အခန်း (၃၁၆-၃၂၀)
Vol. 22 Ch. 316-320
အပိုင်း ၃၁၆ ငါ့မှာ မိန်းမတစ်ယောက်ရှိတာလား?
နတ်ဘုရားလောက၊ မြူခိုးစင်မြင့်၊ ဂိုဏ်းချုပ်ခန်းမ။
အပြာရောင်ဝတ်ရုံနှင့် လှပသောပုံရိပ်တစ်ခုဟာ ဂိုဏ်းချုပ်ခန်းမထဲသို့ လှမ်းဝင်လာသည်။
သူမ၏ မျက်နှာအား အဖြူရောင် အကာဖြင့် ဖုံးအုပ်ထားပြီး သူမ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပါပေ။ သို့သော် သူမ၏ ကြယ်ရောင်မျက်လုံးများမှ သူမသည် အလွန်လှပကြောင်းကို သိနိုင်သည်။
သူမဟာ ရှေ့ကို တစ်ခါလှမ်းလိုက်သည်နှင့် ခြေချောင်းလေးများက သူမ၏ စကတ်ထောင့်ကို ရံဖန်ရံခါ ကြွတက်လာ၏စေသည်။ ခြေဖျားလေးများ၏ ကြွေဖြူကဲ့သို့အသားအရည်ကိုပင် ယောင်ဝါးဝါးမြင်နိုင်ပေ၏။ ဤသည်မှာ အင်မတန်လှပလွန်းသည်။
သူမသည် ခန်းမထဲသို့ ရောက်ရှိလာသောအခါ အမြင့်ပေါ်ရှိ ပုံရိပ်ကို ဦးညွှတ်လိုက်သည်။
"ဆရာ၊ ကျွန်မကိုရှာနေတာလား"
မြူခိုးစင်မြင့်၏ ဂိုဏ်းချုပ်သည် အတွေးများနှင့် ပြည့်နှက်နေသည်။ သူ့ရှေ့က မိန်းကလေးကို ကြည့်ပြီး ခံစားချက်ကို မထိန်းနိုင်တော့ချေ။
သို့သော် နောက်ဆုံးတွင် သူ၏ ထောင်ပေါင်းများစွာသော စကားလုံးများသည် ရိုးရှင်းသောဝါကျတစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့သည်။
"ဝမ်အာ၊ မင်းရဲ့ ကျင့်ကြံခြင်း အဆင်ပြေရဲ့လား။"
"ဆရာ၊ ဝမ်အာက မကြာခင်ကမှ ကျင့်ကြံခဲ့ပြီး အရာအားလုံးက ပုံမှန်ပါပဲ။"
"အဲဒါကောင်းတယ်။"
ဂိုဏ်းချုပ်က ခေါင်းငြိမ့်လိုက်သည်။ သူဟာ တစ်စုံတရာအား ပြောချင်သော်လည်း ပြောမရဖြစ်နေပုံရသည်။
"ဆရာ၊ ဘာကိစ္စရှိလို့လဲ၊ ကျွန်မကိုပြောပါ။"
ဝမ်အာသည် ထက်မြက်သောကြောင့် သူမ၏ဆရာ တစ်စုံတစ်ခုကို ရည်ညွှန်းနေပြီဖြစ်ကြောင်း ပြောနိုင်သည်။
ဂိုဏ်းချုပ်က သူမအားမပြောခင်တွင် အချိန်အတော်ကြာအောင် ကြည့်လိုက်သည်။
"အမှန်တော့ ငါမှာလုပ်စရာတစ်ခုရှိတယ်။ မင်း ကောင်းကင်ပင်လယ်မြို့တော်က လုချင်းရှန်အကြောင်းကိုကြားဖူးမယ်လို့ထင်တယ်။"
ဝမ်အာဟာ အတန်ငယ်မျက်မှောင်ကျုံ့ကာ ချက်ချင်းပင်ပြောလိုက်သည်။
"သူ့အကြောင်းနည်းနည်းတော့ကြားဖူးပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက သူက ကောင်းကင်ပင်လယ်မြို့တော်ရဲ့ နံပါတ်တစ် ဉာဏ်ကြီးရှင်ပဲ။ ဒါပေမယ့်သူကခြုံခိုတိုက်ခိုက်ခံရပြီး စုံတွဲလိုက်တောင် သေသွားတာထင်တယ်။ သူတို့ရဲ့ တစ်ဦးတည်းသောသားတောင် ပျောက်သွားတယ်တဲ့။"
ဂိုဏ်းချုပ်မှာ ခေါင်းငြိမ့်လိုက်သည်။
"အမှန်ပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကမှ လုချင်းရှန်ရဲ့သားက ပြန်ရောက်လာတယ်လေ။"
"ကျွန်မသိပြီ။ ဒါကကောင်းပါတယ်။ ဒါပေမယ့် ဆရာကကျွန်မကိုဘာလို့ ဒါတွေပြောနေတာလဲ။"
ဂိုဏ်းချုပ်ဟာ မလုံမလဲစိတ်အနည်းငယ်နှင့် ဆက်ပြောလေသည်။
"ငါမင်းကို ဖုံးမထားချင်ပါဘူး။ လွန်ခဲ့တဲ့နှစ်များစွာတုန်းက ငါ့ကို လုချင်းရှန်နဲ့ သူ့ရဲ့ဇနီးကကယ်တင်ခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းကငါကသူ့ကိုကတိပေးခဲ့ဖူးတယ်၊ ငါသာအနာဂတ်မှာ မိန်းကလေးတပည့်တစ်ယောက်လက်ခံရခဲ့ရင် ငါ့အသက်ကိုကယ်တဲ့ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ သူမကို သူ့ရဲ့သားနဲ့ လက်ဆက်ပေးပါမယ်လို့လေ။"
ဝမ်အာဟာ အတန်ငယ်ကြောင်အသွားသည်။ သူမအံ့အားသင့်သွားသောကြောင့် ပါးစပ်လေးပင် အနည်းငယ်ပွင့်ဟသွားလေသည်။
အတော်ကြာတိတ်ဆိတ်နေပြီးနောက်မှ သူမကပြောလာသည်။
"အဲ့ဒါဆိုအခု ကျွန်မက စီနီယာလုရဲ့ သားရဲ့သတို့သမီးလောင်းပေါ့။"
ဂိုဏ်းချုပ်ဟာခေါင်းငြိမ့်လိုက်၏။
"အမှန်ပဲ၊ ဒီကိစ္စကတကယ်အရေးပါတယ်။ အဲဒီကလေးက အပြင်ဘက်မှာ နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့ရပြီး အစောတည်းက ကျင့်ကြံခြင်းရင်းမြစ်တွေရဖို့လည်းအခွင့်မရခဲ့ဖူးလို့ ကြားခဲ့ရတယ်။ အဲ့ဒါကြောင့် အခု သူက တတိယမြောက် နတ်ဘုရားအဆင့်မှာပဲရှိသေးတယ်။"
ခဏလောက်ရပ်ပြီးနောက်တွက် သူဟာဆက်ပြောလိုက်၏။
"တကယ်တော့ ဒီကတိကိုငါလုပ်ခဲ့တာက တစ်ဖက်လူရဲ့အဖေက အရမ်းစွမ်းအားကြီးလို့လေ။ ဒါပေမယ့်အခုတော့ တစ်ဖက်လူရဲ့အဖေကလည်းသေသွားပြီ။ ပြီးတော့ အဲ့ဒီကလေးရဲ့ ပါရမီနဲ့အနာဂတ်ကလည်း သာမန်ပဲဖြစ်နေတယ်။ ဒါကြောင့် မင်းသာဆန္ဒမရှိဘူးဆိုရင် ဒီလက်ဆက်ပွဲကို ငါဖျက်လိုက်လို့ရပါတယ်။"
"ငါတို့ရဲ့ မြူခိုးစင်မြင့်က ထိပ်တန်းဂိုဏ်းမဟုတ်ပေမယ့်လည်း လုမျိုးနွယ်စုရဲ့ အစီအစဉ်တွေကို လုံးဝကြီးနာခံဖို့တော့ မလိုပါဘူး။"
"လုမျိုးနွယ်စုက ငါတို့ရဲ့မြူခိုးစင်မြင့်ကို ခြိမ်းခြောက်ဖို့ မလုံလောက်သေးပါဘူး။"
"သူတို့လုပ်နိုင်ရင်တောင်မှ သာမန်တပည့်လေးတစ်ယောက်အတွက်နဲ့ ငါတို့ရဲ့မြူခိုးစင်မြင့်ကိုဆန့်ကျင်မှာမဟုတ်ဘူး။"
ဝမ်အာဟာ ခဏမျှတွေးတောနေပြီးမှ ချက်ချင်းပြောလိုက်သည်။
"ကျွန်မအတွက်တွေးပေးလို့ကျေးဇူးပါဆရာ။ ဒါပေမယ့်ဆရာက တစ်ဖက်ကိုကတိပေးပြီးနေမှတော့ ဆရာရဲ့စကားတွေကိုပြန်ရုတ်သိမ်းလို့ဘယ်ဖြစ်မလဲ။ တစ်ဖက်ကိုဖိနှိပ်ဖို့အတွက် အားသုံးရင်လည်း အဲ့ဒါကပိုပြီးဆိုးသွားမှာမဟုတ်လား။ အဲ့လိုဆိုရင် ဘယ်သူက မြူခိုးစင်မြင့်ကို ယုံကြည်တော့မှာလဲ။"
"ဒါဆိုရင်...မင်းသဘောကရော"
"ကျွန်မကိုပထမဆုံးကြည့်ခွင့်ပေးပါ။ သူ့ရဲ့ကျင့်ကြံဆင့်နိမ့်နေတာက အံ့ဩစရာမဟုတ်ပါဘူး။ သူကအစောပိုင်းနှစ်တွေတုန်းက အိမ်ကိုပျောက်ဆုံးနေလို့ပဲလေ။ သူသာ အလကားလူဆိုရင် သူ့ကို လက်ဆောင်အကြီးကြီးပေးပြီး ဒီလက်ဆက်ပွဲကို ဖျက်လိုက်မယ်။ ဒါပေမယ့် သူက လုံ့လဝီရိယနဲ့ ကြိုးစားတဲ့ တပည့်တစ်ယောက်ဆိုရင် ဆရာ့ရဲ့ဆန္ဒကို ကျွန်မကျေကျေနပ်နပ် ဖြည့်ဆည်းပေးမှာပါ။"
ဂိုဏ်းချုပ်ဟာခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆို ဒီကိစ္စကို မင်းဆီမှာထားခဲ့မယ်"
"ကောင်းပါပြီ! ကျွန်မ အခု လုမျိုးနွယ်စုဆီ သွားလိုက်မယ်"
…
လုရှောင်ယန်၏ဘက်တွင်မူ သူဟာခြံဝန်းထဲသို့ပြန်ရောက်ပြီးနောက် ထုံးစံအတိုင်းဘာမှပြောစရာမရှိပါချေ။ သူကလုံးဝကိုပင် စတင်ကျင့်ကြံနေလေတော့သည်။
သူ၏လက်ရှိကျင့်ကြံဆင့်မှာ ယခုမှ နတ်ဘုရားအားဖြစ်ပေါ်စေခြင်း၏ အစောပိုင်းအဆင့်၌သာရှိနေသေးသည်။
အများဆုံးတော့ သူဟာအဆင့်ကြီးတစ်ဆင့်ကိုကျော်ဖြတ်နိုင်ခဲ့သည်။ သူ၏အသက်ကိုသာစွန့်စားခဲ့မည်ဆိုလျှင်တော့ သူဟာအဆင့်ကြီးနှစ်ဆင့်ကိုကျော်ဖြတ်နိုင်လိမ့်မည်။ သူဟာ ဤကျယ်ပြောလှသော နတ်ဘုရားလောကကြီးတွင် သူ့ကိုယ်သူမကာကွယ်နိုင်သေးပါချေ။
ယခုသူ၏ဦးစားပေးမှာ ကျင့်ကြံမြဲကျင့်ကြံပြီး ပညာရှင်တစ်ယောက်ဖြစ်လာရန်ပင်။
ပထမဆုံးသူဟာ ပန်းတိုင်အသေးလေးချထားလိုက်သည်။ ငါးနှစ်အတွင်းမှာ... နတ်ဘုရားဧကရာဇ်အဆင့်... က အတန်ငယ်ဝေးကွာနေသေးသည်။ ငါးနှစ်အတွင်းမှာ သူဟာမဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့်ထိ ကျော်ဖြတ်နိုင်ရမည်။
...
အချိန်ဟာ ကုန်ဆုံးသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လနှစ်လကုန်သွားခဲ့ပြီ။
ထိုနှစ်လအတွင်းတွင် လုရှောင်ယန်မှာ အဆင့်နှစ်ဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပြီး သူ၏လက်ရှိကျင့်ကြံဆင့်မှာ စတုတ္ထမြောက်နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်တွင် ပင်ဖြစ်သည်။
သူဟာသက်ရှိအရာတစ်ခုကိုပင်ဖန်တီးနေနိုင်ပြီဖြစ်သည် - ထိုသည်မှာ ယင်ကောင်ငယ်တစ်ခုလိုပင်။
ထိုသည်မှာ လုံးဝရိုးရှင်းလှသည့် သက်ရှိလေးဖြစ်သော်ငြား သူအတော်လေးကြိုးစားဖန်တီးနေရဆဲပင်ဖြစ်သည်။ ဒါဟာ ပန်းများ၊ အပင်များနှင့်မတူသည့် သက်ရှိဖြစ်သည်။
"ကံမကောင်းစွာနဲ့ပဲ၊ ဒါက ပိုးကောင်မဟုတ်ဘူး။ မဟုတ်ရင် ရွှေဝါရောင်ဖြစ်တဲ့အထိ ကြော်လို့ရနေပြီ။ အနံ့က ဘေးအိမ်ကကလေးကိုတောင် ဗိုက်ဆာစေလိမ့်မယ်။"
လုရှောင်ယန်ဟာ ကမ္ဘာလေးထဲတွင် သူဖန်တီးထားသည်များကို အပြင်လောကသို့ပို့ဆောင်ရန် ကြိုးစားလိုက်ပြီး အောင်အောင်မြင်မြင် ထုတ်ယူပို့ဆောင်နိုင်သည်ကိုတွေ့လိုက်ရသည်။
ဒါဟာ လက္ခာကောင်းတစ်ရပ်ပင်။
ဒါဟာ ဘာကြောင့်လဲဆိုရလျှင် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းသို့ရောက်ရှိပြီးပါက ၎င်းတို့ဖန်တီးလိုက်သမျှကို နတ်ဘုရားအားဖြစ်ပေါ်စေခြင်းနှင့်အထက်အဆင့်မှ လူများသာ ဖျက်ဆီးနိုင်ခြင်းကြောင့်ဖြစ်သည်။
ထိုသူ၏ ကျင့်ကြံဆင့်မှာ ပိုနိမ့်နေပါက ထိုသည်ကိုဖျက်ဆီးဖို့ရန်မှာ မဖြစ်နိုင်ပါချေ။
ထိုနည်းလမ်းဖြင့် လုရှောင်ယန်ဟာ သူဖန်တီးထားသည့်သက်ရှိများအား စောင့်ကြည့်ရန်နှင့် တိုက်ခိုက်ရန်ပင်အသုံးပြုနိုင်သည်။
သို့ပေမယ့်လည်း သူ၏ယခုကျင့်ကြံဆင့်မှ အင်မတန်နိမ့်နေသေး၏။ စောင့်ကြည့်ရာတွင်မှာမူ ပြဿနာမရှိပါချေ။ သို့သော် တိုက်ခိုက်ရာတွင်တော့ လုံးဝကို လက်တွေ့မကျပါပေ။
သူထိုအရာများလုပ်ဆောင်နေချိန်တွင် လုရှောင်ယန်မှာတံခါးခေါက်သံကြားလိုက်ရသည်။
သူ၏မျက်ခုံးများအတန်ငယ်မြင့်တက်သွား၏။ အတွေးတစ်ခုဖြင့် သူဟာတံခါးနားသို့ပင်ရောက်နှင့်နေပြီး ငြင်သာစွာဖွင့်လိုက်သည်။
လာရှာသည့်လူမှာ လုရှောင်ချန်နံဘေးရှိ စီစဉ်သူမှလွဲ၍အခြားမဟုတ်ပေ။
"ဘယ်လိုလုပ် ဘဏ္ဍာထိန်းလုက ကျုပ်ရဲ့နေရာကိုလာရတဲ့အထိ အားနေရတာလဲ။"
"သခင်လေးလု၊ သခင်ကြီးက သခင်လေးကို သိုင်းလေ့ကျင့်ကွင်းပြင်ကို စကားပြောရအောင် လာခဲ့ဖို့ဖိတ်ခိုင်းလိုက်လို့ပါ။"
"ဘာလို့သခင်ကြီးလုက ကျုပ်ကို သိုင်းလေ့ကျင့်ကွင်းပြင်ဆီလာဖို့ ရုတ်တရတ်ကြီးခေါ်ရတာလဲ။ အဲဒီမှာ တစ်ခုခုများဖြစ်နေလို့လား။"
"ကျွန်တော်လည်း သေချာမသိပါဘူး၊ ကြားတာတော့ သခင်လေးရဲ့သတို့သမီးလောင်းရောက်နေပြီဆိုပဲ။"
တစ်ခဏကြာပြီးနောက်တွင် တစ်စုံတစ်ယောက်မှာ မထိန်းနိုင်ဘဲ မေးမိသွားသည်။
"ဘာ?"
လုရှောင်ယန်မှာ အတန်ငယ်ကြောင်အသွားပြီး သူ၏အမူအရာမှာ အနည်းငယ်ပဟေဠိဖြစ်သွား၏။
"သခင်လေးရဲ့သတို့သမီးလောင်းက မြူခိုးစင်မြင့်ရဲ့ အပျိုစင်နတ်မိမယ် ကုန်းဝမ်အာပါ။ သခင်လေးရဲ့အဖေက သူမရဲ့ဆရာအသက်ကို အရင်ကကယ်ပေးဖူးလို့ သူမက သတို့သမီးလောင်းဖြစ်သွားတာပါတဲ့။"
"ငါသိပြီ။"
လုရှောင်ယန်ဟာ နားလည်သွားပြီး ချက်ချင်းပင်ပြောလိုက်သည်။
"သူမကို မြင်ဖူးလား။ သူမကဘာနဲ့တူလဲ။"
"မြင်ဖူးပါတယ်။ သူမကအတော်လေးလှပြီးတော့ ဗဟုသုတကြွယ်ဝတယ်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် သူမရဲ့ကျင့်ကြံဆင့်ကမနိမ့်ပါဘူး။ အခုဆိုရင် သူမက မျိုးနွယ်စုရဲ့သခင်လေးတွေ သခင်မလေးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး လုမျိုးနွယ်စုရဲ့ တတိယမျိုးဆက်တပည့်တော်တော်များများကို တစ်ဆက်တည်း အနိုင်ယူခဲ့တာပါ။"
"ဒါပေမယ့် ကျုပ်တို့လုမျိုးနွယ်စုက မြူခိုးစင်မြင့်ထက်မနိမ့်ကျပါဘူး။ သူတို့ခဏလောက်အနိုင်ရသွားလည်း အဆင်ပြေပါတယ်။"
လုရှောင်ယန်ဟာ သူ၏မျက်ခုံးများအားအတန်ငယ်ပင့်လိုက်သည်။
တစ်ဖက်လူဟာ မြူခိုးစင်မြင့်၏ အပျိုစင်နတ်မိမယ်ဖြစ်သည်။ သူမဟာကျင့်ကြံဆင့်မှာဖြစ်ဖြစ် ပါရမီမှာ ဖြစ်ဖြစ် ထိပ်တန်းအရည်အချင်းရှိ၏။
ထို့ကဲ့သို့သော မိန်းကလေးမျိုးမှာ လုမျိုးနွယ်စုမှ ယခုမှသာတွေ့ရှိခဲ့သော သူ့လိုကောင်မျိုးအား စိတ်ကူးပင်ယဉ်မည်မဟုတ်ချေ။
သူမဟာအခုအချိန်မှာ နာလန်ဟုန်ယွီထံမှ သင်ယူရန်လာခဲ့ခြင်းဖြစ်နိုင်သည်။
သူမဟာ စေ့စပ်ပွဲကို ဖျက်သိမ်းလိမ့်မည်။
ထို့နောက်တွင် လုရှောင်ယန်ဟာ သူမကပျက်ရယ်ပြုသည်ကို နှစ်သက်လိမ့်မည်မဟုတ်ချေ။
ယောက်ျားတစ်ယောက်အနေဖြင့် သူဟာ ၁.၈မီတာအရပ်ရှည်ပြီး ခန့်ငြားလေသည်။ မိန်းမတစ်ယောက်က သူ့ကိုပျက်ရယ်ပြုတာကို ဘာကြောင့်ခွင့်ပြုထားရမည်လဲ။
ထို့ကြောင့် လုရှောင်ယန်မှာ ရွေးချယ်စရာမရှိပါချေ။
သက်ပြင်းချလိုက်ပြီးနောက်တွင် လုရှောင်ယန်ကပြောလိုက်၏။
"သိပြီ၊ ငါအခုပဲသွားလိုက်မယ်။"
ထို့နောက်တွင် သူဟာ လုမျိုးနွယ်စု၏ သိုင်းလေ့ကျင့်ရေးကွင်းသို့ အလျင်အမြန်ပဲရောက်ရှိသွားခဲ့သည်။
အဝေးမှနေပြီး သူဟာအင်မတန်အားကောင်းသော ဝိညာဉ်စွမ်းအင်အပြောင်းအလဲကို အာရုံခံမိလိုက်သည်။ ဒါဟာ တတိယမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်လောက်တွင်တော့ ရှိနိုင်ပေသည်။
"အာ... ဒီအရှိန်အဝါက ဝမ်းကွဲအစ်ကိုရဲ့ဟာမဟုတ်လား? ဝမ်းကွဲအစ်ကိုကထပ်ပြီး အဆင့်တက်သွားတာလား?"
လုရှောင်ယန်ဟာ အတန်ငယ်အံ့အားသင့်သွားသည်။ ဒါဟာ နှစ်လကျော်မျှသာရှိသေးပြီး လုရှောင်ချန်ထံတွင် ကျင့်ကြံခြင်းရင်းမြစ်များများစားစားနှင့် သူတပည့်များလို အထောက်အပံ့မရှိပါချေ။ ဘာလို့ သူကဒီလောက်အင်အားကြီးနေရတာလဲ။
သို့သော် သူဟာစစ်မှန်သောအမြင်သုံးပါးအား ဖွင့်လှစ်လိုက်သည်တွင် လုရှောင်ချန်၏ ကျင့်ကြံဆင့်မှာ ပထမမြောက် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်၌ပင်ရှိနေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ သို့ရာတွင် သူသည် လုမျိုးနွယ်စု၏ နတ်ဘုရားလမ်းစဉ်ကို အသုံးပြုနေခြင်းဖြစ်သည်။
နတ်ဘုရားလမ်းစဉ်တွင် ထူးကဲသောစွမ်းအားရှိသည်။ ထိုသည်မှာ အချိန်တိုအတွင်းတွင် ကျင့်ကြံသူ၏ ကျင့်ကြံဆင့်ကို အဆင့်ကြီးတစ်ဆင့်ထိတက်နိုင်အောင် ပြုလုပ်နိုင်ပြီး တိုက်ပွဲတွင်အသုံးပြုနိုင်သည်။
သူ၏ဝမ်းကွဲအစ်ကိုမှာ ထိုမျှထိတတ်နိုင်လိမ့်မည်ဟု သူမျှော်မှန်းမထားခဲ့ချေ။ ကံမကောင်းစွာဖြင့်ပင် သူဟာ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူအား အနိုင်မယူနိုင်သေးပါချေ။
"ဒါက ငါ့ရဲ့သတို့သမီးလောင်းလား။"
လုရှောင်ယန်ဟာ တစ်ဖက်လူကိုကြည့်လိုက်သည်။ ထိုမိန်းမဟာ အတော်လေးခန့်ငြားသည်ဟုပြောရပေမည်။
အရပ်မှာ၁.၇မီတာလောက် အနည်းဆုံးရှိပြီး သူမ၏ ခြေထောက်ရှည်များမှာ အနည်းဆုံး ၁.၁မီတာလောက်ပင်ရှိချေမည်။
သူမတောင်ကုန်းလေးများ၏ အမြင့်မှာလည်း ပျှမ်းမျှအားဖြင့် ၃၆ပတ်လည်တွင်ရှိလောက်သည်။
သူမ၏ ပုံပန်းသွင်ပြင်အား လုံးဝကြီး ဖော်ပြရန်မလိုပါချေ။ ဒီနတ်ဘုရားလောကတွင် ရုပ်ဆိုးသည့်မိန်းမဟူ၍မရှိပါချေ။ ယခင်က ယန်ကျီအန်းအားနှစ်သက်သည့် လင်ချင်ရွှယ်သည်လည်း အလွန်တရာလှပလေသည်။ ဒီကုန်းဝမ်အာမှာ သူမထက် အဆပေါင်းများစွာ ပိုလှလေသည်။
သို့သော်လည်း လုရှောင်ယန်ဟာ ဒါကိုစိတ်မဝင်စားပါချေ။
တဏှာသည် အနတ္တနှင့် တပ်မက်မှု ဖြစ်၏။ ဘာမျှမကောင်းပါချေ။
သူပိုစိတ်ဝင်စားသည့် တစ်ခုတည်းသောအရာမှာ နတ်ဘုရားအားဖန်ဆင်းခြင်း ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော တစ်ဖက်လူ၏ ကျင့်ကြံခြင်းဖြစ်သည်။
တစ်ဖက်လူ၏အရိုးအသက်နှင့် ထိုကျင့်ကြံဆင့်မှာ သူမဟာအင်မတန်အထင်ကြီးစဖွယ်ဖြစ်ကြောင်းပြသနေသည်။
ထိုအချိန်တွင် သူမဟာ သူမ၏ ကျင့်ကြံဆင့်ကိုဖိနှိပ်ထားသည်။ ဒါပေမယ့်လည်း ထိုသို့ဆိုလျှင်တောင် လုရှောင်ချန်မှာ သူမနှင့်ပြိုင်ဖက်မဟုတ်ပါသေးချေ။
လုရှောင်ချန်ဟာ မည်မျှပင် သူ၏နတ်ဘုရားလမ်းစဉ်အား လှည့်ပတ်နေပါသော်ငြား သူမဟာတည်တည်ငြိမ်ငြိမ်နှင့် ခုခံနေဆဲပင်။
သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်ကလေးများနှင့် ကမ္ဘာကြီးတစ်ခုလုံးအား အင်အားအပြည့်ဖြင့် ရွှေ့ပစ်လိုက်တော့မည်ဟန်ပင်တူသေးသည်။
လုရှောင်ယန်ဟာ မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်သည်။
"အဲဒီမြူခိုးစင်မြင့်က ဆီလျော်တဲ့ဂိုဏ်းရောဟုတ်ရဲ့လား။ ငါဘာလို့ သူမရဲ့လက်သေးသေးလေးတွေက အရင်တည်းက လေ့ကျင့်ပေးထားတဲ့ပုံပေါ်တယ်လို့ ခံစားနေရတာလဲ။ ငါသူမနဲ့လက်ထပ်ပြီးရင် မဖျက်ဆီးနိုင်သောရွှေခန္ဓာကိုသုံးထားရင်တောင် သူမဆီကနေအရေနွှာခံနေရဦးမယ်။"
သူဟာခေါင်းကို ခါယမ်းရင်း ရှေ့ကို ပြေးသွား၏။
လုရှောင်ချန်က ပြိုလဲကျတော့မည်ကို သူအာရုံခံမိခြင်းကြောင့်ပင်။
အမှန်ပင်၊ လုရှောင်ယန်ဟာ သိုင်းလေ့ကျင့်ရေးကွင်းသို့ ရောက်ရှိပြီး နှစ်စက္ကန့်မပြည့်မီတွင် လုရှောင်ချန်သည် တစ်ဖက်လူ၏လက်ဝါးကြောင့် အမြောက်ဘောလုံးကဲ့သို့ပင် မြေပြင်ထက်သို့ ပြင်းထန်စွာ ရိုက်ခတ်မိသွား၏။
ဘုန်း!
ပြီးသည်နှင့် တစ်ဖက်လူမှာ ဖြည်းဖြည်းချင်း ဆင်းသက်လာလေသည်။ သူမ၏ကိုယ်ပေါ်ရှိ ချည်သားဝတ်ရုံသည် လေထဲတွင် ကခုန်နေပြီး မရေမတွက်နိုင်သော လုမျိုးနွယ်စု၏ တပည့်များကို စွဲလမ်းသွားစေသည်။
လုရှောင်ချန်သည် တွင်းထဲမှ တွားသွားထွက်လာပြီး ချောင်းဆိုးလိုက်သည်။
“အပျိုစင်နတ်မိမယ်ကုန်းက တကယ်ကို အစွမ်းထက်လှပါတယ်။ ကျုပ်ရှုံးတာကိုဝန်ခံပါတယ်။"
ကုန်းဝမ်အာက ယဉ်ကျေးစွာ ပြုံးပြီး ပြောလိုက်သည် ။
“သခင်လေးလု ၊ ကိုယ့်ကိုယ်ကို လျှော့မတွက်ပါနဲ့။ ကျွန်မက နတ်ဘုရားလမ်းစဉ်အတော်များများကိုကျင့်ကြံထားပြီး ဒါတွေက အရည်အသွေး အတော်မြင့်လို့ပါ။ ဒါကြောင့်ပဲ ကျွန်မမှာ အစွမ်းထက်တဲ့ ကျင့်ကြံဆင့်ရှိနေတာပါ။ သခင်လေးလုမှာသာ လုံလောက်တဲ့ ရင်းမြစ်တွေ ရှိရင် ရှင့်ရဲ့ ကျင့်ကြံဆင့်ကလည်း ကျွန်မထက် နိမ့်ကျမှာ မဟုတ်ပါဘူး။”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၁၇ မင်းကသူ့ရဲ့ ကြီးမြတ်မှုကို မမြင်နိုင်ဘူး
"အပျိုစင်နတ်မိမယ်ကုန်း၊ မင်းကအရမ်းယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်ကကိုယ့်နေရာကိုယ်သိပါတယ်။"
လုရှောင်ချန်စကားဆုံးသည်နှင့် သိုင်းလေ့ကျင့်ရေးကွင်း အဝင်ဝရှိ လုရှောင်ရန်အား တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပြေးထွက်သွားသည်။
"ရှောင်ယန်၊ မင်းရောက်လာဖို့ဘာလို့အဲ့လောက်ထိကြာနေရတာလဲ။"
လုရှောင်ယန်ဟာ ထူးမခြားနားစွာပြန်ဖြေလိုက်သည်။
"ကျွန်တော် ကျင့်ကြံနေတာ။"
"မင်းကကျင့်ကြံရမှာကိုပဲသိတယ်။ မင်းဆီမှာ ကောင်းတာလေးတစ်ခုဖြစ်တော့မယ်ဆိုတာကို သိခဲ့ပြီးပြီလား။"
ထိုသို့ပြောရင်းဖြင့် သူဟာလုရှောင်ယန်အား ကုန်းဝမ်အာ၏ရှေ့သို့ဆွဲခေါ်သွားပြီး အပြုံးတစ်ခုဖြင့် မိတ်ဆက်ပေးလိုက်သည်။
"အပျိုစင်နတ်မိမယ်ကုန်း၊ ဒါကကျုပ်ရဲ့ဝမ်းကွဲညီလေး လုရှောင်ယန်ပါ။ ရှောင်ယန် ဒါက မြူခိုးစင်မြင့်ရဲ့ အပျိုစင်နတ်မိမယ်ကုန်း၊ ကုန်းဝမ်အာတဲ့။ ပြီးတော့ မင်းရဲ့ သတို့သမီးလောင်းလည်းဖြစ်တယ်။"
"မင်္ဂလာပါ။"
လုရှောင်ယန်ဟာ သူ့ထံတွင် ထူးထူးခြားခြားခံစားချက်များမရှိသည့်နှယ် အင်မတန်တည်ငြိမ်စွာပြောလိုက်သည်။
ကုန်းဝမ်အာဟာ လုရှောင်ယန်အား ဂရုတစိုက်အကဲခတ်နေ၏။
သူဟာအင်မတန်ကိုသန့်ရှင်းပြီး ခန့်ငြားသောယောက်ျားပင်ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်မှာသာမန်ပင်ဖြစ်၏။ သူ၏ပုံပန်းသဏ္ဍာန်ကလွဲလျှင် သူ့အတွက် ဘာမှထူးခြားပုံမပေါ်ပါချေ။
သို့ရာတွင် ကုန်းဝမ်အာ၏ လက်ခံမှုနှင့် ထိုက်တန်သည့်အရာတစ်ခုရှိပါသေးသည်။ လုရှောင်ယန်၏ အကြည့်မှာအင်မတန်ကိုပင်သန့်ရှင်းပြီး အခြားသော မည်သည့်ရည်ရွယ်ချက်များမှရှိမနေပါချေ။
သူမ၏ အသွင်အပြင်မှာ နတ်ဘုရားလောက၌ပင် သာမန်မဟုတ်ဟုဆိုနိုင်ပေသည်။ ဒါကြောင့် သူမအား ပိုးပန်းချင်သူအမြောက်အများရှိကြလေသည်။
လုမျိုးနွယ်စု၏ လူငယ်မျိုးဆက်များတွင်တောင်မှ သူမဆီမှာ တစ်ချိန်ပြီးတစ်ချိန် လျှို့ဝှက်စွာ အခွင့်ကောင်းယူကြသူ အတော်များများရှိကြပေသည်။ သူမဟာ ဒါကိုကောင်းကောင်းသိပါ၏။
သို့သော် လုရှောင်ယန်၏ အကြည့်မှာ သူမအပေါ်တွင် လုံးဝမရပ်သွားပါချေ။
သူမတို့၏ပထမဆုံးတွေ့ဆုံမှုတွင် လုရှောင်ယန်ပေါ်ခံစားချက်ကောင်းရှိပေသည်။
သူမဟာခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်၏။
"မင်္ဂလာပါ။"
လုရှောင်ချန်ဟာ လုရှောင်ယန်၏ ပုခုံးအားပုတ်ကာပြောလိုက်သည်။
"မင်းတို့ဒီမှာရှိနေပြီဆိုတော့ နှစ်ယောက်သားစကားကောင်းကောင်းပြောကြပေါ့။ ငါတို့အရင်ပြန်နှင့်မယ်။"
ထိုသို့ပြောရင်းဖြင့် လုရှောင်ယန်မငြင်းဆန်နိုင်မှာတင် လုရှောင်ချန်ဟာ အခြားသူများအား အချက်ပြလိုက်သည်။ လူတိုင်းဟာ နားလည်ပြီး ပြန်သွားကြ၏။
မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ကြီးမားလှသော သိုင်းလေ့ကျင့်ရေးကွင်းကြီးထဲ၌ သူတို့နှစ်ဦးသာကျန်ခဲ့တော့သည်။
လေညင်းလေးတစ်ပွေ့တိုက်ခတ်သွားပြီး လေထုထဲတွင် မသဲကွဲသောရောင်ဝါတစ်ခုရှိနေ၏။
ကုန်းဝမ်အာဟာ လေညင်းလေးတိုက်ခတ်သွားသော ဆံနွယ်နက်လေးများအား သပ်ချလိုက်ပြီး ချက်ချင်းပဲပြောလိုက်သည်။
"ရှင် ကျွန်မရဲ့လာလည်တဲ့ရည်ရွယ်ချက်ကိုနားလည်မှာပါ၊ ဟုတ်တယ်မလား?"
လုရှောင်ယန်ဟာ ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို...ရှင်ဘယ်လိုထင်လဲ။"
"ငါသဘောတူပါတယ်။"
ကုန်းဝမ်အာဟာချက်ချင်းပင် ပြောစရာစကားမဲ့သွားသည်။
ထိုကောင်လေးမှာ အတန်ငယ် စိတ်မရှည်ဖြစ်နေပုံရ၏။
တစ်ဖက်လူအား သဘောတူသလားလို့ပင် မမေးပါချေ။
"ကျွန်မကဒီကို ရှင်ကလူကောင်းတစ်ယောက်ဟုတ်မလားလို့လာကြည့်တာပါ။ မဟုတ်ရင်တော့ ကျွန်မက စေ့စပ်ပွဲကိုဖျက်မှာ။ ရှင်က ဒီလိုသဘောတူတယ်လို့ပြောပြီး ရှင့်ကိုရှင် အပြင်လူတစ်ယောက်လိုတောင်မတွေးဘူးပဲ။"
ကုန်းဝမ်အာဟာ အသက်ပြင်းပြင်းရှူပြီးဆက်ပြောလိုက်လေသည်။
"ကျွန်မအများကြီးမမေးပါဘူး။ ရှင့်ရဲ့ကျင့်ကြံဆင့်က နိမ့်လည်းရပါတယ်၊ ဒါပေမယ့် ရည်မှန်းချက်မရှိလို့မရဘူး။ ရှင့်မှာသာ ရည်မှန်းချက်မရှိရင် ကျွန်မတို့နှစ်ယောက်ကြားမှာ ဆွေးနွေးစရာဘာအကြောင်းမှမရှိတော့ဘူး။"
လုရှောင်ယန်:"..."
ဒီကောင်မလေးက နည်းနည်းတော့များနေလေပြီ။
သူမသာစေ့စပ်ပွဲကိုဖျက်ချင်လျှင် သူတို့ဟာ ကိုယ့်လမ်းကိုယ်သွားရမည်ဖြစ်သည်။ သူတို့နှစ်ဦးလုံးဟာ ကိုယ့်အလုပ်ကိုယ်လုပ်ရမည်ဖြစ်၏။
သူ့ရဲ့ရည်မှန်းချက်က သူမနဲ့ဘာဆိုင်လို့လဲ။
သူမရဲ့နေရာက ဒါကိုစိတ်ပူနေရာမှာမဟုတ်တာ သေချာပါတယ်။
လုရှောင်ယန်၏ မျက်နှာထက်မှ အံ့အားသင့်မှုကို သတိမမူမိဘဲ ကုန်းဝမ်အာကဆက်ပြောလိုက်သည်။
"ဒါ့ထက် ကျွန်မက ရှင်နောက်အနှစ်နှစ်ဆယ်အတွင်း ကျင့်ကြံခြင်းအပေါ်မှာအာရုံစိုက်ဖို့မျှော်လင့်ပါတယ်။ ရှင့်ရဲ့ပါရမီက မကောင်းပေမယ့်လည်း နောက်ထပ်ဆယ်စုနှစ် နည်းနည်းလောက်ဆိုရင် ကျင့်ကြံခြင်းအတွက် ရွှေရောင်ခေတ်ကိုရောက်လာလိမ့်မယ်။ ဒါကြောင့် နောက်အနှစ်နှစ်ဆယ်အပေါ် အဓိကမူတည်ပြီး ရှင်မြန်မြန်သွားနိုင်လိမ့်မယ်။ အဲ့ဒါကြောင့် ရှင်ကြိုးစားဖို့မျှော်လင့်ပါတယ်။"
လုရှောင်ယန်၏ အမူအရာမှာ အတန်ငယ် ထူးဆန်းနေသည်။
တစ်ခုခု... တစ်ခုခုတော့မှားနေပြီမလား?
သာမန်ဇာတ်ကွက်တိုးတက်မှုအရ တစ်ဖက်လူကသူ့ကိုပျက်ရယ်ပြုသင့်ပြီး သူမရဲ့မေးတွေပါမြင့်တက်သွားတဲ့အထိ ရှင်ကအရည်အချင်းမမီဘူးလို့ အကျယ်ကြီးပြောရမှာမဟုတ်ဘူးလား!
တစ်ဖက်လူက တစ်ခုခုကို ရည်ညွှန်းနေတယ်လို့ သူဘာလို့ခံစားနေရတာလဲ။
"ခဏနေပါဦး။ ငါတို့ဆက်မပြောခင် ဒါကို ရအောင်ပြောရမယ်။ ငါတစ်ခုခုမှားနေတယ်လို့ခံစားရတယ်။"
ကုန်းဝမ်အာ၏ မျက်ခုံးများအတန်ငယ်မြင့်တက်သွားပြီး ရှုပ်ထွေးစွာဖြင့်ပြောလိုက်သည်။
"ဘာကိုဆိုလိုချင်တာလဲ?"
"ငါဆိုလိုချင်တာက၊ မင်းကဒီမှာ... စေ့စပ်ပွဲကိုဖျက်ဖို့လာခဲ့တာမဟုတ်ဘူးလား။"
"အာ?"
ကုန်းဝမ်အာဟာ ရုတ်တရတ်ကြီးကြောင်အသွား၏။ သို့သော် သူမ၏အမူအရာမှာ အတန်ငယ်ပင်အရုပ်ဆိုးလာလေသည်။
လုရှောင်ယန်မှာ တကယ်တော့ သူမကဒီကိုစေ့စပ်ပွဲအားအဆုံးသတ်ရန်ရောက်နေခြင်းဟု တွေးထားခဲ့ခြင်းပင်။ သူမ၊ ကုန်းဝမ်အာက ဒီလောက်ထိသည်းမခံနိုင်ဘူးလား။
တကယ်က သူဟာ သူမကို အရူးတစ်ယောက်လို ဆက်ဆံခဲ့မိသည်။
"ရှင်ကကျွန်မတို့ မြူခိုးစင်မြင့်ကိုဘာလို့ထင်နေလို့လဲ? ကျွန်မတို့ရဲ့ မြူခိုးစင်မြင့်က ဒီလိုသစ္စာမဲ့ဂိုဏ်းမဟုတ်ဘူး!”
ဤတစ်ကြိမ်သည် လုရှောင်ယန်၏ ကြောင်အရမည့်အလှည့်ဖြစ်လေသည်။
ဒီအမျိုးသမီးက ခန့်မှန်းလို့မရပါချေ။
သူတို့ဟာ သူ၏ကျင့်ကြံဆင့်မှာ တတိယမြောက် နတ်ဘုရားအဆင့်သာရှိသေးကြောင်း ချပြထားခဲ့သည်။ ထိုကဲ့သို့ အမှိုက်အဆင့်မျိုးနှင့် သူဟာ သူမ၏ဖိနပ်များကိုကိုင်ဖို့ပင် အရည်အချင်းမမီပါချေ။ သူမကသူ့ကိုလက်ထပ်ချင်သေးတာလား။
လုရှောင်ယန်၏အံ့အားသင့်မှုကို အာရုံခံမိသည်နှင့် ကုန်းဝမ်အာ၏မျက်နှာမှာ နီရဲလာသည်။
ထို့နောက်သူမဟာ အနည်းငယ်ချောင်းဟန့်ပြီး ပြောလိုက်၏။
"ဒါပေမယ့် အစောကြီးလည်းပျော်မနေပါနဲ့ဦး။ ကျွန်မက ကတိမတည်တဲ့လူမဖြစ်ချင်ပေမယ့်လည်း ရှင့်ကိုဒီတိုင်းကြီးတော့ လက်မထပ်ပါဘူး။ ရှင့်ကို စမ်းသပ်ဦးမှာပါ။ ဒီစမ်းသက်ချက်တွေကိုကျော်လွှားနိုင်မှပဲ စေ့စပ်တာကို ဖြည့်နိုင်မယ်။ မဟုတ်ရင် ကျွန်မက ကတိမတည်ကြောင်းကို ဂုဏ်ဖော်ရမယ်ဆိုရင်တောင် ရှင့်ကိုလက်ထပ်မှာမဟုတ်ဘူး။"
"အဲဒါကောင်းတယ်။ အကဲဖြတ်ချက်ကို ကျော်လိုက်ကြရအောင်။ ကျုပ်တို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တယ်။ ကျုပ်၊ လုရှောင်ယန်က စေ့စပ်ပွဲကို တဖက်သတ် ဖျက်သိမ်းလိုက်မယ်။"
လုရှောင်ယန်ဟာ တိုက်ရိုက်ပင် စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်၏။
သူဟာကုန်းဝမ်အာ၏ သရုပ်မှန်၊ အင်အားနှင့် အလှအပတစ်ခုကိုမှ ဂရုမစိုက်ပါချေ။
ကုန်းဝန်အာဟာ အခြားသူများ၏ မျက်လုံးထဲတွင် အင်အားကြီးချင်ကြီးနေလိမ့်မည်၊ သူ့အတွက်တော့ သူမဟာ သာမန်ပါပင်။
သူဟာယခုတွင် စတုတ္ထမြောက် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ထိပင် ရောက်ရှိနေလေပြီ။ သူဟာ သူမထက်အဆင့်ကြီးတစ်ဆင့်ပင် ပိုမြင့်မားသည်ကိုမပြောနှင့် သူ၏ကျင့်ကြံနှုန်းနှင့်ဆိုလျှင် နှစ်အနည်းငယ်အတွင်းမှာပင် မဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့်သို့ရောက်နိုင်ပေလိမ့်မည်။
ထိုအချိန်တွင် ကုန်းဝမ်အာမှာ နတ်ဘုရားအားဖြစ်ပေါ်စေခြင်း အဆင့်မျှလောက်သာရှိနေပေလိမ့်မည်။
သူသာရူးမနေပါလျှင် အဘယ့်ကြောင့်သူ့ကိုယ်သူနစ်မြုပ်စေရမည်နည်း။
အကယ်၍ ရန်သူကသာ သူမကို ထပ်မံဖမ်းဆီး၍ ခြိမ်းခြောက်ပါက၊ သူသည် ပို၍ပင် စိတ်ဆိုးနေမည် မဟုတ်ပါလား။
သူ မရူးသရွေ့ လုရှောင်ယန်ဟာ သူ၏ကျင့်ကြံဆင့် အထွဋ်အထိပ်သို့ မရောက်သေးသရွေ့ မိန်းမတစ်ယောက်အား လုံးဝရှာမည်မဟုတ်ချေ။
ဒါ့ပြင် သူရူးနေရင်တောင် မိန်းမတစ်ယောက်ထက် ညီအစ်ကိုတစ်ယောက်သာရှာလိုက်မည်။
ဒါကအရမ်းဒုက္ခများမည်ပင်။
သူဟာ နေ့တိုင်း အလုပ်ကြိုးစားရမည်။ သူသည် သန်းပေါင်း ရာနှင့်ချီ အလကား ပေးရမည်မျှမက တစ်ဖက်ကလည်း ရံဖန်ရံခါတွင် ဝုန်းဒိုင်းကြဲခြင်းကိုခံရဦးမည်။
သူမသည် သူ့အား ချီဖောက်ပြန်သွားသည်အထိ ဒေါသထွက်ကာ ဒွာရခုနစ်ပေါက်မှ သွေးများထွက်စေခဲ့လျှင်ရော။
သူမဟာ သူ့အား ချီဖောက်ပြန်သည်အထိဒေါသမထွက်ဘဲ မပျော်မရွှင်ဖြင့် ဖောက်ပြန်သွားခဲ့လျှင်ရော။ ဒါက သူ နတ်ဘုရားအရှင်ဘုရင်အဆင့်ထိ ကျင့်ကြံထားလျှင်တောင်မှပင် သူ့အားနေရာ၌ပင် ပေါက်ကွဲသွားစေနိုင်၏။
မိန်းမများသည် ကျင့်ကြံလမ်းကြောင်းတွင် အတားအဆီးများပင်ဖြစ်သည်။
အန္တရာယ်ကြုံလာတဲ့အခါ မိန်းမများက ဝန်ထုပ်ဝန်ပိုးဖြစ်ကြတယ်။ အန္တရာယ်မရှိသောအခါတွင်မူ မိန်းမများက အန္တရာယ်ဖြစ်သည်။
ဒါကြောင့်ပင် အကောင်းဆုံးနည်းလမ်းမှာ မည်သည့်မိန်းမနှင့်မဆို မသင့်လျော်သည့် ဆက်ဆံရေးမရှိရန် ကြိုတင်ကာကွယ်ထားရခြင်းဖြစ်သည်။
ဒါပေါ့ ဒါကိုရှင်းပြဖို့ လုရှောင်ယန်မှာ ကုန်းဝမ်အာအားလည်း လုံးဝဂရုစိုက်မနေပါချေ။
သူမဟာအရမ်းကောင်းပါသည်၊ သို့သော်ဒါကသာမန်လူများအတွက်ပင်။ သူ့အတွက်မူ သူမကအရည်အချင်းမမီပါချေ။
နောက်ဆုံးတွင်တော့ သူဟာ အမျိုးသမီးတစ်ဦး၏... မဟုတ်ဘူး ကြီးမြတ်သော ယောက်ျားတစ်ဦးဖြစ်လာချင်ပါသည်။
ကုန်းဝမ်အာမှာ နေရာတွင်ပင်ကြောင်အနေသည်။
ဒါကဘယ်လိုဟာသကြီးလဲ?
ဂုဏ်သရေရှိလှသော မြူခိုးစင်မြင့်၏ အပျိုစင်နတ်မိမယ် ကုန်းဝမ်အာမှာ အငြင်းခံလိုက်ရသည်။
ဒါပေါ့ သူမဟာ ထိုဦးနှောက်မရှိသည့် မိန်းမများကဲ့သို့ ထိုအရာလေးကြောင့် ဒေါသထွက်မည့်လူမျိုးမဟုတ်ပါချေ။ သူမဟာ တိမ်များထက်မှ ပြုတ်ကျလာသည်ဟုလည်း ခံစားရလိမ့်မည်လည်းမဟုတ်ပါချေ။
သူမထံတွင် ထိုကဲ့သို့ တုံးအအ အတွေးများလည်းမရှိပါချေ။
သူမဟာအတန်ငယ် ပဟေဠိဖြစ်သွားရုံပါပင်။
လုရှောင်ယန်က ဘာလို့ဒီလိုလုပ်ရတာလဲ?
အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ကုန်းဝမ်အာက ဆက်ပြောလိုက်သည်။
"ကျွန်မတစ်ခုသိချင်တယ်။ ရှင်တကယ်ပြောနေတာလား။"
"တကယ်ပေါ့။"
"ဘာကြောင့်လဲ?"
"ဘာကြောင့်လဲလို့မေးစရာလိုသေးလို့လား။ ဒါကရိုးရိုးလေးပဲဆိုတာကို နားမလည်လို့လား။"
"မင်းက မြူခိုးစင်မြင့်ရဲ့ အပျိုစင်နတ်မိမယ်ဖြစ်ပြီး ငါက လုမျိုးနွယ်စုရဲ့ အချိန်အတော်ကြာပျောက်ဆုံးနေခဲ့တဲ့ မျိုးဆက်လေးပဲလေ။"
"မင်းက ပထမမြောက်နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီးတော့ ငါက တတိယမြောက် နတ်ဘုရားအဆင့် ပုရွက်ဆိတ်သာသာလေးပါပဲ။"
"မင်းသာအနိုင်ကျင့်ခံရရင် ငါကမင်းကိုဘယ်လိုကာကွယ်ပေးနိုင်မှာလဲ။"
"ပြီးတော့ မင်းသာငါ့ကိုလက်ထပ်လိုက်ရင် မင်းလည်း တခြားသူတွေဆီကနေ အလှောင်ခံရဦးမယ်။"
"ဒါက ပျော်ရွှင်ရမယ့် ကံကြမ္မာပါမလာတဲ့ လက်ဆက်ပွဲလေးပဲဟာကို ငါကဘာလို့ဒီလိုမျိုးဆက်သွားနေလိုက်ရမှာလဲ။"
"စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တာက မင်းအတွက်ရော ငါ့အတွက်ရော အကောင်းဆုံးရွေးချယ်မှုပဲ။"
ကုန်းဝမ်အာ၏ နူးညံ့သောကိုယ်လေးမှာ တုန်ရီသွား၏။ သူမဟာ လုရှောင်ယန်၏ စကားများကြောင့် အင်မတန် အံ့အားသင့်သွားရသည်။
သူမဟာ တစ်ဖက်လူထံတွင် ထိုကဲ့သို့အတွေးများစွာရှိနေမည်ဟု မျှော်မှန်းမထားခဲ့ပါချေ။
ဒါ့အပြင် သူဟာ သူမအတွက်အများဆုံးတွေးပေးခဲ့သည်။ သူ၏ကျင့်ကြံဆင့်မှာ နိမ့်သောကြောင့် သူမအား မကာကွယ်နိုင်မည်ကိုစိုးရိမ်လေသည်။ သူမအပြင်ထွက်သည့်အခါတွင်လည်း အလှောင်ခံရမည်ကိုစိုးရိမ်သေးသည်။
ထိုသို့သောယောက်ျားမျိုးက အင်မတန်သစ္စာရှိလှသည်။ ဒါဆိုဘာလို့ သူကကျင့်ကြံဆင့်နိမ့်နေရတာလဲ။
ထို့ကြောင့် အသက်ပြင်းပြင်းရှူပြီးနောက်တွင် ကုန်းဝမ်အာဟာ လုရှောင်ယန်ထံသို့ အရိုအသေပြုလိုက်သည်။
"ကျွန်မဘာလုပ်ရမလဲသိပါပြီ။ ကျေးဇူးပါ။"
စကားဆုံးသည်နှင့် သူမဟာ တစ်ဖက်သို့လှည့်ကာ ထွက်သွားလေ၏။
လုရှောင်ယန်၏ နှုတ်ခမ်းစွန်းမှာကွေးတက်သွားကာ သူဟာခံစားချက်ကောင်းနေလေ၏။
သူ ပြဿနာသေးသေးလေးကိုဖြေရှင်းလိုက်နိုင်ပြီ။
ဒါကနည်းနည်းလေးအန္တရာယ်များပေမယ့်လည်း အလွယ်တကူဖြေရှင်းနိုင်နေဆဲပင်။ သူဟာတကယ်ကို ဉာဏ်ကြီးရှင်ပါပင်။
သို့ရာတွင် ပြောရမည်ဆိုလျှင်ဖြင့် ကုန်းဝမ်အာသာ စေ့စပ်ပွဲအားဖျက်နိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်မည်။
အကယ်၍ ကုန်းဝမ်အာကသာ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ပါက သူမသည် လျော်ကြေးငွေကို သေချာပေါက် ပေးရလိမ့်မည်။
အထင်ကြီးစရာမဟုတ်ပေမယ့် အနည်းဆုံးတော့ အလကားရသည်ပင်။
ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စေ့စပ်ပွဲပျက်သွားသည်ကပင် ကောင်းနေပြီဖြစ်သည်။
သူမသာ သူ၏ကျင့်ကြံခြင်းကိုမနှောင့်ယှက်ဘဲ နောက်ဆုံးသောအချိန်ထိ သူ့အားတစ်ယောက်တည်းနေခွင့်ပေးလျှင် ကောင်းမည်ဖြစ်သည်။
ကုန်းဝမ်အာဟာ လုမျိုးနွယ်စု၏ခန်းမသို့ အလျင်အမြန်ပင်ရောက်ရှိလာခဲ့သည်။
ထိုအခိုက်တွင် သခင်ကြီးလုနှင့် မြူခိုးစင်မြင့်အကြီးအကဲများမှာ စကားပြောနေကြသည်။
သူမလာသည်ကိုမြင်သော် သခင်ကြီးလုက ချက်ချင်းထရပ်ကာ ပြုံးပြလိုက်သည်။
"ဘယ်လိုလဲ။ အပျိုစင်နတ်မိမယ်ကုန်း၊ ဆုံးဖြတ်ပြီးပြီလား။"
ကုန်းဝမ်အာဟာ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မစိတ်ကိုပြင်ဆင်ပြီးပါပြီ။"
"ဒါဆိုရင်?"
သူမ၏ လေးနက်နေသောအမူအရာကိုကြည့်ပြီး သခင်ကြီးလုမှာ တစ်ခုခုကိုရေးရေးလေးခန့်မှန်းမိပါသည်။
သို့သော်သူဟာ စောဒကမတက်ပါချေ။
ဒါက ကုန်းဝမ်အာဟာ ပထမဆုံးရောက်ကတည်းက သူ့အား လျှို့ဝှက်ပြီးပြောထားခြင်းကြောင့်ပင်။
လုရှောင်ယန်၏ စရိုက်မှာ သူမ၏အကဲဖြတ်မှုကို မဖြတ်သန်းနိုင်ခဲ့လျှင် ဒီလက်ဆက်ပွဲကတိမှာ တရားမဝင်ဖြစ်သွားမည်လေ။
ကလေးမလေးသည် ကျိုးကြောင်းဆီလျော်သောကြောင့် သခင်ကြီးလုမှာ သူမအား လုံးဝမနှောက်ယှက်ဘဲ သူမ၏ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။
အခုတွင်တော့ ထိုကောင်မလေးဟာစေ့စပ်ပွဲကို ဖျက်သိမ်းတော့မည်ဟု ထင်ရပါသည်။
"ကျွန်မ လုရှောင်ယန်ကိုလက်ထပ်ဖို့ သဘောတူပါတယ်။"
ထိုရိုးရှင်းသောဝါကျလေးမှာ တစ်ခဏအတွင်းမှာပင် ခန်းမတစ်ခုလုံးအား သေလောက်အောင်ငြိမ်ကျသွားစေလသည်။
သခင်ကြီးလု၏ သက်ပြင်းသည်ပင် သူ၏လည်ချောင်းတွင် တစ်နေလေသည်။ သူဟာသက်ပြင်းချရမလား မချရမလားကိုပင် မသိတော့ပါချေ။
ကျန်သူများအားလုံးမှာလည်း တုန်လှုပ်ခြောက်ခြားသွားကြသည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၁၈ ဖရိုဖရဲဖြစ်ခြင်း
"အပျိုစင်နတ်မိမယ်၊ ကျုပ်နားကြားများမှားမိသလား? မင်းက လုရှောင်ယန်ကို လက်ထပ်ချင်တယ်? သေချာလို့လား?"
မြူခိုးစင်မြင့်၏အကြီးအကဲမှာ မနေနိုင်တော့ဘဲ အမူအရာမဲ့စွာပြောလိုက်လေသည်။
ကုန်းဝမ်အာမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး အတည်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"အဲ့ဒါအမှန်ပါပဲ။ ကျွန်မ လုရှောင်ယန်ကို တကယ်လက်ထပ်ချင်ပါတယ်။"
ကုန်းဝမ်အာ၏အတည်ပြုချက်ကိုထပ်မံကြားရသောအခါ သခင်ကြီးလုမှာ ချက်ချင်းပင် စားပွဲကိုရိုက်လိုက်ပြီး ပျော်ရွှင်သွားလေသည်။
"ကောင်းပြီလေ! ဒါဆိုရင် မင်းတို့နှစ်ယောက်ကိုထိမ်းမြားပေးဖို့နေ့ကို စီစဉ်ကြရအောင်။"
"အဘိုးလု၊ မစိုးရိမ်ပါနဲ့။"
ကုန်းဝမ်အာဟာ ထပ်မံပြောလိုက်သောအခါ သခင်ကြီးလုမှာ မျက်မှောင်ကျုံ့လိုက်၏။
"ဘာလို့လဲ? မင်းနောင်တရသွားပြီလား?"
ကုန်းဝမ်အာက ခေါင်းကိုခါလိုက်သည်။
"ကျွန်မ ကုန်းဝမ်အာက ဆုံးဖြတ်ချက်ချပြီးတည်းက ကျွန်မရဲ့စိတ်ကို ပြန်ပြောင်းမှာမဟုတ်ဘူး။ ဒါပေမယ့် မတိုင်ခင်က ကျွန်မမှာ နတ်ဘုရားအား ဖန်ဆင်းခြင်းအဆင့်ဆီကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးတွေရှိခဲ့တယ်။ ကျွန်မအဆင့်တက်နိုင်မယ့်အချိန်အတိအကျကိုတော့ မသေချာပေမယ့် နေ့ကောင်းရက်သာကိုရွေးဖို့ဆန္ဒရှိပါတယ်။ ငါးနှစ်အတွင်းမှာ ကျွန်မကျင့်ကြံတာ အောင်မြင်မြင် မမြင်မြင် ရှောင်ယန့်ကိုလက်ထပ်ပါမယ်။ ဒါနဲ့ပက်သက်ပြီး ဘယ်လိုသဘောရပါလဲ။"
"ပြဿနာမရှိပါဘူး။"
သခင်ကြီးလုမှာ လက်ခံသဘောတူလိုက်သည်။
ငါးနှစ်ဆိုသည်မှာ သူတို့လိုကျင့်ကြံသူများအတွက် တကယ်ကိုဘာမှမကြာပါချေ။
ဒါ့အပြင် ငါးနှစ်အတွင်းတွင် သူတို့၏လုမျိုးနွယ်စုသည် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့် မြေးမတစ်ယောက်ကိုလည်း ကြိုဆိုနိုင်ပေဦးမည်။ သခင်ကြီးမှာအလွန်ပျော်ရွှင်နေပြီး၊ ကျုပ်ကဘာလို့ဒါကိုသဘောမတူရမှာလဲ။
"ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်မ ပထမဆုံး မြူခိုးစင်မြင့်ကို ပြန်နှင့်ပါမယ်၊ နှုတ်ဆက်ပါတယ်။"
...
လုရှောင်ယန်၏ ဘက်တွင်မူ သူဟာခြံဝန်းထဲသို့ပြန်ရောက်ပြီးကာစ ထိုင်ပင်မထိုင်ရသေးချိန်တွင် လုရှောင်ချန်ဟာ သတင်းကောင်းများနှင့်အတူ စိတ်လှုပ်ရှားစွာ အပြေးရောက်ချလာလေသည်။
"ရှောင်ယန်! မင်းလုပ်နိုင်ခဲ့ပြီ!"
လုရှောင်ယန်ဟာ သူ့အားစိတ်ရှုပ်ထွေးစွာကြည့်လိုက်ရင်း
"ဝမ်းကွဲအစ်ကို ဘာလို့ဒီလိုပြောတာလဲ။"
"မင်းမသိဘူးလား? အပျိုစင်နတ်မိမယ်ကုန်းက မင်းကိုမပြောခဲ့ဘူးလား?"
"ဘာလဲပြောပါဦး"
"မဟုတ်သေးပါဘူး။ သူမက အဘိုးဆီမှာ မင်းကိုလက်ထပ်ချင်ပါတယ်ဆိုပြီး ပြောပြီးနေပြီ။ ဒါပေမယ့် သူမက အဆင့်တက်ဖို့လိုနေသေးတာကြောင့် ငါးနှစ်အတွင်းမှာ ပြန်လာပြီးမှ မင်းနဲ့လက်ထပ်ပါမယ်တဲ့လေ။"
လုရှောင်ယန်:"???"
ထိုအခိုက်တွင် မေးခွန်းအမှတ်အသားအမြောက်အများဟာ သူ့ခေါင်းထက်တွင် ပေါ်လာ၏။
ဘာတွေဖြစ်နေတာလဲ?
ဘာတွေဖြစ်နေတာလဲ?
သူပဲဖြောင့်ဖြောင့် မတွေးနိုင်တော့တာလား?
ဒါမှမဟုတ် ဒီအလှည့်အပြောင်းလေးတွေကပဲ အရမ်းကို ဆန်းသစ်လွန်းနေတာလား?
ထိုအခိုက်တွင် သူဟာ ထိုလူများ၏ အတွေးကိုလိုက်မမီတော့ဟုပင် ခံစားလိုက်ရသည်။
သူဟာ ဒါကိုအသေအချာရှင်းရှင်းလင်းလင်းပြောခဲ့ပြီးသားပင်။ ဒါ့အပြင် လူတိုင်းကို သူဟာ တတိယမြောက် နတ်ဘုရားအဆင့် အမှိုက်ကောင်သာဖြစ်ကြောင်းလည်း ထုတ်ပြထား၏။
သူဟာ သူ့ကိုယ်သူ ဤမျှလောက်ထိ အရှုပ်ထုပ်ဖြစ်အောင်လုပ်ထားသော်ငြားလည်း သူ၏မိန်းမဖြစ်ချင်သော မိန်းကလေးတစ်ယောက်ရှိနေသေးသည်တဲ့လား။
သူမကရူးနေတာလား? မဟုတ်ရင် စိတ်ကျန်းမာရေးမကောင်းတာလား?
နေပါဦး တစ်ခုခုတော့မှားနေပြီ။
သူမက သူ့ရဲ့အလှမှာ နစ်မြောသွားတာလည်းမဖြစ်နိုင်ပါချေ။ ဘာပဲဖြစ်ဖြစ် ဒီနတ်ဘုရားလောကတွင် ခန့်ညားသော ယောက်ျားများမှာ ပေါများလှချေသည်။
သေစမ်း၊ ဒီမိန်းမက တခြားတစ်ယောက်ရဲ့ ကလေးနဲ့ ကိုယ်ဝန်ရှိနေလို့များ သူ့ကို ခုတုံးလုပ်ပြီး ပြေးချင်နေတာများ ဖြစ်နိုင်လား။
သို့သော် တစ်ခုခု မှားနေပုံရသည်။ ဒီလိုဆိုရင် သူနဲ့ လက်ထပ်ဖို့ စိတ်အားထက်သန်နေသင့်သည်လေ။ ငါးနှစ်လောက်စောင့်ဖို့ သူကဘာကြောင့်ရွေးတာလဲ။
ဖြစ်နိုင်ပါ့မလား… သူမ သူ့ကို လူသား အဂ္ဂိရတ်ဖိုတစ်ခုလို သုံးချင်နေတာ ဖြစ်နိုင်လား။
လုရှောင်ယန်က ဤလောကကြီးတွင် လူအချို့သည် ၎င်းတို့၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ရန် ဤနည်းလမ်းကို အသုံးပြုတတ်ကြသည်ကိုလည်း သိထားလေသည်။
သေလိုက်ပါတော့!
ဒီလိုသာဆိုရင် သူလုံးဝကိုသဘောမတူပါပေ။
ကံကောင်းစွာဖြင့် အချိန်ငါးနှစ်ကျန်နေပါသေးသည်။
ငါးနှစ်ကြာပြီးနောက်တွင် သူဟာမသိနိုင်သေးသော အဆင့်တစ်ခုသို့ရောက်ရှိနေလောက်ပြီ။
ထိုအချိန်တွင် သူတို့ဟာ ဒီလက်ထပ်ခြင်းကို တွန်းအားပေးနိုင်မလားကြည့်ရမည်။ ဒါကိုတွေးတောင်မတွေးကြစမ်းပါနဲ့။
"ရှောင်ယန် မင်းကတော့ ဒီတစ်ခါ သတ်ချလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် မင်း ငါတို့ကို ဒီနေ့ ထမင်းကျွေးရမယ်။ မင်းသာမကျွေးရင် ကောင်းကင်ဘုံက သည်းခံမှာမဟုတ်ဘူး။”
လုရှောင်ယန်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ငါလိုက်ကျွေးပါ့မယ်။"
"ဒါကဘာအတွက်မှာတော့မဟုတ်ပါဘူး။ ငါမင်းကို အနာဂတ်မှာ တိုက်ကွက်အသစ်တွေသင်ပေးမယ်။ ပြီးတော့ မင်းရဲ့ကျင့်ကြံဆင့်ကိုလည်း ပိုပြီးတိုးတက်လာအောင်တတ်နိုင်သမျှကူညီပေးမယ်။ ငါးနှစ်အတွင်းမှာ မင်းရဲ့ကျင့်ကြံဆင့်က တတိယမြောက်နတ်ဘုရားအဆင့်ကနေ အဌမမြောက်နတ်ဘုရားအဆင့် ရောက်အောင်အထိ ငါတတ်နိုင်သမျှ ကြိုးစားပြီးကူညီပေးမယ်။"
လုရှောင်ယန်:"..."
"ထားလိုက်ပါ၊ ကျွန်တော်ကတော့ ကိုယ့်ဘာသာကျင့်ကြံတာ ပိုကောင်းတယ်လို့ထင်တာပဲ။"
သူဟာ ယခုတွင် စတုတ္ထမြောက် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကို ရောက်နေပြီပင်။ သူသာ လုရှောင်ချန်အား လမ်းပြခိုင်းလိုက်ပါက သူ၏ကျင့်ကြံဆင့်မှာ လျော့ကျသွားပေမည်။ ဒါကတော့တကယ်ကြီးမဖြစ်သင့်ပါချေ။
…
တစ်ချိန်တည်းမှာပင် ဟန်ကျန့်မှာနောက်ဆုံးတော့ ဂူထဲကနေ ပျံထွက်လာ၏။
"နှစ်နှစ်တောင်ကျော်သွားပြီပဲ။ ငါ့ရဲ့ကျင့်ကြံဆင့်က လက်ရှိမှာ ပထမမြောက် နတ်ဘုရားအဆင့်ကနေ ပဉ္စမမြောက်နတ်ဘုရားအဆင့်ထိတောင်ရောက်နေပြီ။ အခုက ဒီဆန်းကြယ်တဲ့နတ်ဘုရားလောကအကြောင်းကို စူးစမ်းရတော့မယ်အချိန်ပဲ။"
"ဒီနတ်ဘုရားလောကကြီးက ကျယ်ပြောလှပြီး ကျင့်ကြံသူတွေလည်း အများကြီးရှိတယ်။ ဒီလိုကျင့်ကြံသူတွေနဲ့သာ ရင်ဆိုင်ရရင် ငါကဘာမှန်းမသိလိုက်ရခင်မှာတင် သေသွားနိုင်တယ်။"
"ငါတော့ ငါ့ရဲ့အရင်အလုပ်အကိုင်ဆီကို ပြန်သွားပြီး အုတ်ဂူတူးတာကပိုကောင်းမယ်လို့ထင်တာပဲ။"
"ငါသာ နတ်ဘုရားအရှင်ဘုရင်အုတ်ဂူတချို့ကိုသာ တူးနိုင်ခဲ့ရင်တော့ အကောင်းဆုံးပဲ။ ဒီလိုသာဆိုရင် အနာဂတ်မှာ ပူစရာမလိုတော့ဘဲ နတ်ဘုရားလောကထဲမှာပုန်းနေနိုင်ပြီ။"
ထိုသို့တွေးရင်းဖြင့် ဟန်ကျန့်ဟာ သူ၏ ဓမ္မရတနာနှစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းတို့ထဲမှ တစ်ခုမှာ ရှာဖွေသည့် သံလိုက်အိမ်မြှောင်ဖြစ်သည်။ ထိုသံလိုက်အိမ်မြောင်မှာ ရှေးဟောင်းအုတ်ဂူများတည်ရှိရာနေရာကို ကူ၍ရှာပေးနိုင်သည်။ ထိုနည်းလမ်းဖြင့် တူးဖော်ရမည့်အုတ်ဂူမရှာနိုင်မည်ကို စိတ်ပူစရာမလိုပါချေ။
နောက်တစ်ခုမှာ လှုပ်ရှားမှုတာဝန်ခံ နတ်လက်နတ်ဖြစ်သည်။ ထိုအရာမှာ ၁စက္ကန့်ကို ၅၀၀ကီလိုမီတာသွားနိုင်အောင်ကူညီပေးသည်။
ဟန်ကျန့်ဟာ ဤနေရာတွင် နှစ်နှစ်ကျော်ကြာပုန်းအောင်းနေပြီး ဘာကိုမှ ရှင်းရှင်းလင်းလင်းမမှတ်မိတော့ပါချေ။ သူရှင်းရှင်းလင်းလင်းသတိရသည်မှာ တောင်ပေါ်တွင် နေ့တိုင်း တိုက်ခိုက်ရသည်ကိုနှစ်သက်သည့်လူများရှိသည်ဟုပင်။
ထို့ကြောင့် သူဟာ ရှေးဟောင်းအုတ်ဂူများအား ရှာဖွေရန် အခြားနေရာတစ်ခုကိုရှာဖို့ဆုံးဖြတ်လိုက်သည်။
နတ်လက်နက်ကိုအသုံးပြုပြီးနောက်တွင် ဟန်ကျန့်ဟာ ချက်ချင်းပင် နေရာပြောင်းရွှေ့သွားတော့၏။
သို့ရာတွင် သူထွက်သွားသည်နှင့် လေထုဟာ ထပ်မံပုံပျက်သွား၏။
ထို့နောက်တွင် နတ်ဘုရားလောက၏ ရွှေရောင်တံခါးကြီးမှာ ပွင့်လာပြီး ပုံရိပ်နှစ်ခုခုန်ဝင်လာသည်။
"ဟားဟား... ဒီနှစ်ကတော့ ငါတို့ရဲ့ အလှည့်ပဲ။ နောက်ဆုံးတော့ ဆင်းရဲဒုက္ခကို ကျော်ဖြတ်ပြီး နတ်ဘုရားဖြစ်လာဖို့က ငါတို့ရဲ့အလှည့်ပဲ”
"အမှန်ပဲ! ဒီအထိ ရောက်ဖို့လာက တကယ်ကို မလွယ်ဘူး။ သခင်နဲ့ အခြားသူတွေအားလုံးက ဆင်းရဲဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ပြီး ငါတို့နှစ်ဦးပဲ ကျန်ရစ်ခဲ့တယ်။ ငါတို့က အမည်မဲ့ဂိုဏ်းကို နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့ပြီး နောက်ဆုံးမှာတော့ ဆင်းရဲဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး နတ်ဘုရားလောကကိုရောက်ရှိလာခဲ့ပြီ။"
"လောင်ထိုင် စိတ်မပူပါနဲ့။ ဒီနေ့ကစပြီး နတ်ဘုရားလောကကြီးက ခင်ဗျားနဲ့ကျုပ်အတွက် စင်မြင့်ဖြစ်လာတော့မှာပါ။"
"ကျုပ်တို့နှစ်ယောက်ရဲ့ နာမည်တွေကိုဒီတစ်လောကလုံးမှာ ပျံ့နှံ့သွားအောင်လုပ်ရမယ်။"
“အပြောကောင်းသားပဲ။ ဖိဂုလျန်က အားကြီးတယ်။ အချိန်အတော်ကြာအောင် သခင့်နောက်ကို လိုက်လာတဲ့ လက်ပါးစေတစ်ယောက်ရဲ့ မျှော်လင့်ချက်လိုပါပဲ။ သခင်နဲ့ မင်းရဲ့ အတူရှိခဲ့တဲ့အချိန်က အလကားမဟုတ်ဘူးလို့ ထင်ရတယ်။”
ဖိဂုလျန် : “…”
"လောင်ထိုင်၊ ခင်ဗျားကကျုပ်ကို ပျက်ရယ်ပြုနေတယ်လို့သံသယဖြစ်မိတယ်။"
"မဖြစ်နိုင်ပါဘူးကွာ။ မင်းမှာသက်သေရှိလား? သက်သေပြလေ။ မဟုတ်ရင်တော့ မင်းကိုကျိန်ဆဲတယ်ဆိုပြီး အပြစ်မတင်နဲ့။"
"ငါ မင်းကို စိတ်မ၀င်စားနိုင်ဘူး။"
ဖိဂုလျန်ဟာ ဒေါသဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
ထိုအခိုက်တွင် ကောင်းကင်ထက်မှ စူးရှ၍အားကောင်းသော အရှိန်အဝါအမြောက်အများ ရုတ်တရတ်ထွက်ပေါ်လာသည်။
ဖိဂုလျန်နှင့် လောင်ထိုင်တို့၏ မျက်လုံးများမှာ ချက်ချင်း တောက်လဲ့သွား၏။
"သေစမ်း၊ ဒီမှာတစ်ယောက်ယောက်ရှိနေတယ်။"
"မြန်မြန် သွားပြီးတော့ နှုတ်ဆတ်ရအောင်။ ငါတို့အခွင်အရေးတချို့တောင် ရရင်ရနိုင်မှာ။"
ထိုသို့တွေးရင်းဖြင့် နတ်ဆိုးနှစ်ယောက်ဟာ ချက်ချင်းပင် ကောင်းကင်ယံသို့ပျံသန်းသွားပြီး ၎င်းတို့၏ ခွာများကို လူတိုင်းရှေ့တွင် ဝှေ့ယမ်းပြလိုက်ကြသည်။
"မင်္ဂလာပါ၊ မင်္ဂလာပါဗျ။"
သို့သော် တစ်ခဏအကြာ၌ အော်သံတစ်ခုမှာ တိမ်များဆီမှ ထွက်ပေါ်လာသည်။
"ဖုန်းချန်၊ မင်း ခွေးကောင်၊ မင်းကတကယ်ကြီး ဂိုဏ်းချုပ်ကတော်နဲ့ အရေးကိစ္စလေးတွေလုပ်ရဲတယ်ပေါ့လေ။ မြန်မြန်လေးရပ်လိုက်ပြီးတော့ ဂိုဏ်းချုပ်ဆီမှာ အပြစ်ခံယူဖို့ ငါတို့နဲ့ပြန်လိုက်ခဲ့စမ်းပါ။"
"မင်းတို့က ငါ့ကိုငတုံးလို့များထင်နေတာလား။ ငါသာမင်းတို့နဲ့ ပြန်လိုက်ခဲ့ရင် ငါ့အတွက်မြေမြှုပ်စရာနေရာတောင်မရှိဘဲ သေသွားမှာပေါ့။ ငါသာအဲ့လိုလုပ်ရင် တကယ်ကိုငတုံးဖြစ်သွားမှာပေ့ါ။"
"အားလုံးပဲ ဂရုစိုက်ကြပါ။ သူတို့ကို ကူညီဖို့တကယ်ကြီး နတ်ဆိုးသားရဲနှစ်ကောင်ကိုတွေ့ထားကြတယ်။"
"ဟမ့်! ဘာကိုလဲ? အမှိုက်ကအမှိုက်ပါပဲ။ သူတို့သုံးယောက်လုံးကို ယမမင်းဆီပို့လိုက်ကြစို့။"
နတ်ဆိုးသားရဲနှစ်ကောင်မှာ တမုဟုတ်ချင်းကြောင်အသွားကြသည်။
ဘာတွေဖြစ်နေတာလဲ?
သေလိုက်ပါတော့၊ သူကအခုမှ နတ်ဘုရားလောကကိုရောက်ပြီး လိုက်သတ်ခံရတော့မှာလား။
ပြီးတော့ ပြဿနာက အဲဒီလူကဘယ်သူမှန်းတောင် သူတို့မသိတာပဲ။
အဲဒီလူအပြင်မှာ လှည့်စားတာက သူတို့နဲ့ ဘာဆိုင်လို့လဲ။ သူတို့နှစ်ယောက် နတ်ဘုရားလောကကို ယခုမှသာရောက်ရှိလာပြီး နေရာနှင့်လည်း မရင်းနှီးကြပေ။ သူတို့ ဘာမှ နားမလည်သလို ဘာမှ မသိလိုက်ဘူးလေ။
အမ်...
ပြေး!
...
နောက်တစ်ခဏ လေထုပုံပျက်သွားသည့်အချိန်တွင် နတ်ဆိုးနှစ်ကောင်မှာ ပြေးကြတော့သည်။ နတ်ဘုရားလောက တံခါးမှာ ထပ်မံပွင့်လှစ်လာပြန်၏။ အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးမှာ တဖြည်းဖြည်းချင်းလှမ်းလျှောက်လျက် နတ်ဘုရားလောကထဲသို့ရောက်ရှိလာသည်။
"ဒါက နတ်ဘုရားလောကလား? ငါ လုယိကလည်း တစ်နေ့မှာ အတိဒုက္ခကိုကျော်လွှားပြီး နတ်ဘုရားတစ်ပါးဖြစ်လာမယ်လို့ရော အနိမ့်ပိုင်းလောကကနေ နတ်ဘုရားလောကကိုလာရမယ်လို့ရော မမျှော်လင့်ထားဘူး"
သို့သော် သူမပြောပြီးသည်နှင့် ဓားရိပ်တစ်ခုက ကောင်းကင်မှ ရုတ်တရက် လွင့်ပျံလာပြီး သူမ၏ဆံပင်တစ်ခြမ်းကို ဖြတ်တောက်လိုက်ရာ အတွင်းဘက်ရှိ ဖြူဖွေးနေသော ဦးရေပြားကို ထွက်ပေါ်လာစေသည်။
လုယိဟာ နေမှာတင်ကြောင်အသွား၏။ သူမကောင်းကင်ကိုကြည့်လိုက်သောအခါ ပုံရိပ်အမြောက်အများ အပြင်းအထန်တိုက်ခိုက်နေသည်ကိုမြင်လိုက်ရသည်။ သူမဟာ တစ်ခဏအတွင်းမှာလဲကျသွား၏။
နတ်ဘုရားလောကကြီးက... ဒီလောက်တောင် အန္တရာယ်များတာလား?
သူမဟာ ပထမဦးစွာ ထွက်ခွာရန်ဆုံးဖြတ်လိုက်ပြီး ပုန်းခိုရာနေရာရှာလိုက်၏။ သူမ မထွက်ခွာခင်တွင် နှစ်အနည်းငယ်လောက် ဆက်လက်၍ပုန်းခိုနေရလိမ့်မည်။
သူဟာ နတ်ဘုရားအာရုံကိုဖြန့်ကျက်လိုက်သည်တွင် တောင်ခြေ၌ ဂူတစ်လုံးကိုအလျင်အမြန်တွေ့ရှိသွား၏။
"အာ? ဒီနေရာမှာဂူတစ်လုံးရှိနေတာလား? ကောင်းတယ်!"
အင်မတန်စိတ်လှုပ်ရှားနေသော လုယိဟာ စကားတစ်ခွန်းမျှမဆိုဘဲ ဂူအတွင်းသို့ ပျံသန်းသွား၏။
သူမဂူအတွင်းသို့ရောက်သောအခါ ထပ်မံ၍အံ့အားသင့်သွားရပြန်သည်။
"ဘုရားရေ၊ ဒီနေရာမှာတကယ်ကြီးတော်တော်များတဲ့ အစီအရင်ကောင်းတွေရှိတာပဲ!ကောင်းတယ်! ကောင်းကင်ဘုံက ငါ့ကိုကူညီတာပဲ။"
နောက်တစ်ခဏတွင် သူမဟာချက်ချင်းပင် ဂူကိုချိပ်ပိတ်လိုက်သည်။ ထို့နောက်တွင် သူမဟာ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများကိုထုတ်ကာ သူမ၏ ကျင့်ကြံခြင်းအစီအစဉ်အတွက် အစီအရင်များကို ပြန်လည်ပြုပြင်လိုက်သည်။
...
နတ်ဘုရားလောက၏ အခြားတစ်ဖက်တွင် ဗလာနယ်မြေ၌လည်း နတ်ဘုရားလောကတံခါးဟာပွင့်ဟသွား၏။
မကြာမီတွင် ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးဟာ နတ်ဘုရားလောကတံခါးဝမှ တဖြည်းဖြည်းခြင်း လှမ်းထွက်လာ၏။
"ဒါကနတ်ဘုရားလောကလား?"
သူမ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု၊ ဆန္ဒနှင့် အကြောက်တရားပုံရိပ်များနှင့် ပြည့်နှက်နေသည်။
"လုရှောင်ယန်၊ ငါသာသိုင်းဘုရင်အဆင့်ပညာရှင်ဖြစ်ရင် နင့်နောက်ကိုလိုက်လို့ရတယ်လို့ပြောခဲ့တယ်။ အခုငါက နတ်ဘုရားအဆင့်ပညာရှင်တောင်ဖြစ်နေပြီ။ နင့်ရဲ့စကားလုံးတွေက အသုံးဝင်နေသေးလား သိချင်မိတယ်။"
...
နတ်ဘုရားလောက၊ မြေအောက်လောကဂိုဏ်း။
ပိန်ပါးသောပုံရိပ်တစ်ခုဟာ ချောက်ကမ်းပါးထက်တွင် ရပ်နေ၏။ အနက်ရောင်အလင်းတန်းတစ်ခုမှ သူ၏အနောက်သို့ရောက်လာပြီး အလျင်အမြန်ပင် သူ၏နံဘေးသို့ရောက်ရှိလာသည်။
"ဂိုဏ်းချုပ် ကျုပ်တို့စုံစမ်းခဲ့ပြီးပါပြီ။ ကုန်းဝမ်အာ လက်ထပ်ချင်တဲ့လူက ကောင်းကင်ပင်လယ်မြို့တော်က လုမျိုးနွယ်စုရဲ့ ဂိုဏ်းသားဖြစ်တဲ့ လုရှောင်ယန်ပါ။"
မြေအောက်လောကဂိုဏ်းချုပ်၏ အမူအရာမှာ တည်ငြိမ်နေပုံရသော်လည်း သူ့မျက်လုံးများတွင်လူတစ်ယောက်အား ရင်တုန်သွားလောက်စေသည့် လူသတ်ငွေ့များဖြင့် ပြည့်နေသည်။
"ငါ နှစ်ငါးဆယ်လုံး အစီအစဉ်ဆွဲထားခဲ့တာ။ ဒါတွေအကုန်လုံးက ကုန်းဝမ်အာ မြူခိုးစင်မြင့်မှာ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကိုမြန်မြန်ရောက်ပြီး ငါ့အတွက်လုံလောက်တဲ့စွမ်းအင်ကို ထောက်ပံ့ပေးဖို့ ငါ့ရဲ့လူသားမီးပြင်းဖိုဖြစ်ဖို့ပဲ။"
"ကောင်စုတ်လေးတစ်ကောင်က ငါ့ကိုဒီလိုအနိုင်ယူသွားမယ်လို့ ထင်မထားခဲ့ဘူး။"
"ဒါဆိုရင် ဂိုဏ်းချုပ်၊ ကျုပ်တို့အခုဘာလုပ်ရမလဲ။"
"ကောင်းကင်ပင်လယ်မြို့တော်က တခြားမျိုးနွယ်စု ခြောက်ခုဆီ လုမျိုးနွယ်စုကို ဖျက်ဆီးဖို့နည်းလမ်းစဉ်းစားထားဖို့ သတင်းပို့လိုက်။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၁၉ အဆင့်တက်ခြင်း၊ ဆယ်ပါးသောသိုင်းနတ်ဘုရား
နတ်ဘုရားလောက၊ ထိုက်ယိဓားတာအို။
ပထမဆုံး နေထွက်လာချိန်တွင် ဓားတစ်ချောင်း၏ အငွေ့အသက်မှာ ထိုက်ယိဓားတာအို၏ တားမြစ်နယ်မြေမှ ထွက်ပေါ်လာ၏။
ထိုတားမြစ်နယ်မြေအဝင်ဝတွင် မြေပြင်ကို လှဲကျင်းနေသောဆံဖြူအဘိုးကြီးတစ်ဦးမှာ သူ၏မုတ်ဆိတ်များကိုသပ်လိုက်ပြီး ပြုံးလိုက်၏။
"ဒီကလေးကတကယ် ပါရမီရှိပြီး ဉာဏ်ထက်မြတ်တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ သူက တတိယမြောက်နတ်ဘုရားအဆင့်ကနေ နတ်ဘုရားအားဖန်ဆင်းခြင်း ပထမအဆင့်ထိရောက်အောင် ဖြတ်ကျော်နိုင်ခဲ့တယ်။ ငါ့ရဲ့ထိုက်ယိဓားတာအိုကတော့ နောက်နှစ်ပေါင်း တစ်သောင်းတိုင်အောင် ပူပန်စရာမလိုတော့ဘူး။"
တစ်ခဏအကြာတွင် ဓားတန်ခိုးရှင်ဟုထင်ရသော အဖြူရောင်ဝတ်ရုံဝတ်ပုံရိပ်တစ်ခုမှ တားမြစ်နယ်မြေအဝင်ဝတွင် ပေါ်ထွက်လာသည်။
အဘိုးအိုကိုမြင်သည်နှင့် သူဟာချက်ချင်းပင် လက်နှစ်ဖက်ဖြင့် ဂါရဝပြုပြီး ပြောလိုက်သည်။
"လီချန်းရှန်က စီနီယာကို နှုတ်ဆက်ပါတယ်။"
အဘိုးအိုမှာ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းက အနိမ့်ပိုင်းလောက,ကနေရောက်ရှိလာခဲ့တယ်။ နှစ်ပေါင်းအနည်းငယ်အတွင်းမှာပဲ နတ်ဘုရားအားဖြစ်ပေါ်စေခြင်း ပထမအဆင့်ကိုရောက်ပြီး မင်းရဲ့ ကိုယ်ပိုင်နေရာကိုတောင် ဖွဲ့စည်းနေပြီ။ မင်းရဲ့တိုးတက်မှုကို နှေးတယ်လို့ပြောမရပါဘူး။"
ထိုက်ယိဓားတာအိုက မင်းကိုရှာတွေ့ပြီး ခေါ်လာခဲ့တာက မှန်တဲ့ပုံပါပဲ။
"ဘာလဲ မင်း ငါ့ရဲ့ထိုက်ယိဓားတာအိုမှာ ဆရာတစ်ယောက်ရှာဖို့ ဆန္ဒမရှိသေးဘူးလား။"
လီချန်းရှန်ဟာ သူ၏လက်များဖြင့် ဂါရဝပြုလိုက်ပြန်သည်။
"စီနီယာ၊ ကျွန်တော်ကထိုက်ယိဓားတာအိုကနေ အထောက်အပံ့တွေလည်းရရှိပြီး ထိုက်ယိဓားတာအိုရဲ့ ဂိုဏ်းသားတစ်ယောက်လည်းဖြစ်နေပြီးသားပါ။ ဒါပေမယ့် ကျွန်တော့ကို ဆရာတစ်ယောက်ရှာခိုင်းမယ်ဆိုရင်တော့ ကျွန်တော်မရှာနိုင်မှာကို ကြောက်ရွံ့မိပါတယ်။"
"ဒါပေါ့၊ မင်းရဲ့ဆရာက မင်းအတွက်တကယ်ကိုအရေးပါတဲ့ပုံပါပဲ။ ဒါဆိုရင်လည်း မင်းကိုတွန်းအားမပေးတော့ပါဘူး။ မင်းက ထိုက်ယိဓားတာအိုရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်တယ်လို့ ဝန်ခံရုံနဲ့တင် အဆင်ပြေနေပါပြီ။"
"ကျေးဇူးပါ၊ စီနီယာ။"
လီချန်းရှန်ဟာ ဦးညွှတ်လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။
"စီနီယာ၊ ကျွန်တော်မေးချင်တာတစ်ခုရှိတယ်။"
"မေးပါ။"
"ဒီလောကမှာ လုမျိုးနွယ်စုဆိုတာမျိုးရှိတယ်လို့ စီနီယာသိထားတာများရှိသလား။"
"လုမျိုးနွယ်စု၊ ငါတော့တစ်ခါမှမကြားဖူးဘူး။"
လီချန်းရှန်ဟာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်သည်။
"ဒီလောကမှာ လုမျိုးနွယ်စုလုံးဝမတည်ရှိတာမျိုးရော ဖြစ်နိုင်လား။"
"ဒီလိုကြီးတော့မဟုတ်ပါဘူး။"
အဘိုးအိုမှာ ခေါင်းကိုခါယမ်းလိုက်သည်။
"ငါရဲ့ထိုက်ယိဓားတာအိုတောင်မှနတ်ဘုရားလောကကြီးမှာ အင်မတန်အားကောင်းတဲ့ ဂိုဏ်းဆိုပေမယ့် ထိပ်တန်းအရည်အချင်းရှိအဖွဲ့အစည်းတော့မဟုတ်သေးဘူး။ ငါဆိုရင်တောင် လက်ရှိကျင့်ကြံဆင့်က အမတနတ်ဘုရားဧကရာဇ်အဆင့်မှာပဲရှိသေးတာ။ မင်းပြောတဲ့ လုမျိုးနွယ်စုကပိုပြီးတော့ မြင့်မားတဲ့ဖြစ်တည်မှုတစ်ခုတောင် ဖြစ်နိုင်သေးတယ်။"
"ဒီလိုမျိုးလား။"
လီချန်းရှန်ဟာမထိန်းနိုင်ဘဲ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
"ဆရာ၊ အခုအဆင်ပြေနေရဲ့လား၊ ဆရာတူအစ်ကိုနဲ့အစ်မတို့ရော အခုဘယ်တွေရောက်နေကြတာလဲ။ သူတို့လည်း ဆရာ့ကိုတွေ့ကြပြီလား သိချင်မိတယ်။"
သူသက်ပြင်းချနေချိန်တွင် အဘိုးအိုမှာ ထပ်မံစကားဆိုလာခဲ့၏။
"ချန်းရှန်၊ မင်းကနတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကိုရောက်ပြီး ပါရမီထူးရှိပေမယ့်လည်း အပန်းဖြေလို့မရသေးဘူး။ ကိုယ့်ထက်သာတဲ့တစ်ယောက်ယောက်ရှိနေသေးတယ်လို့ အမြဲသိထားရမယ်။ ငါကြားတာတော့ ငါတို့ရဲ့ ထိုက်ယိဓားတာအိုလိုမျိုးကျော်ကြားတဲ့ ကောင်းကင်ဓားသွားစင်မြင့်မှာလည်း ထိပ်တန်းအရည်အချင်းရှိတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ရှိတယ်တဲ့။ သူရဲ့လက်ရှိကျင့်ကြံဆင့်ကလည်း မင်းထက်ဘယ်လိုမှနိမ့်ကျမှာမဟုတ်ဘူး။"
"ကောင်းကင်ဓားသွားစင်မြင့်?"
"အမှန်ပဲ။ ကောင်းကင်ဓားသွားစင်မြင့်ကလည်း ငါတို့ထိုက်ယိဓားတာအိုလိုမျိုး ကျော်ကြားတဲ့ဂိုဏ်းတစ်ခုပဲ။ ဒါပေမယ့် ငါတို့ထိုက်ယိဓားတာအိုက ရိုးရိုးဓားရှည်ကိုအထူးပြုကျင့်ကြံပြီးတော့ ကောင်းကင်ဓားသွားစင်မြင့်ကတော့ ဓားမော့ပညာရပ်တွေကိုအထူးပြုကျင့်ကြံကြတယ်။ ငါတို့ဂိုဏ်းနှစ်ခုဟာ နှစ်ပေါင်းများစွာတိုင် မိတ်ကောင်းဆွေကောင်းတွေနဲ့ ပြိုင်ဖက်တွေဖြစ်ခဲ့ပါတယ်။”
"တစ်ဖက်လူကသာ ပါရမီအားကောင်းတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်သာဆိုရင် ကျုပ်တို့ရဲ့ ထိုက်ယိဓားတာအိုက မျှော်လင့်ချက်တွေကို မင်းအပေါ်မှာပဲထားနိုင်မှာ။ မင်း ကျုပ်တို့ကို စိတ်မပျက်စေဖို့မျှော်လင့်မိပါတယ်။"
"ကောင်းကင်ဓားသွားစင်မြင့်၊ ဓားမော့နည်းပညာ...အဲ့ဒါသူများဖြစ်နိုင်လား?"
လီချန်းရှန်ဟာ ခဏတဖြုတ်မျက်မှောင်ကျုံ့လိုက်မိပြီး ချက်ချင်းပင် လက်နှစ်ဖက်ကိုယှက်လိုက်သည်။
"စီနီယာစိတ်မပူပါနဲ့။ ကျွန်တော်က ထိုက်ယိဓားတာအိုကိုသူများဆီမှာ ကျဆုံးမခံပါဘူး။"
အဘိုးအိုဟာ သူ၏မုတ်ဆိတ်ကိုသပ်ပြီး ပြုံးလိုက်သည်။
"ဒါကအကောင်းဆုံးပဲ။ မနေ့က ဂိုဏ်းကနေပြီး နတ်ဘုရားလက်ဖက်ရည်အသစ်တစ်မျိုးရခဲ့တယ်။ မင်းအတွက်လည်း တစ်ချို့ယူထားပေးတယ်။ မင်းရဲ့အခန်းထဲမှာပဲ။"
"ကျေးဇူးပါ၊ စီနီယာ"
...
တစ်ဖက်တွင်မူ ဖိဂုလျန်နှင့် လောင်ထိုင်တို့မှာ မရပ်တန့်နိုင်ခင် ရက်အနည်းငယ်မျှပင်ပြေးနေကြရသည်။
"ဟာ..ဟ လောင်ထိုင် ကျုပ်ရဲ့နောက်မှာတစ်ယောက်ယောက်လိုက်လာသေးလား?"
"ဘယ်သူမှ ငါတို့နောက်ကိုမလိုက်လာဘူး။ ငါတို့အတော်ဝေးဝေးကိုပြေးလာကြတာကြောင့် ပြဿနာမရှိတော့ပါဘူး။"
"အရမ်းကြောက်စရာကောင်းတာပဲ။ နတ်ဘုရားလောကကြီးမှာ ကျုပ်တို့နှစ်ယောက်က အားအနည်းဆုံးဖြစ်တည်မှုတွေလို့တောင်ပြောလို့ရတယ်။ ကျုပ်တို့ ဘယ်သူ့ကိုမှ အနိုင်မယူနိုင်ဘူး။"
"ပြောနေတာရပ်လိုက်တော့။ အရင်ဆုံး သခင့်ကိုပဲရှာကြရအောင်။"
"အကြံကောင်းပဲ"
…
လုရှောင်ယန်ဟာ ကုန်းဝမ်အာ၏ အတွေးများအား စမ်းစစ်ပြီးချိန်တည်းက လုရှောင်ချန်ကိုထမင်းလိုက်ကျွေးပြီး သေရည်လည်း တိုက်ခဲ့ရသည်။
သူဟာ ပင်လယ်ခုနှစ်သွယ်စင်မြင့်သို့ တိတ်တဆိတ်သွားပြီး ထိုပင်လယ်ခုနှစ်သွယ်စင်မြင့်မှလဲလှယ်ခဲ့သည့် နတ်သလင်းကျောက်များကိုယူကာပြန်လာသည်။ ထို့နောက် လုမျိုးနွယ်စုဆီသို့ မပြန်ခင်တွင် ပင်လယ်ခုနှစ်သွယ်စင်မြင့်၏ ဂိုဏ်းချုပ်အား ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးအမြောက်အများကိုပေးခဲ့ပြီး ထိပ်တန်းအဆင့်နတ်သလင်းကျောက်များနှင့် ဆက်လက်လဲလှယ်ပေးရန်တောင်းဆိုခဲ့သည်။
ထို့နောက်တွင် သူဟာသီးသန့်ကျင့်ကြံပြီး ဘယ်တော့မှထွက်မလာရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။
နောက်ပိုင်းအချိန်များတွင် သူသည် လုမျိုးနွယ်စုထံမှ ပျောက်ကွယ်သွားသယောင်ပင် ထင်ရသည်။
ဒါဟာလုမျိုးနွယ်စုမှ လစဉ်အထောက်အပံ့များအား နှစ်စဉ်အထောက်အပံ့များအဖြစ်သို့ ပြောင်းလဲလိုက်ရသည်အထိပင်။
သခင်ကြီးလုမှာ လုရှောင်ယန်သည် သူ၏ဇနီးလောင်းအား အမှီလိုက်ချင်သဖြင့်ထိုသို့ပြုလုပ်နေသည်ဟုသာထင်မှတ်နေပြီး အများကြီးမစဉ်းစားခဲ့မိပါချေ။
ထို့ကြောင့် လုရှောင်ယန်မှာ တစ်နှစ်မှ တစ်ခါသာ ထောက်ပံ့ပစ္စည်းများယူရသည့်အချိန်၌သာ အပြင်ဘက်သို့ထွက်လာသည်။ ကျန်သည့်အချိန်များတွင် သူဟာအခန်းထဲ၌ သူ့၏အင်အားတိုးတက်လာအောင်သာ ကျင့်ကြံနေ၏။
အချိန်မှာလျင်လျင်မြန်မြန်ပင်ကုန်ဆုံးသွားခဲ့၏။ မျက်တောင်တစ်ခတ်အတွင်းတွင်ပင် နောက်ထပ်နှစ်နှစ်ကုန်လွန်သွားသည်။
လုရှောင်ယန် သူ၏မျက်လုံးအားဖွင့်လိုက်သည့်အခိုက်တွင် လုမျိုးနွယ်စုတစ်ခုလုံးမှာ ထူးဆန်းသည့်အပြောင်းအလဲကို အာရုံခံမိလိုက်ကြသည်။
သာမန်လူများမှာ ထိုသည်ကိုအာရုံမခံနိုင်ကြသော်လည်း သခင်ကြီးလု၏ ကိုယ်မှာ တုန်ရီသွားလေသည်။
"ဒီအားက...?"
သို့သော် မျက်တောင်တစ်ခတ်စာအတွင်းမှာပင် သူ၏စွမ်းအားမှာပျောက်ကွယ်သွားပြီး လုရှောင်ယန်ထံမှဖိနှိပ်ခံလိုက်ရသည်။ ထို့ကြောင့်သူဟာ သက်သေပျောက်ပြီး ခြေရာမခံနိုင်တော့ပါချေ။
"ထူးဆန်းတယ်၊ အခုဒါက ပုံရိပ်ယောင်များဖြစ်နိုင်လား။"
အခန်းထဲတွင် လုရှောင်ယန်သည် အသက်ရှူထုတ်လိုက်ပြီး ပျော်ရွှင်နေသောအမူအရာကို ထုတ်ဖော်လိုက်သည်။
"ငါနောက်ဆုံးတော့ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကို ရောက်ရှိသွားခဲ့ပြီ။"
လွန်ခဲ့သည့်နှစ်နှစ်အတွင်းတွင် လုရှောင်ယန်သည် နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်၏ အထွဋ်အထိပ်ထိရောက်ရှိခဲ့ပြီးနောက် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကိုကျော်ဖြတ်ရောက်ရှိလာနိုင်ခဲ့ပြီဖြစ်သည်။
နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ဟာ ကမ္ဘာငယ်တစ်ခုအားဖန်တီးနိုင်လိုက်သည့်အချိန်တွင် ဆယ်ပါးသောသိုင်းဘုရင်အဆင့်ကို အောင်မြင်ပြီဖြစ်သည်။ ဆိုလိုသည်မှာ ဖန်ဆင်းရှင်ကမ္ဘာငယ်လေးကို ကန့်သတ်ချက်အထိ တီထွင်ပြီး မြေကြီး၊ ရေ၊ လေနဲ့ မီးစသည့် ဒြပ်စင်အမျိုးမျိုးကို ဖန်တီးခဲ့ခြင်းပင်။
ရှင်းရှင်းလင်းလင်းပြောရလျှင် ထိုနေရာသည် ပြင်ပကမ္ဘာနှင့် ထပ်တူကျသည့်အထိ ဂုဏ်ရည်များကို တိုးမြှင့်ထားသည်ဟု ဆိုလိုသည်။
အရည်အချင်းရှိလေလေ၊ လူနေမှုပုံစံများ ပိုမိုဖန်တီးနိုင်လေလေဖြစ်ပြီး ကျင့်ကြံမှု အားကောင်းလေဖြစ်သည်။
လုရှောင်ယန်ဟာ နောက်ဆုံးတွင် ကိုယ်ပိုင်ကမ္ဘာငယ်လေးများ၏ အသုံးပြုပုံကိုနားလည်သွားပြီဖြစ်သည်။
ပထမ အသုံးပြုပုံမှာ ဖန်တီးထားသည့်အရာများကို တိုက်ခိုက်ရန်အသုံးပြုခြင်းပင်။
ကမ္ဘာငယ်မှာ ပိုမိုသန်မာလေ ထိုအထဲရှိဖန်တီးထားသည့်အရာများမှာ ပိုမိုသန်မာလေဖြစ်ပြီး တိုက်ခိုက်နည်းများမှာလည်း ပိုမိုကြွယ်ဝလေသည်။
ဥပမာဆိုရလျှင် လုရှောင်ယန်ဟာ သူ၏ကမ္ဘာငယ်ထဲမှ မြေ၊ရေ၊လေ၊မီးတို့ကို အမျိုးမျိုးသောဒြပ်စင်တိုက်ခိုက်မှုများအဖြစ်သို့ ပြောင်းလဲတိုက်ခိုက်နေနိုင်ပြီဖြစ်သည်။
သူ၏ကျင့်ကြံဆင့်သာ အဆင့်တစ်ခုထိရောက်ရှိသွားပါလျှင် သူဟာအင်မတန်စွမ်းအားကြီးသောကျင့်ကြံခြင်းနှင့် သက်ရှိတစ်ယောက်အား ဖန်တီးနိုင်မည်ဟု ခန့်မှန်းထားသည်။
ဒါဟာ နွီဝါမှ လူသားများကိုဖန်ဆင်းခြင်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထိုသည်ကိုတွေးရင်းဖြင့် လုရှောင်ယန်မှာ အတန်ငယ်ရူးကြောင်ကြောင်နိုင်သလို ခံစားလိုက်ရသည်။
နောက်ထပ်တိုက်ခိုက်မှုတစ်ခုမှ လူများအား သူ၏ကမ္ဘာငယ်အတွင်းသို့ ဆွဲသွင်း၍တိုက်ခိုက်ရန်ဖြစ်၏။
ဒါပေါ့၊ ဒါဟာထိုကမ္ဘာငယ်ကိုလည်း သန်မာအောင်ပြုလုပ်ထားပါရန် လိုအပ်ပေသည်။ သာမန်ကမ္ဘာလေးမှာ လုံလောက်စွာအားမကောင်းဘဲနှင့် လူများကိုဆွဲသွင်းလိုက်ပါလျှင် ၎င်းတို့မှကမ္ဘာငယ်အား ဖျက်ဆီးလိုက်ပါက ပိုင်ရှင်၏ ကိုယ်ကိုပင် အပြင်းအထန်ဒဏ်ရာရစေနိုင်သည်။
သို့သော် ကမ္ဘာငယ်မှာ အင်မတန်အားကောင်းနေပါလျှင် ပြဿနာရှိမည်မဟုတ်ချေ။
၎င်းသည် ပြဿနာမဟုတ်ရုံသာမက ကမ္ဘာငယ်ပိုင်ရှင်၏ တိုက်ခိုက်ရေးနည်းလမ်းများကို တိုးမြှင့်ကာ ဝိညာဉ်စွမ်းအားနှင့် လောက၏အမျိုးမျိုးသောဒြပ်စင်များကို စုပ်ယူနိုင်စွမ်းရှိသည့် တစ်ဖက်လူ၏စွမ်းရည်ကို သီးခြားခွဲထုတ်မည်ဖြစ်သည်။ သူ့ကိုယ်သူ သန်မာစေရန် ရန်သူကိုလည်း အဆက်မပြတ် ဖျက်ဆီးပစ်မည်ပင်။
ဒါကို အင်မတန်မှာ သာမန်မဟုတ်သော တိုက်ခိုက်ခြင်းနည်းလမ်းဟုခေါ်ဆိုနိုင်သည်။
နောက်ဆုံးအနေနဲ့ နှစ်ဖက်စလုံး၌ ကမ္ဘာငယ်များရှိပြီး တစ်ဖက်ကို သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာငယ်ထဲသို့ ဆွဲမသွင်းနိုင်လျှင်တောင် ထိခိုက်ပျက်စီးစေရန်အတွက် ၎င်းတို့၏ကမ္ဘာငယ်များကို တိုက်ခိုက်စေနိုင်သေးသည်။
ထိုအခိုက်အတန့်တွင် တစ်ဦး၏ကမ္ဘာငယ်မှာ အတော်ပင်အားနည်းနေပါက ရန်သူကြောင့် ထိခိုက်ဒဏ်ရာအတော်များများရနိုင်ပေသည်။
ထို့ကြောင့် ကမ္ဘာငယ်များမှာလည်း ကျင့်ကြံပြီး သန်မာရမည်။
နတ်ဘုရားလောကတွင် နောက်ထပ်ဆိုရိုးတစ်ခုရှိသေးသည်။
၎င်းမှာ "နတ်ဝိညာဉ်က ကောင်းကင်ဘုံမှာမူတည်ပြီး ကမ္ဘာငယ်ကတော့ ကျင့်ကြံခြင်းမှာမူတည်တယ်။" ဟုပင်။
ဒါဟာ အဘယ့်ကြောင့်ဆိုသော် နတ်ဝိညာဉ်အား ကောင်းကင်ဘုံမှ ကံသတ်မှတ်ထားခြင်းကြောင့်ပင်။ မည်မျှ အစွမ်းထက်သည်ဆိုသည်ကို အစကတည်းက သတ်မှတ်ထားသည်။ လူတစ်ဦး၏ ကျင့်ကြံမှု တိုးလာသည်နှင့်အမျှ နတ်ဝိညာဉ်သည်လည်း ဖြည်းဖြည်းမှန်မှန် တိုးတက်နေပေလိမ့်မည်။ ကြီးမားသော ခြားနားချက်တစ်ခု ချက်ချင်းဖန်တီးရန်မှာ မဖြစ်နိုင်ပါချေ။
သို့သော် ကမ္ဘာငယ်မှာမူ ခြားနားသည်။ လုံ့လစိုက်ထုတ်နေသရွေ့ အချိန်တိုလေးအတွင်းမှာပင် ၎င်းတို့ခွန်အားကို မြန်မြန်ဆန်ဆန် တိုးလာစေနိုင်မည်မှာ အသေအချာပါပင်။
ထို့ကြောင့် တစ်ခါတရံတွင် နတ်ဝိညာဉ်၌ ပါရမီမရှိသည့်လူများမှာ သူတို့၏ကမ္ဘာငယ်များဖြင့်သာ ပြင်ဆင်ဖြည့်စွက်လေ့ရှိကြသည်။
တစ်ဖက်လူမှာ ဝိညာဉ်၏ အခွင့်အလမ်းဖြင့် အားကောင်းနေပါလျှင် သူဟာ ကမ္ဘာငယ်၏ ဖိနှိပ်ခြင်းဖြင့် အားကောင်းနေပါလိမ့်မည်။
၎င်းတို့နှစ်ခုမှရောယှက်နေသည်။ အချို့ နတ်ဝိညာဉ်အားကောင်းသော ဉာဏ်ကြီးရှင်များသည် ကမ္ဘာငယ်များမှ အားကောင်းသော ကျင့်ကြံသူများအား အနိုင်မယူနိုင်ကြပါချေ။
ထိုရှူထောင့်မှကြည့်ပါလျှင် ကောင်းကင်ဘုံမှာ မျှမျှတတရှိပြီး ထိုအလုပ်ကြိုးစားသူများအား မျှော်လင့်ချက်မဆုံးစေပါပေ။
လုရှောင်ယန်မှာ အိပ်ရာမှထလိုက်ပြီး ရုတ်တရတ်တစ်စုံတရာမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
သူ၏အဝတ်အစားများမှာ နည်းနည်းလောက်... မသင့်လျော်နေသလိုပါပင်။
ဒါကထူးဆန်းတယ်။ သူကကျင့်ကြံနေတာပါ။ ဘယ်တုန်းက သူ သူ့အဝတ်အစားတွေကိုထိလိုက်တာလဲ?
သူဟာသူ၏ခေါင်းကို နှိမ့်လိုက်ပြီး သူ၏အကြည့်ကိုလွှဲလိုက်သည်။ သူ၏ အင်္ကျီကော်လံမှာ အတန်ငယ်ယားယံနေသည်ကို ခံစားမိပြီး ချက်ချင်း ထိုအရာကိုထိကြည့်လိုက်၏။
ထို့နောက်တွင် ဖြူဆွတ်၊ နူးညံ့သော... ဆံပင် ထွက်ပေါ်လာသည်?
"ထူးဆန်းတယ်၊ ငါကဘာလို့ဆံပင်ဖြူနေရတာလဲ? ပြီးတော့ ဒီဆံပင်နဲ့နည်းနည်းရင်းနှီးနေသလိုပဲ။"
"ဝမ့်ခိုက်!"
သူဟာ အော်ရန်ကြိုးစားလိုက်သည်၊ သို့သော် ဝမ့်ခိုက်မှာ မရွေ့ပါချေ။
အကြိမ်အနည်းငယ်လောက် အော်ပြီးချိန်တွင် ဝမ့်ခိုက်ဟာ မတုံ့ပြန်လာပါပေ။ ဝမ့်ခိုက်ဟာ နိုးမလာသေးဟန်တူ၏။
ဒီလိုဆိုလျှင် သူ့အားမေးဖို့ရာ အသုံးမဝင်တော့ပါချေ။
သို့ရာတွင် ထို့သို့ဆိုလျှင် မတိုင်ခင်ကမြင်းနက်များဖြစ်သည့် ယဲ့ချန်နှင့် အခြားသူများမှာ အင်မတန်ကို စွမ်းအားကြီးလှသည်။ ထို့ကြောင့် ဝမ့်ခိုက်မှာ ကံကောင်းမှုများအား စုပ်ယူရန် ဤမျှလောက်ကြာနေရခြင်းဖြစ်မည်။
သို့သော် ထိုဝမ့်ခိုက်မြိုချလိုက်သည့် ယန်ကျီအန်းမှာ ကံကောင်းမှုအမြောက်အများမရှိသင့်ပါချေ။
အဲဒီအမှိုက်ကောင်လေးကို အစာချေဖို့ နှစ်နှစ်တောင် မလုံလောက်ဘူးလား။
သူဟာဝမ့်ခိုက်၏ အစာချေစနစ်ကိုလည်း သေချာနားမလည်ပါချေ။
သူဟာ ပဟေဠိဖြစ်နေစဉ်တွင် တံခါးမှ တံခါးခေါက်သံထွက်ပေါ်လာ၏။
လုရှောင်ယန်၏ စိတ်မှာရှုပ်ထွေးနေပြီး တံခါးအပြင်ဘက်သို့ နေရာကူးပြောင်းသွားလိုက်သည်။
ဒါဟာ လုရှောင်ချန်မှ သူ့အားဒီနှစ်အတွက် ကျင့်ကြံခြင်းရင်းမြစ်များလာပို့ခြင်းကို သူသိပါသည်။
ဒါဟာ သူလုရှောင်ချန်အား သဘောတူထားသည့်နေ့လည်းဖြစ်သည်။ ဒါ့ကြောင့်သူဟာ ယနေ့တွင် ကျင့်ကြံရာမှ ထလာခြင်းဖြစ်သည်။
မဟုတ်လျှင် သူဟာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ထိ တက်လှမ်းနိုင်ခဲ့လျှင်တောင် သူဟာကျင့်ကြံရာမှထလာဖို့မဖြစ်နိုင်ပါချေ။
သို့သော် သူတံခါးသို့ရောက်သည့်အချိန်တွင် လုရှောင်ချန်အားမသိပါချေ။ ထိုအစား ဘဏ္ဍာထိန်းလုက သူ့အား ရင်းမြစ်များလာပို့ဆောင်သည်ကိုသာတွေ့လိုက်ရသည်။
"နှုတ်ဆက်ပါတယ်၊ သခင်လေး"
ဘဏ္ဍာထိန်းလုဟာ ဦးညွှတ်လိုက်ပြီး လုရှောင်ယန်ထံသို့ သိုလှောင်အိတ်အား လွှဲပြောင်းပေးလိုက်သည်။
"သခင်လေး ဒါက ဒီနှစ်သခင်လေးအတွက် အထောက်အပံ့ပါ။"
"ငါ့ဝမ်းကွဲအစ်ကို ဘာလို့ဒီမှာရှိမနေရတာလဲ။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၂၀ လမ်းတစ်ဝက်မှာ တပည့်လေးကပျောက်သွားတယ်
"အကြီးဆုံးသခင်လေးက ခဏလောက်တော့မလာနိုင်သေးပါဘူး။"
လုရှောင်ယန်၏ မျက်ခုံးများ အတန်ငယ်မြင့်တက်သွားသည်။
"ဘာကိုပြောချင်တာလဲ?"
"သခင်လေး၊ သခင်လေး သီးသန့်ကျင့်ကြံနေတဲ့ ၂နှစ်အတွင်း လုမျိုးနွယ်စုဆီမှာ အပြောင်းအလဲအတော်များများဖြစ်သွားတယ်။ တခြားမျိုးနွယ်စုတွေက လုမျိုးနွယ်စုကို အတော်လေးကျဉ်းထဲကျပ်ထဲရောက်အောင်လုပ်နေကြတယ်။"
"မင်းတို့တွေပြောတော့ ငါ့အဖိုးရဲ့ကျင့်ကြံဆင့်က သူတို့တွေထက် အတော်လေးကျော်နေပြီဆို? သူတို့ကအဖိုးကို ဘယ်လိုတောင်လာဆွရဲကြတာလဲ?"
ဘဏ္ဍာထိန်းလုမှာ သက်ပြင်းချလိုက်သည်။
"ဘာတွေဖြစ်နေတာလဲတော့ ကျုပ်မသိပေမယ့် အဲဒီလူတွေရဲ့ ကျင့်ကြံဆင့်တွေက မကြာသေးခင်ကတော်တော်လေး အားကောင်းလာကြတယ်။ အချို့မျိုးနွယ်စုတွေရဲ့ ဘိုးဘေးတွေရဲ့ ကျင့်ကြံဆင့်တွေက သခင်ကြီးကိုလိုက်မီနေကြပါပြီ။ သူတို့က သခင်ကြီးနဲ့အတော်လေး အဆင့်တော့ကွာနေသေးပေမယ့် အဲ့ဒီကွာခြားမှုကလည်း တော်တော်လေးလျော့လာနေပြီ။ သခင်ကြီးကလည်း သူတို့ကိုဆန့်ကျင်ပြီး အကျိုးအမြတ်များများရမှာမဟုတ်ဘူးလေ။"
လုရှောင်ယန်၏ အမူအရာမှာ အတန်ငယ်လေးနက်သွား၏။
"သိပြီ၊ ပထမဆုံး ခင်ဗျားသွားလို့ရပါပြီ။"
"ဟုတ်ကဲ့ပါ။"
"ငါ လုမျိုးနွယ်စုဆီမလာခင်က လုမျိုးနွယ်စုဆီမှာ ဘယ်လိုဒုက္ခကြုံရတာကိုမှမမြင်ခဲ့ရဘူး။ အခုဆိုရင် ငါကဒီမှာရှိနေပြီး ဒီလိုတစ်စုံတရာကဖြစ်လာတယ်။ ဒါက ငါအရမ်းကိုကံဆိုးနေလို့များလား? ဒါမှမဟုတ် ဇာတ်လိုက်တွေအများကြီးကိုသတ်ပြီးတော့ နောက်ဆုံးမှာ ငါက ဇာတ်လိုက်ဖြစ်လာတာလား? သွားတဲ့နေရာတိုင်းမှာ သေဆုံးမှုတွေကိုဖြစ်စေတဲ့ သူတို့ရဲ့စရိုက်တွေကိုများ အကူးစက်ခံလိုက်ရတာလား?"
လုရှောင်ယန်ဟာ ဤသည်မှာ တိုက်ဆိုင်မှုဟုမထင်ပါချေ။ ယခင်က မျိုးနွယ်စုအချို့၏ ဘိုးဘေးများမှာ သခင်ကြီးလု၏အနိုင်ယူခြင်းကိုခံထားရသည်ပင်။ သို့သော် ဒီအချိန်တိုလေးအတွင်းမှာပင် ၎င်းတို့သည် သခင်ကြီးလု၏ ခွန်အားကို မီလုနီးနီးပင်ရှိနေပြီဖြစ်သည်။
ထိုသူတို့ထဲမှာ တစ်ယောက်နှစ်ယောက်သာ ထိုသို့ဖြစ်သည်ဆို အဆင်ပြေသေးပါသော်ငြား ယခုမှာ ထိုလူအားလုံး တစ်ပြိုင်နက်တည်း တိုးတက်လာခြင်းဖြစ်သဖြင့် ပုံမှန်ပင်မဟုတ်ပါချေ။
အဆုံးမှာတော့ သူတောင်ဝင်ပါနိုင်ရချေရှိသည်။ မဟုတ်လျှင် လုမျိုးနွယ်စုမှာ လုံးဝကိုဖျက်ဆီးခံလိုက်ရပေမည်။
လုရှောင်ယန်ဟာ မနေနိုင်ဘဲ ခပ်လေးလေးသက်ပြင်းချလိုက်၏။ ဖုံးကွယ်ပြီး ကျင့်ကြံနေဖို့က ဘာလို့အဲ့လောက်ထိခက်ခဲနေရတာလဲ?
ကောင်းကင်ဘုံက ဘာလို့သူ့ကို ပြဿနာတွေအကုန်လုံးကနေ အားလပ်ခွင့်လေးမပေးနိုင်တာလဲ?
သူဟာ တစ်ယောက်တည်းသာ ကောင်းကောင်းကျင့်ကြံချင်တာဖြစ်သည်။ ကောင်းကင်ဘုံက သူ့ကိုပျင်းနေတယ်ထင်ပြီးများ စိတ်လှုပ်ရှားစရာလေးတွေ အံ့အားသင့်စရာလေးတွေ ပေးချင်နေတာလား။
သို့ရာတွင် ထိုကိစ္စအားအတည်မပြုနိုင်မီတွင် လုရှောင်ယန်ဟာ များများစားစားမတွေးတော့ပါချေ။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ အကုန်လုံးသူ့နေရာနဲ့သူအဆင်ပြေသွားရင်ရော?
သခင်ကြီးလုသာ ထိုသူတို့အား သတ်ပစ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ထိုသို့ဆိုလျှင် သူဟာပေါ်ထွက်လာစရာမလိုတော့ဘဲ ဖုံးကွယ်ပြီး ကျင့်ကြံနိုင်မည်ဖြစ်သည်။
"အမိတာဘ၊ ဟာလေလုယျ၊ ဟို...ဘုရားသခင်ကောင်းချီးပေးပါစေ။ ကျုပ်၊ လုရှောင်ယန်ဟာ နည်းနည်းလောက်လေးဆိုးပြီး လူအများကြီးကိုသတ်ခဲ့ပေမယ့် ကျုပ်က တစ်ကိုယ်တည်းသမားလေးဖြစ်နေတာကို ထောက်ထားညှာတာပြီးတော့ ကျုပ်ကိုကာကွယ်ပေးပါ။ အာမင်"
လုရှောင်ယန်ဟာ သူ၏လက်ဖဝါးများအား အချင်းချင်းဖိကပ်ထားပြီး ပတ်ပတ်လည် ဝန်းကျင်ကို ဂါရဝပြုနေသည်။ ထို့နောက် သူသည် သူ၏ ခြံဝင်းငယ်ဆီသို့ ပြန်သွားကာ ကံကောင်းစေရန် ကံကောင်းခြင်းရွှေနဂါးအား ပေါ့ပေါ့ပါးပါးပင်ကင်လိုက်သည်။
သူ၏ကံ ပိုကောင်းမည်ကို သေချာစေရန်အတွက် သူဟာ ပိုမိုအားကောင်းသည့် ကံကောင်းခြင်းရွှေနဂါးအမျိုးအစားကိုပင် ကင်ခြင်းဖြစ်သည်။
ထို ပိုအားကောင်းသည့် ရွှေနဂါးအမျိုးအစားမှာ တကယ်ကိုပင် အထင်ကြီးစရာကောင်းသည်ဟုပြောနိုင်သည်။ သူ၏အသားမှာ ပိုမိုဝါးရလွယ်ပြီး ကြွက်သားလည်းအင်မတန်များသည်။ နှိုင်းယှဉ်ရမည်ဆိုလျှင် သာမန်ရွှေနဂါးမှာ ပါးစပ်ထဲတွင် ပျော်ဝင်လောက်သည့် ငါးဟုဆိုလျှင် ပိုမိုအားကောင်းသည့် အမျိုးအစားမှာ ကြွက်သားများသော အမဲသားနှင့်တူသည်။
ထိုအရာအားလုံးမှာ ပင်လယ်စာနှင့်အရသာတူသော်လည်း နူးညံ့မှုနှင့် အသွင်အပြင်မှာ ကွာခြားလေသည်။
ဒါ့အပြင် ရိုးရိုးသားသားပြောရလျှင်ကံကောင်းခြင်းရွှေနဂါး၏ ပိုမိုအားကောင်းသော အမျိုးအစားမှာ ဘာဘီကျူးလုပ်စားရန်အတွက် ပိုမိုသင့်လျော်ပေသည်။
ရွှေရောင်နဂါးအနည်းငယ်စားပြီးချိန်တွင် လုရှောင်ယန်၏ကိုယ်မှ ဝမ့်ခိုက်၏အသံထွက်ပေါ်လာ၏။
[သခင်၊ သခင် ငါ့ကို လွမ်းနေလား?]
နောက်တစ်ခဏတွင် ဝမ့်ခိုက်ဟာ သူ၏လူပုံအသွင်ယူလိုက်ပြီး လုရှောင်ယန်၏အရှေ့တွင်ပေါ်လာလေသည်။
"မင်းနောက်ဆုံးတော့ထွက်လာပြီပဲ။"
လုရှောင်ယန်ကပြောလိုက်သည်မှာ " မင်းကိုမေးပါရစေဦး။ မင်းငါကျင့်ကြံနေတဲ့အချိန်တုန်းက နိုးနေခဲ့တာလား?"
[မဟုတ်ပါဘူး၊ မနိုးခဲ့ပါဘူး။ ငါလည်း တိုးတက်ဖို့အတွက် ကျင့်ကြံနေပြီး ကိုယ့်ဘာသာကြိုးစားနေတာပါ]
လုရှောင်ယန်ဟာ အတန်ငယ်သံသယဖြစ်သွားသည်။
"တကယ်လား?"
[ဒါပေါ့၊ အမှန်ပဲ။ ကျိန်ရဲပါတယ်]
လုရှောင်ယန်ဟာ သူ၏အမူအရာကိုအသေအချာဂရုစိုက်ကြည့်ရှူလိုက်ပြီး သူဟာလိမ်နေပုံတော့မရပါချေ။
သို့သော်လည်း ဤဝမ့်ခိုက်၏ အပြုအမူကို အဓိပ္ပါယ်ဖွင့်ဆိုရန် ယေဘုယျအမြင်ကို မသုံးနိုင်ပေ။ နောက်ဆုံးတော့လည်း သူက စနစ်တစ်ခုဖြစ်နေဆဲဖြစ်ပြီး သူ၏အင်အားသည် လုရှောင်ယန်နှင့် တန်းတူဖြစ်သည်။ ၎င်းမှာ သူ၏အမူအရာကို ဖုံးကွယ်ရန် အလွန်လွယ်ကူနေသေးသည်။
"ဒါဆိုမင်းမှာ အဖြူရောင်သားမွေးရှိလား?"
[အိုက်ယား၊ ခင်ဗျားကစိတ်ရှုပ်စရာပဲ သခင်ရယ်။ ကျွန်တော့်မှာ ဘယ်လိုလုပ် အဖြူရောင်ဆံပင်ရှိနိုင်မှာလဲ။ ဒါက ငါ့ရဲ့ ခွေးပုံစံပြောင်းမှပေါ်လာတာပါ။ ဒါပေမယ့် ငါကအခု လူအသွင်နဲ့ ပြီးတော့ လူသားမိန်းကလေးပုံစံနဲ့လေ။ ငါ့ရဲ့ ဆံပင်ကလည်း အကုန် အမည်းရောင်ပဲ]
"တကယ်လား?"
[ဒါပေါ့အမှန်ပဲ။ သခင် မယုံရင် တစ်ချက်လောက်ကြည့်ကြည့်လို့ရတယ်]
ဝမ့်ခိုက်ဟာ သူ၏စကတ်ကိုမတင်လုနီးနီးဖြစ်နေသည်ကိုမြင်သော် လုရှောင်ယန်သည် အလျှင်အမြန်တစ်ဖက်သို့လှည့်ကာ လက်ကိုယမ်းပြလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ငါမင်းကိုယုံကြည်ပါတယ်။"
ဝမ့်ခိုက်၏နှုတ်ခမ်းထောင့်စွန်းများမှာ မမြင်နိုင်သောအပြုံးတစ်ခုကို လှစ်ဟပြလာ၏။
လုရှောင်ယန်မှာ သူ၏ခေါင်းကိုလှည့်ထားပြီး သတိမထားမိသောကြောင့်ပင်။
"ကောင်းပြီလေ၊ လုပ်စရာရှိတာပဲလုပ်ကြရအောင်။ မင်းကိုအဆင့်မြှင့်ထားပြီးပြီဆိုတော့ ပိုပြီးသန်မာလာသင့်တယ် မဟုတ်လား? ဒါဆို တပည့်တွေကို အာရုံခံနိုင်လား?"
[ဒီအချိန်မှာတော့ အားလုံးကိုအာရုံမခံနိုင်သေးပေမယ့် အနီးဆုံးတစ်ယောက်ဖြစ်တဲ့ ကျူးကောကျီချုံကိုတော့ အာရုံခံနိုင်နေပါပြီ]
"အိုး? ငါ့ကိုသူမရဲ့အချက်အလက်ဇယားပြပါဦး?"
[ကောင်းပါပြီ!]
ဝမ့်ခိုက်ဟာ ကျူးကောကျီချုံ၏ အချက်အလက်ပြဇယားကို အလျင်အမြန်ထုတ်ယူလိုက်သည်။ သူမ၏ကျင့်ကြံဆင့်မှာ တတိယမြောက်နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သို့ပင်ရောက်ရှိနေသည်။ သူမထံတွင် အတော်ကောင်းမွန်သည့် ကျင့်ကြံဆင့်ရှိနေ၏။
နောက်ဆုံးတော့လည်း ကျူးကောကျီချုံက နတ်ဘုရားလောကထဲမှာ နှစ်အနည်းငယ်လောက်နေလာပြီးပြီလေ။
သို့သော် ကျူးကောကျီချုံ၏ကျင့်ကြံဆင့်မှာ သူ၏ကျင့်ကြံနှုန်းကိုပင် မီလုနီးပင်ဖြစ်သည်။
လုရှောင်ယန်၏ ကျင့်ကြံဆင့်မှာ တပည့်လေးများ၏ကျင့်ကြံဆင့်များလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေသည့်အတွက် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သို့တက်ရောက်နိုင်ခြင်းပင်။
သူ့မှာသာ တပည့်များထံမှအထောက်အကူရှိမနေဘူးဆိုပါလျှင် ကျူးကောကျီချုံထက် အနည်းငယ်မျှသာပိုမြင့်ပြီး နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်နှင့် အထက်များလောက်သာ ရောက်ရှိနိုင်ပေမည်။
ပါရမီအကြောင်းအား ပြောရမည်ဆိုလျှင် သူ၏တပည့်များမှ မည်သူကမှသူ၏ ပါရမီကိုမယှဉ်နိုင်ပါချေ။
သို့သော် ကျူးကောကျီချုံ၏ ကျင့်ကြံဆင့်မှာ တတိယမြောက်နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သို့ရောက်နေပြီး သူ၏သာမန်ကျင့်ကြံခြင်းအခြေအနေနှင့်ပင် တူညီလုနီးနီးဖြစ်သည်။
ဒါက သူမက နတ်ဘုရားသွေးတွေကို ရူးရူးမိုက်မိုက်စုပ်ယူခဲ့တာကြောင့်များဖြစ်နိုင်လား။
လုရှောင်ယန်ဟာ သူ့တပည့်လေး၏ ချစ်စဖွယ် သွားစွယ်သေးသေးလေးများကို တွေးမိသွားသောအခါ မထိန်းနိုင်ဘဲ တုန်ရီသွား၏။
ထားလိုက်ပါတော့၊ သူအများကြီးမတွေးတော့ဘူး။
"မင်း သူမကိုအာရုံခံနိုင်တယ်ဆိုကတည်းက ဝိညာဉ်လမ်းညွှန်ကို အသုံးပြုနိုင်နေပြီလား?"
"ဟုတ်ကဲ့၊ ဆရာ။ ကျွန်တော် သူ့ကို ဒီနေရာကိုလာရောက်ဖို့အတွက် ဝိညာဉ်လမ်းညွှန်ကိုသုံးလိုက်ပါမယ်။
ဝမ့်ခိုက်ဟာ ဝိညာဉ်လမ်းညွှန်ကို လျင်လျင်မြန်မြန်ပင် အသုံးပြုလိုက်သည်။
ထို့နောက်တွင် လုရှောင်ယန်ဟာ လက်ဆောင်ထုပ်များအား ရရှိလိုက်ပြီး ဖွင့်ကြည့်လိုက်၏။
ထိုအထဲတွင် ပိုမိုကောင်းမွန်သောအရာတစ်ခုခုရှိမည်ကို သူမြင်ချင်မိသည်။
နက်နဲမှုဝိညာဉ်× 12345
တကယ်ကိုပင် နက်နဲမှုဝိညာဉ်အား အစုလိုက်အပြုံလိုက်ရရှိလာ၏။
နက်နဲမှုအစီအရင်—မသေမျိုးသတ်ဖြတ်ခြင်းဓားအစီအရင်× 1။
မသေမျိုးသတ်ဖြတ်ခြင်းဓားအစီအရင်မှာ နက်နဲမှုအစီအရင်ဖြစ်ပြီး ခိုင်မာကာ စွမ်းအားကြီးမားသည်။ ၎င်းကိုအသုံးပြုလိုက်သည်နှင့် သေသလားရှင်သလားအားပြောဖို့ရန်ပင်ခက်ခဲချေသည်။ ၎င်းမှာမယှဉ်နိုင်လောက်အောင် အန္တရာယ်ကြီးပြီး ဂရုတစိုက်အသုံးပြုသင့်ပေသည်။
"မသေမျိုးသတ်ဖြတ်ခြင်းဓားအစီအရင်၊ ဒါက နက်နဲမှုအစီအရင်မဟုတ်ဘူးလား? ဒါကအရမ်းအထင်ကြီးစရာကောင်းတဲ့ ဂိုဏ်းချုပ်ရဲ့ အစီအရင်မဟုတ်လား?"
[မဟုတ်သေးဘူး၊ ဆရာ။ ဒါကအစီအရင်အရိပ်သဏ္ဍာန်ပဲဖြစ်သေးပြီး တကယ့် မသေမျိုးသတ်ဖြတ်ခြင်းဓားအစီအရင်မဟုတ်သေးဘူး။ မသေမျိုးသတ်ဖြတ်ခြင်းဓားအစီအရင်ကို မသေမျိုးသတ်ဖြတ်ခြင်းဓား လေးချောင်းနဲ့ဖွဲ့စည်းထားတယ်။ ဒီအစီအရင်အရိပ်သဏ္ဍာန်က အတုအယောင်ဖြစ်ပြီးတော့ တကယ့်မသေမျိုးသတ်ဖြတ်ခြင်းဓားအစီအရင်လောက် အားမကြီးဘူး။ ဒါပေမယ့်လည်း ဒီလောကကြီးမှာတောင် ဒါကအရမ်းစွမ်းအားကြီးနေတုန်းပဲ]
"ငါသိပြီ"
လုရှောင်ယန်ဟာခေါင်းငြိမ့်လိုက်ပြီး လက်ဆောင်ထုပ်များကိုဆက်ဖွင့်နေလိုက်သည်။
နက်နဲမှုအဆင့် မဟာတန်ခိုးရှင်ကောင်းကင်နဂါး× 1။
နက်နဲမှုအဆင့် ဂေါတမအရှင်၏ မြင့်မြတ်သောလက်ဝါးတော်× 1။
နက်နဲမှုအဆင့် သွေးဘီလူးနတ်ဆိုးအနုပညာ×1။
နက်နဲမှုအဆင့် မြစ်ဝါကိုးသွယ်အစီအရင်×1။
နက်နဲမှုအဆင့် အမတသွေးဆေးလုံး×10။
နက်နဲမှုဝိညာဉ် နှိမ့်ချခြင်းတေးသွား ×1။
နက်နဲမှုဝိညာဉ် သင်္ဂြိုဟ်သီချင်းသံ×1။
…
သူ့မှာတကယ်ကို မည်သည့် နတ်ဘုရားလမ်းစဉ်မှ ရှိမနေပါချေ။ ၎င်းတို့အားလုံးမှာ နက်နဲမှုလမ်းစဉ်များပင်! ဒါကိုကြည့်ခြင်းဖြင့် ဝမ့်ခိုက်မှာ ပို၍ပို၍အံ့ဖွယ်ဖြစ်လာသည်။
ကောင်းမွန်သည့်အရာအတော်များများကို ဖွင့်ဖောက်ကြည့်ပြီးသောအခါ လုရှောင်ယန်မှာ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။
သူဟာထပ်မံ၍ ကောင်းမွန်သည့်အရာများကို လက်ခံရရှိပြန်ပြီပင်ဖြစ်သည်။ သူဟာခဏလောက်တော့ အလုပ်ရှုပ်နေဦးတော့မည်ထင်ပါသည်။
သူ၏လက်ရှိကျင့်ကြံဆင့်နှင့်ဆိုလျှင် သူဟာ ကိုယ်ပွားနှစ်ခုအား ဖန်တီးနိုင်နေပြီသည်။ ထိုနည်းလမ်းဖြင့် လူသုံးယောက်မှာ တစ်ချိန်တည်း ညီတူညီမျှပင် ကျင့်ကြံနိုင်မည်ဖြစ်သည်။ ယခင်ကနှင့်စာလျှင် ကျင့်ကြံနှုန်းမှာ အတော်လေးပိုမြန်လာ၏။
အမတသွေးဆေးလုံးနှင့် တွဲစပ်လိုက်ရသော အကျိုးကြောင့် လုရှောင်ယန်၏ ကျင့်ကြံဆင့်မှာ ထပ်မံ၍အတော်လေးတိုးတက်လာပြန်သည်။
ထိုနည်းလမ်းဖြင့် တစ်နှစ်မပြည့်ခင်တွင်ပင် လုရှောင်ယန်၏စွမ်းအားမှာ ထပ်မံကာ အင်မတန်တိုးပွားလာနိုင်ဖွယ်ရှိသည်။ သူဟာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကို ကျော်လွန်ခဲ့ပြီးသည်အား အခွင့်ကောင်းယူလျက် တစ်ရာသောဧကရာဇ်တိုက်ပွဲနတ်ဘုရားအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ဒါ့အပြင် ယခုတွင် သူဟာ ပဉ္စမြောက်တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပင်ရှိနေသည်။
ထိုသည်ကိုကြည့်ခြင်းဖြင့် သူဟာ ငါးနှစ်အတွင်းတွင်ပင် အမတနတ်ဘုရားအရှင်ဘုရင်အဆင့်သို့ ပြဿနာမရှိဘဲ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။
ကံမကောင်းစွာဖြင့် အမတသွေးဆေးလုံး၏ အကျိုးသက်ရောက်မှုမှာ အကောင်းဆုံးပင်ဖြစ်သည်။ အများကြီးအသုံးပြုပြီးသည်တွင်မူ အကျိုးသက်ရောက်မှုမှာ မကြီးမားတော့ဘဲ တဖြည်းဖြည်းနှင့် အကျိုးမရှိပင်ဖြစ်လာ၏။
ထို့ကြောင့်လုရှောင်ယန်ဟာ အမတသွေးဆေးလုံးအား အသုံးပြုခြင်းဖြင့် သူ၏ကျင့်ကြံဆင့် အင်မတန်တိုးတက်လာရန် မျှော်လင့်မထားတော့ပါချေ။
သူဟာ အမတသွေးဆေးလုံးရှိ အမတသွေးအား ပြန်လည်မသန့်စင်ခင်တွင် ကျူးကောကျီချုံအား စောင့်ဆိုင်းရန်စီစဉ်ထားလိုက်၏။ ထို့နောက်တွင် ဒါကို ကျူးကောကျီချုံအား တိုက်ကျွေးနိုင်ပေမည်။ ထိုနည်းလမ်းဖြင့် ကျူးကောကျီချုံ၏ကျင့်ကြံဆင့်မှာ မြန်သထက်မြန်အောင် တိုးလာပေလိမ့်မည်။
သူ၏ကျင့်ကြံဆင့်သည်ပင် ပိုမိုမြန်မြန်ဆန်ဆန်တိုးတက်လာပေလိမ့်မည်။
ပြီးပြည့်စုံတယ်။
လုရှောင်ယန်ဟာ မကျင့်ကြံတော့ဘဲ ဓမ္မရတနာ၏ စွမ်းအားကိုသာ တိုးမြှင့်နေလိုက်သည်။
သူဟာ အင်မတန်အားနည်းသည်။ သူဟာနတ်ဘုရားလောကတွင် လေးငါးနှစ်လောက်ကြာအောင် နေထိုင်နေခဲ့ပါသော်လည်း ယခုမှ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့သေးသည်။ သူကတကယ်ကို အမှိုက်ဆန်တာပဲ။
ထိုနှုန်းထားဖြင့် သူသာ တကယ့်စွမ်းအားကြီးသူများနှင့် ရင်ဆိုင်ရလျှင် သေဆုံးသွားလိမ့်မည်။
ကျင့်ကြံခြင်း၏ အရှိန်သည် ဦးတည်ချက်ရှိပြီး နေ့ချင်းညချင်း မအောင်မြင်နိုင်ပေ။
သို့သော် ဓမ္မရတနာကို အဆင့်မြင့်ထားလျှင် ဒါက လုရှောင်ယန်၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားကိုပင် တိုးမြင့်လာစေနိုင်သည်။
သူ့ထံတွင် နောက်ထပ်မည်သည့်နည်းလမ်းမှမရှိတော့ပါက သူဟာ ထိုအရာအား ကိုယ်ပိုင်ပျက်စီးခြင်းအထိအသုံးပြုလိုက်ပေမည်။ ထိုသည်မှာ သတ်ဖြတ်လုယက်ခြင်းအတွက် အင်မတန်ကိုအရေးပါလှသောပစ္စည်းပင်။
လုရှောင်ယန်ဟာ များစွာသော နက်နဲမှုလက်နက်များအား ပိုမိုအားကောင်းလာစေလိုက်သည်။
ဥပမာဆိုရလျှင် သူဟာ ယခင်က ဖွင့်ကြည့်သောအခါ လက်ရာမြောက်စေတီမှာ သာမန်အလယ်အလတ်နတ်ဘုရားအဆင့်ပစ္စည်းမျှသာဖြစ်သည်။ သို့သော် လုရှောင်ယန်မှာ ၎င်းအား နက်နဲမှုအဆင့်ထိ အဆင့်တိုးမြှင့်ပြီးသောအခါ သူ၏အမည်မှာပင် ရတနာခုနှစ်ဆူလက်ရာမြောက်စေတီဟူ၍ဖြစ်လာခဲ့သည်။
ထိုသည်အား အဓိကအားဖြင့် ရန်သူကိုထောင်ချောက်ဆင်ရာတွင် အသုံးပြုသည်။
၎င်းအား တောင်နှင့်မြစ်ပန်းချီနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
သို့ရာတွင် ၎င်းတို့နှစ်မျိုး၏ ခြားနားချက်မှာ တောင်နှင့်မြစ်ပန်းချီ၌ ပတ်ဝန်းကျင်နှင့် ဒြပ်စင်များပါရှိနေခြင်းပင်။ နောက်တစ်မျိုးဖြစ်သည့် ရတနာခုနှစ်ဆူလက်ရာမြောက်စေတီမှာ အထဲတွင် မည်သည့်အရာမျှမရှိသော နေရာအလွတ်ကြီးပင်ဖြစ်၏။
ဥပမာ သူဟာ ကောင်းကင်စည်းတံဆိပ်၈ခုရေးဆွဲခြင်းအစီအရင်၊ ရှေးဟောင်းနဂါးအစီအရင်၊ ကြယ်ကြွေအင်ပါယာအစီအရင်နှင့် အခြားသောအစီအရင်အမျိုးမျိုးတို့အား ၎င်းထဲတွင် ဖြည့်ထားလိုက်မည်။
ထိုနည်းလမ်းဖြင့် ရတနာခုနှစ်ဆူလက်ရာမြောက်စေတီဟာ အမျိုးမျိုးသောအတိုက်အခိုက်စွမ်းရည်များအားရရှိနိုင်မည်ဖြစ်သည်။
သူ၏အခြားသော ဓမ္မရတနာများကိုလည်း ထပ်တူပင်ပြုလိုက်သည်။
သို့သော် လုရှောင်ယန်မှာ ထိုအရာအားလုံးအား ပြုလုပ်ထားပြီးသော်ငြား နောက်တစ်နှစ်မှာ ထပ်မံကုန်ဆုံးသွားလေပြီး ကျူးကောကျီချုံမှာ လုမျိုးနွယ်စု၏အခြေချနေရာသို့ ရောက်မလာသေးပါပေ။
"ဒါတကယ်ကိုထူးဆန်းတယ်။ ယုတ္တိရှိရှိပြောရမယ်ဆိုရင် သူအရင်တည်းကရောက်သင့်နေတာပါ။ ဘာပဲဖြစ်ဖြစ် အတော်လေးကြာနေပြီလေ။"
"ဝမ့်ခိုက်၊ ငါ့ကို အဲ့ဒီ့တပည့်လေးတွေရဲ့ အချက်အလက်တွေကိုဖွင့်ပြပါဦး။"
***