အခန်း (၃၄၁-၃၄၅)
Vol. 23 Ch. 341-345
အပိုင်း ၃၄၁ ဒီလမ်းကြောင်းက ငါ့ကိုယ်ပိုင်ပဲ၊ ဒီသစ်ပင်က ငါစိုက်ပျိုးဖို့ပဲ
သက်ပြင်းတစ်ချက်ချပြီးနောက်တွင် ပြတ်သားမှုက ဟွေ့ရှင်း၏မျက်လုံးထဲ၌ဖြတ်ပြေးသွား၏။
"ထားလိုက်တော့၊ ငါထွက်သွားပြီး ကစားလိုက်မယ်။ ဘယ်လိုဖြစ်ဖြစ်...လုပ်စရာမှမရှိတာ။"
သူ၏စကားဆုံးသည်နှင့် သူဟာချက်ချင်းပင် ကိုယ်ပေါ်ရှိ ရေပေါ်ပေါ့ပါးခြေလှမ်းအား စတင်ကာလှည့်ပတ်လိုက်သည်။
ဘန်းဆိုသည့် အသံထွက်ပေါ်လာသည်နှင့် သူဟာ ရေပေါ်ပေါ့ပါးခြေလှမ်းအားအသုံးပြုကာ ပြင်းထန်အားကောင်းသည့် တုံ့ဆိုင်းမှုက သူ့အားနေရာ၌ တွန်းကန်နေ၏။
သူမှာ လေကပင်လိုက်မဖမ်းနိုင်လောက်အောင် လျင်မြန်လွန်းလှသည်။
...
အချိန်မှာ အလျင်အမြန်ကုန်ဆုံးသွားသည်။ ထိုနေ့တွင် လုရှောင်ယန်မှာ ကျင့်ကြံနေရာမှ ပိတ်ထားသော မျက်လုံးများကိုဖွင့်လိုက်၏။
သူ၏မျက်လုံးများမှာ တလက်လက်ထနေသော ကြယ်များလို့ပါပင်။
"ဟ! ငါအဆင့်ထပ်တက်သွားပြန်ပြီ။ နဝမမြောက်မဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့်ကိုတောင် ရောက်သွားပြီပဲ။ အမတနတ်ဘုရားဧကရာဇ်အဆင့်ကိုကျော်ဖြတ်နိုင်ဖို့ အဆင့်တစ်ဆင့်ပဲကျန်တော့တယ်။"
လုရှောင်ယန်မှာ အဆင့်တစ်ဆင့်တက်သွားတိုင်း လွယ်ကူသည်ဟုခံစားရသည်။
ဒါဟာ သူကိုယ်တိုင်နှင့် သူ၏တပည့်များအား ကာကွယ်နိုင်ရန် ပိုမိုအားကောင်းလာခြင်းကြောင့်ပင်။
သူသာကျောထောက်နောက်ခံတစ်ခုရှိခဲ့ပါလျှင် အင်မတန်ပူပန်နေမည်မဟုတ်ပါချေ။
ကံဆိုးစွာဖြင့် သူ့ထံတွင်မရှိပါချေ။ သူဟာတစ်ယောက်တည်းသာတိုက်ခိုက်နိုင်၏။
သူ၏တပည့်များမှာလည်း သူ့ကိုမကူညီနိုင်ပါချေ။
သူ၏မျိုးနွယ်စုမှာလည်း သူ့အားမကူညီနိုင်ပါချေ။
သူ့အားမည်သူမျှ မကူညီနိုင်ပါချေ။
ကံဆိုးစွာဖြင့် သူဟာ ဝမ့်ခိုက်အားပိုသန်မာလာစေရန် တပည့်များပိုရှာပေးဖို့လိုသည်။ မဟုတ်လျှင်သူဟာ တစ်ဦးတည်းသာဖြစ်နေလိမ့်မည်!
သူဟာ များစွာပူပန်နေရန်မလိုပါချေ။ သူသည် တွင်းတစ်တွင်းတူးရန်နေရာတစ်ခုရှာပြီး နောက်ဆုံးအချိန်ထိတိုင်အောင် ကျင့်ကြံလိုက်မည်ပင်။
ထိုအခိုက်တွင် ဝမ့်ခိုက်၏ချိုသာသောအသံမှယ လုရှောင်ယန်၏စိတ်တွင်း၌ ရုတ်တရတ်ပေါ်ထွက်လာ၏။
[သတိပေးပါတယ်၊ သခင်၊ မြင်းနက်က ချဉ်းကပ်လာတာကို တွေ့ရပါတယ်]
"မြင်းနက်?"
လုရှောင်ယန်မှာ မပြောခင်တွင် ပထမဆုံးကြောင်အသွားသည်။
"မြင်းနက်ကဘယ်မှာလဲ?"
[တစ်ဖက်လူရဲ့လက်ရှိနေရာရွေ့လျားနေပေမယ့်လည်း အချက်အလက်ကို ထုတ်ယူထားပြီးပါပြီ။ သခင် အရမ်းစိတ်မပူပါနဲ့။ တိုက်ခိုက်ဖို့ မတွေးခင် သူ့ကိုခဏလောက် လေ့လာနိုင်ပါတယ်]
"ငါသိပြီ။ ကောင်းပြီလေ၊ ပထမဆုံးငါကျင့်ကြံလိုက်ဦးမယ်။ အာရုံစိုက်ထားပါ။"
[ဟုတ်ကဲ့ပါ]
ပြောရင်းဖြင့် လုရှောင်ယန်ဟာ ကျင့်ကြံခြင်းသို့ထပ်မံဝင်ရောက်သွားသည်။
သူဟာတစ်ဖက်လူ၏အချက်အလက်များနှင့် မရင်းနှီးနေပါချေ။ သူသာပြင်းစွာတိုက်ခိုက်ခံရလျှင် ၎င်းမှာ တကယ်ကို အန္တရာယ်များမည်ပင်။
နောက်ဆုံးတွင် မြင်းနက်များမှာ ကျင့်ကြံဆင့်ပိုမြင့်သော ရန်သူများကိုပင် သတ်နိုင်ကြသည်!
ဒါ့အပြင်၊ မြင်းနက်များမှာ မဟာကံဖြင့် ကောင်းချီးပေးထားခံရခြင်းပင်။ လုရှောင်ယန်မှာ တိကျသောအစီအစ်များမရှိလျှင် တစ်ဖက်လူက သူ၏ရွေ့လျားမှုနည်းလမ်းသုံးကာ လွတ်မြောက်ရန် အင်မတန်လွယ်ကူနေလိမ့်မည်။
လုံခြုံမှုမှာ ပိုမိုကောင်းမွန်သည်။
ပြောရလျှင် တစ်ဖက်လူမှာ သူ၏ပုံစံအမှန်ကိုပင် မသိပါချေ၊ ထို့ကြောင့်တစ်ဖက်လူမှာ သူ့အား အထူးတလည် ပစ်မှတ်ထားနေမည်မဟုတ်ပါချေ။
သူဟာ အချိန်ယူရလိမ့်မည်။ သူ၏ကျင့်ကြံဆင့်ပိုမြင့်လေ မြင်းနက်များအား ထိခိုက်စေနိုင်လေပင်ဖြစ်သည်။
...
တစ်ဖက်တွင် ဗုဒ္ဓတပည့်များအဖွဲ့မှ ဗုဒ္ဧဘုရားကျောင်းငယ်ကနေ၍ ကီလိုမီတာပေါင်း သောင်းချီအဝေးသို့လာကာ ဗောဓိဘုရားကျောင်းဆီသို့ အကျဉ်းသားရထားတွဲ ဒါဇင်ချီအား လွှဲပြောင်းပေးနေသည်။
တစ်ယောက်ယောက်မှာ အကျဉ်းရထားတွဲအား ခန့်မှန်းမရနိုင်ပါချေ။ အကျဉ်းရထားတွဲမှာ ဟင်းလင်းပြင်နိယာမများပါဝင်သည်။ အကျဉ်းရထားတစ်တွဲမှာ နတ်ဆိုးပေါင်းတစ်ထောင်ထက်ပိုကာ အကျဉ်းချထားနိုင်သည်။
"ကျုပ်တို့ ဒီအချိန် ဗောဓိဘုရားကျောင်းကိုဒီတစ်ခေါက်သွားရင် ဘယ်လိုဆုမျိုးရမလဲတွေးမိတယ်။"
"ဆုတွေက လုံးဝ သေးမှာမဟုတ်ဘူး။ ငါတို့က နတ်ဘုရားလမ်းစဉ်ကိုတောင် သင်ကြားနိုင်တယ်။ ဟီးဟီးဟီး..."
"ကျုပ်က နတ်ဘုရားလမ်းစဉ်တွေကို အရမ်းကြီးစိတ်မဝင်စားဘူး။ ဗောဓိဘုရားကျောင်းက ကျုပ်ကို ကောင်းမွန်တဲ့ဆေးလုံးအချို့သင်ကြားပေးဖို့ပဲ မျှော်လင့်မိပါတယ်။"
"ကျုပ်ရဲ့ပါရမီက လုံလောက်အောင်အားမကောင်းဖြစ်နေပြီး ကျုပ်က နတ်ဘုရားလမ်းစဉ်တွေကို ကျင့်ကြံဖို့တောင်အသုံးမဝင်ဘူး။ ကျုပ်ရဲ့ကျင့်ကြံဆင့်ကိုသာ ဆေးလုံးတွေနဲ့ တိုက်ရိုက်တိုးနိုင်လိုက်မယ်ဆိုရင် ဒါက နတ်ဘုရားလမ်းစဉ်ထက် ပိုပြီးအကျိုးအမြတ်ရမှာပဲ။ ဘာကြောင့်မလုပ်ရမှာလဲ?"
"အိပ်မက်မက်နေလိုက်။ ကျုပ်တို့က နတ်ဆိုးအုပ်စုကို စောင့်ကြပ်နေရုံပဲ။ အလှူပေးနေတာမဟုတ်ဘူး။"
"ပြီးတော့ ဒါကအလှူကြီးဖြစ်နေရင်တောင် ဘာကိုပေးရမလဲဆိုတာကို ဗောဓိဘုရားကျောင်းရဲ့ မြင့်မြတ်သောဗုဒ္ဓက ဆုံးဖြတ်ဖို့လိုတယ်။ ကျုပ်တို့ဆုံးဖြတ်လို့မရဘူး။ မြန်မြန်လုပ်ရအောင်။"
လူတိုင်းဟာ ခရီးတစ်ဝက်ရောက်လာခဲ့ကြပြီး တစ်ခုခုမှာ မှားယွင်းနေသည်ဟုခံစားလိုက်ရသည်။
"ခဏ၊ တစ်ခုခုမှားနေပြီ။ ချောင်းမြောင်းတိုက်ခိုက်နေတယ်!"
စကားဆုံးသည်နှင့် လူတိုင်းဟာ သမင်...တစ်ကောင်ကိုမြင်လိုက်ရသည်? ၎င်းမှာ သူတို့အရှေ့ရှိ တောင်ပေါ်လမ်းတွင် ဆောင့်ကြောင့်ထိုင်နေပြီး အသားတစ်တုံးအား စားသောက်ရင်း အလုပ်ရှုပ်နေ၏။
"စိတ်မကောင်းပါဘူး၊ ဒီလမ်းကြောင်းကိုဖွင့်ပေးခဲ့တာက ကျုပ်ပါပဲ။ ဒီလမ်းကြောင်းကို ဖြတ်သန်းသွားချင်ရင် ကံကြမ္မာကိုနောက်မှာချန်ထားခဲ့ပါ!"
ဗုဒ္ဓဂိုဏ်းသားများမှာ အချင်းချင်းကြည့်လိုက်ကာ ချက်ချင်းရယ်မောလိုက်ကြ၏။
"ဟားဟားဟားဟား...စိတ်ဝင်စားစရာပဲ၊ တကယ်ကိုစိတ်ဝင်စားစရာပဲ။ တစ်ယောက်ယောက်က ဗုဒ္ဓဂိုဏ်းကို ငွေအတွက်နဲ့ တောင်းဆိုရဲမယ်လို့ မထင်ထားခဲ့ဘူး။"
"ဆရာတူအစ်ကိုတို့၊ ဒါက ပြီးပြည့်စုံပါတယ်။ ကျုပ်တို့ ဒီနတ်ဆိုးကိုဖမ်းဆီးပြီး ဗောဓိဘုရားကျောင်းဆီမပို့ခင် အကျဉ်းရထားတွဲထဲကို ပစ်လိုက်ပါမယ်။"
"ကောင်းပြီ!"
လူတိုင်းမှာ ဖြေဆိုလိုက်ကြပြီး ရှေ့ရှိသခင်အား လုံးဝဂရုမစိုက်ကြပါချေ။
သို့ရာတွင် ထိုသမင်မှာ လုံးဝ မသွားပါချေ။
"ဘဝင်မြင့်နေတဲ့ကောင်စုတ်လေး၊ မင်းတကယ်ကိုပဲ ငါ့ကိုမလေးစားဘဲနေရဲတယ်ပေါ့။ မင်းကိုသတိမပေးတဲ့အတွက် အပြစ်မတင်နဲ့။ ငါကစကားပြောဖို့ လွယ်နေတုန်းပဲ။ ဆရာရောက်လာဖို့စောင့်နေလိုက်ရင် မင်းနေဖို့အတွက် ခက်ခဲသွားလိမ့်မယ်။"
"မင်းက ဘဝင်မြင့်ရဲတုန်းလား? မင်းကသေချင်နေတာပဲ!"
တပည့်များမှာ တိုက်ခိုက်တော့မည့်ဆဲဆဲတွင် အေးစက်ပြီး အင်မတန်ဝံ့ကြွားသော ဟိန်းသံတစ်ခုက ရုတ်တရတ်ပင် တောင်ထိပ်မှ ထွက်ပေါ်လာသည်။
"အတင့်ရဲလိုက်တာ! မင်းကငါ့ရဲ့အိမ်မွေးနတ်ဆိုးကို ထိနိုင်မယ်ထင်နေတာလား?"
ထို မိုးခြိမ်းအသံမှာ ချက်ချင်းပင် လူတိုင်းအား ရပ်တန့်စေကာ တောင်ထိပ်သို့ တညီတညွတ်တည်း ကြည့်လိုက်စေ၏။
သို့ရာတွင် ၎င်းတို့မကြည့်လျှင်တောင် ကိစ္စမရှိပါချေ။ ၎င်းတို့ကြည့်လိုက်သောအခါတွင် လူတိုင်း၏ မျက်လုံးများမှာ ချက်ချင်းပြူးကျယ်သွားကြကာ ကိုယ်ပေါ်ရှိအမွှေးများ တစ်ဆုံးထောင်ထသွား၏။
"အိုး၊ ဘုရားရှင်!"
တောင်ထိပ်တွင် ကြီးမားသောရှေးဟောင်းကြေးခန်းမမှာ တိမ်များထဲတွင် တကယ်ကိုပုန်းကွယ်နေ၏။
"နတ်...နတ်ပစ္စည်းအဆောင်အယောင်?"
ဗုဒ္ဓဂိုဏ်း၏တပည့်များမှာ အင်မတန်ကြောက်ရွံ့သွားကာ ချက်ချင်းပင် လျှို့ဝှက် အကြားအာရုံဖြင့်ဆက်သွယ်လိုက်ကြသည်။
"ဘုရားရေ၊ သူကတကယ်ကြီး အဆောက်အဦတည်ဆောက်ဖို့ နတ်ပစ္စည်းကိုသုံးတယ်ပေါ့။ ဒီစီနီယာရဲ့ကျင့်ကြံဆင့်က တကယ်ကို ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ဖြစ်လောက်တယ်!"
"ဒါတင်မကသေးဘူး ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ပညာရှင်တွေမှာလည်း သူတို့ကိုထောက်ပံ့ပေးနေတဲ့ နတ်ပစ္စည်းအဆောင်လက်နက်တွေရှိတယ်။ အခြားဂိုဏ်းတွေမှာ နတ်ပစ္စည်းအဆောင်လက်နက်သုံးဖို့ဆိုရင် အနည်းဆုံး တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ရှိရမယ်။ လေ့လွင့်ကျင့်ကြံသူဆိုရင်တော့ ပိုခက်တာပေါ့။"
"ဘုရားရေ၊ ဒါက ဒီစီနီယာရဲ့ကျင့်ကြံဆင့်က ဒီအဆင့်ထက်မြင့်တယ်လို့ပြောချင်တာလား?"
သူတို့ပြောလိုက်သည်တွင် နောက်ထပ်မိုးကြိုးခတ်သံမှာ ကောင်းကင်မှထပ်မံပေါ်ထွင်လာသည်။
"မင်းတို့ကောင်တွေ ဘာအကြောင်းပြောနေတာလဲ? မင်းတို့က ငါ့လိုပါရမီရှင်ကြီးကို အထင်သေးနေကြတာလား?"
ထိုအသံကိုကြားသည်နှင့် လူတိုင်း၏မျက်လုံးများမှာ အင်မတန်ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားကြသည်။
သူဟာတကယ်ကိုပင် သူ့ကိုယ်သူ ပါရမီရှင်ကြီးဟုခေါ်ဆိုနေလေသည်။ သေစမ်း၊ တစ်ဖက်လူကတကယ်ကို ပါရမီရှင်ကြီးပဲ။
အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက်တွင် လူတိုင်းမှာ ချက်ချင်းအရိုအသေပေးလိုက်ကြ၏။
"စီနီယာ ကျွန်တော်တို့မှားသွားပါတယ်။ ကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါ။"
"ဟုတ်ပါတယ်။ ကျုပ်တို့အားလုံးက ဗုဒ္ဓဘုရားကျောင်းငယ်က ဗုဒ္ဓဂိုဏ်းတပည့်တွေပါ။ ဗုဒ္ဓဘုရားကျောင်းငယ် အဝေးတစ်နေရာမှာ ရှိပါတယ်။ စီနီယာက ဒီနေရာရဲ့နတ်ဘုရားဆိုတာကို မသိတာက ကျုပ်တို့ရဲ့အမှားပါ။ ဒါပေမယ့်လည်း ဆိုရိုးအတိုင်း မသိကြတဲ့သူတွေက အပြစ်ကင်းတယ်တဲ့။ စီနီယာ၊ ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ။"
"အိုး? မင်းတို့က ဗုဒ္ဓဂိုဏ်းရဲ့တပည့်တွေဆိုတော့ မင်းတို့ကို သွားခွင့်ပြုလိုက်ပါမယ်။ နောက်ဆုံးတော့ ငါက ဗုဒ္ဓဂိုဏ်းနဲ့ရေစက်ရှိတယ်လို့ထင်ရတာပဲ။ ငါရဲ့မိတ်ဆွေနည်းနည်းကလည်း ဗုဒ္ဓဂိုဏ်းကပဲလေ။"
"ဒါပေမယ့် သေခြင်းတရားကို ရှောင်ရှားနိုင်နေစဉ်မှာ အပြစ်ပေးတာကမလွတ်မြောက်ဘူးတဲ့။ မင်းတို့အားလုံးရဲ့ပိုင်ဆိုင်မှုတွေကို ထားခဲ့ပြီး မြန်မြန်သွားကြတော့။"
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကောင်းပါပြီ။ ကျုပ်တို့အခုပဲ ဒါတွေကိုထားခဲ့ပါမယ်။"
ဗုဒ္ဓဂိုဏ်းတပည့်များမှာ အလျင်အမြန်ပင် ကိုယ်ပေါ်မှ ရတနာများအား ချထားခဲ့ကြသည်။ သမင်မှာ ချက်ချင်းပင် ရှေ့သို့သွားကာ အကြမ်းပတမ်းစုဆောင်းလိုက်၏။ ထိုအထဲတွင် နတ်လက်နက် ၄၀ကျော်၊ ဆေးလုံး ၇၀ကျော်နှင့် အဆင့်နိမ့်နှင့် အလယ်အဆင့်နတ်သလင်းကျောက်ပေါင်း ၁၀၀၀နီးပါးပင်ရှိသည်။
"စီနီယာ၊ အဲ့ဒီအကျဉ်းရထားတွဲထဲက နတ်ဆိုးတွေအားလုံးက ကျုပ်တို့ဗုဒ္ဓဂိုဏ်းက နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲအတွက် လိုအပ်တဲ့ နတ်ဆိုးတွေပါပဲ။ စီနီယာ သူတို့ကိုတော့ ဆက်ပြီးယူထားခွင့်ပေးပါ။"
"ကောင်းပြီလေ၊ နတ်ဆိုးတွေကလည်း။ငါ့အတွက်အသုံးမဝင်ပါဘူး။"
"ဟုတ်ကဲ့ပါ၊ စီနီယာ။ ဒါပေမယ့် စီနီယာက ဗုဒ္ဓဂိုဏ်းနဲ့ရေစက်ရှိမှတော့ကျုပ်မှာ နောက်ထပ် ကိစ္စသေးသေးလေးရှိပါသေးတယ်။ စီနီယာသဘောတူမလား သိချင်ပါတယ်။"
"ပြောပါ!"
"မှတ်စုတစ်ခုလောက်ရေးပေးနိုင်မလား? စီနီယာက ကျုပ်တို့ရဲ့ရင်းမြစ်တွေနဲ့ ဓမ္မရတနာတွေကို ဒီနေ့မှာ ငှားသွားတယ်လို့ ရေးရုံပါပဲ။"
ထိုစီနီယာ : "..."
"ဘာအတွက် ဒါကိုလိုချင်ရတာလဲ?"
"ဒါကဒီလိုပါ စီနီယာ။ ခင်ဗျားသာ ကျုပ်တို့ရဲ့ ဓမ္မရတနာတွေကို ငှားရမ်းသွားတယ်လို့ စာရေးပေးရင် ဗောဓိဘုရားကျောင်းမှာ ကျုပ်တို့ရဲ့ဆုံးရှုံးမှုတွေအတွက် ပြန်ပေးငွေတောင်းလို့ရပါတယ်။"
"ဒါပေမယ့် မရေးပေးလိုက်ရင်တော့ ကျုပ်တို့လည်း ပြန်အမ်းငွေမရပါဘူး။"
"ကျုပ်တို့ ဒီဆုံးရှုံးမှုကို ကိုယ့်ဘာသာ ပြန်ရှာရမှာပါ။"
"ဒါပေါ့၊ ကျွန်တော်တို့လည်း စီနီယာကို ဘာအတွက်နဲ့မှ စာမရေးစေချင်ပါဘူး။ ကျုပ်တို့ပြန်ရောက်ပြီးရင် စီနီယာကို ဖြတ်သန်းခတချို့ပေးမှာပါ။"
"အိုး? ဒါဆိုရင် ဘယ်လိုရေးစေချင်လဲ?"
"ဟမ်၊ ဘာလို့ စာရင်းတစ်ခုမလုပ်ကြရမှာလဲ? ဒါကရိုးရိုးလေးပါပဲ။"
"ဘယ်လို?"
"အမ်... စီနီယာဒီလိုရေးလို့ရတယ်။ ထိပ်တန်းအဆင့် နတ်သလင်းကျောက် ၁၀၀၀၀၊ နတ်ပစ္စည်းအဆောင်လက်နက် ၇ခု၊ နတ်လက်နက်ပေါင်း ၁၄၀ကျော်..."
စီနီယာ : "..."
သမင် : "..."
ထို ဗုဒ္ဓဂိုဏ်းတပည့်များ၏ အရှက်မဲ့စကားလုံးများကိုကြားရသောအခါ ၎င်းတို့နှစ်ဦးမှာ တကယ်ကို ပြောစရာမဲ့သွား၏။
သူတို့မှာ တစ်ဖက်လူဆီမှာ လုယက်ပြီး အနည်းငယ်သာယူခြင်းဖြစ်သည်။
သို့သော် ထိုဗုဒ္ဓဂိုဏ်းသားများမှာ ပိုလို့ပင်ရယ်စရာကောင်းနေ၏။
၎င်းတို့မှာသူ့အားတကယ်ကြီး မှတ်စုတစ်ခုရေးပေးစေချင်နေသည်။
၎င်းတို့မှာ တကယ်ကိုပင် အရှက်မဲ့လှချေ၏။
သို့သော် ထိုသို့ပြောရလျှင် ထိုကောင်လေးများမှာ သူ့အားငတုံးဟုထင်နေသည်လား?!
သူသာတကယ်ကြီးမှတ်စုတစ်ခုရေးပေးလိုက်ပါလျှင် ဗုဒ္ဓဂိုဏ်းမှစီနီယာဘုန်းကြီးများ လာရောက်ကာသူ့အားဒုက္ခပေးနိုင်သည်မဟုတ်ပါလား?
ထိုကောင်စုတ်လေးများမှာ တကယ်ကိုပင် သူ့အားဆန့်ကျင်ရန် ပြင်ဆင်ထားကြ၏။
ဒါကိုတကယ်ကိုပင် သည်းမခံနိုင်ဖွယ်ရာပင်။ တကယ်ကိုပင် သည်းမခံနိုင်ဖွယ်ရာပါပင်။
"သွားကြစမ်း!"
စီနီယာ၏ ဒေါသသံမှာ တပည့်လေးများအား ကြောက်ရွံစေကာ သူတို့မှာ ချက်ချင်းပင်ထွက်ပြေးသွားကြ၏။
"စီနီယာ၊ ကျုပ်တို့နောက်ကိုလိုက်မလာဘူးမဟုတ်လား?"
"မလိုက်ဘူး။"
ဗုဒ္ဓဂိုဏ်းတပည့်များ တောင်ကြားမှလုံးဝထွက်သွားသည့်နောက်တွင် ၎င်းတို့မှာ သက်ပြင်းချလိုက်ကြ၏။
"အခုတကယ်ကိုပင် အန္တရာယ်များနေပြီ။ ဒီလိုစီနီယာပညာရှင်က ဒီနေရာမှာပုန်းကွယ်နေမယ်လို့ထင်မထားဘူး။"
"သူဒီကိုလာမယ်လို့ ငါထင်တယ်။ သူ့ကိုမမြင်ရတာ ဆယ်နှစ်ရှိပြီ!"
"ဘယ်သူသိမှာလဲ? ပြောရရင် တစ်ဖက်လူက ပါရမီရှင်ကြီးဆိုတာကို သိတာနဲ့တင် အဆင်ပြေနေပြီ။ ငါတို့ပြန်ရောက်ရင်လမ်းလွှဲကြရမယ်။"
"အချိန်တစ်ခုအတွင်းမှာ ငါတို့ကိုယ်တိုင်ရဲ့ စာရင်းအသစ်တစ်ခု လုပ်ရလိမ့်မယ်။ အခြားလူတွေ ဒါကို ဘာအတွက်မှ လုယူသွားခွင့်မပြုဘူး။ ငါတို့ ဗောဓိဘုရားကျောင်းမှာ ပြန်ပေးငွေသွားယူရမယ်။"
"အမှန်ပဲ! ထိပ်တန်းအဆင့် နတ်သလင်းကျောက်တွေပိုယူရအောင်။ ပထမဆုံး ၃၀၀၀၀ကနေ ၅၀၀၀၀အထိတောင်းဆိုကြည့်မယ်။ မရရင်တော့လည်း ၁၀၀၀၀လောက်တောင်းကြတာပေါ့"
....
ဗုဒ္ဓဂိုဏ်းတပည့်အချို့ထွက်ခွာသွားသည်နှင့် သမင်မှာ ရင်းမြစ်အားလုံးကို ကောက်ယူလျက် တောင်ပေါ်သို့ယူဆောင်သွားသည်။
ထိုအခိုက်တွင် ရှေးဟောင်းကြေးခန်းမမှာ လူတစ်ဦးအဖြစ်သို့အသွင်ပြောင်းကာ အပြုံးတစ်ခုဖြင့် ပျံသန်းလာ၏။
"ဖိဂုလျန် မင်းရဲ့အကြံက အကောင်းဆုံးဖြစ်နေတုန်းပဲ။ မင်းကငါတို့ကို ဆရာကြီးတွေအဖြစ်ဟန်ဆောင်စေပြီး ဒီမှာလုယက်ခိုင်းတယ်။ ဒါနဲ့ဆိုရင် ငါတို့ရဲ့ကျင့်ကြံဆင့်က ၂နှစ်အတွင်းမှာ တိုးတက်မှုကို ရပ်တန့်မှာမဟုတ်တော့ဘူး။"
"ဒါပေါ့! ကျုပ်ကဘယ်သူမို့လို့လဲ? ဖိဂုလျန်လေ! ဂိုဏ်းတစ်ခုလုံးကိုကြည့်လိုက်။ ဉာဏ်ပညာအရာမှာဆို ဘယ်သူကကျုပ်ကိုယှဉ်နိုင်လဲ?"
တစ်ဖက်လူ၏အမူအရာမှာ တစ်ခုခုမှားယွင်းနေသည်ကို မြင်သောအခါ ဖိဂုလျန်မှာ အလျင်စလိုပြောလိုက်သည်။
"အဟမ်း အဟမ်း... ခင်ဗျားပဲ၊ လောင်ထိုင်ပဲ ကျုပ်ကို ယှဉ်နိုင်တာ။ အခြားလူတွေက တကယ်ကို ဖော်ပြဖို့တောင် မထိုက်တန်ဘူး။"
ထိုမှသာ လောင်ထိုင်၏အမူအရာမှာ အတန်ငယ် သက်တောင့်သက်သာဖြစ်သွား၏။
"အမှန်ပဲ။ ဒါပေမယ့် မင်းလှည့်ဖျားဖို့ရာ အများကြီးလုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ဉာဏ်ပညာအရာမှာဆိုရင် ငါ လောင်ထိုင်က မင်းကို စွမ်းအားအကြီးဆုံးလို့ခေါ်ဆိုမယ်!"
"ဟီးဟီးဟီး... ခံစားချက်ကတော့ တကယ်ကောင်းတယ်။"
နတ်ဆိုးနှစ်ကောင်မှာ ချက်ချင်းပင် သူတို့လုယက်လာခဲ့သည့် ပစ္စည်းများကိုခွဲလိုက်သည်။
နတ်သလင်းကျောက်များ၊ ဆေးလုံးများနှင့် အစရှိသည်တို့အားလုံးအား အပိုင်းနှစ်ခုအဖြစ်အညီအမျှ ခွဲလိုက်သည်။
ထိုအခိုက်တွင် လောင်ထိုင်မှာ ခပ်မှိန်မှိန်ရွှေရောင်လက်စွပ်အား သတိပြုမိသွားသည်။
"ခဏ၊ ဒါကဘာလဲ?"
သူဟာချက်ချင်းပင် လက်စွပ်လေးအား ကောက်ယူကာ မထိန်းနိုင်ဘဲ မျက်ခုံးများပင်မြင့်တက်သွား၏။
"ထူးဆန်းတယ်၊ ဒီလက်စွပ်လေးကို ရင်းနှီးနေသလိုပဲ။ ဒါကို အရင်က ဘာကြောင့်မြင်ဖူးတယ်လို့ခံစားနေရတာပါလိမ့်?"
ဖိဂုလျန်မှာ ထိုသည်ကိုအကြည့်ပို့လိုက်ကာ သူ၏အမူအရာလည်း ဆိုးဆိုးရွားရွားပင် ပြောင်းလဲသွား၏။
"သေစမ်း၊ ဒီလက်စွပ်က အမည်မဲ့ဂိုဏ်းက ကိုယ်ပိုင်တပည့်လက်စွပ်ပဲ! ငါသူတို့ကို ဒီလက်စွပ်ဝတ်တာမြင်ဖူးတယ်!"
လောင်ထိုင်၏ကိုယ်မှာ ရပ်တန့်သွားကာ ချက်ချင်းပင် မျက်လုံးများကျယ်သွား၏။
"ဒါက ဆရာသခင်ရဲ့ကိုယ်ပိုင်တပည့်က ဗုဒ္ဓဂိုဏ်း အကျဉ်းရထားတွဲထဲကနေ အခုပဲဖြတ်သွားတာလား?"
"သေလိုက်ပါတော့ကွာ!"
ဖိဂုလျန်မှာ ထိုပစ္စည်းများကို ဟင်းလင်းပြင်သိုလှောင်အိတ်ထဲသို့ ထည့်သွင်းကာ ချက်ချင်းပင် တစ်ဖက်လူတို့ထံ လိုက်သွားလိုက်တော့၏။
လောင်ထိုင်လည်း ချက်ချင်းလိုက်သွားသည်။ သူဟာရင်းမြစ်များအား သူ၏အဓိကကိုယ်ထဲသို့ပစ်လိုက်ပြီး ချက်ချင်းပင် ဖိဂုလျန်နောက်သို့လိုက်သွားလိုက်သည်။
...
တစ်ဖက်တွင်မူ လီချန်းရှန်၊ စုန့်ရှင်းနျန်နှင့် အခြားနှစ်ယောက်မှာ ဗုဒ္ဓဂိုဏ်းတပည့်များစွာကို ဖမ်းဆီးထားသည်။ အမျိုးမျိုးသောခြောက်လှန့်ခြင်းနှင့် ကတိများပေးပြီးနောက်တွင် သူတို့မှာ ကျူးကောကျီချုံအားစောင့်ကြပ်ထားသော အကျဉ်းရထားတွဲလမ်းကြောင်းကို ရရှိလိုက်ကာ ချက်ချင်းပင် သူမနောက်သို့လိုက်ရန် ထွက်လာကြ၏။
သို့သော် ယနေ့တွင် သူတို့ဟာ လမ်းတစ်ဝက်သို့သာရောက်သေးပြီး အင်မတန်အားကောင်းသောအရှိန်အဝါဖြင့် ပိတ်ဆို့ခံလိုက်ရသည်။
"အမိတာဘ၊ ရှန်ဇိုင်း ရှန်ဇိုင်း။"
သူတို့သုံးဦးသားမှာ ချက်ချင်းရပ်တန့်လိုက်သည်။ နောက်တစ်ခဏတွင် ငယ်ရွယ်သောဗုဒ္ဓဂိုဏ်းသားမှာ ဖြည်းညင်းစွာဆင်းသက်လာ၏။
သူဟာသင်္ကန်းကိုရုံထားသည်။ သူဟာငယ်ရွယ်သော်လည်း သူ၏အရှိန်အဝါမှာ ထူးကဲသည်။ သူ၏ကျင့်ကြံဆင့်မှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်ကိုပင် ကျော်လွန်နေသေးသည်။
"ဒီနေ့ ဒီနေရာက ငါတို့ရဲ့ဗုဒ္ဓဂိုဏ်းခွဲတွေအကုန်လုံးဖျက်ဆီးခံလိုက်ရတယ်။ မင်းတို့တွေကို ငါတို့ဗုဒ္ဓဂိုဏ်းက စီနီယာဘုန်းတော်ကြီးရဲ့ ယုံကြည်မှုစွမ်းအား အမှတ်နဲ့မှတ်သားထားတယ်။ အသေအချာပြောရရင် မင်းတို့က ငါတို့ဗုဒ္ဓဂိုဏ်းခွဲကိုဖျက်ဆီးခဲ့တဲ့ လူတွေပဲ၊ ဟုတ်တယ်မလား?"
သူတို့၏အမူအရာမှာ ပြောင်းလဲသွားသည်။
"အားကောင်းလိုက်တဲ့အရှိန်အဝါ။ တစ်ဖက်လူရဲ့ကျင့်ကြံဆင့်က တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်နဲ့အထက်မှာရှိနေတာပဲ။ ပြီးတော့ သူက သာမန် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင်တောင်မဟုတ်ဘူး။"
လင်းရှင်းယွဲ့မှာ တံတွေးပင်ခက်ခက်ခဲခဲမြိုချလိုက်ရသည်။
"ရှင်တို့နှစ်ယောက်ယုံကြည်ချက်ရှိလား?'
"ဒါကပြဿနာကြီးတော့မဟုတ်ပါဘူး။ ငါက ဆယ်ပါးသောသိုင်းနတ်ဘုရားအထွဋ်အထိပ်အဆင့်ကိုရောက်နေပြီပဲ။ ဆရာတူညီလေးစုန့်က ပထမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်မှာရှိတယ်။ ငါတို့နှစ်ယောက်သာအစွမ်းကုန်ကြိုးစားပြီး ငါတို့အသက်ကိုရင်းပြီးတိုက်ခိုက်ရင် အဆင့်ကြီးတစ်ခုလုံးပိုမြင့်တဲ့လူကိုတောင်တိုက်နိုင်ပါတယ်။"
သူတို့ကတစ်ယောက်တည်းပဲဆိုပါလျှင် တစ်ဖက်လူများအား သတ်ရန်မဖြစ်နိုင်ပါချေ။
သို့ရာတွင် နှစ်ယောက်အတူတိုက်ပါက နိုင်နိုင်ချေရှိသည်ပင်!
စုန့်ရှင်းနျန်မှာ သူ၏လက်ကိုယမ်းလိုက်၏။
"ဒုက္ခအများကြီးကျော်ဖြတ်ဖို့မလိုပါလူး။ ငါတို့က သိပ်မထင်ရှားတဲ့ ကတုံးတစ်ယောက်နဲ့ပဲ ရင်ဆိုင်နေရတာပါ။ ဆရာတူအစ်ကိုကို ဘယ်လိုလို့ကျွန်တော်နဲ့ အတူတူတိုက်ခိုင်းဖို့လိုမှာလဲ? ကျွန်တော်တစ်ယောက်တည်းနဲ့တင် လုံလောက်နေပါပြီ။"
လီချန်းရှန်မှာအံ့အားသင့်သွားသည်။
"ဆရာတူညီလေးစုန့်၊ မင်းက ပထမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်မဟုတ်ဘူးလား?"
စုန့်ရှင်းနျန်၏ ကျင့်ကြံဆင့်သာ ပထမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ကိုကျော်လွန်နေပါလျှင် တစ်ဖက်လူအား ရှုံးစေရန် အခွင့်အရေးကောင်းရှိပေသည်။
သို့သော် စုန့်ရှင်းနျန်မှာ ဆန်းကြယ်စွာပြုံးလိုက်၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၃။ အပိုင်း ၃၄၂ ဒါဆိုငါက လူပြက်တစ်ယောက်ပေါ့
"ဒါပေါ့၊ ကျွန်တော်က ပထမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပါပဲ။ ဒါပေမယ့် ဒါက ကျွန်တော် သူ့ကိုအနိုင်မယူနိုင်ဘူးလို့ မဆိုလိုဘူးလေ။"
သူ့စကားဆုံးပြီးနောက်တွင် စုန့်ရှင်းနျန်မှာ ဖြေးဖြေးချင်းရှေ့သို့ လှမ်းလျှောက်လာ၏။
လင်းရှင်းယွဲ့မှာ ကူရာမဲ့စွာ ပဟေဠိဖြစ်သွားသည်။
"သူဘာတွေလုပ်နေတာလဲ?"
လီချန်းရှန်မှာ သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"ငါလည်းသေချာမသိပါဘူး။ ဒါပေမယ့် ဆရာတူညီလေးစုန့်မှာ သူရဲ့အကြံရှိတယ်ဆိုရင် သူ့ကိုကြိုးစားခွင့်ပေးလိုက်ပါ။ တချို့ ဆန်းကြယ်တဲ့အကျိုးသက်ရောက်မှုတွေလည်း ရှိနေနိုင်တယ်။"
ထိုသို့ဆိုလျက် သူဟာ စုန့်ရှင်းနျန်၏နောက်ကျောအား စိုက်ကြည့်နေကာ မှန်းဆမိသည်။
သူ၏ပါရမီမှာ စုန့်ရှင်းနျန်နှင့် တူညီပါသော်လည်း စုန့်ရှင်းနျန်မှာ သူ့ထက်အနည်းငယ်ပိုမိုသန်မာပေသည်။
အနည်းငယ်မျှသာဖြစ်သော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ထိုကွာဟချက်မှာ ကြီးမားသောခြားနားချက်ဖြစ်လာပေလိမ့်မည်။
ဒါမှမဟုတ် စုန့်ရှင်းနျန်ထံတွင် အင်မတန်အားကောင်းသော တိုက်ကွက်တစ်ခုလေ့လာထားခဲ့သည်များ ရှိနေသလား?
ထိုသို့သာဖြစ်နေမည်ဆိုပါလျှင် သူ့ထက်ကျင့်ကြံဆင့်တစ်ဆင့်ပိုမြင့်သည့် ရန်သူများအား တစ်ယောက်တည်းပင် သတ်ဖြတ်နိုင်သည်။
သို့ရာတွင် လီချန်းရှန်ထိုသည်ကိုတွေးမိပြီး ခဏအကြာတွင် မတော်တဆတစ်ခုက ရုတ်တရတ်ဖြစ်သွား၏။
စုန့်ရှင်းနျန်မှာ သူ၏လက်အားခါးပေါ်တွင်ထားကာ တစ်ဖက်လူ၏ နှာခေါင်းအား သူ၏အခြားလက်ဖြင့် ညွှန်ပြနေ၏။
"ကျစ်! ကတုံး၊ သတ္တိရှိရင်ကျုပ်ကို လာရိုက်လေ။ ခင်ဗျားသာကျုပ်ကို နိုင်ခဲ့ရင် ခင်ဗျားကိုယ်ခင်ဗျားစွမ်းအားကြီးတယ်လို့ယူဆနိုင်တယ်!"
တစ်ဖက်လူမှာ မျက်ခုံးများအတန်ငယ်မြင့်တက်သွားပြီး ရုတ်တရတ်တိုက်ခိုက်လိုက်သည်။
ဘန်း!
ထိုးချက်တစ်ခု၊ ထိုးချက်တစ်ခုလေးပဲ။ တစ်ခဏအတွင်း နတ်ဝိဉာဉ်စွမ်းအားမှာ လေထုထဲတွင် သိပ်သည်းလာပြီး ထိုလက်သီးထဲတွင် စုစည်းလာကာ ရှင်းမပြနိုင်လောက်အောင်ပင်အားကောင်းသော နတ်လက်သီးပုံသဏ္ဍာန်ပင်ဖြစ်ပေါ်လာ၏။
ထိုနတ်လက်သီးပုံသဏ္ဍာန်၏စွမ်းအားမှာ ထူးကဲလှပေသည်။ ထိုအခိုက်အတန့်တွင် စုန့်ရှင်းနျန်မှာ ရှင်းလင်းစွာပင် တစ်စက္ကန့်အတွင်း၌ လောကကြီးမည်းမှောင်လာသည်ကို ခံစားလိုက်ရသည်။
တစ်စက္ကန့်အတွင်းမှာပင် သူဟာရင်ဆိုင်လိုက်ရသည်။
စုန့်ရှင်းနျန်မှာ နေရာတွင်ပင် လွင့်ထွက်သွား၏။ ထို့နောက်တွင် အမြှောက်ဆံတစ်လုံးကဲ့သို့ပင် သူ၏နောက်ဘက်မှ တောင်တန်းကြီးအား ပြင်းစွာထိုးဖောက်ဝင်ရောက်သွားကာ ဒုတိယတောင်တန်းနှင့်ပင် ရိုက်ခတ်မိသွားပြီး တူးထုတ်၍ပင် မရနိုင်သော တွင်းနက်ကြီးအားဖြစ်ပေါ်လာစေသည်။
လီချန်းရှန် : "???"
လင်းရှင်းယွဲ့ : "..."
"ဒါလား? ဒါလား? ဒါလား? သူကဘာတွေလုပ်နေတာလဲ?"
လင်းရှင်းယွဲ့မှာကြောင်အသွားကာ လီချန်းရှန်မှာလည်း တစ်စုံတရာအားတွေးတောမိသွား၏။
ထိုငတုံးဆရာတူညီလေးမှာ မတိုက်ခင်က ပြောခဲ့သည်ကို ပြန်လည်တွေးတောမိပြီး ဆရာက ခက်ခဲသောအခြေအနေတွင် သူ့အားကယ်တင်မည်ဟုတွေးနေခြင်းပင်။
သို့ရာတွင် သူသိထားသင့်သိမှာ ဆရာ၏ပုံရိပ်သည် အစပိုင်းတွင် ပေါ်မလာခြင်းကိုပင်။
ထို့ကြောင့် လီချန်းရှန်ခန့်မှန်းမိသည်မှာ ထိုပုံရိပ်ပေါ်လာမည့်အချိန်သည် ၎င်းတို့၏ရင်ဆိုင်နေမှုအားမရှောင်လွှဲနိုင်တော့သည့်အခိုက်၌သာဖြစ်နိုင်သည်။
ကျန်သည့်အချိန်တွင် သူတို့ဆရာပုံရိပ်မှာ ပေါ်လာမည်မဟုတ်ပါချေ။
ထို့ကြောင့် ထိုသို့ပြုလုပ်နေသည့်စုန့်ရှင်းနျန်မှာ လုံးဝကိုမိုက်မဲလွန်းသည်ပင်။
ဒီမိုက်မဲလွန်းအားကြီးတဲ့ကောင်လေးကတော့။
ဒါကတကယ်ကို ရှက်ရွံ့ဖွယ်ပင်။
"အမိတာဘ၊ ကိုယ်တော်အသက်ရှင်လာတာကြာနေပြီဆိုပေမယ့် ဒီလိုထူးထူးဆန်းဆန်းတောင်းဆိုမှုမျိုးကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူး။ မင်းက ကိုယ်တော့်ကိုတောင် စပြီးတိုက်ခိုက်စေသေးတာလား? မင်းရဲ့ဦးနှောက်ကသိပ်မကောင်းဘူးထင်တယ်?"
အစကတည်းက ရှက်ရွံ့နေသည့် လီချန်းရှန်မှာ ထိုလူထံမှ ပြက်ရယ်ပြုသည်ကိုကြားရချိန်တွင် မျက်နှာပင်ပူလောင်လာသည်ကိုခံစားလိုက်ရ၏။
အတန်ငယ်ချောင်းဟန့်ပြီးနောက် သူဟာ နတ်ပစ္စည်းအဆောင်ဓားအားဆွဲထုတ်လိုက်လေသည်။
ဤသည်မှာ အင်မတန်ကိုရှက်ရွံ့ဖွယ်ကောင်းလှသော်လည်း ယခုအချိန်မှာ ထိုသည်ကိုတွေးတောနေရမည့်အချိန်မဟုတ်ပါချေ။ ယခုတွင် ဦးစားပေးရမည်မှာ ထိုဘုန်းကြီးငယ်အား ခုခံရန်ပင်ဖြစ်၏။ မဟုတ်ပါက အားလုံးသေကြရလိမ့်မယ်။
"ဆရာတူညီမလေးလင်း၊ ငါ့ရဲ့ဆရာတူညီလေးကို မင်းနဲ့ထားခဲ့မယ်။"
သူဟာစကားဆုံးသည်နှင့် စိန်ခေါ်ခြင်းကို လက်ခံရန် ရှေ့သို့ ဖြည်းညင်းစွာလျှောက်သွားလိုက်သည်။
လင်းရှင်းယွဲ့၏ နှလုံးအိမ်မှာတုန်ရီလာပြီး သူမ၏ကိုယ်ပင် တုန်ရီနေ၏။
သူမယခုကြားခဲ့သည်ကို ယုံပင်မယုံနိုင်ပါချေ။
သူဟာ ယခုလေးတင်ပဲ သူမအား ဆရာတူညီမလေးဟုခေါ်လိုက်သည်လား?
ဘုရားရေ၊ သူမက သူ့ဆရာရဲ့သမီးဆိုတာကို လက်ခံနေတာလား?
ထိုအခိုက်တွင် လင်းရှင်းယွဲ့၏နှလုံးမှာ အရူးအမူးခုန်လှုပ်နေတော့၏။
တစ်စုံတစ်ယောက်မှာ သူမကလုရှောင်ယန်၏သမီးဖြစ်သည်ကို လက်ခံနေ၏။
မဟုတ်သေးဘူး၊ သူမဟာမည်သို့များ ထိန်းချုပ်မထားနိုင်ရမည်လဲ?
သူမဟာ လုရှောင်ယန်၏သမီးမှမဟုတ်ဘဲလေ!
ဟမ့်!
ထိုအချိန်တွင် သူမဟာ ဆရာတူအစ်ကိုစုန့်ကို တစ်ဖက်ထဲတွင် ရှိနေသည့်အတွက်သာ ကယ်တင်နိုင်သည်။ မဟုတ်လျှင် သူမဟာ ဆရာတူအစ်ကိုစုန့်အား ကယ်နိုင်လိမ့်မည်မဟုတ်ချေ။
စကားဆုံးသည်နှင့် သူမဟာ အောက်ဘက်သို့ သက်ဆင်းက စုန့်ရှင်းနျန်၏ခြေထောက်ကိုဆွဲပြီး တွင်းထဲမှဆွဲထုတ်လိုက်၏။
"ဆရာတူအစ်ကိုစုန့် အဆင်ပြေရဲ့လား?"
ထိုအခိုက်တွင် စုန့်ရှင်းနျန်မှာ နတ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသောကြောင့် ဒဏ်ရာမရခဲ့ပါချေ။ ဒါ့အပြင် တစ်ဖက်လူမှာ သာမန်ကာလျှံကာသာတိုက်ခိုက်လိုက်ပြီး အားကောင်းသောသေကွင်းသေကွက်ကိုမသုံးခဲ့ပါချေ။
ထို့ကြောင့် သူ၏ဆံပင်များမှာ အတန်ငယ်ရှုပ်ပွနေ၏။
သို့သော် အကြီးဆုံးပြဿနာမှာ သူ၏ခန္ဓာကိုယ်ထိခိုက်ခြင်းမဟုတ်ဘဲ စိတ်ထိခိုက်သွားခြင်းပါပင်။
ထိုအခိုက်တွင် သူ၏မျက်နှာမှာ စိတ်ပျက်အားငယ်ဟန်ပေါ်နေ၏။
"ဒါဆိုရင် ဆရာကငါ့ကိုမချစ်ဘူးပဲ။ ဆရာက ဆရာတူအစ်ကို လေးကိုချစ်တာ။ ငါကဒီလောက်တောင် အရေးမပါဘူးလား? ဆရာကသာငါ့ကိုမချစ်ရင် ဘာကြောင့်နဲ့အသက်ရှင်နေရမှာလဲ?"
လင်းရှင်းယွဲ့ : "..."
"ရှင်ကဘယ်လိုသိလဲ၊ ကျွန်မအဖေက... အဟမ်း၊ အဟမ်း။ ရှင်ကဘယ်လိုသိလဲ၊ ရှင့်ဆရာကရှင့်ကိုမချစ်ဘူးဆိုတာကိုလေ?"
"ဒါက သိသာနေတာပဲမဟုတ်ဘူးလား? သူ့ရဲ့ပုံရိပ်က ဆရာတူအစ်ကိုဆီမှာကျတော့ ပေါ်လာပြီး ငါ့ဆီမှာတော့ ပေါ်မလာဘူးလေ။ ဒါက ဆရာက ဘက်လိုက်တယ်ဆိုတာကို သက်သေပြနေတာပဲမဟုတ်ဘူးလား?"
လင်းရှင်းယွဲ့ : "..."
တစ်ခဏမျှတော့ သူမဟာပြောစရာမဲ့သွား၏။
ထိုအခိုက်တွင် ကောင်းကင်ထက်၌ လင်ချန်းရှန်ဟာ ဘုန်းကြီးငယ်၏ရှေ့မှောက်သို့ရောက်နေခဲ့ပြီပင်။
"မင်းရဲ့ကျင့်ကြံဆင့်က ကိုယ်တော်ရဲ့ပြိုင်ဘက်ဖြစ်ဖို့ရာ အရမ်းဝေးကွာနေသေးတယ်။ မင်းသာအရှုံးပေးမယ်ဆိုရင်တော့ မင်းကိုမြန်မြန်လေးသေရွာကိုပို့ပေးနိုင်ပါတယ်။ မဟုတ်ရင်တော့ မင်းပဲပိုပြီးခံစားရလိမ့်မယ်။"
"ကျုပ်တို့မတိုက်ခိုက်ရသေးခင်မှာ ကျုပ်က ပြိုင်ဘက်ဖြစ်နိုင်လားမဖြစ်နိုင်လားကို ဘယ်သူကသိမှာလဲ။"
လီချန်းရှန်မှာ လေကုန်မခံတော့ဘဲ ပိုင်းဖြတ်ဖို့ရာ လက်ကိုမြှောက်လိုက်၏။
သူဟာထိုက်ယိဓားတာအိုကိုအသုံးမပြုပါချေ။ ထိုက်ယိဓားတာအိုမှဖြစ်ပေါ်လာသော ကြယ်တာရာဓားအလင်းတန်းများမှာ စွမ်းအားကြီးမားပါသော်လည်း အဆင့်တူနှင့် အဆင့်နိမ်သူများအုပ်စုအား ဆန့်ကျင်တိုက်ခိုက်မှသာ ပိုမိုအားကောင်းခြင်းပင်။
သူသာ အဆင့်ပိုမြင့်သူအားစိန်ခေါ်ချင်ပါလျှင် ဆရာသင်ကြားပေးခဲ့သည့် အဇူရာကြာပွင့်ဓားအနုပညာကို အသုံးပြုရပေမည်။
အဇူရာကြာပွင့်ဓားအနုပညာမှာ သူ့အတွက်အထူးပြုဖန်တီးသကဲ့သို့ ပြိုင်ဘက်ကင်းသော ဓားကျင့်စဉ်ဖြစ်သည်။ ထိုဓားကျင့်စဉ်မှလွဲ၍ အခြားသော ဓားကျင့်စဉ်များမှာ အဇူရာကြာပွင့်ဓားတာအိုအား စွမ်းအားအရာတွင် နှိုင်းယှဉ်ရန် နိမ့်ကျနေသေးသည်။
ထိုဓားကျင့်စဉ်၏ အလှတရားမှာချက်ချင်းပင် ဗုဒ္ဓဂိုဏ်းတပည့်၏ မျက်ဝန်းများထဲ၌ လျှပ်တပြက်အလျင်းကိုဖြစ်ပေါ်လာစေ၏။
ရှင်းလင်းစွာပင် သူဟာ လီချန်းရှန်၏စစ်မှန်သောခွန်အားသည် ထိုမျှ အားကောင်းနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ!
တစ်ခဏအတွင်းမှာပင် သူဟာ လီချန်းရှန်ကြောင့် နေရာမှ မီတာတစ်ရာနောက်ပြန်ဆုတ်လိုက်ရ၏။ သူ့ကိုယ်သူကာကွယ်ထားသော ပြီးပြည့်စုံသည့် ရွှေခေါင်းလောင်းအကာအရံမှာ အကြိမ်ရေအနည်းငယ်ခန့် ပြင်းထန်စွာ တုန်ခါသွား၏။
"မင်းရဲ့ ဓားတာအိုမှာအောင်မြင်မှုက ဒီလောက်ထိနက်ရှိုင်းနေလိမ့်မယ်လို့ကိုယ်တော်ထင်မထားခဲ့ဘူး။ မင်းကတကယ်တော့ ဆယ်ပါးသောဧကရာဇ်သိုင်းနတ်ဘုရားအထွဋ်အထိပ်အဆင့်ပဲရှိနေသေးပေမယ့် မင်းရဲ့တိုက်ခိုက်မှုအဆင့်ကတော့ တစ်ရာသောတိုက်ပွဲနတ်ဘုရား ပဉ္စမအဆင့်ကိုတောင်ကျော်လွန်နေပြီပဲ။"
တစ်ဖက်လူမှာ နတ်ပစ္စည်းအဆောင်လက်နက်အားအသုံးပြုခဲ့သည်မှာ မှန်သော်လည်း လူများစွာမှာ ထိုနတ်ပစ္စည်းအဆောင်လက်နက်တစ်ခုဖြင့်ပင် ထိုအဆင့်ရှိတိုက်ခိုက်မှုအား မထုတ်လွှတ်နိုင်ပါချေ။
ဒါဟာလုံးဝကို ပါရမီနှင့် အဆင့်ပေါ်တွင် မှီတည်နေ၏။
ဒါဟာ ရေနှင့်ခေါက်ဆွဲကိုအသုံးပြုပြီး တူညီသောနှမ်းစေ့ကိတ်ပြုလုပ်သည်နှင့်တူညီသည်။ သို့သော် အချို့လူများမှာ လူတိုင်းကြိုက်နှစ်သက်သည့် ဟင်းလျာကိုပြုလုပ်နိုင်သော်လည်း အချို့လူများမှာတော့ မလုပ်နိုင်ပါပေ။
"အမိတာဘ၊ မင်းရဲ့ကျင့်ကြံဆင့်က ဒီလောက်ထိအားကောင်းမယ်လို့ ထင်မထားဘူး။ ဒီလိုဆိုရင် ကိုယ်တော်လည်း အတည်ပေါက်နည်းလမ်းတွေကို သုံးရတော့မှာပေါ့။"
ထိုသို့ကြေညာပြီးနောက်တွင် ဟွေ့ရှီမှာချက်ချင်းပင် ပြီးပြည့်စုံသောဝါဂျရာလက်ဝါးကိုထုတ်ဖော်လိုက်၏။
နတ်ဝိဉာဉ်စွမ်းအားမှာ လေထုထဲတွင်စုစည်းလာပြီး တစ်ခဏချင်းပင် ပေတစ်သောင်းကျော်ရှည်လျားသည့် ရွှေရောင်လက်ဝါးကြီးဖြစ်ပေါ်လာ၏။
လက်ဝါးအမှတ်မှာ စွမ်းအားကြီးမားရုံမျှမက အင်မတန်လည်းလျင်မြန်ချေသည်။ ထိုသို့သောအားကောင်းသည့်နှုန်းနှင့် ၎င်းမှာ လီချန်းရှန်ကိုအုပ်မိုးသွား၏။
လီချန်းရှန်မှာ လုံးဝကို ဂရုမပြုဘဲမနေဝံ့ပါချေ။ သူ၏လက်အတွင်းမှ နတ်ဝိဉာဉ်ဓားနှင့် သူဟာ အကြိမ်များစွာ ခုတ်ဖြတ်လိုက်သည်။
ကောင်းကင်ယံတွင် ဓားရိပ်များဖြင့်ပြည့်နှက်နေ၏။ ဓားတိုက်ခိုက်မှုတိုင်းဂာ တစ်ဖက်လူ၏ဗုဒ္ဓလက်ဝါးအား တူညီသောနေရာမှာပင် ခုတ်ဖြတ်နေလေသည်။
အဆုံးတွင် လက်ဝါးမှာ လီချန်းရှန်၏နံဘေးသို့ရောက်လာချိန်၌ လီချန်းရှန်မှာ ထိုဝါဂျရာလက်ဝါး၏ လက်ဝါးရပ်အား အပေါက်တစ်ခုဖောက်ပြီးဖြစ်၏။
သူ၏ကိုယ်မှာချက်ချင်းပင် အလင်းတန်းအသွင်ပြောင်းက ထိုအပေါက်မှ ဖြတ်သန်းလာလိုက်၏။
လက်ဝါးမှတ်မှာ ကြီးမားသော တောင်ပေါ်သို့ ဆင်းသက်လာကာ နေရာ၌ပင် ထိုမီတာတစ်သောင်းရှည်လျားသောတောင်တန်းအား ပိပြားသွားစေ၏။
ဘုန်း!
ထိတ်လန့်ဖွယ်ရာပေါက်ကွဲသံမှာ အဘက်ဘက်သို့ပျံ့နှံ့သွားသည်။ မြေကြီးနှင့်ကျောက်တုံးများပင် နေရာတိုင်းသို့ ပျံ့လွင့်သွားကာ ဖုန်များလည်း အလိမ်းလိမ်းတက်လာကြသည်။ ထိုအသံမှာ ကီလိုမီတာ၅၀၀အကွာသို့ပျံ့နှံ့သွားပြီး မရေတွက်နိုင်သော ကျင့်ကြံသူများနှင့် သက်ရှိများအား ကြောက်ရွံ့သွားစေကာ အဘက်ဘက်သို့ပြေးထွက်သွားကြစေသည်။
သို့သော် သူဟာပထမတိုက်ကွက်ဖြင့် မအောင်မြင်လိုက်ပါသော်လည်း ထိုလူမှာ ဒေါသဖြစ်မသွားပါချေ။ ထိုအစားသူဟာ နောက်ထပ်တိုက်ကွက်တစ်ခုအား ထုတ်ဖော်လိုက်ချေ၏။
ရွှေရောင်အလင်းတစ်ပြလင်းလက်လာသည်နှင့် ရဟန္တာပုံသဏ္ဍာန်တစ်ခုမှာ တစ်ဖက်လူ၏နောက်ဘက်မှ ထွက်ပေါ်လာသည်။
ထိုသည်မှာ ဟွေ့ရှီ၏နတ်ဝိဉာဉ်ပင်ဖြစ်သည်။
ကျင့်ကြံသူများအားလုံးထံတွင် မတူညီသော နတ်ဝိဉာဉ်များရှိသည်ဟုဆိုကြသည်။
သို့ရာတွင် ဗုဒ္ဓတာအိုကိုကျင့်ကြံသူတစ်ယောက်တွင် ၎င်းတို့၏မူလနတ်ဝိဉာဉ်မှာ ဖျက်ဆီးခံရမည်ဖြစ်ပြီး နတ်ဝိဉာဉ်အသစ်ဖြစ်ပေါ်လာမည်ဖြစ်၏။
ဗုဒ္ဓဂိုဏ်းနတ်ဝိဉာဉ်များမှာ အဆင့်လေးဆင့်ရှိသည်။
ဗောဓိ!
ရဟန္တာ!
ဗောဓိသဗ္ဗ!
ဗုဒ္ဓ!
ဗောဓိနတ်ဝိဉာဉ်မှာ အဆင့်အနိမ့်ဆုံးဖြစ်ပါသော်လည်း သာမန်လူများမှာမူ ဘဝတစ်လျှောက်လုံး၌ ၎င်းတို့၏နတ်ဝိဉာဉ်များကိုပင် ဖွင့်လှစ်နိုင်ကြစွမ်းမရှိပါချေ။
ထို့ကြောင့် ဗောဓိနတ်ဝိဉာဉ်ရှိဖို့ရာမှာ အင်မတန်ပင် အထင်ကြီးဖွယ်ရာပင်။
ဥပမာဆိုရလျှင် ဟွေ့ရှီကဲ့သို့လူတစ်ယောက်မှာ ရဟန္တာဝိဉာဉ်ရှိသည်မှာ ပို၍ပင်ရှားပါးသေးသည်။ သူ၏အနာဂတ်မှာ အကန့်အသတ်မရှိပါချေ။
ထိုကဲ့သို့ဝိဉာဉ်တစ်ခုရှိသည့် လူများ၏အနိမ့်ဆုံးရရှိမှုမှာ အမတလောကတွင် ဗောဓိတစ်ပါးဖြစ်လာခြင်းဖြစ်၏။
ကံအလုံအလောက်နှင့်ဆိုလျှင် သူဟာ ထိုနေရာ၌ ရဟန္တာတစ်ပါးပင်ဖြစ်လာနိုင်သည်။
နတ်ဝိဉာဉ်၏ထောက်ပံ့မှုနှင့် ဟွေ့ရှီ၏တိုက်ခိုက်စွမ်းအားမှာ ချက်ချင်းတိုးလာသည်။
ဗုဒ္ဓတာအို၏အသန့်စင်ဆုံးစွမ်းအားတွင် ၎င်းမှာ တုနှိုင်းမဲ့အောင် ခက်ခဲလှပြီး စွမ်းအားကြီးမားလှချေသည်။
ဟွေ့ရှီမှာ နောက်ထပ်ထိုးချက်တစ်ခုအားပစ်လွှတ်လိုက်၏။ ထိုလက်သီးရိပ်မှာ ပေ၁၃၀ကျော်ရှည်လျားသည်။ နတ်ဝိဉာဉ်စွမ်းအားမှာ လေထုထဲရှိ နတ်ဝိဉာဉ်စွမ်းအားကိုပွတ်တိုက်သွားကာ ရွှေရောင်လက်သီးအမှတ်ကြီး၏တစ်ဝိုက်တွင် မီးတောက်ကြီးများက စတင်တောက်လောင်လာသည်။
ထိုထိုးချက်၏စွမ်းအားကိုအာရုံခံရင်းဖြင့် လီချန်းရှန်မှာ သတိလက်လွတ်မနေဝံ့ပါချေ။ အတွေးတစ်ခုဖြင့် အဇူရာကြာပွင့်ဓားအနုပညာကို အရူးအမူးလှည့်ပတ်လိုက်သည်။ သူ၏အနောက်တွင် ကြီးမားသောဓားဝိဉာဉ်ပေါ်လာကာ ၎င်းမှာ သိသာထင်ရှားစွာ ထက်မြနေ၏။
ဓားဝိဉာဉ်၏ထောက်ပံ့မှုဖြင့် သူ၏ဓားအလင်းမှာ ပိုမိုထက်မြလာကာ ယခင်ကထက် သန်မာလာ၏။
ထိုတိုက်ခိုက်မှုနှစ်သွယ်မှာ ၀.၀၁စက္ကန့်နီးပါးတွင်ပင် ထိခတ်မိသွားကြ၏။
ဘုန်း!
ကောင်းကင်မှာ ချက်ချင်းပင် ပြင်းထန်ပြီး တလက်လက်တောက်နေသော အဖြူရောင်အလင်းဖြင့် ပြည့်နှက်သွားကာ နေလုံးကြီးသကဲ့သို့ပင်။
ထိုအားမှာ စွမ်းအားကြီးလှသောကြောင့် ငြိမ်သက်နေသောတိမ်များသည်ပင် မျောလွင့်သွားကြ၏။
လျှပ်စီးကြောင်းများမှာ အဘက်ဘက်တွင် ပစ်ခတ်နေကြပြီး မြေပြင်တွင် ထောက်ချောက်ဆင်ထားကာ ပေါက်ကွဲမှုများဖြစ်ပေါ်စေလာပြီး ထိုပေါက်ကွဲမှုများမှ မရေတွက်နိုင်လောက်သည့် ပေပေါင်းထောင်ချီသော မှိုကဲ့သို့တိမ်များအဖြစ် ဆန်တက်သွားကြသည်။
ထိုတိုက်ကွက်၏စွမ်းအားမှာ အင်မတန်အားကောင်းလှကာ လီချန်းရှန်မှကိုင်တွယ်နိုင်ရန် အတော်အတန်ခက်ခဲနေစေ၏။
ဟွေ့ရှီမှာ မီတာနှစ်ရာသုံးရာခန့်သာနောက်ဆုတ်သွားသော်လည်း လီချန်းရှန်မှာမူ မီတာတစ်ထောင်ထက်ပင် နောက်ဆုတ်လိုက်ရ၏။ ၎င်းတို့နှစ်ဦးကြားရှိကွာခြားချက်မှာ သိသာလှချေ။
"အမိတာဘ"
ဟွေ့ရှီမှာ ဗုဒ္ဓအသံကိုရွတ်ဆိုလိုက်ပြီး ထပ်မံတိုက်ခိုက်လိုက်ကာ လီချန်းရှန်အား ဖိအားကိုခံစားရစေလိုက်သည်။
အလင်းမှာ ဓားဝိဉာဉ်ထံတွင်လင်းလက်လာပြီး သုံးခုထက်ပိုသော ဓားအလင်းများက ဖုန်ထဲသို့ ဝင်ရောက်သွား၏။
သို့သော် တစ်ချိန်တည်းနီးပါးမှာပင် အခြားသောပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပေါ်လာ၏။
ဤသည်မှာ သူ၏တိုက်ခိုက်မှုပင်။ ဖုန်ထဲတွင် လီချန်ရှန်မှာ ထပ်မံ၍ ဟွေ့ရှီ၏ဗုဒ္ဓတိုက်ခိုက်မှုအား ရင်ဆိုင်ရပြန်သည်။
နှစ်ဦးမှာထိခတ်သွားပြီး ပြင်းအားလှိုင်းတစ်ခုက ထပ်မံပေါ်ထွက်လာသည်။ ထိုအချိန်တွင် လီချန်းရှန်မှာ နောက်ထပ်အဝေးသို့ တွန်းပို့ခံလိုက်ရသည်။
သူဟာဟွေ့ရှီအားခုခံလိုက်ချိန်တွင် စုန့်ရှင်းနျန်အားအော်လိုက်၏။
"စုန့်ရှင်းနျန်၊ ငတုံးရေ၊ မင်းဘာတွေလုပ်နေတာလဲ? မြန်မြန်လာပြီး ကူဦးလေ!"
စုန့်ရှင်းနျန်မှာ သူ၏နှုတ်ခမ်းများအား တွန့်ကွေးလိုက်သည်။
"ဆရာက ကျွန်တော့်ကိုလုံးဝမချစ်ဘူး။ ကျွန်တော့ရဲ့ နှလုံးသားကသေသွားနှင့်ပြီ၊ ထပ်ပြီးတိုက်ခိုက်ဖို့ ဆန္ဒမရှိတော့ဘူး။"
"ပါးစပ်ပိတ်၊ ငတုံး။ ဆရာရဲ့ပုံရိပ်ကာ အသက်နဲ့သေခြင်းကိုအဆုံးစွန်ရင်ဆိုင်နေရမှသာ ပေါ်လာတာ။ အဲ့ဒါက ဒီတိုင်းသာမန်လေးပေါ်လာလိမ့်မယ်လို့ မင်းထင်နေတာလား?"
"တကယ်ကြီး? ကျွန်တော့ကို မလိမ်ဘူးဆိုတာသေချာလား? ဆရာကကျွန်တော့်ကို မချစ်တာမဟုတ်ဘူးလား?"
လီချန်းရှန်မှာ တစ်စုံတရာကိုပြောလုဆဲဆဲတွင် ဂရုမစိုက်နေမိသောကြောင့် ဟွေ့ရှီ၏ လက်သီးချက်တစ်ဝက်နှင့် ထိုးနှက်ခံလိုက်ရ၏။ သူဟာချက်ချင်းပင် မြေပြင်နှင့် ရိုက်ခတ်မိသွားသည်။
"အဟွတ် အဟွတ်..."
သူဟာပါးစပ်အပြည့်ရွှံ့များအားထွေးထုတ်လိုက်ကာ ဒေါသဖြင့် ပြိုလဲသွား၏။
"မင်းစိတ်မကောင်းဆက်ဖြစ်နေဦးမယ်ဆိုရင် ငါမင်းကိုပဲအရင်သတ်လိုက်မယ်ဆိုတာ ယုံလား?"
ထိုသည်ကိုကြားပြီး စုန့်ရှင်းနျန်မှာ ချောင်းဆိုးလိုက်သည်။
"သိပါပြီ၊ သိပါပြီ။ ကျွန်တော်အခုပဲလာပြီ။"
အတွေးတစ်ခုဖြင့် သူဟာ နတ်ဓားရှည်နှစ်လက်ဆွဲထုတ်ကာ တစ်ခုမှာရှည်ကာ တစ်ခုမှာအတိုဖြစ်၏။ တစ်ချိန်တည်းမှာပင် ဓားမော့ဝိဉာဉ်မှာ သူ၏အနောက်မှ ထွက်လာသည်။
ထိုနတ်လက်နက်ဓားရှည်နှစ်လက်အား မြင်ပြီးနောက်တွင် လီချန်းရှန်မှာ ကြောင်အသွားသည်။
"မင်းမှာလို့ နတ်လက်နက်နှစ်ခုရှိနေတာလဲ?"
စုန့်ရှင်းနျန်မှာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ နည်းပညာအရတော့ ကျွန်တော့ရဲ့အားကောင်းဆုံးလက်နက်နှစ်ခုက ကျွန်တော့်ရဲ့ ရုပ်အဆင်းနဲ့ ရောင်ဝါပဲ။"
လီချန်းရှန် : "???"
လင်းရှင်းယွဲ့မှာ သူမ၏ မျက်နှာအားကာလိုက်ကာ ခဏမျှပြောစရာမဲ့သွား၏။
ဒါဟာ သူပထမဆုံးအကြိမ်မြောက် တစ်ယောက်ယောက်၏အရှက်အင်မတန်မဲ့ခြင်းကိုမြင်ရခြင်းပင်။ သူဟာ မိန်းမမှီခိုသူတစ်ယောက်ဖြစ်သော်လည်း ဒါကို လန်းဆန်းနေဟန် ဆိုတတ်သည်။
တွေးစရာမလိုဘဲနှင့်တောင် သူမဟာ စုန့်ရှင်းနျန်၏ အခြားသောတိုက်ခိုက်မှုနတ်ပစ္စည်းအဆောင်အား မည်သည့်နေရာမှရရှိသည်ကို တွေးတောနိုင်ပေသည်။
"အမိတာဘ"
ထိုအခိုက်တွင် ဟွေ့ရှီ၏တိုက်ခိုက်မှု ထပ်မံကျရောက်လာပြန်သည်။
လီချန်းရှန်မှာ ဂရုမစိုက်ဘဲမနေဝံ့ပါချေ။ သူဟာချက်ချင်းပင် နတ်ဝိဉာဉ်အားခုခံရန်အသုံးပြုလိုက်သည်။
စုန့်ရှင်းနျန်သည်လည်း တစ်ချိန်တည်းပင်တိုက်ခိုက်လိုက်သည်။
နတ်ပစ္စည်းအဆောင်လက်နက်နှစ်ခုမှာ သူ၏လက်ထဲတွင် ကောင်းမွန်စွာ လုပ်ဆောင်နေကြသည်။
ဟွေ့ရှီမှာ သူ့အား အထင်အမြင်သေးစွာကြည့်ရှုလိုက်၏။
"စွမ်းအားကိုဖြုန်းတီးတာပဲ။ ဒီနေရာမှာ ပုရွက်ဆိတ်ဘယ်နှကောင်ပဲရှိရှိ သူတို့က ပုရွက်ဆိတ်ဖြစ်နေတုန်းပဲ။"
သို့သော် ဟွေ့ရှီမှာ လီချန်းရှန်အားခုခံလိုက်သည့်အခိုက်တွင် စုန့်ရှင်းနျန်၏တိုက်ခိုက်မှုမှာလည်း ဟွေ့ရှီထံဆင်းသက်သွားသည်။
ဘုန်း!
ကြီးမားသောအားက သူ၏ကိုယ်အား အဝေးသို့တွန်းပို့လိုက်သည်။
၎င်းမှာသူ၏တိုက်ခိုက်ခြင်းကို ရပ်တန့်စေလိုက်သည်။
လီချန်းရှန်မှာ ထိုသည်ကိုအခွင့်ကောင်းယူကာ ရှေ့သို့ခုန်လိုက်သည်။ ဓားအလင်းများမှာ အဘက်ဘက်သို့ပစ်လွှတ်နေပြီး ဆက်တိုက်ဆိုသလို အလင်းများစွာမှာ ထွက်လာနေသည်။
စုန့်ရှင်းနျန်သည်လည်း တစ်ချိန်တည်းတိုက်ခိုက်လိုက်သည်။
၎င်းတို့နှစ်ဦးကြားမှ ဆက်နွယ်မှုမှာ အပြစ်အနာဆာကင်းလှသည်။
၎င်းတို့နှစ်ဦးမှာ အနိမ့်ပိုင်းလောကတွင် အမြဲလိုလိုအတူတကွတိုက်ခိုက်ခဲ့ကြသည်ပင်။ နတ်ဘုရားလောကသို့ရောက်ပြီးနောက်တွင် ၎င်းတို့မှာ အချင်းချင်း နှစ်အနည်းငယ်မျှ မတွေ့ခဲ့ကြရသော်လည်း သူတို့၏နည်းလမ်းနားလည်မှုမှာ လုံးဝကိုမလျော့ကျသွားပါချေ။
ဘဝင့်မြင့်စွာပြောဆိုခဲ့သည့် ဟွေ့ရှီမှာ သနားစဖွယ်ကောင်းသည့်အခြေအနေသို့ ခဏအတွင်းရိုက်နှက်ခံလိုက်ရပြီး ထပ်ခါထပ်ခါဆုတ်ခွာနေရသည်။
၎င်းမှာ သူ၏တည်ငြိမ်သည့်ဗုဒ္ဓနှလုံးသားမှာ အင်မတန်ဒေါသထွက်သွား၏။
ဘာကြောင့်လဲ?
လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ ဆယ်ပါးသော ဧကရာဇ်သိုင်းနတ်ဘုရားအထွဋ်အထိပ်အဆင့်နှင့် ပထမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်တွင်သာရှိသေးသည်။ ၎င်းတို့မှာ သူနှင့်ပင် မယှဉ်နိုင်ပါချေ။
အဘယ့်ကြောင့် ၎င်းတို့၏တိုက်ခိုက်မှုများမှာ သူ့အား ခုခံခြင်းမပြုနိုင်စေရသနည်း?
ထိုအခိုက်တွင် လူသတ်ငွေ့မှာ အရူးအမူးတိုးထွက်လာသည်။
သူတို့ကိုသတ်!
သူဟာ ၎င်းတို့နှစ်ဦးအားသတ်ရမည်!
သူတို့ထဲမှ တစ်ဦးကိုပင် လွတ်မြောက်ခွင့် မပြုနိုင်ချေ! သူတို့နှစ်ဦးမှာ ၎င်းတို့၏အားကုန်နှင်တိုက်ခိုက်ပြီး ဟွေ့ရှီအားပြန်လည်တိုက်ခိုက်နိုင်ခြင်းပင်မရှိအောင်ပြုလုပ်ကာ အင်မတန်ဆိုးရွားလှသော ခံစားချက်မှာ ရုတ်တရတ်ပင် သူ၏စိတ်နှလုံးထဲတွင် ပေါ်ထွက်လာသည်။
"မကောင်းတော့ဘူး၊ ပြန်ဆုတ်!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၃။ အပိုင်း ၃၄၃ ထွက်ပြေးခြင်းဘုရင်
လီချန်းရှန်နှင့် စုန့်ရှင်းနျန်၏ဘက်တွင် တိုက်ပွဲမှာပြင်းထန်နေသည်။
တောင်ကြားအနီးတွင် ဗုဒ္ဓဂိုဏ်းတပည့်အနည်းစုမှာ ခဏအကြာ၌ ဖိဂုလျန်၏အဖမ်းကို ခံလိုက်ရသည်။
"ရပ်လိုက်!"
ဗုဒ္ဓဘုရားကျောင်းငယ်၏တပည့်များမှာ ကြောင်အသွားသည်။ ထို့နောက်တွင် ၎င်းတို့မှာ ချက်ချင်းနောက်သို့လှည့်ကာ ဖိဂုလျန်အားဂါရဝပြုလိုက်၏။
"ကျုပ်တို့ ခုလေးတင်ပဲ စီနီယာအတွက် ငွေတွေထားပေးခဲ့ပါတယ်။ စီနီယာ ဘာကိစ္စများဖြစ်လို့လဲ?"
"ကျုပ်တို့ သခင်ပြောတာကတော့ အိမ်မွေးနတ်ဆိုးအချို့လက်ခံဖို့ပြင်ဆင်ထားတယ်တဲ့။ မင်းတို့ ယာဉ်ကိုရပ်လိုက်ပြီး အိမ်မွေးနတ်ဆိုး တစ်ချို့ ယူခွင့်ပြုပါ။"
တပည့်များ၏အမူအရာမှာ ချက်ချင်းပင်အနည်းငယ်ပြောင်းလဲသွားသည်။
သူတို့၏ပစ္စည်းများအား ပေးလိုက်ဖို့မှာ ပြဿနာမဟုတ်ပါသော်ငြား ထိုနတ်ဆိုးများကိုမူ ဗောဓိဘုရားကျောင်းသို့ပို့ဆောင်ရမည်ဖြစ်ပြီး ရေတွက်ပြီးသားလည်းဖြစ်သည်။ ၎င်းတို့အနည်းစုသာ ပေးလိုက်ရမည်ဆိုလျှင် ဒါဟာ ဒုက္ခဖြစ်စေလိမ့်မည်ပင်။
သို့သော် တစ်ဖက်လူမှာ အင်မတန်စွမ်းအားကြီးသည်ကိုတွေးမိပြီး ထိုလူအား ဆန့်ကျင်ဖို့ရာလည်း မဝံ့ရဲ့ကြပါချေ။
ထို့ကြောင့် ၎င်းတို့မှာ သူတို့၏ဒေါကိုထိန်းချုပ်ကာ ယဉ်ကျေးစွာပြန်ပြောရန် အကောင်းဆုံးကြိုးစားလိုက်သည်။
"ကျုပ်တို့ မလုပ်မှာကိုစိုးရွံ့မိပါတယ်။ ဒီနတ်ဆိုးတွေအားလုံးကို ဗုဒ္ဓဂိုဏ်းက နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲအတွက် သုံးမှာပါ။ စီနီယာသူတို့ကို ယူဆောင်သွားခဲ့ရင် ကျုပ်တို့ဗုဒ္ဓဂိုဏ်းရဲ့ အကြီးအကဲဖြစ်လာဖို့ ကံပါနေခဲ့ရင်တောင် ဗုဒ္ဓဂိုဏ်းရဲ့အပြစ်ပေးခံရမှာကို စိုးရိမ်မိပါတယ်။ ဘာကြောင့် ဒါကိုလုပ်နေတော့မှာလဲ?"
ဖိဂုလျန်မှာဒေါသဖြင့်ပြောလိုက်သည်။
"ဘာ? ဒီလိုဆိုရင်တော့ မင်းတို့ကသခင်ကိုယ်တိုင်ကိုလာစေချင်လို့လား? မင်းတို့ကိုပြောပါရစေ၊ ကျုပ်တို့ရဲ့သခင်ဒေါသက အရမ်းမကောင်းဘူးနော်။ သူဟာကိုယ်တိုင်လာမယ်ဆိုရင်တော့ ဂရုစိုက်ပါ။ မင်းတို့ကောင်တွေကို လေတစ်ချက်လည်ရုံနဲ့ သတ်နိုင်တယ်။"
"စီနီယာက ကျုပ်တို့ကတကယ်ကြီးတိုက်ခိုက်ချင်ရင်တောင် ကျုပ်တို့က လုံးဝအရှုံးပေးလို့မရပါဘူး။ ကျုပ်တို့ဒီနတ်ဆိုးတစ်ကောင်ကိုမှ လျော့စေလို့မရပါဘူး။"
"ဟေး! ငါပြောချင်တယ်၊ မင်းတို့အားလုံးဘာလို့ဒီလောက် ခေါင်းမာရတာလဲ? ဒီအကျဉ်းရထားတွဲလေးကို နည်းနည်းလောက်ပဲဖွင့်ပေးပြီး နတ်ဆိုးနည်းနည်းလေးကိုပဲတင်ပြဖို့ ငါ့ကိုယူခွင့် မပေးနိုင်ဘူးလား? ဒီလိုဆိုရင် ငါတို့မှာ ဘာမှစိုးရိမ်စရာမရှိဘူးလေ။ မင်းတို့ ငါ့သခင်ကိုဒေါသထွက်စေဖို့လိုလို့လား?"
"အဲ့အချိန်မှာဆိုရင် မင်းတို့ကို သူသတ်လိုက်ရင်တောင် သူ့ကငါ့ကိုရိုက်ပြီး အရည်အချင်းမပြည့်မီလို့ အပြစ်တင်ဦးမှာ။"
ဗုဒ္ဓဂိုဏ်းသားများမှာ အချင်းချင်းကြည့်လိုက်ကာ တစ်ခုခုတော့ မှားနေပြီဖြစ်ကြောင်း ခပ်ရေးရေးအာရုံခံလိုက်ရသည်။
မတိုင်ခင်က ဖိဂုလျန်မှာ ငွေနှင့် ရင်းမြစ်များကိုသာ လိုချင်ခဲ့သည်။ သူတို့မှာ အကျဉ်းသားများအား ဂရုမစိုက်ပါချေ။ တစ်ချိန်တည်းမှာပင် သူတို့ဟာ ပါရမီရှင်ကြီးနှင့်ပက်သတ်၍ အင်မတန်စိတ်ရှုပ်နေကာ မတုံ့ပြန်နိုင်ဖြစ်သွားခဲ့ခြင်းပင်။
သို့သော် ထိုအခိုက်တွင် စီနီယာကအနီးတွင်မရှိပါချေ။ သူတို့အား အင်မတန်စိတ်မရှုပ်သလို ဖိအားလည်း မများဘဲ ရုတ်တရတ်ပင် သတိပြုမိသွား၏။
ဗုဒ္ဓဂိုဏ်းသားတစ်ဦးမှာ တီးတိုးပြောလိုက်သည်။
"စီနီယာက သူတို့ကိုတကယ်ကြီးလိုချင်တာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် အထဲက နတ်ဆိုးတွေက အရမ်းအားကောင်းတယ်။ သူတို့အခု အထိအခိုက်မရှိစေတာက အကျဉ်းသားရထားတွဲထဲမှာ အကျဉ်းချထားပြီး ဗုဒ္ဓဓမ္မနဲ့ ဖိနှိပ်ထားလို့ပါ။
ဒါပေမယ့် သူတို့ကိုတစ်ကြိမ်လောက်လွှတ်ပေးလိုက်ရင် ခင်ဗျားရဲ့ခွန်အားနဲ့ဒါကို ဖိနှိပ်ခြင်းမပြုနိုင်မှာကို စိုးရိမ်မိပါတယ်။"
"အာ...မလိုပါဘူး။ ကျုပ်ရှာချင်တာက ကျင့်ကြံဆင့်နိမ့်တဲ့ လူနှစ်ယောက်လေးပါပဲ။ ကျုပ်သခင်ရဲ့ဒေါသက တကယ်ကိုဆိုးတယ်။ ကျုပ်ကဘာလို့သူ့ကိုဒီလိုကိစ္စလေးနဲ့ ဒုက္ခပေးရမှာလဲ? မင်းတို့ရောမတွေးမိဘူးလား?"
သူပြောပြီးသည်နှင့် ဗုဒ္ဓဂိုဏ်းတပည့်များမှာ အချင်းချင်းကြည့်ရှုလိုက်ပြီး ဖိဂုလျန်ကိုဝိုင်းရံလိုက်ကြသည်။
"ဘာလို့ဒီလိုလုပ်နိုင်ရမလဲ? ကျုပ်တို့က စီနီယာအတွက် အိမ်မွေးနတ်ဆိုးတစ်ကောင်ရွေးပေးနေပါတယ်။ ကျုပ်တို့ဘယ်လိုလုပ်အားနည်းတဲ့တစ်ကောင်ကို ရွေးပေးနိုင်မှာလဲ? ခင်ဗျားမတွေးမိဘူးလား?"
"နတ်ဘုရားအားဖန်ဆင်းခြင်း ဒါမဟုတ်ရင် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်နတ်ဆိုးမဟုတ်ရင် စီနီယာအတွက် တန်ဖိုးမရှိဘူးလို့ခံစားရတယ်။"
ဖိဂုလျန်မှာ ဖြည်းညင်းစွာ စတင်ဆုတ်ခွာလိုက်ပြီး သူ၏မျက်လုံးများမှာ သတိထားမှုနှင့် ကာကွယ်မှုတို့အားပြနေသည်။
"အာ...ဟုတ်သားပဲ၊ ဒီလိုဆိုရင်ရော? ကျုပ်ပြန်သွားလိုက်ပြီး သခင့်ကိုပထမဆုံးပြောလိုက်မယ်။ သူလည်း စိတ်ကိုပြန်ပြင်နိုင်မှာပါ။ အရမ်းနောက်မကျလောက်ပါဘူး။"
"မလိုပါဘူး။ ဒါကခင်ဗျားအတွက် အရမ်းခက်ခဲမှာပေါ့။ ဒီမှာပဲဘာလို့မနားနေတာလဲ? ကျုပ်တို့ညီအစ်ကိုတွေက စီနီယာကိုခေါ်ဖို့အတွက် ကူညီမှာပါ။"
သူ့စကားဆုံးသည်နှင့် အင်မတန်အားကောင်းသောအရှိန်အဝါမှာ နောက်မှပေါ်ထွက်လာသည်။
ထိုအရှိန်အဝါပေါ်ထွက်လာသည်နှင့် ပြင်းထန်သောပေါက်ကွဲသံက ခဏအကြာ၌ပေါ်ထွက်လာသည်။
"မကောင်းတော့ဘူး!"
ဗုဒ္ဓဂိုဏ်းသားများ၏အမူအရာများမှာ ချက်ချင်းပြောင်းလဲသွားသည်။
သို့ရာတွင် သူတို့တုံ့ပြန်ချိန်၌ နောက်ကျသွားပြီဖြစ်သည်။
"လောင်ထိုင်၊ ကောင်းကောင်းလုပ်ခဲ့တယ်!"
ဖိဂုလျန်၏ မျက်နှာထက်မှာ ကြောက်ရွံ့မှုမှာ ထိုအခိုက်တွင် ပျောက်ကွယ်သွားပြီး နှိုင်းစာမရသော စိတ်လှုပ်ရှားမှုများက အစားထိုးဝင်ရောက်လာသည်။
၎င်းက ဗုဒ္ဓဂိုဏ်းသားများမှာ ဖိဂုလျန်၏လှည့်ဖျားခံလိုက်ရခြင်းကို သိရှိသွားစေသည်။ သူတို့ဟာ ချက်ချင်းပင် တစ်ဖက်ကိုလှည့်လိုက်သော်လည်း သူတို့၏အမူအရာများမှာ တကယ်ကိုပင် ကြောက်ရွံ့မှုဖြင့်ပြည့်နှက်နေသည်။
တစ်နည်းနည်းဖြင့် လောင်ထိုင်မှာ ဒီနေရာတွင်ပေါ်လာပြီး အကျဉ်းရထားသုံးတွဲကိုပင် ပိုင်းဖြတ်ပြီးဖြစ်သည်။
ထိုအကျဉ်းရထားတွဲအား ဗုဒ္ဓဓမ္မအားချိတ်ပိတ်ထားခဲ့ပြီး ဟင်းလင်းပြင်စွမ်းအားဖြင့် ထိန်းချုပ်ထားသည်။ တစ်ခါဖျက်ဆီးခံလိုက်ရသည်နှင့် အထဲမှ နတ်ဆိုးများလွတ်မြောက်လာကာ ၎င်းတို့၏နတ်ဆိုးစွမ်းအားများ ပြန်လည်ရရှိလာကြသည်။
ထိုသို့ဖြင့် ကိစ္စမှာရှုပ်ထွေးလာတော့သည်။
"ပြေး!"
ဗုဒ္ဓဂိုဏ်း၏တပည့်များမှာ လုံးဝပင်တုံ့ဆိုင်းမနေရဲဘဲ ချက်ချင်း လှည့်ပြေးကြသည်။
၎င်းတို့အကြားတွင် စွမ်းအားအကြီးဆုံးသည်ပင် နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သာရှိ၏။
၎င်းတို့မှာ အဖွဲ့များထဲမှာ သာမန်နတ်ဆိုးများအားမကြောက်ရွံ့ပါချေ။
သို့သော် အကျဉ်းရထားတွဲရှိအချို့နတ်ဆိုးများမှာ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်သို့ရောက်ရှိနေပြီးဖြစ်၏။
ထိုအကျဉ်းယာဉ်သုံးတွဲတွင် နတ်ဆိုးပေါင်းအနည်းဆုံး ၃၀၀၀၀ရှိ၏။ ၎င်းတို့အများကြီး တစ်ကြိမ်တည်းတိုက်ခိုက်လျှင် သူတို့မှာ ကိုင်တွယ်နိုင်စွမ်းရှိမည်မဟုတ်ချေ။
ဝေခွဲမရသည့်အခိုက်တွင် ရှင်သန်မှုမှာ ဦးစားပေးဖြစ်သည်။
ကံမကောင်းစွာဖြင့် သူတို့၏အရှိန်မှာ ပိုမိုနှေးနေ၏။
ဒါဟာ သောင်းချီသောနတ်ဆိုးများအား အချိန်ကြာ ဖိနှိပ်ထားခြင်းကြောင့်ပင်။
၎င်းတို့၏ ကြာရှည်အကျဉ်းချခံရမှုမှာ သူတို့အား စိတ်နေသဘောထားကို ကြမ်းတမ်းသွားစေ၏။ စိတ်အတွင်းရှိ မှောင်မိုက်သောဆန့်ကျင့်ဘက်အတွေးများမှာ နှိုးဆွခံလိုက်ရသည်။ ထိုအခိုက်တွင် အချို့သော သိမ်မွေ့သည့်နတ်ဆိုးများသည်ပင် သွေးဆာလာပြီး ကြမ်းတမ်းလာကြသည်။
၎င်းတို့မှာဗုဒ္ဧဂိုဏ်းအား အရိုးထိတိုင်မုန်းတီးနေသဖြင့် ဗုဒ္ဓဂိုဏ်းတပည့်များအား မည်သို့အလွတ်ပေးနိုင်ပါမည်နည်း?
ထို့ကြောင့် သူတို့ထွက်လာချိန်တွင် ရေကြီးသည့်နှယ် ပြေးထွက်လာကာ ချက်ချင်းပင် ဗုဒ္ဓဂိုဏ်းသားများအား ခုန်အုပ်လိုက်ကြ၏။
"သွား! သေလိုက်!"
"နတ်ဆိုးလေးက ငါတို့ကိုတိုက်ခိုက်ရဲတယ်ပေါ့? မင်းကသေချင်နေတာပဲ!"
ဗုဒ္ဓဂိုဏ်းသားများမှာ နတ်ဆိုးများအားအရူးအမူးသတ်နေချိန်တွင် ရူးသွပ်နေပုံပေါ်သည်။
အဆင့်နိမ့်နတ်ဆိုးအများစုမှာ ပုရွက်ဆိတ်များနှင့်တူပြီး သူတို့နှင့် ယှဉ်ပြိုင်ဖို့ရာအခွင့်မရှိပါချေ။ ၎င်းတို့မှာ အသတ်ခံ၏လိုက်ရပြီး ဖက်ထုပ်များနှယ်ခံစားလိုက်ရသည်။
သို့သော် နတ်ဆိုးများမှာ များပြားလှသည်။
လက်သီးနှစ်လုံးမှာ လက်လေးဘက်အား မယှဉ်နိုင်ပါချေ။ ဒါ့အပြင် အင်မတန်အားကောင်းသည့်နတ်ဆိုးများလည်း ရှိသေးပြီး လုံးဝပြန်လည်မတိုက်ခိုက်နိုင်အောင်တွန်းအားပေးနေကြသည်။
"အား..."
ဗုဒ္ဓဂိုဏ်းသားများမှာ အော်ဟစ်ကာ နတ်ဆိုးများ၏အရှင်လတ်လတ်စားသောက်ခြင်းကိုခံလိုက်ရသည်။
အကျဉ်းရထားတွဲထဲတွင် ကျူးကောကျီချုံ၏ပုံရိပ်မှာလည်း မြေပြင်သို့ကျလာ၏။
အချိန်အတော်ကြာ ဖမ်းချုပ်ခံရပြီးနောက်တွင် ဗုဒ္ဓဓမ္မ၏နှိပ်စက်ခြင်းကိုခံရကာ သူမ၏ကျင့်ကြံဆင့်မှာ မူလကျင့်ကြံဆင့်ထက် ၁၀%ခန့်လျော့နည်းသွားသည်။ သူမဟာ အဖမ်းခံလိုက်ရသည့် နတ်ဆိုးငယ်လေးများထက်ပင် နိမ့်ကျနေပါသေးသာ်။
"သခင်မလေး ငါး၊ ဒါကတကယ်ကိုမင်းပဲ!"
လောင်ထိုင်မှာ ချက်ချင်းပင် ကျူးကောကျီချံအားဂါရဝပြုလိုက်သည်။
ကျူးကောကျီချုံမှာ ကူရာမဲ့သွားသော်လည်း ထိုသည်ကိုမြင်လိုက်သောအခါတွင် ကြောင်စီသွားသည်။
"လောင်ထိုင်၊ ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?"
"သခင်မလေး ငါး၊ ကျုပ်အခုပဲ မင်းကိုခြေရာခံမိပြီး ဖိဂုလျန်နဲ့အတူကယ်ဖို့ အစီစဉ်ဆွဲခဲ့တာပါ။ ဒီနေရာက ကြာကြာနေလို့မသင့်ဘူး။ ကျုပ်တို့နဲ့ မြန်မြန်လိုက်ခဲ့ပါ။"
"ကောင်းပါပြီ!"
ကျူးကောကျီချုံမှာ ချက်ချင်းပင် ရှေးဟောင်းကြေးခန်းမထဲသို့ လှမ်းဝင်သွား၏။
သူမဟာ ယခုတွင် အင်မတန်အားနည်းနေပြီး သူမ၏ကျင့်စဉ်ကိုပင်အသုံးမပြုနိုင်ချေ။ ထို့ကြောင့် သူမအား ကြေးခန်းမထဲသို့တွဲခေါ်ရန်ပင်လိုအပ်နေ၏။
သူမဟာကြေးခန်းမထဲသို့လှမ်းဝင်လိုက်သည်နှင့် နတ်ဆိုးများမှာလည်း ဗုဒ္ဓဂိုဏ်းသားများအား အောင်မြင်စွာ မြိုချလိုက်နိုင်၏။
သူတို့ထဲမှာ တစ်ဦးမှာ အနတ်ရောင်ဝတ်ရုံဝတ်နတ်ဆိုးဖြစ်ပြီး သက်ပြင်းရှည်တစ်ချက်ချကာ သူ၏ယုတ်မာသောအမူအရာကိုထုတ်ပြနေသည်။"
"ငါ၊ မြေအောက်လောကဘိုးဘေးက နောက်ဆုံးတော့ထွက်လာပြီ။ အစကထင်ခဲ့တာတော့ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲကိုခေါ်ဆောင်ခံရပြီး ဗုဒ္ဓဂိုဏ်းဆီကနေ သေလုနီးပါး အနှိပ်စက်ခံရတော့မယ်လို့ပေါ့။ အခုတကယ်ကြီး ထွက်လာဖြစ်မယ်လို့ထင်မထားခဲ့ဘူး။ ဟားဟားဟားဟား! ကောင်းကင်ဘုံကတောင် ငါ့ရဲ့မြေအောက်လောကဂိုဏ်းကိုရှင်သန်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တယ်။"
အခြား မြေအောက်လောကဂိုဏ်းတပည့်များမှာ ချက်ချင်းပျော်ရွှင်သွားကြသည်။
"ဂိုဏ်းချုပ်ရဲ့နတ်ဝိဉာဉ်စွမ်းအားက တုနှိုင်းမဲ့တယ်။ ခင်ဗျားက နတ်ဘုရားလောကကိုတောင် ထာဝရတိုင် ပေါင်းစည်းနိုင်လိမ့်မယ်။"
မြေအောက်လောကဂိုဏ်းချုပ်မှာ လက်မြှောက်လိုက်ကာ အားလုံးကို တိတ်ဆိတ်နေရန် ညွှန်ကြားလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းစုက ကျုပ်တို့တွေ မရေတွက်နိုင်တဲ့ ဝမ်းနည်းဖွယ်ရာတွေ နှိပ်စက်မှုတွေကို ကြုံခဲ့ရတယ်။ ဒါပေမယ့် ဒီနေ့ကစပြီး မင်းတို့တတွေ ထပ်ပြီး နှိပ်စက်မခံရဖြို ကျုပ်ကအာမခံပါတယ်။"
"အသက်ရှည်ပါစေဂိုဏ်းချုပ်!"
"ဒီနေ့ကစပြီး မြေအောက်လောကဂိုဏ်းနဲ့ ဗုဒ္ဓဂိုဏ်းက ပြန်လည်ညှိနှိုင်းဖို့မရှိတော့ဘူးလို့ ကျုပ်ကြေညာတယ်။ ဒီနေ့ကစပြီး ဗုဒ္ဓဂိုဏ်းသားတစ်ယောက်ယောက်ကိုတွေ့တာနဲ့ ညှာတာခြင်းမရှိသတ်ဖြတ်နိုင်တယ်။"
"နားလည်ပါပြီ"
အားလုံးဟာတစ်ညီတည်းအော်လိုက်ပြီး ၎င်းအသံများမှာ ကောင်းကင်ကိုပင်လှုပ်ခါစေ၏။
မြေအောက်လောကဂိုဏ်းချုပ်မှာ စိတ်ကျေနပ်ပြီးဆက်ပြောလိုက်သည်။
"ဒါပေမယ့် ဒီလိုဆိုရင်လည်း ဗုဒ္ဓဂိုဏ်းက နတ်ဘုရားလောကရဲ့ နံပါတ်တစ် ဂိုဏ်းဖြစ်နေတယ်။ သူတို့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး။ ကျုပ်တို့အချိန်ယူပြီးပဲ သူတို့ကို တစ်ဆင့်ခြင်းဖျက်ဆီးရမယ်။"
"ပြီးတော့ ကျုပ်တို့ကို အချိန်ကြာ ပိတ်လှောင်ထားခဲ့တဲ့ ပြဿနာတစ်ခုရှိသေးတယ်။"
"ကောင်းကင်ပင်လယ်မြို့တော်ရဲ့ လုမျိုးနွယ်စုပါ!"
"လက်ရှိမှာ ကျုပ်တို့ ဗုဒ္ဓဂိုဏ်းကို ဘာမှမလုပ်နိုင်သေးပေမယ့် ကျုပ်တို့ မြေအောက်လောကဂိုဏ်းက ကောင်းကင်ပင်လယ်မြို့တော်ရဲ့လုမျိုးနွယ်စုကို ဘာကြောင့် ကြောက်ရမှာလဲ?"
"ကောင်းကင်ပင်လယ်မြို့တော်ကိုသွားပြီး လုမျိုးနွယ်စုကို ဖျက်ဆီးကြမယ်!"
"ကောင်းပါပြီ!"
သို့သော် မြေအောက်လောကဂိုဏ်း၏တပည့်များ လုမျိုးနွယ်စုကိုရှာရန် ကောင်းကင်ပင်လယ်မြို့တော်သို့ ဦးတည်မည့်ဆဲဆဲတွင် ဗုဒ္ဓအသံတစ်ခုက ကောင်းကင်မှနေ၍ကျဆင်းလာခဲ့သည်။
"အမိတာဘ"
ထိုအသံကိုကြားရင်းဖြင့် နတ်ဆိုးအားလုံးမှာ ကောင်းကင်ကို တစ်ညီတည်းကြည့်လိုက်ကြသည်။ ၎င်းတို့မြင်လိုက်သည်မှာ ဘုန်းကြီးငယ်နှစ်ပါးမှ တိမ်များထဲတွင် ဂုဏ်ဝံ့စွာရပ်နေပြီး အောက်ရှိနတ်ဆိုးများအား ကြည့်ရှုနေ၏။
နတ်ဆိုးများမှာ တစ်ဖက်လူများ၏ အရှိန်အဝါမှ အန္တရာယ်ကိုခံစားလိုက်ရသည်။
"ဒါက ဗုဒ္ဓဆရာကြီးပဲ။ မြန်မြန်ဆုတ်ကြ!"
တစ်ယောက်ယောက်မှအော်လိုက်သည်။ တစ်ခဏအကြာတွင် ကောင်းကင်ရှိဘုန်းကြီးငယ်တစ်ပါးမှာသာမန်ကာလျှံကာဖြင့် သပိတ်တစ်လုံးအား ပစ်လွှတ်လိုက်သည်။
ထိုသပိတ်မှာ အင်မတန်သေးငယ်သော်လည်း အင်မတန်အားကောင်းသော ဟင်းလင်းပြင်စွမ်းအားများဖြင့်ပြည့်နေ၏။
ထိုနတ်ဆိုးများမှာ လွတ်မြောက်ခါနီးတွင် သပိတ်ဆီမှ အားကောင်းသည့် ဆွဲငင်အားကိုခံစားလိုက်ရကာ ရှင်လျက်စုပ်ယူခံလိုက်ရသည်။
"မကောင်းတော့ဘူး!"
နတ်ဆိုးများမှာ အင်မတန်ကြောက်ရွံ့လာကာ အထူးသဖြင့် မြေအောက်လောကဂိုဏ်းချုပ်ပင်ဖြစ်သည်။ သူဟာ ဆဲရေးလိုက်သည်!
"သေစမ်း မင်းတို့! ဒီလိုမလုပ်နိုင်ဘူး! ငါတို့ အခုမှလွတ်တာကို မျက်တောင်တစ်ခတ်အတွင်းမှာပဲ ထပ်ဖမ်းတယ်ပေါ့။ ငါတို့ကို လာရှုပ်နေတာလား?"
ကျိန်ဆဲပြီးနောက်တွင် မြေအောက်လောက်ဂိုဏ်းတစ်ခုလုံးမှာ သပိတ်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။
သို့သော်ရှင်းလင်းစွာဖြင့် သပိတ်အတွင်းရှိ နေရာတစ်ခုထဲသို့မဟုတ်ပါချေ။
မြေအောက်လောကဂိုဏ်းမှ လူသောင်းချီအားစုပ်ယူပြီးနောက်တွင် ဘုန်းကြီးမှာ မရပ်တန့်သေးဘဲ ဆက်လက် စုပ်ယူနေ၏။
ဒါက တစ်ဖက်လူမှာ အပြင်ဘက်တွင် တစ်ယောက်ပင် မထိန်ချန်ဘဲ အသက်ပေါင်းသန်းရာချီကို စုပ်ယူချင်သည့်ပုံပါပင်။
ရှေးဟောင်းကြေးခန်းမသည်လည်း ရှင်လျက်စုပ်ယူခံလိုက်ရသည်ပင်။ လောင်ထိုင်မှာ နှေးကွေးမနေဝံ့ဘဲ ချက်ချင်းပင် ကျူးကောကျီချုံအား ထွေးထုတ်လိုက်သည်။
"သခင်မလေး ငါး၊ ကျုပ်မှာလည်း ရွေးချယ်စရာမရှိတော့ဘူး။ မြန်မြန်ထွက်ပြေးပါ။ ဒီသပိတ်မှာ သူ့သခင်ရဲ့နတ်ဝိဉာဉ်စွမ်းအားရှိနေတယ်။ ကျုပ်ရဲ့ ဝိဉာဉ်စွမ်းအားကို ထောက်ပံ့စရာလူမရှိတာကြောင့် မခုခံနိုင်ဘူး။"
ကျူးကောကျီချုံမှာ အံကြိတ်ကာပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါတို့အတူသွားရမယ်။ ငါ့ကိုကယ်ဖို့လာတာပဲလေ။ မင်းကိုဘယ်လိုထားခဲ့ရမလဲ?"
"သခင်မလေး ငါး၊ ကျုပ်တို့ရဲ့ကြိုးစားမှုကိုမဖြုန်းတီးပါနဲ့။ ဖိဂုလျန် သခင်မလေး ငါးကို မြန်မြန်အဝေးခေါ်သွားတော့! ဖိဂုလျန် မင်းဘယ်မှာလဲ? ဖိဂုလျန်၊ မင်းဘယ်နေရာကိုသွားနေတာလဲ?"
ကျူးကောကျီချုံ:"..."
"သူ့ဘာသာထွက်ပြေးသွားလောက်ပြီ။ ငါတို့နှစ်ယောက်လည်း ကိုယ့်ဘာသာကယ်တင်ကြရမယ်။ ငါ့ကိုသွေးနည်းနည်းပေး။ သွေးရှိလား? မဟုတ်ရင် နတ်သွေးဆေးလုံးရော? သိုင်းဘုရင်အဆင့်သွေးဆေးလုံးဆိုရင်တောင် အဆင်ပြေတယ်။ အရင်ဆုံးနည်းနည်းလောက်ပေးပါ။ နည်းနည်းလောက်စုပ်ယူပြီး ဝိဉာဉ်စွမ်းအား နည်းနည်းဖြည့်ရမယ်။"
"ဒါဆိုရင် ကြီးမြတ်သောအာကာပြင် ဖြိုခွဲခြင်းခြေလှမ်းကျင့်စဉ်ကို သုံးပြီး မင်းကိုပါခေါ်သွားနိုင်တယ်။"
"ကောင်းပါပြီ!"
လောင်ထိုင်၏မျက်လုံးများမှာ လင်းလက်သွားပြီး ချက်ချင်းပင် ကျူးကောကျီချုံအား သူ၏လက်ကိုကိုက်ရန် ထုတ်ပေးလိုက်၏။
ကျူးကောကျီချုံမှာ ကြီးကြီးကျယ်ကျယ်လုပ်မနေတော့ပါချေ။ သူမ၏ တောက်ပနေသောသွားစွယ်များကို လှစ်ဟလိုက်ပြီး ချက်ချင်းကိုက်လိုက်၏။
ဂျွတ်....
တစ်ခဏကြာပြီးနောက်တွင် လေထုမှာ သေလုအောင်တိတ်ဆိတ်သွား၏။
ကျုးကောကျီချုံ၏ ဖုတ်ကောင်သွားနှစ်ချောင်းမှာ လောင်ထိုင်၏လက်ဖြင့် အချိုးခံလိုက်ရသည်။
ထိုအခိုက်တွင် သူမသတိရလိုက်သည်မှာ လောင်ထိုင်၏ကိုယ်မှာ တကယ်တော့ ရှေးဟောင်းကြေးခန်းမဆိုသည်ကိုပင်။
ဒါက လူပုံသဏ္ဍာန်ဖြစ်နေလျှင်တောင် လူသွေးရှိမနေပါချေ။ ဒါက တုနှိုင်းမဲ့ ကြေးခန္ဓာဖြစ်နေဆဲပင်။
လောင်ထိုင်မှာ အပြစ်ရှိသလိုခံစားလိုက်ရသည်။
"ကျွန်တော်...တောင်းပန်ပါတယ်၊ သခင်မလေး ငါး။ ကျွန်တော့အမှားပါ။ ဒီကမောက်ကမထဲအခြေအနေကနေ မြန်မြန်ပြေးသင့်ပါတယ်။"
"မင်းဘာတွေပြောနေတာလဲ? ငါတို့ကို ဒီနတ်သပိတ်နဲ့ စုပ်ယူခံလိုက်ရပြီးပြီလေ။"
"အာ..."
ဒါက လောင်ထိုင်အား လွတ်မြောက်ရန် အခွင့်အရေးမရှိတော့သည်ကို သတိပြုမိသွားစေသည်။
ဒါကပြီးသွားပြီ။
သူဟာ သခင်မလေး ငါးအားကယ်တင်ရန် ကျရှုံးသည်သာမက သူပင် ဖမ်းခံလိုက်ရသည်။
တစ်ဖက်တွင် ဖိဂုလျန်မှာ ယုန်ထက်ပင်မြန်အောင်ပြေးနေ၏။ ၎င်းမှာ မရပ်တန့်ခင်အထိ ကီလိုမီတာထောင်ချီပြေးလာခဲ့၏။ မောပန်းခြင်းလား ကြောက်ရွံ့ခြင်းလားမသိပါဘဲ သူ၏တစ်ကိုယ်လုံးမှာ တုန်ရီနေ၏။
"သေစမ်း၊ ကံကောင်းလို့ မြန်မြန်ပြေးလာလိုက်တာ!"
"အဲ့ဒီကတုံးနှစ်ယောက်က အရမ်းစွမ်းအားကြီးမနေဘူးလား? တစ်ယောက်တည်းကတင် နတ်ဆိုးပေါင်း သုံးသောင်းကို ဖိနှိပ်နိုင်တယ်။ ငါ့ရဲ့ခြေထောက်သာလေးချောင်းမဟုတ်ရင် ငါလည်း ဘာအဓိပ္ပာယ်မှမရှိဘဲသေရတော့မယ်။"
သို့ရာတွင် သူဟာ အလျင်အမြန်ပဲပြုံးလိုက်သည်။
"ဒါပေမယ့် ငါအခုပဲ မြေအောက်လောကဂိုဏ်းချုပ်ဆီက ကြားလိုက်ရတာက လုမျိုးနွယ်စုက ကောင်းကင်ပင်လယ်မြို့တော်မှာပဲ!"
“ဟီးဟီးဟီး၊ လုမျိုးနွယ်စုမှာ သခင်ရှိနေနိုင်လား? ငါအရင်သွားပြီး ကြည့်ရမယ်။ သခင်နဲ့သာဆုံရရင်တော့ ငါနေဖို့လည်း အလွယ်ဆုံးရှာနိုင်မှာပဲ။"
ထိုသို့တွေးတောရင်း ဖိဂုလျန်မှာ လှည့်ကာ အနီးရှိမြို့ထံသို့ ကောင်းကင်ပင်လယ်မြို့တော်တည်နေရာအား မေးမြန်းရန်ပြေးသွားသည်။
...
တစ်ဖက်တွင် လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ သူတို့အား ပြန်မတိုက်ခိုက်နိုင်ခင်အထိ ဟွေ့ရှီကိုနိုင်နေသေးသည်။ ဟွေ့ရှီမှာ အချိန်ဖြုန်းသည်ကိုရပ်လိုက်ကာ ချက်ချင်းပင် သူ၏ ကမ္ဘာငယ်အားဖွင့်လှစ်လိုက်၏!
တစ်ရာသောတိုက်ပွဲနတ်ဘုရားအထွဋ်အထိပ်အဆင့် ကမ္ဘာငယ်ပင်!
ကမ္ဘာငယ်ပေါ်လာသည်နှင့် အထူးအလှည့်အပြောင်းဟင်းလင်းပြင်မှာ သူ၏ခေါင်းထက်တွင် ပေါ်လာ၏။ အတွင်းတွင် ပန်းများရာချီဖူးပွင့်နေကာ ကျေးငှက်များနှင့် သားရဲများက ကျက်စားနေကြသည်။ ဒါကနှစ်လိုဖွယ် ရှုမြင်ကွင်းပါပင်။
ဒါကယခုမှာ ဖြစ်ပေါ်လာပုံပေါ်သော်လည်း အခြေခံအားဖြင့် အရာအားလုံးပါဝင်နေသည်။
ကံအားလျော်စွာဖြင့် လီချန်းရှန်နှင့် စုန့်ရှင်းနျန်၏ တုံ့ပြန်မှုအရှိန်မှာ မြန်နေခြင်းပင်။ မဟုတ်ပါက....
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၃။ အပိုင်း ၃၄၄ ရာဇဝင်မှာ စွမ်းအားအကြီးဆုံးဆင့်ခေါ်မှု
၎င်းတို့မှာ ကမ္ဘာငယ်ထဲသို့ စုပ်ယူခံလိုက်ရသည်နှင့် အခြေအနေမှာ သူတို့အား ခံရသည့်ဘက်ကိုရောက်သွားစေမည်။
အရာအားလုံးအားဘေးချိတ်ထားလိုက်လျှင် ထိုလူမှာ ကမ္ဘာငယ်ထဲရှိ စည်းမျဉ်းများအားလုံးကို တစ်ဦးတည်းထိန်းချုပ်နိုင်နေသည်ကပင် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။
တစ်ဖက်လူမှာ တကယ်ကိုပင် နတ်ဘုရားတစ်ပါးဖြစ်၏။
ဟွေ့ရှီမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့အားတိုက်ခိုက်ရန် မြေ၊ရေ၊လေ၊မီးကဲ့သို့ အမျိုးမျိုးသောဒြပ်စင်များအား ထုတ်သုံးနိုင်သည်။
ဝမ်းနည်းဖွယ်အကောင်းဆုံးမှာ လီချန်းရှန်နှင့်စုန့်ရှင်းနျန်သည် လွတ်လပ်စွာ မခုခံနိုင်ခြင်းဖြစ်၏။ သူတို့မှာလည်း ကိုယ်ပိုင်ကမ္ဘာငယ်များကို ဖွင့်လှစ်ရန် အခွင့်ပင်မရပါချေ။
လူတစ်ဦးမှာ အခြားတစ်ဦးထက် ကျင့်ကြံဆင့်နိမ့်နေလျှင် ၎င်း၏ကမ္ဘာငယ်မှာ အင်အားမလုံလောက်ဘဲ ထိုအခြားလူ၏ကမ္ဘာငယ်ထဲတွင် ပြင်းစွာဖိနှိပ်ခံရမည်ဖြစ်ကာ လုံးဝကိုလွတ်မြောက်မည်မဟုတ်ချေ။
ဒါဟာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ ဟွေ့ရှီ၏ကမ္ဘာအတွင်းသို့ စုပ်ယူခံရမည့်အရေးမှ ရှောင်ရှားနေရခြင်းအကြောင်းအရင်းဖြစ်၏။
အန္တရာယ်မှာ ရန်သူတစ်ယောက်၏အစီအရင်ထဲဝင်ရောက်သည်ထက်ပင် အဆပေါင်းများစွာ ပိုမိုများပြား၏။
ဟွေ့ရှီမှာ အတန်ငယ်စိတ်ပျက်နေသည်။ ရှင်းလင်းစွာပင် သူဟာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်အား သူ၏ကမ္ဘာငယ်ထဲသို့ မထည့်နိုင်သည်ကို စိတ်ဓာတ်ကျနေခြင်းပင်။
ထိုသို့ဆိုလျှင် ၎င်းတို့နှစ်ဦးအားသတ်ရန် သူဟာအတော်လေးအားစိုက်ရမည်ဖြစ်သည်။
သို့သော် မေ့ထားလိုက်ပါ။ သူလုပ်နိုင်တာမှမရှိဘဲလေ။ တစ်ဖက်လူများအား ကမ္ဘာငယ်ထဲသို့ မစုပ်ယူနိုင်ခြင်းကြောင့်တော့ မရပ်တန့်နိုင်ပါချေ။
အတွေးတစ်ခုဖြင့် ဟွေ့ရှီမှာ ချက်ချင်းပင် သူ၏ကမ္ဘာငယ်အား ၎င်းတို့နှစ်ဦးကိုဆက်လက်တိုက်ခိုက်ရန် မြေ၊ ရေ၊ လေ၊ မီး၊ မိုး၊ လျှပ်စီးနှင့် အမျိုးမျိုးသောဒြပ်စင်တို့အား အလင်းတန်းများအဖြစ် အသွင်ပြောင်းလိုက်သည်။
၎င်းတို့နှစ်ဦးမှာ ဓားမော့နှင့် ဓားများဖြင့် ပိတ်ဆို့ကာ ထွက်ပေါ်လာသည့်တိုက်ခိုက်မှုများအား ဆက်လက်၍တားဆီးနေသည်။
သို့သော် ဟွေ့ရှီမှာ မဖြုံပါချေ။ ၎င်းတို့နှစ်ဦးတိုက်ခိုက်လာသည့်အခိုက်တွင် သူ၏ကိုယ်မှာ ရွေ့သွား၏။
ကမ္ဘာငယ်မှာ အမှီအခိုကင်းစွာတိုက်ခိုက်နေပြီး နတ်ဘုရားအာရုံကိုသာလိုအပ်သည်ဖြစ်သည်။
ဟွေ့ရှီမှာမူ သူ၏တိုက်ခိုက်မှုအားဆက်လက်လိုက်သည်။
ကမ္ဘာငယ်၏အကူအညီဖြင့် လီချန်းရှန်နှင့် စုန့်ရှင်းနျန်၏အခွင့်အရေးမှာ ပျောက်ဆုံးသွားပြီး နေရာတွင်ပင် ဖိနှိပ်ခံလိုက်ရသည်။
ဟွေ့ရှီမှာ ၎င်းတို့အား လက်သီးဖြင့်ထိုးကာ လက်ဝါးများဖြင့်လည်း ရိုက်နှက်ကာ သူတို့နှစ်ဦးကို တန်ပြန်တိုက်ခိုက်နေ၏။
"မင်းတို့နှစ်ယောက်ကိုနောက်ဆုံးတစ်ကြိမ်အကြံပေးမယ်။ ခါးသက်မှုပင်လယ်က အဆုံးမဲ့တယ်။ နောင်တရပြီး ကယ်တင်ခြင်းသို့ရောက်ပါစေ။ သားသတ်ဓားကိုချပြီး ဗုဒ္ဓရဲ့လမ်းကြောင်းကိုနှလုံးသွင်းပါ။ ခေါင်းမာနေဦးမယ်ဆိုရင်တော့ မင်းတို့နှစ်ယောက်က ပြာတွေဖြစ်သွားပြီး မင်းတို့ရဲ့ဝိဉာဉ်တွေပျောက်ကွယ်သွားမှာကို စိုးရိမ်မိတယ်!"
"သွားသေလိုက်လေ။ ဘာလို့မင်းရဲ့စွဲလန်းမှုကို မစွန့်လွှတ်ရတာလဲ? ဘာလို့ မင်းရဲ့အစာအိမ်ကိုဖျက်ပြီး ငါတို့ကိုမတောင်းပန်တာလဲ?"
"ဟမ့်!"
ဟွေ့ရှီ၏အမူအရာမှာ အသည်းအသန်ဖြစ်နေ၏။
"မင်းတို့အတွက်ဘာကကောင်းလဲဆိုတာကိုမသိဘူးပဲ။ ဒီလိုဆိုရင် ငါ့ကိုအကြင်နာမဲ့တယ်လို့ အပြစ်မတင်နဲ့။"
ရဟန္တာနတ်ဝိဉာဉ်မှာ သူ၏အနောက်ဘက်မှနေ၍ ကြီးမားသောအလင်းကိုထုတ်လွှတ်လာ၏။ တစ်ခဏအတွင်းမှာပင် ၎င်းဟာ အလွန်အမင်းတောက်ပလာပြီး ရဟန္တာရွှေခန္ဓာအား ပိုမိုမြင့်မားကာ ဖြစ်နေစေတော့သည်။
"ရဟန္တာနတ်ဆိုးနှိမ်နင်းခြင်း! ဖျက်ဆီးပစ်!"
အော်သံတစ်ခုဖြင့် သူ၏အနောက်မှ ရဟန္တာနတ်ဝိဉာဉ်မှာ လျင်မြန်စွာကြီးမားလာကာ ခွန်အားမှာလည်းဆက်လက်တိုးပွားနေ၏။ သူ၏စွမ်းအားမှာ ခန့်မှန်းမရသည့်အမှတ်တစ်ခုသို့ရောက်ချိန်တွင် ဟွေ့ရှီမှာ ချက်ချင်းတိုက်ခိုက်လိုက်၏။ ဗုဒ္ဓလက်သီးရှည်နှင့်အတူ သူ၏လက်သီးရိပ်မှာ အဆင့်ထပ်တက်သွားကာ အရှည် ၂၀၀၀အထိရှိသွား၏!
သို့သော် ထိုအခိုက်တွင် အန္တရာယ်အငွေ့အသက်က သူ၏နှလုံးတွင် ရုတ်တရတ်သက်ဆင်းလာ၏။
တစ်ခုခုတော့မှားနေပြီ!
တကယ်ကိုပင်၊ ဟွေ့ရှီ၏အမူအရာမှာ ပြောင်းလဲသွားကာ တစ်ခုခုမှားနေသည်ကို ခပ်ရေးရေးခံစားမိလိုက်သည်။
သို့သော် ထိုအခိုက်တွင် သူဟာ ခွန်အားအလုံးစုံအား သူ၏လက်သီးတွင် စုစည်းလိုက်၏။ ထို့ကြောင့် သူဟာရပ်တန့်မရနိုင်ဆော့ဘဲ သူ၏ဦးတည်ရာကိုလည်း အလွယ်တကူမပြောင်းလဲနိုင်တော့ပါချေ။
သေစမ်း!
သူတွေးနေသည့်အခိုက်တွင် စုန့်ရှင်းနျန်မှာ ချက်ချင်းပင်ကမ္ဘာငယ်အားဖွင့်လှစ်ကာ သူ့အားစုပ်ယူလိုက်တော့၏။
သေစမ်း!
ဟွေ့ရှီမှာ နောက်ဆုံးတွင် ထိုနှစ်ဦးလုပ်ဆောင်ချင်သည့်အရာကို နားလည်သွားတော့သည်။
၎င်းတို့မှာ သူ၏ယခင်တိုက်ကွက်အား အတုခိုးကာ သူတို့၏ကမ္ဘာငယ်ထဲသို့ သူ့အားစုပ်ယူလိုက်ခြင်းပင်။
သူ့အတွက်တော့ ထိုနှစ်ဦးအား ထိုသို့အလွယ်တကူအောင်မြင်မည်ကို ခွင့်မပြုနိုင်ပါချေ။ မဟုတ်လျှင် သူတို့အားမည်သို့ရင်ဆိုင်ရမည်နည်း?
ထိုသို့တွေးရင်းဖြင့် ဟွေ့ရှီမှာချက်ချင်းပင် သူ၏ကမ္ဘာငယ်အား သူ၏ကိုယ်တွင် ပြန်ရုပ်သိမ်းရန်သိမ်းရန်ကြိုးစားလိုက်သည်။
ဒါဟာသူ၏ကမ္ဘာမှာ စုန့်ရှင်းနျန်၏ကမ္ဘာထက်ပိုမိုစွမ်းအားကြီးသောကြောင့်ပင်!
သူဟာ ကမ္ဘာငယ်ကို ကိုယ်တွင်ထပ်မံသိမ်းဆည်းခြင်းဖြင့် စုန့်ရှင်းနျန်အား သူ၏အစီအစဉ်ကို အရှုံးပေးရန်တွန်းအားပေးနိုင်လိမ့်မည်ဖြစ်သည်။
ဤသည်မှာ စုန့်ရှင်းနျန်သည် တစ်ဖက်လူ၏ကမ္ဘာငယ်အား သူ၏ကမ္ဘာငယ်မှ ခုခံနိုင်သည်ဟု ယူဆစေလိုခြင်းကြောင့်ပင်။
ဤလောကရှိအရာတိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်အရွယ်အစားရှိသည်။ ၎င်းမှာအင်မတန်ကြီးမားနေပါက ကိုင်တွယ်ရန်မဖြစ်နိုင်ချေ။
သို့သော် သူဟာ ကမ္ဘာငယ်အားပြန်လည်ဆင့်ခေါ်ချိန်၌ အခြားကမ္ဘာငယ်တစ်ခုမှာချက်ချင်းတိုက်ခိုက်လိုက်၏။
ဘုန်း!
ထိုကမ္ဘာငယ်မှာ တိုက်ရိုက်ပင် ဟွေ့ရှီ၏ကမ္ဘာငယ်အား အညှာအတာမဲ့စွာ တိုက်ခိုက်လိုက်ပြီး ဟွေ့ရှီ၏ကမ္ဘာငယ်အား နေရာမှမီတာတစ်သောင်းအကွာသို့ တွန်းပို့ကာ သူ၏ပြန်လည်ဆင့်ခေါ်ခြင်းအားကျရှုံးစေလိုက်သည်။
ထိုသည်မှာ လီချန်းရှန်သည် သူ၏ကမ္ဘာငယ်အားထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
"သေစမ်း!"
ဟွေ့ရှီမှာအံကိုကြိတ်ကာ မထိန်းနိုင်ဘဲ ဆဲရေးလိုက်၏။ သူဟာ ဒေါသထွက်လွန်း၍ ခုန်ပေါက်ကာကျိန်ဆဲလုနီးနီးပင်ဖြစ်သွားသည်။
သူသာလီချန်းရှန်အား တစ်ဦးတည်းတိုက်ခိုက်ပါလျှင် လီချန်းရှန်၏ကမ္ဘာငယ်မှာ သူ့အားအနိုင်ယူရန်မဖြစ်နိုင်ချေ။ ၎င်းတို့မှာ အဆင့်တူတွင်ပင်ရှိမနေပါချေ။
ထားပါတော့!
လီချန်းရှန်မှာ သူ၏ကမ္ဘာငယ်အား အသုံးပြုကာ ဟွေ့ရှီ၏ကမ္ဘာငယ်တိုက်ခိုက်ပြီး ထိုဟွေ့ရှီ၏ကမ္ဘာငယ်ကို ကိုယ်တွင် ပြန်သွားခွင့်မပြုပါချေ။
ကံမကောင်းစွာဖြင့် သူဟာ ၎င်းတို့နှစ်ဦးဆီမှ ထပ်မံအနိုင်ယူခံလိုက်ရဆဲပင်။ သူသည်တကယ်ကိုကူရာမဲ့နေပြီး ဤသည်ကိုရပ်တန့်နိုင်ခြင်းမရှိချေ။
မုန်းဖို့အကောင်းဆုံးမှာ ထိုလူနှစ်ယောက်သည် အလုံအလောက်စွမ်းအားမကြီးသော်လည်း ၎င်းတို့၏အထုံပါရမီမှာ အဆင့်တစ်ဆင့်မြင့်သူအား တိုက်ခိုက်ရန်ပင် အားကောင်းပါ၏။
ဟွေ့ရှီမှာ ရူးတော့မလိုခံစားလိုက်ရသည်။
ဘုန်း!
ခဏအကြာတွင် ဟွေ့ရှီ၏လက်သီးမှာ စုန့်ရှင်းနျန်၏ကမ္ဘာငယ်အတွင်းသို့ဆင်းသက်သွားကာ နေရာတွင် ကြီးမားသောမှိုပွင့်တိမ်များအဖြစ် ပေါက်ကွဲထွက်သွား၏။
သူဟာအင်မတန်ဉာဏ်ကောင်းပြီး စုန့်ရှင်းနျန်၏ကမ္ဘာငယ်ဝင်ပေါက်မှ လွတ်မြောက်ရန် လျှပ်တပြက်လှိုင်းကို အသုံးပြုဖို့ကြိုးစားလိုက်သည်။
ကံမကောင်းစွာနှင့် သူဟာထပ်မံတွက်ချက်မှုမှားယွင်းသွားပြန်၏။
"ဝင်ခဲ့လေ"
စုန့်ရှင်းနျန်နှင့် လီချန်းရှန်မှာ သူ၏နောက်တွင် ပေါ်လာသည်။ ၎င်းတို့နှစ်ဦးမှာ သူ၏ဘယ်နှင့်ညာတွင်ရပ်နေကြပြီး ချက်ချင်းပင် ဟွေ့ရှီ၏ကျောအားကန်ကာ ကမ္ဘာငယ်ထဲသို့ပစ်သွင်းလိုက်သည်။
၎င်းတို့နှစ်ဦးမှာ တစ်ချိန်တည်းပင် ပြေးဝင်သွား၏။
၎င်းတို့သည် တစ်ဖက်လူအား သတ်ရန် ထိုသူ၏အားနည်းမှုကိုအခွင့်ကောင်းယူလိုက်၏။
သူတို့၏အတူတကွလုပ်ဆောင်မှုမှာ သာမန်လူများနှင့်နှိုင်းယှဉ်ဖို့ရာ ကွာဝေးလွန်းနေသည်။
သူတို့နှစ်ဦးမှာ ဟွေ့ရှီကို ဖိနှိပ်ထားပြီး စုန့်ရှင်းနျန်၏ ကမ္ဘာထဲတွင် ပိုလို့ပင် မာနကြီးလာ၏။
တစ်ခဏအတွင်းပင် ဓားမော့အလင်းများမှာ ကမ္ဘာငယ်တစ်ခုလုံးအားလွှမ်းခြုံသွားသည်။ ဖုန်များထလာပြီး ၎င်းတို့သုံးဦးကိုပင် ရှင်းရှင်းလင်းလင်းမမြင်ရနိုင်တော့ချေ။
လင်းရှင်းယွဲ့မှာ ကောင်းကင်ကိုကြည့်လိုက်၏။ ရာသီဥတုမှာပြောင်းလဲသွားကာ လျှပ်စီးက ထိုးထွက်လာသည်။ ကမ္ဘာငယ်များမှာ ဆက်လိုက်ထိခတ်နေကြကာ လျှပ်စီးကြောင်းများကို ဖြစ်ပေါ်လာစေပြီး လျှပ်စီးတားမြစ်နယ်မြေကဲ့သို့ ဖြစ်သွား၏။ သူမဟာ ကူရာမဲ့စွာ တံတွေးမြိုချလိုက်မိသည်။
ဒါကအင်မတန်ကြောက်မက်ဖွယ်ရာပင်!
အတိတ်တွင် သူမဟာလည်း ဆရာကြီးတစ်ယောက်ဖြစ်သော်ငြား ဒါဟာ လူသားလောက၏သိုင်းလမ်းကြောင်းဖြစ်သည်ပင်။
သူမဟာ လူသားလောကတွင်ဗလာနယ်အားအက်ကွဲစေနိုင်လျှင်တောင် ဒီနေရာတွင်တော့ သူမဟာ ဘာမှမဟုတ်ပါချေ။
ယခုတွင် သူမဟာ အခြားလူများအား မော့ကြည့်ကာ အားကျရုံသာတတ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပါပင်။
ပညာရှင်တိုင်းအား မော့ကြည့်ရန် သတ်မှတ်ခံထားရသည်!
ဒါဟာ လူတိုင်းက ပညာရှင်တစ်ပါးဖြစ်လာချင်သည့် အကြောင်းအရင်းဖြစ်သည်။
ကမ္ဘာငယ်ထဲတွင် ဟွေ့ရှီမှာ သနားဖွယ်ရာ ပို၍ပို၍သာ ဖိနှိပ်ခံထားရသည်။ သူ၏လက်တစ်ဖက်မှာ လီချန်းရှန်၏ဓားဖြင့် အဖြတ်ခံထားရကာ အခြားတစ်ဖက်မှာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။ ဒါဟာ စုန့်ရှင်းနျန်၏ဓားမော့ရှည်ဖြင့် နက်ရိုင်းစွာ လှီးဖြတ်ခံထားရခြင်းဖြစ်ပြီး သူ၏အရိုးများကိုပင်မြင်နေရသည်။ သူ၏အသားမှာ ဝေဝါးကာ အသားစများက သူ၏အရိုးဖြူများမှ တွဲလွဲကျနေသည်။ ဒဏ်ရာအများအပြားမှာ သူ၏ကိုယ်ပေါ်တွင်လည်း ရှိနေသည်။ ၎င်းတို့မှာ နှင်းကိုက်နာများ၊ မီးလောင်ဒဏ်ရာများနှင့် ဓာတ်လိုက်ခံထားရမှုများပါပင်...
သေဆုံးခြင်းခံစားချက်မှာ တဖြည်းဖြည်းချင်းချဉ်းကပ်လာနေပြီး သူ၏စိတ်နှလုံးအား လွှမ်းမိုးနေသည်။
သူဟာ ဒီနေရာမှာပဲသေရတော့မှာလား?!
သူဟာ သူ့ထက်ကျင့်ကြံဆင့်ပိုနိမ့်သော လူနှစ်ဦး၏လက်ထဲတွင် သေရတော့မည်လား?
သူဟာဒါကိုလက်မခံချင်ပါပေ!
သူဟာ လူငယ်မျိုးဆက်၏ ပါရမီရှင်တပည့်ငါးဦးမှ တစ်ဦးဖြစ်လေသည်!
သူဟာ အမတရဟန္တာအရှင်ဖြစ်လာမည့်သူဖြစ်၏။ သူဟာဒီနေရာမှာ မသေနိုင်ပါချေ။
သူဟာကံကောင်းပြီး ဗုဒ္ဓမှသူ၏အသံအားကြားနိုင်လိမ့်မလားကို မသိရပါချေ။
ခဏအကြာတွင် အင်မတန်းအားကောင်းသော အရှိန်အဝါတစ်ခုဆင်းသက်လာကာ ကောင်းကင်တွင် စွမ်းအားကြီးမားသောပုံရိပ်တစ်ခုထွက်ပေါ်လာ၏။ ၎င်းမှာ ရွှေရောင်အလင်းတစ်ခုအဖြစ်အသွင်ပြောင်းသွားကာ အောက်ဘက်ရှိ စုန့်ရှင်းနျန်၏ ကမ္ဘာငယ်အား ပြင်းစွာ ဝင်တိုက်လိုက်၏။
ဘန်း!
ကြီးမားသော ရိုက်ချက်က ကောင်းကင်ရှိ ကမ္ဘာငယ်အား ပြင်းစွာ တုန်လှုပ်သွားစေသည်။
ထို့နောင်တွင် တစ်ဖက်လူ၏လက်သီးမှာ ကမ္ဘာငယ်၏စွမ်းအားနိယာမကိုလွှမ်းရစ်လျှက် စုန့်ရှင်းနျန်၏ ကမ္ဘာငယ်အား ပြင်းစွာ ထိုးဖောက်လိုက်သည်။
ဘုန်း!
နောက်ထပ်ကျယ်လောင်သောအသံဖြင့် တစ်ဖက်လူကြောင့် အပေါက်ငယ်တစ်ခုမှာ စုန့်ရှင်းနျန်၏ကမ္ဘာငယ်တွင် ချက်ချင်းဖြစ်ပေါ်လာသည်။ ထို့နောက်တွင် အတွေးတစ်ခုဖြင့် ထိုလူ၏နတ်ဝိဉာဉ်စွမ်းအားမှာ နေရာတွင်ပင် လက်ရှည်ကြီးအသွင်ပြောင်းသွားကာ ဟွေ့ရှီအား စုန့်ရှင်းနျန်၏ကမ္ဘာငယ်မှ ဆွဲထုတ်လိုက်သည်။
"ဟွေ့ရှီ၊ မင်းကတော့ ငါတို့ဗုဒ္ဓဂိုဏ်းကိုအရှက်ရနေစေတာပဲ။"
တစ်ဖက်လူမှာ အေးစက်စွာပြောလိုက်သည်။
"မင်းဘာသာသူတို့နှစ်ယောက်ကိုတိုက်ခိုက်မယ်ဆိုရင် ဒီလိုပြောမှာမဟုတ်ဘူး။"
"ဟမ့်! မင်းကသာသတိမထားဘဲနေတာပါ။ အခု ဟွေ့ကွမ်းနဲ့ဟွေ့ဟိုင်တို့ကိုလည်း တစ်ယောက်ယောက်က နတ်ဆိုးပို့ဆောင်မယ့် အကျဉ်းရထားတွဲကို ပြန်ပေးဆွဲနေတယ်လို့ သတင်းပို့ထားတယ်။ ငါတို့နှစ်ယောက် ဒီနှစ်ယောက်ကိုမြန်မြန်ရင်ဆိုင်ပြီး ဘာတွေဖြစ်နေလဲသွားကြည့်ရအောင်။"
"ကောင်းပြီလေ!"
ထိုအခိုက်တွင် ဟွေ့ရှီ၏ဒဏ်ရာများမှာ အတော်များများကုသပြီးဖြစ်၏။ သူ၏လက်တစ်ဖက်မှာလည်း အသစ်အတိုင်းပြန်ဖြစ်သွားသည်။ အခြားလက်မှာတော့ ဖြည်းဖြည်းချင်းပြန်ထွက်လာနေပြီး တစ်ဝက်လောက်တော့ ထွက်ပြီးဖြစ်၏။
သူတို့နှစ်ဦးမှာလေကုန်ခံမနေတော့ပါချေ။ ၎င်းတို့မှာ သူတို့၏ကမ္ဘာငယ်များအားဆင့်ခေါ်လိုက်ကြပြီး ကမ္ဘာငယ်များကို အသုံးချကာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်အား တိုက်ရိုက်ပင် တိုက်ခိုက်လိုက်သည်။
လီချန်းရှန်၏မျက်လုံးများမှာ အတန်ငယ်လေးနက်သွား၏။
"ငါတို့တွေဒီတစ်ခေါက်တော့ ပြဿနာအကြီးကြီးတွေ့ပြီထင်တယ်။"
စုန့်ရှင်းနျန်ဟာ တံတွေးထွေးလိုက်သည်။
"ဒီလိုဆိုမဖြစ်ဘူး။ ငါတို့နှစ်ယောက်က သူတို့အတွက်ပြိုင်ဘက်မဟုတ်ဘူး။ ငါတို့သာတကယ်တိုက်ခိုက်ရင် ငါတို့နှစ်ယောက်ပဲ လုံးဝသေမှာ။"
"ဒီလိုဆိုရင်ရော? ငါ့ကိုခြေကုပ်ယူဖို့ အရင်ကူညီပေး။ အသက်ဆယ်ရှိုက်စာအချိန်ပဲပေး။ အသက်ဆယ်ရှိုက်စာဆိုလုံလောက်ပြီ။"
"ကောင်းပြီ!"
လီချန်ရှန်မှာ စုန့်ရှင်းနျန်မည်သည်ကို လုပ်ဆောင်ချင်သည်အား မသိသော်ငြား ဂိုဏ်းသားအချင်းချင်း နားလည်နိုင်မှုက သူ့အားယုံကြည်စေသည်။
တုံ့ဆိုင်းခြင်းမရှိဘဲ လီချန်းရှန်ဟာ သူ၏ဓားကိုဆွဲထုတ်လိုက်ကာ ချက်ချင်းပင် ကောင်းကင်ယံသို့ တက်သွား၏။
ဟွေ့ဝူနှင့် ဟွေ့ရှီမှာ လီချန်းရှန်အား လုံးဝဂရုမစိုက်သည့်နှယ် အထင်အမြင်သေးစွာပြုံးလိုက်သည်။
သူတို့ဟာ တကယ်ကိုပင် ထိုသို့တွေးခဲ့သည်ဖြစ်သည်။
သူတို့ထဲမှတစ်ဦးနှင့် ရင်ဆိုင်ရသည်မှာတော့ အဆင်ပြေနေပါသော်လည်း နှစ်ဦးကိုတော့ မကိုင်တွယ်နိုင်ပါချေ။
စုန့်ရှင်းနျန်ပျံထွက်လာချိန်တွင် သူဟာ ၎င်းတို့နှစ်ဦးကြောင့် နောက်သို့ဆုတ်သွားရ၏။ ထိုနှစ်ဦးမှာ တစ်ရာသောတိုက်ပွဲနတ်ဘုရား၏ နောက်ဆုံးအဆင့်တွင် ရှိနေသည်ပင်။ ၎င်းတို့၏ ပူးပေါင်းခွန်အားဖြင့် သူတို့၏စွမ်းအားမှာ တစ်ယောက်အပေါင်း တစ်ယောက်ကဲ့သို့ မရိုးရှင်းပါချေ။
အသက်သုံးရှိုက်စာအချိန်ခန့်တွင် သူ၏ကိုယ်မှာ စတင်ကာ မပြည့်မစုံဖြစ်လာတော့သည်။ သူ၏လက်နှစ်ဖက်မှာကျိုးသွားပြီး သူ၏ရင်ဘတ်သည် လတ်ဆက်သောအသားနှင့် သွေးများကို လှစ်ဟပြနေ၏။ တစ်ယောက်ယောက်မှ သူ၏နှလုံးခုန်နေသေးသည်ဟုသာ ပြောနိုင်သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၃။ အပိုင်း ၃၄၅ ငါ့ကိုဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးနေတာလား?
"စုန့်ရှင်းနျန်၊ မင်းမပြီးသေးဘူးလား?"
လီချန်းရှန်မှာ မထိန်းနိုင်ဘဲ ဒေါသဖြင့်ဟိန်းဟောက်လိုက်သည်။
စုန့်ရှင်းနျန်မှာ ရွတ်ဆိုမြဲရွတ်ဆိုနေ၏။
လီချန်းရှန်မှာ ကူရာမဲ့နေပြီး သူ၏အံကိုကြိတ်ကာ ဆက်နေရန်သာတတ်နိုင်၏။
စွမ်းအားကြီးမားသော ဗုဒ္ဓဂိုဏ်းနှစ်ဦးတွဲအားရင်ဆိုင်ရသောအခါ လီချန်းရှန်မှာ လုံးဝမခုခံနိုင်ပါချေ။
ဒါ့အပြင် အကြောင်းပြချက်အချို့လည်းရှိသည်ပင်!
ယခုအချိန်တွင် ဆရာ၏ပုံရိပ်မှာ တကယ်ကိုပေါ်မလာခဲ့ပါချေ။
အကူအညီမဲ့နေရင်း သူဟာ စုန့်ရှင်းနျန်အတွက်အချိန်ရရန်သာ သူ၏အားအပြည့်အားထုတ်သုံးနိုင်၏။
သို့သော် ခုခံရန်မှာ မည်မျှခက်ခဲလိုက်လေသနည်း?
သူဟာ ဆယ်ပါးသောသိုင်းနတ်ဘုရားအထွဋ်အထိပ်အဆင့်သာရှိသော်လည်း အခြားဘက်ရှိနှစ်ဦးစလုံးမှာမူ တစ်ရာသောတိုက်ပွဲနတ်ဘုရားအထွဋ်အထိပ်အဆင့်များဖြစ်ကြသည်။ ၎င်းတို့အကြားတွင် ကွာခြားချက်မှာကြီးမားပြီး တစ်ဖက်က လူနှစ်ဦးလည်းဖြစ်သည်။ သူသည် ထိုနှစ်ဦးအား စွမ်းအားရှိသမျှဖြင့် ဖိနှိပ်နေရ၏။
အသက်ငါးရှိုက်စာပြီးနောက်တွင် လီချန်းရှန်မှာ သူ၏နံရိုးများကျိုးကြေသွားသည်ကိုခံစားလိုက်ရပြီး သူ၏ ကိုယ်တွင်းအင်္ဂါများမှာလည်း အက်ကွဲလာကြသည်။
သူဟာပြိုလဲလုဆဲဆဲပင်ဖြစ်၏။
လီချန်းရှန်ဟာအံကိုကြိတ်ကာ သူ၏ကိုယ်ပေါ်မှ နတ်ချပ်ဝတ်တန်ဆာအားချက်ချင်းပစ်လွှတ်လိုက်၏။
ပေါက်ကွဲ!
ဘုန်း!
နတ်ချပ်ဝတ်တန်ဆာ၏သွင်ပြင်မှာ ဟွေ့ရှီနှင့်ဟွေ့ဝူအား ခဏမျှရပ်တန့်သွားစေကာ ၎င်းတို့အားပိုမိုသတိထားစေလာ၏။
သို့သော် လီချန်းရှန်မှာ အသက်နှစ်ရှိုက်စာမျှသာ ခုခံနိုင်လိုက်သည်။
ထိုအခိုက်၌ ဟွေ့ရှီနှင့်ဟွေ့ဝူမှာ ထပ်မံတိုက်ခိုက်လိုက်၏။
ပိုမိုကြောက်မက်ဖွယ်အရာမှာ ယခုအချိန်တွင် လီချန်းရှန်သည် သူ၏နတ်ချပ်ဝတ်အကာအကွယ်အား ဆုံးရှုံးသွားရခြင်းပါပင်။
သူသာထပ်မံတိုက်ခိုက်ခံရပါလျှင် လုံးဝကိုသေမည်ပင်ဖြစ်၏!
ကမ္ဘာငယ်နှစ်ခုမှာ တစ်ဖက်လူ၏ကမ္ဘာငယ်အားတိုက်ခိုက်ရန် အကောင်းဆုံးလုပ်ဆောင်နေ၏။ ထိုကမ္ဘာငယ်နှစ်ခုမှာ ရိုးရှင်းစွာပင် မကူနိုင်တော့ပါချေ။
၎င်းတို့နှစ်ဦးမှာ နှာခေါင်းရှုံ့လိုက်ပြီး ခဏအကြာ၌တိုက်ခိုက်တော့မည့်ဆဲဆဲတွင် လျှပ်စီးကြောင်းတစ်သွယ်မှာ ရုတ်တရတ်ကောင်းကင်မှ ပစ်လွှတ်လာ၏။
ဘုန်း!
ထိုလျှပ်စီးကြောင်းမှာ အမှတ်မထင်ဘဲ ဟွေ့ဝူ၏ကမ္ဘာငယ်အား ရိုက်ခတ်သွား၏။
တစ်ခဏအတွင်း၌ ၎င်းဟာ ဟွေ့ဝူ၏ကမ္ဘာငယ်အားပြင်းထန်စွာတုန်ရီသွားစေသည်။ ဟွေ့ဝူ၏တစ်ကိုယ်လုံးသည်ပင် တမုဟုတ်ချင်း အပြင်းအထန်တုန်ရီသွားစေ၏။
"ဘာတွေဖြစ်နေတာလဲ?"
ဟွေ့ရှီ၏စိတ်နှလုံးမှာ ထိတ်လန့်ကာတုန်ရီသွား၏။
"မြန်မြန်အောက်ကကောင်ကိုသတ်လိုက်တော့။ ငါတို့သူ့ကို ဆင့်ခေါ်ခွင့် ပြုလို့မဖြစ်ဘူး။"
အစတွင် ဟွေ့ရှီ သာမက ဟွေ့ဝူပဲဖြစ်ပါစေ ၎င်းတို့မှာ စုန့်ရှင်းနျန်မှာ အတည်ကြီးဖော်ပြထားခဲ့သော ဆင့်ခေါ်သည့်အရာအား မသိနိုင်ပါချေ။
၎င်းတို့၏အမြင်တွင် စုန့်ရှင်းနျန်မှာ အများဆုံး အဆင့်တူနတ်ဆိုးသားရဲတစ်ကောင်အားဆင့်ခေါ်နိုင်လိမ့်မည်ဟုပင်။ နောက်ဆုံးတွင်လည်း စုန့်ရှင်းနျန်မှာ သူ့ထက်ပိုမိုသန်မာသော နတ်ဆိုးသားရဲအားဆင့်ခေါ်နိုင်မည်မဟုတ်ပါချေ။
သို့သော် ၎င်းတို့မှာ လုံးဝမကြောက်ရွံ့ပါချေ။ ဘာပဲဖြစ်ဖြစ် သူတို့ရင်ဆိုင်နေရသည်မှာ တစ်ရာသောတိုက်ပွဲနတ်ဘုရားပထမအဆင့်ပညာရှင်လေးသာဖြစ်၏။
သို့သော် ယခုတွင် လျှပ်စီးမှ ဟွေ့ဝူ၏ကမ္ဘာငယ်အား ရိုက်ခတ်လိုက်သည်တွင် ဟွေ့ဝူမှာ ၎င်းဆင့်ခေါ်လိုက်သောအရာသည် မည်မျှကြောက်မက်ဖွယ်ကောင်းမည်ကို သိလိုက်သည်။
ထိုကမ္ဘာငယ်မှာ လျှပ်စီးအသွင်ပြောင်းကာ သူ၏ကမ္ဘာငယ်အားချက်ချင်းပင် အဆက်မပြတ်တုန်လှုပ်သွားကာ ပျက်စီးလုနီးပင်။
သို့သော် သူဟာလုံးဝပင် တုန့်ဆိုင်းမနေဝံ့ဘဲ စုန့်ရှင်းနျန်အား အားကုန်သုံးကာတိုက်ခိုက်လိုက်သည်။
လီချန်းရှန်မှာလည်း သူ့အားမည်သို့အခွင့်အရေးပေးနိုင်ပါမည်နည်း။
သူ၏စီနီယာပြောကြားခဲ့သည်မှာ ဓားတာအိုမှာ သတ္တိဖြင့်သာ တိုးတက်နိုင်ပေသည်!
သူဟာပေါက်ကွဲမှုတွင် သေဆုံးနိုင်ရုံမက ပျက်လည်းပျက်စီးသွားနိုင်သည်!
"တိုက်ခိုက်!"
ဒေါသဟိန်းသံဖြင့် လီချန်းရှန်မှာ နတ်ဘုရားအာရုံနှင့် နတ်အဆောင်ဓားအား ထိန်းချုပ်ကာ အဇူရာကြာပွင့်ဓားအနုပညာကို အားကုန်အသုံးပြုလိုက်သည်။
ထိုအခိုက်တွင် သူ၏ကိုယ်တွင်းမှ ကျင့်ကြံဆင့်မှာ ဓားဝိဉာဉ်၏ တွန်းအားပေးခံလိုက်ရပြီး တကယ်ကိုပင် တိုက်ပွဲအတွင်း၌ အဆင့်တက်သွား၏။
ထိုအခိုက်တွင် သူဟာ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သို့ရောက်ရှိသွားတော့၏!
ကြီးမြတ်သောစွမ်းအားမှာ သူ၏ကိုယ်မှအရူးအမူးတိုးထွက်လာကာ သူ၏သွေးများပင်ဆန်တက်လာ၏။ သူ၏ဒဏ်ရာရနေသောကိုယ်မှာလည်း ပို၍မြန်မြန်ပြန်ကောင်းလာသည်။
လတ်ဆတ်သောအသားမှာ ဆက်တိုက်ပင် သူ၏လက်ရှိအရိုးဖြူများမှ ပြန်လည်ထွက်လာ၏။
သူဟာ အဇူရာကြာပွင့်ဓားအနုပညာကို အကန့်အသတိထိလှည့်ပတ်ကာ ကောင်းကင်ကိုပိုင်းဖြတ်ရန် သူ၏ဓားအားဆွဲထုတ်လိုက်သည်!
ဘုန်း!
အားကောင်းသောတိုက်ခိုက်မှုမှာ ဟွေ့ဝူနှင့်ထိခတ်မိသွားကာ လေထုအလယ်တွင်ပင်စွမ်းအားကြီးမားသောလျှပ်တပြက်လှိုင်းအဖြစ်ပေါက်ကွဲထွက်သွားလေသည်။ ၎င်းဟာကောင်းကင်ကိုပျံ့နှံ့သွားလျက် အဖြူရောင်အလင်းမှာ မီတာ သိန်းချီပျံ့နှံ့နေသော စက်ဝိုင်းတစ်ခုဖြစ်သွားသည်။
ထိုတိုက်ခိုက်မှုဖြင့် လီချန်းရှန်မှာ မီတာ၁၀၀၀အထိပြန်ဆုတ်လိုက်ပြီး ဟွေ့ဝူမှာလည်း မီတာ၈၀၀အထိပြန်ဆုတ်လိုက်ရသည်။
ဟွေ့ဝူ၏အမူအရာမှာ အံ့အားသင့်မှု၊ ဒေါသနှင့် မနာလိုမှုများဖြင့်ပြည့်နှက်နေလေသည်။
သူဟာရှင်းလင်းစွာပင် တစ်ရာသောတိုက်ပွဲနတ်ဘုရားအထွဋ်အထိပ်အဆင့်ပညာရှင်ဖြစ်၏။ တစ်ဖက်လူမှာလည်း ရှင်းလင်းစွာပင် ယခုမှ တိုက်ပွဲအတွင်းတွင် တစ်ရာသောတိုက်ပွဲနတ်ဘုရားပထမအဆင့်သို့တက်လှမ်းသွားသူဖြစ်၏။ တစ်ဖက်လူဟာသူနှင့် မည်သို့တန်းတူဖြစ်နိုင်ပါမည်နည်း?
ဟွေ့ရှီမှာအေးစက်စွာပြောလိုက်သည်။
"သူတို့နှစ်ယောက်က ကျင့်ကြံဆင့်ကြီးတစ်ဆင့်ပိုမြင့်တဲ့တစ်ယောက်ယောက်ကိုတိုက်ခိုက်နိုင်တယ်။ သတိလက်လွတ်မနေနဲ့။ ငါတို့ရဲ့ကမ္ဘာငယ်တွေကိုသုံးပြီး သူတို့ကိုနင်းခြေ၊ ပြီးတာနဲ့ အောက်ဘက်က ဆင့်ခေါ်သူကိုသတ်လိုက်တော့!"
"ကောင်းပြီ!"
ထိုဗုဒ္ဓဂိုဏ်းသားနှစ်ဦးမှာ ၎င်းတို့အချင်းချင်း၏ကမ္ဘာငယ်များအားထိန်းချုပ်ကာ ၎င်းတို့အား ရူးသွပ်စွာ ဒဏ်ခတ်လိုက်သည်။
ကမ္ဘာငယ်များမှာ ဥက္ကာပျံနှစ်ခုကျလာသကဲ့သို့ လေထုအားပွတ်တိုက်သွား၏။ ၎င်းတို့မှာ ကောင်းကင်မှကျဆင်းလာက မြေပြင်သို့ရောက်လေ ဖြည်းဖြည်းချင်းကြီးထွားလာလေဖြစ်ပြီး လူများအား ကမ္ဘာ၏အဆုံးသတ်ကိုရောက်လာသကဲ့သို့ ခံစားရစေ၏။
မီးလုံးကြီးမှာ မြေပြင်ကိုချဉ်းကပ်လာကာ မီးတောက်များအားရှောင်ရှားနေသကဲ့သို့ ပြင်းထန်သောလေများကပျံ့နှံ့သွား၏။
အပင်ငယ်အချို့မှာ စတင်လောင်ကျွမ်းလာတော့သည်။
လီချန်းရှန်မှာ ရူးသွပ်စွာပင် ထိုကမ္ဘာငယ်နှစ်ခုအားတိုက်ခိုက်ရန် သူ၏ကမ္ဘာငယ်ကိုအသုံးပြုလိုက်ကာ ကမ္ဘာငယ်များ၏လမ်းကြောင်းကိုပြောင်းလဲချင်နေသည်။
ကံမကောင်းစွာနှင့် သူဟာ၎င်းတို့၏လမ်းကြောင်းအား လုံးဝမပြောင်းလဲနိုင်လိုက်ချေ။
တိုက်ပွဲတစ်ခုတွင် သူဟာ သူ၏ကိုယ်ပိုင်စွမ်းအားကို တစ်ဖက်လူအားခုခံရန် အသုံးပြုနိုင်သည်။ သို့သော် ကမ္ဘာငယ်များမှာ လှည့်ဖျားမှုမရှိပါချေ။ သူတို့ဟာ စစ်မှန်သောစွမ်းအားတွင် မှီတည်နေ၏။
ကမ္ဘာငယ်နှစ်ခုမှာ စုန့်ရှင်းနျန်၏ခေါင်းထက်သို့ကျလုဆဲဆဲကိုမြင်သည်တွင် လီချန်းရှန်မှာ ခပ်ရေးရေးသက်ပြင်းချလိုက်သည်။
ဒါဟာ ပြီးဆုံးသွားပြီဖြစ်သည်။ အလွန်နောက်ကျသွားလေပြီ!
"လောင်စုန့်၊ ကောင်းမွန်တဲ့ခရီးလေးရရှိပါစေ။ ငါလည်း အကောင်းဆုံးလုပ်ခဲ့ပြီးပါပြီ။ သွားပြီးတော့ ဆရာ့ဆီတင်ပြလိုက်ပါ။"
သို့သော် စုန့်ရှင်းနျန်မှာ ဤတိုက်ကွက်ကြောင့်သေဆုံးတော့မည်ဟု သူထင်နေချိန်တွင် မတော်တဆတစ်ခု ရုတ်တရတ်ဖြစ်ပွားခဲ့၏။
မယုံနိင်ဖွယ်အရှိန်အဝါမှာ ကောင်းကင်ဘုံကိုးထပ်မှထွက်ပေါ်လာ၏။
ခွက်! ခွက်! ကောင်းကင်ရှိ ဟင်းလင်းပြင်အကာအရံမှာထိုမရပ်တည်နိုင်လောက်သည့်အရှိန်အဝါကြောင့် စတင်ကာအက်ကွဲလာတော့သည်။
ဤသည်မှာ နတ်ဘုရားလောကဖြစ်ချေ၏!
နတ်ဘုရားလောကတွင် လူတစ်ယောင်ဟာ အနည်းဆုံးတော့ ဟင်းလင်းပြင်ကို အက်ကွဲစေရန် ကြီးမြတ်သောနတ်ဘုရားအဆင့်နှင့်အထက်ရှိရပေမည်။
ထိုအရှိန်အဝါမှာ လီချန်းရှန် သူ၏ဘဝတွင် မြင်ဖူးခဲ့သော အရှိန်အဝါများအားကျော်လွန်နေ၏။ ဒါဟာ ထိုက်ယိဓားတာအို တားမြစ်နယ်မြေရှိစီနီယာသာ ထိုကဲ့သို့အရှိန်အဝါမျိုးထုတ်လွှတ်နိုင်သည်ကို မြင်ဖူးသေးသည်။
လီချန်းရှန်မတုံ့ပြန်နိုင်ခင်တွင် နောက်ထပ်လျှပ်စီးကြောင်းမှာ ကောင်းကင်မှကျဆင်းလာသည်။
ထိုလျှပ်စီးကြောင်းမှာ ယခင်ကထက် အဆများစွာအားကောင်း၏။
၎င်းမှာ ပေပေါင်းဒါဇင်ချီမျှ ထူသည်!
၎င်းမှာ လျှပ်စီးတိုင်မျှော်စင်နှင့်ပင် တူနေ၏။
လျှပ်စီးပေါ်လာသည်နှင့် ကမ္ဘာကြီးမှာ ဖျော့တော့သွားသည်။
လျှပ်စီးလာရာလမ်းရှိ ဟင်းလင်းပြင်အကာအရံအားလုံးမှာ ချက်ချင်းအက်ကွဲသွားကြသည်။
ဟွေ့ရှီနှင့် ဟွေ့ဝူတို့၏ အားကောင်းသောကမ္ဘာငယ်များမှာ မူလကစုန့်ရှင်းနျန်အား ဖိနှိပ်လုဆဲဖြစ်ပြီး ထာဝရပြာအဖြစ်သို့ ကျရောက်သွားစေ၏။
တစ်ခဏအတွင်းတွင် လျှပ်စီးမှာ ချက်ချင်းပင် ၎င်းတို့နှစ်ဦးအား သုတ်သင်လိုက်ပြီး ၎င်းတို့၏ကမ္ဘာငယ်များအား ပြာများအဖြစ်သို့ပြောင်းလဲသွားစေ၏။ ၎င်းတို့မှာ တုံ့ပြန်ရန်မဆိုထားနှင့် ဖောက်ခွဲရန်ပင်အခွင့်အရေးမရလိုက်ချေ။
လီချန်းရှန်နှင့် လင်းရှင်းယွဲ့မှာ ကြောင်အသွားကြသည်။
စုန့်ရှင်းနျန်မှာ မည်သည်အားဆင့်ခေါ်လိုက်သနည်း?
၎င်းမှာ ထိုမျှလောက်ထိ စွမ်းအားကြီးပြီး ထူးကဲသည်လား?
တိုက်ကွက်တစ်ခုတည်းနှင့် တစ်ရာသောဧကရာဇ်တိုက်ပွဲနတ်ဘုရားအထွဋ်အထိပ်အဆင့်ပညာရှင်နှစ်ဦးအား ချက်ချင်းပင် ပြာအဖြစ်သို့ပြောင်းလဲလိုက်နိုင်သည်လား?
ထိုအခိုက်တွင် ကောင်းကင်ရှိအရာမှာ ဖြည်းဖြည်းချင်းပေါ်ထွက်လာသည်။ ၎င်းမှာတကယ်တော့ ကြီးမားသောကမ္ဘာတစ်ခုဖြစ်ကာ နတ်မိမယ်နယ်မြေလိုပါပင်။
ထိုမြင့်တက်နေသောတိမ်များနှင့် လျှပ်စီးမှာ ရေခဲစိုင်၏ထိပ်ဖျားသာဖြစ်၏။ သို့သော် ထိုအရာမှ လီချန်းရှန်နှင့် လင်းရှင်းယွဲ့မှာ ထိုကမ္ဘာငယ်သည် အကန့်အသတ်အထိရောက်ရှိနေပြီးဖြစ်ကြောင်းပြောနိုင်သွား၏။
ထိုကမ္ဘာငယ်၏အနောက်မှ သခင်မှာရိုးရိုးရှင်းရှင်းမဖြစ်နိုင်ပါချေ။
သို့သော် ပြဿနာမှာ စုန့်ရှင်းနျန်မှာ ၎င်းအားမည်သို့ဆင့်ခေါ်လိုက်သနည်း?
သူဟာ ထိုမျှစွမ်းအားကြီးသောတည်ရှိမှုနှင့် ကမ္ဘာငယ်တစ်ခုအား ဆင့်ခေါ်နိုင်ပါလျှင် သူနှင့် တစ်ဖက်လူ၏ ဆက်ဆံရေးမှာဘာများဖြစ်မည်လဲ?
ထိုအခိုက်တွင် ကမ္ဘာငယ်မှာ မပျောက်ကွယ်သွားရုံမျှမက ပုံရိပ်အမြောက်အများပင်ပေါ်ထွက်လာ၏။
ထိုသည်မှာတစ်ဖက်လူမှာ ဤနေရာတွင် ကျန်ရှိနေချင်ကြောင်းပြနေ၏။
တစ်ဖက်လူ၏အရှိန်အဝါဖိနှိပ်လိုက်သည်တွင် လီချန်းရှန်မှာ ထိန်းချုပ်ရန်မစွမ်းသာတော့ပါချေ။ သူဟာမြေပြင်ထက်သို့သာ တဖြည်းဖြည်းဆင်းသက်လိုက်ရတော့၏။
စုန့်ရှင်းနျန်မှာ ချောင်းဟန့်လိုက်ကာ ချက်ချင်းပင် ကောင်းကင်ယံသို့ပျံထွက်သွား၏။
"ငါအရင်သွားပြီး တစ်ခုခုလုပ်လိုက်ဦးမယ်"
ထိုသည်မှာ လီချန်းရှန်ကိုထပ်မံထိတ်လန့်သွားစေ၏။
ထိုသည်မှာ သူသည်တိုက်ပွဲတွင် အဆင့်တက်သွားပြီး တစ်ရာသော်တိုက်ပွဲနတ်ဘုရားပထမအဆင့်သို့ရောက်ရှိသွားခြင်းကြောင့်ပင်။ သို့သော် ထိုသို့ဆိုပါလျှင်တောင် သူဟာတစ်ဖက်လူ၏အရှိန်အဝါအား အတန်ငယ် ခုခံဖို့မတတ်နိုင်သေးပါချေ။ သို့သော စုန့်ရှင်းနျန်မှာ ထိုသည်ကို ကောင်းကောင်းခုခံနိုင်ပြီး ကောင်းကင်သို့ပင် အလွယ်တကူပျံထွက်သွားသေးသည်။ တစ်ဖက်လူနှင့် စုန့်ရှင်းနျန်ကြားမှ ဆက်ဆံရေးမှာ မည်သည်ဖြစ်နိုင်ပါသနည်း?
ထိုထိတ်လန့်မှုအား လျစ်လျူရှုကာ စုန့်ရှင်းနျန်သည် ကောင်းကင်သို့ရောက်လာပြီး ချက်ချင်းပင် ကမ္ဘာငယ်ထဲသို့ ဝင်ရောက်သွားသည်။
ပုံမှန်ပြောရလျှင် လူတိုင်း၏ကမ္ဘာငယ်မှာ အမှီအခိုကင်းမဲ့၏။ ကမ္ဘာငယ်၏ပိုင်ရှင်သာ ဆန္ဒမရှိပါလျှင် မည်သူမှဝင်ရောက်ရန်မဖြစ်နိုင်ပါချေ။
ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့်သာ သူဟာဝင်ရောက်နိုင်မည်ဖြစ်၏။
မဟုတ်ပါက သင်ဟာ နတ်ဘုရားဧကရာဇ်အဆင့်ဆရာကြီးဖြစ်နေပါလျှင်တောင် တစ်ဖက်လူမှာ ယခုမှ နေရာကိုထုတ်ဖော်နိုင်သည့် နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ဖြစ်နေပါလျှင်တောင် သင်ဟာ ဝင်ရောက်နိုင်မည်မဟုတ်ပါချေ။
ဒါပေါ့၊ နတ်ဘုရားဘုရင်မှာ တစ်ဖက်လူအား နယ်မြေကိုဖွင့်လှစ်ရာတွင် သဘောတူစေရန် လုံးဝနှိပ်စက်မှာပင်ဖြစ်၏။
စုန့်ရှင်းနျန်အတွက်မူ သူဟာကမ္ဘာငယ်အတွင်းသို့ဝင်ရောက်လိုက်သည်နှင့် လှပပြီး အင်မတန်ဂုဏ်သရေရှိသော ပုံရိပ်လေးမှာ သူ၏လက်များအတွင်းသို့ တစ်ခဏအတွင်းဝင်ရောက်လာတော့သည်။
"ခုဏက ကျွန်မ သေလုအောင်ကြောက်နေခဲ့ရတာ။ ရှင့်ကိုထပ်ပြီး မတွေ့ရတော့ဘူးလို့တောင် တွေးမိလုနီးနီးပဲ။"
စုန့်ရှင်းနျန်၏မျက်နှာမှာ မည်းမှောင်သွား၏။
"သွားစမ်းပါ။ မင်းရဲ့လေတွေအကုန်မခံဘဲ ရန်သူကိုသတ်ဖို့ပြောခဲ့တယ်လေ။ ရန်သူကိုသတ်ပြီး ဘာလို့ချက်ချင်းထွက်မသွားရတာလဲ? ဒီမှာဘာလုပ်နေတာလဲ?"
"ဒါပေမယ့်... ကျွန်မရှင့်ကိုလွမ်းနေခဲ့တာ။"
"ဘာလို့လဲ? မင်းငါ့ကိုလွမ်းတာကြောင့်နဲ့ ငါကနေ့တိုင်း မင်းနားကိုလာနေရမှာလား? ငါအလုပ်မလုပ်ရတော့ဘူးလား?"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ဒီတိုင်းအရမ်းလွမ်းလို့ပါ။ ရှင့်ကိုမြင်ချင်လို့။"
"ကြည့်စရာဘာရှိလို့လဲ? ဒါကမင်းရဲ့ကမ္ဘာငယ်လေးပဲလေ။ ဒီမှာမင်းကမင်းကိုယ်တိုင်အတွက်ရှိနေတာမဟုတ်ဘူး။ မင်းရဲ့လူသားအသွင်ကတောင် ဒီကမ္ဘာငယ်ရဲ့စည်းမျဉ်းတွေနဲ့ လုပ်ထားတာပဲ။ မင်းကတကယ့်လူအစစ်မှမဟုတ်တာ။ ဘာကပြဿနာလဲ?"
"ဟုတ်ပါပြီ၊ စိတ်မဆိုးပါနဲ့၊ ရှင်းနျန်။ ကျွန်မပြန်တော့မှာပါ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ရှင်က ဗုဒ္ဓဂိုဏ်းကို ဆန့်ကျင်လိုက်ပြီ။ သူတို့ကကိစ္စကိုဒီတိုင်းမထားလိုက်မှာတော့ စိုးရိမ်တယ်။ကျွန်မဘက်မှာတော့ သူတို့ကိုဖိနှိပ်ဖို့ ဂိုဏ်းချုပ်ဆိုတဲ့ဂုဏ်ပုဒ်ကိုသုံးနိုင်ပါတယ်။ ဗုဒ္ဓဂိုဏ်းက ကျွန်မတို့ရဲ့ ကောင်းကင်ဓားသွားစင်မြင့် ဆန့်ကျင်တာကို ကြောက်နေကြတုန်းပဲ။"
"ဒါပေမယ့် အောက်ဘက်က စွမ်းအားနိမ့်နိမ့်နဲ့ ကျင့်ကြံသူနှစ်ယောက်က မလုပ်နိုင်မှာကိုစိုးရိမ်မိတယ်။ သူတို့နဲ့ တတ်နိုင်သမျှအဝေးဆုံးနေရင် အကောင်းဆုံးပဲ။ မဟုတ်ရင် ရှင်လည်း မကြာခင်မှာ ငြိစွန်းသွားနိုင်တယ်။"
စုန့်ရှင်းနျန်၏မျက်လုံးများပြူးကျယ်သွား၏။
"မင်းက ငါဘာလုပ်ရမယ်ဆိုတာကိုပြောနေတာလား?"
"မဟုတ်...မဟုတ်ပါဘူး။ စိတ်မဆိုးပါနဲ့၊ ရှင်းနျန်"
" လူတွေက ငါ့ရဲ့ ဆရာတူအစ်ကိုတွေကို ငါ့ရှေ့မှာ မကောင်းပြောတာကို မုန်းတယ်။ ဒီလိုထပ်ဖြစ်လာမယ်ဆိုရင်တော့ ငါကမင်းရဲ့ကံကြမ္မာဖူးစာဖြစ်နေရင်တောင် ငါတို့နှုတ်ဆက်စကားဆိုရလိမ့်မယ်။"
***