အခန်း (၂၉၁-၂၉၅)
Vol. 20 Ch. 291-295
အပိုင်း ၂၉၁ ဉာဏ်စွမ်းတိုက်ပွဲ?
လုရှောင်ယန်က နတ်ဘုရားစစ်သည်များကို ဦးဆောင်ပြီး ယဲ့မိသားစုခြံဝင်းထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ဦးဆောင်လာခဲ့သည်။
အဆုံးတွင် ယဲ့အိမ်၏ အကြီးဆုံးရင်ပြင်၌ ရပ်လိုက်သည်။
ဤအချိန်၌ ယဲ့မိသားစု၏ သားမြေးစဉ်ဆက်အားလုံးနီးပါးမှာ အမြစ်ဖြတ် သုတ်သင်ခံရပြီး ဖြစ်လေသည်။
သို့သော် လုရှောင်ယန်က ၎င်းနှင့်ပတ်သက်ပြီး ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
ခန်းမ၏ထောင့်တွင် အဖြူရောင် လူငယ်တစ်ယောက်က တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။
သူ့မျက်လုံးများကို အနည်းငယ် ပိတ်ထားပြီး သူက လူတိုင်းအား စောင့်ဆိုင်းနေသကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒေါသယိုစီးမှုက ရှိမနေခဲ့ပေ။
သူ့အား ပထမအကြိမ် သူတွေ့လိုက်သည်နှင့် ဝမ့်ခိုက်က ပြောလိုက်သည်။
[မြင်းနက်ကို ရှာတွေ့ပြီ။ သခင် ကျေးဇူးပြုပြီး သတ်လိုက်ပါ။ ဆုလာဘ်ရရှိပါလိမ့်မယ်]
လုရှောင်ယန်က ၎င်းကို ကျင့်သားရပြီးသားဖြစ်ပေမယ့် သူ့နောက်ရှိ စုလင်းဝူကမူ ဖြည်းဖြည်းချင်း ရှေ့သို့ လှမ်းလာခဲ့သည်။
"သုံးနှစ်ရှိပြီ။ ယဲ့ကျွင်းလင် ဒီအဖိုးကြီးက မင်းကို ရှာဖို့ ပြန်လာခဲ့ပြီ။"
စုလင်းဝူ၏ မျက်လုံးများက အေးစက်နေပြီး ယဲ့ကျွင်းလင်ကို စိုက်ကြည့်နေသော သူ့မျက်လုံးများက အေးစက်သော သတ်ပစ်ချင်စိတ်ကို ပြသနေတော့သည်။
ယဲ့ကျွင်းလင်က သူ့မျက်လုံးများကို မဖွင့်လာသောကြောင့် စုလင်းဝူက ထပ်ပြောလိုက်သည်။
"လွန်ခဲ့တဲ့သုံးနှစ်က စကားတချို့အတွက် ယဲ့မိသားစု တွေ့ဆုံပွဲမှာ ဒီအဖိုးကြီး မင်းကို ထိပ်တိုက်တွေ့ခဲ့လို့ မင်းက လူမြင်ကွင်းမှာ ငါ့ကို အပြင်းအထန်ဒဏ်ရာရအောင်လုပ်ပြီး ငါ့ကိုသတ်ဖို့ ယဲ့မိသားစုကို လွှတ်ခဲ့တယ်။ ဒီနေ့ ဒီအဖိုးကြီးက မင်းဆီက သွေးကြွေးပြန်တောင်း ရလိမ့်မယ်!"
အနောက်ဘက်မှ လုရှောင်ယန်က အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။
စုလင်းဝူကို ယဲ့ကျွင်းလင်က သတ်ခဲ့တာမဟုတ်ဘူးမလား?
၎င်းက အနည်းငယ် ထူးဆန်းပုံပဲ။
စုလင်းဝူသည် မတိုင်မီက အယောင်ဆောင်နတ်ဘုရားအဆင့်၌ရှိသော ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ခဲ့သည်။
တစ်လောကလုံးနှင့်နှိုင်းယှဉ်ကြည့်လျှင်ပင် သူသည် အတော်လေး အားကောင်းတော့သည်။
တကယ်တော့ မြင်းနက်သည်သာ ထိုအဆင့်တွင်ရှိသူကျင့်ကြံသူများကို သတ်နိုင်ပေသည်။ မြင်းနက်များသည် သူတို့ကို သတ်ဖြတ်ကာ အတွေ့အကြုံများ ရှာဖွေကြနိုင်ကြခြင်းဖြစ်သည်။
ဘယ်လိုလုပ်ပြီး တခြားလူတွေကို သတ်ခွင့်ပေးမှာတဲ့လဲ?
လုရှောင်ယန် နားမလည်နိုင်ဖြစ်နေချိန်မှာပဲ ယဲ့ကျွင်းလင်ကလည်း သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့သည်။
ထိုမျက်လုံးများက လုံးဝ မတည်မငြိမ် မဖြစ်နေခဲ့ပေ။
သူက ထိုအစွမ်းထက်လှသောနတ်ဘုရား(၁၀၀)ကျော်ကို ကြောက်ပုံ မရချေ။
သူက စုလင်းဝူကို ဖျတ်ကနဲ တစ်ချက်မျှကြည့်လိုက်ပြီးနောက် ညင်သာစွာ ပြောလာခဲ့သည်။
" မတန်ဘူး။"
စုလင်းဝူအား ချက်ချင်း ဒေါသအမျက်ခြောင်းခြောင်းထွက်အောင် ပြုလုပ်သော စကားလုံးသုံးလုံးကို ပေါ့ပေါ့ပါးပါးဖြင့် တိုတိုနှင့်လိုရင်း ပြောလိုက်သည်။
“မင်း သေချာနေပြီပဲ!”
ဒေါသတကြီး ပြစ်တင်မောင်းမဲခြင်းနှင့်အတူ စုလင်းဝူက ပြင်းထန်စွာ ခြေဆောင့်နင်းလိုက်သောအခါ သူ၏ခန္ဓာကိုယ်က ချက်ချင်း ယဲ့ကျွင်းလင်ထံ နီးကပ်သွားတော့သည်။
လုရှောင်ယန်သည် စဉ်းစားဟန်ဖြင့် သူ့မျက်လုံးများကို မှေးလိုက်ပေမယ့် သူ့အား မတားခဲ့ပေ။ ယဲ့ကျွင်းလင် ဘယ်လောက် အားကောင်းသည်ကို သူ ကြည့်ချင်ခဲ့သည်။
စုလင်းဝူက ယဲ့ကျွင်းလင်ဘေးသို့ ရောက်ခါနီးအချိန်တွင် ထူးကဲသော စွမ်းအားတစ်ခုက စုလင်းဝူ၏ရင်ဘတ်သို့ ရုတ်တရက် ပြင်းထန်စွာ ရိုက်ခတ်လာခဲ့လေသည်။
စုလင်းဝူမှာ နောက်သို့ အတိုက်ခံလိုက်ရသောကြောင့် သွေးတရဟောထွက်ကာ နောက်သို့ လွင့်စဉ်သွားတော့သည်။
လုရှောင်ယန်၏ ဘေးသို့ ရောက်လာသောအခါ သူ့ထံမှ အင်အားကို ယူသည့်အနေဖြင့် လုရှောင်ယန်က လက်တစ်ဖက်ဖြင့်ချုပ်ကာ သူ့အား သူ့နောက်သို့ ရိုက်ထုတ်လိုက်သည်။
သို့သော် ထိုသို့လုပ်လိုက်တာတောင်မှ စုလင်းဝူ၏ နှလုံးခုန်နှုန်းက တိုးလာနေခဲ့သည်။
"အားကောင်းလိုက်တာ! သူ့ရဲ့ ကျင့်ကြံခြင်းက အရင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းလာပြီ!"
စုလင်းဝူက သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ယဲ့ကျွင်းလင် သူ့ကို အနိုင်ယူခဲ့စဉ်တုန်းက တိုက်ကွက်တချို့ကိုတောင် အသုံးပြုခဲ့ရသည်။
ထိုအချိန်တုန်းက သူသည် အယောင်ဆောင်နတ်ဘုရားအဆင့် ဖြစ်ခဲ့သည်။
ယခုအခါ သူသည် နတ်ဘုရားအဆင့်၏ ဒုတိယမြောက်အဆင့်၌ ရှိပြီးပေမယ့် ပြိုင်ဘက်က တစ်ချက်လှုပ်ရှားလိုက်သည်နှင့် သူ ရှုံးနိမ့်သွားခဲ့ရသည်။
၎င်းက ယဲ့ကျွင်းလင်၏ ကျင့်ကြံခြင်း အားကောင်းတာကို ကြည့်ဖို့ လုံလောက်ပေသည်။
"ငါပြောသားပဲ။ မင်းနဲ့ မတန်ပါဘူးဆို။"
မလှမ်းမကမ်းတွင်ရှိသော ယဲ့ကျွင်းလင်က စုလင်းဝူကိုပင် ထပ်ပြီး သရော်နေခဲ့သည်။
" မင်း အယုတ်တမာကောင်!"
စုလင်းဝူက ကြုံးဝါးပြီး ထွက်သွားခါနီးဖြစ်ခဲ့ပေမယ့် လုရှောင်ယန်က သူ့ပခုံးပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်လေသည်။
"မင်းစိတ်ကိုထိန်း။ သူက မင်းကို ဆွပေးနေတာ။"
ထိုစကားကိုကြားသောအခါ စုလင်းဝူ၏ ခံစားချက်က ရုတ်တရက် များစွာ ငြိမ်ကျသွားတော့သည်။
ဆရာပြောတာမှန်တယ်။ တစ်ဘက်က သူ့ဟာသူ ဒေါသထွက်လာအောင် လုပ်နေတာ။
မင်းရဲ့စိတ်ကို လွှတ်ပေးလိုက်ရင် ဒါက တစ်ဖက်လူရဲ့ လမ်းကြောင်းပေးတဲ့အတိုင်း ဖြစ်သွားပေမည်။
လုရှောင်ယန်က သူ့စိတ်ကို ဖောက်ထွင်းမြင်သွားသောအခါ သူ အနည်းငယ် လန့်သွားသကဲ့သို့ ယဲ့ကျွင်းလင်က သူ့မျက်လုံးများကို အနည်းငယ် မှေးလိုက်လေသည်။
သို့သော် ခဏကြာပြီးနောက် သူ၏ ဥပက္ခာပြုခြင်းက မူလ အနေအထားသို့ ပြန်ရောက်သွားတော့သည်။
"လုရှောင်ယန် မင်းက မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါ မင်းကို တကယ် ဘာမှ ဖုံးကွယ်ထားလို့ မရဘူး။"
သူ့အသံထွက်လာသည်နှင့်တပြိုင်နက် လုရှောင်ယန်က ရုတ်တရက် ထွက်လာပြီး သူ့လက်ကိုမြှောက်၍ ခွန်းလွန်ဓားကို ခေါ်ကာ ရုတ်တရက် ခုတ်ချလိုက်တော့သည်။
နည်းနည်းမှ တုံ့ဆိုင်းခြင်းမရှိပဲ ဓားအလင်းတန်းသည်သည် ချက်ချင်းပင် မီတာ (၁၀၀၀၀)အကွာအဝေးကို ဖြန့်ကျက်သွားပြီး လောဟာနယ်အတားအဆီးများကို ဖောက်ထွက်ကာ ယဲ့ကျွင်းလင်၏ ဦးခေါင်းပေါ်ကို ရုတ်တရက် ကျလာတော့သည်။
လုရှောင်ယန်သည် အထူးသဖြင့် မြင်းနက်များနှင့် အဓိပ္ပာယ်မရှိသော စကားများ အလွန်အမင်းပြောရတာကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။
တစ်ကြောင်းပိုပြောတာက ကိုယ့်ကိုယ်ကိုယ် မြန်မြန်သေစေနိုင်သည်။
ထို့အပြင် လုရှောင်ယန်သည် ဘာလုပ်နေမှန်း မသိသည့် ယခင်သွေးအစီအရင်နှင့်ပတ်သက်ပြီး အနည်းငယ် ပူပန်မိခဲ့လေသည်။
သို့သော် ထိုသွေးအစီအရင်ထဲတွင် သေချာပေါက် တစ်ခုခုရှိနေသည်ဟု သူ၏အလိုလိုသိစိတ်က ပြောနေခဲ့သည်။
သို့သော် အစီအစဉ်က လှပသော်လည်း လက်တွေ့က အလွန်ကြမ်းတမ်းပေသည်။
လုရှောင်ယန်၏ ဓားအစွမ်းက သေချာပေါက် မနိမ့်ပေ။ အနည်းဆုံး သူ့တပည့်များဆိုလျှင်ပင် ၎င်းကို တောင့်ခံနိုင်ဖို့ အခွင့်အလမ်း မရှိပေ။
သို့သော် ၎င်းကို ယဲ့ကျွင်းလင်က ခံနိုင်ရည်ရှိခဲ့သည်။
ယဲ့ကျွင်းလင်၏ ဦးခေါင်းထိပ်တွင် ကျောက်စိမ်းပြားတစ်ခုရှိနေသည်။ ထိုကျောက်စိမ်းပြားမှ ထွက်လာသော အရှိန်အဝါသည် ထိပ်တန်းအဆင့် နတ်လက်နက်တစ်ခု၏အရှိန်အဝါမျိုးပင်။ ဒါတင်မကဘဲ ထိုအရာသည် နတ်အကာအကွယ်လည်း ဖြစ်နေသေးသည်။
သူက လုရှောင်ယန်ကို စူးစူးစိုက်စိုက် ကြည့်ရင်း သူ့နှုတ်ခမ်း ထောင့်မှာတော့ ခပ်ရေးရေးအပြုံးတစ်ခုက ရှိနေခဲ့သည်။
"ဒါက မျှော်လင့်ထားတဲ့အတိုင်း တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ပေါက်ကရတွေမပြောပဲ ထွက်လာပြီး စစ်ပွဲတစ်ခုကို စတိုက်တယ်။ မင်းလိုလူတစ်ယောက်ကပဲ ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အဆင့်မီတယ်။"
သူက လက်တစ်ချောင်းကို လက်သည်းဖြင့် ချက်ချင်း ဆိတ်ကာ မြေပြင်ပေါ်တွင် ၎င်းကို ပုတ်လိုက်လေသည်။ မြေပြင်ပေါ်တွင် သွေးအစီအရင်တစ်ခု ပေါ်လာပြီး ယဲ့မိသားစုတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
"မင်းက အမြဲတမ်း သတိထားတယ်ဆိုတာကို ငါသိတယ်။ တပည့်တွေ ယဲ့မိသားစုကို ဝင်တဲ့အချိန်မှာတောင် ငါ့ရဲ့ အဖမ်းမခံရအောင် သူတို့ကို ဖြန့်ခိုင်းထားတယ်။ ဒါကြောင့် ဒီနတ်ဘုရားသတ်တဲ့အစီအရင်ကို မင်းအတွက် ငါအထူး စီစဉ်ထားတာ။ ငါ့ရဲ့အအချိန်ကို မဖြုန်းဖို့ ငါ မျှော်လင့်ပါတယ်။ ဂရုစိုက်ပါ"
လုရှောင်ယန်က လှုပ်ရှားမှုကို ရုတ်တရက် လက်ခံလိုက်ရပြီး မရေရာသော ကသိကအောက်ခံစားချက်ဖြင့် သူ့မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီး အထဲတွင် တပည့်များအားလုံးကို ထည့်သွင်းရန် ပြင်ဆင်ထားသော တောင်နှင့်မြစ်ပန်းချီကို ချက်ချင်း ဖွင့်လိုက်သည်။
သို့သော် သူ့မျှော်လင့်ချက်များကို ကျော်လွန်၍ ဤ တောင်နှင့်မြစ်ပန်းချီသည် အလုပ်မလုပ်ပဲ သူတို့ကို မထည့်လိုက်နိုင်တော့ပေ။
"နေရာလွတ်ကို ချိတ်ပိတ်လိုက်တာလား?"
လုရှောင်ယန်၏ မျက်လုံးများက အေးခဲသွားတော့သည်။ တစ်ဖက်လူက နေရာလွတ်စွမ်းအားကို ချိတ်ပိတ်ထားကာ တောင်နှင့်မြစ်ပန်းချီကို မသုံးနိုင်တာက အရေးမကြီးသော်လည်း တပည့်တွေကတော့ ထွက်သွားလို့တောင် ရနိုင်တော့မည်မထင်ပေ။
ယဲ့ကျွင်းလင်က ထပ်ပြုံးကာ ပြောလိုက်သည်။
"တိုက်ပွဲမစခင် ငါအရင်ဆုံး အတိဒုက္ခကို ဖြတ်ကျော်လိုက်ဦးမယ်။ လူကြီးမင်းလု စိတ်မရှိပါနဲ့နော်။"
"ဒီလူက အခုထိ အတိဒုက္ခကို မဖြတ်ကျော်ရသေးဘူးလား?"
လူတိုင်း၏ စိတ်က ရုတ်တရက် ထိတ်လန့်အံ့ဩသွားတော့သည်။
တစ်ဖက်လူသည် အတိဒုက္ခကို မဖြတ်ကျော်ရသေးတာတောင်မှ ဂိုဏ်းချုပ်၏တိုက်ခိုက်မှုကို ခုခံနိုင်နေတာလား?
သို့သော် လုရှောင်ယန်၏နှလုံးကတော့ တုန်ခါသွားလေသည်။
သူ၏အတွေးက လူတိုင်းနှင့်ကွဲပြားသည်။
ဤအချိန်၌ လူတိုင်း တွေးထားတာက ယဲ့ကျွင်းလင်၏ အင်အားဖြစ်ပြီး သူတွေးထားတာက ယဲ့ကျွင်းလင်၏ အတိဒုက္ခ ဖြစ်သည်။
ယဲ့ကျွင်းလင်က ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ!
ဤလူက ချုပ်နှောင်ခြင်းအစီအရင်ကို အသုံးပြုပြီး အတိဒုက္ခကို စတင်လိုက်ခြင်းဖြစ်သည်။ လူတိုင်း ကပ်ဘေးမိုးကြိုးစက်ကွင်းထဲတွင် ကျရောက်သွားခြင်းပင်။
သူတို့က နတ်ဘုရားအဆင့်တွင် အားကောင်းကြပြီး ဖြစ်သော်လည်း သူတို့က မိုးကြိုးဒုက္ခကို ခံနိုင်ရည် ရှိသည်ဟု မဆိုလိုပေ။
အတိဒုက္ခကို သူတို့ အောင်မြင်စွာ မကျော်ဖြတ်နိုင်မီ မိုးကြိုးကပ်ဘေးများစွာကို ရှောင်ရှားရန် ကံကောင်းခြင်းရွှေနဂါးများစွာအပေါ်တွင် မှီခိုခဲ့ကြရသည်။
ယခုအခါ လူတိုင်းသည် မိုးကြိုးတိမ်တိုက်အောက်တွင် ရှိနေပြီး လုံးဝ မလွတ်မြောက်နိုင်တော့ပေ။
ထို့အပြင် ယဲ့ကျွင်းလင်၏ ပါရမီနှင့် အင်အားက ကြီးမားလွန်းပြီး သူ၏ အတိဒုက္ခက သာမန်လူထက် အဆပေါင်းများစွာ ပိုအားကောင်းသည်မှာ သေချာတော့သည်။
ကံကောင်းခြင်းရွှေနဂါးသည်လည်း အသုံးမဝင်တော့ပေ။
ဝုန်း-!
ကျယ်လောင်သော ဆူညံသံနှင့်အတူ အမည်မဲ့ဂိုဏ်းမှ တပည့်များ တုန်လှုပ်လာကြတော့သည်။ ယဲ့ကျွင်းလင်၏ မိုးကြိုးသည် သူတို့အားလုံး၏ မိုးကြိုးကပ်ဘေးထက် အဆပေါင်းများစွာ ပိုအစွမ်းထက်လေသည်။
"ဒါက မိုးကြိုးကပ်ဘေးပဲ! သူက ငါတို့ကို သတ်ဖို့ မိုးကြိုးကပ်ဘေးကို သုံးချင်နေတာ။"
"ဒီ အယုတ်တမာကောင်။ ဟိုးအရင်ထဲက အတိဒုက္ခကနေ ကျော်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့ဘဲ အခုမှ ငါတို့ကို ရှင်းဖို့ စောင့်နေတာ။"
"ပြီးတော့ သူက ကောင်းကင်ကို ချုပ်နှောင်ထားတဲ့ နတ်ဘုရား အဆင့်အစီအရင်ကို သန့်စင်ဖို့ ငါတို့မိသားစု သားစဉ်မြေးဆက်ရဲ့ သွေးကို သုံးလိုက်သေးတယ်။ ဒါက ရက်စက်တဲ့ အပိုင်ကြံတာ တစ်ခုပဲ။"
သို့သော် လူတိုင်းက ထိုသို့ ပြောခဲ့ပေမယ့် ကျလာသော မိုးကြိုးကပ်ဘေးမှ သူတို့ မရှောင်နိုင်ခဲ့ကြပေ။
ယဲ့ကျွင်းလင် ကောင်းကင်ပေါ်သို့ ရောက်လာပြီးနောက် အရှိန်အဟုန်ကို အမြင့်ဆုံးသို့ ချက်ချင်းဖွင့်ထုတ်လိုက်တာက ပို၍ပင် ကြောက်စရာကောင်းသော အရာဖြစ်တော့သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံ၌ မိုးကြိုးအလင်းသည် လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းသလို အလွန်အမင်း ကျရောက်လာပြီး သူတို့အား ပြင်ဆင်ချိန်ပင် မပေးခဲ့ချေ။
"အဆုံးသတ်သွားပြီ!"
လူတိုင်းသည် ခုခံဖို့ မလိုအပ်ခဲ့ပေ။ သူတို့သည် ဤမိုးကြိုးတိမ်တိုက်အား လုံးဝ မခုခံနိုင်ကြောင်းကို သိရန် အထက်ရှိ ကြောက်မက် ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအင်ကို အာရုံခံစားဖို့သာ လိုတော့သည်။
အားလုံး စိတ်နှင့်ကိုယ်ပြန်ကပ်ခါနီးတွင်ပဲ လူတိုင်းသည် နတ်ဘုရား မိုးခြိမ်းသံဖြင့် လွှမ်းမိုးခံခဲ့ရသည်။
ဤအချိန်၌ ကမ္ဘာတစ်ဝှမ်းလုံးမှာ လျှပ်စီးများဖြင့် ဖုံးလွှမ်းသွားသလို ထင်ရပြီး ကြီးမားသော လျှပ်စီးတိုင်ကြီးတစ်ခုက လောကကို ထောက်ကန်ထားသလိုပင်!
ယဲ့ကျွင်းလင်က အထင်အမြင်သေးသော အရိပ်အယောင်တစ်ခုဖြင့် အောက်ကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့လက်များကို ဖြည်းဖြည်းခြင်း ဆန့်တန်းကာ ဤမိုးခြိမ်းသံနှင့် လျှပ်စီး၏ အာဟာရဓာတ်ကို အပြည့်အဝ ခံစားနေတော့သည်။
သူ၏ ကျင့်ကြံခြင်း ကနဦးအဆင့်တွင် သူ့ဆရာက ဤမေးခွန်းကို ထည့်စဉ်းစားပြီးသားဖြစ်သည်။
ထို့ကြောင့် သူက လျှပ်စီးအမျိုးအစား နတ်ဘုရားအဆင့်ကျင့်စဉ်ကို ကျင့်ကြံနေခဲ့သည်။
ဤကျင့်စဉ်က သူ့အား ကောင်းကင်ဘုံတာအို မိုးကြိုးကပ်ဘေးကို ခံနိုင်ရည်ရှိအောင် လုပ်နိုင်ပြီး သူ၏ကျင့်ကြံခြင်း တိုးတက်ရန် ၎င်းမှ လုံလောက်သောစွမ်းအင်ကိုပင် သူက ဆွဲခေါ်နိုင်သည်။
ဝုန်း ဝုန်း ဝုန်း…
မိုးခြိမ်းသံဒုက္ခက နှစ်မိနစ်ထက်မနည်း ကြာမြင့်ခဲ့သည်။
သို့သော် မြေပြင်ပေါ်တွင် အရာရာတိုင်း အစိတ်စိတ်အမြွှာမြွှာဖြစ်ရန် လုံလောက်လေသည်။
ဤသည်က တကယ့်အခြေအနေဖြစ်သည်။ မိုးကြိုးကပ်ဘေးကျရောက်လာချိန်တွင် ယဲ့မိသားစုတစ်ခုလုံးက လုံးဝ ဖျက်ဆီးခံရကာ ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ကျွင်းလင်၏ မျက်လုံးများက အောက်ဘက်သို့ ရှာဖွေလိုက်ပြီး မိုးခြိမ်းသံနှင့် လျှပ်စီးအလင်းတန်းနှစ်ခုက သူ့မျက်လုံးများထဲတွင် ဝင်းလက်သွားခဲ့သည်။
အောက်ဘက်ရှိ ကမောက်ကမအခြေအနေကို တွေ့သောအခါ သူ၏ပြုံးမိသွားသည်။
မိုးကြိုးကပ်ဘေးဖြင့် လုရှောင်ယန်ကို သတ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
တကယ်တော့ လုရှောင်ယန်က ဤကမ္ဘာတွင် သတ်ဖို့ အခက်ဆုံးသူဟု ဆရာက ပြောထားခဲ့သည်!
သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးက ရုတ်ခြည်း ရပ်တန့်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် အောက်ရှိ လုရှောင်ယန်သည် သူ့ခေါင်းပေါ်တွင် ကြီးမားသော စည်းတံဆိပ်ကြီးတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။
စည်းတံဆိပ်သည် အလွန်ကျယ်ပြောကာ အောက်ဘက်ရှိ သူ၏ တပည့် ၁၀၀ကျော်လုံးကို အခိုင်အမာ ကာကွယ်ထားသည်။
"မင်းက ငါ့ကိစ္စတွေကို စုံစမ်းထားတာဆိုတော့ ငါ လုရှောင်ယန်က မသေချာတာကို ဘယ်တော့မှ မလုပ်ဘူးဆိုတာကို မင်း သိလောက်မှာပါ။"
ထိုစကားကို ကြားသောအခါ ယဲ့ကျွင်းလင်၏ မျက်နှာက ရုတ်ခြည်း
အေးစက်သွားတော့သည်။
သို့သော် မကြာမီ သူ ပြန်ပြီး စိတ်တည်ငြိမ်လာခဲ့သည်။
လုရှောင်ယန်၏ အင်အားက သံသယဖြစ်စရာမရှိပေ။
ဆရာပင် လုရှောင်ယန်ကို တိုက်ရိုက် ရင်မဆိုင်ရဲခဲ့ပေ။
စိတ်ကိုလျှော့ထား။ ဒီတိုက်ပွဲက သူစိတ်ကူးထားတာထက် ကျော်လွန်တော့မှာပဲ။
စည်းချက်ကို ကလိတဲ့ ဘယ်သူမဆိုက အရင် ရှုံးမှာပဲ။
အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် ယဲ့ကျွင်းလင်သည် ဖြေးညင်းစွာ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဟုန်က ဖြည်းဖြည်းချင်း ဆက်လက် ထွက်ပေါ်နေခဲ့သည်။
"တခြားနည်းလမ်းမရှိတော့ဘူး။ ကြည့်ရတာ ခင်ဗျားလိုလူမျိုးကို ကြိုတင်ကြံစည်မှုမျိုးနဲ့ အမြစ်ဖြတ်ပစ်လို့ မရနိုင်ပုံပဲ။ ထိပ်တိုက်ရင်ဆိုင်မှပဲ ရတော့မယ်"
လူတိုင်း သက်ပြင်းမချနိုင်မီ ယဲ့ကျွင်းလင်၏ အရှိန်အဟုန်ကို ခံစားရသည့်အတွက် သူတို့၏ နှလုံးသားများက ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏ သူငယ်အိမ်များ ချက်ချင်း ပြူးကျယ်လာပြီး သူတို့၏ နှလုံးသားများက တုန်ရီလာခဲ့ကြသည်။
"သူ့ရဲ့ကျင့်ကြံတာက နတ်ဘုရားအဆင့်ရဲ့ ပဉ္စမမြောက်အဆင့်ကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ? ဒါ လုံးဝပုံမှန်အခြေအနေမဟုတ်ဘူး?"
"အတိဒုက္ခကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးတော့ နတ်ဘုရားတွေရဲ့ ပဉ္စမအဆင့်ကို တိုက်ရိုက်ဝင်ခဲ့တာပဲ။ ဒီကောင် ဘယ်လိုစိတ်ဝိညာဉ်ဆေးလုံးမျိုးကို စားထားတာလဲ?
ကျွင့်ချန်းမင်က စိတ်ဓာတ်ကျသော အမူအရာဖြင့် ပြောလိုက်သည်။
"ဘာဝိညာဉ်ဆေးလုံးကိုမှစားတာမဟုတ်ဘူး၊ သူကိုယ်က အရမ်းအစွမ်းထက်လွန်းနေတာ။ ယဲ့ကျွင်းလင်ရဲ့ ပါရမီအရ နတ်ဘုရားအဆင့်ကို တက်လှမ်းသင့်လောက်ပြီလို့ အရင်နှစ်ပေါင်းများစွာကတည်းက ငါသံသယဖြစ်နေခဲ့မိတာ။ ဒါပေမယ့် သူက သူ့ကျင့်ကြံဆင့်ကို သိုင်းဘုရင်အဆင့်မှာပဲ အမြဲထိန်းထားခဲ့တယ်။”
“ငါနောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။ သူက ဒီနေ့လိုအချိန်မျိုးအတွက် စောင့်နေခဲ့တာပဲ…။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၉၂ ၁၃နှစ်ကြာ စာချုပ်ချုပ်ခြင်း၊ ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းသော
" ဂိုဏ်းချုပ်၊ ကျုပ်တို့ဘာလုပ်သင့်လဲ။"
အားလုံး၏ အမူအရာမှာ ရှုပ်ထွေးနေကြသည်။ ယဲ့ကျွင်းလင်မှာ နတ်ဘုရားအဆင့်ငါး ဆရာကြီးဖြစ်ပြီး သူ၏ ကျင့်ကြံဆင့်မှာလည်း သူတို့၏ အမည်မဲ့ဂိုဏ်းရှိ လူတိုင်းထက် သာလွန်နေသည်။
လုရှောင်ယန်မှာမူ တည်ငြိမ်လျက်ရှိပြီး တည်ငြိမ်စွာဖြင့်ပြောလာသည်မှာ " ယဲ့မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်တွေနောက်ကိုလိုက်၊ တစ်ယောက်ကိုမှ မလွတ်စေနဲ့။ သူ့ကိုငါနဲ့သာ ထားခဲ့လိုက်ကြ "
"ဘယ်သူမှ ဒီတိုက်ပွဲထဲ ဝင်မပါကြဖို့ကိုတော့သတိရကြ။"
"ကောင်းပါပြီ"
အားလုံး ပြန်လည်ဖြေဆိုကြပြီး ချက်ချင်းပဲထွက်ခွာသွားကြသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်လောက်လေးနှင့်သာ ရှေ့ထွက်တိုက်ခိုက်လျှင် သေခြင်းတရားကိုသာ ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို အားလုံးက သိကြသည်။ သူတို့က လုရှောင်ယန်အတွက် ဖိအားပင်ဖြစ်သွားနိုင်၏။
ယဲ့ကျွင်းလင်မှာ ဂိုဏ်းသားများထွက်သွားသည်နှင့် တစ်ချိန်တည်းမှာပင် တိုက်ခိုက်လာလေသည်။
သူက လုရှောင်ယန်၏ တပည့်များကို ပစ်မှတ်မထားခဲ့ပေ။
သို့သော် ယခုအချိန်တွင်မူ လုရှောင်ယန်၏ တပည့်များအတွက် အတိဒုက္ခလှိုင်းကြီးအတွက်ပါ ပြင်ဆင်လာခဲ့လေသည်။ သူဟာ မူလကတည်းက လုရှောင်ယန်၏ တပည့်များကို သတ်၍ ထိုသူ၏ စိတ်အခြေအနေကို နှောင့်ယှက်ချင်ခဲ့တာဖြစ်၏။
သို့ရာတွင် လုရှောင်ယန်က ဒီပြဿနာကိုဖြေရှင်းလိုက်မည်ဟု မမျှော်မှန်းထားခဲ့ချေ။
တစ်ကြိမ် ကျရှုံးသွားပြီးကတည်းက ထပ်မံ၍ အချိန်ဖြုန်းနေဖို့ မလိုအပ်တော့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် လုရှောင်ယန်ကသာ သူ့ပစ်မှတ်ဖြစ်သည်။ လုရှောင်ယန်နှင့် ရင်ဆိုင်နေရချိန်တွင် အခြားသူများမှာ ပိုးမွှား ယင်ကောင်ငယ်လေးများမျှသာဖြစ်လေသည်။
ယဲ့ကျွင်းလင် တိုက်ခိုက်လာသည့်အခိုက်တွင် လုရှောင်ယန်လည်း ပြန်လည် တိုက်ခိုက်လာသည်။
သူတို့၏ အရှိန်အဝါမှာ နဂိုကတည်းက ပြင်းထန်နေပြီးသားပင်။
တိုက်ပွဲအတွင်း၌ နှစ်ဦးစလုံးမှာ အနီးရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များအား လှည့်ပတ်နေကြသည်။
ပုံရိပ်နှစ်ခုမျှသာ ဖြစ်သော်လည်း ထိုပုံရိပ်များမှာ မြင့်မားလှသော တောင်တန်းကြီးများသဖွယ် ဖြစ်နေလေ၏။
၎င်းတို့ နှစ်ဦး တိုက်မိသွားချိန်တွင် မီတာတစ်သိန်းအကွာရှိ အကာအရံ အစီရင်မှာ ပေါက်ကွဲသံနှင့်အတူ ပြိုကျသွားလေသည်။
ယဲ့မျိုးနွယ်စုမှ လူများနောက်ကို လိုက်ရန် ထွက်သွားခဲ့ကြပြီးဖြစ်သော နတ်ဘုရားအဆင့်ကျင့်ကြံသူများမှာ ဤသည်ကို မြင်သော် ကူကယ်ရာမဲ့ကာ အံ့ဩသွားကြလေသည်။
ကြီးမားလိုက်တဲ့ စွမ်းအား!
၎င်းတို့ နှစ်ဦးမှာ နတ်ဘုရားအဆင့်ငါးနှင့် ထပ်ပေါင်းကျင့်ကြံဆင့်ငယ် နှစ်ဆင့် သုံးဆင့်မျှသာရှိကြသည်။
သို့သော်ငြားလည်း သူတို့တိုက်ခိုက်ကြသောအခါ သူတို့၏ ခွန်အားများမှာ နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ ခွန်အားထက် များစွာပင် သာလွန်နေလေသည်။
"ဒါက ဂိုဏ်းချုပ် ပိုအဆင့်မြင့်တဲ့သူတွေကို တိုက်ခိုက်တဲ့ ပုံစံမျိုးလား?” ထိုအခိုက်အတန့်တွင် ၎င်းတို့ပြသခဲ့သော တိုက်ခိုက်ရေးအင်အားသည် ရယ်စရာကောင်းလောက်အောင်ပင် အစွမ်းထက်လှသည်။ နတ်ဘုရားအဆင့်၏ နောက်ဆုံးအဆင့် ကျင့်ကြံသူများလိုတိုက်ခိုက်ရေးအင်အားကို ရရန် အနည်းဆုံး အလွန်တရာများပြားလှသော အဆင့်ငယ်များကိုဖြတ်ကျော်ဖို့လိုအပ်လေသည်။
"သူတို့အကုန်လုံးက တရားမမျှတတဲ့သူတွေပဲ။ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ မျှခြေကို ပျက်စီးစေတာ ဒီလိုလူတွေပဲ။"
"ဒါက ပါရမီရှင်တွေနဲ့ သာမန်လူတွေကြားက ခြားနားချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ချို့တွေက ဘုရင်တွေဖြစ်ဖို့ကို ကံပါလာတာ!"
ဆရာကြီးနှစ်ဦး၏ တိုက်ပွဲမှာ လက်ရှိတွင် ဆက်လက်ဖြစ်ပွားနေသေးသည်။
အသက်သုံးရှိုက်စာ အတွင်း၌ပင် ထိုလူနှစ်ဦးမှာ တိုက်ကွက် ၃၀,၀၀၀လောက်ထိ ပြောင်းလဲပြီးသွားပြီ ဖြစ်၏။
ဤလောက၏ အစီအစဉ်မှာ လုံးဝ နှောင့်ယှက်ခံလိုက်ရသည်။
အဝေးတစ်နေရာမှ ကမ္ဘာမှာ အပေါက်ကြီးတစ်ခုအဖြစ် စုတ်ဖြဲခံလိုက်ရသည့်နှယ်။ ထို့အပြင် ထိုအပေါက်ကြီးသည် ကမ္ဘာတစ်ခုလုံးအား ဝါးမျိုတော့မည့်အတိုင်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။
သူတို့နှစ်ဦး အကြားရှိ ဒုတိယအလွှာဖြစ်သည့် အကာအရံမှာလည်း ကျိုးပျက်သွားပြီးဖြစ်သည်။ ထူးဆန်းပြီး အရုပ်ဆိုးသော ပိုးမွှားသဏ္ဍာန် သတ္တဝါလေးများမှာ အော်မြည်တမ်းကာ ထွက်လာကြပြီး လေဟာနယ် အတားအဆီး အစီရင်ကို ကျော်ဖြတ်ကာ ကမ္ဘာအစစ်ထဲသို့ ဝင်ရောက်ချင်နေကြသည်။
ကံမကောင်းစွာနှင့်ပင် လုရှောင်ယန်နှင့် ယဲ့ကျွင်းလင်တို့၏ တိုက်ခိုက်ရာမှ ထွက်လာသည့် လှိုင်းများက ထိုအရုပ်ဆိုးသော သတ္တဝါများကိုဖျက်ဆီးလိုက်နိုင်သည်။
၎င်းတို့နှစ်ဦးမှာ ပို၍ပို၍ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ ယဲ့ကျွင်းလင်မှာ လုရှောင်ယန်နှင့် ကဲ့သို့ပင် ဓားနှင့် ဓားရှည်တို့၏ တိုက်ခိုက်နည်းများကို ကျွမ်းကျင်ရုံမျှမက လက်သီး၊ လက်ဝါးတို့ဖြင့် တိုက်ခိုက်နိုင်သည့် အင်အား၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် အခြားသော ပညာရပ်များတွင်ပါ တစ်မူထူးခြားကာ ကျွမ်းကျင်လှသည်။
လုရှောင်ယန်မှ တိုက်ခိုက်လာသမျှကို ခုခံရန် နည်းလမ်းလည်း ရှိသည်။ သူဟာ လုရှောင်ယန်ကို တိုက်ခိုက်ရန် ဖန်တီးထားသည့် တိုက်ခိုက်ရေး စက်ရုပ်အလားပင်။
"ဘယ်လိုလဲ ဂိုဏ်းချုပ်လု၊ ကျုပ် ယဲ့ကျွင်းလင်က စိတ်ကျေနပ်စေရဲ့လား?"
"မင်းသာ နာနာခံခံလေး အရှုံးပေးပြီး ခေါင်းလည်းမာမနေရင် ငါက ပိုလို့တောင် စိတ်ကျေနပ်ဦးမှာ"
"ဟားဟားဟား... ဒါတော့မလုပ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းအရှုံးပေးရင်လည်း ငါက မင်းကိုစိတ်ကျေနပ်စေမှာပေါ့!"
လုရှောင်ယန်က ထိုကောင်လေးကြောင့် အနှောင့်ယှက်မဖြစ်သွားချေ။ ထို့နောက် စစ်မှန်သောအမြင်အာရုံသုံးပါးအား အသက်ဝင်စေလိုက်ပြီး ထာဝရမီးတောက်ကို အသုံးပြုလိုက်သည်။
မီးတောက်များထိတွေ့မိသည် အချိန်မှာပဲ ယဲ့ကျွင်းလင် ရှောင်ပြေးလိုက်၏။
လုရှောင်ယန် အနည်းငယ်မျှ တန့်သွားခဲ့သည်။ ယဲ့ကျွင်းလင်မှာ ဟင်းလင်းပြင် ခုန်ခြင်းကဲ့သို့ သိုင်းကွက်မျိုးရှိခဲ့မည်ဟုပင် ထင်မထားခဲ့ချေ။
ဟင်းလင်းပြင်ခုန်ခြင်းအား သူ့အားထိတွေ့လုဆဲ ထာဝရမီးတောက်မှ လွတ်မြောက်ရန်ပင် အသုံးပြုနိုင်၏။ ထိုသို့ဆိုလျှင် ထာဝရမီးတောက်မှာ သူ့အားမလောင်ကျွမ်းစေနိုင်တော့ပေ။
ဤသည်မှာ ယဲ့ကျွင်းလင်နောက်ရှိ ဉာဏ်ကြီးရှင်မှာ လုရှောင်ယန်အား ကောင်းကောင်းသိထားပြီး ယဲ့ကျွင်းလင်ထံ သူ့၏ တိုက်ခိုက်မှုတိုင်းအတွက် ခုခံနည်းများကိုပင် ပေးထားသေးသည်။
ဒါပေါ့၊ ဒါက လုရှောင်ယန်က ယဲ့ကျွင်းလင်ကို မနိုင်ဘူးလို့ မဆိုလိုလေဘူး။
လုရှောင်ယန်သည် ဘယ်တုန်းကမှ မသုံးခဲ့ဖူးသော တိုက်ကွက်အသစ်အား ထုတ်သုံးလိုက်ချိန်တွင် ယဲ့ကျွင်းလင်၏ သိုင်းကွက်များမှာလည်း ရှုပ်ထွေးသွားတော့သည်။
သို့ရာတွင် ယဲ့မျိုးနွယ်စုထံ၌ နောက်ထပ် မြင်းနက်များရှိနိုင်သည်ဟု သံသယဝင်နေမိသည်က ပြဿနာပင်ဖြစ်သည်။
ဒါ့အပြင် သူသည် သေချာပေါက် ယဲ့ကျွင်းလင်ထက် သန်မာဖို့လိုသည်။
ဒါဟာ အမှောင်ထဲတွင် ပုန်းလျက် တိုက်ပွဲကို သုံးသပ်နေသည်နှင့်ပင်တူနေသေးသည်။
တစ်ဖက်လူဟာ တစ်ချိန်ချိန်မှာ တိုက်ခိုက်လာနိုင်ပြီး လုရှောင်ယန်အား သူ၏ တိုက်ကွက် အကုန် ထုတ်သုံးဖို့ရာ စောင့်နေခြင်း ဖြစ်နိုင်သည်။
လုရှောင်ယန်သာ အားကုန်ထုတ်မသုံးလျှင် နောက်ကွယ်ကလူ ထွက်လာလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း သူ၏အင်အားအကုန် တိုက်ရိုက်ထုတ်သုံးလိုက်လျှင် ပြန်လည် ထိန်းချုပ်ရန်ခက်ခဲသည်။
ဘယ်သူကသိနိုင်မှာလဲ၊ အမှောင်ထဲမှာ ပုန်းနေသည့်လူသည် ထိုအချင်းအရာကို မှတ်တမ်းတင်ထားကာ သူ့အား အထူးတလည် ထိန်းချုပ်ထားနိုင်ရန် လှုပ်ရှားလာနိုင်သည်။
ဒါက လုရှောင်ယန် သူ့တပည့်များကို ယဲ့မျိုးနွယ်စုတိုင်းအား အဆုံးသတ်စေချင်သည့် အကြောင်းပြချက်လည်းဖြစ်သည်။
တစ်ဖက်လူက သူ့ရဲ့ အင်အားအစစ်အမှန်ကို မဖော်ထုတ်နိုင်ခင် ထိုနောက်ကွယ်ကလူအား ဖော်ထုတ်နိုင်ရန် သူဟာ ခြေတစ်လှမ်းသာနေဖို့လိုသည်။
ထိုအခိုက်မှာပဲ အမည်မဲ့ဂိုဏ်း၏ နတ်ဘုရားအဆင့် ကျင့်ကြံသူများမှာ ယဲ့မျိုးနွယ်၏ ကျင့်ကြံသူများအား အရူးအမူး လုံးဝမရပ်တန့်ဘဲ သတ်ဖြတ်နှိမ်နင်းနေကြလေသည်။
ယဲ့မျိုးနွယ်ဝင်များမှာလည်း ရာနှင့်ချီသော နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ နှိမ်နင်းခြင်းကို ခံနိုင်ရည်မရှိကြတော့ချေ။
ဒါဟာ တကယ်ကို တစ်ဖက်သတ် နှိမ်နင်းခြင်းပင်။
ဒီအခိုက်အတန့်ဟာ ယဲ့မျိုးနွယ်စု၏ ရှင်သန်ခြင်းငရဲသဖွယ်ဖြစ်လာတော့သည်။
ရှီချန်းလင်ဟာ ယဲ့မိသားစု၏ သိုင်းဘုရင်အဆင့်ကျင့်ကြံသူ နှစ်ဦးနောက်မှလိုက်၍ ယဲ့မျိုးနွယ်စု သန့်စင်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
သူတို့နှစ်ဦး သန့်စင်နယ်မြေထံသို့ မလွတ်မြောက်နိုင်ခင်မှာပဲ ရှီချန်းလင်ဟာ ဖမ်းမိသွားခဲ့၏။ သူသည် လေဟာနယ် အကာကွယ် အစီအရင်အား ထိုးနှက်ကာဖျက်ဆီးလိုက်ပြီး မီတာတစ်သိန်းရှိ ဗလာမြစ်ကိုပင် ဖြစ်ပေါ်စေခဲ့သည်။
ထို ထိုးနှက်ချက်မှာ သိုင်းဘုရင်အဆင့်ကျင့်ကြံသူနှစ်ယောက်ထံ ဖြတ်ကျော် ရောက်ရှိပြီး သူတို့ခန္ဓာကိုယ်များအား လွင့်ထွက်သွားစေသည်။
ဖူး~
တစ်ချိန်တည်းမှာပဲ သူတို့နှစ်ဦးစလုံးဟာ ပါးစပ်အပြည့်နှင့် သွေးတစ်ပွက် အန်လိုက်ပြီး ကောင်းကင်ပေါ်မှာ ပြုတ်ကျလာကာ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။
ထို့နောက် ရှီချန်းလင်မှာ သူတို့နှစ်ဦးနံဘေးသို့ ရောက်ရှိလာခဲ့၏။
လောကတွင် အားနည်းသူများဟာ အားကြီးသူများ၏ သားကောင်ဖြစ်ပြီး ငတုံးတွေကသာ သူတို့၏ ပြိုင်ဘက်ကို ကရုဏာသက်ကြခြင်းဖြစ်သည်။
ယဲ့မျိုးနွယ်စုဟာ အင်အားကြီးမားခဲ့သဖြင့် အခြားသော မျိုးဆက်များကို ဖျက်စီးခဲ့ကြကာ ထိုအထဲတွင် ရှီမျိုးနွယ်စု၏ မျိုးဆက်များလည်း အပါအဝင်ဖြစ်သည်။
အခုအချိန်မှာတော့ ရှီချန်းလင် လက်စားချေရမည့် အလှည့်ပင်။ သူ့ထံတွင် နူးညံ့သော စိတ်ထားလည်းမရှိပေ။
ကျင့်ကြံခြင်းနည်းလမ်းကို လှည့်ပတ်လိုက်သည်နှင့် ရှီချန်းလင်၏ဖိအားများမှာလည်း ပေါက်ကွဲထွက်သွားတော့သည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူများမှာတိုက်ခိုက်ဖို့မလိုအပ်ပေ။ အတွေးလေးတစ်ခုနဲ့တင် သူတို့၏ စိတ်တန်ခိုးကသတ်မှတ် အကွာအဝေးအတွင်းတွင် သူ့အလိုလို တိုက်ခိုက်နေလိမ့်မည်။
တစ်ဖက်လူဟာ သိုင်းဘုရင်အဆင့်ကျင့်ကြံသူဖြစ်နေလျှင်တောင်မှ ထိုသူဟာ နတ်ဘုရားအဆင့်အတွက် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်၏။
ဒါဟာ နတ်ဘုရားတစ်ယောက်ရဲ့ အင်အားပဲ။
ပျက်စီးစေလောက်သည့် တိုက်ခိုက်မှုကို ရင်ဆိုင်နေရချိန်တွင် သိုင်းဘုရင်အဆင့်ကျင့်ကြံသူနှစ်ဦး စိတ်ပျက်အားငယ်လျက် မျက်လုံးများကို စေ့ပိတ်ထားသည်။
သို့ရာတွင် ထိုအခိုက်၌ ရှီချန်းလင်သည် တစ်စုံတစ်ခုကို အာရုံခံမိပြီး ရုတ်တရတ် ရပ်တန့်လိုက်သည်။
ထို့နောက် ယဲ့မျိုးနွယ်၏ သန့်စင်နယ်မြေကို ဝေ့ကြည့်လိုက်သည်။
တစ်နေရာ အရောက်တွင် အစေခံတစ်ယောက်ဟာတိတ်ဆိတ်စွာ ရပ်လျက်ရှိသည်ကိုတွေ့လိုက်ရသည်။
ရှီချန်းလင်ဟာ အနည်းငယ်ရှုပ်ထွေးလျက် မျက်မှောင်ကြုံ့လိုက်သည်။ ယဲ့မိသားစုက အစေခံလေးတစ်ယောက်က ဘယ်တုန်းက သူ့ကို ဘယ်လိုတောင် ကြည့်ရဲရတာလဲ။
တစ်ခုခုတော့မှားနေပြီ။
သိုင်းဘုရင်အဆင့်ကျင့်ကြံသူနှစ်ဦးမှာ ရှီချန်းလင်ကသူတို့အား မတိုက်ခိုက်သည့်အတွက် ပဟေဠိဖြစ်သွားလေသည်။ ထို့နောက် ရှီချန်းလင် ငေးစိုက်ကြည့်နေသော နေရာသို့ အကြည့်ပို့လိုက်လေ၏။
"ဒီဝတ်စုံ... မင်းက ယဲ့မျိုးနွယ် သန့်စင်နယ်မြေရဲ့ လက်တိုလက်တောင်း တပည့်လေးမဟုတ်လား? မင်းဘာလုပ်နေတာလဲ? ဘာလို့အခုထိမပြေးသေးတာလဲ?"
သိုင်းဘုရင်အဆင့်ကျင့်ကြံသူနှစ်ဦးက ကူကယ်ရာမဲ့ ဟစ်အော်ကြသည်။
ရှီချန်းလင်သာ အခုနေ တိုက်ခိုက်လာလျှင် ထိုတပည့်လေးလည်း ထွက်ပြေးလွတ်မြောက်နိုင်သည်။
သူဟာ ပြေးရမည့်အစား ထိုနေရာ၌သာရပ်နေ၏။ ယခုတွင်မူ ရှီချန်းလင်က သူ့အားတွေ့သွားလေပြီ။ ဒီကောင်လေး သေဖို့များ ဆုတောင်းနေသလား။
အတိတ်မှာတုန်းက သူတို့ဟာ ထိုကဲ့သို့ လက်တိုလက်တောင်း တပည့်လေးများ၏ဘဝကို ဂရုမစိုက်ကြပေ။
သို့သော် ယဲ့မျိုးနွယ်စုထံ ဒီလိုကပ်ဘေးကြီးကျလာသောအခါတွင်မူ သူတို့ဟာ အတတ်နိုင်ဆုံး လွတ်မြောက်နိုင်ဖို့ ကြိုးစားရလိမ့်မည်။
သို့ရာတွင် အစေခံကောင်လေး၏ အမူအရာမှာ သိပ်မပြောင်းလဲချေ။ သူဟာရှီချန်းလင်ကို တည်ငြိမ်စွာသာကြည့်ရှုပြီး ရှီချန်းလင်ထံသို့ လှမ်းလျှောက်သွားသည်။
"ပထမကတော့ မင်းတို့ကောင်တွေ ငါ လုရှောင်ယန်ရဲ့ အားနည်းချက်တွေကို ရှာဖို့ အချိန်ဆွဲထားပေးနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာ။ ဒါပေမယ့်မင်းတို့က ဒီလောက် အသုံးမကျဘူးလို့ မထင်ခဲ့ဘူးလေ။"
"ထားလိုက်ပါတော့၊ ငါပဲတိုက်ခိုက်နိုင်တယ်။ ဒီဘဝမှာတော့ ငါက ယဲ့မျိုးနွယ်ရဲ့ တပည့်လေးတစ်ယောက်ပဲပေါ့။"
"မင်းရူးနေတာလား၊ ဘယ်လိုအဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတာလဲ?"
သိုင်းဘုရင်အဆင့်ဆရာကြီးနှစ်ယောက်ဟာ အစေခံလေးကို အရူးတစ်ယောက်သဖွယ် ကြည့်ရှုနေကြသည်။
ရှီချန်းလင်တစ်ယောက်သာ တစ်နေရာရာကမှားနေကြောင်းကို ရေးရေးလေးမျှခံစားမိနေတာဖြစ်သည်။
ဒါသာ သူ အမည်မဲ့ဂိုဏ်းထဲမဝင်ခင်က ဖြစ်ခဲ့သည်ဆိုလျှင် သူဟာ သေချာပေါက် ဒီအစေခံလေးက ရူးနေသည်ဟု ထင်မိမှာပင်။ သို့သော် ယခု ရှီချန်းလင်သိလိုက်ရသည်က မထင်မရှားဖြစ်နေသော ဇာတ်ကောင်ကိုဘယ်တုန်းကမှ မခန့်မှန်းခဲ့မိနိုင်ခြင်းဖြစ်သည်။
ဂိုဏ်းချုပ် သူ့အားသင်ပေးခဲ့သည်မှာ ဒီလို ဇာတ်ကောင်မျိုးဟာ ဖုံးကွယ်ထားတဲ့ မြင်းနက်ဟုပင်ဖြစ်သည်။
သူ၏ ရာထူးမှာ နိမ့်ကျပြီး နာမည်ကိုလည်းမသိရချေ။ ထို့အပြင် သူဟာ နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရသည်ကိုတောင် လုံးဝမကြောက်ရွံ့ပင်။ သူ၏အမူအရာမှာ အလွန်အမင်းကိုတည်ငြိမ်နေ၏။
ဒီလိုကောင်လေးတစ်ယောက်က သရုပ်ဆောင်နေချိန်မှာ ခန့်မှန်းလို့ပင်မရနိုင်ချေ။ သို့ရာတွင် ရှီချန်းလင်ဟာလည်း ငတုံးမဟုတ်ပါ။
တစ်ဖက်လူဟာ မြင်းနက်တစ်ယောက်၊ နတ်ဘုရားအဆင့်တစ် သို့မဟုတ် အဆင့်နှစ် ဖြစ်နေခဲ့လျှင်တောင် ထိုလူကို သူမကြောက်ရွံ့ပါ။
ထိုအခြေအနေတွင် သူအလွန်ပူပန်နေစရာပင်မလိုပါချေ။
တစ်ဖက်လူအား စမ်းသပ်ရချေဦးမည်။
ထိုသို့တွေးနေရင်းမှာပဲ ရှီချန်းလင်ဟာ ရုတ်တရတ် တိုက်ခိုက်လိုက်၏။
သူ၏စိတ်စွမ်းအင်ဟာ တိုးဝင်လာသည်။ တခဏလေးအတွင်း၌ စိတ်စွမ်းအင်ဟာ တစ်ဖက်လူထံသို့ လှိုင်းတစ်ခုသဖွယ် ဖြတ်ဝင်သွားလေသည်။
ထိုတိုက်ခိုက်မှုဟာ သိုင်းဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးထံသို့ပါရောက်ရှိသွား၏။
ရှီချန်းလင်သာ တိုက်ခိုက်ရမည်ဆိုလျှင် တခဏအတွင်းမှာပင် ထိုသူအားလုံးအား သတ်ပစ်ရမည်။
ဒါဟာ အမည်မဲ့ဂိုဏ်း၏စည်းမျည်းလည်း ဖြစ်ချေသည်။
အမည်မဲ့ဂိုဏ်း၏ တပည့်ဂိုဏ်းသားများအား ဂရုမစိုက်စွာ ပြုမှုခွင့် မပြုထားချေ။ သူတို့သာ လှုပ်ရှားမည်ဆိုလျှင် ပြိုင်ဘက်၏ အရိုးကို မီးလောင်တိုက်သွင်းပြီး ပြာများကို ဖြန့်ကျဲထားရန် သေချာအောင်လုပ်ရမည်ဖြစ်သည်။
နတ်ဘုရားအဆင့်၏ အားကောင်းလှသော ဖိအားဒဏ်ကို ခံရစားရသောအခါ သိုင်းဘုရင်အဆင့် ကျင့်ကြံသူများမှာ ငရဲတံခါးဝထံသို့ တစ်ဖန်ပြန်ရောက်လာသည့်နှယ်ခံစားလိုက်ရသည်။
သို့သော်!
တစ်ချိန်တည်းမှာပဲ၊ ပိုမိုပြင်းထန်အားကောင်း၍ လျင်မြန်သော အရှိန်အဝါက သူတို့အနောက်မှ ရုတ်တရတ်ပေါ်ထွက်လာသည်။
တစ်ခဏအတွင်းမှာပဲ အလွန်အားကောင်းလှသော အရှိန်အဝါက ဟင်းလင်းပြင်ကိုဆုတ်ဖြဲကာ ရှီချန်းလင်၏ အရှိန်အဝါကိုပါ မရပ်တန့်ဘဲ ဆွဲယူနေလေသည်။
သူ့ကိုဖျက်ဆီးနိုင်လောက်သော အားကောင်းလှတဲ့ အရှိန်အဝါကိုခံစားမိတဲ့အခါ ရှီချန်းလင်၏ မျက်စိသူငယ်အိမ်များမှာ ပြူးကျယ်သွားလေသည်။သူ အတော်အတန်ကြောက်ရွံ့လျက် တစ်ကိုယ်လုံးရှိ မွှေးညင်းများပါ ထောင်ထကုန်လေသည်။
"သေစမ်း၊ ငါတော့ လူမှားရိုက်မိပြီ"
ထိုအတွေးပေါ်လာသည်နှင့် ရှီချန်းလင်ဟာ စိတ်စွမ်းအင်များကိုအားကုန် လှည့်ပတ်လိုက်ပြီး ခပ်မြန်မြန်ဆုတ်ခွာလေတော့သည်။
သူ့မှာ ခုခံဖို့ရာ ရည်ရွယ်ချက်ပင်မရှိချေ။
တစ်ဖက်လူ၏ အရှိန်အဝါမှာ သူ့ကိုရှုံးနိမ့်စေမလိုပင်ဖြစ်စေသည်။
ထိုအခိုက်မှာ ခုခံမှုတွေ အကုန်လုံးဟာ အသုံးမဝင်တော့ချေ။
ထွက်ပြေးခြင်းကသာ အကောင်းဆုံးရွေးချယ်မှုပင်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၉၃ ကွင်းဆက်သဏ္ဍာန်ဖွဲ့စည်းခြင်း။
ရှီချန်းလင်၏ ပြေးနှုန်းမှာ မြန်ပါသော်လည်း တစ်ဖက်လူက ပို၍ပင်မြန်လို့နေ၏။
သူထွက်သွားမည်အပြုတွင် လက်တိုလက်တောင်း တပည့်လေး၏ ဖိအားမှာ သူ့အပေါ်ကျရောက်လို့လာလေသည်။
ထိုအခိုက်၌ရှီချန်းလင်မှာ ပေါက်ကွဲထွက်သွားတော့မယောင်ခံစားနေရ၏။
သူ၏ ရင်ဘတ်ရှိ အရိုးများမှာ ကျိုးကြေသွားပြီးကိုယ်တွင်းအင်္ဂါများမှာလည်း ပြင်းထန်သောရိုက်ချက်ကိုခံစားလိုက်ရသည်။ ထို့နောက် အပိုင်းပိုင်းကွဲထွက်သွားကြသည်။
ရွှေအိုရောင်သွေးများ အန်ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်းကြိုးပြတ်နေသော စွန်သကဲ့သို့ ဖြစ်နေတော့၏။
လေထုမှာ ငြိမ်သက်သွား၏။ ယဲ့မျိုးနွယ် သိုင်းဘုရင်အဆင့်ကျင့်ကြံသူ နှစ်ဦးလည်း ထိုအချင်းအရာကိုမြင်သော် ကူကယ်ရာမဲ့ ထိတ်လန့်တုန်လှုပ်ကာ ခြောက်ချားနေကြလေသည်။
ယဲ့မျိုးနွယ်စု သန့်စင်နယ်မြေမှ လက်တိုလက်တောင်းတပည့်လေးမှာ ပုံမှန်လှုပ်ရှားမှုလေးတစ်ခုသာ ပြုလိုက်သော်ငြား နတ်ဘုရား အဆင့်နှစ် ရှီချန်းလင်အား လွင့်ထွက်သွားစေပြီး နေရာမှာတင် သူ၏ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးစေခဲ့သည်။
ဒါက ဟာသတစ်ခုပဲလား။
ဒါမှမဟုတ်ရင် သူတို့နှစ်ဦးပဲ အိပ်မက်မက်နေကြသည်လား။
"မင်းတို့တွေထွက်သွားကြတော့။ ဒီတိုက်ပွဲမှာ မင်းတို့ပါဝင်စရာမလိုတော့ဘူး။"
တစ်ဖက်လူကထိုသို့ပြောလာသည်နှင့် သူတို့လည်း ထိတ်လန့်နေရာမှ နိုးလာကြသည်။
"အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအကိုကြီး"
ထိုလူက သူတို့အား လျစ်လျူရှုကာ တံမြက်စည်းကိုသာ ကိုင်ဆောင်၍ သူတို့ကိုနံဘေးမှ ကျော်ဖြတ်သွားလျက် လုရှောင်ယန်နှင့် ယဲ့ကျွင်းလင်တိုက်ပွဲဖြစ်နေရာထံသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။
လက်တိုလက်တောင်းတပည့်လေး မရှိတော့သော်လည်း သူတို့နှစ်ဦးမှာ ထိတ်လန့်အံ့အားသင့်နေဆဲပင်။
"ယဲ့မျိုးနွယ်စုရဲ့ တကယ့်ဆရာကြီးက ယဲ့ကျွင်းလင်မဟုတ်ဘဲ တစ်ခြားတစ်ယောက်ဖြစ်နေမယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးဘူး!"
"အခုတော့ ငါတို့မျိုးနွယ်ကို ကယ်တင်နိုင်တော့မယ်။"
လက်တိုလက်တောင်းတပည့်လေးမှာ သူတို့ပြောဆိုနေသည့်အသံကိုကြားသော်ငြား အမူအရာမှာ နဂိုအတိုင်းရှိဆဲပင်။ ဒါတွေအကုန်လုံးက အလွန်ကို သာမန်ပင်ဖြစ်သည်။
တိုက်ပွဲထံသို့ ဦးတည်နေချိန်တွင် သူ ထူးမခြားနားစွာ ပြောလိုက်သည်မှာ
"စနစ်၊ အသက်သွင်းလိုက်တော့"
[ဒင်... အသက်ဝင်နေပါပြီ။ ရရှိသောဆု: ထိပ်တန်းနတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းလမ်း၊ အကြီးမြတ်ဆုံး အနုပညာ။ ဒါကို ပြီးပြည့်စုံသော အဆင့်ထိ ကျင့်ကြံပြီးပါပြီ]
[ဒင်...အကြီးမြတ်ဆုံးအဆင့် မစ်ရှင်အသစ် ထပ်ရလာပါတယ်။ မစ်ရှင်ရဲ့ အဓိကအချက်က လုရှောင်ယန်ကိုသတ်ရမှာပါ။ တာဝန်ပြီးမြောက်ခဲ့ရင် စနစ်ကနေပြီး hostရဲ့ ကျင့်ကြံဆင့်တစ်ဆင့်တိုးပေးပြီး စွမ်းအင်ကျင့်စဉ် တစ်ခုနဲ့ ရှေးဟောင်းရတနာတစ်ခုပေးအပ်သွားမှာပါ။ မစ်ရှင်ကို လက်ခံမည်လား]
"လက်ခံတယ်။"
လက်တိုလက်တောင်းတပည့်လေးဟာ ပုံမှန်ဖြစ်နေသည့်အတိုင်း မစ်ရှင်ကို ထူးမခြားနားအမူအရာဖြင့်လက်ခံလိုက်သည်။ သူဟာ ဒီမစ်ရှင်ကို အချိန်ကြာမျှော်လင့်နေခဲ့တာဖြစ်၏။
သူဟာ တကယ်တော့ ဒီကမ္ဘာမှမဟုတ်ချေ။ သူသည် ပင်လယ်ပြာ အမည်ရှိ ကမ္ဘာတစ်ခုမှ ရောက်လာခြင်းဖြစ်သည်။ မူလကတော့ သူဟာ ဝိညာဉ်ကူးပြောင်းပြီးနောက်ပိုင်းတွင် သူ့ဘဝမှာ ထိပ်ဆုံးကိုရောက်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် သူဟာ ယဲ့မျိုးနွယ်စု၏ သန့်စင်နယ်မြေမှ လက်တိုလက်တောင်းတပည့်လေးသာ ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့။
ပါရမီ၊ နောက်ခံအင်အားနှင့် တခြားအရာတွေမရှိဘဲ သူဟာ အမှိုက်ဖြစ်ဖို့သာ ကံပါလာပုံရ၏။
သို့သော် ကောင်းကင်ဘုံဟာ သူ့အားစိတ်မပျက်စေခဲ့ပေ။
သူ့ရဲ့ဘဝဟာ အစတည်းကသတ်မှတ်ထားပြီးသားဟုထင်နေခဲ့ချိန်တွင် ထိုလူရောက်လာခဲ့သည်။
အဲ့ဒီ့လူက သူ့ဆီကို စနစ်တစ်ခုပေးခဲ့သည်။ နေ့စဉ်နေ့တိုင်း စနစ်ကို အသက်သွင်းတာနဲ့ သူဟာ ဒီကမ္ဘာမှာ အင်အားအကြီးဆုံးလူတောင် ဖြစ်လာနိုင်သည်။
ဒါကြောင့် သူဝိညာဉ်ကူးပြောင်းပြီး အခုထိ ၁၃နှစ်ကြာအောင် ယဲ့မိသားစုရဲ့ သန့်စင်နယ်မြေမှာ နေပြီး ဂိုဏ်းတူ စီနီယာများ၏ အုတ်ဂူများအား သန့်ရှင်းပေးနေခြင်းဖြစ်သည်။
ယခု လုရှောင်ယန်ကိုတိုက်ခိုက်နေပြီ။ ဒီအချိန်တွင် သူဟာ သူ့ရဲ့ ပုံစံအမှန်နှင့် စနစ်အသက်သွင်းထားခြင်းကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ချေ။
ယဲ့မိသားစုအား လုရှောင်ယန် ဖျက်ဆီးပစ်မည်ကို ထိုင်ကြည့်မနေနိုင်ချေ။
ဒါကြောင့် ဒီအခိုက်အတန့်မှာတော့ သူ့ဘက်မှ စတင်လှုပ်ရှားတော့မည်ဖြစ်သည်။
...
တိုက်ပွဲအတွင်းတွင်မူ တိုက်ခိုက်မှုများမှာ ဆက်တိုက်ပြင်းထန်နေပြီး ယဲ့ကျွင်းလင်မှာ စတင်လမ်းပျောက်လာ၏။
ဒါကတကယ်တော့သာမန်ပင်ဖြစ်သည်။
သူ့ရဲ့ကျင့်ကြံဆင့်ဟာ လုရှောင်ယန်နဲ့ တူပေမယ့်လည်း သူ့ရဲ့ လက်နက်အဆောင်ယောင်နှင့် ကျင့်ကြံခြင်းလမ်းစဉ်မှာ လုရှောင်ယန်နှင့် ယှဉ်ပြိုင်ဖို့ရာ အတော်အတန် မလုံလောက်ပေ။
ဒီလို တိုက်ပွဲရှည်ကြီးအတွင်းတွင် လုရှောင်ယန်အတွက် လွယ်ကူနေသော်ငြားလည်း ယဲ့ကျွင်းလင်မှာ တဖြည်းဖြည်းနှင့် စိတ်ဓာတ်မှာ ပြိုပျက်စပြုလာ၏။
ဒါဟာ အစကတည်းက လုရှောင်ယန်မှာ ယဲ့ကျွင်းလင်အား သေချာ မတိုက်ခိုက်ခဲ့ခြင်းကြောင့်ပင်။ ဒါ့အပြင် ယဲ့ကျွင်းလင်မှာ တဖြည်းဖြည်းနှင့် သူ၏ မျှခြေကိုပင်မထိန်းနိုင်တော့ဘဲ တိုက်ခိုက်လာခြင်းတွေကိုပါ မမြင်နိုင်တော့ချေ။
နောက်ဆုံး အလျင်စလိုအမှားလေးတစ်ခုကြောင့် ယဲ့ကျွင်းလင်၏ လက်ချောင်းများ အဖြတ်ခံလိုက်ရတော့သည်။
သူ၏လက်ချောင်းများ ပြတ်ထွက်သွားသည်နှင့် လုရှောင်ယန်လည်း စစ်မှန်သောအမြင်အာရုံသုံးပါးအားအသက်ဝင်စေလိုက်ပြီး ထာဝရမီးတောက်ကိုတစ်ဖက်လူ၏ လက်ချောင်းများအတွင်း ထိုးဖောက်ဝင်ရောက်ရန် အသုံးပြုလိုက်သည်။
တစ်ဖက်လူ၏ ဒဏ်ရာမှတစ်ဆင့် ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်အား အတွင်းမှပင် ဖျက်ဆီးပစ်နိုင်သည်။
"ဆိုးချက်!"
ယဲ့ကျွင်းလင်ဟာ တုန်လှုပ်နေပြီး သူ့ရဲ့အမှားကိုတွေ့သွားသည်။သူဟာ ဟင်းလင်းပြင်ခုန်ခြင်းကို သုံး၍ ထိုအရာမှ ကာကွယ်ရန်ကြိုးစားလိုက်ပြီး လုရှောင်ယန်ထံမှ ခပ်ခွာခွာနေလိုက်သည်။
ကံဆိုးစွာဖြင့် လုရှောင်ယန်ဟာ ဒီလိုအခွင့်အရေးကောင်းအား လက်လွှတ်မပေးနိုင်ချေ။
ရှေးဟောင်းဧကရာဇ်ကျမ်းအား အားကုန်ထုတ်သုံးလိုက်ပြီး စိတ်စွမ်းအင်များမှာ ဒီရေလိုမျိုး ထွက်ပေါ်လာပြီး ယဲ့ကျွင်းလင်၏ လွတ်လမ်းများအား ပိတ်ဆို့လိုက်လေသည်။
ထာဝရမီးတောက်ဖြင့် တိုက်ခိုက်ခြင်းမခံလိုက်ရသော်လည်း ယဲ့ကျွင်းလင်၏ အစီအစဉ်ကို နောက်ထပ် ပိုကြီးသော လက်သည်းထုတ်ပြခြင်းဖြင့် ဖျက်ဆီးလိုက်နိုင်ပြန်၏။
လုရှောင်ယန်ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ နတ်လက်နတ်အား ကိုင်ဆောင်ကာ လွှဲယမ်းလိုက်သည်။
အေးစက်နေသော ဓား၏ အလင်းတန်းများမှာ ပေပေါင်း ၃၀၀၀၀အထိ ပြန့်ကျဲသွားပြီး ယဲ့ကျွင်းလင်၏ လည်ပင်းကို ခုတ်ဖြတ်သွား၏။
မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ ယဲ့ကျွင်းလင်ဟာ သူ၏နတ်လက်နတ်အားထုတ်ကာ ခုခံလိုက်သည်။ ခုခံမှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် သူ၏ လက်ဖြင့် ဓားသွားကိုပင် မြဲမြံစွာ ဖမ်းဆုပ်ထားရသည်။
ဒါပေမယ့်လည်း လုရှောင်ယန်၏ လှုပ်ရှားမှုမှာ ပို၍ ထိတ်လန့်အားကောင်းလေသည်။
ဓားအလင်းတန်းထွက်ပေါ်လာပြီး ဟင်းလင်းပြင်အကာအရံနှစ်ထပ်ကိုပါ ဖြတ်သန်းသွား၏။ နတ်ဆိုးများစွာကို အဆုံးသတ်ပြီးနောက် စက်ဝိုင်းခြမ်းသဏ္ဍာန်ပြောင်းလဲသွားကာ ယဲ့ကျွင်းလင်၏ ဓားအား အရှိန်ဖြင့် ထိခတ်သွားသည်။
ဘုန်း!
ခဏလေးအတွင်းမှာပင် လက်နက်နှစ်ခုထိခတ်ရာမှ ထိတ်လန့်ဖွယ် ပေါက်ကွဲမှုက နေရာတွင်ပင် ထွက်ပေါ်လာ၏။
ကြီးမားလှသော အပြောင်းအလဲက ယဲ့ကျွင်းလင်ထံတိုက်ရိုက်ရောက်သွားကာ နားစည်ကိုပင်ထိခိုက်မိသွားပြီး နားထဲမှာ သွေးများပင်စီးကျလာ၏။
ဓားအား မြဲမြံစွာ ကိုင်ထားသော လက်မှာ အရှိန်ပြင်းပြင်းဖြင့်ဆောင့်တွန်းခြင်း ခံလိုက်ရပြီး ဓားဖြင့် အဖြတ်ခံလိုက်ရချေသည်။ သူ၏လက်ချောင်းများ ပြတ်ကျလာပြီး အရိုးဖြူများကိုပင်မြင်နေရကာ နီညိုရောင်သွေးများပင်မြင်ရသည်။
ထိုနေရာတွင် သွေးခြေရာများပင်ဖြစ်ပေါ်လာ၏။
"သေစမ်း!"
ယယ်ကျွင်းလင်ဟာ လေပေါ်သို့ပျံတက်လိုက်ပြီး ဂရုမစိုက်စွာ လုပ်ဖို့မရဲတော့ဘဲ သူ၏ကျင့်ကြံခြင်းကိုအသုံးပြု၍ ဒဏ်ရာများကိုကုစားနေလေသည်။
ကျိုးသွားသော လက်ချောင်းများနှင့် ပျက်စီးသွားသော နားစည်မှာ ပြန်လည်ကောင်းမွန်လာ၏။
ဒီလိုအခွင့်ကောင်းရချိန်မှာ လုရှောင်ယန်က သူ့ကိုပြန်ပြီးသက်သာစေမှာတဲ့လား။
တစ်စုံတစ်ယောက်၏အသက်ကိုယူဖို့ရန်အတွက် ထိုလူ၏အားနည်းချက်ကိုအသုံးချရခြင်းမှာ လုရှောင်ယန်၏ ဂုဏ်အယူရဆုံး စည်းမျည်းပင်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်!
လုရှောင်ယန် တိုက်ခိုက်ရန်ပြင်လိုက်သည်နှင့် အဝေးမှပုံရိပ်တစ်ခုပေါ်လာကာ နံရံကြီး ဆယ်ခုလောက်အား အတန်းလိုက် ကွဲအက်သွားစေသည်။
တစ်ဖက်လူဟာ လှုပ်ရှားနိုင်သေးမှန်းသိသည်နှင့် လုရှောင်ယန်လည်း ထိုလူအားရပ်တန့်ရန် သူ၏ စိတ်စွမ်းအားများကိုထုတ်သုံးလိုက်သည်။
ဖူး~
သူ၏ခန္ဓာမှာ ရုတ်တရပ်ရပ်တန့်သွားခဲ့၏။ အားကောင်းသော တိုက်ခိုက်မှုဟာ ဒဏ်ရာရပြီးသားသူကိုပိုတိုးကာ ဒဏ်ရာရစေ၏။
အားကောင်းသော ခန္ဓာကိုယ်နှင့် အားကောင်းသည့် ကျင့်ကြံသူသာ ဒီတိုက်ခိုက်မှုကို ခံနိုင်လိမ့်မည်။
တစ်ယောက်မှသာ မခုခံနိုင်လျှင် ဒီတိုက်ခိုက်မှုကြောင့် အကုန်သေကြရမှာဖြစ်သည်။ တစ်ဖက်လူ ရပ်တန့်သွားချိန်တွင် သူမြင်လိုက်ရသည်မှာ ရှီချန်းလင်ဖြစ်နေသည်။
"ဒီကောင် နောက်ဆုံးတော့ ကိုယ်ထင်ပြဖို့ဆုံးဖြတ်လိုက်ပြီလား။"
ရှီချန်းလင်၏ရင်ဘတ် ရိုက်ခံလိုက်ရပြီး နံရိုးများကျိုးကြေသွားကာ ကိုယ်ခန္ဓာအစိတ်အပိုင်းများလည်း ပျက်စီးသွားသည်ကို မြင်ရသောအခါ လုရှောင်ယန်၏ မျက်ဝန်းများမှာ အေးစက်သွားသည်။
သူ၏အမြင်နှင့် ကြည့်ရလျှင် ရှီချန်းလင်၏ ခန္ဓာကိုယ် ဆိုးဆိုးရွားရွားဒဏ်ရာရခဲ့သည်မှာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုတည်းကြောင့်ဖြစ်သည်ဟု ပြောနိုင်လေသည်။
ရှီချန်းလင်ဟာ နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူဖြစ်နေပြီဟု သူသိထားခဲ့သည်။
သူဟာ သာမန်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင် အဆင့်မြင့်များကို မတိုက်ခိုက်နိုင်သော်ငြား တကယ်တမ်းတွင် နတ်ဘုရားအဆင့်နှစ် ကျင့်ကြံသူတော့ဖြစ်နေသေးသည်။
ဒီအဆင့်နှင့်လူဟာ တစ်ဖက်လူ၏ တိုက်ခိုက်မှုတစ်ခုကိုပင် မခုခံနိုင်ပေ။ ဤသည်မှာ တစ်ဖက်လူဟာ မည်မျှ အားကောင်းမှန်းသိသာနေသည်။
တုံ့ဆိုင်းခြင်းမရှိဘဲ လုရှောင်ယန်ဟာ အဇူရာသက်ရှည်ပညာရပ်ကို အသုံးပြုရင်း ရှီချန်းလင်၏ ဒဏ်ရာများကို ပြန်လည်ကုသပေးနေသည်။
လုရှောင်ယန်၏ ကုသမှုအောက်တွင် ရှီချန်းလင်၏ မူးဝေနေသော ခေါင်းမှာ ပုံမှန်ဖြစ်လာသည်။
လုရှောင်ယန်ကိုမြင်သောအခါ ကြောက်ရွံ့တုန်လှုပ်လျက် ပြောလာသည်မှာ
"ဂိုဏ်းချုပ်၊ မြန်မြန်ပြေးရအောင်။ ယဲ့မျိုးနွယ်စုမှာဝပ်နေတဲ့ကျားတွေနဲ့ ပုန်းနေတဲ့နဂါးတွေရှိတယ်။ ယဲ့ကျွင်းလင်ထက်တောင် ပိုအားကြီးတဲ့လူတစ်ယောက်တောင်ရှိတယ်ဗျာ။ ကျုပ်တို့ သူ့ကိုမနိုင် နိုင်ဘူး။"
ထိုအရာကို အခွင့်ကောင်းယူလျက် ယဲ့ကျွင်းလင်မှာ သူ၏ ဒဏ်ရာ ဒဏ်ချက်များကို တိတ်တဆိတ်ပြန်လည်ကုစားနေ၏။
"ဘာတွေဖြစ်နေတာလဲ။ ရူးနေပြီလား။"
ယဲ့မျိုးနွယ်စုထဲမှာ သူထက်အားကြီးတဲ့လူဘယ်လိုလုပ်ရှိနိုင်မှာလဲ။
သူသည် သူ၏ဆရာမှ ဆယ်စုနှစ်များစွာကြာအောင် ဇွဲနပဲနှင့် ပြုစုပျိုးထောင်ခဲ့သော သက်ညှာခြင်းမရှိသည့် ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည်။ သူ၏ ကိုယ်တွင်းရှိသွေးများကိုပင် မြင့်မြတ်သော သွေးဖြင့် အစားထိုးထားခြင်းပင်။
ယဲ့မျိုးနွယ်စုကို အသာထား၊ ဒီတစ်ကမ္ဘာလုံး၌ပင် သူ၏ ပြိုင်ဘက်ဟု ခေါ်ဆိုနိုင်သည်မှာ လုရှောင်ယန်သာရှိသည်။
သို့သော် သူပြောပြီးနောက်တွင် ထူးမခြားနား မရင်းနှီးသော အသံကို နားထဲတွင် ကြားလိုက်ရ၏။
"သူမရူးပါဘူး။ ပြီးတော့ ဘာမှလည်းဖြစ်မနေဘူး။"
ယဲ့ကျွင်းလင်လည်း မျက်မှောင်ကျုံ့လျက် တစ်ဖက်လှည့်လိုက်သည်။
သူက ဒါကိုမမြင်လိုက်ရလျှင်တောင် ပိုကောင်းဦးမည်။ သို့သော် သူမြင်လိုက်ရချိန်တွင် သူ့၏မျက်ဝန်းများပင် မယုံနိုင်စွာဘဲ ပြူးကျယ်သွားသည်။
"မင်းပဲ!"
တစ်ဖက်လူမှာ စွမ်းအားနိယာမကိုအသုံးပြုကာ ရွေ့လျားနေသည်။ သူ၏ခြေလှမ်းတိုင်းမှာ ပုံမှန်ဟုထင်ရသော်ငြား ထိုခြေလှမ်းတွင် သိပ်သည်းသော ချီစွမ်းအားများပါနေသည်။ သူဟာ စိတ်စွမ်းအင်နိယာမကို လုံးဝဆုပ်ကိုင်ထားသော ဖြစ်တည်မှုပင်ဖြစ်၏။
ယဲ့ကျွင်းလင် အကြည့်တစ်ချက်နှင့်ပင် တစ်ဖက်လူ၏ ကျင့်ကြံဆင့်မှာ သူ့ထက်သာကြောင်းပြောနိုင်သည်။
သို့သော် ဒါကပြဿနာမဟုတ်ချေ။
ပြဿနာမှာ ထိုလူသည် ယဲ့မျိုးနွယ် သန့်စင်နယ်မြေ၏ အစေခံတပည့်ဖြစ်သည်။ သူတောင် ထိုလူ၏ နာမည်ကိုမသိချေ။
ဒါဘယ်လိုဟာသကြီးလဲ။
တစ်ချိန်လုံး တစ်ဖက်လူဟာ အမှိုက်လေးတစ်စလိုသာ သူသတ်မှတ်ထားခဲ့သည်။ တစ်ဖက်လူဟာ တကယ်တော့ အကောင်ကြီးကြီးဆိုတာ သူတကယ်ယုံရတော့မှာပေါ့။
"အမှန်ပဲ။ ငါလေ။"
ယဲ့ကျွင်းလင် ခဏတာ အံ့အားသင့်ပြီးနောက် တည်ငြိမ်သွား၏။
"မင်းကဘယ်သူလဲ။ ဘာလို့ဒီလို ကျင့်ကြံဆင့်အမြင့်ကြီးနဲ့ ငါတို့ယဲ့မျိုးနွယ်ထဲမှာ နှစ်တွေအကြာကြီး ဖုံးကွယ်နေတာလဲ။"
လက်တိုလက်တောင်း တပည့်လေး၏ အမူအရာမှာ ထူးမခြားနားရှိနေဆဲပင်။
"ငါ့နာမည်က ယဲ့ချန် ယဲ့မျိုးနွယ်စုရဲ့ မျိုးဆက်ပဲ။ မင်းနဲ့မျိုးဆက်အတူတူပဲ။"
"ဒါမဖြစ်နိုင်ဘူး။ မင်းသာငါနဲ့ မျိုးဆက်တူ ယဲ့မျိုးနွယ်စုကဆိုရင် အကြီးအကဲတွေက ဘာကြောင့် မင်းအကြောင်းပြောတာကို မကြားဖူးရတာလဲ။ မင်းဘယ်လိုတောင် ဒီလောက်စွမ်းအားကြီးသွားတာလဲ။"
ယဲ့ကျွင်းလင်ဟာ ဒီလောက်ထိ အစွမ်းထက်နေရခြင်းမှာ သူ၏ အနက်ရောင်ဝတ်ဆရာသခင်က သူ့ကို မြင့်မြတ်သော အရိုးနှင့် သွေးကိုပေးပြီး နတ်ဘုရားအဆင့် ကျင့်ကြံခြင်းလမ်းစဉ်ကို ကျင့်ကြံစေသောကြောင့်ပင်ဖြစ်သည်။
ဒါ့အပြင် မြင့်မြတ်သော သွေးဟာ အလွန်တရာမှ ရှားပါးလှသည်။
သူ့ရဲ့ဆရာသခင်ဟာ နှစ်ယောက်လုံးကို သွေးသွင်းပေးဖို့ရာ မဖြစ်နိုင်ချေ။
ဒါကြောင့် ယဲ့ချန်၏ နောက်ခံမှာ ယဲ့ကျွင်းလင်အား သံသယဖြစ်စေသည်။
မနီးမဝေးမှ လုရှောင်ယန်လည်း မတိုက်ခိုက်သေးပေ။
ဒီလိုအချိန်မှာ ရန်သူကို ဝင်ရောက်တိုက်ခိုက်လိုက်လျှင် အားလုံး ဖရိုဖရဲဖြစ်သွားနိုင်ချေသည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၉၄ ရုတ်တရတ်ဆန်ဆန် အပြောင်းအလဲ
"မင်းငါ့ကို ယုံယုံမယုံယုံ ကိစ္စမရှိပါဘူး။ ငါကယဲ့မျိုးနွယ်စုရဲ့ မျိုးဆက်ဖြစ်နေတုန်းပဲလေ။ ငါဘာကြောင့် မင်းထက် သန်မာနေရလဲ သိချင်ရင်တော့ မင်းရဲ့ဆရာသခင်ကိုပဲ မေးသင့်တယ်။"
ယဲ့ကျွင်းလင်၏ မျက်စိသူငယ်အိမ်များ ပြူးကျယ်သွား၏။
"ဒီကိစ္စက ကျုပ်ရဲ့ ဆရာသခင်နဲ့ ဆိုင်နေတာလား။"
"အမှန်ပဲ။ မင်းရဲ့ဆရာက မင်းကိုယ်တိုင် လုရှောင်ယန်ကိုသတ်နိုင်ဖို့ အများကြီးတော့ မမျှော်လင့်ထားခဲ့ဘူး။ မင်းကို စပြီးဖန်တီးတဲ့အချိန်တည်းက သူကငါ့ကိုလည်း ပျိုးထောင်လာခဲ့တာပဲ။"
"နောက်တစ်မျိုးပြောရရင် ငါက မင်းရဲ့အစားထိုးဖြစ်ပြီး ဆရာသခင်ရဲ့ နောက်ဆုံးမျှော်လင့်ချက်လည်းဖြစ်တယ်။"
"ဒါမဖြစ်နိုင်ဘူး!"
ယဲ့ကျွင်းလင်ဟာ လက်သီးကို တင်းနေအောင်ဆုပ်ထားပြီး သူ့ရဲ့လက်သည်းတွေဟာ လက်ဖဝါးထဲနစ်ဝင်လျက်နီညိုရောင်သွေးများ ပေကျံလျက်ရှိသည်။
"ဆရာသခင်က ငါ့အပေါ်ဒီလိုလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး။"
"မင်းအသံကိုလည်း ကြည့်ဦး။ မင်းဆရာက မင်းကိုဖန်တီးလိုက်တာနဲ့ပဲ သူလုပ်သမျှတိုင်း မင်းကိုတင်ပြဖို့ တာဝန်ရှိတယ်များ ထင်နေလား။"
ယဲ့ချန်ဟာ လွန်စွာမှ ပြက်ရယ်ပြုလျက်။ သူ့အသံက မူလတန်းကလေးကို ကြည့်၍ပြောနေသယောင်ယောင်။
"အစကတော့ မင်းဆရာသခင်ရဲ့ အစီစဉ်မှာ ငါက သေချာပေါက်ကို အစားထိုးလေးပါပဲ။ ငါတို့ရဲ့ ဖြစ်တည်မှုက လုရှောင်ယန်ကိုသတ်ဖို့ပဲ။ မင်းသာလုရှောင်ယန်ကို အောင်အောင်မြင်မြင် သတ်လိုက်နိုင်ရင် ငါကဘာမှလုပ်စရာမလိုတော့ဘူး။ မင်းကမသတ်နိုင်မှတော့ ငါက ဒီတိုင်းထိုင်ကြည့်နေလို့ မဖြစ်ဘူးလေ။"
"တကယ်တော့ ငါပြောချင်တာက ငါလည်းဝင်မပါချင်ပါဘူး။ ဒါပေမယ့် မင်းကတော်တော်လေး အသုံးမကျဖြစ်နေမှတော့ ငါပေါ်လာရတာပေါ့။"
"ဒါပေမယ့်လည်း လုံးဝကြီး အသုံးမကျတာတော့မဟုတ်ဘူးပေါ့။ လုရှောင်ယန်ကလည်း အတော်လေး အစွမ်းထက်တာကိုး။"
"ပါးစပ်ပိတ်ထား!"
ယဲ့ကျွင်းလင် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
"ငါမရှုံးသေးဘူး။ ထပ်ပြီးတိုက်နိုင်သေးတယ်။ မင်းကဘာကိုကြည့်ပြီး ငါ့ကို အမှိုက်လို့ခေါ်နိုင်ရတာလဲ။"
ယဲ့ချန်က ထူးမခြားနားစွာဖြင့်
"မင်းကရှုံးနှင့်ပြီးနေပြီ။"
"လုရှောင်ယန်က သူအားကုန်ထုတ်မသုံးရသေးဘူး။ သူက ငါ့ကိုစောင့်ကြည့်နေပြီ။ ဒါမှ သူ့ရဲ့တကယ့် စွမ်းအားကို ဖိနှိပ်ထားလို့ရမှာ။နောက်တစ်မျိုးပြောရရင် မင်းက သူ့ဓားအောက်က လေလွင့်ဝိညာဉ်လေးပဲ ဖြစ်သွားရလိမ့်မယ်။"
"မင်းဘာကိုဆိုလိုချင်တာလဲ။"
ယဲ့ကျွင်းလင်၏ စိတ်နှလုံးတုန်လှုပ်သွားရသည်။ ထို့နောက် သူ့အားရှုတည်တည်စိုက်ကြည့်နေသော လုရှောင်ယန်ကို ကြည့်မိသောအခါ လုရှောင်ယန်မှာ အတည်ပြုမှု လိုချင်နေပုံပေါ်၏။
လုရှောင်ယန်၏ အမူအရာမှာ လုံးဝတော့ပြောင်းလဲမသွားချေ။ ယဲ့ချန်၏ တည်ငြိမ်ကာလေးနက်နေသော မျက်နှာကိုစိုက်ကြည့်နေသည်။
ထို အမူအရာကိုကြည့်ပြီး ယဲ့ကျွင်းလင်၏ မာနမှာ လုံးဝကို ပျက်စီးသွားတော့၏။
ယဲ့ချန်ပြောသည်ကို နားလည်လာသည်။
လုရှောင်ယန်ဟာ သူ၏အစွမ်းအစ အစစ်အမှန်ကို အစမှအဆုံးထိ ထုတ်မပြခဲ့ပေ။
လုရှောင်ယန်က သူ့ကိုအလွယ်လေးတိုက်နိုင်သည်။
ထိုအချိန်မှာ ယဲ့ကျွင်းလင်ဟာ အတော်အတန် ဒေါသထွက်သွားသည်။
သူကတကယ်တော့ ကစားစရာတစ်ခုလို ဆက်ဆံခံလိုက်ရတာပဲ!
သူအမှန်တကယ်လေးစားနှစ်သက်ရသော ဆရာသခင်သာမက လုရှောင်ယန်ကပါ သူ့ကိုကစားစရာတစ်ခုနှယ်ဆက်ဆံကြသည်။
လုရှောင်ယန်ဟာ သူ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ်သဘောမထားဘဲ ကလေးတစ်ယောက်အနေသာ သဘောထားခဲ့လေသည်။
တစ်ဖက်လူမှာ သူ့၏စွမ်းအားပင် ထုတ်မသုံးဘဲ သူ့အား အနာတရဖြစ်စေနိုင်၏။ တစ်ဖက်လူသာ အားကုန်ထုတ်သုံးခဲ့လျှင် သူဟာ ဘယ်လောက်ထိများခံနိုင်ရည်ရှိနိုင်ပါမည်လဲ။
သို့သော်၊ ခဏလောက် ဒေါသထွက်ပြီးသည့်နောက်တွင်မူ ယဲ့ကျွင်းလင်မှာ သူ့ကံတရားကို လက်ခံနိုင်သွားသည်။
သူ့ရဲ့ လက်သီးဆုပ်ကို ဖြေလျော့လိုက်ပြီး အသက်ရှူထုတ်လိုက်လေသည်။
အားနည်းသူဟာ အားကြီးသူတို့၏ သားကောင်ဖြစ်နေတဲ့ ကမ္ဘာမှာ ဒေါသတစ်ခုတည်းနှင့် တိုက်ခိုက်ရန် မတတ်နိုင်ချေ။ ခွန်အားမရှိလျှင် မရှိတဲ့သူသာ နင်းချေခံရပေလိမ့်မည်!
သူ့ရဲ့ လက်ရှိ ဒေါသဟာ ရှက်စိတ်များကိုသာ တိုးပွားလာစေသည်။
သူဟာ လူပြက်တစ်ယောက်နှင့်ပင်တူနေသေးသည်။
"မင်းနိုင်တယ်။ လုရှောင်ယန်က မင်းအပိုင်ပဲ!"
သူ့ရဲ့ကံတရားကိုလက်ခံပြီးတဲ့နောက်မှာတော့ ယဲ့ကျွင်းလင်ဟာ တစ်ဖက်ကိုလှည့်ကာ ထွက်သွားရန်ပြင်လိုက်သည်။
"ရပ်လိုက်!"
ထိုအချိန်မှာပဲ ယဲ့ချန်ဟာ သူကိုတားဆီးလိုက်သည်။
"မင်းဘာလုပ်ချင်လို့လဲ။"
ယဲ့ကျွင်းလင် အေးတိအေးစက်ဖြင့် ဆိုလိုက်သည်။
ယဲ့ချန်ဟာ သူ့ကိုထူးမခြားနား တစ်ချက်ကြည့်လိုက်၏။
"ငါမင်းကို တော်တော်များများပြောပြထားတာပဲ။ မင်းငါ့ကိုတစ်ခုခု ကူညီသင့်တယ်လို့ မထင်ဘူးလား။"
ယဲ့ကျွင်းလင်လည်း အေးစက်စက်ပြုံးလိုက်သည်။
"ဘာလို့လဲ။ ငါ့ကိုဒီလောက်ထိ နှိမ်ပြီးနေတာတောင်မှ မင်းနဲ့ လက်တွဲပြီး လုပ်စေချင်တယ်လို့ မပြောနဲ့နော်။ အဲ့ဒါက ရယ်စရာကောင်းတယ်လို့မထင်ဘူးလား။"
"မင်းကသာ ရယ်စရာကောင်းနေတာကွ!"
ပြောပြီးသည်နှင့် ယဲ့ချန်ဟာအရှိန်အဝါဖြင့် ယဲ့ကျွင်းလင်အား ဖိနှိပ်လိုက်သည်။
"မင်းရဲ့ အစွမ်းအစလေးနဲ့ ငါနဲ့လက်တွဲပြီး အလုပ်လုပ်တာကမှ ပိုပြီးရယ်စရာကောင်းမနေဘူးလား။"
"မင်းဘာလုပ်ချင်တာလဲ။"
ယဲ့ချန်ဆီမှ လူသတ်ငွေ့ကို ခံစားမိသည်နှင့် ယဲ့ကျွင်းလင်၏ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။
"ငါနဲ့လုရှောင်ယန်ရဲ့ တိုက်ပွဲထဲဝင်ပါလောက်တဲ့အထိ မင်းကအရည်အချင်းမမီပေမယ့် မင်းရဲ့ အစွမ်းက တော်တော်လေးတော့ အကူအညီဖြစ်နေသေးတယ်။"
"ဪ၊ ဟုတ်သားပဲ၊ ပြောဖို့မေ့သွားတာ။ ဒီလိုဖြစ်ဖို့ကလည်း မင်းရဲ့ဆရာသခင်ပဲ စီစဉ်ထားတာလေ။"
"မင်းသာ လုရှောင်ယန်ကို မနိုင်ရင် ငါက မင်းနေရာကိုယူမယ်။ မင်းက ငါလုရှောင်ယန်ကို တိုက်ခိုက်အောင်မြင်နိုင်ဖို့အတွက် ကျင့်ကြံဆင့်ကိုတိုးနိုင်အောင် ကူညီရမယ့် အာဟာရ ဖြည့်စွက်စာပဲ။"
ယဲ့ကျွင်းလင်ဟာ စတင်ပြီး တုန်လှုပ်လာသည်။
သူ့နားကိုပင် သူမယုံနိုင်ချေ။
"ငါမယုံဘူး! မင်းလိမ်နေတာ! မင်းလိမ်နေတာ!"
သူအော်ဟစ်လိုက်ချိန်မှာပဲ ယဲ့ချန်ဟာ လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး လက်အစီအရင်ကိုပြုလုပ်လိုက်လေသည်။
အချိန်ခဏအတွင်းမှာပဲ ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်ဟာအေးခဲသွားလေသည်။ သူ့ကိုယ်တွင်းမှ မြင့်မြတ်သော သွေးရွှေစင်ဟာ ယဲ့ချန်၏ စုပ်ယူခြင်းကိုခံလိုက်ရတော့၏။
"မင်းမြင်ပြီလား၊ မင်းဆရာက မင်းကိုကျင့်ကြံဖို့ပေးခဲ့တဲ့ လမ်းစဉ်ထဲမှာ တစ်ခုခုကြံစည်ထားတာကိုလေ။ ငါလက်အစီအရင်လေး လုပ်လိုက်ရုံနဲ့ မင်းရဲ့ကျင့်ကြံဆင့်တွေနဲ့ သွေးအဆီအနှစ်တွေကို ငါပိုင်သွားပြီ။ ငါဘာမှတောင် အားသုံးစရာမလိုလိုက်ဘူး။"
"မင်းရဲ့ ဘဝကို ငါ့ဆီ ရိုးရိုးရှင်းရှင်းပဲ အပ်နှံလိုက်ရပြီပေါ့။"
"မင်းသာ လုရှောင်ယန်ကို သတ်နိုင်ခဲ့မယ်ဆိုရင်တော့ ငါ့ဆီက စုပ်ယူခံရမှာမဟုတ်ဘူး။ ကံဆိုးချင်တော့ မင်းက မသတ်နိုင်ဘူးလေ။"
ဒီအချိန်မှာတော့ ယဲ့ကျွင်းလင်ဟာ မယုံကြည်ချင်ပါသော်လည်း မဖြစ်မနေကို ယုံကြည်လိုက်ရတော့သည်။
အဆိုးဝါးဆုံးကတော့သူရဲ့ ကျင့်ကြံခြင်းလမ်းစဉ်တင်မက သူ့ရဲ့ခန္ဓာကိုယ်ကပါ အလိမ်အညာကြီးဖြစ်နေခြင်းပင်။
ယဲ့ချန်ဟာ ယဲ့ကျွင်းလင်၏ သွေးနှင့် ကျင့်ကြံခြင်းများကိုယူဆောင်နေစဉ်တည်းက ယဲ့ကျွင်းလင်မှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။
သူ့၏ စွမ်းအားတွေအားလုံး ထွက်သွားသည်ကို မြင်နေရသည်က ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ညှိုးရော်လာစေသည်။
"အဘိုးကြီး၊ ဘာကြောင့် ကျုပ်ကို အခုလိုလုပ်ရတာလဲ။"
သူထိုသို့ ပြောလိုက်ချိန်မှာပဲ ဖိအားကြီးလှသောဓားအလင်းတန်းတစ်ခုမှာ အဝေးတစ်နေရာမှာ ရုတ်တရတ်ထွက်ပေါ်လာ၏။ ၎င်းက ဟင်းလင်းပြင်အကာအရံအစီအရင်ကို စုတ်ဖြဲ၍အရှိန်အဟုန်ဖြင့် ဆင်းသက်လာပြီး ယဲ့ချန်၏ ခန္ဓာအား ဖိအားပေးနေသည်။
ဒါက လုရှောင်ယန်ရဲ့ တိုက်ခိုက်မှုပဲ။
သူမတိုက်ခိုက်ခဲ့တာဟာ သူတို့နှစ်ယောက်ပေါင်းပြီး သူ့ကို မတိုက်ခိုက်စေချင်လို့ပဲ။
အဆုံးတွင်တော့ ယဲ့ချန်က ယဲ့ကျွင်းလင်ကို စားသုံးလိုက်မည်ဟု မမျှော်လင့်ခဲ့မိချေ။
ဒီအချိန်မှာသာ သူမတိုက်ခဲ့ရင် လုရှောင်ယန်ဟာ တကယ်ကို တုံးအနေ၍သာဖြစ်မည်။
ယဲ့ကျွင်းလင်က တကယ်ပဲ သူ့၏တွဲဖက်မဟုတ်သည်မှာ အသေအချာပင်။ သို့သော်ငြား ယဲ့ချန်၏ ကျင့်ကြံဆင့်မှာ ယဲ့ကျွင်းထက် အတော်ပင် သာနေ၏။ လုရှောင်ယန်လည်း လွယ်လွယ်နှင့် အဖြေရှာမရချေ။
သူသာ ယဲ့ကျွင်းလင်ကို စုပ်ယူခဲ့လျှင် ဒါက တော်တော်ကို ဒုက္ခဖြစ်စေလိမ့်မည်။
သို့ပေမယ့်လည်း တစ်ဖက်လူမှာ ဒီအချိန်ကို အတော်ကြာအောင် မျှော်လင့်စောင့်စားနေခဲ့ပုံရ၏။ လုရှောင်ယန် တိုက်ခိုက်သည့်အချိန်တွင် ဓားမှာ ဖြတ်ခနဲလက်သွားပြီး ဟင်းလင်းပြင် အကာအရံကိုပင် အက်သွားစေသည်။ သို့သော် ယဲ့ချန်မှာ အားလုံးကို မရှောင်ရှားနိုင်ချေ။
သူဟာ သူ့ရဲ့လက်ကိုသာမြှောက်လိုက်ပြီး လုရှောင်ယန်၏ ဓားချက်ကိုရင်ဆိုင်က ထိုးနှက်လိုက်သည်။
ထိုလက်သီးချက်နှင့် ဓားချက် ထိခတ်မိချိန်တွင် ကမ္ဘာကြီးမှာ တစ်ခဏအတွင်း အကန့်အသတ်မဲ့သွားတော့သည်။
ထိုမှ ရိုက်ခတ်လာသော လှိုင်းမှာ မီတာ တစ်သန်းအကွာအထိ ရောက်ရှိသွားလေ၏။
ကောင်းကင်ဟာ ထက်ခြမ်းကွဲလျက် အာကာသတွင်းနက်ကြီးမှာလည်း ယခင်ကထက် အဆများစွာ ပိုအားကောင်းလာခဲ့သည်။
သို့ရာတွင် လုရှောင်ယန်၏ ဓားချက်မှာ ယဲ့ချန်အား မထိခိုက်စေနိုင်ပေ။
အတိအကျဆိုရလျှင် ယဲ့ချန်၏ ဝတ်ရုံ၏ တစ်နေရာကိုမှပင် မထိခိုက်စေနိုင်ပေ။
ထိုအခိုက်တွင် ယဲ့ကျွင်းလင်ထံမှ စုပ်ယူထားသော သွေးအဆီအနှစ်များဖြင့် ယဲ့ချန်၏ ကျင့်ကြံဆင့်များမှာ လျင်မြန်စွာ တိုးတက်လာလေသည်။
ပဉ္စမအဆင့်၊ ဆဌမအဆင့်၊ သတ္တမအဆင့်၊ အဌမအဆင့်...
နောက်ဆုံးတွင်တော့ ယဲ့ချိန်၏ အရှိန်အဝါသည် နတ်ဘုရားအဆင့်၏ ဒဿမအဆင့်အထိ ရောက်ရှိပြီး ရပ်တန့်သွားချေလေတော့သည်။
တစ်ချိန်တည်းမှာပဲ သူ၏ ခန္ဓာကိုယ်ဟာ ကြီးမားလာပြီး သွေးကြားများမှာလည်း ဖောင်းလာကာ သူ့အား ကြောက်မက်ဖွယ် မကောင်းဆိုးဝါးနှင့် တူလာစေ၏။
နေရောင်ဟာ သူ့ကိုယ်ပေါ်တွင် တောက်ပနေလျက်ရှိပြီး အလင်းပြန်နေပုံမှာ ရက်စက်ပြီး ထင်ရှားက လှပနေသည်။
သူဟာ အဖျက်အဆီးအရှိန်အဝါနှင့် ပြည့်နှက်နေသည်။
သူတို့၏ ထိခတ်မိသော တိုက်ခိုက်ခြင်း လုံးဝပြီးသွားတဲ့နောက်တွင် တစ်ယောက်နှင့်တစ်ယောက် စူးရှစွာ စိုက်ကြည့်နေကြသည်။
လုရှောင်ယန်၏ နားထဲတွင် သတိပေးစာအသံများ ထွက်ပေါ်လာ၏။
"ဒင်... မြင်းနက်ကို သတ်နိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ရရှိသောဆု : သခင့်၏လက်ရှိ ကျင့်ကြံခြင်း အဆင့် +၁။ ကျင့်ကြံဆင့်မှာ နတ်ဘုရား ပဉ္စမအဆင့်မှ ဆဌမအဆင့်ထိ တိုးသွားပါပြီ။"
"ဒင်... မြင်းနက်ကို သတ်နိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ရရှိသောဆု: မြင့်မြတ်သော ရတနာ၊ ကောင်းကင်နတ်ဆိုး ဇစ်သာ။
[ဒင်... မြင်းနက်ကို သတ်နိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ရရှိသောဆု: မြင့်မြတ်သော နတ်လက်နတ် လက်ဆောင်ဘူး × ၂၅၀]
[ဒင်... မြင်းနက်ကို သတ်နိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ရရှိသောဆု: မြင့်မြတ်သော လမ်းစဉ်၊ အကန့်အသတ်မဲ့မဟာ]
[ဒင်... မြင်းနက်အသစ်က ယခင် မြင်းနက်၏ ကံကောင်းမှုကို ယူဆောင်သွားသည်အား တွေ့ရပါသည်။ သခင် သူ့ကိုသတ်ပြီး ပိုကောင်းတဲ့ဆုတွေ ယူလိုက်ပါတော့!"]
ဝမ့်ခိုက်၏ သတိပေးစာ အတန်းကြီးက လုရှောင်ယန်၏ မျက်ဝန်းများကိုပင် ကျဉ်းမြောင်းသွားစေသည်။
ဒါဟာသူက ဆုတွေရဖို့အတွက် မြင်းနက်ကို ကိုယ်တိုင်မသတ်လည်း ရတယ်ဆိုသည့်ပုံပင်။ သူဝင်ပါနေသ၍ ဆုများရနိုင်တာလည်း ဖြစ်နိုင်ချေသည်။
မတိုင်ခင်က ယဲ့ကျွင်းလင်က သူနဲ့တိုက်ခိုက်နေခဲ့ပြီး နောက်တွင်မှ ယဲ့ချန်၏ အစားကိုခံခဲ့ရသည်။ ဒါကို သူပါဝင်ခဲ့တယ်ဟု မှတ်ယူလို့ရမည်ထင်သည်။
ဒါပေမယ့် ယခု ဂရုစိုက်ရမည့် ပြဿနာမှာ သူ့အရှေ့တွင်ရှိနေသည်။
ယဲ့ချန်!
ယဲ့ကျွင်းလင်၏ သွေးကိုစုပ်ယူပြီးချိန်တွင် ယဲ့ချိန်၏ ကျင့်ကြံဆင့်များမှာ တစ်ဟုန်ထိုး တိုးတက်သွားပြီး နတ်ဘုရား ဒဿမအဆင့်အထိပင် ရောက်သွားခဲ့သည်။
လုရှောင်ယန်၏ အမြင်တွင် ယဲ့ချန်မှာ ယဲ့ကျွင်းလင်ထက် ကျင့်ကြံခြင်းတွင်သာမက ဉာဏ်ရည်ပါ သာလွန်နေသည်။
ဒါတွေထက်ပိုတာကတော့ ယဲ့ချန်က တကယ်လူမဆန်တဲ့ကောင်ပဲ။
လုရှောင်ယန်သည်လည်း ရက်စက်သင့်သလောက်ရက်စက်လေသည်။ ရန်သူများနှင့် ထိပ်တိုက်တွေ့ချိန်တွင် တစ်ဖက်လူ၏ တစ်မျိုးနွယ်လုံးကိုပင် ခြေရာလက်ရာပင်မချန်ဘဲ သုတ်သင်လေ့ရှိသည်။ နည်းနည်းလေးမျှပင် လိပ်ပြာမလုံခြင်းကိုမခံစားရဘဲ၊ မျက်တောင်တစ်ချက်မခတ်ဘဲ။
သို့သော် သူ့လူတွေကိုတော့ တိုက်ရိုက်ကြီး မစားသုံးဖူးပါချေ။
ထိုသူဟာ လှည့်ဖျားနေသူဆိုရင်တောင်မှပေါ့။
ဒါကြောင့် လုရှောင်ယန်သည် ယဲ့ချန်၏ ရက်စက်မှုဟာ သူ၏ ယုတ်ညံ့မှုများကိုပင် ခံစားရလာစေသည်။
မျက်လုံးတစ်ချက်မတွန့်၊ အေးစက်ပြီး နှလုံးသားကင်းမဲ့သော လူသတ်စက်ရုပ်လို အရူးအနှမ်း။
ယခုတွင်တော့ ထိုကြမ်းတမ်းသော ဇာတ်ကောင်နှစ်ယောက်မှာ ရောထွေးသွားလျက်၊ ဤသည်ကပဲ လုရှောင်ယန်ဟာ လက်ရှိယဲ့ချန်မှာ တကယ်ကို မကောင်းဆိုးရွားဟု ခံစားရစေသည်။
"ငါ့ကိုသတ်ဖို့အတွက် မင်းတော်တော်လေးကို ဖြတ်ကျော်ခဲ့ရပြီး မင်းဘက်ကလူတွေကိုပါ စွန့်လွှတ်ခဲ့ရပြီးပြီ။ မင်းနဲ့ ယဲ့ကျွင်းလင် နောက်ကလူက တော်တော်လေးကို အကြင်နာကင်းမဲ့တာပဲ။"
ယဲ့ချန်ဟာ အေးစက်စွာပြုံးလိုက်ပြီး သူမျက်ဝန်းများက ရူးသွပ်ခြင်းကိုဖော်ပြနေ၏။
"ငါတို့ တကယ်ဘာလုပ်ချင်လဲဆိုတာကို မင်းမသိပါဘူးကွာ။ ငါတို့တကယ်လုပ်မယ့် အရာက မကြုံစဖူးအရာပဲ။"
"ငါတို့ မင်းကို သတ်လိုက်နိုင်တာနဲ့ ငါတို့မှာ ကမ္ဘာတော်တော်များများကို ဖိနှိပ်ထိန်းချုပ်နိုင်ဖို့ အခွင့်အရေးရပြီ။"
"ဘယ်လိုလူကမှ သူတို့ရဲ့ ထူးဆန်းတဲ့အတွေးနဲ့ ဒါကို ငြင်းမှာမဟုတ်ဘူးလေ။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၀။ အပိုင်း ၂၉၅ ထိတ်လန့်ဖွယ်ရာ တိုက်ပွဲ
"မင်းငါ့အကြောင်း တစ်ခုခုသိသင့်တဲ့ပုံပဲ။ တိုက်ပွဲ မစခင် ငါ့ရဲ့ပုံစံအစစ်က ဘယ်လိုရှိသလဲ မေးလို့ရမလား။"
ယဲ့ချန်မှာ ပြန်မဖြေပါချေ။ သူဟာ ခြေတစ်လှမ်းသာလှမ်းပြီး နေရာလွတ်ကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက်တွင် လုရှောင်ယန်ဟာ တစ်ဖက်မှ ရှီချန်းလင်ကို သယ်ဆောင်ကာ နေရာရွှေ့ပြောင်းလိုက်သည်။
သူထွက်ခွာသွားသည်နှင့် မတိုင်ခင်က သူရပ်ခဲ့သော နေရာမှာ ပြင်းထန်သော အားကြောင့် ပြိုကျသွားလေသည်။
ထိုအခါတွင် လုရှောင်ယန်မှာ ရှီချန်းလင်အား တစ်ဖက်သို့ပို့လိုက်သည်။
"တခြားလူတွေကို ဒီနေကထွက်သွားဖို့ ကြေငြာလိုက်တော့။ နည်းနည်းလေးမှတောင် အနားကပ်မလာကြစေနဲ့။"
" နားလည်ပါပြီ၊ ဂိုဏ်းချုပ်၊ ဂရုစိုက်ပါ။"
ရှီချန်းလင်လည်း လျှပ်စီးကြောင်းအသွင်ပြောင်းလျက် ဆုတ်ခွာသွားတော့၏။ တစ်ချိန်တည်းမှာပဲ လုရှောင်ယန်ဟာ သူ၏အကာကွယ် အဆောင်ယောင်များကို ပြောင်းလဲပစ်တော့သည်။
သူဟာ နတ်ချပ်ဝတ်တန်ဆာနှင့်အတူ နတ်လက်နတ်သုံးအဆောင်အယောင်များကိုပါ ဝတ်ဆင်လိုက်သည်။
သူပြောင်းလဲ ဝတ်ဆင်ပြီးချိန်တွင် ဟင်းလင်းပြင်တွင်းနက်ကြီးမှာ လုရှောင်ယန်အရှေ့ရှိ ဟင်းလင်းပြင် အတားဆီးထံသို့ ထိုးဖောက်ဝင်ရောက်လာသည်။
သံလက်သီးတစ်ချက်ဟာ ဟင်းလင်းပြင်ကိုကျော်ဖြတ်ပြီး လုရှောင်ယန်၏ နှလုံးသားတည့်တည့်သို့ဦးတည်ဝင်ရောက်လာ၏။
လုရှောင်ယန်မှာ ခွန်းလွန်ဓားဖြင့် ခုခံတားဆီးလိုက်သည်။ တစ်ဖက်လူ၏ ထိုးချက်မှာ ခွန်းလွန်ဓားပေါ်သို့ကျရောက်သွားပြီး ဓားမှာ တုန်ခါမြည်ဟိန်းနေတော့သည်။
ထိုမှထွက်ပေါ်လာသော စွမ်းအားလှိုင်းများသည် အဘက်ဘက်သို့ပျံ့နှံ့သွားလေသည်။ လုရှောင်ယန်၏ ကိုယ်သည်ပင် မီတာတစ်သောင်းအကွာထိ ဆုတ်ခွာသွား၏။
သူ၏အမြန်နှုန်းမှာ မြန်လွန်းသဖြင့် သူဆုတ်ခွာသွားပြီး နောက်တွင် လုရှောင်ယန်၏ခန္ဓာကိုယ်ဟာ မီတာထောင်ပေါင်းများစွာ တစ်လျှောက်ရှိ ဟင်းလင်းပြင်ဆိုင်ရာ ရောင်ဝါအား ဖြိုခွဲသွားလေသည်။
သူ၏ကိုယ်အား တည်မြဲအောင် မလုပ်နိုင်ခင်လေးမှာပင် နောက်တစ်ဖန် တိုက်ခိုက်မှုကျရောက်လာခဲ့၏။
သူသည် စူးရှသော အလိုလိုသိနိုင်စွမ်းနှင့် ရှေ့သို့ တန်ပြန်တိုက်ခိုက်လိုက်လေသည်။ အလင်းတစ်ချက် လက်သွားသည့်အခိုက်လေးမှာတင် တစ်ဖက်လူ၏ တိုက်ခိုက်မှုရောက်ရှိလာသည်။
တိုက်ခိုက်မှုနှစ်ခု ဆုံတွေ့သွားသောအခါ ပေါက်ကွဲစေလောက်နိုင်သည့် ပြင်းအားကြောင့် နှစ်ဦးစလုံးမှာ တစ်ချိန်တည်း အဝေးသို့ ပျံထွက်သွားရသည်။
လုရှောင်ယန်လည်း ယခုမှသာ ခဏမျှ အသက်ရှုခွင့်ရတော့၏။
ဒါပေမယ့်လည်း စက္ကန့်ပိုင်းမျှသာ ကြာလိုက်သည်။
ယဲ့ချန်၏ ဇာတ်ကောင်မှာ သူ့ထက်ပင် ပို၍ တည်ငြိမ်သေးသည်။ တိုက်ခိုက်နေစဉ်အချိန်မှာလည်း ယဲ့ချန်အား စကားတစ်လုံးနှင့်မျှပင် နှောင့်ယှက်လို့မရဘဲ သေစေနိုင်လောက်သော တိုက်ကွက်များကိုသာ ထုတ်တတ်သည့်သူဖြစ်သည်။
သူသာလက်လွတ်စပယ် ဖြစ်နေလျှင် အနိုင်ယူခံလိုက်ရလိမ့်မည်ကို ကြောက်ရွံ့နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
စက္ကန့်ပိုင်းမျှသာ အချိန်ရလိုက်သော်လည်း ထိုခဏလေးဟာ လုရှောင်ယန် ပြန်လည်ပြင်ဆင်ဖို့အတွက် လုံလောက်ပေသည်။
ပထမဦးဆုံး ထိုက်ရွှမ်ပေသို့အား အသက်ဝင်စေလိုက်သည်။ ထိုက်ရွှမ်ပေသို့၏ ဗဟိုချက်ကနေ ဆိုလျှင် ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားကို အကန့်သတ်တစ်ခုအထိ ထိန်းချုပ်နိုင်ပေသည်။
တိုက်ခိုက်ခြင်း ဖြစ်ဖြစ် ခုခံခြင်းဖြစ်ဖြစ် တဖြည်းဖြည်းနှင့် တိုးပွားလာနိုင်သည်။
ထိုနေရာကို ထိန်းချုပ်နေစဉ်တွင် လုရှောင်ယန်မှာ တစ်ဖက်လူကိုပါ ခုခံနေရသည်။
ဘယ်လိုပဲပြောပြော ယဲ့ချန်မှာ နတ်ဘုရား ဒဿမမြောက်အဆင့်ပင်ဖြစ်သည်။
သူတို့နှစ်ဦးကြားရှိ ကွာခြားချက်မှာ အင်မတန်ကြီးမားလှပေသည်။ ကျင့်ကြံဆင့်ပိုမြင့်တဲ့သူသည် တစ်ဖက်လူထက် အခြားအဆင့်တစ်ခုစီ၌လည်း ပိုမြင့်နေမည်ဖြစ်သည်။
ဒါဟာ ဘယ်အရာနှင့်တူသလဲဆိုလျှင် ကြေးတစ်ပြားနှင့် ရွှေတစ်စ၏ ကွာခြားမှုလိုပင်။
ထို့အပြင် ဆယ်ယွမ်နှင့် ယွမ်တစ်ရာ ကွာခြားချက်မှာ ကြီးမားလှသည်။
ထိုတိုက်ပွဲအား လုရှောင်ယန်အနေနဲ့ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်သည်မှာ သူ့ထံတွင် နည်းလမ်းများစွာရှိနေခြင်းကြောင့်ဖြစ်သည်။ အချိန်တိုအတွင်းမှာပင် သူဟာ ဝှက်ဖဲ တစ်ခုထက်မက ထုတ်သုံးနိုင်လေသည်။
တခြားနည်းဖြင့် ပြောရလျှင် သူ့ထံ၌ များပြားလှသော ရင်းမြစ်များရှိနေခြင်းကြောင့်ဖြစ်သည်။
နတ်ချပ်ဝတ်တန်ဆာနှင့် နတ်လက်နတ်သုံးအဆောင်အယောင်...
၎င်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုက ထူးကဲလှသည်။ ဒါဟာ သူဒီလိုမျိုး အားကြီးလှသော ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသော်လည်း မထိခိုက်ရသော အကြောင်းအရင်းပင်ဖြစ်သည်။
ယဲ့ချန်သည်လည်း ရန်သူအား မည်သို့ရင်ဆိုင်ရမည်ကို နားလည်သည်။
လုရှောင်ယန်ထံတွင် နည်းလမ်းများစွာရှိကြောင်းတွေ့လိုက်ရသောအခါ သူ့အား တန်ပြန်တိုက်ခိုက်ဖို့ရာ အခွင့်အရေးမပေးတော့ပါချေ။
သူဟာ ပိုမိုသန်မာကာ ယခင် ပါရမီရှင်မြင်းနက်များထက် ဝှက်ဖဲများစွာ ရှိသော်ငြား လုရှောင်ယန်နှင့် ပက်သက်ပြီး လက်လွတ်စပယ် မလုပ်ရဲပေ။
အနှီလူမှာ တကယ်ကို မတရားရုံမက အကျိုးအကြောင်းမသင့်ပေ။ တစ်ယောက်ယောက်မှ သူ့အားသွားဆွမိသည်နှင့် ထိုလူမှာ အရာအားလုံးအား အလွယ်တကူဆုံးရှုံးစေလိမ့်မည်။
သို့သော် ယခုအချိန်တွင် ယဲ့ချန်မှ လုရှောင်ယန်အား ရည်ရွယ်တိုက်ခိုက်လိုက်ချိန်တွင် မတော်တဆမှုတစ်ခုဖြစ်သွား၏။
လုရှောင်ယန်ထံသို့ ဦးတည်လိုက်သော ထိုးချက်မှာ အနည်းငယ်လွဲချော်သွားခဲ့၏။
ပညာရှင်များ၏ တိုက်ပွဲတွင် အမှားသေးသေးလေးကတောင် သေစေနိုင်သည်။
ထိုလွဲချော်မှုလေးကြောင့်ပင် လုရှောင်ယန်မှာ ခုခံရန် အာရုံထားစရာမလိုတော့ဘဲ အားကုန်သုံးကာ တိုက်ခိုက်နိုင်သွားသည်။
ခွန်းလွန်ဓားဟာ တောက်ပသော အလင်းကိုထုတ်လွှတ်ပြီး ယဲ့ချန်၏ ဝမ်းဗိုက်သို့ ရိုက်ခတ်သွား၏။
ဘန်း!
ယဲ့ချန်မှာ လုရှောင်ယန်ကြောင့် မီတာတစ်သောင်းအကွာသို့ လွင့်ထွက်သွားသည်နှင့် တုန်လှုပ်လာတော့သည်။
ဒါက သူ့အား တစ်ခဏမျှ ငြိမ်သက်သွားစေ၏။
တစ်ခဏကြာသော် လုရှောင်ယန်၏ ဒုတိယမြောက် ဓားချက်မှာ ယဲ့ချန်၏ နှလုံးအိမ်ထံသို့ တိုက်ရိုက်ဦးတည်လာခဲ့သည်။ ထိုဆက်တိုက် တိုက်ခိုက်မှု နှစ်ခုပြီးနောက်တွင် ယဲ့ချန်၏ အကာအကွယ် ချပ်ဝတ်ပေါ်၌ ခပ်မှိန်မှိန်အမှတ်လေး တစ်ခုပေါ်လာ၏။
လုရှောင်ယန် တတိယအကြိမ်တိုက်ခိုက်လာချိန်တွင်မူ ယဲ့ချန်ဟာ ပြန်လည်တုန့်ပြန်လာခဲ့သည်။
" မင်းရဲ့ ဘေးနားက ဟင်းလင်းပြင် စွမ်းအားတွေကိုထိန်းချုပ်နိုင်တယ်ပေါ့။ မင်းမျှော်လင့်ထားသလိုပါပဲ၊ ဒါပေမယ့် ဒါလေးနဲ့တော့ ငါ့ကိုမသတ်နိုင်သေးပါဘူး။"
ကြီးမြတ်သော အနုပညာ လည်ပတ်လာသည်နှင့်အတူ ကမ္ဘာဟာလည်း ကျယ်ပြန့်လာလေသည်။
ဒီအချိန်တွင် ယဲ့ချန်ဟာ ဗဟိုချက်မှာရှိနေပြီး သူ၏ စိတ်စွမ်းအားကို အရပ်ရပ်မှာ ဖြန့်ကျက်လိုက်လေသည်။ နေရာလွတ်လေးတောင် မကျန်တော့ပါချေ။
ကြီးမြတ်သော အနုပညာနှင့် ထိခတ်မိချိန်တွင် လုရှောင်ယန်၏ ဓားအရွေ့မှာ လမ်းတစ်ဝက်အထိသာရောက်တော့သည်။
ဘုန်း!
နောက်ထပ် အလင်းတန်းတစ်ချက်လက်လာပြီး သူတို့နှစ်ဦးအကြားတွင် စွမ်းအင်ပေါက်ကွဲမှုကြီးတစ်ခု ထပ်မံဖြစ်ပွားလာသည်။
ထိုအချိန်မှာ ယဲ့ချန်ဟာ အန္တရာယ်ကို လျစ်လျူရှု၍ ပေါက်ကွဲဗဟိုချက်ကို ဖြတ်ကျော်နိုင်ရန် သူ၏ အကာအကွယ်ချပ်ဝတ်အပေါ် အာရုံစိုက်ထားလေပြီး လုရှောင်ယန်အရှေ့သို့ရောက်ရှိလာတော့သည်။
သူမတုံ့ပြန်နိုင်ခင်တွင် လုရှောင်ယန်အား နောက်ထပ် ပေါက်ကွဲမှု ထပ်ပေးချင်နေ၏။
ထိုအချိန်တွင် နတ်ဘုရား ဒဿမမြောက်အဆင့်၏ ခွန်အားမှာ ထွက်ပေါ်လာခဲ့သည်။
ထို အားကောင်းလှသော ဖိအားမှာ သူ့အားဖိနှိပ်ထားပြီး နေရာမှာပင် ကျောက်ချနေစေသည်။ သူ့နံဘေးတွင် ဟင်းလင်းပြင် စွမ်းအားကို ချိတ်ပိတ်ထားပြီး ရှောင်ပြေးခွင့်လုံးဝမပေးချေ။
ထိုအခြေအနေတွင် လုရှောင်ယန်မှာ သေမင်းတံခါးဝသို့ တွန်းပို့ခံရလုနီးပါးဖြစ်နေ၏။
ထင်မထားတာ တစ်ခုခုဖြစ်ခဲ့လျှင် သူဟာ ထိခိုက် ဒဏ်ရာရသွားနိုင်သည်။
ထိုအခြေအနေတွင် အချိန်စီးဆင်းမှုနှုန်းမှာ နှေးကွေးသွားသည်။
နတ်ဘုရား ဒဿမမြောက်အဆင့် ယဲ့ချန်၏ အမြန်နှုန်းမှာ မည်မျှ ကြောက်ဖို့ကောင်းလေသနည်း။
လုရှောင်ယန်အား မီတာတစ်သောင်းအကွာမှသာ တိုက်ခိုက်မည်ဆိုလျှင်တောင် ထိုတိုက်ခိုက်မှုဟာ လုရှောင်ယန်အား မဖြစ်မနေ ထိနိုင်သည်။
သို့သော်သူဟာ ၀.၀၀၁စက္ကန့်လေးအတွင်းမှာတင် တိုက်ခိုက်လိုက်သည်။
နတ်ဘုရား ဆဌမမြောက်အဆင့်ကိုရောက်နှင့်ပြီးဖြစ်သော လုရှောင်ယန်အတွက် ထိုတိုက်ခိုက်မှုကို ရှောင်ရန်မှာ အလွယ်လေးပင်ဖြစ်သည်။
သူ့ကိုယ်ဟာ အနည်းငယ် ရွေ့သွားပြီး ယဲ့ချန်၏ တိုက်ခိုက်မှုမှာ လွဲချော်သွားသည်။ လုရှောင်ယန်မှာ နတ်အဆောင်အယောင်ဓားအား ထပ်မသုံးတော့ချေ။ ထိုအစား သူသည် နေမင်းဖြိုခွင်း နတ်လေးကိုင်း အား ဆင့်ခေါ်လိုက်လေ၏။
ထိုနှစ်ခုလုံးမှာ မြင့်မြတ်သော နတ်လက်နက် အဆောင်အယောင်များဖြစ်ကြသော်လည်း နေမင်းဖြိုခွင်း နတ်လေးကိုင်းသည် နတ်အဆောင်အယောင်ဓားထက် အဆပေါင်းများစွာ သာလွန်လေ၏။
သူဟာ ရည်ရွယ်ချက်ဖြင့် အံကိုကြိတ်လျက် လေးကိုဆွဲတင်ကာ ပစ်မှတ်ဘက်ကိုသာ အသေချိန်ထားလေတော့သည်။
မြှားမှထုတ်လွှတ်လိုက်သော ရွှေရောင်အလင်းတန်းသည် လုရှောင်ယန်မှ ယဲ့ချန်အား မတိုင်ခင်က နှစ်ကြိမ် တိုက်ခိုက်ထားသော နေရာသို့ ဦးတည်နေလေ၏။
ယဲ့ချန်မှာ သူ၏ ခွန်အားဖြင့် ပြန်လည်မတိုက်ခိုက်နိုင်ရုံမျှမက ထိုတိုက်ခိုက်မှုအား တုံ့ပြန်ခြင်းပင်မပြုနိုင်ချေ။
သူ၏ အကာအကွယ်ကိုတောင် အချိန်မီ အသက်မသွင်းနိုင်တော့ချေ။
သူ၏ ခွန်အား၊ အတွေးတွေမှာ ပြဿနာဖြစ်နေခြင်းမဟုတ်ဘဲ လုရှောင်ယန်မှ သူ၏အမြန်နှုန်းကျဆင်းအောင် ပြုလုပ်ထား၍ဖြစ်သည်။
ဒါဟာ သူတို့နှစ်ဦးကြား အနိုင်အရှုံးကိုဆုံးဖြတ်နိုင်မည့် မထင်မရှား အချက်လေးလည်းဖြစ်သည်။
ဘုန်း!
ယဲ့ချန်ဟာ သူ၏နှလုံးမှာ လည်ချောင်းထိရောက်နေသယောင်ခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံးမှာလည်း တစ်ခဏမျှ ရပ်တန့်သွားလေသည်။
ကြီးမားသော ရိုက်ချက်တစ်ခုဟာ သူ့ဆီသို့ပျံသန်းကာ ရောက်ရှိလာလေသည်။
သူလည်း ကောင်းကင်ယံမှ တလက်လက်တောက်နေသော ဥက္ကာပျံလိုမျိုး မီတာသိန်းချီရောက်လုအောင် ဆုတ်ခွာပြေးလေတော့သည်။
ကောင်းကင်ယံမှ အပြောင်းအလဲများဟာ ပုံမှန်ပြန်ဖြစ်လို့လာ၏။ သူတို့နှစ်ဦးဟာ တစ်ယောက်နှင့်တစ်ယောက် မီတာသိန်းချီကွာအောင် ရောက်ရှိနေကြပြီး မောနေကြပြီလည်းဖြစ်သည်။
ယဲ့ချန်၏ အမူအရာမှာ လေးနက်နေ၏။
သူသည် လုရှောင်ယန်၏ မြှားအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သို့သော်ငြားလည်း သူ၏ချပ်ဝတ်အထက် နှလုံးအိမ်တည့်တည့်တွင် အပေါက်ငယ်လေးဖြစ်ပေါ်နေပြီး ဖြစ်သည်။
ကံကောင်းသွားသည်မှာ သူ၏ ချပ်ဝတ်သည် ထိပ်တန်းအဆင့် နတ်လက်နက်ဖြစ်သည်။ အပေါက်ဖြစ်သွားသော်ငြား မြှား၏တိုက်ခိုက်မှုကို ခုခံရန် စွမ်းအားအလုံအလောက်ရှိနေပါသေးသည်။
ဒါဟာ သူအနားရမည်ဟု မဆိုလိုပါ။
ယခုလေးတင် လုရှောင်ယန်ပြသွားသော သူ၏ အထူးစွမ်းအင် နှစ်ခုနဲ့တင် အတော်လေးကြောက်ရွံ့နေပြီဖြစ်သည်။
နေရာ ထိန်းချုပ်ခြင်း!
အချိန်စက်ဝန်း ထိန်းချုပ်ခြင်း!
အနှီလူမှာ သူထင်ထားသည်ထက်ပင်ပိုမို ထူးခြားနေသေးသည်။
သို့သော် ဒီအရာကြောင့် ယဲ့ချန်၏ ယုံကြည်မှု မပျက်သုဉ်းသွားပါပေ။
လုရှောင်ယန်၏ တိုက်ကွက်မှာ အလွန်အစွမ်းထက်လှပါသော်လည်း အကန့်အသတ်တော့ရှိနေသေးသည်။
သူထိန်းချုပ်နိုင်သော အကွာအဝေးမှာ အရမ်းမများပါချေ။ အသက်ဝဝရှူပြီးနောက်တွင် ယဲ့ချန်ဟာ ထိပ်တန်းအဆင့် နတ်အဆောင်အယောင် လှံတံအား ဆင့်ခေါ်လိုက်လေသည်။
သူဟာ လှံတံအား သူ၏ ချစ်ရသူနှယ် ကြည့်ရှူလိုက်၏။
သူသည် လက်ထဲတွင် လှံတံအား ကိုင်ဆောင်ထားပြီး မျက်နှာထက်တွင်မူ လွမ်းမောဖွယ်ရာ အရိပ်အယောင်များ ဖြတ်ပြေးနေသည်။
"လွန်ခဲ့တဲ့ တစ်ဆယ့်သုံးနှစ် စနစ်နဲ့ချိတ်ဆက်ပြီး မင်းကိုလက်ခံရရှိခဲ့တယ်။ ဆယ့်သုံးနှစ်အတွင်း ငါ့ရဲ့ ကျင့်ကြံခြင်းက မလုံလောက်လို့ မင်းကိုတစ်ခါမှ မသုံးခဲ့ရဘူး။"
"အခုတော့ ဘာရွေးချယ်စရာမှမရှိတော့ဘဲ ဒီတိုက်ပွဲမှာမင်းကိုပဲသုံးရတော့မယ် သူငယ်ချင်းဟောင်းကြီးရေ။"
ယဲ့ချန်၏ အတွေးကို အာရုံခံမိသည့်အလား နတ်လှံတံမှာ အသိအမှတ်ပြုသည့်အနေနှင့် တုန်ခါနေသံကို ထုတ်လွှတ်လာ၏။
ယဲ့ချန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားလေသည်။
လုရှောင်ယန်ကိုကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းများထဲရှိ နူးညံ့မှုများ ပျောက်ကွယ်သွားပြီး သိပ်သည်းသော လူသတ်ငွေ့များသာ အစားထိုးဝင်ရောက်လာလေသည်။
"ထပ်ပြီးတော့!"
ကိုယ်ပေါ်ရှိအလင်းတန်းမှာ ပေပေါင်းထောင်ချီသို့ရောက်သွားသည်နှင့် ယဲ့ချန် ဟစ်အော်လိုက်၏။ ထိုသည်မှာ ကောင်းကင်ယံတွင် နေမင်းအသစ်တစ်စင်း ပေါ်ထွက်လာသည်ဟုပင် ထင်ရသည်။
ပြည့်စုံသော နတ်ဘုရား ဒဿမအဆင့်၏ ဖိအားမှာ ထပ်မံ၍ ပေါ်ထွက်လာလေသည်။ ဒီရေလိုမျိုး လုရှောင်ယန်အား နောက်တွန့်သွားစေ၏။
အားကောင်းလှသော ဖိအားမှာ ပင်လယ်ရေအောက်ဖိအားကဲ့သို့ လုရှောင်ယန်အား ဖိနှိပ်ထားသည်။
ထို စွမ်းအား၏ ခံစားချက်မှာ စိတ်ဓာတ်ကျခြင်း၏ ခံစားချက်ထက်ပင် ဆိုးရွားနေပါသေးသည်။
ထို့နောက်တွင် ယဲ့ချန်မှာ တုန်လှုပ်ခြင်းမရှိ တိုက်ခိုက်ပါတော့သည်။
လူသတ်ငွေ့ ပျံ့နှံ့လာသည်နှင့် လှံတံမှ အလင်းတန်းလည်း ထွက်ပေါ်လာသည်။
ဒီအချိန်တွင်မူ အလွန်နောက်ကျသွားခဲ့ပြီဖြစ်ရာ နေမင်းဖြိုခွင်းနတ်လေးကိုင်းမှာ ရာခိုင်နှုန်းအပြည့်အဝရောက်ရန် ခဲယဉ်းသွားလေသည်။
ယဲ့ချန်၏ ကျင့်ကြံဆင့်မှာ လုရှောင်ယန်ထက် သာလွန်သည်။ လုရှောင်ယန် နေမင်းဖြိုခွင်း နတ်လေးကိုင်းကို အသုံးပြုချိန်တွင် သူကိုယ်တိုင် နှစ်ကြိမ်လောက်လက်လွှတ်ရမလိုဖြစ်သွား၏။
တစ်ဖက်တွင် သူဟာ ယဲ့ချန်အား နေရာရွှေ့ပြောင်းနေသည်။ သို့သော် တစ်ဖက်တွင်မူ သူဟာ မိမိကိုယ်ကိုယ် နေရာရွှေ့ပြောင်းနေခြင်းဖြစ်သည်။
နောက်တစ်နည်းပြောရလျှင် လုရှောင်ယန်ဟာ ယဲ့ချန်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် သူတို့နှစ်ဦးစလုံး၏ နေရာအား ပြောင်းဖို့လိုအပ်လေသည်။
သို့သော် ယခုတွင်မူ ယဲ့ချန်ဟာ ထိုက်ရွှမ်ပေသို့ နယ်နိမိတ်၏ အပြင်ဘက်တွင်ရှိနေသည်။ နတ်လက်နတ်၏ ဖိအားမှာ ရှေ့သို့တိုးတိုးလာသဖြင့် လုရှောင်ယန်လည်း ယဲ့ချန်အား နေရာပြောင်းရွှေ့ခွင့်မရတော့ချေ။
သူကိုယ်တိုင် နေရာပြောင်းလိုက်လျှင်လည်း ထိုတိုက်ခိုက်မှုအား ရှောင်နိုင်မရှောင်နိုင်ကိုလည်း မသေချာပေ။ မဟာတာအိုမွေးဖွားခြင်းကိုပင် ပိုလို့ပင်မထိန်းချုပ်နိုင်ချေ။
ယဲ့ချန်မှာ ချိန်ဆလိုက်ပြီးဖြစ်သလို ထိုနေရာကပဲ ယဲ့ချန်ရှိနေသည့်နေရာပင်။ ယဲ့ချန်မှာ မဟာတာအိုမွေးဖွားခြင်း၏ ချုပ်နှောင်မှုမှ လွတ်မြောက်ပြီးဖြစ်သည်။
ထို့ကြောင့် ထိုလှံတံမှာ လုရှောင်ယန်၏ နှလုံးအိမ်သို့ အားအပြည့်နှင့် ထိခတ်သွားတော့၏။
***