← Chapters

အခန်း (၃၀၆-၃၁၀)

Vol. 21 Ch. 306-310

အခန်း (၃၀၆-၃၁၀)

Vol. 21 Ch. 306-310

အပိုင်း ၃၀၆ လုမျိုးနွယ်စုက တကယ်ကို နက်နဲလွန်းတာလား?

သာမန် နတ်ဘုရားအားဖြစ်ပေါ်‌စေခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ပန်းတစ်ပွင့်နှင့် မြက်တစ်ပင်တို့ကိုသာ ဖန်တီးနိုင်သည်။

နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်၏အထက် ကျင့်ကြံသူများမှာမူ အသားနှင့်အသွေးပင်ပါသော အသက်အစစ်တစ်ခုအားပင် ဖန်တီးနိုင်သည်။

လုရှောင်ယန်မှာ ဤဖန်တီးနိုင်မှု‌လေးကိုပင် လျှော့မတွက်နိုင်မှန်းသိသည်။

အကြောင်းမှာ ဤဖန်တီးမူသည် မဟာတာအိုမှ လွတ်ကင်းပြီး အဆိုးကံဖြင့်လည်း မစွန်းထင်း‌သောကြောင့်ပင်။

ထိုပန်းတစ်ပွင့်နှင့် မြက်တစ်ပင်မှာ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်သည်။

သို့သော် ထိုအဆင့်သို့သူမရောက်ရှိသေးသဖြင့် အများကြီးတွေးတောရန်မလိုအပ်ပေ။ သူဟာယခုမှ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သို့သာရောက်ရှိခြင်းဖြစ်သည်။

သူဟာယခုမှ ကိုယ်ပိုင်နေရာလွတ်ကို ဖန်တီးနိုင်ရုံမျှသာ ရှိသေးသည်။

ဒါ့အပြင် ယခုတွင် သူစဉ်းစားသင့်ဆုံးအရာမှာ သူ၏ကျင့်ကြံဆင့်မဟုတ်ဘဲ လုမျိုးနွယ်စုသာဖြစ်၏။

ဘာကြောင့် အခုထိ လုမျိုးနွယ်စုက တစ်ယောက်မှမရောက်သေးကြတာလဲ။

အကြီးအကဲထျန်းကျီက သူ့ကို လိမ်ထားခဲ့တာများဖြစ်နိုင်မလား။

ဒါမှမဟုတ် ဒီလုမျိုးနွယ်စုက အားကိုးမထိုက်တာများလား။

သူတွေးတောနေစဉ်မှာပဲ၊ အဇူရာအလင်းတန်းတစ်ခုမှာ ရုတ်တရတ်ဆိုသလို တောင်တန်း၏ ထောင့်တစ်ခုမှ ထွက်ပေါ်လာ၏။ ထိုအရာမှာ စတုတ္ထအဆင့် စစ်မှန်သောနတ်ဘုရားအဆင့် စပါးအုံးနတ်ဆိုးပင်ဖြစ်သည်။

စပါးအုံးနတ်ဆိုးဟာ သူ၏သွေးရောင်ပါးစပ်အားဖွင့်လှစ်လျက် လုရှောင်ယန်ရှိရာသို့ အလင်းအလျင်ဖြင့် သွားကာ အရေပြားနှင့် လုရှောင်ယန်အား တခဏချင်းပင် အရှင်လတ်လတ် ဝါးမြိုချင်ပုံပေါ်၏။

လုရှောင်ယန်ဟာ ထိုအရာအားစိုက်ကြည့်လျက် ‌တိမ်းရှောင်ခြင်းမပြုပါချေ။ သူဟာ နတ်လှံတံအားလည်း ထုတ်ယူလိုက်၏။

အေးစက်သောအလင်းတစ်ခုက‌ပထမဦးစွာရောက်ရှိလာပြီး လှံတံမှာ နဂါးတစ်ကောင်ကဲ့သို့ပျံထွက်သွားသည်။

...

တစ်သောင်းသောတောင်အပြင်ဘက်တွင်တော့ လုမျိုးနွယ်စု၏ တပည့်ငယ်အနည်းငယ်မှာ ပြိုကျလုနီးပါးပင်ဖြစ်နေချေပြီ။

သူတို့ဟာ တစ်သောင်းသောတောင်အတွင်းသို့ ဝင်ရောက်ပြီးကတည်းက ရပ်တန့်ခြင်းအလျင်းမရှိပါချေ။

သူတို့ဟာ နတ်ဆိုးများ၏ အလိုက်လည်းခံရပြီး ဝန်းရံခြင်းများကိုလည်း ခံရလိမ့်မည်။

ထို့အပြင် ဒေါသအထွက်‌စေဆုံးအရာမှာ ထိုနတ်ဆိုးများက သူတို့အား ရှောင်တိမ်းရန် အခွင့်မပေးဘဲ အသက်ဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေခြင်းသကဲ့သို့ အပြင်းအထန် တိုက်ခိုက်‌နေခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့ထဲမှ နှစ်ယောက်သုံးယောက်ပင် ထိခိုက်ဒဏ်ရာရသွားပြီးဖြစ်သည်။

ထိုအခိုက်တွင် သူတို့ထဲမှအချို့မှာ ဂူတစ်ခုထဲတွင် ပုန်းအောင်းနေလျက် ငြိမ်းချမ်းခြင်းကိုခဏမျှ ကံကောင်းစွာရရှိနေကြ၏။

"ငါတို့ အကူအညီခေါ်ဖို့လိုတယ်။ မဟုတ်ရင် လုမျိုးနွယ်စုရဲ့ ‌မျိုးဆက်ကိုရှာဖို့မပြောနဲ့ ငါတို့တောင် ဒီမှာတင်သေသွားနိုင်တယ်။"

သူတို့ထဲမှအချို့မှာ အစီစဉ်တစ်ခုအား ဆုံးဖြတ်ချက်ချကာ သွေးအဆီအနှစ်တစ်စက်စီအား မျိုးနွယ်စုဝင်ခွင့်အမှတ်အသားများပေါ်သို့ ချလိုက်သည်။

စိတ်စွမ်းအားအတက်အကျတစ်ခုမှာ ချက်ချင်းဆိုသလိုပျံ့နှံ့သွားသည်။

သို့သော်ထိုအခိုက်တွင် တောက်ပသောအနီရောင်မျက်လုံးတစ်စုံမှာ ဂူထဲတွင် ရုတ်တရတ်ထွက်ပေါ်လာကာ ဤမျက်လုံးတစ်စုံ၏ပိုင်ရှင်သည် ဤစိတ်အတက်အကျကြောင့် နိုးထလာသကဲ့သို့ပင်။

"ဘာဖြစ်နေတာလဲ။"

လူတိုင်း၏ နှလုံးသားများမှာ ခုန်ပေါက်သွား၏။ နောက်စက္ကန့်တွင်တော့ လုမျိုးနွယ်စုတပည့်တစ်ယောက်မှ တစ်စုံတရာအား တွေးမိကာ ချက်ချင်း ပြေးထွက်သွားသည်။

"အဲ့ဒါက သွေးဆာလင်းနို့နတ်ဆိုးပဲ။ သူတို့တွေက စိတ်ခွန်အားကို ပိုပြီးအထိမခံဖြစ်ကြတယ်။ ငါတို့ထုတ်လိုက်တဲ့ စွမ်းအားကိုအာရုံခံမိသွားတာဖြစ်ရမယ်။"

"သေလိုက်ပါတော့!"

...

"ဗျပ်!"

လုရှောင်ယန်ဟာ လက်ထဲရှိ သရေစာအစပ်ကို လက်စသတ်ပြီးဖြစ်သည်။

နတ်ဘုရားလောကရှိ စပါးအုံးမြွေသားသည် အနိမ့်ပိုင်းလောက၏ အသားများထက် များစွာ သန်မာ‌စေသည်ဟု ဆိုရပေမည်။ သန်မာ‌စေရုံမျှမက ဝိညာဉ်စွမ်းအင်လည်း ပေါများပေသည်။ စားသုံးပြီးသည့်နောက်တွင် လန်းဆန်းသွားစေပြီး အရသာမှာလည်း အံ့ဖွယ်ပင်ဖြစ်သည်။

"လုမျိုးနွယ်စုက ငါ့ကိုရှာဖို့ပြင်မထားပုံပဲ။ ထားလိုက်ပါတော့၊ ပထမတည်းက ငါဘာမျှော်လင့်ချက်မှမထားခဲ့သင့်တာ။ ငါ့ဘာသာငါ့ရဲ့ဂူထဲကိုပြန်သွားပြီး တစ်‌ယောက်တည်းကျင့်ကြံတာပဲပိုကောင်းတယ်။"

လုရှောင်ယန်ဟာ အတန်ငယ်စိတ်ပျက်သွားသည်။ သူဟာပစ္စည်းများကိုထုတ်ပိုးကာ ထွက်ခွာရန်ပြင်လိုက်၏။

ထိုအခိုက်တွင် အင်မတန်အားကောင်းသော အရှိန်အဝါတစ်ခုမှာ ကောင်းကင်ယံမှဆင်းသက်လာလေသည်။

ထိုအရှိန်အဝါမှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကိုပင်ထိုးဖောက်သွား၏။ ဆင်းသက်လာခြင်းကပင် တောင်ကြီးတစ်ခုနှင့် တူလှပြီး လူသားတို့အား အသက်ပင်မရှူနိုင်ဖြစ်စေ၏။

အနီးအနား တောအုပ်ရှိနတ်ဆိုးသားရဲများမှာ ထိုအရှိန်အဝါအား အာရုံခံမိသည်နှင့် တစ်ခဏအတွင်းမှာပင် ပျံကာ နေရာအနှံ့သို့ထွက်ပြေးကြကုန်သည်။

လုရှောင်ယန်၏ အမူအရာမှာ တမုဟုတ်ချင်း အေးစက်သွား၏။ သူဟာ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများကိုလှည့်ပတ်လိုက်ကာ မည်သည့်အခြေ‌အနေတွင်ဖြစ်ဖြစ် ကာကွယ်ရန်ပြင်လိုက်သည်။

တစ်ခဏကြာသော် တစ်ဖက်လူမှာ သူ၏ မနီးမဝေးတွင်ပေါ်လာ၏။ ဒါက သတ်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်ပင်ဖြစ်သည်။

ထိုလူမှာ ကောင်းကင်ပြာရောင်ရုံကိုဝတ်ဆင်လျက် လေးထောင့်ကျသော မျက်နှာရှိသည်။ ‌သူ၏နောက်ကျောမှာဖြောင့်တန်းနေကာ လက်များအားနောက်သို့ပို့ထား၏။

တစ်ဖက်လူ၏ အင်မတန်အားကောင်းလှသော ကျင့်ကြံဆင့်ကိုအာရုံခံကာ လုရှောင်ယန်မှာ မထိန်းနိုင်ဘဲ မျက်ဝန်းများအား‌ကျဉ်းမြောင်းလိုက်၏။

တစ်ဖက်လူ၏ ကျင့်ကြံဆင့်မှာ အလွန်အားကောင်းနေပြီး အနည်းဆုံး ဒဿမမြောက် နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုကျင့်ကြံဆင့်နှင့် ထိုလူမှာ တကယ်ကို အင်မတန်စွမ်းအားကြီးမားသော ဖြစ်တည်မှုဖြစ်သည်။

လုရှောင်ယန်မှာ ခုခံရန်ပြင်လိုက်သော်ငြား တစ်ဖက်လူမှာ ပြောလာခဲ့၏။

"မင်းက... အဲဒီ လုမျိုးနွယ် တပည့်လေးလား။"

လုရှောင်ယန်ဟာ နှလုံးခုန်မြန်မလာခင်အထိ ‌ကြောင်အမ်းသွားလေသည်။

ဒါက လုမျိုးနွယ်စုလား? လုမျိုးနွယ်စုက သူ့ကိုရှာဖို့ရောက်လာခဲ့တာလား?

ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်သလဲ!

သူဟာ လုမျိုးနွယ်စု၏ မျိုးဆက်လေးတစ်ယောက်သာဖြစ်ပါသော်ငြားလည်း တစ်ဖက်က သူ့အားခေါ်ဆောင်ရန် ဒဿမမြောက် နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ပညာရှင်ကို လွှတ်လိုက်လေသည်။

ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်သလဲ!

အရမ်းစွမ်းအားကြီးတာပဲ!

ဒီလုမျိုးနွယ်စုကတကယ်ကို အထင်ကြီးစရာကောင်းတာပဲ။

လုရှောင်ယန်ဟာ ချက်ချင်းပဲခံစားချက်ကောင်းသွားသည်။ သူ၏မတိုင်ခင်က ‌မှုန်မှိုင်းနေမှုမှာလည်း လွင့်စင်သွားခဲ့လေပြီ။

အခုတော့လုံခြုံပြီ။ အခုတော့တကယ်ကိုလုံခြုံသွားပါပြီ။ ဟားဟားဟား၊ လုမျိုးနွယ်စုကိုဝင်ရောက်ပြီးနောက်တွင် လုမျိုးနွယ်စု၏ ကာကွယ်မှုဖြင့် လုံလုံခြုံခြုံကျင့်ကြံနိုင်တော့မည်ဖြစ်သည်။

လုမျိုးနွယ်စုကဲ့သို့ အားကောင်းသော အဖွဲ့အစည်းမှ ကာကွယ်မှုဖြင့် သူ၏အနာဂတ်ကျင့်ကြံခြင်းမှာ လုံးဝကို အကျိုးရှိနေတော့မည်ဖြစ်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော်က လုမျိုးနွယ်စုရဲ့ မျိုးဆက်ပါ။"

တစ်ဖက်လူမှာ ချက်ချင်းပင် သူ၏နတ်ဘုရားအမြင်ဖြင့် လုရှောင်ယန်အား စစ်ဆေးလေသည်။ လုရှောင်ယန်မှာ ငတုံးမဟုတ်ပါချေ။ တစ်ဖက်လူ မရောက်ခင်ကတည်းက သူဟာ သူ၏ကျင့်ကြံဆင့်ကိုဖုံးထားပြီး သူ၏ ပထမမြောက် နတ်ဘုရားကျင့်ကြံဆင့်ကိုသာ ထုတ်ပြထားလေသည်။

"မင်းကပထမမြောက် နတ်ဘုရားအဆင့်မှာပဲရှိနေသေးတာလား။ မင်းရဲ့သက်သေခံဝင်ခွင့်အမှတ်အသားကိုပြပါဦး။"

လုရှောင်ယန်မှာ တုံဆိုင်းမနေဘဲ ချက်ချင်းပင် တစ်ဖက်လူကို သူ၏သက်သေခံဝင်ခွင့်အမှတ်အသားအား ထုတ်ပြလိုက်လေသည်။ တစ်ခဏအတွင်းမှာပင် တစ်ဖက်လူ၏ အမူအရာမှာ ကူကယ်ရာမဲ့စွာ ရုတ်ချည်းပြောင်းလဲသွားလေသည်။

"ဒီဝင်ခွင့်အမှတ်အသား၊ မင်းက ချင်ရှန်းရဲ့သားလား? မင်းရဲ့နာမည်ကရော လုရှောင်ယန်လား?"

လုရှောင်ယန်မှာ စိတ်ထဲ‌တွင်ရေရွတ်လိုက်သည်။

‘ဒါဆို မူလကိုယ်ရဲ့အဖေကို လုချင်ရှန်းလို့ခေါ်တာပေါ့။ ပြီးတော့ တစ်ဖက်လူကလည်း ငါ့ကိုသေချာသိနေတယ်။ ငါ့ရဲ့နာမည်ကိုတောင် ခေါ်လိုက်တယ်။ သူကလည်း လုမျိုးနွယ်စုမှာ ကောင်းမွန်တဲ့ဂုဏ်ပုဒ်ရှိတဲ့လူပဲဖြစ်ရမယ်။’

ထို့နောက်လုရှောင်ယန်မှာ ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် အရိုအသေပြုကာ ပြောလိုက်သည်။

"အမှန်ပဲ၊ ကျွန်တော်ကလုရှောင်ယန်။"

တစ်ဖက်လူ၏မျက်လုံးများမှာ တမုဟုတ်ချင်းနီရဲသွားလျက် မျက်ရည်ဥကြီးများပင် တွဲခိုနေလျက်ရှိသည်။

"ကလေး၊ မင်းနောက်ဆုံးတော့ပြန်လာပြီပဲ။"

လုရှောင်ယန်:"..."

ဒီလူက... ရူးနေတာလား? ခုနကပဲ သူအရမ်းအေးစက်‌နေတာကို။ ဘာလို့ ရုတ်တရက်​ကြီး အရမ်းချစ်​တဲ့ပုံပေါ်နေရတာလဲ။

သူ၏သဘောထားမှာ ရုတ်ခြည်းပြောင်းလဲသွားသည်!

တစ်ဖက်လူမှာ လုရှောင်ယန်၏ရှုပ်ထွေးမှုကို သတိပြုမိပုံပေါ်ပြီး ချက်ချင်းပင်ရှင်းပြလာသည်။

"ငါကမင်းရဲ့ဦးလေး‌ပါ၊ လုထျန်းနန်!"

လေထုမှာ တစ်ဖန်ငြိမ်သက်သွားလေ၏။ လုရှောင်ယန်၏မျက်နှာမှာ စိမ်းဖန့်သွားကာ ပြောစရာစကားမဲ့သွား၏။

အာ၊ တစ်ဖက်လူမှာ သူ၏ဦးလေးဖြစ်နေသည်လား?

ဒါကတကယ်ရယ်စရာကောင်းမနေဘူးလား?

သာမာန်ယုတ္တိကျကျဆိုလျှင် လုမျိုးနွယ်စုသည် ဤနေရာ၌သို့ ကင်းထောက်တစ်ဦးသာ စေလွှတ်သင့်သည်မဟုတ်ပါလား။

ဒါ့အပြင်၊ ထိုကင်းထောက်မှာ အဘယ်ကြောင့် ပထမမြောက် နတ်ဘုရားအဆင့်ပညာရှင်သည် လုမျိုးနွယ်စုသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်ဟုသာ မေးခွန်းထုတ်သင့်ပေသည်။

ထိုဦးလေးမှာ ရုတ်တရတ်ထွက်ပေါ်လာကာ သူအား အင်မတန်ပင်ချစ်ခင်နေပေ၏။ လုရှောင်ယန်မှာ မည်သို့တုံ့ပြန်ရမှန်းပင် မသိတော့ပါချေ။

သို့သော် သူ့အတွက်မှာမူ တစ်ဖက်လူအားဦးလေးဟု ခေါ်ဆိုရန်မှာ မဖြစ်နိုင်ပါချေ။

သူတို့ပထမဆုံးတွေ့ဆုံချိန်မှာပဲ ဘာလို့တစ်ဖက်လူကို သူ့ဆီကနေ အမြတ်ထုတ်ခွင့်ပေးရမှာလဲ။

အိပ်မက်မက်နေလိုက်။

ထို့ကြောင့် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် လုရှောင်ယန်မှာ‌ ခေါင်းသာငြိမ့်ပြလိုက်သည်။

"ဟုတ်ကဲ့။"

တစ်ဖက်လူမှာမူ လုရှောင်ယန်က ရှက်ရွံ့နေခြင်းကြောင့်သာ ထိုသို့ပြုမှုနေသည်ဟု ထင်မှတ်လိုက်သည်။ သူဟာရှေ့သို့ လျှောက်သွားကာ ပခုံးကို ပုတ်လိုက်သည်။

"ကောင်းတယ်၊ မင်းပြန်လာပြီ။ ကောင်းတယ်၊ မင်းပြန်လာပြီပဲ။ ငါတို့လုမျိုးနွယ်စုက မင်းကိုနှစ်များစွာကြာအောင် ရှာနေကြတာ။ ငါကမင်းကို ကိုယ့်ဘာသာပြန်လာပြီး ပထမမြောက် နတ်ဘုရားအဆင့်ထိရောက်အောင်တောင် ကျင့်ကြံထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဂုဏ်ယူပါတယ်။ မင်းရဲ့အဘိုးသာ မြင်လို့ကတော့ တော်တော်လေးပျော်နေလောက်တယ်။"

ဒါကိုအသိအမှတ်ပြုသည့်အနေဖြင့် လုရှောင်ယန်ဟာခေါင်းငြိမ့်ပြလိုက်သည်။

ဘယ်သူကဂရုစိုက်နေလို့လဲ? ဘယ်လိုပဲဖြစ်ဖြစ် သူ လုမျိုးနွယ်စုကိုရှာချင်ပြီး အေးအေးချမ်းချမ်းကျင့်ကြံချင်တာပဲ။

ကျန်တာကတော့ သူ့ကိုအနှောင့်အယှက်မဖြစ်စေပါပေ။

သူသည် တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းရလိမ့်မည်။

တစ်ဖက်လူမှာ သူ့အား လုမျိုးနွယ်စုထံသို့ အလျင်အမြန်ခေါ်ဆောင်သွားလေသည်။

လုမျိုးနွယ်စုအားမြင်သောအခါ လုရှောင်ယန်မှာ ကူကယ်ရာမဲ့စွာ အနည်းငယ် အံ့အားသင့်သွားလေသည်။

လုမျိုးနွယ်စု၏ ခြံဝင်းတစ်ခုတည်းသည်ပင် အနိမ့်ပိုင်း‌လောကရှိ မဟာကျိုးအင်ပါယာကိုပင် ကျော်လွန်နေပြီဖြစ်သည်။

ဒါကပဲ လုမျိုးနွယ်စုအားတကယ်ကို ထူးကဲသည်ဟု ထင်ရစေသည်။

ပြန်လည်ဝင်စားဖို့မျိုးနွယ်စုအဖြစ် အကြီးအကဲထျန်းကျီမှ သူ့အတွက် ရွေးချယ်‌ပေးခဲ့တာက တကယ့်ကို မဆိုးလှပါချေ။

သူဟာ အမြတ်ထွက်ခဲ့သည်။

လုထျန်းနန်ပြန်လာသည်ကိုမြင်သော် တံခါးမှ အစောင့်အကြပ်သည် ရုတ်ချည်းပင်ရှေ့သို့တက်လာကာ လုထျန်းနန်ထံသို့ အရိုအသေပြုလိုက်သည်။

"ဆရာ၊ ပြန်လာပြီပဲ။"

လုထျန်းနန်ဟာ လက်ရမ်းပြလိုက်ကာ အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

"ငါ့အဖေဘယ်မှာလဲ။"

"ဆရာ၊ သခင်ကြီးလုက လီမျိုးနွယ်စုနဲ့ ချီမျိုးနွယ်စုတို့ရဲ့ သခင်ကြီးတွေနဲ့ သိုင်းပညာဖလှယ်ဖို့ ထွက်သွားပါတယ်။ ခဏလောက်တော့ ပြန်လာလိမ့်မှာမဟုတ်သေးပါဘူး။"

"ဒီလိုလား။"

လုထျန်းနန်၏ စိတ်ဝင်စားမှုမှာ အတန်ငယ်လျော့နည်းသွားသည်။

သို့သော် သူဟာလုရှောင်ယန်ထံသို့ပြုံးပြကာ ပြောလိုက်သည်။ "ရှောင်ယန်၊ စိတ်မပူပါနဲ့။ မင်းရဲ့အဖိုးက အခုပဲထွက်သွားတာဆိုပေမယ့် ခဏကြာရင်ပြန်လာမှာပါ။ ငါမင်းကို ပထမဆုံး မင်းမိဘတွေရဲ့နေရာကို ခေါ်သွားပေးမယ်။"

လုရှောင်ယန် ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပါပြီ။"

လုရှောင်ယန်၏ လက်ခံမှုရရှိသွားသည်နှင့် လုထျန်းနန်မှာ ချက်ချင်းပဲ လုရှောင်ယန်အား ခြံဝန်းတစ်ခုထံသို့ခေါ်ဆောင်သွားလေသည်။

"ရှောင်ယန်၊ ဒါကမင်းရဲ့မိဘ‌တွေ အသက်ရှင်စဉ်က နေထိုင်ခဲ့တဲ့နေရာပဲ။ အခုတော့သူတို့လည်း ဒီမှာမရှိတော့ဘူးဆိုတော့ မင်းကိုပဲ လွှဲပြောင်းပေးလိုက်တော့မယ်။ ပထမဆုံး အထဲဝင်ပြီး စောင့်နေလိုက်ဦး။ ငါသို‌လှောင်ခန်းကိုသွားပြီး မင်းနေ့စဉ်‌လိုအပ်မယ့်ဟာတွေကိုယူလာခဲ့မယ်။"

ပြောပြီးသည်နှင့် လုထျန်းနန်ဟာ လုရှောင်ယန်အတွက် တစ်ခုခုပြင်ဆင်ပေးရန် ထွက်သွားလေသည်။

သူ၏အမူအရာမှာ လုရှောင်ယန်နှင့် ပထမဆုံးတွေ့စဉ်ကနှင့် ကွာခြားနေလေသည်။

လုရှောင်ယန်သည်လည်း စိတ်လှုပ်ရှားစွာ သက်ပြင်းချမိသည်။

ဒီ လုမျိုးနွယ်ဝင်မှာ သူ့အပေါ် အမှန်တကယ်ကို ရိုးသားပုံရသည်။

အနည်းဆုံးတော့ သူဟာ သူ၏ခံစားချက်အစစ်အမှန်ကို ထုတ်ပြပြီး ဟန်ဆောင်ခြင်းအလျှင်းမရှိပါချေ။

ထို့နောက်တွင် သူလည်း မိဘများ၏ခြံဝန်းထဲသို့လျှောက်ဝင်သွားလိုက်သည်။

ခြံဝင်းငယ်ကို အချိန်အတော်ကြာ လျစ်လျူရှုကြထားသောကြောင့် ဒူးဆစ်ထိနက်သောပေါင်းပင်များပင် ပေါက်နေပြီဖြစ်သည်။

လုရှောင်ယန်သည် သူ၏လက်ချောင်းများကို ပွတ်သပ်ကာ ဓားအလင်းငယ်ကိုထုတ်လွှတ်လျက် သေးငယ်သော ခြံဝင်းအတွင်းရှိ ပေါင်းပင်များကို ဖြတ်တောက်ကာ မြေပြင်အား မူလသန့်ရှင်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

ထို့နောက် ခြံဝင်းနှင့် အခန်းငယ်များကို သန့်ရှင်းသပ်ရပ်‌အောင်ပြုလုပ်ခဲ့သည်။ နောက်ဆုံးတော့ ဒီနေရာဟာ အနာဂတ်အတွက် နေထိုင်စရာနေရာပါပဲ။

လုရှောင်ယန်ထိုအရာများ ပြုလုပ်ပြီးမကြာခင်မှာပင် လုထျန်းနန်ဟာ နေ့စဉ်သုံးရန်လိုအပ်သည်များကို ယူဆောင်လာခဲ့လေသည်။

လုရှောင်ယန်ဟာ ထိုခြံဝန်းအားကောင်းကောင်းရှင်းလင်းထားပြီးဖြစ်သည်ကို မြင်ရသောအခါ လုထျန်းန်မှာ မထိန်းနိုင်ဘဲပြုံးလိုက်မိသည်။

"ကလေး၊ မင်းကခုမှပြန်ရောက်တာလေ။ ဘာလို့ အရမ်းဝီရိယရှိနေရတာလဲ။ မင်းဆီကိုလာပြီး သန့်ရှင်းခိုင်းဖို့ အစေခံ‌နှစ်ယောက်တောင်ခေါ်လာတော့မလို့ပဲ။"

လူရှောင်ယန်ဟာ ထူးမခြားနားစွာ ပြန်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အတူတူပါပဲ။ ကျွန်တော့မှာလည်း ဘာလုပ်စရာမှလည်းရှိမနေဘူးလေ။"

လု‌ထျန်းနန်မှာ နေ့စဉ်လိုအပ်သည့်ပစ္စည်းများအား ကူကာရွှေ့ပေးနေရင်းဖြင့် ပြောလိုက်သည်။

"ဒီနေ့တော့ မင်းအတွက် လိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းတစ်ချို့ကို ပြင်ဆင်လာခဲ့ပေးတယ်။ မင်းအဘိုးပြန်လာတဲ့အခါကျမှ မင်းရဲ့ကျင့်ကြံခြင်းမှာ ကြုံနေရတဲ့ပြဿနာ‌ကို ငါချက်ချင်းတင်ပြပြီး မင်းအဘိုးကို စီစဉ်ခွင့်ပေးလိုက်မယ်။ စိတ်မပူပါနဲ့၊ အခု မင်းက လုမျိုးနွယ်စုဆီ ပြန်ရောက်‌နေပြီပဲ၊ ငါ မင်းကိုသေချာပေါက် မခံစားစေရတော့ဘူး။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၁။ အပိုင်း ၃၀၇ လုံခြုံပါတယ်၊ ငါ့ရဲ့လုမျိုးနွယ်စုက တကယ်ကို ထိတ်လန့်ဖွယ်ရာပဲ

လုရှောင်ယန်ဟာ ချက်ချင်းပင် သူ၏ဦးလေးနောက်မှလိုက်ကာ နေ့စဉ်လိုအပ်သည်များကို အထဲသို့သယ်ဆောင်လာလိုက်လေသည်။

နှစ်ယောက်သားပြင်ဆင်နေကြသည်ကို အခွင့်ကောင်းယူကာ မေးလိုက်သည်။

"စကားမစပ်၊ အမ်း...ဦးလေး၊ ကျွန်တော်တို့ လုမျိုးနွယ်က နတ်ဘုရားလောကထဲမှာ ဘယ်လောက်တောင် အင်အားကောင်းတာလဲ။"

မူလက သူသည် တစ်ဖက်လူအား ဦးလေးဟု မခေါ်ချင်သော်လည်း သေချာစဉ်းစားကြည့်တော့ သူလည်း လုမျိုးနွယ်စုသို့ ရောက်နေပြီဖြစ်သည်။ ဟန်ဆောင်နေတော့လည်း ဘာထူးတော့မှာလဲ။

ဘာပဲဖြစ်ဖြစ်တစ်ဖက်လူမှာ တကယ်လည်းသူ၏ စီနီယာဖြစ်သည်။ တစ်ဖက်လူအား ဦးလေးဟုခေါ်လျှင်လည်း ဘာကိုမျှဆုံးရှုံးမည့်ပုံမပေါ်ပါချေ။

လုထျန်းနန်မှာ လုရှောင်ယန်က ဒါကို မေးလိမ့်မယ်လို့ အတော်ကြာခန့်မှန်းထားပုံရသည်။ သူဟာ ချက်ချင်းပင် ရယ်မောလိုက်၏။

"ရှောင်ယန်၊ ဒါကမေးခွန်းကောင်းပဲ။ ငါကမင်းရှေ့မှာ ဝံ့ကြွားပြချင်တာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ငါတို့ရဲ့ လုမျိုးနွယ်ကတကယ်ကို ကောင်းကောင်းလေးရှိနေတာပဲ။'

‌

လုထျန်းနန်မှာပြောနေရင်းနှင့်ပင် လက်မထောင်ပြလိုက်သည်။

"ငါကမင်းကိုကြွားပြောနေတာမဟုတ်ပါဘူး။ မင်းအဘိုးရဲ့ ကျင့်ကြံဆင့်ကိုပဲ ဥပမာအနေနဲ့ကြည့်လိုက်ပါ။ ကောင်းကင်ပင်လယ်မြို့‌တစ်မြို့လုံးမှာ အခြားမျိုးနွယ်စုခြောက်စုရဲ့ ဘိုးဘေး‌တွေ အတူတကွလုပ်‌ဆောင်ကြ‌ပေမယ့်လည်း မင်းရဲ့အဘိုးနဲ့ မတူညီကြဘူး။ မင်းရဲ့အဘိုးကြောင့်ပဲ ငါတို့ လုမျိုးနွယ်စုကို ကောင်းကင်ပင်လယ်မြို့တော်မှာ အသန်မာဆုံးလို့ခေါ်ဆိုကြတာပဲ။"

"အနီးဝန်းကျင်က မြို့တော်တွေမှာတောင် ငါတို့လုမျိုးနွယ်စုကထိပ်တန်းဖြစ်တည်မှုတစ်ခုပဲ!"

"ဟစ်!"

လုရှောင်ယန်လည်း မထိန်းနိုင်ဘဲ ချက်ခြင်းပင် ထိတ်လန့်သွားသည်။

လုမျိုးနွယ်စုသည် အမှန်တွင် ကောင်းကင်ပင်လယ်‌မြို့တော်၏ နံပါတ်တစ်မျိုးနွယ်စုပင်ဖြစ်သည်။

သူတို့က တကယ်အထင်ကြီးစရာပဲ။

လုရှောင်ယန်၏ ကိုယ်ပွားကြားခဲ့ရသည်မှာလည်း ထိုနတ်ဘုရားလောကထဲတွင် မျိုးနွယ်စုတစ်ခုကို တည်ထောင်နိုင်လိုက်သည်ကပင် အင်မတန်စွမ်းအားကြီးမားနေကြပြီဖြစ်သည်။

ဒါ့အပြင်ထိုကဲ့သို့ အသန်မာဆုံးမျိုးနွယ်စုဖြစ်လာဖို့ရန်မှာ အင်မတန်မှာပင် ရှားပါးလွန်းလှ၏။

သူဟာအနာဂတ်တွင် လုမျိုးနွယ်စုထံ၌နေထိုင်ကာ အေးအေးချမ်းချမ်းကျင့်ကြံနိုင်တော့မည့်ပုံပေါ်သည်။

ထိုသို့ပြောနေရင်း သူ၏တပည့်များလည်း မည်သို့ပြုလုပ်နေကြသည်ကို တွေးမိလိုက်သည်။

သူအမှန်တကယ်မျှော်လင့်နေသည်မှာ သူတို့လည်း လုမျိုးနွယ်စုအား အလျင်အမြန်ရှာတွေ့ပြီး ဤနေရာတွင်ကျင့်ကြံရန် သူနှင့်အတူ လာစုပေါင်းဖို့ရန်သာဖြစ်သည်။

သူတို့မှာအပြင်ဘက်တွင် အခုထိခံစားနေရလောက်မည်မဟုတ်ပါလား။

ဤသည်ကိုတွေးတောမိသည်နှင့် လုရှောင်ယန်ရင် နှလုံးသားပင် နာကျင်လာရသည်။

သူ၏သနားစရာတပည့်လေးများမှာ နတ်ဘုရားလောကသို့ ဝင်ရောက်လာပြီးနောက်တွင် မှီခိုအားထားစရာတစ်ဦးမှမရှိတော့ပါချေ။

ဒါတွေအကုန်လုံးဟာ သူတို့၏ဆရာ အင်အားအလုံအလောက်မရှိ၍ပင်။ ကျန်နေသည့်အချိန်အတွင်းတွင် သူဟာ‌ကောင်းကောင်းကျင့်ကြံသင့်ပေသည်။

သူတို့နှစ်ဦးစလုံးပြင်ဆင်ပြီးသည့်အချိန်တွင် လုထျန်းနန်မှာ တစ်စုံတရာကိုအာရုံခံမိသွားလေသည်။

သူ၏မျက်နှာမှာတောက်ပလာပြီး ချက်ချင်းပြောလိုက်သည်။

"အာ... ဒီအရှိန်အဝါ... မင်းရဲ့အဘိုးပြန်လာနေပြီထင်တယ်။ ရှောင်ယန်ပထမဆုံးဒီမှာစောင့်နေဦး။ ငါသွားပြီးတော့ ဘာဖြစ်နေတာလဲသွားကြည့်လိုက်ဦးမယ်။ ပြီးတော့ မင်းရဲ့အဘိုးကို မင်းရဲ့အကြောင်းပြောရဦးမယ်။"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။

"ဒါပိုကောင်းပါတယ်။ ဦးလေးပထမဆုံးသွားလိုက်ပြီး လုပ်စရာရှိတာလုပ်လိုက်ပါ။ ကျွန်တော်ကိုယ့်ဘာသာကိုယ်ဆိုလည်း အဆင်ပြေပါတယ်။"

"ကောင်းပြီ၊ ငါပြန်လာပြီးမှ ထပ်တွေ့မယ်နော်။ ငါ့မှာ တစ်ခုခုလုပ်စရာရှိနေရင်လည်း မင်းရဲ့ဝမ်းကွဲကိုလာပြီး ကြည့်ခိုင်းလိုက်မယ်။"

သူတို့နှစ်ဦးနှုတ်ဆက်ပြီးနောက်တွင် လုရှောင်ယန်မှာချက်ချင်းဆိုသလိုပင် သူ၏ခြံဝင်းငယ်ထဲ၌ အစီအရင်များကိုစတင်ရေးဆွဲလေတော့သည်။

ဒါကအရေးကြီးတဲ့အလုပ်ပဲ။

သူ၏လုံခြုံမှုကို အာမခံနိုင်ရန် အစီအရင်များကို လျင်မြန်စွာပြင်ဆင်ထားလိုက်တော့သည်။

တိုက်ခိုက်‌ခြင်းအစီအရင်၊ အကာအကွယ်အစီအရင်၊ ပုံရိပ်ယောင်အစီအရင်... နတ်ဘုရားအဆင့်၏ ပြီးပြည့်စုံသော အစီအရင်များအစုံလိုက်ပင်။

ဒါ့အပြင် လုရှောင်ယန်ဟာ သူ၏သင်ခန်းစာကိုလည်း ထိုအချိန်တွင် လေ့လာနေလိုက်သည်။ လုမျိုးနွယ်စုမှ သူ၏ အစီအရင်များကို ရှာမတွေ့နိုင်စေရန်အလို့ငှာ လုရှောင်ယန်မှာ အစီအရင်ဗဟိုချက်အား သူ၏သွေးအဆီအနှစ်တစ်စက်ဖြင့် ပေါင်းစပ်လိုက်၏။

ဤနည်းလမ်းဖြင့် လုမျိုးနွယ်စုမှ မတော်တဆဝင်ရောက်မိပါကလည်း ထောင်ချောက်မိမည်မဟုတ်ပေ။

ယခင်က အစီအရင်ဖန်တီးမှုများကြောင့် အကြိမ်များစွာ ဖော်ထုတ်ခံခဲ့ရဖူးသည်။ ဒီတစ်ခါတော့ သူ့အား ထုတ်ဖော်မခံစေချင်ပါချေ။

…

တစ်ဖက်တွင် လုထျန်းနန်သည်လည်း ဝင်ပေါက်သို့အလျင်အမြန်ပင် ရောက်ရှိသွားခဲ့သည်။ သူဟာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာနေသော ဖခင်ဖြစ်သူအား မြင်သောအခါ ချက်ခြင်းပင် ကြိုဆိုရန် ရှေ့သို့ လှမ်းတက်သွားသည်။

"အဖေ ပြန်လာပြီပေါ့။"

သခင်ကြီးလုဟာ ခေါင်းငြိမ့်ပြလိုက်သည်။

"ငါကြားမိတာတော့ လုမျိုးနွယ်စုက လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ နောက်ထပ်ပျောက်သွားနေခဲ့တဲ့ မျိုးဆက်တစ်ယောက်ကို ထပ်ရှာတွေ့ခဲ့တယ်ဆို။"

လု‌ထျန်းနန်ဟာ ချက်ချင်းပင်ခေါင်းငြိမ့်ပြလိုက်၏။

"အမှန်ပဲ၊ ပြီးတော့အဲ့ဒါက အရမ်းကိုအရေးပါတဲ့ သွေးမျိုးဆက်တစ်ယောက်လည်း ဖြစ်နေသေးတယ်။"

လုဆရာအဘိုးဟာ အနည်းငယ်အံ့အားသင့်သွားသည်။

"အရမ်းအရေးပါတဲ့သွေးမျိုးဆက်? အဲ့ဒါဘယ်သူ့ရဲ့ သွေးမျိုးဆက်များလဲ?"

လုထျန်းနန်ဟာ ဆန်းကြယ်စွာပြုံးကာ ပြောလိုက်သည်။

"ခန့်မှန်းကြည့်ပါ!"

သခင်ကြီးလုဟာ အပြုံးတစ်ခုဖြင့် ဆူပူလိုက်လေသည်။

"မင်းတို့‌ကောင်တွေနောက်ထပ် အပြင်ကမြေးတစ်ယောက်ကိုခေါ်လာခဲ့တာလား။"

လုထျန်းနန်ဟာ သူ၏ခေါင်းအား ခါရမ်းလိုက်၏။

"အဖေမှားသွားပြီ။"

"ဒါဆို... အဲ့ဒီတတိယမျိုးဆက် ကလေး‌တွေ ကလေးရပြီးဖြစ်‌နေတာလား။ ဒါပေမယ့်လည်း သူတို့အသက်က ဒါဇင်နဲ့ချီနေပြီ။”

လုထျန်းနန်ဟာ သူ၏ခေါင်းအား ထပ်မံခါရမ်းလိုက်၏။

"အဖေထပ်မှားပြန်ပြီ။"

ဆရာကြီးဟာ မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။

ဒါမဟုတ်ဘူးလျှင် ဘယ်သူများဖြစ်နိုင်မှာလဲ။ သူ့ရဲ့ကလေးများလား။

ဒါတော့မဖြစ်နိုင်သေးဘူး။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်တည်းက သူဟာဘယ်လိုအရာကိုမှမပြုလုပ်ရသေးချေ။ ဒါ့အပြင် ယခုအချိန်တွင် သူဟာ မည်သို့သော စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များလည်းရှိမနေပါချေ။

သူကဘယ်လိုလို့ ကလေးတစ်ယောက်ထပ်မွေးနိုင်မှာလဲ?

"အဖေ၊ တကယ်ပဲမခန့်မှန်းနိုင်တော့ဘူးလား။"

"ငါအကုန်လုံးနီးပါးပြောပြီးနေပြီပဲ၊ ဒါပေမယ့် မင်းကအကုန်ငြင်းပစ်တယ်။ ငါတကယ်လည်းမမှတ်မိတော့ဘူး။ ငါတို့လုမျိုးနွယ်စုထဲမှာ ငါကလွဲရင် မင်းရဲ့မျိုးဆက် ဒါမှမဟုတ် ရှောင်ချန်ရဲ့မျိုးဆက်ထဲမှာ လူအဲ့လောက်လည်းမရှိပါဘူး။"

"မင်းရဲ့အဘိုးက လုမျိုးနွယ်စုရဲ့ ဘိုးဘေးခန်းမထဲကထွက်လာပြီး မင်းကို နောက်ထပ်‌ဦးလေးထပ်ပေးတယ်လို့တော့ မပြောနဲ့။"

လုထျန်းနန်ဟာ သူ့နဖူးသူပြန်ရိုက်ကာ သူ့အဖေ၏ နုံချာမှုဖြင့် အနိုင်ယူခံလိုက်ရ၏။

"အဖေ၊ ကိုးယောက်မြောက် ညီလေးအကြောင်းမေ့သွားပြီလား။"

သခင်ကြီးလု၏မျက်လုံးများမှာ ပြူးကျယ်လျက် နှလုံးအိမ်ပင်တုန်ရီလာခဲ့သည်။

"မင်း...မင်း ရှောင်ယန်ကိုပြောနေတာလား။"

လု‌ထျန်းနန်မှာ ပြုံးလိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

"အဲ့ဒါကရှောင်ယန်ပဲ။ သူအခုပြန်လာပြီ။ အခုတော့ သူ့ရဲ့ကျင့်ကြံဆင့်က အတော်လေး နိမ့်နေပေမယ့် ပထမ‌မြောက် နတ်ဘုရားအဆင့်ကိုရောက်နေပြီး တကယ်ကို ဒဏ်ရာကင်းမဲ့ပြီး ပြန်ရောက်နေပြီ။"

"ကောင်းတယ်!ကောင်းတယ်! ကောင်းကင်ဘုံကတကယ်ကိုပဲ ငါ့သား ချင်းရှန်ကို ကာကွယ်ပေးတဲ့ပုံပဲ။ သူတို့က ငါ့သားရဲ့ သွေးမျိုးဆက်ကို သေခွင့်မပြုခဲ့ဘူး!"

သခင်ကြီးလုမှာ အင်မတန်စိတ်လှုပ်းရှားလို့နေသည်။ သူဟာလက်သီးအားတင်းကြပ်စွာဆုပ်လိုက်ပြီး သူ၏မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုမှာ သိသာထင်ရှားလှသည်။

ယခင်က လုချင်းရှန်ဟာ သူ၏သားတွေထဲတွင် ပါရမီအထူးဆုံးဖြစ်ပြီး သူ့ထံမှအများဆုံးအပြောခံရသည့်သူလည်းဖြစ်သည်။

ထို့ကြောင့် လုချင်းရှန်နှင့် သူ့ဇနီးသည် တိုက်ပွဲတွင် သေဆုံးသွားကြောင်း သူသိလိုက်သောအခါတွင် ၎င်းမှာ သူ့အတွက် အံ့သြထိတ်လန့်ဖွယ်ရာ သတင်းတစ်ပုဒ်ပင် ဖြစ်သည်။

သူဟာသူ၏ မြူမှုန်များကြားမှ ရုန်းထွက်နိုင်ရန် နှစ်သုံးဆယ်ထက်ပင် ကုန်ဆုံးခဲ့ရသည်။

ယခုမူ သူ၏မြေးဖြစ်သည့် လုချင်းရှန်၏ သားမှာ ရှင်သန်နေကြောင်းသိရသည်တွင် ဆရာအဘိုးလုမှာ အသေအချာကိုပင် သူ၏ စိတ်အတွင်းမှ စိတ်လှုပ်ရှားမှုအား ဖိနှိပ်မထားနိုင်တော့ပါချေ။

"မြန်မြန်၊ ငါ့ကိုသူ့ကိုတွေ့ဖို့ခေါ်သွားစမ်းပါ။"

"အဖေ၊ သူက အစိမ်းရောင်တောင်ရဲ့ ခြံဝင်းထဲမှာ။"

စကားဆုံးသည်နှင့် သခင်ကြီးလုမှာ လုထျန်းနန်အားချန်ထားနှင့်ပြီး သူ၏နေရာမှပင်ပျောက်ကွယ်သွားတော့သည်။ လုထျန်းနန်မှာ ရယ်ရခက်ငိုရခက်နှင့် ခေါင်းကိုသာ ခါယမ်းလိုက်တော့၏။

ထို့နောက်တွင် သခင်ကြီးလုမှာ လုချင်းရှန်၏ ခြံဝင်းထဲတွင် ပေါ်လာ၏။

ထိုအခိုက်တွင် အဘိုးအိုတစ်ယောက်သူ၏ဘေးနားတွင် ရုတ်တရတ်ပေါ်လာသည်ကိုမြင်သောအခါ လုရှောင်ယန်မှာ အစီအရင်များအား ရေးဆွဲပြီးကာစပင်ဖြစ်သည်။ သူ၏မျက်လုံးများမှာ ရုတ်တရတ် အေးစက်သွား၏။ သို့သော် တစ်ဖက်လူထံတွင် မည်သည့် မကောင်းသောရည်ရွယ်ချက်များမှ ရှိမနေသည်ကို ခံစားမိသောအခါ အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွား၏။

သခင်ကြီးလုမှာ ဤသိမ်မွေ့သောအမူအရာကိုမြင်သောအခါ မထိန်းနိုင်ဘဲ အံ့အားသင့်သွား၏။

ကောင်းတယ်၊ မင်းက တကယ်သတိရှိတာပဲ။

ဤသတိထားမှုမှာ သူ၏အခြား‌သောသားစဉ်မြေးဆက်များ တုနှိုင်းမယှဉ်နိုင်သောအရာပင်ဖြစ်သည်။

သူ၏မြေးသည် သူ့သား၏ ပြီးပြည့်စုံသော အရည်အချင်းကို အမွေဆက်ခံထားသည်ဟု ယူဆနိုင်သည်။

ဒီလိုမှမဟုတ်ရင် ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘဲ ပထမမြောက် နတ်ဘုရားအဆင့်ကို သူတစ်ယောက်တည်း ဖြတ်ကျော်ဖို့ပင် မဖြစ်နိုင်ပါချေ။

ဒါကိုတွေးမိပြီး သခင်ကြီးလု၏ နှလုံးအိမ်မှာ မထိန်းနိုင်ဘဲ နာကျင်ကိုက်ခဲသွား၏။

လုရှောင်ယန်ဟာ အပြင်ဘက်တွင် နှစ်များစွာတိုင်အောင် မည်မျှခံစားခဲ့ရမည်ကိုမသိပါချေ။

လုရှောင်ယန်သာ သူနံ‌ဘေးတွင် ရှိနိုင်ခဲ့လျှင် သူ၏ လက်ရှိ ကျင့်ကြံဆင့်မှာ လုမျိုးနွယ်စု၏ အခြားသော မျိုးဆက်များထက် နိမ့်ကျနေလိမ့်မည်မဟုတ်ပါချေ။

ရှုပ်ထွေးပွေလီသော ခံစားချက်များဖြင့် သူ့အားကြည့်နေသော သူ့ရှေ့ရှိ အဘိုးအိုကို ကြည့်ပြီး လုရှောင်ယန်မှာ အနည်းနှင့်အများ မှန်းဆမိသည်။

"စီနီယာက ဘယ်သူလဲဆိုတာ မေးကြည့်လို့ရမလား...?"

သခင်ကြီးလု၏ နှလုံးမှာရပ်တန့်သွားကာ မျက်ဝန်းများမှာ ချဉ်သွား၏။

"ကလေး၊ ငါကလုမျိုးနွယ်စုခေါင်းဆောင်၊ မင်းရဲ့ အဘိုးပါ။"

လုရှောင်ယန်ဟာ သူ့ဘာသာတွေးကြည့်လိုက်သည်။

"တကယ်ကိုပဲ။"

ဒါကိုတွေးကြည့်ပြီး လုရှောင်ယန်ဟာ လက်နှစ်ဖက်ကိုယှက်ကာ သခင်ကြီးလုထံသို့အရိုအသေပြုလိုက်ပြီး ပြောလိုက်သည်။

"လုရှောင်ယန်က အဘိုးကိုကြိုဆိုပါတယ်။"

"ကောင်းတယ်၊ ကောင်းတယ်ကလေး။"

သခင်ကြီးလုဟာ ချက်ချင်းပဲ လုရှောင်ယန်အား ထရန် ကူညီလိုက်ကာ အချိန်အတော်ကြာ သူ၏လက်များအား လွှတ်မပေးပါချေ။

"မင်းနှစ်တွေအတော်ကြာအောင် ဘယ်ကိုများရောက်နေတာလဲ။ ဘာလို့ လုမျိုးနွယ်စုဆီကိုပြန်မလာခဲ့ရတာလဲ။"

လုရှောင်ယန်ဟာရှင်းပြလိုက်သည်။

"“ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်‌တော်က အနိမ့်ပိုင်းလောကမှာ ရှိနေခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ကျွန်တော် ဒီနတ်ဘုရား‌လောကကို ကျော်ဖြတ်ခဲ့တာ။"

ထိုစကားကြောင့် သဲလွန်စမကျန် သူ့လက်များကို ပြန်ရုတ်သိမ်းရန် အခွင့်အရေးအရယူလိုက်သည်။

ဤအရာက သခင်ကြီးလုအား သက်ပြင်းချမိစေသော်လည်း သူဟာ ဘာကိုမှပြောမလာပါချေ။

တကယ်တော့ လုမျိုးနွယ်စုသည်လည်း လုရှောင်ယန်အား နှစ်ပေါင်းများစွာ ဂရုမစိုက်သည်မှာ အမှန်ပင်။ ထို့ကြောင့် လုရှောင်ယန်မှာ လုမျိုးနွယ်စုအပေါ် မည်သည့်ခံစားချက်မှ ရှိမနေကြောင်းအား နားလည်နိုင်ပါသည်။

"ဟုတ်လား။ ကလေး၊ မင်းပင်ပန်းခဲ့ရပြီ။"

“ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် အဲဒါနဲ့ ကျင့်သားရနေပါပြီ။"

ထိုစကားအနည်းငယ်သည် သခင်ကြီးလု၏ နှလုံးသားကို နာကျင်စေသည်။

တစ်ဖက်လူမှာ ကလေးငယ်အရွယ်တည်းကပင် အပြင်ဘက်၌ တစ်ဦးတည်း လှည့်လည်ကာသွားလာနေခဲ့ခြင်းပင်။

သူတကယ်ကို အတော်များများ ခံစားခဲ့ရမှာပင်။

သို့သော် ယခုသူပြောလိုက်သောအခါ‌တွင် သူ၏ တည်ငြိမ်သော အမူအရာကိုထိန်းထား၏။ သူဟာဒါကိုကျင့်သားရနေပြီ။

ဒါကို ဒီလောက်ထိ တည်တည်ငြိမ်ငြိမ်ပြောနိုင်ဖို့အတွက် သူဘယ်လောက်ထိတောင် ကြုံတွေ့ခဲ့ရတာလဲ။

အသက်ပြင်းပြင်းရှူလိုက်ကာ သခင်ကြီးလုမှာ ဆက်ပြောလိုက်သည်။

"မင်းရဲ့အနာဂတ်မှာ ထပ်ပြီး ပူပန်စရာမလိုတော့ပါဘူး။ မင်းကအခု လုမျိုးနွယ်စုဆီကို ပြန်ရောက်လာပြီဆိုတော့ ဒါက မင်းအိမ်ပြန်လာပြီလို့ ဆိုလိုတာပဲ။ အနာဂတ်မှာ မင်းကိုဘယ်သူမှထပ်ပြီး အနိုင်မကျင့်စေရဘူး။ အဖိုးကမင်းကိုအခုပဲ ကျင့်ကြံခြင်းရင်းမြစ်တွေ စီစဉ်ပေးမယ်။ မင်းရဲ့အနာဂတ်မှာ လိုတာတစ်ခုခုရှိလာရင်လည်း အဖိုးကိုတိုက်ရိုက်လာပြောနိုင်တယ်။"

လုရှောင်ယန်ဟာ ခေါင်းငြိမ့်ပြလိုက်ကာ များများစားစားမပြောလိုက်ပါချေ။

ဒါဟာ သူ့အကျင့်ပင်။ သူဟာ ယခုမှတွေ့ဖူးသည့်သူစိမ်းများနှင့် စကားပြောရသည်မှာ အဆင်မပြေလှချေ။ အထူးသဖြင့် သွေးရင်းသူစိမ်းများပင်။

သခင်ကြီးလုမှာလည်း ရိုးရှင်းသော စကားဝိုင်းပြီးနောက် စကားများများမပြော‌တော့ပါချေ။ သူ၏စိတ်ခံစားချက်များအား ထိန်းချုပ်နိုင်စွမ်းမရှိမှာကို ကြောက်မိခြင်းကြောင့်ပင်။

ထို့ကြောင့် သူဟာချက်ချင်းထွက်လာပြီးသည်နှင့် လုရှောင်ယန်အတွက် ကျင့်ကြံခြင်းရင်းမြစ်များကို ပြင်ဆင်ခဲ့သည်။

လုရှောင်ယန်၏ ခြံဝင်းမှ ထွက်လာချိန်တွင် သူ့နောက်မှ လိုက်လာသော လုထျန်းနန်အား ဝင်တိုက်မိသည်။

"အဖေ ဘယ်လိုလဲ၊ ရှောင်ယန့်ကိုတွေ့ပြီးပြီလား။"

သခင်ကြီးလုလည်း ခေါင်းငြိမ့်ပြလိုက်သည်။

“ငါ‌တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒီကလေးက နည်းနည်းလောက် အကွာအဝေးထားနေတာ အထင်အရှားပဲ။ ပြီး‌တော့သူက ငါ့အပေါ်ကို နည်းနည်းသတိထားနေတယ်။”

"အဖေလည်း ဒီလိုပဲထင်တာလား?"

သခင်ကြီးလုက “ဒါပေမယ့် ဒါကို မကူညီနိုင်ဘူးဆိုတာ ငါသိတယ်။ သူလည်းငယ်ငယ်ကတည်းက အပြင်မှာ တစ်ယောက်တည်းနေခဲ့ရပြီး အကာအကွယ်ပေးမယ့်သူတောင် ‌မရှိဘူး။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း၊ မရေမတွက်နိုင်တဲ့ ဝမ်းနည်းမှုတွေ အန္တရာယ်တွေကို ခံစားခဲ့ရမှာပဲ။ သူသတိရှိ‌နေတာကို နားလည်ပါတယ်။”

လုထျန်းနန်လည်း သံယောင်လိုက်ကာ

"ကျွန်တော်သိပါတယ်။ ဒါဆို ရှောင်ယန်ရဲ့ ရင်းမြစ်စီစဉ်မှုတွေနဲ့ ပတ်သက်တာတွေအတွက်ကရော...?"

သခင်ကြီးလု၏ မျက်လုံးများ အေးစက်သွားကာ လေးနက်စွာပြောလိုက်၏။

"သူ့ကိုအားလုံးထဲက အကောင်းဆုံးကိုပဲပေးလိုက်။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၁။ အပိုင်း ၃၀၈ နတ်ဘုရားလောကရဲ့ရေတွေက တကယ်ကို နက်လွန်းတယ်

လုထျန်းနန်၏ ကိုယ်မှာ တုန်ရီသွားပြီး လေးနက်သောအမူအရာဖြင့်ချက်ချင်းပြောလိုက်သည်။

"အဖေ၊ ဒါက...နည်းနည်းလောက်များမနေဘူးလား။ လုမျိုးနွယ်စုက ထိပ်တန်းအဆင့် ရင်းမြစ်တွေကိုအသုံးပြုနိုင်တဲ့အခြေအနေတွေအတွက် စည်းမျည်းတွေပြဌာန်းထားတာကို အဖေသိသင့်တယ်။"

"သူက အသက်၃၀မတိုင်ခင်မှာ ပထမ ဒါမှမဟုတ် ဒုတိယမြောက် နတ်ဘုရားအဆင့်ကိုရောက်နေဖို့လိုတယ်။ ရှောင်ယန်ကအခု အသက်၃၀ကျော်နေပြီး သူ့ရဲ့ကျင့်ကြံဆင့်ကလည်း ပထမမြောက် နတ်ဘုရားအဆင့်မှာပဲရှိသေးတယ်။ ဒီစည်းမျည်းကိုတစ်ကြိမ် ဖောက်ဖျက်လိုက်တာနဲ့ နောင်မှာ တခြားသူတွေက လွယ်လွယ်နဲ့ မယုံ‌တော့မှာကို စိုးမိတယ်။”

သခင်ကြီးလုမှာ နှာမှုတ်လိုက်၏။

"အဲ့တော့ဘာဖြစ်လဲ? ရှောင်ယန်က ချင်ရှန်းရဲ့ အသွေးအသားပဲ။ အရင်က ချင်ရှန်းငါတို့မျိုးနွယ်စုကို ဘယ်လောက်ထိတောင် ဂုဏ်ရှိစေခဲ့သလဲ? မင်းမသိဘူးလို့တော့မပြောနဲ့? ငါတို့က ချင်ရှန်းရဲ့သားကို နှစ်များစွာတိုင်အောင် အပြင်မှာလေလွင့်နေစေခဲ့တယ်။ ငါတို့လုမျိုးနွယ်စုက သူ့ကို လျော်ကြေးမပေးသင့်ဘူးလား။"

"အဖေပြောချင်တာကိုကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့က ချင်ရှန်းနဲ့ ရှောင်ယန့်အပေါ်မှာ အကြွေးတင်နေတယ်ဆိုပေမယ့် ဒါက စည်းမျည်းတွေကို ဖောက်ဖျက်ဖို့အတွက် အကြောင်းအရင်းတော့မဟုတ်ဘူးလေ။ ပြီးတော့ ကျွန်‌တော်တို့ လုမျိုးနွယ်စုရဲ့ ရင်းမြစ်တွေကလည်း အကန့်အသတ်ရှိပါတယ်။ ထိပ်တန်းအဆင့် အရင်းအမြစ်က အနည်းငယ်ပဲ ရှိတယ်။ ကျွန်တော်တို့ ယူလိုက်တဲ့အရာတိုင်းက တခြားတပည့်တွေကို ဆုံးရှုံးစေလိမ့်မယ်။ သူတို့အားလုံးကလည်း ကျွန်တော်တို့ လုမျိုးနွယ်စုရဲ့ အနာဂတ်တွေပါ။"

လုထျန်းနန်မှာ လုရှောင်ယန်အား လျော်ကြေးမပေးချင်ခြင်း မဟုတ်ပါ‌ချေ။ သူသည် လုရှောင်ယန်ကို အခြားနည်းများဖြင့် ပြင်ဆင်ပေးချင်သည်။

သို့သော် မျိုးနွယ်စုတွင် တိုက်ရိုက်သွေးမျိုးဆက်၏ တိုးတက်မှုအား ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်သည်။

ထိုသို့မဟုတ်ပါလျှင် ဒီလူအိုကြီးများက နှစ်အနည်းငယ်ကြာပြီးနောက် မစွမ်းဆောင်နိုင်တော့ပါလျှင် လုမျိုးနွယ်စုအား မည်သူကကာကွယ်နိုင်တော့ပါမည်နည်း။

လုမျိုးနွယ်စုအား မည်သူမှ မကာကွယ်နိုင်လျှင် ထိုသည်က လုမျိုးနွယ်စုကို ပျက်စီးစေလိမ့်မည်။

သို့သော် သခင်ကြီးလုမှာ လုံးဝနောက်မဆုတ်ဘဲ ပြုံးလိုက်သည်။

“ဒါက အကြောင်းပြချက်ဆိုရင် အရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး။ ရှောင်ယန်က ရင်းမြစ်တွေကို ဖြုန်းတီးမှာမဟုတ်ဘူး။ သူ့မှာ ထိပ်တန်းအဆင့် ရင်းမြစ်တွေကို ရယူနိုင်တဲ့ အရည်အချင်းရှိတယ်။”

လုထျန်းနန်၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြန်သည်။

"အဖေ ဆိုလိုတာက...?"

သခင်ကြီးလုက တခြားဘာကိုမှ မပြော‌ချေ။ သူ့လက်အား နောက်သို့ပို့ကာ အပြုံးမပျက်ဘဲ ထွက်သွား‌လေသည်။

လုရှောင်ယန်၏ အနားသို့ သူရောက်လာသည့်အခိုက်တွင်ရှိ‌သော လုရှောင်ယန်၏အကြည့်ကို သတိရမိသည်။

တဖက်လူက သူ့ဖြစ်တည်မှုကို ချက်ချင်းခံစားမိလိုက်တယ်။

ဒါက ရိုးရှင်းမနေဘူး။

လုရှောင်ယန်၏ ကျင့်ကြံဆင့်မှာ ပထမ‌မြောက် နတ်ဘုရားအဆင့်တွင်သာ ရှိသည်ကို သိထားရသည်။ တစ်ဖက်တွင်မူ၊ သူသည် ထိုဒဏ္ဍာရီလာအဆင့်သို့ ခြေတစ်လှမ်း တစ်ဝက်ပင်ရောက်နေပြီဖြစ်သည်။

လုရှောင်ယန်နှင့် ယှဉ်လျှင် သူဟာ မရေမတွက်နိုင်‌အောင် မြင့်မားသော အဆင့်သို့ရောက်ရှိနေပြီးဖြစ်သည်။

သို့သော်လည်း လုရှောင်ယန်မှာ သူ့အား အာရုံခံနိုင်သေးသည်။

၎င်းသည် တစ်ချိန်က လုမျိုးနွယ်စု၏ ကြီးမြတ်သော ဂုဏ်သရေဖြစ်သည့် သူ၏ ပါရမီရှင် သားဖြစ်သူကို အမှတ်ရစေသည်။

သူသေဆုံးသွားပြီသည်မှ နှစ်အတော်ကြာသွားသော်ငြား သူ၏အကြောင်းအား မကြာခဏ ပြောနေကြတုန်းပါပင်။

လုရှောင်ယန်သည် တစ်ဖက်လူ၏ ကလေးဖြစ်သောကြောင့် သူ၏အရည်အချင်းအား အမွေဆက်ခံနိုင်‌လောက်သည်။

လုရှောင်ယန်မှာ အသက် ၃၀ကျော်နေပြီဟု သိထားကြပါသော်လည်း အမှန်တကယ်တွင် သူ၏အသက်မှာ ထိုမျှထိ မရှိသေးပါချေ။

ဒါ့အပြင် လုရှောင်ယန်မှာအနိမ့်ပိုင်းလောကသို့ ရောက်ရှိသွားခဲ့ပြီး ထိုနေရာဟာ အင်မတန်မှဝိညာဉ်စွမ်းအား နည်းပါးလှကာ နတ်ဝိညာဉ်စွမ်းအားမှာမူ မရှိသလောက်ပင်ဖြစ်သည်။

ထိုသို့သော ပတ်ဝန်းကျင်‌တွင် လုရှောင်ယန်ဟာ ပထမမြောက် နတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ကာရောက်ရှိနိုင်ခြင်းသည်ကပင် သူ၏ပါရမီမှာ မဆိုးရွားလှကြောင်း သက်သေပြနေပြီဖြစ်၏။

လုံလောက်သည့် ကျင့်ကြံခြင်းရင်းမြစ်များကိုသာ ပံ့ပိုးပေးနိုင်လျှင် သူ၏ အလားအလာကို လှုံ့ဆော်ပေးနိုင်လောက်သည်။

သခင်ကြီးလုသည် လုရှောင်ယန်၏ အလားအလာကို အောင်မြင်စွာ အသက်သွင်းနိုင်ပြီး သူ၏အဖေကဲ့သို့သော ပုံစံတစ်ခုအား ဖန်တီးနိုင်မည်လားဟု မသိသေးပါသော်ငြား

အနည်းဆုံးတော့ သူ့တွင် ဆုံးရှုံးစရာမများလှပါချေ။

အရေးကြီးဆုံးမှာ အဘိုးတစ်ယောက်အနေနှင့် သူ၏ မြေးအငယ်ဆုံးအား ထိုကဲ့သို့ပြုလုပ်ပေးချင်သည်။

...

တစ်ယောက်ယောက်က ခြံဝန်းရဲ့တံခါးအား ခေါက်လာသည်တွင် လုရှောင်ယန်မှာ ကျင့်ကြံရန်အတွက် ပြင်ဆင်ပြီးချိန်ဖြစ်သည်။

တံခါးအားဖွင့်လိုက်သည့်အချိန်တွင် သူနှင့် ရွယ်တူလောက်ဖြစ်မည့် လူငယ်တစ်ယောက်မှာ တံခါးရှေ့တွင် ရပ်နေ၏။ သူ၏အရပ်မှာ ၈ပေခန့်ရှိပြီး ကြည့်ကောင်းသည့် မျက်နှာသွင်ပြင်ရှိသည်။ ပြုံးလိုက်သောအခါတွင်မူ ကြွေသွားများကဲ့သို့ တောက်ပြောင်နေသည့် သွားတန်းနှစ်တန်းကို လှစ်ဟပြလိုက်သည်။

"မင်္ဂလာပါ၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆတ်ပါရစေ။ ငါက လုမျိုးနွယ်စုရဲ့ တတိယမျိုးဆက်မှာ အကြီး‌ဆုံးမြေးဖြစ်တဲ့ လုရှောင်ချန်ပါ။ မင်းရဲ့ဦးလေးဖြစ်တဲ့ လုထျန်းနန်က ငါ့ရဲ့အဖေပါ။"

လုရှောင်ယန်ဟာ ခေါင်းငြိမ့်ပြလိုက်၏။

"အဲ့ဒါဆိုရင် ဝမ်းကွဲအစ်ကိုပေါ့။ ဦးလေးက မတိုင်ခင်ကပြောခဲ့ပါတယ်။"

"ကောင်းသားပဲ။ မင်းဆီကို ကျင့်ကြံခြင်းရင်းမြစ်တစ်ချို့ ယူလာပေးဖို့ အမိန့်ပေးလိုက်လို့ပါ။ ဒီကျင့်ကြံခြင်းရင်းမြစ်များအားလုံးကို ငါတို့ လုမျိုးနွယ်စုက သေချာစုဆောင်းထားခဲ့တာပါ။ မင်းရဲ့ စွမ်းအားကို မြှင့်တင်ဖို့ ဒါတွေကို ကောင်းကောင်းအသုံးချရမယ်။”

ထိုသို့‌ပြောရင်းဖြင့် သူဟာ ဝေ့ကြည့်လိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ငါတို့ လုမျိုးနွယ်စုက တပည့်တွေရဲ့ ကျင့်ကြံခြင်း ရင်းမြစ်တွေကို တင်းတင်းကျပ်ကျပ် အဆင့်သတ်မှတ်ထားတယ်။ မင်းရဲ့ရင်းမြစ်တွေကတော့ ထိပ်တန်းအဆင့်ပဲ။ အဘိုးက မင်းကိုပျိုးထောင်ဖို့အတွက်တော့ ချွင်းချက်လေးတစ်ခုလုပ်ထားတာပါ။"

လုရှောင်ယန်ဟာ သူ၏နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်များ မပြန့်သွားမီ အံ့အားသင့်သွားသည်။

နောက်ဆုံးတော့လည်း သူတို့မှာ တူညီတဲ့ သွေးသားရှိပြီး သူ့အပေါ် အရမ်းကောင်းကြတာပဲ။

သူသည်လည်း အနာဂတ်တွင် လုမျိုးနွယ်စုအား ပိုမိုကြင်နာစွာ ဆက်ဆံမည်ဟု ဆုံးဖြတ်လိုက်သည်။

ထို့နောက် ကျင့်ကြံခြင်းဆိုင်ရာ ရင်းမြစ်များကို လက်ခံလိုက်ပြီး သူတို့အ‌ပေါ်ရှိ နတ်ဘုရားအမြင်အား ရုတ်သိမ်းလိုက်သည်။

နောက်တစ်ခဏတွင် မရေတွက်နိုင်သော မေးခွန်းများက ချက်ချင်းပင် သူ၏ခေါင်းထဲ၌ပေါ်လာသည်။

အလယ်အဆင့်ရှိ‌သော နတ်ဘုရားအဆင့်ဆေးလုံးနှစ်လုံးနှင့် အဆင့်နိမ့် နတ်ဘုရားအဆင့် ဆေးလုံးဆယ်လုံး။ ဒါ့အပြင် အလယ်အဆင့်ရှိ နတ်ဘုရားအဆင့် ကျင့်စဉ်တစ်ခု၊ ထိပ်တန်းအဆင့်ရှိ နတ်သလင်းကျောက်တုံး အခုနှစ်ဆယ်နှင့် အချို့သော အထွေထွေရင်းမြစ်များပင်။

ဒါကအကုန်ပဲလား?

ဒါက လုမျိုးနွယ်စုရဲ့ အမြင့်ဆုံးစံသတ်မှတ်ချက်လား။

ထိုအခိုက်တွင် လုရှောင်ယန်မှာ ရုတ်တရတ်ခံစားသွားရသည်။

သူ့ရှေ့ရှိ အလွန်ပြေပြစ်ချောမောသော ဝမ်းကွဲသည် သူ၏ရင်းမြစ်များကို အလွဲသုံးစားလုပ်သွားခြင်းဖြစ်နိုင်သည်။

မျက်စောင်းထိုးတတ်သော ဇာတ်ပို့များသာ ထိုသို့ လုပ်ဆောင်နိုင်မည်ဟု သူ အမြဲတွေးခဲ့သည်။ သူ၏ဝမ်းကွဲအစ်ကို ခပ်ချောချောကလည်း ယခုလိုမျိုး လုပ်လိမ့်မည်ဟု သူ မျှော်လင့်မထားပါချေ။

ဒါကလူသားဆန်မှု ပျက်စီးခြင်း ဒါမှမဟုတ် ကိုယ်ကျင့်တရားများ ဆုံးရှုံးခြင်းလား။

သူကများ နည်းနည်းလောက် ပိုချောနေလို့ တစ်ဖက်လူက မနာလိုသွားတာများလား။

သို့သော် ထိုသို့ဆိုလျှင် သူသည် ကိုယ်ပိုင်အရာများကိုပင် မကြည့်ရှု‌နိုင်‌တော့ဘဲ သူ့ပစ္စည်းများအား လုယူသွားနိုင်သည်။

ဒါကိုတွေးမိပြီး လုရှောင်ယန်က ချက်ချင်းပြောလိုက်သည်။

“ဝမ်းကွဲအစ်ကို၊ ဒီရင်းမြစ်တွေက တစ်ခုခုမှားနေတယ်ထင်တယ်။"

"ဟုတ်လား၊ တစ်ချက်လောက်ကြည့်ပါရစေဦး။"

လုရှောင်ချန်ဟာ လုရှောင်ယန်၏ သိုလှောင်အိတ်အားချက်ချင်းပင်ကြည့်ရှုလိုက်ပြီး နတ်ဘုရားအမြင်အား ရုတ်သိမ်းလိုက်ချေ၏။

"အလယ်အဆင့်ရှိ‌တဲ့ နတ်ဘုရားအဆင့်ဆေးလုံးနှစ်လုံးနဲ့ အဆင့်နိမ့် နတ်ဘုရားအဆင့် ဆေးလုံးဆယ်လုံး။ အလယ်အဆင့်ရှိတဲ့ နတ်ဘုရားအဆင့် ကျင့်စဉ်တစ်ခု၊ ထိပ်တန်းအဆင့်ရှိတဲ့ နတ်သလင်းကျောက်တုံး အခုနှစ်ဆယ်..."

သူဟာစတင်ပြီး ကျယ်ကျယ်လောင်လောင်ဖတ်လိုက်သည်။ ဒါကိုဖတ်ပြီးနောက်တွင် သူဟာဆက်ပြောလိုက်၏။

"မှန်ပါတယ်။ ငါ့မှာလည်း ဒီလိုပစ္စည်းတွေရှိတယ်။ မှားနေတာတစ်ခုမှမရှိဘူး။"

လုရှောင်ယန်ဟာ အတွေးထဲသို့စတင်နစ်မြုပ်သွား၏။

တစ်ခုခုတော့မှားနေပြီ။ တစ်ခုခုတော့မှားနေပြီထင်တယ်။

ယခုပဲ သူဟာစစ်မှန်သောအမြင်သုံးပါးအားအသုံးပြုကာ လုရှောင်ချန်၏ စိတ်အပြောင်းအလဲများကို ဂရုတစိုက်ကြည့်ရှုလိုက်သည်။

အဆုံးတွင်မူ လုရှောင်ချန်မှာ လိမ်ညာနေခြင်းမဟုတ်ကြောင်း သေချာသွားခဲ့၏။

နောက်တစ်မျိုးပြောရလျှင် ထိုထိပ်တန်းအရည်အသွေးမြင့် ရင်းမြစ်များမှာ အမှန်ကိုပင် လုမျိုးနွယ်စု၏ အကောင်းဆုံးသောရင်းမြစ်များပင်။

အမ်းးး

မဟုတ်ဘူး၊ တစ်ခုခုတော့မှားနေပြီ!

"ရှောင်ယန်၊ ဘာဖြစ်လို့လဲ?"

လုရှောင်ယန်၏ ငြိမ်သက်ကာ တုန်လှုပ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် လုရှောင်ချန်မှာ မထိန်းနိုင်ဘဲ စိုးရိမ်တကြီး မေးရုံလိုက်သည်။

လုရှောင်ယန်မှာ ပေါ့ပေါ့ပါးပါးပဲ ချောင်းဟန့်ကာ"မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး" ဟုပြောလိုက်သည်။

ခဏရပ်တန့်ပြီးနောက်တွင် သူကဆက်လက်၍ပြောလိုက်သည်။

"စကားမစပ်၊ ဝမ်းကွဲအစ်ကို၊ အဖိုးရဲ့ ကျင့်ကြံဆင့်ဘယ်လောက်ရှိလဲကိုသိလား။"

သူဟာ အဖိုးရဲ့ ကျင့်ကြံဆင့်အမှန်ကိုမသိပါချေ။ ယခုတွင် အဖိုး ရုတ်တရတ်ရောက်လာသည့်အချိန်၌ သူဟာ သတိလွတ်နေကာ အဖိုး၏ကျင့်ကြံဆင့်အား စစ်ဆေးရန်အတွက် စစ်မှန်သောအမြင်သုံးပါးအား အသုံးမပြုခဲ့ရပါချေ။

သူ့ရဲ့အဖိုးကျင့်ကြံဆင့်ဘယ်လောက်ထိရှိသလဲဆိုတာကို ဘယ်သူများသိနိုင်လောက်မလဲ။ အဖိုးသာသူ့ထက်ပိုပြီး အင်အားကြီးနေရင် သူ့ရဲ့လုပ်ရပ်အချို့ကိုသတိထားမိသွားရင် သူဖော်ထုတ်ခံလိုက်ရမှာမဟုတ်ဘူးလား။

သို့ရာတွင် ထိုအခိုက်၌ သူအမှန်တကယ်ပင် သိချင်နေသည်။

လုရှောင်ချန်က ရယ်မောလိုက်ကာ "ဘာလို့လဲ? မင်းဒီလောက် စပ်စုနေတာ။ အဘိုးကို ကိုးကွယ်ချင်လို့လား။

လုရှောင်ယန်မှာ ထိုသည်ကို သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

လုရှောင်ချန်မှာ ခေါင်းတစ်ချက်ဟန့်ပြီး လည်ချောင်းရှင်းလိုက်သည်။

"သေချာနားထောင်။ အဘိုးရဲ့ ကျင့်ကြံဆင့်က နားမလည်နိုင်‌လောက်တဲ့အရာပဲ။ ဒီကိစ္စက ငါတို့ လုမျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်ပဲ။ မင်းက ငါတို့ လုမျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်မို့လို့ မင်းကို ငါပြောပြမယ်။ ဒါပေမယ့် ဒါကိုမင်းမဖြန့်ရဘူး။"

"စိတ်မပူပါနဲ့ ဝမ်းကွဲအစ်ကို။ ကျွန်တော်က ပါးစပ်ဖွာတဲ့လူ‌တစ်ယောက် မဟုတ်ပါဘူး။"

"ဒါကောင်းတယ်။ သေချာနားထောင်။ ငါတို့အဘိုး လုမျိုးနွယ်စုရဲ့ ဆရာကြီးက လက်ရှိခေါင်းဆောင်ပဲ။ သူ့ရဲ့ကျင့်ကြံဆင့်က ပြီးပြည့်စုံတဲ့ ဒဿမမြောက် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကိုရောက်နေပြီး ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ရဲ့ ခြေလှမ်းတစ်ဝက်ထိတောင် ခြေလှမ်းပြီးနေပြီ။ ဘယ်လိုလဲ။ မင်းကြောက်သွားပြီလား။"

လုရှောင်ယန်:"..."

ရိုးရိုးသားသားပြောရလျှင် သူတကယ်ပဲကြောက်ရွံ့သွားခဲ့သည်။

ဒါကအကုန်ပဲလား?

ဒါကအကုန်ပဲလား?

ဒါက တကယ်အကုန်ပဲလား?

လုရှောင်ယန်၏ လက်ရှိ ကျင့်ကြံဆင့်မှာ ပထမမြောက် နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်၌သာရှိသည်မှာ မှန်သော်လည်း တစ်ဖက်လူမှာ ပြီးပြည့်စုံသော ဒဿမမြောက် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်သို့သာ ရောက်ရှိသေးသည်‌ဆိုသည်မှာ သူအားပြောစရာစကားမဲ့သွားစေသည်။

နတ်ဘုရားလောက၏ ကျင့်ကြံသူများအကြားတွင် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်မှာ ထိုမျှလောက်ထိ အင်အားမကြီးမှန်းသိကြသည်။

နတ်ဘုရားလောကတွင် ကျင့်ကြံဆင့်များအား အားအနည်းဆုံးမှ အားအကြီးဆုံးအထိ စီစဉ်ထားကြသည်။ သူတို့အား ခွဲခြားထားသည်မှာ နတ်ဘုရားအဆင့်၊ စစ်မှန်သောနတ်ဘုရားအဆင့်၊ နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်၊ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်၊ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်၊ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်၊ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်၊ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်၊ မဟာယနနတ်ဘုရားဧကရာဇ်အဆင့်၊ အမတနတ်ဘုရားဧကရာဇ်အဆင့်၊ ကောင်းကင်ဘုံကြွလှမ်းကြီးမြတ်သောနတ်ဘုရားအဆင့်နှင့် နတ်ဘုရားဧကရာဇ်အဆင့်တို့ပင်။

နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကို ပျှမ်းမျှ၏အောက်တွင်ရှိသည်ဟုသာ မှတ်ယူနိုင်သည်။

နတ်ဘုရားလောကတွင် ဘာမှမဟုတ်သော်ငြားလည်း တကယ်ကို ကောင်းကင်ပင်လယ်‌မြို့တော်ရဲ့ နံပါတ်တစ်ဖြစ်နေတာတဲ့လား။ အဆင့်တွေအများကြီးရဲ့ ထိပ်ဆုံးဖြစ်တည်မှုလေ။

ဟာသပဲ!

ဤအခိုက်အတန့်တွင်၊ လုရှောင်ယန်သည် ရုတ်တရက် ကောင်းကင်ဘုံလျှို့ဝှက်ချောက်ကမ်းပါး၏ အကြီးအကဲကို အတင်းအကျပ်ပြန်အသက်သွင်းပြီး ကြိုးနှင့်တုပ်ကာ ရိုက်မေးပစ်ချင်တော့သည်။

လုမျိုးနွယ်စု၏အဆင့်အတန်းဖြင့်၊ သူဟာ နတ်ဘုရားဧကရာဇ်အဆင့်ထိ ရောက်အောင်မကျင့်ကြံနိုင်မီအထိ သတိမဲ့စွာနေထိုင်ရန် လုံး၀မသင့်ပါချေ။

လုမျိုးနွယ်စုမှာ အင်အားကြီးသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သူမက ယုံကြည်ချက်ရှိရှိ ပြောပြခဲ့သည်။

သူတို့တစ်ယောက်ကိုတစ်ယောက် ယုံကြည်လို့ရပါဦးမလား။

ရှင်းပြမရနိုင်လောက်သော ဝမ်းနည်းမှုက သူ၏နှလုံးအိမ်ထက်သို့ တိတ်ဆိတ်စွာဖြင့် ဆန်တက်လာခဲ့သည်။

ထိုအခိုက်တွင် လုရှောင်ယန်မှာ ငိုမိတော့မလိုပင်ဖြစ်သွားသည်။

သူဟာအရမ်းကိုငယ်သေးသည်။ နတ်ဘုရားလောကရဲ့ရေတွေကတကယ်ကိုနက်တာပဲ။ သူသာ ဂရုမထားဘဲနေလျှင် နစ်မြုပ်သွားလိမ့်မည်။

"ဝမ်းကွဲညီလေး၊ ဘာဖြစ်လို့လဲ။"

သူကတိတ်ဆိတ်နေသည်ကိုမြင်သော် လုရှောင်ယန်မှာ ကူကယ်ရာမဲ့စွာဖြင့် သူ၏ပုခုံးအားပုတ်ပေးလိုက်၏။

"ဘာ... ဘာမှမဖြစ်ပါဘူး။"

လုရှောင်ယန်ဟာဝတ်ကျေတန်းကျေပြန်ဖြေလိုက်သည်။

သူက အင်မတန်စိတ်ဓာတ်ကျနေသည်ကိုမြင်သောအခါ လုရှောင်ချန်က ဆက်ပြောလိုက်သည်။

"တကယ်တော့လည်း မင်းအရမ်းကြီးထိတ်လန့်နေစရာမလိုပါဘူး။ အဖိုးကအရမ်းစွမ်းအားကြီးနေပေမယ့်လည်း ဒါကိုထိန်းချုပ်လို့ကမရဘူးလေ။ သူ့လိုဖြစ်တည်မှုက လူတစ်သန်းမှာ တစ်ယောက်ပဲရှိတာ။ သူက ငါတို့နှိုင်းယှဉ်နိုင်ဖို့ အရမ်းကိုဝေးကွာလွန်းပါတယ်။"

"နောက်ဆုံးတော့ ကောင်းကင်ပင်လယ်မြို့တော်က လူဘယ်လောက်များများက ငါတို့အဘိုးကိုယှဉ်နိုင်မှာတဲ့လဲ။"

"ငါတို့အတွက် ကံကောင်းတာတစ်ခုကတော့ အဘိုးက ငါတို့လုမျိုးနွယ်စုနဲ့သက်ဆိုင်နေတာပဲ။ ဒီလိုသာမဟုတ်ရင် ငါတို့တကယ်ကိုခေါင်းကိုက်ရမှာပဲ။"

"မင်းသာကောင်းကောင်းကျင့်ကြံနိုင်နေလို့ရှိရင် အနာဂတ်မှာ အဖိုးကိုလိုက်မမှီနိုင်ရင်တောင်မှ ဒီဘဝမှာ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကိုရောက်ဖို့ အခွင့်အရေးရှိပါသေးတယ်။ မင်းသာရောက်ခဲ့ရင်တော့ လုမျိုးနွယ်စုကို အကျိုးပြုနိုင်မှာပေါ့။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၁။ အပိုင်း ၃၀၉ အချိန်တွေ ကုန်လွန်သွားပြီ

လုရှောင်ချန်၏ စကားများမှာ လုရှောင်ယန်၏ မျက်နှာအား ရှုံ့တွသွားစေ၏။

သူက နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကို ဂရုစိုက်နေလို့လား။

သူဂရုစိုက်နေသည်မှာ နတ်ဘုရားဧကရာဇ်အဆင့်ပင်။

သူဟာ နတ်ဘုရားဧကရာဇ်အဆင့်ကျင့်ကြံသူမဖြစ်နိုင်ခဲ့လျှင်တောင်မှ အနည်းဆုံးတော့ မဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့် ဒါမှမဟုတ် အမတနတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်သင့်ပေ၏။

ဝမ်းနည်းမှုအနည်းငယ်က သူ၏နှလုံးထဲတွင် ဖြစ်တည်နေ၏။

အချိန်ခဏကြာပြောဆိုကြပြီးနောက်တွင် လုရှောင်ချန်ကထွက်ခွာသွားခဲ့သည်။

လုရှောင်ချန်ထွက်သွားပြီးသည်တွင် လုရှောင်ယန်မှာ သက်ပြင်းတစ်ချက်ချကာ သူ၏အိမ်သို့ပြန်လာခဲ့သည်။

သူလုပ်နိုင်တာ တစ်ခုမျှပင်မရှိပါချေ။ သူဒီနေရာမှာ ရှိနေပြီးကတည်းက ဘာကိုများသူလုပ်နိုင်တော့မှာလဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလုမျိုးနွယ်စုက လုံခြုံပါသည်။ ဒါ့အပြင် သခင်ကြီးလုနှင့် အခြားသူများကလည်း သူ့အပေါ်တွင် အမှန်တကယ်ပင် အတော်လေးကောင်းမွန်လှပါသည်။ သူ၏ကျင့်ကြံဆင့်ပိုမမြင့်မားမီအချိန်အထိ သူဟာဒီနေရာတွင် ကျင့်ကြံကာ စောင့်စားနေလိုက်ပါဦးမည်။

သူသာ နတ်ဘုရားဧကရာဇ်အဆင့်သို့ ငြိမ်းချမ်းစွာရောက်ရှိအောင်ကျင့်ကြံနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

ဒါပေါ့၊ သူသာမကျင့်ကြံနိုင်ခဲ့လျှင် ထွက်သွားရလိမ့်မည်ဖြစ်ပြီး လုမျိုးနွယ်စုအား ကံကောင်းမှုအချို့ကို ထောက်ပံ့ပေးရမည်။ ဒီအချိန်တွင် သူဟာ အခြားသူများ၏ ရိုးသားမှုကိုတန်ဖိုးထားရမည်။

လုရှောင်ချန်ဟာ ရင်းမြစ်များအားပေးအပ်ခဲ့ပြီးနောက်တွင် ချက်ချင်းတင်ပြရန်ထွက်ခွာလာခဲ့သည်။

"အဖိုး၊ ရှောင်ယန်ရဲ့ကိစ္စတွေကို အဆင်ပြေပြေစီစဉ်ပြီးပါပြီ။ ရင်းမြစ်တွေအကုန်လုံးသူ့ကိုပေးအပ်ခဲ့ပြီးပါပြီ။"

သခင်ကြီးလုမှာ ခေါင်းငြိမ့်လိုက်ပြီး သူ၏မုတ်ဆိတ်အား ပွတ်သပ်လိုက်သည်။

"မင်းလုပ်တာအရမ်းကောင်းတယ်။"

"အဘိုး၊ ကြင်နာလွန်းနေပါပြီ။ ဒါက ကျွန်တော်လုပ်ချင်နေတာပါပဲ။"

"ဒီလိုတွေးရင်တော့အကောင်းဆုံးပေါ့ကွာ။ အနာဂတ်မှာ မင်းအပြင်ထွက်ရင်လည်း ရှောင်ယန်ကိုခေါ်ပေါ့။ သူကအပြင်ဘက်မှာ နှစ်များစွာကြာအောင် လှည့်လည်သွားလာနေခဲ့ရတာ။ ငါတို့မိသားစုက သူ့အပေါ်အကြွေးတင်နေတယ်။ သူ့ကို လျော်ကြေး ပိုပေးလိုက်ပါ။"

လုရှောင်ချန်ဟာ ခေါင်းငြိမ့်လိုက်သည်။

"သိပါပြီ၊ အဘိုး။"

"ကောင်းပြီ၊ ဘာမှလုပ်စရာမရှိတော့ဘူးဆိုရင် ပြန်သွားပြီးတော့ ကျင့်ကြံတော့။"

"ကောင်းပါပြီ"

...

တစ်ဖက်တွင်တော့ ဝူရှူးမြို့တော်၊ လေတိမ်တိုက်ဂိုဏ်းတွင်။

"အကြီးအကဲဖုန်း၊ အရင်ကခင်ဗျားပဲ ကျုပ်နဲ့ ကျုပ်တပည့်တွေကို လေတိမ်တိုက်ဂိုဏ်းကို ခေါ်ဆောင်လာခဲ့တယ်။ အခုတော့ ခင်ဗျားက ကျုပ်တို့ကိုထွက်သွားစေချင်နေပြီ။"

နာကျင်နေသောအမူအရာနှင့် မေးလိုက်သောမေးခွန်းဟာ အကြီးအကဲဖုန်း၏မျက်နှာကို နီရဲသွားစေ၏။

ဒီကောင်က သူ့ကို ဝေဖန်ဖို့ သတ္တိရှိနေတာလား။

အမှန်ပါပဲ။ ယခင်က သူကပဲ ကျွင့်ပုကျန်းအား လေတိမ်တိုက်ဂိုဏ်းသို့ခေါ်ဆောင်လာခဲ့သူပင်။ သို့သော် သူဟာသူ၏အိမ်သို့ ကိုယ်တိုင် ဝံပုလွေတစ်ကောင်အားခေါ်သွင်းလာခဲ့ခြင်းဖြစ်မည်ဟု ထင်မထားခဲ့ပါချေ။

ထိုအမည်မသိတပည့်လေးမှာ အမြဲတမ်းစားနေပြီး မစားခင်မှာကျင့်ကြံသည်။ တစ်နေ့လုံးအား စားသောက်ဆောင်နှင့် တာအိုနယ်မြေ၌သာ ကုန်ဆုံးစေ၏။

တစ်ခုတည်းသောချွင်းချက်လေးမှာ သူဟာလစဉ်လတိုင်း သိုလှောင်ခန်းမသို့ ကျင့်ကြံခြင်းရင်းမြစ်များရယူရန် အချိန်မီသွားပါသေးသည်။

မူလက ကျင့်ကြံသူများ လုံ့လရှိရှိကျင့်ကြံခြင်းသည် မကောင်းသည့်အရာမဟုတ်ပါချေ။

အစပိုင်းတွင် ဂိုဏ်းဆရာနှင့် ဂိုဏ်း၏အကြီးအကဲများသည် အာရုံခံမှုကောင်းပြီး ဤကဲ့သို့ အလုပ်ကြိုးစားသော ကျင့်ကြံသူအုပ်စုကြီးကို ရှာဖွေတွေ့ရှိခြင်းအတွက် သူ့ကိုပင် ချီးကျူးခဲ့ကြသည်။

သို့သော် အချိန်ကုန်လွန်လာသည်နှင့် ထိုတပည့်လေးများအပေါ်ရှိ အမြင်မှာပြောင်းလဲလာကြသည်။

ကျင့်ကြံခြင်း၏ပန်းတိုင်မှာ တကယ်ကိုပင် ပိုမိုသန်မာလာဖို့ဖြစ်သည်။ ဒါကမှန်ပါသည်။ သို့သော် ၎င်းတို့ဂိုဏ်းထဲသို့ဝင်ရောက်ပြီး အတူတကွကျင့်ကြံပြီးသည်နှင့် လူတိုင်းဟာ အတူတူလုပ်ဆောင်ရတော့မည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

တပည့်ဂိုဏ်းသားများအနေနှင့် ဂိုဏ်းကအရေးကိစ္စကြုံလာသည်နှင့် ဂိုဏ်းကိုကူညီရမည်မှာ အမှန်မဟုတ်ပါပေဘူးလား။

တပည့်ဂိုဏ်းသားများအနေနှင့် ဂိုဏ်း၏ မစ်ရှင်များအားပြီးဆုံးအောင် အားစိုက်ထုတ်ရမည်မဟုတ်ပါပေဘူးလား။

အရေးကြီးဆုံးမှာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ရင်းမြစ်တွေကြောင့်ပဲဖြစ်ဖြစ် အခြားသောဂိုဏ်းများနှင့် စစ်ပွဲဖြစ်သည့်အချိန်များတွင် တပည့်ဂိုဏ်းသားများမှာ တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ရမည်မဟုတ်ပါပေဘူးလား။

သို့သော် ကျွင့်ပုကျန်းနှင့် သူ၏တပည့်များမှာ ထိုအထဲမှ မည်သည့်တစ်ခုကိုမျှ မပြုလုပ်ခဲ့ပါချေ။

ဒါဟာ အစားအသောက်နှင့် အကျိုးအမြတ်အတွက်ဆိုလျှင်တော့ သူတို့တွေဟာ ဦးဆုံးရောက်ရှိကြသည်။ သို့သော် တိုက်ခိုက်ရမည့်အချိန်တွင်တော့ ဦးဆုံးထွက်ပြေးလွတ်မြောက်ကြသည်မှာလည်း သူတို့ပင်။

မကြာခင်က အဖြစ်တစ်ခုကိုပင် ဥပမာအနေဖြင့် ပြရချေမည်။ လေတိမ်တိုက်ဂိုဏ်းနှင့် အိမ်နီးချင်းနဂါးကျားဂိုဏ်းတို့မှာ သတ္တုကြောအတွက် စတင်တိုက်ခိုက်ကြသည်။ သူတို့ဟာ အချင်းချင်းစိန်ခေါ်ပြီး တစ်ဖက်ကထွက်သွားသည်နှင့် တိုက်ပွဲအားအဆုံးသတ်ရန်ပြင်ဆင်ထားခဲ့သည်။

အဆုံးတွင်၊ အရေးကြီးသောအခိုက်အတန့်၌ ကျွင့်ပုကျန်းသည် သူ၏တပည့်များကို ခေါ်ဆောင်လျက် ဆိုးဆိုးရွားရွားစားမိပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်နေသည်ဟုပြောကာ ထွက်ပြေးသွားခဲ့သည်။

ဟာသပဲ!

၎င်းတို့အကုန်လုံး၏ကျင့်ကြံဆင့်မှာ နတ်ဘုရားအဆင့်အထက်ပင်ဖြစ်သည်။ ဘယ်လိုအရာက သူတို့ကိုဝမ်းပျက်ဝမ်းလျှောဖြစ်စေခဲ့တာလဲ။

ဒါက အဓိပ္ပာယ်မရှိနေဘူးမလား။

ယခင်အဖြစ်အပျက်အနည်းငယ်နှင့် တွဲကြည့်လျှင် လူတစ်စုသည် လေတိမ်တိုက်ဂိုဏ်းကို အခွင့်ကောင်းယူမည့် လူမျိုးသက်သက်သာဖြစ်ကြောင်း လုံးလုံးနားလည်ထားပြီးဖြစ်သည်။ သူတို့မှာ အမှန်တကယ်လေတိမ်တိုက်ဂိုဏ်းထံသို့ ဝင်ရောက်ချင်လိုခြင်းမရှိပါချေ။

ထို့ကြောင့် ဂိုဏ်း၏‌ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ၎င်းတို့အ‌ပေါ်ရှိဆုံးရှုံးမှုများကို အချိန်မီရပ်တန့်နိုင်ရန်၊ လေတိမ်တိုက်ဂိုဏ်းသည် ကျွင့်ပုကျန်းနှင့် အခြားသူများကို ထုတ်ပယ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

"အကြီးအကဲကျွင့်၊ နောက်ထပ်နည်းလမ်းမရှိတော့ပါဘူး။ မကြာခင်ကပဲ ဂိုဏ်းမှာ စီးပွားရေးအခက်အခဲလေးတွေရှိလာလို့ပါ။ ကျုပ်တို့တွေ တပည့်အတော်များများကိုလည်း ထုတ်ပယ်လိုက်ရပြီးပါပြီ။ ကျုပ်ရဲ့ တပည့်အတော်များများကိုလည်းလျှော့လိုက်ရတယ်။ ဖြစ်နိုင်ရင် အကြီးအကဲကျွင့်ကိုထုတ်ပယ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ်သာထုတ်ပယ်လိုက်ပါတယ်။"

"ခင်ဗျားသိပါတယ်။ ကျုပ်ကသစ္စာရှိမှုကို ဘယ်လောက်အလေးထားသလဲဆိုတာ။"

ကျွင့်ပုကျန်း နားလည်ရန်မှာ ရိုးရှင်းပါသည်။ သူဟာနတ်ဘုရားလောကတွင်နှစ်အ‌တန်ကြာနေထိုင်ခဲ့ပြီးဖြစ်သည်ပင်။ သူကဘယ်လိုလုပ်ဒီလိုနည်းလမ်းလေးတွေကိုမသိမှာလဲ။

သူဟာအနာဂတ်တွင် ပြန်လည်တွေ့ဆုံကြပါက အနေရခက်မည်ကိုစိုးရိမ်သောကြောင့် ကိစ္စများအားပိုမဆိုးရန် ပြုလုပ်ချင်ရုံသာဖြစ်သည်။

ဒါ့အပြင် သူလုပ်နိုင်သည့်အရာလည်းမရှိပါချေ။ သူဟာထပ်ပြီးတော့ လေတိမ်တိုက်ဂိုဏ်းမှ အကျိုးအမြတ်များရယူ‌နိုင်တော့မည်မဟုတ်ဟန်တူသည်။ သူတခြားဂိုဏ်းကိုသာ ရှာနိုင်ပေတော့မည်။

ကောင်းသည့်အရာဟူ၍ သူ၏ကျင့်ကြံဆင့်မှာ တတိယမြောက် စစ်မှန်သောနတ်ဘုရားအဆင့်သို့ရောက်ရှိနေခြင်းပင်။

နောက်ဆုံးသော စစ်မှန်သောနတ်ဘုရားအဆင့်အထိနှစ်နှစ်ကနေ သုံးနှစ်အထိအချိန်ယူပြီးကျင့်ကြံပြီးသည်နှင့် ဝူရှူးမြို့တော်တွင် သူ့ကိုယ်သူထုတ်ပြရန်အခွင့်အရေးရှိလာလိမ့်မည်။

"ကောင်းပါပြီ၊ ဒါဆို နောက်ဆုံးတော့ အကြီးအကဲဖုန်းအတွက် ခက်ခဲအောင်မလုပ်မိဘူးမလား။ ဒါပေမယ့် ကျုပ်နဲ့ကျုပ်ရဲ့တပည့်တွေ လေတိမ်တိုက်ဂိုဏ်းကနေထွက်ခွာပြီးရင် အချိန်ခဏလောက်တော့ နေစရာရှာဖို့ ခက်ခဲဦးမှာ။ အဲ့ဒါကြောင့် လေတိမ်တိုက်ဂိုဏ်းကကျုပ်တို့ တခြားဂိုဏ်းကိုရှာမတွေ့ခင်မှာ ဒီနေရာမှာပဲ အချိန်ခဏလောက် ကျင့်ကြံခွင့်ပြုနိုင်မလား။"

အကြီးအကဲဖုန်းမှာ သွေးအန်မိမတတ်ပင်ဖြစ်သွား၏။

ဘာလို့တစ်ဖက်လူက ဒီလိုစကားပြောရဲနေရသေးတာလဲ။

တစ်ဖက်လူကို အခုတောင် မလိုက်နိုင်တော့တာ ဖြစ်နိုင်မလား။ တစ်ဖက်လူက ဒီနေရာမှာ ရက်အကန့်အသတ်မရှိနေချင်နေတာလား။

ကျွင့်ပုကျန်းအား ထွက်ခွာရန် သွေးဆောင်သည်မှာ မလွယ်ကူလှပါချေ။ သူတို့က ဒီလူကို တောင်မှာဆက်နေဖို့ ဘယ်လိုခွင့်ပြုနိုင်မှာလဲ။

ဒီကောင်တွေက သူတို့ကိုငတုံးတွေလို့များထင်နေတာလား။

ထို့ကြောင့် ကျွင့်ပုကျန်းစကားဆုံးသည်နှင့် အကြီးအကဲဖုန်းကချက်ချင်းပြောလိုက်သည်။

"ဒါကပြဿနာကြီးမဟုတ်ပါဘူး။ မပူပါနဲ့။ ကျုပ်တို့လေတိမ်တိုက်ဂိုဏ်းက နတ်သလင်းကျောက်သောင်းချီနဲ့ တစ်ချို့ ဆေးလုံးတွေလည်းပြင်ဆင်ပေးထားပါတယ်။ မပူပါနဲ့ ကျုပ်တို့ကခင်ဗျားတို့ကို မခံစားစေရပါဘူး။ နတ်သလင်းကျောက်တွေနဲ့ဆိုရင် အပြင်ဘက်မှာ ကျင့်ကြံဖို့ နေရာကောင်းရှာနိုင်မှာပါ။

ကျွင့်ပုကျန်းဟာ ‌မျက်မှောင်ကျုံ့ကာပြောလိုက်သည်။

"ဒါပေမယ့်၊ ကျုပ်တို့သာ လေတိမ်တိုက်ဂိုဏ်းမှာရှိနေရင်၊ ဂိုဏ်းရဲ့ကုန်ကျစရိတ်အချို့ကို ပိုပြီး မကယ်တင်နိုင်ဘူးလား။ ဒီအပိုငွေတွေနဲ့ တပည့်ဘယ်နှစ်ယောက် ပြုစုပျိုးထောင်နိုင်မှာလဲလို့ တွေးမိတယ်။

အကြီးအကဲဖုန်း၏ မျက်နှာမှာ အလွန်အမင်းရှုံ့တွသွားသည်။

ဒီလူက ထွက်မသွားချင်သေးဘူးလား။ ငွေကအရမ်းနည်းနေသေးလို့ဆိုတာက သိသာပါတယ်။

အကြီးအကဲဖုန်းဟာ စိတ်ကိုပြင်ဆင်လိုက်ပြီး သူ၏သိုလှောင်အိတ်အား ထုတ်မယူခင် သွားကိုကြိတ်ထားလိုက်၏။

"ညီအစ်ကိုကျွင်း၊ ဒါကကျုပ် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ကြွယ်ဝမှုပါပဲ။ ဒါကိုမင်းဆီ အခုပေးလိုက်မယ်။"

‌

ကျွင့်ပုကျန်းဟာ ချက်ချင်းသိုလှောင်အိတ်အားလက်ခံလိုက်သော ရှီချန်းလင်အား အချက်ပြလိုက်သည်။

ထို့နောက်တွင် သူကယဉ်ကျေးဟန်ဆောင်ကာ ပြောလိုက်သည်။

"အိုင်းယား၊ အကြီးအကဲဖုန်း ခင်ဗျားကိုကြည့်ပါဦး။ ဘာလို့အရမ်းကောင်းနေရတာလဲ။ ခင်ဗျားကတော့ ကျုပ် လေတိမ်တိုက်ဂိုဏ်းနဲ့ ခင်ဗျားကို ချန်မထားခဲ့ချင်အောင်လုပ်နေတာပဲ။"

အကြီးအကဲဖုန်းဟာ ‌အလွန်ဒေါသထွက်လာသည်။

"ဒီလိုမပြောပါနဲ့။ ညီအကိုကျွင်းသာ ဂိုဏ်းကနေထွက်သွားလိုက်တာနဲ့ ကျုပ်အတွက် အကူညီကြီးကြီးမားမားဖြစ်စေမှာပါ။ ပြီးတော့ ကျုပ်ကို ဂိုဏ်းဆရာက ကြိမ်းမောင်းမှာကနေလည်း ကယ်တင်နိုင်ဦးမယ်။"

"ကောင်းပါပြီ အကြီးအကဲကျွင့်က ဒီလိုပြောလာမှတော့လည်း ကျုပ်တို့သာအခုနေထွက်မသွားသေးရင် အရှက်မဲ့သလိုဖြစ်နေပါဦးမယ်။"

"ဒါနဲ့ ကျုပ်တို့ဘယ်အချိန်ထွက်ခွာရမှာလဲ။"

"ခင်ဗျားတို့ထွက်နိုင်သမျှ မြန်မြန်ထွက်ခွာရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။ တကယ်တော့ ခင်ဗျားတို့ချက်ချင်းပဲ ထွက်ခွာသင့်တယ်။ ကျုပ်ပြန်ပြီး ဂိုဏ်းဆရာဆီကို တင်ပြရဦးမယ်။"

"ကောင်းပါပြီ၊ ဒီလိုဆိုရင် ကျုပ်တို့ထွက်သွား‌တော့မယ်။ အကြီးအကဲကျွင့်ကို အနာဂတ်မှာ အမှတ်ရနေပါ့မယ်။"

အကြီးအကဲဖုန်းဟာ ခေါင်းငြိမ့်ပြလိုက်သည်။

"ကျုပ်လည်းအမှတ်ရနေမှာပါ။"

အဆုံးတွင် အကြီးအကဲကျွင့်၏ အကြည့်အောက်၌ ကျွင့်ပုကျန်းနှင့် သူ၏တပည့်များမှာ လေတိမ်တိုက်ဂိုဏ်းမှထွက်ခွာသွားပြီဖြစ်သည်။

လေတိမ်တိုက်ဂိုဏ်းမှထွက်ခွာလာသည်နှင့် ရှီချန်းလင်နှင့် အခြားလူများမှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

"နှမျောစရာပဲ။ လေတိမ်တိုက်ဂိုဏ်းက နတ်ဘုရားဓားဂိုဏ်းထက် အများကြီးချမ်းသာတယ်။"

"အမှန်ပဲ။ လေတိမ်တိုက်ဂိုဏ်းမှာရှိရတဲ့နေ့လေးတွေက ဝူရှူးမြို့မှာရှိတဲ့ တခြားဂိုဏ်းတွေမှာထက် အကောင်းဆုံးပဲ။ စားသောက်ဆောင်က အစားအသောက်တွေအားလုံးကငါ့ကိုနေ့တိုင်း သွားရည်တောင်ယိုစေတယ်။"

ကျွင့်ပုကျန်းဟာ မနေနိုင်ဘဲ သူ၏မျက်လုံးများအား လှိမ့်လိုက်သည်။

"မင်းကဒီလိုပြောရဲသေးတာလား။ မင်းတို့သာနေ့တိုင်းအရှက်မရှိဖြစ်မနေဘူးဆိုရင် ငါတို့လေတိမ်တိုက်ဂိုဏ်းကနေ ဒီလောက်မြန်မြန်ထွက်လာရမှာမဟုတ်ဘူး။"

"ဒါဆို ကျွန်တော်တို့နောက်ထပ်ခြေလှမ်းကဘာလဲ။"

ကျွင့်ပုကျန်းဟာ သူ့နားထင်များကိုပွတ်သပ်ပြီး ခေါင်းကိုက်ကိုက်နှင့်ပြောလိုက်သည်။

"တစ်ကြိမ်မှာ ခြေလှမ်းတစ်ခါပဲလှမ်းကြတာပေါ့။"

သူပြောပြီးသည့်နောက်တွင် ရှေ့မှ အော်သံတစ်ခုကြားလိုက်ရသည်။

"မိုးပျံနဂါးဂိုဏ်းက တပည့်တွေစုဆောင်းနေပါတယ်။ ကျုပ်တို့က အဆင့်နိမ့်နတ်ဆေးလုံးတွေကို လတိုင်းပေးဝေပါတယ်။ ထပ်ပေါင်းအနေနဲ့ နတ်သလင်းကျောက်တွေလည်း ဖြန့်ဝေ‌ပါတယ်။ ရင်းမြစ်တွေနဲ့ ဆုလာဘ်အများအပြားလည်းရှိပါတယ်။ ခင်ဗျားတို့သာ မိုးပျံနဂါးဂိုဏ်းကိုဝင်ရောက်မယ်ဆိုရင် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကိုရောက်ဖို့က အိပ်မက်မဟုတ်တော့ပါဘူး။ လာပြီးတော့ စွမ်းအားကြီးတဲ့လူတစ်ယောက်ဖြစ်ဖို့ မင်းရဲ့အိပ်မက်ကိုဖြည့်ဆည်းလိုက်ပါ။ မင်းရဲ့ဘဝတန်ဖိုးကို အကောင်အထည်ဖော်ပြီး မင်းအိပ်မက်တွေ‌နောက်ကိုလိုက်ပါ။ မြန်မြန် ဝင်ရောက်ကြပါ။ အခုလောလောဆယ်မှာ အစီအစဉ်လေးတစ်ခုရှိနေပါပြီ။ ခင်ဗျားရဲ့သူငယ်ချင်း‌တွေဆီ ကျုပ်တို့ရဲ့ဂိုဏ်းကို အကြံပြုရင် ခင်ဗျားကို ဆုချီးမြှင့်မှာပါ... ဒီအခွင့်အရေးကို လက်လွှတ်မခံကြပါနဲ့။"

ဆဌမမြောက် နတ်ဘုရားအဆင့်တပည့်လေးမပြောလိုက်ခင်တွင် အားလုံးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားကြသည်။

"ဒီမိုးပျံနဂါးဂိုဏ်းက တကယ်ကိုကောင်းတဲ့ဂိုဏ်းပဲဖြစ်ရမယ်။"

"ဒါကိုကြားဖူးတယ်။ သူတို့က လေတိမ်တိုက်ဂိုဏ်းထက် ပိုပြီးအင်အားကြီးတယ်တဲ့။"

"ပိုပြီးအင်အားကြီးတာတင်မကဘူး။ ငါကြားတာတော့ မိုပျံနဂါးဂိုဏ်းက ဝူရှူးမြို့ရဲ့ ထိပ်တန်းအဆင့်၁၀၀ထဲကိုတောင် ဝင်နိုင်တယ်တဲ့။"

အားလုံး၏မျက်နှာထက်တွင် တဖြည်းဖြည်းပေါ်လာသော အပြုံးများမှာ ၎င်းတို့အား ယုတ်မာသည့်အသွင်ကိုဆောင်နေ၏။

"သွားကြစို့!"

...

အချိန်မှာ အလျင်အမြန်ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်စာအတွင်းတွင် နှစ်နှစ်ကုန်ဆုံးသွားပြန်သည်။

ထိုနှစ်နှစ်အတွင်းတွင် လုရှောင်ယန်၏ ကျင့်ကြံဆင့်မှာ အလျင်အမြန်ပင်တိုးတက်လာခဲ့သည်။ သူဟာ ပြီးပြည့်စုံသော ဒဿမမြောက် နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သူသည် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်သို့ရောက်ရန်ပင် ခြေတစ်လှမ်းပဲလိုတော့သည်။

ထိုအချိန်တွင် သူ၏ကိုယ်ပိုင်ကမ္ဘာလေးထဲ၌ ပစ္စည်းများ ဖန်တီးနေနိုင်လေပြီ။ ထိုအရာများမှာ လုံးဝကို သေလောက်သည်။

လုရှောင်ယန်ဟာ သူ၏နတ်ဝိညာဉ်အား ကြည့်ရှုလိုက်သည်။ သူ၏နတ်ဝိညာဉ်အရွယ်အစားမှာ တဖြည်းဖြည်းနှင့် ပိုမိုကာ အင်အားကြီးသထက်ကြီးလာနေသည်။

ကမ္ဘာငယ်လေးသည် နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သို့ရောက်ရှိပြီးနောက် ရရှိခဲ့သော အထူးနည်းပညာတစ်ခုဖြစ်သည်။ အခြားတစ်ဖက်တွင်၊ နတ်ဝိညာဉ်သည် နတ်ဘုရားအဆင့်တိုက်ခိုက်ရေးအားလုံးကို ထောက်ကူပေးသည့် အရာပင်ဖြစ်သည်။

တစ်မျိုးပြောရလျှင် နတ်ဝိညာဉ်မှာ ပို၍အရေးပါသည်။

ဟုတ်ပါသည်၊ သူ့ပုံစံနှင့်‌ဆိုလျှင် လုရှောင်ယန်ဟာ နတ်ဝိညာဉ်များအား ဝါးမြိုရန်နှင့် သတ်ရန် သာမန်ကာလျှံကာထွက်မသွားနိုင်ပါချေ။

ဒီလိုမျိုး တစ်ခုခုတော့ သူ မလုပ်နိုင်ပါ။

သို့သော်၊ သူ၏ ကျင့်ကြံနှုန်းနှင့်ဆိုလျှင်၊ နတ်ဝိညာဉ်သည် အလွန် လျင်မြန်စွာ တိုးတက်သင့်ပေ၏။

သူ့တပည့်တွေရဲ့ ကျင့်ကြံခြင်းကလည်း သူ့နတ်ဝိညာဉ်ရဲ့စွမ်းအားကို တိုးပွားစေမှာလား။

သို့သော် တပည့်များ အတူတကွ ကျင့်ကြံလျှင်ပင် စုစုပေါင်း ကျင့်ကြံခြင်းအရှိန်သည် လူဆယ်ဦးသာ ရှိပေလိမ့်မည်။ သူ၏ ကျင့်ကြံခြင်းသည် အလွန်လျင်မြန်စွာ တိုးတက်လာနိုင်သော်လည်း နတ်ဝိညာဉ်၏ တိုးတက်နှုန်းမှာ အဓိပ္ပာယ်မရှိပါချေ။

ဒါကဖြစ်နိုင်မလား...?

ဒါကိုတွေးမိပြီး လုရှောင်ယန်ဟာ ချက်ချင်းပင် ဝမ့်ခိုက်အား ဆင့်ခေါ်လိုက်သည်။

"ဝမ့်ခိုက်"

[လာနေပါပြီ၊ လာနေပါပြီ၊ သခင်၊ ငါဒီမှာပါ]

"တပည့်လေးတွေရဲ့ ပြီးခဲ့တဲ့နှစ်နှစ်က အချက်အလက်‌တွေ ကြည့်လို့ရမလား။"

[ရပါတယ်၊ ထုတ်ပေးနေပါပြီ]

မကြာခင်မှာပဲ ဝမ့်ခိုက်ဟာ အချက်အလက်ကို ထုတ်ပြလိုက်သည်။ လုရှောင်ယန် ၎င်းကိုမြင်သောအခါ လုံးလုံး အံသြသွားတော့သည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၁။ အပိုင်း ၃၁၀ ငှားရမ်းခ စုဆောင်းဖို့ရာ ရွာကိုသွားခဲ့တယ်

[သင်၏တပည့် ကျူးကောကျီချုံအား ဗုဒ္ဓဘာသာဝင်ဂိုဏ်းမှ လိုက်လံဖမ်းဆီးနေပါသည်...]

[သင်၏တပည့် ယွင်လီကောအား တိုက်ပွဲနတ်ဆိုးဂိုဏ်းမှ လိုက်လံဖမ်းဆီးနေပါသည်...]

[သင်၏တပည့် ယွင်လီကောအား လေလွင့်ကျင့်ကြံသူတစ်ယောက်မှ လိုက်လံဖမ်းဆီးနေပါသည်...]

[သင်၏တပည့် ယွင်လီကောအား နတ်ဆိုးအပျိုစင် ယွီရွှမ်အာမှ လိုက်လံဖမ်းဆီးနေပါသည်...]

[သင်၏တပည့် ယွင်လီကောအား ငါးနဂါးနတ်ဘုရားသားရဲမှ လိုက်လံဖမ်းဆီးနေပါသည်...]

[သင်၏ တပည့် ယွင်လီကောအား သံမဏိအရိုးဂိုဏ်းမှ လိုက်လံဖမ်းဆီးနေပါသည် ...]

…

သေလိုက်ပါတော့၊ ကျူးကောကျီချုံရဲ့အကြောင်းဖြစ်သည့် ပထမအသိပေးချက်မှလွဲ၍ ကျန်သည့်အားလုံးမှာ ယွင်လီကောထံမှ အသိပေးချက်များသာဖြစ်သည်။ ဒါ့အပြင် ထိုအသိပေးချက်အားလုံးမှာ ယွင်လီကော လိုက်လံကာဖမ်းဆီးခြင်းခံနေရသည်များပင်ဖြစ်သည်။ လုရှောင်ယန်ဟာ ကြမ်းတမ်းစွာပင်သူ၏ အကြည့်အားရုတ်သိမ်းလိုက်ပြီး ထိုအထဲတွင် မက်ဆေ့ပေါင်းတစ်သောင်းလောက်ပင် ရှိမည်ဟု ခန့်မှန်းလိုက်သည်။

အဲဒီယွင်လီကောက တကယ်ပဲပျားအုံကိုမှ တုတ်နဲ့သွားထိုးလိုက်မိတာလား။

သူကဘာကြောင့် နေ့တိုင်းလိုက်ဖမ်းခံနေရတာလဲ။

သူ့ရဲ့ဆရာက သူ့ကိုသိုသိုသိပ်သိပ်ပဲနေဖို့ အမြဲလိုလို‌သင်ကြားပေးခဲ့တာကိုများ မေ့သွားတာလား။

ဒီကောင်လေးက သူ့ရဲ့လမ်းညွှန်မှုတွေကို မေ့သွားပြီလား။

ဒီကောင်‌လေးမှာ နတ်ဘုရားလောကကြီးတစ်ခုလုံးရှိ လူတိုင်းအား အပြစ်မပြုခဲ့လျှင် ပိုကောင်းမည်။ မဟုတ်လျှင် နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင် အစုအဝေးက သူ့ကို တိုက်ခိုက်လာလိမ့်မည်။

ထိုကဲ့သို့နေ့မျိုးသာအမှန်တကယ် ရောက်ရှိလာပါက လုရှောင်ယန်မှာ တကယ်ကိုမကူညီနိုင်ဘဲ ယွင်လီကောနှင့် ဆရာတပည့်ဆက်ဆံရေးအား အဆုံးသတ်ရမည်ဖြစ်သည်။

ကံမကောင်းစွာနှင့်ပင် ဝမ့်ခိုက်ကသူ့အားထိုသို့သော အချက်အလက်များသာပြနိုင်ပြီး ယခုအထိ အခြေခံအချက်အလက်များကိုပင် မမြင်နိုင်သေးပါချေ။

ထိုသို့မဟုတ်ပါလျှင် သူသည်အားလုံး၏ ကျင့်ကြံဆင့်များ မည်မျှထိရောက်ရှိနေကြောင်းကို သိရှိနိုင်ပေလိမ့်မည်။

သူ၏တပည့်များက နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်သို့ပင် ကျော်ဖြတ်ရောက်ရှိသွားနိုင်ပြီလားကို သူတွေးတောနေမိ၏။

လုရှောင်ယန်မှာ မထင်တော့မထင်ပါချေ။

နောက်ဆုံးမှာလည်း ဒီနတ်ဘုရားလောကကြီးမှာ တစ်ယောက်ယောက်ရဲ့ကျင့်ကြံဆင့်တိုးလာဖို့က အရမ်းကိုခက်ခဲနေတုန်းပဲလေ။

ထိုမျှထိတိုတောင်းသည့်အချိန်လေးတွင် သူဟာ ဒီအဆင့်အထိရောက်ရှိနိုင်ရခြင်းမှာ သူ၏တပည့်များယူဆောင်လာသည့် ကျင့်ကြံခြင်းရလာဒ်များပင်ဖြစ်၏။

ဒါပေမယ့်လည်း အချက်ကျကျဆိုရလျှင် သူကိုယ်တိုင်လည်း ကျင့်ကြံရာတွင်စိတ်နှစ်ပြီး ပါဝင်ခဲ့သောကြောင့်ပင်။

သူသာကျင့်ကြံရာတွင်စိတ်နှစ်ခြင်းမရှိဘဲ သူ၏ပါရမီကိုသာ အသုံးပြုမည်ဆိုလျှင် ဤမျှလောက်ထိ တိုတောင်းသောအချိန်အတွင်းမှာပင် ဒီအဆင့်သို့မရောက်ရှိနိုင်ပါချေ။

တပည့်များ၏ ကျင့်ကြံ‌ဆင့်ကိုသာ ရှင်းရှင်းလင်းလင်းသိရှိလိုပါလျှင် တပည့်များအားရှာတွေ့သည့်အချိန်ထိစောင့်ချင်စောင့် မဟုတ်လျှင် သူ့ထံသို့ တပည့်များရောက်ရှိလာမည့်အချိန်ကို စောင့်ရမည်ဖြစ်သည်။

"ဝမ့်ခိုက်၊ ငါကိုအရင်ဆုံး လက်ဆောင်ထုပ်တွေပဲပေးတော့။"

"ဟုတ်ကဲ့၊ နားလည်ပါပြီ။"

ဝမ့်ခိုက်ဟာ လျှင်မြန်စွာပဲ လက်ဆောင်ထုပ်များအားပေးပို့လာသည်။ ထိုအထဲတွင် အနည်းဆုံး လက်ဆောင်ထုပ်ကြီးနှင့် လက်ဆောင်ထုပ်အငယ်တစ်ရာလောက်ပါရှိသည်။

လုရှောင်ယန်ဟာ သူ၏နေ့ရက်များမှာ ထပ်တူကျနေသည်ဟုခံစားမိသည်။

အရာအားလုံးမှာ အတူတူပင်။

အစီအရင်၊ ကျင့်ကြံခြင်း၊ လက်ဆောင်ထုပ်...

ဒီလိုနေ့ရက်များ ဆက်လက်ရှိနိုင်ဖို့ တကယ်ကိုမျှော်လင့်မိပါသည်။

နတ်ဘုရားလမ်းစဉ်၊ ကောင်းကင်နတ်ဆိုးအုပ်ချုပ်သူ ×1။

ကောင်းကင်နတ်ဆိုးအုပ်ချုပ်သူမှာ ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းလမ်းစဉ်ဖြစ်သည်။ တစ်ယောက်၏ နတ်ဘုရားအမြင်နယ်နိမိတ်အတွင်းတွင် တိုက်ခိုက်မှုအားမည်သည့်နေရာသို့ဖြစ်ဖြစ် ပြောင်းရွှေ့ခြင်းဖြင့် ရန်သူအပေါ်တိုက်ခိုက်မှုမှာ တိုးလာမည်ဖြစ်သည်။

"ဒါက မဆိုးဘူးပဲ။ ကျင့်ကြံသူတွေရဲ့ တိုက်ကွက်တွေမှာ တိကျတဲ့အကန့်အသတ်ရှိတယ်။ ဒါကသာမန်လူတစ်ယောက်ရဲ့တိုက်ခိုက်မှုကို သူတို့ကိုယ်ပိုင်အမြင်ရဲ့နယ်နိမိတ်ထဲမှာပဲကန့်သတ်ထားသလိုမျိုး ဒါကိုလည်းနတ်ဘုရားအာရုံရဲ့ အမြင်နယ်နိမိတ်ထဲမှာကန့်သတ်ထားတယ်။ ပြီးတော့ ဒီတိုက်ကွက်က ကန့်သတ်ချက်တွေကို လျစ်လျူရှုပြီး ငါ့ရဲ့ကျင့်ကြံဆင့်ကိုလည်း အတော်လေးတိုးလာစေနိုင်တယ်။ ငါတိုက်ခိုက်ချင်တဲ့နေရာမှာတိုက်ခိုက်လို့ရပြီပေါ့။ တစ်ခြားလူတွေကို ရိုက်နိုင်ပါ့မလားဆိုတာနဲ့ ပက်သက်ပြီး စိတ်ပူရမှာမဟုတ်တော့ဘူး။"

နက်နဲသောဝိညာဉ် × 8

နက်နဲသောဝိညာဉ်မှာ ကောင်းမွန်လှသည်။ ဒါကို ယခုတွင်လုရှောင်ယန်လိုအပ်သော တန်ဖိုးအရှိဆုံးအရာဟုပင် ယူဆနိုင်သည်။

လုရှောင်ယန်ဟာ ဤလောကတွင် နက်နဲသောအဆင့်မှာ အမြင့်မားဆုံးအဆင့်ဖြစ်သည်ကို သိရှိထားပြီးဖြစ်သည်။

ကျင့်စဉ်များနှင့် လက်နက်များပင်ဖြစ်ပါစေဦးတော့။

လုမျိုးနွယ်စုလိုဖြစ်တည်မှုတစ်ခုမှာ နတ်ဘုရားအဆင့်ကျင့်စဉ်နှင့် နတ်လက်နက်များကိုသာသုံးစွဲနိုင်သည်။ ဤသည်မှာ သခင်ကြီးလုသည် နတ်ဘုရားလမ်းစဉ်ကိုကျင့်ကြံပြီး သူ့အားထောက်ပံ့ရန် နတ်ပစ္စည်းအဆောင်အယောင်တစ်ခုပင် မရှိဟန်တူသည်။

ဒါဇင်ပေါင်းများစွာ သို့မဟုတ် လုမျိုးနွယ်စု၏ တစ်ရာနီးပါးလောက်ကသာ စွမ်းအားကြီးမားသော နတ်လက်နက်များနှင့် နတ်ဘုရားလမ်းစဉ်များကို အတိုင်းအတာတစ်ခုအထိသာ အသုံးပြုနိုင်သည်။

ထို့အပြင်၊ နက်လက်နက်များနှင့် နတ်ဘုရားလမ်းစဥ်များကို အသုံးပြုနိုင်သည့် အဖွဲ့ခွဲများသည် အင်အားအရှိဆုံး ဖြစ်နိုင်သည်။

သူတို့၏ တကယ့်ပညာရှင်များမှာ မဟာယနနတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ရှိနေနိုင်လောက်သည်။

အောက်ပါအရာများမှာ ပို၍ပင်ရှေးရိုးဆန်သည်။

၎င်းတို့မှာ နတ်ဘုရားလမ်းစဉ်၊ နတ်ပစ္စည်းအဆောင်အယောင်နှင့် အချို့သော ထိပ်တန်းအဆင့် နတ်သလင်းကျောက်များပင်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းတို့အားလုံးမှာ ကောင်းမွန်သည့်အရာများဖြစ်သည်။

သို့သော် လက်ဆောင်ထုပ်ကြီးအနည်းငယ်က သူ့အား နက်နဲသောအဆင့် ချပ်ဝတ်နှစ်စုံနှင့် အစီအရင်များအားပေးသည်။

မဆိုးလှပါ။ ယခုတွင် သူ့ထံ၌ နက်နဲသောအဆင့်ချပ်ဝတ်ရှိနေခြင်းက ပြီးပြည့်စုံနေပြီပင်။ သူ၏ကျင့်ကြံဆင့်မှာ အလွန်နိမ့်နေပြီး သူ၏စွမ်းအင်အပြည့်အားထုတ်မသုံးနိုင်ခဲ့လျှင်တောင်မှ ပညာရှင်အတော်များများအား ခုခံနိုင်တော့မည်ဖြစ်သည်။

အနည်းဆုံးတော့ ဒီကောင်းကင်ပင်လယ်မြို့တော်ရှိ မည်သူမှသူ့အား အနိုင်ယူနိုင်တော့မည်မဟုတ်ချေ။

လုရှောင်ယန် လက်ဆောင်ထုပ်များအားဖွင့်ပြီးနောက်တွင် သူ၏ဝမ်းကွဲအစ်ကို လုရှောင်ချန်၏အသံမှာ တံခါးမှထွက်ပေါ်လာ၏။

"ရှောင်ယန်၊ မင်းအထဲမှာရှိလား။"

လုရှောင်ယန်မှာ သူ၏ပစ္စည်းများအား အဝေးသို့ပို့လိုက်သည်။ အတွေးတစ်ခုဖြင့် သူဟာခဏအတွင်းနေရာမှပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ သူသည် ဝင်ပေါက်သို့ရောက်နေပြီဖြစ်၏။

"ဝမ်းကွဲအစ်ကို၊ ဒီကိုရုတ်တရတ်ကြီးဘာကိစ္စများရှိလို့ပါလဲ။"

"ငါဒီမှာမင်းကို လစဉ်ရင်းမြစ်တွေပေးဖို့ရှိနေတာ။"

"သိပါပြီ၊ ကျေးဇူးပါ ဝမ်းကွဲအစ်ကို။"

"မင်းကအမြဲယဉ်ကျေးနေတော့တာပဲ။"

လုရှောင်ချန်ဟာပြုံးလိုက်ပြီး ယခုလအတွက်ရင်းမြစ်များအား သူ့ထံသို့ လွှဲပြောင်းပေးလိုက်၏။

"မင်းရဲ့အလုပ်မှာ ပိုအာရုံစိုက်ပြီး အနားယူသင့်တယ်။ မင်းရဲ့အခန်းထဲမှာပဲ အမြဲကျင့်ကြံမနေနဲ့ဦး။ အချိန်ရရင် အပြင်ကိုထွက်၊ လမ်းလျှောက်ပြီး တချို့နဲ့မိတ်ဆွေဖွဲ့ပေါ့ကွာ။ ဒါကလည်း မင်းရဲ့အနာဂတ်အတွက် အကျိုးရှိစေမှာပါ။"

လုရှောင်ယန်လည်း ခေါင်းငြိမ့်ပြလိုက်သည်။

"ဝမ်းကွဲအစ်ကိုပြောတာမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီကလူအများကြီးနဲ့မသိဘူး။ တစ်ယောက်ယောက်ကိုအပြစ်ပြုမိပြီး လုမျိုးနွယ်စုကိုဒုက္ခတွေ့စေမှာစိုးလို့ပါ။ ဒါကြောင့် ကျွန်တော့အခန်းထဲမှာပဲ နာနာခံခံနဲ့ ဘာသာကျင့်ကြံနေတာက ကျွန်တော့အတွက်ပိုပြီးကောင်းမယ်ထင်ပါတယ်။"

လုရှောင်ချန်ဟာ ငိုရမည်လား ရယ်ရမည်လားကိုပင်မသိတော့ပါချေ။

"ဒီကောင်လေးကတော့၊ ငါတို့လုမျိုးနွယ်စုက ကောင်းကင်ပင်လယ်မြို့တော်မှာ အင်အားအကြီးဆုံးပဲလေ။ ဘာကိုကြောက်စရာရှိမှာလဲ။ အဖိုးရဲ့အင်အားလေးတစ်ခုနဲ့တင် တခြားမျိုးနွယ်စုတွေကို ခြိမ်းခြောက်ပြီးသားဖြစ်နေပြီ။ မင်းသာ ဒုက္ခတစ်ခုခုနဲ့ကြုံရင်တောင် ငါတို့လုမျိုးနွယ်စုက ဖြေရှင်းနိုင်တုန်းပါပဲ။"

"ဒါ့အပြင် မင်းကဒုက္ခအတော်များများကိုမဖြစ်စေနိုင်ပါဘူး။ နောက်ဆုံးတော့လည်း ငါတို့လုမျိုးနွယ်စုက အရမ်းကိုအင်အားကောင်းတယ်လေ။ ယေဘု‌ယျပြောရရင်တော့ ဘယ်မျိုးနွယ်စုကမှ ငါတို့လုမျိုးနွယ်စုကိုပုံမှန်လေး လာဆွရဲမှာမဟုတ်လောက်ဘူး။"

"တစ်ဖက်လူက အရူးမဟုတ်ရင်ပေါ့။"

"ဝမ်းကွဲအစ်ကိုပြောတာမှန်ပါတယ်။"

"ဒါနဲ့ အနီးအနားကဂိုဏ်းတစ်ခုမှာ ကိစ္စလေးတွေဖြေရှင်းစရာရှိလာလို့။ မင်းငါနဲ့လိုက်ခဲ့ချင်လား။"

လုရှောင်ယန်၏ မျက်ခုံးများအနည်းငယ်မြင့်တက်သွားသည်။ သူဟာထိုကိစ္စမျိုးများတွင် ပါဝင်လိုစိတ်မရှိပါပေ။ ဒါကဒုက္ခများစေရုံတင်မက၊ သူ၏ကျင့်ကြံခြင်းကိုပါနှောင့်နှေးစေသောကြောင့်ပင်။

"ကျွန်တော် ဒါကိုကျော်လိုက်လို့ရမယ်ထင်တယ်။"

"သွားပြီးတော့ အတူတူပျော်ရအောင်ကွာ။ အပန်းဖြေတယ်လို့ပဲမှတ်ယူလိုက်ပေါ့။"

ခဏမျှရပ်တန့်ပြီးနောက်တွင် လုရှောင်ချန်ဟာ လုရှောင်ယန်၏နားအတွင်းသို့ တီးတိုးကပ်ကာပြောလိုက်သည်။

"ငါကတံစိုးလက်ဆောင်တွေကို သွားပြီးစုဆောင်းမှာ။ ငါတို့အတွက် နည်းနည်းတော့ ယူထားလို့ရတယ်။"

လုရှောင်ယန်မှာ ပြောစရာစကားမဲ့သွား၏။

"ကျွန်တော်တို့ ကိုယ့်မျိုးနွယ်စုရဲ့ ရင်းမြစ်တွေထဲကနေ တကယ်ကြီး ပြန်ယူကြမှာလား။"

"ငါပြောတာဒီလိုမဟုတ်ဘူးလေ။ မင်းကတော့အထင်လွဲနေပြန်ပါပြီ။ လုမျိုးနွယ်စုကို တခြားလူတွေ‌ပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းတွေကို လုံးဝမထိပါဘူး။ ဒါပေမယ့်ကွာ ငါတို့လို လုမျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်တွေက သွားတယ်ဆိုရင် သူတို့တွေလည်း ကျေးဇူးတရားကို အနည်းနဲ့အများ ပိုခံစားမိပြီးတော့ ငါတို့ကိုပိုပေးမှာပေါ့။"

"မင်းပါသွားရင်တော့ ငါတို့ဆုနှစ်ခုတောင်ပိုရမှာပေါ့။ အဲ့ဒါက မဖြုန်းတီးသင့်တာမျိုးပဲ။ မင်းရဲ့အခန်းထဲမှာ ပုန်းအောင်းနေတာထက်တော့ပိုကောင်းတာပေါ့။"

"ဒါဆိုရင်... ကောင်းပြီလေ။"

လုရှောင်ယန်မှာ အကျိုးအမြတ်များပေါ်တွင် စိတ်ဝင်စားချင်းအလျဉ်းမရှိပါချေ။ သူဟာလုမျိုးနွယ်စုထံမှ ထိပ်တန်းအဆင့် ပေးကမ်းသည်များကိုပင်ဂရုမစိုက်သဖြင့် ဂိုဏ်းငယ်လေးမှ ရမည့်ပစ္စည်းအသေးစားလေးအား ဒီတိုင်းထားလိုက်ပါသည်။

သို့သော်သူသွားချင်သည့် အကြောင်းအရင်းတစ်စိတိတစ်ပိုင်းမှာ နတ်ဘုရားလောကအကြောင်းအားပိုမိုနားလည်သိရှိရန်နှင့် တစ်စိတ်တစ်ပိုင်းမှာ တစ်စုံတရာပြုလုပ်ရန်ပင်ဖြစ်သည်။

ဥပမာ၊ သူ၏စိတ်ဝိညာဉ်ကျောက်တုံးများ။

အနိမ့်ပိုင်းလောကတွင်ရှိစဉ်က လုရှောင်ယန်က စုချန်အားသတ်ခဲ့သည်။ နှစ်များစွာတစ်လျှောက်လုံး သူရရှိခဲ့သော ဝိညာဉ်ကျောက်တုံးများနှင့်အတူ၊ သူသည် ထပ်မံ၍ ထရီလီယံရာဂဏန်းထက်ပင် အနည်းနှင့်အများ ရရှိခဲ့သည်။

သူ၏လက်ရှိကျင့်ကြံဆင့်နှင့်ဆိုလျှင် ဝိညာဉ်ကျောက်တုံးများအား ထပ်မံမလိုအပ်တော့ပါချေ။ အစီအရင်များရေးဆွဲသည့်အချိန်တွင်တောင်မှ သူဟာ နတ်သလင်းကျောက်များကိုသာအများဆုံးအသုံးပြုဖြစ်သည်။

နတ်ဘုရားအဆင့်အစီအရင်များကို ဝိညာဉ်ကျောက်တုံးများဖြင့်လည်း အသက်သွင်းနိုင်ပါသော်ငြား ဒါကပိုမိုအားနည်းစေသည်။ အရမ်းကြီးလည်း အကျိုးသက်ရောက်မှုမရှိပါချေ။

သို့သော်လည်း ဝိညာဉ်ကျောက်တုံးများမှာ နတ်ဘုရားလောကတွင် အမှိုက်သာသာဟုမဆိုနိုင်ပါချေ။

နတ်ဘုရားလောကရှိ ကျင့်ကြံသူများမှာလည်း အောက်ခြေမှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံရသေးသည်။

နတ်ဘုရားအဆင့်သို့မရောက်ခင်တွင် သူတို့ဟာ များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများအား လိုအပ်ပေသည်။ အနိမ့်ပိုင်းလောကရှိကျင့်ကြံသူများထက်ပင် ပို၍ လိုအပ်သည်ဟုဆိုနိုင်သေးသည်။

ဘာကြောင့်လဲ?

နတ်ဘုရားလောကမှ ကျင့်ကြံသူများ၏ ကျင့်ကြံနှုန်းမှာ အနိမ့်ပိုင်းလောကရှိကျင့်ကြံသူများထက် အလွန်အင်မတန်ကျော်လွန်နေပြီး ဝိညာဉ်စွမ်းအင်စုပ်ယူနှုန်းမှာလည်း အဆပေါင်းများစွာ မြန်ဆန်ပေသည်။

ဒါကအကြောင်းပြချက်ပင်။

လုရှောင်ယန်၏ခွင့်ပြုချက်ရသည်နှင့် လုရှောင်ချန်ဟာ လုရှောင်ယန်အား ဂိုဏ်းသို့ခေါ်ဆောင်လာခဲ့သည်။

သူတို့ဟာ နတ်သလင်းကျောက်များအားအသုံးပြုကာ မောင်းနှင်နေသော နတ်သ‌င်္ဘောကြီးအားစီးနင်းလျက်ရှိသည်။ လုရှောင်ယန်မတိုင်ခင်က ထိုင်ခဲ့သည့် နတ်ဆိုးသားရဲများဆွဲသော ရထားတွဲနှင့်ယှဉ်လျှင် ဤသင်္ဘော၏အမြန်နှုန်းမှာ ပို၍မြန်ပြီး ပိုမိုခိုင်ခံ့ကာ ပို၍ တည်ငြိမ်သည်။ ဒီသင်္ဘောများမှာ နတ်ဘုရားလောကရှိ အတန်ငယ်ချမ်းသာသော မျိုးနွယ်စုများ၏ အနှစ်သက်ဆုံး ယာဉ်များပင်ဖြစ်သည်။

သင်္ဘောပျံပေါ်တွင် လုရှောင်ချန်မှာ မေးလိုက်သည်။

"ရှောင်ယန်မင်းကအရမ်းလုံ့လရှိပြီး နေ့တိုင်းကျင့်ကြံတာပဲ။ မင်းရဲ့လက်ရှိကျင့်ကြံဆင့်ကဘယ်လောက်လဲ။"

"ကျွန်တော့ရဲ့ပါရမီက အတော်လေးနှေးတယ်ထင်ပါတယ်၊ ကျွန်တော်ကအခုမှ တတိယမြောက်နတ်ဘုရားအဆင့်ပဲရောက်ရှိပါသေးတယ်။"

"ဒါကမဆိုးလှပါဘူး။ မင်းကလုမျိုးနွယ်စုမှာ ၂နှစ်လောက်ပဲနေရသေးပြီး ဒီအဆင့်ကိုတောင်ရောက်နေပြီ။"

"ဒါတွေအကုန်လုံးက လုမျိုးနွယ်စုရဲ့ ရင်းမြစ်တွေကြောင့်ပါပဲ။ နောက်ဆုံးတော့လည်း ကျွန်တော်ကလှည့်လည်သွားလာနေခဲ့ပြီး ရခဲ့တာတွေက လုမျိုးနွယ်စုမှာ ရခဲ့တာတွေလောက်မများပါဘူး။"

"ဒါအမှန်ပဲ။ ဆိုရိုးတွေအတိုင်းပဲ သူဆင်းရဲတွေက လေ့လာပြီး သူချမ်းသာတွေကသိုင်းပညာလေ့ကျင့်ကြတယ်။ ငါတို့လုမျိုးနွယ်စု ဒီလိုအခြေအနေထိရောက်လာနိုင်တာက ငါတို့မျိုးနွယ်စုရဲ့ရင်းမြစ်တွေနဲ့ အားကောင်းတဲ့ထောက်ပံ့မှုတွေကြောင့်ပဲ။"

"ငါတို့ရဲ့ ရပ်ဝေးဆွေမျိုးတွေအကြောင်းမပြောဘဲနေရအောင်။ ငါတို့ရဲ့ဆွေမျိုးနီးစပ်တွေထဲမှာ မင်းရဲ့ဝမ်းကွဲတွေဖြစ်တဲ့ လုရှောင်‌ဖေး၊ လုရှောင်ယွီနဲ့ လုရှောင်ယန်တို့က စစ်မှန်သောနတ်ဘုရားအဆင့်ကိုတောင်ရောက်ပြီးနေပြီ။ ငါတောင်မှ နဝမမြောက်စစ်မှန်သောနတ်ဘုရားအဆင့်ကိုရောက်နေပြီး နတ်ဘုရားအားသတ်ဖြတ်သောအဆင့်နဲ့တောင် သိပ်မဝေးတော့ပါဘူး။"

လုရှောင်ယန်ဟာ မပြောခင် တစ်ခဏမျှငြိမ်သက်သွား၏။

"ဘာလို့တတိယမျိုးဆက်တပည့်လေးတွေအကုန်လုံးသူတို့နာမည်မှာ 'ရှောင်' ပါနေရတာလဲ။ 'ရှောင်'က မျိုးရိုးနာမည်မဟုတ်ဘူးလား။ တခြားထူးခြားတဲ့အဓိပ္ပာယ်များရှိနေသေးလို့လား။"

လုရှောင်ချန်ဟာ အနည်းငယ်မျက်မှောင်ကျုံ့လိုက်သည်။

"ငါတို့ကျင့်ကြံဆင့်အကြောင်းပြောနေကြတာမဟုတ်ဘူးလား။ ရှောင်ယန်၊ မင်းရဲ့အာရုံစိုက်မှုက ထူးဆန်းတာပဲ။"

"အာ...ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က စူးစမ်းချင်တာပါ။"

"အထူးတလည်တော့မဟုတ်ပါဘူး။ ငါတို့အဘွားရဲ့ မျိုးရိုးနာမည်က 'ရှောင်'လေ။ ငါတို့မျိုးနွယ်စုမှာ အဘွားရဲ့စကားတွေက အဘိုးထက်တောင်ထိရောက်သေးတယ်။ တတိယမျိုးဆက်တပည့်လေးတွေရဲ့နာမည်တွေအတွက် ဆုံးဖြတ်ချက်ချတဲ့အချိန်ကျတော့ နာမည်တွေအကုန်လုံးမှာ 'ရှောင်'ကိုထည့်ဖို့ဆုံးဖြတ်လိုက်တာပဲ။"

"ကျွန်‌တော် နားလည်ပြီ။"

လုရှောင်ယန်သည် သူ့အဖိုး ဤမျှလောက်ထိ ခံရမည်ဟု မမျှော်လင့်ခဲ့ပေ။

ခဏလောက်ရပ်တန့်ပြီးချိန်တွင် သူကစကားဆက်လိုက်သည်။

"ပြောရရင် အစ်ကို့ရဲ့ပါရမီကတကယ်ကိုထူးကဲတာပဲ။ ဒီလိုအသက်ငယ်ငယ်လေးနဲ့တင် နဝမမြောက် စစ်မှန်သောနတ်ဘုရားအဆင့်ကိုရောက်နှင့်နေပြီ။ အစ်ကိုက နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ကိုရောက်ဖို့တောင် သိပ်မလိုတော့ဘူးထင်တယ်။"

လုရှောင်ချန်ဟာ ခပ်ဖျော့ဖျော့သက်ပြင်းချလိုက်သည်။

"ဒါကခက်ခဲတယ်။ ရိုးရိုးသားသားပြောရရင် အဘိုးရဲ့အကူအညီနဲ့ ငါမြန်မြန်ဖြတ်ကျော်နိုင်ပါတယ်။ ငါဒီနေ့ဒီနေရာမှာရှိနေနိုင်တာက အဘိုးကငါ့ကိုလုမျိုးနွယ်စုရဲ့ ထင်ရှားတဲ့ နတ်လမ်းစဉ်ကို သင်ကြားစေခဲ့လို့ပဲ။ ဒါပေမယ့် နတ်လမ်းစဉ်တွေက နားလည်ရခက်လွန်းတယ်။ ငါလည်း နောက်တစ်ဆင့်ကို နားလည်ဖို့ မလွယ်ဘဲ တစ်ဝက်လောက်ပဲ နားလည်ခဲ့တယ်။"

***

All Chapters