အခန်း (၂၉၆-၃၀၀)
Vol. 20 Ch. 296-300
အပိုင်း ၂၉၆ တုနှိုင်းမဲ့ မရဏအရှင်
လှံတံဟာ ခရမ်းသွေး အလင်းတန်းကို ထုတ်လွှတ်လျက် ပြေးထွက်လာပြီး လုရှောင်ယန်၏ နှလုံးအိမ်တည့်တည့်သို့ ထိမှန်သွားခဲ့၏။
လုရှောင်ယန်မှ သူ၏ နတ်လက်နတ်အား ယဲ့ချန်၏ ချပ်ဝတ်အပေါ် တိုက်ခိုက်မှုပြုချိန်နှင့် မတူညီစွာ လုရှောင်ယန်၏ နတ်ချပ်ဝတ်တန်ဆာကိုမူ ထိုနတ်လက်နက်မှာ ထိုးဖောက်နိုင်ခြင်းမရှိပါချေ။
သို့သော် လုရှောင်ယန် အခြေအနေကောင်းသည်ဟု မဆိုပါချေ။
ကျင့်ကြံဆင့်ကွာခြင်းနေခြင်းက လုရှောင်ယန်၏ နှလုံးအိမ်အား တုန်ရီနေစေသည်။ ၎င်းတို့တိုက်ခိုက်ရာ အကာအရံအတွင်းမှာပင် မီတာသောင်းချီတိုင်အောင် လွင့်ပျံထွက်သွားပြီးနောက် သူ၏ကိုယ်တွင်းရှိ သွေးချီများမှာ ကမောက်ကမပင် ဖြစ်ကုန်တော့သည်။
ထို နတ်လက်နက်မှ ထုတ်လွှတ်လိုက်သော စွမ်းပကားမှာ ကြီးမားလွန်းလှပေသည်။ သို့သော် မည်မျှ စွမ်းအားကြီးလွန်းလှသည့် နတ်လက်နတ်ပင်ဖြစ်စေကာမူ ထိုစွမ်းအားမျိုး ထုတ်လွှတ်နိုင်ရန် ကျင့်ကြံဆင့် အားကောင်းနေဖို့လိုအပ်သည်။
ကျင့်ကြံဆင့် မြင့်လေလေ စွမ်းအားပိုကြီးလေလေဖြစ်သည်။
လုရှောင်ယန်၏ ကျင့်ကြံခြင်းမှာ မလုံလောက်သေးသဖြင့် ထိုစွမ်းအားမျိုးထုတ်သုံးနိုင်ရန် မလုံလောက်သေးပါချေ။
အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်လိုက်သည့် နောက်တွင် ယဲ့ချန်က ရှေ့သို့လှမ်းခုန်လိုက်၏။
" ဘယ်လောက်ပဲ မင်းရဲ့နတ်လက်နတ်က အဖိုးတန်နေပါစေ၊ ငါတို့ရဲ့ အဆင့်ကွာခြားချက်ကိုတော့ မပြင်ပေးနိုင်ပါဘူးကွာ။ ထက်မြတဲ့ဓားကို ကိုင်ထားတဲ့ အမှိုက်ကောင်က တကယ့်ပညာရှင်ရဲ့ လက်ထဲက သစ်သားချောင်းကို ဘယ်တော့မှ ချိုးဖြတ်နိုင်မှာမဟုတ်ဘူး။"
ပြောပြီးသည်နှင့် ယဲ့ချန်ဟာ ထပ်မံပစ်လွှတ်လိုက်ပြန်သည်။
သူဟာ အလွန်ဉာဏ်ကောင်းလှသည်။ ယခုအထိတိုင် လုရှောင်ယန်၏ ထိုက်ရွှမ်ပေသို့နှင့် မဟာတာအိုမွေးဖွားခြင်း နယ်နိမိတ်အတွင်းသို့ ဝင်ရောက်မလာခဲ့ပါချေ။
အချိန်ထိန်းချုပ်ခြင်းဖြစ်စေ ဟင်းလင်းပြင်စွမ်းအားဖြစ်စေ သူ့အားမထိခိုက်နိုင်ပါချေ။
သူ၏လှံတံမှာ ကောင်းကင်သို့ဖြတ်သန်း၍ လုရှောင်ယန်ပေါ်သို့ကျရောက်လာနေသည်။
လုရှောင်ယန်လည်း ဇာမဏီနားခိုရာ အကာအကွယ်အမှတ်အား အသက်သွင်းလိုက်ကာ ဦးခေါင်းထက်၌ ပိတ်ဆို့တားဆီးလိုက်လေသည်။
ယဲ့ချန်၏ လှံတံမှာ ဇာမဏီနားခိုရာ အကာအကွယ် အမှတ်ပေါ်သို့ ကျရောက်လာပြီး ကျယ်လောင်သောမြည်သံကြီးထွက်ပေါ်လာ၏။
ထိုမှာ ထွက်လာသောလှိုင်းများမှာလည်း နေရာအနှံ့ ပြန့်ကျဲသွားကြကာ မြစ်ချောင်းတောင်တန်းများအား ကွဲအက်သွားစေခဲ့သည်။
ထိုအချိန်တွင် လုရှောင်ယန်မှာ မိမိလက်ကိုပင့်မြှောက်၍ လေးကိုဆွဲတင်လိုက်လေသည်။ နောက်ထပ် ရွှေရောင်မြှားမှာ လေကိုခွင်းထွက်လာ၏။
"ဟမ့်! ဖျက်ဆီးပစ်လိုက်!"
ယဲ့ချန်မှာ အော်ဟစ်လိုက်ကာ လက်ကောက်ဝတ်ကို ပင့်မြှောက်လိုက်သည်။ လှံတံမှာ ပြေးထွက်လာပြီး မြှားအား တိုက်ရိုက်ပင် ချိုးဖျက်လိုက်လေသည်။
ထိုအခိုက်မှာပဲ လုရှောင်ယန်ဟာ မြှားသုံးချောင်းအား ထပ်မံပစ်လွှတ်လိုက်သည်။
ယဲ့ချန်လည်း တစ်ခုပြီးတစ်ခု ချိုးဖျက်လေ၏။
တစ်ခါကျိုးသွားသည့် အခေါက်တိုင်းတွင် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ အလင်းလုံးလေးများပါ ကောင်းကင်ယံတွင် ဖြစ်ပေါ်လာသည်။ ဒါက နေလုံးသေးသေးလေးများ တလက်လက်တောက်ပနေသည်နှင့်တောင် တူနေချေတော့၏။
အနည်းငယ် တိုက်ခိုက်ပြီးချိန်တွင်မူ ယဲ့ချန်သည် တစ်စုံတရာအား အာရုံခံမိကာ နောက်ဆုတ်သွားပုံပေါ်သည်။
တစ်ချိန်တည်းမှာပင် လုရှောင်ယန်သည် ဓားရှည်ကိုကိုင်ဆောင်လျက် ပေါက်ကွဲနေသည့် နေရာကိုဖြတ်သန်းကာ သူ၏ ယခင်တည်နေရာသို့ဦးတည်လိုက်၏။
လှောင်ရိပ်တစ်ခုက ယဲ့ချန်မျက်ဝန်းတွင် ဖြတ်ပြေးသွား၏။
လုရှောင်ယန်မှာ ယဲ့ချန်နှင့် ပိုမိုနီးကပ်လာအောင် ကြိုးစားနေသည်။ ထိုမှသာ သူ၏ လျှို့ဝှက်ဆန်းကြယ် ကျင့်စဉ်များအား ထုတ်သုံးနိုင်မည်ဖြစ်သည်။
ကံဆိုးစွာဖြင့် ယဲ့ချန်မှာ သူ့အားအခွင့်အရေးမပေးချေ။
ဆန့်ကျင်ဘက်အနေဖြင့် လုရှောင်ယန်မှာ အမှားတစ်ခုပြုမိပြီး ထိုအမှားကပင် ယဲ့ချန်၏ အခွင့်အရေးကြီးဖြစ်လာလေသည်။
သူဟာ တစ်ကိုယ်လုံးတွင်ရှိသော ဝိညာဉ်စွမ်းအင်များကိုနှိုးဆွကာ တစ်နေရာထဲတွင် စုစည်းလိုက်သည်။
ထိုအခါ ယဲ့ချန်၏ အရှိန်အဝါနှင့် ကျင့်ကြံဆင့်မှာ ပိုမိုပင် အားပြင်းလာသည်။
ထိုစွမ်းအားမှာ အတိုင်းအတာတစ်ခုအထိရောက်ရှိလာပြီး ဒဿမမြောက် နတ်ဘုရားအဆင့်၏ ထိပ်ဆုံးကိုပင် ကျော်လွန်လာပုံထင်ရသည်။
သူအနောက်တွင် ကြီးမားသော ပုံရိပ်တစ်ခုပေါ်လာသည်။ ထိုအရာမှာ ရက်စက်ပုံပေါ်ကာ ရွှေရောင် အချောင်းတစ်ခုအား ကိုင်ဆောင်ထား၏။
တုနှိုင်းမဲ့ မရဏအရှင်!
တစ်ယောက်ယောက်၏ ကျင့်ကြံဆင့်မှာ နတ်ဘုရားအဆင့်မှ လွန်မြောက်ပြီးလျှင် စစ်မှန်သော နတ်ဘုရားအဆင့်အား ရောက်ရှိလိမ့်မည်ဟူသည့် ဆိုရိုးရှိသည်။
ထို စစ်မှန်သောနတ်ဘုရားအဆင့်တိုက်ခိုက်ချိန်တွင် သူ၏ ကိုယ်တွင်းမှ ဝိညာဉ်သည် ပုံရိပ်တစ်ခုအဖြစ် ထွက်ပေါ်လာလိမ့်မည်။
ပုံရိပ်ရှည်လျားလေ တစ်ဖက်လူ၏ စွမ်းအားမှာ ပိုမိုကြီးမားလေဖြစ်သည်။
ယဲ့ချန်ဟာ စစ်မှန်သော နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးသော်လည်း သူ၏ ယခုပုံစံမှာ စစ်မှန်သော နတ်ဘုရားအဆင့် ပညာရှင်နှင့်ပင် တူနေသည်။
မရဏအရှင်၏ နတ်ဝိညာဉ်ပုံရိပ်ထွက်ပေါ်လာချိန်တွင် ယဲ့ချန်၏ အရှိန်အဝါမှာ ထို လောကအသေးလေးတစ်ခုလုံးကိုပင် ဖိနှိပ် လွှမ်းခြုံထားသည်။
ကျီဝူရှားနှင့် ရှီချန်းလင်၊ ကျွင်းချန်မင်တို့လို ကိုယ်ပိုင်တပည့်များသာမက အခြားသော ဒုတိယမျိုးဆက်တပည့်လေးများသည်လည်း သူတို့၏ စွမ်းအင်များကို မလှည့်ပတ်မှီလေးတွင် အရှိန်အဝါ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။
"ကြီးလိုက်တဲ့ စွမ်းအား! ဒါက မြင်းနက်တစ်ယောက်ရဲ့ စွမ်းအားလား။"
"ယဲ့ချန်က တကယ်စွမ်းအားကြီးတာပဲ၊ ဒီတစ်ခါတော့ ဂိုဏ်းချုပ်တောင်မှ ခုခံနိုင်ပါတော့မလားပဲ။"
"ငါတို့တော့ ဒီနေရာပဲ အသက်ဆုံးရတော့မယ်ထင်တယ်။"
"ဂိုဏ်းချုပ်သာသေရင် ယဲ့ချန်ကို ဘယ်သူကခုခံနိုင်ဦးမှာလဲ။"
ကျီဝူရှားနှင့် အခြားသူများလည်း ကောင်းကင်ကို သေချာစွာစိုက်ကြည့်နေကြသည်။ ရုတ်တရတ် ကျွင်းပုကျန်းဟာ တစ်စုံတရာကို စဉ်းစားမိပုံပေါ်ကာ စုလင်းဝူအား ချက်ချင်းပြောလိုက်သည်။
"ဆရာတူညီလေး၊ မင်းပြန်ရောက်တုန်းက ဘယ်လောက်ကြာပြီလို့ ပြောခဲ့တာ။"
စုလင်းဝူ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားကာ ရှုပ်ထွေးနေဟန်ဖြင့် ပြန်ပြောလာသည်။
"သုံးနှစ်ပါ၊ ဘာဖြစ်လို့လဲဗျ။"
ထိုအချိန်တွင် ထိုနေရာမှာ အတန်ငယ် ငြိမ်သက်သွားသည်။
ကျွင်းပုကျန်းတင်မက ဖုန်းထျန်းယွမ်နှင့်အခြားသူများမှာ အနည်းငယ် မလွယ်ကူသလိုခံစားလိုက်ရသည်။
ကျီဝူရှားဟာ လက်သီးဖွဖွဆုပ်လိုက်၏။
"အရင်က ဆရာတူအကိုအကြီးဆုံးက အနည်းဆုံး ငါးနှစ်လောက် ကြွေးကြော်လာခဲ့တာ။ ပြီးတော့ သူ့ပြိုင်ဘက်ကလည်း တော်တော် အသုံးမကျတော့ ငါးနှစ်လောက်နဲ့တင် ရင်ဆိုင်ဖို့လုံလောက်နေပြီ။ ဒါပေမယ့် အခုက ယဲ့ချန်၊ ငါတို့ရင်ဆိုင်နေရတဲ့ ကောင်က မြင်းနက်တွေအကုန်လုံးထဲမှာ ကြောက်စရာအကောင်းဆုံးနဲ့ အကြမ်းဆုံးပဲကွ။
ပြီးတော့ ဆရာတူညီလေးကလေး သုံးနှစ်ပဲကြာသေးတယ်လို့ပြောတယ်။"
"ငါတို့ ဒီမှာပဲ သေကြရမှာတော့ မဟုတ်ဘူးမလား။"
ကျန်းထိုင်ရွှမ်လည်း ကူကယ်ရာမဲ့စွာ မေးလိုက်သည်။
တစ်ယောက်မှပြန်မဖြေကြသော်လည်း သူတို့စိတ်ထဲတွင် အကြိမ်တစ်ထောင်လောက် ကျိန်ဆဲနေကြသည်။
နောက်ထပ်နှစ်လေးနည်းနည်း ထပ်မတိုးမိရုံနဲ့ ငါတို့ သေရတော့မှာလား?
သူသေရမှာလား။
ထို့နောက်တွင် ယဲ့ချန်ဟာ ကောင်းကင်ယံတွင် တိုက်ခိုက်နေပြီဖြစ်သည်။
မတိုက်ခိုင်ခင်မှာ သူဟာသူ့ရဲ့ ထိပ်တန်းအဆင့်နတ်လက်နက်ကို နေရာလွတ်သို့ ပစ်လွှတ်ပြီး တုနှိုင်းမဲ့ မရဏအရှင်၏ လက်ဝါးရိပ်နှင့် ပေါင်းစပ်လိုက်သည်။
နတ်ဘုရား အဆင့် ကျင့်ကြံခြင်းလမ်းစဉ်နှင့် ထိပ်တန်းအဆင့် နတ်လက်နက်တို့မှ ထုတ်လွှတ်လိုက်သော ပေါက်ကွဲအားသည် တကယ်ပင် ခန့်မှန်းလို့မရနိုင်ပါချေ။ခဏလေးမှာပင် သူ့အင်အားမှာ အကန့်အသတ်ထိရောက်ရှိလာပြီး ဒီကမ္ဘာ၌သာ အသေပစ်မှတ်ထားလိုက်သည်။
ဘုန်း!
လက်ဝါးအမှတ်မှ သယ်ဆောင်လာသော ဖျက်ဆီးနိုင်စွမ်းသည် လုရှောင်ရန်အား ပြန်လည်ခုခံတိုက်ခိုက်ဖို့ရာ အခွင့်အရေးပင်မပေးဘဲ ဖိနှိပ်ထားသည်။
ကောင်းကင်ယံတွင် ပေပေါင်းသန်းချီသော အက်ကြောင်းကြီးပင် ပေါ်လာ၏။
ကောင်းကင်ယံရှိ တွင်းနက်ကြီးမှာလည်း တစ်လောကလုံးအား ဝါးမြိုတော့မည်ဟန်ပေါ်နေသည်။
နတ်ဘုရားအဆင့်ကျင့်ကြံသူများအားလုံးမှာ ထိုနေရာနှင့် အတန်ကွာဝေးပြီး ဖိအားကိုတိုက်ရိုက်မရင်ဆိုင်ရသော်ငြား ထိုလက်ဝါး၏ ဖိအားကြောင့် ၎င်းတို့၏သွေးများနှင့် ဝိညာဉ်များမှာ တုန်ရီအေးစက်လာနေသည်ကို ခံစားနေရဆဲပင်။
ထိုအခိုက်တွင် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး သူတို့ရှင်းပြချက်ကိုကြေငြာချင်နေကြဟန် တူသည်။
ထိုတိုက်ခိုက်မှုကြောင့် အားလုံးမှာ သေးငယ်သွားပြီး အကူအညီမဲ့နေသလိုခံစားနေကြရသည်။
"ဆရာ!"
ကျီဝူရှားဟာ လက်သီးအားဆုပ်ထားမြဲဆုပ်ထားလျက် ကောင်းကင်ယံသို့ သေသေချာချာစိုက်ကြည့်နေသည်။
သူဟာ ဆရာ့ကိုအမြဲတမ်းယုံကြည်နေပါသော်ငြား တဖြည်းဖြည်းနှင့် စိုးရိမ်စပြုလာသည်။
ဒီတိုက်ကွက်က အားကောင်းလွန်းတယ်။ သူတို့ဆရာက ဒါကိုခုခံနိုင်ပါ့မလား။
မသိလိုက်သော အချိန်လေးအတွင်မှာပင် ကောင်းကင်ယံရှိ ပေါက်ကွဲရောင်ခြည်သည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော နေရာသည် ပြန်လည် ကြည်လင်လာသည်။ ဟင်းလင်းပြင် စွမ်းအင်သည် ဟင်းလင်းပြင် အကာအရံအား မိမိဘာသာ ပြန်လည်ဖာထေးပြုပြင်နေ၏။
သို့သော် လုရှောင်ယန်၏ ရောင်ဝါမှာ ပျောက်ကွယ်နေသည်။
"ဘာဖြစ်တာလဲ၊ ဆရာရော ဘယ်ရောက်သွားတာလဲ။"
အားလုံးမှာ စတင်တွေးပူလာကြ၏။
လုရှောင်ယန်မှာ သူတို့၏ နောက်ကျောရိုးပင်။ လုရှောင်ယန်သာ တစ်ခုခုဖြစ်ခဲ့လျှင် သူတို့၏ ယုံကြည်ချက်သည်လည်း လုံးဝ ပျောက်ဆုံးသွားမည်ဖြစ်သည်။
ကောင်းကင်ယံတွင်မှု ယဲ့ချန်သည် စိတ်သက်သာရသည့်နှယ် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏မျက်နှာတွင် ရှားပါးသော ကျေနပ်အားရမှုကထင်ဟပ်နေသည်။
သူသည်လည်း ကောင်းကင်ယံတွင် လုရှောင်ယန်၏ ရောင်ဝါမှာ ပျောက်ကွယ်သွားသည်ကို အာရုံခံမိသည်။
သူ၏ အင်အားအပြည့် တိုက်ခိုက်မှုတွင် လုရှောင်ယန်ဟာ လုံးဝ အဆုံးသတ်သွားပြီဖြစ်သည်။
ဒါပေါ့၊ လုရှောင်ယန်ရဲ့ ရောင်ဝါကို အာရုံမခံမိတာလေးနဲ့ လုရှောင်ယန် သေပြီဆိုသည်ကို မယုံနိုင်သေးပေ။
သူသည် ထိုမျှလောက် မတုံးအပါ။
တကယ့်အကြောင်းအရင်းမှာ စနစ်မှ သူအားသတင်းပေးပို့လာခဲ့ခြင်းကြောင့်ပင်။
[ဒင်! ဂုဏ်ပြုပါတယ်၊ host. သင်ဟာ အကြီးမြတ်ဆုံးအဆင့် နယ်ပယ်ကို အောင်မြင်ပြီး လုရှောင်ယန်ကို သတ်လိုက်နိုင်ပါပြီ။ စနစ်က သင့်အား ဆုလက်ဆောင်အနေနဲ့ နေမင်းဖြိုခွင်း နတ်လေးကိုင်းဖြစ်တဲ့ နတ်လက်နတ်ကို ပေးအပ်သွားမှာဖြစ်ပါတယ်]
[ဒင်! ဂုဏ်ပြုပါတယ်၊ host. သင်ဟာ အကြီးမြတ်ဆုံးအဆင့် နယ်ပယ်ကို အောင်မြင်ပြီး လုရှောင်ယန်ကို သတ်လိုက်နိုင်ပါပြီ။ စနစ်က သင့်အား ဆုလက်ဆောင်အနေနဲ့ အကာအကွယ် နတ်ပစ္စည်းဖြစ်တဲ့ ဖန်တီးမှု ခေါင်းလောင်းကို ပေးအပ်သွားမှာ ဖြစ်ပါတယ်]
ဒင်! ဂုဏ်ပြုပါတယ်၊ host. သင်ဟာ အကြီးမြတ်ဆုံးအဆင့် နယ်ပယ်ကို အောင်မြင်ပြီး လုရှောင်ယန်ကို သတ်လိုက်နိုင်ပါပြီ။ စနစ်က သင့်အား ဆုလက်ဆောင်အနေနဲ့ မြင့်မြတ်သော လမ်းစဉ်ဖြစ်တဲ့ ရှေးဟောင်း ဧကရာဇ်ကျမ်းကို ပေးအပ်သွားမှာဖြစ်ပါတယ်။
ဒင်၊ ဂုဏ်ပြုပါတယ်၊ host...
ထို အချက်ပေးစာ အသံများမှာ ယဲ့ချန်အား အလွန်အမင်းပျော်ရွှင်စေသည်။
"အကြီးအကဲကျန်း၊ ဒါကိုမြင်လား။ ယဲ့ချန်က ခင်ဗျားကို စိတ်မပျက်စေရဘူး။ ကျုပ် လုရှောင်ယန်ကို သတ်လိုက်နိုင်ပြီ။"
"လောကများကို သိမ်းပိုက်ခြင်း အစီစဉ်ကလည်း အောင်မြင်ခါနီးနေပြီ။ ကျုပ်တို့ လမ်းကိုဝင်ရှုပ်မယ့်လူမရှိတော့ဘူး။"
သူဟာ လက်တွေကို ဆန့်ထုတ်ပြီး အောင်မြင်မှုရဲ့ လေညှင်းနဲ့ နေရောင်ကို ခံစားနေလိုက်သည်။
သို့သော်!
ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်နေရာမှ စတင်ပြီး ပေါက်ကွဲထွက်သွားလေသည်။
ဘုန်း!
ထိုပေါက်ကွဲမှုမှာ နတ်ချပ်ဝတ်တန်ဆာကိုပါ ပေါက်ကွဲစေပြီး ယဲ့ချန်၏ကိုယ်မှ ကွာကျလာစေ၏။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော သူ့အရေပြားပေါ်မှ သွေးများပင်ထွက်လာသည်။
ယဲ့ချန်: ???
ဖြစ်ပျက်သွားသမျှကိုပင် သူဟာ မတုံ့ပြန်နိုင်ဖြစ်နေသည်။
သူထိုသို့ကြောင်ငေးနေစဉ်အတွင်းမှာပဲ ဘယ်ဘက်ပုခုံးထံမှလည်း ပေါက်ကွဲသံထပ်မံထွက်ပေါ်လာလေသည်။
အသားစများမှာ ပေါက်ကွဲထွက်သွားပြီး သွေးတုံးကြီးပင်ဖြစ်သွား၏။
ထို့နောက် ထိုပေါက်ကွဲမှုမှာ သူ့ဝမ်းဗိုက်၊ ခြေထောက်တွေ၊ ဦးခေါင်း၊ ချိုင်းကြားတွေတွင်ပါ ဆက်လက်၍...
ဘုန်း! ဘုန်း! ဘုန်း!
ပေါက်ကွဲမှုမှာ ပို၍ ပို၍ စိပ်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ယဲ့ချန်၏ ကိုယ်ပေါ်မှာ နတ်လက်နတ်များလည်း အကုန်အစင် ပေါက်ကွဲကုန်ကြသည်။
သူ၏တစ်ကိုယ်လုံး နီရွှေရွှေသွေးများ ဖုံးအုပ်လျက် သွေးအလိမ်းလိမ်းဖြစ်နေသည်။
သူအရှိန်အဝါမှာ တဖြည်းဖြည်းလျော့ကျလာသည်။
မျက်တောင်တစ်ခတ်အတွင်းတွင် သူ၏ တက်ကြွနေမှုမှ အားလျော့လာပြီး သူ၏ အရှိန်အဝါမှာလည်း ကမောက်ကမဖြစ်နေတော့သည်။ ဒါဟာသူကိုယ်တိုင် ဘေးအန္တရာယ်နှင့် အားနည်ခြင်းကို ကြုံတွေ့နေရခြင်းပင်ဖြစ်သည်။
ထိုအခိုက်မှာပင် သေခြင်းအငွေ့အသက်ကိုသယ်ဆောင်လာသောဖိအားတစ်ခုမှာ သူ၏အနောက်ဘက်နေရာမှ အသံပေးလာ၏။
"မဆိုးဘူး!"
ယဲ့ချန်ဟာ တုံ့ဆိုင်းမနေဘဲ ဟင်းလင်းပြင်ခုန်ခြင်းကို အသုံးပြုလိုက်သည်။
သို့သော် သူခြေတစ်လှမ်းနောက်ကျသွားသည်။
သူ၏ ပြင်းထန်သော ဒဏ်ရာများကြောင့် အရှိန်နှုန်းမှာ သိသိသာသာလျော့ကျသွားခဲ့၏။ သို့ရာတွင် လုရှောင်ယန်၏ ထိုက်ရွှမ်ပေသို့နှင့် မဟာတာအိုမွေးဖွားခြင်းဟာလည်း ယခုထိရှိနေဆဲပင်။
ဖူးးးး
လုရှောင်ယန်မှာ ချက်ချင်းထွက်ပေါ်လာပြီး သူ၏ ပခုံးနှင့်လက်အား ဖြတ်တောက်ပစ်လိုက်သည်။
ယဲ့ချန်မှာ မီတာတစ်သောင်းအကွာသို့ရောက်ရှိသွားပြီး သူ၏ အသက်ရှူသံများမှာလည်း ပြင်းထန်လာလေသည်။ ယဲ့ချန်ဟာ သူ၏ရောင်ဝါနောက်ကွယ်မှ ပေါ်ထွက်လာသော လုရှောင်ယန်အား အသေအချာစိုက်ကြည့်နေသည်။
လုရှောင်ယန်၌လည်း ဒဏ်ရာအနည်းငယ်ရှိသည်။ သို့သော် သူနှင့် ယှဉ်လိုက်လျှင်မူ ထိုဒဏ်ရာများမှာ အသေးအမွှားမျှသာဖြစ်သည်။
"မင်းဘယ်လိုလုပ်လိုက်တာလဲ။"
ယဲ့ချန်၏ မျက်ဝန်းများမှာ အင်မတန်အေးစက်လို့လာသည်။
အနှီလူမှာ ပုံရိပ်ယောင်အောက်တွင် ရှိနေခဲ့ခြင်းဖြစ်ဟန်တူသည်။
တခြားအရာများထက် ထင်ယောင်ထင်မှားဖြစ်စေသော နည်းပညာကြောင့် သူတကယ်ကို အဖြေမရှာနိုင်တော့ချေ။
သို့သော်လည်း!
သူဟာ ဘာကြောင့် ကျရှုံးရမှာလဲ။
လုရှောင်ယန်၏ ထင်ယောင်ထင်မှားဖြစ်စေသော နည်းပညာ ထိုမျက်လုံးတစ်စုံကနေ ထွက်ပေါ်လာသည်။ သို့သော် ယဲ့ချန်ကလည်း စောင့်ကြည့်နေခဲ့ခြင်းဖြစ်၏။
ယဲ့ချန်ကို စိတ်ပိုင်းဆိုင်ရာ ခွန်အားစမ်းသပ်ခြင်းကြောင့် သူဟာသတိအားထိန်းချုပ်ပြီး စိတ်ပိုင်းဆိုင်ရာ ခွန်အားကို အသုံးပြုကာ စိတ်အခြေအနေအား သံမဏိနံရံကဲ့သို့ ကာကွယ်ထားလိုက်၏။
ထိုသို့ဆိုလျှင် လုရှောင်ယန်၏ ထင်ယောင်ထင်မှား နည်းပညာမှာ သူ့ထံမသက်ရောက်နိုင်တော့ပေ။
တကယ်တော့ လုရှောင်ယန်ဟာ ထိုအတွက် အကြွေးပြန်ယူခြင်း မဟုတ်ချေ။ တကယ့်အကြောင်းအရင်းမှာတော့...
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၉၇ အမည်မဲ့ဂိုဏ်း၏ လွတ်မြောက်ခြင်း
လုရှောင်ယန်ဟာ တကယ်တော့ ယဲ့မျိုးနွယ်၏ နောက်ကွယ်မှ ဆရာကြီး ထွက်ပေါ်လာရန် အတော်ကြာစောင့်ဆိုင်းနေခဲ့တာဖြစ်သည်။
ထို့ကြောင့် တစ်ဖက်လူထွက်မလာခင် ဘာမှမလုပ်ရန်တွေးထားခြင်းပင်။
ယဲ့ကျွင်းလင်နှင့် တိုက်ပွဲတွင် သူဟာ ဘာမှထုတ်မသုံးဟုထင်ရသည်။ သို့သော် ယဲ့ကျွင်းလင်ထံ၌ ပုံရိပ်ယောင်အား အဆက်မပြတ် အသုံးပြုနိုင်ရန် စစ်မှန်သော အမြင်အာရုံသုံးပါးကို သုံးနေခဲ့ရသည်။
ထိုသည်မှာ ပုံရိပ်ယောင်၏ သက်ရောက်မှုမှာ ကျင့်ကြံဆင့်ကိုလိုက်၍ ကွဲပြားသောကြောင့်ပင်။
လုရှောင်ယန်မှာ သိုင်းဘုရင်အဆင့်နှင့်အောက်ရှိ အဆင့်များအပေါ်တွင် ထင်ယောင်ထင်မှားနည်းပညာအား အလွယ်တကူသုံးနိုင်ပြီး စိတ်နှင့်ပင် ၎င်းတို့အားထိန်းချုပ်နိုင်သည်။
သို့သော် သိုင်းဘုရင်အဆင့်နှင့် အထက်ရှိလူများအပေါ်တွင် သုံးရန်မှာမူ ခက်ခဲလှပေသည်။
အထူးသဖြင့် သူနှင့် မကြာခင်ကမှ တိုက်ခိုက်ခဲ့သော ယဲ့ကျွင်းလင်ပင်။
ယဲ့ကျွင်းလင်မှာ ပဉ္စမမြောက် နတ်ဘုရားအဆင့်တွင်ရှိသည်။
လုရှောင်ယန်ဟာ သူ့အား တစ်ခဏအတွင်းမှာ အဆုံးမသတ်နိုင်ချေ။ ထို့ကြောင့်သူဟာ ယဲ့ကျွင်းလင်အပေါ်တွင် ပုံရိပ်ယောင်အား အမှတ်အသားရေးဆွဲရန်အသုံးပြုပြီး သူ၏ သွေးအဆီအနှစ်နှင့် ဝိညာဉ်ထဲသို့ အနည်းငယ်စီ ပေါင်းစပ်ခဲ့ခြင်းဖြစ်သည်။
မူလတွင်တော့ လုရှောင်ယန်သည် ထိုအမှတ်အား မနှိုးဆွခင် အဆင့်တစ်ခုရောက်ကာ စုပေါင်းသွားသည်အထိ စောင့်ဆိုင်းနေခဲ့ပြီးနောက်တွင်မှ ယဲ့ကျွင်းလင်အားသတ်ရန် စီစဉ်ထားခဲ့၏။ ထို့အပြင် ဒီနည်းလမ်းအတိုင်းဆိုလျှင် အခြားသူများမှာ သူ၏တိုက်ခိုက်ပုံများနှင့် နည်းလမ်းများကို ထုတ်ဖော်ရှာဖွေနိုင်မှာမဟုတ်တော့ချေ။
လုရှောင်ယန်က စိတ်အမှတ်အသားကို စုစည်းနိုင်သွားပြီးနောက် သူသာ ယဲ့ကျွင်းလင်အား ထိန်းချုပ်ထားနိုင်မည်ဆိုလျှင် ယဲ့ကျွင်းလင်နှင့် ပူးပေါင်းရန်ပင် တွေးထားခဲ့သည်။ သို့သော် ထိုအခြေအနေတွင် ယဲ့ချန်ဆိုသည့် မြင်းနက်နောက်တစ်ယောက် ပေါ်ထွက်လာခဲ့သည်။
ထို့အပြင် ယဲ့ချန်ဟာ ပေါ်လာပြီးပြီးချင်းမှာတင် ကျင့်ကြံဆင့် မြင့်မားလာရန်အတွက် ယဲ့ကျွင်းလင်အား ချက်ချင်းကြီး ဝါးမြိုလိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုအခါတွင်တော့ လုရှောင်ယန် ပြုလုပ်ထားခဲ့သည့် စိတ်အမှတ်အသားသည် ယဲ့ချန်၏ စုပ်ယူမှုကြောင့် သူ့ကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။
လုရှောင်ယန်မှာ ထိုကိစ္စနှင့်ပက်သက်ပြီး သူဘာမျှ မပြုလုပ်ခဲ့ကြောင်းအား မိုးကောင်းကင်အား တိုင်တည်ပြီးပင် ကျိန်ဆိုပြနိုင်သည်။ ဒါဟာ တကယ်ကြီးကို ယဲ့ချန်က စိတ်အမှတ်အသားအား မိမိဘာသာ ကိုယ်တွင်းသို့ ဝင်ရောက်စေလိုက်ခြင်းပင်။
ထို့နောက် တိုက်ပွဲအတွင်းတွင် လုရှောင်ယန်ဟာ တိုက်ခိုက်ခြင်းဖြင့် ယဲ့ချန်အား အလုပ်များစေခဲ့သည်။ တကယ်တွင်တော့ သူဟာ ထင်ယောင်ထင်မှား နည်းပညာကို တစ်ခုချင်း နှိုးဆွနိုင်ရန် စစ်မှန်သော အမြင်သုံးပါးကို အသက်သွင်းနေခဲ့ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် နောက်ဆုံးတွင်တော့ ယဲ့ချန်အား ထိန်းချုပ်နိုင်လောက်သည့် အဆင့်ထိရောက်ရှိသွားခြင်းဖြစ်သည်။
သို့သော် လုရှောင်ယန်မှာ ထင်ယောင်ထင်မှားနည်းပညာအား အလွယ်တကူနှင့် တိုက်ရိုက် အသုံးမပြုပေ။
အဆုံးတွင် ယဲ့ချန်ဟာ သူ၏အစွမ်းကုန်သုံးလျက် တုနှိုင်းမဲ့မရဏအရှင်ကို ထွက်ပေါ်လာစေပြီး တိုက်ခိုက်ရာ၌သာ အာရုံစူးစိုက်ထားချိန်မှာတော့ လုရှောင်ယန်ဟာ ထင်ယောင်ထင်မှား နည်းပညာကို ထုတ်သုံးဖို့ရာ အခွင့်အရေးရသွားလေသည်။
ယခုတွင်မူ ယဲ့ချန်မှာ တုနှိုင်းမဲ့မရဏအရှင်အား အောင်မြင်စွာ ထုတ်သုံးနိုင်နေပြီဖြစ်သည်။ သူဟာ လုရှောင်ယန်ကို ပစ်မှတ်ထားကာတိုက်ခိုက်သော်ငြား မိမိကိုယ်ကသာ ပစ်မှတ်ဖြစ်ဖြစ်သွားလေသည်။
ဒါဟာ တိုက်ပွဲအပြီး သူရဲ့ နတ်ချပ်ဝတ်တန်ဆာတဖြည်းဖြည်းပေါက်ကွဲစေသည့် အကြောင်းအရင်းလည်းဖြစ်သည်။ သူ၏ ကိုယ်တွင်လည်း ကြီးမားသော ဒဏ်ချက်ကို ခံစားနေရသည်။
ယခုအချိန်တွင် ယဲ့ချန်မှာ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နိုင်တော့သည်။
သူသာ ယဲ့ကျွင်းလင်အား အနိုင်ယူကာ ကျင့်ကြံဆင့်တိုးတက်လာရန် လောဘမတက်ခဲ့လျှင် လုရှောင်ယန်၏ စိတ်အမှတ်အသားအား စုပ်ယူမိမှာမဟုတ်ချေ။
သူ၏နဂို ကျင့်ကြံဆင့်နှင့်ဆိုလျှင် လုရှောင်ယန်အား မသတ်နိုင်ခဲ့ရင်တောင် အသက်ရှင်နိုင်ဖို့တော့ ဖြစ်နိုင်သေးသည်။
ကံမကောင်းစွာနှင့်ပင် သူ့ရဲ့ရွေးချယ်မှုဟာ အသက်ရှင်ဖို့အတွက် အခွင့်အရေးကို လွတ်ထွက်သွားစေခဲ့သည်။ သူသည် ကိုယ်ကိုယ်တိုင် ကြီးမားသော အားနည်းချက်ကို ဖန်တီးခဲ့သည်။
သူဟာ တိုက်ပွဲကို ကျရှုံးသွားခဲ့ပြီ။
လုရှောင်ယန်ဟာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်နေပြီး အသက်ရှူခွင့်လေးပင် မပေးပါချေ။
တစ်ဖက်လူနှင့် အတန်ငယ်ဝေးကွာသွားသည်နှင့် လုရှောင်ယန်ဟာ ချက်ချင်းပင် နေမင်းဖြိုခွင်း နတ်လေးကိုင်းအား ထုတ်ယူလိုက်သည်။
လေးကိုဆွဲတင်ကာ မြှားအား ပစ်လွှတ်လိုက်သည်နှင့် မြှားလေးစင်းဟာ ရင်းနှီးပြီးသား ပုံစံဖြင့် ပြေးထွက်လာပြီး သူ၏ကျန်ရှိနေသေးသော လက်နှင့် ခြေထောက်များသာမက သူ၏ ဒန်တျန်အထိပါ ထိုးဖောက်ကာဝင်ရောက်သွားတော့သည်။
"ခွေးကောင်!"
ယဲ့ချန်ဟာ တံတွေးပြင်းပြင်းထွေးလိုက်ပြီး ထိုမြှားများကို ချိုးဖျက်ရန် စွမ်းအင်များကို လှည့်ပတ်လိုက်သည်။
သို့ရာတွင် နတ်လက်နတ်အဆောင်အယောင်၏ တိုက်ခိုက်မှုကြောင့် ရလာသော ဒဏ်ရာများအား အလွယ်တကူ ကုစား၍မရနိုင်ပါချေ။
နီရွှေရွှေသွေးများဟာ မြှားမှန်ထားသည့် ဒဏ်ရာမှ စီးကျနေသည်။
ယဲ့ချန် ဒေါသမထွက်နိုင်ခင် အချိန်လေးမှာပင် လုရှောင်ယန်မှာ အရှေ့သို့ ခုန်လိုက်သည်။ သူဟာ ရွှမ်ယွမ်ဓားအား ကိုင်ဆောင်လျက် ခုတ်ချလိုက်တော့သည်။
ယဲ့ချန်မှာ ချက်ချင်းပင် နတ်လှံတံနှင့် တားဆီးလိုက်သည်။ ရွှမ်ယွမ်ဓားမှ နတ်လှံတံအား ခုတ်ဖြတ်မိသောအခါတွင် တလက်လက်တောက်ပသော အလင်းတန်းများပင် ထွက်ပေါ်လာကာ အမှုန်အမွှားများ လွင့်စင်လာ၏။
အဘယ့်ကြောင့်ဆိုသော် ထိုနတ်လှံတံမှာ လုရှောင်ယန်၏ နတ်လက်နက်ဖြင့် တိုက်ခိုက်ခံရပြီးဖြစ်သောကြောင့် ကြီးမားသော အပေါက်ကြီးပင် ဖြစ်ပေါ်လာသည်။
လုရှောင်ယန်၏ ကျင့်ကြံဆင့်မှာ ယဲ့ချန်ထက် အဆင့်လေးဆင့်ထိ မနိမ့်နေဘူးဆိုလျှင် လုရှောင်ယန်သည် ယဲ့ချန်၏ ထိပ်တန်းအဆင့် နတ်လက်နက်ကိုပါ ဖျက်ဆီးလိုက်နိုင်မည်ဖြစ်သည်။
ယဲ့ချန်က လုရှောင်ယန်၏ ရွှမ်ယွမ်ဓားအား ပိတ်ဆို့လိုက်သည့် မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် လုရှောင်ယန်၏ ဘယ်ဘက်လက်၌ အခြားသော နတ်လက်နတ် တစ်ခုပေါ်လာကာ ယဲ့ချန်၏ ခါးထက်သို့ ကျော်ဖြတ်သွားလေသည်။
အလင်းတန်းတစ်ခုနှင့်အတူ ယဲ့ချန်၏ ခါးမှာ တိုက်ရိုက် ပိုင်းဖြတ်ခံလိုက်ရသည်။ နီရွှေရွှေသွေးများက ဒရဟော ထွက်လာသည်။ လုရှောင်ယန်မှာ သူ့လက်ချက်ကြောင့်ပင် ယဲ့ချန်၏ အူအချို့ကိုတောင် မြင်နေရသည်။
ယဲ့ချန်မှာ နတ်ဘုရားအဆင့် ပညာရှင်နှင့် အသက်ပြင်းသည့်လူသာ မဟုတ်ခဲ့လျှင် ကြာကြာပင် အသက်ရှင်နိုင်တော့မည်မဟုတ်ချေ။
ယဲ့ချန်မှာ ဝမ်းပင်နည်းလာရသည်။
တကယ်တော့ သူဟာ ထင်ယောင်ထင်မှားနည်းပညာကို အသုံးပြုနေလျှင်တောင် ချက်ချင်းကြီးတော့ မရှုံးနိမ့်နိုင်သေးပါပေ။
သူသာ သူရဲ့ စိတ်အခြေအနေကို ထိန်းချုပ်ထားနိုင်မည်ဆိုပါက အခြေအနေအား ပြောင်းပြန်လှန်နိုင်ရန် အခွင့်အရေးပင်ရလာနိုင်မည်။
ဒါသာတခြားတစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဆိုလျှင် သေချာပေါက်ကို အခြေအနေအား ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာနှင့် သူ၏ပြိုင်ဘက်မှာ လုရှောင်ယန်ဖြစ်နေသည်။
မူလတွင် သူ့ရဲ့ ကျင့်ကြံဆင့်နဲ့တင် လုရှောင်ယန်အား ဖိနှိပ်ထားနိုင်ပြီး လုရှောင်ယန်ကို အနိုင်ယူဖို့ လုံလောက်သည်ဟုတွေးထင်ခဲ့သည်။ သို့သော် လုရှောင်ယန်နှင့် စတင်တိုက်ခိုက်ကတည်းကပင် သူဟာ အမှန်တရားကို မြင်လာရသည်။
တစ်ဦးတည်းကျင့်ကြံခြင်းမှာ မလုံလောက်ပါချေ။ ထိုလူမှာ ငွေကြေးနှင့် နတ်လက်နက်ပစ္စည်းများ လိုအပ်သေးသည်။
ယဲ့ချန်မှာ မူလက ထက်မြသော ဓားကိုကိုင်ဆောင်ထားသည့် အမှိုက်ကောင်ဟာ တကယ့်ပညာရှင်ရဲ့လက်ထဲက သစ်သားချောင်းကို ဘယ်သောအခါမှ မချိုးဖျက်နိုင်ဟု ထင်မှတ်ခဲ့လေသည်။
သို့ရာတွင်သူမှားသွားခဲ့သည်။ လုရှောင်ယန် ကိုင်ဆောင်ထားသည်မှာ ဓားမဟုတ်။
သူက သေနတ်ကို ကိုင်ထားတာပင်။
ယဲ့ချန်ဟာ သူတကယ်ပဲမျှော်လင့်ချက်မဲ့နေသည်ကို နားမလည်နိုင်သေးချေ။ သူဟာ တို့ဖူးနဲ့တင် သူ့ကိုယ်သူ ပြန်သတ်လို့ရနေလေပြီ။
အသက်ဝဝရှူပြီးနောက်တွင် ယဲ့ချန်ဟာ အချိန်ထပ်မဖြုန်းတော့ချေ။
"လုရှောင်ယန် ငါအခုတော့ မင်းကိုရှုံးသွားပြီ။ ငါ့အရှုံးလို့ပဲ သတ်မှတ်လိုက်ပါတော့။"
" ငါပြောသလိုပဲ၊ ဒီကမ္ဘာမှာ မင်းက အနိုင်ယူခံလိုက်ရရင် မတ်မတ်ရပ်ပြီး ကိုယ့်အမှားကို ကိုယ်သိဖို့လိုတယ်။ ငါမင်းကို ဒီနေ့ရှုံးခဲ့တယ်။ ဒါနဲ့ပက်သက်ပြီး မောက်မာစရာအကြောင်းလည်းမရှိဘူး။"
"ဒါပေမယ့်လည်း မင်းနိုင်သွားပြီလို့ ပြောလို့မရသေးဘူး။ ငါ့မှာမင်းကိုတိုက်ဖို့ နောက်ဆုံးတိုက်ကွက်တစ်ခုရှိသေးတယ်။"
"မင်းသာဒါကို ခံနိုင်မယ်ဆိုရင် မင်းက တကယ်ကို အင်အားကြီးတာအမှန်ပဲ။"
ပြောလို့ပြီးသွားသည်နှင့် ယဲ့ချန်ဟာ လက်ဝါးနှစ်ခုအား ပူးကပ်၍ နောက်ထပ် အစီအရင်ကို ဖော်ဆောင်လိုက်သည်။
ထို လက်အစီအရင်မှာ အောက်ဘက်ရှိ မဟာသွေးအစီအရင်ကို အသက်ဝင်လာစေသည်။
ထိုအစီအရင်အား ထာဝရသစ်တောရှိ အကြီးအကဲများနှင့် တပည့်များအားလုံး၏ သွေးများနှင့် စုစည်းထားသော သွေးအဆီအနှစ် စွမ်းအင်ဖြင့် စီရင်ထားခြင်းပင်ဖြစ်သည်။
အောက်ဘက်ရှိ နတ်ဘုရားအဆင့် ကျင့်ကြံသူများသည်ပင် ထိုသွေးအစီအရင်အား မဖြတ်ကျော်နိုင်ကြချေ။
ထို့နောက်တွင်တော့ ယဲ့ချန်၏ ကိုယ်မှ ရွှေရောင်အလင်းများ စတင်ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းများနှင့် သိပ်သည်းလှသော အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသော် လုရှောင်ယန်၏ မျက်ဝန်းများမှာ အေးစက်သွားသည်။
" ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးတာလား"
"သေစမ်း! ဘာလို့ဒီလောက်တောင် အရှက်မရှိတာလဲ။ မနိုင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်တော့မယ်ပေါ့။"
ယဲ့ချန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား... မင်းလည်း ကြောက်တတ်လားဆိုတာတော့ ငါမသိဘူး... စိတ်ဝင်စားစရာပဲ၊ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်! ဒါက အရွေးချယ်ခံတွေရဲ့ ပုံစံပေါ့။"
ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သူ့အမူအရာမှာ မှောင်မိုက်သွားသည်။
"မင်းသာ ဒဿမမြောက် ပြီးပြည့်စုံတဲ့ နတ်ဘုရားအဆင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းကို မခုခံနိုင်ရင်တော့ မင်းက အရွေးချယ်ခံဖြစ်ဖို့ အရည်အချင်းမမှီဘူး။ ပြီးတော့ ငါ့ရဲ့နာမည်က အမြဲရှင်သန်ပြီး ထာဝရတရားကိုပါ ကျော်လွန်သွားလိမ့်မယ်။"
"ဒီကမ္ဘာကြီးရဲ့ စစ်မှန်တဲ့အနုပညာက ဘာလဲဆိုတာကို ပြပါရစေ။"
ဘန်း!
ငြင်သာသောအသံပြီးနောက်တွင် ယဲ့ချန်၏ ခန္ဓာကိုယ်မှာ သန့်စင်သော အဖြူရောင်အလင်း တစ်ခု အဖြစ်သို့ပြောင်းလဲသွားသည်။
ထိုအလင်းမှာ နတ်အလင်းဖြစ်ပြီး လောကကြီးကိုပင် ထက်ခြမ်းခွဲနိုင်သည်။ တစ်ခဏအတွင်းတွင် ထိုအလင်းမှာ အကြင်နာမဲ့စွာ ပျံ့နှံ့သွား၏။
၎င်းဖြတ်သွားသည့် နေရာတိုင်းတွင် အရာအားလုံးပျက်စီးကာ ကျန်ခဲ့သည်။ စွမ်းအားနိယာမမှာ အနှောင့်ယှက်ခံလိုက်ရသည်။ အားကောင်းသော ပြင်းအားမှာ အားကောင်းသော စွမ်းအားကို ယူဆောင်လာကာ လှိုင်းလုံးများ မရောက်ရှိမှာပင် ဟင်းလင်းပြင်ကို အက်ကွဲသွားစေ၏။
ထိုကမ္ဘာထဲရှိအရာအားလုံးမှာ ဝါးမြိုခံလိုက်ရသည်။
ဟင်းလင်းပြင် စွမ်းအားနှောင့်ယှက်ခံရသည်နှင့်အတူ လုရှောင်ယန်မှာ တောင်နှင့်မြစ်ပန်းချီကိုပင် မဖွင့်နိုင်တော့ချေ။
ဒဿမမြောက် ပြည့်စုံသော နတ်ဘုရားအဆင့်၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းမှာ နတ်ဘုရားလောကတွင်မူ ကြီးမားသော ပြဿနာပင်မဟုတ်ပါချေ။
သို့သော် လက်ရှိကမ္ဘာလေးအတွင်းရှိ စွမ်းအားနိယာမမှာမူ ထိုအရာကိုခံနိုင်ရည်မရှိချေ။
ထိုအရာမှာ ဟင်းလင်းပြင်နယ်ပယ်၏ အကန့်အသတ်ကို ဖိနှိပ်ထားပြီးဖြစ်သည်။
လုရှောင်ယန်ဟာ အောက်ဘက်သို့ အမြန်ဆုံးအဟုန်ဖြင့် ရောက်လာခဲ့သည်။ ထို့အပြင် သူဟာသတ်မှတ်နယ်နိမိတ်အတွင်း၌ အချိန်စီးဆင်းမှုကို နှေးသွားစေရန် ပြန်လည်မွေးဖွားခြင်းခြောက်ပါးကို အသုံးပြုကာ အတတ်နိုင်ဆုံး အရှိန်လျှော့လိုက်၏။
"အချိန်က အနှစ်သာရပဲ။ ငါဒါကို တစ်ခါပဲပြောမှာ။ ဂရုစိုက်ပြီးနားထောင်ကြ။"
"ယဲ့ချန်က ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသွားတယ်။ ပြီးတော့သူက ဒဿမမြောက် ပြီးပြည့်စုံတဲ့ နတ်ဘုရားအဆင့်ကိုရောက်နေပြီ။ ငါတို့ထဲက ဘယ်သူကမှ သူရဲ့ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်းကို ခံနိုင်မှာမဟုတ်ဘူး။"
"ငါတို့ ခုခံနိုင်ခဲ့ရင်တောင်မှ ဒီဖျက်ဆီးခြင်းကြောင့် ဖြစ်လာတဲ့ ဟင်းလင်းပြင် လှိုင်းထန်ခြင်းကိုသည်းခံနိုင်မှာမဟုတ်ဘူး။"
" ငါ ထာဝရသစ်တောထဲမှာ ကြားခဲ့တာက ထိပ်တန်းမျိုးနွယ်စုဆယ်စုထဲမှာ နတ်ဘုရားလောကကို သွားနိုင်မယ့် ဝင်ပေါက်ရှိတယ်ဆိုတာ ဟုတ်လား။"
ရှီချန်းလင်က ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။
"အမှန်ပဲ။ မျိုးနွယ်စုကြီး ဆယ်စုလုံးမှာ နတ်ဘုရားလောကကို ဝင်ဖို့ ဝင်ပေါက်တွေအားလုံးရှိပါတယ်။"
"ကောင်းပြီ! ငါအစက စီစဉ်ထားတာကတော့ အားလုံး နတ်ဘုရားအဆင့်ရဲ့ နောက်ဆုံးအဆင့်ထိ ကျင့်ကြံပြီးမှ နတ်ဘုရားလောကထဲဝင်ခိုင်းဖို့ပဲ။ အခုတော့ငါတို့သာ ဒီနေရာကနေ မလွတ်နိုင်ရင် သေရတော့မယ်။"
"ယဲ့ မျိုးနွယ်စုက သူတို့မျိုးနွယ်စုတစ်ခုလုံးကို ကျင့်ကြံသူသန်းရာပေါင်းများစွာရဲ့ သွေးတွေနဲ့ချိတ်ပိတ်ထားခဲ့တယ်။ ငါအစီအရင်ကို ရေးဆွဲနေတဲ့အချိန်မှာပဲ ယဲ့ချန်ရဲ့ ဖျက်ဆီးမှုလှိုင်းတွေက ဒီရောက်နေလောက်ပြီ။ တော်တော် နောက်ကျသွားနိုင်တယ်။"
"နတ်ဘုရားလောကဝင်ပေါက်ကို ဖွင့်နိုင်ဖို့က ငါတို့မှာ ရှိတဲ့ အခွင့်အရေးတစ်ခုတည်းပဲ! ဝင်ပေါက်ရဲ့ အကူအညီနဲ့ဆိုရင် နတ်ဘုရားလောကထဲကို ဝင်နိုင်ပြီး ယဲ့ချန်ရဲ့ ဖျက်ဆီးခြင်းကနေ ကာကွယ်နိုင်လိမ့်မယ်။"
"အချိန်ပိုပြီး တိုအောင်လုပ်နိုင်ဖို့အတွက် ငါ မင်းတို့ တစ်ယောက်ချင်းစီအတွက် ပစ္စည်းတစ်စုံစာ ပြင်လာခဲ့တယ်။ ဒီထဲမှာ နတ်ချပ်ဝတ်တန်ဆာတစ်စုံ၊ နတ်လက်နတ်တစ်ခု၊ နတ်ဆေးလုံးတစ်လုံးနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်ချို့ ပါတယ်။"
"နတ်ဘုရားလောကကို ရောက်ပြီးရင် ကိုယ့်အပေါင်းအဖော်ကိုရှာနိုင်တဲ့ လူတွေက ချက်ချင်းပဲ အဖော်ရှာထားကြပါ။ ပုန်းနေရမယ့် လူတွေကတော့ နေရာမှာပဲ ကျင့်ကြံထားကြပါ။ ကျင့်ကြံဆင့်တစ်ခုကို ရောက်ပြီးတဲ့အခါ နတ်ဘုရားနယ်မြေထဲက လုမျိုးနွယ်စုဆီကို ရောက်အောင်သွားရမယ်။ ငါတို့ရဲ့ဆုံမှတ်က နတ်ဘုရားလောကထဲက လုမျိုးနွယ်စုမှာပဲ။"
"နားလည်ကြလား။"
"နားလည်ပါပြီ။"
လူတိုင်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် နီရဲနေကြသည်။
နောက်ဆုံးတော့ သူတို့ ထိုနယ်မြေထဲကို သွားရတော့မှာလား။
လုရှောင်ယန်ဟာ သိုလှောင်အိတ်များကို လွှဲပြောင်းပေးလိုက်သည်။
"နတ်ဘုရားလောကထဲကို မဝင်ရောက်ခင်မှာ အမည်မဲ့ဂိုဏ်းရဲ့ စည်းမျည်းတွေကို ထပ်ပြီး ရွတ်ဆိုပါ။"
" ပထမဆုံး တစ်ယောက်ယောက် အနိုင်ကျင့်ခံနေရတာ မြင်ရင် ဝင်မစွက်ဖက်ပါနဲ့။ သူတို့ကိုရှောင်သွားဖို့ သတိရပါ။"
"ဒုတိယအနေနဲ့ တခြားသူတွေကို စွက်ဖက်ခွင့်မပြုထားဘူး။ မဖြစ်မနေတိုက်ခိုက်ရတော့မယ်ဆိုရင် တစ်ဖက်လူကို သတ်ပစ်ပြီး အရိုးတွေကို ပြာချလို့၊ သူတို့ရဲ့ ဝိညာဉ်ကိုပါ ဖျက်ဆီးရမယ်။ သူတို့ရဲ့ သွေးလေးတစ်စက် ဝိညာဉ်လေးတစ်ပိုင်းကိုတောင်မှ လွတ်မြောက်ခွင့်မပြုရဘူး။"
"တတိယမြောက်အနေနဲ့ အတတ်နိုင်ဆုံး အဖွဲ့လိုက်တိုက်ခိုက်ပါ။ တစ်ယောက်ချင်းတိုက်ဖို့ မကြိုးစားပါနဲ့။"
...
"လှလိုက်တာ!"
လုရှောင်ယန်ဟာ ယဲ့ မျိုးနွယ်စုရဲ့နတ်ဘုရားလောက ဝင်ပေါက်ကို လက်ကိုမြှောက်လျက် ရိုက်ဖွင့်လိုက်သည်။
အမည်မဲ့ဂိုဏ်း၏ တပည့်အယောက် ၂၀၀နီးပါးနှင့် နတ်သားရဲများမှာ ဝိုင်းအုံလာကြပြီး နတ်ဘုရားလောကထဲသို့ တက်ညီလက်ညီ ဝင်ရောက်သွားကြသည်။
ထို့နောက်တွင် ယဲ့ချန်၏ ပေါက်ကွဲမှု အလင်းမှာ အရာအားလုံးအား ဝါးမြိုသွားတော့၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၉၈ အရာရာကို ပုံမှန်လုပ်ဆောင်ပါ။ နှစ်အနည်းငယ်ကြာသည်အထိ အရင်ဆုံး သီးသန့်ကျင့်ကြံပါ
ကြယ်ပင်လယ်၊ စကြ၀ဠာကြီး။
အမတကျွန်းတစ်ခုပေါ်တွင် မသေမျိုးကြိုးကြာများ ကျင်လည်ကျက်စား၍ ပန်းမန်များလည်း ပွင့်လန်းနေကြသည်။
ထိုအမတကျွန်း၏ ထောင့်တစ်နေရာရှိ အဆောက်အဦးတစ်ခုထဲတွင် ပုံရိပ်နှစ်ခုမှာ စစ်တုရင် ကစားနေကြသည်။ ထိုထဲမှာ တစ်ယောက်မှ ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူကြီးရှိပြီး ရိုးရှင်းသော ဝတ်ရုံကိုဝတ်ဆင်ထားသည်။ အခြားတစ်ယောက်မှာမူ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သက်လတ်ပိုင်းအရွယ်ပုံပေါ်ကာ အသက်အားဖြင့် လေးဆယ်ခန့်ရှိမည်ထင်ရ၏။
သူတို့နှစ်ဦးအား ငြိမ်းချမ်းသော လေထုက ဝန်းရံထားသည်။
ထိုအခိုက်တွင် အနက်ရောင် စစ်တုရင် အရုပ်တစ်ခုမှာ သတိမပေးပါဘဲနှင့် ထ၍ပေါက်ကွဲသွားလေသည်။
ဤသည်ကိုမြင်သော် ထိုသူနှစ်ဦးစလုံးမှာ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ကြသည်။
"ကြည့်ရတာတော့ အဆင့်နိမ့်လောကထဲက မင်းရဲ့ပုစွန်ဆိတ်ကလေးကတော့ သုံးမရတော့ဘူးထင်တယ်။"
အနက်ရောင် စစ်တုရင်ကို ကိုင်ထားသည့် အဖိုးအိုသည် လက်အတွင်းရှိ စစ်တုရင်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး မျက်ခုံးနှစ်ခုကြားရှိ နေရာလွတ်ကို ပွတ်လိုက်သောအခါသူ၏မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် ထွက်ပေါ်လာသည်။
"ကံတရားအတိုင်းပါပဲ။ မြင်းနက်ရဲ့ အကူအညီနဲ့တောင်မှပဲ ဒါကိုခုခံဖို့က တော်တော်လေး ခက်ခဲနေတုန်းပဲ..."
"ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆန့်ကျင်ဖို့ မလွယ်ကူဘူး။ ဒါကိုပဲ ကံတရားလို့ ခေါ်တာမလား။"
"ဒီလိုဆိုရင်တောင် အဲ့ဒီ့ကောင်လေးကို လွယ်လွယ်နဲ့ အလွတ်မပေးနိုင်ဘူး။ လုရှောင်ယန်ကို သတ်ပြီး သူ့ရဲ့ ကံကောင်းမှုတွေကို ယူလိုက်မှ ငါပိုင်ဆိုင်ခဲ့တဲ့ အရာအားလုံးကို ပြန်ရနိုင်မယ်။"
"အဲ့သလိုဆိုရင် အခုက နတ်ဘုရားလောက,က ကောင်တွေကိုသုံးဖို့ အချိန်ရောက်လာတာ ဖြစ်မှာပေါ့။"
...
ကမ္ဘာကြီးဟာ ပြောင်းလဲသွားသည်။
နတ်ဘုရားလောကရှိ တောင်တစ်ခုထက်တွင် လုရှောင်ယန်၏ ပုံရိပ်သည် အပျက်အစီးပုံကြားထဲမှ တွားသွားထွက်လာသည်။
"နောက်ဆုံးတော့ ထွက်လာနိုင်ပြီ။ ငါအထဲမှာ သေတော့မလိုဖြစ်ခဲ့တာကွ။"
သူဟာ တံတွေးတွေးလိုက်ပြီး မြေပေါ်မှ ထလိုက်သည်။ လေထုထဲရှိ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို အာရုံခံမိသောအခါ သူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ ကွေးတက်သွားလေသည်။
"ဒါက နတ်ဘုရားလောကပေါ့။ ဒီလို ဝိဝိညာဉ်စွမ်းအင် သိပ်သည်းပုံမျိုးနဲ့ နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်က ဒီလိုနေရာမျိုးမှာ စွမ်းအင်ကျင့်ကြံဖို့အတွက် တကယ်ကို သင့်လျော်လှပါတယ်။ ငါ့တပည့်လေးတွေရဲ့ ကျင့်ကြံခြင်းနဲ့ ငါ့ရဲ့ပါရမီနဲ့ဆိုရင် နတ်ဘုရားအဆင့်ကိုကျော်ဖြတ်ပြီး စစ်မှန်သော နတ်ဘုရားအဆင့်ကို မြန်မြန်ကြီးရောက်သွားနိုင်တော့မှာ မဟုတ်လား။"
ထိုအခိုက် စိုးရိမ်ပူပန်နေဟန် အချက်ပေးသံကို စိတ်ထဲတွင် ကြားလိုက်ရသည်။
[မြင်းနက်ကို သတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်၊ သခင်။ ဆုလက်ဆောင်အနေနဲ့ နတ်လက်နတ်အဆောင်အယောင်ဖြစ်တဲ့ ဗောဓိပုတီးစေ့ ၁စေ့ လက်ခံရရှိပါတယ်]
[မြင်းနက်ကို သတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်၊ သခင်။ ဆုလက်ဆောင်အနေနဲ့ နတ်ဘုရားနည်းစနစ်ဖြစ်တဲ့ အဆုံးမရှိသော ကိုယ်ပွား ၁ခု လက်ခံရရှိပါတယ်]
ထိုနည်းစနစ်နှင့်ဆိုလျှင် အဓိကကိုယ်၏ အမိန့်ဟူသမျှကိုနာခံပြီး ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းတွင် အကူအညီဖြစ်မည့် ကိုယ်ပွားတစ်ခု ဖန်တီးနိုင်မည်ဖြစ်သည်။
ထိုအရာမှာ မူလကိုယ်၏ ကျင့်ကြံဆင့်အား မထိခိုက်စေနိုင်သလို သူ၏ သွေးအဆီအနှစ်များကိုလည်း မထိခိုက်နိုင်ပါပေ။
[မြင်းနက်ကို အောင်မြင်စွာသတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလက်ဆောင်အနေဖြင့် ဝိညာဉ်အေးခဲဆူးချွန် ၁ခု လက်ခံရရှိပါသည်]
[မြင်းနက်ကို အောင်မြင်စွာသတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလက်ဆောင်အနေဖြင့် ကြီးမြတ်သော ဝိညာဉ် ၁ခုကို လက်ခံရရှိပါသည်]
ကြီးမြတ်သောဝိညာဉ်အား ကျင့်ကြံခြင်းနည်းစနစ်ကို ပိုမိုကြီးမြတ်သော အဆင့်သို့မြှင့်တင်နိုင်သည်။ ထို့အပြင် လက်နက်များကိုလည်း ကြီးမြတ်သောအဆင့်ထိ တိုးမြှင့်ရာတွင်နိုင်သည်။
[ဂုဏ်ပြုပါတယ်၊ သခင်...]
လုရှောင်ယန်သည် ကျန်ရှိသေးသည့် အချက်ပေးစာအသံအား ထပ်မံနားမထောင်တော့ပေ။ သူရဲ့အာရုံအား ဆုနှစ်ခုက ဖမ်းစားသွားပြီဖြစ်၏။
ထိုထဲမှ တစ်ခုမှာ ကိုယ်ပွားဖြစ်သည်။
ဒါကအရမ်းကို ထူးခြားသည့် အရာဖြစ်သည်။ ထိုအရာသည် မူလကိုယ်ကဲ့သို့ အားကောင်းရုံသာမက စွမ်းအင်ပင် ကျင့်ကြံနိုင်သော ဖြစ်တည်မှုကို ဖန်တီးနိုင်သည်။
ထိုကိုယ်ပွား၏ ပါရမီသည် သူ၏ မူလကိုယ်ကဲ့သို့ ပါရမီကောင်းနေမည်ဆိုလျှင် ပိုလို့ပင် ထူးခြားလာမည်ဖြစ်သည်။
သူ့မူလကိုယ်၏ ကျင့်ကြံခြင်းပါရမီအရင်းခံမှာ ကောင်းကင်ဘုံနှင့်ပင် ဖီလာဆန့်ကျင်နေပြီး သူ့တပည့်များ၏ ပါရမီကိုပင် ဖိနှိပ်ထားသေးသည်။
ထိုနည်းလမ်းဖြင့်သူဟာ ကျင့်ကြံဆင့် တိုးတက်လာရန် ကိုယ်ပွား၏ ကျင့်ကြံခြင်းကို အားကိုးနိုင်တော့မည်။ သူ့တပည့်များထံမှ ကျင့်ကြံခြင်း အကျိုးရလဒ်များကိုပါ ထပ်ပေါင်းလျှင် ဒါကတော်တော်လေး မကောင်းဆိုးရွား ဆန်မနေဘူးလား။
နောက်တစ်ခုမှာ ကြီးမြတ်သော ဝိညာဉ်ပင်။ ထိုအရာမှာ ပိုလို့ပင် ထူးကဲချေသည်။ ထိုအရာမှာ ကျင့်ကြံခြင်းလမ်းစဉ် သို့မဟုတ် လက်နတ်တစ်ခုအား ကြီးမြတ်သော အဆင့်ထိရောက်အောင် တိုးမြှင့်ပေးနိုင်စွမ်းရှိသည်။
လုရှောင်ယန်မှာ ယခုအထိ ကြီးမြတ်သောအဆင့်အား မည်သည်မှန်း မသိသေးပါသော်လည်း ဒါဟာ နတ်ဘုရားလမ်းစဉ် သို့မဟုတ် နတ်လက်နက်ပစ္စည်းထက် ပိုမိုသာလွန်နိုင်မည်ဟု သေချာသည်။
ယဲ့ချန်မှာ အတော်ချမ်းသာပုံပေါ်သည်။
[သခင်၊ ငါတော့ ကံကောင်းခြင်းစွမ်းအားပါတဲ့ ဆေးရည် နှစ်ပုလင်းကို သောက်လိုက်ရတယ်။ ငါ ခဏလောက်တော့ အဆင့်မြှင့်တင်ဖို့ သီးသန့်နေရဦးမယ်။ ကျင့်ကြံတဲ့နေရာမှာ ပိုကြိုးစားပါ သခင်။ ကျေးဇူးပြုပြီး တခြားသူတွေ အသတ်မခံပါနဲ့]
လုရှောင်ယန် : "..."
"ပိုကောင်းတဲ့စကားလေးပြောလို့မရဘူးလား။"
သူလည်းကူကယ်ရာမဲ့စွာ ခွန်းတုံ့ပြန်လိုက်သည်။ သို့သော် ဝမ့်ခိုက်မှာ တိတ်ဆိတ်နေပြီးဖြစ်၏။ သူဟာ သီးသန့် အဆင့်မြှင့်ရန် ထွက်ခွာသွားပြီထင်သည်။
သူသည် မရင်းနှီးသော နေရာသို့ မည်သူတစ်ဦးတစ်ယောက်မှ စကားပြောမနေခြင်းမရှိဘဲ မရောက်ဖူးပါချေ။
သူ၏တပည့်များသည်လည်း ကွဲကွာသွားကြသည်လား၊ ပြန်လည်ဆုံစည်းကြနေပြီလားကိုလည်း မသိရသေးပါချေ။
နတ်ဘုရားလောက၏ ဝင်ပေါက်မှ နေရာရွှေ့ပြောင်းအစီအရင်သည် အကုန်လုံးအား တစ်နေရာတည်းသို့ မပို့ဆောင်ပေးပါချေ။
ယဲ့ချန်၏ဖျက်ဆီးမှုကြောင့် အချိန်နဲ့ နေရာ စွမ်းအားသာ နှောင့်ယှက်ခြင်း မခံခဲ့ရပါလျှင် လူများအားလုံးကို စုပ်ယူရန် တောင်နှင့်မြစ်ပန်းချီကို အသုံးပြုနိုင်သည်။ ထိုသို့ဆိုလျှင် လူတိုင်းကို တောင်နှင့်မြစ်ပန်းချီထဲတွင် ထိန်းသိမ်းထားလျက် နတ်ဘုရားလောက၏ ပြဿနာကိုကျော်ဖြတ်စေနိုင်မည်ဖြစ်သည်။
ထိုနည်းနှင့်ဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် လူကွဲစရာပင်မလိုချေ။
အရာအားလုံးမှာ ထိုသို့ဖြစ်လာပြီးနောက်တွင်တော့ စောဒကတက်နေလျှင်လည်း အသုံးမဝင်တော့ပါချေ။
အနည်းဆုံးတော့ အကုန်လုံးကို နတ်ဘုရားလောကထဲသို့ အသက်ရှင်လျက် ပို့ပေးလိုက်နိုင်ခြင်းသည် ယဲ့မျိုးနွယ်စုထဲတွင် သေခြင်းနှင့် ရင်ဆိုင်ရမည်နှင့် စာရင် အဆင်ပြေနေပါသေးသည် မဟုတ်ပါလား။"
"ငါအခု ဘယ်နေရာမှာရှိနေလဲဆိုတာကို ရှာရမယ်။ ပြီးတော့ လုမျိုးနွယ်စုဆီသွားနိုင်မယ့်လမ်းနဲ့ ဘယ်နေရာမှာလဲဆိုတာကို စဉ်းစားပြီး ရှာရဦးမယ်။"
လုရှောင်ယန်ဟာ လုမိသားစု ကောင်းကောင်းနေထိုင်နေသလားကို အရင်ကြည့်ရှုရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထိုသို့မနေထိုင်နေလျှင် သူလည်း ထိုနေရာသို့ မသွားပါပေ။
သူကထိုမျှထိ လက်တွေ့ဆန်ပေသည်။ မည်သို့ဆိုစေ လုမိသားစုဟာလည်း သူ့အားဘယ်တုန်းကမှ မပျိုးထောင်ခဲ့ပေ။ သူဟာလည်း လုမိသားစုအပေါ်တွင် မည်သည့်ခံစားချက်မှရှိမနေသောအခါ သက်ဆိုင်မှုအကြောင်းများပြောရန် အဓိပ္ပာယ်မဲ့နေပါလိမ့်မည်။
သူလိုချင်နေသည်မှာ လုံလုံခြုံခြုံ ကျင့်ကြံနိုင်မည့် ပတ်ဝန်းကျင်လေးတစ်ခုသာဖြစ်သည်။
ထိုအရာကပိုကောင်းသော ရွေးချယ်မှုဖြစ်ခဲ့ပါလျှင် လုရှောင်ယန်လည်း ငြင်းဆန်မှာမဟုတ်ပါချေ။
"ပြောရမယ်ဆိုရင် နတ်ဘုရားလောကမှာ အတော်လေးနေသာတာပဲ။ ဝမ့်ခိုက်တောင်မှ တခြားသူတွေဆီကနေ အသတ်မခံရဖို့ ငါ့ကိုသတိပေးခဲ့တယ်။ ဒီလိုသာယာတဲ့နေရာလေးမှာ အခုမှ နတ်ဘုရားအဆင့်ကိုရောက်ပြီးကာစ ငါ့လိုအမှိုက်ကောင်ကို ဘယ်သူကလာတိုက်မှာတဲ့လဲ။"
ပြောပြီးသည်နှင့် လုရှောင်ယန်မှာ တောင်တစ်ခုထက်သို့ ပျံတက်သွားသည်။
ပျံတက်သွားပြီးသည်နှင့် မကြာခင် ပတ်ဝန်းကျင်၏ မြေအနေအထားနှင့် ရှုခင်းကိုပင် မကြည့်ရှုရသေးခင်လေးမှာတင် အဝေးကောင်းကင်မှ အလင်းတန်းများ ပျံထွက်လာ၏။
"ရပ်လိုက်! ကျန်းဟောက်နန်၊ မင်းမလွတ်နိုင်ပါဘူး။ မင်းလက်ထဲက အဆင့်နိမ့် နတ်လက်နက်ကိုသာ ငါ့ကိုလွဲပေးရင် မင်းအသက်ကို ချမ်းသာပေးမယ်။"
"အိပ်မက်သာဆက်မက်နေလိုက်။ ဒီအဆင့်နိမ့် နတ်လက်နက်ကို ရဖို့အတွက် နှစ်ရာပေါင်းများစွာကြာအောင်လို့ စီစဉ်ခဲ့ရတာ။ ဒါက ငါ့ရဲ့အသက်သွေးကြောပဲ။ မင်းသာဒါကိုလိုချင်ရင် ငါ့ကိုအရင်သတ်နိုင်မှရမယ်။"
ထိုလူပြောပြီးသည်နှင့် မကြာလိုက် ပုံရိပ်များစွာဟာ ထိုကမောက်ကမ တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။ တိုက်ကွက်တိုင်းမှ အလင်းတန်းများစွာလည်း ထွက်လာကြပြီး ထိုအရာကို ယူဆောင်ရန်ပင် ခက်ခဲလှသည်။
ကောင်းကင်ယံမှ ပေါက်ကွဲခါနီးအသံကို ကြားသောအခါ အော်သံ၊ ဆူသံများ ပေါ်ထွက်လာသည်။
ခဏကြာပြီးနောက် ထိုဖရိုဖရဲလူအုပ်ထဲမှ အော်သံတစ်ခု ထွက်လာပြန်သည်။
"ကျန်းဟောက်နန်၊ မင်းရူးနေတာလား။ မင်းတကယ်ပဲ နတ်လက်နက်ကို ပေါက်ကွဲစေချင်နေတာလား။"
"ငါရူးနေတော့ရော ဘာဖြစ်လဲ။ ဒီလက်နက်က ငါ့ဘဝပဲ။ ငါဖောက်ခွဲပစ်လိုက်ရင်တောင် မင်းတို့ကိုတော့မပေးနိုင်ဘူး။"
ထို့နောက်တွင် ပေါက်ကွဲသံတစ်ခုနှင့်အတူ ကောင်းကင်ယံထက်၌ တလက်လက်တောက်ပနေသော အလင်းလုံးတစ်ခု ပေါက်ကွဲသွားလေသည်။
ထိုအထဲမှနတ်ဘုရားအဆင့်ပညာရှင်နှစ်ယောက်မှာ နေရာ၌ပင် သေဆုံးသွားကြပြီး ကျန်သည့်လူများမှာ အပြင်းအထန်ဒဏ်ရာရသွားကြသည်။
"သေစမ်း။ ငါတော့ လက်လွတ်စပယ်လုပ်မိပြီ။ ဒီကောင်က နတ်လက်နက်ကို ဖောက်ခွဲမယ်ဖို့ ဆန္ဒရှိမယ်လို့ထင်တောင်မထင်ထားခဲ့ဘူး။"
"နှမျောစရာပဲ။ ငါတို့သာ ဒီအဆင့်နိမ့်နတ်လက်နက်ကို ရနိုင်မယ်ဆိုရင် တခြားကျင့်ကြံခြင်းအရင်းအမြစ်တွေအများကြီးနဲ့ လဲနိုင်ပြီလို့တွေးနေတာ။"
"မေ့လိုက်တော့။ ဒီတစ်ကြိမ်တော့ ငါအတွက်အချက်မှားသွားပြီ။ ငါနောက်ကြောင်းမြန်မြန်ပြန်လှည့်ပြီး ဒီဒဏ်ရာတွေကို ပြန်ကုရမယ်။ တခြားကျင့်ကြံသူတွေသာ ငါတို့နဲ့ထိပ်တိုက်တွေ့ပြီး ငါတို့တွေ ဒဏ်ရာ အပြင်းအထန်ရနေတာတွေကို မြင်လို့ကတော့ သူတို့ဒါကို အခွင့်အရေးယူ ငါတို့ဆီက လုယက်ပြီးသတ်သွားမှာပဲ။"
"ဒါအမှန်ပဲ၊ ပြန်ဆုတ်ကြစို့။"
ထိုလူနည်းစုထွက်သွားပြီးသည့်နောက်တွင်တော့ တောအုပ်ထဲတွင် ထိုင်ရမလိုထရမလိုဖြစ်နေသည့် လုရှောင်ယန်မှာ အကြာကြီးတိတ်ဆိတ်သွားလေသည်။
နတ်ဘုရားလောကကြီးက ဒီလောက်တောင်... အန္တရာယ်များတာလား။
အနိမ့်ပိုင်းကမ္ဘာတွင်လည်း ထိုကဲ့သို့ သတ်ဖြတ်လုယက်ခြင်းများ ရှိပါသော်လည်း ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်များလည်းရှိသေးသည်။
နတ်ဆိုးဂိုဏ်းထက်တော့ ကျင့်ကြံသူအများစုဟာ စည်းမျဉ်းများကို လိုက်နာနေပါသေးသည်။ မဟုတ်ပါက မဟာကျိုး တစ်ခုလုံးတွင် အာကေရှားဂိုဏ်းကဲ့သို့ ဂိုဏ်းများအားတည်ထောင်နိုင်မည်မဟုတ်ပေ။ သူတို့မှာ တစ်လျှောက်လုံး လုယက်ခံရလိမ့်မည်။
သို့သော် ဒီနတ်ဘုရားလောကတွင်တော့ လုယက်သတ်ဖြတ်မှုများမှာ သာမန်ကိစ္စလေးပင်ဖြစ်နေသည်။
ထိုလူနည်းစုတွင်လည်း နတ်ဆိုးအငွေ့အသက် မရှိပါချေ။ ထိုသူတို့၏ အရှိန်အဝါမှာ အလွန်ကို သာမန်ဖြစ်ပါသော်ငြား သူတို့သည် အဆင့်နိမ့် နတ်လက်နက်ငယ်တစ်ခုအတွက် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ကြသည်။ အဆုံးတွင်တော့ သူတို့ထဲမှ လူအများအပြားပင် သေကြေခဲ့ရ၏။
အမ်း~~
ထိုအခိုက်တွင်တော့ လုရှောင်ယန်မှာ ဒီနတ်ဘုရားလောကသို့ စောစောစီးစီးဝင်ရောက်လာခဲ့ခြင်းသည် အမှားကြီးတစ်ခုဟုပင် ခံစားနေရတော့သည်။
ကျန်တာတွေကို ဘေးချိတ်ထားလိုက်လျှင်တောင် သူ့တစ်ဦးတည်းထံ၌ ရတနာများစွာ ရှိနေခြင်းသည် တခြားသူများမျက်လုံးထဲတွင် အဆီပြည့်နေသော သားကောင်နှယ်ဖြစ်နေတော့မည်!
သူသာ တစ်ခုနှစ်ခုလောက်လေးပဲ ထုတ်သုံးဖြစ်ခဲ့လျှင်တောင် နတ်ဘုရားအဆင့်ပညာရှင် အုပ်စုကြီးအား သူ့နောက်သို့လိုက်ဖမ်းရန် ဆွဲဆောင်သလိုဖြစ်သွားလိမ့်မည်လား။
သူလည်းနောက်ပြန်လှည့်ပြီး တောင်အောက်အား ငုံ့ကြည့်လိုက်သော် နတ်ဘုရားလောက ဝင်ပေါက်မှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။
ထို့အပြင် ထိုနေရာသည်ပင်လျှင် နတ်ဘုရားလောက၏ တစ်လမ်းသွားဝင်ပေါက်ဖြစ်သည်။
အနိမ့်ပိုင်းနယ်မြေလောကမှ နတ်ဘုရားလောကသို့ ဝင်ရောက်ရန်မှာလွယ်ကူလှသော်လည်း နတ်ဘုရားလောကမှ အနိမ့်ပိုင်းနယ်မြေသို့ ပြန်သွားရန်မှာ မဖြစ်နိုင်ပါချေ။
ထိုမျှမက သူ၏ တပည့်ငတုံးလေးများသည်လည်း ဒီအရာအား ခုခံကာကွယ်နိုင်မည်လားကို မသိပါချေ။
ဒီနတ်ဘုရားလောကကြီးသာ အလွန်အဖိုးတန်နေမှန်းသိခဲ့ပါလျှင် သူ၏တပည့်များအား သိုင်းဘုရင့်အဆင့်လက်နက်များသာပေးလိုက်လေမည်။ အဘယ့်ကြောင့် ထို နတ်လက်နက်များပေးလိုက်လေမည်နည်း။
သေခြင်းမှာ ကိစ္စသေးသေးလေးသာဖြစ်သည်။ အနည်းဆုံးတော့ သူဟာ ရှန်းထီကျောက်ရှင်အမှတ်အသားဖြင့် သူတို့အား ပြန်လည်ရှင်သန်အောင်ပြုလုပ်နိုင်သည်။ ဒါပေမယ့်လည်း နတ်လက်နက်များကို အပါခံလိုက်ဖို့တော့ အရမ်းနှမျောစရာကောင်းမနေဘူးလား။
သူတို့အား ကောင်းကင်ဘုံက ကောင်းချီးပေးပြီး ဉာဏ်ကောင်းမှုလေးတွေ ကျမသွားနိုင်ဖို့သာ မျှော်လင့်မိပါသည်။ ဒါ့အပြင် သူတို့၏ နတ်လက်နက်များအားထုတ်သုံးပြီး လိုက်လံအသတ်မခံရဖို့ကိုလည်းမျှော်လင့်မိပါသည်။
လုရှောင်ယန်ဟာ ရှန်းထီကျောက်ရှင်အမှတ်အသားဆီသို့ အကြည့်လွှဲလိုက်သည်။
ကံကောင်းစွာဖြင့် တစ်ယောက်မှ မသေသေးပါချေ။
ဟ!
သက်ပြင်းတစ်ချက်ချပြီးနောက်တွင် လုရှောင်ယန်ဟာ တောင်ခြေသို့ ပြန်ဆင်းလာခဲ့သည်။ ပထမဦးစွာ ဂူတစ်လုံး တူးပြီး နှစ်အနည်းငယ်လောက်တော့ သီးသန့်ကျင့်ကြံရလိမ့်မည်။
သူအားရှာတွေ့သွားမည်ကို ကာကွယ်သည့်အနေဖြင့် လုရှောင်ယန်ဟာ သိပ်မထင်ရှားသည့်နေရာကို ရွေးချယ်လိုက်သည်။ ထိုနေရာမှ ဝိညာဉ်စွမ်းအင်များသည်ပင် အခြားနေရာမှာထက် နည်းပါးလေသည်။
တစ်ယောက်ယောက်သာ ဉာဏ်ရည်ကောင်းနေမယ်ဆိုရင်တော့ ထိုနေရာအားလုံးဝလာမည်မဟုတ်ပေ။
ဒီနေရာ၏ ဝိညာဉ်စွမ်းအင်များမှာ နတ်ဘုရားလောကရှိ အခြားနေရာများထက်စာရင်သာ နည်းပါးခြင်းဖြစ်သည်။ အဆင့်နိမ့်ကမ္ဘာတွင် သူကိုယ်တိုင်ဖန်တီးထားသော ကျင့်ကြံခြင်းနယ်မြေသည်ပင် ဤနေရာရှိ ပေါများလှသော ဝိညာဉ်စွမ်းအင်များထက် များစွာ နိမ့်ကျသည်။
သူ၏ထူးချွန်သော ပါရမီနှင့်ဆိုလျှင် ဝိညာဉ်စွမ်းအင်နည်းပါးခြင်းကို ပြင်ဆင်ရန် လုံလောက်ပေသည်။
လုရှောင်ယန်ဟာ ဂူတစ်လုံးတူးပြီးသည်တွင် ဂူအပြင်ဘက်၌ အစီအရင်ရာပေါင်းများစွာကို ရေးဆွဲထားလိုက်လေသည်။
ထိုအထဲတွင် အတိုက်အခိုက်အစီအရင်များ၊ အကာအကွယ်အစီအရင်များ၊ ပုံရိပ်ယောင်အစီအရင်များနှင့် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းအစီအရင်များပင်ပါဝင်လေသည်။
သူဟာအလုပ်ကောင်းကောင်းလုပ်ရမည်ဖြစ်သည်။
တချို့သော ဂရုမထားသည့် ယောက်ျားများသာ ရောက်လာပြီး သူ၏ ကျင့်ကြံခြင်းကိုအနှောက်အယှက်ပြုပါလျှင် သူဒုက္ခတွေ့နိုင်လိမ့်မည်။
သူသာ ရူးမနေပါလျှင်တောင် တစ်ဖက်လူအား သတ်လိုက်မိပါက ထိုလူ၏ မိဘ၊ ဦးလေး၊ အဒေါ်၊ အကို၊ အမ၊ ညီ၊ ညီမများက သူ့အားလက်စားချေရန်ပြန်လာကြလျှင်လည်း ဒုက္ခတွေ့နိုင်ပေသည်။
ထိုအရာများလုပ်ဆောင်ပြီးချိန်တွင် လုရှောင်ယန်သည် မဟာတာအိုမွေးဖွားခြင်းအား ဂူထဲရှိ အချိန်နှင့် သူ၏ ကျင့်ကြံခြင်းအား တိုးမြှင့်ရန်အတွက် စီရင်လိုက်သည်။
ထိုအရာအားလုံး စီစဉ်ပြီးနောက်တွင်မူ ဂူဝင်ပေါက်အား ငြိမ်းချမ်းရေးအတွက် ချိတ်ပိတ်ကာ ရှည်လျားသော သီးသန့်ကျင့်ကြံခြင်းကာလထဲသို့ စတင်ဝင်ရောက်လာခဲ့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၉၉ ငါတို့ရဲ့ ပုံစံက နည်းနည်းလေး ကွဲပြားနေတာလား။
နတ်ဘုရားလောကရဲ့ ထောင့်တစ်နေရာ၊ ဝူရှူးမြို့တော်။ ( ဒီနေရာမှာ ဝူရှူးဟာ မရေတွက်နိုင်သောလို့ အဓိပ္ပာယ်ရပါတယ်။)
အဆင့်နိမ့်ဂိုဏ်း အတော်များများဟာ စုစည်းကြသည်။ ခြုံပြောရလျှင် ထိုဂိုဏ်းငယ်များအား နတ်ဘုရားလောကရှိ တတိယအဆင့်အဖွဲ့ခွဲဟု ယူဆနိုင်သည်။
"ဆရာဦးလေးကျွင်း၊ နတ်ဘုရားလောကရဲ့ ဝိညာဉ်စွမ်းအင်တွေက အတော်လေးပေါများတာပဲ! ပြီးတော့ ဒီနေရာမှာ နတ်ဘုရားအဆင့်ကျင့်ကြံသူတွေလည်း တအားများမနေဘူးလား။ အနည်းဆုံး ဒီလမ်းပေါ်က လူသုံးပုံ ပုံရင် တစ်ပုံလောက်ကတင် နတ်ဘုရားအဆင့်ကျင့်ကြံသူတွေချည်းပဲ။"
"အဆင့်နိမ့်ကမ္ဘာမှာတုန်းက ကျွန်တော်တို့ကို အတော်လေး ထူးကဲတဲ့ ဖြစ်တည်မှုတွေအဖြစ် သတ်မှတ်ထားကြတယ်။ ဒါပေမယ့် ဒီမှာဆိုရင် ကျွန်တော်တို့က အရည်အချင်းတောင် မမီတော့ဘူး။"
" ကျွန်တော်တို့ နောက်ထပ်ဘာလုပ်သင့်လဲ။"
အသက်ပြင်းပြင်းရှူပြီးသည့်နောက်တွင် ကျွင်းပုကျန်း၏ အမူအရာမှာပို၍ လေးနက်လာသည်။
သူရဲ့ကံမှာ မဆိုးလှပါချေ။ နတ်ဘုရားလောက၏ ဝင်ပေါက်ကို ကျော်ဖြတ်ပြီးသည့်နောက်တွင် အမည်မဲ့ဂိုဏ်းမှ တပည့်တော်တော်များများနှင့် အတူတကွရောက်ရှိလာခဲ့သည်။
အခုဆိုလျှင် သူတို့အုပ်စုမှာ အနီးအနားမှ မြို့လေးကိုပင် ရောက်ရှိလာခဲ့လေပြီ။
"နတ်ဘုရားလောကရဲ့တံခါးကို မဖြတ်ခင်မှာ ဆရာကငါတို့ကို တတ်နိုင်သမျှ ဂရုစိုက်ပြီး ပုံမှန်လေးနေဖို့ ပြောသွားခဲ့တယ်။ အခုမှ ငါတို့က ဒီနတ်ဘုရားလောကထဲကို ရောက်ကာစပဲရှိသေးပြီး ဒီနယ်မြေရဲ့အခြေအနေကိုလည်း မသိတော့ ဆရာ့ကိုရှာဖို့ကလည်း မဖြစ်နိုင်သေးဘူး။ ငါထင်တာတော့ ဂိုဏ်းတစ်ခုခုနဲ့ ဆက်သွယ်ရမလားပဲ။ နောက်တဆင့်ကို မစီစဉ်ခင် ငါတို့ ပိုပြီးတိုးတက်အောင် လုပ်နိုင်တာပဲ။"
"ဆရာဦးလေးကျွင်းပြောတာမှန်တယ်။ ငါတို့ရဲ့ ကျင့်ကြံဆင့်တွေက တအားနိမ့်ပြီး နတ်ဘုရားလောကနဲ့လည်း မရင်းနှီးသေးဘူး။ ငါတို့သာ လက်လွတ်စပယ်လျှောက်သွားနေရင် တစ်ချိန်ချိန်မှာ သေသွားနိုင်တယ်။ ငါတို့သာ ဂိုဏ်းတစ်ခုခုကိုဝင်ပြီး ဒီလောကအကြောင်းပိုလေ့လာရင်း တိုးတက်အောင်လေ့ကျင့်တာက ပိုကောင်းမယ်။"
"ကောင်းပြီ။ ဒါဆိုရင်အခု အားလုံး လူခွဲပြီး ဘယ်ဂိုဏ်းကြီးတွေမှာ တပည့်တွေ လိုက်စုနေလဲဆိုတာကို စုံစမ်းကြမယ်။ ဘယ်ဂိုဏ်းက အကျိုးအမြတ်ပိုရနိုင်လဲကိုပါ ကြည့်လာခဲ့ကြပါ။ ပြီးရင်တော့ အားလုံးအတူတူ ဝင်လို့ရပြီ။ ဂိုဏ်း နာမည်ကြီး မကြီးက အရေးမကြီးဘူး ဆိုတာကိုတော့ သတိရပါ။ လုံလုံလောက်လောက် သန်မာဖို့ပဲလိုတယ်။ ဂိုဏ်းကို ဝင်ပြီးတာနဲ့ ငါတို့အတွက် အကျိုးရမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အသုံးမဝင်တဲ့ဂိုဏ်းတွေကိုတော့ ဘယ်လိုဖြစ်ဖြစ်မဝင်ကြရဘူး။ နားလည်ကြလား။"
"နားလည်ပါပြီ!"
"ပြီးတော့ ဂိုဏ်းကိုဝင်တဲ့အခါမှာ အကျိုးအမြတ်ရဖို့ပဲလိုတယ်။ ဂိုဏ်းအချင်းချင်း တိုက်ခိုက်တာတွေရှိလာရင် ဝင်မပါဖို့ ကြိုးစားပါ။ ငါတို့တွေ လုံလုံခြုံခြုံရှိပြီး ဆရာ့ကိုရှာတွေ့မယ့်နေ့အထိစောင့်ရမယ်။"
"ကောင်းပါပြီ!"
ကျွင်းပုကျန်းဟာ ဒီနတ်ဘုရားလောကမှာ သူရဲ့ တိုးတက်မယ့်လိုက်ကြောင်းကို အတည်ပြုလိုက်ပြီဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ထံတွင် တပည့်အများစုရှိသည်။ ဘယ်ဂိုဏ်းကိုပဲဝင်ဝင် သူ့အား နွေးထွေးစွာ ကြိုဆိုကြမည်ဖြစ်သည်။
ဂိုဏ်းကသာ သူ့အားကောင်းကောင်းထောက်ပံ့လျှင် တပည့်လေးများအားချက်ချင်းခေါ်လာနိုင်မည်ဖြစ်သည်။
ဒီနတ်ဘုရားလောကတွင် နတ်ဘုရားအဆင့်ကျင့်ကြံသူများ များပြားလှသော်လည်း အကြိုနတ်ဘုရားအဆင့်များကိုမူ တွေ့ရခဲလှသည်။ အတော်များများဟာ သက်ဆိုင်ရာ ဂိုဏ်းသို့ဝင်ရောက်ပြီးသည်တွင် ၎င်းတို့နှင့် နီးစပ်ရာ ဘုရင်အဆင့်နှင့် ဧကရာဇ်အဆင့် ကျင့်ကြံသူများကိုသာ စုဆောင်းနိုင်ကြသည်။ အထူးသဖြင့် ဝူရှူးမြို့ရှိ ဂိုဏ်းအားလုံးမှာ အဆင့်နိမ့်ဂိုဏ်းများဖြစ်နေခြင်းပင်။ သူတို့အတွက် မျိုးစေ့ကောင်းကောင်းရှာနိုင်ဖို့ရှာ ခက်ခဲလှသည်။
ထို့ကြောင့်သူတို့၏ တောင်းဆိုလိုမှုမှာ မြင့်မားနေတော့သည်။
...
နတ်ဘုရားလောက၊ ဇာမဏီ အပျက်အစီး။
လေထုဟာ လှပငြိမ်သက်သောသဏ္ဍာန်အဖြစ် ပျက်ယွင်းသွားသည်။ ဒါဟာ ကျီဝူရှားပင်။
"ဒါက... နတ်ဘုရားလောကလား။ ဒီနေရာက ဝိညာဉ်စွမ်းအားက တော်တော်လေးများနေမယ်လို့ ထင်မထားခဲ့ဘူး။"
သူမဟာ သူမ၏ဆရာနှင့် ဆရာတူမောင်လေး၊ ညီမလေးများ လုပ်နေနိုင်လောက်မည့်အရာများကို တွေးနေသည်။
"သူတို့တတွေ လုံခြုံကြပြီး ကောင်းကင်ဘုံက ကောင်းချီးပေးပါစေ။"
ထိုသို့ဆိုပြီး မကြာမီမှာပင် ကျီဝူရှားဟာ နတ်ဘုရားလောက၏ အကြောင်းအား ပိုမိုလေ့လာသိရှိနိုင်ရန် လူအချို့ကိုရှာဖို့ ထွက်သွားရန်ပြင်လေသည်။
ရုတ်တရတ် ဇာမဏီအော်သံဟာ အနီးတဝိုက်မှာပင် အဆုံးမရှိပျံ့နှံ့သွားသည်။
၎င်းက ကျီဝူရှား၏ မျက်စိသူငယ်အိမ်များအား ကျုံ့သွားစေသည်။
"ဒါက... ဇာမဏီစွမ်းအားမဟုတ်လား။ ဘာလို့ဒီနေရာမှာ ဇာမဏီစွမ်းအားတွေ တအားများနေရတာလဲ။"
ထိတ်လန့်အံ့ဩပြီးသည့်နောက်တွင် သူမဟာ အတော်လေးပျော်သွားသည်။
ဇာမဏီစွမ်းအားနှင့်ဆိုလျှင် ကျင့်ကြံဖို့အကူအညီဖြစ်သည့်အပြင် သူမ၏ဝိညာဉ်နှင့် ကျင့်ကြံဆင့်ကိုပါ တိုးတက်လာစေနိုင်လောက်သည်။
"ကောင်းကင်ဘုံက ငါ့ကိုတကယ်ကြီး ဒီလိုဇာမဏီစွမ်းအားတွေပြည့်နေတဲ့ အပျက်အစီးနေရာကို ကူးပြောင်းခွင့်ပေးလိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အခုတော့ ငါကံကောင်းမယ့်အလှည့်ကိုရောက်လာပြီထင်တယ်!"
...
နတ်ဘုရားလောက၊ ထိုက်ယိဓား တာအို။
နတ်ဘုရားလောက၌ အရည်အချင်းအရှိဆုံး ဂိုဏ်းအနေဖြင့် ထိုက်ယိဓား တာအို၏ အင်အားကို ဖော်ပြရန်ပင် မလိုပါချေ။
ဒါ့အပြင် ထိုက်ယိဓား တာအိုသည် ဓားကျင့်ကြံသူများကိုပို၍ အဓိကထားသော်ငြား ဂိုဏ်း၏ တပည့်လေးများမှာ နှိမ့်ချနေတတ်ကြသည်။ နတ်ဘုရားလောက တစ်ခုလုံးတွင် ထိုဂိုဏ်းမှာ အင်မတန်ကောင်းသော ဂုဏ်ပုဒ်ရှိပေသည်။
သို့ရာတွင် ယနေ့မှာတော့ ထိုက်ယိဓား တာအိုရှိ ဓားပျံများမှာ စတင်၍တုန်ခါလာကြသည်။
ထိုက်ယိဓား တာအို၏ ပါရမီရှင်ဆရာကြီးအနည်းစုသည် ထိုဖြစ်ရပ်အား အံ့အားသင့်တုန်လှုပ်လျက် စုဝေးလိုက်ကြ၏။
"ဓားတစ်သောင်း တုန်ခါခြင်း။ ဒီဖြစ်ရပ်ကို ဘိုးဘေးများ၏ သွန်သင်ချက်မှာ ဖော်ပြထားတယ်။ ဓားတန်ခိုးရှင်ဟာ ဒီလောကမှာ ပေါ်လာပြီ။"
"မြန်မြန်၊ ဂိုဏ်းထဲက တပည့်တွေအားလုံးကို အဲ့ဒီ့တပည့်လေးကိုရှာဖို့အတွက် မြန်မြန်လွှတ်လိုက်တော့။ ငါတို့ရဲ့ ထိုက်ယိဓား တာအိုကို အရင်က ဂုဏ်ကျက်သရေပြန်ရယူနိုင်အောင် လုပ်နိုင်သလောက်လုပ်ရမယ်။"
...
နတ်ဘုရားလောက၊ ကောင်းကင်ဓားသွားစင်မြင့်။
"လုမင်၊ အဆင့်နိမ့် ပါရမီရှင်။ မင်းက အပြင်စည်းဂိုဏ်းသားဖြစ်နိုင်ပြီ။"
" ယဲ့ထောင်၊ အလယ်အဆင့်ပါရမီရှင်က အတွင်းစည်းဂိုဏ်းသားဖြစ်လာနိုင်ပြီ။"
...
တောင်၏ဝင်ပေါက်ရှိ အကြီးအကဲမှာ ဟန်ဆောင်ခြင်းမရှိပေ။ ထူးမခြားနားသော အမူအရာဖြင့် ပါရမီရှင်နှင့် သူတို့၏ အမည်များနှင့် တောင်သို့ဝင်နိုင်သည့် အဆင့်များကို တစ်ခုပြီးတစ်ခု ဖတ်ပြနေသည်။
ထိုအကြီးအကဲ ဟန်ဆောင်ခြင်းမရှိသည်မှာ မထူးဆန်းပါပေ။
ကောင်းကင်ဓားသွားစင်မြင့်မှာလည်း ထိုက်ယိဓား တာအိုကဲ့သို့ပင် ကျော်ကြားလှသည်။ သို့သော် ၎င်းတို့မှာ တစ်ဖက်က ဓားမော့တွင်အားသာ၍ တစ်ဖက်က ဓားရှည်တွင် အားသာသည်။ ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်း၏ ကျင့်ကြံခြင်းလမ်းစဉ်များမှာလည်း လွန်စွာ အားကောင်းလှပြီး ထိုက်ယိဓားတာအိုထက်လည်း မယုတ်ညံ့ပါချေ။
သို့ရာတွင် ယခုနှစ်၏ တပည့်ဂိုဏ်းသားများမှာ တကယ်ကို စိတ်ညစ်ညူးဖွယ်ကောင်းလှသည်။
အားလုံးနီးပါးမှာ အဆင့်နိမ့်နှင့် အလယ်အဆင့် ပါရမီရှင်များသာဖြစ်ကြ၏။
ထိုကဲ့သို့တပည့်များအား ပျိုးထောင်ပေးလျှင်တောင် အနာဂတ်တွင် သူတို့၏ပုံရိပ်များကိုသာထိန်းသိမ်းနေပေလိမ့်မည်။ ၎င်းတို့မှာ ကောင်းကင်ဓားသွားစင်မြင့်အား မြှင့်တင်ပေးကြဖို့ နေနေသာသာ ကြီးကြီးမားမားတစ်ခုလေးပင် လုပ်ဆောင်နိုင်ကြလိမ့်မည်မဟုတ်။
သို့ရာတွင် ထိုအခိုက်၌ သန့်စင်သော ရွှေရောင် ဓားမော့အလင်းက ပါရမီစမ်းသပ်ကျောက်တုံးထံမှ ရုတ်တရတ်ထွက်ပေါ်လာပြီး ကောင်းကင်သို့ရောက်ရှိသွားလေ၏။
"စုန့်ရှင်းနျန်? ဟားဟားဟား၊ ကောင်းတယ်၊ မင်းမှာ တကယ်ကို ထိပ်တန်းဓားမော့နတ်ဘုရားပါရမီရှိတာပဲ။ ကြည့်ရတာတော့ မိုးကောင်းကင်က ငါတို့ကောင်းကင်ဓားသွားစင်မြင့်ကို လက်မလျှော့သေးဘူးထင်ပါတယ်။"
…
နတ်ဘုရားလောက၊ နတ်ဘုရားသင်္ချိုင်းတောင်ကြား။
ပုံရိပ်တစ်ခုဟာ ချပ်ဝတ်တန်ဆာဆင်ထားသော လူဝံရုပ်ထုကြီးအောက်တွင် လက်နှစ်ဖက်အားနောက်ပစ်လျှက် ဂုဏ်ယူဝံ့ကြွားစွာ မတ်တပ်ရပ်နေသည်။
"ထူးဆန်းတယ်။ ငါအခုမှ နတ်ဘုရားလောကကို ပထမဆုံးရောက်တာ သေချာပါတယ်။ ဒီရုပ်တုကိုလည်း အရင်က မမြင်ဖူးဘဲနဲ့ ဘာလို့ ဒေါသကြီးနေပြီး ရင်ထဲကနာကျင်နေရတာလဲ။"
…
နတ်ဘုရားလောက၊ ကျီးကန်းကျောရိုး။
"မင်းတို့အားလုံး ထက်မြတ်နေပါစေ။ ဒီနေ့ကစပြီးတော့ ဆရာ့ကိုမရှာခင်အထိ ငါတို့ရှင်သန်နေဖို့ အဓိကထားရမယ်။ ရှင်သန်ဖို့အတွက်ဆို စက်ဆုပ်စရာနည်းလမ်းတွေကိုလည်း ဂရုမစိုက်ရဘူး။ ဆရာ့ကိုတွေ့တဲ့အချိန်မှာ အားလုံးက ရာနှုန်းပြည့်ကြိုးစားထားပြီး ကျင့်ကြံခြင်းမှာလည်း အောင်မြင်နေတာကိုတွေ့ချင်တယ်။ ဆရာ့ကို ငါတို့ကိုရယ်ခွင့်မပေးနဲ့။"
"ဆရာဦးလေးကျန်း၊ မြန်မြန်သာချမ်းသာချင်တယ်ဆိုရင် လုယက်ရမယ့်နည်းလမ်းကလွဲပြီးမရှိဘူးဆိုတာ ဟုတ်လား။"
ထိုလူဟာ ထိုစကားပြောပြီးသည်နှင့် ကြိမ်းမောင်းခံလိုက်ရသည်။
"အတင့်ရဲလိုက်တာ။ ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ။ ဒီကိုရောက်ရင်ဘာလုပ်ရမယ်လို့ ဆရာပြောထားတာတွေကို မေ့သွားပြီလား။ ငါတို့က ဓားပြတွေမဟုတ်ဘူး။ ငါတို့က ဓားပြဆိုရင်တောင် ဒီနေရာ နတ်ဘုရားလောကပဲ။ မင်းက နတ်ဘုရားအဆင့်ပညာရှင်တွေဆီက လုချင်တယ်ဆိုတာ ဖြစ်နိုင်လို့လား။ မင်းရူးနေပြီလား။ ငါတို့က သိုသိုသိပ်သိပ်နေပြီး ကျင့်ကြံရမှာကွ။ ငါတို့သာတစ်ယောက်ယောက်ကိုသတ်မိရင် ငါတို့ပဲအဖမ်းခံရပြီး အားလုံးရဲ့ ပစ်မှတ်ဖြစ်လာမှာ။ ဒါကိုမင်းနားမလည်ဘူးလား။"
အကုန်လုံးဟာ ချက်ချင်းပင် ပဟေဠိဖြစ်သွားကြသည်။
"ဒါဆိုရင် ဆရာဦးလေးကျန်း ဆိုလိုချင်တာက..."
ကျန်းထိုက်ရွှမ်က ကဲ့ရဲ့လိုက်သည်။
"ပြောစရာလိုသေးလား၊ ဟုတ်တယ် ငါတို့က သေပြီးသားလူတွေဆီကပဲ လုရမှာ! လူသေကစကားမပြောဘူးကွ။ အများဆုံးတော့ အစီအရင်တွေကို ကျော်ဖြတ်ဖို့ အခက်အခဲနည်းနည်းတော့ရှိနိုင်မယ်။ ဒါပေမယ့် ရှေးဟောင်းအုတ်ဂူတွေမှာ မြှုပ်ထားတာတွေက အကုန်ကောင်းတယ်!"
အားလုံးမှာ ခဏလောက်ပြောစရာမဲ့သွားသည်။ ကျန်းထိုက်ရွှမ်ဟာ နတ်ဘုရားလောကမှ လျှို့ဝှက်အုတ်ဂူများနှင့် ပက်သက်ဖို့ ပြင်ဆင်ထားပုံရသည်။
"ဒါပေမယ့် ဆရာဦးလေးကျန်း၊ အုတ်ဂူဖောက်ချင်တယ်ဆိုရင်တောင်မှ ရှေးဟောင်းအုတ်ဂူဖောက်တာက ကောင်းကင်ဘုံကိုတက်လှမ်းတာထက်တောင်မှ ခက်ခဲတာ သိထားသင့်တယ်။ နတ်ဘုရားအဆင့်ကျင့်ကြံသူ နည်းနည်းကိုသတ်တာကမှ ပိုကောင်းမယ်ထင်တယ်။"
ကျန်းထိုက်ရွှမ်ဟာ ဆန်းကြယ်စွာပြုံးလိုက်သည်။
"မင်းဘာသိလို့လဲ။ ဆရာက ငါ့ကို ပြိုင်ဘက်ကင်းနတ်လက်နက်ပေးလိုက်တယ်လေ။ ဒီလက်နက်နဲ့ဆိုရင် အုတ်ဂူနည်းနည်းလေးမပြောနဲ့ ဒီနတ်ဘုရားလောကတစ်ခုလုံးရဲ့ ရှေးဟောင်းအုတ်ဂူတွေအကုန်လုံးကိုဖောက်ချင်သလား။ ဘယ်သူကငါ့လက်အောက် လွတ်နိုင်မှာလဲ။"
သူ့ရဲ့!
အားလုံးဟာ သူတို့ဦးနှောက်ချောင်သွားသည်ဟု ခံစားလိုက်ရသည်။
ဒါသာတကယ်ဆိုရင် သူတို့ဟာ ဆရာဦးလေးကျန်းနှင့်အတူ ဘဝကိုကောင်းကောင်းရှင်သန်ဖို့ အခွင့်အရေးရပြီပေါ့။
...
ထိုကဲ့သို့ အခြေအနေများမှာ နေရာတော်တော်များများတွင်ဖြစ်ပွားနေလေသည်။
ထိုအမည်မဲ့ဂိုဏ်းသားများမှာ လုရှောင်ယန်၏ အသိစိတ်ဝိညာဉ်အား လေ့လာသင်ကြားပြီးနောက်တွင် သီးသန့်ရှင်သန်ရသည်မှာ လုံးဝကို ရိုးရှင်းသည့် ကိတ်မုန့်ပိုင်းလေးတစ်ခုလိုပင်။
မြို့ထဲမှာပုန်းသည်ဖြစ်စေ တောရိုင်းမှာပုန်းအောင်းနေသည်ဖြစ်စေ သူတို့ဟာဒါကို အလွယ်လေး ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
၎င်းတို့မှာ ဤလောကထဲသို့ တိတ်တဆိတ်ဝင်ရောက်လာပြီး နတ်ဘုရားလောက၏ အသွင်အပြင်ကို ချိုးဖျက်ကာ မတူညီသောပုံစံကို ကမ္ဘာသို့ ယူဆောင်လာခဲ့သည့် လင်းနို့အုပ်စုနှင့်ပင်တူညီနေသေးသည်။
…
နေထွက်လိုက် လထွက်လိုက်နှင့် အချိန်ဟာလည်း ဖြတ်ခနဲ ကုန်ဆုံးသွားသည်။
မျက်တောင်တစ်ခတ်စာအတွင်း အချိန်နှစ်နှစ်တာကုန်လွန်သွား၏။
ဂူထဲတွင် လုရှောင်ယန်မှာ သူ၏ ကျင့်ကြံခြင်းမှ နိုးထလာ၏။
နှစ်နှစ်စလုံး သူဟာ နေ့နေ့ညညလေ့ကျင့်ခဲ့သည်။
မဟာတာအိုမွေးဖွားခြင်းသည် နတ်ဘုရားလောကနှင့် အတော်လေးဆန့်ကျင်နေခြင်းကြောင့် အချိန်လျှော့ခြင်းမှာ များများစားစားထိရောက်မှုမရှိပါချေ။
သို့သော် အချိန်ကို လေးနှစ်မှ နှစ်နှစ်အထိတော့လျှော့နိုင်ခဲ့သည်။
လွန်ခဲ့သည်လေးနှစ်စလုံးတွင် လုရှောင်ယန်မှာ သူ၏ အိမ်ဖြစ်သည့် ဂူအတွင်းမှအပြင်ဘက်သို့ ခြေလှမ်းပင်မလှမ်းပါချေ။
သူဟာတစ်ချိန်လုံးကျင့်ကြံနေခဲ့သည်။
သူ၏မျက်လုံးအား ဖြေးဖြေးချင်းဖွင့်လိုက်သောအခါ စွမ်းအားနိယာမမှာ ထိတ်လန့်ဖွယ်တိုးထွက်လာသည်။
သူ့မျက်လုံးတွေက သာမာန်လူတွေနဲ့ မတူဘဲ ပိုအဆင့်မြင့်တဲ့ သတ္တဝါနဲ့ ပိုတူနေတာလား။
ကျင့်ကြံဆင့်မြင့်လေ ၊ အဆင့်နိမ့် ဘဝ၏ လက္ခဏာပုံစံများကို ဆုံးရှုံးရလေလေဖြစ်သည်။
"နှစ်နှစ်တောင်ကုန်သွားပြီ။ မဟာတာအိုမွေးဖွားခြင်းရဲ့ အကူအညီနဲ့ ငါ့ရဲ့ကျင့်ကြံဆင့်က ပဉ္စမမြောက် စစ်မှန်သောနတ်ဘုရားအဆင့်အထိ တိုးသွားနိုင်ပြီမလား။"
လုရှောင်ယန်၏ နှုတ်ခမ်းထောင့်စွန်းမှာ ကွေးတက်သွားသည်။
နတ်ဘုရားအဆင့်ကိုရောက်ပြီးနောက်တွင် သူ၏အဆင့်ကိုမြှင့်တင်ရန် အတွေ့အကြုံများပို၍လိုအပ်လာသည်။ တကယ်တော့၊ ယခင်ကနှင့်ယှဉ်လျှင် အခု သူ့အတွက်လိုအပ်သော အတွေ့အကြုံမှာနှစ်ဆလောက်ဖြစ်သွားသည်။
ယခုတွင် ကျင့်ကြံသည့်အချိန်မှာ သူပိုနိမ့်သောအဆင့်တွင် ကျင့်ကြံသည့် အချိန်ထက် ပို၍ကျော်လွန်သွားခြင်းဖြစ်သည်။
ဒါပေမယ့်လည်း သိသိသာသာနဲ့ပဲ ကောင်းကင်ကသူ့ကိုလက်မလျှော့သေးပါပေ။ သူ၏ ပါရမီမှာ ယခင်အတိုင်းကောင်းနေဆဲပင်။
တိုတောင်းသော နှစ်နှစ်အတွင်း၊ မဟာတာအိုမွေးဖွားခြင်း၏ အကူအညီနှင့်အတူ၊ သူဟာ အခြေခံအားဖြင့် လေးနှစ်အတွင်းမှာ အဆင့်ကြီးတစ်ခုနှင့် အဆင့်ငယ် ဆယ်ဆင့်လုံးကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။
ဤသည်မှာ အဆင့်နိမ့်ပင်မဟုတ်တော့ချေ။ ၎င်းတို့ကြားမှ ကွာခြားချက်သည် စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်နှင့် အာကာပြင်ပြိုကွဲခြင်းအဆင့်ကြားရှိ ခြားနားချက်နှင့်ပင် မတူညီတော့ပါချေ။
ဒါက နတ်ဘုရားများကြားမှ ခြားနားချက်ပင်။
သို့သော်လည်း သူ့၏စိတ်အား ငြိမ်သက်စေလျက် ကျင့်ကြံဆင့်အား ကြည့်လိုက်သည်တွင် သူ့မျက်နှာထက်မှ အပြုံးသည် ချက်ချင်းပင် ရပ်တန့်သွားတော့၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၃၀၀ တပည့်လေးတွေက ဘယ်ကိုသွားလိုက်တာလဲ။
ပြီးပြည့်စုံသော ဒဿမမြောက် စစ်မှန်သော နတ်ဘုရားအဆင့်!
သူက နယ်ပယ်သစ်တစ်ခုကို ဖြတ်ကျော်ဖို့အတွက် ခြေတစ်လှမ်းပဲလိုတော့တာလား။
"မဟုတ်သေးပါဘူး။ ငါ့ရဲ့ကျင့်ကြံနှုန်းက ဘာလို့ဒီလောက်ထိမြန်နေရတာလဲ။ ငါရွေးထားတဲ့နေရာရဲ့ ဝိညာဉ်စွမ်းအင်တွေက တအားကိုနည်းနေတာပါ။ ငါ့ရဲ့ကျင့်ကြံဆင့်တွေ ဒီလိုမြန်မြန်ကြီးတိုးလာဖို့တောင် မဖြစ်နိုင်ပါဘူး။"
"မဟုတ်ဘူး၊ တစ်ခုခုတော့မှားနေပြီ။"
"မဟုတ်မှ... သူတို့ဖြစ်နိုင်လား။"
လုရှောင်ယန်ဟာ သူ၏တပည့်များအား တွေးမိချိန်တွင် နှလုံးအိမ်မှာတုန်ရီလာ၏။
နှစ်နှစ်အတွင်းတွင် သူ၏ ကျင့်ကြံဆင့်မှာ အများဆုံး ပဉ္စမမြောက် စစ်မှန်သော နတ်ဘုရားအဆင့်ကိုသာရောက်သင့်ပေသည်။ သူ၏ခန့်မှန်းချက်တစ်နေရာရာမှာ မှားယွင်းနေလျှင်တောင် ထိုမျှလောက်ကွာခြားအောင် မှားယွင်းမတွက်နိုင်သင့်ပါပေ။
သူဟာ ယခုတွင် ပြီးပြည့်စုံသော ဒဿမမြောက် စစ်မှန်သော နတ်ဘုရားအဆင့်သို့ ရောက်နှင့်နေလေပြီ။
ထိုအရာမှာ အနိမ့်ပိုင်းလောကမှ သေမျိုးများပင် ထိုကဲ့သို့ အဆင့်များ အလွယ်တကူခုန်ပေါက် ရောက်ရှိနိုင်မည်မဟုတ်ချေ။
ယခင် သူ အနိမ့်ပိုင်းကျင့်ကြံခြင်းလောက၌ရှိစဉ် နတ်ဘုရားအဆင့်ပင်ရောက်နှင့်ပြီးချိန်က သူ၏တပည့် ကိုးဦးမှာ ပထမနှင့် ဒုတိယမြောက် နတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ရောက်ရှိသွားပြီးသည်တွင် သူဟာ ပဉ္စမမြောက် နတ်ဘုရားအဆင့်ထိသာရောက်ရှိခဲ့၏။
ဝမ့်ခိုက်မှာ နိုးမလာသေးပေ။ လုရှောင်ယန်လည်း အလျင်အမြန်ပဲရှန်းထီကျောက်ရှင်အမှတ်အသားကို ကြည့်ရှုလိုက်သည်။
ကံကောင်းစွာဖြင့် သူ၏ ကိုယ်ပိုင်တပည့်လေးများမသေသေးပါချေ။ သို့သော် နတ်ဆိုးသားရဲအနည်းစုနှင့် ဒုတိယမျိုးဆက်မှ တပည့်လေးများမှာ သေဆုံးသွားပြီး ရှန်းထီကျောက်ရှင်အမှတ်အသားတံဆိပ်ခတ်နှိပ်ပြီးသားပင်ဖြစ်၏။
ဒါဟာပုံမှန်ပဲဖြစ်သည်။ ဒီနေရာဟာ နတ်ဘုရားလောကဖြစ်ပြီး နေရာတိုင်းတွင် နတ်ဘုရားများအား ခွေးများသဖွယ်တွေ့မြင်နိုင်သည်။ တစ်ယောက်နှစ်ယောက်လောက်သာ မသေမှသာ တကယ်ထူးဆန်းနေမည်ဖြစ်သည်။
ကံကောင်းစွာနှင့်ပင် သေသွားသည့်လူများမှာ သူ၏ကိုယ်ပိုင်တပည့်များမဟုတ်ချေ။ သူ၏ ကိုယ်ပိုင်တပည့်များကသာ သူ၏ကျင့်ကြံဆင့်အားတိုးလာစေနိုင်သည်။
သူ၏ကျင့်ကြံခြင်းကို အဟန့်အတားမဖြစ်သရွေ့အဆင်ပြေပါသည်။
ကျန်တာကတော့ သူတို့အား ရှန်းထီကျောက်ရှင်အမှတ်အသားနှင့် ဖြည်းဖြည်းချင်း အသက်ပြန်သွင်းဖို့သာဖြစ်သည်။
ဒီလိုပြောနေရင်း သူထွက်သွားပြီး တပည့်များအားလိုက်မရှာသင့်ပေဘူးလား။
နတ်ဘုရားလောကသို့ ဝင်ပြီးနောက်တွင် သူဟာ သိက္ခာမဲ့စွာနေထိုင်ရန်နှင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။ သူ့တပည့်များကိုလည်း မရှာရသေးပေ။ သူတို့တတွေစိတ်ပူကောင်းပင် ပူနေနိုင်သည်။
ဒါကိုတွေးရင်းဖြင့် လုရှောင်ယန်ဟာ ဂူပေါက်ဝသို့ရောက်လာပြီး တောင်ထိပ်သို့တစ်ဖန်ပြန်တက်သွားလေသည်။ တောင်အမြင့်ကို ဖြတ်၍ စုံစမ်းရန်အတွက် လူအများရှိရာကို ရှာဖွေရန် ပြင်ဆင်လိုက်သည်။ သူတောင်ထိပ်သို့ပျံတက်သွားသည်နှင့် ဒါဇင်ချီသော အလင်းတန်းများဟာ အဝေးနေရာမှ ပျံသန်းလာကြသည်။
"တိုက်ခတ်လေဂိုဏ်းက ခွေးကောင်တွေ၊ မင်းတို့မလွတ်နိုင်ပါဘူး။ ငါတို့ဂိုဏ်းထဲဝင်တာက မင်းတို့အတွက်ပိုကောင်းမယ်။ မဟုတ်ရင်တော့ မင်းတို့ကို ငါကိုယ်တိုင်သတ်ပစ်မယ်။"
"ဓားနတ်ဆိုးဂိုဏ်းက ခွေးကောင်တွေ ငါတို့အရှုံးပေးလိမ့်မယ်လို့တောင်မစဉ်းစားနဲ့။ ငါတို့သေသွားရင်တောင် မင်းတို့ ဓားနတ်ဆိုးဂိုဏ်းထဲဝင်မှမဟုတ်ဘူး!"
"ဟမ့် နားမလည်တဲ့ခွေးတွေ။ ဒါဆိုလည်း သေလိုက်။"
ဘုန်း! ဘုန်း!
တစ်ခဏအတွင်းမှာပင် ဒါဇင်ချီသော စူးရှသည့် ရောင်ဝါများမှာ ကောင်းကင်တွင် ထိုးထွက်လာကြသည်။ ဓားအလင်းများ၊ ဓားမော့အလင်းများနှင့် လက်သီးမှအလင်းများမှာ အချင်းချင်း အပြင်းအထန် ထိတိုက်မိသွားကြ၏။
ထို့နောက်တွင်မူ ဒဿမမြောက် နတ်ဘုရားအဆင့်ရှိ အလောင်းများမှာ လုရှောင်ယန်၏ မနီးမဝေးသို့ ကျလာကြသည်။
ကောင်းကင်ယံမှ ဓားနတ်ဆိုးဂိုဏ်းသားမှာတံတွေးထွေးလိုက်ပြီး
"နားမလည်တဲ့ ငတုံးအုပ်စု!"
"ဓားနတ်ဆိုးဂိုဏ်းဆီ ပြန်ပြီးသောက်ကြစို့။"
တောင်ဟာ တစ်ဖန်ပြန်ကာတိတ်ဆိတ်သွားလျက် လုရှောင်ယန်အား အတွေးများဖြင့် တစ်ယောက်တည်းချန်ရစ်ခဲ့လေသည်။
နတ်ဘုရားလောကက ဒီလောက်တောင်... အန္တရာယ်များတာလား။
လုရှောင်ယန်သည် ၎င်းတို့မှာ အခြားသူများ၏လက်နက်အား အဘယ်ကြောင့် လုယူသွားသည်ကို နားလည်နိုင်သေးသည်။ သို့သော်လည်း တစ်ဖက်လူက ဂိုဏ်းထဲဝင်ရောက်ရန် ဆန္ဒမရှိခြင်းကြောင့် ထိုလူများကို သတ်ပစ်ရန်မှာ တကယ်ပဲ လိုအပ်ပါရဲ့လား။
ဒါတကယ် မရက်စက်လွန်းဘူးလား။
တစ်ခဏမျှတွေးတောပြီးနောက် လုရှောင်ယန်မှာဟာ နောက်ပြန်လှည့်သွားတော့သည်။
ဂူထဲပြန်ရောက်ပြီးနောက်တွင်မူ လုရှောင်ယန်ဟာ ထိုအကြံမှာ မကောင်းဟုတွေးမိလိုက်သည်။
...
သူသာ တစ်ယောက်တည်းဆိုလျှင် ဒီနေရာမှာပဲ နှစ်တစ်သောင်းလောက်ကြာအောင် ပုန်းအောင်းနေပြီး ထွက်လာမှာပင်မဟုတ်ချေ။ အထီးကျန်သည်ဟုလည်း မခံစားရပါစေ။
သို့သော် ပြဿနာမှာ သူ၏တပည့်များအားလုံးက အပြင်တွင်ရှိနေခြင်းဖြစ်သည်။ တစ်ယောက်ယောက်က သူတို့ကိုအနိုင်ကျင့်နေပြီး သူသာအချိန်မီမကယ်တင်နိုင်လျှင် မည်သို့ဖြစ်မည်နည်း။
သူ၏တပည့်များမှ သာမာန် တိုက်ပွဲငယ်များတွင် ပါ၀င်မှာကို သည်းခံနိုင်သေးသည်။ သို့သော် သူတို့သာ အသတ်ခံရပါက ပြန်လည်ရှင်သန်စေနိုင်ရန် နှစ်အနည်းငယ် အချိန်ယူရပေမည်။ ဒါက သူ့ရဲ့ ကျင့်ကြံခြင်းကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား။
"မဟုတ်သေးဘူး။ ငါတစ်ခုခုတော့ကြံရမယ်။"
လုရှောင်ယန်ဟာ မျက်လုံးများ မှေးမှိန်မသွားမီအထိ ခဏမျှ တွေးတောနေသည်။
"ဒါနဲ့ ဝမ့်ခိုက်ကငါ့ကို ကိုယ်ပွားတစ်ခုဖန်တီးနိုင်တဲ့ ကျင့်စဉ်ပေးထားခဲ့တယ်မဟုတ်လား။"
သူက လက်ခုပ်တီးလိုက်ပြီး ထိုကိုယ်ပွားကို အရင်လေ့လာကြည့်သည်။
...
လတစ်ဝက်လောက်ကြာသောအခါ လုရှောင်ရန်မှာ ကျင့်ကြံခြင်းမှနိုးထလာကာ မျက်လုံးများအား ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သူ့ရှေ့ရှိ သူနှင့်ထပ်တူကျနေသော ကိုယ်ပွားမှာ သူနှင့်ကျင့်ကြံဆင့်ပင်တူညီနေသည်ကို မြင်လိုက်ရသောအခါနှုတ်ခမ်းထောင့်များပင် မထိန်းနိုင်ဘဲကွေးညွတ်သွားလေသည်။
ဒါက တကယ့်ကို အရည်အချင်းကောင်းပင်။ သူနှင့်ဆင်တူညီသော ကျင့်ကြံဆင့်ဖြင့် ကိုယ်ပွားအားဖန်တီးပြီးနောက် ထိုကိုယ်ပွားသည် သူ၏ထိန်းချုပ်မှုအောက်၌ ရာနှုန်းပြည့်ရှိရုံသာမက သူ့ကို သစ္စာမဖောက်ဘဲ အချိန်တိုင်း၊ နေရာတိုင်းတွင် သတင်းပေးပို့နိုင်သည်။ ထိုကိုယ်ပွားမှာ သေဆုံးသွားခဲ့လျှင်ပင် ၎င်းသည် သေဆုံးချိန်ရှိ သတင်းအချက်အလက်များကိုပင် ပြန်လည်ပေးပို့မည်ဖြစ်သည်။
ပိုမိုအရေးကြီးဆုံးမှာ ထိုကိုယ်ပွား၏ သေဆုံးမှုသည်ပင် လုရှောင်ယန်အား ထိခိုက်အနာတရမဖြစ်စေနိုင်ပေ။
ဒါဟာ တကယ်ကိုအရည်အချင်းကောင်းပင်။
သူဟာ ကိုယ်ပွားအတွက် နတ်ချပ်ဝတ်တန်ဆာအား တပ်ဆင်ပေးလိုက်သည်။ ထို့နောက် နတ်လက်နက်အားပေးပြီးသည်တွင် ကိုယ်ပွားအား ဂူအပြင်သို့ ကန်ထုတ်လိုက်လေသည်။
"အနီးအနားကမြို့တွေကို မြန်မြန်သွားပြီးတော့ တပည့်လေးတွေအကြောင်းစုံစမ်းလာခဲ့။ နတ်ဘုရားလောကအကြောင်းလည်း ပိုသိအောင်ရှာလာခဲ့။"
"ကောင်းပါပြီ။"
ကိုယ်ပွားထွက်သွားသောအခါ လုရှောင်ယန်က စတင်၍တွေးတောလိုက်သည်။
"ဒါကမလုံလောက်သေးဘူး။ ငါ့ရဲ့အခုကျင့်ကြံဆင့်က အရမ်းအားနည်းနေသေးတယ်။ ငါပိုပြီးတိုးတက်ဖို့ နည်းလမ်းတစ်ခုထပ်ရှာရမယ်။"
ယဲ့ချန်ကိုသတ်ခဲ့တဲ့ နှစ်နှစ်အကြာတုန်းက ဝမ့်ခိုက်ကသူ့အား နက်နဲမှုဟုခေါ်ဆိုသည့် အရာလည်းပေးခဲ့သေးဟန်တူသည်။
ထိုအရာအား နတ်လက်နက်အဆောင်အယောင်များနှင့် ကျင့်ကြံခြင်းပေါ်တွင် အသုံးပြု၍ရနိုင်သည်။
သူ... နေမင်းဖြိုခွင်းနတ်လေးကိုင်းကို အဆင့်မြှင့်တင်သင့်လား။
နေမင်းဖြိုခွင်းနတ်လေးကိုင်းမှာ အဝေးမှသာမက အနီးကပ်တိုက်ခိုက်မှုများတွင်ပါအသုံးပြုနိုင်သည်။ ၎င်းမှာ အတော်ကောင်းမွန်သော နတ်လက်နက်ဖြစ်၏။
ထိုသို့ဆို၍ ထိုလက်နက်မှာ အင်မတန်အားကောင်းပါသော်ငြား ၎င်းမှာ အသုံးပြုသူ၏ ခွန်အားနှင့်လည်း အဓိကသက်ဆိုင်နေသေးသည်။
ကျင့်ကြံသူ၏ခွန်အားမလုံလောက်လျှင် ထိုလက်နက်မှာ အစွမ်းထက်လိမ့်မည်မဟုတ်ချေ။ ဥပမာအားဖြင့် ထိုလက်နက်ဖြင့် နတ်ဘုရားဧကရာဇ်ကို ပစ်ရန် အသုံးပြုပါက လုရှောင်ယန် ခန့်မှန်းမိသည်မှာ ထိုသူသည်နာကျင်မှုကိုပင် မခံစားရနိုင်ချေ။
ဘာကြောင့် စစ်မှန်သောအမြင်အာရုံသုံးပါးကို ပိုအားကောင်းဖို့ မသုံးရမှာလဲ။
စစ်မှန်သောအမြင်အာရုံသုံးပါးရဲ့ စွမ်းအားက သံသယဝင်စရာကိုမရှိဘူး။
ဒါ့အပြင် ဒါက သူ့ရဲ့ပိုင်ဆိုင်မှုလည်းဖြစ်သည်။
နေမင်းဖြိုခွင်းနတ်လေးကိုင်းကိုသာ ပျောက်ဆုံးသွားစေခဲ့လျှင် ပြန်လည်ရှာတွေ့နိုင်မှာမဟုတ်တော့ချေ။ သို့သော် စစ်မှန်သောအမြင်အာရုံသုံးပါးမှာမူ မပျောက်ဆုံးနိုင်ချေ။ ဘယ်သူကများ တစ်ယောက်ယောက်ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ဖို့လောက်ထိ ထူးဆန်းနေမှာလဲ။
ဒါပေါ့၊ ဒါကတကယ့်ပြဿနာတော့မဟုတ်ပါချေ။ အဓိကပြဿနာမှာ စစ်မှန်သောအမြင်သုံးပါးတွင် လွတ်မြောက်ရန် ကြီးမြတ်သောအာကာပြင် ဖြိုခွဲခြင်းခြေလှမ်းကျင့်စဉ်ရှိနေခြင်းပင်။ လှုပ်ရှားမှုနည်းစနစ်များကို ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်သေးသည်။
တကယ်တော့ ဒီကောင် ဟန်ကျန့်လည်း ထွက်ပြေးဖို့အတွက်နဲ့ သူ့ကိုယ်သူ နာမည်ပေးခဲ့တာ မဟုတ်လား။
ထိုအရာအားတွေးမိရင်း လုရှောင်ယန်သည် နက်နဲသောဝိညာဉ်အား စစ်မှန်သောအမြင်သုံးပါးတွင် ထည့်သွင်းရန် တုံ့ဆိုင်းမနေတော့ပါချေ။
ဖြစ်စဉ်တစ်ခုလုံးအတွက် လတစ်ဝက်ကြာသွားသည်။
လတစ်ဝက်ကြာသောအခါ လုရှောင်ယန်မှာ ကျင့်ကြံနေရာမှာ နိုးလာ၏။ စစ်မှန်သောအမြင်သုံးပါးက နက်နဲသောအဆင့်ကိုရောက်သည်ထက် ပိုကောင်းသည့်အရာမှာ လွန်ခဲ့သောလဝက်က အပြင်လောကသို့ရောက်ရှိနေသော ကိုယ်ပွားထံမှ သတင်းရခြင်းပင်။
တကယ်ကိုပဲ လုရှောင်ယန်ကိုယ်တိုင်ကိုယ်ကျ မထွက်သွားဘဲ အပြင်ထွက်ပြီး စုံစမ်းဖို့ရာ ကိုယ်ပွားတစ်ခုအား ဖန်တီးရန် ရွေးချယ်လိုက်သည်က အင်မတန်ကို ထက်မြတ်သည့် ရွေးချယ်မှုဟုပင်ဆိုနိုင်သည်။
ထိုလဝက်အတွင်းတွင် လုရှောင်ယန်၏ကိုယ်ပွားသည် နတ်ဘုရားအဆင့်ကျင့်ကြံသူ ဆယ့်ငါးယောက်ကို သတ်ပစ်ခဲ့သည်။ ပျမ်းမျှအားဖြင့်ဆိုရလျှင် သူသည် တစ်နေ့လျှင် နတ်ဘုရားအဆင့်တစ်ဦးအား သတ်ပစ်ခြင်းပင်ဖြစ်သည်။
ဒီနတ်ဘုရားလောကမှာ အင်မတန် အန္တရာယ်များလှသည်။
အမ်း~~
ကံကောင်းလို့ သူဟာဉာဏ်ကောင်းနေသည်။ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်နှင့်သာ ထွက်ရလျှင် မည်မျှ အန္တရာယ်များနိုင်မည်မှန်း မသိချေ။
သို့သော် ကောင်းသည့်အရာမှာ သူ၏ကိုယ်ပွားသည် နတ်ဘုရားလောကနှင့် ပက်သက်သည့် သတင်းအတော်များများအား ရရှိလာခဲ့သည်။
ပထမဦးစွာ ဤနေရာအား အပြစ်သားမြို့တော်ဟု ခေါ်တွင်သည်။
အနီးတဝိုက်ရှိ လူအများစုသည် လေလွင့်ကျင့်ကြံသူများဖြစ်သည်။ ဤနေရာတွင် နတ်ဘုရားလောက၏ ဂိုဏ်းအချို့လည်း ရှိသည်။
ဒီနေရာတွင် ခွန်အားပိုကြီးသည့်သူက သခင်ဖြစ်သည်။
တစ်ယောက်ယောက်ထံတွင် စွမ်းရည်မရှိဘဲ အဖိုးတန်သောအရာတစ်ခုခုရှိပါက ထိုသူမှာ အသားတုံးများအဖြစ်သို့ မိနစ်ပိုင်းအတွင်း လှီးဖြတ်ခံလိုက်ရမည်ဖြစ်သည်။
ဒုတိယအနေဖြင့် လုမျိုးနွယ်စုအကြောင်းကိုလည်း လေ့လာလိုက်ရသည်။
လုရှောင်ယန်အားပျော်ရွှင်စေသည့်အရာမှာ လုမိသားစု၏အမည်သည် ယခုအထိသျှမ်းသျှမ်းတောက်နေဆဲဖြစ်သည်။
သူတို့သည် နတ်ဘုရားလောက၌ အင်မတန်မှစွမ်းအားကြီးလှသော မျိုးနွယ်စုတစ်ခုဟုလည်း ဆိုကြသည်။ အနည်းဆုံးတော့ ဒီအပြစ်သားမြို့တော်ကဲ့သို့ နေရာမျိုးနှင့် နှိုင်းယှဉ်လိုက်လျှင် သူတို့ဟာ ကြီးမားသော တည်ရှိမှုတစ်ခုပင်။
ဒါက အတော်လေးသက်တောင့်သက်သာဖြစ်စေသည်။ သူသည် ရေတိုတွင် ပန်းတိုင်အသေးလေးတစ်ခုအား ချမှတ်ကာ ဆက်လက်ပုန်းအောင်း ကျင့်ကြံခြင်းမပြုမီတွင် လုမျိုးနွယ်စုနှင့် ပူးပေါင်းနိုင်သည်။
တည်တည်ငြိမ်ငြိမ်!
သို့သော်၊ နောက်ထပ်ပြဿနာတစ်ခုရှိနေသေးသည်။ သူဟာ တပည့်တွေအကြောင်း မကြားရသေးချေ။
ဒီကောင်တွေ ဘယ်ရောက်သွားကြတာလဲ!
သူတို့ ဒုက္ခတစ်ခုခုနဲ့များ ကြုံနေရတာလား။
သို့ရာတွင် သူတို့သည် မသေကြသေးပေ။ သူတို့သေဆုံးပါက ရှန်းထီကျောက်ရှင်အမှတ်အသားတွင် ပေါ်လာလိမ့်မည်။ ထိုသည်အား လုံးဝ အတုမလုပ်နိုင်ပါချေ။
ထို့အပြင် သူတို့၏ ကျင့်ကြံဆင့်မှာ အမှန်ပင် တိုးတက်လာခဲ့သည်။ ဒီလိုသာမဟုတ်ပါက သူ၏ကိုယ်ပိုင် ကျင့်ကြံဆင့်သည်လည်း အများကြီး တိုးတက်လာမည် မဟုတ်ချေ။
ယုတ္တိရှိရှိပြောရလျှင် သူတို့အကြောင်းအားသိရှိရန် ဒုက္ခမရောက်သင့်ပါချေ။
"အိုး! ငါနားလည်ပြီ!"
လုရှောင်ယန်၏ မျက်လုံးများမှာ ချက်ချင်းပဲတောက်ပသွားသည်။
သူနားလည်ပြီ!
ဟားဟားဟားဟား...
သူ့တပည့်တွေကလည်း သူ့လိုပဲဖြစ်သည်။ သူတို့ဟာ သိုသိုသိပ်သိပ်နေထိုင်လျက် သူတို့၏စွမ်းအားများ တိုးတက်လာဖို့သာ မှန်မှန်လေ့ကျင့်နေကြလောက်သည်။
ထိုအချိန်တွင်တော့ လုရှောင်ယန်မှာ တော်တော်လေးသက်သာရာ ရသွားခဲ့သည်။
သူ့တပည့်တွေလည်း နောက်ဆုံးတော့ သိုသိုသိပ်သိပ်နေပြီး ပုံမှန်လေးတိုးတက်ဖို့ကို သင်ယူနိုင်သွားပြီပဲ။
ထိုကလေးများသာ ကောင်းကောင်းကျင့်ကြံနေနိုင်သရွေ့ သူတို့၏ကျင့်ကြံဆင့်များသည် နှစ်အနည်းငယ်အကြာတွင် ကြီးမားသော အဆင့်သို့ရောက်ရှိနိုင်ပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် သူဟာ မြစ်ချောင်းတောင်တန်းများအား တိုက်ကွက်တစ်ခုနှင့်ပင် ဖြတ်တောက်နိုင်လိမ့်မည်။
ထိုအချိန်တွင် သူဟာ သူ့ရဲ့တပည့်ငယ်များနှင့် တပည့်ကြီးများအား မကာကွယ်နိုင်ခြင်းကြောင့် ပူပန်စရာလည်းလိုလိမ့်မည် မဟုတ်တော့ချေ။
ဤသည်ကိုတွေးမိသည်နှင့် လုရှောင်ယန်ဟာ ပျော်ပျော်ကြီး ထပ်မံကျင့်ကြံချင်သွားပြန်သည်။
သူ၏ကျင့်ကြံဆင့်ကို မြန်မြန်တိုးမြှင့်ရမည်။ သူ၏ ကျင့်ကြံဆင့် တိုးသွားသည်နှင့် ဂူအပြင်သို့ထွက်ပြီး လုမျိုးနွယ်စုထံသို့ ပထမဆုံးသွားရမည်။
မတိုင်ခင်က တပည့်များအား လုမျိုးနွယ်စုထံတွင် သူ့အားလာရောက်ရှာဖွေရန် ပြောထားခဲ့သည်လေ။ တစ်ယောက်ယောက်က လုမျိုးနွယ်စုရဲ့နေရာကိုသိပြီး အဲ့ဒီနေရာကို သွားခဲ့လေသလားဟု တွေးတောနေမိသည်။
…
ဝူရှူးမြို့တော်၊ ဓားနတ်ဆိုးဂိုဏ်း။
ထိုအခိုက်တွင် ဓားနတ်ဆိုးဂိုဏ်းမှ အကြီးအကဲများသည် ဓားနတ်ဆိုးဂိုဏ်း၏ အခြားသော ဂိုဏ်းသားတပည့်များနှင့် အတူ အခြားသောဂိုဏ်းမှအကြီးအကဲများနှင့် တပည့်များ၏ အုပ်စုအရှေ့တွင် ဒူးထောက်နေကြသည်။
"အကြီးအကဲကျွင်း၊ ကျုပ်တို့ နတ်သလင်းကျောက် ငါးသိန်းနဲ့ အဆင့်နိမ့် နတ်လက်နက်တစ်ခုကို စုဆောင်းခဲ့ပါတယ်။ ဒါက ကျုပ်တို့ဓားနတ်ဆိုးဂိုဏ်းမှာ ရှိတာအကုန်ပါပဲ။ အခုဓားနတ်ဆိုးဂိုဏ်းကနေ ထွက်သွားပေးဖို့ တောင်းဆိြပါတယ်!"
ကျွင့်ပုကျန်း၏ အမူအရာမှာ ဖတ်ရခက်နေသည်။
"အဘိုးကြီးရွှီ၊ ကျုပ်ကိုခက်ခဲအောင် လုပ်နေတာလား…။"
***
စာစဉ် ၂၀ ပြီး၏။