အခန်း (၂၈၆-၂၉၀)
Vol. 20 Ch. 286-290
အပိုင်း ၂၈၆ အနေထားနိမ့်ကျသည့် ဂိုဏ်းတစ်ဂိုဏ်းမျှသာ…
"ဒါပေမယ့် အဲ့ဒီအချိန်မှာ လက်ဆောင်အိတ်တွေအများကြီးကို ငါဖွင့်နိုင်လောက်တယ်။ ဒီအချိန်မှာ ပစ္စည်းကောင်းတချို့ ရနိုင်မယ်လို့ ငါမျှော်လင့်တာပဲ။"
လုရှောင်ယန်က လက်ဆောင်အိတ်ပေါင်းများစွာကို ရရှိခဲ့သည်။
လောလောဆယ်တွင် ဝမ့်ခိုက်လည်း အဆင့်ပေါင်းများစွာ တိုးတက်ခဲ့ပြီး တပည့်များသည်လည်း အလွန်အဆင့်မြင့်လာသောကြောင့် သူတို့ကိုယ်ကို အဆင့်နိမ့်နေဖို့က မဖြစ်သင့်တော့ပေ။
မကြာမီ လုရှောင်ယန်က ပထမဆုံး လက်ဆောင်အိတ်ကို စဖွင့်လိုက်သည်။
ရှစ်ထုန်လင်းရှီ x 98765
အင်း… အဖွင့်ကတော့ အရမ်းကောင်းတော့သည်။ အင်ပါယာနှင့်ဆိုင်သော စစ်သည်အားလုံးကို နတ်စစ်သည်များ အဖြစ်သို့ တက်လှမ်းရန် လုံလောက်သော ရှစ်ထုန်လင်းရှီ ကျောက်တုံးများစွာ ရှိနေခဲ့သည်။
ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ်သို့ တက်လှမ်းရန် ရှစ်ထုန်လင်းရှီ ကျောက်တုံးကို အသုံးပြုရသည်။
အကောင်းဆုံးပဲ။
ဒုတိယလက်ဆောင်အိတ်…
ရှစ်ထုန်ကျင်းယီ x 180
ဒုတိယလက်ဆောင်သေတ္တာက စိတ်ဝင်စားစရာ နည်းလေသည်။
သို့သော် ရှစ်ထုန်ကျင်းယီက နတ်ဘုရား၏ ဝိညာဉ်ကျောက်တုံးစစ်စစ်နှင့် သက်ဆိုင်ပြီး ရှစ်ထုန်ဝိညာဉ်ကျောက်တုံးက သိုင်းပါရမီများ၏ စစ်မှန်သောအဓိပ္ပာယ်နှင့် သက်ဆိုင်လေသည်။
ရှစ်ထုန်ကျင်းယီသည် ထိုသိုင်းပါရမီများထက် များစွာ ပိုမြင့်ပြီး ဤဖလှယ်မှုအချိုးက ဘာမှ မမှားပုံပါပဲ။
ထိုအရာကို ပြောရလျှင် အရာအားလုံးသည် ဝမ့်ခိုက်သိမ်းဆည်းထားတာဖြစ်ပြီး ဝမ့်ခိုက်သည် ၎င်းထဲရှိ ပမာဏကို တိုးစေနိုင်တာလား(သို့မဟုတ်) ပစ္စည်းကောင်းတချို့ကို ပေးနိုင်လားဆိုတာကို သူမသိပေ။
"ဝမ့်ခိုက်"
[လာပါ… လာပါ.. သခင်… ငါလာပြီ]
ဝမ့်ခိုက်၏ငွေဝံပုလွေပုံသဏ္ဍာန်က လျှာထုတ်ပြီး အမြီးနှန့်ကာ ထွက်ပေါ်လာသောကြောင့် လုရှောင်ယန်၏မျက်ခုံးများက အနည်းငယ် မြင့်တက်သွားတော့သည်။
၎င်းက ဝံပုလွေတစ်ကောင်နှင့်တူလျှင်တောင်မှ ခွေးတစ်ကောင်က
ခွေးတစ်ကောင်တော့ ဖြစ်နေသေးသည်။
"လက်ဆောင်အိတ်ထဲ နောက်ထပ်ပစ္စည်းတွေကို မင်း ထည့်ပေးလို့ရမလား? ဒီလက်ဆောင်အိတ်ထဲက ပစ္စည်းတွေ အားလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာရှိတာ မဟုတ်လား?"
[ရတာပေါ့!]
“ဒါဆို ငါ့ကို ပစ္စည်းနည်းနည်းလောက် ထပ်ကူထုတ်ပေးဦး။ ငါ နတ်ဘုရားအဆင့်ကို ရောက်သွားကတည်းက ဒီအဆင့်နိမ့်ကမ္ဘာရဲ့ ဝိညာဉ်စွမ်းအားတွေကို စုပ်ယူတာက အသုံးမဝင်တော့ဘူး။”
[ကိစ္စမရှိဘူး]
စကားများ ပြောပြီးသည်နှင့်တပြိုင်နက် ဝမ့်ခိုက်က ငွေရောင် ရောင်ခြည်တန်းတစ်ခုအဖြစ်သို့ ပြောင်းသွားကာ လုရှောင်ယန်၏ ခုတင်သို့ တဟုန်ထိုးပြေးသွားပြီး လူပုံစံတစ်ခုသို့ ထပ်ပြောင်းသွားခဲ့သည်။
ထို့နောက် ဘေးမှ ထိုင်ခုံလွတ်တစ်ခုကို ပုတ်လိုက်သည်။
[သခင် … မြန်မြန်လာ]
လုရှောင်ယန်၏ခေါင်းထဲတွင် အသေးစားမေးခွန်းပေါင်းများစွာ ပေါ်လာသဖြင့် သူ့ခေါင်းကို ယမ်းလိုက်သည်။
ဝမ့်ခိုက်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
[သခင်… အသီးအနှံများများကို ရိတ်သိမ်းချင်ရင် သခင် အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ကြိုးစားမှုရဲ့ရလဒ်တိုင်းနဲ့အတူ ဆုလာဘ်တွေကိုလဲ သခင် ရိတ်သိမ်းရလိမ့်မယ်]
လုရှောင်ယန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းကိုသာ ချလိုက်လေတော့သည်။
"ကောင်းပြီ။ မင်းက အရမ်းတောင့်တနေမှတော့ ငါ မင်းကို ဖြည့်ဆည်းပေးရမှာပေါ့။"
ဝမ့်ခိုက်က သူ့မျက်နှာကို လက်ဖြင့်အုပ်ကာ တခိခိရယ် လိုက်တော့သည်။
သို့သော် သူမ စိတ်ကြီးမဝင်နိုင်မီ လုရှောင်ယန်က နတ်လက်နက်တစ်ခုအဖြစ်သို့ ထုလုပ်ထားသော တိုင်အာဓါးရှည်အား ထုတ်ယူလိုက်တာကို သူမ တွေ့လိုက်ရသည်။
ဝမ့်ခိုက်၏ မျက်နှာပေါ်ရှိ အပြုံးက ရုတ်ချည်း ရပ်တန့်သွားတော့သည်။
[သခင်… ဘာလုပ်နေတာလဲ?]
"မင်း ဓားနဲ့အထိုးခံချင်နေတာမဟုတ်ဘူးလား? အခုတင်ပဲ မင်းအရမ်းအထိုးခံချင်နေတဲ့ပုံဖြစ်နေတာ မဟုတ်ဘူးလား? ငါ မင်းစိတ်ကျေနပ်အောင် လုပ်ပေးမှာပါ။ ဒါကို တွေ့ဖူးလား? ဒီတိုင်အာဓားရှည်က အခုလေးတင်မှ ထုလုပ်ထားတာ။ မင်းရဲ့တောင့်တမှုတွေကို တစ်ချက်တည်းထိုးပြီး ဖြေရှင်းပေးမယ်။ သေချာပေါက် မင်းမကျေမနပ်မဖြစ်စေရဘူး၊ အာမခံတယ်”
ဝမ့်ခိုက်: "..."
[အဟွတ်… သခင်… အရမ်း အကြမ်းမဖက်ပါနဲ့။ ငါတို့အားလုံးက တစ်ဖွဲ့ထဲသားတွေပါ။ ပြီးတော့ ငါတို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရိုးသားမှုကို ငါတို့ အာရုံစိုက်ထားရမယ်… ]
လုရှောင်ယန်က တိုင်ဟာဓားရှည်ကို ပြန်ရုတ်လိုက်ပြီး ကံကောင်းခြင်းရွှေနဂါးကင်တစ်ခုကို ဝမ့်ခိုက်အား ပေးလိုက်သည်။
“ဒီမှာ ငါတို့က မိတ်ဆွေတွေဆိုမှတော့ ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ဝိညာဉ်စွမ်းအားနည်းနည်းလောက် လွှဲပြောင်းပေးပါလား။”
ဝမ့်ခိုက် မျက်မှောင်ကြုတ်သွားတော့သည်။
[ သခင်… သခင့်ကို ဒီကံကောင်းခြင်းရွှေနဂါးကို ပေးထားတဲ့သူက ငါပါ။ ဒါနဲ့ ငါ့ကိုပြန်ပြီး လက်ဆောင်ပေးချင်နေတာလား? ဘာပဲဖြစ်ဖြစ် ငါက အလေးအနက်ထားဖွယ်ရာစနစ်တစ်ခုပါ။ ငါ့ကို နည်းနည်းလောက် လေးစားပေးနိုင်မလား?]
လုရှောင်ယန်က သူမအား ဖျတ်ကနဲကြည့်လိုက်သည်။ အတည်ပါလား?
ဒီစကားတွေကိုသာ တခြားလူတွေကြားသွားရင် ခေါင်းပြုတ်ကျမတတ် ရယ်ကြတော့မှာပဲ။
ဘယ်စနစ်ကများ တစ်နေ့ တစ်နေ့ သူ့သခင်နဲ့အိပ်ဖို့အရေးကိုပဲ ခေါင်းထဲ ထည့်နေလို့လဲ?
တခြားစနစ်တွေက အတည်ပေါက်ရှိတာ မရှိတာကို ထားတော့ ဒီဝမ့်ခိုက်ကတော့ လုံးဝအလေးအနက်မရှိတဲ့သူပဲ။
ဤဝမ့်ခိုက်သည် အရင်က ဆရာကြီးတစ်ယောက် ဖြစ်ခဲ့မလားဟု လုရှောင်ယန် သံသယဝင်မိသည်။ သို့သော်လည်း အခုလက်ရှိတွင်တော့ သူက သူ့ကိုယ်သူ စနစ်အဖြစ် ဖော်ညွှန်းနေပေသည်။
"မင်းက နာခံတယ်၊ ငါ့ကို ကောင်းတဲ့ဟာပေးတယ်၊ ငါ့ရဲ့ကျင့်ကြံတာ အောင်မြင်တဲ့အခါ မင်းအတွက် ရုပ်ဖြောင့်တဲ့လူတစ်ယောက်ကို ငါသေချာပေါက် ရှာပေးမယ်။"
ဝမ့်ခိုက်၏မျက်နှာက ရုတ်ချည်း အေးစက်တင်းမာသွားပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ လုရှောင်ယန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။
[သခင်က အရူးကြီးပဲ!]
လုရှောင်ယန် အနည်းငယ် ကြက်သေသေသွားခဲ့သည်။ ဝမ့်ခိုက်က တကယ် စိတ်ဆိုးသွားတာ ဖြစ်လောက်လား? သူ့ဟာသူ တကယ် စိတ်ကူးယဉ်ထားတာ ဖြစ်နိုင်လောက်လား?
ဤအရာက လုရှောင်ယန်ကို ပို၍ပင် စိတ်ရှုပ်စေခဲ့သည်။
ယုတ္တိရှိရှိပြောရလျှင် ဝမ့်ခိုက်သည် အတိတ်ကိုသိသူဖြစ်သဖြင့် သူနှင့် တစ်ခေတ်တည်းတွင် ရှိခဲ့သည်ဟု ဆိုလိုပေသည်။
ဒါဆို သူက ဘယ်သူလဲ?
၎င်းနှင့်ပတ်သက်ပြီး အချိန်အတော်ကြာ စဉ်းစားပြီးနောက် လုရှောင်ယန်မှာ အဖြေမရှာနိုင်သောကြောင့် လက်ဆောင်သေတ္တာကို ထပ်ဖွင့်လိုက်လေသည်။
လင်းလော့တန် x 10000
လင်းလော့တန်ဆိုသည်မှာ ကျင့်ကြံရာတွင် နတ်စွမ်းအင်ပြတ်လပ်မှုကို အစားထိုးနိုင်ပြီး တိုက်ပွဲတွင်လည်း ထိုပြတ်လပ်မှုကို အစားထိုးနိုင်သော နတ်စွမ်းအင်များစွာ ပါဝင်သည့် နတ်ဘုရားများ၏ ပြဒါးရှင်လုံးဖြစ်သည်။
လုရှောင်ယန်၏ နှလုံးသားများက ခဏမျှ ရပ်တန့်သွားပြီးနောက် သူ၏နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားတော့သည်။
“ဒီဝမ့်ခိုက် အပြောဆိုးသလောက် စိတ်သဘောထားလေးကတော့ နူးညံ့သားပဲ။”
လက်ရှိဖွင့်လိုက်သောပစ္စည်းသည် လတ်တလော လုရှောင်ယန် လိုအပ်သော အရာလည်း ဖြစ်လေသည်။
ဥပမာ ဝိညာဉ်စွမ်းအင်မှ နတ်စွမ်းအင် (သို့မဟုတ်) အစီအရင်တစ်ခုအဖြစ်သို့ ပြောင်းနိုင်သည့် အစီအရင်တစ်ခု (သို့မဟုတ်) ဝိညာဉ်စွမ်းအင်၏ စုပ်ယူခြင်းကို မြှင့်တင်သော မှော်လက်နက်။
ဤနည်းဖြင့် အမည်မဲ့ဂိုဏ်းမှ တပည့်များသည် အချိန်တိုအတွင်း နတ်လောကသို့ တိုးဝင်ကာ ဆက်လက်၍ လေ့ကျင့်နိုင်ခဲ့ကြသည်။
သူတို့၏ စွမ်းရည်ကို ကျင့်ကြံခဲ့ပြီးနောက် အဖမ်းခံရပြီး ကူလီမလုပ်ရဖို့အတွက် ၎င်းတို့ကို ယူပြီး နတ်ဘုရားများ၏အဆင့်သို့ ဝင်ရောက်ခဲ့သည်။
ထိုအရာများအပြင် မှော်လက်နက်များစွာလည်း ရှိသေးသည်။
ထိုလက်ဆောင်သေတ္တာကြီးများကတော့ ပို၍ပင် စိတ်ဝင်စားစရာကောင်းတော့သည်။
နတ်ဘုရားအသုံးအဆောင် ဖန်တီးမှုခေါင်းလောင်း x 1
ထိပ်တန်းနတ်ဘုရားအဆင့် နတ်ဆေးလုံး x 5
်နတ်ဆေးလုံးမျာကို သောက်ပြီးနောက် နတ်အဆင့်တွင်ရှိသည့် သေခါနီးဆဲဆဲ သန်မာသောလူတစ်ယောက်ပင် လုံးလုံးလျားလျား ချက်ချင်း ပြန်ကောင်းလာနိုင်သည်။
၎င်းသည် ချက်ခြင်းကုသနိုင်သော ဆေးတစ်မျိုးဖြစ်သည်။
ရှေးဟောင်း ခုနှစ်ရောင်ခြယ်ဘူးသီး x 1
အရပ်ရှစ်မျက်နှာရှေးဟောင်းပုလဲ x 1
နတ်ဘုရားကျင့်စဉ် အင်ပါယာကြယ်ပွင့် x 1
အင်ပါယာကြယ်ပွင့်ကို အသုံးပြုမည်ဆိုလျှင် အမှတ်အသားပြုလိုက်သည်နှင့် တိုက်ပွဲစွမ်းအား နှစ်ဆတိုးတက်သွားမည်ဖြစ်သည်။
"သေစမ်း၊ လက်ဆောင်အိတ်ထဲကနေ နတ်အသုံးအဆောင်ပစ္စည်းတွေ ရတာက လတ်တလော ရေပန်းစားနေတဲ့ ကစားနည်းများလား?"
နတ်အသုံးအဆောင်တစ်ခု၏အစွမ်းသည် ဘယ်ဟာမဆိုထက် ပိုကောင်းမှန်း လုရှောင်ယန် သိထားသည်။
ယခင်က သူ့တွင် ရှေးဟောင်းပစ္စည်းတစ်ခုသာ ရှိပြီး ၎င်းက နေမင်း
ဖြိုခွင်းနတ်လေးကိုင်းဖြစ်သည်။ သာမန်အားဖြင့် နေမင်းဖြိုခွင်းနတ်လေးကိုင်း၏ ပေါက်ကွဲနိုင်သောအစွမ်းနှင့် ပတ်သက်ပြီး ထပ်ပြောဖို့ မလိုတော့ပေ။
၎င်းနှင့်အတူ လုရှောင်ယန်က လီချင်းဖန်ကို မြားနှစ်စင်းဖြင့် သတ်ပစ်ခဲ့သည်။
နတ်အသုံးအဆောင်ကို ရရှိလိုက်ပြီးနောက် ဟက်ကာများပင်လျှင် ကြွယ်ဝသည့်ကျင့်ကြံသူများထံ၌ ရှုံးရပေဦးမည်မှန်း နားလည်သွားခဲ့သည်။
ဤအချိန်၌ အမည်မဲ့ဂိုဏ်း၏ အပေါ်ရှိ ကောင်းကင်မှ ထွက်လာနေသော အလွန်အမင်းများပြားလှသည့် နိုင်လိုမင်းထက် ပြုမူသော ရောင်ဝါများကို လုရှောင်ယန် ရုတ်တရက် ခံစားလိုက်ရသည်။
"အရမ်းအားကောင်းတာပဲ။ အဲ့ဒါတွေအားလုံးက နတ်ဘုရား ပထမအဆင့်မှာရှိကြတယ်။ ပြီးတော့ ဒီအရိပ်အယောင်ကို သိပ်မရင်နှီးဘူး။ ယဲ့မိသားစု ဖြစ်နိုင်လား?"
လုရှောင်ယန်က မျက်မှောင်ကိုသာ ကြုတ်နေပြီး ချက်ချင်း အပြင်သို့ ကူးပြောင်းလိုက်သည်။
အမည်မဲ့ဂိုဏ်းအပြင်ဘက်တွင် မုန်တိုင်းကြီးတစ်ခု၊ ပြိုကျလာသည့် နက်မှောင်သော တိမ်တိုက်၊ တိမ်လွှာထဲတွင် ဝင်းလက်သွားသော လျှပ်စစ်အလင်း၏ မီးပွားများ ၊ ကြောက်မက်ဖွယ်ရာများအပြည့်နှင့် သတ်ဖြတ်မယ့် ရည်ရွယ်ချက်နှင့် အလွန်စိတ်ကြီးဝင်သော ရောင်ဝါများ ရှိနေခဲ့သည်။
ဤအချိန်၌ လုရှောင်ယန်နောက်တွင်ရှိသော အမည်မဲ့ဂိုဏ်း၏ရင်ပြင်တွင် အမည်မဲ့ဂိုဏ်း၏တပည့်များက အမြန် စုစည်းလာခဲ့သည်။
"ဂိုဏ်းချုပ်၊ ယဲ့မိသားစု ရောက်လာတာလား?"
လုရှောင်ယန်က သူ၏ မျက်လုံးများကို မှေးရင်း ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။
"မဟုတ်လောက်ဘူး။"
သူက ယဲ့မိသားစုကို ဘယ်တုန်းကမှ ရင်ဆိုင်မတိုက်ဖူးခဲ့သော်လည်း ကံတရားက ထိုမျှ တိမ်းညွတ်လိမ့်မည်တော့ မဟုတ်ပေ။
ယဲ့ကျွင်းလင်၏ အင်အားက လီချင်းဖန်ထက် ပိုအားကောင်းမှာ သေချာလေသည်။
ဤနေရာသို့ လာခဲ့သော လူ၏ အင်အားကလည်း အလွန်အားကောင်းပေမယ့် ၎င်းသည် နတ်ဘုရား ပထမအဆင့်တွင်သာ ရှိပြီး ၎င်းက ပြောရလျှင် သာမာန်နတ်ဘုရားအဆင့်၌သာ ရှိသေးသည်။
သူ သံသယရှိသည့်အတိုင်း အလွန်ကြီးကျယ်ခမ်းနားသော အသံတစ်သံက ကောင်းကင်ယံထက်မှ ရုတ်တရက် ထွက်လာခဲ့သည်။
"ကျီဝူရှားကို လွှဲပေး! မဟုတ်ရင် ငဲ့ညှာနေမှာမဟုတ်ဘူး၊ အားလုံးကို သတ်ပစ်မယ်!"
တစ်ဖက်က စကားကို လေသံခပ်တိုးတိုးဖြင့် ဂရုမစိုက်ဟန် ဒေါနှင့်မောနှင့်ပြောလိုက်ပေမယ့် ပြန်ခွန်းတုံ့ပြန်နိုင်ဖွယ် အခြေအနေမျိုး မချန်ခဲ့ပေ။
တခြားဘက်က ကျီဝူရှားအကြောင်း မေးလိုက်တာကို ကြားသောအခါ
လုရှောင်ယန်မှာ ခဏတာမျှ ကြက်သေသေသွားပြီးနောက် သူသည် တစ်စုံတစ်ခုကို စဉ်းစားလိုက်သည်။
ဒါက လင်းမိသားစုကပဲ!
နတ်လောကမှာရှိတဲ့ လင်းမိသားစုပဲ!
အစောပိုင်းက သူသည် ယွင်လီကောနှင့် ကျီဝူရှားတို့အား လင်းမိသားစုကို ဖျက်ဆီးခိုင်းခဲ့သောအခါ ယွင်လီကောက လင်းမိသားစု၏ စမ်းသပ်ကျောက်တုံးကို မတော်တဆ ဖျက်ဆီးမိခဲ့သည်။ ထိုကျောက်တုံးက သတင်းကို နတ်ဘုရားအဆင့်သို့ ပြန်ပို့သော အချက်အလက်ထုတ်လွှင့်ဖို့အတွက် လုပ်ထားသည့် အစီအရင်တစ်ခု လည်း ဖြစ်သည်။
ယခုအခါ နတ်ဘုရားအဆင့်ရှိ လင်းမိသားစုသည် နောက်ဆုံးတွင် တစ်စုံတစ်ယောက်ကို ပြန်ပို့လာခဲ့လေသည်။
"ဆရာ! သူတို့က ဒုတိယအစ်မကို လာရှာကြတာပဲ"
သူက အသံတိုးတိုးနှင့် မပြောပေမယ့် လုရှောင်ယန်က ခေါင်းညိတ်လိုက်သည်။
"သိပြီ။ သူတို့ကို တစ်ယောက်လေးတောင် မလွတ်သွားစေနဲ့လို့ အားလုံးကိုပြောလိုက်။ ဒါပေမယ့် မသတ်ခင် သူတို့မှာ ကြံရာပါရှိသေးလားဆိုတာလည်း သေချာမေးဦး။ လင်းမိသားစုက တစ်ယောက်မှ လွတ်မသွားစေနဲ့။"
"ဟုတ်ကဲ့"
ကောင်းကင်ထက်တွင် လင်းမိသားစု၏ အစွမ်းထက်သော နတ်ဘုရား
နှစ်ပါးက အောက်လိုက်သော်လည်း အောက်ဘက်တွင် ဘာမှ မလှုပ်ရှားတာကို တွေ့လိုက်ရသောအခါ သူတို့၏မျက်နှာများက အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားခဲ့ကြသည်။
"မကောင်းတဲ့ကောင်တွေ... တစ်ယောက်တစ်လေတောင် ရှေ့ထွက် မလာကြဘူး။"
"အဆင့်နိမ့်ကမ္ဘာက အရေးမပါတဲ့သူတွေပဲလေ။ သူတို့ရဲ့ဘောင်းဘီတွေ စိုအောင် ကြောက်နေကြလောက်ပြီ။"
"ဒီလိုဆို နတ်ဘုရားရဲ့ပြစ်ဒဏ်ဆိုတာ ဘယ်လိုမှန်း ပြလိုက်ကြရအောင်။"
...
မဟာကျိုးမင်းဆက်၏ တော်ဝင်မြို့တော်တွင် သဏ္ဍာန်သုံးခုက ဤအချိန်၌ သူတို့ထဲသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
"ဒါက မဟာကျိုးတော်ဝင်မြို့တော်ပဲ။ ဒဏ္ဍာရီအရ ကျီဝူရှားက မဟာကျိုးတော်ဝင်မိသားစုရဲ့ မိသားစုဝင်တစ်ယောက်ပဲ။"
"ငါ့ရဲ့လင်းမိသားစုကို ဖျက်ဆီးချင်တယ်ဆိုမှတော့ မင်းနဲ့အတူ မဟာကျိုးတော်ဝင်မိသားစုကိုပါ တစ်ခါတည်း အပါပို့ပေးရတာပေါ့။"
"မြန်မြန်တိုက်ကြ။ လင်းဝူနဲ့ လင်းသုန်တို့ အဆုံးသတ်ပြီးသွားရင်၊ ကောင်းကင်တာအိုစည်းမျဉ်းတွေရဲ့ စောင့်ကြည့်မခံရအောင် ငါတို့ နတ်လောကကို မြန်မြန်ပြန်မှဖြစ်မယ်။ "
သုံးယောက်က စတင်ရန် ပြင်ဆင်နေစဉ် လမ်းဘေးရှိ ပုံပြောသူက ပြောလာတာကို ရုတ်တရက် ကြားလိုက်ရသည်။
"ဒီနေ့မှာ ကမ္ဘာပေါ်က ကျင့်ကြံသူတွေအားလုံးကို အမည်မဲ့ဂိုဏ်းမှာ စုစည်းလာကြတယ်။ အချိန်တွေ စတင်လည်ပတ်ပါပြီဆိုကတည်းက ပထမဆုံးလို့တောင် ပြောလို့ရတယ်!”
လင်းမိသားစုမှ လူတချို့ မျက်မှောင်ကြုတ်သွားကြသည်။ အမည်မဲ့ဂိုဏ်းဆိုတာ ကျီဝူရှားရဲ့ဂိုဏ်းမဟုတ်လား?
တချို့ကတော့ ဆက်ပြီး နားထောင်ကြလေသည်။
"သန်းရာချီရှိတဲ့ ကျင့်ကြံသူတွေ၊ အင်အား (၁၀၀၀၀၀)၊ သိုင်းဘုရင်အဆင့် (၁၀၀)ကျော် နဲ့ နတ်ဘုရားအဆင့်ရောက်နေတဲ့သူ တစ်ယောက်တောင် ပါသေးတယ်! ဒီလို အဖွဲ့ကြီးကို တိုက်ကြီးက ဘယ်သူကမှ မခုခံနိုင်ဘူးလို့တောင် ပြောလို့ရတယ်။
ဒါပေမယ့် ဘာဖြစ်သွားလဲ မှန်းကြည့်။ အမည်မဲ့ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ လုရှောင်ယန်က သူ့အင်အားနဲ့ သန်းရာချီတဲ့ ကျင့်ကြံသူတွေအပါအဝင် တစ်ကမ္ဘာလုံးကို တစ်ယောက်တည်းနဲ့ ဖိနှိပ်သွားနိုင်ခဲ့တယ်!
နောက်ဆုံးမှာတော့ လူတွေ ထောက်ခံယုံမကဘူး မရေမတွက်နိုင်တဲ့ ဩဇာကြီးတဲ့ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတွေပါ လက်အောက်ငယ်သားတွေအဖြစ် စည်းရုံးခံလိုက်ရတယ်။ အဲ့ဒီ နတ်ဘုရားအဆင့်တောင် သူ့တပည့် ဖြစ်လာတယ်…"
လင်းမိသားစုဝင်များမှာ လှောင်ရယ်ရယ်လိုက်ကြသည်။
ဒီစဉ်းစားဉာဏ်မရှိတဲ့ သေမျိုးတွေကက အလိမ်အညာမှာ ဆရာတစ်ဆူပါလား?
နတ်ဘုရားအဆင့်ရှိတဲ့လူက ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာရော သိကြရဲ့လား?
သူက အဆင့်ပိုနိမ့်တဲ့ ဂိုဏ်းလေးက နတ်ဘုရားအဆင့်ကိုတောင် ဖိနှိပ်ထားချင်တာက အဓိပ္ပာယ်မရှိတာပဲ!
နတ်ဘုရားအဆင့်ရှိသူတစ်ယောက်ကို တပည့်တစ်ယောက်အဖြစ် ခေါ်တာက
ပြောဖို့ပင် လိုမည်မဟုတ်တော့ချေ။
သုံးယောက်သား မထီမဲ့မြင်ပြုလျှက် ပြုံးလိုက်ပြီး သူတို့ စပြောခါနီးတွင် မတော်တဆမှုတစ်ခုက ရုတ်တရက် ဖြစ်လာခဲ့သည်။
သွေးကြောများ ချိတ်ဆက်၍ ဖြတ်တောက်ခံလိုက်ရသော ခံစားချက်က သူတို့သုံးယောက်၏ စိတ်များထဲတွင် ရုတ်တရက် မြင့်တက်လာသောအခါ သူတို့သုံးယောက်အား ငေးစိုက်ကြည့်ဖို့ ဖြစ်လာတော့သည်။
"လင်းတန့်နဲ့ လင်းဝူတို့ သေသွားကြပြီ!"
"ဘယ်လိုဖြစ်နိုင်မှာလဲ? သူတို့နှစ်ယောက်စလုံးက နတ်ဘုရားအဆင့်ကျင့်ကြံသူတွေလေ! ဘယ်လိုလုပ်…"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၈၇ ပုရွက်ဆိတ်များ၏အစွမ်းမြင့်တက်လာတာက မတွေးတတ်အောင်ပါပဲ…
"တစ်ခုခုတော့ မှားနေပြီ။ ပြန်ဆုတ်ကြ!"
ပုံပြောသူ ခုနက ပြောခဲ့သော ပုံပြင်ကို တွေးကြည့် လိုက်သောအခါ လင်းမိသားစုမှ သုံးယောက်မှာ ချက်ချင်း သဘောပေါက်သွားတော့သည်။
လုရှောင်ယန်ဖြစ်ခဲ့တာတွေက အမှန်ဖြစ်နိုင်တာပဲ။
တကယ်တော့ ဒါက အဆင့်နိမ့်သူလောက်သာ ဖြစ်ပေမယ့် သူတို့ကတော့ အရူးများ မဟုတ်ကြပေ။ အတိဒုက္ခကို ဖြတ်ကျော်ပြီးသွားပေမယ့်လည်း နတ်လောကသို့ မသွားလိုကြသည့် အဆင့်နိမ့်တချို့လည်း ရှိမှန်း သူတို့သိကြပေသည်။
သူတို့သည် သာမန်နတ်ဘုရားများလို ကျင့်ကြံနိုင်ပေမယ့် သူတို့ကလည်း နတ်ဘုရားများထဲမှာ အားကောင်းကြသည်။ သူတို့စလိုက်လျှင် သူတို့ကို လွယ်လွယ်နှင့် တိုက်ခိုက်ဖို့က သေချာပေါက် မလွယ်လှချေ။ ဤအချက်ကြောင့် လင်းဝူနှင့် နှစ်ယောက်သည် နိမ့်ကျပြီး အသတ်ခံခဲ့ရတာ ဖြစ်ပေမည်။
ထို့ကြောင့် ထိုလူများက ချက်ချင်းဆိုသလိုပင် အဖြေတစ်ခုကို တွေးခဲ့ကြသည်။
ထိုအရာမှာ နတ်လောကသို့ ပြန်ဆုတ်ဖို့ မိသားစုထံ တောင်းဆိုပြီးမှ ဆုံးဖြတ်ချမှာဖြစ်သည်။
နတ်ဘုရားများ၏ အတွေးများနှင့် လုပ်ဆောင်ချက်များက တူသလောက် နီးနီးပါပဲ။
ဤအတွေးပေါ်လာသည်နှင့် ၎င်းတို့သုံးဦးသည် ပျက်ပြယ်သောအတားအဆီးကို ဆုတ်ဖြဲကာ ဝူဝမ်ပင်လယ်သို့ လမ်းကြောင်းပြောင်းကာ နတ်လောကတံခါးကို ဖောက်ဝင်ကာ နတ်လောကသို့ ပြန်သွားရန် ကြိုးပမ်းကြသည်။
သို့သော် သူတို့သုံးယောက် ဟင်းလင်းပြင်အက်ကွဲကြောင်းမှ ထွက်လာယုံမျှသာရှိသော အခိုက်အတန့်၌ ဓားရောင်ခြည်တန်း တစ်ခုက ရုတ်တရက် ထွက်လာခဲ့သည်။
သူတို့သုံးယောက်ကို ဖမ်းမိသွားပြီး မီတာတစ်သောင်းမျှ ချက်ချင်း ပြန်ရိုက်ချခံလိုက်ရသည်။
"ဒါက အလစ်တိုက်တာပဲ!"
သုံးယောက်သား အံ့အားသင့်စွာ ပြောလိုက်ကြသည်။ ခပ်လှမ်းလှမ်းတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ဖွင့်ထားတာကို တွေ့လိုက်ရပြီး ခံ့ညားထည်ဝါသော ပုံရိပ်တစ်ခုက ၎င်းမှ လှမ်းထွက်လာခဲ့သည်။
၎င်းက ရှီမိသားစု၏ ခေါင်းဆောင်ဖြစ်သူ ရှီချန်းလင်ပါပဲ!
"နတ်ဘုရားအဆင့်ပဲ!"
လင်းမိသားစုမှ တပည့်သုံးယောက်မှာ နောက်တွန့်သွားကြပြီး သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သော တဒင်္ဂအချိန်တွင် တစ်ဖက်က သူတို့လို အင်အားကြီးသော နတ်ဘုရားအဆင့်ဆိုတာကို သူတို့ အသိအမှတ်ပြုလိုက်တော့သည်။
“မင်းတို့ ဒီကို ရောက်နှင့်နေကြပြီပဲ။ မြန်မြန်ထွက်သွားရင် နတ်လောက,ကလူတွေက ဧည့်သည်တွေကို ဘယ်လိုဆက်ဆံရမှန်းမသိလို့ဆိုပြီး ငါတို့ရဲ့ အမည်မဲ့ဂိုဏ်းကို ရယ်ကြမှာ မဟုတ်ဘူးလား?"
ရှီချန်လင်းက စကားသုံးခွန်းကို ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး အေးစက်သောလေသံက သူတို့အား လန့်အောင်လုပ်ခဲ့သည်။
“မရိုင်းနဲ့။ ငါတို့ နောက်ကျ ပြန်တွေ့နိုင်အောင် အသက်ရှင်ခွင့်ပေးလိုက်။ မဟုတ်ရင် မင်းငါတို့ကို သတ်တဲ့အတွက် မင်း နတ်လောကကိုရောက်တဲ့အခါ လင်းမိသားစုက အလွတ်ပေးမှာမဟုတ်ဘူး။”
"တိုက်ဆိုင်လိုက်တာ! ဂိုဏ်းဆရာက မင်းတို့ရဲ့ခွေးအသက်တွေကို ရှင်ခွင့်မပေးဖို့ အမိန့်ပေးထားတယ်။"
သူတို့သုံးယောက်သည် သူတို့၏ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သတ်ဖြတ်ချင်စိတ်များက အပြင်သို့ တဖွားဖွား ပေါ်ထွက်လာတော့သည်။
"လူတွေကို သိပ်ပြီး မလှည့်စားနဲ့! ဒီနေရာမှာ မင်းတို့မှာ နတ်ဘုရားအဆင့်တစ်ယောက်ပဲ ရှိပြီးတော့ ငါတို့မှာက သုံးယောက်တောင်ရှိတာ။ ငါတို့တကယ်တိုက်ချင်ရင် ဒုက္ခရောက်မယ့် လူက ငါတို့မဟုတ်တာ သေချာတယ်!”
ရှီချန်လင်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားတော့သည်။
"ငါနဲ့ အရေအတွက်ချင်း ယှဉ်ချင်တာလား?"
ရှီချန်လင်း၏ အမူအရာကို တွေ့သောအခါ သူတို့သုံးယောက်မှာ ပဟေဠိဖြစ်သွားတော့သည်။ နောက်ထပ်စက္ကန့်ပိုင်းအကြာတွင် ဘယ်ဘက်ခြမ်း၌ အလားတူ အားမပျော့သော ရောင်ဝါတစ်ခု ပေါ်လာတာကို သူတို့ ခံစားလိုက်ရသည်။
ဟင်းလင်းပြင်အက်ကြောင်းတစ်ခုက ချက်ချင်း ပွင့်လာခဲ့သည်။
ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ… နောက်ဆုံးတွင် လေဟာပြင်
အက်ကြောင်း (၁၇)ခု ပွင့်လာတော့သည်။
ဤအရာက လင်းသုံးယောက်၏ပါးစပ်များကို အထိတ်တလန့်ဖြင့်
ဆွံ့အသွားအောင် လုပ်ခဲ့သည်။
ငါတို့ကို လာနောက်နေတာလား?
အဆင့်နိမ့် နတ်ဘုရားအဆင့် ၁၇ယောက်တောင် ပေါ်လာတာလား?
ထို့ပြင် ထို၁၇ယောက်၏ ကျင့်ကြံမှုမှာ တူညီကြသည်။ သူတို့ဂိုဏ်းချုပ်က ဒီမှာမရှိတာ သေချာတယ်။
တစ်နည်းအားဖြင့်ပြောရရင် အဆင့်နိမ့်နတ်ဘုရားအဆင့် အနည်းဆုံး အယောက်(၂၀) (ဒါမှမဟုတ်) ပိုများတဲ့ နတ်ဘုရားတွေ ရှိတာလား?
သူတို့က ရူးမိုက်တာလား?
နတ်ဘုရားအဆင့်သို့ သူတို့ ချိုးဖြတ်ဝင်ရောက်ပြီးပြီ ဖြစ်သောကြောင့်
နတ်ဘုရားအဆင့်သို့ သူတို့မသွားလျှင် အောက်ဘက်တွင် နတ်စွမ်းအားမရှိလို့ သူတို့ဘယ်လို ကျင့်ကြံနိုင်မှာလဲ?
အရူးတွေ!
ဒါက အရူးအဖွဲ့ပဲ ဖြစ်ရမယ်!
သို့သော် ဤအချိန်၌ အရူးတစ်ယောက်ကပင် သူတို့သုံးယောက်အား သေစေလောက်အောင် အားကောင်းနေပြီ ဖြစ်သောကြောင့် သူတို့ရှေ့ရှိ လူ(၁၇)ယောက်ကို ဘယ်သူမှ အထင်မသေးရဲကြချေ။
သူ၏လက်သီးများကို ခပ်တင်းတင်း ဆုတ်ရင်း လင်းမိသားစု၏ ခေါင်းဆောင်ဖြစ်သူက အံတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။
"အားလုံးပဲ ငါတို့လင်းမိသားစုက ဒီနေ့အမှားပြုမိပြီး မင်းတို့ကို စော်ကားမိခဲ့တယ်။ ဒီတစ်ခါတော့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးကြပါ။
ငါ ဒီလောကကို နောက်တစ်ကြိမ် ပြန်မလာတော့ဘူးလို့ အာမခံတယ်။
မဟုတ်လို့ မင်းတို့က အတင်းအကြပ်တိုက်ခိုက်လာမယ်ဆိုရင်တော့ လင်းမိသားစုက သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး။
အားလုံးပဲ နတ်လောကရဲ့ လင်းမိသားစုကို အာခံဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ဘူးနော်။ သိကြမှာပါ။”
သူ့အစီအစဉ်က အတော်လေးကောင်းသည်။ သူသည် လင်းမိသားစုအား လူတိုင်းကို နှိပ်ကွပ်ရန် အသုံးပြုခဲ့သည်။ ပြန်သွားနိုင်သရွေ့တော့ အဆင်ပြေပါတယ်။ ထို့နောက် သူသည် သူ့မိသားစုကို ရှာဖွေပြီး ဤနတ်လောကတံခါးကို စောင့်ရန် လူများကို စေလွှတ်ပေးမည်။ အဲဒီအခါကျမှ ဒီအဆင့်နိမ့်တဲ့ လူတွေကို တစ်ယောက်မကျန် သတ်ပစ်မယ်!
ဒီနေ့ရဲ့ အရှက်ရမှုကို ပြန်လက်စားချေပစ်မယ်။
သို့သော် ထိုလူသုံးယောက်က ကောင်းကောင်း တွေးထားခဲ့သော်လည်း လုရှောင်ယန်၏ လုပ်ဆောင်ပုံက လူသတ်ဖို့နှင့် သူတို့အား သတ်ဖို့ အမြဲတမ်းဖြစ်နေခဲ့တာက သနားစရာပါပဲ။
ရန်သူအား သက်ညှာတာက သူ့ကိုယ်သူ ရက်စက်ရာကျမှန်းကို လုရှောင်ယန်က လူတိုင်းထက် ပိုပြီး ကောင်းကောင်း သိထားခဲ့သည်။
ထိုလူသုံးယောက်ကို သူတို့ သွားခွင့်ပြုလိုက်လျှင် နောက်တစ်ခါ သူတို့
ထပ်တွေ့သောအချိန်၌ သူတို့က သက်ညှာမှာမဟုတ်ပေ။
ထို့အပြင် အမည်မဲ့ဂိုဏ်းမှ တပည့်များက ပို၍ လူမဆန်စွာ ဆက်ဆံပြီး ပိုလွန်ကဲမှာဖြစ်သည်။
သုံးယောက်သား တုံ့ပြန်တာကို မစောင့်တော့ပဲ နတ်ဘုရားအဆင့်ကျင့်ကြံသူ ၁၇ယောက်သည် တပြိုင်တည်း လှုပ်ရှားလာခဲ့ကြသည်။
...
နေ့တစ်ဝက်အကြာတွင် ရှီချန်းလင်၊ ကျွင့်ချန်းမင်နှင့် အခြားသူများသည် အမည်မဲ့ဂိုဏ်းသို့ အသက်ရှင်ရက် ပြန်ရောက်လာခဲ့ကြသည်။
"ဂိုဏ်းခေါင်းဆောင်၊ လင်းမိသားစုရဲ့လူတွေအားလုံး ခေါင်းဖြတ် သတ်ခံရပြီးတော့ တစ်ယောက်တစ်လေတောင် မချန်ထားခဲ့ဘူး။ လူစိတ်မရှိတာပဲ။"
"ဟုတ်လား?"
လူရှောင်ယန် အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။
သူကလည်း နတ်ဝိညာဉ်တချို့ကို ရယူပြီး သူ၏ နတ်ဝိညာဉ်များ တိုးမြှင့်ရန်အတွက် လီကောအား လုံးဝ ချေမှုန်းစေချင်ခဲ့သည်။
သို့သော် ၎င်းနှင့်ပတ်သက်ပြီး စဉ်းစားကြည့်လျှင် နတ်ဘုရားအဆင့်သို့ ရောက်ပြီးတာတောင်မှ ကျင့်ကြံနည်း စနစ်ကောင်းများနှင့် ပါရမီကောင်းများမရှိပဲ နတ်ဝိညာဉ်တစ်ခုကို ကျင့်ကြံနိုင်မည် မဟုတ်ပေ။
လင်းမိသားစုရှိ ထိုတပည့်များအားလုံးက သာမန်အမှိုက်များဖြစ်ကြပြီး သူတို့တွင် စိတ်ဝိညာဉ်မရှိသောကြောင့် သူတို့က ခွင့်လွှတ်နိုင်ကြသည်။
သူတို့မပြောနှင့် လက်ရှိ မျိုးဆက်သုံးဆက်တပည့်များအကြားတွင် သူတို့အားလုံး နတ်ဘုရားအဆင့်၏ ပထမအလွှာသို့ ဝင်ရောက်ခဲ့လျှင်ပင် သူတို့၌ ဝိညာဉ်မရှိသေးပေ။
ဤနည်းတွင် လီကောက တကယ်တော်ပြီး အနည်းဆုံးတော့ သူ၏ ပါရမီက ထိုလူများထက် များစွာ ပိုအားကောင်းတာ သေချာသည်။
"ဒီတစ်ခါလွှတ်လိုက်တဲ့ လင်းမိသားစုတပည့်ငါးယောက်က အခြေခံအကျဆုံး ပထမအဆင့်နတ်ဘုရားတွေချည်းပဲ။ ငါတို့ဘက်က နတ်ဘုရားပထမအဆင့်ကို လွှတ်ရုံနဲ့ အဆင်ပြေတယ်။
ဒါပေမယ့် ငါတို့မှာ ယာယီအားသာချက်တစ်ခု တိုးလာရင်တောင်မှ ဒါကို ငါတို့ ပေါ့ပေါ့တန်တန် မထားသင့်ဘူး။ တစ်ဖက်က နတ်ဘုရားအဆင့်မိသားစုဖြစ်ပြီးတော့ နောက်ခံက အမည်မဲ့ဂိုဏ်း ခုခံနိုင်တဲ့ဟာနဲ့ အလှမ်းဝေးတယ်။"
"ဟုတ်ပါတယ် ဂိုဏ်းခေါင်းဆောင်"
"ခုချိန်မှာ တစ်ဖက်က အဆင့် လွယ်လွယ်နဲ့ မကျနိုင်ဘူး။ ပြီးတော့ အဲ့ဒါကို ချိုးနှိမ်ဖို့ ကောင်းကင်ဘုံစည်းမျဉ်းတွေ ရှိပေမယ့် တစ်ဖက်က မဆင်းနိုင်ဘူးလို့ မဆိုလိုဘူး။ တခြားဘက်က ကောင်းကင်ဘုံ အာရုံခံစားတာကို တားဆီးနိုင်တဲ့ မှော်လက်နက်တချို့ ရတာနဲ့ ဒါက လုပ်လို့ လွယ်သွားလိမ့်မယ်။ ပြီးတော့ ငါတို့ နတ်ဘုရားအဆင့်ကို အနှေးနဲ့အမြန် သွားရလိမ့်မယ်။ နတ်ဘုရားအဆင့်အထက်မှာ မင်းတို့ ထပ်လေ့ကျင်ရင် နတ်စွမ်းအင်တွေကို ရလိမ့်မယ်။ အခု လျှို့ဝှက်နည်းစနစ်တွေနဲ့ စုစည်းဖို့ အစီအရင် နည်းစနစ်တွေကို ငါ သုံးပြီးတော့ ဒီကမ္ဘာရဲ့ ဝိညာဉ်စွမ်းကို နတ်စွမ်းအင်အဖြစ် ချုံ့ပစ်လိုက်တယ်။ ဒါက အထက်အဆင့်ရဲ့ နတ်စွမ်းအင်လောက် မပေါများပေမယ့် (၆၀%)နီးပါးတော့ ရောက်နိုင်သေးတယ်။"
ရှီချန်းလင်နှင့် တခြားလူများ၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားတော့သည်။
တကယ်တော့ သူတို့၏ အကြီးမားဆုံး ပြဿနာက ကျင့်ကြံဖို့ နတ်စွမ်းအင် လိုအပ်တာဖြစ်သည်။
သို့သော် ယခုအခါ လုရှောင်ယန်က နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးသော သူတို့လို စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များအတွက် ကြီးမားသောအရာဖြစ်သည့် ဤပြဿနာကို အတိအကျ ဖြေရှင်းနိုင်ပြီဖြစ်သည်။
သူတို့၏ စိတ်ထဲမှာလည်း ကြည်လင်သွားကြပြီး သူတို့သည် နတ်ဘုရားအဆင့်သို့ ဝင်ခဲ့သည်ဆိုပေမယ့် ဤအရာက နတ်လောကတွင်တော့ စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်လောက်သာ ဖြစ်လေသည်။
ဤအရာက နတ်ဘုရားအဆင့်သို့ သူတို့ ရောက်ခဲ့သော်လည်း နတ်လောကသို့ သူတို့ ဘာကြောင့် ချက်ချင်းမသွားနိုင်ခဲ့သည့် အကြောင်းပြချက်လည်း ဖြစ်လေသည်။
နတ်ဘုရားအဆင့်သို့ သွားပြီးနောက် နတ်အဆင့်ကျင့်ကြံခြင်း နည်းလမ်းကို သူတို့ ရှာဖို့လိုမှာဖြစ်ပြီး သူတို့ဂရုမစိုက်လျှင် အထိမခံသော ဆရာကြီးများနှင့် သူတို့ ကြုံမှာဖြစ်သည်။
တစ်ဖက်ကို သူတို့ ရှုံးနိမ့်ခဲ့လျှင် သလင်းကျောက်တူးဖို့ မိုင်းတွင်းထဲကို ပစ်ချခံရမှာဖြစ်သည်။ ထိုသို့မဟုတ်လျှင်လည်း သံထုရန် ၊ အမြောက်စာ အစရှိသည့် ဖြစ်နိုင်ချေရှိသော အရာအားလုံးဖြစ်ရန် အပို့ခံရမှာဖြစ်သည်။
ဘယ်သူကမှ မမိုက်မဲကြပေ။
ယခုအခါ ၎င်းက လုရှောင်ယန်နှင့်အတူ ပိုနိမ့်သော ပထမအဆင့်တွင် ဘေးကင်းစွာဖြင့် လေ့ကျင့်နိုင်ရန် အကောင်းဆုံးအရာဖြစ်သည်။
၎င်းက သူတို့အားလုံးကို ပို၍ပင် အပြစ်ဆိုဖွယ်မရှိသော နတ်ဘုရားများ၏ ထိပ်ဆုံးစွမ်းရည်သို့ အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာ ဖြစ်သည်။
အနည်းဆုံးတော့ နတ်လောကတွင် ၎င်းက အနိမ့်ဆုံးအဆင့်မဟုတ်ပေ။ သေးငယ်သော ပြဿနာတချို့နှင့် ကြုံကြိုက်လျှင် တိုက်ခိုက်ရန် အင်အားအနည်းငယ်တော့ရှိမှာဖြစ်သည်။
" နတ်စွမ်းအင်လေ့ကျင့်ရေးကွင်းကို ချက်ချင်း စပြီးတော့ အောက်ခြေကျင့်ကြံတာကနေ နတ်ဘုရားအဆင့်ကို ချိုးဖြတ် ဝင်ရောက်ခဲ့တဲ့ တပည့်အားလုံးက နတ်စွမ်းအင်လေ့ကျင့်ကွင်းကို ဝင်ပြီး စလေ့ကျင့်တော့မယ်ဆိုတာကို ဆက်ပြီး မင်းတို့ကို ငါအသိပေးမယ်။"
"ဟုတ်ကဲ့!"
လုရှောင်ယန်သည် အနားမယူခဲ့ပေ။ သူ့တွင်ရှိသည့် အဓိကကျင့်ကြံခြင်းနည်းလမ်းများအလားလုံးကို နတ်ဘုရားအဆင့်သို့ တိုးမြှင့်ခဲ့သည်။
သူက နတ်လက်နက်အများစုကို နတ်အသုံးအဆောင် အမျိုးအစားသို့ တိုးမြှင့်ပေးခဲ့သည်။
ဒါပေါ့ သူတွေကို နတ်ဘုရားကျင့်စဉ်တွေအားလုံး ချသင်ပေးပစ်လိုက်မည်ဟုတော့ မဆိုလိုပေ။
တပည့်များကြားတွင် ပါရမီများက မတူသလို အဆင့်များကလည်း မတူကြချေ။
သာလွန်တာနှင့် နိမ့်ကျတာကြား၌ အတန်းအစားအလိုက် ခွဲခြားခြင်း မရှိလျှင် ဂိုဏ်းတွင် စွမ်းဆောင်မှုရှိမည် မဟုတ်တော့ပေ။
ထို့အပြင် သူတို့သည် ကံကြမ္မာသားတော်မဟုတ်သောကြောင့် ယခု လူတိုင်း မကျင့်ကြံနိုင်ကြပေ။ သူတို့သည် ကောင်းကင်ဘုံဖြစ်စဉ်ကို ဖြစ်စေသော လုပ်ရပ်အား တားဆီးနိုင်ပြီး သူတို့လေ့ကျင့်လျှင် သေမှာဖြစ်သည်။
နတ်ဘုရားအဆင့်ကို ရောက်ပြီးမှသာ သူတို့လို သာမန်လူများက ကျင့်ကြံနိုင်မှာဖြစ်သည်။
လုရှောင်ယန်၏ စိတ်ကူးက အချိန်တန်သောအခါ တပည့်ရင်းများအားလုံးကို နတ်ဘုရားကျင့်စဉ်အား သင်ကြားပေးမှာဖြစ်ပြီး သူတို့အား တိုးတက်စေဖို့အတွက် သူတို့၏ မွေးဖွားခြင်းနှင့်ဆိုင်သော လေ့ကျင့်ခန်းများကို အသုံးပြုထားသော နတ်ကျင့်စဉ်များ ဖြစ်ကြသည်။
ဥပမာအားဖြင့် ရှေးဟောင်းဧကရာဇ်ကျမ်း၊ စစ်မှန်သော ဇာမဏီကိုးပါး အသွင်ပြောင်းခြင်းများ၊ ဖျက်ဆီး၍မရနိုင်သော ရွှေရောင်ခန္ဓာနှင့် အဇူရာကြာပန်းဓား အစရှိသည့် အရာများ အားလုံးကို လုရှောင်ယန်က နတ်ကျင့်စဉ်များ၏ အဆင့်သို့ မြှင့်တင်ခဲ့သည်။
ထိုအရာများကို လုပ်သင်များသာ ကျင့်ကြံရမှာဖြစ်ပြီး သူတို့က အခြားသူများကို လွယ်လွယ်ကူကူ သင်ပေးမှာ မဟုတ်သလို သူတို့ အသင်ခံရလျှင်လည်း ၎င်းကို တခြားသူများက သေချာပေါက် သင်ယူနိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့် ရှေးဟောင်းဧကရာဇ်ကျမ်းသည် နတ်ကျင့်စဉ်တစ်ခု ဖြစ်လာလျှင်တောင်မှ ၎င်း၏ လိုအပ်ချက်များက သိုင်းပါရမီများကို ဖျက်သိမ်းအုံးမှာဖြစ်ပြီး ဒန်ထျန်နေရာကို အရိုက်ခံရပြီး လုံးဝ ဖျက်စီးခံရမှာဖြစ်သည်။
ဘယ်သူက သာမန်လူတစ်ယောက်ကနေ စပြီး ကျင့်ကြံချင်မှာလဲ?
ထို့ပြင် ယေဘုယျ လေ့ကျင့်ခန်းတချို့ ရှိလေသည်။
ဥပမာအားဖြင့် စစ်နတ်ဘုရားအနုပညာ၊ အဇူရာသက်ရှည်ခြင်းပညာ၊ ကြီးမြတ်သောအာကာပြင် ဖြိုခွဲခြင်း ခြေလှမ်းကျင့်စဉ် အစရှိသည်တို့ဖြစ်သည်။ လုရှောင်ယန်က နတ်ဘုရားအဆင့်သို့ ပြောင်းလဲခဲ့ပြီး သူတို့ကို သင်ကြားပေးနိုင်သည်။
ထို့အပြင် လုရှောင်ယန်သည် လူတိုင်းအတွက် ၎င်းတို့၏ နတ်ဘုရားကျင့်စဉ်များကို ဖုံးကွယ်ရန်အတွက် သာမန် နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနည်းလမ်းအချို့ကို ပြင်ဆင်လိုသည်မှာ အသေအချာပင်။
ဒီလိုမှမဟုတ်ရင် သူ့ရဲ့ ကျင့်ကြံဆင့်တိုးလာမယ်ဆိုရင်တောင် နတ်လောကမှာ နတ်ဘုရားကျင့်စဉ်များကို ပေါ့ပေါ့တန်တန် အသုံးချပြီး ဒုက္ခများစွာကို ဖြစ်စေနိုင်ပါသေးသည်။
နောက်ဆုံးတွင်၊ သူတို့၏ ကျင့်ကြံဆင့်မည်မျှပင် မြင့်မားစေကာမူ၊ နှစ်ပေါင်း ထောင်နှင့် သောင်းချီ၍ နတ်လောက၌ နေထိုင်ခဲ့သော နတ်ဆိုးဟောင်းများနှင့် နှိုင်းယှဉ်နိုင်မည်လား။ ထို့အပြင် နတ်ကျင့်စဉ်များက သူတို့၏ပိုနိမ့်သော အဆင့်မှာရှိသည့် သိုင်းဘုရင်အဆင့် ကျင့်စဉ်များနှင့် ညီမျှနိုင်ချေရှိသည်။
ထို ဆရာကြီးများကို လှည့်ဖျားရန်က မဖြစ်နိုင်ပေ။
ထို့ကြောင့် သာမန်နတ်ဘုရားအဆင့် တိုက်ပွဲစနစ်တချို့ကို သင်ကြားရန် လိုအပ်သည်။
နတ်လက်နက်များနှင့်ပတ်သက်၍ လူတိုင်းမှာ သေချာပေါက် အစုံရှိမည်ဖြစ်သည်။ တစ်နည်းဆိုရသော်၊ ၎င်းတို့တွင် တိုက်ခိုက်ရေးနတ်လက်နက်တစ်ခုနှင့် နတ်သံချပ်တစ်ခု ရှိမည်ဖြစ်သည်။
နတ်လက်နက်များမှလွဲ၍ တိုက်ရိုက်တပည့် ကိုးဦးတွင် ၎င်းတို့၏ မြင့်မြတ်သော ပစ္စည်းများ ရှိပေသည်။
အမှန်တော့၊ တိုက်ရိုက်တပည့်တွေက တခြားတပည့်တွေနဲ့ မတူပေ သူတို့၏ ကျင့်ကြံမှု အရှိန်သည် လုရှောင်ယန်၏ ကျင့်ကြံမှုအရှိန်ကို တိုက်ရိုက် သက်ရောက်မှု ရှိသည်။
တစ်ခုခုဖြစ်ခဲ့ရင် သူ့အတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်သွားလိမ့်မယ်။
လုရှောင်ယန်က အရူးတစ်ယောက်ဆိုရင်တောင်မှ ကိုယ့်တပည့်ကို သာမာန်အရာတစ်ခုကို ပေးဖို့ရန် မဖြစ်နိုင်ပေ။
သူတွေးနေတုန်းမှာပဲ မိုးခြိမ်းသံက ကောင်းကင်မှာ ရုတ်တရက် ထွက်ပေါ်လာပြန်လေသည်…။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၈၈ သီချင်းထွက်ဖို့ ဝမ်းနည်းစရာကောင်းတဲ့ သတိပေးချက်က အွန်လိုင်းတီးဝိုင်းကို တောင်းဆိုပါတဲ့…
"ဒါက… အတိဒုက္ခကို ဖြတ်ကျော်တော့မယ့် တပည့်ရှိနေတာလား?
လုရှောင်ယန်က အခန်းပြင်သို့ ချက်ချင်း ထွက်လာခဲ့သည်။
"ဂိုဏ်းချုပ်.."
တပည့်များအားလုံးက လုရှောင်ယန်ဆီသို့ သူတို့၏လက်များကို ဆုပ်ကာ ချက်ချင်း ဦးညွှတ်၍ ဂါရဝ ပြုလိုက်သည်။
လုရှောင်ယန်က လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြဖို့ သူ့လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သည်။
ထို့နောက် သူ့မျက်လုံးများက ကောင်းကင်ယံဆီသို့ ပြောင်းသွားတော့ သည်။
ဤအချိန်၌ ဘေးဒုက္ခကို ဖြတ်ကျော်နေသော ပုံရိပ်သုံးခုက ကောင်းကင်ယံတွင် ရှိနေခဲ့သည်။
သူတို့က ကျွင့်ပုကျန်း၊ ကျန်းထိုင်ရွှမ်နှင့် စုလင်းဝူတို့ ဖြစ်ကြသည်။
ထိုသုံးယောက်က သူ၏ တပည့်များကြားတွင် နောက်ဆုံးမှဝင်သည့်သုံးယောက်ဖြစ်ပေမယ့် အစွမ်းအထက်ဆုံး သုံးယောက်လည်း ဖြစ်သည်။
သူတို့သုံးယောက် အတိဒုက္ခကို စတင်ဖြတ်ကျော်တော့မည်ဟု သူပင် မမျှော်လင့်ထားမိပေ။
ဤအရာက ကောင်းသောကိစ္စတစ်ခုလည်းဖြစ်သည်။ သူတို့သုံးယောက်သည် နတ်ဘုရားအဆင့်သို့ ဝင်ပြီးသည့်နောက်တွင် သူတို့၏ ကျင့်ကြံခြင်းက ပိုပြီး မြန်မြန် တိုးလာမှာ သေချာပေသည်။
မကြာမီ မိုးခြိမ်းသံများဖြင့်အတိဒုက္ခက ကောင်းကင်ယံတွင် စတင်လာခဲ့ သည်။
ထိုစိတ်လှုပ်ရှားစရာကောင်းသော မိုးခြိမ်းသံက တစ်နာရီပြည့်ပြီးနောက် ရပ်တန့်သွားတော့သည်။ ကံကောင်းခြင်းရွှေနဂါး၏ ဆုမွန်ကောင်းတောင်းပေးခြင်းကြောင့် သူတို့သုံးယောက်အတွက် အတိဒုက္ခကို ကျော်လွန်ဖို့ဆိုသည်က အသေးအမွှားကိစ္စလောက်သာ ဖြစ်ပေသည်။
လုရှောင်ယန် လုံးဝ စိတ်ပူဖို့မလိုချေ။
သူတို့သုံးယောက် ဘေးဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်ပြီး နတ်ဘုရားပထမအဆင့် ဖြစ်လာသောအခါ လုရှောင်ယန်၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းက စတင်ကာ အဆင့်တက်ဖို့ ပြင်နေလေပြီ။
အဆုံးတွင် သူ၏ အရင်းခံကျင့်ကြံခြင်းက နတ်ဘုရား ဒုတိယအဆင့်ကို အောင်မြင်စွာ ချိုးဖြတ်ကာ တတိယအဆင့် ဖြစ်လာတော့သည်။
သာမန်အားဖြင့် သုံးယောက်၏ချိုးဖောက်မှုသည် လုရှောင်ယန်အတွက် အဆင့်နှစ်ဆင့်ဆက်တိုက် ချိုးဖောက်ဖို့ မလုံလောက်ခဲ့ပေ။
သို့သော် လုရှောင်ယန်၏ ယခင်ကျင့်ကြံဆင့်က နတ်ဘုရား ဒုတိယအဆင့်သို့ အလွန် နီးနေပြီဖြစ်၍ ၎င်းက ယခု တတိယအဆင့်သို့ တက်လှမ်းရန်အတွက် ယုတ္တိရှိမှာဖြစ်သည်!
ချိုးဖြတ်မှုသုံးခုသည် လုရှောင်ယန်အား လက်ဆောင်အိတ်သုံးခုရဖို့ကို လည်း ခွင့်ပြုပေးခဲ့သည်။
အတော်လေးကောင်းတာပဲ။
သူတို့သုံးယောက်သည် မြေပြင်သို့ ဆင်းသက်လာပြီး တညီတညွတ်တည်း လုရှောင်ယန်အား ဦးညွှတ်၍ လေးလေးနက်နက် ဂါရဝပြုလိုက်သည်။
"ဆရာ့ရဲ့သင်ပြပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။"
လုရှောင်ယန်က ခေါင်းညိတ်လိုက်သည်။
"မင်းတို့ လုပ်နေတာက အရမ်းကောင်းပေမယ့် နတ်ဘုရားအဆင့်ကို ရောက်တာက လမ်းသစ်အစပဲရှိသေးတယ်။ မပျင်းကြနဲ့။"
"ဆရာ.. စိတ်မပူပါနဲ့။ ဆရာ့ရဲ့ သင်ပြတာတွေကို ကျွန်တော် သေချာလိုက်နာမှာပါ။"
"ကောင်းပြီ … ဒါဆို မင်းတို့အားလုံး သွားလေ့ကျင့်ကြ။ မင်းတို့ လေ့ကျင့်ဖို့အတွက် နတ်စွမ်းကို ထောက်ပံ့နိုင်တဲ့ လေ့ကျင့်ရေးကွင်းတစ်ခုကို ငါ ဖန်တီးထားတယ်။"
"ဟုတ်ကဲ့"
နောက်ရက်များတွင် ကျန်သော တပည့်များသည်လည်း နတ်ဘုရားအဆင့်သို့ အသီးသီး တိုးမြှင့်ခဲ့ကြသည်။
ပထမက လီချန်းရှန်၊ စုန့်ရှင်းနျန် နှင့် ကျူးကောကျီချုံတို့ ဖြစ်ကြသည်။
နောက်တစ်ယောက်က ဖုန်းထျန်းယွမ် ဖြစ်သည်။
လူပေါင်းများစွာ ချိုးဖြတ်ဝင်ရောက်ခြင်းကြောင့် လုရှောင်ယန်၏ ကျင့်ကြံဆင့်သည် ပဉ္စမမြောက်နတ်ဘုရားအဆင့်သို့ ချက်ချင်း ရောက်သွားတော့သည်။
၎င်းက လက်ဆောင်အိတ်မှ ပစ္စည်းကောင်းများစွာကို ဖွင့်ရန်လည်း လုရှောင်ယန်အား ခွင့်ပြုပေးခဲ့သည်။
နတ်အသုံးအဆောင်များနှင့် နတ်ဘုရားကျင့်စဉ်များက မြောက်မြားစွာ ပါရှိလေသည်။
ထို့အပြင် ၎င်းတို့ထဲမှ တချို့တွင် နတ်ဝိညာဉ်များ ရှိနိုင်သောကြောင့် လုရှောင်ယန်က ရှာဖွေနေခဲ့သည်။ နတ်ဘုရားအဆင့်သို့ ရောက်ပြီးနောက် သူတို့၏ကျင့်ကြံနှုန်းက ပိုမြန်လာခဲ့ကြသည်။
ဥပမာတစ်ခုအနေဖြင့် ကျွင့်ကျန်း၊ ကျန်းထိုင်ရွှမ်နှင့် စုလင်းဝူတို့ကို ဥပမာပြုကာ သူတို့သည် ကျွင့်ချန်းမင်၊ ရှီချန်းလင်နှင့် အခြားအကြီးအကဲများထက် တစ်လှမ်းနောက်ကျပြီး နတ်ဘုရား အဆင့်သို့ ကိုယ်ပိုင်ဟန်ဖြင့် ဝင်ရောက်ခဲ့ကြသည်။
သို့သော် အလားတူအခြေအနေမျိုးဖြင့် ဒုတိယမြောက် နတ်ဘုရားအဆင့်သို့ ချဉ်းကပ်သောအခါ သူတို့သုံးယောက်က တွဲခေါ်ပေးခဲ့သည်။
ကျီဝူရှားနှင့် ယွင်လီကောတို့တော့ ကျန်နေသေးသည်။
ကျီဝူရှားကလည်း သိုင်းဘုရင်အဆင့်ကို အောင်မြင်စွာ ချိုးဖြတ်ခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းက လုံလောက်အောင် မမြင့်မားခဲ့ပေ။
အချိန်တိုအတွင်း နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ဖို့ဆိုတာက မဖြစ်နိုင်ကြောင်း တွက်ချက်ထားခဲ့သည်။
ရေးကြီးခွင်ကျယ်လုပ်သလိုပါပဲ။
အမ်း…
လုရှောင်ယန်က ခြေဆင်းကာလှဲလိုက်သည်။
သူမ၏ပါရမီက တကယ့်ကို ကောင်းလာပေမယ့် ထို ဂျူနီယာ မောင်နှမများနှင့် ယှဉ်ကြည့်ရင်တော့ ပြောဖို့ တကယ် မထိုက်တန်တော့ပေ။
ဤနည်းဖြင့် နှစ်တစ်ဝက်ကြာသည်အထိ အချိန်ကြာမြင့်ခဲ့ပြီး မဟာတာအိုမွေးဖွားခြင်း၏ အကူအညီဖြင့် အချိန်စီးဆင်းမှုက (၁၀)ဆ တိုးလာတော့သည်။ ယွင်လီကောက သိုင်းဘုရင်အဆင့်သို့ နောက်ဆုံးတွင် ချိုးဖြတ်ဝင်ရောက်သွားခဲ့သည်။
"ဟဟဟ… သိုင်းဘုရင်အဆင့်ကို ငါ နောက်ဆုံး ချိုးဖြတ်ဝင်နိုင်ပြီ။"
ယွင်လီကောမှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
မဟာတာအိုမွေးဖွားခြင်း၏ အကူအညီဖြင့် သူက ငါးနှစ်လေ့ကျင့်ခြင်းနှင့် ညီမျှနေသည်ဆိုခြင်းကို နတ်ဘုရားက သိလေ၏!
ငါးနှစ် !
လွန်ခဲ့သောငါးနှစ်ကတော့ သူ ဒီနေရာကို ဘယ်ပုံဘယ်နည်း ရောက်လာမှန်း မည်သူမှ မသိကြချေ!
ငါအစားမစား၊ ရေမသောက်၊ ရှူးမပေါက်၊ အီးမပါပဲ အချိန်တိုင်း အဆက်မပြတ် ကျင့်ကြံနေတာ။
ကြီးမားသော သူ၏ ဇွဲလုံ့လဝီရိယ ကျေးဇူးကြောင့် သိုင်းဘုရင်အဆင့်သို့ နောက်ဆုံး၌ ချိုးဖြတ်ဝင်ရောက်ခဲ့ပြီး ထိုအဆင့်၌ စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်လာခဲ့သည်။
သူက ဂျူနီယာ ညီအစ်မများနှင့် ဂျူနီယာများလောက် မကောင်းသော်လည်း ၎င်းက အရေးမကြီးလှပေ။
ဆန္ဒရှိလျှင် အခြေအနေများက တကယ်ဖြစ်လာပေလိမ့်မည်။ ယွင်လီကောက သူ့ကိုယ်သူ ယုံကြည်ခဲ့သည်။ သူသည် နတ်ဘုရားအဆင့်တွင် အားကောင်းသူတစ်ယောက် အနှေးနှင့်အမြန် ဖြစ်လာတော့မည်!
ပင်မခန်းမမှ ထွက်လာသည်နှင့် ယွင်လီကောသည် ရင်ပြင်တွင်ရပ်ကာ ကောင်းကင်ကို မော့ကြည့်နေသော ကျီဝူရှားကို တွေ့လိုက်ရသည်။
ထိုနေရာ၌ အမည်မဲ့ဂိုဏ်း၏ ဒုတိယမျိုးဆက်တပည့်က ခုလေးတင် အတိဒုက္ခကိုကျော်လွန်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။
ကောင်းကင်က တဖြည်းဖြည်း ပြန်ကြည်လင်လာပြီး လူများက အတိတ်နိမိတ်ကောင်းသော တိမ်တိုက်များကို တောင့်တ၍သာ နေတော့သည်။
ယွင်လီကော၏ စိတ်က လှုပ်ရှားသွားပြီး ကျီဝူရှားနောက်သို့ တိတ်တဆိတ်သွား၍ သူမ၏ပုခုံးကို ပုတ်ကာ စိတ်သက်သာစွာဖြင့် ပြောလိုက်သည်။
"ဝူရှား… သူ့ကို အားမကျနဲ့။ သူတို့အားလုံးက နှစ်ပေါင်း ထောင်ချီကျင့်ကြံနေခဲ့ကြတဲ့ မွန်းစတားဟောင်းတွေ။ ငါတို့က နှစ်ပေါင်းဘယ်လောက်များများ ကျင့်ကြံနေခဲ့ကြတာလဲ? ဒါက အခု သိုင်းဘုရင်အဆင့်ရောက်နေပြီပဲ မဟုတ်ဘူးလား? ငါတို့ အနှေးနဲ့အမြန် နတ်ဘုရားတွေ ဖြစ်လာကြမှာမို့လို့ စိတ်မပူပါနဲ့။ ညီမလေး ငါမင်းနဲ့အတူ အမြဲတမ်း ရှိမှာပါ။"
စကားပြောပြီးနောက် လီကောက အလွန်အမင်း လှပသောအပြုံး ဖြင့်လည်း ပြုံးပြလိုက်သည်။
ကျီဝူရှားက သူ့အား ဖျတ်ကနဲ ကြည့်ကာ သူ့မျက်လုံးများထဲတွင် အနည်းငယ် လှုပ်ရှားသွားပေမယ့် ၎င်းက အလွန်အမင်း အပြစ်ရှိခြင်း၏ အရိပ်အယောင်တစ်ခုလည်း ဖြစ်တော့သည်။
"စီနီယာအစ်ကို။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ နင်နဲ့အတူ မရှိနေနိုင်တော့ဘူး။"
ယွင်လီကော: "???"
သူ့ခေါင်းပေါ်ရှိ မေးခွန်းအမှတ်အသားတစ်ခုလို သူ့မျက်ခုံးများအား အနည်းငယ်ပင့်လိုက်တာကို တွေ့ရသောအခါ ကျီဝူရှားသည် သက်ပြင်း ရှိုက်ကာ သူမ၏အရှိန်အဝါကို ဖြည်းဖြည်းချင်းလွှတ်ပေးလိုက်သည်။
ချက်ချင်းပင် ကောင်းကင်ယံထက်တွင် လွင့်ပါးသွားသော မိုးကြိုးတိမ်တိုက်များက တဖြည်းဖြည်း စုစည်းရန် ထပ်ပြီး စတင်လာတော့သည်။
ကျီဝူရှား၏ ရောင်ဝါကလည်း လွန်လွန်ကဲကဲ လျင်မြန်စွာ တိုးလာပြီး လတ်တလော ဖိနှိပ်ခံထားရသူ ယွင်လီကောမှာ ရှက်စိတ်ကြောင့် မျက်နှာသာ နီမြန်းသွားတော့သည်။
သူက မယုံခဲ့ပေ။
"ဂျူနီယာညီမ… မင်း.. မင်း…"
"စိတ်မကောင်းပါဘူး… စီနီယာအစ်ကို … ငါ အတိဒုက္ခကို ဖြတ်ကျော်ရတော့မယ်။"
စကားလုံးများ ထွက်လာသောအခါ သူမ၏ခန္ဓာကိုယ်က ကောင်းကင်ယံသို့ တဖြည်းဖြည်း ပျံဝဲတက်သွားသောအခါ ယွင်လီကောမှာ ချက်ချင်း ကြက်သေသေသွားတော့သည်။
နာရီဝက်ကြာပြီးနောက် ကျီဝူရှားသည် အတိဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်ကာ နတ်ဘုရားအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်သည်။
ယွင်လီကောလက်အောက်ရှိ ကျွင့်ချန်းမင်နှင့်ကျန်တပည့်များက သက်ပြင်းချကာ ပြောလိုက်ကြသည်။
"ဆရာ… အကောင်းဘက်ကသာ လှည့်တွေးလိုက်ပါ"
"ဟုတ်တယ်… ဆရာ ဒါက နတ်ဘုရားအဆင့်ပဲ မဟုတ်လား။ ကျွန်တော်တို့က အဲ့ဒါနဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူး။"
ယွင်လီကောက အေးစက်စွာ ပြုံးလိုက်သည်။
"ငါစဉ်းစားစရာအကြောင်း ဘာရှိလို့လဲ? ဆရာ့ရဲ့လက်အောက် နှစ်အတော်ကြာ ရှိခဲ့တာ။ ငါဘာများမမြင်ဖူးတာရှိသေးလို့လဲ? ငါဘယ်မှာများစိတ်ဓာတ်ကျနေလို့လဲ? မင်းတို့ ငါ့ကို လာနောက်နေကြတာလား?"
စကားသံများ ထပ်ထွက်လာမည်စိုးသောကြောင့် ယွင်လီကော အမြန် လှည့်ထွက်သွားတော့သည်။
ကျင့်ချန်းမင်နှင့် အခြားသူများသာ သက်ပြင်းကိုသာ ချလိုက်နိုင်တော့သည်။
"ဆရာတစ်ယောက်ဖြစ်ဖို့ တကယ် ထိုက်တန်ပါတယ်။ ကျင့်ကြံဆင်နဲ့ ပါရမီက မလုံလောက်ပေမယ့် ဒီအရည်အချင်းက ဆရာဦးလေးတွေအားလုံးကို ခုခံဖို့အတွက် အားကောင်းလွန်းတယ်ဆိုတာကတော့ အသေအချာပဲ!"
"ဟုတ်တယ်။ တကယ်တော့ ဆရာက ဂိုဏ်းချုပ် လက်အောက်က အရေးပါတဲ့ တပည့်ပဲ။ ဒါကြောင့် သူ့ရဲ့ စရိုက်နဲ့ ပတ်သက်ပြီးတော့ သံသယဖြစ်စရာမရှိဘူး!"
"ဆရာ့ရဲ့အရည်အချင်းတွေက ကောင်းကောင်း မမြင့်ပေမယ့် ဂိုဏ်းချုပ်အနားမှာရှိနေသ၍ အရာအားလုံးက အဆင်ပြေနေမှာပဲ…"
...
သူ့တပည့်၏ စိတ်ကူးယဉ်စကားများကို ကြားသွားသည့် ယွင်လီကောကတော့ အံကို ခပ်တင်းတင်းကြိတ်လိုက်သည်။
မငိုနဲ့!
ပြန်ထိန်းထား!
ငါက ဆရာ့အချစ်ဆုံး တပည့်လေးဖြစ်တဲ့ဖြစ်တဲ့ အမည်မဲ့ဂိုဏ်းရဲ့ အကြီးဆုံးအစ်ကိုပဲ။ ငါ ဘာကို ကြောက်နေစရာလိုလို့လဲ?
ဒါက ကျင့်ကြံဆင့်နိမ့်နေတာလေးပဲ မဟုတ်လား?
နောက်ထပ်ဆယ်နှစ်ကြာရင် ဒါကို ငါ ကျင့်ကြံနိုင်သွားမှာ!
အတိဒုက္ခကို ကျော်လွန်ပြီး နတ်ဘုရားအဆင့်ကို မတတ်နိုင်ဘူးလို့ ငါမယုံဘူး!
ဆရာ့ကို အရင်ရှာပြီး ဆေးဘက်ဝင်အပင်တချို့ (ဒါမှမဟုတ်) တစ်ခုခုကို တောင်းရမယ်။ နတ်သားရဲဥ အလုံး၁၈၀လောက် ရလိုက်ရင်တော့ အကောင်းဆုံးပဲ မနက်ပိုင်းမှာ သားရဲဥပြုတ်၊ နေ့လယ်မှာ သားရဲဥကျော်နဲ့ ညနေမှာ သားရဲဥကို အခွံမပါပဲ ရေနွေးနဲ့ပြုတ်စားပစ်မယ်။
တစ်ရက်ကိုသုံးလုံးစားပြီး တစ်လတည်းနဲ့ အဲ့ဒီဥတွေကို အကုန်စားပစ်ရမယ်။
သူတို့လမ်းလျှောက်နေစဉ် ကျူးကောကျီချုံက သူဆီသို့ ရောက်လာခဲ့သည်။
"ဟေး… စီနီယာအစ်ကို၊ ရှင့် ဆရာ့ကို ရှာနေတာလား?"
ယွင်လီကောက ခေါင်းညိတ်လိုက်သည်။
"အရမ်းကို တိုက်ဆိုင်ပါလား? မင်းလဲ ဆရာ့ကိုရှာဖို့ လာခဲ့တာလား?"
ကျူးကောကျီချုံ က ခေါင်းညိတ်လိုက်သည်။
"ငါက နတ်ဘုရားအဆင့်ရဲ့ ဒုတိယမြောက်အဆင့်ကို ခုလေးတင် ချိုးဖြတ်ဝင်ထားတာ။ ပြီးတော့ ငါ့မှာ သွေးအလုံအလောက် မရှိဘူး။ နည်းနည်းလောက် မေးစရာရှိလို့ ဆရာ့ဆီကို လာခဲ့တာ။ ပြီးတော့ စတုတ္ထမြောက်နဲ့ ဆဌမမြောက် အစ်ကိုတွေက ဆေးဘက်ဝင်ဆေးလုံးတွေအားလုံးကို ဘာမှမကျန်အောင် သုံးခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် တချို့တလေရဖို့ ငါ သူတို့ကို ကူညီမယ်။"
ယွင်လီကော: "..."
"စီနီယာအစ်ကိုယွင်… နင် မျက်ရည်ကျတော့မယ့်ပုံပဲ… အဆင်ပြေရဲ့လား?"
"ငါ့မျက်လုံးတွေထဲ သဲဝင်သွားတာပါ။ မင်းအတွေးလွန်နေပြီ။"
ကျူးကောကျီချုံက အနည်းငယ် မျက်မှောင်ကြုံ့သွားခဲ့သည်။
"တကယ်လား?"
ယွင်လီကောက သူ့မျက်နှာကို သုတ်ပစ်ကာ အပြုံးတစ်ခုကို ညှစ်ထုတ်ကာ ပြုံးပြဖို့ ကြိုးစားလိုက်သည်။
"မှန်တာပေါ့။ ယောက်ျားတစ်ယောက်က မျက်ရည်လွယ်လွယ်မကျဘူး။ အရပ်(၇)ပေရှည်ပြီး ဂုဏ်သိက္ခာရှိတဲ့ ယောက်ျား တစ်ယောက်က ဘယ်လိုလုပ်ပြီး ငိုနိုင်မှာလဲ?"
"ဒါပေမယ့် မင်းရဲ့ မျက်ရည်တွေက ထပ်စီးကျလာတယ်။ မင်း တကယ် အဆင်ပြေရဲ့လား?"
"အဆင်ပြေပါတယ်။ ငါ့အကြောင်းကို စိတ်မပူနဲ့။ ငါအထဲသွားပြီး ဆရာ့ကို ရှာလိုက်အုံးမယ်။ မင်း လေ့ကျင့်ဖို့ သွားတော့။"
"ကောင်းပြီလေ"
ယွင်လီကော ထွက်သွားပြီးနောက် ကျူးကောကျီချုံက သူ့ခေါင်းကို ကုတ်ဖို့သာ တတ်နိုင်တော့ပြီး စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်သည်။
"စီနီယာအစ်ကိုရဲ့ ကျင့်ကြံဆင့် သိုင်းဘုရင်အဆင့်ကို ရောက်သွားခဲ့ပုံပဲ။ ဒီအဆင့်မှာတောင် သဲကိုကြောက်နေစရာလိုသေးလို့လား?"
ဝေးရာသို့ လျှောက်လှမ်းသွားသော ယွင်လီကောမှာ ယိုင်တိယိုင်တိုင်ဖြင့် လျှောက်ရင်း မြေပြင်ပေါ်သို့ လဲကျလုနီးနီး ဖြစ်သွားတော့သည်။
၎င်းကို သူ သည်းမခံနိုင်တော့ပေ။
မျက်ရည်များ တတွေတွေစီးကျကာ မတားဆီးနိုင်တော့ပေ။
လုရှောင်ယန်၏ စာကြည့်ခန်းသို့ သူရောက်လာချိန်တွင် ယွင်လီကောမှာ ချက်ချင်းပဲ လုရှောင်ယန်ရှေ့၌ ဒူးထောက်ကာ လက်သီးဆုပ်ဖြင့် ပြင်းထန်စွာ ထိုးနှက်တော့သည်။
"ဝူးဝူးဝူး… ဆရာ၊ ကျွန်တော် ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ ဂျူနီယာညီမ ဝူရှားတောင် အတိဒုက္ခကို ကျော်လွှားပြီး နတ်ဘုရားအဆင့်ကို ရောက်သွားပြီ။ ကျွန်တော်ကတော့ သိုင်းဘုရင် ပထမအဆင့်မှာပဲ ရှိသေးတယ်။ ကျွန်တော် ဆရာ့ကို အနူးအညွတ် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ အင်အားတွေ တိုးတက်ဖို့ နည်းလမ်း တစ်ခုကို ကူစဉ်းစားပေးပါဦး။"
လုရှောင်ယန် : "..."
ဘာကြောင့်မှန်းမသိပေမယ့် ဒါက သူ၏ယခင်ဘဝက ရွာလူကြီးအိမ်အား လုရှောင်ယန်ကို အမှတ်ရစေခဲ့သည်။
ရွာလူကြီးက ချမ်းသာပြီး ဩဇာကြီးမားကာ ရွာထဲတွင်များစွာ လွှမ်းမိုးထားသည်။ သူ့တွင် အရပ်မြင့်ပြီး ရုပ်ရည်ချောမောသော သားတစ်ယောက် ရှိလေသည်။
သို့သော် အသက် သုံးလေးဆယ်အရွယ်ထိ လူပျိုကြီး တစ်ယောက် ဖြစ်နေဆဲမို့ ၎င်းက ကံဆိုးတာပါပဲ။
ထိုအချိန်၌ လုရှောင်ယန်သည် တစ်နေ့တာလုံး အခြားသူများကို အထင်အမြင်သေးကာ လှောင်ပြောင်ရယ်မောနေခဲ့ပေမယ့် ယခုအခါ သူသည် ရွာလူကြီးဖြစ်ပြီး ယွင်လီကောက ရွာလူကြီး၏ သားဖြစ်ခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
၎င်းက အလွန် စိတ်ပျက်စရာကောင်းတော့သည်။
လီကောက ဤကမ္ဘာတွင် သူ၏ ပထမဆုံး တပည့်တစ်ယောက်ဖြစ်ပြီး သူနှင့်အတူ အကြာဆုံးရှိခဲ့ကာ သူ့ဟာသူ ကျိုးနွံမှုအရှိဆုံးသူ ဖြစ်သည်။
အမှန်တကယ် နှိုင်းယှဉ်ကြည့်လျှင် နောက်ပိုင်းတပည့်များအတွက်ဆိုလျှင်လည်း သူစိတ်နာကျင်မိပေမည်။ သို့သော် မည်သူကမှ လီကောနှင့် မနှိုင်းယှဉ်နိုင်ပေ။
အရင်းအမြစ်များဆိုလျှင်လည်း လီကောက အများဆုံး ပိုင်ဆိုင်ပေသည်။
ကံမကောင်းစွာဖြင့် မည်မျှပင်ထောက်ပံ့ပေးနေပါစေ ယွင်လီကော၏ပါရမီသည် အနိမ့်ဆုံးဖြစ်နေသည်။
မြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးကိုစားကာ သူတို့အားလုံး၏ နတ်ဝိညာဉ်ကို ထုတ်ဖော်ပြီးနောက် ကျီဝူရှားက လီကော နှစ်ယောက်၊ သုံးယောက်လောက်နှင့် ညီမျှသွားပြီး ဖုန်းထျန်းယွမ်က လီကော လေးငါးယောက်စာနှင့် ညီမျှသွားတော့သည်။
သူတို့ထဲမှ တချို့ကို မြင်လျှင် ၎င်းက လီကော အများကြီးနှင့် ညီမျှသည်ဟု အကြမ်းဖျင်း ခန့်မှန်းခံရမည်ဆိုခြင်းမှာ ချဲ့ကားပြောသော စကားမဟုတ်ပေ။
လုရှောင်ယန်မှာ ခေါင်းကိုက်သောကြောင့် သူ၏နားထင်ကို ပွတ်လိုက်လေတော့သည်။
"လီကော… အခုလို မင်း ကျင့်ကြံတာအပေါ်မှာပဲ အမှီပြုမယ်ဆိုရင် ဒါက နောက်နှစ်ကုန်တာတောင် မင်း အတိဒုက္ခကို အောင်အောင် မြင်မြင် ကျော်လွှားနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းရတယ်။ မင်းရဲ့ ကျင့်ကြံတာက နောက်ကျနေသေးတာကို မင်းသိရဲ့လား။ မင်းရဲ့ နတ်ဝိညာဉ်က အရမ်း ထူးခြားလို့ မင်းရဲ့ ပါရမီကို တိုးတက်စေဖို့ တခြားနတ်ဝိညာဉ်တွေကို ဝါးမျိုဖို့ လိုအပ်တယ်။ ဒီကမ္ဘာမှာ မင်းအတွက် အများကြီး တိုးတက်ဖို့က မဖြစ်နိုင်ဘူး။ နတ်လောကကို မသွားရင် မင်းရဲ့နတ်ဝိညာဉ်က အသုံးမဝင်ဘူး။”
ဒီလိုဆို ကျွန်တော် အတိဒုက္ခကိုကျော်ဖြတ်ပြီး နတ်ဘုရားဖြစ်လာတဲ့အချိန်ကျ အရမ်းနောက်ကျသွားတော့မှာပေါ့။"
ဂျူနီယာ မောင်နှမများသည် နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် ဝိညာဉ်၏စွမ်းအားကို နှိုးဆွခံရမှာဖြစ်ပြီး ကျင့်ကြံနှုန်းက ပိုမြန်လာမှာဖြစ်သည်။
နောက်တစ်နှစ်၊ နှစ်နှစ်ကြာလို့ သူနတ်ဘုရားအဆင့်သို့ရောက်သွားသောအခါ သူတို့အားလုံးသည် ထိုထက်ပိုမြင့်သော အဆင့်သို့ ရောက်နေကြပေတော့မည်။
မဟုတ်ဘူး။ ခနနေပါအုံး။ နတ်ဝိညာဉ်တွေကို ဝါးမျိုနေသရွေ့ ငါ့ရဲ့ပါရမီ တိုးမြှင့်နိုင်တယ်ဆိုပြီး ဆရာ ပြောလိုက်သလားလို့?
ယွင်လီကော၏ မျက်လုံးများက ရုတ်တရက် လှုပ်ရှားသွားလေတော့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၈၉ ဂျူနီယာညီမ… ငါ့ရဲ့ ကျင့်ကြံတဲ့လမ်းမှာ မင်းက ခလုတ်ကသင်းတစ်ခု ဖြစ်ချင်တာလား?
"ဆရာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ထပ်ကူညီပေးပါအုံး။ ဒီတစ်ကြိမ်ပါပဲ။ ဒီတစ်ခေါက်ပြီးတာနဲ့ ဆရာ့ကို ကျွန်တော် ဘယ်တော့မှ ဒုက္ခမပေးတော့ပါဘူး။"
လုရှောင်ယန်: "???"
"မင်း ဘာလုပ်ချင်တာလဲ?"
"ဆရာ၊ ကျွန်တော် ခဏလောက် ပြန်ပြီး တံခါးပိတ်ကျင့်ကြံချင်တယ်၊ ဒါပေမယ့် ဆရာ ကျွန်တော့်ကို အထောက်အပံ့တချို့ပေးရမယ်။"
"ဒါဆို ကောင်းပြီလေ။"
လုရှောင်ယန်က ယွင်လီကော၏ ခန္ဓာကိုယ်ပေါ်တွင် သူ့လက်ချောင်းကို လှုပ်ရှားလိုက်ပြီး အမှတ်အသားတစ်ခုကို ပြုလုပ်လိုက်သည်။
" တောင်နှင့်မြစ်ပန်းချီထဲက ရတနာမြေကို ဝင်ဖို့ အခု ငါ မင်းကို ဒီအမှတ်အသား ပေးလိုက်တယ်။ မင်းဘာပဲလိုလို မင်းဟာမင်း လုပ်လိုက်ယုံပဲ။"
၎င်းက ဖုံးကွယ်ထားသော ရတနာမြေသို့ သူ့တပည့်များအား သူ ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ပေးတာဖြစ်သည်။ လုရှောင်ယန်က ယွင်လီကောအတွက် တကယ့်ကို အကောင်းဆုံး လုပ်ခဲ့တာဖြစ်သည်။
သူ့အား သားတစ်ယောက်လို လုံးဝ မြေတောင်မြှောက်ပေးခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဆရာ!"
ယွင်လီကောသည် ဆရာဖြစ်သူ၏ အမှတ်အသားကို ရပြီးနောက် မြေပုံရှိ တောင်နှင့်မြစ်ပန်းချီရှိရာနေရာသို့ သူ ချက်ချင်း သွားတော့သည်။
လုရှောင်ယန် စီစဉ်ထားသော နတ်စွမ်းအင်လေ့ကျင့်ရေးကွင်းက တောင်နှင့်မြစ်ပန်းချီထဲတွင် ရှိသောကြောင့် သူက တောင်နှင့်မြစ်ပန်းချီကို သူနှင့်အတူ ယူမသွားတော့ဘဲ အမည်မဲ့ဂိုဏ်း၏ရင်ပြင်တွင် ထားခဲ့လိုက်သည်။
ယွင်လီကောက တောင်နှင့်မြစ်ပန်းချီထဲသို့ အမြန် ဝင်လိုက်သောအခါ ဆရာ ရတနာဝှက်ထားသော နေရာသို့ ရောက်သွားတော့သည်။
"သေစမ်း!"
တောင်နှင့်မြစ်ပန်းချီထဲသို့ သူ ဝင်ပြီးသည်နှင့်တပြိုင်နက် ယွင်လီကောမှာ ကျိန်ဆဲမိတော့သည်။
အံ့ဩဖို့ကောင်းလိုက်!
ဆရာက တကယ်ကို အံ့ဩဖို့ကောင်းတယ်!
အစကတော့ သူ့ဆရာတွင် သိုင်းဘုရင်အဆင့်လက်နက်နှင့် သိုင်းဘုရင်အဆင့်ဆေးလုံး တောင်ပုံကြီးလို နှစ်ပုံစာမျှရှိသည်ဟု ယွင်လီကော ထင်ခဲ့သည်။
ဒါပေမယ့် ဒီနေရာမှာ နှစ်တောင်ထက်မကရှိနေမယ်လို့ မမျှော်လင့်ထားဘူး။ ဒါက နှစ်ရာ မဟုတ်ဘူး… ဒါက နှစ်ထောင်၊ နှစ်သောင်းတောင်ရှိတယ်!
ထိုနေရာတွင် ဝိညာဉ်ကျောက်တုံးများ၊ သိုင်းဘုရင်အဆင့်လက်နက်များနှင့် ဆေးလုံးများစွာရှိလေသည်။ ထိုထူးမြတ်သည့်အရာများသည် တကယ်တမ်း ရှာတွေ့ရန်ခက်ခဲလှသည့် အရာများပင်။
"သေစမ်း… သေစမ်းကွာ… ဒါကဘာလဲ? ဒီပေါ်မှာ နတ်ဘုရားအဆင့်
ရောင်ဝါတွေ ဘယ်လိုလုပ်ပြီး ရှိရတာလဲ? ဒါ… ဒါက နတ်လက်နက်တစ်ခုလား?"
သိုင်းဘုရင်အဆင့်လက်နက်များထက် ပိုအားကောင်းသော အရှိန်အဝါနှင့် အလင်း ထွက်နေသော လက်နက်ပုံတစ်ခုကို တွေ့လိုက်ရသောအခါ ယွင်လီကောမှာ ချက်ချင်း မှင်သက်သွားတော့သည်။
ဆရာ့ဆီမှာ နတ်လက်နက်တွေတောင် ရှိတာလား?
တစ်ခုခု မှားနေတာများလား?
ဆရာ့တွင် နတ်ဆေးလုံးများပင် ရှိသည့်အတွက် သေချာစဉ်းစားကြည့်ပါက နတ်လက်နက်များရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်ဟု ထင်ရသည် မဟုတ်ပါလား?
"ငါ့အတွက် နတ်ဘုရားအဆင့် သံချပ်ကာနှစ်ခုကို ငါ အရင်ဆုံး ဝတ်ရမယ်။"
တစ်ခုခု အတော်လေး မှားနေတာကို သူ ရုတ်တရက် သတိရလိုက်ချိန်တွင် ယွင်လီကောက ၎င်းကို ဝတ်ဆင်ခါနီး ဖြစ်နေခဲ့လေသည်။
"ဒီကမ္ဘာမှာ နတ်လက်နက်တွေတင်မကဘူး နတ်ဘုရားအဆင့် လေ့ကျင့်တာတွေကိုပါ ငါတို့ သုံးလို့မရဘူးလို့ ဆရာ ပြောထား သလိုပဲ။ မဟုတ်ရင် ဒါကို ကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေက သတိထားမိသွားလိမ့်မယ်။"
ဤအရာကို တွေးမိသောအခါ ယွင်လီကောသည် သူ့အတွက် ဆရာ လုပ်ပေးထားသော သိုလှောင်လက်စွပ်ကို ချက်ချင်း အသုံးပြုကာ နတ်ချပ်ဝတ်တန်ဆာအနည်းငယ်ကို ထိုးထည့် လိုက်သည်။
ထို့နောက် သောင်းချီသော မှော်ဆေးလုံးတစ်ပုံကို သူ ထည့်လိုက်ပြန်သည်။
ဘာပဲဖြစ်ဖြစ် ဒီမှာ ဆရာသုံးစရာတွေ အရမ်းများလို့ ငါ့ဟာငါသုံးဖို့ အနည်းအကျဉ်းတော့ ယူထားရမှာပဲ။
ယွင်လီကော နတ်သားရဲဥပုံနှင့် တွေ့ဖို့က သိပ်မကြာလိုက်ပေ။
ထိုအရာများကိုလည်း ယူလိုက်သည်!
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး။
ထိုအရာများကိုလည်း ယူလိုက်ပြန်သည်။
"သေစမ်းကွာ! နတ်သလင်းကျောက်တွေရော ရှိတာလား?"
ယွင်လီကောသည် လမ်းခုလတ်အရောက်တွင် ဆရာ့၌ နတ်သလင်း ကျောက်တစ်ခု ရှိသေးတာကို ရုတ်တရက် တွေ့လိုက်ရသည်။
ထိပ်တန်းအရည်အသွေးရှိသော ဝိညာဉ်ကျောက်တုံးအား နတ် သလင်းကျောက်ဖြင့် ချက်ချင်း အစားထိုးခြင်းကမူ ပြောဖို့ပင် မလိုတော့ချေ။
ထို့နောက် သူသည် တိုက်ခိုက်ရေးသုံးနတ်လက်နက်များကို ပိုက်စိပ်တိုက် ရှာလိုက်သည်။
ဤကိစ္စက သိပ်ကြောက်စရာမကောင်းလှပေ။ အန္တရာယ်ဖြစ်လာလျှင် ရန်သူအား ဖောက်ခွဲရန် ၎င်းကိုလည်း အသုံးပြုနိုင်သည်။
၎င်းကို ကိုင်ထားစဉ် ရွှေရောင်အလင်းက ရုတ်တရက် ထိမှန်လာခဲ့သည်။
ယွင်လီကော၏ ကြက်သီးမွေးညှင်းများထောင်ထသွားပြီး သူ့လက်ကို ဆန့်ထုတ်ကာ ရုတ်တရက် ၎င်းကို ဆွဲယူလိုက်သည်။
"ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံလား?”
ယွင်လီကောက ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံကို မယုံကြည်စွာဖြင့် ကြည့်လိုက်သည်။ ဤအချိန်၌ ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံ၏ ပုံပန်းမှာ ယခင်ကနှင့် ဆင်တူသော်လည်း အရှိန်အဝါကွာခြားချက်ကတော့ ကြီးမားလွန်းတော့သည်။
၎င်းက ယုံနိုင်စရာ မရှိလောက်အောင်ပါပဲ။
ဇဝေဇဝါဖြစ်နေစဉ် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံ၏ အသိဉာဏ်က ကွယ်ပျောက်သွားသောကြောင့် ယွင်လီကောမှာ ကြောက်ရွံ့ကာ တုန်တုန်ယင်ယင် ဖြစ်သွားတော့သည်။
"ဘာလဲ? မင်းက အခု နတ်ဘုရားလက်နက်လို့ ပြောလိုက်တာလား? နတ်ဘုရားလက်နက်ထက် ပိုအစွမ်းထက်တာလား? ဘာလဲကွာ!"
ယနေ့ည သူဘယ်လောက်များများ ပြောခဲ့မှန်းကို ယွင်လီကောပင် မသိတော့ချေ။
သူ အလွန် တုန်လှုပ်သွားခဲ့သည်။
အင်အားကြီးမားသော ဆရာက တကယ့်ကို တရားလွန်ပါပဲ!
သူ့ဆရာတွင် နတ်လက်နက်တင်မက နတ်အသုံးအဆောင်ပါရှိနေလေသည်။
ဆရာ့ရဲ့ ကျင့်ကြံဆင့်က နတ်ဘုရားအဆင့်ထက် ကျော်လွန်မှာကို ငါစိုးရိမ်တယ်။
ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံ၏ အသိဉာဏ်ထပ်၍ ကွယ်ပျောက်သွားသော အကြောင်းကို စဉ်းစားလိုက်သောအခါ ယွင်လီကောမှာ အနည်းငယ် မျက်မှောင်ကြုံ့သွားပြီး ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံကနေ အခြားနေရာသို့ ချက်ချင်းလိုက်သွားတော့သည်။
"ဝိုး! အရမ်းကို တောက်ပတာပဲ!"
ဤနေရာ၌ နေရာတိုင်းတွင် ရွှေရောင်အလင်းတန်းများရှိသည့်အပြင် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသော မရေမတွက်နိုင်သည့် အရှိန်အဝါများလည်း ရှိလေသည်။
"ဒါ… ဒီဟာတွေက ဘာတွေလဲ?"
ယွင်လီကောကို ရှင်းပြနေချိန် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံ၏ စိတ်စွမ်းဝိညာဉ်က ထပ်မံထွက်ပေါ်လာကာ ရှင်းပြခဲ့ပြန်သည်။
ဤနေရာရှိ အရာများအားလုံးက နတ်ကျင့်စဉ်များနှင့် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းလမ်းများဖြစ်ကြောင်း ယွင်လီကော သိသောအခါ သူ လုံးဝ ဂနာမငြိမ်ဖြစ်သွားခဲ့သည်။
ဆရာက အရမ်း ဖုံးကွယ်ထားတာပဲ။
ယခုအခါ လူတိုင်းက သိုင်းဘုရင်အဆင့် လေ့ကျင့်ခန်းများကို အသုံးပြုနေကြပြီး ကံကောင်းသော ကလေးတချို့သာ နတ်ဘုရားအဆင့် လေ့ကျင့်ခန်းများကို အသုံးပြုကြပေလိမ့်မည်။
ဒါတွေကြောင့်ပဲ မြင်းနက်တွေတောင်မှ သူ့ဆရာကို မယှဉ်နိုင်တာ အံ့ဩစရာမရှိတော့ပါဘူး။
သူတို့က ဆရာရဲ့ ပြိုင်ဘက်တွေ မဖြစ်ဖို့ နေနေသာသာ နတ်လောကမှာရှိတဲ့ မြင်းနက်တွေတောင်မှ ဆရာ့ရဲ့ ပြိုင်ဘက်တွေ မဖြစ်နိုင်ကြလောက်ဘူး မဟုတ်လား?
"သေချာတယ်… ငါ့ဆရာက အကောင်းဆုံးပဲ။"
ယွင်လီကောက သူ့အား ချီးကျူးပြီးနောက်မှာတော့ သူ၏ ရှေးဟောင်းဧကရာဇ်ကျမ်း၊ အဇူရာသက်ရှည်အနုပညာ၊ ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းခြေလှမ်း နှင့် တိုက်ပွဲနတ်ဘုရားအနုပညာတို့၏ နတ်ကျင့်စဉ်ပုံစံတို့ကို သူ ချက်ချင်း ရှာတွေ့သွားတော့သည်။
ကျင့်ကြံခြင်းနည်းစနစ်လေးမျိုးတွင် ကျင့်ကြံခြင်း၊ တိုက်ခိုက်ခြင်း၊ ထွက်ပြေးခြင်းနှင့် ကုသခြင်းတို့မှာ မိမိကိုယ်တိုင်အတွက် ခေါင်းထဲစွဲနေသင့်သည်။
သူ၏ပါရမီက နိမ့်လွန်းတာကြောင့် သူတတ်နိုင်သည်ထက် ပိုမကိုက်ချင်ပေ။
သူလိုအပ်သောအရာကို ယူပြီးနောက် ယွင်လီကောသည် သက်ပြင်းချကာ တောင်နှင့်မြစ်ပန်းချီထဲမှ ထွက်သွားတော့သည်။
ဤအချိန်က ညအချိန် ရောက်လာပြီဖြစ်သောကြောင့် ယွင်လီကောသည် ဆရာဖြစ်သူ၏ အိမ်ရှိရာသို့ ဦးညွှတ်ကာ လေးလေးနက်နက် ဂါရဝ ပြုလိုက်သည်။
"ဆရာ ဒီနေ့ကစပြီး ဆရာ့ရဲ့ဘေးမှာ ဆရာ့ကို လီကော အလုပ်အကျွေးပြုနိုင်မှာ မဟုတ်တော့ဘူး။ နေရာအနှံ့သွားဖို့ ဆုံးဖြတ်ထားတဲ့ လီကောက အပြင်ထွက်ပြီး စူးစမ်းချင်တာ။ တပည့်အောင်မြင်သွားတဲ့အချိန်မှာ သေချာပေါက် ပြန်လာပြီး ဆရာနဲ့အတူ အမြဲတမ်း ရှိနေမှာပါ။"
စကားများ ပြောပြီးသောအခါ ယွင်လီကောက လှည့်ထွက်သွားတော့သည်။
သူက သိုင်းဘုရင်အဆင့်သို့ ဝင်ရောက်ပြီးပြီဖြစ်ပြီး ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းကျင့်စဉ်ကို သူ၏အမြန်နှုန်းက အလွန်အမင်း လျင်မြန်လာတော့သည်။
အချိန်အနည်းငယ်အကြာ၌ သူသည် ထာဝရသစ်တော၏ အရှေ့ဘက်ရှိ ဝူဝမ်ပင်လယ်ရှိရာသို့ ရောက်လာခဲ့သည်။
"ဒီနေရာက ချန်းမင်နဲ့ တခြားသူတွေပြောခဲ့တဲ့ လင်းမိသားစုရဲ့ နတ်ဘုရားအဆင့်ကျင့်ကြံသူတွေ လာခဲ့တဲ့နေရာမဟုတ်လား? ဒီနေရာကို ငါတို့ တိုက်ရင် ကောင်းကင်ဘုံဂိတ်တံခါးကို ဖွင့်နိုင်လောက်တယ်။"
ယွင်လီကောသည် အသက်ကို ပြင်းပြင်းရှူ၍ သူ့ခန္ဓာကိုယ် တစ်ခုလုံးရှိ အင်အားကို စုစည်းကာ ကောင်းကင်ယံသို့ ထိုးချလိုက်တော့သည်။
သို့သော် ကံမကောင်းစွာဖြင့် ယွင်လီကော လိုချင်ခဲ့သော ကောင်းကင်ဘုံဂိတ်တံခါးက ထွက်ပေါ်မလာခဲ့ပေ။
ယွင်လီကော အနည်းငယ် မျက်မှောင်ကြုံ့သွားပေမယ့် ဤအရာကြောင့် လက်မလျှော့သွားပဲ တစ်ခေါက်ပြီးတစ်ခေါက် အားအင်ကို စုစည်းကာ ဆက်တိုက် ထိုးနှက်နေခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် ကောင်းကင်မှ တုန့်ပြန်မှု ရှိမလာခဲ့ပေ။
"သေစမ်းကွာ… ငါမောလာပြီ။ ဒီ လေဟာနယ်အတားအဆီးက ဘာလို့ ဖြတ်ရတာအရမ်းခက်နေတာလဲ?"
ယွင်လီကော သွေးအန်နေချိန်တွင် သူ့နားထဲ၌ ရုတ်တရက် အသံထွက်လာခဲ့သည်။
"အားကုန်ခံမနေပါနဲ့တော့။ နတ်လောကရဲ့ဂိတ်တံခါးက အတိဒုက္ခကိုဖြတ်ကျော်ပြီး နတ်ဘုရားဖြစ်လာတဲ့လူတွေအတွက်ကိုပဲ ဝင်ခွင့်ပေးထားတာ။ နင်က သိုင်းဘုရင် ပထမအဆင့်မှာပဲရှိလို့ နတ်လောကရဲ့တံခါးကို ဘယ်လိုလုပ်ပြီး ဖွင့်နိုင်မှာလဲ?"
"ဘယ်သူလဲ?"
ယွင်လီကောက ရုတ်ခြည်း လှည့်ကြည့်လိုက်ပြီး တစ်ဘက်လူကို တွေ့ပြီးမှ သူ သက်ပြင်းချလိုက်တော့သည်။
"ငါက ဘယ်သူများလဲလို့။ မင်းကို။ မင်းဘာလုပ်နေတာလဲ?"
တစ်ဘက်လူ၏ သဏ္ဍာန်က တောထဲမှ ထွက်လာပြီး ကြယ်ရောင်များအောက်တွင် သူမ၏ အသွင်အပြင်ကို ပြသလာခဲ့သည်။ ၎င်းက ကျီဝူရှားမှတစ်ပါး အခြားသူမဟုတ်ခဲ့ပေ။
ကျီဝူရှားက သူမ၏လက်များကို နောက်ပစ်ရင်း ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
"အစကတော့ ငါ ဒီနေ့ အတိဒုက္ခကို အောင်အောင်မြင်မြင်ဖြတ်ကျော်သွားနိုင်တဲ့အတွက် နင် ပေါက်ကရတွေ တွေးနေမှာစိုးရိမ်လို့ နောက်ကလိုက်ခဲ့တာ။ နတ်လောကကို သွားချင်နေတာဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။"
ယွင်လီကောက အနည်းငယ် ချောင်းဟန့်လိုက်သည်။
"ငါ့ရဲ့နတ်ဝိညာဉ်ကက တခြားသူရဲ့နတ်ဝိညာဉ်ကို ဝါးမျိုပစ်ပြီးတော့ အဲ့ဒီလိုနတ်ဝိညာဉ်တွေကို ဝါးမျိုတာကပဲ ငါ့ကိုယ်ငါ ပိုတိုးတက်အောင် လုပ်နိုင်တယ်လို့ ဆရာက ပြောခဲ့တယ်။ ဒီနေရာမှာ ငါ့ရဲ့လေ့ကျင့်တာကို ဆက်လုပ်ဖို့က ငါ့အတွက် အဓိပ္ပာယ်မရှိတော့ဘူး။ ဒါကြောင့် နတ်ဘုရားအဆင့်ကို ငါသွားချင်ခဲ့တာ။"
"နင်က အခု သိုင်းဘုရင် ပထမအဆင့်မှာပဲ ရှိတာ။ နတ်လောကကို သွားတာက သေမင်းကို ဖိတ်ခေါ်နေတာ မဟုတ်လား?"
“အဲလိုတော့မပြောနဲ့။ နတ်လောကက ငါတို့ပုံဖော်ကြည့်နိုင်တဲ့နေရာမျိုးမဟုတ်မှန်းတော့ သိတယ်။ ပြီးတော့ အဲမှာလည်း ကျင့်ကြံဆင့်နိမ့်တဲ့လူတွေ အများကြီးရှိတာပဲ။”
"နတ်လောကမှာ မွေးဖွားခဲ့တဲ့ ကလေးတွေက တဖြည်းဖြည်း အရွယ်ရောက်လာ ပေမယ့် အခြေခံစမှတ်က အဆင့်နိမ့်လောက်ထက် ပိုမြင့်တယ်။ သူတို့ မွေးလာတာနဲ့ အများစုက ချိတ်ဆက်မှုအဆင့် (ဒါမှမဟုတ်) စိတ်ဝိညာဉ်အဆင့်ကိုတောင် တန်းရောက်နေကြပြီ။ နတ်လောကက လူတွေက အများကြီး လေ့မကျင့်ရင်တောင်မှ အနာဂတ်မှာ အနိမ့်ဆုံးအောင်မြင်မှုက နတ်ဘုရားအဆင့်ရဲ့ ပထမအဆင့်မှာ ရှိတာမို့လို့ သူတို့က အဆင့်နိမ့်လောကကလူတွေထက် ရှေ့ရောက်နေကြတာပဲ။"
ကျီဝူရှားက ခေါင်းခါလိုက်သည်။
"နတ်လောကမှာ ကျင့်ကြံဆင့်နိမ့်တဲ့ သာမန်ရှေးလူမျိုးတချို့ ရှိပေမယ့် အဲ့ဒီအဆင့်မှာ ကျွမ်းကျင်သူတွေ ပိုများတယ်။ အဲ့ဒီမှာ နင်က ပုရွက်ဆိတ်လေးတစ်ကောင်လိုပဲ ဖြစ်မှာ။"
ယွင်လီကောက သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"ဒီလိုဆိုရင်တောင် ငါသွားချင်တယ်။ ငါတို့မှာ ကံတရားရဲ့ သားသတ်ပွဲကို ကစားဖို့တောင် အရည်အချင်း မရှိဘူး။ ငါ့ရဲ့ တိုးတက်တာကို အရှိန်မမြှင့်ဘူးဆိုရင် ငါနဲ့ လူတိုင်းရဲ့ ကြားမှာရှိတဲ့ ကွာဟချက်က အနာဂတ်မျာ ပိုပြီး ကျယ်ပြန့်လာလိမ့်မယ်။ ငါက အမည်မဲ့ဂိုဏ်းရဲ့ အကြီးဆုံးတပည့်ပါ။ တခြားလူတွေရဲ့အောက်မှာပဲ အမြဲရောက်မနေချင်ဘူး!"
ကျီဝူရှားမှာ ခဏတာ ငြိမ်သက်သွားခဲ့သည်။ ထို့နောက် သူ၏လက်က ရုတ်တရက် မြှောက်ကာ လက်ဖဝါးကို ခုတ်ချလိုက်သည်။
ဤလက်ဖဝါး၏ ဆွဲဆောင်မှုရှိသော ခုတ်ချက်က ကမ္ဘာကို အရောင်ပြောင်းအောင် ပြုလုပ်လိုက်သည်။
မူလက ငြိမ်သက်နေသော လေဟာနယ်အတားအဆီးသည် ကြီးမားသော အပေါက်တစ်ခုနှင့်အတူ ရုတ်တရက် ပေါက်ကွဲသွားပြီး အထဲမှနေပြီး ရွှေရောင်အလင်းများ ဖြာထွက်လာခဲ့သည်။
အက်ကြောင်းနေရာ၏ အထဲမှ အားကောင်းသော နတ်စွမ်းအင် စည်းမျဉ်းများ၏ လှိုင်းများက ထွက်လာခဲ့သည်။
ဤအရာက နတ်လောက်က၏ တံခါးပေါက်ဖြစ်ကြောင်း ထင်ရှားတော့သည်။
ယွင်လီကောသည် ခဏတာ ကြက်သေသေသွားခဲ့ပြီး ချက်ချင်းပင် ပါးစပ်ဖွင့်ကာ ပြောလိုက်လေသည်။
"မင်း ဘာလို့ ငါ့ကို ကူညီနေတာလဲ?"
ကျီဝူရှားက သာမန်မျှ ကြည့်ကာ ပြောလိုက်သည်။
"နင် အခုတလော အိမ်မက်တစ်ခု မက်ခဲ့လား?"
ယွင်လီကော: "???"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယွင်လီကောက လေးလေးနက်နက် ပြောလာခဲ့သည်။
"ဂျူနီယာညီမ… ငါက သိုင်းပညာတွေအားလုံးကို စိတ်ပါလက်ပါနဲ့ လေ့လာလိုက်စားတယ်။ ငါ့ရဲ့လမ်းမှာ ခလုတ်ကသင်းမဖြစ်ပါစေနဲ့။ မင်းက အရမ်းလှပြီး မင်းရဲ့ ပုံစံက အရမ်း ကြည့်ကောင်းတယ်။ ဆွဲဆောင်တာကို ငါခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။"
"သွားစမ်းပါ!"
ကျီဝူရှားက သူ့အားဒေါသတကြီးဖြင့် ဖျတ်ခနဲကြည့်လိုက်သည်။
"ငါပြောနေတဲ့ အိမ်မက်တွေအကြောင်းဆိုတာက တိုက်ပွဲတွေအကြောင်း အိမ်မက်တွေပဲ။ ငါ နင့်ကို ဟိုးအရင်အချိန်က တွေ့ဖူးခဲ့တယ်လို့ ခံစားရတယ်။ ပြီးတော့ ငါတို့နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း သိကြတယ်။ ဒါပေမယ့် ဒီမှတ်ဉာဏ်နဲ့ပတ်သက်ပြီး သိပ်သဲသဲကွဲကွဲမရှိဘူးလို့ ခံစားရပြီးတော့ အဲ့ဒါကို အတိအကျ ရှာမရဘူး။ ဒါပေမယ့် ညီမခံစားနိုင်တဲ့ တစ်ခုထဲသောအရာက နင်ရယ် ငါရယ် ထျန်းရွမ်နဲ့တခြားသူတွေရဲ့ အရင်ဘဝတွေတုန်းက သာမန်လူတွေ မဟုတ်လောက် ဘူးဆိုတာပဲ။ အနာဂတ်မှာ ငါ ရင်ဆိုင်ရမယ့်ဟာက မြင်းနက်တွေလောက်ပဲ မဟုတ်တော့လောက်ဘူးလို့ သံသယဖြစ်မိတယ်။ ဒါကြောင့် အဲ့ဒီမတိုင်ခင် အနာဂတ်မှာ ကြိုတင်မခန့်မှန်းနိုင်တဲ့ အဖြစ်အပျက်တွေကို ဖြေရှင်းဖို့ ငါတို့ ကိုယ့်ကိုယ်ကို အကောင်းဆုံး တိုးတက်အောင်လုပ်ဖို့အတွက် နည်းလမ်းတစ်ခုကို ရှာထားရမယ် ထင်တယ်။"
ယွင်လီကော: "..."
"ဂျူနီယာညီမ… မင်း ငါ့ကို တကယ် စိတ်ဝင်စားရင် ငါ့ကို တည့်တည့် ပြောလို့ရတယ်။ ဒီလိုမျိုး ကြီးကြီးကျယ်ကျယ် ဝေ့ဝိုက်သွားဖို့ မလိုပါဘူး။"
ကျီဝူရှား ပြောနေသော အရာကို ယွင်လီကော နားမလည်နိုင်ခဲ့ပေ။
သို့သော် ၎င်းမှ အသုံးဝင်သော အချက်အလက် အပိုင်းအစများစွာကို သူ ထုတ်နှုတ်ခဲ့သည်။
တစ်ခုမှာ ညီမငယ်က သူကိုယ်တိုင် အိမ်မက်မက်ပြီး တကယ် တွေ့ခဲ့တာ ဖြစ်သည်။
နောက်တစ်ခုက ညီမငယ်သည် သူမ၏ လမ်းကြောင်းကို ပြောင်းလိုက်ပြီး သူမ၏ ယခင်ဘဝက သူ့အား သူမ သိသည်ဟု ပြောခဲ့သည်။
ဤအရာက ဝန်ခံချက်တစ်ခု မဟုတ်လား?
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၉၀ ဘယ်သူတိုက်တာလဲ…
ကျီဝူရှားသည် ခဏတာ ငြိမ်သက်သွားတော့သည်။
"နင် မြန်မြန်ထွက်သွားတာ ပိုကောင်းတယ်။"
"ကောင်းပြီ… ဒါဆို ငါသွားတော့မယ်။"
ယွင်လီကောသည် ထွက်မသွားမီ တစ်ခုခုကို ထပ်စဉ်းစားမိပုံရပြီး ပြန်လှည့်လာကာ ပြောလိုက်သည်။
"ဂျူနီယာညီမ အနာဂတ်မှာ မင်း ဒိုင်ယာရီရေးတာကို ရပ်သင့်တယ်။ အဲ့ဒါက နည်းနည်း တုံးအပုံပေါ်စေတယ်။"
"လိမ့်လိုက်တော့!"
ကျီဝူရှားထံမှ ဟစ်အော်သံနှင့်အတူ ယွင်လီကောသည် ရှောင်တိမ်းကာ နတ်ဘုရားဂိတ်ပေါက်သို့ ဝင်သွားတော့သည်။
ကျီဝူရှားက ခေါင်းခါလိုက်သည်။
" ငါ့ရဲ့မှတ်ဉာဏ်တွေအားလုံးက အတုအယောင်တွေဖြစ်ဖို့ ငါ တကယ်မျှော်လင့်တယ်။ မဟုတ်ရင် ဆရာ ရန်သူကို အနိုင်ရအောင် ကူညီတဲ့ နေရာမှာ အဲဒီငတုံးအပေါ် အားထားရတာက ဆန္ဒတွေအပေါ်မှာ အခြေခံထားတဲ့ ယုံကြည်မှုပဲ ဖြစ်သွားနိုင်တယ်။"
သူမ ပြန်ခါနီးအချိန်တွင် သူမ၏ အသိက တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံစားမိခဲ့သည်။
ကျီဝူရှား မျက်မှောင်ကြုံ့သွားပြီး တောထဲတွင် ချက်ချင်း ပုန်းအောင်းလိုက်သည်။
ခဏကြာပြီးနောက် တောထဲ၌ သတ်ပွဲတစ်ခုရှိတာကို သူမ တွေ့လိုက်ရသည်။
"ရှီမိသားစုရဲ့ လူတွေကို သတ်ကြ။ ဘယ်သူမှ မသွားစေနဲ့။"
"ယဲ့မိသားစု! မင်းတို့က ထာဝရသစ်တောတစ်ခုလုံးကို သတ်ပစ်ချင်နေကြတာလား? မင်းတို့တွေက အရမ်းရူးနေကြပြီ။ မင်းတို့ကို ကောင်းကင်ဘုံက ပြစ်ဒဏ်ချမှတ်လိမ့်မယ်!"
"ဒါက…"
ကျီဝူရှား၏ ခေါင်းကြောတို့ထုံကျင်သွားပြီး ထိုနေရာမှ ချက်ချင်း ထွက်သွားတော့သည်။
အမည်မဲ့ဂိုဏ်းသို့ သူမ ပြန်ရောက်သောအခါ လုရှောင်ယန်က တောင်ဂိတ်တံခါးတွင် စောင့်နေတာကို သူမ တွေ့လိုက်ရသဖြင့် ထိတ်လန့် အံ့အားသင့်သွားတော့သည်။
"ဆရာ့ကို နှုတ်ဆက်ပါတယ်။"
"လီကော ထွက်သွားပြီလား?"
လုရှောင်ယန်က ၎င်းနှင့်ပတ်သက်၍ သိထားပြီးသည်ကို သိလိုက်ရသောအခါ ကျီဝူရှားားမှာ ထိတ်လန့်အံ့ဩသွားတော့သည်။
"ကျွန်မ တောင်းပန်ပါတယ်ဆရာ။ ဒါက ကျွန်မရဲ့အမှားပါ။ ဆရာ့ကို ဖုံးကွယ်မထားသင့်ဘူး။"
"ရပါတယ်။ သူထွက်သွားတာကို ငါသိတယ်။"
တောင်နှင့်မြစ်ပန်းချီသည် လုရှောင်ယန်၏ပိုင်ဆိုင်မှုဖြစ်သည်။ ၎င်းထဲတွင် ယွင်လီကော လုပ်ခဲ့သောအရာကို သူ ဘယ်လိုလုပ်ပြီး မသိပဲနေပါ့မလဲ?
ယွင်လီကောက နတ်လက်နက်တချို့နှင့် နတ်ကျင့်စဉ်များ ယူသွားခဲ့တာကို သူ တွေ့လိုက်ရသောအခါ ယွင်လီကော နတ်လောကသို့ သွားချင်မှန်းကို သူ ခန့်မှန်းထားပြီး ဖြစ်သည်။
ဤအရာအတွက် လုရှောင်ယန်က သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
လီကောမှာ ရည်မှန်းချက်ကြီးကြီးရှိသွားတာ ကောင်းတဲ့အရာပဲ။
ဘာပဲဖြစ်ဖြစ် သူ့သွေးအဆီအနှစ်သည် ရှန်းထီကျောက်ရှင်ထဲတွင် ရှိထားပြီးဖြစ်သည်။ အကယ်၍များ လီကောသေသွားခဲ့လျှင်ပင် လုရှောင်ယန်အနေနှင့် သူ့ကို အသက်ပြန်သွင်းနိုင်ပေသည်။
သူ့အား ဂိုဏ်းမှာ နေခိုင်းထားပြီး တစ်နေ့တာလုံး ခံစားခိုင်းတာထက် ၎င်းက ပိုကောင်းတော့သည်။
သူအောင်မြင်သွားခဲ့ရင်ရော?
လူတိုင်းတွင် အမြဲတမ်း မျှော်လင့်ချက် ရှိကြသည်။
တကယ်တော့ မျှော်လင့်ချက်ပိုကြီးမားလေလေ ပိုပြီး စိတ်ပျက်ရလေလေ ဖြစ်သောကြောင့် လုရှောင်ယန်တွင် မျှော်လင့်ချက် သိပ်မရှိခဲ့ပေ။
လီကော ယုံရလား၊ မယုံရဘူးလားဆိုတာကို ဘယ်သူကများ ကြိုသိနိုင်ပါ့မလဲ?
အနာဂတ်မှာ ငါတို့ ထပ်တွေ့လို့ သူက ဒုံရင်းကဒုံရင်းအတိုင်းပဲ ဖြစ်နေသေးတယ်ဆိုရင်တောင် အနည်းဆုံးတော့ သူ စိတ်ပျက်မိမည် မဟုတ်ချေ။
"ဒါနဲ့ ဆရာ.. တပည့်မှာ အရေးကြီး တင်ပြစရာတစ်ခုရှိပါတယ်။"
"ပြော!"
“တပည့် ပြန်လာတုန်းက၊ ထာဝရသစ်တောထဲက မိသားစုတွေကို ယဲ့မိသားစုဝင်တွေ လိုက်ဖမ်းနေတာ တွေ့ခဲ့တယ်။"
လုရှောင်ယန်၏ သူငယ်အိမ်တို့ ချက်ချင်းကျဉ်းမြောင်းသွားကြသည်။
ယဲ့မိသားစုက ဘာတွေလုပ်နေတာလဲ?
ယဲ့မိသားစုက သူတို့၏ဒေါသကို တခြားမိသားစုကြီးများမှ သိုင်းဘုရင်အဆင့်ကျင့်ကြံသူများထံတွင် ထွက်ပေါက်ရှာဖို့ လုပ်နေခြင်းဖြစ်မည်ဟု လုရှောင်ယန်ကတော့ မယုံပေ။
ယဲ့မိသားစုတွင် တခြားသောမိသားစုကြီးများ၏ အမုန်းကို အလကားနေလိုက်ရှာနေဖို့ အချိန်မရှိပေ။
တစ်ခုတည်းသော အကြောင်းပြချက်မှာ အကျိုးအမြတ်ဆိုသော အရာအတွက် ဤသို့သတ်ဖြတ်သည့်လုပ်ရပ်အား သူတို့ ပြုလုပ်နေကြခြင်းဖြစ်ပေမည်။
ယဲ့မိသားစုသည် လုရှောင်ယန်၏ နှလုံးသားထဲတွင် အမြဲတမ်း ဆူးတစ်ချောင်းဖြစ်ခဲ့သည်။
တစ်ဖက်က မြင်းနက် ဒါမှမဟုတ် အလွန်အင်အားကြီးသောမြင်းနက်ဖြစ်နေသ၍ ဘယ်လိုမှ ဖြေရှင်းဖို့ လွယ်မည်မဟုတ်ပေ။
လုရှောင်ယန်က ယဲ့မိသားစုကို ယခင် ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့သော အကြောင်းအရင်းမှာ ယဲ့မိသားစုသည် လီချင်းဖန်ထက် ဖြေရှင်းရတာ ပိုခက်ခဲသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လုရှောင်ယန်သည် ယုံကြည်ချက်အပြည့်ရှိလာမည့်အချိန်မှသာ တိုက်ခိုက်ချင်ခဲ့သည်။
သို့သော် ယခု သူ့တပည့်မ၏ လေသံကို နားထောင်ကြည့်သောအခါ သူ မတိုက်ခိုက်ချင်ရင်တောင် တိုက်ခိုက်မှဖြစ်ပေတော့မည်။
ထိုမိသားစုကြီးများ၏ မိသားစုခေါင်းဆောင်များနှင့် ဘိုးဘေးများအားလုံးသည် သူ့ဂိုဏ်းမှတပည့်များ ဖြစ်နေကြပြီဆိုသည်အား အသာထားအုံး၊ ယဲ့မိသားစုဘက်က လျှို့ဝှက်အစီအစဉ်ဆွဲနေပြီဆိုသည်ကပင် သူ့ကို အလေးအနက်တွေးရအောင် လုပ်နေပေပြီ။
ယဲ့ကျွင်းလင် စီစဉ်ထားသောအရာက သူ့ကို အထူးတလည် ရည်ရွယ်ခဲ့သည်ဆိုလျှင် သူသာ ဂရုမစိုက်ရင် လုံးဝရှုံးနိမ့်ရတော့မယ်မဟုတ်ပါလား?
ဒါပေါ့ အရေးအကြီးဆုံးအချက်ကတော့ သူ့ကျင့်ကြံဆင့်သည် လတ်တလောတွင်ပင် အများကြီးတိုးတက်လာခဲ့သည်။
ဤအကြောင်းရင်းကြောင့်သာ မဟုတ်လျှင် လုရှောင်ယန်သည် ယဲ့ကျွင်းလင်ကို ရှာဖို့ စိတ်ကူးလိမ့်ဦးမည်မဟုတ်ပေ။
သူဆိုသည်က အသက်ရှည်နိုင်သမျှရှည်ချင်သူသာဖြစ်သည်။
ထားလိုက်ပါတော့။ လောလောဆယ် ဒါတွေ မတွေးသေးဘဲ လုပ်စရာရှိတာကို အရင်လုပ်ကြစို့။
အသက်ကိုပြင်းပြင်းရှူရှိုက်ရင်း လုရှောင်ယန်၏ မျက်လုံးများက အေးစက်လာတော့သည်။
သူ၏နတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ခဏအကြာတွင် အမည်မဲ့ဂိုဏ်းမှနေပြီး ပြင်းထန်လှသည့်အရှိန်အဝါများ ပေါ်ထွက်လာတော့သည်။။
ရာနှင့်ချီသော နတ်ဘုရားအဆင့်ရှိသည့် အရှိန်အဝါပိုင်ရှင်များက တပြိုင်တည်းမှာပင် လုရှောင်ယန်အနား၌ စုစည်းသွားခဲ့သည်။
ဖိအားက အလွန်အမင်းပြင်းထန်လွန်းတာကြောင့် လောကကြီးတစ်ခုလုံးပင် အရောင်အဆင်းပြောင်းလဲသွားလေသည်။ မရေမတွက်နိုင်သော သက်ရှိများသည်လည်း ကြောက်လန့်မှုကြောင့် ပြိုလဲသွားကြသည်။
လက်ရှိအခြေအနေမှာ လောကကြီးတွင် အပြင်းထန်ဆုံးလှိုင်းပင်!
"အခု ယဲ့မိသားစုက ထာဝရသစ်တောထဲက မိသားစုကြီးတွေကို လိုက်သတ်နေပြီ။ ဖြစ်နိုင်တာက မင်းတို့ရဲ့သွေးမျိုးဆက်တွေကို လက်စတုံးပစ်ချင်နေပုံပဲ။”
"ဘာ?"
လူတိုင်း၏ မျက်နှာများက ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူတို့အားလုံးသည် အခြေခံအားဖြင့် ထာဝရသစ်တော၏ မိသားစုကြီးများမှ ဖြစ်ကြသည်။ ယဲ့မိသားစုသာ တကယ်လိုက်သတ်နေခြင်းဆိုလျှင် ဂိုဏ်းချုပ်ပြောသလို အခြေအနေမျိုး တကယ်ဖြစ်သွားနိုင်သည်။ သူတို့မိသားစုတစ်ခုလုံး သေဆုံးကာ သူတို့၏ သားမြေး စဉ်ဆက်များ ပြတ်တောက်သွားပေလိမ့်မည်။
၎င်းက သူတို့ မည်သူမျှ သည်းမခံနိုင်သော နာကျင်မှုနှင့် ဆုံးရှုံးမှုပင် ဖြစ်တော့သည်။
"ဂိုဏ်းချုပ်… ထာဝရသစ်တောကို ပြန်ပြီး ကျွန်တော်တို့ရဲ့ မျိုးနွယ်ကို စောင့်ရှောက်ဖို့ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အမြန်အမိန့်ပေးပါ။"
"ဂိုဏ်းချုပ်… ကျွန်တော်တို့ကို ဦးဆောင်ပြီး ကျွန်တော်တို့ရဲ့ သားမြေးစဉ်ဆက်တွေကို ကျေးဇူးပြုပြီး ကယ်တင်ပေးပါ။"
လုရှောင်ယန်က ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။
"မင်းတို့အရမ်းမစိုးရိမ်ကြနဲ့။ သေချာပေါက် ငါလှုပ်ရှားမှာပါ။ အားလုံးနားထောင်ကြ! အခုကစပြီး ထာဝရသစ်တောထဲက ယဲ့မိသားစုဆီ ချက်ချင်းသွားကြ။ အမှားမလုပ်ကြနဲ့!"
"အမိန့်အတိုင်းပါပဲ။"
လူတိုင်း မထွက်မီ လုရှောင်ယန်က ထပ်ပြောလိုက်သည်။
"အားလုံး ဒါကိုမှတ်ထားကြ! ယဲ့မိသားစုကို မင်းတို့ရောက်ရင် သုံးယောက် (ဒါမှမဟုတ်) ငါးယောက်တစ်ဖွဲ့ဖွဲ့ဖို့ လုံးဝ ခွင့်မပြုထားဘူး။ ပြီးတော့ မင်းတို့ရဲ့ နေရာတွေကို ခွဲရမယ်ဆိုတာကို လူတိုင်း အမှတ်ရကြပါ။ တကယ်လို့ လူစုမခွဲဘဲ နေရဲကြရင် နောက်မှ ငါမျက်နှာလွှဲလိုက်တဲ့အတွက် အပြစ်မတင်ကြနဲ့။
တကယ်တော့ တစ်ချက်တည်းဖြင့် အားလုံး ချေမှုန်းခံရမှာကို လုရှောင်ယန် စိုးရိမ်ခဲ့သည်။
မြင်းနက်များသည် အလွန်တရာအားကောင်းကာ အထူးစွမ်းရည်တို့ ရှိကြောင်းကို မမေ့ထားသင့်ပေ။
ထိုကျင့်ကြံသူများသည် သူကိုယ်တိုင် မဟုတ်ကြပေ။ ထိုသူများသည် အထောက်အပံ့ပေးမည့် ဖြတ်လျှောက်များသာ ဖြစ်ကြပေသည်။ သူတို့သည် လီကောနှင့် အခြားတပည့်များထက်ပင် များစွာ နိမ့်ကျကြသည်။
သို့သော် လီကောနဲ့ တခြားလူတွေလို ဗီလိန်ကြီးတွေတောင်မှ အချိန်
မရွေး အသတ်ခံရမည့် အန္တရာယ်က ရှိနေသေးသည်။
သူတို့လို ဖြတ်သွားဖြတ်လာ အဖွဲ့ကြီးကတော့ ပြောမနေတော့နဲ့။
သူတို့အားလုံးသည် နတ်ဘုရားအဆင့်ကျွမ်းကျင်သူများဆိုသော်လည်း ယဲ့ကျွင်းလင်ရှေ့တွင်တော့ ကြက်ပေါက်ကလေးများသာ ဖြစ်ပေသည်။
လုရှောင်ယန် ဘာကြောင့် ဤသို့ ပြောခဲ့မှန်းကို လူတိုင်း မသိကြသော်လည်း ဂိုဏ်းချုပ်ပြောသော စကားဖြစ်တာကြောင့် သေချာပေါက် အကြောင်းအရင်းတော့ရှိပေမည်။
ဂိုဏ်းချုပ်ပြောသမျှမှန်သည်။ သူတို့ ယဲ့မိသားစုကို အမြစ်ဖြတ်နိုင်ဖို့ လိုအပ်သည်။
မြောက်မြားစွာသော နတ်ဘုရားအဆင့်ကျင့်ကြံသူများသည် လေဟာနယ်ကို ဆုတ်ဖြဲဖွင့်လိုက်ပြီး အမြန်ဆုံး အရှိန်ဖြင့် ထာဝရသစ်တောမှ ယဲ့မိသားစုရှိရာသို့ တဟုန်ထိုး ပြေးသွားခဲ့ကြသည်။
...
ဤအချိန်၌ ယဲ့မိသားစုသည် သတ်ပွဲကျင်းပနေဆဲဖြစ်ပြီး သူတို့၏ ကြီးကျယ်ခမ်းနားသည့် စံအိမ်ကြီးအောက်ကို တွင်းကြီးပုံစံ တူးထားပြီးနောက် အစီအရင်တစ်ခုအဖြစ် ပုံဖော်ထားကာ နောက်ဆုံးတွင် အစီအရင်ကို အသက်သွင်းရန် ၎င်းထဲသို့ သွေးကို လောင်းထည့်ခဲ့ကြသည်။
ဤအချိန်၌ ယဲ့မိသားစုသည် ငရဲဘုံကြီးတစ်ခုလိုပင်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စူးစူးဝါးဝါးအော်သံများနှင့်အတူ ခေါင်းဖြတ်ခံလိုက်ရပြီးနောက် သူတို့၏ သွေးများက တဖြည်းဖြည်းစီးဆင်းကာ ပျောက်ကွယ်သွားတော့သည်။
ယဲ့မိသားစုက သတ်ဖြတ်ရင်း အလုပ်များနေချိန်တွင် ကောင်းကင်ယံ၌ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
မရေမတွက်နိုင်သော လေဟာနယ်အတားအဆီးများသည် တစ်ပိုင်းတစ်စစီ ဆုတ်ဖြဲခံလိုက်ရပြီး လေဟာနယ်အက်ကြောင်းများ ပွင့်ထွက်လာခဲ့သည်။
လေဟာနယ်အက်ကွဲကြောင်းများ အားလုံးမှနေပြီး တည်ငြိမ်သော စီးကြောင်းတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ယဲ့မိသားစုတစ်ခုလုံး၏ အပေါ်ဘက်ရှိ ကောင်းကင်ယံတစ်ခုလုံးကို ပြည့်နှက်သွားသည့် ခမ်းနားထည်ဝါလှသည့် အရှိန်အဝါကြီးဖြစ်ပေါ်လာခဲ့သည်။
အရှိန်အဝါနှင့်အတူ နတ်ဘုရားအဆင့်ရှိ စွမ်းအားကြီးမားလှသော ပုဂ္ဂိုလ်များက ဟင်းလင်းပြင်ထဲရှိ အက်ကွဲကြောင်းများမှ ထွက်လာခဲ့ကြသည်။
လုရှောင်ယန်၏အမိန့်အရ နတ်ဘုရားအဆင့်မှလူများအားလုံးသည် သူတို့၏
နေရာများကို ခွဲထားလိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် မနီးကပ်နေကြဘဲ လူတိုင်းသည် ခပ်လှမ်းလှမ်းတွင် ရှိနေကြသည်။
ခဏကြာပြီးနောက် ကောင်းကင်ယံတွင် အကြီးမားဆုံး လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပွင့်သွားခဲ့ပြီး လုရှောင်ယန်က ၎င်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
အောက်ဘက်ရှိ ယဲ့မိသားစုမှတပည့်များသည် ၎င်းကို ကြိုတင်ခန့်မှန်းထားပြီး ဒါမှမဟုတ် ကြိုတင်အကြောင်း ကြားခံထားရပုံပေါ်လေသည်။
သူတို့က ချက်ချင်းဆိုသလို ယဲ့မိသားစုပိုင်နက်အလယ်သို့ ချက်ချင်းဆုတ်ခွာကြသည်။
သို့သော်ငြားလည်း နတ်ဘုရားအဆင့်မှအရှိန်အဝါကို ဘယ်သူကများ ခုခံနိုင်မှာတဲ့လဲ?
အထူးသဖြင့် သူတို့၏ မိသားစုအား ယဲ့မိသားစုက သုတ်သင်ပစ်ကြောင်းကို သိပြီးနောက် နတ်ဘုရားများအားလုံးမှာ အလွန်အမင်း ဒေါသထွက်သွားခဲ့ကြသည်။
နတ်ဘုရားအဆင့်ပုဂ္ဂိုလ်များထွက်ပေါ်လာသည်နှင့်တပြိုင်နက် လုရှောင်ယန် အမိန့် မပေးမီပင် တိုက်ခိုက်မှုပေါင်းများစွာက ရန်သူ၏ခေါင်းပေါ်သို့ အပြင်းအထန် ကျဆင်းနှင့်ပေပြီ။
အလင်းတန်းတချို့က လင်းလက်သွားကာ အောက်ဘက်ရှိယဲ့မိသားစုဝင်များသည် ရောင်ခြည်တန်းများဖြင့် ချက်ချင်း အသတ်ခံလိုက်ရပြီး ပြာမှုန်အနည်းငယ်မျှပင် မကျန်ခဲ့ပေ။
ထွက်ပြေးကြသည့် ကျင့်ကြံသူတချို့အတွက်ကလည်း သူတို့နောက်တွင် ဓားချက်တို့က ချက်ချင်းအမီလိုက်နေခဲ့သည်။
ဓားအရှိန်အဝါ၏ ပြင်းထန်လှသည့် အပူချိန်ကပင် သူတို့ကို အလွတ်မပေးခဲ့ပေ။
အလင်းတန်းမလာမီ ဓားအချိန်အဝါမှ ထုတ်လွှတ်နေသည့် အလွန်အမင်း ပူပြင်းသည့် အလင်းရောင်ခြည်ကြောင့် သူတို့ အပူဟပ်ခံရပြီး အငွေ့ခြောင်းခြောင်းထွက်နေသော အဝတ်အစားများက ပြာမှုန့်များ အဖြစ်သို့ ပြောင်းသွားပြီး သူတို့၏ အရေပြားမှာ ချက်ချင်း မီးဟပ်၍ အရောင်ပြောင်းသွားတော့သည်။
ထို့နောက် အလင်းတန်းက လိုက်မီသွားပြီး လူတစ်ကိုယ်လုံးက ပြာအဖြစ်သို့ ပြောင်းသွားတော့သည်။
နတ်ဘုရားအဆင့်တို့၏ရှေ့မှောက်တွင် မည်သူကများ ခံနိုင်ရည် ရှိမှာတဲ့လဲ?
သန်မာသော နတ်ဘုရားအဆင့် အယောက်၁၀၀၏ ပူးပေါင်းအားက တောင်ကြီးတစ်တောင်လိုများ အားလုံးကို ပိပြားသွားစေသည်။
ယဲ့မိသားစုမှ အကြီးမြတ်ဆုံးအဆင့်ကျင့်ကြံသူများက အနည်းငယ် ခံနိုင်ရည် ရှိပုံရပေမယ့် အကြီးမြတ်ဆုံးအဆင့်အောက်မှလူများသည် ကျင့်ကြံခြင်းအခြေခံက အလွန်နိမ့်လွန်းသောကြောင့် ဖိအားကို ခံနိုင်ရည်မရှိပဲ သွေးကြောများ ပေါက်ထွက်ကာ ချက်ချင်း သေဆုံးသွားကြသည်!
သူတို့၏ အားကောင်းသော ချီနှင့် သွေးကြောင့် ဘုရင်အဆင့်နှင့် ဧကရာဇ်အဆင့်မှ ကျင့်ကြံသူများသည် ဤဖိအားကြောင့် ချက်ချင်း သုတ်သင်ခံရလိမ့်မည်မဟုတ်ပေ။
သို့သော်ငြားလည်း သူတို့၏ ဒွာရ(၇)ပေါက်မှ သွေးများ ထွက်နေကာ သူတို့၏ ခန္ဓာကိုယ်များက အကြောသေသွားပြီး သူတို့၏ ဒူးများပေါ်တွင် ထောက်လျက်သား ကျသွားကာ မလှုပ်နိုင်တော့ပေ။
နတ်ဘုရားအဆင့်ကျင့်ကြံသူများ၏ ဆက်တိုက်ဖိအားပေးနေမှုကြောင့် ဘုရားအဆင့်နှင့် ဧကရာဇ်အဆင့်မှ ကျင့်ကြံသူများသည် သေချာပေါက် ဆက်ပြီး မတောင့်ခံနိုင်ကြတော့ပေ။ မကြာခင်မှာပဲ သူတို့အားလုံး ပြင်းထန်လှသည့် ဖိအားကြောင့် ပေါက်ကွဲကုန်ကြတော့သည်။
ဝုန်း….
နတ်ဘုရားအဆင့်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကြောင့် မြေကြီးကပင် တုန်ခါလို့သွားသည်!
နတ်ဘုရားအဆင့်မှ ကျင့်ကြံသူရာကျော်သည် လုံးဝ တွန့်ဆုတ်မနေပဲ ယဲ့မိသားစု၏ နောက်လိုက်များအားလုံးကို ချက်ချင်း သတ်ပစ်ခဲ့ကြသည်။
သူတို့ကို ယင်ကောင်များသာသာဟု ပြောနေကြသော်လည်း တကယ်တမ်း သူတို့ထဲတွင် သိုင်းဘုရင်အဆင့်များပင် ပါဝင်လေသည်။
သို့သော် အမည်မဲ့ဂိုဏ်းမှ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များ၏ အရှိန်အဝါက တကယ့်ကို ပြင်းထန်လွန်းတော့သည်!
၎င်းက ဖော်မပြနိုင်လောက်အောင် အလွန် အားကောင်းတော့သည်။
လူတိုင်းကို တိုက်ခိုက်ဖို့ မလိုချေ။ အတွေးတစ်ခုမျှဖြင့် ရန်သူကို ပေါက်ကွဲအောင် ပြုလုပ်ပြီး ချက်ချင်း သေဆုံးအောင် ပြုလုပ်နိုင်သည်။
နတ်ဘုရားအဆင့်ကျင့်ကြံသူ ရာကျော်မဆိုထားနှင့် နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် လွန်စွာအင်အားကြီးနေပြီဖြစ်သည်။
ဒါကြောင့်ပဲ မြင်းနက်ကို လုရှောင်ယန် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ခြင်းပင်!
သူက ဘယ်တော့မှ မတုန်လှုပ်ပဲ တဖြည်းဖြည်း ပိုတိုးတက်နေခဲ့ပြီး အလွန်အရေးကြီးသောအချိန်ရောက်မှ သူ၏ သေစေနိုင်သော ထိုးနှက်ချက်ကို ထုတ်သုံးမှာဖြစ်သည်။ သူဆိုသည်က အလွန်အစွန်းရောက်သည့် မုဆိုးတစ်ယောက်လိုပင်!
အသန်မာဆုံးမြင်းနက်ဖြစ်သော ယဲ့မိသားစုမှ ယဲ့ကျွင်းလင်ကို ရင်ဆိုင်သောအခါ လုရှောင်ယန်သည် သူ၏ အမည်မဲ့ဂိုဏ်း တိုးတက်ဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။
ဒီနေ့မှာတော့ ယဲ့ကျွင်းလင်ကို စိန်ခေါ်ဖို့ ထိုကဲ့သို့ ဩဇာပြည့်လျှမ်းသော လူတစ်စုကို သူကိုယ်တိုင် ဦးဆောင်ခဲ့ပေသည်…။
***