အခန်း (၃၁၁-၃၁၅)
Vol. 21 Ch. 311-315
အပိုင်း ၃၁၁ မြင့်မြတ်သောမိန်းမပျိုက အစေခံအနေနဲ့လား?
"ယေဘုယျပြောရမယ်ဆိုရင် အသင့်လျှော်ဆုံးနတ်ဘုရားအဆင့်ကျင့်စဉ်တွေက နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကျင့်စဉ်တွေပဲ။ ဘာကြောင့်လဲဆိုတော့ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကျင့်စဉ်တွေက စိတ်ဝိညာဉ်ကို ခိုင်ခံ့စေပြီး ကိုယ်ပိုင်နေရာကို ခြေရာခံ၍သာ တိုးတက်စေတာကြောင့်ပဲ။ နောက်တစ်မျိုး ပြောရရင် နတ်ဘုရားလမ်းစဉ်တွေကို ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်၊ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်နဲ့ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်တွေ ကျော်ဖြတ်ရမှာအသုံးပြုကြရတယ်။ ဒါကမဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့်နဲ့ အမတနတ်ဘုရားဧကရာဇ်အဆင့်တွေအတွက် ပြင်ဆင်ထားတာလည်းဖြစ်တယ်။"
"အဲ့ဒါ့ကြောင့် နတ်ဘုရားလမ်းစဉ်နဲ့ကျင့်ကြံနေလို့ တစ်ယောက်ယောက်ရဲ့ကျင့်ကြံတဲ့နှုန်းက ပိုပြီးမြန်နေမယ်ဆိုရင်တောင် သာမန်လူတွေအတွက်တော့ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်နဲ့ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကိုမရောက်ခင်မှာ နတ်ဘုရားအဆင့်ကျင့်စဉ်တွေကို ဦးစားပေးရွေးချယ်တာကအကောင်းဆုံးပဲ။"
"လူတစ်ယောက်က လုံလောက်တဲ့အတွေ့အကြုံရှိပြီး သူ့ရဲ့အရည်အချင်းနဲ့ နတ်ဘုရားအဆင့်ကျင့်စဉ် ငါးခုကနေ ရှစ်ခုအထိ လေ့ကျင့်ထားသရွေ့၊ သူတို့တွေက ပိုမိုနက်နဲတဲ့ နတ်ဘုရားလမ်းစဥ်ကို သဘာဝအတိုင်း အလွယ်တကူ ကျွမ်းကျင်နိုင်မှာပဲ။ ပြီးတာနဲ့ သူတို့က ကျင့်ကြံခြင်းမှာ ပိုပြီးအောင်မြင်လာလိမ့်မယ်။
ဒါက အိမ်ဆောက်တာနဲ့တူတယ်။ မင်းရဲ့အခြေခံအုတ်မြစ်က မခိုင်ခံ့ဘူးဆိုရင် အထပ်တွေကို ဘယ်လိုထပ်ထည့်မလဲ။ ”
လုရှောင်ချန်ဟာ မျက်လုံးများပြူးကျယ်သွားပြီး နှလုံးပင်တုန်ရီလာကာ လုရှောင်ယန်အားအသေအချာစိုက်ကြည့်နေလေသည်။
"သေစမ်း၊ မင်းပြောတာအမှန်ပဲ။ ဘာလို့ဒီလောက်အများကြီးသိနေရတာလဲ။"
လုရှောင်ယန်:"???"
"ဒါကအရမ်းသိသာမနေဘူးလား။ အဖိုးကလည်းမင်းကိုပြောခဲ့မှာပဲ မဟုတ်ဘူးလား။"
"ဒါပေါ့ပြောခဲ့တယ်၊ ဒါပေမယ့်နတ်ဘုရားအဆင့်ကျင့်စဉ်တွေ ငါးခုကနေရှစ်ခုလောက်ထိ ကျင့်ကြံတာက နတ်ဘုရားလမ်းစဉ်မှာပါ ကျွမ်းကျင်ပြီးလွယ်ကူလိမ့်မယ်လို့တော့မပြောခဲ့ဖူးဘူး။ ဒီအသိပညာကိုဘယ်ကနေသင်လာခဲ့တာလဲ။"
"အာ..."
လုရှောင်ယန်ဟာချောင်းအနည်းငယ်ဟန့်လိုက်ပြီး ချက်ချင်းပြောလိုက်သည်။
"ကျွန်တော်ကအပြင်ဘက်မှာ နှစ်တွေအကြာကြီးနေခဲ့ရတာကိုသိတယ်မလား၊ အများကြီးမြင်ခဲ့ရတော့ ပိုသိနေတာပါ။"
"သေစမ်း၊ ငါလည်း ဒါမျိုးကိုချက်ချင်းပဲ ကြိုးစားကြည့်ရမယ်။"
စကားဆုံးသည်နှင့် လုရှောင်ချန်ဟာ တရားထိုင်သည့်ပုံစံဖြင့် ချက်ချင်းပင်စတင်ကျင့်ကြံလိုက်သည်။
သူတရားထိုင်ကာကျင့်ကြံပြီးမကြာမီမှာပင် နတ်သင်္ဘောကြီးဟာ ပင်လယ်ခုနှစ်သွယ်စင်မြင့်ဟုခေါ်ဆိုသည့် ဂိုဏ်းသို့ဆိုက်ရောက်လာသည်။
"သခင်လေးတို့၊ ကျွန်တော်တို့ ပင်လယ်ခုနှစ်သွယ်စင်မြင့်ဂိုဏ်းကို ဆိုက်ရောက်ပါပြီ။"
"ဝမ်းကွဲအကိုကအခုမှ တရားထိုင်ကျင့်ကြံနေရုံပဲရှိသေးတယ်။ ကျင့်ကြံခြင်းရင်းမြစ်တွေ စုဆောင်းဖို့ကို မင်းတို့နဲ့ပဲထားခဲ့လိုက်တော့မယ်။"
လုမျိုးနွယ်စုဘဏ္ဍာစိုး၏ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာပြန်သည်။
"သခင်လေး၊ ပင်လယ်ခုနှစ်သွယ်စင်မြင်ရဲ့ စင်မြင့်ခေါင်းဆောင်နဲ့ အကြီးအကဲတွေနဲ့ တပည့်ဂိုဏ်းသားတွေအကုန်လုံးက တောင်အဝင်ဝမှာ စောင့်ကြိုနေကြပါတယ်။ သခင်လေးတို့နှစ်ယောက်သာ ထွက်မလာရင် သူတို့စိတ်ကွက်သွားမလားကိုစိုးရိမ်မိပါတယ်။ ပြီးတော့ ဟိုသခင်လေးတစ်ယောက်တည်းကပဲ ကျင့်ကြံနေတာပါ။ သခင်လေးကတော့ထွက်လာပြီးတွေ့ဆုံလို့ရပါသေးတယ်။ ဒါကအရမ်းကြီးပင်ပန်းမှာ မဟုတ်ပါဘူး။"
လုရှောင်ယန်ဟာ တရားကျင့်ကြံနေသည့် လုရှောင်ချန်ကိုကြည့်လိုက်ပြီး မနေနိုင်စွာ အနည်းငယ်မျက်မှောင်ကျုံ့လိုက်၏။
ဒီအခိုက်တွင် လုရှောင်ချန်မှာ လုံ့လရှိစွာကျင့်ကြံနေပြီဖြစ်ပြီး အရှိန်ကောင်းကောင်းရနေပြီဖြစ်သည်။ ဒီအချိန်မှာသာ သူ့ကိုနှောက်ယှက်မိလိုက်ရင် တကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်မှာပဲ။ သူသာကောင်းကောင်းမလုပ်ဆောင်နိုင်ခဲ့လျှင် ချီဖောက်ပြန်မှုများပင်ဖြစ်သွားနိုင်သည်။
လုရှောင်ယန်ဟာ သူ၏ခေါင်းအားအနည်းငယ်ခါယမ်းလျက် နတ်သင်္ဘောပေါ်မှ လျှောက်လှမ်းလာခဲ့သည်။
တာဝန်ခံမှာ သူ့ဝမ်းကွဲအစ်ကို၏နောက်လိုက်ဖြစ်သည်။ သူ၏ မျိုးရိုးအမည်မှာလည်း လုဖြစ်ပြီး လုမျိုးနွယ်စုမှပင်မွေးစားထားသော တပည့်ဖြစ်သည်။ လုမျိုးနွယ်စုတွင် ထိုသို့သောလူများစွာရှိသည်။
လုရှောင်ယန်ဆင်းလာသည်ကိုမြင်သည်နှင့် သူဟာချက်ချင်းပင်ရှေ့သို့ရောက်လာပြီး ပြောလေသည်။
"သခင်လေး ပင်လယ်ခုနှစ်သွယ်စင်မြင့်က ကျွန်တော်တို့လုမျိုးနွယ်စုလက်အောက်ခံတွေထဲက တစ်ခုပဲ။ ပင်လယ်ခုနှစ်သွယ်စင်မြင့်ရဲ့ စင်မြင့်ခေါင်းဆောင်က ပထမမြောက်နတ်ဘုရားအဆင့်မှာပါ။ သူတို့ထဲကကျင့်ကြံသူအများစုက နတ်ဘုရားအဆင့်အောက်တွေချည်းပါပဲ။ အဲ့ဒါကြောင့် သခင်လေးအရမ်းစိတ်ရှုပ်စရာမလိုပါဘူး။"
လုရှောင်ယန် ခေါင်းငြိမ့်ပြလိုက်သည်။
နတ်ဘုရားလောကတွင် ထိုသို့သောဂိုဏ်းအများအပြားရှိသည်။ ထိုသည်မှာ ၎င်းတို့သည်ရေတွက်၍ပင်မရနိုင်ဟုပင်ပြောနိုင်သည်။
မရေတွက်နိုင်သောကျင့်ကြံသူများအတွက် ၎င်းတို့နတ်ဘုရားအဆင့်သို့ တရားဝင်မရောက်ရှိမီတွင် ထိုဂိုဏ်းငယ်များမှာ အကောင်းဆုံးရွေးချယ်မှုများပင်။
ဒါက တက္ကသိုလ်သို့မရောက်ရှိမီ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် တက်ရောက်ရသည်နှင့် တူညီသည်။
ထိုကဲ့သို့သော ဂိုဏ်းများ၏ ဂိုဏ်းချုပ်များမှာ ဂိုဏ်း၏ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် အခြားသောအဖွဲ့အစည်းများထံမှ ဖျက်ဆီးခံရခြင်းကိုကာကွယ်နိုင်ရန် အင်အားကြီးမျိုးနွယ်စုတစ်ခု၏ လက်အောက်ခံများဖြစ်လာသည်။
ထိုဂိုဏ်းမျိုး၏တည်ရှိမှုမှာ အလွန်ပင်ကသိကအောက်နိုင်လှသည်။ နတ်ဘုရားလောကတွင် ၎င်းတို့မှာ ပုရွက်ဆိတ်ငယ်များနှင့်တူလှသော်လည်း သူတို့မှာ တည်ရှိကိုတည်ရှိရမည်ပင်။
နောက်ဆုံးတော့လည်း သာမန်လူများမှာ မင်းမျိုးမင်းနွယ် သို့မဟုတ် ဂိုဏ်းခွဲကြီးများကဲ့သို့ အားကောင်းသော ချိတ်ဆက်မှုများနှင့် ရင်းမြစ်များ မရရှိနိုင်ပါပေ။ ကုတ်ခြစ်ရာများမှ မကြင့်ကြံနိုင်ပါချေ။
ထိုဂိုဏ်းများ၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲအဖွဲ့များကိုလည်း တစ်ယောက်နှင့်တစ်ယောက်အဆက်အသွယ်မရှိကြသည့် လေ့လွင့်ကျင့်ကြံသူများနှင့်ဖွဲ့စည်းထားသည်။ နတ်ဘုရားအဆင့်အောက် ဂိုဏ်းသားများအား ကျင့်ကြံခြင်းရင်းမြစ်များ ထောက်ပံ့ခြင်းဖြင့် သူတို့ကိုယ်တိုင်အတွက်လည်း ရင်းမြစ်များကိုရရှိနိုင်ပေသည်။
တစ်ယောက်ချင်းစီက သူတို့လိုချင်သည်ကို ယူကြသည်။
လုရှောင်ယန် တောင်အဝင်ဝသို့ရောက်သောအခါတွင် ပင်လယ်ခုနှစ်သွယ်စင်မြင့်တစ်ခုလုံးထံမှာ နွေးထွေးသော ကြိုဆိုမှုကိုရရှိလိုက်လေသည်။
ဂိုဏ်းချုပ်မှာလည်း သူတို့အားကိုယ်တိုင်ကိုယ်ကျကြိုဆိုနိုင်ရန်အတွက် တောင်ဂိတ်ပေါက်အပြင်ဘက်တွင်ပင်ရပ်နေသည်။ လမ်း၏ တစ်ဖက်တစ်ချက်တွင်ရပ်နေကြသော လူများမှာ အနည်းဆုံးတော့ သူတော်စင်အဆင့်တွင်ရှိကြသည်။ အကြီးမြတ်ဆုံးအဆင့်ကျင့်ကြံသူ တစ်ယောက်နှစ်ယောက်လည်း ရောပါနေကြသည်ပင်။ ထိုနေရာတွင် ၎င်းတို့မှာ လူရာနှင့်ချီသည်။
အကြီးအကဲများအားလုံးမှာ သိုင်းဘုရင်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။
ဤသည်မှာ အနိမ့်ပိုင်းလောကတွင်သာဆိုလျှင် မယုံကြည်နိုင်စရာပါပင်။
ဒါဟာ ဂိုဏ်းတစ်ခုထဲတွင် ဖြစ်သောကြောင့်ပင်။
ဥပမာဆိုရလျှင် စုချန်၏ နတ်ဘုရားများခန်းမသည် အင်ပါယာတစ်ခုလုံး၏ တန်ဖိုးရှိသော ဂိုဏ်းခွဲများကို စုပ်ယူခဲ့သည်။ ထိုသည်ကသာ နတ်ဘုရားလောကရှိ သာမာန်ဂိုဏ်းအများစုနှင့် နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။
"ကြိုဆိုပါတယ်၊ သခင်လေးလု"
ပင်လယ်ခုနှစ်သွယ်၏ဂိုဏ်းချုပ်သည် ချက်ချင်းရှေ့သို့ထွက်ကာ လုရှောင်ယန်ကိုကြိုဆိုရန် လက်များကိုယှက်လိုက်သည်။ သို့သော် သူသည် လုရှောင်ယန်အား လျှို့ဝှက်စွာ အကဲခတ်နေသည်။
ဘဏ္ဍာထိန်းလုဟာ အလျင်အမြန်ပဲပြောလိုက်သည်။
"ဒါက ကျုပ်တို့လုမိသားစုဆီကို မတိုင်ခင်ကမှပြန်ရောက်လာတဲ့ အငယ်ဆုံးသခင်လေးပါ။ အကြီးဆုံးသခင်လေးက အခုသီးသန့်ကျင့်ကြံနေတာကြောင့် ဒီနေ့ကိစ္စတွေကို အငယ်ဆုံးသခင်လေးကပဲ လုပ်ဆောင်ပေးပါလိမ့်မယ်။"
"ကောင်းပါပြီ၊ ကောင်းပါပြီ။ ဒါဆိုရင် တောင်ထဲကိုအရင်ကြွပါဦး သခင်လေး။ ကျုပ်တို့ ပင်လယ်ခုနှစ်သွယ်စင်မြင့်က သခင်လေးတို့ကိုကြိုဆိုဖို့အတွက် ပွဲတော်တစ်ခုပြင်ဆင်ထားပါတယ်။"
လုရှောင်ယန်ဟာ တောင်ထဲသို့ တည်ငြိမ်သောအမူအရာဖြင့်လျှောက်ဝင်သွားက မနေနိုင်ဘဲစိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
သူဘယ်တုန်းကမှ ဒုတိယမျိုးဆက်လူချမ်းသာ အမွေခံသခင်လေးအဖြစ် ဆက်ဆံခံရရန် စိတ်မကူးခဲ့ဖူးပါချေ။
ဒါကပြောရရင် ခံစားချက် နည်းနည်းလေးကွဲပြားနေသည်။ သူဟာ ဘိုးဘေးတစ်ဦးကဲ့သို့ပင် ချော့မော့ခံနေရသည်။ ဟင်းးး၊ ဒါကသက်တောင့်သက်သာရှိပြီး ကျေနပ်စရာပင်။
လူတိုင်းက ချမ်းသာတာကို မုန်းတီးကြပြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေခံတွေကို လှောင်ပြောင်ကြပေမယ့်လည်း ချမ်းသာတာက ကောင်းပါသည်။
“အဲ့ဒါတွေ မလိုပါဘူး။ လုပ်စရာရှိတာကို အရင်လုပ်ရအောင်။"
လုရှောင်ယန်သည် ဟန်ပန်များကို အမှန်တကယ် မလိုလားပါ။ သူသည် ကိစ္စများကို အလျင်အမြန်ပြီးမြောက်ရန်သာလိုလားပြီး ဝိညာဉ်ကျောက်တုံးများအား ရောင်းချနိုင်မလားဟုလည်း မေးမြန်းလိုက်ချင်သည်။
စည်းစိမ်ခံဘဝကို သူလုံးဝ စိတ်မဝင်စားပါချေ။
ဂိုဏ်းချုပ်၏မျက်လုံးများတွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသော်လည်း နာခံစွာဖြင့် ခေါင်းညိတ်နေဆဲဖြစ်သည်။
"ကောင်းပါပြီ၊ ဒါဆို ကျေးဇူးပြုပြီး ပင်လယ်ခုနှစ်သွယ်စင်မြင့်ရဲ့ ခန်းမကို ရသွားကြရအောင်ပါ သခင်လေးလု။"
လုရှောင်ယန်မှာ ပင်လယ်ခုနှစ်သွယ်စင်မြင့်သို့ အလျင်အမြန်ရောက်ရှိလာပြီး အနီးနားတွင် မေးလျှောက်သောအခါ ဂုဏ်ပြုထိုင်ခုံ၌ထိုင်ရန် ဖိတ်ကြားခံရသည်။ ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများလည်း အောက်တွင်တညီတညွတ်တည်း မတ်တပ်ရပ်နေကြသည်မှာ မူလတန်းကျောင်းသားများမှ သူတို့၏ နာမည်များအားခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်နှင့်ပင်တူလေသည်။
"သခင်လေးလု၊ ဒါက လုမျိုးနွယ်စုကို ဒီနှစ်အတွက် ပင်လယ်ခုနှစ်သွယ်စင်မြင့်က ကမ်းလှမ်းမှုတွေပေးအပ်တာပါ။ အဆင့်မြင့် နတ်သလင်းကျောက်ပေါင်း ကိုးသောင်းပါ။"
သူဒါကိုပြောပြီးသည်နှင့် ဘဏ္ဍာထိန်းလုဟာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။
"မဟုတ်သေးဘူး။ မင်းတို့ ပင်လယ်ခုနှစ်သွယ်စင်မြင့်ရဲ့ အတိုင်းအတာအရ၊ နှစ်စဉ် ကမ်းလှမ်းချက်တွေက အဆင့်မြင့် နတ်သလင်းကျောက် တစ်သိန်းဖြစ်သင့်တာလေ။ ဘာလို့ ဒီနှစ်မှာ ကိုးသောင်းပဲရှိရတာလဲ။"
ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်မှာ တောင်းတောင်းပန်ပန်နှင့် ပြောလေသည်။
“ကျုပ် တကယ်တောင်းပန်ပါတယ်။ ကျုပ်တို့ရဲ့ ပင်လယ်ခုနှစ်သွယ်စင်မြင့်က လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဝိညာဉ်ကျောက်တုံး အတော်များများသုံးစွဲခဲ့မိလို့ ကျုပ်တို့မှာ ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက်လောက်မရှိလို့ပါ။ နောက်နှစ်ကျရင်တော့ သေချာပေါက် ပြင်ဆင်ထားပါ့မယ်။"
သူ့စကားဆုံးသည်နှင့် ပင်လယ်ခုနှစ်သွယ်စင်မြင့် ဂိုဏ်းချုပ်မှာ ချက်ချင်းရှေ့ကိုထွက်လာပြီး လုရှောင်ယန်အား သိုလှောင်အိတ်အသေးလေးကို တိတ်တဆိတ် ပေးလိုက်လေသည်။
“သခင်လေးလု ၊ ကျုပ် တကယ်တောင်းပန်ပါတယ်။ ခြွင်းချက်တစ်ခုတော့လုပ်ပေးပါ။ လာမယ့်နှစ်မှာတော့ ကျုပ်တို့ ပင်လယ်ခုနှစ်သွယ်စင်မြင့်က လျော်ကြေးပိုပေးပါ့မယ်။
လုရှောင်ယန်သည် တစ်ဖက်လူမှာ လိမ်နေခြင်းမဟုတ်သည်ကို သိလေသည်။
ကျင့်ကြံဆင့် သူ့ထက်အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့်မြင့်သောသူများပင်လျှင် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွင် သူ့အား မဖုံးကွယ်နိုင်ပါပေ၊ ပထမမြောက် နတ်ဘုရားအဆင့်ကြင့်ကြံသူဆိုလျှင် ပြောမနေပါနဲ့တော့။
သူ၏နတ်ဘုရားအမြင်ကို ရုတ်သိမ်းလိုက်ပြီး မြင်လိုက်ရသည်မှာ တစ်ဖက်လူမှ သူ့အား ပေးထားသည့် အနီရောင်အထုပ်သေးလေးထဲတွင် အဆင့်မြင့် နတ်သလင်းကျောက်ပေါင်း တစ်သိန်းရှိသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူက လုမျိုးနွယ်စုကို ကမ်းလှမ်းချက်တံစိုးလက်ဆောင်များပေးရုံသာမက သူ့အားလည်းအနီရောင်အထုပ်သေးကို ပေးခဲ့ရပုံရသည်။ ထို့ကြောင့် မလုံလောက်ရခြင်းပင်။
အတန်ငယ် ချိန်ဆပြီးနောက်တွင် လုရှောင်ယန်က “ကျွန်တော်က မျိုးနွယ်စုအတွက် အလုပ်လုပ်ဖို့ ရောက်လာတာပါ။ ဒါကို သဘောမတူနိုင်တဲ့အတွက် ခွင့်လွှတ်ပါ။ ရိုးရိုးရှင်းရှင်းနဲ့ကို မလုံလောက်ပါဘူး။”
ပင်လယ်ခုနှစ်သွယ် ဂိုဏ်းချုပ်၏အမူအရာမှာ ချက်ချင်းပင် အရုပ်ဆိုးသွားခဲ့သည်။
နောက်ဆုံးတွင်မူ သူသည် လုရှောင်ယန်အား အနီရောင်အထုပ်ကို ပေးထားပြီးသားဖြစ်သည်။ အနီရောင်အထုပ်ကြောင့်သာ မဟုတ်ပါလျှင်၊ သူသည် ခွဲတမ်းကို အမှန်တကယ်ပြည့်မီနိုင်သည်။
အနီရောင်အထုပ်မှာ အမှန်ပင် ချိုးဖျက်၍မရနိုင်သော အစဉ်အလာတစ်ခု ဖြစ်သည်။ သူသည်လည်း အကျပ်ရိုက်နေတော့၏။
သို့သော်လည်း ထိုအချိန်တွင် လုရှောင်ယန်သည် သူ့လက်ထဲတွင်ရှိ နတ်သလင်းကျောက်များကို ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်ထံသို့ ပြန်လည်ပေးအပ်လိုက်သည်။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ခင်ဗျားပေးခဲ့တဲ့ အနီရောင်အထုပ်ကို မေ့လိုက်ပါ။ ဒါကိုယူပြီး ကမ်းလှမ်းချက်တံစိုးလက်ဆောင်ထဲကိုထည့်လိုက်ပေါ့။"
လုရှောင်ယန်သည် ဤမျှကြင်နာတတ်မည်ဟု မမျှော်လင့်ထားသဖြင့် ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်မှာ အံ့အားသင့်သွားလေသည်။
ရိုးရိုးသားသား ပြောရလျှင် ၎င်းတို့လို မျိုးနွယ်စုကြီးသည် ပင်လယ်ခုနှစ်သွယ်စင်မြင့်ကဲ့သို့ ဂိုဏ်းများအား လုံးဝ အလွယ်တကူပင် ချိုးနှိမ်နိုင်သည်။ ပင်လယ်ခုနှစ်သွယ်စင်မြင့်အား လုံးဝ မျက်နှာသာပေးစရာ မလိုပါချေ။
စကားအဖြစ်သာပြောခဲ့ခြင်းဖြစ်သော်လည်း ပင်လယ်ခုနှစ်သွယ်စင်မြင့်ထံသို့ အကြွေးမှတ်မည်ဆိုလျှင်တောင် မဖြစ်မနေပေးချေရမည်ပင်ဖြစ်သည်။
သို့သော် တစ်ဖက်လူမှာ သဘောထားအလွန်ကြီးမားပေသည်။ ဤသည်မှာ ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ဂိုဏ်းချုပ်အား စကားလုံးအနည်းငယ်မျှ ဆုံးရှုံးသွားစေ၏။
"ကျေးဇူးတင်ပါတယ် သခင်လေးလု! ကျေးဇူးတင်ပါတယ် သခင်လေးလု။ စိတ်မပူပါနဲ့၊ ကျုပ်တို့ ပင်လယ်ခုနှစ်သွယ်စင်မြင့်က လာမယ့်နှစ်မှာ ကမ်းလှမ်းချက်ကို နှစ်ဆတိုးပြီးပေးမှာ သေချာပါတယ်။ ကျုပ်တို့ မင်းကိုဘာတစ်ခုမှ ဆုံးရှုံးခွင့်မပေးနိုင်ပါဘူး။"
ဘဏ္ဍာထိန်းလုမှာ ဤသည်ကိုမြင်ပြီး ခေါင်းညိတ်လိုက်သည်။
သခင်လေးမှာ အလွန်တတ်စွမ်းပြီး ဉာဏ်ပညာကြီးမားသူပင်ဖြစ်သည်။
သူသည် တစ်ဖက်လူအား ပေးချေရန် အကြွေး အလွယ်တကူထားခဲ့နိုင်သည်။ ယခုဆိုလျှင် လုမျိုးနွယ်စု၌ သူ၏ဂုဏ်ပုဒ်ကို စုစည်းရန်နှင့် အနာဂတ်တွင် အသုံးဝင်သောလူအချို့ကို စုဆောင်းရန်အတွက်လည်း အဆင်ပြေမည်ဖြစ်သည်။
ဤသည်မှာ ထိပ်တန်းအဆင့် နတ်သလင်းကျောက် တစ်သောင်းထက်ပင် များစွာကောင်းမွန်နေသေးသည်။
သို့သော် တကယ်တမ်းတွင် သူ၏မှန်းဆချက်မှာ မှားယွင်းခဲ့သည်။ လုရှောင်ယန်သည် လုမျိုးနွယ်စု၏ ဂုဏ်ပုဒ်ကို မဆိုထားနှင့် အဆင့်မြင့် နတ်သလင်းကျောက် တစ်သောင်းမျှလောက်ကိုပင် ဂရုမစိုက်သောကြောင့်ပင် ဖြစ်သည်။
သူသည် ရာဂဏန်းထရီလီယံမျှသော ဝိညာဉ်ကျောက်တုံးများကို ဖယ်ရှားရန်အတွက် ပင်လယ်ခုနှစ်သွယ်စင်မြင့်အား အသုံးပြုလိုခဲ့ခြင်းဖြစ်သည်။
အဲဒါကြောင့် သူဟာ အင်မတန်ကျော်ကြားခဲ့ခြင်းဖြစ်သည်။
ထိုအခိုက်တွင်၊ ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ဂိုဏ်းချုပ်သည် ရုတ်တရက် လှည့်ကြည့်လာပြီး
"ချင်ရွှယ် မြန်မြန်ဝင်လာပြီး သခင်လေးလုကို လက်ဖက်ရည်နဲ့ဧည့်ခံလိုက်ပါ။" ဟု အော်လိုက်သည်။
ထို့နောက်တွင် အလွန်ကြည့်ကောင်းသောအသွင်အပြင်နှင့် မိန်းမပျိုတစ်ဦးသည် ထိပ်တန်းအဆင့်လက်ဖက်ရည်အိုးတစ်လုံးနှင့် ခန်းမထဲသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ထိုမိန်းကလေး၏အသွင်အပြင်နှင့် အခြားသော ရှုထောင့်များမှာ ကောင်းမွန်လှသည်။
အံ့သြစရာအကောင်းဆုံးမှာ သူမ၏အဖြူရောင်ကျောက်စိမ်းတောင်တန်းနှစ်ခုပင်ဖြစ်သည်။ သူမ ရင်ဘတ်၏ ကြီးကျယ်ခမ်းနားသော အရှိန်အဝါသည် မခံချင်စိတ်ဖြစ်သည်ဟုပင် ဆိုနိုင်သည်။
သို့သော်လည်း သူမ၏အမူအရာမှာ အနည်းငယ်အေးစက်နေပြီး လုရှောင်ယန်အား ပြတ်ပြတ်သားသား ငြင်းဆန်နေ၏။
"ပင်လယ်ခုနှစ်သွယ်စင်မြင့်ရဲ့ လင်ချင်ရွှယ်က သခင်လေးလုကို ကြိုဆိုပါတယ်။"
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်ပြီး တစ်ဖက်လူပေးကမ်းလာသည့် မြင့်မြတ်သောလက်ဖက်ရည်အားယူဆောင်ကာ အတန်ငယ် ပဟေဠိဖြစ်နေ၏။
သူဟာ မြင့်မြတ်သောလက်ဖက်ရည်တစ်အိုးအား သောက်သုံး၍မကုန်ဆုံးခင်မှာပင် ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်မှာ ပြုံးကာပြောလာသည်။
"သခင်လေးလု ဒါကကျုပ်တို့ပင်လယ်ခုနှစ်သွယ်စင်မြင့်ရဲ့ လက်ရှိ မြင့်မြတ်သောမိန်းမပျို လင်ချင်ရွှယ်ပါ။ ဒီမိန်းကလေးကတကယ်ကိုဉာဏ်ထက်မြတ်ပြီး အံ့အားသင့်ဖွယ်ပါရမီထူးလည်းရှိပါတယ်။ သခင်လေးလုကိုခစားဖို့အတွက် သူ့ကိုလုမျိုးနွယ်စုဆီပို့လိုက်ချင်ပါတယ်။ သခင်လေးလုက ဒါကိုဆန္ဒရှိပါသလား။"
လုရှောင်ယန်မှာယခုလေးတင် လက်ဖက်ရည်အား ပါးစပ်ဖြင့်အပြည့်သောက်နေတာဖြစ်သည်။ ထိုအပြောကြောင့် သူ၏ပါးစပ်အတွင်းမှရေများအားလုံးအား လင်ချင်ရွှယ်၏ မျက်နှာထက်သို့ ပက်ဖျန်းလိုက်သလိုပင်ဖြစ်သွား၏။
ကံကောင်းထောက်မစွာ သူသည် တံတွေးမထွေးဖြစ်အောင်ထိတော့ တည်ငြိမ်နေခဲ့သည်။
မဟုတ်ရင် အင်မတန် အရှက်ရစရာကောင်းနေလိမ့်မည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၁၂ ဒါဆို လုပ်လိုက်လေ
လက်ဖက်ရည်အား ပါးစပ်အပြည့်ဖြင့် တည်ငြိမ်စွာသောက်ပြီးနောက်တွင် လုရှောင်ယန်၏အမူအရာမှာ မပြောင်းလဲပါချေ။ သူဟာ အနှီ မြင့်မြတ်သောမိန်းမပျိုဟူသည့်တစ်ယောက်အား ကြည့်ပင်မကြည့်ပါချေ။
သို့သော် သူဟာ ဒါကိုမပြင်ဆင်ထားပါဟု မဆိုလိုပါချေ။
ဆိုရိုးစကားများအတိုင်းပင် ဒီကမ္ဘာမှာ အလကားရသော နေ့လည်စာဟူ၍မရှိပါချေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဒီပင်လယ်ခုနှစ်သွယ်စင်မြင့်မှာ သူ့အားမိန်းကလေးတစ်ယောက်ပေးလိုက်ချင်နေသည်။ သူဟာ ခွေးရူးကဲ့သို့ပင်။ တစ်ဖက်လူမှာ ဖိနပ်အားလျက်ပေးချင်တာ မဟုတ်လျှင် မကောင်းသောရည်ရွယ်ချက်များ ရှိနေခြင်းဖြစ်ရမည်။
သူဟာနတ်ဘုရားအမြင်အား ရုတ်သိမ်းလိုက်ပြီးသည်တွင် တကယ်ကိုပင် မြင့်မြတ်သောမိန်းမပျို၏မျက်ဝန်းများထဲ၌ အကူအညီကင်းမဲ့မှု၊ နာကြည်းမှုနှင့် ဆန္ဒကင်းမဲ့မှု အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
လုရှောင်ယန်မှာ မိန်းမများအား လုံးဝပင်စိတ်မဝင်စားသည်ကိုအသာထား စိတ်ဝင်စားလျှင်တောင်မှပင် ထိုမိန်းမမျိုးအား အိမ်သို့ခေါ်ဆောင်လာရဲမည်မဟုတ်ချေ။
သူသာထိုမိန်းမမျိုးအား အိမ်သို့ခေါ်ဆောင်လာခဲ့ပါလျှင် သူမဟာမည်သို့သော ဒုက္ခများကိုဖြစ်စေနိုင်မလဲကိုပင် မသိပါချေ။
ဒါ့အပြင် လုရှောင်ယန်မှာ ထို့ကဲ့သို့ဖြစ်ရပ်မျိုးများနှင့် ရင်းနှီးနေသည်ဟုခံစားရသည်။
သို့သော်တစ်ခုခုအားမေ့နေသလိုခံစားရသည်။
သူပဟေဠိဖြစ်နေစဉ်တွင် ခန်းမထဲ၌ အလွန်တရာ ကွဲလွဲနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“မျိုးနွယ်စုကြီးရဲ့ သခင်လေးတစ်ဦးကို မျက်နှာလုပ်ဖို့အတွက်နဲ့ ကြီးကျယ်ခမ်းနားတဲ့ ပင်လယ်ခုနှစ်သွယ်စင်မြင့်က တကယ်ကြီး သူတို့ရဲ့ မြင့်မြတ်သောမိန်းမပျိုကို စွန့်လွှတ်နိုင်တယ်ပေါ့။ ပင်လယ်ခုနှစ်သွယ်စင်မြင့်ရဲ့ အပြုအမူက ဒီလိုပဲလား။"
သူဒီလိုပြောလိုက်သည်နှင့် ထိုအထဲမှလူများအားလုံးဟာ ခဏအတွင်းပင် ထိတ်လန့်အံ့အားသင့်သွားကြသည်။ လူတိုင်း၏အကြည့်များဟာ ထိုလူထံသို့ရောက်ရှိသွားကြ၏။
ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ခန်းမထောင့်တွင် သန်မာသောလူငယ်တစ်ယောက်ရပ်နေ၏။ သူဟာနေရာတွင် ဝံ့ကြွားစွာရပ်နေပြီး လက်သီးများကိုဆုပ်ထား၏။ သူ၏မျက်လုံးများမှာ သုံးဆယ်ရာခိုင်နှုန်းမှာ ပြက်ရယ်ပြုခြင်းကိုပြသနေပြီး ခုနှစ်ဆယ်ရာခိုင်နှုန်းမှာ မာနကိုပြသနေ၏။
သူဟာ ဧကရာဇ်အဆင့်မှာသာရှိသေးပါသော်ငြား လုံးဝမကြောက်ရွံ့ပါချေ။
လုရှောင်ယန်မှာ ချက်ချင်းပင် နားလည်သွား၏။
အခုတော့ အားလုံး အဓိပ္ပာယ်ရှိသွားပြီဖြစ်၏။
အဓိပ္ပာယ်မဲ့သော ဝတ္ထုများ၏ ဇာတ်ဝင်ခန်းထဲကတစ်ခုဖြစ်သည့် ဇာတ်လိုက်မှ သဘောကျရသောမြင့်မြတ်သောမိန်းမပျိုလေးမှာ အခြားလူ၏မိန်းမလေးဖြစ်ဖို့ရာ ပို့ဆောင်ခြင်းခံရသည်။ ဇာတ်လိုက်မှာ ဒေါသတကြီးပေါ်လာပြီးနောက်တွင် ဂိုဏ်းချုပ်ဆီမှ အနိုင်ယူခံလိုက်ရမည်။ ထို့နောက်တွင်သူဟာ မာနကြီးစွာ ခေါင်းဆောင်နှင့် တိုက်ပွဲဖြစ်ရန်စိန်ခေါ်ပြီး တစ်ဖက်လူ၏ ထက်မြတ်မှုမှာ လျော့ကျသွားမည်ဖြစ်သည်။
သုံးလကြာပြီးနောက်တွင် သူဟာအင်အားကြီးရန်သူများကိုရင်ဆိုင်ကာ သတ်ဖြတ်လာနိုင်လိမ့်မည်။ နောက်ထပ်သုံးလကြာပြီးနောက်တွင် လုမျိုးနွယ်စုတစ်ခုလုံးအား ဖျက်ဆီးပစ်ကာ သူတို့၏အရိုးများကိုလောင်ကျွမ်းစေလျက် ပြာမှုန့်များကိုပြန့်ကျဲစေလိမ့်မည်။
သို့သော် ပြောရမည်ဆိုလျှင် လုရှောင်ချန်က ဒီနေ့ဒီနေရာမှာ ရှိရမည်ဖြစ်သည်။
အဆုံးတွင် သူဟာမတော်တဆ လူစားထိုးခံလိုက်ရခြင်းဖြစ်သည်။
ဝမ်းကွဲအကိုကလည်း သူ့ရဲ့အလားအလာရှိတဲ့ တပည့်တစ်ယောက်များဖြစ်နေနိုင်မလား။
ထိုအခိုက်တွင် ဝမ့်ခိုက်၏အသံမှာ ရုတ်တရတ်ပေါ်ထွက်လာ၏။
[ဒင်... မြင်းနက်အားတွေ့ရှိပါပြီ။ ဆရာသူ့ကိုသတ်လိုက်ပါတော့။ ဆုလည်းရဦးမှာပါ]
တကယ်ပါပဲ၊ ဒီကောင်က မြင်းနက်ဆိုရင် သူ့အကိုက တကယ့်ဗီလိန်ဖြစ်သင့်တာလေ။
ဒါကိုတွေးမိပြီး သူဟာမေးလိုက်သည်။
"ဝမ့်ခိုက်၊ ငါ့ရဲ့ဝမ်းကွဲအကိုကို ငါ့ရဲ့တပည့်အဖြစ်မှတ်ယူလို့ရမလား။"
[မရပါဘူး]
"ဘာလို့လဲ?"
[ဘာလို့လဲဆိုတော့ သူကမြင်းနက်တွေကို မဆန့်ကျင်ရသေးပါဘူး]
လူရှောင်ယန် ချက်ချင်းနားလည်သွား၏။
မူလတွင်တော့ သူ၏ဝမ်းကွဲအကိုမှာ မြင်းနက်တွေကိုဆန့်ကျင်ဖို့ရာ သွားရောက်ခဲ့ခြင်းပင်။ သို့သော် သူကပေါ်မလာခဲ့ချေ။ ထိုအစားလုရှောင်ယန်မှာ သူ့နေရာကိုယူလိုက်ရ၏။ နောက်တစ်မျိုးပြောရလျှင် သူကဗီလိန်ဖြစ်လာခြင်းပင်ဖြစ်သည်။
သေလိုက်ပါတော့ကွာ၊ သူ့ရဲ့အဆင့်အတန်းလေး နည်းနည်းလောက် ကျဆင်းသွားတယ်လို့ခံစားနေရတယ်။အတိတ်တွင် သူဟာဗီလိန်ဖြစ်သည့်တပည့်များအား လက်ခံခဲ့ရသည်။ ယခုတွင်မူ သူပါတကယ်ကြီး ဗီလိန်ဖြစ်လာခဲ့သည်။
သူက သူ့ကိုယ်သူတပည့်အဖြစ်လက်ခံလို့ရနိုင်လား?
ဒါက သူကိုယ်တိုင်က သူ့အဖေဖြစ်နေတာနဲ့ ဘာခြားတော့လို့လဲ?
လုရှောင်ယန်က သူ့စိတ်ထဲတွင် အငြင်းအခုံဖြစ်နေစဉ်တွင် ပင်လယ်ခုနှစ်သွယ်စင်မြင့်မှ ဂိုဏ်းချုပ်မှာ စကားပြောနေပြီပင်ဖြစ်သည်။
"ပါးစပ်ပိတ်ထား၊ ယန်ကျီအန်း။ မင်း၊ ဒီကောင်လေးကတော့ သခင်လေးလုအရှေ့မှာ ဘယ်လိုအဓိပ္ပာယ်မရှိတာတွေကို ပြောရဲရတာလဲ။ အသက်ရှင်ရတာပင်ပန်းနေပြီလား။"
ယန်ကျီအန်းဟာ တုတ်တုတ်မျှမလှုပ်ပါချေ။ သူဟာအေးစက်စွာပြုံးလိုက်ပြီး ထပ်မံသရော်လိုက်သည်။
"ကျုပ်ကအဓိပ္ပာယ်မရှိတာတွေပြောနေတယ်ပေါ့? ကျွန်တော်ပြောတာတွေက မမှန်လို့လား? မင်းတို့ကောင်းကင်ပင်လယ်စင်မြင့်က ရှက်စရာကောင်းတာလုပ်ထားပြီးတော့မှ တခြားလူတွေကိုပြောခွင့်မပေးဘူးပေါ့။"
"ယန်ကျီအန်း မင်းကလည်း ကောင်းကင်ပင်လယ်စင်မြင့်ရဲ့ ဂိုဏ်းသားပဲမဟုတ်ဘူးလား။ မင်းကိုယ်မင်းဆုံးမဖို့ ဘယ်လောက်တောင်မိုက်မဲရတာလဲ။"
"ဟမ့်! ဒီနေ့ကစပြီး ကျုပ် ယန်ကျီအန်းက မင်းတို့ ပင်လယ်ခုနှစ်သွယ်စင်မြင့်ရဲ့ဂိုဏ်းသားမဟုတ်တော့ဘူး။ ကျုပ်..."
"တော်လောက်ပြီ!"
ယန်ကျီအန်းဆက်ပြောမည့်အချိန်တွင် လင်ချင်ရွယ်မှာ ချက်ချင်းပင် စကားထပ်ပြောလိုက်ကာ ယန်ကျီအန်းအား တားလိုက်၏။
"ဂိုဏ်းတူအစ်မ၊ ကျွန်တော်..."
လင်ချင်ရွှယ်က အေးစက်စွာပြောလိုက်သည်။
"ငါကိုယ်တိုင်က သခင်လေးလုရဲ့ အပျိုတော်အစေခံဖြစ်ဖို့သဘောတူတယ်။ တခြားလူတွေနဲ့ဘာမှမဆိုင်ဘူး။ အရူးထနေတာတော်တော့။"
"ဒါပင်မယ့် မင်းမှာ ဒီလိုလုပ်ဖို့ ဆန္ဒလုံးဝမရှိဘူးလေ။"
"မင်းက ငါမှမဟုတ်တာ။ ငါ့ဆန္ဒမပါဘူးလို့ ဘယ်လိုတောင်ပြောနိုင်ရတာလဲ။"
ဒါကိုပြောပြီးသည်နှင့် သူမဟာ ယန်ကျီအန်း၏ ကိုယ်ကို လျှပ်စီးလက်သလို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်မှာ သူ၏ နဂိုက မာနကြီးပြီး ဖြောင့်မတ်နေသောကိုယ်မှာ ရုတ်တရက် ယိမ်းယိုင်သွားပြီး ခြေနှစ်လှမ်းပင် နောက်ပြန်ဆုတ်သွားသည်။
"ဂိုဏ်းတူအစ်မ၊ အစ်မပြောတာ တကယ် ...အမှန်ပဲလား။"
နာကျင်မှုက လင်ချင်ရွှယ်၏ မျက်ဝန်းထဲတွင်ဖြတ်သန်းသွားသော်လည်း သူမက ခိုင်မာစွာပြောလိုက်သည်။
"အမှန်ပဲ။ အဲ့ဒါအမှန်ပဲ။"
ယန်ကျီအန်းဟာ လက်သီးများကိုဆုပ်လိုက်ပြီး အေးစက်စွာပြုံးလိုက်သည်။
"ကောင်းပြီ! ကောင်းပြီ! ကောင်းပြီ!"
သူဟာထို "ကောင်း"ဟူသည့်စကားလုံးအား တစ်ချိန်တည်းတွင် သုံးကြိမ်တောင်ပြောလိုက်သည်။ သူ၏ ဟန်ပန်အငွေ့အသက်များနှင့် သူ၏ပုံစံများမှာ လုရှောင်ယန်၏မျှော်လင့်ထားသည့်အတိုင်းပါပင်။
တစ်ခဏအကြာတွင်လည်း တကယ်ကိုပင် ယန်ကျီအန်းမှာ သွားများကိုကြိတ်လျှက် တစ်လုံးချင်းစီပြောလာလေသည်။
"လင်ချင်ရွှယ် ငါမင်းနဲ့ပက်သက်ပြီးမှားသွားတယ်။ မင်းကိုဒီလို မိန်းကလေးမျိုးလို့ ထင်မထားခဲ့ဘူး။ ငါ ယန်ကျီအန်းက မင်းကိုအမြဲတမ်းနှစ်သက်ခဲ့တာကိုတွေးဖို့။ ငါကတကယ်ကြီး အမြင်အာရုံတွေချို့ယွင်းနေခဲ့တာပဲ။"
လုရှောင်ယန်၏ မျက်ခုံးများ အတန်ငယ်မြင့်တက်သွားသည်။ သိသာစွာပင် သူဟာ မှားယွင်းခန့်မှန်းမိလိုက်၏။ ထိုယန်ကျီအန်းမှာတကယ်တော့စကားလုံးအနည်းငယ်ကိုထပ်ပေါင်းပြောခဲ့သည်။
သို့သော် နောက်ထပ်ဖြစ်ပွားလာသည်မှာ လုရှောင်ယန်မျှော်မှန်းထားသည့်အတိုင်းပါပင်။ လင်ချင်းရွှယ်၏ နူးညံ့သောကိုယ်လေးမှာနားမလည်နိုင်စွာဖြင့် တုန်ရီသွားသည်။ သူမဟာ နီရဲရဲနှုတ်ခမ်းများကိုကိုက်လိုက်ပြီး မျက်ဝန်းများမှာ ဝေဝါးလာသော်ငြား မည်သည်ကိုမှမပြောလာပါချေ။
ပုံမှန်ဖြစ်စဉ်များအတိုင်းဆိုလျှင် သူမဟာထိုသည်ကို ယန်ကျီအန်းအား ကာကွယ်လိုသည့်ရည်ရွယ်ချက်ဖြင့် ပြောခြင်းဖြစ်နိုင်သည်။ အနာဂတ်တွင် ထိုသူတို့နှစ်ယောက်မှာ သူတို့၏ ခြားနားချက်များကိုပင် ဘေးသို့ပို့လျက် ထိုအရာကို လုရှောင်ယန်၏ အုတ်ဂူပေါ်တွင်လုပ်ကြလိမ့်မည်။
သူတို့ဟာ အင်မတန်စိတ်လှုပ်ရှားလျက် သူတို့၏ အနေအထားများကိုပါပြောင်းလဲနိုင်ချေရှိသည်။
ထို့နောက်တွင် သူဟာထိုအုတ်ဂူကျောက်တုံးအား ဘဝင်ခိုက်စွာကြည့်ရှုလျက် ရယ်မောမှုများနှင့်ပင် ဟိန်းနေလိမ့်မည်။ သူဟာ အုတ်ဂူကျောက်တုံးအား ဘဝခိုက်စွာကြည့်ပြီး ထိုသို့ပင် ထုတ်ဖော်ပြောကြားလိမ့်မည်။
"လုရှောင်ယန် မင်းမြင်လား။ ဒါက လင်ချင်ရွှယ်ကို ဘယ်လိုအသုံးချရမလဲဆိုတာပဲ။"
ကံမကောင်းစွာနှင့်ပင် လုရှောင်ယန်ဟာ အစကတည်းမှ မည်သည့်စကားတစ်ခွန်းကိုမျှ မဆိုရသေးပါချေ။
အစမှအဆုံးထိ သူဟာ ဘေးတွင်ကြည့်ရှုနေသည့်သူသာဖြစ်ခဲ့၏။
သူဟာနည်းနည်းတော့ ခါးသက်သက်ခံစားလိုက်ရတယ်!
သူဟာအပြစ်ကင်းတယ်!
သူကတကယ်ကိုပဲ ကံမကောင်းဘူး!
"ယန်ကျီအန်း အဝေးကိုထွက်မသွားနဲ့။ ပထမဆုံး မင်းက သခင်လေးလုကိုဟာသလုပ်တယ်၊ ပြီးတာနဲ့ ငါ့ရဲ့ ပင်လယ်ခုနှစ်သွယ်စင်မြင့်ရဲ့ မြင့်မြတ်သောမိန်းမပျိုကို ဟာသလုပ်တယ်။ မင်းက မင်းကိုယ်မင်း အဟုတ်ကြီးထင်နေတာပေါ့။ ငါသာမင်းကိုသင်ခန်းစာကောင်းကောင်းမပေးလိုက်ရင် မင်းကမင်းနေရာကိုမင်း မသိမှာစိုးရတယ်။"
ယန်ကျီအန်းဟာ နှာမှုတ်ပြီးပြောလိုက်၏။
"ကျုပ်ကခင်ဗျားကိုကြောက်တယ်များထင်နေတာလား။ ခင်ဗျားကတကယ်အရှက်မရှိတာပဲ!"
လူတိုင်းက ယန်ကျီအန်းအား တိုက်ခိုက်ရန်ပြင်နေကြသည်ကို မြင်ရသောအခါ လင်ချင်ရွှယ်မှာ ချက်ချင်းပင် စိုးရိမ်စပြုလာ၏။
သူမဟာ ချက်ချင်းပင် လုရှောင်ယန်ရှေ့တွင်ဒူးထောက်လိုက်၏။
"သခင်လေးလု၊ ယန်ကျီအန်းကစကားဘယ်လိုပြောရမလဲမသိပေမယ့် ကျွန်မကိုတစ်ခါကယ်ဖူးတယ်။ သခင်လေးလု ကျွန်မမျက်နှာကိုထောက်ပြီး သူ့ကိုခွင့်လွှတ်ပေးနိုင်ပါသည်။"
လင်ချင်ရွှယ်ဟာ အင်မတန်ဉာဏ်ကောင်းလှသည်။ လက်ရှိတွင် တကယ်အင်အားအကြီးဆုံးမှာ လုရှောင်ယန်မှန်းသိလေသည်။ လုရှောင်ယန်ကသာ ယန်ကျီအန်းအား ကယ်တင်နိုင်လိမ့်မည်။
ယန်ကျီအန်းအား ကယ်တင်ခြင်းမှာ လုရှောင်ယန်အတွက် စကားတစ်ခွန်းစာသာအရေးပါသည်ပင်။
ကံမကောင်းစွာဖြင့်ပင် လုရှောင်ယန်မှာသူမှာအား ရေးရေးပြုံးကာကြည့်လိုက်၏။
"ငါ့ကိုဆန့်ကျင်တဲ့ ဘယ်သာမန်လူမဆိုသေရမှာပဲ။ ငါကဘာလို့ ယန်ကျီအန်းကိုခွင့်လွှတ်ပေးရမှာလဲ။"
လင်ချင်ရွှယ်၏ နှလုံးအိမ်မှာတုန်ရီလာသည်။ သူမဟာလက်သီးများကို တင်းကြပ်စွာဆုပ်လိုက်သောအခါ လက်သည်းများက ဖဝါးထဲသို့ပင် နစ်ဝင်နေလေပြီ။
သူမဟာ အံကြိတ်လိုက်ပြီး ဦးခေါင်းအား နှိမ့်လိုက်သည်။
"သခင်လေးလုသာ ယန်ကျီအန်းကိုလွှတ်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ချင်ရွှယ်...ကလည်း သခင်လေးလုအတွက် ဘာမဆိုလုပ်ပေးဖို့ဆန္ဒရှိပါတယ်။"
ဒါကိုပြောပြီးသည်နှင့် ယန်ကျီအန်းမှာ လင်ချင်ရွှယ်၏အတွေးများအား မည်သို့နားလည်ပါမည်နည်း။ သူမဟာတကယ်ကိုပင် သူ့အားကာကွယ်ပေးနေသည်ပင်။
သူ လင်ချင်ရွှယ်ကို အထင်လွဲမှားခဲ့ခြင်းမှာရယ်စရာပင်။ သူဟာ သူမ၏ အသည်းကိုခွဲခဲ့ပြီးဖြစ်သည်။
သို့သော် ဒါက သူ့အား လုရှောင်ယန်အား ပိုတိုးလို့ပင် မုန်းတီးလာစေသည်။ ထို့နောက်တွင်သူဟာ လုရှောင်ယန်အား တေ့တေ့ဆိုင်ဆိုင်စိုက်ကြည့်ဟာ အံကြိတ်လိုက်သည်။
"လု၊ မင်းမှာ ဖခင်ကောင်းမရှိဘူးလား? မင်းရဲ့ မျိုးရိုးနာမည်ကသာ 'လု'ဟုတ်မနေဘူးဆိုရင် မင်းကိုယ်မင်းဘာလို့ထင်မှာလဲ။ မင်းမှာ ငါရဲ့ဂိုဏ်းတူအစ်မကိုထိဖို့ အရည်အချင်းရှိတယ်များထင်နေတာလား။"
လုရှောင်ယန်မပြောနိုင်ခင်မှာပင် ပင်လယ်ခုနှစ်သွယ်စင်မြင့်မှ လူများသည် ယန်ကျီအန်းအား စတင်ကာရင်ဆိုင်တိုက်ခိုက်လာကြသည်။
"ကောင်စုတ်လေး! မင်းကသေချင်နေတာပဲ!"
အားကောင်းသောကျင့်ကြံသူ အများအပြားဟာ ယန်ကျီအန်းအား တိုက်ခိုက်ခဲ့ပြီး ချက်ချင်းပင် နောက်ပြန်ဆုတ်ခိုင်းစေခဲ့သည်။
နတ်ဘုရားအဆင့်ကျင့်ကြံသူဖြစ်သည့် ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ခေါင်းဆောင်သည်ပင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယန်ကျီအန်းမှာ အမှန်ကိုပင် ခုခံနိုင်စွမ်းမရှိတော့ပါချေ။
ထိုအခိုက်တွင် မမျှော်လင့်ထားသည့်အရာတစ်ခုဖြစ်ပွားခဲ့သည်။
လင်ချင်ရွှယ်ဟာ ရုတ်တရတ် ဓားရှည်ကိုဆွဲထုတ်ကာ သူမ၏ လည်ပင်းပေါ်တွင်တင်လိုက်၏။
"ရပ်လိုက်ကြတော့!"
ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်မှာ ဒေါသထွက်လွန်းသဖြင့် လဲပင်ကျသွား၏။
"ချင်ရွှယ်၊ ဘာလုပ်နေတာလဲ? မင်းရူးနေပြီလား။"
"ကျွန်မ မရူးဘူး။ ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ကိုကျွန်မက သခင်လေးလုရဲ့ ကိုယ်ပိုင်အစေခံဖြစ်လာပါမယ်လို့ ကတိပေးခဲ့တယ်။ ကျွန်မကိုတွန်းအားမပေးပါနဲ့။ ယန်ကျီအန်းကိုလွှတ်ပေးလိုက်ပါ။"
"မင်း လူလိမ်မ၊ ငါ့ကိုဒေါသထွက်ပြီး သေအောင်လုပ်နေတာလား။"
လင်ချင်ရွှယ်မှာ သူ့အားလျစ်လျူရှုလျက် လုရှောင်ယန်ကိုသာ တိတိပပစိုက်ကြည့်နေလေသည်။
"သခင်လေးလု၊ ယန်ကျီအန်းကိုလွှတ်ပေးဖို့ပဲတောင်းဆိုပါတယ်။ ကျွန်မပြောခဲ့သလိုပဲ ရှင့်အတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိပါတယ်။"
"အဲ့ဒီထဲမှာ သေပေးဖို့ရောပါလား။"
လင်ချင်ရွှယ်ဟာ ပထမဦးစွာကြောင်အသွားပြီးမှ မယုံကြည်စွာမေးလိုက်သည်။
"သခင်လေးလု၊ ရှင်ဘာပြောလိုက်တာလဲ။"
လုရှောင်ယန်ဟာ ထူးမခြားနားစွာ ပြန်ပြောလိုက်သည်။
"မင်းပဲ ငါ့အတွက်ဘာမဆိုလုပ်ပေးဖို့ဆန္ဒရှိပါတယ်လို့ မပြောခဲ့ဘူးလား။ ဒါဆိုလည်း ကိုယ့်ကိုယ်ကိုသတ်သေလိုက်လေ။ မင်းသာ မင်းဘာသာသတ်သေရင် ငါကဒီကောင်ကို လွှတ်ပေးလိုက်မယ်။"
လင်ချင်ရွှယ်၏ မျက်နှာမှာ ချက်ချင်းပင်ဖျော့တော့သွားပြီး ယန်ကျီအန်းမှာ အော်ဟစ်လာ၏။
"လု၊ မင်းသာငါ့ရဲ့ ဂိုဏ်းတူအစ်မကိုသတ်ရဲရင် ငါကမင်းရဲ့ တစ်မျိုးနွယ်လုံးကိုဖျက်ဆီးပစ်မယ်။"
လုရှောင်ယန်ဟာ သူ့အားကြည့်ပင်ကြည့်မလာဘဲ လင်ချင်ရွှယ်ထံသို့သာ တိတိပပစိုက်ကြည့်နေလိုက်သည်။
လင်ချင်ရွှယ်မှာ အံကိုကြိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။
"သခင်လေးလု၊ တကယ်ပြောနေတာလား။"
လုရှောင်ယန်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆိုလုပ်လိုက်လေ။"
"ကောင်းပြီလေ!"
လင်ချင်ရွှယ်ဟာ ခေါင်းငြိမ့်လိုက်သည်။ ယန်ကျီအန်းဟာ အခြားသူများထံမှမလွတ်မြောက်နိုင်ပဲ အော်ရုံသာတတ်နိုင်သည်။
"ဂိုဏ်းတူအစ်မ၊ သူပြောတာနားမထောင်နဲ့။ ကိုယ့်ကိုယ်ကိုယ်မသတ်သေပါနဲ့။ ကိုယ့်ကိုယ်ကိုယ်သတ်သေလို့မရဘူး!"
ထို့နောက်တွင် သူဟာလုရှောင်ယန်ထံသို့ အော်ဟစ်လိုက်သည်။
"လု၊ ချက်ချင်းရပ်လိုက်။ မဟုတ်ရင် ငါမင်းကိုတကယ်သတ်မှာ။ ငါမင်းရဲ့တစ်မိသားစုလုံးကိုသတ်မှာ။ မင်းရဲ့လုမျိုးနွယ်စု တစ်ခုလုံးကိုသတ်ပစ်မှာ။"
သူ့စကားဆုံးသည်နှင့် လုရှောင်ယန်ဟာ ရုတ်တရတ်တိုက်ခိုက်လိုက်သည်။ အတွေးတစ်ခုဖြင့် လင်ချင်ရွှယ်၏ကိုယ်ကို တွန်းလှန်နိုင်သော အင်အားတစ်ခုက ချက်ချင်းဆိုသလို ရိုက်ခတ်သွားခဲ့သည်။
ဘန်း!
တစ်ခဏအတွင်းမှာပင် လင်ချင်ရွှယ်မှာ လုရှောင်ယန်ကြောင့် သွေးမြူများအဖြစ် ပြန့်ကျဲသွား၏။
သူဟာလင်ချင်ရွှယ်စိတ်ရှုပ်ထွေးနေသည်ကိုတွေ့ရှိခဲ့သည်ပင်။ ထိုယန်ကျီအန်းမှာ အဓိပ္ပာယ်မရှိသည်များကိုပြောနေဆဲပင်။
သူဟာ လင်ချင်ရွှယ်အား ထိုးချက်တစ်ခုဖြင့်ပင်သတ်ရန် ဆုံးဖြတ်လိုက်သည်။
"မဟုတ်ဘူး!"
ယန်ကျီအန်း၏ မျက်လုံးများမှာ ဒေါသကြောင့် စွေးစွေးနီနေ၏။ သူဟာအံကိုကြိတ်ထားလျက် သူ၏တစ်ကိုယ်လုံးမှ သွေးများဟာလည်း ဆက်တိုက်ဆိုသလို ထွက်နေ၏။ သူ၏အရှိန်အဝါမှာ ထူးခြားစွမ်းအင်တစ်ခုမှ သူအားထောက်ပံ့နေသကဲ့သို့ တဖြည်းဖြည်းသန်မာလာသည်။ သူဟာတဖြည်းဖြည်းနှင့် ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို တွန်းဖယ်လိုက်သည်။
လူတိုင်း၏အမူအရာမှာ တမုဟုတ်ချင်းပြောင်းလဲသွားကြသည်။
"ဒီအရှိန်အဝါ၊ တစ်ခုခုတော့မှားနေပြီ။ သူဟာသူ၏ကျင့်ကြံဆင့်ကိုတကယ်ကြီး ဖုံးကွယ်ထားခဲ့ခြင်းပင်။ သူက ဧကရာဇ်အဆင့်ပညာရှင်မဟုတ်ဘူး။ သူတော်စင်အဆင့် ပညာရှင်တောင်ဖြစ်နေပြီးသားပဲ။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၁၃ မင်းကဘယ်သူလဲ?
"သူ့ကိုကြောက်စရာမလိုပါဘူး။ သူကသူတော်စင်အဆင့် ပညာရှင်ဆိုရင်လည်းဘာဖြစ်လဲ။ ဒါက နတ်ဘုရားလောကကြီးလေ။ သူတော်စင်အဆင့်ပညာရှင်တစ်ယောက်ကလည်း ပုရွက်ဆိတ်သာသာပါပဲ။ သူ့ကိုတိုက်ခိုက်ကြ။"
လူတိုင်းဟာ စကားဆုံးသည်နှင့် ယန်ကျီအန်းအား နှိပ်ကွပ်ရန် အတူတကွတိုက်ခိုက်လိုက်ကြသည်။
သို့သော် ယန်ကျီအန်းမှာ ထိုလူများအား ဘယ်တုန်းကမှဂရုမစိုက်ခဲ့သည့်အတိုင်း ယခုလည်းမရေးမလုပ်ပါချေ။
သူဟာ လုရှောင်ယန်အားတိတိပပစိုက်ကြည့်လျှက် အံကိုကြိတ်ထား၏။
"လု၊ ဒါကိုမှတ်ထား။ တစ်နေ့ကျရင် ငါ့ရဲ့ဂိုဏ်းတူအစ်မကို သတ်တဲ့အကျိုးကိုသိအောင်လုပ်ပေးမယ်။"
"ငါကမင်းရဲ့ လုတစ်မျိုးနွယ်လုံးရဲ့ အရိုးကို မီးမြိုက်ပြီး ပြာတွေကို ဖြန့်ကျဲမယ်။ မင်းရဲ့ လုမျိုးနွယ်ကလူတိုင်းကိုသတ်ပစ်မယ်။"
"ကောင်စုတ်လေး၊ မင်းကတကယ်ကောင်စုတ်လေးပဲ၊ အဓိပ္ပာယ်မရှိတာတွေပြောနေတယ်။ သေလိုက်တော့!"
လူတိုင်းဟာ ဖိအားကိုခံစားလိုက်ရသည်။ ယန်ကျီအန်းသည် ဖိအားများစွာကို ခံလိုက်ရသောကြောင့် သူ့ခန္ဓာကိုယ်မျက်နှာပြင်သည် ပြိုကျစပြုနေပြီဖြစ်သည်။ သူ၏အရေပြားမှာ အက်ကွဲသွားပြီး သွေးများပင် ထွက်လာသည်။
သို့သော် ယန်ကျီအန်းမှာ လုံးဝမကြောက်ရွံ့ပါချေ။
"ပြီးတော့ မင်းတို့တွေ၊ ပင်လယ်ခုနှစ်သွယ်စင်မြင့်။ မင်းတို့တွေကလည်း ငါ့ရဲ့ဂိုဏ်းတူအစ်မသေဆုံးမှုနောက်ကွယ်က တရားခံတွေပဲ။ ငါ ယန်ကျီအန်း ပြန်လာတဲ့အခါကျရင် အဲ့ဒီ့နေ့က မင်းတို့ ပင်လယ်ခုနှစ်သွယ်စင်မြင့် ကျဆုံးတဲ့နေ့ပဲ။ ဟားဟားဟားဟား..."
ကောင်းကင်ယံကိုမျက်နှာမူကရယ်မောလိုက်ပြီး ယန်ကျီအန်းဟာ သူ၏လက်ဖြင့် ရင်ဘတ်အားရိုက်လိုက်သည်။ သူ၏တစ်ကိုယ်လုံးမှာ တမုဟုတ်ချင်းပင်သွေးမြူများအဖြစ်သို့ ပေါက်ကွဲသွားလေသည်။
ရွှေရောင်အလင်းတစ်ခုက ထိုသွေးမြူထဲမှ ပျံထွက်လာ၏။
"မကောင်းတော့ဘူး။ သူလွတ်သွားပြီ!"
လူတိုင်း၏အမူအရာမှာ လုံးဝပြောင်းလဲသွားကြသည်။ ယန်ကျီအန်းထံတွင် ထိုသို့သော တိုက်ကွက်မျိုးရှိမည်ဟု ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြပါပေ။
ဒါ့အပြင် ကြောက်မက်ဖွယ်အကောင်းဆုံးမှာ သူတို့၏လူအများကြီးတောင်မှ ထိုရွှေရောင်အလင်းကို တားဆီးဖို့ရာ မစွမ်းသာကြပေ။
"မင်းကထွက်သွားချင်လို့လား။ ငါ့ကိုမေးခဲ့လား။"
ထိုအခိုက်တွင် လုရှောင်ယန်နံဘေးရှိ ဘဏ္ဍာထိန်းလုမှာ ရုတ်တရတ်တိုက်ခိုက်လိုက်သည်။ တစ်ခဏအတွင်းပင် သူဟာ ရွှေရောင်အလင်းအနားသို့ ရောက်ရှိသွား၏။
ထို့နောက်တွင် သူဟာအလင်းအလျင်ဖြင့် လေလက်ဝါးအားထုတ်သုံးကာ ရွှေရောင်အလင်းအား ခါယမ်းစေရန် ကြိုးပမ်းလိုက်သည်။
ကံမကောင်းစွာဖြင့် သူ၏ လေလက်ဝါး ရွှေရောင်အလင်းအား ထိမိသည့်အချိန်တွင် ၎င်းမှာ ချက်ချင်းခုန်ထွက်သွား၏။
"ဘာလဲဟ?"
ဘဏ္ဍာထိန်းလု၏ မျက်စိသူငယ်အိမ်များပင် ပြူးကျယ်သွား၏။ သူဟာ စတုတ္ထမြောက် နတ်ဘုရားအဆင့်ပညာရှင်ဖြစ်ပြီး ယန်ကျီအန်းမှာ နတ်ဘုရားအဆင့်ကိုပင်မရောက်ရှိနိုင်သေးသော သူတော်စင်အဆင့်ပညာရှင်သာဖြစ်လေသည်။ သို့သော်ငြားလည်း ယန်ကျီအန်းမှာ သူ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်လား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သို့သော် ဘဏ္ဍာထိန်းလုဟာ အံ့အားသင့်သွားပါသော်ငြား သူကပင် ယန်ကျီအန်းအား စတင်၍ လိုက်လံဖမ်းဆီးနေဆဲပင်။
သို့သော် ထိုအခိုက်တွင် လုရှောင်ယန်၏ အသံထွက်ပေါ်လာ၏။
"ကောင်းပြီ၊ လိုက်နေတာရပ်လိုက်တော့။ မင်းသူ့ကိုလိုက်ဖမ်းနိုင်မှာမဟုတ်ဘူး။"
ဘဏ္ဍာထိန်းလု၏ နှလုံးမှာတုန်ရီသွားကာ ချက်ချင်းပြန်ဆုတ်လာခဲ့၏။
"သခင်လေး ကျုပ်တို့သူ့ကိုတကယ်ပဲ အလွတ်ပေးလိုက်ရမှာလား။"
လုရှောင်ယန်ဟာ ပြုံးကာပြောလိုက်၏။
"သူက ယင်ကောင်လေးတစ်ကောင်ပါပဲ။ ဘာကြောက်စရာများရှိလို့လဲ။"
ဘဏ္ဍာထိန်းလုဟာ မထိန်းနိုင်ဘဲ အတန်ငယ် မျက်မှောင်ကျုံ့လိုက်မိသည်။
လုရှောင်ယန်နှင့် ပက်သက်ပြီး သူဘာမျှမသိရပါချေ။
သို့သော် လုရှောင်ယန်က ထိုသို့ပြောသည်ဆိုလျှင် သူ့ထံတွင် အကြောင်းပြချက်များရှိရပေမည်။
နောက်ဆုံးတော့လည်း သူက လုမျိုးနွယ်စုရဲ့ ဘဏ္ဍာထိန်းလေးပဲ မဟုတ်ပါလား။ ဒါကြောင့် ပြဿနာများနှင့်ရင်ဆိုင်ရချိန်တွင် လုရှောင်ယန်၏အမိန့်များအား နာခံရန်လိုအပ်ပေသည်။
ထို့ကြောင့်ပင်သူဟာ ဘာမျှမပြောဘဲ နောက်ပြန်ဆုတ်လာရခြင်းဖြစ်သည်။
ပင်လယ်ခုနှစ်သွယ်စင်မြင့်တစ်ခုလုံး၏ ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် တပည့်ဂိုဏ်းသားများမှာမူ ကြောက်ရွံ့ကာ မြေပေါ်တွင်ဒူးထောက်လျက် လုရှောင်ယန်ထံသို့ တောင်းပန်ဝပ်တွားနေကြလေသည်။
"သခင်လေးလု၊ ကျုပ်တို့တောင်းပန်ပါတယ်။ ဒါတွေအကုန်လုံးက ကျုပ်တို့အမှားပါ။ ကျုပ်တို့ကြောင့်သာမဟုတ်ရင် သခင်လေးလည်း ဒီနေ့ ဒီလိုမျိုး ပျက်ရယ်ပြုခံရမှာမဟုတ်ပါဘူး။"
"ကျေးဇူးပြုပြီး ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ။ ကျုပ်တို့ သခင်လေးကို ကောင်းကောင်းဂရုမစိုက်နိုင်ခဲ့မိဘူး။"
လုရှောင်ယန်ဟာ ဒေါသမထွက်ဘဲ ထူးမခြားနားစွာပြန်ပြောလိုက်သည်။
"ရပါတယ်။ ဒါကမင်းတို့အမှားမဟုတ်ပါဘူး။ မင်းတို့ကို အပြစ်မတင်ပါဘူး။"
လူတိုင်းဟာ သူတို့၏ခေါင်းများကို ထပ်ခါထပ်ခါ ငြိတ်လိုက်ကြ၏။
"မပူပါနဲ့၊ သခင်လေးလု။ ဒီလိုမျိုးထပ်မဖြစ်စေရတော့ပါဘူး။"
ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ဂိုဏ်းချုပ်သည် သူ၏နောက်ကျောကို အနည်းငယ်ကိုင်းကာ လှမ်းလျှောက်လာခဲ့သည်။
"သခင်လေးလု၊ မတိုင်ခင်က သခင်လေးကိုကြိုဆိုဖို့ထိုင်ခုံဆီ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် သခင်လေးက ပေါ်မလာခဲ့ပါဘူး။ အခုတော့ ပိုကောင်းတဲ့ အစားအသောက်နဲ့ ဝိုင်တွေ ပြင်ဆင်ပေးထားပါတယ်။ ဒါတွေအကုန်လုံးကို မြင့်မြတ်သောဝိညာဉ်စွမ်းအင်တွေ သိပ်သည်းတဲ့ ပစ္စည်းတွေနဲ့ပဲ လုပ်ထားတာပါ။ သခင်လေးလု ဒီတစ်ခါတော့ ကျုပ်တို့ကိုဂုဏ်ပြုခွင့်ပေးပြီး ပင်လယ်ခုနှစ်သွယ်စင်မြင့်ကိုထပ်ပြီး မငြင်းဆန်ပါနဲ့တော့။"
လုရှောင်ယန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသည်။
"ကောင်းပြီလေ၊ ပြဿနာမရှိပါဘူး။"
သူဟာ ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ဂိုဏ်းချုပ်နှင့် တစ်ယောက်တည်းရှိနိုင်မည့်အခွင့်ကိုရှာနေခြင်းဖြစ်သည်။
တစ်ဖက်လူက သူ့အားစတင်ကမ်းလှမ်းလာမည်ဟု မမျှော်လင့်ထားခဲ့ပါပေ။
တစ်ဖက်လူမှာ သူ့အား အလွန်အမင်း ဒေါသမထွက်စေရန် ယန်ကျီအန်းနှင့် လင်ချင်ရွှယ်ကြား ဖြစ်ပျက်ခဲ့သည်များကို ပြင်ဆင်ဖြည့်ဆည်းပေးရန်အလို့ငှာ သူ့အား တစ်ခုခု ပေးချင်နေတာ ဖြစ်နိုင်သည်။
လုရှောင်ယန်မှာ လုံးဝဒေါသမထွက်ပါချေ။ သို့သော် သူဟာ တစ်ဖက်လူနှင့် နှစ်ယောက်တည်းရှိမည်ကို အခွင့်ကောင်းယူကာ သူ၏ ဝိညာဉ်ကျောက်တုံးများအားလဲလှယ်ဖို့လိုသည်။
…
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းမှာ ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ကီလိုမီတာပေါင်းရာချီဝေးသည့်နေရာရှိ ရေအိုင်အတွင်းသို့ ဝင်ရောက်သွားလေသည်။
တခဏအကြာတွင် ထိုအိုင်မှာ ဆူပွက်လာ၏။ ထို့နောက်တွင် သွေးများအတွင်းမှ သတ္တဝါအမျိုးအစားအားလုံးတိုးထွက်လာကြပြီး အိုင်တစ်ခုလုံးမှာလည်း သွေးရောင်များခြယ်သထားသကဲ့သို့ပင်ဖြစ်နေ၏။
ထို့နောက်တွင် သွေးများမှာ ပြန်လည်စုစည်းသွားကြပြီး တဖြည်းဖြည်းနှင့် လူပုံသဏ္ဍာန်ပေါ်လာသည်။
ရေမျက်နှာပြင်မှာ သူ၏နဂိုမူလပုံစံအတိုင်း ပြန်လည်ကြည်လင်သွားချိန်တွင် ထိုပုံရိပ်မှာ နောက်ဆုံး၌ရေကန်ထက်သို့တဖြည်းဖြည်းတက်လှမ်းလာ၏။
"ကံကောင်းလို့ ငါထောင်ချောက်လေးတစ်ခုထောင်ထားမိပြီး ဒီကန်ထဲမှာ ငါ့ရဲ့သွေးအဆီအနှစ်တစ်ချို့ထည့်ထားခဲ့မိတာ။"
"ငါသေသွားရင်လည်း ငါ့ရဲ့ဝိညာဉ်က ဓမ္မာရတနာတစ်ခုကို လွတ်မြောက်ဖို့အတွက် သုံးနိုင်သေးတယ်။ ဒီကိုလာလိုက်တာနဲ့ ငါ့ရဲ့သွေးအဆီအနှစ်နဲ့ပေါင်းစပ်လိုက်ပြီးရင် ပြန်ပြီး ရှင်သန်လာလို့ရသေးတယ်။"
"လုမျိုးနွယ်စု၊ ပင်လယ်ခုနှစ်သွယ်စင်မြင့်၊ မင်းတို့ ငါနဲ့ ဂိုဏ်းတူအစ်မအပေါ်မှာ အကြွေးတင်သွားပြီ။ သိပ်မကြာခင်မှာပဲ ငါ ယန်ကျီအန်းက မင်းတို့ကိုအကြိမ်တစ်ထောင်လောက် ပြန်ပေးဆပ်ရအောင်လုပ်ပေးမယ်။"
သူ့စကားဆုံးသည်နှင့် ကောင်းကင်တစ်ခုလုံးမှာ မည်းမှောင်လာသည်။
"ဟမ်? မကောင်းတော့ဘူး!"
အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုမှာ သေလောက်တဲ့ခြိမ်းခြောက်မှုနဲ့အတူ ရုတ်တရက် သက်ဆင်းလာခဲ့သည်။
ထိုအခိုက်တွင် ယန်ကျီအန်းမှာ သူ၏စွမ်းရည်များအားလုံး လျော့နည်းသွား၏။
သူဟာထိုအရာကို မရှောင်တိမ်းနိုင်မှန်း သိနေပါသော်ငြားလည်း သူဟာလုံးဝကို ထပ်မံလွတ်မြောက်ရန် အခွင့်မရှိပါတော့ချေ။ ထို့ကြောင့်ပင် သူဟာလုံးဝလွတ်မြောက်ရန် သူ၏ အသက်ဖြင့် စွန့်စားလိုက်၏။
ကံမကောင်းစွာဖြင့် သူဟာသူ၏ ခွန်အားကို အကန့်အသတ်ထိအသုံးပြုပြီးသော်လည်း သူဟာ ထိုအမည်မသိအရာမှ လွတ်မြောက်ခြင်းငှာ မစွမ်းသာပေ။
နောက်အခိုက်အတန့်တွင်၊ သူ့အား ပုံကြမ်းတစ်ခုဖြင့် လုံးဝဖုံးအုပ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ အခြားနေရာသို့ ဝင်ရောက်သွားပုံရသည်။
ခဏအကြာတွင် သူဟာ ချက်ချင်းအော်ဟစ်လာ၏။
"ဘယ်သူလဲ။ ဒီကိုထွက်လာခဲ့လိုက်တော့။ မင်းဘယ်သူလဲဆိုတာကို ဂရုမစိုက်ဘူး။ ဟန်ဆောင်နေတာကိုရပ်လိုက်တော့။"
သူ့စကားဆုံးသည်နှင့် လုရှောင်ယန်၏ကိုယ်မှာ ယန်ကျီအန်း၏အရှေ့တွင် တိတ်ဆိတ်စွာပေါ်လာ၏။
တကယ်တမ်း တစ်ဖက်လူပေါ်လာသည့် အချိန်တွင် လုရှောင်ယန်ဟာ သူ၏ကိုယ်ပွားအား အသုံးပြုထားပြီးဖြစ်ပြီး ထိုယန်ကျီအန်းကို တိတိပပစိုက်ကြည့်နေလိုက်သည်။
သူဟာ ယန်ကျီအန်းအားလွတ်မြောက်ရန် စောင့်ဆိုင်းနေပြီး ထိုမှသာ သူနှင့်အတူ တစ်ကိုယ်တည်းရှိရန်အချိန်ရနိုင်မည်ဖြစ်သည်။
"မင်းလား?"
ယန်ကျီအန်းဟာ ရုတ်တရတ်ကြီး အံ့ဩသွားသည်။
သို့ရာတွင် တစ်ခဏအကြာ၌ သူဟာ နှာမှုတ်လိုက်၏။
"ငါ အစကတော့ မင်းကိုရှာဖို့ လုမျိုးနွယ်ဆီကိုမသွားခင်မှာ အဆင့်တစ်ခုထိရောက်အောင်လို့တော့ ကျင့်ကြံဖို့လုပ်ထားတာ။ မင်းကိုယ်တိုင်က ငါ့တံခါးကိုလာခေါက်မယ်လို့ ထင်မထားခဲ့ဘူး။ ဒီလိုဆိုရင်တော့ ငါ့ကိုရက်စက်တယ်ဆိုပြီးတော့ အပြစ်မတင်နဲ့။"
သူ့စကားဆုံးသည်နှင့် ယန်ကျီအန်းမှာ မယုံနိုင်လောက်စရာ ခွန်အားကို ထုတ်ဖော်လိုက်သည်။
ထိုအားမှာ အလျင်အမြန်ပင် ပျံ့နှံ့သွား၏။ ဒါ့အပြင် မူလနေရာမှ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား ဝါးမျိုနိုင်လောက်သည့်တိုင်အောင် ပျံ့နှံ့သွားသည်။
ထိုသည်မှာ ယန်ကျီအန်းအား အထောက်အကူပြုနေသော လျှို့ဝှက်နည်းလမ်းဖြစ်သည်။ နတ်ပစ္စည်းအဆောင်အယောင်တစ်ခုအား အသုံးပြုရုံဖြင့် အချိန်တိုအတွင်းတွင် သူ၏ခွန်အားကို ပဉ္စမမြောက် နတ်ဘုရားအဆင့်ထိတိုးမြှင့်လိုက်နိုင်သည်။
ပင်လယ်ခုနှစ်သွယ်စင်မြင့်မှ ထွက်ပြေးလွတ်မြောက်လာချိန်တွင်လည်း ယန်ကျီအန်းမှာ ထိုလျှို့ဝှက်နည်းလမ်းအား အသုံးပြုခဲ့ခြင်းဖြစ်သည်။
ယခုတွင် သူဟာ လုရှောင်ယန်အား သတ်ရန် သူ၏ကျင့်ကြံဆင့်ကို အကန့်အသတ်ထိရောက်အောင် တိုးမြှင့်ပြီးပြီပင်ဖြစ်သည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ လုရှောင်ယန်၏ကိုယ်မှ အင်မတန်ကြောက်မက်ဖွယ်ရာအရှိန်အဝါမှာ ရုတ်တရတ်ဆိုသလို တိုးထွက်လာခဲ့သည်။
ဘန်း!
လုရှောင်ယန်၏အရှုံးမပေးသော ခုခံအားမှာ ယန်ကျီအန်း၏တိုက်ခိုက်မှု လုရှောင်ယန်ထံသို့ဆိုက်ရောက်လာသည်နှင့် တန်ပြန်သွားလေသည်။
"ဘာလဲ?"
ယန်ကျီအန်း၏ မျက်စိသူငယ်အိမ်များမှာ ရုတ်တရတ် ပြူးကျယ်သွားလေ၏။
လုရှောင်ယန်၏ ခြိမ်းချောက်မှုမှာ သူစိတ်ကူးထားသည့်ထက်ပင် ကျော်လွန်နေ၏။
ထိုအရှိန်အဝါမှာ စစ်မှန်သော နတ်ဘုရားအဆင့်ကိုပင် ကျော်လွန်နေပြီဖြစ်သည်။
မဟုတ်သေးဘူး၊ လျှို့ဝှက်နည်းလမ်းနှင့် နတ်ပစ္စည်းအဆောင်အယောင်တို့၏ အကူအညီအရ သူထုတ်နိုင်သော ခွန်အားမှာ နတ်ဘုရားအဆင့်တွင် ရှိနေလေပြီဖြစ်သည်။
ဒါ့အပြင် သူဟာ သူ့ထက်အဆင့်မြင့်များကိုပင်တိုက်ခိုက်နိုင်သည်။ ဒါဆိုလျှင် လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ စစ်မှန်သောနတ်ဘုရားအဆင့်ကိုပင် ကျော်ဖြတ်ပြီးနှင့်နေပြီလား။
သို့သော်လည်း လုမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်လေးတစ်ယောက်က ဒါမျိုးဘယ်လိုလုပ်နိုင်သွားတာလဲ? သူကဘာလို့ ဒီလောက်ထိ အင်အားကြီးနေရတာလဲ?
လုမျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်လေးတွေက စစ်မှန်သောနတ်ဘုရားအဆင့်မှာပဲ ရှိနေသင့်တာမဟုတ်ဘူးလား?
သူမတုံ့ပြန်နိုင်ခင်မှာပင် လုရှောင်ယန်၏တိုက်ခိုက်မှုမှာ သူ၏ခေါင်းထက်သို့ကျရောက်လာလေသည်။
ထာဝရမီးတောက်များသည် ပထမဦးစွာပြင်းထန်သောဒဏ်ထုတ်လွှတ်ပြီးကို ယန်ကျီအန်း၏ တစ်ကိုယ်လုံးကို ချက်ချင်းလွှမ်းမိုးသွားခဲ့လေသည်။
"အ!"
ယန်ကျီအန်းထံမှာ ဆို့နင့်ဖွယ်ရာ အော်သံထွက်လာသည်နှင့် လုရှောင်ယန်ဟာ ဆက်တိုက်ဆိုသလို တိုက်ခိုက်လိုက်ကာ သူ၏ခေါင်းကိုဖိချထားလိုက်ပြန်သည်။
ရှေးဟောင်းဧကရာဇ်လက်သီး၊ ဇာမဏီငိုကြွေးနတ်ပြည်ကိုးထပ်၊ မဟာအင်အား ဝါဂျရာလက်ဖဝါး...
တိုက်ကွက်အလုံးစုံတစ်ခုလုံးမှာ ချောမွေ့ပြီး သဘာဝဆန်လှသည်။ ထိုသည်မှာ အင်မတန်ချောမွေ့လွန်းလှသဖြင့် မည်သူမှ ပြစ်ချက်တစ်ခုတလေမျှပင်ရှာမတွေ့နိုင်ပါချေ။
တိုက်ခိုက်မှု မပြီးဆုံးခင်မှာပင် ယန်ကျီအန်း၏ ကိုယ်မှာ ပြန့်ကျဲနေပြီဖြစ်သည်။ သူ၏ဝိညာဉ်များလည်း တစ်ဖန်ပြန့်ကျဲသွား၏။
ကံမကောင်းစွာဖြင့်ပင် လုရှောင်ယန်နှင့် ပက်သက်ပြီး ယန်ကျီအန်းမှာ အဆုံးထိတိုင် နားမလည်သွားနိုင်ခဲ့ပါပေ။ သူဟာလုရှောင်ယန်ထံတွင် အသတ်ခံလိုက်ရသည်။
ဝမ့်ခိုက်ဟာ လျှပ်စီးအသွင် တစ်ချက်လက်လိုက်ပြီး လုရှောင်ယန်၏ ကိုယ်မှထွက်လာကာ ယန်ကျီအန်း၏ ကံကောင်းမှုကိုဝါးမြိုသွားခဲ့၏။
တစ်ချိန်တည်းမှာပင် လုရှောင်ယန်၏ စိတ်တွင်း၌ ဝမ့်ခိုက်၏ အသံထွက်ပေါ်လာသည်။
[ဒင်... မြင်းနက်ကို သတ်လိုက်တဲ့အတွက် ဂုဏ်ပြုပါတယ် သခင်။ ရရှိသောဆု: ကျင့်ကြံဆင့်တစ်ဆင့်တိုးမြင့်ခြင်း]
[ဒင်... မြင်းနက်ကို သတ်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ် သခင်။ ရရှိသောဆု: နက်နဲမှုအဆင့် လက်နက်၊ ပါးကွ ×1]
[ဒင်... မြင်းနက်ကို သတ်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ် သခင်။ ရရှိသောဆု: ကြီးမြတ်သောဝိညာဉ် × 10]
[ဒင်... မြင်းနက်ကိုသတ်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ် သခင်။ သင်ဟာ ကံကောင်းခြင်းရွှေနဂါးရဲ့ သန်မာတဲ့ဗားရှင်း ×100ကိုရရှိခဲ့ပါတယ်]
[ဒင်... မြင်းနက်ကိုသတ်လိုက်တဲ့အတွက် ဂုဏ်ပြုပါတယ် သခင်...]
…
ထို အနောက်တွင် လုရှောင်ယန်အား ရှုပ်ထွေးစေသည့် ဆုတစ်ပုံကြီးရှိသေးသည်။ သို့သော်လည်း သူဟာ များများစားစားနားမထောင်ဘဲ အားလုံးကို တောင်နှင့် မြစ်ပန်းချီအတွင်းသို့ ပစ်ထည့်လိုက်သည်။
သူ၏ကျင့်ကြံဆင်းမှာ တစ်ဖန်တိုးမြင့်လာပြီး နောက်ဆုံးတွင်တော့ ပထမမြောက် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်သို့ ဖြတ်ကျော် ရောက်ရှိသွားပြီဖြစ်သည်။
ထိုအခိုက်တွင် သူဟာ အလွန်ဆန်းကြယ်သလိုခံစားလိုက်ရသည်။
ဒါဟာ သူက မည်သည်ကိုမဆို ပြုလုပ်နိုင်သည့် အင်မတန်ထူးကဲသောစွမ်းအားကို ရရှိထားသလိုပင်။
သူဟာ သူ၏ကိုယ်ပိုင်ကမ္ဘာလေးအား ဆင့်ခေါ်ကာ အသက်ပြင်းပြင်းရှူလိုက်၏။ သူဟာ အာရုံစိုက်ကာ တစ်ခုခုအား စတင်ဖန်တီးလိုက်သည်။
သူဟာပထမဆုံး ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ခဏအကြာတွင် နေရာလေးထဲ၌ ဘူးအသေးလေးဖြစ်ပေါ်လာ၏။
လုရှောင်ယန်ဟာ စကားတစ်ခွန်းမှမဆိုဘဲ ချက်ချင်းဖွင့်ကြည့်လိုက်သည်။ အံ့အားသင့်စရာပင် ထိုဘူးအသေးလေးထဲတွင် အသုံးမပြုရသေးသော ကွန်ဒုံးအထပ်လိုက်ကြီးရှိနေသည်။
"သေစမ်း၊ အံ့ဩစရာပဲ!"
လက်ရှိသူမှာ တကယ် တကယ့်ကိုပဲ သူ၏ အတွေးနှင့်ပင် တစ်စုံတစ်ခုကို ဖန်တီးနေနိုင်ပြီဖြစ်သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၁၄ စိတ်ထိခိုက်ဝမ်းနည်းခြင်းနှင့် လက်စားချေခြင်း
နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ပညာရှင်၏ ဖန်တီးမှုတစ်ခုမှာ နတ်ဘုရားလောကအား မှီတည်နေခြင်းမရှိပါချေ။
ဒါဟာ အင်မတန်မှအဆင်ပြေပြေရှိလှသည်။ သူတို့ဟာ ဘယ်နေရာ၊ ဘယ်အချိန်မှာဖြစ်ဖြစ် ဖန်တီးဖို့ဖြစ်နိုင်၏။ တစ်ချိန်တည်းမှာပင် ၎င်းတို့ဖန်တီးလာသော အရာတစ်ခုသည် ဤလောကမှ ဖန်တီးပြီးသားအရာထက် ကျော်လွန်နေပါသေးသည်။
ဥပမာပြောရလျှင် သာမန်ကွန်ဒုံးတစ်ခုအား ဘတ်စ်ကတ်ဘောလုံး၏ အရွယ်မျှထိသာ မှုတ်နိုင်သော်လည်း လုရှောင်ယန်ဖန်တီးလိုက်သည့်တစ်ခုကိုမူ တောင်တစ်လုံး၏ အရွယ်အစားထိပင် မှုတ်နိုင်ပါသည်။
ဒါဟာခြားနားချက်ပင်ဖြစ်သည်။ မည်သည်မှ ထိုးဖောက်မရနိုင်ပါချေ။ တန်ဖိုးရှိသောခြားနားချက်ပင်ဖြစ်၏။
လုရှောင်ယန်မှာ ပန်းတစ်ပွင့်အားဖန်တီးရန်ကြိုးစားလိုက်သော်လည်း ထိုအရာမှာအနည်းငယ်မျှကြာလေသည်။
ထို့အပြင် အခြားပုံစံများကို ဖန်တီးရန်လည်း ကြိုးစားခဲ့သည်။ သို့သော် သူဟာ မအောင်မြင်ခဲ့ဘဲ ချေးပိုးကိုပင် မဖန်တီးနိုင်ခဲ့ချေ။
နတ်ဘုရာအားဖြစ်ပေါ်စေခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် သူတို့၏ကိုယ်ပိုင်နေရာ၌ တစ်စုံတစ်ရာကို ဖန်တီးနိုင်သော်လည်း ထိုနတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကျင့်ကြံသူတစ်ဦးသည် ရှင်သန်နိုင်ရန်အတွက်လည်း ၎င်းတို့၏ကိုယ်ပိုင်ကျင့်ကြံဆင့်အပေါ် တွင်အားကိုးနေရဆဲဖြစ်သည်။
ကျင့်ကြံသူများဟာ လှပသောမိန်းမပျိုလေးများ၊ အစေခံများနှင့် နှစ်သက်ရာတို့ကို ဖန်တီးနိုင်၏။
အမှိုက်အဆင့်ကျင့်ကြသူများသည် ကွန်ဒုံးကဲ့သို့သော ရာဘာများကိုသာ ဖန်တီးနိုင်ပြီး ပန်းများနှင့် အပင်များကဲ့သို့ အလွန်နိမ့်ကျသည်များကိုသာ ဖန်တီးနိုင်သည်။
သို့သော် ထိုသည်ကပင် လုရှောင်ယန်အတွက် အင်မတန်ကောင်းမွန်နေပြီဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူဟာငွေအား လိုအပ်မနေပါချေ။ တခြားနည်းလမ်းတွေရှိတော့လည်း ဘာဖြစ်လို့လဲ။
ကိုယ်ပွားဟာ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်၏ ကျင့်ကြံခြင်းနည်းလမ်းကို လေ့လာပြီးသည်တွင် ချက်ချင်းဆိုသလို့ မူလကိုယ်ထဲသို့ဝင်ရောက်လာ၏။
တစ်ဖက်တွင် လုရှောင်ယန်၏မူလကိုယ်မှာ ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်နှင့် စားသောက်လျက်ရှိနေသည်။
လက်ရှိတွင် ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ဂိုဏ်းချုပ်နှင့် လုရှောင်ယန်တို့သာရှိသည်။
လုမျိုးနွယ်စုမှာ ပင်လယ်ခုနှစ်သွယ်စင်မြင့်အတွက် ဘိုးဘေးပင်ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်မှလွဲလျှင် ကျန်သူများမှာ အပြင်၌သာစောင့်ကြပ်နိုင်ပြီး အထဲသို့အလွယ်တကူမဝင်နိုင်ပါချေ။
"သခင်လေးလု၊ ကျုပ် သခင်လေးကိုထပ်ပြီးတောင်းပန်နေရဦးမယ်။ ဒီနေ့ဖြစ်ခဲ့တာတွေကို စိတ်ထဲမထားပါနဲ့။ အဲ့ဒီ ငတုံးနှစ်ယောက် လင်ချင်ရွှယ်နဲ့ ယန်ကျီအန်းက တကယ်ကိုရူးနေကြတယ်။ သူတို့က သခင်လေးလုကို တကယ်ကြီး ဆန့်ကျင်ရဲကြတယ်လေ။"
လုရှောင်ယန်ဟာ သူ့ထံမှအကြည့်လွှဲလျက် ပြောလိုက်သည်။
"ရပါတယ်။ သူလည်းသေပြီးနေပြီပဲ။ ဘာမှပြောစရာမရှိတော့ပါဘူး။"
ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ဂိုဏ်းချုပ်မှာ စိတ်သက်သာရာရပြီး သက်ပြင်းအရှည်ကြီးပင်ချလိုက်သည်။
သူမပြုံးနိုင်ခင်မှာပင် လုရှောင်ယန်ကာ ဆက်ကာ
"ဒါပေမယ့် ကျွန်တော် ဂိုဏ်းချုပ်ဝမ်ကိုမေးစရာရှိသေးတယ်။"
သူရုတ်တရတ်ပြောလိုက်သည်နှင့် ဂိုဏ်းချုပ်ဝမ်၏အမူအရာမှာ တည်သွားလေသည်။
"သခင်လေးလု၊ ကျုပ်ကိုပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်။"
"ကျွန်တော်မေးချင်တာက ခင်ဗျားတို့ဂိုဏ်းက နတ်သလင်းကျောက်တွေကို ဝယ်တယ်မလား။ နတ်သလင်းကျောက်တွေကိုဝယ်ဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေကို သုံးတာလား။"
ဂိုဏ်းချုပ်ဝမ်ကခေါင်းငြိမ့်လိုက်၏။
"ဒါပေါ့။ အမှန်တော့၊ ကျုပ်တို့လို့ ဂိုဏ်းခွဲလေးတွေက ကျုပ်တို့အားကိုးအားထားရတဲ့ မျိုးနွယ်စုတွေကို ဆက်သပေးရတဲ့အတွက် နတ်သလင်းကျောက်တချို့ကို လက်ခံလေ့ရှိပါတယ်။ ဒါပေမယ့်၊ ကျုပ်တို့ နတ်သလင်းကျောက်တွေကိုဝယ်တဲ့အခါကျရင် တချို့ဂိုဏ်းခွဲတွေကနေလည်း ဝယ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကျုပ်တို့ရဲ့ စျေးနှုန်းတွေက လျော့ကျသွားတတ်တယ်။”
"ခန့်မှန်းချေအချိုးကရော ဘယ်လောက်လောက်ရှိမလဲ။"
"ဒီလိုလုပ်ကြည့်ရအောင်။ အဆင့်တိုင်းအတွက် ဝိညာဉ်ကျောက်တုံးတွေကြား ဖလှယ်မှုအချိုးက ၁:၁၀။ အဆင့်တိုင်းအတွက် နတ်သလင်းကျောက်များတွေကြားအချိုးကလည်း ၁:၁၀ဆိုရင်။ အဆင့်နိမ့်နတ်သလင်းကျောက်တွေအတွက် ထိပ်တန်းဝိညာဉ်ကျောက်တုံး လဲလှယ်နှုန်းက ၁:၁၀ ဖြစ်သွားတာပေါ့။ ဒါပေမယ့်လည်း၊ ကျုပ်တို့ ဒါတွေကို လဲလှယ်ဖို့ အပြင်ထွက်တဲ့အခါကျရင် လဲလှယ်မှုအချိုးက ၁၀၀:၁ ကိုတိုးလာမှာဖြစ်တယ်။ အချို့စိတ်ထားညစ်ထေး သူတွေကတော့ ဒါကို 200:1 အချိုးနဲ့တောင် လဲလှယ်နိုင်ပါတယ်။"
“ဒါဆို မင်းတို့ဂိုဏ်းက ဝိညာဉ်ကျောက်တုံးတွေ အများကြီးသုံးနေလား။"
"ဒါပေါ့။ နောက်ဆုံးတော့လည်း ဒါကနတ်ဘုရားလောက်ကြီးလေ။ ဒီနေရာမှာဆိုရင် နတ်ဘုရားအဆင့်က အစပဲ။ ကျုပ်တို့လို့ ဂိုဏ်းအသေးလေးတွေကို ဝင်ရောက်သမျှလူတိုင်းဟာ နတ်ဘုရားအဆင့်ကိုရောက်ချင်တဲ့သူတွေချည်းပဲ။"
“ဒါကြောင့်၊ လူတိုင်းနီးပါးက သူတို့ရဲ့တပည့်တွေ ခွန်အားတိုးမြင့်လာစေဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေကို အပြင်းအထန်သုံးကြတာပဲ။"
“ကျုပ်တို့သာ နတ်ဘုရားလောကမှာ တပည့်အများအပြား ပြုစုပျိုးထောင်နိုင်ပြီး သူတို့ကို မျိုးနွယ်စုကြီးတွေနဲ့ အဆင့်မြင့်ဂိုဏ်းခွဲတွေဆီကို ပေးပို့နိုင်ရင် ရက်ရောတဲ့ဆုလာဘ်တွေကို ရမှာကို သိထားရပါမယ်။ ဒါက နတ်ဘုရားအဆင့်ပညာရှင်တစ်ယောက်ကို ဖန်တီးတဲ့ ကုန်ကျစရိတ်ထက်တောင် ပိုလို့ မြင့်သေးတယ်။ ဒါက အတော်လေးလည်း အကျိုးများပါတယ်။"
“ဒါ့အပြင် ဂိုဏ်းရဲ့ တပည့်တွေသာ နတ်ဘုရားဖြစ်ဖို့ အခွင့်အလမ်းတွေ လုံလောက်ခဲ့ရင်၊ ကျုပ်တို့ဂိုဏ်းထဲဝင်ဖို့ ပိုထူးချွန်တဲ့ တပည့်တွေကိုတောင် ဆွဲဆောင်နိုင်မှာပေါ့။"
“ဒါက ဂိုဏ်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးအကြီးဆုံး အခြေခံအုတ်မြစ်တစ်ခုပါပဲ။ ”
"ခင်ဗျားမှာ အရေအတွက်ရော အတိအကျ ရှိလား။"
“ရှိပါတယ်… ကျုပ်တို့ရဲ့ ပင်လယ်ခုနှစ်သွယ်စင်မြင့်မှာ တပည့်တွေနဲ့ အကြီးအကဲ စုစုပေါင်း တစ်သိန်း လောက်ရှိပါတယ်။ လစဉ် ဝိညာဉ်ကျောက်တုံး သုံးစွဲမှုက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ဘီလီယံထက် ကျော်ပါတယ်။"
လုရှောင်ယန်ဟာ တွက်ချက်လိုက်ပြီး ဒါဟာပုံမှန်ပင်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ကုဋေသည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာသာဖြစ်သည်။
ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာမှာ တကယ်တော့ဘာမှမဟုတ်ပါချေ။
ဒါကိုနတ်သလင်းကျောက်များနှင့် လဲလှယ်ပါလျှင် အဆင့်နိမ့်နတ်သလင်းကျောက် တစ်သန်းသာရနိုင်လိမ့်မည်။
၎င်းမှာ အဆင့်မြင့် နတ်သလင်းကျောက် တစ်သောင်းခန့်သာဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် တစ်နှစ်လျှင် အဆင့်မြင့် နတ်သလင်းကျောက် တစ်သိန်းနှစ်သောင်းသာ အသုံးပြုသည်ဟုပင်။
ထိုသို့ဆိုလျှင် ပင်လယ်ခုနှစ်သွယ်စင်မြင့်မှ လုမျိုးနွယ်စုအား နှစ်စဉ်နှစ်တိုင်း အဆင့်မြင့် နတ်သလင်းကျောက် တစ်သိန်းပေးအပ်ရသည်။ သူတို့ဟာတပည့်များကို အနီရောင်အထုပ်များပင် ပေးရသေး၏။
ဤနည်းဖြင့်ဆိုလျှင် ပင်လယ်ခုနှစ်သွယ်စင်မြင့်မှလုမျိုးနွယ်စုအား နှစ်စဉ်နှစ်တိုင်း ပေးအပ်ရသည်နှင့်ပင် ညီမျှလုနီးပါးဖြစ်၏။
သို့သော်၊ ဂိုဏ်းများ များများအသုံးပြုလေလေ၊ လုရှောင်ယန်အတွက် ပိုကောင်းလေဖြစ်သည်။
ဒါဆိုသူ့ထံတွင် များများ ပိုရှိလေလေ လုရှောင်ယန်က ထိပ်တန်း ဝိညာဉ်ကျောက်တုံးများကို ရောင်းရသည်မှာ ပိုအဆင်ပြေလေလေဖြစ်သည်။
"ကျုပ် ခင်ဗျားနဲ့ စီးပွားရေးလုပ်မယ်။ မင်းကို ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက်ပေးမယ်။ ကျုပ်အတွက် နတ်သလင်းကျောက်တွေ သွားဝယ်ပေးပါ။ အရာအားလုံးအတွက် ထိပ်တန်းအဆင့် နတ်သလင်းကျောက်တွေကို လိုချင်တယ်။ ထိပ်တန်းအဆင့် နတ်သလင်းကျောက်ကမှလွဲပြီး ကျန်တာမလိုချင်ပါဘူး။"
ဂိုဏ်းချုပ်ဝမ်မှာ မထိန်းနိုင်ဘဲ အံ့အားသင့်သွားသည်။
"သခင်လေးလု မင်းကျုပ်ကို နောက်နေတာလား။ မင်းက နတ်သလင်းကျောက်များကို ဝယ်ချင်တာလား။ ဒါက အရေအတွက် နည်းနည်းလေး မဟုတ်ဘူး။ ထိပ်တန်းအဆင့် နတ်သလင်းကျောက်ရဲ့တန်ဖိုးက အနက်ရောင်ဈေးကွက်မှာတောင် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး တစ်သိန်းကအနည်းဆုံးပဲ။ ပြီးတော့ ဒါက သာမာန်အချိုးပဲရှိသေးတယ်။ မင်းအလိမ်မခံရရင်တောင် ထိပ်တန်းအဆင့်နတ်သလင်းကျောက်တစ်လုံးဝယ်ဖို့ အနည်းဆုံး ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး တစ်သိန်း သုံးဖို့လိုတယ်။ မင်းက ထိပ်တန်းအဆင့်နတ်သလင်းကျောက်ဘယ်နှစ်လုံးဝယ်ချင်တာလဲ။ များများစားစားမရှိရင် ကျုပ်တို့ပင်လယ်ခုနှစ်သွယ်စင်မြင့်က တစ်ချို့လောက်တော့ လဲလှယ်ပေးနိုင်ပါတယ်။”
လုရှောင်ယန်ဟာ ဂိုဏ်းချုပ်ဝမ်ထံသို့ တစ်ချက်ကြည့်လိုက်သည်။
"ဒါဆိုရင် ကျုပ်ဆီကိုလက်လွှဲလိုက်တုန်းက ဘာကြောင့်ငွေမရှိဘူးလို့ပြောရတာလဲ။"
ဂိုဏ်းချုပ်ဝမ်၏ မျက်နှာမှာ ချက်ချင်းပင်နီရဲသွားသည်။
"အဟမ်း အဟမ်း... မကူညီနိုင်ပါဘူး။ သခင်လေးလု ကျုပ်တို့က မိသားစုသေးသေးလေးပါပဲ။ မင်းရဲ့ လုမျိုးနွယ်စုကို ကျုပ်တို့ နှိုင်းယှဉ်လို့ မရပါဘူး။ ကျုပ်တို့မှာ မိသားစုအကြီးကြီးနဲ့ လုပ်ငန်းတစ်ခုပဲရှိတယ်။ ဖြစ်နိုင်ရင်တော့ ဝိညာဉ်ကျောက်တုံးတွေကို တစ်ဝက်ခွဲပြီး နှစ်ကြိမ်သုံးပါတယ်။ ဘယ်သူက စည်းစိမ်ဥစ္စာနဲ့ ခွဲထွက်ချင်မှာလဲ။"
လုရှောင်ယန်ဟာ သူ၏လက်အားယမ်းလိုက်၏။
“ကောင်းပြီ၊ ကျုပ်ကို အဓိပ္ပာယ်မရှိတာတွေမပြောနဲ့တော့။ ခင်ဗျားရဲ့အသေးအဖွဲလေးတွေကို ကျုပ်စိတ်မဝင်စားဘူး။ အမှန်အတိုင်းပြောရရင် ခင်ဗျားသာ ထိပ်တန်းအဆင့် ဝိညာဉ်သလင်းကျောက်တွေကိုလဲလှယ်နိုင်လေလေ၊ ပိုကောင်းလေပဲ။ ဝိညာဉ်ကျောက်တွေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်စရာမလိုပါဘူး။ ခင်ဗျားကို ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ဆယ်ကုဋေကို အရင်ပေးထားမယ်။ ဒါတွေအားလုံးကို ထိပ်တန်းအဆင့်နတ်သလင်းကျောက်တွေ လဲလိုက်ပါ။ နောက်မှ လဲဖို့ မလုံလောက်တော့ရင် ကျုပ်ဆီမှာထပ်တောင်းလို့ရပါတယ်။"
ဂိုဏ်းချုပ်ဝမ်သည် သူ၏ ဝိညာဉ်ကျောက်တုံးများကို အလွဲသုံးစားလုပ်မည်အား မကြောက်ပါချေ။
သူဟာ ဂိုဏ်းချုပ်ဝမ်၏အလိုကိုပြောင်းလဲရန်အတွက် စစ်မှန်သောအမြင်သုံးပါးကို အသုံးပြုခဲ့သည် ။
စစ်မှန်သောအမြင်သုံးပါးသည် ကျင့်ကြံဆင့်ပိုနိမ့်သူများထံတွင် ပိုမိုထိရောက်သည်။
ပထမဦးစွာ၊ ဂိုဏ်းချုပ်ဝမ်ဟာ သူ့ကိုသစ္စာမဖောက်ဘဲ အခွင့်ကောင်းလည်းယူမည်မဟုတ်ကြောင်းကို အာမခံနိုင်သည်။
ဒုတိယအနေဖြင့် ဂိုဏ်းချုပ်ဝမ်မှာ သူ၏အချက်အလက်များအား တစ်ခြားသူများထံသို့ ထုတ်ပြမည်မဟုတ်သည်ကို အာမခံနိုင်သည်။ မဟုတ်လျှင် ဂိုဏ်းချုပ်ဝမ်ကိုယ်ပေါ်သို့ခတ်နှိပ်လိုက်သော စိတ်အမှတ်အသားမှာ သူ့အားတစ်ခဏအတွင်းပင် သတ်ပစ်နိုင်၏။
ဂိုဏ်းချုပ်ဝမ်မှာ လုရှောင်ယန်ပြောလိုက်သည့် အရေအတွက်များကိုကြားပြီးနောက်တွင် မျက်လုံးများပင်ပြူးကျယ်သွား၏။
"ဘယ်...ဘယ်လောက်တောင်? ဆယ်ကုဋေ? ပြီးတော့ အကုန်လုံးကလည်း ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးတွေဖြစ်နေသေးတယ်? ဘုရားရေ သခင်လေးလု ဘယ်ကနေ ငွေတွေအများကြီးရခဲ့တာလဲ။"
"ခင်ဗျားကို အများကြီးမမေးစေချင်ဘူး။ ခင်ဗျားသိထားရမှာကတစ်ခုပဲရှိပြီးတော့ ဒါက ကျုပ်ကိုသလင်းကျောက်တွေနဲ့လဲနိုင်အောင်လုပ်ပေးဖို့ပဲ။ ကျုပ်ခင်ဗျားကို ကောင်းကောင်းဆက်ဆံမှာပါ။"
ဂိုဏ်းချုပ်ဝမ်ဟာ ချက်ချင်းပင် အတည်ပြောလိုက်သည်။
"မပူပါနဲ့ သခင်လေးလု။ ကျုပ်တို့ ပင်လယ်ခုနှစ်သွယ်စင်မြင့်က တာဝန်ကို အောင်မြင်ပြီးဆုံးအောင်ထမ်းဆောင်မှာပါ။"
လုရှောင်ယန်ဟာ ခေါင်းငြိမ့်ပြီး ဆက်ပြောလိုက်သည်။
"ဒါကောင်းတယ်။ ခင်များဒီကိစ္စကို ဂရုစိုက်ဖို့လိုပြီး ဖုံးထားရမယ်။ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှမသိစေနဲ့၊ နားလည်လား။"
"ကောင်းပါပြီ။"
သူသည် စိတ်အမှတ်အသားတစ်ခုကို ခတ်နှိပ်လိုက်သော်ငြား ဂိုဏ်းချုပ်ဝမ်က ဖော်ထုတ်ရန် အစပြုခြင်းမရှိပါချေ၊ သို့သော်လည်း အချို့သောလူများက လျှို့ဝှက်စွာ စုံစမ်းမည်မှာ မလွဲမသွေပင်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူဟာပြဿနာအကြီးကြီးတက်မည်ဖြစ်သည်။
လုရှောင်ယန်မှာမကြောက်ရွံ့ပါချေ။ ထိုသည်မှာ သူ၏ကျင့်ကြံဆင့်ကအင်မတန်နိမ့်လွန်းနေပြီး ယခုမှ ပထမမြောက် နတ်ဘုရာအားဖြစ်ပေါ်စေခြင်းအဆင့်သို့သာ ရောက်ရှိနေသေး၍ပင်ဖြစ်သည်။
သူဟာနတ်ဘုရားလောကြီးတစ်ခုလုံးတွင် ခြေကုပ်မချနိုင်လောက်အောင်ပင် ဝေးကွာနေသေးသည်။
ထို့ကြောင့် လုရှောင်ယန်မှာ ပို၍ သက်တောင့်သက်သာရှိချင်သည်။
သူ၏ကျင့်ကြံခြင်းအတွက် နောက်ထပ် အဆင့်အထိ ဖြတ်ကျော်နိုင်ရန် နှစ်အနည်းငယ် ပေးမည်ဆိုလျှင် သူဟာ စိတ်မပူမှာ သေချာပါသည်။
ဤအခိုက်အတန့်တွင် ပင်လယ်ခုနှစ်သွယ်စင်မြင့်၏အပြင်ဘက်မှ အားကောင်းသော ရောင်ဝါတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
၎င်းမှာ ပထမမြောက်နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်၏ ရောင်ဝါပင်ဖြစ်သည်။
ဒါဟာ လုရှောင်ယန်၏ ဝမ်းကွဲအစ်ကို လုရှောင်ချန် အဆင့်တက်သွားခြင်းပင်။
"ဒီတစ်ယောက်က တကယ်ကြီးတစ်ချိန်တည်းမှာပဲ အဆင့်နှစ်ဆင့်ကိုကျော်ဖြတ်နိုင်လိမ့်မယ်လို့တောင် မထင်ထားဘူး။"
လုရှောင်ယန်ဟာ အတန်ငယ်အင်အားသင့်သွားသော်လည်း တဖြည်းဖြည်းနှင့် ပုံမှန်ပြန်ဖြစ်လာသည်။
လုရှောင်ချန်သည် နဝမမြောက် စစ်မှန်သောနတ်ဘုရားအဆင့်တွင် အချိန်အတော်ကြာနေခဲ့ပြီး မရေမတွက်နိုင်သော ကျင့်ကြံခြင်းများကို ကြာမြင့် လုပ်ဆောင်ခဲ့သည်။
ယခုတွင်မူ သူသည် ဉာဏ်အလင်းရပြီး မြောက်များစွာသော အရာများကို သင်ယူခဲ့ရသည်။ သူ့အသိသညာနှင့် သွေးကြောများပွင့်သွားသလိုပါပင်။ ထုံးစံအတိုင်း သူဟာ တစ်ဆင့်ပြီး တစ်ဆင့်ဖြတ်ကျော်ပြီး ပထမမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကို ရောက်ရှိသွားခဲ့သည်။
အတွေးတစ်ခုဖြင့် လုရှောင်ယန်သည် ကောင်းကင်သို့ ရောက်ရှိနေပြီဖြစ်သည်။ လုရှောင်ချန်က သူ့ကိုမြင်သည်နှင့် တစ်ခွန်းမှမဆိုဘဲ ရှေ့သို့ထွက်လာကာ သူ့လက်ကို လှမ်းဆွဲလိုက်သည်။
"ရှောင်ယန် ငါကျော်ဖြတ်လိုက်ပြီ။ ငါကျော်ဖြတ်လိုက်ပြီ။ ဟားဟားဟားဟား! ငါ ပထမမြောက်နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကို ကျော်ဖြတ်ရောက်ရှိသွားခဲ့ပြီ။ မင်းမြင်လိုက်လား။ ငါကျော်ဖြတ်လိုက်ပြီ။ အခု ကောင်းကင်ပင်လယ်မြို့တော်ရဲ့ လူငယ်မျိုးဆက်ထဲမှာ ငါ့ကိုယှဉ်နိုင်မယ့်သူမရှိတော့ဘူး။"
လုရှောင်ယန်ဟာ လုရှောင်ချန်၏ စိတ်လှုပ်ရှားပျော်ရွှင်မှုကို အင်မတန်မှပင်ကောင်းကောင်းနားလည်နိုင်ပါသည်။
ပြန်တွေးကြည့်လျှင် သူသည်လည်း အဆင့်တက်သွားချိန်တိုင်း စိတ်လှုပ်ရှားခဲ့ရသည်။
ထို့နောက်တွင် သူဟာဝမ့်ခိုက်နှင့်ဆုံခဲ့ပြီး စိတ်ခွန်အားနှင့် ပျော်ရွှင်မှုများကိုဆုံးရှုံးခဲ့ရသည်။
သူဟာထိုသည်ကိုတွေးသည်နှင့် သူ၏ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားမှာ ရုတ်တရတ်အပြောင်းအလဲဖြစ်သွားသည်။
သူထပ်ပြီး အဆင့်တက်သွားပြန်ပြီ။
သူဟာ ဒုတိယမြောက် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကို ရောက်ရှိသွားခဲ့သည်။
ဒါဟာသူ၏တပည့်များ လုံလုံလောက်လောက်ကျင့်ကြံနေကြခြင်းကြောင့် သူအဆင့်တက်သွားခြင်းဖြစ်ရမည်။
ဒါကိုပြောရမယ်ဆို သူတပည့်တွေက အခုဘယ်မှာလဲ?
အခြားသူများမှာ သူတို့၏မိခင်ကိုရှာရန် စိတ်အားထက်သန်ကြသည်။ သို့သော်သူ၏တပည့်များမှာမူ သူ့အားရှာပင်မရှာကြချေ။ ထိုအစား သူတို့ကိုယ်ပိုင်တပည့်များစုဆောင်းရန်သာသွားကြ၏။
သူသာစောစောကသိခဲ့မည်ဆိုလျှင် ဖုချိုးကျဲယ်သွေးသောက်အဖွဲ့အား လုံးဝဖွဲ့စည်းခဲ့မည်ပင်မဟုတ်ချေ။
အဆုံးတွင် ဒါဟာ "ဝမ်းနည်းမှုဖခင်သွေးသောက်အဖွဲ့"ဟုပင်ဖြစ်လာနိုင်ချေရှိသည်။
နောင်တွင် သူသည် ထိုယုတ်မာသော မျိုးဆက်လေးများကို တွေ့ရှိပါက သူတို့အား တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်ပစ်မည်။
သူဟာ လီကောအား အကြိမ်ရေအနည်းငယ်လောက်ပိုရိုက်ပစ်မည်။ ဒီကောင်စုတ်လေးက တော်တော်လေး မနာခံဘဲ အဖွဲ့အစည်းတော်တော်များများကိုလည်း သွားဆွထားသေးသည်။
ဒါ့အပြင်သူဟာ ဝူရှားကိုလည်း အကြိမ်ရေနည်းနည်းလောက်ပိုရိုက်ရမည်။ ထိုထိတ်လန့်တုန်လှုပ်စရာကောင်းသော ပျော့ပျောင်းမှုသည် သူ့အား စိုးရိမ်မှုအချို့ကို မေ့ပျောက်အောင်ပင်ကူညီပေးနိုင်၏။
သူတွေးနေချိန်တွင် လုရှောင်ချန်က လုရှောင်ယန်၏ပုခုံးအား ပုတ်လိုက်တသည်။
"ရှောင်ယန်၊ စိတ်မပူပါနဲ့။ ဒီတစ်ခါ ငါ့ကိုတိုးတက်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဝမ်းကွဲအစ်ကိုက မင်းရဲ့အကူအညီကို မမေ့ဘူး။ မင်းငါနဲ့ကောင်းကောင်းအလုပ်လုပ်နေသမျှ ငါးနှစ်အတွင်းမှာ မင်း ဆဌမမြောက် နတ်ဘုရားအဆင့်ထက် ပိုပြီးကျော်ဖြတ်နိုင်ရမယ်လို့ ငါအာမခံတယ်!”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၁၅ ဒီကလေးကတကယ်ကြီးဂရုမစိုက်ဘူး။ သူ့ကိုဇနီးတစ်ယောက်လောက် ကူရှာပေးလိုက်ရအောင်
တစ်ခဏလောက် လုရှောင်ယန်ဟာ သူ၏ဝမ်းကွဲအစ်ကိုအား မည်သို့ပြန်ဖြေရမှန်းမသိဖြစ်သွားသည်။ သူဟာ ရယ်သာရယ်လိုက်နိုင်ပြီး ထိုကိစ္စကိုသာ ထင်ရှားစေလိုက်သည်။
"ဒါနဲ့ ကျွန်တော်တို့ ပင်လယ်ခုနှစ်သွယ်စင်မြင့်ဆီကနေ ကမ်းလှမ်းချက် တံစိုးလက်ဆောင်တွေရပြီးပြီ။ လုမျိုးနွယ်စုဆီကို ပြန်သွားသင့်ပြီလား။"
"ဟုတ်တယ်၊ ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ပါတယ်။ ရှောင်ယန် ငါပြန်ရောက်ရင် မင်းကအနာဂတ်မှာ မျိုးနွယ်စုရဲ့စီးပွားရေးလုပ်ငန်းတချို့ကိုလည်း ဂရုစိုက်နိုင်တယ်လို့ အဘိုးကို ငါသေချာပေါက်ပြောမယ်။ အဲဒါဆိုရင် ကျင့်ကြံဖို့အတွက် ငွေလွယ်လွယ်ရှာလို့ရပြီ။"
"ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်ကို"
“ငါတို့က ညီအစ်ကိုတွေပဲ။ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ။ အိမ်ပြန်ကြစို့။"
အိမ်အပြန်လမ်းတွင် ဘဏ္ဍာထိန်းလုမှ လုရှောင်ယန်လုပ်ခဲ့သည်များကို လုရှောင်ချန်ထံသို့ ပြန်လည်တင်ပြသောအခါ သူဟာထပ်မံ၍ အံ့အားသင့်သွားပြန်သည်။
လုရှောင်ယန်ဟာထိုကဲ့သို့ ကောင်းမွန်သည့်အလုပ်ကိုလုပ်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။
ထို့ထက် အရေးကြီးဆုံးမှာ၊ သူသည် အမှန်တကယ်ပင် အလှတရားဖြင့် လွှမ်းမိုးခြင်းမခံခဲ့ဘဲ ပင်လယ်ခုနှစ်သွယ်စင်မြင့်မှ မြင့်မြတ်သောမိန်းမပျိုကို ပြတ်ပြတ်သားသားပင် သတ်ပစ်ခဲ့သည်။
ဒီသတ္တိက တကယ်ကို ပြတ်ပြတ်သားသားပဲ။
"ရှောင်ယန်၊ ဒီလောက်လှတဲ့ မြင့်မြတ်သောမိန်းမပျိုကို ဘယ်လိုတောင် သတ်နိုင်တာလဲ"
လုရှောင်ယန်ဟာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး "ဘာလို့လဲ? ငါ သူ့ကို သတ်လို့မရနိုင်ဘူးလား"
"ဒီလိုပြောတာမဟုတ်ပါဘူး။"
သူတို့၏လောကတွင် အားနည်းသူဟာ အားကြီးသူ၏ သားကောင်ဖြစ်သည်။ ဒါကထာဝရတည်မြဲနေမည့် စည်းမျည်းပင်။
သူတို့၏မျက်လုံးထဲတွင် ဂိုဏ်းတစ်ခု၏ မြင့်မြတ်သောမိန်းမပျိုမှာ ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်ပြီး အလွယ်တကူပင်သတ်လိုက်နိုင်သည်။
ဒါကလုမျိုးနွယ်စုဆိုလျှင်၊ အထူးသဖြင့် လုမျိူးနွယ်စု၏ တိုက်ရိုက်မျိုးဆက်ဆိုလျှင် သူတို့ဟာ ပညာရှင်တစ်ယောက်ကိုပင် အလွယ်တကူသတ်ပစ်နိုင်သည်။
ဒါကိုကံကြမ္မာဟုသာဆိုနိုင်ပေသည်။
"ငါကနှမျောစရာကောင်းတယ်လို့တွေးမိရုံပါ။ ပြီးတော့ တစ်ဖက်လူရဲ့ ပါရမီကလည်းမဆိုးဘူးလေ။ ပြီးတော့ မင်းရဲ့အစေခံအဖြစ်ခေါ်သွားဖို့လည်း မဆိုးပါဘူး။ မင်းရဲ့ ခြံဝန်းထဲမှာ ထမ်းဆောင်ပေးမယ့် အစေခံလည်းမရှိသေးဘူးလေ။"
လုရှောင်ယန်ဟာ သူ၏ခေါင်းအား ခါယမ်းလိုက်သည်။
“ဒီလိုကိစ္စတွေကိုတော့ သိပ်ဂရုမစိုက်ပါဘူး။ ပြီးတော့ မြင့်မြတ်သောမိန်းမပျိုလို့ ခေါ်တဲ့ သူမရဲ့ နှလုံးသားထဲမှာ တခြားသူ ရှိပြီးသားပါ။ ကျွန်တော် သူမနဲ့ မရှုပ်ချင်ဘူး။"
"ပြီးတော့ တခြားတစ်ခုလည်းရှိတယ်။ ယန်ကျီအန်းက အနာဂတ်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာမလား ဆိုတာကို ဘယ်သူကသေချာသိမှာလဲ။ ပြီးတော့ ငါတို့ လုမျိုးနွယ်စုကို လက်စားချေဖို့ ပြန်လာရင်ရော။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? မနောက်ပါနဲ့!"
လုရှောင်ချန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ မယုံကြည်နိုင်စွာ ပြုံးလိုက်သည်။
"မင်းပြောခဲ့တဲ့စကားအတိုင်းဆိုရင် ယန်ကျီအန်းက သူတော်စင်အဆင့် အမှိုက်ကောင်ထက် ဘာမှ မပိုပါဘူး။ စွမ်းအားပိုကြီးလာဖို့ သူကဘယ်လိုအရည်အချင်းပြည့်မီမှာမလဲ။ သူ့မှာ အဆက်အသွယ်လည်းမရှိသလို အရည်အချင်းနဲ့ ရင်းမြစ်တွေလည်း မရှိပါဘူး။ သူအကောင်းဆုံး လုပ်နိုင်တာက နတ်ဘုရားသခင်အဆင့်ကို ရောက်ဖို့ပဲ။”
"ပြီးတော့ နတ်ဘုရားလောကမှာရှိတဲ့ ကျင့်ကြံသူတွေက ဆင်းရဲဒုက္ခကို ကျော်လွှားဖို့ မလိုအပ်တာကြောင့်ပဲ ဖြစ်နိုင်တယ်။ မဟုတ်ရင် သူက နတ်ဘုရားအဆင့်ကိုတောင် ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။
ဒါကြောင့် ဒီကိစ္စအတွက်နဲ့ မင်းလုံးဝစိုးရိမ်နေဖို့မလိုအပ်ပါဘူး။"
လုရှောင်ယန်ဟာ ပြောစရာပင်မဲ့သွားသည်။
အကယ်၍ သူတို့သည် နတ်ဘုရားလောကမှ ဒုက္ခကို ကျော်လွှားရန် မလိုအပ်ပါက၊ ယန်ကျီအန်းအတွက် လွယ်ကူမည် မဟုတ်ပေ။
ကံကောင်းထောက်မစွာပင် သူဟာ ယန်ကျီအန်းကိုသတ်ပစ်ခဲ့သည်။ ယန်ကျီအန်းသာလွတ်မြောက်သွားခဲ့ရင် သူ့ရဲ့ ကျင့်ကြံဆင့်ကအရှိန်အဟုန်နဲ့ တိုးလာမှာ မဟုတ်ဘူးလား။
နတ်ဘုရားလောကတွင်လည်း မြင်းနက်များ ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အနာဂတ်မှာ သူ့အနေနဲ့ ပိုသတိထားရမယ့်ပုံပါပဲ။
လုရှောင်ချန်မှာတော့ သူ့အား မယုံတဲ့အတွက် လုရှောင်ယန်ဟာ ပြောပြဖို့ စိတ်မ၀င်စားပါချေ။ နောက်ဆုံးတော့လည်း တစ်ဖက်လူက သူ့တပည့်မဟုတ်ပါပေ။ မြင်းနက်များအကြောင်းကို ပြောပြလျှင်လည်း တစ်ဖက်လူက သူ့ကို ယုံမှာမဟုတ်ပါ။
ထို့ကြောင့် လုရှောင်ယန်ဟာ သတိထားရန်ကအကောင်းဆုံးဖြစ်ကြောင်းပြောပြီး သူတို့နှစ်ဦးကြား စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
နတ်သင်္ဘောသည် လုမျိုးနွယ်စုထံ အမြန်ပြန်ရောက်လာခဲ့သည်။ လုရှောင်ချန်သည် လုရှောင်ယန်အား သူ့အဖိုးထံမှ အကြွေးယူရန် မူလကတည်းက ပြင်ဆင်ထားသည်။
သို့သော် လုရှောင်ယန်က စိတ်မဝင်စားပါပေ။ ထို့ကြောင့် သူဟာရိုးရိုးရှင်းရှင်း ငြင်းဆန်ပြီး ကျင့်ကြံရန်သာပြန်လာခဲ့သည်။
ကူကယ်ရာမဲ့စွာ လုရှောင်ချန်သည် သူ့အဖိုးထံသို့တစ်ယောက်တည်းသာ သတင်းပို့နိုင်သည်။
…
"ရှောင်ယန်က အဲ့ဒီ့မြင့်မြတ်သောမိန်းမပျိုကို တိုက်ရိုက်ပဲ သတ်လိုက်တယ်လို့ပြောတာလား။"
"ဟုတ်ပါတယ်။"
လုရှောင်ချန်၏ တင်ပြချက်ကိုကြားရသောအခါ သခင်ကြီးလု၏ မျက်လုံးများသည် မထိန်းနိုင်ဘဲ တဖိတ်ဖိတ်တောက်နေ၏။
"ရှောင်ယန် နှစ်ပေါင်းများစွာ အပြင်မှာ ခံစားခဲ့ရပြီး သူ့ရဲ့စရိုက်က တွက်ချက်တတ်ပြီး သေးသိမ်မယ်လို့ အစက ထင်ခဲ့တာ။ အခုဆို ဒီကလေးရဲ့စရိုက် မဆိုးသေးဘူးလို့ မြင်တယ်။"
"ကံဆိုးချင်တော့ သူသာ လုမျိုးနွယ်စုထဲမှာသာ ကြီးပြင်းခဲ့မယ်ဆိုရင် သူရဲ့ကျင့်ကြံဆင့်က နတ်ဘုရားအဆင့်ကိုတောင် ကျော်ဖြတ်ပြီးတာကြာနေလောက်ပြီ။"
"ဒါပေမယ့် ရှောင်ယန်က အခုလည်းတော်တော်ကြိုးစားရှာတယ်။ လုမျိုးနွယ်စုကိုရောက်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တွေတည်းက သူကအိမ်အပြင်ကိုလုံးဝမထွက်ခဲ့ဘူး။ သူကလုံ့လရှိရှိကျင့်ကြံနေပြီး တတိယမြောက် နတ်ဘုရားအဆင့်ကိုတောင်ရောက်သွားခဲ့တယ်။"
"ငါဒါကိုသိပါတယ်။ ဒါပေမယ့် သူကလုံ့လရှိပေမယ့်လည်း အစတည်းက သူ့ရဲ့အသက်ကို ပြန်ပြင်လို့မရတော့ဘူးလေ။ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်မှာ ပိုပြီးငယ်ရွယ်လေလေ ပါရမီကောင်းလေလေဆိုတာ မင်းလည်းသိတာပဲ။ သူက အကောင်းဆုံးအသက်နဲ့ ပါရမီကို ကျော်လွန်ပြီးနေပြီ။"
လုရှောင်ချန်၏မျက်ဝန်းများမှာ နောင်တရသောအမူအရာများကိုပြသနေ၏။
သူ့ရဲ့အဖိုးပြောသည်မှာ တကယ်မှန်ပါသည်။
နောက်ဆုံးတော့လည်း သူ့အဖိုးမှာ ပြီးပြည့်စုံသော ဒဿမမြောက် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့် ပညာရှင်ပင်!
သူ့ထံတွင် ကျင့်ကြံခြင်း အတွေ့အကြုံအလုံအလောက်ရှိပေသည်။
သူသာ လုရှောင်ယန်၏ ကျင့်ကြံခြင်းလမ်းကြောင်းဟာ မသေချာဘူးဟု ဆိုလာလျှင် လုရှောင်ယန်၏ အနာဂတိမှာ အမှန်ပင် မသေချာဖြစ်လေသည်။
ဒါပေမယ့်လည်း ထိုသို့ဆိုလျှင်တောင် သူဟာသူ့၏ဝမ်းကွဲညီလေး လုရှောင်ယန်အတွက် တစ်ခုခုလုပ်ပေးချင်သေးသည်။
"အဖိုး၊ ရှောင်ယန်၏ ကျင့်ကြံခြင်းပါရမီမှာ ပြန်လည်ပြင်ဆင်၍မရနိုင်တော့ပေမယ့်လည်း သူနဲ့ကျွန်တော် လုမျိုးနွယ်စုရဲ့ စီးပွားရေးကိစ္စလေးတချို့မှာအတူတူအလုပ်တွဲလုပ်လို့ရမလား သိချင်ပါတယ်။"
သခင်ကြီးလုမှာ ခေါင်းမငြိမ့်လိုက်ခင် ခဏမျှတိတ်ဆိတ်သွား၏။
"ဒီအကြံကောင်းသားပဲ။"
လုမျိုးနွယ်စုကို သူတို့အားကျင့်ကြံရန်အတွက်သာ ဖန်တီးထားခြင်းမဟုတ်ချေ။ ကျင့်ကြံခြင်းကလွဲလျှင် လုမျိုးနွယ်စုမှာ အချို့အလုပ်များအတွက် လူများလိုအပ်နေသေးသည်။
ဥပမာ၊ သံတမန်ရေး၊ စီးပွားရေး၊ ဝိညာဉ်ကျောက်တုံးများနှင့် ပတ်သက်သော အမျိုးမျိုးသော တည်ရှိမှုများပင်။
သူတို့ဟာ ထိုအရာများမှ အကျိုးအမြတ်အတော်အတန်ရရှိခဲ့ပေသည်။
လုရှောင်ယန်မှာ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် အောင်မြင်မှုများများမရနိုင်ဟုဆိုကတည်းက သူအားသက်တောင့်သက်သာဖြင့် အချို့အလုပ်များပေးရန်မှာ ဆိုးရွားသောရွေးချယ်မှုမဟုတ်ပါပေ။
"ဒီကိစ္စလည်းအရေးကြီးတယ်ဆိုပေမယ့် လုမျိုးနွယ်စုထဲက လူတော်တော်များများကတောင် ရှောင်ယန့်ကိုဝေဖန်နေကြပြီးပါပြီ။"
ထိုသည်က လူတွေသည် မေ့လျော့တတ်သည်ကို ပြခြင်းပင်ဖြစ်သည်။ ရှောင်ယန်၏ဖခင် ချင်းရှန်သည် တစ်ချိန်က လုမျိုးနွယ်စုထံသို့ ယူဆောင်လာခဲ့သည့် ဂုဏ်ကျက်သရေကို သူတို့ဟာ မမှတ်မိတော့ပါချေ။ သူတို့မှတ်မိသည်မှာ ရှောင်ယန်သည် လက်ရှိလုမျိုးနွယ်စုထံမှ ရင်းမြစ်များစွာကို ခံစားနေရပြီဖြစ်ကြောင်းကိုပင်ဖြစ်သည်။
"ငါသာ ရှောင်ယန်ကိုအလုပ်ပေးလိုက်ရင် သူ့ကိုသွားဆွသလိုဖြစ်ပြီး အခြားသူတွေကို မနာလိုဖြစ်စေမှာကိုတော့ စိုးရိမ်မိတယ်။ ငါအသက်ရှင်နေတာနဲ့ ရှောင်ယန်ကအဆင်ပြေမှာပါ။ ဒါပေမယ့် တစ်နေ့ကျရင် ငါကလည်းအသက်ကြီးလာမှာပဲ။ ငါသေပြီးနောက်ကျရင် သူတို့ကရှောင်ယန်ကို ဘာတွေလုပ်မလဲကိုတော့မသိဘူး။"
သခင်ကြီးလုမှာမည်သည့်ရွေးချယ်မှုမှမရှိပါချေ။ ထိုသည်မှာ မျိုးနွယ်စုကြီးဖြစ်ပြီး အားလုံးမှာ သူ၏မျိုးဆက်များပင်။
လူတိုင်းဟာမနာလိုဖြစ်ကြသည်။ သူတို့အတွက် လုရှောင်ယန်၏ ရင်းမြစ်များပေါ်တွင်မနာလိုဖြစ်ကြသည်မှာ နားလည်နိုင်ပါသည်။
သူကတကယ်တော့ လုရှောင်ယန်အတွက်နဲ့ အခြား မျိုးဆက်လေးတွေကို သတ်သလိုမျိုးတော့ ဖြစ်မသွားနိုင်ဘူး မဟုတ်လား?
"အဖိုး အဲ့ဒါကိုစိတ်မပူပါနဲ့။ ကျွန်တော်က ဝမ်းကွဲညီလေးကို ကာကွယ်ပေးမှာပါ။"
လုရှောင်ချန်ဟာ စကားဆုံးသည်နှင့် သူ၏ အရှိန်အဝါကို ထုတ်လွှတ်ရန် အစပြုလိုက်သည်။
“ဒီအရှိန်အဝါ… ခဏနေဦး၊ မင်း ပထမမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကို ရောက်သွားပြီလား။"
လုရှောင်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဒီနေ့ ကံကောင်းပြီး အဆင့်တက်သွားခဲ့တာ"
"ကောင်းပြီ! ကောင်းတယ်! ဒါက ငါတို့ လုမျိုးစုကို ကောင်းကင်ဘုံက ကာကွယ်ပေးလိုက်တာပဲ။ ဟားဟားဟား... ကောင်းကင်ပင်လယ်မြို့တော်တစ်ခုလုံးမှာ ပထမမြောက် နတ်ဘုရားအဆင့်ကို လူဘယ်နှယောက်ကများ ကျော်ဖြတ်ရောက်ရှိနိုင်မှာလဲ။ ဒါက အရင်တစ်ချိန်က အဘိုးရဲ့ စံချိန်ကိုတောင် ချိုးဖျက်ခဲ့တာပဲ။ ဒါက မကြုံစဖူး မှတ်တမ်းတစ်ခုပဲ!"
"ကောင်းကင်ပင်လယ်မြို့တော်တစ်ခုလုံးမှာ ဘယ်သူကများ မင်းနဲ့ ယှဉ်နိုင်မှာလဲ။"
သခင်ကြီးလုမှာ အင်မတန်စိတ်လှုပ်ရှားနေပြီး သူ၏မြေးမှာ နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်သို့ ကျော်ဖြတ်ရောက်ရှိနိုင်လိမ့်မည်ဟုပင် မမျှော်လင့်ထားခဲ့ချေ။
သူ၏ နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်မှာ အင်မတန်မှာ အင်အားကြီးသည်ဟုဆိုနိုင်ပါသော်လည်း သူဟာထို နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကို သူ၏ အသက် ၅၀ရောက်မှသာ ကျော်ဖြတ်ရောက်ရှိနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
သူတို့၏ အသက်ကွာခြားချက်မှာ လုရှောင်ချန်၏ ကျင့်ကြံခြင်းက မည်မျှအားကောင်းသည်ကို ရှင်းရှင်းလင်းလင်းပြသနေသည်။
အနာဂတ်လုရှောင်ချန်မှာ သူ့ထက်ပင်ပို၍ရှေ့ရောက်နိုင်ပြီး ဒဏ္ဍာရီလာ ဆယ်ပါးသောဧကရာဇ်သိုင်းနတ်ဘုရားအဆင့်သို့ပင် ရောက်ရှိကောင်းရောက်ရှိနိုင်လေသည်။
ကောင်းကင်ဘုံက ရှောင်မျိုးနွယ်စုအား တကယ်ကိုကောင်းချီးပေးလိုက်တာပင်!
"ကျွန်တော်နဲ့သာဆိုရင် အဖိုးလည်း ရှောင်ယန်ရဲ့လုံခြုံမှုကိုစိတ်ပူစရာမလိုတော့ဘူး မလား?"
သခင်ကြီးလုမှာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ။ ပြောရမယ်ဆိုရင် မင်းအရင်က နဝမမြောက် စစ်မှန်သောနတ်ဘုရားအဆင့်မှာပဲ ရှင်းရှင်းလင်းလင်းကြီးရှိနေခဲ့တာမဟုတ်လား။ ဘယ်လိုဖြစ်ပြီး ပထမမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကို ဒီလောက်မြန်မြန်ရောက်သွားရတာလဲ။"
လုရှောင်ချန်သည် နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားအောင်ပြုံးကာ ပြောလိုက်သည်။
"တကယ်တော့ ရှောင်ယန်က ကျွန်တော်အဆင့်တက်သွားတာရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ နတ်ဘုရားလမ်းစဉ်ကို ကျင့်ကြံရာ သူတို့ရဲ့အတွေ့အကြုံနဲ့ နားလည်နိုင်စွမ်းကို တိုးမြင့်လာစေဖို့အတွက် နတ်ဘုရားအဆင့် ကျင့်စဉ်နည်းနည်းကိုလည်း ကျင့်ကြံဖို့လိုကြောင်းကို သူတစ်ကြိမ်ကြားဖူးတယ်တဲ့။ အဲ့ဒါကြောင့် ကျွန်တော်လည်း စမ်းကြည့်လိုက်တာပဲ။ တကယ်အောင်မြင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။”
ဆရာကြီလုမှာ အထပ်ထပ်အခါခါ သက်ပြင်းချလိုက်သည်။
"ရှောင်ယန်၊ ဒီကလေးက ငါတို့ လုမျိုးနွယ်စုအတွက် တကယ်ကို ကြီးမားတဲ့ ပံ့ပိုးမှုတစ်ခု လုပ်ခဲ့တာပဲ။ မဆိုးပါဘူး၊ ဒီကလေးက တကယ်ကိုမဆိုးဘူး။ အစက သူ့ဘဝကို အေးအေးချမ်းချမ်းနေနိုင်မယ်လို့ ထင်ခဲ့တာ။ အခု ဒီကလေးရဲ့ပါရမီက မလုံလောက်ဘူးဆိုရင်တောင် သူက ပုံရိပ်တစ်ခုအဖြစ် ကြီးထွားနိုင်ဆဲလို့ ထင်ရတယ်။"
“သူ့အတွက် ဒီကိစ္စကို ပြီးအောင်လုပ်ဖို့ အချိန်ရောက်နေပြီလို့ ထင်တယ်။ ”
လုရှောင်ချန်သည် အတန်ငယ်မျက်ခုံးပင့်လျက် "ဘာတွေပြောနေတာလဲ အဘိုး?"
“ဟဲဟဲ၊ မင်းမသိဘူးလား။ အဲ့ဒီတုန်းက မင်းဦးလေးလုချင်းရှန်ဟာ ကောင်းကင်ပင်လယ်မြို့တော်တစ်ခုလုံးကိုဖိနှိပ်ထားပြီး ထွန်းလင်းနေခဲ့တယ်။ မျိုးဆက်တစ်ဆက်ရဲ့ပညာရှင်လို့တောင် ဆိုနိုင်တယ်။ အဲဒီတုန်းက လူတော်တော်များများကလည်း မင်းဦးလေးကို လေးစားကြတယ်။"
“သူတို့ထဲက တစ်ယောက်က မင်းဦးလေးဆီက မျက်နှာသာပေးခံရတဲ့ မြူခိုးစင်မြင့်ရဲ့ ဂိုဏ်းချုပ်ပဲ။ အဲ့ဒါ့ကြောင့် သူကသစ္စာတောင်ဆိုထားတယ်လေ။"
“အနာဂတ်မှာ တပည့်မိန်းကလေးတစ်ယောက်ရှိလာမယ်ဆိုရင် သူ့ကို ရှောင်ယန်ရဲ့ဇနီးဖြစ်ခွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်။"
"နောက်တော့ သူက အမျိုးသမီးတပည့်ကို ခေါ်ပြီး မြူခိုးစင်မြင့်ရဲ့ အပျိုစင်နတ်မိမယ်အဖြစ် အပ်နှင်းခဲ့ပေမယ့် ရှောင်ယန်က နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တယ်လေ၊ အဲ့ဒါကြောင့် ဒီလမ်းကြောင်းကို ငါမတွေးခဲ့မိဘူး။"
"ရှောင်ယန်က အခုမှပြန်လာတာတောင် ဒီကိစ္စကို ကျွန်တော် မစဉ်းစားမိဘူး။ တကယ်တော့ ရှောင်ယန်က တခြားလူတွေနဲ့လည်း သဟဇာတဖြစ်ဖို့ နည်းနည်းခက်ခဲနေပါသေးတယ်။"
"အခုဆိုရင် ရှောင်ယန်ရဲ့အရည်အချင်းကသာမန်ဆိုပေမယ့် သူ့ရဲ့စရိုက်ကမဆိုးဘူး။ လုမျိုးနွယ်စုကိုထောက်ပံ့ပေးပြီးတော့ မင်းကိုလည်း နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကိုတက်လှမ်းနိုင်အောင် ကူညီပေးခဲ့တယ်။"
"ငါ့ရဲ့မျက်နှာကိုဆုံးရှုံးရမယ်ဆိုရင်တောင် ရှောင်ယန့်အတွက် ဒီလက်ဆက်ကို အတည်ပြုပြီးအဆုံးသတ်နိုင်ဖို့ကူညီရမယ်။"
လုရှောင်ချန်၏ နှလုံးခုန်သံမှာ တစ်ချက်လွဲချော်သွား၏။
ရှောင်ယန့်ထံတွင် တကယ်တော့ အပျိုစင်နတ်မိမယ် သတို့သမီးလောင်းရှိနေပြီးဖြစ်သည်။
အံ့ဖွယ်ပဲ!
ထိုမြူခိုးစင်မြင့်၏ အပျိုစင်နတ်မိမယ်သည်မှာလည်း ပင်လယ်ခုနှစ်သွယ်စင်မြင့်ကဲ့သို့သော ဂိုဏ်းငယ်လေးမှဖြစ်သည်။ ပြောရလျှင် ထိုဂိုဏ်းမှာ နတ်ဘုရားလောကတွင် အင်မတန်သင့်လျော်သည်ဟုဆိုနိုင်သည်။ အနိမ့်ဆုံးကျင့်ကြံဆင့်ရှိသော ဂိုဏ်းသားများမှာ အနည်းဆုံးနတ်ဘုရားအဆင့်နှင့်အထက်များမှဖြစ်သည်။
ပြတ်ပြတ်သားသားပြောရလျှင် တစ်ဖက်လူ၏စမှတ်မှာ ၎င်းတို့၏ လုမျိုးနွယ်စုထက် များစွာမြင့်မားနိုင်သည်။
သူတို့သာ တစ်ဖက်မှ အပျိုစင်နတ်မိမယ်နှင့် ရှောင်ယန့်ကြားရှိ လက်ဆက်ပွဲအားအတည်ပြုနိုင်လိုက်လျှင် လုမျိုးနွယ်စုအတွင်းရှိ ရှောင်ယန်၏အနာဂတ်ဂုဏ်ပုဒ်မှာ ပိုမိုတည်ငြိမ်လာမည်ဖြစ်သည်။ မည်သူမှသူ့အားအနိုင်ကျင့်ရဲမည်မဟုတ်တော့ချေ။
လုရှောင်ချန်မှာ အတန်ငယ်တော့ အားကျမိသော်လည်း မနာလိုခြင်းတော့မဟုတ်ပါပေ။
ဒါဟာ ရှောင်ယန်၏အဖေ၊ သူ၏တုနှိုင်းမဲ့သောအင်အားကြီးသည့် ဦးလေးဖြစ်သူက ရှောင်ယန်အတွက် ထိုအခွင့်အရေးအားပေးထားခဲ့ခြင်းကို သူသိခြင်းကြောင့်ပါပင်။
***