အခန်း (၃၃၁-၃၃၅)
Vol. 23 Ch. 331-335
အပိုင်း ၃၃၁ ဓားခေါ်ဆိုသံ
"မြင့်မြတ်စွာနေထိုင်ဖို့?"
ဆရာကြီးလုမှာ လုရှောင်ယန်အား ရှုပ်ထွေးစွာကြည့်လိုက်သည်။
လုရှောင်ယန်ဟာ မပြောခင်တွင် ခဏမျှတိတ်ဆိတ်သွားလေသည်။
"မဟုတ်ဘူး။ သိုသိုသိပ်သိပ်နေထိုင်ဖို့။ မြင့်မြတ်တာမဟုတ်ဘူး။"
"အိုး! ခင်ဗျားပြောချင်တာက သူရဲဘောကြောင်စွာနေထိုင်ဖို့လား?"
လုရှောင်ယန်:"..."
"ဘာလဲ ကျုပ်ဒီအတိုင်းထွက်သွားလိုက်ရတော့မလား?"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဘိုးဘေးဆက်ပြောပါ။"
ဆရာကြီးလုဟာ သူ့လက်အားထပ်ခါထပ်ခါ ဝေ့ယမ်းလိုက်သည်။ လုရှောင်ယန် နှာမှုတ်လိုက်သည်။ တစ်ဖက်လူမှာ သူ၏အဘိုးတော်စပ်နေသူမဟုတ်ပါလျှင် သူ့အားသင်ပြဖို့ရာ အနှောင့်အယှက်ဖြစ်ခံနေမည်မဟုတ်ပါချေ။
တခြားလူတွေရဲ့ ရှင်ခြင်းသေခြင်းကသူနဲ့ဘာဆိုင်နေလို့လဲ?
သို့သော် ဒါကကူညီလို့မရပါချေ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူမှာ သူ့ရဲ့အဘိုးဖြစ်သည်။ သူဟာ တစ်ဖက်လူအား အဝေးကိုစွန့်ပစ်ဖို့ရာမဖြစ်နိုင်ပါချေ။
"အခုအချိန်ရဲ့ အခြေအနေကိုကြည့်လိုက်။ ဘာကြောင့်မျိုးနွယ်စုခြောက်ခုက လုမျိုးနွယ်စုဆီမှာ အတူတကွအလုပ်လုပ်ချင်နေရတာလဲ။ လုမျိုးနွယ်စုက ဒီနှစ်တွေအတွင်းမှာ အရမ်းအားကောင်းလာနေလို့မဟုတ်လား? လူတိုင်းလည်းသိနေကြတာပဲ၊ လုမျိုးနွယ်စုအင်အားက မျိုးနွယ်စုကြီးအနည်းစုထဲမှာ အားအကောင်းဆုံးဆိုတာကို။"
အားအကြီးဆုံးဖြစ်တည်မှုဖြစ်ကတည်းက အခြားလူများကို ခြိမ်းခြောက်နေပြီးသားပင်။
"တစ်ယောက်ယောက်က အခြားသူတွေထက် ပိုကြွယ်ဝပြီး စွမ်းအားကြီးနေမယ်ဆိုရင် သူဟာလုံးဝကိုမနာလိုခံရဆုံးပဲ။"
ဆရာကြီးလုမှာ ဒေါသတကြီးပြောလိုက်သည်။
"ကျုပ်တို့လုမျိုးနွယ်စုက စွမ်းအားအကြီးဆုံးဖြစ်နေတယ်ဆိုတာ ကျုပ်တို့အတူတူကြိုးစားကျင့်ကြံခဲ့လို့ပဲ။ ခိုးဝှက် လုယက်တာမျိုးမလုပ်ဘူး။"
"ခင်ဗျားမှားတယ်လို့ ဘယ်သူမှမပြောပါဘူး။ လူတွေရဲ့စိတ်ကသာ မှားနေတာ။ မင်းဘယ်လောက်ပဲကြိုးစားပြီး ဘယ်လောက်ပဲတိုးတက်အောင်လုပ်လုပ် တခြားသူတွေထက် အားကြီးပြီး ရင်းမြစ်လေးများများပိုရှိတာနဲ့ မင်းက သူတို့မျက်လုံးထဲမှာ အပြစ်ရှိနေမှာပဲ။"
"သူတို့က မင်း နေ့တိုင်းမနက်သုံးနာရီအထိ လုံလစိုက်ကျင့်ကြံနေလားဆိုတာကို သိရဖို့မကြိုးစားကြဘူး။ သူတို့ရဲ့မျက်လုံးထဲမှာ လူတိုင်းက ညီတူညီမျှရှိနေရမယ်လို့ပဲ အသေအချာမြင်နေကြတယ်။ ဘာကြောင့်မင်းက ငါ့ထက် အင်အားကြီးနေရတာလဲ?
ဒီလောကကြီးမှာ အားနည်းတဲ့လူက အားကြီးတဲ့လူအတွက် သားကောင်ပဲ။ ဒါပေမယ့် အဓိကအကြောင်းပြချက်က မင်းဟာ လုံလုံလောက်လောက်စွမ်းအားရှိရမယ်ဆိုတာပဲ။
မင်းသာ သူတို့မော့ကြည့်နေရတဲ့အထိ အင်အားကြီးနေပြီဆိုရင် အသေအချာကိုပဲ ဘယ်သူကမှ မင်းနဲ့ရင်ဆိုင်ဝံ့မှာမဟုတ်ဘူး။ လူတိုင်းက လာပြီး မြှောက်ပင့်ကြလိမ့်မယ်။ မင်းဘာပြောပြော ကြားနိုင်ဖို့အတွက် ကြိုးစားကြလိမ့်မယ်။
ဒါပေမယ့် မင်းက သူတို့ထက် နည်းနည်းလေးပဲ အားကြီးနေတယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး။ လူတိုင်းက မင်းကို အတူတူအနိုင်ယူကြပြီး အကုန်လုံးထက် အားနည်းအောင်လုပ်ကြလိမ့်မယ်။ အနည်းဆုံးတော့ သူတို့ကမင်းကိုဆွဲချကြပြီး လူတိုင်းရဲ့ညီမျှခြင်းဖြစ်အောင်လုပ်ကြလိမ့်မယ်။"
ဆရာကြီးလုမှာ တိတ်ဆိတ်သွားသည်။ သူဟာ လုရှောင်ယန်၏ စကားများနှင့်ပက်သက်၍ အံ့အားသင့်မသွားပါချေ။
သူဟာအကြာကြီးရှင်သန်နေခဲ့ရပြီး မရေတွက်နိုင်သောအရာများနှင့်လည်း ကြုံတွေ့ခဲ့ရပြီးပြီဖြစ်သည်။
ထို့ကြောင့် လုရှောင်ယန်ပြောသမျှကို နားလည်နိုင်ပါသည်။
ကြွယ်ဝမှုကိုထုတ်ဖော်ပြဖို့ မသင့်ကြောင်းသူလည်းသိပါသည်။
နှစ်များစွာအကြာက သူလည်း အင်မတန်ဂရုတစိုက်နေထိုင်ခဲ့ဖူးသည်။
သို့သော် နောက်တွင် သူ၏ကျင့်ကြံဆင့်တိုးလာသည်နှင့် သူလည်းဘဝင်မြင့်လာသည်။
သူဟာ ဂရုတစိုက်ရှင်သန်ရမည့် သီအိုရီအားမေ့သွားပြီး အံ့ဝင်ခွင်ကျ ရှင်သန်ရမည်ကိုယုံကြည်လာခဲ့၏။
ဒါ့အပြင် ငြိမ်းချမ်းသောနှစ်များပြီးနောက်တွင် အန္တရာယ်ရှိကြောင်းများကိုပါ မေ့လျော့သွားခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် လုရှောင်ယန်က ကူညီဖို့ရာ အနီးတွင်ရှိနေချိန်တွင် သူဟာပိုလို့ပင် ဘဝင်မြင့်လာသေးသည်။
ဒါပေမယ့် လက်တွေ့မှာရော?
လုရှောင်ယန်ကြောင့်သာမဟုတ်လျှင် လုမျိုးနွယ်စုဟာ လုံးဝဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။
လုရှောင်ယန်က လုရှောင်ယန်ပါပင်။ သူဟာဘယ်လောက်အင်အားကြီးကြီး သူဟာလုမျိုးနွယ်စုနှင့် ထာဝရနေထိုင်သွားရန်မှာ မဖြစ်နိုင်ပါချေ။
ဒီလိုဆိုလျှင် သူဟာဘာလုပ်ရမည်နည်း?
ထို့ကြောင့် အသက်ပြင်းပြင်းရှူပြီးနောက်တွင် ဆရာကြီးလု၏မျက်လုံးများဟာ ပြန်လည်ကြည်လင်လာကာ ပို၍ပင် သတိကြီးလာ၏။
သူဟာ ခေါင်းငြိမ့်လိုက်သည်။
"ဘိုးဘေးပြောတာမှန်ပါတယ်။ ချန်းလုံက ဒီနေ့တွေမှာ အရမ်းဘဝင်မြင့်ပြီး ကျေနပ်နေခဲ့တယ်။ ဒီနေ့ကစပြီး လုမျိုးနွယ်စုတပည့်တွေက ထပ်ပြီး အပြင်မထွက်ရတော့ဘဲ သူတို့ရဲ့ခွန်အားတိုးလာဖို့ အကောင်းဆုံးကြိုးစားရလိမ့်မယ်။"
လုရှောင်ယန်ဟာ ခေါင်းငြိမ့်လိုက်သည်။ မဆိုးပါဘူး၊ လုမျိုးနွယ်စုက နားလည်သွားပြီ။
ခဏရပ်ပြီးတွင် သူဟာဆက်ပြောလိုက်သည်။
"ဒီလိုဆိုရင် ဆင်းသွားပြီး ကျင့်ကြံပါ။ ကျုပ် နတ်ဘုရားလမ်းစဉ်တွေပေးထားပြီးပြီ။ ဒါနဲ့ ခင်ဗျားကျင့်ကြံနိုင်ပါတယ်။ ဆေးလုံးတွေကလည်း မျှမျှတတသောက်ပါ။ ခင်ဗျားရဲ့ နတ်ဘုရားလမ်းစဉ်ကို နားလည်မှုမှာ ပိုပြီးအာရုံစိုက်ထားရလိမ့်မယ်။ မဟုတ်လို့ ခင်ဗျားရဲ့အသိ မလုံလောက်ရင် ခင်ဗျားရဲ့ အနာဂတ်ကျင့်ကြံဆင့်မှာ ခက်ခဲမှုဖြစ်နေလိမ့်မယ်။"
"ခင်ဗျားရဲ့ကျင့်ကြံဆင့်မြန်မြန်တိုးပြီး အချိန်များများဖြုန်းတီးမှုမဖြစ်ရအောင် ဒီနေရာမှာ လျှို့ဝှက်နယ်မြေလေးလုပ်ပေးထားတယ်။ ခင်ဗျားတို့အကုန်လုံး လျှို့ဝှက်နယ်မြေကိုလာကျင့်ကြံပြီး ကျင့်ကြံခြင်းအရှိန်ကို တိုးမြှင့်လို့ရပါတယ်။"
"နတ်လက်နက်တွေအတွက်ကတော့ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်နဲ့ အထက်ရောက်ပြီးဖြစ်တဲ့ တပည့်တွေဆီကို ဒီတိုင်းပဲပို့ပေးလိုက်ပါမယ်။ ခင်ဗျားရဲ့ကျင့်ကြံဆင့်ကသာအရမ်းနိမ့်နေရင် နတ်လက်နက်ရထားတာနဲ့ပက်သက်ပြီး ဘဝင်မြင့်နေလိမ့်မယ်။ လုယက်ခံရပြီး ပျောက်ဆုံးသွားရင်တောင် ကိစ္စအကြီးကြီးမဟုတ်သေးဘူး။ ဒါပေမယ့် အသတ်ခံလိုက်ရရင်တော့ တော်တော်ဒုက္ခများမှာပဲ။"
"ကောင်းပါပြီ! ဘိုးဘေး၊ ကျုပ်ချက်ချင်းအမိန့်ပေးလိုက်ပါမယ်။"
"ပြီးတော့ ကျုပ် ကောင်းကင်ပင်လယ်မြို့တော်ရဲ့ အတွင်းနဲ့အပြင်နှစ်ခုစလုံးမှာ အစီအရင်တော်တော်များများ စီရင်ထားတယ်။ ရန်သူတစ်ယောက်ယောက်ကျူးကျော်လာရင် ဘယ်အချိန်ဖြစ်ဖြစ်ကျုပ်အာရုံခံလို့ရတယ်။ ခင်ဗျားတို့အကုန်လုံး သီးသန့်ကျင့်ကြံကြပြီး စွမ်းအားတိုးအောင်လုပ်ကြပါ။ တခြား အရေးကိစ္စတွေအကုန်လုံးကို အခုမှ သိမ်းသွင်းထားတဲ့ မျိုးနွယ်စုခြောက်ခုကတပည့်တွေနဲ့ထားခဲ့လိုက်ပါ။ အချိန်တွေအများကြီးမဖြုန်းပါနဲ့။"
"ကောင်းပါပြီ!"
ဆရာကြီးလုမှာ အလျင်အမြန်ပြန်သွားသည်။ လုရှောင်ယန်ဟာ ခပ်ယောင်ယောင်သက်ပြင်းချလိုက်ပြီး ဘိုးဘေးခန်းမမှ အမှတ်တရပုံရိပ်များကိုကြည့်လိုက်သည်။ သူဟာ အကြည့်ကို လုချင်ရှန်းနှင့် သူ့ဇနီး နောက်ဆုံးထွက်ခွာသွားသည့် အမှတ်တရပုံရိပ်များထံသို့လွှဲပြောင်းလိုက်၏။
သူမှတ်မိတာသာမှန်မည်ဆိုလျှင် ဒီနေ့က ကမ္ဘာကြီးမှာ အဖေများနေ့ ဟုတ်လောက်မလား?
ကံဆိုးစွာဖြင့် ယခင်ဘဝကသူ၏အဖေကလည်း ဒီမှာမရှိသလို့ ယခုဘဝမှာ အဖေမှာလည်း မရှိပါချေ။
သူဟာလုံးဝကို တစ်ယောက်တည်းပင်။
အချို့လူများဟာ တစ်ခုခုကိုဆုံးရှုံးသွားမှသာ ဘယ်လောက်အရေးပါမှန်းသိကြသည်။
သို့သော် သူ၏အဖေ အနားတွင်ရှိလျှင်တောင်မှ သူ့အဖေဟာ သူ့အား များများစားစားဂရုစိုက်နိုင်လိမ့်မည်မဟုတ်ပါချေ။ သူဟာအလုပ်လုပ်ရင်း ကျင့်ကြံရင်းဖြင့်သာ အလုပ်များနေလိမ့်မည်။
သူဟာ နတ်ဘုရားနှင့် ဗုဒ္ဓအား အယုံအကြည်မရှိပါသော်လည်း ကောင်းကင်ဘုံမှ ဖခင်တိုင်းကို ကျန်းမာ အသက်ရှည်ခြင်းနှင့် ကောင်းချီးပေးမည်ဟု မျှော်လင့်မိပါသည်။
သူ၏စိတ်နှလုံးထဲတွင် စကားလုံးအနည်းငယ်အား ရေရွတ်ပြီးနောက်တွင် လုရှောင်ယန်ဟာ သူ၏ခြံဝန်းထံသို့ ပြန်လာပြီး သူမတိုင်ခင်က ရရှိခဲ့သော် ရတနာများအား အစာချေဖျက်လိုက်သည်။
သူဟာ အမတသွေးဆေးလုံးနှင့် အနည်းငယ်ကိုစားသုံးပြီးဖြစ်သည်။ အကျိုးသက်ရောက်မှုမှာ ယခုတွင်မူ လျစ်လျူရှုလောက်သည်အထိဖြစ်လာသည်။
ထို့ကြောင့် သူဟာထပ်မံ၍ စားစရာမလိုတော့ပါချေ။ သူဟာ လီကောနှင့် အခြားသူများကိုမပေးခင်တွင် ရှာတွေ့သည်အထိ စောင့်ရမည်။
လုရှောင်ယန် ယခုစားသုံးနိုင်သည်များမှာ အမတခြင်ဆီဆေးလုံး၊ နက်နဲမှုအမှန်တရားအမတကြာပွင့်နှင့် အမတသားရဲဥတို့ပင်ဖြစ်သည်။
ထို နက်နဲမှုမဟာယနအရှင်ဘုရင်ဆေးလုံးမှာ လူတစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းကို အသက်သုံးဆယ်ရှိုက်စာမျှ နတ်ဘုရားအရှင်ဘုရင်အဆင့်သို့ ရောက်စေနိုင်သည်။ ဒါကို ကျင့်ကြံဆင့်မြှင့်ရာတွင် အသုံးမပြုနိုင်ပါချေ။
ဒါက အနိမ့်ပိုင်းလောကရှိ ထိပ်တန်းသိုင်းဘုရင်အဆင့်ဆေးလုံးဖြစ်သည့် သိုင်းဘုရင်အဆင့်သို့ရောက်ရှိခြင်းဆေးလုံးနှင့်ပင် ဆင်တူသည်။
သို့ရာတွင် ထိုအကျိုးသက်ရောက်မှုမှာ ပိုမိုတိုတောင်းသည်။ သိုင်းဘုရင်အဆင့်သို့ရောက်ရှိခြင်းဆေးလုံးမှာ ၆၀စက္ကန့်၊ အသက်ရှူကြိမ် ၆၀ရှိုက်စာမျှကြာရှည်ခံပြီး ဒီဆေးလုံးမှာတော့ အသက်သုံးဆယ်ရှိုက်မျှသာ ကြာသည်။
လုရှောင်ယန်မှာ ထိုဆေးလုံးစည်းမျည်းများက အတော်လေးမှားယွင်းနေသည်ဟုခံစားလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် သိုင်းဘုရင်အဆင့်သို့ရောက်ရှိခြင်းဆေးလုံးသည် သိုင်းဘုရင်အဆင့်ပညာရှင်၏ အရိုးများနှင့်သွေးမှ ပြုလုပ်ထားပြီး မဟာယနသိုင်းအရှင်ဘုရင်ဆေးလုံးကိုမူ နတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင်၏ အရိုးများနှင့် သွေးမှ ပြုလုပ်ထားခြင်းသောကြောင့်ပင်ဖြစ်သည်။
ယုတ္တိကျကျပြောရလျှင် မဟာယနအရှင်ဘုရင်ဆေးလုံးသည်လည်း ၆၀စက္ကန့်မျှထိကြာနိုင်သင့်ပေသည်။
လုရှောင်ယန်ဟာ ထိုဆေးလုံးအား ထောင့်တစ်နေရာသို့ပစ်လိုက်ပြီး ထိုအကြောင်းထပ်မတွေးတော့ပါချေ။ သူဟာ အမတခြင်ဆီဆေးလုံးအား ကျင့်ကြံဆင့်တိုးမြှင့်ရန်အတွက် မြိုချလိုက်သည်။
နက်နဲမှုအမတကြာပွင့်နှင့် အမတသားရဲဥတို့ကိုမူ လုရှောင်ယန်ဟာ မစားသုံးခင်၌ အရသာရှိသောအစာအဖြစ်ပြုလုပ်လိုက်သည်။
ကောင်းမွန်သော ပါဝင်ပစ္စည်းများဟာ သူတို့၏ ဆွဲဆောင်နိုင်မှုကိုပြသရန် စေ့စပ်သေချာသော ချက်နည်းကိုပိုမိုလိုအပ်ပေသည်။
ဤကမ္ဘာတွင် အစားအစာကောင်းကသာ ဘယ်တော့မှစိတ်အနှောက်အယှက်မဖြစ်စေနိုင်သည့်အရာပင်ဖြစ်သည်။
ထိုအချိန်တွင် လုရှောင်ယန်ဟာ ၂နှစ်လုံးအား သီးသန့်ကျင့်ကြံခဲ့သည်။
မဟာတာအိုမွေးဖွားခြင်း၏အကူအညီကြောင့် သူဟာလျှို့ဝှက်နယ်မြေတွင် လေးနှစ်ကြာမျှကျင့်ကြံခဲ့သည်။
အမတခြင်ဆီဆေးလုံး၊ အမတသားရဲဥ၊ နက်နဲမှုအမတကြာပွင့်နှင့် အခြားသော နက်နဲမှုအဆင့် သဘာဝရတနာများ၊ ဆေးလုံးများနှင့်အတူတကွပင် သူ၏ကျင့်ကြံဆင့်မှာ နောက်ထပ်အထွဋ်အထိပ်သို့ရောက်ရှိခဲ့သည်။
သူဟာ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ကိုတိုက်ရိုက်ပဲကျော်ဖြတ်သွားပြီး မဟာယနနတ်ဘုရားအရှင် ဆဌမအဆင့်ကိုရောက်ရှိသွားသည်။
တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင်မှာ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသောအခါ ဒါဟာ အမျိုးမျိုးသောဂုဏ်ရည်များကို လုံးဝ တိုးတက်လိုက်စေသည်နှင့် ညီမျှသည်။
ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်မှစပြီး ကျင့်ကြံသူများဟာ ကမ္ဘာငယ်များထဲတွင် ၎င်းတို့ဖန်တီးထားသောအရာများနှင့် တိုက်ခိုက်နိုင်သည့် အချက်ကိုရောက်နေပြီးဖြစ်သည်။
တစ်ရာသောတိုက်ပွဲနတ်ဘုရားမှာ ဖြတ်ကျော်မှုအသစ်ဖြစ်ပြီး ဆယ်ပါးသောသိုင်းနတ်ဘုရားထက် ပိုမိုသန်မာသော အမျိုးအစားပင်ဖြစ်သည်။
တစ်ထောင်သောစစ်ပွဲနတ်ဘုရားမှာမူ ထိုသည်က ကျင့်စဉ်ကို အထွဋ်အထိပ်ရောက်အောင် တိုးတက်စေနိုင်သည်။
ဥပမာဆိုရလျှင် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်က နတ်ဘုရားအဆင့်ပုရွက်ဆိတ်တစ်ကောင်အားတိုက်ခိုက်ရန်လွှတ်လိုက်ပါလျှင် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်က စစ်မှန်သောနတ်ဘုရားအဆင့်နှင့် နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ကိုပင် တိုက်ခိုက်ရန် လွှတ်နိုင်သည်။
တစ်ထောင်သောစစ်ပွဲနတ်ဘုရားဆိုလျှင် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့် အယောက်တစ်ရာ မဟုတ်လျှင် ဒါဇင်ချီသော ဆယ်ပါးသောသိုင်းနတ်ဘုရားလက်အောက်ခံများကိုပင် လွှတ်နိုင်ပေသည်။
ဒါက အခြေခံအားဖြင့် ဘယ်လိုအလုပ်လုပ်သလဲဆိုတာပင်။
အချက်ကျကျဆိုရလျှင် တစ်ယောက်ယောက်၏ကျင့်ကြံဆင့်မှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်၊ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်နှင့် တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်သို့ရောက်လျှင် ၎င်းတို့မှာ တိုက်ခိုက်ရန် လှည့်ဖျားမှုလေးများကိုပင် အသုံးမပြုကြတော့ပါချေ။
၎င်းတို့မှာ တူညီသောအဆင့်ပညာရှင်များနှင့်တိုက်ခိုက်ရာတွင် သူတို့၏ နတ်ဝိဉာဉ်များနှင့်တိုက်ရိုက်တိုက်ခိုက်ကာ ကမ္ဘာငယ်များကိုတိုက်ခိုက်ကြသည်။
လုရှောင်ယန်သည် တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်သို့သာ ရောက်ရှိပြီးသားဆိုလျှင်လည်း ထိုသို့ပဲဖြစ်ပြီး မဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့်ဆရာကြီးများဆိုလျှင် ဖော်ပြဖို့ရာပင်မလိုပါချေ။
ထိုနည်းလမ်းဖြင့် ၎င်းတို့ဟာတကယ်တိုက်ခိုက်ကြမည်ဆိုလျှင် အဓိကကိုယ်များမှာ သူတို့၏ နတ်ဝိဉာဉ်များကို ထိန်းချုပ်ကာသာတိုက်ခိုက်ကြသည်။ ကမ္ဘာငယ်၏အဓိကကိုယ်များ ထိခတ်မိသွားသောအခါတွင် ၎င်းတို့ဟာ အားကောင်းသောပညာရှင် လက်အောက်ခံများကိုလည်း ဖန်တီးကာတိုက်ခိုက်ကြသည်။
ဒါပေါ့၊ အချိန်အများစုတွင် ဒါဟာလက်တွေ့မဆန်ပါချေ။
ဒါက တစ်နေရာထဲတွင် အားကောင်းသောရန်သူနှစ်ယောက် ပေါ်လာဖို့ရာမဖြစ်နိုင်သောကြောင့်ပင်။ ဒါ့အပြင် ထိုသို့ဖြစ်ခဲ့ပါကလည်း တစ်ယောက်နှင့်တစ်ယောက် ရူးသွပ်စွာ ပြေးပြီးတိုက်ခိုက်ကြလိမ့်မည်လည်းမဟုတ်ပါချေ။
လူတိုင်း ထိုအဆင့်ကိုရောက်ရန်ကျင့်ကြံဖို့ရာမလွယ်ကူပါချေ။ ဘယ်သူကမှ ဒဏ်ရာရပြီး ၎င်းတို့၏နောက်ထပ်ကျင့်ကြံဆင့်များကို မထိခိုက်စေချင်ကြပါပေ။
လုရှောင်ယန်မှာ ဒါက အင်မတန်စိတ်ဝင်စားစရာကောင်းသည်ကိုတွေ့လိုက်ရသည်။
သူ၏ယခင်ဘဝတွင် ပိုပြီးချမ်းသာသူမှာ ပိုဆိုးသည်ဟုပြောကြသည်။ ဒီကျင့်ကြံခြင်းလောကတွင်မူ ပိုအားကောင်းသူများက သေဆုံးဖို့ပို၍ပင်ကြောက်ရွံ့ကြသေးသည်။
လူတိုင်းဟာ ထိုအဆင့်ကို မရောက်ရှိခင် နှစ်ထောင်ပေါင်း သောင်းပေါင်းချီအောင် ကျင့်ကြံကြသည်။ မည်သူမှ မသေချင်ကြပေ။
ထိပ်တန်းအရည်အချင်းရှိဆရာကြီးများ လူထုထဲတွင်ပေါ်လာတတ်ကြသည်မှာလည်း အနီးအနားတွင် ပညာရှင်နည်းသောအခါမှာ ပေါ်လာဝံ့ကြခြင်းပင်။ ၎င်းတို့မှာ အခြားသော ပညာရှင်များနှင့် ရင်ဆိုင်ရမှာကိုလည်း မစိုးရိမ်သလို အဆင့်နိမ့်ကျင့်ကြံသူများမှာလည်း သူတို့အားမခြိမ်းခြောက်နိုင်ပါပေ။
လုရှောင်ယန်အား ပျော်ရွှင်စေသည်မှာ သူ့အားဒီကာလအတွင်းတွင် မည်သူကမှ ပြဿနာလာမရှာကြခြင်းကြောင့်ပင်။
သူဟာမြေအောက်လောကဂိုဏ်းက မည်သည့်နေရာတွင် ရှိမှန်းကိုလည်း မသိပါချေ။ သူတို့မှာ ယင်ကောင်လေးတစ်ကောင်တောင် မပို့ကြပါချေ။ ဒါက လုမျိုးနွယ်စုနှင့် လုရှောင်ယန်အား ငြိမ်းချမ်းစွာကျင့်ကြံရန် အကောင်းဆုံးဖြစ်စေသည်။
အံ့ဩစရာကောင်းတယ်။
…
တစ်ဖက်တွင်မူ နတ်ဘုရားလောကရှိ ထိုက်ယိဓားတာအိုဝင်ပေါက်၌ လှပသောပုံရိပ်တစ်ခုဟာ အသနားခံနေလေသည်။
"စီနီယာတို့၊ ကျွန်မတကယ်ပဲ ရှင်တို့ရဲ့ထိုက်ယိဓားတာအိုရဲ့ မြင့်မြတ်သောသားတော်လေးကိုသိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို သူနဲ့သွားတွေ့ခွင့်ပြုပါ။ ကျွန်မမှာ တကယ်ကို သူနဲ့အရေးတကြီးဆွေးနွေးစရာရှိတယ်။"
"တော်စမ်းပါ။ ကျုပ်တို့ ထိုက်ယိဓားတာအိုဂိုဏ်းရဲ့ မြင့်မြတ်သောသားတော်လေးကို မင်းတွေ့ချင်တိုင်းတွေ့လို့ရမယ်လို့ထင်နေတာလား။"
လှပသောပုံရိပ်လေးဟာ အံကိုကြိတ်လိုက်သည်။
"ကျွန်မက ဒီနေရာကိုရှာတွေ့ဖို့ သုံးနှစ်လုံးကြိုးစားခဲ့ရတာ။ ဘယ်လိုလုပ်လက်လျှော့နိုင်မှာလဲ?"
ထို့ကြောင့် သူမဟာ ကိုယ်ထဲရှိ နတ်ဝိဉာဉ်စွမ်းအားအကုန်လုံးကို စုစည်းကာ အော်လိုက်သည်။
"လီချန်းရှန်၊ နင့်ရဲ့ဆရာတူညီမလေး ကျူးကောကျီချုံ အဖမ်းခံလိုက်ရပြီ!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၃။ အပိုင်း ၃၃၂ ထက်မြိသော ဓား
"အတင့်ရဲလိုက်တာ! ထိုက်ယိဓားတာအိုဂိုဏ်းရဲ့ဝင်ပေါက်မှာ ဒီလိုမြင်ကွင်းမျိုးဘယ်လိုတောင် လုပ်ရဲရတာလဲ?"
ထိုက်ယိဓားတာအိုမှ တပည့်လေးဦးသည် လင်းရှင်းယွဲ့အားဖမ်းဆီးရန် ချက်ချင်းပဲဓားများကိုဆွဲထုတ်လိုက်သည်။
လင်းရှင်းယွဲ့၏ မျက်နှာမှာကူကယ်ရာမဲ့စွာဖျော့တော့သွား၏။
သူမဟာ ထိုက်ယိဓားတာအိုမှ မွေးထုတ်ပေးထားသည့် မြင့်မြတ်သောသားတော်၏ တာအိုအမည်မှာ လီချန်းရှန်ဟုရှာမတွေ့ခင်တွင် မရေတွက်နိုင်သောအခက်အခဲများအား ၂နှစ်တာမျှကျော်ဖြတ်ခဲ့ရသည်။
ထို့ကြောင့် သူမဟာ လီချန်းရှန်အား လုပ်နိုင်သမျှမြန်မြန်လာရှာခြင်းပင်။
လီချန်းရှန်မှာ ကျူးကောကျီချုံအားကယ်တင်နိုင်မည့် တစ်ဦးတည်းသောလူလည်းဖြစ်သည်။ လီချန်းရှန်မှာ ကျူးကောကျီချုံအားမကယ်တင်နိုင်ခဲ့ပါလျှင် ကျူးကောကျီချုံမှာ တကယ်ကိုပျက်စီးတော့မည်ဖြစ်သည်။
ထိုဝေခွဲရခက်နေချိန်တွင် ထိုက်ယိဓားတာအို၏တောင်ဂိတ်၌ အပြောင်းအလဲတစ်ခု ရုတ်တရတ်ဖြစ်သွားသည်။
ထက်မြိသောဓားအငွေ့အသက်ဟာ သန့်စင်သောအဖြူရောင်ဓားအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး လေဟာနယ်ကိုဖြတ်လျှက် ကောင်းကင်ကိုရောက်ရှိသွားကာ လောကကိုပင်တုန်ရီစေသည်။
တိမ်များမြင့်တက်လာပြီး ဓားအငွေ့အသက်မှ အပိုင်းပိုင်းခုတ်ထစ်လိုက်သည့်နှယ် အဘက်ဘက်သို့ပျံ့နှံ့သွားကြသည်။
ထူးဆန်းသည့်ဖြစ်စဉ်မှာ ကမ္ဘာတွင် ထွက်ပေါ်လာပြီး ကမ္ဘာအားကြောက်ရွံ့ဖွယ်ကောင်းလာစေသည်။
ထိုအခိုက်တွင် ၎င်းတို့လေးယောက်လက်ထဲမှ ဓားများမှာ စတင်ကာတုန်ရီလာကြသည်။
ဒါကသူတို့ပဲမဟုတ်ပါချေ။ အချက်ကျကျဆိုရလျှင် ထိုအခိုက်၌ ထိုက်ယိဓားတာအိုမှ အလုံးစုံသောဓားများ တုန်လှုပ်နေကြသည်ပင်။
"ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ ဓားအငွေ့အသက်လဲ?"
တားမြစ်နယ်မြေ ဝင်ပေါက်တွင် တံမြက်လှည်းနေသည့် အဘိုးအိုမှာ ဒါကိုမြင်သည်နှင့် ကူကယ်ရာမဲ့စွာ အံ့အားသင့်သွားသည်။
"ဒီကလေးရဲ့ ဓားအငွေ့အသက်က တကယ်ကို ကမ္ဘာတုန်လှုပ်ခြင်းပဲ။ နတ်ဘုရားလောကတစ်ခုလုံး လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းအတွင်းက ဘယ်သူမှ ဒီကောင်လေးကို မကျော်နိုင်ဘူး။"
သူဟာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သို့သာ ခြေလှမ်းနေရသေးသော်လည်း သူ၏ကမ္ဘာငယ်မှာ ဒီအဆင့်ထိရောက်ရှိနေပြီဖြစ်သည်။ ဒါကတကယ်ကို ကြောက်မက်ဖွယ်ပင်။
သူသာငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနိုင်မည်ဆိုလျှင် နှစ်တစ်ရာမကျော်ခင်တွင်လုံးဝကို ဓားဧကရာဇ်အရှင်ဖြစ်လာပေလိမ့်မည်။
"ဒါပေမယ့်လည်း...နှမျောစရာပဲ"
အဘိုးအိုဟာ သက်ပြင်းချလိုက်သည်။
တောင်ဂိတ်အပြင်မှမိန်းကလေးဟာ ဆက်အော်နေသည်။ ထို့နောက်တွင် လီချန်းရှန်၏ဒေါသဟာ ဓားအငွေ့အသက်အဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ယံကိုပြည့်နှက်စေဟာ အလျင်အမြန်ပင်ပျံ့နှံ့သွားသည်။
ထိုသည်အားကြည့်ခြင်းဖြင့် ကျူးကောကျီချုံဟုခေါ်သောလူမှာ လီချန်းရှန်အတွက် လုံးဝကိုသာမန်လူမဖြစ်နိုင်ချေ။
တစ်ခဏအကြာတွင် ဓားအငွေ့အသက်ဟာ တားမြစ်နယ်မြေ၏ချောက်များမှ ထွက်လာသည်။
လီချင်းရှန်ဟာ ဖြည်းညင်းစွာလျှောက်လာခဲ့၏။ သန့်စင်သောအဖြူရောင်နက္ခတ်တာရာဓားအငွေ့အသက်ရှစ်သွယ်မှာ သူ့အားဝန်းရံထားပြီး ကြောက်မက်ဖွယ်ကောင်းလောက်စွာ ထက်မြိနေပုံပေါ်နေစေ၏။
သူ၏မျက်လုံးများမှ အတိုင်းအတာတစ်ခုအထိတိုင်အောင် အထိန်းအကွပ်မဲ့ဓားအငွေ့အသက်နှစ်ခုအား ပြသနေသည်။
အေးစက်သောအလင်းများမှာ အဘက်ဘက်သို့ပျံ့လွင့်လာ၏။
"စီနီယာ၊ ချန်းရှန်ကို ဒီနေ့မှာ ထိုက်ယိဓားတာအိုက ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ရဲ့ အထွဋ်အထိပ်ကိုရောက်အောင်ထောက်ပံ့ပေးခဲ့တယ်။ ကျွန်တော် ဆက်လက်ကျင့်ကြံပြီး ထိုက်ယိဓားတာအိုကို ပြန်ပေးဆပ်သင့်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ချန်းရှန်ရဲ့ ဆရာတူညီမလေးက အဖမ်းခံထားရတော့ ထွက်သွားဖို့ကလွဲပြီး အခွင့်အရေးမရှိပါဘူး။ စီနီယာကျေးဇူးပြုပြီးနားလည်ပေးပါ။"
အဘိုးအိုဟာ ပြုံးကာပြောလိုက်သည်။
"သွားပါ။ ဓားသမားတစ်ယောက်အနေနဲ့ ပိုပြီးတော့ သန်မာလာဖို့ သတ္တိရှိရှိကြိုးစားဖို့ကိုမမေ့ပါနဲ့။ မင်းသာနောက်ပြန်ဆုတ်မယ်ဆိုရင် မင်းရဲ့ဓားအငွေ့အသက်ကလည်း ရပ်တန့်သွားလိမ့်မယ်။ မင်းရဲ့ကျင့်ကြံဆင့်ဘယ်လောက်ပဲမြင့်မြင့် မင်းကဒီလောကမှာ အမှုန်အမွှားသာသာပဲဖြစ်နေဦးမှာပဲ။"
လီချန်းရှန်၏အမူအရာမှာ လေးနက်သွားသည်။ သူဟာအဘိုးအိုအား ဦးညွှတ်လိုက်ကာ ချက်ချင်းပဲရှေ့သို့လှမ်းထွက်လာခဲ့တော့၏။
သူ၏ပုံရိပ်မှာ တားမြစ်နယ်မြေအားချန်ထားခဲ့ပြီး ချက်ချင်းပင် ထိုက်ယိဓားတာအိုလမ်းဆုံသို့ရောက်ရှိသွား၏။ သူပေါ်လာပြီး မကြာခင်တွင်ပင် သူ့အား ပုံရိပ်အမြောက်အမြားမှဝန်းရံလိုက်သည်။
"လီချန်းရှန်၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ? မင်းက ထိုက်ယိဓားတာအိုကနေအထောက်အပံ့တွေအများကြီး ရခဲ့တယ်။ မင်းကအခုပဲ တောင်ကနေထွက်သွားချင်တာက ဖြစ်သင့်လို့လား?"
"ကျွန်တော်က ကျွန်တော်လုပ်ဖို့လိုအပ်တဲ့ဟာကိုလုပ်နေရုံပါပဲ။ ကျွန်တော်က ထိုက်ယိဓားတာအိုကို မကျဆင်းစေချင်ပါဘူး။ ဆရာတူအကိုတို့၊ အစ်မတို့ကျေးဇူးပြုပြီး ဖယ်ပေးကြပါ။"
လီချန်းရှန်ဟာ ရှေ့သို့တည့်တည့်ကြည့်နေကာ သူ၏မျက်လုံးများမှာ တုနှိုင်းမဲ့စွာ ပြတ်သားနေသည်။ သို့ရာတွင် မည်သူမှသူ့အားလမ်းမဖယ်ပေးကြပါချေ။
"မင်းကိုယ်မင်းဘာထင်နေလဲ? မင်းလုပ်ချင်တာကို လုပ်နိုင်မယ်လို့ထင်နေတာလား? မင်းထွက်သွားပြီးရင် ပြန်လာမယ်လို့ဘယ်သူကအာမခံမှာလဲ? မင်းကထိုက်ယိဓားတာအိုကို မထိခိုက်စေဘူးလို့ ဘယ်သူကအာမခံနိုင်မှာတဲ့လဲ?
"အမှန်ပဲ။ ပြန်သွားပြီးတော့ ကျင့်ကြံနေလိုက်။ မိန်းမတစ်ယောက်ကိုကယ်တင်ဖို့အတွက်နဲ့ ထိုက်ယိဓားတာအိုကနေ သာမန်ကာလျှံကာလေးထွက်သွားနိုင်ဖို့ တွေးတောင်မတွေးနဲ့!"
ထိုက်ယိဓားတာအို၏ ဂိုဏ်းသားတပည့်အများအပြားဟာ ၎င်းတို့၏အရှိန်အဝါများအား ထုတ်လွှတ်လိုက်ကြသည်။
ထိုက်ယိဓားတာအိုမှဂိုဏ်းသားတစ်ယောက်၏အရှိန်အဝါမှ အခြားသူများနှင့်ခြားနားပေးသည်။ ၎င်းမှာ အားကောင်းပြီး ပြိုင်ဘက်ကင်းသော ထက်မြိသည့်ဓားတာအိုရောင်ဝါများနှင့်ရောယှက်နေသည်။
မရေတွက်နိုင်သောဓားရောင်ဝါများမှာ လေထုထဲတွင်ရှိနေသည်။ ၎င်းတို့မှာ မြင့်တက်ရန်ရပ်တန့်လိုက်သော်လည်း လူတိုင်းမှာ ထက်မြမှုအား အာရုံခံနိုင်နေသေးသည်။
ဒါက အမှောင်ထုထဲတွင် မရေတွက်နိုင်သော ဝံပုလွေများက သားကောင်ကိုချောင်းနေသည်နှင့်ပင် တူညီနေ၏။
လီချန်းရှန်ဟာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ၏ကြည်လင်သောမျက်ဝန်းများမှ ထက်မြိသောဓားအငွေ့အသက်အား ဖြည်းညင်းစွာထုတ်လွှတ်လိုက်သည်။
"စိတ်မကောင်းပါဘူး၊ ကျွန်တော်ထွက်သွားချင်တယ်။ ခင်ဗျားတို့က ကျွန်တော့ကိုနေခိုင်းရလောက်အောင်အထိ အရည်အချင်းမမီသေးဘူး။"
နောက်တစ်ခဏတွင် သူဟာရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီး ထိတ်လန့်ဖွယ်အားကောင်းသောဓားအငွေ့အသက်အားထုတ်ဖော်လိုက်သည်။ တစ်ခဏအတွင်းမှာပင် လူတိုင်း၏ဓားအငွေ့အသက်အပေါ်၌ ဖျက်ဆီးနိုင်သောစွမ်းအားဖြင့် ဖိနှိပ်ထားလိုက်တော့သည်။
အားလုံး၏နှလုံးများမှာတုန်ရီသွားပြီး ဆံပင်များပင်အဆုံးထိထောင်ထသွားသည်။ ၎င်းတို့၏ ကိုယ်များသည်ပင် တောင့်တင်းသွားကြသည်။
"မင်း... မင်းတကယ်ကို ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကိုတက်လှမ်းသွားပြီပေါ့? မင်းက ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ရဲ့ အထွဋ်အထိပ်ကိုတောင်ရောက်နေပြီ။ ဒါက... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်းကျင့်ကြံနေတာ ဘယ်လောက်ကြာသေးလို့လဲ?"
လီချန်းရှန်ဟာ အားလုံးကိုလျစ်လျူရှုကာ ဖျော့တော့သောရွှေရောင်းအလင်းအသွင်သို့သာ ပြောင်းသွားသည်။ သူဟာအကုန်လုံးကို သာမန်ကာလျှံကာလေးပင် ဖြတ်သန်းလျက် တောင်ခြေသို့ဦးတည်လိုက်တော့သည်။
သူထွက်သွားပြီးနောက်တွင် လူတိုင်းဟာ ဓားအငွေ့အသက်၏ဖိနှိပ်မှုမှ လွတ်မြောက်သွားပြီး စိတ်သက်သာရာရသွားကြ၏။ ၎င်းတို့၏ကိုယ်များပင် စတင်ကာ ဖြေးဖြေးချင်းလှုပ်ရှားလာသည်။
သူတို့ဟာ တောင်ခြေဘက်ကိုကြည့်လိုက်သည်။ အားလုံးဟာ အချင်းချင်းပြန်ကြည့်လိုက်ကြပြီး ကြောင်အအပင်ဖြစ်နေသည်ယ
"ငါ...ငါတို့ သူ့ကိုသွားခွင့်ပြုရမှာလား?"
"ငါတို့လုပ်နိုင်တာဘာရှိသေးလို့လဲ? ဘယ်သူကသူ့ကိုတားနိုင်မှာလဲ? ပြီးတော့ ဂိုဏ်းချုပ်နဲ့ ဆရာဦးလေးတွေကတောင် ထွက်မလာကြဘူး။ ဒါက သူတို့တွေက ဒီကောင်လေးကို သွားခွင့်ပြုတယ်လို့ဆိုလိုတာလား?"
"ဒါပေမယ့်သူသာ အသတ်ခံရပြီးအအချိန်မတန်ခင်သေသွားခဲ့ရင် ငါတို့ထိုက်ယိဓားတာအိုအတွက် ဆုံးရှုံးမှုကြီးမဟုတ်ဘူးလား? နှစ်အနည်းငယ်အတွင်းမှာ ငါတို့ထိုက်ယိဓားတာအိုက သူ့ကို အဓိကထောက်ပံ့ပစ္စည်းတွေနဲ့ ကောင်းကောင်းဆက်ဆံပေးခဲ့တာ။ ငါတို့ရဲ့အဓိကရင်းမြစ်တွေကို သူ့အပေါ်မှာဖြုန်းတီးသလိုဖြစ်သွားပြီ။"
"မပူပါနဲ့။ ဂိုဏ်းချုပ်နဲ့ အခြားလူတွေလည်းတိတ်နေမှတော့ ဆရာတူညီလေးချန်းရှန်နဲ့ပက်သက်ပြီး ဘာပြဿနာမှမရှိနိုင်လောက်ပါဘူး။ မဟုတ်ရင် ဂိုဏ်းချုပ်နဲ့ အခြားလူတွေကလည်း ဆရာတူညီလေးချန်းရှန်ကို တားဖို့လုပ်ကြမှာပဲ။"
"ဒါပေမယ့် ဂိုဏ်းချုပ်နဲ့ တခြားလူတွေက ဘာလို့ချန်းရှန်ကို ဒီလိုလုပ်ခွင့်ပေးတာလဲ?"
"ဘာလို့လဲဆိုတော့ သူတို့ရဲ့မျက်လုံးထဲမှာ ဆရာတူညီလေးချန်းရှန်က သာမန်လူမဟုတ်ဘူးလေ။ ငါတို့ကတော့ ပုရွက်ဆိတ်လေးတွေပါပဲ။"
"ကွာခြားချက်ကဒီလောက်တောင်ကြီးတာလား?"
"ကွာခြားချက်ကြီးတာတင်မကဘူး၊ ငါတို့က ဆရာတူညီလေးချန်းရှန်နဲ့တောင် ယှဉ်ဖို့အရည်အချင်းမမီဘူး။"
"..."
လူတိုင်းမှာ လုံးဝတိတ်ဆိတ်သွားတော့သည်။
…
လီချန်းရှန်မှာ အလျင်အမြန်ပင်တောင်ခြေသို့ရောက်ရှိလာခဲ့သည်။ ထိုအခိုက်တွင် လင်းရှင်းယွဲ့မှာ ဂိတ်အားစောင့်ကြပ်နေသော တပည့်အနည်းစုများ၏ တားဆီးခြင်းကိုခံနေရသည်။
"သူမကိုလွှတ်လိုက်ပါ။"
လီချန်းရှန်ဟာထူးမခြားနားစွာပြောလိုက်သောအခါ တပည့်လေးဦးမှာ လင်းရှင်းယွဲ့အားချက်ချင်းသွားခွင့်ပြုလိုက်၏။
"ကြိုဆိုပါတယ်၊ မြင့်မြတ်သောသားတော်"
လင်းရှင်းယွဲ့ဟာ သူမ၏လက်များကိုပွတ်ကာ ထရပ်လိုက်သည်။
"ကံကောင်းလို့၊ ကျွန်မရှင့်ကိုနောက်ဆုံးတော့တွေ့ပြီ။"
"သွားရင်းနဲ့ပြောရအောင်။"
လီချန်းရှန်ဟာ သူ၏ကိုယ်အား လျှပ်စီးအသွင်ပြောင်းကာ ထွက်ခွာရင်း ထူးမခြားနားပြောလိုက်သည်။
လင်းရှင်းယွဲ့မှာ ချက်ချင်းအနောက်ကလိုက်သွားလိုက်၏။
၎င်းတို့နှစ်ဦးမှာ အဝေးရှိ မိုးကုပ်စက်ဝိုင်းအတွင်းသို့ ရွှေရောင်နှင့် အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းကာဝင်ရောက်သွားကြသည်။
လီချန်းရှန်၏ အရှိန်မှာ အင်မတန်နှေးနေ၏။ မဟုတ်လျှင် လင်းရှင်းယွဲ့မှာသူ၏အရိပ်ကိုပင် လိုက်မီနိုင်မည်မဟုတ်ချေ။
"ဘာဖြစ်တာလဲ? ဆရာတူညီမလေးကျူကော ဘာဖြစ်သွားတာလဲ?"
"လွန်ခဲ့တဲ့နှစ်နှစ်က ဒီ အထက်ပိုင်းလောကကိုကျွန်မရောက်ကာစမှာ ကျူးကောကျီချုံနဲ့ဆုံခဲ့တယ်။ အဲ့ဒီအချိန်မှာ သူမက နတ်ဘုရားအားဖန်ဆင်းခြင်းပထမအဆင့်ကိုတောင် ရောက်နေပြီ။ ဒါပေမယ့် သူမကို ဘုန်းကြီးတစ်ပါးကလိုက်ဖမ်းတာခံနေရတယ်။"
"ကျွန်မလည်း ပထမတုန်းကတော့ သူမကိုကယ်ချင်ခဲ့ပေမယ့်လည်း အဲ့ဒီအချိန်တုန်းက ပထမမြောက်စစ်မှန်သောနတ်ဘုရားအဆင့်မှာပဲရှိနေသေးတော့ သူမကိုလုံးဝမကယ်လိုက်နိုင်ဘူး။"
"လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကျွန်မ ဒီနတ်ဘုရားလောကထဲမှာ ခက်ခက်ခဲခဲရှာဖွေပြီးမှ နောက်ဆုံးတော့ ခြေရာလေးတစ်ခုတွေ့သွားတာ။ တခြားလူတွေ ထိုက်ယိဓားတာအိုက ပြိုင်ဘက်ကင်းတဲ့ဉာဏ်ကြီးရှင်တစ်ယောက်ကိုလက်ခံခဲ့ပြီး သူ့ကိုထိုက်ယိဓားတာအိုရဲ့မြင့်မြတ်သောသားတော်လေးလို့တောင် ယူဆထားကြတယ်လို့ပြောတာကို ကျွန်မမတော်တဆကြားခဲ့တယ်။ ပြီးတော့ အဲ့ဒီလူရဲ့ မျိုးရိုးနာမည်က "လီ"ဆိုတာကိုသိပြီး ရှင်လို့ထင်မိသွားတာပဲ။"
"ဒီမှာတကယ်ကြီး ရှင့်ကိုရှာတွေ့မယ်လို့မထင်ထားဘူး။"
အခြားသောမျိုးရိုးနာမည်များဆိုလျှင် လင်းရှင်းယွဲ့မှာ ရှာတွေ့နိုင်မည်မဟုတ်ချေ။
ဒါက လင်းရှင်းယွဲ့နှင့် အဆက်အဆံရှိသူများထဲတွင် သူမဟာ ယွင်လီကော၊ ကျီဝူရှား၊ ဖုန်းထျန်းယွမ်၊ လီချန်းရှန်နဲ့ ကျူးကောကျီချုံတို့ကိုသာ သိသောကြောင့်ပင်။
အခြားလူများကိုမူ မသိပါချေ။
ဒါကတကယ်ကို တိုက်ဆိုင်မှုတစ်ခုပင်။
"ဒါနဲ့၊ ရှင် ကျွန်မအေ.... ရှင့်ဆရာဘယ်မှာလဲဆိုတာသိလား?"
လင်းရှင်းယွဲ့မှာ ထိုစကားအားထပ်ပြောမိတော့မလိုပင်ဖြစ်သွားသော်လည်း သူမမှာ ထိုအရာကိုကျော်ဖြတ်ပြီး သူမကိုယ်သူမတားဆီးနိုင်လိုက်သည်။
လီချန်းရှန်ဟာ ခေါင်းခါလိုက်သည်။
"ငါမသိဘူး။ ဆရာနဲ့ ငါက နှစ်များစွာကွဲကွာနေပြီး ရှာဖို့အခွင့်အရေးတောင်မရှိဘူး။"
"ငါ ထိုက်ယိဓားတာအိုက အကြီးအကဲတွေကိုလည်းမေးကြည့်သေးတယ်။ သူတို့ပြောတာတော့ လုမျိုးနွယ်စုက အရမ်းကိုအားကြီးပြီး ဖုံးကွယ်ထားတဲ့မျိုးနွယ်စုဖြစ်နိုင်တယ်တဲ့။ အဲ့ဒီလို ဖုံးကွယ်ထားတဲ့မျိုးနွယ်စုတွေက အမြဲတမ်း သီးခြားနေရာတွေမှာ ပုန်းအောင်းနေပြီး အရမ်းစွမ်းအားကြီးကြတယ်ဆိုပဲ!
ငါတို့ရဲ့ကျင့်ကြံဆင့်တွေ လုံလောက်တဲ့ထိအားမကောင်းသေးခင်မှာ ဆရာ့ကိုရှာမတွေ့နိုင်တာလည်း ဖြစ်နိုင်တယ်။"
လင်းရှင်းယွဲ့ဟာသက်ပြင်းချလိုက်သည်။ တစ်ဖက်လူမှာလည်း လုရှောင်ယန်ကိုရှာမတွေ့ပါလျှင် သူမလုပ်နိုင်တာလည်း ဘာမျှမရှိပါချေ။
လီချန်းရှန်ဟာ ဆက်ပြောလိုက်သည်။
"တစ်ဖက်လူက ဘယ်သူဆိုတာမင်းသိလား? ဒီနတ်ဘုရားလောကမှာ ဗုဒ္ဓဂိုဏ်းအဖွဲ့ခွဲတွေအများကြီးပဲ။ မင်းမှာရှိတဲ့သတင်းက "အဲ့ဒီလူက ဗုဒ္ဓဂိုဏ်းကပဲ" ဆိုတဲ့သတင်းပဲရှိရင် ဆရာတူညီမလေးကိုရှာနိုင်မှာမဟုတ်ဘူး။"
"ကျွန်မလည်းအရမ်းမသေချာဘူး။ ဒါပေမယ့် သူ့ရဲ့တည်နေရာက မက်မွန်တောအုပ်လို့ခေါ်တဲ့နေရာပဲ။ သူ့ကိုအဲ့ဒီအနီးအနားမှာသွားရှာနိုင်တယ်။"
"မက်မွန်တောအုပ်? ငါနားလည်ပြီ။"
စကားဆုံးသည်နှင့် လီချန်းရှန်ဟာ သက်သေခံတံဆိပ်အမှတ်အသားအား ထုတ်ယူလိုက်သည်။
"ဒါက ငါ့ရဲ့ထိုက်ယိဓားတာအိုမြင့်မြတ်သောသားတော်ရဲ့ သက်သေခံတံဆိပ်အမှတ်အသားပဲ။ ဒီ အမှတ်အသားကိုယူပြီး ကောင်းကင်ဓားသွားစင်မြင့်ကိုသွားလိုက်။ ပြီးရင် ငါက သူတို့ရဲ့ ကောင်းကင်ဓားသွားစင်မြင့်က မြင့်မြတ်သောသားတော် စုန့်ရှင်းနျန်ကိုရှာခိုင်းတယ်လို့ပြောလိုက်ပါ။ သူ့ကိုရှာပြီးရင် ဒီအကြောင်းပြောပြလိုက်ပါ။"
လင်းရှင်းယွဲ့ဟာမျက်မှောင်ကျုံ့လျက်ပြောလိုက်သည်။
"ဒီစုန့်ရှင်းနျန်ကို အရမ်းရင်းနှီးနေပုံပဲ။ သူကရှင့်ရဲ့ ဆရာတူညီလေးလား?"
လီချန်းရှန်ဟာခေါင်းငြိမ့်လိုက်သည်။
"အမှန်ပဲ။ ငါအရင်ကတစ်ယောက်ယောက်ကိုမေးခိုင်းပြီး ကောင်းကင်ဓားသွားစင်မြင့်ရဲ့မြင့်မြတ်သောသားတော်က ငါ့ရဲ့ ဆရာတူညီလေးခြောက် စုန့်ရှင်းနျန်ဆိုတာကို အတည်ပြုထားတာ။"
"ငါ့ရဲ့ခွန်အားတစ်ခုတည်းနဲ့ဆို ရန်သူကစွမ်းအားအရမ်းကြီးနေရင် ငါလည်းခုခံနိုင်မှာမဟုတ်ဘူး။
ဒါပေမယ့် သူသာပါမယ်ဆိုရင် ပိုပြီးတော့လွယ်သွားလိမ့်မယ်။"
"ကောင်းပြီ! ကျွန်မအခုပဲသွားလိုက်မယ်။"
လင်းရှင်းယွဲ့ဟာချက်ချင်းပဲ ဦးတည်ရာပြောင်းလိုက်ပြီး ကောင်းကင်ဓားသွားစင်မြင့်ဆီသို့ ပျံသန်းသွားလိုက်သည်။
သူမ ဦးတည်ရာပြောင်းသွားသည်နှင့် လီချန်းရှန်ဟာ တစ်ခဏချင်းပင် အရှိန်တင်လိုက်ပြီး လောကမှ ဓားအလင်းတန်းအသွင်ပြောင်းလိုက်သည်။ တိမ်လမ်းကြောင်းရှည်ကြီးတစ်ခုသာ ကောင်းကင်ယံတွင်ကျန်ရှိခဲ့၏။
ထိုသည်ကိုကြည့်ရင်း လင်းရှင်းယွဲ့၏နှလုံးမှာ မထိန်းနိုင်ဘဲ ပြင်းစွာခုန်လှုပ်နေတော့သည်။
"ဘုရားရေ၊ အရမ်းစွမ်းအားကြီးတာပဲ!"
သူမ၏လက်သီးများအားဆုပ်ရင်း သူမဟာ လေးနက်သူအမူအရာဖြင့် မထိန်းချုပ်နိုင်စွာပြောလိုက်သည်။
"ငါ့အဖေရဲ့တပည့်ဆိုတဲ့အတိုင်းပဲ"
သို့သော် တစ်ခဏအကြာတွင် သူမှာဟာ သတိထားမိသွားပြီး ချက်ချင်းပင် သူမ၏ဦးခေါင်းသေးသေးလေးအား ထုလိုက်သည်။
"အာ...ငါရူးနေပြီ! ငါ့ကိုယ်ငါ သူ့ကိုအဖေလို့ထပ်မခေါ်ဖို့ကတိပေးပြီးသားလေ!"
လင်းရှင်းယွဲ့ဟာ ရူးသွားတော့မလိုပင်ခံစားနေရသည်။
သူမဟာ လုရှောင်ယန်အားအဘယ့်ကြောင့် အဖေတစ်ယောက်အဖြစ် အမြဲရည်ညွှန်းနေမိပါသနည်း။
သူမရဲ့စိတ်ထဲမှာ လုရှောင်ယန်ကို အဖေတစ်ယောက်အဖြစ်မှတ်သားထားလို့လား?
မဟုတ်ရင် သူမမှာ ဒုတိယကိုယ်ကျင့်စရိုက်များရှိနေလို့လား?
ဒီလိုသာဆိုလျှင် သူမဟာလုရှောင်ယန်၏အရိပ်မှ ဘယ်တော့မှလွတ်နိုင်မည်မဟုတ်ချေ။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၃။ အပိုင်း ၃၃၃ ကောင်းကင်ဘုံက ချန်းရှန်ကိုမွေးထုတ်ပေးခဲ့ပြီး အချိန်ကြာကတည်းက ဓားရဲ့လမ်းကြောင်းကိုယူဆောင်ဖို့ရာ သတ်မှတ်ခံခဲ့ရတယ်
တောင်နှင့်မြစ်ပန်းချီထဲတွင် လုရှောင်ယန်ဟာ တင်ပလ္လင်ခွေထိုင်လျက် ကျင့်ကြံနေသည်။
ထိုအခိုက်တွင် ဓားရှည်တစ်ချောင်းဟာ ရတနာအစုအပုံမှပျံထွက်လာကာ လုရှောင်ယန်နံဘေးသို့ရောက်ရှိလာခဲ့၏။ ၎င်းဟာ အမှောင်ထဲတွင်ပုန်းအောင်းကာ လုရှောင်ယန်အား စိုက်ကြည့်နေလေသည်။
၎င်းမှာ ယန်ကျီအန်းပိုင်ဆိုင်ခဲ့သည့် နတ်ပစ္စည်းအဆောင်လက်နက်ပင်ဖြစ်သည်။
ယန်ကျီအန်းအား လုရှောင်ယန်သတ်ခဲ့ပြီးကတည်းက ၎င်းကို လုရှောင်ယန်မှာ ထောင့်တစ်ထောင့်သို့ပစ်လိုက်သည်ပင်ဖြစ်သည်။
ဒါက နတ်ပစ္စည်းအဆောင်လက်နက်လေးသာဖြစ်သောကြောင့် ယန်ကျီအန်း၏အမှတ်အသားအား သုတ်သင်ပြီးချိန်တွင် လုရှောင်ယန်ဟာ ၎င်းကို နတ်ပစ္စည်းအဆောင်လက်နက်အပုံထဲသို့ပစ်လိုက်ကာ အများကြီးဂရုမစိုက်ခဲ့မိပါချေ။
သို့သော် ဒီအခိုက်တွင်မူ ထိုနတ်ပစ္စည်းအဆောင်လက်နက်၏ အသိစိတ်မှာ တစုံတရာအား ရှင်းလင်းစွာ လုပ်ဆောင်နေချင်ပုံပေါ်သည်။
၎င်းဟာ သင့်လျော်သော အခွင့်အရေးရှာရန် အချိန်အတော်ကြာပုန်းအောင်းနေခဲ့သည်။
ယခုတွင် ၎င်းမှာ သူ၏အခွင့်အရေးရောက်ရှိလာပြီဟုပင် ခံစားခဲ့ရစေသည်။
လုရှောင်ယန်၏ ကိုယ်မှ အပြောင်းအလဲများမှာ တဖြည်းဖြည်းချင်းတိုးလာသောအခါ သူဟာနောက်ထပ်အဆင့်တစ်ခုကို ကျော်ဖြတ်တော့မည်ကိုညွှန်ပြနေပြီး ထို နတ်ပစ္စည်းအဆောင်အယောင်မှာ လုရှောင်ယန်၏ ခေါင်းနောက်သို့ လျှပ်စီးနှယ် ပြင်းပြင်းထန်ထန်ဒဏ်ရာပေးရန် ပျံထွက်လာသည်။
သို့သော် ထိုအခိုက်တွင် မတော်တဆတစ်ခုရုတ်တရတ်ဖြစ်သွားသည်။ လုရှောင်ယန်ကိုယ်၏မျက်နှာပြင်မှ အလင်းသုံးလွှာပေါ်လာပြီး ထိုအရာကိုပျံထွက်သွားစေသည်။
နောက်တစ်ခဏတွင် ၎င်းဟာမတုံ့ပြန်နိုင်ခင် ကြီးမားသော ခေါင်းလောင်းကြီးက ရိုက်ချလိုက်သည်။
ဒါဟာလုရှောင်ယန်၏ ဖန်တီးခြင်းခေါင်းလောင်းပင်။
ဒန်!
ဖန်ဆင်းခြင်းခေါင်းလောင်းအားဆွဲချလိုက်ခြင်းနှင့်အတူ ဓားရှည်မှာ ခေါင်းလောင်းထဲဟို့ အထိန်းအကွပ်မဲ့စွာ ဝင်နိုင်လိုက်ပြီး အသံများပင်ထွက်ပေါ်လာစေ၏။
သို့သော် အသံမည်မျှကျယ်သည်ဆိုဆို လွတ်မြောက်ဖို့ရာမဖြစ်နိုင်ပါချေ။
တစ်ခဏကြာပြီးနောက် နတ်ဝိဉာဉ်စွမ်းအား အပြောင်းအလဲက လုရှောင်ယန်၏ကိုယ်တွင် ၎င်း၏လက်ရှိအဆင့် အထွဋ်အထိပ်ကို ရောက်ရှိသွားသည်။
ဗောင်း!
ထိုနတ်ဝိဉာဉ်စွမ်းအားနှင့် လုရှောင်ယန်ဟာ နောက်ဆုံးတွင် သတ္တမမြောက် မဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့်သို့ ရောက်သွားသည်။
"ဟ! ငါနာက်ဆုံးတော့အဆင့်တက်သွားပြီ။"
လုရှောင်ယန်၏ နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားပြီး သူ၏မျက်နှာက စိတ်လှုပ်ရှားမှုကိုဖော်ပြနေသည်။
အဆင့်တက်လှမ်းခြင်းတိုင်းဟာ သူ့အတွက် စိန်ခေါ်မှုတစ်ရပ်ပင်။ သူဟာ အများကြီးမတက်သွားသော်လည်း သူဟာတဖြည်းဖြည်းနှင့် ဒဏ္ဍာရီလာ နတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်ရမည်။
ထိုအခိုက်တွင် သူဟာဖန်ဆင်းခေါင်းလောင်း၏ လုပ်ရှားမှုကို သတိပြုမိသွားသည်။ သူဟာလှည့်ကာကြည့်လိုက်သည်။ သူရှာတွေ့သည်မှာ ယခင်က တောင်နှင့်မြစ်ပန်းချီထဲသို့ ပစ်ထည့်ခဲ့သည့် နတ်ပစ္စည်းအဆောင်အယောင်ပင်ဖြစ်သည်။
လုရှောင်ယန်မှာ မထိန်းနိုင်ဘဲ မျက်ခုံးများပင်မြင့်တက်သွားသည်။
"ဒါက ယန်ကျီအန်းရဲ့ နတ်ဓားမဟုတ်လား? ယန်ကျီအန်းပိုင်ဆိုင်ခဲ့တဲ့အမှတ်ကိုလည်း ဖျက်ပြီးသားမဟုတ်လား။ ဒါက ငါ့ကိုခုထိတိုက်ခိုက်ချင်နေသေးတာလား?"
ဒါကလုရှောင်ယန်ကို ပဟေဠိဖြစ်စေသည်။
ပြောရလျှင် နတ်ပစ္စည်းအဆောင်လက်နက်များမှာ သူတို့၏ ကိုယ်ပိုင်ဉာဏ်ရှိပါသော်လည်း ယခင်ကသခင်၏ အမှတ်အားဖျက်ပြီးသည်နှင့် ယခင်ကသခင်အတွက်လက်စားချေလိမ့်မည်မဟုတ်ချေ။
သို့ရာတွင် ထိုနတ်ပစ္စည်းအဆောင်လက်နက်မှာ သူ၏ညီနောင်အားမည်သို့လက်စားချေမည်နည်း?
ဟစ်!
ဒါက သူအဲ့ဒီအခြေအနေကိုကြုံခဲ့ရလို့များလား?
လုရှောင်ယန်၏ မျက်စိသူငယ်အိမ်များမှာ ပြူးကျယ်သွားသည်။ ထိုအခြေအနေမှာ အင်မတန်နည်းပါးလှသော နတ်ပစ္စည်းအဆောင်များတွင်သာ တည်ရှိသော်လည်း ဖြစ်နိုင်ရန် အခွင့်အရေးတစ်ခုတော့ရှိပါသေးသည်။
ဒါက ထိုနတ်ပစ္စည်းအဆောင်လက်နက်မှာ သူ၏ယခင်ကသခင်အား အင်မတန်ဂရုစိုက်ပြီး သူနှင့်အင်မတန်အဆင်ပြေခြင်းကြောင့်ပါပင်။
ထို့ကြောင့် ယခင်ကသခင်၏အမှတ်အားဖျက်လိုက်ပါသော်လည်း တစ်ဖက်လူအား လက်စားချေနိုင်လိမ့်မည်။
သိပ္ပံနည်းကျပြောရမည်ဆိုလျှင် တစ်ပတ်ရစ်သုံးကားအားဝယ်ယူထားသော်လည်း ယခင်ပိုင်ရှင်မှ သော့ကိုသိမ်းဆည်းထားခြင်းနှင့်ပင် တူညီနေသည်။ ထို့ကြောင့် ကားအား မည်သည့်အချိန်တွင်မဆိုမောင်းနှင်နိုင်သည်။
ဒါက ဝမ်းနည်းစရာပဲ။
လုရှောင်ယန်ဟာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
သူ၏နှလုံးမှာ အခြားသူတစ်ယောက်နှင့်သက်ဆိုင်နေသော ထိုလှပည့် ဓားရှင်လေးအား ခွင့်မပြုနိုင်ပါချေ။
ပြတ်သားသောအကြည့်နှင့်အတူ သူဟာများပြားလှသော နက်နဲမှုအဆင့်လက်နက်များအား ချက်ချင်းပင် ထုတ်ယူလိုက်သည်။
…
အသက်ရှူကြိမ်အနည်းငယ်ပြီးခန့်တွင် ထိုနတ်လက်နက်အဆောင်ပစ္စည်းမှာ ဖုန်မှုန့်ဖြစ်သွားသည်။ နတ်ပစ္စည်း၏ ဝိဉာဉ်သည်ပင် ခြေရာပင်ချန်မထားဘဲ အခြားလက်နက်များ၏ ဝါးမြိုခြင်းကိုခံလိုက်ရသည်။
ထိုသည်ကြောင့် လုရှောင်ယန်မှာ ယန်ကျီအန်းထံမှရရှိသော သူ၏လက်နက်များကိုခွဲလိုက်သည်။
ပြောရလျှင် ထိုသည်မှာသာမန် နက်လက်နက်အဆောင်အယောင်သာဖြစ်သည်။ ဖျက်ဆီးခံရလျှင်ပင်အဆင်ပြေသည်။ ဒါက တန်ဖိုးမရှိပါချေ။
အားလုံးပြီးသည်နှင့် လုရှောင်ယန်ဟာ တောင်နှင့်မြစ်ပန်းချီမှ ထွက်လာလိုက်သည်။ သူဟာနတ်ဘုရားအာရုံကိုဖြန့်ကျက်ပြီး လုမျိုးနွယ်စုတပည့်များဟာ အတော်လေးကောင်းမွန်စွာ တိုးတက်လာနေသည်ကိုတွေ့ရသည်။
ဥပမာဆိုရလျှင် ဆရာကြီးလုမှာ အဌမမြောက် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သို့ရောက်နေပြီဖြစ်သည်။
ဒါဟာ အမတသွေးဆေးလုံး၊ အမတခြင်ဆီဆေးလုံးနှင့် အမျိုးမျိုးသော နက်နဲမှုဆေးလုံးများ၏ကျေးဇူးများကြောင့်ပင်ဖြစ်သည်။
ဒါ့အပြင်၊ မဟာတာအိုမွေးဖွားခြင်း၏ ကျေးဇူးလည်းပါသည်။ လုရှောင်ယန်မှာ နှစ်နှစ်တာအား လေးနှစ်စာအဖြစ်ပြောင်းလဲခဲ့သည်ပင်။
လုထျန်းနန်နှင့် အခြားသော လုမျိုးနွယ်စု ဒုတိယမျိုးဆက်များမှာလည်း နတ်ဘုရားအားဖြစ်ပေါ်စေခြင်း၏ နောက်ဆုံးအဆင့်သို့ခြေလှမ်းနေပြီး ၎င်းတို့ထဲမှအချို့မှာ နတ်ဘုရားဖြစ်ပေါ်စေခြင်း အဌမ သို့မဟုတ် နဝမအဆင့်တွင်ပင်ဖြစ်သည်။
လုရှောင်ချန်နှင့် အခြားသော တတိယမျိုးဆက်တပည့်လေးများ၏ တိုးတက်မှုမှာ ပို၍ပင်သိသာသေးသည်။ ၎င်းတို့ဟာ နတ်ဘုရားအားဖြစ်ပေါ်စေခြင်း ပထမအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။
ဒါဂာဆေးလုံးများ၏ တိုးတက်စေနှုန်းမှာ တူညီသော်လည်း ကျင့်ကြံဆင့်နိမ့်သော ကျင့်ကြံသူများမှာ ပိုမိုတိုးတက်မြန်စေသောကြောင့်ပင်။
ခြုံပြောရလျှင် မဆိုးလည်းမဆိုး အံ့အားသင့်ဖွယ်ဟုလည်း မဆိုနိုင်ပါချေ။
လုရှောင်ယန်က လုမျိုးနွယ်၏ အနာဂတ်အပေါ်အသုံးပြုခဲ့သည့် အခွင့်အရေးများမှာ မမြင့်ဟုခန့်မှန်းမိသည်။
ပြောရလျှင် ၎င်းတို့မှာ လီကောလိုပင် ပါရမီမရှိပါချေ။ ဒါ့အပြင် အခြားသူများမဆိုနှင့် လီကောထက်ပင် နိမ့်ကျနေသေးသည်။
သူ၏တပည့်များ ဒီနတ်ဘုရားလောကတွင် ဒီနှစ်တွေအကုန်လုံး ဘာတွေများလုပ်နေကြသလဲကို တွေးမိလိုက်သည်။ သူတို့ရဲ့ကျင့်ကြံဆင့်တွေကရော?
အဆုံးတွင် သူဟာ လက်ဆောင်ထုပ်ငယ်အများအပြားရရှိခဲ့သည်ပင်။ သူ၏တပည့်များမှာ အတော်လေး တိုးတက်နေသင့်ပေသည်။
လုရှောင်ယန်မှာ ၎င်းတို့အထဲမှ အချို့မှာ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့် သို့မဟုတ် ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သို့ရောက်နေလိမ့်မည်ဟု ခန့်မှန်းမိသည်။
ဥပမာ... လီကော?
ဖူးးးး
လုရှောင်ယန်ဟာ တကယ်ကိုမရယ်ချင်ပါပေ။ ဒါကို ခဏလောက်ထိန်းထားဖို့ရာမဖြစ်နိုင်သွားခြင်းပင်။
ထိုသို့ပြောရင်းဖြင့် ၂နှစ်ပင်ကြာနေလေပြီ။ ဘာလို့ ကျူးကောကျီချုံက ဒီကိုမရောက်သေးရတာလဲ?
လုရှောင်ယန်မှာ ရှန်းထီကျောက်ရှင်အမှတ်အသားမှ အပြောင်းအလဲမရှိသည်ကို အာရုံခံမိသောအခါ သူ၏မျက်ခုံးများမှာ အတန်ငယ်မြင့်တက်သွားသည်။
ပြောရလျှင် ကျူးကောကျီချုံမှ မသေဆုံးသေးပါချေ။ သူမမသေသေးပါလျှင် ဘာကြောင့် ဒီကိုမရောက်ရသေးသနည်း?
သံသယဖြင့် လုရှောင်ယန်ဟာ တပည့်များ၏ အချက်အလက်ကိုဖွင့်လိုက်သည်။
အစပိုင်းအချက်အလက်များမှာ တူညီဆဲပင်။
[သင်၏တပည့်ယွင်လီကောမှာ နတ်ဆိုးဂိုဏ်းတပည့်များ၏ ဝိုင်းရံခြင်းကိုခံနေရပါသည်]
[သင်၏တပည့်ယွင်လီကောမှာ နတ်ဆိုးဂိုဏ်းအကြီးအကဲ၏ လိုက်လံဖမ်းဆီးခြင်းကိုခံနေရပါသည်]
[သင်၏တပည့်ယွင်လီကောမှာ နတ်ဆိုးဂိုဏ်း၏ စွမ်းအားကြီးပါရမီရှင်၏ လိုက်လံဖမ်းဆီးခြင်းကိုခံနေရပါသည်]
[သင်၏တပည့်ယွင်လီကောမှာ နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်၏ လိုက်လံဖမ်းဆီးခြင်းကိုခံနေရပါသည်]
လုရှောင်ယန်မှာ ပြောစရာမဲ့သွားသည်။
"ဒီကောင် လီကော ဘာတွေလုပ်နေတာလဲ? သူက နေ့တိုင်းဘာလို့ အဝိုင်းခံပြီး လိုက်ဖမ်းခံနေရတာလဲ? သူ ငြိမ်းငြိမ်းချမ်းချမ်းမနေနိုင်ဘူးလား?"
သူဟာဆက်လက်ဖတ်ရှုလိုက်သည်။
[သင်၏တပည့်လီချန်းရှန်ဟာ လေလွင့်ကျင့်ကြံသူအမြောက်အများကိုသတ်ဖြတ်ခဲ့ပါသည်]
"အာ?"
"ငါ ချန်းရှန်ရဲ့ သတင်းကိုတောင်တွေ့ နိုင်ပြီလား? အရင်က ချန်းရှန်ရဲ့ ဘယ်သတင်းမှမတွေ့ခဲ့ရပါဘူး။ သူကတစ်နေရာရာမှာ သီးသန့်ကျင့်ကြံနေခဲ့တာပဲ။ အခုတော့ သူကလေလွင့်ကျင့်ကြံသူအများကြီးကိုတောင်သတ်လိုက်တော့ ဒါက သူ ကျင့်ကြံရာကထွက်လာပြီလို့ဆိုတာပဲ။"
"ဝမ့်ခိုက်"
လုရှောင်ချန်ဟာ ဝမ့်ခိုက်ကိုအော်ခေါ်လိုက်ပြီး ဝမ့်ခိုက်လည်း ချက်ချင်းထွက်လာသည်။
"လာပြီ၊ လာပါပြီ ဆရာ၊ ကျွန်တော်ဒီမှာပါ။"
"ချန်းရှန်လည်း ကျင့်ကြံနေတာကထွက်လာပြီထင်တယ်။ သူက မင်းရဲ့ရှာဖွေမှုနယ်မြေထဲမှာ ရှိသလားကိုကြိုးစားပြီးကြည့်ပေးပါဦး။"
[ဟုတ်၊ ဟုတ်။ ငါ ဝိဉာဉ်လမ်းညွှန်ကို အလိုအလျောက်စနစ်လုပ်ထားပေမယ့် ချန်းရှန်က တစ်ခုခုလုပ်နေလို့ဖြစ်မယ်။ သူကပေါ်မလာဘူး]
"သူကအခုပဲ လေလွင့်ကျင့်ကြံသူတွေအများကြီးကိုသတ်လိုက်တယ်။ သူဒုက္ခတွေ့နေပြီလို့ငါထင်တယ်။ သူရဲ့အချက်အလက်ဇယားကို အရင်ပေးပြီး သူ့ရဲ့လက်ရှိကျင့်ကြံဆင့်ကို ကြည့်ခွင့်ပေးပါ။"
[ကောင်းပါပြီ၊ ထုတ်ပေးနေပါပြီ]
မကြာမီတွင် လုရှောင်ယန်ဟာ လီချန်းရှန်၏ကျင့်ကြံဆင့်အားရှာတွေ့သွားသည်။
"အိုင်းယိုး၊ မဆိုးဘူး။ ဒီကောင်လေးက ပြီးပြည့်စုံတဲ့ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ရဲ့ အထဋ်အထိပ်ကိုတောင်ရောက်နေပြီ။ စွမ်းအားကြီးတယ်၊ အရမ်းကိုအားကောင်းတယ်!"
လုရှောင်ယန်ဟာ သူ၏မျက်ဝန်းများကိုအတန်ငယ်မှေးကျဉ်းလိုက်ပြီး လီချန်းရှန်၏ ကျင့်ကြံဆင့်အား အင်မတန်ကျေနပ်နေသည်။
ထိုကလေးမှာ ဓားတာအိုကိုအဓိကထားကျင့်ကြံခဲ့ပြီး ထူးကဲသောအောင်မြင်မှုများလည်းရရှိခဲ့သည်။ ထိုမျှအချိန်တိုလေးအတွင်းတွင် သူဟာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်၏ ပြီးပြည့်စုံသောအထွဋ်အထိပ်အဆင့်ထိ ရောက်နိုင်ခဲ့လေသည်။
ဒါကတကယ်ကို 'ကောင်းကင်ဘုံက ချန်းရှန်ကိုမွေးထုတ်ပေးခဲ့ပြီး အချိန်ကြာကတည်းက ဓားရဲ့လမ်းကြောင်းကိုယူဆောင်ဖို့ရာ သတ်မှတ်ခံခဲ့ရတယ်' ဟုပင်ဆိုနိုင်သည်။
"မဟုတ်သေးဘူး။ ငါကျီချုံရဲ့သတင်းကိုရှာရမယ်။"
လုရှောင်ယန်ဟာ တကယ်အရေးကြီးသည့်အရာကို သတိရမိသွားသည်။ ထို့နောက်သူဟာ ဆက်တိုက် ဆွဲကြည့်နေပြီး အလျင်အမြန်ပင် ကျူးကောကျီချုံ၏သတင်းအားတွေ့သွားသည်။
ကျုးကောကျီချုံ၏သတင်းမှာ ယွင်လီကောလိုက်လံဝိုင်းဝန်းဖမ်းဆီးခံနေရသည့် သတင်းအများအပြားနှင့် ရောနှောနေသည်။
[သင်၏တပည့် ကျူးကောကျီချုံမှာ ဗုဒ္ဓဂိုဏ်းအကြီးအကဲ၏ဖမ်းဆီးခြင်းကို ခံလိုက်ရပါသည်]
လုရှောင်ယန်:"???"
အမ်
ယခင်က ဗုဒ္ဓဂိုဏ်းမှလူများသည် ကျူးကောကျီချုံအားပစ်မှတ်ထားကာ လိုက်ဖမ်းနေသည်ဟုဆိုသည်။ အဆုံးတွင် ၎င်းတို့မှာ ကျူးကောကျီချုံအား မျက်တောင်တစ်ခတ်စာအတွင်းပင် ဖမ်းလိုက်နိုင်ခဲ့သည်။
"ဒီထိပ်ပြောင်တွေကတော့။ သူတို့က ဘာလို့ ငါ့ရဲ့အဖိုးတန်တပည့်လေးကိုဖမ်းရတာလဲ?"
"အဲ့ဒီလူတွေဘယ်မှာလဲ? ငါတို့သူတို့ကို ရှာလို့ရနိုင်မလား? သူတို့က ဘယ်ဘုရားကျောင်းကဆိုတာကို ငါသိချင်တယ်။ သူတို့က ငါ့တပည့်ကိုဖမ်းရဲရင် သူတို့ရဲ့ဘုရားကျောင်းတွေကိုဖျက်ဆီးပြီး သူတို့စွမ်းအားတွေကို လျှော့ချပစ်လိုက်မယ်"
[မလုပ်နိုင်ဘူး။ ကျူးကောကျီချုံက သူတို့ ချိတ်ပိတ်စည်းတားထားတည်းက သူက ငါ့ရဲ့ နယ်မြေထဲကနေ ထွက်ခွာသွားခဲ့ရပြီ။ အခု လီချန်းရှန်ကသာ ငါ့နယ်မြေထဲမှာ ကျန်နေတဲ့သူပဲ]
ဒါ့အပြင် သူရှာတွေ့လည်း ဘာဖြစ်မှာလဲ?
[သခင်၊ မင်းရဲ့ကျင့်ကြံဆင့်က အခုမှ မဟာယနနတ်ဘုရားအရှင် သတ္တမမြောက်အဆင့်ပဲရှိသေးတယ်။ ဒီဗုဒ္ဓဂိုဏ်းမှာ နတ်ဘုရားဧကရာဇ်အဆင့် ပါရမီရှင်တွေတောင်ရှိနိုင်တယ်။ မင်းမကြောက်ဘူးလား?]
လုရှောင်ယန် : "..."
"ငါမကြောက်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ငါ့မှာ အချိန်တိုအတွင်း နတ်ဘုရားအရှင်ဘုရင်အဆင့်ကို ခဏလောက်ရောက်သွားစေနိုင်မယ့် မဟာယနသိုင်းနတ်ဘုရားအဆင့်ဆေးလုံးရှိတယ်လေ။ ငါသာ နတ်ဘုရားအရှင်ဘုရင်အဆင့်ဆရာကြီးနဲ့ရင်ဆိုင်ရမယ်ဆိုရင်တောင် ထိန်းထားနိုင်သေးပါတယ်။ ပြီးတော့ သူ့ကိုမရိုက်နိုင်ရင်တောင် ပြေးနိုင်ပါသေးတယ်၊ ဟုတ်တယ်မလား?"
[သခင်ပြောတာမှန်ပါတယ်၊ ဒါပေမယ့် နတ်ဘုရားလောကကအရမ်းကြီးပြီး အဲ့ဒီလူတွေနဲ့လည်းအရမ်းဝေးတော့ သူမကို အခုတော့မရှာနိုင်သေးဘူး။ ငါ ကံစွမ်းအားအချို့ဝါးမြိုပြီး ခဏလောက်ပြင်ဆင်နေရင်တော့ရနိုင်မယ်ထင်တယ်]
လုရှောင်ယန်ဟာ သူ၏မျက်ခုံးများကို ပြင်းစွာပွတ်လိုက်သည်။
"မင်းပြောတာကောင်းသားပဲ။ ဘာလို့ မြင်းနက်ကိုရှာဖို့လွယ်နိုင်ရတာလဲ? ရှာရတာသာလွယ်နေရင် သူ့ကိုသတ်ဖို့အတွက် မင်းကိုခေါ်လာပေးမယ်။"
[ဒါနဲ့သခင့် လက်ဆောင်ထုပ်ထဲမှာ အထူးပစ္စည်းလေးတွေထည့်ပေးထားပါတယ်။ တစ်ချက်ကြည့်ပါဦး။ တစ်ခုခုတော့ရှာတွေ့လိမ့်မယ်]
လုရှောင်ယန်ဟာ အတန်ငယ်ပဟေဠိဖြစ်သွားပြီး ချက်ချင်းပင် လက်ဆောင်ဘူးအားဖွင့်ကြည့်လိုက်သည်။
လွန်ခဲ့သည်နှစ်နှစ်အတွင်းတွင် သူ၏တပည့်များဟာ လက်ဆောင်ထုပ်အမြောက်အများ ဖန်တီးပေးခဲ့၏။
နက်နဲမှု အကြွင်းမဲ့ကောင်းကင်တေးသံ×1
အကြွင်းမဲ့ကောင်းကင်တေးသံမှာ နက်နဲမှုကျင့်စဉ်ဖြစ်သည်။ ဒါကိုတစ်ကြိမ်အသက်သွင်းလိုက်သည်နှင့် သူ၏တပည့်များ၏သွေးကို ချိပ်ပိတ်စည်းတားလို့ရသည်။
သူဟာသူ၏တပည့်များအား လုံးဝပင်ပျက်စီးစေနိုင်သည်။
လုရှောင်ယန် : "..."
"ဝမ့်ခိုက် ဒါကမင်းပြောတဲ့ကောင်းတဲ့အရာဆိုတာလား? ဒါအကုန်ပဲလား? မင်းကတကယ်ရိုင်းတာပဲ။ ဒီနေ့မှသိရတော့တယ်။"
ဝမ့်ခိုက်ဟာသူ့အား စက်ဆုပ်ဖွယ်ကောင်းသော ကျင့်စဉ်ကို တပည့်များ၏ ထိခိုက်မှုကို ကိုယ်တိုင်လုပ်ရန်ပေးခဲ့တာလား?
[သခင်၊ အထင်လွဲနေပြီ။ ဒီအကွက်ကို ငါ့ရဲ့အမြင်နဲ့ဆက်သွယ်တဲ့အခါသုံးရတာပါ။ ငါ့ရဲ့အမြင်က တပည့်တွေတိုက်ခိုက်ခံနေရတယ်လို့ အာရုံခံမိရင် သခင့်ဆီ လွှဲပြောင်းပေးနိုင်ပြီး တပည့်တွေကို အတုအယောင်စွမ်းအားအခြေအနေကို ဝင်စေနိုင်ပါတယ်။ ပြီးတော့ သခင့်ထက် ကျင့်ကြံဆင့်မြင့်တဲ့ရန်သူတွေနဲ့ တပည့်လေးတွေမကြုံနိုင်ပါဘူး]
[ဒါကတပည့်တွေအတွက် အရမ်းကောင်းတဲ့အရာပဲလေ!]
လုရှောင်ယန်ဟာ စိတ်ထဲတွင် လက်ခလယ်ထောင်လိုက်သည်။
ဘာလို့ ဝမ့်ခိုက်ကသူ့ကို ပိုအားကောင်းတဲ့ကျွမ်းကျင်မှုတွေပဲ မပေးရတာလဲ?
သို့သော် ဒါကို ဘာမှမကူနိုင်ပါပေ။ ဝမ့်ခိုက်ဟာခွေးတစ်ကောင်ပင်။ ခွေးတစ်ကောင်ကို ဘယ်လိုယုံရမှာလဲ။
သူဟာ လက်ဆောင်ထုပ်များကိုဆက်ဖွင့်ပြီး ကောင်းသည့်အရာတစ်ခုခုတွေ့နိုင်ရန်ရှာဖွေနေလိုက်သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၃။ အပိုင်း ၃၃၄ သူမသာ နှစ်ပေါင်းသုံးထောင်လောက်ပိုကြီးမယ်ဆိုရင် ငါ့ကို မသေမျိုးတစ်ယောက်ဖြစ်လာဖို့ ကူညီလိမ့်မယ်
နက်နဲမှု ခရမ်းအကြေးခွံရွှေနဂါးချပ်ဝတ်×1။
နက်နဲမှုရှေးဟောင်းဖန်တီးမှုပုံကြမ်း×1။
လုရှောင်ယန်ဟာကြည့်ရှုလိုက်သည်။ ရှေးဟောင်းဖန်တီးမှုပုံကြမ်းမှာ တောင်နှင့်မြစ်ပန်းချီနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုအရာမှာ အနည်းငယ်ပိုမိုအားကောင်းသည်ဟုပင်ဆိုနိုင်သည်။
သို့သော် ရှေးဟောင်းဖန်တီးမှုပုံကြမ်းနှင့် တောင်နှင့်မြစ်ပန်းချီတို့၏ခြားနားချက်မှာ ရှေးဟောင်းဖန်တီးမှုပုံကြမ်းကစစ်မှန်သော လူသတ်လက်နက်ဖြစ်နေခြင်းပင်။
၎င်းတွင် မြေ၊ရေ၊လေ၊မီးတို့ ပါဝင်သည်။ လျှပ်စီးနှင့်အတူရောလိုက်လျှင် ၎င်းမှာ ကျင့်ကြံသူတစ်ဦး၏စိတ်နှင့်ကိုယ်ကို အပြင်းအထန်ထိခိုက်စေနိုင်သော အင်မတန်ကြောက်မက်ဖွယ်မြင်ကွင်းအစုံကိုဖန်တီးပေးသည်။
တောင်နှင့်မြစ်ပန်းချီမှာ နေရာနှင့်ဆိုင်သော ဓမ္မရတနာနှင့် ပိုနီးစပ်သည်။
၎င်းတွင်မူ တိုက်ခိုက်ခြင်းဂုဏ်ရည်များတော့မရှိပါချေ။
နက်နဲမှု အမတခြင်ဆီဆေးလုံး× 180။
နက်နဲမှု အမတဝိဉာဉ်ဆေးလုံး× 150။
နက်နဲမှု တိမ်ပျံဓား× 1။
...
၎င်းတို့တွင် နက်နဲမှုအဆင့်ပစ္စည်းများ အတော်များလေသည်။ အားလုံးမှာ ကောင်းမွန်သည့်အရာများဖြစ်ကြ၏။
သို့သော် လုရှောင်ယန်ဟာ နက်နဲမှုပစ္စည်းများ အတော်လေးရရှိထားသောကြောင့်ဖြစ်နိုင်သည်၊ သူဟာအရမ်းကြီး စိတ်ဝင်စားမနေပါချေ။
သက်ပြင်းချလျက်၊ နောက်ထပ် လှဲပြီး ပိုက်ဆံစုဆောင်းနေရတဲ့နေ့ပဲ။ အသစ်အဆန်းလည်းမရှိဘူး။
ကျင့်ကြံဖို့က သူ့အတွက်ပိုကောင်းသည်။
ဝမ့်ခိုက်ပြောခဲ့သည်မှာ အင်မတန် အကျိုးအကြောင်းသင့်ပါသည်။
သူ၏ကျင့်ကြံဆင့်သာမလုံလောက်နေခဲ့ပါလျှင် တစ်ဖက်လူအားရှာတွေ့ခဲ့လျှင်လည်း ဘာဖြစ်မည်နည်း?
တစ်ဖက်လူအားကယ်နိုင်ဖို့မဆိုထားနှင့် သူ၏ဘဝကိုပင်ဆုံးရှုံးလိုက်ရလေမည်။
မည်သို့ဆိုစေ ကျူးကောကျီချုံမှာ နှစ်နှစ်ကြာအဖမ်းခံခဲ့ရပြီး မသေသေးပါချေ။ ဗုဒ္ဓဂိုဏ်းမှာ အချိန်ခဏလောက်တော့ သူမအားသတ်လိမ့်မည်မဟုတ်သေးသောကြောင့် သူဟာ အလွန်စိုးရိမ်ရန်မလိုပါချေ။
အဆုံးတွင် ၎င်းတို့မှသူမအားသတ်လိုက်လျှင်ပင် ရှန်းထီကျောက်ရှင်အမှတ်ဖြင့် သူမအားပြန်လည်အသက်သွင်းနိုင်ပေသည်။
ထိုသို့ဖြင့် လုရှောင်ယန်ဟာ ကျင့်ကြံခြင်းသို့ထပ်မံဝင်ရောက်သွားပြန်သည်။
..
နောက်တစ်ဖက်တွင် ဗုဒ္ဓဘုရားကျောင်းအနီး၌ ဘုန်းတော်ကြီးအနည်းစုမှာ မြေပြင်သို့လဲကျနေပြနေပြီး ၎င်းတို့၏ခေါင်းမှာပြတ်နေကြသည်။
၎င်းတို့အနည်းစုမှာ ကောင်းကင်ထက်တွင် ရှိနေပြီး အဖြူရောင်ပုံရိပ်တစ်ခုဟာ နောက်ကျောထက်တွင် ဓားရှည်ကိုသယ်ဆောင်လျက် ဗုဒ္ဓဘုရားကျောင်းငယ်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။
ထိုပုံရိပ်မှာ လီချန်းရှန်ပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူဟာ အနီးရှိ ဗုဒ္ဓဂိုဏ်းခွဲငယ်များ အနည်းစုကိုဖျက်ဆီးခဲ့ပြီးဖြစ်သည်။ ကံမကောင်းစွာဖြင့် သူဟာ ကျူးကောကျီချုံကိုမရှာနိုင်သေးပါချေ။
တောင်ပေါ်ရှိ ဗုဒ္ဓကျောင်းငယ်အားကြည့်ကာ လီချန်းရှန်က ထူးမခြားနားပြောလိုက်သည်။
"အနီးအနားက ဘုရားကျောင်းငယ်တွေအကုန်လုံး ငါ့ကြောင့်မရှိတော့ပေမယ့်လည်း ဆရာတူညီမလေးကို မတွေ့သေးဘူး။ လင်းရှင်းယွဲ့မတိုင်ခင်ကပြောတာတော့ ဆရာတူညီမလေးရဲ့ကျင့်ကြံဆင့်က နတ်ဘုရားအားဖြစ်ပေါ်စေခြင်းပထမအဆင့်ကိုရောက်နေခဲ့ပြီး အဲ့ဒီ့ကတုံးရဲ့ကျင့်ကြံဆင့်က သူမထက်ပိုအားကောင်းတယ်ဆိုပဲ"
"သိသာတာကတော့ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်နဲ့အထက်ကျင့်ကြံဆင့်နဲ့ ဗုဒ္ဓအကြီးအကဲက ဒီဗုဒ္ဓဘုရားကျောင်းငယ်ထဲမှာပဲ။"
"ဒီတစ်ခေါက်တော့ ငါ့ကိုစိတ်မပျက်စေဖို့မျှော်လင့်မိတယ်။"
...
တစ်ဖက်တွင် အခြားသောပုံရိပ်တစ်ခုမှာ ကောင်းကင်ဓားသွားစင်မြင့်၏ဝင်ပေါက်တွင် ပေါ်ထွက်လာသည်။
"ရပ်လိုက်၊ မင်းကဘယ်သူလဲ?"
ကောင်းကင်ဓားသွားစင်မြင့်မှတပည့်လေးများသည် တစ်ဖက်လူကိုချက်ချင်းရှာတွေ့သွားပြီး အဝင်ဝတွင်ပိတ်ထားလိုက်သည်။
တစ်ဖက်လူမှာချက်ချင်းပင် သူ၏လက်များကိုထပ်ကာ ပြောလိုက်သည်။
"ဂျူနီယာလင်းရှင်းယွဲ့က ထိုက်ယိဓားတာအိုရဲ့မြင့်မြတ်သောသားတော် လီချန်းရှန်ရဲ့ အမိန့်အရ ကောင်းကင်ဓားသွားစင်မြင့်ရဲ့မြင့်မြတ်သောသားတော် စုန့်ရှင်းနျန်ကို အရိုအသေးပေးဖို့လာခဲ့တာပါ။ ဂျူနီယာမှာ ဖြတ်သန်းသွားဖို့အတွက် အရေးကြီးနေပါတယ်။"
၎င်းတို့အနည်းစုမှာ အချင်းချင်းကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများမှာရှုပ်ထွေးသွား၏။
"ထိုက်ယိဓားတာအိုရဲ့မြင့်မြတ်သောသားတော်က ကောင်းကင်ဓားသွားစင်မြင့်ရဲ့မြင့်မြတ်သောသားတော်ကိုဘယ်လိုသိမှာလဲ?"
"သူမကတစ်ခုခုဖြစ်စေနိုင်လား?"
"ဟေး၊ မင်းမှာသက်သေခံအမှတ်အသားတစ်ခုခုပါလား?"
"ပါပါတယ်!"
လင်းရှင်းယွဲ့ဟာ လီချန်းရှန်မှပေးထားခဲ့သော သက်သေခံအမှတ်အသားကိုထုတ်ယူလိုက်သည်။
တစ်ဖက်လူများမှာ အမှတ်အသားအားရရှိသည်နှင့် မထိန်းနိုင်ဘဲ အတန်ငယ်အံ့အားသင့်သွားသည်။
"ဒါကတကယ်ထိုက်ယိဓားတာအိုမြင့်မြတ်သောသားတော်ရဲ့ သက်သေခံအမှတ်အသားအစစ်ပဲ။"
တောင်ကိုစောင့်ကြပ်နေသောတပည့်လေးများမှာအချင်းချင်းကြည့်လိုက်ပြီး ချက်ချင်းပြန်ပြောလိုက်သည်။
"ဒီမှာစောင့်နေပါ။ ဝင်သွားပြီးတော့ မြင့်မြတ်သောသားတော်ကိုသတင်းပေးလိုက်ပါ့မယ်။"
"ကျေးဇူးတင်ပါတယ် စီနီယာတို့"
လင်းရှင်းယွဲ့ဟာ ကျေးဇူးတင်သည့်အနေနှင့် ဂါရဝပြုလိုက်ကာ တစ်ဖက်လူများမှာလည်းချက်ချင်းပင် တင်ပြရန် တောင်ဆီသို့ ဝင်ရောက်သွားသည်။
ထိုက်ယိဓားတာအိုနှင့် ကောင်းကင်ဓားသွားစင်မြင့်မှာ တစ်ခါတရံ လျှို့ဝှက်စွာ ယှဉ်ပြိုင်တတ်ကြသော်လည်း ဂိုဏ်းနှစ်ဂိုဏ်းစလုံးမှာ ဖြောင့်မတ်သောဂိုဏ်းများဖြစ်ကြပြီး မိတ်ဆွေများဟုယူဆနိုင်ပါသည်။
လင်းရှင်းယွဲ့မှာ သူမ ထိုက်ယိဓားတာအို၏ မြင့်မြတ်သောသားတော်အနေဖြင့် သက်သေခံအမှတ်တံဆိပ်ကိုထုတ်ပြလိုက်ကတည်းက ၎င်းတို့မှာသူမအား သံသယမရှိကြတော့ပါချေ။
မျှော်စင်ထက်မှ တေးသီသံကိုကြားချိန်တွင် တပည့်လေးမှာ မြင့်မြတ်သောသားတော်တောင်ထွဋ်သို့ရောက်နေပြီဖြစ်သည်။
"မြန်မြန်! မြန်မြန်!"
...
"သခင်လေး မြင့်မြတ်သောသားတော်ကအရမ်းစွမ်းအားကြီးမားတယ်။"
…
"မဟုတ်ဘူး၊ ဒီနေ့မှာ မြင့်မြတ်သောသားတော်ကအရမ်းကိုရဲရင့်တယ်။"
...
တောင်စောင့်တပည့်လေးမှာ ချက်ချင်းပင် ထူးဆန်းသည့်အမူအရာဖြစ်သွားသည်။
တစ်ခဏအကြာတွင် သူကချောင်းဟန့်ကာပြောလိုက်သည်။ "သခင်လေး မြင့်မြတ်သောသားတော်၊ ကျွန်တော့မှာတင်ပြစရာရှိပါတယ်။"
တပည့်လေးစကားဆုံးသည်နှင့် ကြွက်သားအပြည့်ဖြင့် ပုံရိပ်ဟာ ထပ်ခိုးမှပေါ်လာသည်။ သူဟာပြတင်းဘောင်အားမှီထား၏။ ထိုလူ၏ ခိုင်မြဲသောအကြည့်က တပည့်လေးအား တုန်လှုပ်ကြောက်ရွံ့စေသည်။
အားကောင်းလိုက်တဲ့ရောင်ဝါ!
ဒါက ထိုက်ယိဓားတာအိုတစ်ခုလုံးမှ ဓားတာအိုကိုကျင့်ကြံပြီး ထူးကဲသောဓားအငွေ့အသက်ရှိခြင်းနှင့်ပင်တူသေးသည်။
ကောင်းကင်ဓားသွားစင်မြင့်မှ တပည့်များမှာမူ ဓားမော့နည်းလမ်းများကိုကျင့်ကြံကြ၏။
ထို့ကြောင့် ဓားမော့အငွေ့အသက်ကိုကြည့်ခြင်းဖြင့် ထိုတပည့်လေးမှာ မြင့်မြတ်သောသားတော်က မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို အာရုံခံနိုင်ပေသည်။
"ဘာကိစ္စလဲ? မြင့်မြတ်သောသားတော်ကို ဒုက္ခပေးဖို့လိုအပ်လို့လား? ဒါကိုမင်းဘာသာကိုင်တွယ်လို့မရဘူးလား?"
ပိတ်ကျဲစဝတ်ရုံများကိုဝတ်ဆင်ထားသော လှပသည့်ပုံရိပ်လေးနှစ်ခုမှာလည်း ပြတင်းဘောင်မှသူတို့၏ခေါင်းလေးများထွက်ပြူလျက် ငုံ့ကြည့်လာကာ အမူအရာများမှာ မကျေနပ်ပုံပေါ်နေသည်။
တောင်စောင့်တပည့်လေးမှာ အလျင်စလိုပင်ပြန်ဖြေလိုက်သည်။
"ဒါက ကျွန်တော့ရဲ့အမှားမဟုတ်ပါဘူး။ ဒါက အမျိုးသမီးကျင့်ကြံသူတစ်ယောက်က သက်သေခံအမှတ်အသားကိုယူလာပြီး ထိုက်ယိဓားတာအိုရဲ့မြင့်မြတ်သောသားတော် အမိန့်နဲ့ သခင်လေးကိုရှာဖို့ ပြောလာလို့ပါ။"
"ဘယ်သူလို့ပြောလိုက်တာလဲ?"
စုန့်ရှင်းနျန်၏ငြိမ်းချမ်းနေခဲ့သောအမူအရာမှာ တမုဟုတ်ချင်းပင် ဆိုးဆိုးရွားရွားပြောင်းလဲသွား၏။
မိန်းမပျိုနှစ်ဦးဟာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"မြင့်မြတ်သောသားတော်၊ ဘာလို့ ထိုက်ယိဓားတာအိုရဲ့ မြင့်မြတ်သောသားတော်က လာနှောင့်ယှက်နေတာလဲ?"
"ဟုတ်တယ်။ ငါတို့ရဲ့ ကောင်းကင်ဓားသွားစင်မြင့်ကလည်း ထိုက်ယိဓားတာအိုထက်မနိမ့်ကျပါဘူး။ ငါတို့ရဲ့မြင့်မြတ်သောသားတော်ကို တွေ့ချင်တိုင်းတွေ့လို့ရမယ်များထင်နေတာလား?"
"သွားလိုက်တော့!"
စုန့်ရှင်းနျန်မှာ မိန်းမငယ်နှစ်ဦးအား အဝေးသို့တွန်းပို့လိုက်ပြီး တမုဟုတ်ချင်းပင် တောင်စောင့်တပည့်လေးအရှေ့ရှိ လှေကားသို့ရောက်ရှိလာသည်။
"သူမကို လာဖို့ အမိန့်ပေးတဲ့လူက ဘယ်သူလို့ပြောလိုက်တာ?"
"ထိုက်...ယိဓားတာအိုရဲ့မြင့်မြတ်သောသားတော်၊ လီချန်းရှန်ပါ"
"ဟားဟားဟားဟား...ငါသိသားပဲ! ငါသိသားပဲ! တလောကလုံးမှာ သူကလွဲပြီး ဘယ်သူကများ ထိုက်ယိဓားတာအိုရဲ့ မြင့်မြတ်သောသားတော်ဖြစ်နိုင်ဦးမှာလဲ!"
"ငါထင်တာ တကယ်မှန်နေတာပဲ!"
တောင်စောင့်တပည့်လေးများမှာ ကြောင်အသွားကြသည်။ စုန့်ရှင်းနျန်နှင့်ပက်သက်ပြီး ဘာကမှားနေသည်ကို သူတို့မသိကြပါချေ။
အထူးသဖြင့် ဒီအချိန်တွင် သူဟာ ပဝါလေးသာဝတ်ထား၏။ လေညင်းတစ်ချက်ဝှေ့လိုက်သည်နှင့် သူ၏အချောင်းမှာ လေတွင်ယမ်းသွား၏။
ဒီမြင်ကွင်းကတကယ်ကို...ကောင်းပြီ...နည်းနည်း ကြည့်မကောင်းဖြစ်နေသည်။
"သတင်းပို့သူကဘယ်မှာလဲ?"
"သူမကတောင်ခြေမှာပါ!"
တစ်ဖက်လူစကားဆုံးသည်နှင့် စုန့်ရှင်းနျန်မှာ နေရာမှချက်ချင်းပျောက်သွား၏။
သူပြန်ပေါ်လာချိန်တွင် တောင်ခြေသို့ရောက်နေပြီဖြစ်သည်။ သူဟာ မြင့်မြတ်သောသားတော်ဝတ်ရုံနှင့် သူရဲကောင်းသရဖူကိုပြောင်းလဲထားပြီးဖြစ်ကာ လွှမ်းမိုးနိုင်ကာ ခန့်ငြားသော ပုံသဏ္ဍာန်ဖြင့်ထွက်ပေါ်လာသည်။
"ကြိုဆိုပါတယ်၊ မြင့်မြတ်သောသားတော်"
အဝင်ဝကိုစောင့်ကြပ်နေသော တပည့်လေးများဟာ စုန့်ရှင်းနျန်အား ချက်ချင်းပင်ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။
စုန့်ရှင်းနျန်ဟာ စိတ်အတွင်းမှ ဖရိုဖရဲအတွေးများအား နောက်ပို့ထားပြီး ညင်သာစွာပြောလိုက်သည်။
"ထပါ"
"ကျေးဇူးတင်ပါတယ်၊ မြင့်မြတ်သောသားတော်"
လင်းရှင်းယွဲ့ကိုမြင်သော် စုန့်ရှင်းနျန်ဟာ ကူရာမဲ့စွာပြောလိုက်သည်။
"မင်းကို ဆရာတူအစ်ကို လေး ပို့လိုက်တာလား?"
လင်းရှင်းယွဲ့မှာခေါင်းငြိမ့်လိုက်သည်။
"အမှန်ပဲ။ ရှင်က စုန့်ရှင်းနျန်၊ ဟုတ်တယ်မလား?"
"ဒီမိန်းကလေး၊ မင်းက မြင့်မြတ်သောသားတော်ကို ဘယ်လိုလုပ် နာမည်တပ်ပြီးခေါ်ရဲရတာလဲ။ မင်းကသေချင်နေတာပဲ!"
ကောင်းကင်ဓားသွားစင်မြင့်မှ တပည့်မှာ ဒေါသထွက်သွားသည်။ သူ၏အရှိန်အဝါထွက်ပေါ်လာသည်နှင့် သူဟာ စုန့်ရှင်းနျန်၏ ဖိနှိပ်မှုကိုခံလိုက်ရသည်။
"တော်တော့!"
အော်သံနှင့်အတူ ၎င်းတို့အနည်းစုမှာ ကူကယ်ရာမဲ့ ကြောက်ရွံ့ကာ တုန်လှုပ်သွားကြသည်။ ဒါက သူတို့၏ခေါင်းထက်တွင် ဓားရှည်များကိုချိတ်ဆွဲလျက် အချိန်မရွေး ပိုင်းဖြတ်ကာ အသက်များကိုယူဆောင်တော့မလိုပါပင်။
ထိုမြင်ကွင်းက လင်းရှင်းယွဲ့၏နှလုံးအား မနေနိုင်ဘဲ တုန်ရီသွားစေ၏။
ဒါက အင်မတန်ကြောက်မက်ဖွယ်ပင်!
ဒါက သူမအဖေရဲ့တပည့်လား?
တပည့်တိုင်းဟာ စွမ်းအားကြီးကာ ပါရမီကောင်းပြီး ပြိုင်ဘက်ကင်းသည်ပင်!
ယခင်က ကျူးကောကျီချုံ၏ စွမ်းအားမှာ အင်မတ်ထိတ်လန့်ဖွယ်ကောင်းမနေပါသော်လည်း ထိုအချိန်က ကျူးကောကျီချုံမှာ နတ်ဘုရားလောကသို့ နှစ်အနည်းငယ်ကမှရောက်ရှိခဲ့ပြီး နတ်ဘုရားအားဖြစ်ပေါ်စေခြင်း ပထမအဆင့်သို့ ရောက်ရှိနေခဲ့ခြင်းပင်။
ပါရမီအနေနှင့်ဆိုလျှင် သူမဟာလည်း ကြောက်ရွံ့ဖွယ်တည်ရှိမှုပင်ဖြစ်သည်။
ထို့နောက်တွင် သူမတွေ့ဆုံခဲ့သည့် လီချန်းရှန်မှာ ပို၍ ရယ်စရာကောင်းလောက်အောင်ပင် စွမ်းအားကြီးကာကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ကျင့်ကြံဆင့်မှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအထွဋ်အထိပ်အဆင့်ကိုပင်ရောက်ရှိနေပြီးဖြစ်၏။
လက်ရှိစုန့်ရှင်းနျန်မှာမူ၊ သူလည်း အံ့အားသင့်ဖွယ်ရာပင်။
လင်းရှင်းယွဲ့မှာ စုန့်ရှင်းနျန်နှင့် လီချန်းရှန်မှာလည်း အချင်းချင်း ပြိုင်နေနိုင်သည်ဟု အာရုံခံမိသည်။ သူဟာည်း လီချန်းရှန်ထက်တော့ အတော်လေး အားနည်းနေမည်မဟုတ်ပါချေ။
ထိုသည်မှာ စုန့်ရှင်းနျန်သည်လည်း ဆယ်ပါးသောသိုင်းနတ်ဘုရားအထွဋ်အထိပ်အဆင့်သို့ရောက်ရှိနေသည်ဟု ဆိုလိုခြင်းပင်!
သူတို့အားလုံးကမကောင်းဆိုးဝါးတွေလား?
ဘယ်လိုများကျင့်ကြံကြတာလဲ?
ဒါပေါ့ ကြောက်မက်ဖွယ်အကောင်းဆုံးမှာ သူမ၏ဖခင်ပင်။
သူ၏တပည့်များရွေးချယ်ခြင်းအကြိုက်မှာ မကောင်းဆိုးဝါးဆန်နေပါလျှင် မကောင်းဆိုးဝါးအဆန်ဆုံးမှာ သူကိုယ်တိုင်ဖြစ်နေခြင်းမဟုတ်ပါလား?
အင်မတန်ကြောက်မက်ဖွယ်ရာပင်!
သက်ပြင်းချလျက်၊ တစ်ခုခုတော့မှားနေပြီ။ ဘာလို့သူ့ကိုထပ်ပြီး အဖေလို့ခေါ်နေမိရတာလဲ?
အားးးးးး!
သူမတော့ရူးနေပြီ!
လင်းရှင်းယွဲ့မှာ သူမ၏လက်သီးလေးများကိုတင်းတင်းဆုပ်လိုက်ပြီး သူမကိုယ်သူမ ပါးရိုက်လိုက်ချင်နေသည်။
သူမကဘာလို့ အရမ်းစိတ်အနှောင့်အယှက်ဖြစ်နေရတာလဲ?
သူမကတကယ်ကို အဖေတစ်ယောက်လိုချင်နေလို့များလား?
စုန့်ရှင်းနျန်မှာလည်း လင်းရှင်းယွဲ့၏အမူအရာများကိုမြင်ပြီး ကူရာမဲ့စွာ မျက်မှောင်ကျုံ့လိုက်၏။
သူ သူမကိုအပြစ်များပြုမိလို့လား?
ထိုမိန်းကလေးမှာ အဘယ့်ကြောင့် သူမ၏အဆုတ်များကွဲထွက်မတတ် ဒေါသဖြစ်နေရပါသနည်း?
သို့ရာတွင် ထိုမိန်းကလေးမှာ သူ၏ဆရာတူအစ်ကိုပို့လိုက်သောသူဖြစ်သည်။ သူဟာ ကောင်းကင်ဓားသွားစင်မြင့်၏ မြင့်မြတ်သောသားတော်အဖြစ် ပြုမူရန် မသင့်တော်ပါပေ။
"ဆရာတူအစ်ကို လေးက မင်းကို ကိစ္စတစ်ခုခုမရှိဘဲနဲ့တော့ မပို့လောက်ဘူးမလား? သူဘာလို့ငါ့ကိုရှာနေတာတဲ့လဲ?"
လင်းရှင်းယွဲ့မှာ နိုးလာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
"ဒါကဒီလိုပါ။ ရှင့်ရဲ့ ဆရာတူအစ်မကို ဗုဒ္ဓဂိုဏ်းက ဖမ်းသွားတယ်! လီချန်းရှန်က သူမကိုကယ်ဖို့သွားနှင့်ပြီ။ သူက ကျွန်မကို ရှင့်ဆီလာပြောဖို့ တောင်းဆိုထားလို့ပါ။"
"သေလိုက်ပါတော့! အဲ့ဒီကတုံးတွေက တကယ်ကြီး ငါ့ရဲ့ဆရာတူအစ်မကိုဖမ်းရဲတယ်လား? သူတို့ကအသက်ရှင်ရတာပင်ပန်းနေပြီလား?"
စုန့်ရှင်းနျန်ဟာ ဒေါသထွက်လွန်းသဖြင့်နေရာ၌ပင်ဆဲရေးလိုက်သည်။
ဆရာ၏ တပည့်ကိုးယောက်အကြားတွင် မိန်းကလေးတပည့်နှစ်ဦးသာရှိသည်။
မိန်းမနှင့် ယောက်ျားအချိုးမှာ အံ့အားသင့်စရာ ခုနှစ်မှ နှစ်ဖြစ်သည်။
ထိုအခြေအနေတွင် ဆရာတူအစ်မတိုင်းဟာ ရတနာဖြစ်သည်။
သူတို့မှာ ကာကွယ်ရမည့် ပုလဲလုံးလေးများပင်။
အခုတွင် ၎င်းတို့ထဲမှတစ်ဦးမှာ ကတုံးအုပ်စု၏အဖမ်းခံလိုက်ရသည်!
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
"ငါ့ကို အဲ့ဒီကိုခေါ်သွားပေး! မြန်မြန်! ငါ့ကို ချက်ချင်း အဲ့ဒီ့ကိုခေါ်သွားပေး!"
"ကောင်းပြီ!"
၎င်းတို့နှစ်ဦး ထွက်သွားမည့်ဆဲဆဲမှာပင် တောင်စောင့်တပည့်လေးများမှာ အလျင်စလိုပြောလာသည်။
"မြင့်မြတ်သောသားတော်၊ တောင်ကနေ သာမန်ကာလျှံကာထွက်သွားလို့မရပါဘူး! အပြင်ဘက်မှာ အရမ်းအန္တရာယ်များပါတယ်။ မင်းသာ ဒုက္ခတစ်ခုခုနဲ့ကြုံရရင် အကျိုးဆက်ကို ကျွန်တော်တို့ခံနိုင်ရည်မရှိပါဘူး။"
"ငါက တစ်ယောက်ယောက်ကိုကယ်ဖို့ ထွက်သွားတယ်လို့ သွားပြီးတော့ ဂိုဏ်းချုပ်ကိုပြောလိုက်ပါ။ မစိုးရိမ်ဖို့လည်းပြောလိုက်ပါ။"
လင်းရှင်းယွဲ့မှာ အတန်ငယ်ပဟေဠိဖြစ်သွားသည်။
"ရှင့်ရဲ့ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းချုပ်ကသဘောတူပါ့မလား? ရှင့်ရဲ့ ဂိုဏ်းချုပ်က အပြစ်မပေးလောက်ဘူးလား?"
"ငရဲလိုပဲ ပေးလိမ့်မယ်။ ငါ့ကိုသာအပြစ်ပေးရဲရင် ငါပြန်လာပြီး တစ်ညလုံး သူမကို ရိုက်လိုက်မယ်။" (ဒီနေရာမှာ ရိုက်တာက ‘တင်ပါးကိုရိုက်’ ကိုသုံးထားတာပါ :3)
လင်းရှင်းယွဲ့၏မျက်နှာမှာ မထိန်းနိုင်ဘဲ အတန်ငယ်ရှုံ့တွသွားသည်။
"ခဏ၊ ရှင့်ရဲ့ ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းချုပ်က မိန်းမတစ်ယောက်လား? ရှင်က သူမရဲ့ တင်ပါးကိုတောင်ရိုက်နိုင်တယ်ပေါ့? ဒါက... ရှင်တို့နှစ်ယောက်ကြားမှာ တစ်ခုခုများရှိနေလို့လား?"
"ဘာလို့လဲ? ငါတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိလို့မရဘူးလား?"
"အာ... သူမက နတ်ဘုရားလောကရဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။ သူမက အသက်ဘယ်လောက်ရှိပြီလဲ။"
စုန့်ရှင်းနျန်မှာ သူမအား အထင်အမြင်သေးသလိုကြည့်လိုက်သည်။
"မင်းဘာသိလို့လဲ? လူငယ်တစ်ယောက်က မိန်းမတစ်ယောက်နဲ့ ဘယ်လိုနေရမလဲကိုမသိရင် အရှုံးပဲရှိမှာပေါ့။ မိန်းကလေးတစ်ယောက်က ငါ့ထက် သုံးနှစ်ပိုကြီးရင် သူမကငါ့ကိုချမ်းသာအောင် ကူညီပေးလိမ့်မယ်။ မိန်းကလေးတစ်ယောက်က နှစ်သုံးထောင်ပိုကြီးနေမယ်ဆိုရင်တော့ သူမကငါ့ကို မသေမျိုးဖြစ်လာဖို့ကူညီလိမ့်မယ်!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၃။ အပိုင်း ၃၃၅ ကြီးမြတ်သောဓား
လင်းရှင်းယွဲ့ : "..."
"ရှင့်ဂိုဏ်းချုပ်က ရှင့်ကို မိန်းမတွေနဲ့ နီးစပ်တာကို တားမြစ်မထားဘူးလား?"
"ဆရာပြောတာကတော့ လူတွေက လိုက်လျောညီထွေဖြစ်ရမယ်တဲ့။ ဆရာ့ဘေးမှာရှိတုန်းက ငါ့ဆီမှာ ကျင့်ကြံခြင်းရင်းမြစ် အမျိုးစုံတွေ ဆေးလုံးတွေနဲ့ သုံးမကုန်တဲ့ပစ္စည်းတွေ အများကြီးရှိခဲ့တယ်။ အဲ့တုန်းကဆိုရင် မိန်းမတွေနားကပ်ဖို့မလိုခဲ့ဘူး။"
"အခု ငါကနတ်ဘုရားလောကကြီးကိုရောက်လာပြီး တချို့ကျင့်ကြံခြင်းရင်းမြစ်တွေရဖို့ ငါ့ရဲ့ခန့်ညားတဲ့သွင်ပြင်နဲ့ ထူးချွန်မှုတွေကိုသာမမှီခိုနေရင် ငါ့ရဲ့ကျင့်ကြံဆင့်ကိုဘယ်လိုမြှင့်နိုင်ပါ့မလဲ?"
"ရှင် မရှက်ဘူးလား?"
"ဘာကိုရှက်ရမှာလဲ? နတ်ဘုရားလောကရဲ့ကောင်းကင်ဓားသွားတစ်ဂိုဏ်းလုံးမှာ ဂုဏ်သရေရှိဂိုဏ်းချုပ်ရဲ့ ငါ့အတွက်ထမ်းဆောင်ပေးမယ့် ပညာရှင်တွေအများကြီးရှိတယ်လေ။ မင်းသာဆိုရင်လည်း ဒီလိုသက်တောင့်သက်သာဘဝကိုငြင်းဆန်မှာတဲ့လား?"
"အရှက်ထပ်မရှိလို့မရတော့ဘူးလား? ရှင့်မျက်နှာပြစရာမရှိမှာမကြောက်ဘူးလား?"
"ငါလိုချင်တာက အောင်အောင်မြင်မြင်ကျင့်ကြံဖို့ပါပဲ။ ငါကမျက်နှာမလိုချင်ပါဘူး။ မျက်နှာက စားလို့ရလား? စားလို့ရနိုင်လို့လား?"
လင်းရှင်းယွဲ့ : "..."
သူမဟာ လုံးဝကိုပြောစရာမဲ့သွားသည်။
ထိုအခိုက်တွင် သူမမှာရုတ်တရတ်ခံစားချက်တစ်ခုပေါ်လာ၏။
တစ်ယောက်ယောက်သာလုရှောင်ယန်၏ တပည့်ဖြစ်လာသည်နှင့် သူတို့ဟာလုရှောင်ယန်နှင့်တူမည်ဖြစ်သည်။
"တကယ်တော့ ပြောပါရစေ။ ဘဝကောင်းလေးတစ်ခုရဖို့ကလည်း အရေးကြီးပါတယ်။ မိန်းမတစ်ယောက်နဲ့အတူနေရဖို့က ငါ့အတွက်လွယ်တယ်လို့မထင်ဘူးလား။"
အများအားဖြင့် ယောက်ျားများက မိန်းမများကိုမှီခိုပါလျှင် ၎င်းတို့မှာ ဖိနပ်လျက်သူများသာဖြစ်လာလိမ့်မည်။
သူဟာမိန်းမတစ်ယောက်နှင့်နေပြီး ဒါကိုကောင်းကောင်းကိုင်တွယ်နိုင်ပါသည်။ သူဟာထိုမိန်းမကိုသာ ဖိနပ်လျက်သူဖြစ်အောင်လုပ်လိုက်မည်!
"ငါက မိန်းမမှီခိုသူတွေရဲ့ဘုရင်ဖြစ်ချင်တဲ့ ယောက်ျားတစ်ယောက်ပဲ!"
လင်းရှင်းယွဲ့ဟာ အေးစက်မှုတစ်ခုကိုခံစားလိုက်ရကာ သူမနှင့် စုန့်ရှင်းနျန်အကြားတွင်အကွာအဝေးတစ်ချို့ခြားလိုက်သည်။
စုန့်ရှင်းနျန်ဟာ သူမအား အပြစ်ပြုမိသလိုကြည့်လိုက်သည်။
"မင်းဘာလို့ငါ့ကိုရှောင်နေတာလဲ? မင်းက နတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင်တောင်မဟုတ်ဘူး။ ငါကမင်းကိုကြိုက်မယ်လို့များထင်နေလား? ပြောရရင် မင်းရဲ့ကျင့်ကြံဆင့်က နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်တောင်မရောက်သေးဘူး၊ ငါကမင်းကိုအာရုံစိုက်ဖို့တွေးတောင်မတွေးဘူး။"
လင်းရှင်းယွဲ့ : "..."
...
ဗုဒ္ဓဘုရားကျောင်းငယ်မှာ တိတ်ဆိတ်ကာငြိမ်းချမ်းနေသည်။
ဘုရားကျောင်းခန်းမတွင် ဆရာတော်နှင့် အကြီးအကဲများမှာ ၎င်းတို့လက်ထဲရှိ စိတ်သက်သာရာရသည့်အမူအရာများဖြင့်ကြည့်နေသည်။
"အမှန်ပဲ။ ဆယ်စုနှစ်များစွာစုဆောင်းပြီးနောက်မှာ ငါတို့ရဲ့ဘုရားကျောင်းငယ်လေးကနောက်ဆုံးတော့ မိစ္ဆာ တစ်သိန်းကိုစုလိုက်နိုင်ပြီ။ ဒါက ဗောဓိဘုရားကျောင်းကိုတင်ပြဖို့လုံလောက်နေပြီ။"
"အမိတာဘ၊ ငါတို့ရဲ့ဘုရားကျောင်းငယ်လေးက ဒီတစ်ခေါက် နတ်ဆိုးသုတ်သင်ခြင်းအစည်းအဝေးမှာ ဗုဒ္ဓဓမ္မနဲ့ ကျင့်ကြံခြင်းရင်းမြစ်တွေပိုရဖို့မျှော်လင့်တယ်။
အားလုံးဟာပျော်ရွှင်နေကြသည်။ ရုတ်ရတ် တောင်ခြေမှ ပေါက်ကွဲသံထွက်ပေါ်လာသည်။
တစ်ခဏအတွင်းမှာပင် ဗုဒ္ဓဘုရားကျောင်းငယ်ထဲရှိ ဘုန်းကြီးများအားလုံးဟာ အံ့အားသင့်သွားကာ ဘုရားကျောင်းလမ်းဆုံသို့ရောက်ရှိလာကြသည်။
"ဘာဖြစ်တာလဲ?"
"ဒီတောင်က အရမ်းအားကြီးတယ်။ နတ်ဆိုးတစ်ကောင်ကလာပြီး ဒုက္ခရှာတာဖြစ်နိုင်လား?"
"ဒါပေမယ့် ဘာလို့ ဘယ်နတ်ဆိုးရောင်ဝါကိုမှ အာရုံမခံနိုင်ရတာလဲ?"
ဆရာတော်နှင့် အခြားအကြီးအကဲများမှာ မျက်ခုံးများအတန်ငယ်မြင့်တက်သွားကြသည်။
"တစ်ယောက်ယောက်ကတော့ ငါတို့ရဲ့ဗုဒ္ဓဘုရားကျောင်းငယ်ကို စိတ်မကျေနပ်ဖြစ်နေပုံရတယ်။ ဒါပေမယ့် ဒါကအဆင်ပြေပါတယ်။ ငါတို့ဗုဒ္ဓဘုရားကျောင်းငယ်မှာ အဝင်ဝကိုစောင့်ကြပ်နေတဲ့ ရဟန္တာတွေရှိတယ်။ ဗုဒ္ဓဂိုဏ်းရဲ့ ကြေးလူသား ၁၈ပါး အစီအရင်နဲ့ တစ်ဖက်လူက နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကိုရောက်နေရင်တောင် စိတ်ပူစရာမလိုပါဘူး။"
သူစကားဆုံးသည်နှင့် ဘုန်းကြီးငယ်တစ်ပါးမှာ ပြေးဝင်လာကာ ဆရာတော်ဆီဂါရဝပြုလိုက်သည်။
"ဆရာတော်၊ မကောင်းတာတစ်ခုခုဖြစ်နေပါပြီ။ ရဟန္တာ၁၈ပါး အသတ်ခံလိုက်ရပြီ။"
"ဘာ?"
လူတိုင်းဟာ အံ့အားသင့်သွားသည်။
ဆရာတော်ဟာ အတန်ငယ်မျက်မှောင်ကျုံ့လိုက်သည်။
"တစ်ဖက်လူက နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကိုပဲထုတ်ပြထားပါတယ်။ ဒါပေမယ့် သူပြခဲ့တဲ့တကယ့်ခွန်အားက နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ကိုကျော်လွန်နေပါပြီ။ သူကကျင့်ကြံခြင်းအစစ်အမှန်ကို ဖုံးကွယ်ထားပုံပါပဲ။"
ရပ်ပြီးနောက်တွင် သူဟာ ထပ်မံပြုံးကာပြောလိုက်သည်။
"ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ ရဟန္တာ ဆယ့်ရှစ်ပါးပြီးရင် ဝါဂျရာလေးပါးရှိသေးတယ်။ သူတို့ရဲ့ကျင့်ကြံဆင့်တွေကအရမ်းအားကောင်းပြီး နတ်ဘုရားအားဖန်ဆင်းခြင်းအထွဋ်အထိပ်အဆင့်ကို အကုန်ရောက်နေကြပြီ။ ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ ဝါဂျရာလေးပါးသာအတူတကွတိုက်ခိုက်ရင် သူတို့က ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ကိုတောင်တိုက်ခိုက်နိုင်တယ်။"
သို့သော် စကားဆုံးသည်နှင့် နောက်ထပ်သာမဏေတစ်ပါးဟာသွေးများလွှမ်းလျက် ခန်းမထဲသို့ တွားသွားဝင်ရောက်လာသည်။
"ဆရာတော်၊ မကောင်းတာတစ်ခုတော့ဖြစ်နေပြီ။ ဝါဂျရာလေးပါးစလုံး လုံးဝအသတ်ခံလိုက်ရပြီ။"
"ဘာပြောလိုက်တယ်?"
ဆရာတော်ဟာ ချက်ချင်းပင်ကြောင်အသွားသည်။ အခြားသူများ၏အမူအရာမှာ ပို၍ပင်အရောင်စုံနေ၏။
ဝါဂျရာလေးပါးသည်ပင် ဖျက်ဆီးခံလိုက်ရသည်။ ထိုကောင်၏စွမ်းပကားမှာ အနည်းငယ် ထူးခြားနေသည်။
"ဆရာတော်၊ မစိုးရိမ်ပါနဲ့။ ကျွန်တော် သူ့ကိုသွားတွေ့လိုက်ပါမယ်။"
ထိုအသံကိုကြားသော် ဆရာတော်၏အမူအရာမှာ ပြန်လည်ပျော်ရွှင်သွားသည်။
"ဟီးဟီးဟီးဟီး...ကျွယ်ယွမ်သာ အနားရှိနေရင် ဒီအချိန်တော့ အဆင်ပြေပါပြီ။"
တောင်ဘက်တွင် လီချန်းရှန်၏ဝတ်ရုံမှာ လက်များကိုနောက်ပစ်ကာ တဖြည်းဖြည်းလှမ်းလျှောက်နေချိန်တွင် တလွင့်လွင့်ဖြစ်နေ၏။
သူ၏ခြေလှမ်းများမှာ နှေးကွေးပုံပေါ်နေသော်လည်း သူဟာမီတာပေါင်းတစ်သောင်းအား ခြေတစ်လှမ်းလှမ်းနေသည်ပင်!
များစွာသောကြယ်တာရာဓားအလင်းတန်းများမှာ သူ့အားခြံရံထားကြသည်။
ဒါက သူ့အား တုနှိုင်းမဲ့ ဓားတန်ခိုးရှင်နှင့်ပင် တူညီနေစေသည်။
မီတာတစ်သောင်းအတွင်း ပုံရိပ်တစ်ခု လီချန်းရှန်၏မြင်ကွင်းသို့ဝင်လာသည်နှင့် သူ၏ကြယ်တာရာဓားအလင်းမှာ တစ်ဖက်လူဆီသို့ ပျံထွက်သွားသည်။
ဓားအလင်းတန်း လက်သည့်အချိန်တွင် ခေါင်းများဝဲပျံကာ မည်သူမျှ အသက်မရှင်ကြပေ။
ဓားတာအိုကျင့်ကြံသူများဟာ သတ္တိရှိရှိတိုးတက်နိုင်ရမည်ဟု သူ၏စီနီယာက တစ်ခါပြောခဲ့ဖူးသည်။
သူနှင့် ရင်ဆိုင်သမျှလူတိုင်းကို သတ်မည်ဖြစ်သည်။
သူ၏ဆရာတူညီမလေးအားဖမ်းသည့်သူ မည်သူဆိုသည်ကိုဂရုမစိုက်ပါချေ။ တစ်ဖက်လူက ဗုဒ္ဓဂိုဏ်းမှဖြစ်နေကတည်း ဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းသားတိုင်းတွင် အပြစ်ရှိသည်။
ထိုအခိုက်တွင် နောက်ထပ် ကြယ်တာရာဓားအလင်းက ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကိုအဆုံးသတ်ရန် ပျံထွက်သွားပြန်သည်။
သို့သော် ထိုအခိုက်တွင် ရွှေရောင်အလင်းတစ်ပြဟာ ကျဆင်းလာပြီး ကြယ်တာရာဓားအလင်းအား ပြန့်ကျဲစေလိုက်သည်။
"အမိတာဘ!"
ဓားရောင်ဝါပြန့်ကျဲသွားခိုက်တွင် အလစ်တိုက်မှုတစ်ခုထွက်လာကာ ဗုဒ္ဓဘာသာဘုန်းကြီးအား ပျံထွက်သွားစေသည်။
သို့သော် သူဟာမြေပေါ်သို့ပြင်းစွာ ကျဆင်းမလာခဲ့ပါချေ။ ထိုအစား သူ့အားကောင်းကင်ယံတွင် ကြီးမားသော လက်မှရပ်တန့်လိုက်သည်။
သာမဏေဗုဒ္ဓဘာသာဘုန်းကြီးမှာ အင်မတန်စိတ်လှုပ်ရှားသွားသည်။
"ဆရာတော် ကျွယ်ယန်!"
ကျွယ်ယန်ဟာမြေပေါ်သို့ဆင်းသက်လိုက်ကာ သူ့အားဘေးသို့ပို့လိုက်သည်။
အစမှအဆုံးထိ သူဟာလီချန်းရှန်ထံမှ အကြည့်မလွှဲပါချေ။
"မင်းဆီမှာ ဘာ နတ်ဆိုးရောင်ဝါမှလည်းမရှိပါဘူး။ အသေအချာကိုပဲ မင်းက မိစ္ဆာတာအိုကမဟုတ်ဘူး။ မင်းက ဘာကြောင့် ငါတို့ဗုဒ္ဓဘုရားကျောင်းငယ်ကိုလာပြီး ပြဿနာရှာရတာလဲ?"
လီချန်းရှန်၏ အကြည့်မှာတည်ငြိမ်နေပြီး မျက်လုံးများမှာ ကြယ်များကဲ့သို့ပင်။ ပစ်လွှတ်လိုက်သော ဓားအလင်းမှာ အရာအားလုံးကိုထိုးဖောက်သွားရန် လုံလောက်သည်။
"မေးပါရစေ။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက မင်းတို့ ဗုဒ္ဓဘုရားကျောင်းငယ်ကနေ နတ်ဘုရားအားဖန်ဆင်းခြင်း ပထမအဆင့်ဇွန်ဘီတစ်ကောင်ကိုဖမ်းထားခဲ့လား?"
"နတ်ဘုရားအားဖန်ဆင်းခြင်းပထမအဆင့်ဇွန်ဘီ?"
ကျွယ်ယန်ဟာ ခဏမျှကြောင်အသွားကာ ဆက်ပြောလိုက်သည်။
"ငါသိပြီ။ ငါနားလည်ပြီ။ မင်းနဲ့အဲ့ဒီ ဇွန်ဘီလေးက နက်နဲတဲ့ဆက်ဆံရေးရှိပုံပဲ။"
လီချန်းရှန်ဟာ သူ၏မျက်လုံးများကိုမှေးကျဉ်းလိုက်သည်။
"ငါ့ရဲ့ဆရာတူညီမလေးကို တကယ်ကိုပဲ မင်းတို့ဗုဒ္ဓဘုရားကျောင်းငယ်ကဖမ်းသွားတာပဲ။"
"အမှန်ပဲ။ ဒါတင်မကသေးဘူး သူမကိုဖမ်းခဲ့တာက ငါပဲ။ သူမကဇွန်ဘီတစ်ကောင်ဖြစ်ပြီး နတ်ဆိုးလည်းဖြစ်တယ်။ ဗုဒ္ဓဂိုဏ်းနဲ့ဖြောင့်မတ်သောဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီလောကရဲ့လုံခြုံမှုကိုအာမခံနိုင်ဖို့ မိစ္ဆာတွေနဲ့ နတ်ဆိုးတွေကို သုတ်သင်ဖို့တာဝန်ရှိတယ်။
"ဒါဆို... မင်းရဲ့လုံခြုံမှုကိုတော့ ဘယ်သူမှအာမမခံနိုင်ဘူး"
သူ့စကားဆုံးသည်နှင့် အတွေးတစ်ခုနှင့်ပင် ကြယ်တာရာဓားအလင်း ဆယ့်သုံးခုဟာ တစ်ချိန်တည်းမှာပင် တောက်လောင်သွားသည်။
ထက်မြိသောဓားရောင်ဝါမှာ တောင်တစ်ခုလုံးအားလွှမ်းခြုံသွားသည်။ ဓားရောင်ဝါမှာ လေကိုသာဖြတ်လိုက်သော်လည်း ဓားအမှတ်အသားများဟာ ၎င်းဖြတ်သွားသည့်နေရာတိုင်းမှ မြေပြင်တွင် ကျန်ရှိခဲ့သည်။ ဤသည်မှာ မကောင်းဆိုးရွားများက မြေအောက်တွင်လျှောက်လှမ်းနေကြသည့်အတိုင်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ကြယ်တာရာဓားအလင်းတန်း ဆယ်သုံးခုမှာ တစ်ခဏအတွင်းပင် ကျွယ်ယန်အရှေ့သို့ရောက်ရှိသွားသည်။
"အမိတာဘ"
ကျွယ်ယန်ဟာ ငြင်သာစွာရှောင်တိမ်းလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ကိုယ်ပေါ်အား ရွှေရောင်အကာအကွယ်နှင့် ချက်ချင်းကာရံလိုက်သည်။
ဘန်း ဘန်း ဘန်း...
ကြယ်တာရာဓားအလင်းတန်းမှာ ရွှေရောင်အကာအကွယ်အားတိုက်ခိုက်ချိန်တွင် အလင်းပွားများထွက်ပေါ်လာသည်။
အကာအကွယ်တစ်ခုလုံးမှာ တုန်ရီလာပြီး အက်ကွဲလုနီးပါးပင်။
ကျွယ်ယန်မှာ သူ၏မျက်လုံးများကိုမှေးကျဉ်းလိုက်သည်။
အားကောင်းလိုက်တာ!
သို့သော်တစ်ဖက်လူ၏အမူအရာမှာအလွန်တည်ငြိမ်နေပြီး အားကုန်ထုတ်မသုံးထားသလိုပါပင်!
တစ်ခုခုတော့မှားနေပြီ!
ကျွယ်ယန်မှာ ချက်ချင်းတုံ့ပြန်လိုက်ပြီး တစ်ဖက်သို့လှည့်လိုက်သည်။ တကယ်ကိုပင် လီချန်းရှန်မှာ ဓားရောင်ဝါဆယ့်လေးခုကိုထုတ်လွှတ်လိုက်သည်။
ဓားရောင်ဝါထဲမှ တစ်ခုမှာ သာမဏေဘုန်းကြီး၏လည်ပင်းကို ကာလိုက်သည်နှင့် ဖြတ်တောက်သွားသည်။
တစ်ခဏအတွင်းတွင် သွေးများပျံထွက်လာပြီး သူ၏ခေါင်းမှာ သီးခြားဖြစ်သွား၏။
ကျွယ်ယန်၏အမူအရာမှာ တမုဟုတ်ချင်းပင် အင်မတန်အေးစက်သွားသည်။
"မင်း! သေစမ်း!"
ခပ်နိမ့်နိမ့်ဟိန်းသံနှင့်အတူ သူ၏ကိုယ်မှ ဗုဒ္ဓအလင်းမှာ တမုဟုတ်ချင်းပေါက်ကွဲကာ ချက်ချင်းပင် လီချန်းရှန်၏ ကြယ်တာရာဓားအလင်းဆယ့်သုံးခုအား ပြန့်ကျဲစေလိုက်သည်။
ထို့နောက်တွင် သူဟာ ရွှေရောင်သပိတ်ကိုကိုင်ဆောင်လျက် လီချန်းရှန်ထံဦးတည်လိုက်သည်။
လီချန်းရှန်မှာ မခုခံဘဲ တစ်ဖက်လူအား သပိတ်ဖြင့်ပြေးလာစေရန်ခွင့်ပြုလိုက်သည်။
ကျွယ်ယန်၏အရှိန်မှာ အင်မတန်မြန်လှသည်။ ၀.၀၀၁စက္ကန့်အတွင်းမှာပင် သူဟာ ၎င်းတို့အကြားမှ အကွာအဝေးကိုနီးစပ်စေလိုက်သည်။
တစ်ရာမီတာ၊ ငါးဆယ်မီတာ၊ ဆယ်မီတာ၊ တစ်မီတာ!
ကျွယ်ယန်၏ကိုယ် လီချန်းရှန်ရှေ့သို့ရောက်သောအခါတွင် ပျက်ရယ်ပြု လှောင်ရိပ်တစ်ခုက လီချန်းရှန်၏မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသည်။
နောက်တစ်စက္ကန့်တွင် သူ၏အနားရှိ ဓားအလင်းမှာ ကိုးမီတာရှည်သောကြယ်တာရာဓားအလင်းအဖြစ်သို့ဖွဲ့စည်းသွားသည်။ ၎င်းမှာ ပြိုင်ဘက်ကင်းထက်မြိနေရုံသာမက ကြောက်ရွံ့ဖွယ်တုနှိုင်းမဲ့ဖိအားများနှင့် ရောယှက်နေသေးသည်။
ဓားအလင်းတန်း၏အစွမ်းကိုအာရုံခံပြီး ကျွယ်ယန်၏ မျက်စိသူငယ်အိမ်များမှာလုံးဝပြူးကျယ်သွားသည်။ သူဟာ ထိုဓားအလင်းတစ်ခုမှာ ရပ်တန့်ခြင်းမရှိဘဲ တမုဟုတ်ချင်းပင် သူ၏နတ်လက်နက်နှင့် သပိတ်အား အက်ကွဲစေသည်ကိုခံစားလိုက်ရသည်။
ထို့နောက်တွင် ၎င်းမှာ သူ၏မျက်လုံးထဲတွင်ကြီးသထက်ကြီးလာသည်!
…
ဗုဒ္ဓဘုရားကျောင်းငယ်၏ခန်းမတွင် အကြီးအကဲများဟာ အပြုံးများဖြင့်ဆွေးနွေးနေကြသည်။
"အကြီးအကဲကျွယ်ယန် တောင်ကနေထွက်သွားကတည်းက ဒါဇင်ချီတဲ့ အသက်ရှူသံတွေပျောက်သွားတယ်။ သူတို့အခုထိတိုက်နေသေးတာလား။ ကြည့်ရတာ တစ်ဖက်လူက ဆရာတော်ကျွယ်ယန်ရဲ့ပြိုင်ဘက်ဖြစ်ပုံမရဘူး။"
"ဟီးဟီးဟီးဟီး...ဒါပေါ့။ ကျွယ်ယန်ကနှစ်ရာပေါင်းများစွာ ကျုပ်တို့ ဗုဒ္ဓဘုရားကျောင်းငယ်ရဲ့ အတောက်ပဆုံး ပါရမီရှင်ပဲလေ။ သူ့ရဲ့ကျင့်ကြံဆင့်ကအရမ်းအားကောင်းပြီး သူ့ရဲ့တိုးတက်မှုနှုန်းကလည်းအရမ်းမြန်တယ်၊ အဆင့်မြင့်ဂိုဏ်းခွဲတွေနဲ့ယှဉ်ရင်တောင်မှပေါ့။ ဒါက အင်မတန်ကြောက်မက်ဖွယ်ရာပါပဲ။"
ဆရာတော်ဟာ မျက်လုံးများကိုအနည်းငယ်မှေးကျဉ်းလိုက်ပြီး တည်ငြိမ်သောအပြုံးတစ်စရှိနေသည်။
ဗုဒ္ဓဘုရားကျောင်းငယ်က ပါရမီရှင်တစ်ယောက်ကိုထုတ်ပေးနိုင်သည်မှာ သူ့အတွက်ကောင်းသည့်အရာလည်းဖြစ်သည်။
သူဟာဗုဒ္ဓတာအိုအား ငြိမ်းငြိမ်းချမ်းချမ်းကျင့်ကြံရန် အရင်အချိန်တွေကိုပြန်သွားရမည်ဟုထင်မိသည်။
သို့ရာတွင် ထိုအခိုက်၌ ပြင်းထန်သောပေါက်ကွဲသံက တောင်ခြေမှထွက်ပေါ်လာ၏။
ဘုန်း!
ထိတ်လန့်ဖွယ်ပေါက်ကွဲသံမှာ ဗုဒ္ဓဘုရားကျောင်းငယ်တစ်ခုလုံးအား တုန်ရီသွားစေသည်။
"ဘာဖြစ်တာလဲ?"
"ဘာလို့အဲ့ဒီမှာ မငြိမ်မသက်ဖြစ်နေရသေးတာလဲ?"
တစ်ခဏအကြာတွင် ရဟန်းငယ်တစ်ပါးဟာအလျင်အမြန်ပြေးဝင်လာပြီး ကြောက်ရွံ့နေသောအမူအရာဖြင့်ပြောလိုက်သည်။
"ဆရာတော်၊ မကောင်းတော့ဘူး! အကြီးအကဲကျွယ်ယန်အသတ်ခံလိုက်ရပြီ!"
"မင်းဘာပြောလိုက်တယ်?"
ထိုအခိုက်တွင် ခန်းမထဲရှိအားလုံးမှာ ထိတ်လန့်သွားကြသည်။
ဒါကကျွယ်ယန်လေ!
သူတို့ဗုဒ္ဓဘုရားကျောင်းငယ်ရဲ့ နံပါတ်တစ်ပါရမီရှင်ပဲ!
ဒါ့အပြင် သူဟာပါရမီရှင်ဖြစ်ရုံသာမက သူ၏ကျင့်ကြံဆင့်မှာ အင်မတန်အားကောင်းသောဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။
သို့သော်၊ သူဟာယခုပဲအသတ်ခံလိုက်ရ၏!
တစ်ခဏအကြာတွင် ဆရာတော်မှာ ပြန်လည်အဆင်ပြေသွားသည်။ သူဟာအသက်ပြင်းပြင်းရှူကာ အင်မတန်လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။
"ငါတို့ဗုဒ္ဓဘုရားကျောင်းငယ်က အခုချိန်မှာဒုက္ခတစ်ခုခုနဲ့ကြုံနေတဲ့ပုံပဲ။ ဒီလိုဆိုရင် ငါ့ရဲ့ဆရာတူညီလေးတွေကို တောင်ဆီလာပြီး နတ်ဆိုးတွေကိုဖျက်ဆီးဖို့အကူအညီတောင်းနိုင်ဖို့ပဲရှိတော့တယ်။"
"ဆရာတူအကိုအမတို့ ဘယ်သူကကျုပ်တို့ ဗုဒ္ဓဘုရားကျောင်းရဲ့ ပူပန်မှုတွေကို ဖြေရှင်းဖို့ရာ ထွက်သွားဖို့ဆန္ဒရှိသလဲ?"
"ဆရာတော်၊ ကျုပ်တို့သွားချင်ပါတယ်။"
"ကောင်းပြီ ဒါဆိုရင် အဲ့ဒီလူကို ငါတို့ရဲ့ ဗုဒ္ဓဘုရားကျောင်းဆီကျူးကျော်မိခဲ့တဲ့တန်ဖိုးကိုသိခွင့်ပေးလိုက်!"
"ကောင်းပါပြီ!"
လူတိုင်းဟာ တညီတညွတ်တည်းအော်ကာ ပြန်ဖြေလိုက်ကြသည်။ နောက်တစ်ခဏတွင် ၎င်းတို့မှာဗုဒ္ဓအလင်းများအဖြစ်အသွင်ပြောင်းကာ တောင်ဆီသို့ တညီတညွတ်တည်းပျံသွားကြတော့သည်။
ရွှေရောင်အလင်းမှာ စုစည်းသွားပြီး ဗုဒ္ဓအလင်းမှာ ကောင်းကင်ထက်၌ကြယ်များသဖွယ်ပြည့်နှက်နေတော့သည်။
ထိုအခိုက်တွင် ဗုဒ္ဓဘုရားကျောင်းငယ်တစ်ခုလုံးမှာ မြင့်မြတ်သောဗုဒ္ဓအလင်းဖြင့်လွှမ်းခြုံထားပုံပင်။ ၎င်းဟာသန့်စင်ပြီး မြင့်မြတ်လှချေသည်။
ဘာပဲဖြစ်ဖြစ်!
လူတိုင်းဟာ တောင်မှထွက်ခွာတော့မည်ဆဲဆဲတွင် ဘန်းကနဲမြည်သံနှင့်အတူ ဗုဒ္ဓဘုရားကျောင်းငယ်၏ဝင်ပေါက်မှာ ရုတ်တရတ်ပင် ဓားအလင်းကြောင့် အက်ကွဲသွားတော့သည်။
"ကတုံးတွေ ငါ့ရဲ့ဆရာတူညီမလေးကို ထုတ်ပေး!"
***