အခန်း (၃၂၁-၃၂၅)
Vol. 22 Ch. 321-325
အပိုင်း ၃၂၁ တသီးတခြားအခြေအနေ
အတော်လေးနီးစပ်ပြီး အချက်အလက်ဇယားတွင်ပင် မြင်နေရဆဲဖြစ်သည့် ကျူးကောကျီချုံအား လုရှောင်ယန်မှာ လှုပ်ရှားမှုအချက်အလက်ကနေတဆင့်သာ လက်ရှိအခြေအနေကို ဆုံးဖြတ်နိုင်ရုံဖြစ်သည်။
[ကောင်းပါပြီ၊ ထုတ်ပေးနေပါတယ်]
ဝမ့်ခိုက်ဟာ တပည့်များ၏ လှုပ်ရှားမှုအချက်အလက်များအား လုရှောင်ယန်ထံပို့ဆောင်နေလေသည်။
လုရှောင်ယန်ဟာ ချက်ချင်းပင်ဖွင့်ကြည့်လိုက်သည်။
[သင်၏တပည့် ယွင်လီကောမှာ နတ်ဆိုးသားရဲအုပ်စု၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပါသည်...]
[သင်၏တပည့် ယွင်လီကောမှာ နတ်ဆိုးသားရဲမိခင်အုပ်စု၏တိုက်ခိုက်ခြင်းကိုခံခဲ့ရပါသည်...]
[သင်၏တပည့် ယွင်လီကောမှာ နတ်ဆိုးသားရဲဖခင်အုပ်စု၏တိုက်ခိုက်ခြင်းကိုခံခဲ့ရပါသည်...]
[သင်၏တပည့် ယွင်လီကောမှာ နတ်ဆိုးသားရဲဘိုးဘေးအုပ်စု၏တိုက်ခိုက်ခြင်းကိုခံခဲ့ရပါသည်...]
[သင်၏တပည့် ယွင်လီကောမှာ နတ်ဆိုးသားရဲမျိုးနွယ်စုတစ်ခုလုံး၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပါသည်...]
[သင်၏တပည့် ယွင်လီကောမှာ မိစ္ဆာကျင့်ကြံသူ၏ လိုက်လံဖမ်းဆီးခြင်းကိုခံနေရပါသည်...]
[သင်၏တပည့် ယွင်လီကောမှာ အမျိုးသမီးများ၏ လိုက်လံဖမ်းဆီးခြင်းကိုခံနေရပါသည်...]
...
လုရှောင်ယန်:"..."
ဒီယွင်လီကောက ဘာတွေလုပ်နေတာလဲ?
ဘာလို့တခြားတပည့်တွေက အဆင်ပြေနေရတာလဲ? ယွင်လီကောတစ်ယောက်တည်း လိုက်ဖမ်းပြီး တိုက်ခိုက်ခံနေရတဲ့အချိန်မှာလေ။
အဲ့ဒီကောင်လေးကပဲ ကံမကောင်းတာများလား?
သူသွားလေရာမှာ ဘာလို့အနိုင်ယူခံနေရတာလဲ? သူ့ရဲ့ကျင့်ကြံဆင့်ကရော?
သို့သော်ယခုတွင် သူသည် ယွင်လီကောနှင့် အတော်လေးဝေးကွာနေပြီး ဆင့်ခေါ်ရန်ပင်မဖြစ်နိုင်ပါချေ။
ထို့ကြောင့်သူဟာ ထိုကိစ္စကို ပထမဆုံးဘေးဖယ်ထားလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ရှန်းထီကျောက်ရှင်အမှတ်အသားမှာ တုံ့ပြန်ခြင်းမရှိလေသေးသောကြောင့် သူမသေကြောင်းကို ပြနေခြင်းပင်။ သူမသေသေးသရွေ့ အဆင်ပြေပါသည်။
လုရှောင်ယန်ဟာ အချက်အလက်ပြဇယားတွင် ကျူးကောကျီချုံ၏ အချက်အလက်အား ရှာဖွေရန်ကြိုးစားလိုက်သည်။ တစ်ဆက်တည်းမှာပင် စာမျက်နှာ ခုနှစ်ခုရှစ်ခုမျှ ကျော်လွန်ပြီးသွားပြီးနောက်ဆုံးတွင်မူ ယွင်လီကော၏အချက်အလက်များနောက်၌ ကျူးကောကျီချုံထံမှ မက်ဆေ့တစ်ခုအား မြင်လိုက်ရသည်။
[သင်၏တပည့် ကျူးကောကျီချုံမှာ ဗုဒ္ဓဂိုဏ်းမှ ပါရမီရှင်တစ်ယောက်၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပါသည်]
“ဗုဒ္ဓဂိုဏ်းက ပါရမီရှင်?”
လုရှောင်ယန်ဟာ မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။
"ဝမ့်ခိုက် အဲ့ဒီ့ဗုဒ္ဓဂိုဏ်းရဲ့ ပါရမီရှင်လေးဆီမှာ ဘာတွေဖြစ်နေလဲ? သူက ဘယ်ဗုဒ္ဓဂိုဏ်းကလဲ? မင်းငါ့ကို အသေးစိတ်အချက်အလက်တချို့ပေးနိုင်မလား? အရင်က လီကောကို ဂိုဏ်းတစ်ခုက ချုံခိုတိုက်တုန်းကတောင် မင်းငါ့ကို ဂိုဏ်းရဲ့ နာမည်စာရင်းတောင်လုပ်ပေးသေးတယ်။"
[ဒါကဆုံးဖြတ်ဖို့မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ နတ်ဘုရားလောကမှာ ဗုဒ္ဓဂိုဏ်းတွေအတော်များပြီး တစ်ဖက်လူ ဘယ်ဂိုဏ်းကလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် မလွယ်ပါဘူး]
အေးစက်သောအလင်းတစ်ချက်က လုရှောင်ယန်၏မျက်လုံးများထဲတွင် ဖြတ်သန်းသွားသည်။
ဘယ်ဗုဒ္ဓဂိုဏ်းကပဲဖြစ်နေနေ သူတို့က သူ့ရဲ့တပည့်ကိုတော့ တိုက်ခိုက်လို့မရဘူး။
သူတစ်ယောက်တည်းကပဲ သူ့တပည့်တွေကို ရိုက်ဖို့ခွင့်ပြုချက်ရှိတယ်။ သူကဘာလို့ အခြားသူတွေဆီ သူ့တပည့်တွေကိုရိုက်နှက်ခွင့်ပြုရမှာလဲ။
သူဟာတစ်ဖက်လူက ဗုဒ္ဓဂိုဏ်းမှလာသည်ကိုအမှတ်ရလိုက်သည်။ အနာဂတ်တွင်သူဟာ ဆံပင်မပါသည့်မည်သူကိုဖြစ်ဖြစ်မြင်သည်နှင့် သူတို့အားရိုက်နှက်ပစ်မည်ပင်။
သို့သော် ကျူးကောကျီချုံမှာ မသေသေးသဖြင့် သူမမှာအဆင်ပြေနေလောက်သည်။ သူမဟာထိုကတုံးဆီမှ လွတ်မြောက်ပြီး သူ့အားရှာတွေ့ရန်သာမျှော်လင့်မိပါသည်။
ဒါဟာကူကယ်ရာမဲ့ဖြစ်စေသည်။ နောက်ဆုံးတွင် လုရှောင်ယန်ဟာ လက်ရှိကျူးကောကျီချုံ၏တည်နေရာအား ဆုံးဖြတ်နိုင်ခြင်းမရှိပါချေ။ ဝမ့်ခိုက်မှာလည်း သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် ကျူးကောကျီချုံအား မရှာနိုင်သေးပါချေ။ မဟုတ်လျှင် သူမအားကယ်တင်ရန် ချက်ချင်းပင်သွားရောက်လိုက်မည်ဖြစ်သည်။
ထို့နောက်တွင် လုရှောင်ယန်ဟာ လုရှောင်ယန်ဟာ လက်ဆောင်ထုပ်များ ၂၀မှ ၃၀အထိ ထပ်မံရရှိလိုက်သည်။ ဒါဟာလွန်ခဲ့သောနှစ်မှာ သူ၏တပည့်များ ကျင့်ကြံဆင့်တိုးလာခြင်းမှရရှိခဲ့သော လက်ဆောင်ထုပ်များပင်။
နက်နဲမှု အမတခြင်ဆီဆေးလုံး×5။
နက်နဲမှု အမတသွေးဆေးလုံး×100။
နက်နဲမှု အမတကြာပွင့်×3။
အမတသားရဲဥ×1။
စွမ်းအားမြင့်ကံကောင်းခြင်းရွှေနဂါး×88။
နက်နဲမှု မဟာယနသိုင်းဘုရင်ဆေးလုံး×1။
…
ဒီအချိန်တွင်ရရှိလိုက်သော ပစ္စည်းများမှာ အားလုံးကောင်းမွန်ကြသည်။ အခြေခံအားဖြင့် ၎င်းတို့အားလုံးမှာ နက်နဲမှုအဆင့်ဆေးလုံးများဖြစ်ပြီး သူ၏ကျင့်ကြံဆင့်အားတိုးမြှင့်ရန်အသုံးပြုနိုင်သည်။
လုရှောင်ယန်မှာ သူ၏ခွန်အားသည် အတော်လေးတိုးမြင့်လာနိုင်မည်ဟုပင်ခံစားရသည်။
ထိုအခိုက်အတန့်တွင် အခြားသောတံခါးခေါက်သံတစ်ခုက အပြင်ဘက်မှထွက်ပေါ်လာသည်။ လုရှောင်ယန်ဟာ သူ၏နတ်ဘုရားအာရုံအားဖြန့်ကျက်လိုက်သည်တွင် ဒီနှစ်၏ အကျိုးခံစားခွင့်များအား ဘဏ္ဍာထိန်းလုမှ လာရောက်ပေးသည်ကိုတွေ့လိုက်ရသည်။
လုရှောင်ယန်ဟာ တံခါးအပြင်ဘက်သို့ နေရာကူးပြောင်းရောက်ရှိသွားသည်။
"ဘဏ္ဍာထိန်းလု၊ ကျုပ်ရဲ့ဝမ်းကွဲအစ်ကိုက ဘာလို့ပြန်မရောက်သေးရတာလဲ။"
ဘဏ္ဍာထိန်းလုမှာ ခပ်လေးလေးသက်ပြင်းချလိုက်သည်။
"မကူနိုင်တော့ပါဘူး။ မကြာသေးခင်က တချို့မျိုးနွယ်စုတွေနဲ့ လုမျိုးနွယ်စုကြားက တင်းမာမှုတွေကပိုပိုပြီးပြင်းထန်လာတယ်လေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကတော့ အကြီးဆုံးသခင်လေး ပြန်ရောက်လာပါသေးတယ်။ ဒါပေမယ့် ကျုပ်တို့ လုမျိုးနွယ်စုရဲ့ ကံကြမ္မာ ဘိုးဘွားပိုင်မြေရဲ့ ပြဿနာကြောင့် လုမျိုးနွယ်စုရဲ့ တပည့်တချို့ကို စုံစမ်းဖို့ ချက်ချင်းပဲခေါ် ဆောင်ခံခဲ့ရတယ်လေ။"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကအတွက်တော့ ဘာသတင်းမှမရှိပါဘူး။"
“သခင်ကြီးနဲ့ သခင်လေးတွေက တခြားမျိုးနွယ်စုတွေနဲ့ ထိပ်တိုက်တွေ့နေတာကြောင့် အလုပ်များနေတာဆိုတော့ တာဝန်ကနေ အလွယ်တကူ ထွက်လာလို့မရကြဘူး။ မဟုတ်ရင် တစ်ခါလောက်အားနည်းသွားတာနဲ့ သူတို့ကို ပြဿနာကြီးတွေက ချောင်ပိတ်ထားနိုင်တယ်လေ။"
"သခင်ကြီးကလည်း လုမျိုးနွယ်စုဆီမှာသာတစ်ခုခုဖြစ်လာခဲ့ရင် သခင်လေးကိုချက်ချင်းထွက်ခွာဖို့အတွက်မှာခိုင်းလိုက်ပါသေးတယ်။ အနည်းဆုံးတော့ သခင်လေးက လုမျိုးနွယ်စုရဲ့ သွေးမျိုးဆက်ပဲလေ။ လုမျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကိုမဆုံးရှုံးပါစေနဲ့။"
လုရှောင်ယန်ဟာလေးနက်သောအမူအရာဖြင့်ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ၊ ကျုပ်နားလည်တယ်။"
သခင်ကြီးလုမှာ လုမျိုးနွယ်စုအတွက်သွေးမျိုးဆက်ချန်ထားရန် ပြုလုပ်သည်မှာလည်း မှန်ပါသည်။
သို့သော် သခင်ကြီးလု၏ သူ့အပေါ်ခံစားချက်မှာလည်း စစ်မှန်ပါသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ စီနီယာများကသူ့အားရိုးရိုးသားသားဆက်ဆံသကဲ့သို့ပင်။
လုရှောင်ယန်ဟာ နှလုံးသားမဲ့သူမဟုတ်ပါချေ။ သူကလုမျိုးနွယ်စုကိုချနင်းထားခဲ့ပြီး ဘယ်လိုလွတ်မြောက်ချင်ပါ့မလဲ။
ဒါ့အပြင် လုရှောင်ယန်ဟာ သူ၏ရောက်ရှိလာမှုကြောင့် လုမျိုးနွယ်စု၏ကံမှာ ဆက်တိုက်ဆိုသလိုလျော့နည်းသွားပြီး ဒုက္ခနှင့်ကြုံနေရသည်ဟုပင် သံသယဖြစ်မိသည်။
ဒါဟာ သူသည် အရွေးချယ်ခံဟုခေါ်ဆိုနိုင်သည့်လူဖြစ်၍ပင်။ ပုံမှန်ပုံစံအတိုင်းဆိုလျှင် သူ့လိုမျိုးဖြစ်တည်မှုတစ်ခုမှာ တကယ်ကိုပင် သွားလေရာ၌ ဒုက္ခကိုဖြစ်စေ၏။
သူသည်လည်း ကူရာမဲ့နေပြီဖြစ်သည်။
ထားလိုက်ပါတော့ သူစောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ၏လက်ရှိကျင့်ကြံဆင့်မှာ ပဉ္စမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်တွင်ရှိနေပြီဖြစ်သည်။ လုမျိုးနွယ်စုသာ မည်သည့်ပြဿနာကိုမဆို အမှန်တကယ်သာရင်ဆိုင်ရပါလျှင် သူသည်လည်း လုမျိုးနွယ်စုအား တိတ်တဆိတ်ကူညီရန် ဖြစ်နိုင်ပါသည်။
မကြာခင်တွင် နေ့တစ်နေ့ကုန်လွန်သွားပြီး လုရှောင်ချန်မှာပြန်မလာသေးပါချေ။
ထို့နောက် နှစ်ရက်ကုန်လွန်သွားပြီး လုရှောင်ချန်မှာ ပြန်မလာသေးပါချေ။
တတိယမြောက်နေ့တွင် လုရှောင်ယန်မှာ ဆက်ထိုင်နေဖို့ပင်မဖြစ်နိုင်တော့ပါချေ။
လုရှောင်ယန်ဟာ အိမ်ကြီး၏အစေခံများအား ဘိုးဘေးမြေ၏ တည်နေရာအားမေးမြန်းလိုက်သည်။ ထို့နောက်သူ၏နေထိုင်ရာသို့ပြန်ရောက်လာပြီးချိန်တွင် သူ၏ကိုယ်ပွားအား အခန်းထဲတွင်ကျင့်ကြံရန်အသုံးပြုလိုက်သည်။ ထို့နောက်တွင် သူ၏ရွေ့လျားမှုနည်းလမ်းကိုအသုံးပြုကာ လုမျိုးနွယ်စု၏ခြံဝန်းမှထွက်လာခဲ့လိုက်သည်။
လုမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေမှာ တောင်ပေါ်ရွာလေးဖြစ်ပြီး ကောင်းကင်ပင်လယ်မြို့တော်မှ ကီလိုမီတာအားဖြင့် ငါးထောင်ကွာဝေးလေသည်။
ထိုရွာအား လုမျိုးနွယ်စု၏ ဘိုးဘေးရွာဟုပင်ဆိုနိုင်သည်။ ထိုတောင်ပေါ်ရွာလေးမှ သူဟာ ကောင်းကင်ပင်လယ်မြို့တော်ဆီသို့ တစ်ဆင့်ပြီးတစ်ဆင့်သွားရင်း ဆယ်ပါးသောသိုင်းနတ်ဘုရားပညာရှင်ဖြစ်လာခဲ့၏။ ထို့နောင်တွင်သူဟာ ကောင်းကင်ပင်လယ်မြို့တော်၌ သူ၏ကိုယ်ပိုင်အင်ပါယာကိုထူထောင်ခဲ့သည်။
ထို့နောက်တွင်သူဟာ လုမျိုးနွယ်စုအားတောင်ပေါ်ရွာလေးမှနေ၍ ကောင်းကင်ပင်လယ်မြို့တော်ဆီသို့ပြောင်းရွှေ့ခဲ့သည်။
ထိုသည်မှာ ကောင်းကင်ပင်လယ်မြို့တော်ရှိ ဝိညာဉ်ကြောမှာ ပိုမိုအားကောင်းခြင်းကြောင့်ပင်။ ထိုအရာကြောင့် ဝိညာဉ်နတ်စွမ်းအားကို စုပ်ယူနှုန်းမှာ ပိုမိုမြန်လာစေသည်။
ထိုသည်ထက် ကောင်းကင်ပင်လယ်မြို့တော်ရှိထောက်ပံ့ပို့ဆောင်ရေးမှာ အဆင်ပြေကာ မြန်ဆန်သည်။ ထိုသည်က သူ့အား နတ်ဆေးလုံးများကဲ့သို့ ကျင့်ကြံခြင်းရင်းမြစ်များအား ဝယ်ယူရန် ပိုမိုအဆင်ပြေစေသည်။
သို့သော် လုမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေဖြစ်သောကြောင့် လုမျိုးနွယ်စု၏ မျိုးဆက်လေးများ၏ စိတ်နှလုံးထဲတွင်မူ အင်မတန်မှကြောက်မက်ဖွယ်နေရာပင်ဖြစ်သည်။
ထို့ကြောင့် သူတို့ဟာ ထိုနေရာအားစောင့်ကြပ်ရန် အချို့တပည့်ဂိုဏ်းစားများအား အစဉ်စေလွှတ်လျက်ရှိသည်။
လုမျိုးနွယ်စု၏ဘိုးဘေးနယ်မြေမှာ ပြဿနာအချို့နှင့်ရင်ဆိုင်နေရလောက်မည်ကို တွက်ချက်ကြည့်ပြီး လုရှောင်ယန်မှာ တစ်ချက်မျှကြည့်ရှုရန်သွားခဲ့လေသည်။
ယခုတွင် လုရှောင်ယန်မှာ မျိုးနွယ်စုခြောက်ခုမှ လုရှောင်ချန်အား အမြစ်ဖြတ်ရန် ထောင်ချောက်တစ်ခုခုထောင်မထားစေရန်သာ မျှော်လင့်နေရသည်။
ထိုသို့သာဆိုပါလျှင် လုရှောင်ချန်မှာ တကယ်ကိုပင် အန္တရာယ်ရှိနေပြီဖြစ်သည်။
…
အချက်ကျကျဆိုလျှင် လုမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေမှာ တကယ်ကိုပင် ကြီးမားသောအန္တရာယ်နှင့်ကြုံနေရပြီဖြစ်သည်။ လုရှောင်ချန်ဦးဆောင်ထားသော ပါရမီရှင် တပည့်ဂိုဏ်းသားများအဖွဲ့ကို မျိုးနွယ်စုခြောက်ခုမှ ဒုတိယမျိုးဆက်ပါရမီရှင်များက ဝန်းရံထားကြသည်။
တစ်ဖက်လူမှာ ပိုမိုသန်မာပြီး လူလည်းပိုများသည်။
ထိုအခြေအနေတွင် လုရှောင်ချန်မှာ တစ်ဖက်လူ၏ ပြင်းထန်သောတိုက်ခိုက်မှာကိုခုခံရန် လုမျိုးနွယ်စုဘိုးဘေးနယ်မြေတွင် ရေးဆွဲထားသော အစီအရင်များအပေါ်တွင်သာ အားကိုးနိုင်သည်။
ထိုအခိုက်တွင် လုမျိုးနွယ်စုဘိုးဘေးမြေမှလူများမှာ စိတ်ဓာတ်ကျနေကြသည်။
"အကို ကျွန်တော်တို့မှာ ထိပ်တန်းအဆင့်နတ်သလင်းကျောက် ၃၀၀လောက်ပဲကျန်တော့တယ်။ အဘိုးပေးခဲ့တဲ့ နတ်သလင်းကျောက်တွေကို ကျွန်တော်တို့ဘာသာဖြုန်းတီးမိပြီ။ ကျွန်တော်တို့မှာသာ ဘယ်စစ်ကူတွေမှမရှိတော့ရင် အကုန်လုံးဒီမှာပဲသေမှာကိုစိုးမိတယ်။"
လုရှောင်ချန်ဟာအသက်ပြင်းပြင်းရှူလိုက်ပြီး လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။
"အဘိုးနဲ့တခြားသူတွေက သူတို့ကိုယ်သူတို့တောင် မနည်းဂရုစိုက်နေရတာ ဘယ်လိုလုပ်ငါ့တို့ဆီလာပြီးကယ်နိုင်မှာလဲ? အားလုံးပဲ ဒီလိုလက်တွေ့မဆန်တဲ့အတွေးတွေကို တတ်နိုင်သလောက် လက်လျှော့လိုက်သင့်တယ်။"
ခဏလောက်ရပ်တန့်ပြီးသည်တွင် သူဟာစကားဆက်လိုက်သည်။ " ဒီလိုအခြေအနေမှာ ငါထင်တာတော့ ငါတို့တွေ ဘိုးဘေးနယ်မြေကိုကာကွယ်ဖို့ တကယ်ပဲမလိုအပ်တော့ဘူးလို့ထင်တယ်။"
"ဒီလိုဆိုရင် ငါတို့အားလုံးနတ်သလင်းကျောက်တွေအကုန် စုစည်းပြီးတော့ တိုက်ခိုက်ရေးအစီအရင်ပေါ်မှာပဲ အကုန်သုံးရမယ်။"
"တစ်ဖက်လူကသာ ငါတို့ရဲ့အကာအကွယ်အစီအရင်နဲ့ ပြန်လည်ဆုတ်ခွာတာကိုမြင်ကြရင် သူတို့လုံးဝကိုအတူတူတိုက်ခိုက်ကြလောက်တယ်။"
"အဲ့အချိန်ဆိုရင် သူတို့ကိုမူးဝေစေဖို့ တိုက်ခိုက်ရေးအစီအရင်ကိုသုံးလို့ရတာပဲ။ ငါတို့ဖရိုဖရဲဖြစ်တာကိုအခွင့်ကောင်းယူပြီး လွတ်မြောက်အောင်လုပ်ပြီးရင် ပထမဆုံး ကောင်းကင်ပင်လယ်မြို့တော်ကို ပြန်ကြတာပေါ့။"
"ဒါပေမယ့် ဒီလိုဆိုရင် ဘိုးဘွားနယ်မြေက တည်ရှိနိုင်ပါတော့မလား။"
လုရှောင်ချန်ဟာပုတ်လိုက်သည်။
"ဒီလိုအချိန်မှာ ဘာလို့ဘိုးဘေးနယ်မြေအကြောင်း ဘာကြောင့်တွေးနေနိုင်ရသေးတာလဲ? ငါတို့အသက်တွေက ဘယ်အရာထက်မဆို ပိုအရေးပါတယ်။ ငါတို့သာရှင်သန်နေသေးတယ်ဆိုရင် အနာဂတ်မှာဘိုးဘေးနယ်မြေကို ပြန်တည်ဆောက်ဖို့ အခွင့်အရေးရှိနေသေးတယ်။"
"ငါတို့သာသေသွားရင် ဘိုးဘွားနယ်မြေကကျန်နေသေးရင်တောင်မှ အဲ့ဒါက တခြားလူတွေအတွက် ကစားစရာလေးသက်သက်ပဲဖြစ်သွားမှာ။ သူတို့က ငါတို့လုမျိုးနွယ်စုဘိုးဘေးတွေရဲ့ ဦးခေါင်းခွံတွေကိုတူးထုတ်ရင်တောင် တူးထုတ်လိမ့်မယ်။ ဒါကပိုကောင်းတယ်လို့မထင်ဘူးလား။"
ထိုသည်ကိုကြားပြီးနောက် တစ်ဖက်လူမှာ ခေါင်းငြိမ့်ပြလာသည်။
"အကြီးဆုံးသခင်လေးပြောတာမှန်တယ်။ တစ်ယောက်ယောက်သာသေသွားရင် ဘာမှကိုကျန်မှာမဟုတ်တော့ဘူး။"
"ကောင်းပြီ၊ မြန်မြန်သာပြင်ဆင်ကြတော့။ ငါတို့တိုက်ခိုက်ရေးအစီအရင်ရေးဆွဲလို့မပြီးခင် သူတို့တိုက်ခိုက်လာရင် ကာကွယ်ရေးအစီအရင်ကခံနိုင်မှမဟုတ်ဘူး။ သူတို့ကိုသာ ဝင်ခွင့်ပြုလိုက်ရင်တော့ ငါတို့အကုန်လုံးသမခံရလိမ့်မယ်။"
"ဟုတ်ကဲ့။"
လုမျိုးနွယ်စု၏တပည့်လေးများမှာ လုရှောင်ချန်၏အမိန့်များကို အလျင်အမြန်ပင်လိုက်နာကြတော့၏။
မကြာမီတွင် တိုက်ခိုက်ရေးအစီအရင်ထဲသို့ နတ်သလင်းကျောက်များအား ထည့်သွင်းလိုက်၏။ နတ်သလင်းကျောက်သုံးရာကျော်၏အကူအညီဖြင့် တစ်ဖက်ကမျိုးနွယ်စုခြောက်ခု၏ ပါရမီရှင်များမှာ မည်မျှပင်အင်အားကြီးနေပါစေ သူတို့မှာ အဖွင့်တွင် ပေါက်ကွဲနိုင်သေးသည်ပင်။
၎င်းတို့ဟာ ထိုနေရာမှ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အလမ်းရှာနေချိန်၌ သူတို့မှာ ရှင်သန်ရန်အခွင့်အရေးရပြီဖြစ်သည်။
တိုက်ခိုက်ရေးအစီအရင်ကို လုံးဝရေးဆွဲစီရင်ပြီးချိန်တွင် အကာအကွယ်အစီအရင်မှာ မခံနိုင်တော့ဘဲ မျိုးနွယ်စုခြောက်ခုကြောင့် ပျက်စီးသွားရတော့သည်။
ဘုန်း! ဘုန်း! ဘုန်း!
"လုရှောင်ချန် ငရဲကိုသွားပြီးသေလိုက်တော့။"
"လုရှောင်ချန် မင်းရဲ့ခေါင်းကိုပေးလိုက်တော့။"
လုရှောင်ချန်မှာအေးစက်စွာပြုံးလိုက်ပြီး တိုက်ခိုက်ရေးအစီအရင်ကိုအသက်သွင်းရန် ချက်ချင်းပင် လက်သဏ္ဍာန်များပြုလုပ်လိုက်သည်။
"မင်းက ငါ့ခေါင်းကိုလိုချင်တယ်ပေါ့လေ? ငါကမင်းခေါင်းကိုအရင်ယူပေးမယ်!"
သို့သော်သူ့အားအံ့အားသင့်စေသည်မှာ အစီအရင်များမှာ အသက်ဝင်မလာခဲ့ခြင်းပင်။
"ဘာ...ဘာဖြစ်တာလဲ?"
လုရှောင်ချန်၏အမူအရာမှာ ချက်ချင်းဆိုသလိုဆိုးဆိုးရွားရွားပြောင်းလဲသွား၏။ ထိုသည်ကိုအခွင့်ကောင်းယူကာ အခြားမျိုးနွယ်စုများမှ ပါရမီရှင်များရောက်ရှိလာကြသည်။
"ဟားဟားဟား...လုရှောင်ချန်၊ မင်းဒါကိုမထင်ထားဘူးမဟုတ်လား? မင်းတို့ရဲ့လူအချို့ကို လာဘ်ထိုးလိုက်တယ်လေ။ မင်းရဲ့အစီအရင်ကပျက်စီးသွားပြီဆိုတော့ အသက်သွင်းလို့မရတော့ဘူးပေါ့။"
"မင်းဘာပြောလိုက်တာလဲ?"
လုရှောင်ချန်၏ မျက်စိသူငယ်အိမ်များမှာ သူ၏ လက်အောက်ငယ်သားများကို တည့်တည့်စိုက်ကြည့်နေချိန်တွင် ပြူးကျယ်သွား၏။ သူတို့ထဲမှတစ်ယောက်မှာ ချက်ချင်းပင် တစ်ဖက်လူများ၏ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၂၂ ဒါကိုဘယ်သူလုပ်တာလဲ
"လုဖုန်း၊ မင်း ခွေးကောင်! ငါတို့လုမျိုးနွယ်စုက မင်းကိုကောင်းကောင်းဆက်ဆံပေးခဲ့တယ်။ မင်းကဘာကြောင့် လုမျိုးနွယ်စုကို သစ္စာဖောက်ရတာလဲ?"
လုရှောင်ချန်မှာ ဒေါသထွက်သွား၏။ လုဖုန်း၏မျက်နှာထက်တွင် ရှက်ရွံ့မှုအချို့ထွက်ပေါ်လာသော်လည်း သူ၏အမူအရာမှာ အလျင်အမြန်ပင် အေးစက်သွားသည်။
"ဝမ်းနည်းပါတယ်၊ ငါမသေချင်လို့ပါ။ ငါကရှင်သန်ချင်ရုံလေးပါပဲ။ ပြီးတော့ ငါကလုမျိုးနွယ်စုရဲ့တိုက်ရိုက်မျိုးဆက်လည်းမဟုတ်ဘူး။ လုမျိုးနွယ်စုဆီကိုနောက်မှဝင်လာတာ။ မင်းတို့ရဲ့ လုမျိုးနွယ်စုနဲ့အတူတူသေပေးစရာ ဘာအကြောင်းမှမရှိဘူး!"
"သေစမ်း၊ မင်း!"
လုရှောင်ချန်ဟာဒေါသတကြီးအော်ဟစ်လိုက်ပြီး ထိုးနှက်ရန်လက်ကိုမြှောက်လိုက်၏။ သူ၏အတားအဆီးမဲ့ဝိညာဉ်နတ်စွမ်းအားကိုစုစည်းလိုက်ပြီး လုဖုန်းထံသို့ပစ်လွှတ်လိုက်လေသည်။
လုဖုန်း၏အမူအရာမှာ ဆိုးရွားစွာပြောင်းလဲသွားကာချက်ချင်းပင် မျိုးနွယ်စု ခြောက်ခု၏တပည့်များအား အကူအညီတောင်းလိုက်၏။
ကံဆိုးစွာဖြင့် မျိုးနွယ်သု ခြောက်ခုမှတပည့်များမှာ သူ့အားမကယ်တင်ကြချေ။ တစ်ခဏအတွင်းမှာပင်သူဟာ လုရှောင်ချန်၏လက်သီးနှင့် ထိပ်တိုက်တွေ့လိုက်ရပြီး တမုဟုတ်ချင်းပင် နီရွှေရွှေသွေးများမှာ ချင်းချင်းနီသွား၏။
ထိုသေဆုံးချိန်မှသာ လုဖုန်းမှာ သူဟာကစားခံနေရမှန်းသိလိုက်ရသည်။
သူဟာပုရွက်ဆိတ်ငယ်လေးသာဖြစ်၏။ မျိုးနွယ်စုခြောက်ခုမှတပည့်များသည် သူ့အားအသုံးချချင်ကြပြီး သူ၏ဘဝအားလုံးလုံးဂရုမစိုက်ပါချေ။
ထိုအခိုက်တွင် လုဖုန်းမှာ အင်မတန်နောင်တရသွား၏။
ကံမကောင်းစွာဖြင့် ဤလောကတွင် နောင်တအတွက် ဆေးဝါးဆိုသည်မှာမရှိပါချေ။
လုရှောင်ချန်မှာမူ သူ၏တိုက်ခိုက်မှုအောင်မြင်သွားသည်နှင့် အခြားသောမျိုးနွယ်စုတပည့်များ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။ သူဟာ နောက်ပြန်ဆုတ်သွားပြီး ကိုယ်ထဲမှ သွေးများမှာ တဟုန်ထိုးဆန်တက်လာသည် ။
"အစ်ကို၊ ကျွန်တော်တို့ဘာလုပ်ကြမလဲ?"
လုရှောင်ချန်မှာ လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး သူ၏မျက်ဝန်းများမှာ နီရဲလာ၏။
"အခုကိစ္စတွေကဒီလိုဖြစ်လာမှတော့ ငါတို့တွေသူတို့ကိုသေတဲ့အထိတိုက်မှပဲရတော့မယ်။ ခဏအတွင်းမှာ လူတိုင်းက လူစုခွဲပြီး လွတ်မြောက်ဖို့လုပ်ကြရမယ်။ မင်းတို့တစ်ယောက်စီတိုင်း လွတ်မြောက်ခွင့်ရဖို့ အကောင်းဆုံးကြိုးစားလို့ရတယ်။ ပြန်လှည့်မလာနဲ့။ ကောင်းကင်ပင်လယ်မြို့တော်ကိုပြန်သွားပြီး ချက်ချင်းပဲ အဘိုးနဲ့တခြားလူတွေကို ဒီနေရာမှာဘာတွေဖြစ်ခဲ့လဲ ပြောပြကြပါ။"
တစ်ဖက်မှ တပည့်ဒါဇင်ချီမှာ အေးစက်စွာပြုံးလိုက်ကြသည်။
"မင်းတို့ကဆက်ပြီးပြေးချင်သေးတာလား? ဒီညမင်းတို့ထဲကတစ်ယောက်မှ မလွတ်စေရဘူး။ မင်းတို့အကုန်လုံးသေကိုသေရမယ်!"
လုရှောင်ချန်ဟာ ပါးစပ်အပြည့်ဖြင့်သွေးတစ်ပွက်ကိုထွေးထုတ်လိုက်ပြီး သူ၏အသက်ရှူသံကိုပင် သူတို့အပေါ်၌ကုန်ဆုံးစေရန် မမှုတော့ပါချေ။ သူဟာခြေတစ်လှမ်းလှမ်းလိုက်ပြီး ချက်ချင်းတိုက်ခိုက်လိုက်သည်။
"တိုက်ကြ!"
လုမျိုးနွယ်စုတပည့်များမှာ သူ့နောက်မှအမြန်လိုက်ကာ အတူတကွထိုးဖောက်ရန်ကြိုးစားကြသည်။
သို့သော် တစ်ဖက်မှ ဒါဇင်ချီသောကျွမ်းကျင်သူများမှာ မဆိုစလောက်လေးပင် ထိုးဖောက်၍မရပါချေ။ သူတို့ဟာ အတူတကွအားအင်အပြည့်တိုက်ခိုက်ကာ လုရှောင်ချန်နှင့် လွတ်မြောက်ရာလမ်းကြောင်းအား နေရာမှာပင်တားဆီးပိတ်ပင်ထား၏။
တောင်ပေါ်ရွာလေးတစ်ခုလုံးမှာ တမုဟုတ်ချင်း ဝိညာဉ်နတ်စွမ်းအားများကြီးစိုးလျက် ပျက်စီးသွားခဲ့သည်။
တိုက်ခိုက်မှုများမှာ ကောင်းကင်ကိုဖြည့်တင်းနေပြီး တောင်တန်းများအားပြိုကျကာ ကမ္ဘာမြေကြီးအား အက်ကွဲစေနိုင်လောက်သည်။
အသက်ရှူချိန်အနည်းငယ်အတွင်းတွင် လူတိုင်းမှာ အကြိမ်ပေါင်းသောင်းနှင့်ချီတိုက်ခိုက်ပြီးနေပြီဖြစ်၏။
တိုက်ပွဲ၏ ပေါက်ကွဲမှုမှာ ကီလိုမီတာ၅၀အကွာလောက်အထိ ပျံ့နှံ့သွားလျက် မရေတွက်နိုင်သော အပြင်ဘက်မှ လေလွင့်ကျင့်ကြံသူများကိုပင် ကြောက်ရွံ့စေပြီး ချက်ချင်းပင် ထွက်ပြေးစေသည်။
တိုက်ကွက်အနည်းငယ်ပြီးနောက်တွင် လုမျိုးနွယ်စုတပည့်များမှာ တစ်ဖက်မှ တွန်းအားကိုခံနေရသည်။
"သေစမ်း!"
လုရှောင်ချန်၏မျက်လုံးများမှာ သွေးရောင်ပင်လွှမ်းနေလေပြီ။ တစ်ဖက်မှာ လူအများကြီးရှိသည်။ ဒါ့အပြင် တစ်ဖက်အဖွဲ့၏ကျင့်ကြံဆင့်မှာ အကြောင်းပြချက်အချို့ကြောင့် သူပင်နားမလည်နိုင်လောက်အောင်ကျော်လွန်နေသည်။
မူလကမူ သူသည် ကောင်းကင်ပင်လယ်မြို့တော်ရှိ မျိုးနွယ်စုကြီးများ၏ အငယ်ဆုံးမျိုးဆက်ထဲတွင် အင်အားအကြီးဆုံးပင်ဖြစ်သည်။
သို့သော် ဤနေရာတွင် ကျင့်ကြံဆင့်များမှာ သူ့ထက်နိမ့်ကျမည်မဟုတ်သော လူသုံးယောက်လည်းရှိသည်။ သူတို့အားလုံးမှာ နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်သို့ရောက်နေကြပြီဖြစ်သည်။
ထိုသည်မှာ သူ၏အားသာချက်အားထုတ်ပြရန်ပင်မဖြစ်နိုင်ဘဲ သူဟာလုံးဝကိုဖိအားပေးခံနေရ၏။
"အစ်ကိုကြီး၊ ကျွန်တော်တို့မလွတ်နိုင်တော့ဘူး။"
ညီအစ်ကိုများ၏ ဝမ်းနည်းဖွယ်ဟစ်ကြွေးသံများက လုရှောင်ချန်အား အံကြိတ်မိစေသည်။
"ငါတို့မလွတ်မြောက်နိုင်မှတော့ ကိုယ်တိုင်ဖျက်ဆီးခြင်းလုပ်ကြတာပေါ့။ ညီအစ်ကိုတို့ ငါတို့ကသူတို့လက်ထဲမှာလုံးဝမကျရှုံးစေရဘူး။ မဟုတ်ရင်သူတို့သာ အဘိုးဆီ ငါတို့ကိုခေါ်သွားပြီးခြိမ်းခြောက်လို့ ရှေ့ဆက်တိုးမရတဲ့အခြေအနေကိုရောက်သွားရင် လုမျိုးနွယ်စုက ဒီ့ထက်ပိုအန္တရာယ်များတဲ့ အခြေအနေထဲကျရောက်သွားလိမ့်မယ်။"
သို့သော် သူထိုသို့ပြောလိုက်သည်နှင့် တစ်ဖက်အဖွဲ့မှာ နှာမှုတ်လိုက်သည်။
"မင်းကိုယ်မင်း ကိုယ်တိုင်ဖောက်ခွဲမှုကိုလုပ်နိုင်မယ်လို့ထင်နေတာလား။ ငါတို့တွေဒီတစ်ဝိုက်မှာ ဖိနှိပ်အစီအရင်တွေချထားပြီးသွားပြီ။ မင်းတို့တွေ ကိုယ်တိုင်ဖျက်ဆီးခြင်းကိုမလုပ်နိုင်တော့ဘူး။"
လုရှောင်ချန်နှင့်အခြားသူများမှာ ချက်ချင်းပင် ထိတ်လန့်အံ့အားသင့်သွားကြသည်။
"ဒါဆိုးတာပဲ!"
တစ်ဖက်အဖွဲ့မှာ ထပ်မံနှာမှုတ်ပြန်သည်။
"ဒါပေမယ့် မစိုးရိမ်ပါနဲ့။ လုမျိုးနွယ်စုဆီကို မင်းတို့နဲ့ခြိမ်းခြောက်ဖို့ထိမလိုပါဘူး။ မင်းတို့ရဲ့ ဘဝင်မြင့်နေတဲ့လုမျိုးနွယ်စုက ငါတို့မျက်လုံးထဲမှာဘာမှမဟုတ်ဘူး။ မင်းတို့အတွက်ကတော့... မင်းတို့က မြေအောက်လောကဂိုဏ်းအကြီးအကဲရဲ့ အခွံအသစ်လေးတွေဖြစ်လာတော့မှာပေါ့။"
သူ့စကားဆုံးသည်နှင့် အနက်ရောင်ရောင်ဝါအချို့သည် မြေပြင်မှ ရုတ်တရက် ပျံ့နှံ့လာပြီး လုရှောင်ယန်နှင့် အခြားသူများ၏ ကိုယ်ထဲသို့ ချက်ချင်းပင် ကျူးကျော်ဝင်ရောက်သွားသည်။
"မြေအောက်လောကဂိုဏ်း? မိစ္ဆာနတ်ဆိုးဂိုဏ်း? မင်းတို့ကတကယ်ကြီး မိစ္ဆာတွေနဲ့ပက်သက်နေတာလား? မင်းတို့ ခွေးကောင်တွေ!"
လုရှောင်ယန်မှာ အံ့အားသင့်သွားသည်။ တစ်ဖက်လူများက ဘာကြောင့် ရက်စက်ကြမ်းကြုတ်သည်ကို နောက်ဆုံးတော့ သူနားလည်သွားသည်။
သူတို့၏အရေအတွက်နှင့်ပင် လုရှောင်ချန်နှင့် တခြားသူများကို သတ်ပစ်နိုင်သည်။ အနည်းဆုံးတော့ သူတို့ဟာ အပြင်းအထန် ဒဏ်ရာရနိုင်သည်အထိဖြစ်နိုင်သည်။
သို့သော် တိုက်ခိုက်ခံရပြီးနောက်တွင် သူတို့ထဲမှအနည်းငယ်သာ ဒဏ်ရာအနည်းအကျဉ်းရလိုက်သည်။ တစ်ဖက်လူများက သူတို့အား ပိုင်ဆိုင်ရန် အချိန်အတော်ကြာ စီစဉ်ခဲ့သည်မှာ ထင်ရှားနေသည်။
"မိစ္ဆာနတ်ဆိုးဂိုဏ်း? အဲဒါ ငါတို့ရဲ့ မြင့်မြတ်တဲ့နတ်ဆိုးဂိုဏ်းပဲ။ စိတ်မပူပါနဲ့၊ မင်းနဲ့ လုမျိုးနွယ်စုက လူတိုင်းလည်း မြင့်မြတ်တဲ့ နတ်ဆိုးဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး တစ်ချိန်တုန်းက သေဆုံးသွားခဲ့တဲ့ မြင့်မြတ်တဲ့ နတ်ဆိုးဂိုဏ်းအကြီးအကဲတွေရဲ့ အခွံအသစ်လေးတွေ ဖြစ်လာလိမ့်မယ် ဟားဟားဟား…”
လုရှောင်ချန်နှင့် အခြားသူများဟာ တမုဟုတ်ချင်းပင် အားငယ်သွားကြ၏။
လုမျိးနွယ်စု၏ပြိုင်ဘက်မှာ မျိုးနွယ်စုခြောက်ခုတည်းသာဆိုလျှင်တော့ သူတို့တွင် ရှင်သန်ဖို့ရာ အခွင့်အရေးတော့ရှိသေးသည်ပင်။
ဒါကပြီးသွားပြီ!
အားလုံးက ပြီးဆုံးသွားပြီ!
သူတို့၏အသိစိတ်သည်ပင် ကိုယ်ထဲသို့တိုးဝင်နေသော နတ်ဆိုးအော်ရာများဖြင့် တဖြည်းဖြည်းချင်း ဝါးမျိုခံနေရသည်။
ဒါဟာမိစ္ဆာနတ်ဆိုးဂိုဏ်း၏အကြီးအကဲက သူတို့၏ဝိညာဉ်များကိုဝါးမျိုနေခြင်းပင်။
မျိုးနွယ်စုကြီးခြောက်ခု၏ ပါရမီရှင်တပည့်များမှာ လုရှောင်ချန်နှင့်အခြားသူများကိုကြည့်ရှုလိုက်ကာ သူတို့၏မျက်လုံးများမှာ တဖြည်းဖြည်းချင်း ဖြူလာပြီး ညစ်ကျယ်ကျယ်ပြုံးလိုက်ကြသည်။
"အကြီးအကဲတို့ လုရှောင်ချန်နဲ့အခြားသူတွေကိုဝါးမြိုပြီးရင် လုမျိုးနွယ်စုထဲခိုးဝင်ပြီး အတွင်းကနေ လုမျိုးနွယ်စုကို ဖျက်ဆီးဖို့အတွက် ကျုပ်တို့မျိုးနွယ်စုခြောက်ခုကိုကူညီပေးပါ။ လုမျိုးနွယ်စုက ဘယ်လိုပြန်ရင်ဆိုင်ကြမယ်ဆိုတာကိုကြည့်ကြရအောင်။"
"နှစ်ပေါင်းများစွာတိုင်အောင် လုမျိုးနွယ်စုက ငါတို့ မျိုးနွယ်စုခြောက်ကို ဖိနှိပ်နေခဲ့ကြတယ်။ ဒီအချိန်မှာတော့ နောက်ဆုံးငါတို့ခေါင်းတွေကိုမော့ထားရမယ့်အလှည့်ပဲ။"
"ခဏနေဦး..."
လူတိုင်းစကားပြောနေကြချိန်တွင် ထိတ်လန့်ဖွယ်ဖိအားတစ်ခုမှာ ရုတ်တရတ်ဖိနှိပ်လာခဲ့၏။
အကုန်လုံးမတုံ့ပြန်လိုက်နိုင်ခင်မှာပင် မျိုးနွယ်စုခြောက်ခုမှာ တပည့်ပေါင်း ၅၇ယောက်၏ခေါင်းများပေါ်သို့ တိုက်ခိုက်မှုပေါင်း ၅၇ခုက တစ်ချိန်တည်းကျရောက်လာ၏။
ဘန်း!
ထိုတစ်ခဏမှာပင် နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ပညာရှင် သုံးယောက်နှင့် စစ်မှန်သောနတ်ဘုရားအဆင့်ပညာရှင် ၅၄ယောက်တို့ပါဝင်သည့် ၅၇ယောက်သော တပည့်တို့မှာ သွေးရေကန်ကြီးအဖြစ်သို့ပြောင်းလဲသွားကြသည်။
မြေတွင်းနက်ငါးဆယ့်ခုနစ်တွင်း ပေါ်လာပြီး တစ်ခုစီသည် သွေးများဖြင့် အနီရောင်ခြယ်မှုန်းထားသည်။
တစ်ခဏအတွင်းသတ်လိုက်ခြင်းပဲ!
လုရှောင်ချန်နှင့် အခြားလူများကို ဝါးမြိုနေဆဲ မြေအောက်လောကဂိုဏ်းအကြီးအကဲများမှာ တုန်လှုပ်သွားကြသည်။
"ဘာတွေဖြစ်နေတာလဲ?"
"ဆရာကြီးတစ်ယောက်တော့ရောက်လာပြီ!"
"အဲ့ဒါ လုမျိုးနွယ်စုရဲ့ခေါင်းဆောင်လား?"
"မဟုတ်ဘူး၊ လုမျိုးနွယ်စုရဲ့ခေါင်းဆောင်က နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်မှာပဲရှိသေးတယ်။ ဒီလူရဲ့ရောင်ဝါက လုမျိုးနွယ်စုခေါင်းဆောင်ထက်တောင် ကျော်လွန်နေသေးတယ်။"
သူပြောနေစဉ်တွင် အနက်ရောင်ဆလင်ဒါပုံရိပ်မှာ အားလုံးရှေ့တွင်ပေါ်ထွက်လာ၏။
လုရှောင်ချန်နှင့်အခြားသူများ၏ အသိစိတ်မှာ မြေအောက်လောကဂိုဏ်းအကြီးအကဲများကြောင့် ပျောက်ဆုံးနေပြီးဖြစ်ပြီး လုရှောင်ယန်၏တည်ရှိမှုအား အာရုံမခံနိုင်သေးပါချေ။ လုရှောင်ယန်ဟာ ဒါကိုရှင်းရှင်းလင်းလင်းသိသောကြောင့် နီးကပ်စွာပေါ်လာခြင်းပင်ဖြစ်သည်။
"မင်းကဘယ်သူလဲ"
မြေအောက်လောကဂိုဏ်းမှ အကြီးအကဲ အနည်းငယ်က လုရှောင်ချန်နှင့် အခြားသူများ၏ ဝိညာဉ်များကို အချိန်အတိုင်းအတာတစ်ခုအထိ အရှိန်အဟုန်ဖြင့် ဝါးမြိုနေလျက်နှင့်ပင် လုရှောင်ယန်ကို မေးမြန်းလိုက်သည်။
လုရှောင်ချန်နှင့် အခြားသူများ၏ ဝိညာဉ်များကိုဝါးမြိုရန် အသက်ရှူကြိမ်အနည်းငယ်ပိုပေးနေသရွေ့ သူတို့၏ ကိုယ်ကိုထိန်းချုပ်နိုင်ပြီး လွတ်မြောက်ရန်အတွက် နတ်ဆိုးကျင့်စဉ်ကိုအသုံးပြုနိုင်သည်။
ကံမကောင်းစွာဖြင့် သူတို့ဟာအခြားတစ်ယောက်ယောက်နှင့် ရင်ဆိုင်နေရသည်ဆိုလျှင် အချိန်အတိုင်းအတာတစ်ခုထိတော့ အောင်မြင်မည်ပင်။ သို့သော် သူတို့ရင်ဆိုင်နေရသည်မှာ လုရှောင်ယန်ဖြစ်သည်။
မည်သည့်စကားမှမဆိုဘဲ သူဟာစစ်မှန်သောအမြင်အာရုံသုံးပါးအား ဖွင့်လှစ်လိုက်သည်။
လုရှောင်ယန်ဟာ စစ်မှန်သောအမြင်အာရုံသုံးပါးအား အသုံးပြုသည်ကိုမြင်ကြသည်နှင့် မြေအောက်လောကဂိုဏ်းအကြီးအကဲအနည်းငယ်၏ ဝိညာဉ်များမှာ ကြောင်အသွားကြသည်။
"မင်းကတကယ်ကိုစွမ်းအားကြီးတာပဲ! ဒါပေမယ့် စိတ်ခွန်အားမှာတော့ ငါတို့လူနည်းနည်းလေးကလည်း သာမန်တော့မဟုတ်ဘူး! ပြီးတော့ ငါတို့က သူတို့ဝိညာဉ်တွေရဲ့ တစ်ဝက်ကျော်လောက်ကိုတောင် ဝါးမြိုပြီးနေပြီ။ မင်းသူတို့ကိုမကယ်နိုင်တော့ဘူး။"
"အမှန်ပဲ။ စိတ်ခွန်အားလုံလုံလောက်လောက်မရှိရင် ငါတို့ကိုလွယ်လွယ်လေးအနိုင်မရနိုင်ပါဘူး။ မင်းသာငါတို့ရဲ့ ဝိညာဉ်ခန္ဓာကို အတင်းအကြပ်တိုက်ခိုက်မယ်ဆိုရင် သူတို့ရဲ့ ဝိညာဉ်တွေလည်း မင်းကြောင့်ပျက်စီးရလိမ့်မယ်!"
သို့ရာတွင် သူတို့စကားဆုံးသည်နှင့် လှိုင်းလုံးကြီးကဲ့သို့ ကြီးကျယ်ခမ်းနားလှသော စိတ်ခွန်အားတစ်ခုသည် ၎င်းတို့၏ ကိုယ်တွင်းသို့ ချက်ချင်း ဝင်ရောက်လာခဲ့သည်။ ထို့နောက်တွင် မရပ်တန့်နိုင်သောစွမ်းအားဖြင့်၊ ၎င်းသည် မြေအောက်လောကဂိုဏ်းအကြီးအကဲများ၏ ဝိညာဉ်ခန္ဓာများကို အညှာအတာမဲ့စွာ ဖြိုခွင်းလိုက်၏။
သူတို့၏ ယုတ်မာသော အပြုံးများမှာ ရုတ်ခြည်းရပ်တန့်သွားပြီး ကြောက်စိတ်အဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။
"မဖြစ်နိုင်ဘူး! ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! မင်းရဲ့စိတ်ခွန်အားက ဘာလို့ဒီလောက်ထိအားကောင်းနေရတာလဲ?"
"မင်းဘယ်သူလဲ? မင်းကဘာကြောင့်စွမ်းအားကြီးနေတာလဲ?"
လုရှောင်ယန်၏ စိတ်ခွန်အားမှာအလွန်အားကြီးလှသည်!
ရလဒ်အနေဖြင့် သူတို့အော်လိုက်သည်နှင့်တစ်ပြိုက်နက် ၎င်းတို့၏ဝိညာဉ်များပါ လုရှောင်ယန်ကြောင့် လုံးဝပျက်စီးသွားတော့သည်။
မြေအောက်လောကဂိုဏ်းအကြီးအကဲများ၏ဝိညာဉ်များ ပျက်စီးသွားသောအခိုက်တွင် လုရှောင်ချန်နှင့် အခြားသူများသည်လည်း မြေပြင်သို့ကျရောက်လာလေသည်။ သူတို့၏ဝိညာဉ်များသည်လည်း ဒဏ်ရာအပြင်းအထန်ရထားလေသည်။ သူတို့၏ကိုယ်ပေါ်တွင် ဒဏ်ရာရထားပုံမပေါ်သော်ငြာလည်း သူတို့မှာတကယ်ကိုပင် ဒဏ်ရာများနှင့် ဖုံးအုပ်နေသည်။
သူတို့၏နတ်ဘုရားကိုယ်များနှင့်ဝိညာဉ်များကြောင့် သူတို့ဟာသေလိမ့်မည်မဟုတ်ချေ။ သို့သော်၎င်းတို့၏အင်အားမှာ အတော်လေးကျဆင်းသွားပြီး ဒါကသူတို့၏အနာဂတ်ကျင့်ကြံခြင်းကိုပင် ကြီးကြီးမားမားသက်ရောက်နိုင်မည်ဖြစ်သည်။
သခင်ကြီးလုသည်ပင် ၎င်းတို့အား သူတို့၏ဒဏ်ရာများမှပြန်လည်ကောင်းမွန်စေရန်မကူညီနိုင်ပါချေ။
ဒါဟာဆွံ့အခြင်းနှင့်ပင် သိပ်မကွာဟုလို့ ပြောလို့ရပါသည်။
သို့သော် ဒါက လုရှောင်ယန်အတွက်မူ ပြဿနာမဟုတ်ပါပေ။
မြေအောက်လောကဂိုဏ်း အကြီးအကဲ အနည်းငယ်၏ ဝိညာဉ်များကို ဖျက်ဆီးနေစဉ်တွင် ၎င်းတို့၏ ဝိညာဉ်စွမ်းအားများကို သူတို့၏ဝိညာဉ်များအား ပြုပြင်ရန်အတွက် အသုံးပြုခဲ့သည်။
ထို့နောက်တွင်မူ လုရှောင်ယန်ဟာ သူတို့တစ်ယောက်ချင်းစီ၏ဝိညာဉ်အားကုသရန် ဝိညာဉ်ဆေးလုံးများ ပေးထားလိုက်၏။ တစ်နာရီမပြည့်ခင်မှာပင် သူတို့ပြန်ကောင်းလာမည်ဖြစ်ပြီး ဝိညာဉ်စွမ်းအားကလည်း အတိုင်းအတာတစ်ခုအထိ တိုးလာမည်ဖြစ်သည်။
ထိုသို့ပြုလုပ်ပြီးနောက်တွင် လုရှောင်ယန်ဟာတစ်စုံတရာကိုတွေးမိပြီး တစ်ခဏအတွင်းမှာပင် နေရာမှာပျောက်ကွယ်သွားသည်။
အချိန်ဟာမြန်မြန်ကုန်ဆုံးသွားပြီး နာရီလက်တံတစ်ဝက်ကျော်မျှဟာ မျက်တောင်တစ်ခတ်အတွင်းပင် ကုန်သွား၏။
ခဏအကြာတွင်လုရှောင်ချန်မှာ ဦးဆုံးနိုးလာကာ အခြားသူများလည်းနိုးလာကြသည်။
လူတိုင်းဟာ တစ်ယောက်နှင့်တစ်ယောက် ရှုပ်ထွေးစွာကြည့်လိုက်ကြသည်။
"ဘာတွေဖြစ်သွားတာလဲ? ငါတို့တွေကို မြေအောက်လောကဂိုဏ်းအကြီးအကဲတွေရဲ့ဝိညာဉ်ခန္ဓာတွေက ဝါးမြိုနေခဲ့တာမဟုတ်ဘူးလား? ဘာလို့ငါတို့ခုထိအသက်ရှင်နေရသေးတာလဲ?"
လုရှောင်ချန်မှာ လက်သီးကိုဆုပ်လိုက်၏။ သူ၏ကျင့်ကြံဆင့်မှာအမြင့်ဆုံးဖြစ်သောကြောင့် သူ၏နတ်ဘုရားအာရုံမှာ အခံစားအလွယ်ဆုံးပင်ဖြစ်သည်။
ထို့ကြောင့် သူ၏ ဝိညာဉ်စွမ်းအားမှာ တိုးလာကြောင်းအလျင်အမြန်ပင်သတိပြုမိသွားသည်။
"ငါတို့ဝိညာဉ်စွမ်းအားတွေးဝါးမြိုမခံလိုက်ရဘူး။ အဲ့အစား ပိုတောင်မှအားကောင်းလာသေးတယ်။ တစ်ခုခုတော့မှားနေပြီ။ တစ်ယောက်ယောက်ကငါတို့ကိုကယ်လိုက်တာပဲ!"
"အစ်ကိုကြီး၊ ကြည့်လိုက်!"
လုရှောင်ချန်မှာ တစ်ဖက်လူညွှန်ပြရာဘက်သို့ကြည့်ရှုလိုက်သည်။ သူ၏မျက်စိသူငယ်အိမ်များမှာ ပြူးကျယ်သွားပြီး နှလုံးပင်ရပ်တန့်သွား၏။
ကမ္ဘာကြီးတစ်ခုလုံးဟာ တိတ်ဆိတ်ခြင်းသို့ကျရောက်သွားတော့၏!
ထိုနေရာတွင် တွင်းပေါင်း ၅၇တွင်းနှင့် တွင်းအားလုံးမှာ တူညီသောအရွယ်အစားပင်ရှိကြသည်။
တွင်းတိုင်းတွင်းတိုင်းတွင် သွေးများဖြင့်ပြည့်နေပြီး ခဲရန်ပင်မလိုတော့ပါချေ။
ဒါ့အပြင် တွင်းတစ်ခုစီ၏ နေရာများမှာ မျိုးနွယ်စုခြောက်ခု၏တပည့်များ ရပ်နေခဲ့ကြသည့်နေရာများပင်ဖြစ်သည်။
ထို့ကြောင့် ချက်ချင်းပင်နားလည်လိုက်ကြသည်။
သူတို့တွေသတ်ခံလိုက်ရတယ်!
ဒါကတကယ်ကို တစ်ခဏအတွင်းသတ်ဖြတ်မှုကြီးပဲ!
သူတို့မှာ တုံ့ပြန်ရန်သာမက လွတ်မြောက်ရန်လည်း အချိန်မရခဲ့ကြပါချေ!
အဲ့ဒါဘယ်သူဖြစ်မလဲ?
ဘယ်သူကဒါကိုလုပ်ခဲ့တာလဲ?
တစ်ဖက်လူမှာ အင်မတန်ကိုအင်အားကြီးမားလှပြီး ကောင်းကင်ဘုံကိုပင် ဖီဆန်နေ၏!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၂၃ ငါကလုရှောင်ယန်ပဲ
ညအချိန်တွင် လုရှောင်ချန်နှင့် အခြားသူများမှာ ကောင်းကင်ပင်လယ်မြို့တော်သို့ ပြန်လာခဲ့ကြသည်။
...
"ဘာ? တစ်ယောက်ယောက်က ဒါဇင်ချီတဲ့ မျိုးနွယ်စုခြောက်ခုလုံးရဲ့တပည့်တွေကိုသတ်ပြီးတော့ မင်းတို့ကိုလည်း မြေအောက်လောကအကြီးအကဲတွေလက်ကနေကယ်ခဲ့တယ်လို့ မင်းပြောလိုက်တာလား?"
သခင်ကြီးလုသာမက လုထျန်းနန်နှင့် လုမျိုးနွယ်စု၏ ဒုတိယမျိုးဆက်တပည့်များသည်ပင် ထိုသည်ကိုကြားလိုက်သည်နှင့် သူတို့၏မေးရိုးများပင် ပြုတ်ကျသွားကြသည်။
စစ်မှန်သောနတ်ဘုရားအဆင့်ပညာရှင် ဒါဇင်ချီနဲ့ နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ပညာရှင်သုံးယောက်ကိုလေ!
ဒါကတကယ့်ကို ကြောက်ခမန်းလိလိစွမ်းအားပင်!
နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ပညာရှင်သည်ပင် ထိုအဖွဲ့အားရှုံးနိုင်ပြီး တမုဟုတ်ချင်းသတ်ပစ်ရန်မှာပိုလို့ပင်မဖြစ်နိုင်ပါချေ။
ထို့ကြောင့်တစ်ဖက်လူမှာ အနည်းဆုံးတော့ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ဖြစ်ရမည်။
ဒါ့အပြင်တစ်ဖက်လူမှာ မြေအောက်လောကဂိုဏ်းအကြီးအကဲများ၏ ဝိညာဉ်ခန္ဓာများကိုဖျက်ဆီးပြီး လုရှောင်ချန်နှင့် အခြားသူများ၏ ဝိညာဉ်များကိုပြန်လည်ပြင်ဆင်ပေးခဲ့၏။
ထိုနည်းလမ်းမှာ တကယ်ကိုကောင်းကင်ဘုံအား သွေဖီနေပြီဖြစ်သည်။
တစ်ဖက်လူမှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သို့ပင် ဝင်ရောက်နေပြီပင်ဖြစ်နိုင်သည်။
"အဲ့ဒါဘယ်သူလဲ? ဘယ်သူကအရမ်းကိုအင်အားကြီးပြီး ငါတို့လုမျိုးနွယ်စုရဲ့မျိုးဆက်လေးတွေကိုပါ ကယ်နိုင်ခဲ့ရတာလဲ?"
တစ်ဖက်လူကလုမျိုးနွယ်စုနဲ့ဆက်စပ်နေရမယ်!
သခင်ကြီးလုမှာ အတွေးများထဲသို့နစ်မျောသွား၏။
တစ်ခဏအကြာတွင် သူဟာရုတ်တရတ် ရေရွတ်လိုက်၏။
"ဒါက... ငါတို့ရဲ့ လုမျိုးနွယ်စုဘိုးဘေးတွေထဲက တစ်ယောက်များလား?"
လူတိုင်း၏ ကိုယ်များမှာချက်ချင်းတုန်ရီသွားပြီ ကိုယ်ပေါ်မှ အမွှေးများပင်အဆုံးထိထောင်ထကုန်ကြသည်။
"လု...လုမျိုးနွယ်စုဘိုးဘေး? ဘုရားရေ၊ အဖေရေ၊ တကယ်ပြောနေတာလား?"
လုမျိုးနွယ်စု၏ဘိုးဘေးသာ အနီးအနားတွင် ရှိနေခဲ့ပါလျှင် ဒါက သူဟာမယုံနိုင်ဖွယ်အချိန်အကြာကြီးအထိ ရှင်သန်လာသည်ဟု ဆိုနိုင်သည်ပင်!
ထိုဘိုးဘေး၏ကျင့်ကြံခြင်းမျိုးမှာ စိတ်ကူးပင်မယဉ်နိုင်လောက်အောင်ဖြစ်သည်။
ဒါကတကယ်ကိုလုမျိုးနွယ်စု၏ ဘိုးဘေးဆိုပါလျှင် သူဟာအင်မတန်ကိုအင်အားကြီးပြီး ၎င်းမှာတကယ်ကိုလုမျိုးနွယ်စုအတွက် ကောင်းချီးပင်ဖြစ်သည်။
လုမျိုးနွယ်စုဟာ ဒီအကျပ်အတည်းအားဖြေရှင်းနိုင်လိုက်မည်သာမက ကောင်းကင်ပင်လယ်မြို့တော်တစ်ခုလုံးတွင်လည်း အင်အားအကြီးဆုံးမျိုးနွယ်စုအဖြစ်ပင် ရပ်တည်နိုင်မည်ဖြစ်သည်။
သူတို့ဟာ ကောင်းကင်ပင်လယ်မြို့တော်ရှိ မျိုးနွယ်စုများကိုပင် ပေါင်းစည်းနိုင်မည်ဖြစ်သည်။
သခင်ကြီးလုမှာ ခေါင်းအားခါယမ်းလိုက်သည်။ သူသည် အတော်လေး ခေါင်းကြည်နေသေးသည်။
"ဒါကသေသေချာချာပြောဖို့ခက်သေးတယ်။ ပြီးတော့ ရှောင်ချန်နဲ့တခြားသူတွေကလည်း တစ်ဖက်လူရဲ့ ကိုယ်အစစ်ကိုမမြင်လိုက်ရဘူးလေ။ ဒါကလုမျိုးနွယ်စုရဲ့ ဘိုးဘေးဖြစ်နေမလားက ပြောရခက်နေသေးတယ်။"
"ဒါပေမယ့် သေချာတာတစ်ခုတော့ရှိတယ်။ မျိုးနွယ်စုခြောက်ခုက မြေအောက်လောကဂိုဏ်းနဲ့ အင်အားပူးပေါင်းလိုက်ပြီဆိုတာပဲ။"
"ဒါကြောင့် ငါတို့လုမျိုးနွယ်စုက လုံးဝကိုခုခံနိုင်မှာမဟုတ်ဘူး။"
လူတိုင်း၏ စိတ်လှုပ်ရှားနေသောအမူအရာမှာ ထပ်မံမှုန်မှိုင်းသွားကြလေပြန်၏။
သခင်ကြီးလု ပြောတာမှန်ပါသည်။ လုမျိုးနွယ်စု၏ဘိုးဘေးမှာ အနီးအနားမှာရှိနေသေးကြောင်းအား ဆုံးဖြတ်ရခက်သည်။ သို့သော် မျိုးနွယ်စုခြောက်ခု၏ နောက်တွင် မြေအောက်လောကဂိုဏ်းရှိသည်မှာတော့ သေချာပါသည်။
သူတို့၏အန္တရာယ်အားမဖြေရှင်းနိုင်ရုံသာမက ပိုမို၍ပင် ပြင်းထန်လာသည်။
"အဘိုး၊ ဒါဆို အဘိုးရဲ့အစီအစဉ်က...?"
သခင်ကြီးလုမှာ သူ၏မျက်ခုံးများအားပွတ်ဆွဲလိုက်ပြီး လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။
"ငါတို့ရဲ့လုမျိုးနွယ်စုအနာဂတ်အတွက် အရင်ဆုံးထွက်သွားရမယ်ထင်တယ်။"
"ဘာ?"
လူတိုင်းမှာ မယုံကြည်နိုင်မှုဖြင့် အံ့အားသင့်သွားကြသည်။
"အဖေ၊ အဖေက ကောင်းကင်ပင်လယ်မြို့တော်မှာရှိတဲ့ကျုပ်တို့ လုမျိုးနွယ်စုရဲ့စီးပွားရေးတွေအကုန်လုံးကို လက်လျှော့လိုက်တော့မလို့လား? ကျွန်တော်တို့ ဒီအခြေအနေထိရောက်အောင် နှစ်ပေါင်းများစွာ အတော်ကြိုးစားခဲ့ရတာလေ။"
"ငါလည်းဒီလိုမဖြစ်ချင်ပါဘူး၊ ဒါပေမယ့်တစ်ဖက်မှာကလည်း မြေအောက်လောကဂိုဏ်းရဲ့ အထောက်အပံ့ကရှိနေတယ်လေ။ ဘယ်သူကမြေအောက်လောကဂိုဏ်းကိုခုခံနိုင်မှာလဲ?"
"မြူခိုးဂိုဏ်းရဲ့ အပျိုစင်နတ်မိမယ်က ရှောင်ယန်နဲ့စေ့စပ်ထားတာမဟုတ်ဘူးလား? သူမကလည်း ရှောင်ယန်နဲ့လက်ထပ်ဖို့အတွက်ဆန္ဒရှိနေတာဆိုတော့ ကျုပ်တို့သာမြူခိုးဂိုဏ်းကိုတောင်းဆိုရင် မြူခိုးဂိုဏ်းကကျုပ်တို့ကိုကူညီမှာပါ။"
"အဓိပ္ပာယ်မရှိတာ!"
သခင်ကြီးလုဟာ ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
"အပျိုစင်နတ်မိမယ်ကုန်းက ငါတို့ရဲ့လုမျိုးနွယ်စုကိုလက်ထပ်တာနဲ့တင် သူ့ရဲ့ဂုဏ်ကို နှိမ့်ချပြီးဖြစ်နေပြီ။ ဒီထိမ်းမြားခြင်းကိုသူမသဘောတူတာနဲ့တင် မဆိုးဘူးလို့ပြောလို့ရနေပြီ။ သူမကရှောင်ယန့်ကိုတောင် လက်မထပ်ရသေးတာကို သူ့ဆီကနေအကူအညီတောင်းချင်နေပြီလား? တခြားလူတွေက ငါတို့လုမျိုးနွယ်စုကို ဘယ်လိုထင်ကြမလဲ? သူတို့ကစေ့စပ်ထားတာကို ချက်ချင်းရုတ်သိမ်းတာတောင်ဖြစ်သွားနိုင်တယ်။ ဒီအချိန်မှာသာ ရှောင်ယန့်ရဲ့စေ့စပ်ခြင်းကို ဖျက်ဆီးမိရင် ဘယ်သူကရှောင်ယန်ကို လျော်ကြေးပေးမှာလဲ?"
"ပြီးတော့၊ ဒါကငါ့တို့လုမျိုးနွယ်စုရဲ့ကိစ္စပဲ။ ဘာလို့တခြားလူတွေကိုဒုက္ခပေးရမှာလဲ။ ငါတို့အားလုံးမှာ ရည်မှန်းချက် မရှိနိုင်ကြဘူးလား?"
"ဒါပေမယ့် ကျုပ်တို့သာကောင်းကင်ပင်လယ်မြို့တော်ကနေထွက်ခွာသွားလိုက်ရင် ဆုံးရှုံးမှုတော်တော်များများကိုခံစားရမှာ!"
"ပိုက်ဆံက လူတွေလောက်တော့ အရေးမကြီးသေးပါဘူးကွာ။ ငါတို့သာအသက်ရှင်နေသေးရင် ငါတို့ပြန်လုပ်လို့ရပါသေးတယ်။ ငါတို့သာသေသွားခဲ့ရင်တော့ ရင်းမြစ်တွေဘယ်လောက်ရှိရှိ အသုံးမဝင်တော့ဘူးလေ။"
"ဒါပေမယ့်..."
လုထျန်းနန်မှာ တစ်ခုခုပြောလိုက်ချင်ပါသော်လည်း သခင်ကြီးလုမှာ လက်အားဝေ့ယမ်းလိုက်၏။
"ဟုတ်ပြီ ကိစ္စဖြတ်လိုက်တော့။ ငါပြောသလိုလုပ်ပြီး ပထမဆုံး လုမျိုးနွယ်စုရဲ့ ရင်းမြစ်တွေအကုန်လုံးကိုစုဆောင်းထားလိုက်။ မြန်မြန်လေး"
လူတိုင်းဟာ ကူရာမဲ့နေကြပြီး သခင်ကြီးလု၏ အမိန့်အတိုင်းသာ လုပ်ဆောင်ကြတော့၏။
သို့ရာတွင် ၎င်းတို့ထွက်သွားပြီးနောက် လုမျိုးနွယ်စုခန်းမ၏လေထုမှာပုံပျက်သွားပြီး အင်မတန်နက်မှောင်သောအရှိန်အဝါတစ်ခု ခန်းမထဲ၌ရုတ်တရတ်ထွက်ပေါ်လာသည်ကို မည်သူမှ မသိလိုက်ကြပါချေ။
မျက်လုံးမှိတ်ကာ အနားယူနေသောသခင်ကြီးလုမှာ တစ်ယောက်ယောက်က သူ့အားတိုက်ခိုက်နေသည်ကိုအာရုံခံမိသောအခါ ချက်ချင်းပင် အံ့အားသင့်သွား၏။
"ဘယ်သူလဲ?"
"မင်းရဲ့အသက်ကိုလိုချင်တဲ့လူတစ်ယောက်။"
…
လုရှောင်ယန်၏ဘက်တွင်မူ လုရှောင်ချန်နှင့် အခြားသူများအားကယ်ရင်းဖြင့် မအားလပ်ဖြစ်နေပြီးနောက်တွင် သူဟာချက်ချင်းပြန်မရောက်သေးပါချေ။ ထိုအစား သူဟာပင်လယ်ခုနှစ်သွယ်စင်မြင့်သို့ ယခင်နှစ်က သူစုဆောင်းထားခဲ့သော နတ်သလင်းကျောက်များကို သွားရောက်ယူဆောင်လေသည်။
ပင်လယ်ခုနှစ်သွယ်စင်မြင့်မှာ အတော်လေးကိုကောင်းကောင်းလုပ်ပေးလေသည်။ ၎င်းတို့လဲလှယ်ပေးသောနတ်သလင်းကျောက်အားလုံးမှာ ထိပ်တန်းအဆင့်များဖြစ်ကြသည်။
သို့ရာတွင် လက်ရှိလဲလှယ်နှုန်းမှာ နည်းနည်းလောက်ထပ်မြင့်သွားပြီဖြစ်သည်။ ၎င်းမှာ မူလ ၁၀၀မှ ၂၀၀ကနေ လဲလှယ်နှုန်း ၁၅၀မှ ၂၅၀အထိတိုးသွား၏။
လုရှောင်ယန်မှာ ဝိညာဉ်ကျောက်တုံးအတော်များများကိုလဲလှယ်ခဲ့ခြင်းကြောင့် အနီးအနားရှိ ဝိညာဉ်ကျောက်တုံးအရေအတွက်မှာ အတော်လေးမြင့်တက်လာခြင်းကြောင့်ပင်။ ထို့ကြောင့် နတ်သလင်းကျောက်တုံးများ၏တန်ဖိုးမှာလည်း မြင့်တက်လာသည်။
အချို့တရားမဝင်ကုန်သည်များမှာမူ ဝိညာဉ်ကျောက်တုံးများ၏ တန်ဖိုးများကိုပင် နှိမ့်ချရန် အခွင့်အရေးယူကြသည်။
လုရှောင်ယန်မှာ ထိုသို့ဖြစ်လာမည်ဟု မျှော်မှန်းထားခဲ့ပြီးသားဖြစ်သော်လည်း ရွေးချယ်စရာမရှိပါချေ။
ပထမဆုံး သူ၏လက်ရှိကျင့်ကြံဆင့်မှာ မလုံလောက်ပါချေ။
သူ၏ကျင့်ကြံဆင့် မလုံလောက်ခြင်းကြောင့် သူ၏နည်းလမ်းများအား အရူးအမူး ထုတ်မပြနိုင်သည်မှာ သဘာဝကျပါသည်။ သူ၏ဝယ်ယူမှုအပိုင်းကိုလည်း ချဲ့ထွင်ဖို့ မဖြစ်နိုင်ပါချေ။
ဒုတိယအနေဖြင့် သူ့ထံတွင် များစွာသောဝိညာဉ်ကျောက်တုံးများရှိသည်။ ၎င်းတို့အား နတ်သလင်းကျောက်အဖြစ်ပြောင်းလဲရခြင်းမှာ ကြီးမားသောပရောဂျက်တစ်ခုပင်ဖြစ်သည်။ ဒါကလုပ်ဆောင်ရန်မလွယ်ကူပါချေ။
ဝိညာဉ်ကျောက်တုံးများမှာ သူ့အတွက် အသုံးမဝင်ဖြစ်နေပြီးသားပင်။ နတ်သလင်းကျောက်များကသာ သူယခုအချိန်လိုအပ်နေသည်များဖြစ်သည်။ ထို့ကြောင့် သူလဲလှယ်နိုင်သလောက် များများလဲလှယ်ရလိမ့်မည်။
ဒါကဆုံးရှုံးမှုဖြစ်ရန် ကံပါလာသည့် အလောင်းအစားပင်။ သို့သော် သူသာပိုမိုလဲလှယ်နိုင်ပါလျှင် သူရှုံးဖို့ရာလည်း အခွင့်နည်းမည်ဖြစ်သည်။
ဒါ့အပြင်လုရှောင်ယန်မှာ ပင်လယ်ခုနှစ်သွယ်စင်မြင့်ဂိုဏ်းချုပ်ထံမှာ မြေအောက်လောကဂိုဏ်းအကြောင်းအား လေ့လာလာခဲ့၏။
လွန်ခဲ့သည့်နှစ်များစွာကတည်းက ထိုမြေအောက်လောကဂိုဏ်းမှာ မိစ္ဆာနတ်ဆိုးဂိုဏ်းဖြစ်လာခဲ့သည်။ ထို့နောက်တွင် ဂိုဏ်းအမြောက်အများမှ ၎င်းတို့အားအတူတကွဖျက်ဆီးရန်ကြိုးစားကြသည်။
ယခုတွင် သူတို့ဟာ ပြန်လည်တိုက်ခိုက်ဖို့ပင် ကြိုးစားလာကြပြီဖြစ်သည်။
သို့သော် တစ်ဖက်မှ ပြန်လည်တိုက်ခိုက်ဖို့ရာမှာ ပြဿနာအကြီးကြီးမဟုတ်ပါချေ။ ဒါဟာ မြေအောက်လောကဂိုဏ်းမှာ မိစ္ဆာနတ်ဆိုးဂိုဏ်းဖြစ်ပြီး ၎င်းတို့ထံတွင် အချို့ဆန်းကြယ်ပြီးမမြင်သာသော မိစ္ဆာနည်းလမ်းများရှိခြင်းကြောင့်ပင်။
အခြားအရာများကိုဘေးဖယ်ထားလိုက်လျှင်တောင် ဝိညာဉ်များအား ဝါးမြိုရန် အသုံးပြုသည့် မိစ္ဆာလမ်းစဉ်သည်ပင် အတော်လေး နတ်ဆိုးဆန်နေပြီဖြစ်သည်။ ဒါ့အပြင် ဒါဟာ မြေအောက်လောကဂိုဏ်း၏ လွှမ်းမိုးမှုအား လျင်လျင်မြန်မြန်ကျယ်ပြန့်လာနိုင်စေသည်။
ဒါဟာ အဘယ့်ကြောင့်ဆိုသော် မြေအောက်လောကဂိုဏ်းမှာ လုမျိုးနွယ်စုပေါ်သို့ အာရုံစိုက်လာခြင်းကြောင့်ပင်။
နောက်တစ်မျိုးပြောရလျှင် ၎င်းတို့မှာ လုမျိုးနွယ်စုအား သတ်ဖြတ်ပြီး ဂုဏ်ပုဒ်နှင့် ရင်းမြစ်များပိုမိုရရှိရန် မျိုးနွယ်စုခြောက်ခုအား အသုံးချခြင်းဖြစ်သည်။
လုရှောင်ယန်ဟာ သူထပ်မံအလုပ်ရှုပ်တော့မည်ကို သိလိုက်သည်။
ဒါပေါ့၊ သူဟာ လုမျိုးနွယ်စုမှ ပိုမိုဉာဏ်ကောင်းပြီး မြေအောက်လောကဂိုဏ်းနှင့် မျိုးနွယ်စုခြောက်ခုအားရှောင်တိမ်းရန် ယာယီပြန်လည်ဆုတ်ကြဖို့ရွေးချယ်ရန် မျှော်လင့်မိသည်။
ဒါကသူ့အား ကျင့်ကြံချိန်ပိုမိုရစေနိုင်သည်။
သူဟာနောက်နှစ်နည်းနည်းလောက်ထပ်မံ၍ သိုသိုသိပ်သိပ်နေထိုင်ရမည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အနည်းဆုံးတော့ သူဟာပထမဦးစွာ အမတနတ်ဘုရားအရှင်ဘုရင်အဆင့် ဒါမှမဟုတ် ကြီးမြတ်သောနတ်ဘုရားအဆင့်သို့ ရောက်အောင်ကျင့်ကြံရမည်ဖြစ်သည်။
သူဟာ အရာရာကို မှန်မှန်လုပ်ဆောင်ရမည်!
ပင်လယ်ခုနှစ်သွယ်စင်မြင့်တွင် ကိစ္စများအားဖြေရှင်းပြီးနောက် လုရှောင်ယန်ဟာ လုမျိုးနွယ်စုထံသို့ချက်ချင်းပြန်လာခဲ့သည်။
ထိုအခိုက်တွင် အနက်ရောင်ပုံရိပ်မှာ လုမျိုးနွယ်စုခန်းမမှ တိတ်တဆိတ်ထွက်ခွာလာလေသည်။
သူဟာသူ၏လက်များကိုနောက်သို့ပို့ထားကာ ကောင်းကင်ယံရှိကြယ်များကိုမော့ကြည့်နေ၏။
"ဒီညပြီးရင်တော့ လုမျိုးနွယ်စုဆိုတာ ထပ်မရှိတော့ဘူး။ ငါတို့ဘာလို့ အရင်ဆုံးလုရှောင်ယန်ကိုပဲပြန်ပြီးမခေါ်ဘဲ ဂိုဏ်းချုပ်ကိုပဲ သေအောင်နှိပ်စက်ခွင့်ပေးလိုက်ရတာလဲ? ဒါကို ဂိုဏ်းချုပ်ရဲ့ ပျော်စရာလေးတစ်ခုလို့ပဲ ယူဆလိုက်ပါမယ်လေ။"
ထိုသည်ကိုတွေးရင်းဖြင့် တစ်ဖက်လူဟာ ထွက်ခွာသွားပြီး လုရှောင်ယန်၏တည်နေရာအားမေးမြန်းရန် လုမျိုးနွယ်စု၏ တပည့်လေးတစ်ယောက်အားရှာနေလိုက်၏။
သူဟာ သခင်ကြီးလု၏ ခြံဝန်းမှထွက်လာသည်နှင့် လေထုမှာရုတ်တရတ်ပုံပျက်သွားပြီး အနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်တစ်ခုမှာ တိတ်တဆိတ်ရောက်ရှိလာသည်။
ဒါကလုရှောင်ယန်ပင်။
သူတို့၏မျက်ဝန်းများဆုံကြချိန်တွင် နှစ်ဖက်လုံးမှာ အတန်ငယ်ငြိမ်သက်သွားကြ၏။
သို့သော် အနက်ရောင်ပုံရိပ်မှာချက်ချင်း တုံ့ပြန်ပြီးပြောလိုက်သည်။
"အချိန်ကောင်းပဲ။ ကျုပ်လည်း လုမျိုးနွယ်စုတပည့်လေးတစ်ယောက်ကို လမ်းတွေမေးဖို့ရှာနေတာ။ လုရှောင်ယန်ဘယ်မှာရှိလဲဆိုတာကို မင်းသိလား?"
သူ့စကားဆုံးသည်နှင့် သူ၏ကြီးမားသောဖိအားကို လုရှောင်ယန်ပေါ်သို့ဖိချလိုက်သည်။
လုရှောင်ယန်၏မျက်ခုံးများအတန်ငယ်မြင့်တက်သွား၏။
ဒါဟာတစ်ဖက်လူ၏ အရှိန်အဝါကိုကြောက်ရွံ့သွားခြင်းကြောင့်မဟုတ်ဘဲ ထိုသူမှာ သူအားရှာဖွေနေသည်ကို မမျှော်လင့်ထားခြင်းကြောင့်ပါပင်။ ဒါ့အပြင် ထိုအရှိန်အဝါမှာ တကယ်ကို ဆယ်ပါးသောဧကရာဇ်သိုင်းနတ်ဘုရားအဆင့်သို့ရောက်နေပြီးသားပင်!
သို့ရာတွင် တစ်ဖက်လူ၏ကိုယ်ပေါ်မှာ နတ်ဆိုးအော်ရာကို ကြည့်ပြီး ထိုသူမှာ မြေအောက်လောကဂိုဏ်းအကြီးအကဲအနည်းစုနှင့် အင်မတန်ဆင်တူလှပေသည်။ ထိုသူမှာ မြေအောက်လောကဂိုဏ်း၏အကြီးအကဲဖြစ်လောက်သည်။
ဘာလို့မြေအောက်လောကဂိုဏ်းအကြီးအကဲက သူ့ကိုရှာနေရတာလဲ?
သူကလုမျိုးနွယ်စုမှာ သေးငယ်တဲ့ပုံရိပ်လေးပါပဲ။ မြေအောက်လောကဂိုဏ်းက သူ့ကိုသိတောင်မသိသင့်ဘူးလေ!
ဒါကဖြစ်နိုင်မလား... အဲ့ဒီ မြေအောက်လောကဂိုဏ်းက အကြီးအကဲထျန်းကျီပြောဖူးတဲ့ ဉာဏ်ကြီးရှင်ရဲ့ လက်အောက်ခံများဖြစ်နေမလား?
"ကြောက်သွားပြီလား အရူးလေး?"
လုရှောင်ယန် ပြန်မဖြေသည်ကိုမြင်သော် မြေအောက်လောကဂိုဏ်း၏အကြီးအကဲမှာ မျက်ခုံးများအတန်ငယ်မြင့်တက်သွားပြီး ခေါင်းကိုခါယမ်းလိုက်၏။
"ထားလိုက်တော့၊ မင်းလိုငတုံးမျိုးကိုမေးရတာ ငါ့အချိန်တွေကိုဖြုန်းတာပဲ။"
သို့သော် သူဟာလုရှောင်ယန်အားတိုက်ခိုက်ကာ သတ်တော့မည့်ဆဲဆဲမှာပင် လုရှောင်ယန်ကဦးစွာတိုက်ခိုက်လာခဲ့သည်။
"ငတုံး၊ မင်းကတကယ်ကြီးငါ့ကိုတိုက်တယ်ပေါ့? ဘယ်လိုတောင် လျစ်လျူရှုတတ်တာလဲ...!"
ထိုအချိန်တွင် သူ့စကားမဆုံးခင်မှာပင် တောင်နှင့်မြစ်ပန်းချီဟာ သူ့အားဆွဲယူသွားက တမုဟုတ်ချင်းပင် ၎င်းအား ထိုအထဲတွင် ထည့်ထားလိုက်၏။
လုရှောင်ယန်ဟာ သူ့အားမသတ်ပါချေ။ ထိုအစားသူ့အား တောင်နှင့်မြစ်ပန်းချီထဲတွင် ပိတ်ထားလိုက်ပြီး စစ်ဆေးမေးမြန်းရန် ပြန်လာလိုက်၏။
သူဟာသူ၏အခန်းသို့အလျင်အမြန်ပြန်ရောက်သည်နှင့် ချက်ချင်းပင် တောင်နှင့်မြစ်ပန်းချီထဲသို့ဝင်ရောက်သွားလိုက်၏။
မြေအောက်လောကဂိုဏ်းအကြီးအကဲမှာ ထိတ်လန့်စွာဖြင့် လှည့်ပတ်ကြည့်ရှူနေ၏။ သူ့မျက်နှာထက်ရှိ ဘဝင်ခိုက်မှုများမှာလည်း လုံးဝကိုပျောက်ကွယ်သွားပြီပင်ဖြစ်သည်။
ထိုအခိုက်တွင် လုရှောင်ယန်ဝင်လာသည်ကိုမြင်သောအခါ သူဟာပိုမိုပင်ထိတ်လန့်သွားလေသည်။
"မင်း...မင်းဘယ်သူလဲ?"
လုရှောင်ယန်ဟာ သူ့ကိုလျစ်လျူရှုကာ ထူးမခြားနားသာပြန်ပြောလိုက်သည်။
"ငါကလုရှောင်ယန်ပဲ!"
"ဘာ!"
မြေအောက်လောကဂိုဏ်း၏အကြီးအကဲမှာ ထိတ်လန့်သွားပြီး မျက်လုံးများပင် ထွက်ကျလာတော့မယောင်ဖြစ်နေ၏။
"ဒါမဖြစ်နိုင်ဘူး၊ ဘယ်လိုဖြစ်နိုင်မှာလဲ? မင်းက လုမျိုးနွယ်စုရဲ့ တတိယမျိုးဆက်တပည့်လေးဖြစ်ပြီး အပြင်ဘက်မှာ နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့တာလေ။ မင်းကဘယ်လိုလုပ်ဒီလောက်စွမ်းအားကြီးမှာလဲ?"
"မင်းက အဓိပ္ပာယ်မရှိတာတွေ တအားပြောတာပဲ။"
လုရှောင်ယန်၏အတွေးတစ်ခုတည်းဖြင့်ပင် ရှေးဟောင်းဧကရာဇ်ကျမ်းမှာ အသက်ဝင်လာ၏။ ကောင်းကင်နတ်ဆိုးအုပ်ချုပ်သူ၏ ထောက်ပံ့မှုဖြင့် မမြင်နိုင်သောအားတစ်ခုမှာ တစ်ဖက်လူ၏ရင်ဘတ်ပေါ်သို့ တမုဟုတ်ချင်း ရိုက်ခတ်သွား၏။
ကောင်းကင်နတ်ဆိုးအုပ်ချုပ်သူမှာတစ်ဖက်လူ၏ရှေ့မှောက်သို့ တစ်ခဏအတွင်းမှာပင် တိုက်ခိုက်မှုအား နေရာပြောင်းရွှေ့နိုင်ပြီး ထိုလူမှာ တားဆီးမည်ကိုပင် ကာကွယ်နိုင်သည်။ ထို့အပြင်လုရှောင်ယန်၏ စစ်မှန်သောအမြင်သုံးပါးမှာ တစ်ဖက်လူ၏ အကာအကွယ်အား တိုက်ရိုက်ဖယ်ရှားနိုင်ရန် စစ်မှန်သောအငွေ့အသက်အားဖယ်ရှားသော သက်ရောက်မှုပင်ရှိနေပြီဖြစ်သည်။
ထိုတိုက်ခိုက်မှုမှာ တစ်ဖက်လူ၏ကိုယ်အား တရစပ်ထိခိုက်သွားစေသည်။
ဘန်း!
တစ်ခဏအတွင်းမှာပင် မြေအောက်လောကဂိုဏ်းအကြီးအကဲမှာ သွေးများအန်ထုတ်လိုက်ပြီး ကောင်းကင်သို့ပင် ပျံထွက်သွားလေသည်။ သူဟာကောင်းကင်ထက်မှ ဥက္ကာပျံတစ်ခုကဲ့သို့ကျရောက်လာပြီး မြေပေါ်သို့ပြင်းထန်စွာထိရိုက်မိသွားလေတော့သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၂၄ ငါ့ရဲ့လုမျိုးနွယ်စုမှာတကယ်ကိုဘိုးဘေးတစ်ယောက်ရှိနေတာပဲ!
ဖူးးး!
ဒါကတကယ်နာတယ်!
နှလုံးပြုတ်ထွက်မတတ်နာကျင်မှုပင်!
မြေအောက်လောကဂိုဏ်း၏အကြီးအကဲမှာ ထိုသို့သောနာကျင်မှုကို ခံစားခဲ့ဖူးသည်မှာ နှစ်အတော်ကြာနေခဲ့ပြီဖြစ်သည်။
ထိုအခိုက်တွင် သူ၏ရင်ပင်ကြေမွသွားသည်ကိုခံစားလိုက်သည်။
ပြင်းထန်သောနာကျင်မှုမှာ ချီလမ်းကြောင်းနှင့် အာရုံကြောတို့အားဖြတ်သန်း၍ သူ၏စိတ်အတွင်းသို့ကူးပြောင်းလာကာ စိတ်အစဉ်တို့အား ချိုးဖျက်တော့မတတ်ပင်။
ဆရာကြီးများမှာ နာကျင်မှုကိုမခံစားရသည်မဟုတ်ပါချေ။ အချုပ်အားဖြင့် ၎င်းတို့မှာ နာကျင်မှုကိုပို၍ပင် ခံစားလွယ်သေးသည်။
သို့သော် ပညာရှင်ဆရာကြီးတစ်ယောက်၏ စိတ်စွမ်းအင်ပို၍သန်မာသည်။
သို့ရာတွင် သူ့အားထိုအရာကမတားဆီးနိုင်ပါချေ။
ယခုအချိန်တွင် သူတွက်ချက်ကြည့်နေသည်မှာ လုရှောင်ယန်ဟာ အဘယ့်ကြောင့် ထိုမျှအားကြီးနေရသည်ကိုပင်။
သူကဘယ်အရွယ်ရှိပြီမို့လို့လဲ?
လုရှောင်ယန်မှာ လုမျိုးနွယ်စု၏ တတိယမျိုးဆက်သာဖြစ်သည်။ ထိုလူက သူ့လိုမျိုး ဂုဏ်သိက္ခာကြီးမားသည့် ဆယ်ပါးသောဧကရာဇ်သိုင်းနတ်ဘုရားအဆင့်ဆရာကြီးကို ဘယ်လိုများဖိနှိပ်နိုင်ရတာလဲ?
သူမတုံ့ပြန်နိုင်ခင်မှာပင် ကြီးမားသောအားတစ်ခုက သူ၏ရင်ဘတ်သို့ထပ်မံဝင်ဆောင့်ပြီး နောက်ထပ် သွေးတစ်ပွက်ကိုပင်အန်ထုတ်စေလိုက်သည်။
"ဝူးဝါး!"
လုရှောင်ယန်ဟာ ခြေတစ်လှမ်းနှင့်ပင် သူ၏ရင်ဘတ်အား ကွဲအက်စေလိုက်ပြီး သူ၏အတွင်းအင်္ဂါများကိုပင် အက်ကွဲသွားစေသည်။
သို့သော်သူသည် ဆယ်ပါးသော်သိုင်းနတ်ဘုရားအဆင့် ဆရာကြီးဖြစ်သည့်အလျောက် သူ၏ကိုယ်မှာ တုနှိုင်းမရလောက်အောင်ပင် အင်အားကြီးမားပြီး ချက်ချင်းတော့မသေသွားပါချေ။
"မင်းကလုမျိုးနွယ်စုကိုဘာကြောင့်လာခဲ့ရတာလဲ?"
"ငါ့ကိုဘယ်လိုလုပ်သိတာလဲ?"
"ငါ့ကိုအခုဘာကြောင့်ရှာနေရတာလဲ?"
"မင်းကိုဘယ်သူလွှတ်လိုက်တာလဲ?"
လုရှောင်ယန်ဟာ မေးခွန်းအမြောက်အများအား အောင်အောင်မြင်မြင်မေးလိုက်နိုင်သော်လည်း မြေအောက်လောကဂိုဏ်းအကြီးအကဲမှာ သွေးတစ်ပွက်အားထွေးထုတ်လိုက်သည်။
"ငါ့ကိုသတ်လိုက်!"
သို့သော် လုရှောင်ယန်၏ပေါ်တွင် ထိုတံတွေးများမကျရောက်ခင်မှာပင် လုရှောင်ယန်လက်ချောင်းများမှာ အတန်ငယ်လှုပ်ရှားသွားသည်။ နောက်တစ်ခဏတွင် ဝိညာဉ်နတ်စွမ်းများအား သူ၏လက်သီးတွင်ရစ်ပတ်နေပြီး ထိုတံထွေးအားလာရာလမ်းထံသို့ ပြန်လည်ရိုက်ခတ်လိုက်သောအခါ ၎င်းသည် မြေအောက်လောကဂိုဏ်းအကြီးအကဲ၏ ပါးစပ်အတွင်းသို့ ပြင်းထန်စွာရိုက်ခတ်ဝင်ရောက်သွား၏။
နေရာမှုပင် သူ၏မေးစေ့မှာကွဲအက်သွားပြီး သူ၏လည်ပင်းပင်ကျိုးတော့မယောင်ဖြစ်သွားသည်။
ထိုအခိုက်တွင် သူဟာမည်သည်ကိုမျှမပြောနိုင်တော့ပါချေ။
သို့ရာတွင်လုရှောင်ယန်ကစိတ်မပူပါချေ။ သူဟာစစ်မှန်သောအမြင်သုံးပါးအား ဖွင့်လှစ်လိုက်ကာ သူ၏စိတ်ခွန်အားမှာ တစ်ဖက်လူ၏စိတ်အတွင်းသို့ ဒီရေပမာအရူးအမူးတိုးဝင်သွားသည်။
သူဟာချက်ချင်းပင် ထိုလူ၏အမှတ်တရများကိုထုတ်နုတ်လိုက်သည်။
တစ်ဖက်လူဟာအဘယ့်ကြောင့်ဤနေရာအား လာရောက်သည်ကို သိရသောအခါ သူဟာ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။
ကံကောင်းစွာဖြင့်ပင် တစ်ဖက်ကသူ့အားရှာဖွေနေသည်မှာ ထိုဉာဏ်ကြီးရှင်ကြောင့်မဟုတ်ပါချေ။ ဒါဟာ မြေအောက်လောကဂိုဏ်း၏ဂိုဏ်းချုပ်မှာ ကုန်းဝမ်အာကို မီးပြင်းဖိုအဖြစ်အသုံးပြုလိုပြီး လုရှောင်ယန်မှာ သူမ၏ ခင်ပွန်းလောင်းဖြစ်နေခြင်းကြောင့်ပါပင်။
"ဒီကုန်းဝမ်အာက အတော်လေးကောင်းမွန်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ သူမကတကယ်ကြီးကို မြေအောက်လောကဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆီမှာတောင် ရွေးချယ်ခံရတယ်။ သူမရဲ့ပါရမီက အတော်လေးထူးကဲနေပုံပဲ။"
ထို့အပြင် သူမမှာ တကယ့်ကိုပြဿနာလည်းဖြစ်သည်။
ကုန်းဝမ်အာနှင့်ပက်သက်သောကိစ္စကြောင့်သာမဟုတ်လျှင် မြေအောက်လောကဂိုဏ်းမှာ မျိုးနွယ်စုခြောက်ခုအား လုမျိုးနွယ်စုကိုတိုက်ခိုက်ကြရန် တိတ်တဆိတ်စည်းရုံးမှာမဟုတ်ချေ။ ထိုသို့ဆိုလျှင် သူလည်းသိုသိုသိပ်သိပ်ကျင့်ကြံနိုင်ပြီး သီးသန့်ကျင့်ကြံရာမှထွက်မလာခင်မှာပင် နတ်ဘုရားအရှင်ဘုရင်အဆင့်အထိသို့ပင် ကျင့်ကြံနိုင်မည်ဖြစ်သည်။
သူဟာအနာဂတ်တွင်လည်း သူ၏လက်စွဲစည်းကမ်းအား လက်ကိုင်ထားရန်လိုသေးပုံပေါ်သည်။ သူဟာမိန်းမများနှင့် အဝေးမှာနေရမည်။
ဒါက လုံခြုံဖို့အတွက်ပါပဲ။
တစ်ဖက်လူ၏အမှတ်တရများအား ဆက်လက်စားသုံးပြီးနောက်တွင် လုရှောင်ယန်၏အမူအရာမှာ တမုဟုတ်ချင်းပင် ထပ်မံလေးနက်သွားပြန်သည်။
ဒီကောင်ကတကယ်ကြီး သခင်ကြီးလုကိုတိုက်ခိုက်ခဲ့တာလား?
သခင်ကြီးလုမှာတကယ် အန္တရာယ်ရှိနေတာလား?
လုရှောင်ယန်၏အမူအရာမှာ အေးစက်သွား၏။ တုံ့ဆိုင်းမှုမရှိဘဲ သူ၏ခြေထောက်များကို လိမ်လိုက်ပြီး ချက်ချင်းပင် မြေအောက်လောကဂိုဏ်းအကြီးအကဲ၏ တစ်ကိုယ်လုံးနှင့် ဝိညာဉ်အား ချေမွလိုက်သည်။
ထို့နောက်တွင် သူဟာလက်ကိုယမ်းလိုက်ပြီး ထိုသူ၏ဝိညာဉ်ကိုဆွဲထုတ်လိုက်သည်။
ဤသည်မှာ အဆိပ်ရှိ ခေါင်းသုံးလုံးမြွေပုံသဏ္ဍာန်ပင်။ ထိုအရာမှာ လုရှောင်ယန်၏ဆုပ်ကိုင်ထားခြင်းကိုခံနေရပြီး လွတ်မြောက်ဖို့ရာ ရုန်းကန်နေသည်။
လုရှောင်ယန်မှာခမ်းခမ်းနားနားပင်လုပ်ဆောင်မနေတော့ဘဲ ချက်ချင်းပင်သူ၏လက်ကိုမြှောက်လိုက်ကာ ထိုအရာအား အရှင်လတ်လတ်မြိုချလိုက်သည်။
ထိုအဆိပ်ရှိမြွေနတ်ဝိညာဉ်မှာ သူ၏ကိုယ်တွင်းသို့ဝင်ရောက်သွားပြီး ပုန်းရှောင်ရန်နေရာပင်မရှာရသေးခင်မှာပင် လုရှောင်ယန်၏ အာကာသတွင်းနက်ကဲ့သို့နတ်ဝိညာဉ်မှာ ထိုအဆိပ်ရှိမြွေအား အရှင်လတ်လတ်ဝါးမြိုလိုက်ကာ လုရှောင်ယန်၏ နတ်ဝိညာဉ်ထဲသို့ဖြည့်စွက်ရန်ပင် ဖြန့်ကျက်လိုက်သည်။
လုရှောင်ယန်ဟာ သူ၏ခွန်အားအတန်ငယ်မြင့်တက်သွားခြင်းအပေါ် အင်မတန်မပျော်ရွှင်နေပါပေ။ သူဟာ သခင်ကြီးလုမှာ တကယ်ကိုအပြင်းအထန်ဒဏ်ရာရနေသည့်ပေါ်တွင်သာ စိတ်ရောက်နေသည်။
ထိုအဘိုးအိုမှာ သူ၏အဘိုးဖြစ်နေခြင်းကြောင့်သာမက ထိုလူမှာ သူ့အပေါ်တွင် အထူးကောင်းပေးသူဖြစ်သောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် တစ်ဖက်လူသာသေဆုံးသွားခဲ့ပါက လုမျိုးနွယ်စုတစ်ခုလုံးလည်း ပြိုလဲသွားလိမ့်မည်ပင်။
ထိုသို့ဖြစ်လာပါက လုရှောင်ယန်ဟာ အတော်လေးခေါင်းကိုက်ရပေမည်။
သူဟာခပ်ယောင်ယောင်သက်ပြင်းချလိုက်လေသည်။ သူဟာတစ်ခဏလောက်တော့ သိုဝှက်စွာနေထိုင်၍ မဖြစ်နိုင်တော့ပုံပါပင်။
...
"မကောင်းတော့ဘူး၊ သခင်ကြီးက တိုက်ခိုက်ခံလိုက်ရတယ်။"
လုမျိုးနွယ်စုခန်းမတွင် တစ်ယောက်ယောက်မှာ နောက်ဆုံး၌ သခင်ကြီးလု၏အခြေအနေကိုတွေ့ရှိသွားခဲ့သည်။ မကြာမီမှာပင် လုမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်များအားလုံးဟာ သူ့နံဘေးတွင် ဝိုင်းရံလိုက်ကြသည်။
"အဖေ၊ ဘာဖြစ်တာလဲ? အဖေ့ကိုဘယ်သူကဒီလိုဖြစ်အောင်လုပ်လိုက်တာလဲ?"
သခင်ကြီးလုမှာ အန္တရာယ်နှင့်ကြုံနေရပြီး သူ၏အသိစိတ်မှာပင် တဖြည်းဖြည်းခြင်း ဝေဝါးလာပြီဖြစ်သည်။
သူဟာ သူ၏ပါးစပ်အားလှုပ်လိုက်ပြီး တစ်ခုခုအားပြောချင်နေပုံရသော်လည်း နောက်ဆုံးတွင်မူ သူဟာအင်မတန်အားနည်းနေသောကြောင့် စကားတစ်ခွန်းမျှပင်မပြောနိုင်ပါချေ။
"အဖေ!"
လုထျန်းနန်နှင့် အခြားသောမျိုးဆက်များမှာ အင်မတန် ရင်ကွဲနေကြပြီး သူတို့၏ မျက်လုံးများပင် နီရဲလာကြလေသည်။
သခင်ကြီးလုမှာ ဝမ်းနည်းသွား၏။
သူသာသေဆုံးသွားခဲ့ပါလျှင် သူ၏မည်သည့်မျိုးဆက်များတစ်ယောက်မျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပါချေ။
မြေအောက်လောကဂိုဏ်းနှင့် မျိုးနွယ်စုခြောက်ခုမှာသူတို့အား အလွတ်ပေးမည်မဟုတ်ချေ။
သူဟာ သူတို့အားလွတ်မြောက်စေချင်ပါသော်လည်း သူဟာအပြင်းအထန်ဒဏ်ရာရထားသောကြောင့် စကားပင်မပြောနိုင်ပါချေ။
သူဟာမျိုးဆက်တပည့်လေးများ၏ ဖြစ်လာမည့်ပုံကိုပင် ရေးတေးတေးလေး ခန့်မှန်းမိနေရပြီဖြစ်သည်။
သို့ရာတွင် ထိုအခိုက်၌ သခင်ကြီးလုမှာ အားလုံး၏အရှိန်က ရုတ်တရတ်နှေးသွားသည်ကို သတိထားမိလိုက်၏။
ဒါကလူတစ်ယောက်သေဆုံးနေတဲ့ ပုံစံများလား?
အရာအားလုံးက နှေးကွေးကုန်တာလား?
ဘယ်လောက်တောင်ထူးဆန်းလိုက်လဲ!
သို့သော် နောက်တစ်ခဏတွင်ဆန်းကြယ်မှုထက်ပင် ပိုသောအရာတစ်ခုဖြစ်ပွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူသည် ဝတ်ရုံနှင့် ပုံရိပ်တစ်ခုမှာ လက်များကိုနောက်သို့ပို့ပြီး ဖြေးညင်းစွာလျှောက်လှမ်းလာနေသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရခြင်းကြောင့်ပင်။
သူ၏အရှိန်အား မြန်ဆန်သည်ဟုပြော၍မရသော်လည်း အခြားသူများနှင့်ယှဉ်လျှင် ၎င်းတို့မှာ ခရုများမျှသာဖြစ်ပြီး သူဟာရယ်စရာကောင်းလောက်အောင်ပင် မြန်ဆန်နေသည်။
"မင်းက သေမင်းတမန်တော်လား?"
သခင်ကြီးလု၏ ဝိညာဉ်မှာမေးမြန်းလိုက်၏။
တစ်ဖက်လူမှာ ပြန်၍မဖြေပါချေ။ သူ၏လက်အားဝေ့ယမ်းလိုက်သည်နှင့်အတူ အဇူရာနတ်ဘုရားမှာ သူ၏နောက်တွင် ပေါ်ထွက်လာပြီး မြစိမ်းရောင်အလင်းတစ်ခုအားထုတ်လွှတ်လိုက်သည်။
ထိုအလင်းမှာ အသက်စွမ်းအားများနှင့်ပြည့်နှက်နေသည်။ ထိုအရာမှာ သူ၏ခန္ဓာထက်တွင် တောက်ပလာသောအခါ တမုဟုတ်ချင်းပင် သူ့ကိုယ်ပေါ်မှ ဒဏ်ရာများအား ကုသပေးလိုက်၏။
သခင်ကြီးလုမှာ အရှေ့မှ အနက်ရောင်ဝတ်ရုံဝတ်လူအားကြည့်လိုက်ရာတွင် သရဲတစ်ကောင်အားမြင်လိုက်ရသကဲ့သို့ပင် သူ၏မျက်လုံးများမှာပြူးကျယ်သွား၏။
မကြာခင်တွင် သူ၏ဒဏ်ရာများမှာ လုံးဝပျောက်ကင်းသွား၏။
"ကျုပ်...ကျုပ်တကယ်ပဲ ကျုပ်ရဲ့ဒဏ်ရာတွေကပြန်ကောင်းသွားတာပဲ! ခင်ဗျားကဘယ်သူလဲ?"
တစ်ဖက်လူမှာ မည်သည်ကိုမျှမဆိုသေးဘဲ သူ့ထံသို့ ဆေးလုံးတစ်လုံးသာပေးလာ၏။ ဒါက အမတသွေးဆေးလုံးပင်။
ဒါက နက်နဲမှုအဆင့်ရှိ ဆေးလုံးတစ်လုံးပင်။
အမတသွေးဆေးလုံးမှာ သူ၏ပါးစပ်ထဲတွင်ပျော်ဝင်သွား၏။ နတ်ဘုရားစွမ်းအင်နှင့် သန့်စင်သောအမတသွေးမှာ သခင်ကြီးလု၏ နှစ်များစွာ မလှုပ်ရှားခဲ့သော ကျင့်ကြံဆင့်ကိုပင် တုန်လှုပ်သွားစေ၏။
နောက်တစ်ခဏတွင်သူ၏ကျင့်ကြံဆင့်မှာ ရူးသွပ်ဖွယ်မြင့်တက်သွားလေသည်။
ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်!
ဒုတိယမြောက် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်!
တတိယမြောက် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်!
ဒါဟာ အဆင့်သေးသုံးဆင့်မျှထိတိုးပြီးသည်မှ ရပ်တန့်သွားခဲ့၏။
သခင်ကြီးလု၏ နှလုံးမှာ ကဆုန်ပေါက်ခုန်နေပြီး မျက်လုံးထောင့်မှ မျက်ရည်နှစ်ပေါက်ပင်ကျဆင်းလာ၏။
သူ၏ကျင့်ကြံဆင့်မှာ တိုးမြင့်သွားခဲ့ပြီ!
သူဟာနောက်ဆုံးတွင် ဒဏ္ဍာရီလာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကိုရောက်ရှိသွားခဲ့ပြီ။ ဒါ့အပြင်သူဟာ တတိယမြောက် ဆယ်ပါးသော်သိုင်းနတ်ဘုရားအဆင့်ကိုပင် ချက်ချင်းရောက်ရှိခဲ့၏။
ဒါဟာ သူမရေတွက်နိုင်လောက်သည့်နှစ်များစွာ လိုက်နေခဲ့ရသော ကျင့်ကြံဆင့်ပင်!
အခုတွင် တစ်ဖက်လူမှာ သူ၏အဆင့်တက်ရန် ဆေးလုံးလေးတစ်လုံးသာအသုံးပြုခဲ့သည်။ ဒါကဘယ်လောက်တောင်စွမ်းအားကြီးမားလိုက်လဲ? ဘယ်လောက်တောင် ကောင်းကင်ကိုသွေဖီနေသလဲ?
ဒါက တကယ့်နတ်ဘုရားပဲ!
"အဖေ၊ အဖေ၊ ဘာဖြစ်လို့လဲ?"
မသိလိုက်သောအချိန်တစ်ခုပြီးနောက်တွင် သူ့သား၏အသံမှာ နားအတွင်းသို့ဝင်ရောက်လာပြီး သူ့အားထိတ်လန့်နေရာမှနှိုးလိုက်၏။
အရာအားလုံးဟာ ပုံမှန်ပြန်ဖြစ်သွားသည်။
ထိုမှော်ဆန်ပြီး စွမ်းအားကြီးမားလှသောတည်ရှိမှုမှာ ခြေရာပင်မကျန်ဘဲပျောက်ကွယ်သွား၏။
"သူဘယ်ရောက်သွားလဲ?"
သခင်ကြီးလုမှာ အလျင်အမြန်မတ်တပ်ရပ်လိုက်ပြီး ရှာဖွေရန် ခြံဝန်းထဲသို့သွားလိုက်သော်လည်း ဘာကိုမျှမတွေ့ပါချေ။
တစ်ဖက်တွင် လုထျန်းနန်နှင့် အခြားသူများမှာ သခင်ကြီးလုကြောင့် သေလုအောင်ပင်လန့်ဖြန့်သွားကြသည်။
"အဖေ၊ အ...အဆင်ပြေရဲ့လား?"
သခင်ကြီးလုမှာသူ့အားလျစ်လျူရှုကာ ခပ်ယောင်ယောင်သက်ပြင်းချလိုက်၏။
ထိုစီနီယာဆရာကြီးမှာ ထွက်သွားနှင့်ပြီကိုသူသိပါသည်။
သို့ရာတွင် သူ၏ကိုယ်တွင်းမှာ ထိုးဖောက်လုမတတ်အားကောင်းလှသော စွမ်းအားကိုခံစားမိသောအခါ သူဟာကူကယ်ရာမဲ့ရူးသွပ်စွာ ပြုံးလိုက်လေသည်။
လုမျိုးနွယ်စု၏ မျိုးဆက်အားလုံးမှာ ပဟေဠိဖြစ်သွားကြပြီး မျက်လုံးများပင်ပြူးသွားကြသည်။ သူတို့ဟာတစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသော်လည်း ဘာတွေဖြစ်နေသည်လဲကိုမသိကြချေ။
တစ်ခဏကြာပြီးနောက်တွင် လုထျန်းနန်ဟာ သတ္တိမွေးလိုက်ပြီး မေးမြန်းရန် သတိရှိရှိဖြင့်ရှေ့သို့သွားလိုက်သည်။
"အဖေ၊ ဘာဖြစ်လို့လဲ? အဖေအခု ဒဏ်ရာအပြင်းအထန်ရနေတာမဟုတ်ဘူးလား?"
သခင်ကြီးလုဟာရယ်မောလိုက်သည်။
"ဟားဟားဟား...အမှန်ပဲ၊ ငါတကယ်ကိုပဲအပြင်းအထန်ဒဏ်ရာရနေတာ။ ဒါပေမယ့် ငါအခုပဲကောင်းသွားပြီ။ ဒါတင်မကသေးဘူး ငါ့ရဲ့ကျင့်ကြံဆင့်ကလည်း အခုပဲ တတိယမြောက်ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကိုတက်လှမ်းသွားပြီ။"
"ဘာ!"
"ဘုရားရေ!"
"အဘိုး၊ ကျွန်တော်တို့ကိုနောက်နေတာလား?"
အားလုံးဟာ တစ်ကမ္ဘာလုံးရှိ မယုံနိုင်စရာအကောင်းဆုံးအရာကို ကြားနေရဟန်တူသည်။
အပြင်းအထန်ဒဏ်ရာရနေခဲ့သောသခင်ကြီးမှာ တက်ကြွနေရုံမျှမက တစ်ဆက်တည်းပင် အဆင့်သုံးဆင့်တက်သွားခဲ့သည်။ ဒါကတကယ်ကို အိပ်မက်အလားပင်။
သခင်ကြီးလုမှာ သူ၏ခေါင်းအားခါယမ်းလိုက်ပြီး မျက်နှာပေါ်ရှိ ပျော်ရွှင်မှုမှာ သိသာနေသည်။
"ငါနောက်နေတာမဟုတ်ဘူး။ မတိုင်ခင်က ရှောင်ချန်ကိုကယ်ခဲ့တဲ့တစ်ယောက်ကို ငါတို့လုမျိုးနွယ်စုရဲ့ ဘိုးဘေးလို့ထင်တယ်။ ဒါပေမယ့် အဲ့တုန်းက ငါကခန့်မှန်းခဲ့ရုံသက်သက်ပဲ။"
"ဒါပေမယ့် အခုတော့ သေချာသွားပြီ။"
"ငါတို့ရဲ့လုမျိုးနွယ်စုမှာ အသက်ရှင်နေသေးတဲ့ ဘိုးဘေးတစ်ယောက်တကယ်ရှိတယ်။ ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်က ပြိုင်ဘက်ကင်းလောက်အောင် နက်ရှိုင်းပြီး စွမ်းအားကြီးလှတယ်!"
"အခု သူကငါ့ရဲ့ဒဏ်ရာတွေကို ကုသပေးရုံတင်မကဘူး နှစ်များစွာကြာအောင်ပိတ်ဆို့နေခဲ့တဲ့ ငါ့ရဲ့ကျင့်ကြံဆင့်ကိုလည်း ဆေးလုံးတစ်လုံးပဲသုံးပြီး အဆင့်တက်စေခဲ့တယ်။"
"ဒါတွေအကုန်လုံးက မင်းတို့အရှေ့မှာပဲဖြစ်သွားခဲ့ကြပေမယ့် ဘယ်သူမှမမြင်လိုက်ကြရဘူး။"
"ပြောစမ်းပါဦး၊ ဒါကငါတို့လုမျိုးနွယ်စုရဲ့ဘိုးဘေးသာမဟုတ်ရင် ဘယ်သူက ဒီလိုကျင့်ကြံဆင့်မျိုးရှိမှာလဲ။ ဘယ်သူက ငါတို့လုမျိုးနွယ်စုရဲ့အသက်နဲ့ သေခြင်းကိုဂရုစိုက်မှာလဲ။ ဘာကြောင့်ငါ့ကိုအဆင့်တက်အောင် ကူညီပေးခဲ့တာလဲ?"
"ဟစ်~"
အားလုံးဟာတညီတညွတ်တည်း ရေရွတ်လိုက်ကြသည်။
ထို့နောက် သူတို့မှာ အင်မတန်ပျော်ရွှင်သွားကြ၏။
သူတို့လုမျိုးနွယ်စုတွင် ဘိုးဘေးတစ်ယောက်ရှိပြီး ထိုသူမှာ စိတ်ကူးပင်မယဉ်နိုင်လောက်အောင်စွမ်းအားကြီးမားလှသည်။
သူတို့တော့ ချမ်းသာပြီ!
သူတို့တကယ်ကြီး ချမ်းသာပြီ!
ဟားဟားဟား...
"အသက်ရှည်တဲ့ ငါတို့ရဲ့ဘိုးဘေး!"
"ငါတို့လုမျိုးနွယ်စုမှာ ဘိုးဘေးတစ်ယောက်လည်းရှိတယ်!"
"အခုဆိုရင် မျိုးနွယ်စုခြောက်ခုပဲဖြစ်ဖြစ် မြေအောက်လောကဂိုဏ်းပဲဖြစ်ဖြစ် ငါတို့ကြောက်စရာမလိုတော့ဘူး။"
ထိုအခိုက်တွင် ခြံဝန်းအပြင်ဘက်မှ ပုံရိပ်တစ်ခုပြေးဝင်လာသည်။
"သခင်ကြီး မကောင်းတာတစ်ခုတော့ဖြစ်နေပြီ။ မျိုးနွယ်စုခြောက်ခုလုံးက သခင်ကြီးကိုစိန်ခေါ်နေကြတယ်။ မနက်ဖြန်ကျရင် သူတို့တွေက ကောင်းကင်ပင်လယ်မြို့တော်ရဲ့ လေ့ကျင့်ရေးကွင်းမှာ သခင်ကြီးကိုစိန်ခေါ်ချင်နေကြပါတယ်။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၂။ အပိုင်း ၃၂၅ အခွင့်အလမ်း
သခင်ကြီးလု၏ မျက်ဝန်းများမှာ တုန်ရီသွားသည်။
"ဒီလူအိုကြီးတွေကတော့ ငါကမြေအောက်လောကဂိုဏ်းအကြီးအကဲကြောင့် ဒဏ်ရာပြင်းပြင်းရထားတယ်ထင်ပြီး ငါ့ကိုစိန်ခေါ်ကြတာပဲ။ ကောင်းပြီလေ ဒါဆိုရင် ငါလည်းသူတို့နဲ့ကစားလိုက်မယ်။ သူတို့ကိုပြောလိုက် မနက်ဖြန် ငါအဲ့ဒီကိုအချိန်မီလာခဲ့မယ်လို့။"
"ကောင်းပါပြီ!"
ထိုတပည့်လေးထွက်ခွာသွားပြီးနောက်တွင် သခင်ကြီးလုမှာဆက်ပြောလိုက်သည်။
"မနက်ဖြန်ကျရင် မျိုးနွယ်စုခြောက်ခုက အကြီးအကဲဘိုးဘေးတွေကို ငါကိုယ်တိုင်ငါ့လက်နဲ့တကယ်သတ်ပြမယ်။ ဒါပေမယ့် ငါသာစွမ်းအားအပြည့်ထုတ်သုံးလိုက်ရင် သူတို့တပည့်တွေက ထွက်ပြေးသွားကြမှာပဲ။ အဲ့အချိန်ကျရင်တော့ မင်းတို့ကိစ္စဖြစ်သွားပြီ။"
တပည့်လေးများ၏ နှလုံးများမှာချက်ချင်းတုန်ရီသွားကြသည်။
"ကောင်းပါပြီ!"
...
ဒီညဟာ လှိုင်းထန်ဖို့သတ်မှတ်ပြီးသားပင်။
ညနောက်ကျချိန်တွင် ပုံရိပ်တစ်ခုဟာလုရှောင်ယန်၏ ခြံဝင်းသို့တိတ်တဆိတ်ရောက်ရှိလာခဲ့၏။
"ရှောင်ယန်၊ ထွက်လာခဲ့။"
လုရှောင်ယန်ဟာ သူ့ဝမ်းကွဲအစ်ကို၏ရောင်ဝါကို အာရုံခံမိလိုက်သည်။ သူဟာတံခါးဖွင့်ရင်းဖြင့် ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဝမ်းကွဲအစ်ကို ဘာဖြစ်လို့လဲ? ဒီကိုညလယ်ကြီးဘာကြောင့်လာရတာလဲ?"
လုရှောင်ချန်ဟာဆန်းကြယ်စွာပြောလိုက်သည်။
"ငါ့မှာမင်းကိုပြောစရာရှိတယ်။ မနက်ဖြန်ကျရင် ငါတို့လုမျိုးနွယ်စုက မျိုးနွယ်စုခြောက်ခုနဲ့ အပြည့်အဝရင်ဆိုင်နိုင်ရချေရှိတယ်။ အဘိုးက အဲ့ဒီအချိန်ကျရင် တိုက်ပွဲထဲမှာ တပည့်အကုန်လုံးပါဝင်ကြဖို့ အမိန့်ပေးထားတယ်။ အဲ့အချိန်ကျရင် ငါ့နောက်ကိုလိုက်လာဖို့သတိရ၊ တစ်ယောက်တည်း မပြေးသွားနဲ့။"
"မင်းရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်နေသေးတယ်။ မင်းသာမျိုးနွယ်စုခြောက်ခုရဲ့ဆရာကြီးတွေနဲ့ရင်ဆိုင်ရမယ်ဆိုရင် တော်တော်လေးအန္တရာယ်ရှိတယ်။"
လုရှောင်ယန်၏နှလုံးမှာအတန်ငယ်နွေးထွေးသွားသည်။ သူ၏ဝမ်းကွဲအစ်ကိုမှာ သူ့အပေါ်တကယ်ကောင်းလှသည်။
သို့သော် သူဟာမေးဟန်ဆောင်လိုက်သည်။
"မနက်ဖြန်ကျရင်ကျွန်တော်တို့က မျိုးနွယ်စုခြောက်ခုကို ရင်ဆိုင်တိုက်ခိုက်ရမှာလား? ကျွန်တော်တို့လုမျိုးနွယ်စုက တိုက်ခိုက်ဖို့ကြိုးစားနိုင်မှာလား? မျိုးနွယ်စုခြောက်ခုကအရမ်းစွမ်းအားကြီးပြီး ကျွန်တော်တို့လုမျိုးနွယ်စုကိုတောင် ရှုံးစေနိုင်တယ်မဟုတ်ဘူးလား?"
လုရှောင်ချန်ဟာခေါင်းငြိမ့်လိုက်သည်။
"မင်းပြောတာမှန်တယ်။ ဒါကတကယ့်ကိစ္စပဲ။ အဘိုးကငါတို့ ဂျူနီယာလေးတွေကို ကောင်းကင်ပင်လယ်မြို့ကထွက်ပြေးလွတ်မြောက်ဖို့တောင် အမိန့်ပေးထားသေးတယ်။"
"အဆုံးမှာတော့ ငါတို့လုမျိုးနွယ်စုရဲ့ ဘိုးဘေးက တစ်ယောက်တည်းပေါ်ထွက်လာမယ်လို့တော့ မမျှော်မှန်းထားပါဘူး။"
"ဘိုးဘေး?"
လုရှောင်ယန်၏မျက်ခုံးများအတန်ငယ်မြင့်တက်သွားသည်။ ထိုလုမျိုးနွယ်စု၏ဘိုးဘေးဆိုသည်မှာ သူ့အားရည်ညွှန်းနေခြင်းဖြစ်နိုင်လား?
"အမှန်ပဲ။ ငါတို့လုမျိုးနွယ်စုရဲ့ဘိုးဘေး"
လုရှောင်ချန်ဟာ သူကိုယ်တိုင်သူ့အကြောင်းပြောနေရသကဲ့သို့ ဂုဏ်ယူနေသောအမူအရာရှိနေ၏။
"ငါတို့လုမျိုးနွယ်စုရဲ့ဘိုးဘေးက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ပဲ။ သူဘယ်လောက်ထိစွမ်းအားကြီးလဲဆိုတာတောင် မင်းစိတ်ကူးယဉ်လို့ရမှာမဟုတ်ဘူး။ မင်းကိုပြောပါရစေ။ သူသာဒီနေရာမှာရပ်ပြီး သူ့ရဲ့အရှိန်အဝါကိုသာထုတ်လွှတ်လိုက်ရင် ငါတို့ရဲ့ခေါင်းတွေကိုတောင် မော့နိုင်မှာမဟုတ်တော့ဘူး။ မင်းနားလည်ရဲ့လား?"
"သူ့ရဲ့ကျင့်ကြံဆင့်က ငါတို့နဲ့အဆင့်တူမှာရှိတဲ့ ဒါဇင်ချီ မဟုတ်ရင် တစ်ရာကျော်တဲ့ဆရာကြီးတွေကိုတောင် တစ်ခဏအတွင်းသတ်ဖို့ လုံလောက်တယ်။"
"ဒါအမှန်ပဲ။ နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ဆရာကြီး တစ်ရာလောက်ကို။"
ခဏမျှရပ်တန်ပြီးနောက်တွင် သူဟာဆက်ပြောလိုက်သည်။
"သူရဲ့ကျင့်ကြံဆင့်က အနည်းဆုံးဆယ်ပါးသေေ်သိုင်းနတ်ဘုရားအဆင့်ထက်တောင် ကျော်နေဦးမယ်။ မဟုတ်သေးဘူး ဒါက အနည်းဆုံး တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်လောက်တော့ရှိလောက်မယ်။ ဘာလို့လဲဆိုရင် သူကခဏအတွင်းမှာပဲ အဘိုးကိုကယ်နိုင်ခဲ့ပြီး အဘိုးရဲ့ကျင့်ကြံဆင့်ကိုလည်း ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကိုတိုးစေခဲ့လို့ပဲ။"
"သူက နတ်ဘုရားဘုရင်အဆင့်ဆရာကြီးတောင်ဖြစ်နိုင်သေးတယ်။"
လုရှောင်ယန်:"..."
ဒါကိုနားထောင်နေရင်းဖြင့် တစ်ဖက်လူက သူ့အကြောင်းပြောနေသေးတာရော ဟုတ်ရဲ့လားဟု စဉ်းစားလိုက်ရသေးသည်။
ဒါပေမယ့် သူ့ရဲ့ဝမ်းကွဲအစ်ကို ကြွားလုံးထုတ်တဲ့နေရာမှာ အရမ်းတော်နေတာမဟုတ်ဘူးလား?
သူသာဒီလိုဆက်ကြွားနေဦးမည်ဆိုလျှင် သူကလည်း နတ်ဘုရားဧကရာဇ်အဆင့်ဆရာကြီးပင် ဖြစ်လာလိမ့်မည်။
"အဟမ်း...အဟမ်း..."
အတန်ငယ်ချောင်းဆိုးလိုက်ပြီးနောက်တွင် လုရှောင်ယန်ဟာ လုရှောင်ချန်အား နှောက်ယှက်လိုက်သည်။
"ဒါကချဲ့ကားပြောနေတာတော့ မဟုတ်ဘူးမလား?"
လုရှောင်ချန်မှာ ညွှန်ကြားနေသည့်အတိုင်းပင် သူ၏လက်အားဝှေ့ယမ်းလိုက်သည်။
"မင်းကအရမ်းငယ်သေးပြီး မင်းရဲ့ကျင့်ကြံဆင့်ကလည်း အရမ်းနိမ့်နေသေးတယ်။ အဲ့ဒါကြောင့် ငါတို့လုမျိုးနွယ်စုရဲ့ဘိုးဘေးက ဘယ်လောက်ထိအင်အားကြီးမှန်း မင်းနားမလည်နိုင်သေးတာပဲ!"
"မင်းသာငါ့ရဲ့ကျင့်ကြံဆင့်အထိရောက်လာမယ်ဆိုရင် သိလာလိမ့်မယ်။"
"မင်းကိုအခု ထပ်ခါထပ်ခါပြောနေလည်းအသုံးဝင်မှာမဟုတ်ဘူးလေ။"
"ဘာလို့လဲဆိုတော့ မင်းက ဘိုးဘေးတွေဘယ်လောက်ထိ အင်အားကြီးလဲဆိုတာကိုနားမလည်သေးလို့ပဲလေ။"
လုရှောင်ယန်:"..."
တစ်ခဏမျှတိတ်ဆိတ်နေပြီးနောက်တွင် သူဟာခေါင်းငြိမ့်ပြီး ချက်ချင်းပင်ပြောလိုက်သည်။ "သိပါပြီ"
"မင်းသိပြီဆိုရင်ကောင်းပါတယ်။ ငါပထမဆုံးပြန်လိုက်ဦးမယ်။ ဒီညသတိကြီးကြီးထားပြီး အစီအရင်တွေအကုန်လုံးကို အသက်သွင်းထား။ မျိုးနွယ်စုခြောက်ခုကလူတွေကို တိုက်ဖို့အခွင့်အရေးမပေးနဲ့။"
လုရှောင်ယန်ဟာ ခေါင်းငြိမ့်လိုက်သည်။
"မပူပါနဲ့၊ ကျွန်တော်နားလည်ပါတယ်။"
သူတို့နှစ်ယောက်နှုတ်ဆက်ပြီးသည်တွင် လုရှောင်ယန်ဟာလှည့်လိုက်ပြီး သူ၏အခန်းထဲတွင် စတင်ကာစဉ်းစားလိုက်သည်။
လုမျိုးနွယ်စုဟာ သူ့အား ဘိုးဘေးဟု ထင်မှတ်ထားကြပုံရသည်။
ဒါကတကယ်ကောင်းပါသည်။
လုရှောင်ယန်မှာ မတိုင်ခင်တည်းက လုမျိုးနွယ်စုမှ သူ့အားကောင်းပေးခဲ့သဖြင့် လုမျိုးနွယ်စုအားကူညီသင့်ပေသည်။
လုမျိုးနွယ်စုမှာ အင်မတန်အားနည်းလှသောကြောင့် ဒီမှာနေရန်အတွက် သူ့အတွက်မလုံခြုံပါချေ။
နောက်တစ်ခုမှာ သူဟာအနာဂတ်တွင် အားကောင်းသောရန်သူများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။ သူကလည်း ပိုမိုအသုံးဝင်သောပါရမီရှင်များကို ပျိုးထောင်ရမည်ပင်။ နောက်ဆုံးတွင် သူတို့ကို မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။
အခုတွင် သူ့ထံ၌ ဒီအခွင့်အလမ်းရှိနေပြီဖြစ်သောကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူကာ လုမျိုးနွယ်စုအား ခွန်အားကြီးမားအောင် ကူညီရမည်ဖြစ်သည်။
ဒါက ကောင်းကင်နတ်ဆိုးဂိုဏ်းလိုပင်။ အဖွဲ့အစည်းတစ်ခုလုံး၏စွမ်းအားမှာ မလုံလောက်သေးပါလျှင် သူဟာမဖြစ်မနေ ခြေလှမ်းစရမည်ပင်။
သူဟာ သူ၏ဂုဏ်ပုဒ်အား လုမျိုးနွယ်စု၏ဘိုးဘေးအဖြစ်အသုံးချပြီး လုမျိုးနွယ်စု၏ အင်အားကိုတိုးမြှင့်ရမည်။ ထို့နောက်တွင်မူ သူဟာ အမှောင်တွင်ပုန်းခိုနေပြီး ဆက်လက်ကျင့်ကြံရမည်ပင်။
နှစ်အနည်းငယ်အတွင်း သူ၏ကျင့်ကြံဆင့်မှာ လုံလောက်သည့်အဆင့်တစ်ခုသို့ ရောက်လာပြီးနောက်တွင် သူဟာထုတ်ဖော်ပြဖို့ရာလည်း မစိုးရိမ်တော့ပါချေ။
သူဟာဒါကိုစမ်းသပ်ရန် အခွင့်အရေးရှာရလိမ့်မည်။
…
ကြယ်ရောင်ကောင်းကင်အောက် နတ်ဘုရားလောကရှိ အုတ်ဂူတစ်ခုတွင် ပုံရိပ်တစ်ခုမှာ သနားစရာပုံစံဖြင့် ထိုအုတ်ဂူမှ တွားသွားကာထွက်လာသည်။ သူဟာကူကယ်ရာမဲ့စွာဖြင့် မြက်ခင်းပေါ်တွင်ထိုင်ကာ ဆဲရေးလိုက်သည်။
"သေစမ်း၊ နတ်ဘုရားလောကကြီးက ဘာလို့ဒီလိုဖြစ်နေရတာလဲ? ဘာလို့နေရာတိုင်းက အုတ်ဂူတွေက အလွတ်ကြီးဖြစ်နေရတာလဲ?"
"ငါ ဟန်ကျန့်က ဒီလောက်တောင်ကံဆိုးတာလား? ငါအုတ်ဂူပေါင်းတစ်ထောင်ကျော်လောက်ရှာပြီးပေမယ့်လည်း အားလုံးကရှင်းလင်းနေရောပဲ။"
ဟန်ကျန့်ဟာ သူသည်အစွဲအလမ်းဖြစ်နေလားသည်ကိုပင် မသိတော့ပါချေ။ သူဟာကျွင့်မိသားစု၏ ကျွင့်ပုကျန်းနှင့် ရင်ဆိုင်ပြီးကတည်းက သူ၏ကံမှာ ဆိုးလာခဲ့ခြင်းပင်။
ပြောရလျှင် သူဟာ ကံဆိုးမှုအမျိုးပေါင်းစုံကို ကြုံတွေ့ရပြီးဖြစ်သည်။
အခုဆိုလျှင် သူဟာ အုတ်ဂူတူးဖော်ခြင်းမှတောင် အကျိုးအမြတ်မရနိုင်တော့ပါချေ။ ဒါက သူအများဆုံးမှီခိုနေရသည့်အရာဟုပင် ပြော၍ရချေသည်။
နှစ်ပေါင်းများစွာတိုင်အောင် သူဟာဘာမှမဟုတ်သည့်ကောင်ဘဝမှာ ပါရမီရှင်ဘဝအထိသို့ရောက်ရှိခဲ့ရသည့် အဓိကအချက်မှာ အုတ်ဂူတူးခြင်း၊ ဓားပြတိုက်ခြင်းနှင့် အကြံကြီးခြင်းတို့ကြောင့်ပင်။
အခုတွင်တော့ သူဟာ နတ်ဘုရားလောကတွင် လမ်းဘေးဆိုင်များမရှိသောကြောင့် လမ်းဘေးဆိုင်များမှ အပိုင်းအစလေးများပင် မကောက်နိုင်တော့ပါချေ။
သူဟာအခြားလူများအား လိမ်လည်လှည့်ဖျားဖို့ရန်မှာလည်း ပိုလို့တောင်မဖြစ်နိုင်ချေ။ ဒါကနတ်ဘုရားလောကကြီးဖြစ်သည်။ သူသာတစ်ယောက်ယောက်အားဆန့်ကျင်ပြီး လှည့်ဖျားခဲ့ပါလျှင် သူသာ ပါရမီအလွန်ထူးသည့်လူများနှင့်ကြုံရပါက အသက်နှင့်ကိုယ်ပင် အိုးစားကွဲသွားနိုင်သည်။
ဒါက အနိမ့်ပိုင်းလောကမဟုတ်ပါချေ။ အနိမ့်ပိုင်းလောကတွင်မူ သူ၏နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနှင့်ဆိုလျှင် သူဟာလျင်မြန်စွာပင် လွတ်မြောက်နိုင်သည်။
ဒီနေရာတွင်သူဟာ အမှိုက်စလေးတစ်စပင်ဖြစ်သည်။
ဒီမှာ နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနည်းလမ်းများထက်တောင်ပိုသည်တို့ ရှိသည်။
ပို၍ရယ်စရာကောင်းသည့်အရာမှာ သူဟာဖောက်ထွင်းရန် အုတ်ဂူတစ်လုံးပင်မရှာနိုင်ခြင်းဖြစ်သည်။
နတ်ဘုရားလောကရှိ အုတ်ဂူများမှာ သူ၏ခြေထောက်အောက်ဘက်ထက်ပင် ပိုမိုကာသန့်ရှင်းနေသေးသည်။ သူဟာ နတ်သလင်းကျောက်လေးတစ်လုံးပင် မတွေ့ပါချေ။
ဒါကသူရဲ့ကံတွေတကယ်ပဲဖျက်ဆီးခံရတာများဖြစ်နိုင်လား?
ဒါ့ကြောင့်အခုကစပြီး သူကသာမန်ပဲဖြစ်လာတော့မှာလား?
သာမန်ဖြတ်လျှောက်တစ်ယောက်ပဲဖြစ်လာမှာလား?
သေလိုက်ပါတော့၊ သူကသာမန်ဖြတ်လျှောက်လေးမဖြစ်ချင်ဘူး!
အသက်ပြင်းပြင်းရှူပြီးနောက်တွင် သူဟာမြေပြင်မှ ထရပ်လိုက်ပြီး လက်သီးကိုဆုပ်လိုက်၏။
"ငါ၊ ဟန်ကျန့်က ဘယ်တော့မှဖြတ်လျှောက်တစ်ယောက်မဖြစ်ရဘူး! ငါချမ်းသာချင်တယ်! ငါပိုပြီးသန်မာလာချင်တယ်! ငါကအရွေးချယ်ခံတစ်ယောက်ဖြစ်လာချင်တယ်!"
သူ့စကားဆုံးသည်နှင့် ကောင်းကင်ဘုံကိုးထပ်မှ ရွှေရောင်အလင်းတစ်ခုကျဆင်းလာပြီး သူ့အရှေ့တွင် ဆင်းသက်လိုက်သည်။
[ဒင်! hostက နောက်ဆုံးမှာ ယောက်ျားတစ်ယောက်ဖြစ်လာတာကိုအာရုံခံမိပါတယ်၊ ယောက်ျားဆန်သောစနစ်မှာ အသက်ဝင်နေပါပြီ။ ပေါင်းစပ်လိုပါသလား?]
ဟန်ကျန့်ဟာ ကြောင်အသွားသည်။
"ယောက်ျားဆန်သောစနစ်? အဲ့ဒါဘာကြီးလဲ?"
[ယောက်ျားဆန်သောစနစ်က စစ်မှန်တဲ့ယောက်ျားတစ်ယောက်ကိုဖန်တီးဖို့အတွက် ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုပါ။ ပေါင်းစပ်ပြီးသွားတဲ့အခါကျရင် အဲ့ဒါက hostကိုတာဝန်တွေထမ်းဆောင်ရင်းနဲ့ ဆုတွေပေးအပ်သွားမှာဖြစ်ပါတယ်။ ဆုတွေထဲမှာ မကန့်သတ်ထားတဲ့ အမျိုးမျိုးသောနတ်ဆေးလုံးတွေ၊ နတ်ဘုရားလမ်းစဉ်တွေ၊ နတ်လက်နက်တွေနဲ့ အစရှိတာတွေပါဝင်ပါတယ်]
ဟန်ကျန့်ဟာ အတန်ငယ်မျက်မှောင်ကျုံ့လိုက်သည်။ တစ်ခုခုတော့မှားနေပြီ။ တစ်ခုခုတော့ တော်တော်လေးမှားနေပြီ။
သူ၏ ဉာဏ်ရည် ၂၅၀ လောက်နှင့် သူဟာကောင်းကင်ဘုံမှ သူ့အား ထမင်းအလကားကျွေးမည်ဆိုသည်မှာ မဖြစ်နိုင်ဟု သိလေသည်။
လူတစ်ယောက်က မင်းကို သူ့မှာပေါင်မုန့်ပြားတစ်ခုရှိတယ်။ မင်းသာ သူပြောတာကိုလုပ်မယ်ဆိုရင် အဲ့ဒီ့ပေါင်မုန့်ကိုမင်းဆီပေးလိုက်မယ်လို့ ပြောလာမည်ဆိုလျှင် ဒါဟာလုံးဝကို ပြဿနာတစ်ခုပင်ဖြစ်သည်။
"ငါကပေါင်းစပ်ဖို့အတွက် အလျင်မလိုပါဘူး။ ပထမဆုံး ငါ့ကိုပြောပြ။ မင်းကဘယ်ကလဲ?"
[ကျွန်တော်ဘယ်က လာသလဲဆိုတာကအရေးမကြီးပါဘူး။ အရေးကြီးတာက ခင်ဗျားကို ကြီးမြတ်တဲ့ဖြစ်တည်မှုဖြစ်လာအောင် ကူညီပေးနိုင်ဖို့ပါပဲ]
"ဒါဆိုရင် ဘာလို့မင်းဘာသာမင်း ကြီးမြတ်တဲ့ဖြစ်တည်မှုတစ်ခုဖြစ်အောင်မလုပ်တာလဲ?"
စနစ် : [...]
ဟန်ကျန့်၏ စကားလုံးများမှာ တစ်ခဏအတွင်းပင် စနစ်အား ပြောစရာမဲ့သွားအောင်လုပ်လိုက်၏။
[ကျွန်တော်က ကြီးမြတ်တဲ့ဖြစ်တည်မှုတစ်ခုဖြစ်လာဖို့မလိုအပ်ပါဘူး။ ကျွန်တော်ကတခြားလူတွေကိုပဲ ပျိုးထောင်ဖို့လိုတာပါ...]
"ဟီးဟီး၊ မင်းဘာသာမင်း ကြီးမြတ်တဲ့ဆရာကြီးဖြစ်လာအောင် မလုပ်ချင်ဘူးလား? ငါကငတုံးလို့များ မင်းတကယ်ကြီးထင်နေတာလား?"
စနစ် : [...]
"ကောင်းပြီလေ ဒါဆိုရင်။ ငါအနားယူလို့မရနိုင်တဲ့ပုံပဲ။"
[ဘာကိုလဲ?]
"ငါလိုချင်တာကို မရမချင်း အနားမယူနိုင်ဘူး။"
ဟန်ကျန့်မှာ နှာမမှုတ်လိုက်ခင်တွင် တစ်ခဏမျှ တိတ်ဆိတ်နေလိုက်သည်။
"မင်းကငတုံးလား? မင်းလိုလူတစ်ယောက်က ဘယ်လိုဆရာကြီးတစ်ယောက်ကိုပျိုးထောင်နိုင်မှာလဲ? ငတုံးတစ်ယောက်လိုပြောနေတာပဲ။"
စနစ် : [...]
"အခြားသူတွေအတွက် ဘယ်လိုဝမ်းနည်းပေးရမလဲဆိုတာကို မင်းမသိဘူးမလား?"
"မင်းကလူမှမဟုတ်တာ။ ဘာလို့ချွဲနေရတာလဲ?"
စနစ် : [...]
[ကျွန်တော်ဘယ်လိုချွဲနေလို့လဲ? ဒါကမင်းအတွက်အခွင့်ကောင်းပဲလေ။ ဒါကကံကြမ္မာပဲ!]
"ဂရုမစိုက်ဘူး!"
[မင်းကဒီလိုလူလား? မင်းကသူရဲဘောကြောင်ပေမယ့် ငြင်းခုံရတာကိုကြိုက်နေတုန်းပဲ။ မင်းကိုဘာလို့ ဟန်ကျန့်လို့ခေါ်ကြတာလဲ? မင်းကို ဟန်အပြေးသမား မဟုတ်ရင် ဟန်အငြင်းသန်လို့ ခေါ်သင့်တယ်!]
[မင်းက ငါဘယ်သူလဲသိချင်တယ်ပေါ့? ငါကမင်းအဖေလေ ငတုံးရဲ့!]
သူ့စကားဆုံးသည်နှင့် ဟန်ကျန့်ဟာသူ့အရှေ့မှ ရွေရောင်အလင်းအား ဖြတ်လိုက်သည်။
"သေလိုက်စမ်း? ငါကအရူးလို့များမင်းထင်နေလား? မင်းကငါ့ကိုယ်ထဲကိုဝင်ပြီး ငါ့ရဲ့ဝိညာဉ်ကိုယူမလို့လေ? ဟီးဟီး ငါဟန်ကျန့်က သိုင်းလောကကြီးမှာ နှစ်ပေါင်းနှစ်ထောင်လောက်ကြာအောင် ကျင်လည်လာခဲ့ပြီးပြီ၊ ဒါမျိူးအကုန်မြင်ဖူးတယ်ကွ။"
"မင်းကငါ့ကို မင်းရဲ့နည်းလမ်းတွေနဲ့ အရူးလုပ်နိုင်မယ်များထင်နေလား? ငါကအချိန်အတော်ကြာကျင်လည်ခဲ့တာကွ!"
ထိုသို့ပြောရင်းဖြင့် သူဟာနောက်ထပ်အုတ်ဂူတစ်လုံးအားရှာရန်ဆက်သွားလိုက်သည်။
...
ထိုအခိုက်တွင် နတ်ဘုရားလောကတံခါးတစ်ခုမှာ ရုတ်တရတ်ပွင့်သွားသည်။ အနက်ရောင်ဝတ်ရုံနှင့်လှပသောပုံရိပ်တစ်ခုမှာ တံခါးမှ တဖြည်းဖြည်းချင်းလှမ်းထွက်လာ၏။
"ဟ! ဒါက နတ်ဘုရားလောကမဟုတ်လား? နှစ်ပေါင်းများစွာတိုင်အောင် ငါကနတ်ဘုရားလောကကိုနောက်ဆုံးတော့ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး။"
လင်းရှင်းယွဲ့ဟာ နှစ်အနည်းအကြာတည်းက နတ်ဘုရားအဆင့်သို့ရောက်ရှိခဲ့ခြင်းပင်။ သို့ရာတွင် သူမဟာ နတ်ဘုရားလောကသို့ မလာရောက်ချင်ခဲ့ပါချေ။
အဓိကအကြောင်းပြချက်မှာ သူမဆီမှ အခွင့်ကောင်းယူပြီး မရေတွက်နိုင်လောက်သည့်အကြိမ်များစွာတိုင် "အဖေ"ဟုခေါ်ဆိုစေခဲ့သည့် ခွေးကောင်အား မမြင်ချင်ခြင်းကြောင့်ပင်။
ထို့ကြောင့် သူဟာယခင်တည်းက နတ်ဘုရားအဆင့်သို့တက်လှမ်းခဲ့ပါသော်လည်း အနိမ့်ပိုင်းလောကတွင်သာ နှစ်များစွာ ကုန်ဆုံးခဲ့သည်။
ယခင်က အနိမ့်ပိုင်းလောကတွင် လုရှောင်ယန်မှာ စိတ်ဝိညာဉ်စွမ်းအင်အား နတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ကူးပြောင်းခဲ့သောကြောင့် နတ်ဝိညာဉ်စွမ်းအင်ပါရှိသော လေထုအပိုင်းဖြစ်ပေါ်လာပြီး သူမသည်လည်း ကျင့်ကြံရန်နတ်ဝိညာဉ်စွမ်းအင်အား စုပ်ယူခဲ့သည်။
မကြာခင်က သူမဟာ ပထမမြောက် စစ်မှန်သောနတ်ဘုရားအဆင့်သို့တက်လှမ်းပြီးနောက်တွင် အနိမ့်ပိုင်းလောကရှိ ပါးလျလှသောနတ်ဝိညာဉ်စွမ်းအင်မှာ သူမ၏သာမန်ကျင့်ကြံခြင်းကိုပင် ထပ်မံ၍မထောက်ပံ့နိုင်တော့ချေ။
ထို့ကြောင့် သူမဟာ နတ်ဘုရားလောကကို လာဖို့ရာမှလွဲ၍ ရွေးစရာမရှိတော့ပါချေ။
"ငါအဲ့ဒီ့ခွေးကောင်နဲ့ ဒီအချိန်မှာပြန်ပြီးရင်မဆိုင်ရဖို့ မျှော်လင့်မိတယ်။"
သူမစကားဆုံးလျှင်ဆုံးခြင်းမှာပင် သွေးရောင်ပုံရိပ်တစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာပြီး သူမ၏နံဘေးသို့ဆင်းသက်လာ၏။
***