အခန်း (၃၀၁-၃၀၅)
Vol. 21 Ch. 301-305
အပိုင်း ၃၀၁ ဒီလောကကြီးက တကယ်ကိုအန္တရာယ်များတာပဲ။
"ကျုပ် ကျွင့်ပုကျန်းက ပြိုင်ဘက်ကင်းတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်တော့ မဟုတ်ပေမယ့်လည်း ဓားနတ်ဆိုးဂိုဏ်းကိုစဝင်ကတည်းက စည်းမျည်းတွေကို မလိုက်နာခဲ့ဘူးလား။ ဓားနတ်ဆိုးဂိုဏ်းကိုပြိုကွဲစေဖို့ လုပ်ခဲ့တာမျိုးရောရှိခဲ့လို့လား။"
"ကျုပ်ရဲ့တပည့်လေးတွေကရော ဂိုဏ်းစည်းမျည်းကိုဆန့်ကျင်တဲ့ အမှားတွေများကျူးလွန်ခဲ့ဖူးလား။"
အကြီးအကဲရွှီ၏ မျက်နှာမှာ မထိန်းနိုင်အောင် ရှုံ့တွသွား၏။ သူ၏စိတ်ထဲတွင် ဘိုးဘေးများကိုပင် အချိန်ကြာ ကျိန်ဆဲနေမိသည်။
သူဟာ ဂိုဏ်းမှချမှတ်ထားသောစည်းမျဉ်းများအား လက်ကိုင်ထားကာ နာခံပြီး ချိုးဖောက်ခဲ့ခြင်းမျိုးမရှိပါပေ။ ထိုသို့ နာခံလွန်းနေခြင်းကပင် အကြီးအကဲရွှီအား ရူးသွပ်သွားစေသည်!
နေ့ရက်တိုင်းတွင် သူဟာသူ၏တပည့်များအား စားသောက်ဆောင်သို့ အချိန်မီခေါ်ဆောင်လာတတ်သည်။ အမြဲလိုပင်စားသောက်ဆောင်သို့ ပထမဦးစွာ ရောက်နှင့်နေသူလည်းဖြစ်သည်။
တခြားသော တောင်ထွဋ်မှ ဂိုဏ်းသားများလာရောက်ချိန်တွင် သူတို့မှာ လူတန်းရှည်ကြီးကိုသာတွေ့ရသည်။
ဂိုဏ်းမှ ဆေးလုံးများ၊ သလင်းကျောက်များနှင့် အခြားသောကျင့်ကြံခြင်း အရင်းအမြစ်များကို လစဉ် ဝေငှပေးသောအခါတွင် ၎င်းတို့သည် ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ပို၍ပင် စိတ်အားထက်သန်လာကြသည်။ ထိုဓားနတ်ဆိုးဂိုဏ်းတစ်ခုလုံးတွင် ကျွင့်ပုကျန်းနှင့်သူ၏တပည့်များသာ အမြဲတစေ ထိုရင်းမြစ်များကို ဦးဆုံးတောင်းခံကြသည်။
ဒါကအဆင်ပြေပါသေးသည်။
သူတို့ဟာ အရှက်သာမဲ့တတ်ခြင်းဆိုလျှင် ကိစ္စမရှိပါချေ။ အနည်းဆုံးတော့ ဂိုဏ်းမှ အစားအသောက်၊ နေရာထိုင်ခင်းနှင့် ကျင့်ကြံခြင်းရင်းမြစ်များကို ပံ့ပိုးပေးရန်မူ ဆန္ဒရှိခဲ့ပါသည်။ ထိုအရာကို နားလည်နိုင်ပါသည်။
အချို့ကိစ္စများတွင်တော့ ကန့်သတ်ချက်များရှိပါသည်။ ကျွင့်ပုကျန်းနှင့် သူ၏တပည့်များမှာ သူတို့၏ဝေစုများထက်ပိုမိုရယူရန်မှာမူ မဖြစ်နိုင်ပါချေ။
သို့သော် တကယ့်ပြဿနာမှာ ဂိုဏ်းမှ တိုက်ပွဲနှင့်ကြုံလာရချိန်တွင် အကျိုးအမြတ်များရယူရာရန်တွင်မူ ထိပ်ဆုံးမှလာတတ်သော ကျွင့်ပုကျန်းနှင့် သူ၏တပည့်များမှာ အခြားလူများထက်ပင် သူရဲဘောကြောင်နေသေးပေသည်။
ယမန်နေ့၌ပင် အိမ်နီးချင်းတောင်ပေါ်၌ ဓားနတ်ဆိုးဂိုဏ်းနှင့် နဂါးရူးဂိုဏ်းတို့ကြား တိုက်ပွဲဖြစ်စဉ်တွင် ဂိုဏ်းနှစ်ဂိုဏ်းစလုံးမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသော်ငြား ကျွင့်ပုကျန်းနှင့် သူ၏တပည့်များမှာ မည်သည့်နေရာတွင် ငြိမ်ငြိမ်လေးသွားနေကြသည်ပင် မသိရပါချေ။
အဆုံးတွင်မူ ထိုတိုက်ပွဲမှာ ဓားနတ်ဆိုးဂိုဏ်းအား ရှုံးနိမ့်စေခဲ့၏။ ဂိုဏ်းချုပ်သည်ပင် ဒဏ်ရာအပြင်းအထန်ရရှိသွားလေသည်။
လက်ရှိတွင်မူ ဂိုဏ်းချုပ်မှာလည်း ဝူရှူးမြို့ရှိ ကုသခြင်းလမ်းစဉ်၌ အားအကောင်းဆုံး သူတော်စင်ဆေးလုံးဂိုဏ်းတွင် ဒဏ်ရာများအားပြန်လည်ကုနေသည်။
မူလကတော့ ကျွင့်ပုကျန်းမှာ သူ့အားဆီလျှော်သည့် ရှင်းပြချက်အား ပေးလာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ဒါပေမယ့်သူက ဘာကိုပြောလာခဲ့တာလဲ။
သူလမ်းပျောက်ခဲ့သည်ဟုပင်။
သွားသေလိုက်လေ၊ ဂိုဏ်းနှစ်ဂိုဏ်းအကြားတွင် တောင်ကြားတစ်ခုသာရှိ၏။ တစ်ဖက်လူမှာ ဝက်တစ်ကောင်ဖြစ်နေခဲ့ပါလျှင်တောင် လမ်းပျောက်ဖို့ရန်မဖြစ်နိုင်ပါချေ။
ဒါ့အပြင်၊ သူကမှ တကယ့်ကို ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင်မဟုတ်ဘူးလား။
သူဟာ ဓားနတ်ဆိုးဂိုဏ်းအား ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်ခန့်သာ ရှိပါသေးသော်ငြား အဌမမြောက် နတ်ဘုရားအဆင့်ကို ကျော်ဖြတ်ရောက်ရှိနေပြီဖြစ်သည်။
သူ၏ပါရမီမှာ လွန်စွာမှအားကောင်းလှသဖြင့် ဂိုဏ်းကပင် သူ့အားပျိုးထောင်ရန် များစွာသောရင်းမြစ်များကိုပေးအပ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ကျွင့်ပုကျန်းနှင့် သူ၏တပည့်များသည် ဓားနတ်ဆိုးဂိုဏ်း၏ ထူးကဲသောအားတစ်ခု ဖြစ်လာခဲ့သည်။
ဒါကပင် ကျွင့်ပုကျန်းအား သတ်ပစ်ချင်ပါသော်ငြား ခက်ခဲနေရခြင်းအကြောင်းအရင်းဖြစ်၏။
ဒါပေါ့ တကယ့်အကြောင်းပြချက်ကတော့ ဓားနတ်ဆိုးဂိုဏ်း၏ အဆင့်မှာအရမ်းနိမ့်နေခြင်းပင်။ ဝူရှူးမြို့တော်တွင် ၎င်းတို့၏ဂိုဏ်းအား ဂိုဏ်းငယ်တစ်ခုအဖြစ်သာ မှတ်ယူနိုင်သည်။ ဂိုဏ်းထဲတွင် ပညာရှင်များ အများအပြားမရှိချေ။ ဒါ့အပြင် ယခုတွင် ၎င်းတို့မှာ ကြီးမှားသောတိုက်ပွဲနှင့် အရှုံးဒဏ်ကို ကြီးကြီးမားမားခံစားနေရခြင်းလည်းဖြစ်သည်။
မဟုတ်ရင် သူဟာ တစ်ဖက်လူကို အကြာကြီး တိုက်ခိုက်ပြီး သတ်ရလိမ့်မည်။ သူကအခုထိ ဘာလို့ သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေသေးမှာလဲ။
နောက်ထပ်ပြဿနာမှာ ဝူရှူးမြို့၏ လုံခြုံရေးအခြေအနေက အတော်လေးကောင်းမွန်ပြီး ကျွင့်ပုကျန်းထံတွင် လက်အောက်ငယ်သားများ ရှိနေခြင်းကြောင့်ပင်။ သူတို့ထဲမှ တစ်ယောက်သာ လွတ်မြောက်သွားပြီး ဓားနတ်ဆိုးဂိုဏ်းကအပြစ်မဲ့သူတွေကို သတ်ပစ်ကြောင်း သတင်းထွက်လာပါလျှင် ဘယ်သူကများ သူတို့၏ ဓားနတ်ဆိုးဂိုဏ်းအား ဝင်ရောက်ချင်နိုင်ပါတော့မည်နည်း။
အကြောင်းအရင်းအား ရောနှောကာပေါင်းစပ်လိုက်သောအခါ အကြီးအကဲရွှီသည် ကျွင်းဝူကျန်းအားဂိုဏ်းမှထွက်ခွာရန်သာ ဆွဲဆောင်နိုင်တော့သည်။
ထိုသို့သာမဟုတ်လျှင် ကျွင့်ပုကျန်းမှယခုလိုမျိုး ဆက်ပြီး ကြီးထွားလာမည်ဆိုရင် မကြာခင်မှာပင် သူတို့၏ ဓားနတ်ဆိုးဂိုဏ်းအား ဝါးမြိုသွားမည်ကို အမှန်တကယ်ကြောက်ရွံ့နေရ၏။
"အကြီးအကျွင့်၊ ခင်ဗျားပြောတာမှန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ဓားနတ်ဆိုးဂိုဏ်းလည်း တိုက်ပွဲအကြီးကြီးကိုရင်ဆိုင်ခဲ့ရပြီး တော်တော်လေးလည်းဆုံးရှုံးထားရတယ်လေ။ ကျုပ်တို့လည်း အဆုံးသတ်ခါနီးနေပါပြီ။"
ကျွင့်ပုကျန်းလည်း ချက်ချင်းပဲခပ်တည်တည်ပြန်ပြောလိုက်သည်။
"အကြီးအကဲရွှီ၊ ဒီကိစ္စကြောင့်သာဆိုရင် ကျုပ်တို့ထွက်သွားဖို့ပိုလို့တောင်မဖြစ်နိုင်သေးတယ်။ ကျုပ်လည်းဂိုဏ်းကနေ ရခဲ့တာတော်တော်များပါတယ်။ အခုဂိုဏ်းကဒုက္ခနဲ့ကြုံနေရချိန်မှာ ကျုပ်ကဘယ်လိုထွက်သွားနိုင်မှာလဲ။ ဒါကအရမ်းကိုလူမဆန်လွန်းရာကျမနေဘူးလား။"
အကြီးအကဲရွှီမှာ ဒေါသထွက်လွန်းသောကြောင့် ဆဲရေးမိလုနီးပါးပင်။
သူက ဘာအတွက် ဟန်ဆောင်နေရတာလဲ။ ဘာကြောင့် သူကလည်း ထိုလူကိုထွက်သွားဖို့ရာ သွေးဆောင်ခဲ့မိရတာလဲ။
ကျွင့်ပုကျန်း၏ ပုံစံကြောင့်၊ ဂိုဏ်းသည် ယခုအချိန်တွင် အလွန်ခက်ခဲသောအခြေအနေသို့ရောက်ရှိနေပြီး ကျွင့်ပုကျန်းနှင့် သူ၏တပည့်များအားလည်းအရင်းအမြစ်များစွာကို လစဉ်ထောက်ပံ့ရဆဲပင်ဖြစ်သည်။
အကြီးအကဲရွှီမှာ ထိုလူ၏ ဘိုးဘေးသည်လည်း လူယုတ်မာ ဖြစ်၍ လူကောင်းဖြစ်မည်မဟုတ်ကြောင်း သံသယပင်ဝင်မိသည်။
"အကြီးအကဲကျွင့်၊ ဂိုဏ်းကခင်ဗျားရဲ့ ကြင်နာမှုကို အလေးထားပါတယ်။ ဒါပေမယ့်အခုအချိန်မှာ ဂိုဏ်းက အဆုံးသတ်ကိုတောင်ကြုံနေရပြီး ထပ်ပြီးထောက်ပံ့ဖို့ အရင်းအမြစ်တွေလည်းမရှိတော့ပါဘူး။ အဲ့ဒါကြောင့် အခုအချိန်မှာ ဂိုဏ်းသားတွေကို ထုတ်ပယ်နေရတာပါ။ ကျုပ်ရဲ့ တောင်ထွဋ်က တပည့်တော်တော်များများကိုတောင် ထုတ်ပယ်ပြီးပါပြီ။"
"ကျုပ်နားလည်ပြီ!"
ကျွင့်ပုကျန်း၏အမူအရာမှာ ချက်ချင်းပင် မသိမသာပြောင်းလဲသွားသည်။
မျှော်လင့်ချက်တော့ရှိပြီ!
အကြီးအကဲရွှီ၏ မျက်လုံးများတောက်ပလာ၏။
"ဒါပေမယ့် အကြီးအကဲကျွင့်၊ စိတ်မပူပါနဲ့။ ပြန်ပြီးတိုးတက်ဖို့အတွက် ကျုပ်တို့ ခင်ဗျားကိုစတေးခဲ့ရပေမယ့် ခင်ဗျားကို အကြောင်းပြချက်မရှိဘဲ ထွက်သွားခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျုပ်တို့ကိုတန်ဖိုးထားပေးတဲ့ သင်္ကေတအနေနဲ့ ခင်ဗျားကို လျော်ကြေးပြန်ပေးပါမယ်။"
"ကောင်းပြီ၊ အကြီးအကဲရွှီက ဒီလိုပြောလာပြီဆိုမှတော့၊ ငါသာမထွက်သေးရင် အရှက်မဲ့ပုံပေါ်နေလိမ့်မယ်။ ကောင်းပြီ၊ သွားပြီးလျော်ကြေးငွေကို ပြင်လာခဲ့ပါ။ ငါ့ကိုနည်းနည်းလောက်တော့ ပိုပေးပါ။ ရှင်းလင်းပြီး ထွက်ခွာဖို့အတွက် ဂိုဏ်းသားတွေလည်း ခေါ်သွားရမယ်။"
"ကောင်းပါပြီ!"
အကြီးအကဲရွှီ ထွက်သွားပြီးနောက်တွင် ရှီချန်းလင်မှ
"ဆရာဦးလေးကျွင်း ကျွန်တော်တို့ တကယ်ပဲ ဓားနတ်ဆိုးဂိုဏ်းကနေ ထွက်သွားမှာလား။ ဒီဓားနတ်ဆိုးဂိုဏ်းက တကယ်တော့ သိပ်မဆိုးပါဘူး။ နာမည်လည်း သိပ်မကြီးဘဲနဲ့ ကျွန်တော်တို့လည်း ဖုံးကွယ်ပြီး ကျင့်ကြံကြဖို့ အရမ်းသင့်တော်ပါတယ်။"
သူတို့မှာ တကယ်တော့ ရင်းမြစ်အများအပြားကိုမလိုအပ်နေပါချေ။ နတ်ဘုရားလောကထဲသို့မဝင်ခင် လုရှောင်ယန်ပေးအပ်ခဲ့သည်များမှာ လုံလောက်ပါသည်။
ထိုရင်းမြစ်များနှင့် အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံရန်ပင် လုံလောက်သေးသည်။
သူ့ထံတွင် ဓားနတ်ဆိုးဂိုဏ်းသို့ဝင်ရောက်ပြီးနောက်တွင် လောဘကြီးဟန်ဆောင်ထားသည့် အကြောင်းအရင်းရှိပါသည်။
ပထမဦးစွာ လူအုပ်ကြီးတစ်ခုမှာ ဂိုဏ်းထဲသို့ဝင်ရောက်ပြီးချိန်တွင် ငွေနှင့် ရင်းမြစ်များကိုသာ လောဘမတက်နေခဲ့ပါလျှင် သံသယများကိုတိုးပွားစေလာနိုင်လိမ့်မည်။
ဒုတိယအနေဖြင့် မည်သူကများ ငွေအမြောက်အများပိုင်ဆိုင်နေခြင်းအတွက် စောဒကတက်လိမ့်မည်နည်း။ ထိုအရာများကြောင့် သူဟာလောဘကြီးဟန်ဆောင်ဖို့လိုအပ်သည်။ သူဟာ တကယ်ကိုလက်တွေ့ဆန်ဆန် သရုပ်ဆောင်ဖို့လိုပြီး အချိန်တိုင်းမှာ ပိုများသည့် ငွေကိုတောင်းရန်လည်း လိုအပ်သည်။
ကျွင့်ပုကျန်းမှာ သက်ပြင်းချလိုက်၏။
"ဒါနဲ့ပက်သက်ပြီး ငါလည်းဘာမှမတတ်နိုင်ဘူး။ ငါတို့လည်း ဓားနတ်ဆိုးဂိုဏ်းဆီကနေ အများကြီးအပြောခံပြီးပြီ။ သူတို့ဂိုဏ်းကလည်း အစတည်းက သေးသေးလေးဆိုတော့ မခံနိုင်တော့ဘူးလေ။ တကယ်က မင်းတို့ကောင်တွေ အရှက်ကင်းလွန်းတယ်။ သူတို့အတွက်လည်း ချန်ထားဖို့ မင်းတို့ကို ပြောလိုက်တိုင်း အဲ့သလိုဘယ်တော့မှ မလုပ်ဘူး။ ကျင့်ကြံခြင်း ရင်းမြစ်တွတွေပဲဆို ငါသည်းခံနိုင်တယ်။ ဒါပေမယ့် မင်းတို့ကောင်တွေက စားသောက်ဆောင်ထဲက အစားအစာတွေ အကုန်လုံးကိုပါ စားပစ်တယ်။ မင်းတို့ ဘာတွေများလုပ်နေကြတာလဲ။"
"ဆရာဦးလေးကျွင့်၊ ဆရာမသိလို့ပါ။ ဒီနတ်ဘုရားလောကက အစားအသောက်တွေထဲမှာလည်း ဝိညာဉ်စွမ်းအင်တွေပါတယ်။ အများကြီးမဟုတ်ပေမယ့်လည်း များများစားလေ ကျင့်ကြံဆင့်ပိုတိုးလေမို့လို့ပါ။ ဒါ့အပြင် ဆရာဦးလေးကသာ ဝိညာဉ်စွမ်းအင်တွေ ပိုများတဲ့ အစားအစာတွေအားလုံးကို စားပစ်တာလေ။"
ကျွင့်ပုကျန်း: "..."
...
တစ်ချိန်တည်းမှာပင် နှာချေသံတစ်ခုမှာ နတ်ဘုရားလောက၏ အခြားသောထောင့်တစ်နေရာရှိ ရှေးဟောင်းအုတ်ဂူထံမှ ထွက်ပေါ်လာလေသည်။
"ဟက်ချိုး!"
"သေစမ်း၊ ကျွင့်ချန်းမင်၊ မင်းသေချင်နေလား။ ဒီနေရာကပွင့်နေတုန်းပဲ။ ဘာလို့နှာချေလိုက်တာတုန်း။"
"ငါလည်းမသိဘူးလေ၊ တစ်ကောင်ကောင်က ငါ့နောက်ကွယ်မှာ ငါ့အကြောင်းပြောနေတာဖြစ်နိုင်တယ်။"
"ဆရာဦးလေးကျွင့်က တစ်ယောက်ယောက်ကို ထပ်ပြီး စော်ကားခဲ့ပြန်တာလား။ ဆရာဦးလေးကျွင့် တစ်ယောက်ယောက်ကို စော်ကားလိုက်တိုင်း အဲ့ဒီ့လူကသူ့ရဲ့ဘိုးဘေးတွေကို ကျိန်ဆဲလိမ့်မယ်။ အဲ့ဒါ မင်းက သူ့ဘိုးဘေးဖြစ်နေလို့ပဲ။”
"သေစမ်း၊ ဒီခွေးကောင်လေးကတော့ အပြင်မှာပါ ပြဿနာရှာပြန်ပြီ။ သူနဲ့တွေ့တာနဲ့ အသေရိုက်သတ်ပစ်မယ်။"
“ဟုတ်ပြီ၊ အဲ့ကောင်နဲ့ ဇာတ်လမ်းဖြတ်လိုက်။”
သူ၏အနောက်တွင် ကျန်းထိုင်ရွှမ်၏အမူအရာမှာ အေးစက်နေသည်။
"ခေါင်းတလားကိုမြန်မြန်ဖွင့်စမ်းပါ။ ဆရာငါ့ကိုပေးထားတဲ့ မွန်မြတ်ကောင်းကင်လျှပ်စီးက အပြောင်းအလဲအရမ်းမြန်တယ်။ အဲ့မှာကောင်းတာလေးတစ်ခုတော့ရှိလိမ့်မယ်။"
လူတိုင်းဟာ ချက်ချင်းပဲ ခေါင်းတလားအားဖွင့်ရန် စိုင်းပြင်လိုက်ကြသည်။ တစ်ခဏကြာပြီးသည်တွင် သူတို့ဟာ ကူကယ်ရာမဲ့ အော်ဟစ်လိုက်သည်။
"မိုးနတ်မင်းကြီးရေ! ငါတော့ချမ်းသာပြီ! ငါတော့အခုတကယ်ချမ်းသာပြီ။"
လှပသောမိန်းမပျိုတစ်ဦးဟာ ခေါင်းတလားထဲတွင် ငြိမ်သက်စွာလဲလျောင်းလျက်ရှိသည်။
သူမဟာ တောက်ပ၍နီစွေးသော မင်္ဂလာဝတ်ရုံနှင့် လှဲလျောင်းနေသည်မှာ အိပ်ပျော်နေသော အလှလေးနှင့်ပင် ထပ်တူညီနေပါသည်။
သူမ၏နံဘေးတွင် နတ်ပစ္စည်းအဆောင်အယောင် ခုနှစ်မျိုးနှင့် ဒါဇင်ချီသော ထိပ်တန်းအဆင့် နတ်လက်နက်များ ရှိနေသည်။
ဒါ့အပြင် ထိုနေရာတွင် ရေတွက်မရနိုင်သော ဆေးလုံးများပင်ရှိနေသေးသည်။
တစ်ခဏလောက် အံ့အားသင့်သွားပြီးသည့်နောက်တွင် ကျန်းထိုင်ရွှမ်မှ ညွှန်ကြားလိုက်သည်။
"မြန်မြန် ပစ္စည်းတွေနဲ့ ဆေးလုံးတွေကို ယူလိုက်တော့။"
လူတိုင်းဟာ ချက်ချင်းပင် အားလုံးကိုထုတ်ယူလိုက်ကြသည်။
ဂိုဏ်းသားတစ်ဦးမှာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"ဒီမိန်းကလေးရဲ့ကိုယ်ပေါ်က အဝတ်တွေကလည်း တန်ဖိုးကြီးမယ့်ပုံပဲ။ ဒါတွေကိုရော ချွတ်မယူချင်ဘူးလား။"
ကျွင့်ချန်းမင်ဟာ ထိုလူကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
"မင်းရဲ့ခေါင်းကိုသာချွတ်ထားလိုက်။ မင်းကဒါကို သက်ရှိမိန်းမပျိုလေးလို့တွေးနေတာလား? မင်းသာ သက်ရှိမိန်းမပျိုလေးရဲ့ အဝတ်တွေကိုချွတ်ချင်တာနဲ့ပဲ ချွတ်ယူလို့ရရောလား။ သက်ရှိမိန်းမသားတွေရဲ့ အဝတ်တွေကို ချွတ်ယူတာက အဆင်ပြေနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က အဝတ်အသစ်တွေရှာတွေ့နိုင်သေးတယ်လေ။ မင်းသာ အမျိုးသမီးအလောင်းရဲ့ကိုယ်ပေါ်ကအဝတ်တွေကိုချွတ်ယူလိုက်မယ်ဆို သူမက ဘာကိုသွားဝတ်ရမှာတဲ့လဲ။ သူမရဲ့ သိက္ခာနည်းနည်းတော့ချန်ထားပေးလိုက်ပါဦး။"
"အဘိုးကြီးကျွင့်၊ မင်းပြောင်းလဲသွားတာလား။"
"သွားစမ်းပါ။ ငါဘယ်လောက်ပဲမိန်းမတွေကိုကြိုက်ကြိုက် ငါ့ရဲ့အကန့်သတ်နဲ့ငါတော့ရှိပါသေးတယ်။"
"ဟုတ်ပြီ။ အဓိပ္ပာယ်မရှိပြောနေတာတွေ တော်ကြတော့။ မြန်မြန်ထွက်သွားရအောင်။ ရှာတွေ့မခံကြနဲ့။"
ကျန်းထိုင်ရွှမ်၏ အမိန့်ကြောင့် အားလုံးပြန်လည်ဆုတ်ခွာသွားကြသည်။
သို့ရာတွင် ကျွင့်ချန်းမင်၏ နားထဲ၌ သိမ်မွေ့သောအသံတစ်ခုကြားလိုက်ရသည်။
"ကျေးဇူးပါ။"
ကျွင့်ချန်းမင်ဟာ နောက်သို့ပြန်လှည့်လျက် မထိန်းနိုင်ဘဲ မျက်မှောင်အနည်းငယ်ကျုံ့လိုက်သည်။
"ထူးဆန်းလိုက်တာ၊ ငါဘာလို့ ကယောင်ချောက်ချားဖြစ်နေရတာလဲ။ မကြာခင်က ငါနတ်ဘုရားအဆင့် မိန်းမပျိုလေးတွေနဲ့ အတူရှိနေခဲ့တာကြောင့်များလား။ ငါနည်းနည်းလောက်အားနည်းသွားတာလား။ ဒါတွေပြီးသွားရင်တော့ ငါအဂ္ဂိရတ်ဂိုဏ်းတစ်ခုကို သွားရှာပြီး အခြေခံအုတ်မြစ်ကို ခိုင်မာစေနိုင်တဲ့ နတ်ဆေးလုံးတချို့ကို ဝယ်ထားရမယ်။"
...
လုရှောင်ယန်၏ ဘက်တွင်မူ သူဟာ တစ်လကြာ ကျင့်ကြံပြီးနောက် နိုးလာခဲ့၏။
ထိုအခိုက်တွင်မူ သူ၏ကျင့်ကြံဆင့်မှာ ဒုတိယမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သူ့ရဲ့ကျင့်ကြံဆင့်နှစ်ဆင့် ထပ်တိုးလာပြန်ပြီ!
အံ့ဩစရာပဲ!
"ငါတင်မဟုတ်ဘူး၊ ငါ့တပည့်တွေလည်း ဇွဲကောင်းကောင်းနဲ့ ကျင့်ကြံနေပုံပဲ။"
လုရှောင်ယန်ဟာ ခံစားချက်ကောင်းနေပြီး တစ်စုံတစ်ခုကိုတွေးမိသွား၏။
"ဒါကို ပြောရရင်၊ ငါက နတ်ဘုရားအားသတ်ဖြတ်ခြင်း ရဲ့ ဒုတိယအဆင့်ကို ရောက်နေပြီ။ ပြောရလျှင် ငါသာ မြင်းနက်အကောင်ကြီးကြီးနဲ့ မကြုံရင် ကိစ္စအကြီးကြီးဖြစ်မှာမဟုတ်ဘူး။ ငါ့ရဲ့အကျင့်နဲ့ဆို ငါ့တပည့်တွေရဲ့ နေရာကို ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူး။ အပြင်ထွက်ပြီး ကိုယ့်ကိုကိုယ် ပြန်ကြည့်သင့်တယ်"
ကိုယ်ပွားတစ်ခုဟာ သူ့ရဲ့ခွန်အားနှင့်ထပ်တူညီသော အားကိုမထုတ်နိုင်သောလည်း သူ၏ထက်မြတ်မှုနှင့် ထပ်တူကျခြင်းမရှိသည်မှာတော့ မဖြစ်နိုင်ပါချေ။
ဒါဟာ ကိုယ်ပွား၏ တစ်ခုတည်းသောပြစ်ချက်ဖြစ်သည်။
နောက်ဆုံးတွင်၊ ကိုယ်ပွားသည် နတ်ကျင့်စဉ်မှဖန်တီးထားသော အရာဖြစ်ပြီး စစ်မှန်သော သက်ရှိမဟုတ်ပေ။
ဒါကိုတွေးမိပြီး လုရှောင်ယန်ဟာ တောင်ထွဋ်သို့ထပ်မံပျံသန်းသွားရန် ပြင်လိုက်သည်။
သို့သော် ယခုတွင်မူ သူဟာတောင်ထိပ်သို့မရောက်ခင်လေးတင်ပင် အလောင်းတစ်ခုဟာ ကောင်းကင်ယံမှပြုတ်ကျလာ၏။
ဘန်း!
တိုက်ဆိုင်စွာနှင့်ပင် ထိုအလောင်းမှာ လုရှောင်ယန်၏ နံဘေးသို့ကျရောက်လာပြီး အသားတုံးဖြစ်သွား၏။ လုရှောင်ယန်၏ မျက်နှာထက်သို့ သွေးများပင် စင်သွား၏။
အလောင်း၏ကြီးမားသော မျက်လုံးများမှာ လုရှောင်ယန်ထံတည့်တည့်စိုက်ကြည့်နေ၏။
လုရှောင်ယန်ဟာ ကြောင်အသွားကာ သူ၏အကြည့်အား ကောင်းကင်ယံသို့ လွှဲလိုက်၏။
ကောင်းကင်တွင် လေ၊တိမ်တိုက်နှင့် မိုးခြိမ်းသံများမှာ တဟုန်ထိုး တက်လာသည်။ ထိုထဲတွင် တစ်စုံတစ်ယောက် ထပ်ပြီး တိုက်ခိုက်နေခြင်းဆိုသည်မှာ ရှင်းလင်းနေပေသည်။
တစ်ခဏအကြာတွင် လုရှောင်ယန်ဟာ သူ၏ဂူထံသို့သာ ပြန်လျှောက်လာပြီး အစီအရင်များကိုရေးဆွဲတော့သည်။ သူဟာ တိတ်တဆိတ်ပင် သီးသန့်ကျင့်ကြံခြင်းသို့သာ ဝင်ရောက်လာသည်။
ဒီလောကကြီးက တကယ်ကို အန္တရာယ်များတာပဲ။ သူအခုထိ လုံလုံလောက်လောက်အားမကောင်းသေးဘူး။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၀၂ အခြားလူများ၏ တပည့်
နတ်ဘုရားလောက၊ ဝူရှူးမြို့၊ လေတိမ်တိုက်ဂိုဏ်း။
"ယောက်ျားလေးဂိုဏ်းသားများ၊ ဒီနေ့ ကျုပ်တို့ လေတိမ်တိုက်ဂိုဏ်းက အကြီးအကဲကျွင့်နှင့် သူ့တပည့်များအား ကြိုဆိုပါတယ်။ ဒီနေ့ကစပြီး သူတို့တတွေဟာ ကျုပ်တို့ရဲ့ ညီအကိုပဲဖြစ်တယ်။ အားလုံးပဲ သူတို့ကိုနွေးနွေးထွေးထွေး ကြိုဆိုကြပါ။"
တစ်ခဏအကြာတွင် လက်ခုပ်သံများထွက်ပေါ်လာသည်။
လူတိုင်းဟာ ကျွင့်ပုကျန်းနှင့် သူ၏တပည့်များအားဂုဏ်ပြုနေကြသည်။
ရှီချန်းလင်နှင့် ကျန်တပည့်လေးများမှာလည်း စိတ်လှုပ်ရှားနေကြ၏။
"ညီအကိုတို့၊ လေတိမ်တိုက်ဂိုဏ်းဆရာက ငါတို့အတွက်ပွဲတော်တစ်ခုကျင်းပပေးချင်နေတယ်လို့ပြောတယ်။ အဲ့ဒီမှာ အစားအသောက်တွေအများကြီးလည်း ရှိမယ်ဆိုပဲ။ ရေအိမ်မသွားရသေးတဲ့သူတွေက အခုပဲမြန်မြန်သွားထားလိုက်ကြ။"
သူတို့၏ ငြင်သာသောဆွေးနွေးမှုကိုကြားလိုက်ရသောအခါ ကျွင့်ပုကျန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး ချက်ချင်းပဲ သူတို့အား လျှို့ဝှက်စွာ ဆက်သွယ်လိုက်သည်။
"ငတုံးလေးတွေ ဒီနေ့ကပထမဆုံးနေ့ပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းကြဦး။ မင်းတို့တွေ ပထမနေ့ကတည်းက လေတိမ်တိုက်ဂိုဏ်းကနေ ကန်ထုတ်ခံချင်လို့လား။"
"အကြီးအကဲကျွင့်၊ ဘာများဖြစ်လို့လဲ။"
ကျွင့်ပုကျန်း မျက်မှောင်ကြုတ်နေသည်ကိုမြင်သောအခါ လေတိမ်တိုက်ဂိုဏ်း၏ အကြီးအကဲမှာ ချက်ချင်းဆိုသလို မထိန်းနိုင်ဘဲ ပဟေဠိဖြစ်သွား၏။
ကျွင့်ပုကျန်းလည်း အတန်ငယ်ချောင်းဟန့်ပြီးကာမှ အပြုံးတစ်ခုဖြင့် ပြန်လည်ဖြေဆိုလေသည်။
"ဘာမှမဖြစ်ပါဘူး၊ ကျုပ်ရဲ့ အတိတ်က ခံစားခဲ့ရတဲ့အကြောင်းတွေးပြီး ဝမ်းနည်းနေလို့ပါ။"
"ဟူး...ဒါအမှန်ပဲ။ လောကကြီးက သူများထက်သာလွန်နေဖို့ပဲ ပြောတယ်။ ဒါပေမယ့ လေလွင့်ကျင့်ကြံသူတွေရဲ့ခံစားချက်က လူသားတွေ ကြံ့ကြံ့ခံနိုင်တဲ့ အရာမဟုတ်တာကို လောကကြီးက ဘယ်လိုသိမှာလဲ။"
"ဟစ်၊ အကြီးအကဲဖုန်း၊ ဒါဆိုအကြီးကဲကလည်း..."
အကြီးအကဲဖုန်းဟာ လေးနက်သောအမူအရာဖြင့်ခေါင်းငြိမ့်ပြသည်။
"အတော်လေးကြာပြီဖြစ်တဲ့ အချိန်တုန်းက ကျုပ်ကလည်းလေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ကံကောင်းလို့ ဂိုဏ်းဆရာကပဲ ကျုပ်ကို လေတိမ်တိုက်ဂိုဏ်းထဲဝင်ခွင့်ပေး၊ အခြေချနေစေပြီး ခက်ခဲတဲ့နေ့ရက်တွေကို အဆုံးသတ်ပေးခဲ့တာပေါ့။"
"အကြီးအကဲကျွင့် မစိုးရိမ်ပါနဲ့။ ခင်ဗျားလည်း လေတိမ်တိုက်ဂိုဏ်းထဲရောက်လာပြီးမှတော့ ဂိုဏ်းကိုအိမ်လိုပဲသဘောထားပေါ့ဗျာ။ တစ်ခုခုလိုအပ်တာရှိရင် ကျုပ်ကိုလွတ်လွတ်လပ်လပ်ပဲ အသိပေးနိုင်တယ်။ ကျုပ်ကူညီနိုင်တာဆိုရင် သေချာပေါက်ကိုကူညီမှာပါ။"
ကျွင့်ပုကျန်းဟာ ခေါင်းငြိမ့်ပြီး ချက်ချင်းပဲပြောသည်။
"ဒီလိုဆိုရင် အကြီးအကဲဖုန်းကို ကျုပ်တစ်ခုလောက်မေးလို့ရမလား။"
"ရပါတယ်။ အကြီးအကဲကျွင့်သာမေးစရာရှိရင်မေးပါ။"
"ကောင်းပါပြီ။ ဒါဆိုကျုပ် ယဉ်ကျေးမနေတော့ပါဘူး။ အကြီးအကဲဖုန်း၊ ဒီနတ်ဘုရားလောကထဲမှာ 'လုမျိးနွယ်စု'လို့ခေါ်တဲ့ မျိုးနွယ်စုကြီးများ ရှိသလား။ မျိုးနွယ်စုရဲ့ အင်အားက နတ်ဘုရားလောကမှာ အင်မတန်ထူးကဲတယ်တဲ့။"
"လုမျိုးနွယ်စု?"
အကြီးအကဲဖုန်းမှာ ချက်ချင်းငြိမ်ကျသွားသည်။
ဒါက ထူးဆန်းသည်။ သူနတ်ဘုရားလောကတွင် အခြေချနေထိုင်လာခဲ့သည်မှာ နှစ်များစွာကြာပြီဟုဆိုရပေမည်။
သူဟာ အလွန်စွမ်းအားမကြီးပါသော်လည်း သူ၏အတွေ့အကြုံများကိုမူ ချီးမြှောက်ရန်ထိုက်တန်ပေသည်။
သို့သော်၊ ထို လုမျိုးနွယ်စုဟုခေါ်တွင်သည့် မျိုးနွယ်စုအကြောင်းကိုမူ အဘယ့်ကြောင့် မကြားဖူးပါသနည်း။
နတ်ဘုရားလောကတွင် မျိုးနွယ်စုကြီးအတော်များများရှိပါသော်ငြားလည်း အဖွဲ့ခွဲအများစုမှာ အဓိကဂိုဏ်းများသာဖြစ်သည်။
ပြောရလျှင် အဖွဲ့ခွဲကြီးမားလေ မျိုးနွယ်စုနှင့်တူရန် နည်းလေဖြစ်သည်။
နတ်ဘုရားလောကတွင် နာမည်ကြီး ထိပ်တန်းကျသော မျိုးနွယ်စုမှာ များများစားစားမရှိပါချေ။
ဒါ့အပြင်၊ အနည်းစုထိပ်တန်းမျိုးနွယ်စုတွင်လည်း လုမျိုးနွယ်စုဟူ၍ မရှိပါချေ။
ဒါက ဒဏ္ဍာရီလျှို့ဝှက်မျိုးနွယ်စုများ ဖြစ်နေနိုင်မလား။
သူတကယ် မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ထိုသို့ဆိုလျှင် ကျွင့်ပုကျန်း၏နောက်ခံကို သူတကယ်အလေးအနက်ထားရပေမည်။ သူ၏နောက်ခံမှာ ထိုမျှ မရိုးရှင်းနိုင်ချေ!
"ဒါက...ကျုပ်လည်းမကြုံဖူးတော့ လုမျိုးနွယ်စုက ဘယ်လိုမျိုးနွယ်စုလဲဆိုတာကို မသိဘူးဗျ။ အကြီးအကဲကျွင့် ကျေးဇူးပြုပြီး၊ ကျုပ်ကိုအပြစ်မတင်ပါနဲ့။"
"အကြီးအကဲဖုန်း ခင်ဗျားက အားနာလွန်းနေပါပြီ။ ကျုပ်ကဒီအတိုင်းပဲမေးလိုက်တာပါ။"
သူဟာထိုသို့ပြောလိုက်သော်ငြား အံ့အားသင့်နေဆဲပင်။
သူ့ဆရာ၏မျိုးနွယ်စုမှာ ထိုမျှထိအထင်ကြီးဖွယ် ကောင်းလွန်းနေသည်လား။
ဒါကတကယ်ကို အကြီးအကဲဖုန်းတောင်မသိနိုင်တဲ့ ထိပ်တန်းမျိုးနွယ်စုဖြစ်နေတာလား။
ဒါကတကယ်ကို ကြောက်စရာပဲ။
သို့သော် သေသေချာချာတွေးတောကြည့်လျှင် အဓိပ္ပါယ်ရှိပုံရသည်။
နောက်ဆုံးတွင်မူ ဒီနတ်ဘုရားလောကတွင် နတ်ပစ္စည်းအဆောင်အယောင်များ၊ နတ်လက်နက်များနှင့် နတ်ကျင့်စဉ်နည်းလမ်းများနှင့် ထို့ကဲ့သို့သော အရာများမှာ အဖိုးတန်လှလေသည်။ သို့သော် ဆရာ့တွင် ထိုအရာများ အများအပြားရှိလေသည်။
လုမျိုးနွယ်စုမှာ တကယ်တွင် ရိုးရှင်းသောမျိုးနွယ်စုဖြစ်ပုံမရချေ။
ကျွင့်ပုကျန်း၏ ခံစားချက်များ အတော်တိုးတက်လာ၏။
သူ့ဆရာ၏မျိုးနွယ်စုမှာ ထူးကဲလှသည်။ သူတို့အတွက်တော့ ထိုအရာမှာ အတော်လေးကောင်းမွန်လှသည်။
ဟီးဟီးဟီး... ဒါဆိုရင် သူတို့ရဲ့အနာဂတ်မှာ ဘဝကိုကောင်းကောင်းလေးနေသွားရတော့မှာပေါ့။
အံ့ဩစရာပဲ!
ထိုအခိုက်တွင် ပွဲတော်မှာ စတင်လိုက်လေသည်။ တပည့်လေးများဟာ ဓားနတ်ဆိုးဂိုဏ်းတွင် စားခဲ့သလိုမျိုး ပေါပေါများများထပ်မံမစားရဲတော့ဘဲ နှေးကွေးစွာသာစားနေကြတော့သည်။
ကျွင့်ပုကျန်း ပြောတာမှန်ပါသည်။ ပထမဆုံးနေ့မှာသူတို့အပေါ် အမြင်ကောင်းကောင်းလေးချန်ထားရပေမည်။
မဟုတ်ပါက သူတို့အား မောင်းထုတ်လိုက်လျှင်ထိုက်တန်မှာ မဟုတ်ချေ။
ကိစ္စရပ်များအား ဖြည်းဖြည်းချင်းလုပ်ဆောင်ရန် သင်ယူရပေမည်။
ကျွင့်ပုကျန်းခေါ်ဆောင်လာသော တပည့်လေးများမှာ ဖြည်းညင်းစွာ စားသုံးနေပြီး အတော်လေးသန့်ရှင်းနေသည်ကို မြင်ရသောအခါ အကြီးအကဲဖုန်းမှာ ထပ်မံ၍ အံ့အားသင့်သွားပြန်သည်။
သူ၏တပည့်များတောင်မှ ထိုကဲ့သို့သော အရှိန်အဝါများရှိချေသည်။ ထိုလူဟာသာမန်လူဖြစ်ပုံမရချေ။
သူဟာ အခြားသောတပည့်များကိုကြည့်ရှုလိုက်၏။
ထားလိုက်ပါတော့။ ၎င်းတို့မှာ အလွန်တရာသန့်ရှင်းသော အကြီးအကဲကျွင့်၏ တပည့်များနှင့်ယှဉ်လျှင် အလွန်ကိုမှ အရုပ်ဆိုးလှသည်။
ကြည့်ရတာတော့ အနာဂတ်တွင် အကြီးအကဲကျွင့်နှင့် အခြားသူများအား ကောင်းမွန်သော ဆက်ဆံရေးမျိုးရရှိရန် စကားလုံးကောင်းတစ်ခုအား ချန်ထားရပေမည်။
...
တစ်ဖက်တွင်တော့ လုရှောင်ယန်၏ ကိုယ်ပွားမှာလည်း အနီးရှိ မြို့တစ်မြို့သို့ရောက်ရှိလာ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် ရည်ရွယ်ချက်မကောင်းသော နတ်ဘုရားအဆင့် ပညာရှင်များအား သတ်ဖြတ်ခဲ့သည်။
ကံဆိုးစွာဖြင့် သူ၏တပည့်များအား ရှာမတွေ့သေးပါချေ။
အကူအညီမဲ့လျက် သူ၏ဦးတည်ရာကိုပြောင်းကာ လုမျိုးနွယ်စုကိုသာ ဦးစွာရှာဖွေတော့မည်။
ဒါကို မြန်မြန်ရှာတွေ့ရန်လည်း မမျှော်လင့်ပါချေ။
…
"မင်းပြောတာ ဒီမှာ လုမျိုးနွယ်စုက မျိုးနွယ်စုကြီးခုနှစ်စုထဲက တစ်ခုမလား"
"အမှန်ပဲ။ လုမျိုးနွယ်စုအကြောင်းကို မသိတဲ့လူ ဘယ်သူရှိမှာလဲ။ သူတို့က ကောင်းကင်ပင်လယ်မြို့တော်ရဲ့ မျိုးနွယ်စုကြီးခုနှစ်စုထဲက တစ်ခုပဲလေ။ မျိုးနွယ်စုကြီးခုနှစ်စုကို ကောင်းကင်ပင်လယ်မြို့တော်ရဲ့ မျက်နှာလို့တောင်ပြောလို့ရတယ်။"
"ဟစ်~! သူတို့ကဒီလောက်တောင် အင်အားကြီးတာလား။"
ကိုယ်ပွားဟာ စတင်၍ စိတ်လှုပ်ရှားလာသည်။
မိုးနတ်မင်းကြီးရေ၊ လုမျိုးနွယ်စုက အတော်လေး အထင်ကြီးစရာကောင်းတာပဲ။
ယခုတွင် မူလကိုယ်သည် လုမျိုးနွယ်စုထဲသို့ ဝင်လာသည်နှင့် ၎င်းမှာ အဖွဲ့အစည်းတစ်ခုအား ရှာတွေ့ခြင်းနှင့်ပင် ညီမျှသည်။ နောင်တွင် သူသည် လုမျိုးနွယ်စုတွင် ကောင်းမွန်စွာ စားသောက်နိုင်ပြီး ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။ မည်သူ့ကိုမျှလည်း ကြောက်ရွံ့ရန်မလိုအပ်တော့ပေ။
မေးခွန်းများမေးပြီးသည့်နောက်တွင် လုရှောင်ယန်၏ကိုယ်ပွားသည် ချက်ချင်းပင် သတင်းပေးပို့လိုက်သည်။ ဒီနည်းလမ်းနှင့်ပင် ဂူအတွင်းရှိမူလကိုယ်မှာ သူ့အားရှာတွေ့နိုင်တော့မည်ဖြစ်သည်။
ပြည့်စုံတယ်။
ထိုအခိုက်တွင် အနီးဝန်းကျင်ရှိလူများမှာ အခြားသောဂိုဏ်းများအကြောင်း စတင်ဆွေးနွေးလာကြ၏။
"ပြောရမယ်ဆိုရင် ထိုက်ယိဓားတာအိုဂိုဏ်းနဲ့ ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းတို့က လွန်ခဲ့တဲ့နှစ်နှစ်က အင်မတန်ထူးချွန်တဲ့ ပါရမီရှင်တပည့်နှစ်ယောက်ကို ခေါ်ယူခဲ့တယ်။"
"ဘယ်သူမသိလို့လဲ။ ဒီကိစ္စက နေရာတိုင်းကိုပျံ့ပြီးနေပြီ။ ကြားရတာတော့ အဲ့ဒီနှစ်ယောက်က ဓားတာအိုနဲ့ ဓားမော့တာအိုမှာ ရင်တုန်လောက်အောင်ကို စွမ်းအားကြီးမားတယ်တဲ့လေ။ အခုဆိုရင် သူတို့ကို ဂိုဏ်းနှစ်ဂိုဏ်းစလုံးက နတ်ဘုရားသားတော်တွေလို့တောင် သတ်မှတ်ထားကြတယ်။"
"ဘုရားရေ၊ သူတို့က ဂိုဏ်းထဲဝင်ပြီးပြီးချင်းမှာတင် နတ်ဘုရားသားတော်တွေဖြစ်နေတာလား။ ဒါကအတော်လေးအံ့ဖွယ်ပဲ။"
"ဒါကသူတို့ရဲ့ ပါရမီကြောင့်မဟုတ်လား။ ငါကြားခဲ့တာကတော့ ထိုက်ယိဓားတာအိုရဲ့ တပည့်က အတော်လေးမြန်တဲ့ ကျင့်ကြံနှုန်းရှိတယ်ဆိုပဲ။ နှစ်နှစ်အတွင်းမှာတင် သူက ဒုတိယမြောက် နတ်ဘုရားအဆင့်ကနေ နဝမမြောက် နတ်ဘုရားအဆင့်ကိုရောက်သွားခဲ့တယ်တဲ့။ ကောင်းကင်ဓားသွားစင်မြင့်ကတစ်ယောက်လည်း မဆိုးပါဘူး။ သူလည်း အဲ့ဒီအဆင့်လောက် ရှိနေသင့်တယ်။"
လုရှောင်ယန်၏ ကိုယ်ပွားလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
တကယ်ကို တပည့်ကောင်းလေးတွေကို တခြားသူကပဲပိုင်တယ်။
သူတို့ရဲ့ ပါရမီကိုကြည့်ပါဦး။ သူတို့က တကယ်ကိုအံ့ဖွယ်ပဲ။
သူ၏တပည့်များသည် မသေမျိုးလောက၌ရှိစဉ်က သူတို့ရဲ့ ကျင့်ကြံဆင့်ဟာ အခုချိန်ထိ ရှိနေဆဲပင်။ ယခု သူတို့သည် နတ်ဘုရားလောကသို့ ရောက်လာသောအခါ သူတို့၏ အရည်အချင်းမှာ မလုံလောက်တော့ပေ။
ထိုအရာကိုတွေးမိပြီး သူဟာ ရုတ်တရက်တစ်စုံတရာကို အာရုံခံမိကာ ချက်ချင်းကို ထိန်းမချုပ်နိုင်လောက်အောင် တုန်ရီသွားသည်။
"မူလကိုယ်ရဲ့ ကျင့်ကြံဆင့်က တကယ်ကြီးအဆင့်နှစ်ဆင့်တက်သွားတာလား။ ငါကအခု စတုတ္ထမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကိုရောက်နေပြီလား။ ကျွတ် ကျွတ်... ဒါကတော်တော်ကို အားကောင်းတာပဲ။ မျှော်လင့်ထားတဲ့အတိုင်းကို မူလကိုယ်ရဲ့ ကျင့်ကြံခြင်းတိုးတက်နှုန်းက အံ့ဩစရာကောင်းတာပါလား။"
…
တစ်ချိန်တည်းမှာပင်၊ တူညီသောဂူထဲ၌။
သူ့ကိုယ်ပွား၏ နားလည်မှုကြောင့် လုရှောင်ယန်ဟာ ယုံကြည်ချက်လေး အချို့ ပြန်လည်ရရှိလာသည်။
နတ်ဘုရားလောကနှင့် အနိမ့်ပိုင်းလောက၏ကြားမှာ ကွာခြားချက်မှာ သိပ်မများပါချေ။
သို့သော် သူ၏ကံမှာမကောင်းချေ။
ထို့ကြောင့် သူတောင်ပေါ်သို့ တက်လိုက်ချင်သည့်အချိန်တိုင်း တစ်ယောက်ယောက် တိုက်ခိုက်နေသည်နှင့် အမြဲကြုံသည်။
ဒါကြောင့်သူဟာ ဒီလောကမှာ အလွန်အန္တရာယ်များလှပြီး ဂူထဲမှထွက်နိုင်တော့မည်မဟုတ်ဟု ထပ်ခါထပ်ခါ တွေးမိနေခဲ့ခြင်းပါပင်။
အခု အချိန်အတော်ကြာ ကျင့်ကြံပြီးသည့်နောက်တွင် သူ၏ကျင့်ကြံဆင့်မှာ စတုတ္ထမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်သို့ပင် ရောက်ရှိနေချေလေပြီ။
ဒါဟာ သာမန် စစ်မှန်သောနတ်ဘုရားအဆင့်ပညာရှင်ထက် အဆင့်တစ်ဆင့်မြင့်ပေသည်။
အနည်းဆုံးတော့ အနာဂတ်တွင်သူသာ နတ်ဘုရားအဆင့် အာလူးချောင်းငယ်လေးများနှင့် ရင်ဆိုင်ရပါက သတိကြီးကြီးထားစရာမလိုဘဲ တိုက်ခိုက်ရဲနေပြီဖြစ်လေသည်။
သူဟာ ရတနာများကိုထုပ်ပိုးလိုက်ပြီး ဝမ့်ခိုက်နှင့် ဆက်သွယ်နိုင်ရန်ကြိုးစားလိုက်သည်။
"ဝမ့်ခိုက်၊ မင်းရှိနေလား။ မင်းကောင်းကောင်းအဆင့်မြှင့်တင်ပြီးပြီလား။ ငါတို့ထွက်သွားတော့မယ်။"
"ဝမ့်ခိုက်၊ မြန်မြန်ထွက်လာစမ်းပါ။ မင်းသွားတာ နှစ်နှစ်လောက်ကြာနေပြီ။ ခုချိန်လောက်ဆို အဆင့်မြင့်နေရမှာမဟုတ်ဘူးလား။"
ဝမ့်ခိုက်လည်း သူကဲ့သို့ပင် ခွန်အားရှိသည်။ သူသာထွက်လာနိုင်လျှင် အကောင်းဆုံးဖြစ်မည်။
အနည်းဆုံးတော့ ဒါက သူရဲ့ နောက်ခံအစီအစဉ်ဖြစ်နိုင်ပေမည်။ သူသာ ရန်သူများနှင့်ရင်ဆိုင်ရပါက သူနှင့်အတူတကွ အလုပ်တွဲလုပ်နိုင်မည်။"
သူကိုယ်တိုင်အတွက် အခြားသောအသက်ကယ်နည်းလမ်းပေးရန်လည်း မျှတသည်။
အချိန်အတော်ကြာ အော်ခေါ်ပြီးသည့်နောက်တွင်လည်း ဝမ့်ခိုက်မှာထွက်မလာသေးချေ။ ဒါကြောင့်သူလည်း လက်လျှော့လိုက်ရသည်။
ထို့နောက် သူ၏ရင်းမြစ်များကိုယူဆောင်က ဂူမှထွက်ခွာလာပြီး တောင်ထိပ်သို့တစ်ဖန်ပြန်လာ၏။
တောင်ထိပ်သို့ရောက်လာသည့်အချိန်တွင် မိုးခြိမ်းသံ အားထပ်မံကြားလိုက်ရပြန်သည်။ ပုံရိပ်အမြောက်အများဟာ တောင်ထိပ်သို့ရောက်ရှိလာပြီး တိမ်များအလယ်တွင် တိုက်ခိုက်လို့နေကြသည်။
"လီကျွေ့ဖုန်း၊ မင်းအရှက်မရှိတဲ့ကောင်။ မင်းရဲ့မရီးဖြစ်တဲ့ ငါ့မိန်းမကိုတောင် တကယ်ကြီး ဖျားယောင်းတယ်။ ငါမင်းကိုမသတ်ဘူးများထင်လို့လား။"
တစ်ဖက်လူပြောပြီးသည်နှင့်မကြာမီ ရွှေရောင်မြှားတစ်စင်းမှာ တောင်ထိပ်မှပေါ်ထွက်လာပြီး ကောင်းကင်ယံထက်တွင် တလက်လက်တောက်ပနေသော အလင်းအဖြစ်ပြောင်းလဲသွားသည်။
မည်သူမျှ မတုံ့ပြန်နိုင်ခင်တွင်ထိုအရာမှာ ပေါက်ကွဲသွားလေသည်။
ထိုအရာမှ ကြောက်မက်ဖွယ်ရာဖိအားမှာ တစ်စုံတစ်ယောက်အား ရင်တုန်သည်အထိဖြစ်စေသည်။ နတ်ဘုရားအဆင့်ကျင့်ကြံသူများမှာ ပြာမှုန်အသွင်သို့ပြောင်းလဲသွားသည်အထိ တုန့်ပြန်ခွင့်ပင်မရလိုက်ကြချေ။
တောင်ထိပ်ပေါ်တွင် လုရှောင်ယန်မှာ သူ၏နတ်လက်နက်ဖြစ်သည့် နေမင်းဖြိုခွင်း နတ်လေးကိုင်းအား ပြန်ရုတ်သိမ်းလိုက်ကာ မြေပေါ်သို့ ကြမ်းတမ်းစွာ တံတွေးထွေးလိုက်သည်။
"မင်းကဒါနဲ့ထိုက်တန်တယ်။"
ယေဘုယျဆိုရလျှင်၊ သူသည် အမြဲတမ်း ပို၍ သာသော လူတစ်ဦးဖြစ်ပြီး တစ်ဖက်လူသည် အရေးမပါသော နတ်ဘုရားအဆင့်ကျင့်ကြံသူသာဖြစ်လျှင်ပင် အခြားသူများအား ပေါ့ပေါ့တန်တန် နှိုးဆွလိုစိတ်မရှိပါပေ။
ဖြစ်နိုင်လျှင် သူဟာလူအများထဲတွင် ပါဝင်လိမ့်မည်မဟုတ်ချေ။
သို့သော် ယနေ့တွင်မူ သူဟာ ဒါကိုမထိန်းချုပ်နိုင်ခဲ့ပေ။
ထိုနတ်ဘုရားအဆင့်ပညာရှင်များမှာ ငတုံးအုပ်စုများနှင့် အလွန်တူလေသည်။ သူဟာ တောင်ခြေသို့ပျံသွားလိုက်သည်နှင့် ထိုနတ်ဘုရားအဆင့်ပညာရှင်အုပ်စုဟာ အမြဲပေါ်လာကာ တိုက်ခိုက်ကြသည်။ သူတို့ကတကယ်ကို ငကြောင်အုပ်စုပင်။
သူတို့ကတိုက်ခိုက်ရသည်ကို ကြိုက်သည်ဆိုမှတော့ လုရှောင်ယန်လည်း သူတို့အား ငရဲတွင်သွား၍တိုက်ခိုက်ရန် ပို့ပေးလိုက်သည်။
ပြီးနောက်တွင် လုရှောင်ယန်ဟာ ထိုနေရာမှထွက်ခွာကာ လုမျိုးနွယ်စုအား ရှာဖွေမည့်ခရီးစဉ်အား စတင်လိုက်တော့သည်။
သူထွက်သွားသည်နှင့် လေထုဟာပုံပျက်သွား၏။ ကောင်းကင်ယံတွင် နောက်ထပ် ရွှေတံခါးတစ်ချပ်ပေါ်လာလေသည်။
ဒါဟာ နတ်ဘုရားလောကနှင့် အဆင့်နိမ့်လောကအား ဆက်သွယ်ထားသော တံခါးပေါက်ပင်ဖြစ်တော့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၀၃ နေအလင်းရောင် အစီအစဉ်
"၂နှစ်၊ ၂နှစ်စလုံး။ ငါ ဟန်ကျန့် နောက်ဆုံးတော့ နတ်ဘုရားတစ်ပါးဖြစ်လာခဲ့ပြီ!ဟားဟားဟားဟား..."
ဟန်ကျန့်မှာ လွန်ခဲ့သည့် ၂နှစ်စလုံး မည်သို့ရှင်သန်လာခဲ့သည်မှန်းကိုမူ မသိရပါ။
အဘယ့်ကြောင့်ဆိုသော် ထိုရှေးဟောင်းအထွတ်အထိပ်အဆင့်ကြောင့် သူ့မှာ အစာပင်ကောင်းစွာမစားနိုင်ခဲ့ချေ။
ဂူထဲ၌ ပုန်းအောင်းနေခြင်းသည်ပင် ရေတွက်မရနိုင်သော မျက်လုံးများကသူအား စိုက်ကြည့်နေသည်ဟု ခံစားရစေ၏။
နာကျင်မှုနှင့် ခံစားရမှုအကြားတွင် သူဟာ သွားများကိုကြိတ်လျက် လုံ့လစိုက်ကာကျင့်ကြံလေသည်။ သူဟာ ပူပန်သောကကြောင့် အကြိမ်ရေအတော်တော်များများ ရူးသွပ်လုနီးပင်ဖြစ်သွားခဲ့၏။
အချိန်နှစ်နှစ်ကျော်မျှ ခါးသက်သောခံစားချက်များအား ကြုံတွေ့ပြီးချိန်တွင်မူ သူဟာ နတ်ဘုရားတစ်ပါးပင်ဖြစ်လာခဲ့သည်!
အဟားဟားဟား...
"ဒါက နတ်ဘုရားလောကပဲ။ ဒီမှာ ရှေးဟောင်းအထွတ်အထိပ်အဆင့် ထပ်ရှိမှာမဟုတ်တော့ဘူး။ ငါထပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းရှင်သန်နိုင်ပြီ။"
ဒီလောက၏ နက်နဲမှုအားစူးစမ်းရန် ပြင်ဆင်ပြီးချိန်တွင် ဟန်ကျန့်၏ နှုတ်ခမ်းစွန်းများမှာ ကွေးတက်သွားလေသည်။
ထို့ကြောင့် သူဟာတောင်ထိပ်သို့ပျံတက်သွားလိုက်ကာ နတ်ဘုရားလောက၏ ဝန်းကျင်အား နားလည်နိုင်ရန် အနီးအနားရှိမြို့တစ်ခုအား ရှာဖွေရန်ပြင်လိုက်သည်။
သို့သော် တောင်ပေါ်သို့ခြေချမိလိုက်သည်နှင့် အလင်းတန်းများဟာ အဝေးတစ်နေရာမှ ပျံထွက်လာလေသည်။
သူတို့၏ ရောင်ဝါများမှာ အလွန်အားကောင်းပြီး ၎င်းတို့တစ်ဦးစီသည် နတ်ဘုရားအဆင့်ကျင့်ကြံသူထက် မနိမ့်ကျနိုင်ပေ။
"ချန်ပေါင်ထန်း၊ မင်းလူလိမ်ကောင်။ ငါ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်၊ ဒါပေမယ့် မင်းက ငါ့မိသားစုရဲ့ပိုင်ဆိုင်မှုကို လုယူဖို့အတွက် အပြင်လူတွေနဲ့တောင် ပူးပေါင်းဖို့အထိ သတ္တိရှိတယ်ပေါ့။ ငါက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်းကတကယ်ကြီးထင်နေတာလား။ ငါဒီနေ့ မင်းကို သတ်ပစ်မယ်!"
ထို့နောက်တွင် ကောင်းကင်၌ အလင်းတစ်ခု ထွက်ပေါ်လာသည်။ အားကောင်းလှသော စွမ်းအင်ကြောင့် တိမ်လွှာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
မကြာမီတွင် အော်သံတစ်ခုနှင့်အတူ အလောင်းများက ဟန်ကျန့်၏ နံဘေးသို့ကျရောက်လာကာ အသားတုံးများအဖြစ်သို့ပြောင်းလဲသွားသည်။ နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ သွေးများဟာ ဟန်ကျန့်၏မျက်နှာထက်သို့လာစင်လေသည်။
ဟန်ကျန့်ဟာ တောင်အောက်သို့ပြန်မဆင်းခင်အချိန်ထိ တစ်ခဏမျှ ငြိမ်သက်သွား၏။
"သေစမ်းကွာ၊ ဒီနတ်ဘုရားလောကကြီးက တကယ်ကိုအန္တရာယ်များလွန်းတာလား။ ငါတော့ ပထမဆုံး ဒီမှာပဲ ဂူတစ်ခုခုရှာပြီး ကျင့်ကြံသင့်တယ်ထင်တယ်။ ငါ့ရဲ့ကျင့်ကြံဆင့်တိုးလာမှပဲ ရှာဖို့လုပ်တော့မယ်။ ဘာပဲဖြစ်ဖြစ် ငါကအခုတော်တော်အားနည်းနေသေးတယ်။"
ဟန်ကျန့်ဟာ အလျန်အမြန်ပဲ တောင်ခြေသို့ရောက်ရှိလာပြီး ဂူတစ်ခုအားရှာဖွေလိုက်သည်။
"ဟ၊ ဒီလိုနေရာမှာ ဒီလောက်ကောင်းတဲ့ ဂူရှိနေတာလား? ဝင်ပေါက်ကကျဉ်းပေမယ့် အတွင်းဘက်မှာကျယ်သားပဲ။ အပြင်ကနေကြည့်ရင် အရမ်းသေးတယ်ထင်ရပေမယ့် အထဲဝင်လာလိုက်တော့မှ မတူညီတဲ့ကမ္ဘာတစ်ခုလိုပဲ! ငါကဒီထဲက ငုံးကောင်လေးလို့တောင်ခံစားမိတယ်။"
"ဒါပေမယ့် ဒီနေရာလေးက လုံးဝကိုငါ့အကြိုက်ပဲ။ အာ၊ ဒီနေရာမှာ အစီအရင်တွေရှိနေတာလား။ သေစမ်း ဒီအစီအရင်တွေကိုရေးဆွဲခဲ့တဲ့ သူရဲ့အရည်အချင်းက ငါ့ထက်တောင်ပိုမြင့်နေတာလား။"
"ငါတော့ကံကောင်းတာပဲ။ ဒီဂူက စီနီယာပညာရှင်တစ်ယောက် အစီအရင်တွေကိုရေးဆွဲထားတဲ့ ဂူပဲဖြစ်ရမယ်။ ဟားဟားဟားဟား...ငါတော့ချမ်းသာပြီ။ ငါကတကယ်ကို ပြိုင်ဘက်ကင်းကံနဲ့ ချီးမြှောက်ခံထားရတာပဲ။ ဒီကမ္ဘာမှာ ငါနဲ့ယှဉ်နိုင်တဲ့လူရှိပါဦးမလား?"
ထို့နောက်တွင်မူ ဟန်ကျန့်ဟာချက်ချင်းဆိုသလို ဝိညာဉ်ကျောက်တုံးများအား အစီအရင်ထံတွင် ထားလိုက်ပြီး သီးသန့်ကျင့်ကြံဖို့ စတင်လိုက်တော့သည်။
သူ့ထံတွင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများသာရှိပါသော်လည်း အဆင်ပြေပါသည်။ ၎င်းမှာ အစီအရင်၏အကျိုးသက်ရောက်မှုအား နည်းနည်းလောက် အားနည်းစေရုံသာဖြစ်စေပါလိမ့်မည်။
သို့ရာတွင် ဒါက နတ်ဘုရားလောကရှိ အစီအရင်ဖြစ်နေဆဲပင်။ ထိုသည်ကို အချိန်တိုအတွင်း ဖျက်ဆီးဖို့ရန်မှာမဖြစ်နိုင်ပါချေ။
…
နတ်ဘုရားလောက၊ ရှေးဟောင်း မြင့်မြတ်နယ်မြေ။
ဤနေရာဟာ နတ်ဝိညာဉ်သားရဲများ၏ နိဗ္ဗာန်ဘုံပင်ဖြစ်သည်။ နတ်ဘုရားလောကရှိ သားရဲအားလုံးနီးပါးမှာ ဤနေရာတွင် စုဝေးနေကြသည်။
ထိုအခိုက်တွင် ရာနှင့်ချီသော နတ်ဝိညာဉ်သားရဲများဟာ ရှေးဟောင်း မြင့်မြတ်နယ်မြေ၏ မြက်ခင်းပြင်ကျယ်ပေါ်တွေ ထိုင်နေကြသည်။
၎င်းတို့၏အရှေ့တွင်မူ လေပေါ်တွင် တန့်ကာ ဟောပြောနေသော လူတစ်ဦးရှိ၏။
“ကျုပ်တို့ရဲ့ လူသားမျိုးနွယ်မှာ လူသားမျိုးနွယ်ကို ရှေ့သို့ ဦးတည်စေခဲ့တဲ့ ဝါကျတစ်ခုရှိခဲ့တယ်။ ဒီဝါကျကတော့ 'အိပ်မက်' ပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတိုင်းကို အိပ်မက်တွေကသာ စိတ်မပျက်စေနိုင်ခြင်းဖြစ်တယ်။"
"လူသားတွေက သူတို့ရဲ့ မိခင်ထံကနေ မွေးဖွားလာသလိုမျိုး နတ်ဆိုးတွေကလည်း ထိုသို့ပဲဖြစ်တယ်။"
"ဒါကြောင့် နတ်ဆိုးတွေမှာလည်း အိပ်မက်တွေမက်ဖို့အတွက် အရည်အချင်းပြည့်မီတယ်။"
"နတ်ဆိုးတွေကို ဘာကြောင့်လူသားတွေက နင်းချေနေကြတာလဲ။ လွန်ခဲ့တဲ့ ကာလများစွာက နတ်ဆိုးတွေ ကမ္ဘာကြီးကို လွှမ်းမိုးထားခဲ့တာကြောင့်လို့ ပြောရမယ်။"
"အားလုံးပဲ၊ ကျုပ်ရဲ့လိပ်နက် နတ်ဆိုးသူငယ်ချင်းကို ကျေးဇူးပြုပြီး တစ်ချက်လောက်ကြည့်ပေးကြပါဦး။ သူဟာတစ်ချိန်တုန်းက လူတွေရဲ့ အစာဖြစ်ဖို့လောက်ထိ အားနည်းပြီး အကူအညီမဲ့နေခဲ့တယ်။ ကျုပ်တို့ဆီကို ဝင်ရောက်လာတည်းက သူဟာကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို အလျင်အမြန်ပဲရောက်ရှိသွားပြီးတော့ အခုဆိုရင် အားကောင်းတဲ့ ပဉ္စမမြောက် နတ်ဘုရားအဆင့် နတ်ဝိညာဉ်သားရဲဖြစ်နေပါပြီ။"
"ဒါကတကယ်ကို မလွဲချော်စေသင့်တဲ့ ရှားပါးအခွင့်အရေးတစ်ခုပဲ။"
"ကျုပ်တို့ရဲ့ ၉၉၉ နေအလင်းရောင်အစီအစဉ်ကို ဝင်ရောက်ကြပါ။ ကျုပ်တို့က ခင်ဗျားတို့ကို ကောင်းကင်ဘုံအားသွေဖယ်လို့ ကံကြမ္မာကိုပြောင်းလဲစေနိုင်အောင် ကူညီပါ့မယ်။ ဘာတွေကိုစောင့်နေမှာလဲ။ မင်းဟာ နတ်ဆိုးသားရဲကနေ နတ်ဝိညာဉ်သားရဲဖြစ်ဖို့ ထိုက်တန်ပါတယ်။"
"ဝေါင်း!"
ကလင်း!
ပို့ချမှု ပြီးနောက်တွင် ရာချီသော နတ်ဝိညာဉ်သားရဲများဟာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါများဖြင့် ဟိန်းဟောက်ကြလေတော့သည်။
ထိုလူဟာ ရှင်းပြဖို့ အခွင့်အရေးယူလိုက်၏။
"အားလုံးပဲ၊ စိတ်အေးအေးထားကြပါ။ ကျုပ်တို့ဆီကို ဝင်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး တန်းစီပေးကြပါ။ နတ်ဆိုးသားရဲတိုင်းက သွေးအဆီအနှစ်တစ်စက်နဲ့ ဝိညာဉ်အဆီအနှစ်တစ်စက်ကိုပဲ ပေးအပ်ဖို့လိုပါတယ်။ ကျုပ်တို့ကို သဘာဝ ရတနာတွေ ပေးစရာ မလိုပါဘူး။ ကျုပ်တို့ရဲ့ဝန်ဆောင်မှုတွေအားလုံးက အခမဲ့ပဲ။ ကျုပ်တို့ပိုက်ဆံမလိုချင်ဘူး!"
ထိုလူ၏ သွေးဆောင်မှုအောက်တွင် နတ်ဆိုးသားရဲများဟာ ရှေ့သို့တက်လာကြပြီး သွေးအဆီအနှစ်နှင့် ဝိညာဉ်အဆီအနှစ် တစ်စက်စီကို ထုတ်ပေးကြသည်။
ထို့နောက်တွင်မူ ထိုလူသည် ထိုသွေးအဆီအနှစ်များနှင့် နတ်ဝိညာဉ်အားလုံးအား သူ၏ကိုယ်တွင်းသို့စုပ်ယူလိုက်လေ၏။
"နတ်သားရဲထိန်းချုပ်ခြင်းအနုပညာ၊ သန့်စင်လိုက်။"
ထိုလူ သန့်စင်လိုက်သောအခိုက်တွင် နတ်ဝိညာဉ်သားရဲအလုံးစုံဟာ တခဏအတွင်း တုံ့ပြန်လိုက်ကာ နေရာမှာပင် စတင်ကာ ဟစ်အော်ကြတော့၏။
"ဝေါင်း!"
ကံမကောင်းစွာနှင့်ပင် အတော်နောက်ကျသွားခဲ့ပြီဖြစ်သည်။
နတ်သားရဲထိန်းချုပ်ခြင်း အနုပညာ၏ ဖိနှပ်မှုအောက်တွင် ရာနှင့်ချီသော နတ်ဝိညာဉ်သားရဲများမှာ ထိုလူ၏ နတ်ဆိုး အိမ်မွေးတိရိစ္ဆာန်လေးများ ဖြစ်ကာသွားလေ၏။
ထိုအခါမှသာ ထိုလူဟာ နှဖူးထက်ရှိ ချွေးအေးများအား သုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"ဟား! နောက်ဆုံးတော့ပြီးသွားပြီပဲ။ ငါပင်ပန်းနေပြီ။
ကံကောင်းလို့ ဆရာပေးထားတဲ့ နတ်သားရဲထိန်းချုပ်ခြင်းအနုပညာက နတ်နည်းစနစ်အဆင့်မှာရှိနေတာ။ မဟုတ်ရင် ဒီနတ်ဝိညာဉ်သားရဲတွေကို ဖိနှိပ်ဖို့ ငါ့အတွက် အတော်လေးခက်ခဲလောက်တယ်။"
စုလင်းဝူဟာ အနည်းငယ်တော့ကံမကောင်းခဲ့ပါချေ။
နတ်ဘုရားလောကသို့ ရောက်လာသူအများစုသည် အများအားဖြင့် ကျင့်ကြံသူများ၏ နယ်မြေသို့ ကူးပြောင်းရောက်ရှိလာကြသည်။
သူကတကယ်ကို သနားစရာပင်။ သူဟာ ဆရာ့၏ နတ်ဝိညာဉ်သားရဲ အစေခံများနှင့် အတူ ရှေးဟောင်း မြင့်မြတ်နယ်မြေသို့ ကူးပြောင်းရောက်ရှိလာခြင်းဖြစ်၏။
အမှန်တော့၊ ဤနေရာကို နတ်ဘုရားစွန့်ပစ်နယ်မြေဟု မပြောနိုင်ပေ။ ဤနေရာတွင် သဘာဝရတနာများ၊ နတ်သလင်းကျောက်များနှင့် နတ်သလင်းကျောက်တွင်းများပင် ရှိသေးသည်။
သို့သော် ပြဿနာမှာ ထိုနေရာသည် နတ်သားရဲတွင်းဖြစ်နေခြင်းပင်။ အရွက်တစ်ရွက်ကို ကောက်ယူဖို့သွားလျှင်ပင် သစ်ပင်နတ်ဆိုးတစ်ကောင်ဖြစ်နိုင်သည်ဟု ဆိုခြင်းမှာ ချဲ့ကားခြင်းမဟုတ်ပါပေ။
ထိုအခြေအနေမှာ လိပ်နက်နှင့် မီးငှက်ဇာမဏီတို့လို နတ်ဝိညာဉ်သားရဲများအဖို့ ပြဿနာကြီးမဟုတ်ပါချေ။ သို့သော် စုလင်းဝူအတွက် ခေါင်းကိုက်ရချေသည်။
ဒါဟာ သူကလူသားတစ်ယောက်ဖြစ်နေ၍ပင်။
လူသားများဟာ နတ်ဆိုးသားရဲများ၏ သဘာဝရန်သူပင်ဖြစ်၏။
သူ့အား နတ်ဆိုးသားရဲများသာ မြင်တွေ့သွားပါက အသတ်ခံရနိုင်ပေသည်။
ထိုအခြေအနေတွင် သူ့အတွက်အသက်ရှင်နေရသည်မှာပင် မဆိုးလှချေ။ သူဟာမည်သို့များ ကျင့်ကြံနိုင်နေပါမည်နည်း။
အိပ်မက်မက်နေလိုက်!
သူဟာ လိပ်နက်နှင့် မီးငှက်ဇာမဏီတို့ကဲ့သို့ နတ်ဝိညာဉ်သားရဲများ၏ အကာအကွယ်ကို မှီခိုနေရသော်လည်း သူသာ လိပ်နက်နှင့် မီးငှက်ဇာမဏီတို့နှင့်သာ မနီးကပ်နေပါက၊ သူ ဒီမှာတင် အဆုံးသတ်သွားမှာ မဟုတ်ချေ။
သူ့အား ချောင်ထဲသို့ အတင်းအကြပ်တွန်းပို့ခြင်းကြောင့် သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် စုလင်းဝူဟာ အကြံကောင်းတစ်ခုရခဲ့သည်။
သူဟာ လတ်တလောတွင် ကျင့်ကြံခြင်းကို မပြုဘဲ သူ့ဆရာ သင်ကြားပေးခဲ့သော နတ်သားရဲထိန်းချုပ်ခြင်းအနုပညာကိုသာ ကျင့်ကြံခဲ့သည်။
ထို့နောက် ထိုနတ်ဝိညာဉ်သားရဲများအား အရူးလုပ်ရန် နတ်သားရဲထိန်းချုပ်ခြင်းအနုပညာကို အသုံးပြုခဲ့သည်။
အစတွင်၊ သူဟာ အဆင့်နိမ့်နတ်ဆိုးသားရဲများကို သိမ်းသွင်းခြင်းဖြင့် စတင်လိုက်သည်။ ထို့နောက် သူသည် သူ့ကိုယ်သူအား လူသိရှင်ကြားဖော်ပြရန်အလို့ငှာ ထိုအဆင့်နိမ့်နတ်ဆိုးသားရဲများကို အသုံးပြု၍ အဆင့်မြင့်နတ်ဝိညာဉ်သားရဲများကို တစ်ဆင့်ပြီးတစ်ဆင့် သွေးဆောင်လာခြင်းဖြစ်သည်။
ထိုနည်းလမ်းဖြင့် စုလင်းဝူသည် သူ၏သြဇာအာဏာကို အဆင့်ဆင့် ချဲ့ထွင်ခဲ့သည်။
နတ်ဝိညာဉ်သားရဲများအား ထပ်မံလှည့်ဖြားနိုင်ရန်အတွက်၊ သူသည် အထူးတလည်ပင် စကားလုံးများစွာကို တီထွင်ခဲ့သည်။
အထူးသဖြင့် ၉၉၉ နေအလင်းရောင် အစီအစဉ်။
ဘာကြောင့် ဒါကို ၉၉၉ နေအလင်းရောင် အစီအစဉ်လို့ ခေါ်ရတာလဲ။ ဒါဟာ ခြေသုံးချောင်းပါ ရွှေရောင်ကျီးများ ဖြစ်ကြသည့် နတ်ဆိုးသားရဲတို့၏ ဒဏ္ဍာရီလာဧကရာဇ်နှစ်ပါး သီကျွင်းနှင့် ထိုက်ယိတို့ကြောင့်ဖြစ်သည်။ ၎င်းတို့ဟာ နေမင်းများအားကိုယ်စားပြုကြသည်။
ထိုသို့ နေအလင်းရောင်အစီအစဉ်ဟု နာမည်ပေးခြင်းဖြင့် သူ့အား နတ်ဆိုးသားရဲနှင့် နတ်ဝိညာဉ်သားရဲများအဖြစ် အသိရစေမည်ဖြစ်သည်။
၉၉၉ဆိုသည်မှာတော့ သူဟာဆရာ့၏ ကိုးယောက်မြောက်တပည့်ဖြစ်သောကြောင့်ပင်။
နတ်သားရဲထိန်းချုပ်ခြင်းအနုပညာကြောင့် စုလင်းဝူ၏ အင်အား တစ်ဆင့်ပြီးတစ်ဆင့်ကြီးမားလာရုံမျှမက သူ့အား အာဟာရဖြစ်စေမည့် ရှေးဟောင်းမြင့်မြတ်နယ်မြေမှ သဘာဝရတနာများနှင့် နတ်သလင်းကျောက်တွင်းများအား နတ်ဆိုးသားရဲများနှင့် နတ်ဝိညာဉ်သားရဲများကိုထိန်းချုပ်ခြင်းဖြင့် ရှာဖွေနိုင်သည့်အပြင် ရှစ်သွယ်သော ဗလာစစ်နတ်ဘုရားအား ကျင့်ကြံနိုင်သည်။ သူ၏ကျင့်ကြံခြင်းမှာ အင်မတန်မြန်သောနှုန်းဖြင့် တိုးတက်လာနေပြီး တတိယမြောက် စစ်မှန်သောနတ်ဘုရားအဆင့်သို့ပင် ကျော်ဖြတ်ကာရောက်ရှိနေပြီဖြစ်သည်။
"ဆရာရယ် ဆရာတူအစ်ကို၊ အစ်မတွေရယ် ဘာများလုပ်နေကြလဲမသိဘူး။ ဒီ ရှေးဟောင်းမြင့်မြတ်နယ်မြေမှာလည်း ဘယ်ဂိုဏ်းမှ ဘယ်လူသားမှမရှိဘူး။ ငါ့ဘာသာလည်းကျင့်ကြံရတယ်။ ငါ့ရဲ့ကျင့်ကြံဆင့်က ဆရာတူအစ်ကိုတွေ၊အစ်မတွေထက် နိမ့်ကျနေလောက်မယ်ထင်တယ်။"
"မဟုတ်ဘူး၊ ငါပိုပြီးပြင်းပြင်းထန်ထန်ကျင့်ကြံရမယ်။ မဟုတ်ရင်ဆရာ့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။ ငါဆုံးဖြတ်လိုက်ပြီ။ ငါပထမဆုံး ကျင့်ကြံရာမှာ ကူညီဖို့အတွက် နတ်ဝိညာဉ်သားရဲ တစ်သိန်းကို စုဆောင်းရမယ်။"
...
လုရှောင်ယန်၏ဘက်တွင်မူ သူဟာထွက်ခွာသွားပြီးနောက် ကိုယ်ပွားအား မြန်မြန်ပင်ရှာတွေ့ခဲ့သည်။ ထို့နောက်တွင် သူ၏ကိုယ်ပွားအား တောင်နှင့်မြစ်ပန်းချီထဲသို့ ဝင်ခွင့်ပေးလိုက်ကာ စတင်ကျင့်ကြံစေလိုက်သည်။
သူဟာ လုမျိုးနွယ်စုအားရှာဖွေရန် ကိုယ်ပိုင်သဲလွန်စများနောက်ကိုသာ လိုက်နေသည်။
အကြီးအကဲထျန်းကျီက လုမျိုးနွယ်စုအနီးရှိ တံဆိပ်ပြားထဲသို့သာ သွေးအဆီအနှစ်တစ်စက်ကို ထိုးသွင်းနေသရွေ့ သူ့အားကယ်တင်ရန် လုမျိုးနွယ်စုကို ဆွဲဆောင်နိုင်လိမ့်မည်ဟုပြောခဲ့ဖူးသည်။
ဒါက မှန်ရဲ့လားကိုပင်မသေချာပါချေ။
ထိုအခိုက်တွင် သူသည် ရထားလုံးတစ်ခုထဲရှိ အခန်းတစ်ခုတွင် ထိုင်နေပြီး ထိုရထားလုံးမှာလုမိသားစုတည်ရှိရာ ထျန်းရွှေမြို့အနီးသို့ သွားရောက်နေခြင်းဖြစ်သည်။
ထိုရထားလုံးမျိုးအား နတ်ဆိုးသားရဲများဖြင့်မောင်းနှင်ပြီး ကမ္ဘာမြေကြီး၏ နည်းပညာထက်ပင် အဆများစွာမြန်ဆန်ပေသည်။ ဒါဟာ နတ်ဘုရားလောကရှိ ထင်ရှားသော အခြေခံယာဉ်မျိုးဖြစ်သည်။
များသောအားဖြင့် ၎င်းတို့တွင် တိကျသော လမ်းကြောင်းရှိကာ အဆင့်မြင့်သော ကျင့်ကြံသူများကစောင့်ကြပ်ပေးကြသည်။ ဒါ့အပြင် ဈေးနှုန်းမှာလည်းသင့်လျော်လှပြီး ခရီးသည်အရေအတွက်မှာလည်း အထင်ကြီးစရာကောင်းလှသည်။
လုရှောင်ယန်ဟာ သူ၏အခန်းထဲတွင်သာထိုင်နေပြီး လက်လွယ်စပယ်မပြုမှုရဲပါပေ။ သူဟာသူ၏နတ်ဘုရားအမြင်အား တိတိပပဖွင့်လှစ်လိုက်ကာ မတော်တဆရန်များမှ ကာကွယ်ရန်အတွက် အရှေ့နှင့်အနောက်ရှိ လှုပ်ရှားမှုများအား အကဲခတ်လိုက်သည်။
အခြားအခန်းများမှ စကားပြောသံများသည် ဆက်တိုက်ဆိုသလို သူ၏ နတ်ဘုရားအမြင်အား ဖြတ်သန်းကာ သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"မင်းကြားပြီးပြီလား? လွန်ခဲ့တဲ့ရက်အနည်းငယ်က မြောက်ဘက်ကောင်းကင်ပေါ်မှာ ဇာမဏီပုံရိပ်ကြီးပေါ်လာတယ်ဆိုပဲ။"
"အဲ့ဒီဇာမဏီပုံရိပ်ကြီးက ကောင်းကင်မှာထိုးထွက်နေပြီး သားရဲတွေအကုန်လုံးကို ဦးတိုက်စေခဲ့တယ်တဲ့။ အဲ့ဒီဖြစ်ရပ်ကတကယ်ကို ဒဏ္ဍာရီဆန်တာပဲ။"
"ဒါတင်မကသေးဘူး၊ ထိတ်လန့်ဖွယ် ဟိန်းသံကြီးတစ်ခုလည်း အရှေ့နတ်ဆိုးချောက်နက်ကနေ ထွက်ပေါ်လာသေးတယ်တဲ့။ နတ်ဆိုးချောက်နက်မှာ တစ်ယောက်ယောက်က လူသားအသွင်သဏ္ဍာန်ကြီးတစ်ခုကိုလည်း တွေ့လိုက်ရတယ်။ အဲ့လူက အမြီးရှည်ကြီးရှိပြီး သံတုတ်ကြီးကိုလည်း ကိုင်ထားတယ်။ ပြီးတော့အဲဒါကို ဝှေ့ယမ်းလိုက်ပြီး နတ်ဆိုးချောက်နက်တစ်ခုလုံးကို အနှောင့်အယှက်ပေးတယ်တဲ့။”
"ငါကြားတာတော့ နတ်ဆိုးချောက်နက်ထဲက နတ်ဆိုးသားရဲတွေလည်း ကြောက်လွန်းလို့ ထွက်ပြေးလွတ်မြောက်သွားကြတယ်ဆိုပဲ။ နတ်ဆိုးချောက်နက်နားမှာရှိတဲ့ ဂိုဏ်းကြီးအချို့ကလည်း သူတို့ကို ဝိုင်းပြီးနှိမ်နင်းဖို့ တပ်ဖွဲ့တွေပါ စေလွှတ်ထားပြီးပြီ။”
"ဒါကဘာမှမဟုတ်ပါဘူးကွာ။ ငါကြားတာတော့ လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက နတ်ဘုရားလောကမှာ သောက်ရူးတစ်စုပေါ်လာသေးတယ်ဆိုပဲ။ သူတို့ကနတ်ဘုရားလောကရဲ့ သေလွန်ပြီးသားပညာရှင်တွေနဲ့ ဂိုဏ်းအသီးသီးက ဘိုးဘေးတွေရဲ့ အုတ်ဂူတွေကိုဖောက်ထွင်းတဲ့နေရာမှာ ကျွမ်းကျင်ကြတယ်။ သူတို့ကသေလူတွေကိုတောင် အလွတ်မပေးဘူး။ အကုန်ရူးနေကြတာပဲ။"
"ငါထပ်ပြီးကြားတာကလည်း ရှေးဟောင်းမြင့်မြတ်နယ်မြေက အရမ်းကြီးမလုံခြုံဘူး။ မကြာခဏပဲ နတ်ဝိညာဉ်သားရဲတွေက အထိန်းအကွပ်မရှိ စုဝေးကြပြီးတော့ အဖွဲ့လိုက်လျှောက်သွားနေကြတယ်တဲ့။ နတ်ဝိညာဉ်သားရဲတွေရဲ့ ဟိန်းသံတွေကိုတောင် ဒီတိုင်းကြားနေရတယ်ဆိုပဲ။"
"ဟင်း! ဒီ၂နှစ်အတွင်း နတ်ဘုရားလောကမှာ ဘာတွေများဖြစ်ကုန်တာလဲကွာ။ တဖြည်းဖြည်းနဲ့ မတည်ငြိမ်တာတွေဖြစ်လာနေပြီ။ အရင်က ဒါမျိုးတွေ နတ်ဘုရားလောကကြီးမှာ မဖြစ်ဖူးပါဘူး။"
ဤသည်ကိုကြားသည်နှင့် လုရှောင်ယန်၏ မျက်ခုံးများ ကျဆင်းလျက် အကျပ်ရိုက်သွားလေ၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၀၄ ဝမ့်ခိုက် နိုးထလာခြင်း
နတ်ဘုရားလောကဟာ အလွန်တရာကိုမှ အန္တရာယ်များဆဲပင်။
ဒါဟာ ဤနေရာမှ ဒုက္ခဖြစ်စေသော အရာများနှင့် ပညာရှင်များကြောင့်လည်းဖြစ်သည်။
သူတို့ထဲမှ မည်သူဖြစ်ဖြစ် ထိပ်တန်းအရည်အချင်းရှိ ပညာရှင်များဖြစ်ကြသည်။
ဒါဟာ အနိုင်ယူဖို့ရန်ပင်မဖြစ်နိုင်ချေ။
ဘယ်လောက်သနားစရာကောင်းလိုက်လဲ။
သို့သော်လည်း ဒါနဲ့ပက်သက်ပြီး လုပ်နိုင်တာလည်း မရှိပါချေ။ ဒါကို ဂရုတစိုက်တွေးကြည့်လျှင် ၎င်းတို့ဟာ အဆင့်နိမ့်ကမ္ဘာမှ ရောက်ရှိလာကြသည်။ သူတို့ဟာ နတ်ဘုရားလောက၏ ဒေသခံများနှင့် မည်သို့ယှဉ်နိုင်ပါမည်နည်း။
ဆိုရိုးစကားအတိုင်းပင် တစ်ဖက်လူ၏ ဘိုးဘေးများ ကြိုးစားအားထုတ်မှုကို ခါးခါးသီးသီးကျင့်ကြံခြင်းနှစ်နှစ်ကျော်က အဘယ်ကြောင့် ကျော်လွန်နိုင်မည်နည်း။
သူဆုတောင်းသည်မှာ သူ၏တပည့်များကပို၍နာခံရန်နှင့် သိုသိုသိပ်သိပ်နေရန်ပင်။ သူတို့သာ နာနာခံခံကျင့်ကြံနိုင်မည့် နေရာတစ်ခုအားရှာတွေ့နိုင်လျှင် အကောင်းဆုံးပင်ဖြစ်သည်။
သူ၏တပည့်များသာ မည်သည့်ဒုက္ခမှမတွေ့လျှင် အကောင်းဆုံးဖြစ်မည်။
သေလွန်ပြီးနောက်တွင်လည်း ရှန်းထီကျောက်ရှင်အမှတ်အသားမှ ပြန်လည်ရှင်သန်လာနိုင်ပါသော်ငြား သူတို့၏ ကျင့်ကြံဆင့်များမှ အင်မတန်မြင့်မားလှသောကြောင့် ရှင်သန်ရန်ပြုလုပ်ရမည့်အချိန်မှာ အလွန်တရာကြာညောင်းလှမည်ဖြစ်သည်။ ဒီလိုအချိန်အကြာကြီးမှာ ကျင့်ကြံချိန်တွေ ဘယ်လောက်တောင် ဆုံးရှုံးသွားရမလဲ။
နောက်ဆုံးတွင် ရှန်းထီကျောက်ရှင်အမှတ်အသားမှ သေလွန်ပြီးသော နတ်ဆိုးသားရဲအနည်းငယ်နှင့် အမည်မဲ့ဂိုဏ်း၏ ဒုတိယမျိုးဆက်ဂိုဏ်းသားလေးများ၏ ခန္ဓာကိုယ်များသည်ပင် အပြည့်အစုံ ပြန်မရသေးပါချေ။
ဝမ့်ခိုက်သည်လည်း ယခုအချိန်တွင် အဆင့်မြှင့်တင်ဖို့ရာမှာ အချိန်အတော်ကြာယူလွန်းသည်မလား။
ဘာကြောင့် အခုအချိန်ထိ အောင်အောင်မြင်မြင် အဆင့်မမြှင့်တင်ရသေးတာလဲ။
လုရှောင်ယန် ခန့်မှန်းမိရသည်မှာ သူ၏တပည့်များမှာ ၂နှစ်စလုံးကျင့်ကြံခဲ့ကြပြီး ယခုအချိန်တွင် အနည်းဆုံး ကျင့်ကြံဆင့်များ အတော်အတန် တိုးတက်နေလောက်လေပြီ။
သူဟာ လက်ဆောင်ထုပ်အများအပြားကိုလည်း ဖွင့်နိုင်ပေတော့မည်။ သူသာ ဝိညာဉ်အစိတ်အပိုင်း တစ်ခု၊ နှစ်ခုမျှသာ လက်ခံရရှိနိုင်မည်ဆိုလျှင်ပင် ရှန်းထီကျောက်ရှင်အမှတ်အသားအား နက်နဲမှုအဆင့်သို့ တိုးမြှင့်ပေးနိုင်ပြီး ပိုမို ပြီးပြည့်စုံလာစေနိုင်မည်။
လုရှောင်ယန် တွေးတောနေစဉ်မှာပဲ ရထားတွဲ၏ အရှေ့ဘက်မှ ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာသည်။
ထို့နောက်ချက်ချင်းပင် လုရှောင်ယန်ရှိသော အခန်းမှာ စတင်၍ အဆက်မပြတ်တုန်ခါလာလေသည်။
"နတ်ဆိုးသားရဲ၊ ဒီမှာနတ်ဆိုးသားရဲတစ်ကောင်!"
တစ်ယောက်ယောက်မှ အော်လိုက်သည်နှင့် အနီးဝန်းကျင်မှာ စတင်ကာ ရုတ်ရုတ်သဲသဲဖြစ်လာသည်။
လုရှောင်ယန်:"???"
"အမ်၊ ငါအခုမှ တောင်ကနေထွက်လာရုံရှိသေး! ဒီလိုအချိန်မှာ ဘယ်လိုလုပ်တစ်ခုခုထဖြစ်နိုင်ရတာလဲ? တစ်ခုခုများမှားနေတာလား? မိုးနတ်မင်းကြီးဗျာ ဒါကိုရည်ရွယ်ချက်ရှိရှိနဲ့များလုပ်နေတာလား။"
လုရှောင်ယန် ဤနေရာကိုမရောက်ခင် ဒီလိုရထားတွဲမှာ တစ်ခုခုဖြစ်နိုင်ချေဟာ ယခင်ဘဝက လေယာဉ်ပျက်ကျခြင်းနှင့် ညီမျှကြောင်း သိရသည်။။ အခြေခံအားဖြင့် မည်သည်မှတော့ ဖြစ်မလာနိုင်ပါချေ။
ဘာလို့ သူ့ဆီမှာ ဒီလိုတစ်ခုခုဖြစ်ရမှာလဲ?
သူဟာထိုသို့စောဒကတက်မိပါသော်ငြားလည်း ရထားတွဲ၏ အပြင်ဘက်သို့ မြန်နိုင်သမျှ အမြန်ဆုံး နေရာပြောင်းရွှေ့လိုက်ပါသေးသည်။
ထိုအခိုက်တွင် ရထားတွဲတစ်ခုလုံးအားဝံပုလွေနတ်ဆိုးအုပ်စုက ဝန်းရံထားသည်။
လုရှောင်ယန်ဟာ အကြည့်လွှဲလိုက်သည်။ နတ်ဘုရားလောကတွင် ဝံပုလွေနတ်ဆိုးအများစုဟာ သိုင်းဘုရင်အဆင့် ကျင့်ကြံများနှင့်ပင် ညီမျှလေသည်။ ထိုအထဲတွင် အနည်းငယ်ပိုမိုသန်မာသည် ခေါင်းဆောင် ဝံပုလွေများလည်းရှိပြီး ၎င်းတို့၏ အင်အားများမှာ သတ္တမမြောက် သို့မဟုတ် အဌမမြောက် နတ်ဘုရားအဆင့်ထိပင် ရှိကြသည်။
၎င်းတို့နောက်ရှိ တောအုပ်ထဲတွင် ကြီးမားပြင်းထန်သော စွမ်းအားတစ်ခုအားဖုံးကွယ်ထားသည်။ သူ၏ကျင့်ကြံဆင့်မှာ ပဉ္စမမြောက် စစ်မှန်သော နတ်ဘုရားအဆင့်ပင် ဖြစ်နိုင်သည်။
ထိုအရာမှာ ထိုဝံပုလွေအုပ်စု၏ ခေါင်းဆောင်ဖြစ်နိုင်သည်။
ဝံပုလွေတို့၏ ခေါင်းဆောင်ထွက်ပေါ်မလာပါသော်ငြား တိုက်ခိုက်မှုမှာ အင်မတန်ပြင်းထန်လှသည်။ ဒါကတိုက်ခိုက်ခြင်းအစီအရင်ဖြစ်ပုံရ၏။
အစီအရင်များအား မြေပေါ်၌သာစီရင်၍ရခြင်းမျိုးမဟုတ်ပါပေ။ အချို့သော နတ်ဆိုးများနှင့် လူသားများမှာ အစီအရင်များအား တိုက်ခိုက်ရန်အတွက်လည်း အသုံးပြုနိုင်ကြပေသည်။
ထိုတိုက်ခိုက်ခြင်းအစီအရင်ကြောင့် ဝံပုလွေများ ထုတ်နိုင်သော စစ်မှန်သည့် ခွန်အားစွမ်းအင်မှာ သူတို့၏ အခြေခံခွန်အားထက်ပင် သာလွန်သည်။
လုရှောင်ယန်ဟာ အကြည့်အား လူအုပ်ကြီးထံသို့လွှဲလိုက်၏။ လူသားများမှာ လုံးဝ အခွင့်မသာချေ။ အသက်ရှူကြိမ်အနည်းငယ်အတွင်းတွင်ပင် အများစုမှာ သေဆုံးသွားကြပြီဖြစ်သည်။
ဒါကသူ့အားမျက်မှောင်အနည်းငယ်ကြုံလာစေ၏။
ထိုဝံပုလွေများမှာ အငြိုးကြီးကြီးဖြင့်လာခြင်းဖြစ်ရမည်။ ရှင်းလင်းစွာဖြင့် ၎င်းတို့မှာ လူများအားစားသုံးရန်လာရောက်ခြင်းမဟုတ်ပေ။
လုရှောင်ယန်ဟာ သူ၏ နတ်ဘုရားအမြင်အားရုတ်သိမ်းကာ အကြောင်းအရင်းကိုရှာဖွေနေလိုက်၏။
ထိုနေရာ၌ ဝံပုလွေငယ်များအား ရထားတွဲတစ်ခုလုံးဖြင့်ကို ဖမ်းချုပ် ထိန်းသိမ်းထားသည်။
ထိုအခိုက်တွင် လုရှောင်ယန်မှာ အရာအားလုံးအားနားလည်သွား၏။
နတ်ဘုရားအဆင့်ကို ကျင့်ကြံပြီးသည့်တိုင် လူသားများသည် ၎င်းတို့၏အနှစ်သာရကို မပြောင်းလဲနိုင်ကြချေ။
သို့ရာတွင် လုရှောင်ယန်မှာလည်း မကောင်းသည့်အရာများ ပြုလုပ်ထားဖူးသောကြောင့် စောဒကမတက်ချင်ပါပေ။
ဒါက တစ်ယောက်ယောက်ရဲ့ လက်စားချေမှုဖြစ်နေကတည်းက လုရှောင်ယန်မှာ သူတော်စင်တစ်ယောက်အဖြစ်ခံပြီး ဝင်ပါနေရန်လည်း မလိုအပ်ပါချေ။
ပုံမှန်အတိုင်း သူဟာလွတ်မြောက်သွား၏။
လုရှောင်ယန်ဟာ နေရာမှပျောက်ကွယ်သွားပြီး ၅၀ကီလိုမီတာအကွာရှိ တောင်အကြီးစားတစ်ခုဆီသို့ရောက်လာသည်။
ဒီနေရာတွင် ဝံပုလွေများထပ်မရှိတော့သဖြင့် သူအတော်လေး စိတ်သက်သာသွားသည်။
သို့သော်ထိုအချိန်တွင် အသံတစ်ခုအား သူ့နားထဲတွင်ကြားလိုက်ရ၏။
"သခင်၊ သခင် ငါ့ကိုလွမ်းနေလား?"
လုရှောင်ယန်၏ မျက်လုံးများ တောက်ပသွားသော်လည်း ခပ်မြန်မြန်ပဲ ပြန်လည်တည်ငြိမ်သွားသည်။
အနှီဝမ့်ခိုက်မှာ သူ့အပေါ်တွင် အမြဲအမြတ်ထုတ်သည်။ ထို့ကြောင့်လုရှောင်ယန်မှာ ထိုအရာအပေါ်အားအရမ်းမကောင်းနိုင်ပါချေ။ မဟုတ်ပါက သူ့အတွက် ဘာကကောင်းလဲဆိုတာကို မသိနိုင်တော့ပါချေ။
ထို့ကြောင့် လုရှောင်ယန်မှာ တည်ငြိမ်စွာပင် ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း၊ ထင်တာပဲ။"
ဝမ့်ခိုက် : [ ...]
[သခင်၊ အဲ့လိုကြီးလုပ်နေတာက တကယ်အဆင်ပြေလို့လား။ တခြား hostတွေက စနစ်ကို ‘ဒယ်ဒီ’လို့ခေါ်ကြပေမယ့် သခင်ကတော့ကိုယ့်ကိုယ်ကိုယ် ‘ဒယ်ဒီ’လို့ထင်နေတာပဲ]
"မင်းလည်းငါ့ကိုတစ်ခါမှ ‘ဒယ်ဒီ’လို့မခေါ်ဖူးဘူး မဟုတ်လား။"
[ဒါဆိုရင် ငါလည်း သခင့်ကို ‘ဒါလင်’လို့ပြောင်းခေါ်ရမလား]
လုရှောင်ယန် : "..."
"မင်းကတော်တော်လေးကို သိတယ်လို့ပဲထင်မိတယ်။"
[ဒါကပုံမှန်ပါပဲ၊ နောက်ဆုံးမှာတော့ ငါ့ရဲ့ ဖြစ်တည်မှုအဆင့်က အနန္တစကြဝဠာမှာရှိတဲ့ ကမ္ဘာအကြောင်းကို နည်းနည်းလေးသိနေတုန်းပဲလေ]
လုရှောင်ယန်ဟာ သူ၏မျက်လုံးများအား အနည်းငယ် မှေးကျဉ်းလိုက်သည်။
"မင်းရဲ့ဖြစ်တည်မှု အဆင့်? မင်းရဲ့ မှတ်ဉာဏ်အပိုင်းလေးတွေ ပြန်ရသွားပြီလား။ မင်းကတကယ် အထင်ကြီးစရာကောင်းနေတယ်။ မင်းကဘယ်သူလဲ။"
[သခင် အခုလိုအချိန်မှာ သာမန်လူလိုပဲနေပြီး ပြောနေတဲ့ခေါင်းစဉ်တွေကို မပြောင်းနဲ့လေ။ ခင်ဗျား ခေါင်းစဉ်ပြောင်းလိုက်တဲ့ အရှိန်က ရယ်စရာကောင်းနေတယ်]
"အဓိပ္ပာယ်မရှိပြောတာတွေရပ်ပြီး လိုရင်းကိုပြောစမ်းပါ။"
[ဟုတ်ပါပြီ၊ မှတ်ဉာဏ်တွေအကုန်တော့ ပြန်မရသေးဘူး။ ဒါပေမယ့် ငါက ထိပ်တန်းကမ္ဘာပေါင်း ၃၀၀၀ကနေလာခဲ့တာကို သိရတယ်။ ငါကအခုဆို ကောင်းကင်ဘုံကနေ ငုံ့ကြည့်နိုင်တဲ့ အဆင့်မှာရှိနေသင့်တယ်]
"ပုံမှန်လေးပဲပြောစမ်းပါ။"
[လိုရင်းပြောရရင် ငါက တာအိုနဲ့တူတဲ့ ဖြစ်တည်မှုဆိုပေမယ့် ဒီလောကထဲက ဘယ်တာအိုနဲ့မှ မသက်ဆိုင်ဘူး။ ငါက မဟာတာအို သုံးထောင်လို တူညီတဲ့ ခွန်အားကို ထုတ်နိုင်တယ်။ ဒါပေမယ့် ငါ့မှာ သူတို့ကို တွန်းလှန်နိုင်ဖို့ လုံလောက်တဲ့ သန်မာမှုမရှိနေဘူး]
လုရှောင်ယန်က မေးစေ့ကို ကိုင်လျက် စဉ်းစားနေသည်။
"ငါအရင်က ကမ္ဘာမြေမှာ အဲ့ဒီအကြောင်းကို ဖတ်ဖူးတယ်။ သူတို့ပြောတာကတော့ ကောင်းကင်ဘုံက တာအို ၅၀ကိုမွေးဖွားပေးအပြီးမှာ တစ်ခုကလွတ်မြောက်သွားတယ်တဲ့။ မင်းက လွတ်မြောက်သွားတဲ့ တာအိုဖြစ်နေမလား။"
[အဲလိုတော့မထင်ဘူး။ ပြောရရင် ငါက ဟိုးအရင်ရှေးကျတဲ့ အချိန်တွေတည်းက တည်ရှိနေခဲ့ပြီးသား။ အဲ့ဒီအချိန်မှာ ငါက ဖရိုဖရဲ ရှင်သန်နေထိုင်နေပြီး သခင့်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်ကို မကြာခဏ ကြည့်နေမိတယ်။ နောက်ပိုင်း သခင်က အင်အားကြီးတဲ့ရန်သူကို တိုက်ခိုက်တော့ ငါတောင် မခုခံနိုင်ဘဲ လွင့်ထွက်သွားခဲ့ရတယ်]
[ပြီးတော့ ငါ ပြန်နိုးလာပြီး အဘိုးအိုတစ်ယောက်ရဲ့ ကျောက်စိမ်းပြားနဲ့ တခြားသော မဟာတာအိုတွေထဲမှာ စုဆောင်းခံလိုက်ရတယ်။ ကျွန်တော်လည်း လွတ်မြောက်ဖို့ အခွင့်အရေးရပြီးတော့ ဗလာနယ်မြေမှာ နှစ်သောင်းချီလောက်ကြာအောင် လှည့်လည်သွားလာနေခဲ့တယ်။ နောက်ကျတော့ ပြင်းထန်တဲ့ စုပ်ယူအားကို ခံစားလိုက်ရပြီး သခင့်ရဲ့ ကိုယ်ထဲကို စုပ်ယူခံလိုက်ရတာပဲ]
[အိုး ဟုတ်သားပဲ။ အဲ့ဒီကျောက်စိမ်းပြားကို သခင့်ဆီကနေ လီကောက ခိုးသွားတယ်ထင်တယ်]
ဝမ့်ခိုက်က ဒါကို သာမန်ကာလျှံကာပြောဆိုနေပါသော်ငြား လုရှောင်ယန်၏ အမူအရာမှာလေးနက်နေသည်။
ဝမ့်ခိုက်က သူ့ရဲ့ မှတ်ဉာဏ်တွေကိုဆုံးရှုံးသွားတာကြောင့် သူ့ရဲ့ပုံစံအမှန်ကို ဆုံးဖြတ်ဖို့ကခက်ခဲလွန်းနေသည်။ ဒါပေမယ့် ဒါက ဘာလို့အရမ်းကို မယုံကြည်ချင်စရာကောင်းနေရတာလဲ။
အဘိုးအို၊ ကျောက်စိမ်းပြား၊ မရေတွက်နိုင်သော မဟာတာအို...
ဝမ့်ခိုက်က အဲဒီလွတ်မြောက်သွားတဲ့ တာအိုများ ဖြစ်နေနိုင်လား။
ပြီးတော့ အဲ့ဒီ့ကျောက်စိမ်းပြားက သူ့ရဲ့...
ဖြစ်နိုင်လား?
အဲ့သလိုဆိုရင်၊ ဒါက သူ့ကို ဒီလူဖြစ်မှာမဟုတ်ဘူးလား။
မကြာမီတွင် လုရှောင်ယန်ဟာ သူ့ခေါင်းအား အပြင်းအထန် ခါရမ်းလိုက်သည်။
ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဟာသပဲ။
လုရှောင်ယန်က တကယ့်ကိုပါရမီရှိ ဉာဏ်ထက်မြတ်ပြီး မည်မျှပင်ကြည့်ကောင်းနေပါစေ ကောင်လေးတစ်ယောက်က ဘယ်လိုလုပ်ဒီလို ဖြစ်တည်မှုအဆင့်ထိ ရှိနိုင်မှာတဲ့လဲ။
မဟုတ်သေးဘူး၊ ဒါက အမှားပဲဖြစ်ရမယ်။
"အခုတော့ ဒါကိုမပြောဘဲနေကြရအောင်။ မင်းထွက်သွားတည်းက တပည့်လေးတွေကို ဆက်သွယ်ဖို့ ဝိညာဉ်လမ်းညွှန်ကို သုံးလို့ရနိုင်သေးလား။"
[ဒါက နည်းနည်းလောက်ခက်မှာတော့ စိုးမိတယ်။ နတ်ဘုရားလောကက ကျယ်ပြောလွန်းတယ်။ ဒါက အဆင့်နိမ့်လောကရဲ့ နှစ်ဆတောင်ရှိတယ်။ ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ဒီလိုကျယ်တဲ့ အတိုင်းအတာထိ ရှာဖွေဖို့ မလုံလောက်ဘူး။ ပြီးတော့ အဆင့်နိမ့်လောကမှာတည်းက ငါ့ရဲ့ ဝိညာဉ်လမ်းညွှန်နယ်နိမိတ်က တစ်ကမ္ဘာလုံးထိ မရောက်ရှိနိုင်တော့ နတ်ဘုရားလောကမှာဆိုရင်တော့ ပြောမနေပါနဲ့တော့]
လုရှောင်ယန်ဟာ ကူကယ်ရာမဲ့စွာ စိတ်ဓာတ်ကျသွား၏။
“ဒါဆိုရင်လည်း တပည့်တွေရဲ့ အချက်အလက်တွေကို အရင်ပေးထားဦး။ ငါ့တပည့်တွေ ဘယ်လောက်ထိ ကျင့်ကြံထားကြသလဲဆိုတာ အရင်ကြည့်ရမယ်”
[မရဘူး]
"ဘာလို့လဲ။"
[အရမ်းဝေးလွန်းတယ်]
လေထုဟာ တစ်ခဏအကြာထိ တိတ်ဆိတ်သွားသည်။ ဝမ့်ခိုက်မှာလည်း စိတ်မလုံခြုံဖြစ်နေပုံပေါ်၏။
[ဒါပေမယ့် သခင်၊ အရမ်းဝေးနေပေမယ့် သူတို့တွေရဲ့ လက်ရှိနေရာလိုမျိုး နယ်နိမိတ်ဝေး အချက်အလက်တချို့ကိုတော့ စုဆောင်းနိုင်ပါတယ်]
"ဒါဆို ငါ့ကိုတစ်ချက်ကြည့်ခွင့်ပေးပါဦး။"
[ကောင်းပါပြီ၊ အချက်အလက်ကို ထုတ်ပေးနေပါတယ်]
အချက်အလက်တစ်ချို့မှာ လုရှောင်ယန်၏ စိတ်ထဲတွင် လျင်မြန်စွာ ပေါ်ထွက်လာသည်။
[သင်၏တပည့် ယွင်လီကောကို တိမ်တိုက်မိုးကြိုးဂိုဏ်းက လိုက်လံဖမ်းဆီးနေပါသည်]
[သင်၏တပည့် ယွင်လီကောကို အရှင်သခင်ဂိုဏ်းက လိုက်လံဖမ်းဆီးနေပါသည်]
[သင်၏တပည့် ယွင်လီကောကို တောင်ကောင်းကင်ဘုံစင်မြင့်ဂိုဏ်းမှ လိုက်လံဖမ်းဆီးနေပါသည်]
[သင်၏တပည့် ယွင်လီကောကို ထိုက်ယိတောင်မှ လိုက်လံဖမ်းဆီးနေပါသည်]
[သင်၏တပည့် စုလင်းဝူမှာ နတ်ဝိညာဉ်သားရဲ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါသည်]
[သင်၏တပည့် ယွင်လီကောကို အဇူရာဂိုဏ်းမှ လိုက်လံဖမ်းဆီးနေပါသည်]
[သင်၏တပည့် ယွင်လီကောကို ကောင်းကင် နတ်ဘုရားဂိုဏ်းမှ လိုက်လံဖမ်းဆီးနေပါသည်]
[သင်၏တပည့် ယွင်လီကောကို... ]
လုရှောင်ယန်:"..."
သေလိုက်ပါတော့၊ စုလင်းဝူကို နတ်ဝိညာဉ်သားရဲတိုက်ခိုက်ခံရတာကလွဲရင် ကျန်တဲ့ သတင်းတွေက ယွင်လီကော လိုက်ဖမ်းခံရတာချည်းပဲ။
လီကောမှာ ပျားအုံကိုများ တုတ်နဲ့ထိုးခဲ့လေသလား။ ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျတဲ့ နတ်ဘုရားကပဲ သူ့ကို သိမ်းပိုက်ခဲ့တာလား။ မဟုတ်ရင် သူရဲ့ မနာလိုစရာ ရင်းမြစ်တွေကို တခြားသူတွေရှေ့မှာများ ထုတ်ဖော်ခဲ့လေသလား။
သူဟာတကယ်ကို ဂိုဏ်းတော်တော်များများဆီကနေ လိုက်လံဖမ်းဆီးခံနေရသည်။
ဒီလိုဆိုလျှင် အခြားသောတပည့်များအားလုံးနီးပါးမှာ လုံခြုံနေသည်ဖြစ်လောက်သည်။
"ဒီကောင်က ဘာတွေဖြစ်နေတာလဲ။"
[ဒါတော့မသိပေမယ့် တပည့်တွေရဲ့ အာရုံခံစားမှုအပိုင်းအရ သတင်းအချက်အလက်တွေ ဖန်တီးနိုင်တာမို့လို့ အချက်အလက်တွေက သေချာပေါက် တိကျပါတယ်။ ယွင်လီကောက လူတိုင်းကို ဒေါသထွက်အောင် ဘာတွေလုပ်ခဲ့သလဲတော့ ငါလည်းမသိပါဘူး]
[ဒါပေမယ့် သခင်၊ လီကောက တကယ်ကိုအံ့ဖွယ်ပဲ။ သူ့နောက်ကို ဂိုဏ်းတွေအများကြီးကလိုက်ဖမ်းနေတာတောင် မသေသေးတာ တော်သေးတယ်ပြောရမယ်]
လုရှောင်ယန်သည် သူ၏နားထင်များကို ပွတ်သပ်လိုက်သည်။
"မေ့လိုက်ပါတော့။ ဟန်ကျန့်လည်း အမြဲတမ်းလိုက်ဖမ်းခံနေရပေမယ့် အဲ့ဒါက သူရဲ့ကျင့်ကြံဆင့် အားကောင်းတယ်လို့ သတ်မှတ်လို့မရဘူး။ ဒီသတင်းကလည်းအရမ်းကြီး အလုပ်ဖြစ်မနေဘူး။ မင်းငါ့ကို လက်ဆောင်ထုပ်ဖြစ်ဖြစ် တစ်ခုခုပေးလို့ရမလား။ ငါအခု လက်ဆောင်ထုပ်သုံးလို့ရလား။"
[ဒါပေါ့။ အခု တပည့်လေးတွေရဲ့ လက်ရှိကျင့်ကြံဆင့်တွေကို ဆုံးဖြတ်လို့မရပေမယ့်လည်း သခင့်ရဲ့ ကျင့်ကြံဆင့်တိုးတက်လာပုံကိုကြည့်ပြီး တပည့်လေးတွေဘယ်လောက်တိုးတက်လာလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ အဲ့ဒါကြောင့် ငါ သခင့်ကို လက်ဆောင်အိတ်နည်းနည်းလောက်တော့ ထုတ်ပေးနိုင်ပါတယ်]
[ခန့်မှန်းချက်မှားသွားရင်တော့ နောက်မှ သခင့်ကိုပိုပေးတာဖြစ်ဖြစ် ပေးပြီးသားလေးတွေကို ပြန်ယူတာဖြစ်ဖြစ်လုပ်လို့ရတာပဲ။"
လုရှောင်ယန် : "..."
ဝမ့်ခိုက်က လက်ဆောင်ထုပ်ကိုတောင် ပြန်ယူလို့ရနိုင်တယ်။
မှားနေတာများရှိလား။
သူ စောဒကမတက်နိုင်ခင်မှာပဲ ဝမ့်ခိုက်က လက်ဆောင်ထုပ်ကိုပေးပို့လာ၏။
ထိုအထဲတွင် လက်ဆောင်အထုပ်သေး ၆၇ထုပ်နှင့် အထုပ်ကြီး ၂ထုပ်ပါဝင်သည်။
လုရှောင်ယန်ဟာ ခေါင်းကိုခါလျက် သူ၏စိတ်နှလုံးထဲမှ ဖရိုဖရဲအတွေးများအား ခါထုတ်လိုက်သည်။ သူက ပထမဦးစွာ လက်ဆောင်ထုပ်များကို ဖွင့်ရန်သာပြင်လိုက်၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၀၅ လုမျိုးနွယ်စုကငါ့ကို...ထပ်မလိုချင်တော့ဘူးလား?
နက်နဲမှုဝိညာဉ် × 3
အိုက်ယိုး၊ မဆိုးဘူး။ သူဟာ နက်နဲမှုဝိညာဉ်သုံးခုအား လက်ခံရရှိလိုက်သည်။ ဒီနည်းလမ်းဖြင့် သူ၏လက်နက်အနည်းအကျဉ်းအား နက်နဲသောအဆင့်သို့ တိုးမြှင့်နိုင်ပြီဖြစ်သည်။
ထိပ်တန်းအဆင့် နတ်ဆေးလုံး၊ အကန့်အသတ်မဲ့ကြည်လင်သန့်စင်ခြင်းမြင့်ဆေးလုံး × 1000.
အကန့်အသတ်မဲ့ကြည်လင်သန့်စင်ခြင်းမြင့်ဆေးလုံးဟာ ထိပ်တန်းအဆင့်အရန်ဆေးလုံးဖြစ်ပြီး ကျင့်ကြံနှုန်းကို မြှင့်တင်ရာတွင် အသုံးပြုနိုင်ပေသည်။ ၎င်းအား အကန့်အသတ်မရှိ အသုံးပြုနိုင်၏။
ဒါဟာလည်း မဆိုးပါချေ။ ယခုသူလိုအပ်နေသည်မှာ ခွန်အားတိုးမြှင့်ရန်ပင်ဖြစ်၏။ ထိုဆေးလုံးဖြင့်ဆိုလျှင် သူ၏ကျင့်ကြံဆင့်အား အချိန်တိုအတွင်းမှာပင် တိုးမြှင့်နိုင်ပေသည်။
ခွန်အားနည်းနည်းချင်းစီတိုးပွားလာမှုတိုင်းသည် သူ၏ ဘဝနှင့်လုံခြုံမှုအားသေချာစေ၏။
နတ်ဘုရားပစ္စည်း၊ ခရမ်းရောင်ရွှေပန်းကန်လုံး ×1။
နက်နဲမှုလက်နက်၊ ဝါဂျရာ ဗောဓိ × 1။
လုရှောင်ယန်မှာ တစ်နေရာရာမှာ ထူးဆန်းနေသည်ဟု ခံစားရသည်။ သူမှတ်မိတာသာ မှန်မည်ဆိုလျှင် သူယခင်ကရရှိခဲ့သော နတ်ဘုရားပစ္စည်းအဆောင်ယောင်အား ဗောဓိပုတီးစေ့များဟုခေါ်တွင်ပုံရသည်။
ဗောဓိပုတီးစေ့မှာ နတ်ပစ္စည်းအဆောင်အယောင်သာဖြစ်သည်။ ဝါဂျရာ ဗောဓိမှာလည်း ဗောဓိပုတီးစေ့များ၏ ကြိုးဖြစ်သော်ငြား နက်နဲမှုလက်နက်ဖြစ်နေသည်လား။
နတ်ပစ္စည်းအဆောင်အယောင် အဇူရာနဂါး ဆေးဖော်စပ်သည့်အိုး ×1။
နတ်လမ်းစဉ်၊ နဂါးပင်လယ်လေးစင်း ×1။
နဂါးပင်လယ်လေးစင်းမှာ တိုက်ခိုက်ရေးစွမ်းအားကို လျှော့ချခြင်းမရှိဘဲ တိုက်ခိုက်ရာအကွာအဝေးကို ချဲ့ထွင်ပေးသည့် ကြီးမားသော သေကွက်ပင်ဖြစ်သည်။
နတ်လမ်းစဉ်၊ အရပ်ရှစ်မျက်နှာ မိုးကြိုးနတ်ဘုရား ×1။
အရှပ်ရှစ်မျက်နှာ မိုးကြိုးနတ်ဘုရားအား၏အာကာသနှင့်အချိန်ကို အကာအကွယ်ပေးရန် လျှပ်စီးကြောင်းစွမ်းအားကို အသုံးပြုကာ အဆုံးစွန်နက်နဲအဆင့် ကျင့်ကြံခြင်းနည်းလမ်းနှင့် တိုက်ခိုက်ရာတွင် အထောက်အကူဖြစ်စေသည်။
နတ်ပစ္စည်းအဆောင်အယောင်၊ သံမဏိသွေးစေတီ ×1။
သံမဏိသွေးစေတီမှာ ဇာမဏီနားခိုရာအကာအကွယ်အမှတ်နှင့် ခပ်ဆင်ဆင်တူသည်။ ၎င်းတို့နှစ်မျိုးစလုံးမှာ နတ်စည်းတံဆိပ်များကဲ့သို့ ဓမ္မရတနာများဖြစ်ကြသည်။
သို့သော် သံမဏိသွေးစေတီမှာ ဇာမဏီနားခိုရာအကာအကွယ်အမှတ်ထက် သာ၍အင်အားကြီးမား၏။
အကြောင်းမှာ ၎င်းသည် သုံးဘက်မြင် အုတ်မြစ်ဖြစ်ခြင်းကြောင့်ပင်။
ထိုပုံစံတွင်၊ လုရှောင်ယန်သည် ဘေးထွက်တိုက်ခိုက်မှု သို့မဟုတ် ထက်ရှသည့်တိုက်ခိုက်မှုကို အသုံးပြုပါက သိပ္ပံနည်းကျအားဖြင့် တိုက်ခိုက်စွမ်းအားကို တိုးပွားစေပြီး အရေးကြီးသောပျက်စီးမှုများကို ဖန်တီးနိုင်သည်ခံစားမိသည်။
ဇာမဏီနားခိုရာအကာအကွယ်အမှတ်မှာမူ ထိုသို့မပြုလုပ်နိုင်ပါချေ။
ဒါ့အပြင် ထိုဇာမဏီနားခိုရာအကာအကွယ်အမှတ်အား နတ်ဘုရားလောကကိုဝင်ရောက်သောအချိန်က ကျီဝူရှားထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
ယခုပင် သူသည် ဤမျှလောက်ကောင်းမွန်သော နတ်လက်နက်ကို ရရှိခဲ့ခြင်းဖြစ်ပေသည်။ ဒါကသူ၏ လက်ရှိ ချို့ယွင်းချက်အား ပြင်ဆင်ထားသည်ဟုပင် မှတ်ယူနိုင်ပါသည်။
ကျန်သည့်လက်ဆောင်များမှာတော့ နတ်ဆေးလုံးအချို့နှင့် နတ်ချပ်ဝတ်အဆင်တန်ဆာတို့ဖြစ်သည်။
ထိုအရာများထက် သူသည် ဆယ်ခုထက်ပိုသော ဝိညာဉ်အပိုင်းများအားလက်ခံရရှိထားသဖြင့် သူ၏နတ်ပစ္စည်းအဆောင်အယောင်များနှင့် နတ်ကျင့်ကြံခြင်းနည်းလမ်းများအား နက်နဲသောအဆင့်သို့ တိုးမြှင့်နိုင်မည်ဖြစ်သည်။
ထိုမျှကောင်းမွန်သောအရာများကြောင့် လုရှောင်ယန်မှာ နောက်ဆုံးတော့ စိတ်သက်သာရာရသည့်အနေဖြင့် သက်ပြင်းချနိုင်လိုက်သည်။
ယခုတွင်မူ သူ၏နောက်ဆက်တွဲ ကျင့်ကြံခြင်းအတွက် ဦးတည်ချက်တစ်ခုရှိနေပြီဖြစ်သည်။
သူရှေ့သို့ဆက်သွားတော့မည့်ဆဲဆဲမှာပင် ရုတ်တရတ်အဝေးမှာ အလင်းတန်းအများအပြားပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။
လုရှောင်ယန်ဟာ နတ်ဘုရားအမြင်ကိုရုတ်သိမ်းပြီး မြင်လိုက်ရသည်မှာတော့ ထိုသူတို့မှာ ရထားတွဲမှလူများဖြစ်ပုံရသည်။
ထိုသို့ထင်ရခြင်းမှာ ထိုသူတို့၏ကိုယ်တွင် သွေးများဖုံးလွှမ်းနေကာ ဝံပုလွေအနည်းငယ်မှာလည်း ၎င်းတို့နောက်သို့ လိုက်နေခြင်းကြောင့်ပင်ဖြစ်သည်။
အစကသူတို့လည်း ဒုက္ခကို မဆွချင်ပါသော်ငြား လုရှောင်ယန်အား မြင်လိုက်ကြသည်။
ခဏလောက် အံ့အားသင့်သွားပြီးနောက်တွင်တော့ လူတစ်ချို့မှာအော်ဟစ်လိုက်ကြ၏။
"တာအိုဆရာလေး၊ ကျုပ်တို့ကိုကယ်ပါဦး။ ကျုပ်တို့သာ လွတ်မြောက်နိုင်ခဲ့ရင် ကျွန်တော်တို့ ရထားတွဲအဖွဲ့က ခင်ဗျားကို ဆုအကြီးကြီးပေးမှာပါဗျာ။"
လုရှောင်ယန်ဟာ မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့သွားက မျက်နှာထက်တွင် မကျေနပ်သောအရိပ်ယောင်များဖြတ်ပြေးသွား၏။
အဲဒီရထားတွဲအဖွဲ့ကြောင့်သာမဟုတ်ရင် သူတို့တွေလည်း ဝံပုလွေတွေရဲ့ အဝိုင်းခံရမှာမဟုတ်ဘူး။
တစ်ဖက်လူများမှာ ခရီးသည်အများအပြား၏ အသက်ကိုသေစေရုံမျှမက ထိုဝံပုလွေများအား ဤနေရာသို့ခေါ်ဆောင်လာပြီး သူ့အား လာငြိနေသေးသည်။
သူတို့တွေ ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ။
သူတို့၏ ကျင့်ကြံဆင့်များမှာ အရမ်းမမြင့်သည်ကို အာရုံခံမိပြီး လုရှောင်ယန်မှာ သူ၏ အသက်ရှုခြင်းကိုပင် မဖြုန်းချင်ပါပေ။ သူဟာ ရွှမ်ယွမ်ဓားအားထုတ်ယူပြီး ရှေးဟောင်းသဏ္ဍာန်မဲ့ဧကရာဇ်ကျမ်းအား သူ၏အလုံးစုံသော ခွန်အားဖြင့် လှည့်ပတ်လိုက်လေသည်။
နတ်ပစ္စည်းအဆောင်အယောင်လက်နက်နှင့် နတ်ကျင့်စဉ်တို့၏ ပေါင်းစပ်မှုမှာ လုရှောင်ယန်၏ တိုက်ခိုက်မှုကို အဆများစွာ တိုးမြင့်သွားစေသည်။
လူတိုင်း၏အမူအရာမှာ ချက်ချင်းပဲပြောင်းလဲကုန်ကြသည်။
ဒါက...နတ်ပစ္စည်းအဆောင်အယောင်လက်နက်လား?
ဟာသပဲ!
တစ်ဖက်လူ၏ ကျင့်ကြံဆင့်မှာ သူတို့ထက်မြင့်မားပြီး နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်သို့ရောက်ရှိနေပါလျှင်တောင် ထိုသူတွင် နတ်ပစ္စည်းအဆောင်အယောင်တစ်ခုတောင် ရှိမနေသင့်ဘူး မဟုတ်လား။
နတ်ဘုရားလောကထဲတွင်တောင်မှ နတ်ပစ္စည်းအဆောင်အယောင်များကို အံ့ဖွယ်ဆရာကြီးများသာ သုံးဖို့ အခွင့်အရေးရှိသည်။
သို့သော် သူတို့ထံတွင် ထိုပြဿနာအကြောင်းအားတွေးတောနေပါရန် အခွင့်ထပ်မရှိတော့ပါချေ။ အဘယ့်ကြောင့်ဆိုပါသော် လုရှောင်ယန်၏ ဓားအလင်းတန်းကျရောက်လာပြီး မယုံကြည်နိုင်စရာ အင်အားတစ်ခုက တစ်ခဏအတွင်းမှာပင် သူတို့၏ ကိုယ်ကို ပိုင်းဖြတ်သွားကာ ဖုန်မှုန့်များအဖြစ်သို့ ချေမွခြင်းခံလိုက်ရခြင်းကြောင့်ဖြစ်သည်။
တိုက်ခိုက်သည့် အလျင်မှာ အင်မတန်လျင်မြန်လှသောကြောင့် ဝံပုလွေအနည်းငယ်မှာ ထိုအထဲသို့ရောက်ရှိပြီးသည့်နောက် မတုံ့ပြန်နိုင်ခင်မှာပင် ပြာမှုန်များအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားလေသည်။
ထိုလူများနှင့် ဝံပုလွေအုပ်စုအား ရင်ဆိုင်ပြီးနောက်တွင် လုရှောင်ယန်မှာ နေရာမှ အလျင်အမြန်ပင် ထွက်ခွာလာခဲ့လေသည်။
သူထွက်ခွာသွားပြီး တစ်ခဏအကြာ၌ အလင်းတန်းတစ်ချက် လင်းလက်လာ၏။ ထို့နောက် ကြီးမားလှသော လမင်းငိုညည်း ငွေဝံပုလွေတစ်ကောင် ပေါ်ထွက်လာလေသည်။
၎င်းသည်လေထဲရှိ ရောထွေးနေသော ဝံပုလွေများ၏ အရှိန်အဝါကို အာရုံခံလိုက်ရာ ၎င်း၏ လက်အောက်ငယ်သားများနှင့် ဝံပုလွေမျိုးဆက်များ အသတ်ခံရခြင်းဖြစ်ကြောင်းကို ချက်ချင်း နားလည်သွားခဲ့သည်။
ဒါကသူ့အား ကောင်းကင်ယံထက်သို့ ဒေါသဖြင့် ဟိန်းဟောက်စေ၏။ ထိုဝံပုလွေဟိန်းသံမျာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေသို့ ပြန့်ကျဲသွားလျက် တောင်ထက်တွင် များပြား၍ အားကောင်းလှသော အရှိန်အဝါများကိုပင် ဖြစ်ပွားစေခဲ့သည်။
လုရှောင်ယန်မှာလည်း ထိုဝံပုလွေဟိန်းသံကို ကြားပါသော်ငြား သိပ်ဂရုမစိုက်ပါချေ။
ဒါကသူတို့၏ ကလေးများကို ရှာဖွေချင်နေသော ဝံပုလွေနတ်ဆိုးအုပ်စုသာဖြစ်သည်။ ဒါနှင့်ပက်သက်၍ မှားယွင်းနေသည်မျိုးမရှိပါချေ။
အရေးကြီးဆုံးမှာ ၎င်းတို့သည် သူ့အားအသေအချာမသိပါချေ။
သို့သော် တောင်ပေါ်ရှိ နတ်ဆိုးဝံပုလွေ ပညာရှင်များထုတ်လွှတ်သော အရှိန်အဝါသည် သူ့အားမလွယ်ကူသလို ခံစားရစေ၏။
ဒါကြောင့်သူဟာ နတ်သားရဲထိန်းချုပ်ခြင်းအနုပညာအား ကျင့်ကြံခဲ့ခြင်းပင်ဖြစ်သည်။ သူသည် သူ၏ကိုယ်ပိုင် အိမ်မွေးနတ်ဆိုးသားရဲများ၏ ဘာသာစကားကိုသာ နားလည်နိုင်ပါသော်လည်း ထိုအဓိပ္ပါယ်ကိုမူ အနည်းနှင့်အများတော့ နားလည်နိုင်ပါသေးသည်။
ထိုနတ်ဆိုးသားရဲများသည် ၎င်းတို့၏ ဝံပုလွေခေါင်းဆောင်အား တုံ့ပြန်နေခြင်းပင်ဖြစ်၏။ ၎င်းတို့၏ ခေါင်းဆောင်မှာလူသားတစ်ဦးဦးနှင့် တွေ့ရှိပါက ကရုဏာမထားဘဲ သတ်ပစ်ရန် ညွှန်ကြားထားသည်။
သူကတကယ်ကိုကံမကောင်းပါချေ။ သူ၏ နတ်ဘုရားလောကပထမဆုံး ရထားတွဲအတွေ့အကြုံလေးမှာ ပျက်စီးသွားခဲ့ရသည်။
သို့သော်လုရှောင်ယန်မှာ တအားကြီးမစိုးရိမ်ပါချေ။ ဒါဟာ အခြားသူများထံမှ ရရှိထားသည့် မြေပုံကြောင့်ဖြစ်ပြီး ထိုတောင်မှာ လုမျိုးနွယ်စုရှိရာနှင့် သိပ်မဝေးလှပါချေ။
အကြီးအကဲထျန်းကျီစကားအရ သူသာ လုမျိုးနွယ်စု၏ အနီးတဝိုက်သို့ရောက်ရှိပြီး ဝင်ခွင့်အမှတ်အသားအား သူ၏သွေးအဆီအနှစ်ဖြင့် အသက်ဝင်စေလိုက်သည်နှင့် လုမျိုးနွယ်စု၏ ပညာရှင်တစ်ယောက်ယောက်အား သူ့ကိုရှာတွေ့နိုင်ရန် ဆင့်ခေါ်နိုင်သည်။
လုရှောင်ယန်က သတိကြီးကြီးထားပါသည်။ ပထမဦးစွာ သေးငယ်သော ဂူတစ်ခုအားရှာဖွေလိုက်ပြီး အစီအရင်များ ရေးဆွဲလိုက်သည်။ သူဟာ ဂူထဲ၌ ဝင်ခွင့်အမှတ်အသားနှင့် သွေးအဆီအနှစ်တစ်စက်အား မထုတ်ယူခင်တွင် နတ်ဆိုးသားရဲ၏ ဆီးအချို့ကို ပက်ဖြန်းထားလိုက်သည်။
ဝင်ခွင့်အမှတ်အသားထဲသို့ သွေးအဆီအနှစ်ဝင်ရောက်သွားသည့်အခိုက်တွင် ဝင်ခွင့်အမှတ်အသားမှ အားကောင်းလှသော ပြောင်းလဲမှုများ ထွက်ပေါ်လာသည်။ ထို့နောက်၊ ၎င်းသည် ကြိမ်နှုန်းအချက်ပြမှုကို ထုတ်လွှင့်နေသကဲ့သို့ ဦးတည်ရာတစ်ခုထံသို့ ပျံ့နှံ့သွားသည်။
"မဆိုးပါဘူး။ အချက်ပြကိုပို့ဆောင်နိုင်တည်းက ပြဿနာမရှိတော့ဘူး။ လုမျိုးနွယ်စုက မကြာခင်မှာပဲ ငါ့ကိုခေါ်ဖို့ လူတွေပို့လိုက်လောက်တယ်။"
သူဟာ ခံစားချက်ကောင်းနေသည်။
ထိုသည်ကိုအခွင့်ကောင်းယူကာ မတိုင်ခင်ကမှ ရရှိလာခဲ့သည့် ကျင့်စဉ်အား စတင်ကျင့်ကြံလိုက်သည်။ ထို့နောက် ရွှမ်ယွမ်ဓားနှင့် ခွန်းလွန်ဓားအား နက်နဲသောအဆင့်သို့တိုးမြှင့်လိုက်၏။
ထိုအထဲတွင် အဇူရာသက်ရှည်အနုပညာနှင့် အခြားသော အင်မတန်ကောင်းမွန်လှသည့် အသက်ရှင်စေသည့် နည်းစနစ်များလည်းပါဝင်သည်။ လုရှောင်ယန်မှာ ထိုအရာများအားလုံးကို နက်နဲသောအဆင့်သို့ တိုးမြှင့်လိုက်သည်။
မကြာမီတွင် တစ်လကုန်လွန်သွားခဲ့၏။
လုရှောင်ယန်မှာ တော်တော်ကြာ မကျင့်ကြံရသေးပါသော်ငြား တပည့်များအကူအညီဖြင့် သူ၏ကျင့်ကြံဆင့်မှာ ပဉ္စမမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ဒဏ္ဍာရီလာ လုမျိုးနွယ်စုကိုပြောရမည်ဆိုလျှင်တော့...
မည်သူမှမလာခဲ့ပါချေ။
ထိုသည်က လုရှောင်ယန်အား ပဟေဠိဖြစ်စေသည်။
ဘာသောက်ပြဿနာတွေဖြစ်နေတာလဲ။
လုမျိုးနွယ်စုက ဒီနေရာနဲ့များ အတော်လေးဝေးနေတာဖြစ်လောက်မလား။ မဟုတ်ရင် သူတို့ကဘာလို့ အချက်ပြတာကို မရကြတာလဲ။
ဒါမှမဟုတ်ရင် သူတို့တွေက အချက်ပြကိုမြင်ပေမယ့် ဒီကိုမလာဖို့များရွေးချယ်လိုက်တာလား။
မေ့လိုက်ပါတော့၊ သူနည်းနည်းလောက်တော့စောင့်ကြည့်ရမည်။
မကြာခင်တွင် နောက်ထပ်တစ်လကုန်လွန်သွား၏။ လုရှောင်ယန်၏ ကျင့်ကြံဆင့်မှာလည်း နောက်တစ်ဆင့်ဖြစ်သည့် ဆဌမမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကို ရောက်ရှိလာခဲ့လေပြီ။
လုမျိုးနွယ်စုမှ လူများမှာ ရောက်မလာကြသေးပါချေ။
လုရှောင်ယန်ဟာ နည်းနည်းတော့ဝမ်းနည်းလာသည်။ လုမျိုးနွယ်စုက သူ့ကိုများထပ်မလိုချင်တော့လို့များလား။
ထိုသည်ကို အသေအချာတွေးကြည့်ပါက သူဟာသာမန်လူတစ်ယောက်သာဖြစ်ခဲ့သည်။ တစ်ဖက်လူများမှာ သူ့အားယခင်က မတွေ့ဖူးခဲ့ပါသလို သူ့ထံတွင်ရှိသည့် ပါရမီကိုလည်း မသိကြပါချေ။
သူ့အား မရှာဖွေကြသည်မှာ ပုံမှန်ပင်ဖြစ်၏။
ဒါဟာ ပုံမှန်ပါပင်။
သို့သော် လုရှောင်ယန်သည်လည်း ဘာဖြစ်နေမှန်း မသိပါပေ။ သူတို့၏အကြောင်းပြချက်များအား ရူးသွပ်စွာ ခန့်မှန်းရသည်မှာ သူ့အတွက် မကောင်းပါချေ။
ထားလိုက်တော့။ သူသာ သတ္တမမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကိုရောက်ရင် သူတို့လာရင်လာကြမှာပေါ့။
တစ်လကြာပြီးနောက်တွင်...
သူ အဌမမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကိုရောက်မှ သူတို့လာတာလည်း ဖြစ်နိုင်တာပဲ။
တစ်လကြာပြီးနောက်...
အဌမမြောက်အဆင့်...
နဝမမြောက်အဆင့်...
ဒဿမမြောက်အဆင့်...
လုရှောင်ယန်ဟာ လုံးဝကို အထီးကျန်မှုထဲကျရောက်သွား၏။
လုမျိုးနွယ်စုက သူ့ကိုတကယ်ပဲထပ်မလိုချင်တော့တာလား။
လအနည်းငယ်လောက်ကြာသွားပြီဖြစ်သော်လည်း သူ့အားခေါ်ဆောင်ဖို့ရာ မည်သူမှရောက်မလာကြပါချေ။ သူသည်လည်း ဒဿမမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ထိ ကျင့်ကြံပြီးပြီပင်ဖြစ်၏။
လုမျိုးနွယ်စု သူ နတ်ဘုရားဧကရာဇ်အဆင့်ရောက်အောင် ကျင့်ကြံတဲ့အထိစောင့်ပြီးမှပဲ လာခေါ်ချင်ကြတာများလား။
ဒါဆို သူဟာအဘယ့်ကြောင့်များ လုမျိုးနွယ်စုအား ရှာရမည်နည်း။
သူသည် ထောင့်တစ်နေရာကို ရှာပြီး အချိန်ကုန်ဆုံးသည်အထိ ထိုနေရာတွင်နေနိုင်မည်လား။
…
တစ်ချိန်တည်းမှာပင် အပြင်ဘက် တစ်သောင်းသော တောင်တန်း၌။
ဝတ်ရုံဖြူဝတ် လူသားကျင့်ကြံသူအမြောက်အများဟာ ဒေါသဖြင့် ခုန်လာကြ၏။
"သေလိုက်တော့ ဒီကောင်! ဘာလို့ သူက တစ်သောင်းသောတောင်ဆီကို ပြေးသွားရတာလဲ။ ဒီနေရာမှာ နတ်ဆိုးသားရဲတွေက နေရာတိုင်းမှာရှိတယ်။ ခေါင်းဆောင်ငယ်တွေချည်းပဲ တစ်ရာကျော်တယ်။ သူတို့အထဲမှာ အားအနည်းဆုံးက စစ်မှန်သောနတ်ဘုရားအဆင့်ရှိပြီး အားအကြီးဆုံးက နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်မှာတောင် ရှိနေတယ်။”
"အမှန်ပဲ။ စောစောကသိခဲ့ရင်၊ မျိုးနွယ်စုထဲက အကြီးအကဲတွေကို လာရှာခိုင်းနိုင်မှာပေါ့။ ငါတို့လို အငယ်တွေက ဘာလို့ဒီမှာယောင်လည်လည်ဖြစ်နေရမှာလဲ။”
“ငါ့ကို ဒေါသအထွက်စေဆုံးက ဒီအချိန်အတွင်းမှာ တစ်ခုခုကြောင့် တစ်သောင်းသောတောင်မှာရှိတဲ့ နတ်ဆိုးသားရဲတွေက ကြက်သွေးတွေ အထည့်ခံထားရပုံပဲ။ မြင်တဲ့သူတိုင်းကို သတ်ပစ်ကြတယ်။ လူသားတွေရဲ့ အရိပ်အယောင်ကို ခံစားမိလိုက်တာနဲ့ ဒီကောင်တွေက ချက်ချင်း အမဲလိုက်ကြတာ။ သူတို့နဲ့ငါတို့မှာ ဘာအငြိုးတွေရှိလို့လဲ။ ဘာအငြိုးတွေလဲ?"
သူ့စကားဆုံးသည်နှင့် နောက်ထပ်ဟိန်းသံတိုးတိုးမှာ တောထဲမှထွက်ပေါ်လာ၏။
သူတို့၏ အမူအရာမှာ တစ်ခဏအတွင်းပြောင်းလဲသွားသည်။
"သေစမ်း၊ ထပ်ဖြစ်ပြန်ပြီဟ! ပြေးကြတော့!"
...
တောင်ထက်တွင် လုရှောင်ယန်မှာ အတန်ငယ် ဝမ်းနည်းနေသည်။
သူသည် ယခုလတွင် ကျင့်ကြံရန်ပင် အနှောက်အယှက် မပြုနိုင်ဘဲ လက်ချောင်းတစ်ချောင်းသော်မျှ မလှုပ်ရှားနိုင်ပေ။ သို့သော် သူ၏ ကျင့်ကြံဆင့်မှာ တိုးလာသေးသည်။
သူဟာ နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်မှကျော်လွန်ပြီး နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သို့ပင် ရောက်ရှိသွားခဲ့၏။
နတ်ဘုရားလောက၌ ကျင့်ကြံမှု ကွာခြားခြင်းမှာ အင်မတန်ယုတ္တိကျပါသည်။
စစ်မှန်သော နတ်ဘုရားအဆင့်ကျင့်ကြံသူမှာ နတ်ဘုရားအဆင့်၏ နောက်ထပ်ဆင့်ကဲတိုးတက်ခြင်းဖြစ်သည်။ ၎င်းတို့၏ ဘဝသက်တမ်းမှာ နှစ်သောင်းချီထက်ပင် ကျော်လွန်နေသေးသည်။ သူတို့ထံတွင် ထိခိုက်ဒဏ်ရာပြင်းပြင်းရရှိထားလျှင်သော်မှ တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနိုင်ပေသည်။ ထိုအဆင့်မှာ အလွယ်တကူ မသေနိုင်သောအဆင့်သို့ရောက်ရှိလာပြီဟု ပြော၍ရနိုင်ပေသည်။
နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူသည် နတ်ဘုရားတစ်ပါး၏ စစ်မှန်သော ရည်ရွယ်ချက်ကို နားလည်ပြီး စစ်မှန်သော နတ်ဘုရားအဆင့်ကျင့်ကြံသူများကို အလွယ်တကူ သတ်ပစ်နိုင်သော တည်ရှိမှုတစ်ခုပင်ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားအဆင့်နှင့် စစ်မှန်သောနတ်ဘုရားအဆင့်ကို ကျော်လွန်သောတည်ရှိမှုတစ်ခုဖြစ်သည်။ ထိုအဆင့်မှာ နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်၏ဘဝကို အုပ်စိုးရန်ပင် လုံလောက်သောကျင့်ကြံသူအဆင့်ဖြစ်သည်။
နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်တွင်တော့ ၎င်းတို့သည် တောင်နှင့်မြစ်ပန်းချီကဲ့သို့ ကိုယ်ပိုင်ကမ္ဘာလေးအား ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ထိုကမ္ဘာလေးထဲတွင် သူတို့ထည့်ချင်သည့်အရာများ ထည့်နိုင်ရုံမျှမက ထိုအရာများကိုအသုံးပြု၍လည်း တိုက်ခိုက်နိုင်သည်။
ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း လွတ်မြောက်ရန်အတွက် တစ်ယောက်၏ ကမ္ဘာငယ်လေးထဲသို့ပင် ခိုးဝင်သွားနိုင်သည်။ သတ်ဖြတ်လုယက်ရန်ပင် မရှိမဖြစ်လိုအပ်သောကိရိယာတစ်ခုဟု ဆိုနိုင်သည်။
ထိုကျင့်ကြံဆင့်အားကျော်လွန်ပြီး ဒဏ္ဍာရီလာ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်တွင်မူ ထိုသူတို့၏ ကိုယ်ပိုင်ကမ္ဘာလေးတွင် မျိုးစိတ်တစ်ခုကိုပင် ဖန်တီးနိုင်သည်ဟု ဆိုကြသည်။
ဒါပေါ့၊ ဘယ်အရာကို ဖန်တီးနိုင်လဲဆိုသည်မှာ တစ်ဦးချင်းစီ၏ ခွန်အားနှင့် ကျင့်ကြံဆင့်အပေါ်တွင် မူတည်နေသည်။ ဥပမာ…
***