ လူများသည် လုရှောင်ယန်ကို စူးစိုက်ကြည့်နေခဲ့ကြသည်။
လုရှောင်ယန်သည် သူ့အား ပျော့ညံ့ပုံပေါ်အောင်လုပ်သည့် ဘာကိုမှ မပြောဝံ့သရွေ့ ထိုလူများသည် သူ့အား ချက်ချင်းပင် ရက်ရက်စက်စက် တဟုန်ထိုးဝင်၍ တိုက်ခိုက်ကာ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မည်ဆိုခြင်းကို သူ အာမခံဝံ့သည်။
ကျွမ်းကျင်သူများစွာကို တပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်သောအခါ လုရှောင်ယန်မှာ တကယ့်ကို ခံနိုင်စွမ်း မရှိနိုင်ပေ။
တကယ်တော့ သူသည် သိုင်းဘုရင်အဆင့်၏ ပြီးပြည့်စုံသော ဒဿမမြောက်အဆင့်၌သာ ရှိပြီး နောက်အဆင့်သို့ တရားဝင် ချိုးဖြတ်ရန် မရှိသေးပေ။
ထို့အပြင် ဤတစ်ခါ ကြိုးကိုင်ခြယ်လှယ်သူသည် ထာဝရသစ်တောမှ ယဲ့မိသားစုဖြစ်သည်ဆိုတာကို သူ သေချာသလောက်ပါပဲ။
ဤတစ်ခါ ဖြစ်ပျက်နေသည့် ထိုကဲ့သို့သော ကိစ္စကြီးတစ်ခုမှာ ယဲ့မိသားစုက
ရောက်မလာခဲ့ပေ။ ၎င်းက ယဲ့မိသားစုမဟုတ်လျှင် ဘယ်သူဖြစ်နိုင်မလဲ?
သူတကယ်တိုက်ခိုက်ပြီး မောပန်းကာ အဆုံးသတ်သွားမှ ယဲ့မိသားစုက သိမ်းယူရန် သေချာပေါက် ရှေ့ထွက်လာမည်ဖြစ်သည်။
လုရှောင်ယန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏စိတ်ထဲရှိ ရှုပ်ထွေးသော အတွေးများစွာကို ဖယ်ရှားကာ ကြည်လင်သော မျက်လုံးများဖြင့် ပြောလိုက်လေသည်။
"လူတိုင်း ဒီနေရာမှာ ရှိနေကြပြီးဆိုတော့ ကျုပ် အချိန်ဖြုန်းမနေတော့ဘူး။
ကျုပ်ရဲ့ ပစ္စည်းတွေ ယူဖို့သက်သက်နဲ့ ခင်ဗျားတို့တွေ ဒီနေရာကို လာခဲ့ကြတယ်။ ဒါပေမယ့် ကျုပ်က ဘာကိုမှ လုယူခွင့်မပြုနိုင်တာ သေချာတယ်။ ဒါကြောင့် ကျုပ်လဲ အပေးအယူတစ်ခုလုပ်ဖို့ စဉ်းစားထားတယ်။"
သူစကားပြောပြီးသည်နှင့်တပြိုင်နက် ဝမ်မိသားစုမှ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများက လှောင်ရယ်ရယ်လိုက်ကြသည်။
"အပေးအယူတစ်ခု ဟုတ်လား? ဘာအပေးအယူလဲ? ခင်ဗျားရဲ့ တစ်ခုတည်းသော အဖြေက ခင်ဗျားရဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကို လက်လျှော့လိုက်ဖို့ပဲ။"
သူ့အနီးတွင်ရှိသော ဝမ်မိသားစုမှ တခြားသိုင်းဘုရင်အဆင့်ကျင့်ကြံသူကလည်း ပြက်ရယ်ပြုခဲ့သည်။
"မှန်တာပေါ့။ အခု မင်းလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက မင်းရဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို လက်လျှော့လိုက်ဖို့ပဲ။ အဲ့ဒါကလွဲပြီး ဆွေးနွေးစရာမရှိဘူး။"
သူပြောပြီးသည်နှင့် လုရှောင်ယန်သည် စစ်မှန်သောအမြင်အာရုံသုံးပါးကို ချက်ချင်း အသက်သွင်းကာ ထာဝရမီးတောက်များကို အသုံးပြုလိုက်လေသည်။
ဝုန်း!
အဆင့်နိမ့်သော သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်သည် ချက်ချင်းပင် ထာဝရမီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေတော့သည်။
"အား!"
ငယ်သံပါအောင် အော်သံများထွက်လာသောအချိန်တွင် အခြားသူများ၏ အမူအရာများက
ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူတို့နှစ်ယောက်နောက်ရှိ မိသားစုများ၏ ကျင့်ကြံသူများကတော့ လုရှောင်ယန်၏ တိုက်ခိုက်မှုကို ဂရုမစိုက်ခဲ့ကြပေ။ သူတို့သည် ချက်ချင်းပင် ဟစ်ကြွေးကာ သူ့အား တားဆီးရန်အတွက် ရှေ့သို့ သွားချင်ခဲ့ကြသည်။
သို့သော် လုရှောင်ယန်က သူတို့အား ဘာလို့ အခွင့်အရေးပေးမှာလဲ?
မဟာတာအိုမွေးဖွားခြင်းကို ချက်ချင်း အသက်သွင်းလိုက်ပြီး သိုင်းဘုရင်အဆင့်
ကျွမ်းကျင်သူနှစ်ယောက်အနီးတွင် အချိန်၏အလျဉ်ကို အရှိန်မြှင့်ကာ မီးတောက်များ၏ အမြန်နှုန်းကို ချက်ချင်း တိုးမြှင့်လိုက်လေသည်။
သူတို့နှစ်ဦးသည် အဆင့်နိမ့် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများဖြစ်ကြပြီး လုရှောင်ယန်ကတော့ သိုင်းဘုရင်အဆင့်၏ ပြီးပြည့်စုံသော ဒဿမမြောက်အဆင့်၌ ရောက်ပြီးသူ ဖြစလေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိမှာလဲ?
ခဏတာအတွင်း၌ပင် လုရှောင်ယန်က သူတို့နှစ်ဦးကို ချက်ချင်း မီးသင်္ဂြိုဟ်ပစ် လိုက်လေတော့သည်။
ချက်ချင်းသတ်လိုက်တယ်!
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို သူ ချက်ချင်း သတ်ပစ်လိုက်ပြီ!
သူတို့သည် အဆင့်နိမ့် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူနှစ်ယောက်သာ ဖြစ်သော်လည်း သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများတော့ ဖြစ်ခဲ့ကြသည်။
ထိုသို့ ချက်ချင်းအသတ်ခံလိုက်ရခြင်းက သူတို့အတွက် မယုံကြည်နိုင်လောက်အောင်
ဖြစ်ခဲ့ရသည်။
ပြီးတော့ ဒါက ချက်ချင်းကို သတ်ပစ်လိုက်တာလား?
ဤအခိုက်အတန့်တွင် လူတိုင်း၏ နှလုံးသားများက ရုတ်တရက် တဆတ်ဆတ် တုန်ရီလာတော့သည်။
ချမ်းသာကြွယ်ဝမှုအပြင် ဤလုရှောင်ယန်က ရှေးဟောင်းအထွတ်အထိပ်အဆင့် သတ်မှတ်ချက်တွင် နံပါတ်(၁)ကျွမ်းကျင်သူဖြစ်ကြောင်းကိုလည်း သူတို့ ရုတ်တရက် သတိရသွားတော့သည်။
ယခင်က လူတိုင်းသည် လုရှောင်ယန်၏ ချမ်းသာကြွယ်မှုကြောင့် ဘာကိုမှ မမြင်ခဲ့ကြပေ။ ထို့အပြင် သူတို့သည် လုရှောင်ယန်၏ သန်မာမှုကိုလည်း တစ်ခါမှ မမြင်ဖူးသောကြောင့် လေးလေးနက်နက် မစဉ်းစားခဲ့ကြပေ။
ဤအချိန်မှာတော့ သူတို့သည် လုရှောင်ယန်အား လေးလေးနက်နက်ဖြင့် နောက်ဆုံး၌ ဂရုတစိုက် ဆက်ဆံလာခဲ့ကြသည်။
လုရှောင်ယန်လည်း သက်ပြင်းချလိုက်တော့သည်။
ကံကောင်းတာပဲ။
ကံကောင်းထောက်မစွာဖြင့် အဆင့်နိမ့် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူနှစ်ယောက်
ဖြစ်ခဲ့သည်။ အဆင့်မြင့်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်သာဆိုလျှင် ပြဿနာ
တက်မှာဖြစ်သည်။
သူ၏ ထာဝရမီးတောက်များက သူ၏ကျင့်ကြံခြင်းအရ တိုးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ၎င်းက တခြားဘက်၏ ကျင့်ကြံခြင်းအပေါ်မှာလည်း မူတည်နေခဲ့သည်။
အခြားဘက်က အဆင့်မြင့်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်ခဲ့လျှင် လုရှောင်ယန်က သူတို့ကို လောင်ကျွမ်းကာ သေဆုံးအောင် လုပ်နိုင်သော်လည်း ထိုသူကို ချက်ချင်း
သတ်ပစ်နိုင်မည်တော့ မဟုတ်ပေ။
ဤအရာက သူ့အား စိတ်သက်သာရာရအောင် လုပ်နိုင်မှာ မဟုတ်ပေ။
သူက ကောင်းကောင်း စိတ်မထိန်းနိုင်ခဲ့လျှင် အကြီးအကျယ် သဘောထားကွဲလွဲမှာဖြစ်ပြီး သူတို့လန့်မှာမဟုတ်တော့ပေ။
"ရက်စက်တဲ့အကောင်! မင်းတော့ သေမင်းကို ဖိတ်ခေါ်နေပြီ!"
ထိုသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများ၏ မိသားစုသည် ရုတ်ချည်းပင် ဒေါသတကြီး ဖြစ်လာတော့သည်။
လုရှောင်ယန်က ထပ်ပြီး မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်။
လူတိုင်းသည် ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီး သူတို့၏ အစွမ်းအားလုံးဖြင့် သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များကို ဖြန့်ကျက်ရသည်အထိ ဤဖျတ်ခနဲကြည့်လိုက်သောအကြည့်က သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့ကိုလည်း လောင်ကျွမ်းအောင်လုပ်မှာကို ကြောက်လန့်ကာ လုရှောင်ယန်ကို အသင့်အနေအထားဖြင့် ရင်ဆိုင်ရန်အတွက် သူတို့ အကောင်းဆုံး ကြိုးစားခဲ့ကြသည်။
သို့သော် သူတို့က မမိုက်မဲကြချေ။ သူတို့က လုရှောင်ယန်ကို မတိုက်ဝံ့သော်လည်း ကမ္ဘာပေါ်က ထိပ်တန်းကျွမ်းကျင်သူများအားလုံး ဤနေရာ၌ စုစည်းထားသဖြင့် လုရှောင်ယန်ကို ရင်ဆိုင်မည့် တစ်စုံတစ်ယောက်ကို သူတို့ ဘာလို့ မရှာနိုင်ရမှာလဲ?
"မင်းတို့ ဘာကို စောင့်နေကြတာလဲ? အတူတူ ခပ်မြန်မြန် တိုက်ပြီး ဒီကောင်ကို သတ်ပစ်လိုက်။ ဒီအောက်မှာ သိုင်းဘုရင်အဆင့်လက်နက်တွေ၊ နတ်ဆေးလုံးတွေနဲ့ သိုင်းဘုရင်အဆင့်ဆေးလုံးတွေ အများကြီးရှိတယ်။ မင်းတို့ အဲ့ဒါတွေကို မလိုချင်ကြဘူးလား?"
ခေါင်းဆောင်ရှီက ထိုလူအပေါ် သူ့အကြည့်ကို ဝေ့ကြည့်လိုက်ရင်း အေးစက်စွာဖြင့် ပြောလိုက်သည်။
"ဝမ်ရှန့်ဟိုင်… အဲ့ဒီမှာ ပေါက်ကရပြောနေတာကို ခင်ဗျား ရပ်မလား? ဒါကို ခင်ဗျားကိုယ်တိုင် လုပ်ချင်တယ်ဆိုရင် ကျုပ်တို့ကို စိတ်ပျက်အောင် မလုပ်နဲ့။ ကျုပ်တို့ကို ခင်ဗျားသဘောအတိုင်း လျှောက်ပြီး အမိန့်ပေးလို့မရဘူး။"
ဝမ်မိသားစုမှာ အရှက်ခွဲခံလိုက်ရပြီး ဒေါသတကြီးဖြင့် အံကို တင်းတင်းကြိတ်လိုက်ပေမယ့် သူတို့ဘာမှ မတတ်နိုင်ခဲ့ပေ။ တကယ်တော့ ရှီမိသားစုက သူတို့၏ ဝမ်မိသားစုထက် များစွာ ပိုသန်မာကြလေသည်။
အမှန်တကယ်အားဖြင့် မိသားစုပေါင်းများစွာတွင် ဘာကြောင့် မတိုက်ခိုက်ရသည်ဆိုသော အကြောင်းရင်းတစ်ခု ရှိခဲ့သည်။
တစ်ယောက်ယောက်၏ ကျင့်ကြံခြင်းက ပိုမြင့်လေလေ ဘာဖြစ်နေသည်ဆိုခြင်းကို ပိုပြီးပြောနိုင်သူ ဖြစ်လေလေပါပဲ။
လုရှောင်ယန်သည် ရှေးဟောင်းအထွတ်အထိပ် အဆင့်သတ်မှတ်ချက်တွင် ပထမနေရာ၌ သတ်မှတ်ခံထားရသူဖြစ်သည်။
လုရှောင်ယန်က ကမ္ဘာမှာ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟု ဘာကြောင့်ပြောခဲ့ပြီး ဘယ်သူက စီစဉ်လိုက်မှန်း သူတို့မသိခဲ့ကြသော်လည်း အကြောင်းအရာတစ်ခုကိုတော့ အနည်းဆုံးအနေနှင့် သူတို့ သိထားခဲ့ကြသည်။
၎င်းမှာ လုရှောင်ယန်တွင် သိုင်းဘုရင်အဆင့်လက်နက်များနှင့် သိုင်းဘုရင်အဆင့် ဆေးလုံးစွာရှိသဖြင့် သူ့တွင် သာမန်ထက်လွန်ကဲသော နည်းလမ်းများလည်း သေချာပေါက် ရှိခဲ့သည်။
မလှုပ်ရှားခင် သူလုပ်ချင်သော အရာကို နားထောင်ရတာက နစ်နာစရာမရှိပေ။
ဘာပဲဖြစ်ဖြစ် ကမ္ဘာရှိ လူတိုင်းက ဤနေရာတွင် ရှိနေခဲ့လေပြီ။ ဘာကို ကြောက်ရမှာလဲ?
"ခင်ဗျား ဘာပြောဖို့ ကြိုးစားနေတာလဲ? ပြောပါ။"
ရှီမိသားစုခေါင်းဆောင်က သာမန်ကာလျှံကာ မေးလိုက်သောအခါ လုရှောင်ယန်၏ နှုတ်ခမ်းထောင့်က တွန့်သွားတော့သည်။
"မိုက်တာပဲ။ ဒါဆို ကျုပ် တည့်တည့်ပဲ ပြောတော့မယ်။ ကျုပ်တို့ တကယ် တိုက်ကြရင် ကမ္ဘာပေါ်က လူတိုင်းကို ကျုပ် အနိုင်ယူနိုင်တယ်လို့ ပြောဖို့က စိတ်ကြီးဝင်ရာ ရောက်မှာမို့လို့ ဒါက ကျုပ်အတွက် မဖြစ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးအနေနဲ့ ဒီနေရာမှာ ခင်ဗျားရဲ့ တစိတ်တပိုင်းကို ပျောက်သွားအောင်တော့ လုပ်နိုင်သေးတယ်လို့ ကျုပ်ထင်တယ်။"
"ပြီးတော့ သိုင်းဘုရင်အဆင့်ဆေးလုံးတချို့ကိုရဖို့ ခင်ဗျားရဲ့မိသားစုက သိုင်းဘုရင်အဆင့်
ကျွမ်းကျင်သူတွေကို ခင်ဗျားတို့ မစွန့်လွှတ်ချင်ကြဘူး ဟုတ်တယ်မလား?"
ထိုအခါ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများထဲမှ တစ်ဦးက လှောင်ရယ်ရယ်လိုက်သည်။
"ဒီနေရာမှာ မိသားစုတွေ အများကြီး ရှိတယ်။ ကျုပ်တို့က သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို စွန့်လွှတ်လိုက်ရရင်တောင် ဒါဟာ ခင်ဗျားအတွက်တော့ ဒုက္ခရောက်ဖို့ ကောင်းကောင်း လုံလောက်သေးတယ်။"
လုရှောင်ယန်က သူ၏မျက်လုံးများကို မှေးကာ ပြုံးလိုက်သည်။
"ခင်ဗျား မှန်ပါတယ်။ ခင်ဗျား ဘယ်မိသားစုကလဲဆိုတာကို ကျုပ် မေးလို့ ရမလား?"
ထိုလူက ချက်ချင်းပင် ဂုဏ်ယူစွာဖြင့် ပြောလာခဲ့သည်။
"ကျုပ်နာမည်က မပြောင်းမလဲပဲ ကျန်ရစ်တယ်။ ကျုပ်က ထာဝရသစ်တောမှာရှိတဲ့ ယွီမိသားစုက ယွီကျန့်ပဲ!"
"အိုး! ယွီမိသားစု ဟုတ်လား? ဒါဆို ခင်ဗျားရဲ့ ယွီမိသားစုကို ငါအထူးဂရုစိုက်ရမယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်က သေရမှာမို့လို့ ခင်ဗျားရဲ့ ယွီမိသားစုကို ကျုပ် အထူးတလည် ပစ်မှတ်ထားလိုက်ယုံပဲ။ ဒါကြောင့် ခင်ဗျားမိသားစုက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတွေအားလုံးကို သတ်ဖို့ သေချာ လုပ်ရမယ်။"
ယွီကျန့်၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း ရပ်ဆိုင်းသွားပြီး သဲပန်းပုရုပ်ကြီးပုံမျိုး ပေါက်သွားတော့သည်။
အနီးဝန်းကျင်ရှိ မိသားစုတချို့မှာ မရယ်ပဲ မနေနိုင်တော့ပေ။
၎င်းက ယွီကျန့်ကို ပို၍ပင် အရှက်ရစေခဲ့သည်။
သူက သာမန်အားဖြင့် ဟိတ်ဟန်ထုတ်လိုက်ပေမယ့် ဤသို့ ဖြစ်လာဖို့ကို သူ မျှော်လင့်မထားခဲ့ပေ။
လုရှောင်ယန်က ချောင်ပိတ်မိအောင် အတင်းအကြပ်လုပ်ခံရသောကြောင့် သူက ယွီမိသားစုကို တကယ်တိုက်ခိုက်ပြီး သူတို့အား အပြင်းအထန် အနာတရဖြစ်စေခဲ့လျှင် ယွီမိသားစုမှာ ယခုမှစပြီး လုံးဝ အဆုံးသတ်သွားပေလိမ့်မည်။
ခေါင်းဆောင်ရှီနှင့် အခြားသူများကလည်း လုရှောင်ယန်၏ ဆိုလိုရင်းကို သဘောပေါက်သောကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ယခင်က သူတို့ အရင်တိုက်ချင်ကြပေမယ့် ယခုအခါမှာတော့ သူတို့ နှစ်ခါထပ်၍ စဉ်းစားရပေတော့မည်။
"လူတိုင်းက တစ်ခုခုကိုလိုချင်ပြီး သူတို့မိသားစုတွေရဲ့ အင်အားကို မဆုံးရှုံးချင် ကြတာမို့လို့ ကျုပ်တို့ လက်ဆွဲနှုတ်ဆက်လိုက်ယုံနဲ့ သင့်မြတ်အောင် ဘာကြောင့် မလုပ်တာလဲ?"
"ခင်ဗျားတို့က ကျုပ်ရဲ့အမည်မဲ့ဂိုဏ်းနဲ့ ပူးပေါင်းပြီး ဂိုဏ်းရဲ့နောက်လိုက်တွေ ဖြစ်လာတာနဲ့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတိုင်းက ကျုပ်ရဲ့ သိုင်းဘုရင်အဆင့် လက်နက်တွေနဲ့ ဆေးလုံးတွေကို ဝယ်လို့ရပြီ။"
"သူတော်စင်အဆင့်ပစ္စည်းတွေကိုလည်း ရောင်းပေးလို့ရတယ်! ဒါ့အပြင် လူ တစ်ယောက်စီတိုင်းက ပစ္စည်းတိုင်းအတွက် ဝိညာဉ်ကျောက်တုံးနှစ်တုံးကိုပဲ ပေးဖို့လိုတယ်။ ဒါပေမယ့် လူတစ်ယောက်စီက နှစ်တိုင်း အပိုင်းနှစ်ပိုင်းပဲ ကန့်သတ်ခံရမယ်။"
"ဝိညာဉ်ကျောက်တုံး နှစ်တုံးပဲ။ ခင်ဗျားတို့ အဲ့ဒါကို မဝယ်ရင် ခင်ဗျားတို့ နစ်နာမှာ မဟုတ်ပါဘူး။ ဝိညာဉ်ကျောက်တုံးနှစ်တုံးပါပဲ။ သိုင်းဘုရင်အဆင့်လက်နက်နှစ်ခု (ဒါမှမဟုတ်) ဆေးလုံးနှစ်လုံးကို နှစ်တိုင်း အိမ်ကို ယူသွားပါ။ ခင်ဗျားတို့ အဲ့ဒါတွေကို လိုချင်ရင် အခုပူးပေါင်းလိုက်! ခင်ဗျားတို့ ဘာကို စောင့်နေကြတာလဲ?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၉။ အပိုင်း ၂၈၀ ငါ့ကိုလှည့်စားနေတာလား? မင်းက ငါ့ဖိနပ်တွေကို လျက်ဖို့ပဲ တန်တယ်…
လုရှောင်ယန်၏ စကားများကို ကြားသောအခါ လူတိုင်းသည် ချက်ချင်းဆိုသလိုပင် ကြက်သေသေသွားခဲ့ကြသည်။
ကောင်းကင်တစ်ခုလုံးက ချက်ချင်း ငြိမ်သက်သွားပြီး လေတိုက်သံပင်
ထွက်မလာတော့ပေ။
ရှိနေသောလူတိုင်းက လုရှောင်ယန်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေခဲ့ကြသည်။ လုရှောင်ယန် ဤသို့ အကွက်ရွှေ့လိမ့်မည်ဟု မည်သူမှ မျှော်လင်မထားခဲ့ကြချေ။
ဒီလူက မှန်းရခက်တာပဲ!
ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ပြီးသည့်နောက်တွင် ဝိဉာဉ်ကျောက်တုံး နှစ်တုံးဖြင့် သူတော်စင်လက်နက်တစ်မျိုးကို သူတို့ ချက်ချင်း ဝယ်နိုင်ကြမှာလား?
ဒါ့အပြင် နှစ်တိုင်း နှစ်စုံကို သူတို့ ဝယ်လို့ရပါ့မလား?
သိုင်းဘုရင်အဆင့်လက်နက်တွေ၊ ဆေးလုံးတွေနဲ့ နတ်ဆေးလုံးတွေကို ဘာမှ အားစိုက်ထုတ်စရာမလိုပဲ သူတို့ ရနိုင်မှာလား?
ဒါက ကောင်းလွန်းမနေဘူးလား?
သို့သော် မိသားစုငယ်များ (သို့မဟုတ်) နယ်လှည့်ကျင့်ကြံ သူများဖြစ်လျှင် ဤအခြေအနေကို သူတို့ ချက်ချင်း လက်ခံမှာ ဖြစ်သည်။
သို့သော် ထိပ်တန်းမိသားစုများကတော့ လွယ်လွယ်နှင့် လက်ခံမည် မဟုတ်ချေ။
တကယ်တော့ သူတို့ကိုယ်တိုင်သည် အစထဲက ဘုရင်များ ဖြစ်ကြသည်။ လုရှောင်ယန်၏ နောက်လိုက်များနှင့် လက်အောက်ငယ်သားများ ဖြစ်လာဖို့က သူတို့အတွက် လွယ်လွယ်နှင့် မဖြစ်နိုင်ပေ။
မိသားစုငယ်များနှင့် နယ်လှည့်ကျင့်ကြံသူများကတော့ မိသားစုကြီးများ၏ သဘောတူညီချက်မပါပဲ အလွယ်တကူ လက်ခံရဲမည် မဟုတ်ချေ။
ကောင်းကင်ယံရှိ ရှေးနဂါးဧကရာဇ်သည်လည်း မလှုပ်ရှားတော့ပေ။ သူတွေးနေသောအရာကိုမူ မသိခဲ့ရချေ။
ဤအချိန်၌ ထိပ်တန်းမိသားစု(၁၀)စုထဲမှ တစ်ခုဖြစ်သော ချန်မိသားစု၏ ခေါင်းဆောင်ဖြစ်သူက ဖြည်းဖြည်းချင်း ထွက်လာတော့သည်။
"ဒီအခြေအနေကို လက်ခံဖို့ ကျုပ်တို့အတွက် မဖြစ်နိုင်ဘူး။ ဒီလောက်များတဲ့ ရင်းမြစ်တွေကို ခင်ဗျားတစ်ယောက်ထဲ လက်ဝါးကြီးအုပ်ထားတာက ယုတ္တိမရှိဘူး။ ဒါကို ဘယ်လို သဘောရလဲ? ခင်ဗျားရဲ့ဂိုဏ်းနဲ့ မပူးပေါင်းပဲ ခင်ဗျားဆီက သိုင်းဘုရင်အဆင့် လက်နက်တွေကို ကျုပ်တို့ဝယ်မယ်။ အဲ့ဒီလိုဆိုရင် ကျုပ်တို့ ပြန်ဆုတ်ရလဲ ကိစ္စမရှိပါဘူး။"
"အင်း… ခင်ဗျားရဲ့ တန်ရာတန်ကြေးသတ်မှတ်တာက မျှတဖို့တော့လိုတယ်။ မဟုတ်ရင် ကျုပ်တို့ တိုက်ပဲ တိုက်တော့မယ်။"
အခြားပြိုင်ဘက်၏ စကားကို ကြားသောအခါ လုရှောင်ယန်က သူ၏ စိတ်ထဲမှ အေးစက်စက် ပြုံးလိုက်လေတော့သည်။
ဟာသပဲ။
တစ်ဘက်လူသည် အကျိုးအမြတ်များကို ရချင်ပေမယ့် မလိုက်နာချင်ခဲ့ပေ။ သူက လောဘကြီးလွန်းတော့သည်။
ထို့အပြင် တစ်ဘက်က ဘာပြောလိုက်တာလဲ? အရမ်းများလွန်းတဲ့ ရင်းမြစ်တွေကို တစ်ယောက်ထဲ လက်ဝါးကြီးအုပ်ထားတာက ယုတ္တိမရှိဘူးတဲ့လား?
၎င်းက မည်မျှ ယုတ္တိမရှိပါစေ ဝမ့်ခိုက်က သူ့အား ပေးနေဆဲဖြစ်သည်။ လုရှောင်ယန်ထံမှ ထိုပစ္စည်းများကို ယူဖို့ကျတော့ သူတို့အတွက် ဘာကြောင့် ယုတ္တိရှိတာပါလိမ့်?
အဆုံးတွင် သူကပင် ခြိမ်းခြောက်ခဲ့သည်။
ဟာသပဲ။ လုရှောင်ယန်က သူတို့ကို ကြောက်တယ်လို့ တကယ် တွေးထားကြတာလား?
"ထာဝရသစ်တောရဲ့ ထိပ်တန်းမိသားစု(၁၀)ခုထဲက တစ်ခုဖြစ်တဲ့ ချန်မိသားစုက ဒီလိုလား? ကျုပ်ကိုနှိမ်နင်းဖို့ ခင်ဗျား အင်အားသုံးချင်တယ်ဆိုရင် ပြောပါ။ ဒါပေမယ့် ခင်ဗျား တစ်ခုတော့ မှားသွားပြီ။"
ထိုစကားကြောင့် ချန်မိသားစုခေါင်းဆောင်၏ မျက်လုံးများက မှေးကျဉ်းသွားတော့သည်။ နောက်ထပ်တဒင်္ဂအချိန်၌ လုရှောင်ယန်သည် ဓားထိန်းချုပ်ကျင့်စဉ်ကို ချက်ချင်း အသုံးပြုကာ အောက်မှ သိုင်းဘုရင်အဆင့် လက်နက်အားလုံးပေါင်း (၅၀၀) ကို ဆင့်ခေါ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ကောင်းကင်ယံသို့ အလျင်အမြန် ပစ်လွှတ်လိုက်သော အလင်းတန်းများအဖြစ်သို့ အသွင်ပြောင်းသွားတော့သည်။
"သူဘာလုပ်ချင်တာလဲ?"
"တိုက်ခိုက်ဖို့ သိုင်းဘုရင်အဆင့်လက်နက်ကို ခေါ်လိုက်တာလား? သူတိုက်ချင်နေတာ ဖြစ်နိုင်လောက်လား?"
"မဟုတ်ဘူးဟေ့… သူ တိုက်ချင်တာ မဟုတ်ဘူးဟေ့။ သူက သိုင်းဘုရင် အဆင့်လက်နက်ကို အလှူပေးချင်တာ! အမြန်လူစုခွဲကြ။"
လူအုပ်ထဲမှ အချို့သော ကျင့်ကြံသူများသည် လုရှောင်ယန်၏ ရည်ရွယ်ချက်များကို ကြိုတင်သိသောကြောင့် အမြန် ဆုတ်ခွာခဲ့ကြသည်။
ချန်မိသားစုခေါင်းဆောင်၏ အမူအရာက ပြောင်းသွားပြီး သူလည်း ပြန်ဆုတ်ချင်ခဲ့သည်။
သိုင်းဘုရင်အဆင့်လက်နက်(၅၀၀)၏ ပေါက်ကွဲမှုကို ရင်ဆိုင်ရသောအခါ ၎င်းကို သူ ထိပ်တိုက်ရင်မဆိုင်ရဲခဲ့ပေ။
သို့သော် သူ နောက်ပြန်ဆုတ်သည့်အခါ လုရှောင်ယန်က ပျက်ရယ်ပြုကာ ပြောလာခဲ့သည်။
"ဘာလို့လဲ? ခုလေးတင် ခင်ဗျားက အရမ်းထူးကဲနေခဲ့တာ မဟုတ်လား? ခင်ဗျားမှာ အရည်အချင်းရှိရင် ဒါနဲ့ ထိပ်တိုက် တွေ့လိုက်စမ်းပါ!"
တစ်ကမ္ဘာလုံးရှေ့တွင် အရှက်ခွဲခံလိုက်ရပြီးနောက် သွေးပါအန်လာသဖြင့် ချန်မိသားစု၏ခေါင်းဆောင်မှာ အလွန်အမင်း ဒေါသထွက်သွား တော့သည်။ သို့သော် သူတစ်ခုခုမှားပြီဆိုတာကို ချက်ချင်း သိသွားခဲ့သည်။
လုရှောင်ယန်က သူ့အား တမင်သက်သက် ဒေါသထွက်အောင် လုပ်နေပြီး သူ့အား စိတ်နှင့်လူနှင့်မကပ်အောင် လုပ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် လုရှောင်ယန်က သူ၏ အမြန်နှုန်းကို လျှော့ချရန် ထိုက်ရွှမ်ပေသို့ကို ရုတ်တရက် အသုံးပြုလိုက်သည်။
"ပြီးသွားပြီ!"
ဤအရာက ချန်မိသားစုခေါင်းဆောင်၏ တစ်ခုတည်းသော အတွေးမျှ ဖြစ်လေသည်။
သို့သော် ထိပ်တန်း ဒဿမမြောက် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် သူ၏ နှစ်ပေါင်းများစွာကြာပြီဖြစ်သော တိုက်ပွဲအတွေ့အကြုံက သူ၏အရိုးများထဲသို့ ကြာမြင့်စွာ ပေါင်းစပ်ထားခဲ့လေသည်။
သူ၏ခန္ဓာကိုယ်က ပိတ်မိထားသော်လည်း အလုံးစုံသောအင်အားဖြင့် သူ၏ကျင့်ကြံနည်းစနစ်ကို အသုံးပြုနေဆဲဖြစ်ပြီး ကာကွယ်ရန်အတွက် သူ၏ သိုင်းဘုရင်အဆင့်ချပ်ဝတ်တန်ဆာကိုပါ အသက်သွင်းခဲ့သည်။
သူ၏အကာအကွယ်ကို အစပျိုးလိုက်သည့်အချိန်တွင် လုရှောင်ယန်၏ သိုင်းဘုရင်အဆင့်လက်နက်များကလည်း တစ်ချိန်တည်း ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
ဝုန်း! ဝုန်း! ဝုန်း!
မျက်စိကျိန်းလောက်အောင် ဝင်းလက်တောက်ပြောင်လွန်းသော မရေမတွက်နိုင်သည့် အလင်းများက ကောင်းကင်ယံတွင် ချက်ချင်း ပေါက်ကွဲသွားတော့သည်။ အဆုံးတွင် ၎င်းတို့သည် ကြီးမားသော နေတစ်စင်းအဖြစ်သို့ ပေါင်းစပ်သွားတော့သည်။
"အမြန်ကာကွယ်ကြ!"
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အားကုန်သုံးကာ သူတို့၏ ခံစစ်နည်းလမ်းများကို အသုံးပြုလိုက်ရသဖြင့် သူတို့ ရူးမတတ်ပါပဲ။
၎င်းက အမည်မဲ့ဂိုဏ်း၏ အလိုအလျောက် ခံစစ်အစီအရင်ကိုပင် အသက်သွင်းခံရသည့် အတိုင်းအတာအထိ ဖြစ်ခဲ့သည်။
ကောင်းကင်ဟင်းလင်းပြင်တွင် ထိပ်တန်းမိသားစု(၁၀)ခု၏ ခေါင်းဆောင်များနှင့် နဂါးဧကရာဇ်တို့သာ လုံးဝပျာယာမခတ်ခဲ့ကြပေ။
ပေါက်ကွဲမှုသည် ကောင်းကင်ယံရှိ လေဟာနယ်အတားအဆီးကို တခြားစီ ဖောက်ခွဲပစ်ခဲ့သည်။
လေဟာနယ်တွင်းနက်ကြီးက စွမ်းအင်ပမာဏများစွာကို စုပ်ယူတော့သည်။ အထဲရှိ မရေမတွက်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သောသက်ရှိများ သေသွားသောအခါ လေဟာနယ်အတားအဆီးနှစ်ခုမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲခါနီး ဖြစ်သွားခဲ့ရသည်။
ပေါက်ကွဲမှုက ဖြည်းဖြည်းချင်း ရပ်မသွားမီ စက္ကန့်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။
ဤပေါက်ကွဲမှု၏ လှိုင်းများက မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ပစ်ခဲ့သည်။
ကျင့်ကြံသူများက ခံစစ်အနေအထားကို ထိန်းထားဆဲဖြစ်သော်လည်း သူတို့၏ စိတ်ဝိညာဉ်များကတော့ ကွဲကြေသွားခဲ့ပြီ ဖြစ်လေသည်။
ဟင်းလင်းပြင်ထဲမှာတော့ ချန်မိသားစုခေါင်းဆောင် မသေခဲ့ပေ။
သူက ထိပ်တန်းမိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး သူ၏ ရှေးဘိုးဘေးများမှ လက်ဆင့်ကမ်းအမွေပေးထားသော အသက်ကယ် ဓမ္မရတနာတစ်ခုလည်း သူ့တွင် ရှိခဲ့သည်။
သို့သော်ငြားလည်း သူသည် ပေါက်ကွဲမှုကြောင့် သွေးအလိမ်းလိမ်းပေကျံကာ ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သေးသည်။
"ဟဟဟဟ… ခင်ဗျား ကျုပ်ကို မသတ်နိုင်ပါဘူး! ကျုပ်မှာ ချန်မိသားစုဘိုးဘေးက ချန်ပေးထားခဲ့တဲ့ အကာအကွယ်ရှိ…"
သူဆုံးအောင် မပြောလိုက်နိုင်မီ အလင်းတစ်ခုက လေဟာပြင်ထဲတွင် လက်သွားပြီး လုရှောင်ယန်က သူ့အား ချက်ချင်းပင် နှစ်ပိုင်းပိုင်းချ လိုက်တော့သည်။
"ခေါင်းဆောင်"
ချန်မိသားစုတစ်ခုလုံးသည် ချက်ချင်းပင် အရေးနိမ့်သွားတော့သည်။
ဒီလူက သူတို့ရဲ့ မိသားစုခေါင်းဆောင်လေ!
လုရှောင်ယန်က သူ့ကို ဒီလိုမျိုး တကယ် သတ်ပစ်လိုက်တာလား?
လူတိုင်းက ဤအရာကို လက်မခံနိုင်ခဲ့ကြပေ။ သူတို့အားလုံးက တိုက်ခိုက်လာကြပြီး ထိုအရာက လုရှောင်ယန်ကို တည့်တည့် ဦးတည်သော အလင်းတန်းတချို့အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။
သို့သော် လုရှောင်ယန်က ကြည့်ဖို့ပင် စိတ်မဝင်စားခဲ့ပေ။ သူ့လက်ထဲမှ ရွှယ်ယွမ်ဓားဖြင့် ခုတ်ပိုင်းချလိုက်ပြီး ထိုဓားရောင်ခြည်တန်းတစ်ခုက ကောင်းကင်ဘုံကိုးခုကို ဝှေ့ယမ်းလိုက်သည်ဟုပင် ထင်ခဲ့ရသည်။
ဝုန်း!
ဓားတစ်လက်ပဲ!
ဒါက ဓားတစ်လက်ထဲ လှုပ်ရှားလိုက်တာပဲ!
လုရှောင်ယန်က ချမ်မိသားစုမှ ဆင်းသက်သူအားလုံးကို ပြန်၍ ဖိအားပေးတော့သည်။
လူတိုင်း၏ နှလုံးသားများ ထပ်ပြီး အခုန်မြန်လာကြသည်။
၎င်းတွင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများစွာ ရှိလေသည်။ ထို့အပြင် သူတို့ထဲမှ တစ်ယောက်စီတိုင်းက အဆင့်မြင့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ ဖြစ်ကြသည်။ သူတို့က ပထမအဆင့် ဒါမှမဟုတ် ဒုတိယအဆင့်မှာရှိသော အဆင့်နိမ့်သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများ မဟုတ်ကြပေ!
သို့သော်ငြားလည်း လုရှောင်ယန်၏ ဓားကြောင့် သူတို့ ဖိအားပေးခံခဲ့ရသည်။
ရှေးဟောင်းထိပ်တန်းအဆင့်သတ်မှတ်ချက်၏ နံပါတ်(၁)အဆင့်တွင်ရှိသော လူတစ်ယောက်ဖြစ်သည့် လုရှောင်ယန်၏ ခြိမ်းခြောက်မှုက တကယ့်ကို ရင်တုန်စရာပါပဲ။
တကယ်တော့ သူ၏ သန်မာမှုက ပိုမြင့်သော အဆင့်၌ရှိသည့် ထိုလူများကို တိုက်ခိုက်ရန် လုံလောက်ပြီး ဖြစ်လေသည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းကလည်း ပြီးပြည့်စုံသော ဒဿမမြောက် သိုင်းဘုရင် အဆင့်သို့ ရောက်ပြီးခဲ့လေပြီ။
ဤသန်မာမှုကြောင့် ကျွမ်းကျင်လွန်းသော ထိပ်တန်းသိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများသာ သူ့အား တစ်ယောက်ချင်း တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီခဲ့ကြသည်။
အယောင်ဆောင်နတ်ဘုရားအဆင့်နှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူတချို့ ရှိသည်ဟူသော အချက်ကြောင့် မဟုတ်လျှင် လုရှောင်ယန်က လုံးဝ စိုးရိမ်စရာ လိုမည်မဟုတ်ပေ။
သူက သူ၏ဓားကို ဆွဲထုတ်ကာ ချမ်မိသားစု၏ရှေ့ရှိ သူ၏ ရှင်းယွင်ချီအိုးတစ်ထောင်အိုးထဲသို့ ချန်မိသားစုခေါင်းဆောင်၏ အလောင်းကို ချက်ချင်း ပစ်ထည့်လိုက်ပြီး ၎င်းက သိုင်းဘုရင်အဆင့်ဆေးလုံးပုံတစ်ခုအဖြစ် ပြန်လည်သန့်စင်လိုက်ခြင်း ဖြစ်လေသည်။
"မလုပ်နဲ့!"
ချီမိသားစုမှလူများအားလုံး ပြိုလဲသွားတော့သည်။
လုရှောင်ယန်က အေးစက်စွာဖြင့် ပြောလိုက်သည်။
"ကျုပ်ရဲ့ သိုင်းဘုရင်အဆင့်လက်နက်ကို ဘယ်သူ လုယူချင်လဲ?"
သူဤသို့ ပြောလိုက်သည်နှင့် လူတိုင်းက ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားကြပြီး သူတို့၏ မျက်နှာများက ဖြူဖျော့ကုန်တော့သည်။
လုရှောင်ယန်၏ အရှိန်အဝါက ကြီးမားလွန်းတာပဲ!
၎င်းက အစွမ်းထက်လွန်းသဖြင့် သူတို့ ခံနိုင်ရည် မရှိတော့ပေ!
ယနေ့တွင် လုရှောင်ယန်၏ အင်အားများကို ယူဖို့က သူတို့အတွက် မဖြစ်နိုင်ကြောင်းကို နောက်ဆုံးတွင် သူတို့ သဘောပေါက်သွားတော့သည်။
ဒီလူက အရူးပဲ!
သူတကယ်ဒေါသထွက်လာလျှင် ထိုသိုင်းဘုရင်အဆင့်လက်နက်များ အားလုံးကိုပင် ဖောက်ခွဲပစ်ဝံ့မှာဖြစ်သည်။
ဒီလိုဆိုရင် သူနဲ့ သူတို့ ဘယ်လို ယှဉ်ပြိုင်ရမလဲ?
ထိုသိုင်းဘုရင်အဆင့်လက်နက်ကို ကြည့်သောအခါ ထိုနေရာတွင် အနည်းဆုံး တစ်သိန်းလောက် ရှိသည်။
ထိုမျှ များပြားသော သိုင်းဘုရင်အဆင့်လက်နက်များ ပေါက်ကွဲခဲ့လျှင် ၎င်းကို ဤကမ္ဘာကြီးက တောင့်ခံနိုင်မည်မဟုတ်မှာ အသေအချာပါပဲ!
ခေါင်းဆောင်ရှီနှင့် အခြားသူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့သည် ယောင်တိယောင်ဝါးဖြင့် ကသိကအောက်ဖြစ်နေကြလေပြီ။
အစတုန်းက သူတို့သည် လုရှောင်ယန်ကို နှိမ်နှင်းချင်ခဲ့သူများဖြစ်ကြသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လုရှောင်ယန်က လူတိုင်းကို နှိမ်နင်းနေသလို ခံစားလာရသည်။
ပင့်သက်ရှိုက်လိုက်ပြီး လုရှောင်ယန်က အခြေအနေကို လုံးဝ နောက်ကြောင်းပြန်မလှည့်သောအချက်၏ အားသာချက်ကို လူတိုင်းက အသုံးချကာ ဆက်ပြောလိုက်သည်။
"ရောင်းရင်းလု… ကျုပ်တို့အားလုံးက ကိစ္စတွေကို ဆွေးနွေးဖို့ ဒီနေရာမှာ ရှိနေကြတာမို့လို့ ဒီလောက် အခြေအနေတင်းမာစရာ မလိုပါဘူး။"
"ဒါကိုဘယ်လိုသဘောရလဲ? ခင်ဗျားက သိုင်းဘုရင်အဆင့် လက်နက်ကို ကျုပ်တို့ဆီ ရောင်းမယ်ဆိုရင် ကျုပ်တို့က ဝိညာဉ်ကျောက်တုံး အလုံအလောက် ပေးနိုင်ပါတယ်။ အမည်မဲ့ဂိုဏ်းကို ဝင်ဖို့ကတော့ ထားလိုက်ပါတော့။"
လုရှောင်ယန်က သူ့စိတ်ထဲတွင် အေးစက်စွာ ပြုံးလိုက်သည်။
ငါက မင်းတို့ဆီကို လက်နက်ရောင်းပြီး ငါ့ကိုတိုက်ခိုက်ဖို့ ခွင့်ပြုသင့်လား?
သူတို့က သူ့အား စဉ်းစားဉာဏ်မရှိဘူးလို့ ထင်ထားခဲ့တာလား?
သူ့လက်ထဲက သိုင်းဘုရင်အဆင့်လက်နက်နှင့်အတူ ဆွေးနွေးစရာ ရှိသေးသည်။ တကယ်တော့ သူသည် ထိုလက်နက်များကို ဖောက်ခွဲပစ်နိုင်သည်။
သို့သော် သိုင်းဘုရင်အဆင့်လက်နက်များကို လွှဲပြောင်းပြီးနောက်မှာတော့ သူ့ကို သူတို့သနားမှသာ လွတ်မြောက်မည့်အခြေအနေဖြစ်ပေတော့မည်။
ထို့အပြင် ထိုလူများအားလုံးက သူ့ကို လုယက်ရန် လာခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ သူတို့သည် နည်းနည်းလောက်ပင် စွန့်လွှတ်ခြင်းမရှိပဲ သူ၏ သိုင်းဘုရင်အဆင့်လက်နက်များကို လှည့်စားချင်နေကြပြီလား? သူ့ကို ပရဟိတသမားတစ်ယောက်လို့ တကယ် ထင်ထားတာလား?
ယဲ့မိသားစုက သူ့အား အတိအကျကို မောပန်းအောင် လုပ်ချင်နေခြင်းသာဖြစ်သည်။ သူသည် သူတို့၏ ကိုယ်ပိုင်ဂိမ်း၌ ယဲ့မိသားစုကို ရိုးရှင်းစွာ အနိုင်ယူပြီး ထိုမိသားစုများအားလုံးကို ချက်ချင်းနေရာပေးပစ်မှာ ဖြစ်သည်။
ထို့နောက် သူသည် ယဲ့မိသားစုမှ ထိုအယုတ်တမာကောင်များကို မညှာမတာ ရိုက်နှက်ရန် သူတို့အား ခေါ်သွားမှာဖြစ်သည်။
ဤအရာကို စဉ်းစားမိသောအခါ လုရှောင်ယန်မှာ အလျင်အမြန် ငြင်းဆန်မိခဲ့သည်။
"မဟုတ်ပါဘူး! ဒါက ငါ့ရဲ့ အမည်မဲ့ဂိုဏ်းက ချမှတ်ထားတဲ့ စည်းမျဉ်းပဲ။ မင်းက ဒီနေရာမှာရှိနေလို့ ဒီစည်းမျဉ်းကို လိုက်နာရမှာပဲ။"
"ငါ့ရဲ့ အမည်မဲ့ဂိုဏ်းမှာ ပူးပေါင်းသည်ဖြစ်စေ (ဒါမှမဟုတ်) ထွက်သွားသည်ဖြစ်စေပေါ့!"
"အင်း… ခင်ဗျားတို့ သေရမှာကြောက်ရင် ကျုပ်ကို အခုပဲ တိုက်လို့ရတယ်။ ဒါပေမယ့် အဲ့ဒါက ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာကို ခင်ဗျားတို့ မြင်နိုင်မှာ မဟုတ်ဘူး။"
လုရှောင်ယန်၏ စကားများက လူများကို နက်နက်နဲနဲ တွေးတောစေခဲ့သည်။
သူမှန်ပါသည်။
သူက ရှေးဟောင်းအထွတ်အထိပ်အဆင့်သတ်မှတ်ချက်တွင် ပထမနေရာ၌ သတ်မှတ်ခံခဲ့ရသည်။
ထို့ကြောင့် သူတို့သည် တစ်ယောက်ချင်းတိုက်ပွဲတွင် သူ့အား သေချာပေါက် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့က အုပ်စုလိုက်သာ တိုက်ခိုက်နိုင်ကြသည်။
သို့သော် သူတို့အားလုံး အတူတကွလုပ်ဆောင်ရန် ဘယ်သူ့ကိုမှ ကောင်းကောင်းစည်းလုံးအောင် မလုပ်နိုင်ခြင်းက ပြဿနာပင် ဖြစ်တော့သည်။
ဤနည်းဖြင့် လုရှောင်ယန်ကို ရင်ဆိုင်ရန်အတွက် လူတိုင်း၏ အင်အားကို သူတို့ဘယ်လို စုစည်းနိုင်ပါ့မလဲ?
ထို့အပြင် လုရှောင်ယန်က သိုင်းဘုရင်အဆင့်လက်နက် ဖောက်ခွဲပုံကိုလည်း သိထားခဲ့သည်။ ထို့ကြောင့် သူတို့ ချက်ချင်း ရှေ့မတိုးရဲခဲ့ကြပေ။
လုရှောင်ယန်၏ ညွှန်ကြားချက်များကို သူ တကယ်လိုက်နာပြီး အမည်မဲ့ဂိုဏ်းတွင် ဝင်ရောက်ဖို့က ဖြစ်နိုင်လောက်လား?
ဒီနေရာမှာ ကမ္ဘာပေါ်က ကျွမ်းကျင်သူတွေအားလုံး ရှိကြပေမယ့် လုရှောင်ယန်က သူတို့အားလုံးကို ဒီလိုမျိုး တားထားတာလား?
ဒါက အမှားတစ်ခုလား?
၎င်းကို သူတို့ တကယ် လက်မခံချင်ကြပေ။
သူတို့အများစုက ထိပ်တန်းက လူတွေပဲ!
ဘယ်သူက တစ်ယောက်ယောက်ရဲ့ လက်ပါးစေ ဖြစ်ချင်ပါ့မလဲ?
လုရှောင်ယန်က သူတို့ရည်ရွယ်သောအရာကို ဘာလို့ မပြောနိုင်ရတာလဲ?
သူတို့သည် မတိုးသာမဆုတ်သာသော အခြေအနေတစ်ခုတွင် ရှိခဲ့ကြ လေပြီ။
တစ်ခုခုဖြစ်လာဖို့ သူတို့ လိုအပ်ခဲ့ကြသည်။
သူတို့၏ စိတ်များကို ပြောင်းလဲစေမည့် တစ်ခုခုဖြစ်လာဖို့ကို သူတို့ လိုအပ်ခဲ့ကြသည်။
ဤအခြေအနေကို ရင်ဆိုင်ရသောအခါ လုရှောင်ယန်က လွှတ်ပေးမည် မဟုတ်ချေ။
သူ၏ စိတ်အာရုံကို ချက်ချင်း လွှတ်လိုက်လေသည်။
ဝုန်း!
ခဏအကြာတွင် အမည်မဲ့ဂိုဏ်းတစ်ခုလုံး၏အထက်တွင်ရှိသော ကောင်းကင်ယံတွင် လျှပ်စီးများက ရုတ်တရက် စတင် စုစည်း လာတော့သည်။
ဤလှုပ်ရှားမှုက လူတိုင်းကို ချက်ချင်း ထိတ်လန့်စေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ? ဘာဖြစ်သွားတာလဲ?"
"ဒီလျှပ်စီး… တစ်ယောက်ယောက်က အတိဒုက္ခကို ကျော်လွှားနေပြီ! တစ်ယောက်ယောက်က အတိဒုက္ခကို ကျော်လွှားနေပြီ!"
ဤလျှပ်စီးအတိဒုက္ခက အတော်လေးထူးခြားကြောင်းကို တစ်စုံတစ်ယောက်က မကြာမီ ရှာတွေ့သွားတော့သည်။
လူတိုင်း၏ နှလုံးသားများက ချက်ချင်း တင်းကြပ်သွားတော့သည်။
ဘာဖြစ်နေတာလဲ? ဒီအချိန်မှာ ဘယ်သူက ရုတ်တရက် အတိဒုက္ခကို ဖြတ်ကျော်နေတာလဲ?"
သူတို့ ပဟေဠိဖြစ်နေစဉ် အောက်တွင်ရှိသော အမည်မဲ့ဂိုဏ်းမှပုံရိပ်တစ်ခုက ရုတ်တရက် တဟုန်ထိုး ထွက်လာပြီး ကောင်းကင်တွင် ပြည့်နှက်နေသော မိုးကြိုးတိမ်တိုက်များအထဲသို့ တဟုန်ထိုး တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။
"ဒီပုံရိပ်က ကျွင့်မိသားစုရဲ့ ဘိုးဘေးမဟုတ်လား?"
"ဘာလဲ? တကယ်ပဲ သူလား?"
***