← Chapters

အခန်း (၃၃၆-၃၄၀)

Vol. 23 Ch. 336-340

အခန်း (၃၃၆-၃၄၀)

Vol. 23 Ch. 336-340

အပိုင်း ၃၃၆ ဓားက အကြီးအကဲကိုခုတ်ဖြတ်လိုက်တယ်

ထိတ်လန့်ဖွယ်‌ဟိန်းသံမှာ ဗုဒ္ဓဘုရားကျောင်းငယ်တစ်ခုလုံး၏အထက်ရှိ ကောင်းကင်တစ်ခွင်ကိုလွှမ်းခြုံသွားပြီး လောကကိုပင်တုန်ရီစေသည်။

တိမ်များ ထွက်ခွာသွားပြီး လေပင်ရပ်တန့်သွားသည်။

ဗုဒ္ဓဘုရားကျောင်းငယ်မှလူများ၏နှလုံးအိမ်မှာတုန်လှုပ်လာသည်။

ဖုန်များပျောက်ကွယ်သွားသည်တွင် ဓားရောင်ဝါအလင်းများနှင့် လွှမ်းရစ်ထားသော လီချန်းရှန်မှာ ဗုဒ္ဓဘုရားကျောင်းငယ်ထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

လီချန်းရှန်အားမြင်သည့်အခိုက်တွင် ဆရာတော်၏မျက်စိသူငယ်အိမ်များမှာ ပြူးကျယ်သွားကာ တစ်ကိုယ်လုံးရှိ အမွှေးများမှာ အဆုံးထိထောင်ထသွားသည်။

အခြားလူများမှာ လီချန်းရှန်သည် အင်မတန်ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ပြောနိုင်ပါသော်လည်း သူ့အတွက်မူ ထိုလီချန်းရှန်မှာ ဓားတာအိုစွမ်းအားရှိနေသည့် စစ်မှန်သော စွမ်းအားကိုမြင်နိုင်သည်။

၎င်းမှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအထွဋ်အထိပ်အဆင့်ဖြင့် ထိုကဲ့သို့သော စွမ်းပကားကို အခြားသောကျင့်ကြံဆင့်တူသူများထက်ပင် ကျော်လွန်ကာ ထုတ်သုံးနိုင်ပေမည်။

သူ၏အနာဂတ်ကြီးထွားမည့်အလားလာမှာတိုင်းတာ၍ပင်မရနိုင်ပါချေ။

ထို့အပြင် ဤသည်ကအရေးပါဆုံးမဟုတ်ပါချေ။

ထိုသို့သောပါရမီရှင်မှာ အနာဂတ်တွင် ဓားဧကရာဇ်ဖြစ်မလာနိုင်ပါလျှင်တောင် အနာဂတ်တွင် ဓားအရှင်သခင်ဖြစ်နိုင်သည်။

ယခုတွင် ဗုဒ္ဓဂိုဏ်းမှာ သူ၏သေမျိုးရန်သူဖြစ်ပြီး သူ့အားကြီးထွားလာခွင့်မပြုနိုင်ပါပေ။

ဤကလေးအား အရှင်ထား၍မဖြစ်ပါချေ!

အေးစက်သောအလင်းတစ်ပြကသူ၏မျက်လုံးများထဲဖြတ်ပြေးသွားသည်။ ဆရာတော်ဟာသူ၏ လူသတ်ငွေ့ကို ဝတ်ဆင်လိုက်ပြီဖြစ်သည်။

ထိုအခိုက်တွင် လီချန်းရှန်မှာ ဗုဒ္ဓဘုရားကျောင်းငယ်၏လမ်းဆုံနေရာသို့ပင် လှမ်းလာပြီးဖြစ်သည်။

ဗုဒ္ဓဂိုဏ်းအကြီးအကဲများမှာ ချက်ချင်းပင်ကြိမ်းမောင်းလိုက်ကြသည်။

"မင်းကဘာတွေကိုဘဝင်မြင့်ပြီး ငါတို့ရဲ့‌ဗုဒ္ဓဂိုဏ်းဆီမှာ လူသတ်ဖို့လာရဲရတာလဲ?မင်းကတကယ်ကိုရူးနေတာပဲ။ အသက်ရှင်ရတာပင်ပန်းနေပြီလား?"

လီချန်းရှန်ဟာတစ်ဖက်လူကိုကြည့်လိုက်သည်။ သူ၏မျက်လုံးများရွေ့သွားသည်နှင့် နံဘေးမှ ကြယ်တာရာဓားအလင်းတန်းကိုးသွယ်ဟာ ချက်ချင်းပင်အတူတကွစုစည်းသွားကာ စွမ်းအားကြီးလှသောကြယ်တာရာဓားအလင်းတစ်ခုဖြစ်သွားသည်။

နောက်တစ်စက္ကန့်တွင် အခြားလူများထံသို့ကြယ်တာရာဓားအလင်းအား မယုံကြည်နိုင်ဖွယ်အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။

"သေးနုပ်တဲ့..."

ဗုဒ္ဓအကြီးအကဲတစ်ဦးမှာ လီချန်းရှန်၏ရည်ရွယ်ချက်အား သိရှိသွားလေသည်။ သူဟာ တားဆီးချင်ပါသော်လည်း နောက်ကျနေပြီပင်ဖြစ်သည်။

သူဟာစကားဆုံးအောင်မပြောနိုင်ခင်မှာပင် ဓားအလင်းမှာ သူ၏ရင်ဘတ်အားထိုးဖောက်လျက် သူ့အားအဝေးသို့ပင် လွင့်သွားစေသည်။ သူဟာ ဘုရားကျောင်းခန်းမထဲရှိ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်၏ နဖူးကိုပင် သွားရောက်ထိမှန်သွားလေသည်။

ဘုန်း!

ရွှေရောင်‌ဗုဒ္ဓရုပ်ပွားတော် အက်ကွဲသွားသည်နှင့် ပေါက်ကွဲသံမှာလည်း နေရာအနှံ့သို့ပျံ့နှံ့သွားလေသည်။ ထိုအကြီးအကဲ၏သွေးများမှာလည်းစီးကျလာကာ သူ၏အကြည့်မှာ အသက်မဲ့သွားသည်။

ဓားတစ်ချက်ဝှေ့ယမ်းစာနှင့်ပင် လီချန်းရှန်မှာ တစ်ဖက်လူ၏ ခန္ဓာနှင့်ဝိဉာဉ်အား သူ၏လက်ပင်မလှုပ်ရှားဘဲ ဖျက်ဆီးလိုက်သည်။ သူဟာ အသက်ရှင်သည့်ပုံပင်မပြတော့ပါချေ။

"...နှလုံးသား"

ထိုအခိုက်တွင် ထိုအခြားအကြီးအကဲမှာ အခြားစကားလုံးအား ထပ်မံကာပြောလိုက်သည်။

ဗုဒ္ဓဘုရားကျောင်းငယ်တစ်ခုလုံးမှာ သေလုအောင်ပင်တိတ်ဆိတ်သွားတော့၏။

လူတိုင်းမှာ တိတ်ဆိတ်ကာ မည်သည့်စကားကိုမျှမဆိုကြတော့ပါချေ။ သူတို့၏ မာနများမှာပင်ထိုအခိုက်၌လုံးဝပျောက်ကွယ်သွားတော့သည်။

ကြီးမားလိုက်တဲ့စွမ်းအား!

ထိုအခိုက်တွင် လီချန်းရှန်ပြသလိုက်သော စွမ်းအားကြောင့် လူတိုင်းမှာ ကျရှုံးသွားသလိုခံစားလိုက်ရသည်။

လီချန်းရှန်မှာ နှာမှုတ်လိုက်၏။

"နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်လေးက ငါ့ရှေ့မှာဘယ်လိုတောင်လာဟောင်ရဲရတာလဲ။ မင်းကိုယ်မင်း ဆရာကြီးလို့များထင်နေတာလား?"

ထို့နောက်တွင် အခြားသောအကြီးအကဲများအားကြည့်ရှုလိုက်ကာ ထူးမခြားနားပြောလိုက်သည်။

"ကျုပ်မှာအခု ပြောစရာတစ်ခုပဲရှိတယ်။ ကျုပ်ရဲ့ဆရာတူညီမလေးကိုလွှတ်ပေးပြီး ခင်ဗျားတို့ဂိုဏ်းကလူတိုင်း လက်‌တစ်ချောင်းစီကိုဖြတ်ရမယ်။ ဒါဆိုရင် ဒီကိစ္စကိုမျှတတယ်လို့သတ်မှတ်နိုင်လိမ့်မယ်။"

"ဟီးဟီး၊ ကောင်းလိုက်တဲ့စိတ်ကူးလေပဲ။ မင်းရဲ့ကျင့်ကြံဆင့်က သိပ်မဆိုးပေမယ့်လည်း တောင်းဆိုချက်က ကျိုးကြောင်းမညီညွတ်ဘူး။ မဖြစ်နိုင်တာကိုအသာထား၊ ဒါကို ငါ့ရဲ့ ဗုဒ္ဓဘုရားကျောင်းငယ်လေးက လုပ်ဖို့မလွယ်ကူဘူး။"

"မလွယ်ဘူး?"

လီချန်းရှန်၏မျက်ခုံးများအတန်ငယ်မြင့်တက်သွားသည်။ ထို့နောက်တွင် ‌နံဘေးရှိ ဓားရောင်မှာ လုံးဝပွင့်လာ၏။ ၁၀၈သွယ်သော ကြယ်တာရာဓားအလင်းများထွက်ပေါ်လာကာ သူ့အားခြံရံလျက် တုန်လှုပ်ဖွယ်အသံများကိုထုတ်လွှတ်လျက်ရှိသည်။

ဓားရောင်ဝါမှာ အင်မတန်အားကောင်းပြီး လီချန်းရှန်၏ခြေထောက်အောက်မှာ မြေပြင်သည်ပင် ဓားရောင်ဝါဖြင့် ပိုင်းဖြတ်ခံလိုက်ရသည်။

"ဒါဆိုလည်း မလုပ်နဲ့!"

သူ့စကားဆုံးသည်နှင့် လီချန်းရှန်နံဘေးမှ ကြယ်တာရာဓားအလင်းများမှာ စတင်ကဖြေးဖြေးချင်းလှည့်ပတ်လာ၏။

ဓားအလင်းတစ်ခုပစ်လွှတ်လိုက်သည်၊ ဓားရောင်ဝါနှစ်ခု၊ သုံးခု၊ လေးခု၊ ငါးခု...

နောက်ဆုံးသော ၁၀၈သွယ်မြောက်ဓားအလင်းအား ဗုဒ္ဓဘုရားကျောင်းငယ် အကြီးအကဲအဖွဲ့ထဲသို့ ပစ်လွှတ်လိုက်သည်။

"အစီအရင်ပုံဖော်!"

ဆရာတော်ဟာပေါ့ပါးစွာအော်လိုက်သည်။ ၇၅ယောက်သောအကြီးအကဲများမှာလည်း တစ်ချိန်တည်းပင် အစီအရင်ကိုပုံဖော်ကာ ကြီးမြတ်သောဗုဒ္ဓကျင့်စဉ်ဖြစ်သည့် ရွှေခေါင်းလောင်းအကာအရံအားအသုံးပြုလိုက်သည်။

၇၅ခု‌သော‌ရွှေခေါင်းလောင်းအကာအရံများ၏ စွမ်းအားမှာ တစ်ချိန်တည်းအသုံးပြုရာတွင် ထူးကဲလှပေသည်။

လူတိုင်း၏အရှေ့တွင် ရွှေအလင်းအကာအကွယ်မှာ ချက်ချင်းဖြစ်ပေါ်လာသည်။

ဘုန်း! ဘုန်း! ဘုန်း!

အလင်းအကာအကွယ်မှာ လီချန်းရှန်မှာ ဓားအလင်းများဖြင့် တိုက်ခိုက်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် အားလုံးရှေ့၌ ‌ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒါဟာ ကပ်သီးလေးပါပင်။

တိုက်မိသွားသော ပထမဓားအလင်းမှာ ရွှေခေါင်းလောင်းအကာအရံထက်တွင်ပင် ပေါက်ကွဲသွားလေသည်။

ဖုန်များမှာ အဘက်ဘက်၌ အလိမ်းလိမ်းတက်လာလေသည်။

ဒုတိယတစ်ခုမှာလည်း ပြန့်ကျဲသွားဆဲပင်။

ထို့နောက်တွင် တတိယ၊ စတုတ္ထ၊ ပဉ္စမ...

တစ်ဆယ့်သုံးခုမြောက် ဓားအလင်းသို့ရောက်သောအခါ၌ ထပ်မံ၍ ပြန့်ကျဲမသွားတော့ပါချေ။ ထိုအစား ဓားအမှတ်အသားခပ်တိမ်တိမ်က ရွှေခေါင်းလောင်းအကာအရံကို ထွင်းဖောက်သွား၏။

အကြိမ်၆၀မြောက် ဓားအလင်းအရောက်တွင် ရွှေခေါင်းလောင်းအကာအရံမှာ ကြယ်တာရာဓားအလင်းများဖြင့်ပြည့်နှက်နေတော့၏။

အကြိမ်၉၀မြောက်ဓားအလင်းတွင်မူ ရွှေခေါင်းလောင်းအကာအရံမှာ ဆက်လက်ထိန်းမထားနိုင်တော့ဘဲ အပေါက်ကြီးအဖြစ် ကွဲအက်သွားတော့သည်။

"မကောင်းတော့ဘူး!"

လူတိုင်း၏ နှလုံးအိမ်များမှာ တုန်ရီသွားကြသည်။ ၎င်းတို့သောကရောက်နေချိန်တွင် ဓားအလင်းများအားလုံးမှာ ‌ရုတ်တရတ်ပျောက်ကွယ်သွားတော့၏။

"ဘာဖြစ်သွားတာလဲ?"

လူတိုင်းဟာ ရုတ်တရတ် ပဟေဠိဖြစ်သွားကြတော့သည်။

ဆရာတော်မှာ တစ်စုံတရာအားတွေးမိပုံရကာ ချက်ချင်းပင် အော်ဟစ်လိုက်သည်။

"ပြန်ဆုတ်ကြ! မြန်မြန် ပြန်ဆုတ်!"

လူတိုင်းဟာ မတုံ့ပြန်နိုင်ခင်မှာပင် ကြီးမားကာ မီတာအနည်းငယ် ရှည်လျားသော ကြယ်တာရာဓားအလင်းတစ်သွယ်မှာ ချက်ချင်းပင် ထိုအပေါက်အတွင်းသို့ ရပ်တန့်ခြင်းမရှိ ထိုးဖောက်ဝင်ရောက်လာသည်။ ကြီးမားသော အဟက ရွှေခေါင်းလောင်းအကာအရံရှိ အပေါက်ကြီးကို အကန့်အသတ်ထိရောက်အောင် ဆုတ်ဖြဲလိုက်သည်။

ထို့နောက်တွင် ကြီးမားသောကြယ်တာရာဓားအလင်းများမှာ ရုတ်တရတ် ၁၀၈သွယ်သော ဓားအလင်းငယ်များအဖြစ် ပေါက်ကွဲသွားကြတော့သည်။

တစ်ခဏအတွင်းမှာပင် ကြယ်တာရာဓားအလင်းများမှာ အနီးရှိ ဗုဒ္ဓဂိုဏ်းအကြီးအကဲများ၏ ကိုယ်တွင်း‌သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

၎င်းတို့အကြားတွင် ဆယ်ဦးမှာ နေရာ၌ပင် သေဆုံးသွားကြကာ ဆယ့်ခြောက်ယောက်မှာမူ ဒဏ်ရာအပြင်းအထန်ရသွားသည်။

အော်သံများမှာ တစ်ခုပြီးတစ်ခုထွက်ပေါ်လာ၏။ ဗုဒ္ဓအကြီးအကဲများ အားလုံးမှာ စတင်ဆုတ်ခွာကြတော့၏။

"ပြေးချင်တာလား? ဒါကပြီးတောင်မပြီးသေးဘူး!"

လီချန်းရှန်ဟာ နံဘေး၌ ကြယ်တာရာဓားအလင်းလှိုင်းအသစ်ဖြစ်ပေါ်လာချိန်တွင် အေးစက်စွာပြုံးလိုက်သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ၎င်းတို့အားလုံးမှာ ‌ပူပန်နေကြသော အကြီးအကဲများထံပြေးဝင်သွားကြကာ အကြီးအကဲ ၇နှစ်ဦးအား ကမောက်ကမနှင့်ပင် သတ်လိုက်ပြီး ဆယ်ယောက်ထပ်ပြီး အပြင်းအထန်ဒဏ်ရာရသွားသည်။

လီချန်းရှန်ဟာ ဘယ်လိုများ အပြင်းအထိန်ဒဏ်ရာရနေပြီးသားအကြီးအကဲများကို သွားခွင့်ပြုနိုင်ပါ့မလဲ? သူဟာ၎င်းတို့အားတစ်ဦးပြီးတစ်ဦးပင် တိတ်တဆိတ်သတ်လိုက်သည်။

မျက်တောင်တစ်ခတ်စာတွင် အကြီးအကဲ‌၄၃ဦးမှာ လီချန်းရှန်ကြောင့် သေဆုံးသွားတော့၏။

လီချန်းရှန်၏ကျင့်ကြံဆင့်မှာ အင်မတန်အားကောင်းလှပြီး ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သို့ရောက်ရှိနေပြီမှာမှန်ပါသည်။ သို့ရာတွင် ထိုအကြီးအကဲများမှာ ရင်ဆိုင်ရန်မလွယ်ကူပါချေ။

၎င်းတို့ထဲမှာ အားအနည်းဆုံးမှာ နတ်ဘုရားအားဖြစ်ပေါ်စေခြင်း နောက်ဆုံးအဆင့်နှင့် အဌမမြောက်အဆင့်၏ အထက်များပင်ဖြစ်သည်။

အင်အားအကြီးဆုံးမှာမူ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်၏ ဆဌမနှင့် သတ္တမမြောက်အဆင့်ရှိသည့် ပညာရှင်ပင်ဖြစ်သည်။

ရွှေခေါင်းလောင်းအကာအရံအားအသုံးပြုရန် အားလုံးအတူတကွ လုပ်ကြရာတွင် လူတိုင်း၏ကျင့်ကြံဆင့်အား ပေါင်းခြင်းဖြင့် ၎င်းတို့၏ ကာကွယ်မူ စွမ်းဆောင်ရည်အား ရိုးရှင်းစွာ တွက်ချက်၍ပင် မရနိုင်ပါချေ။

ထိုအခြေအနေတွင် လီချန်းရှန်မှာ အကြီးအကဲ၄၃ဦးအား လှိုင်းတစ်ချက်တည်းနှင့်ပင် သတ်နိုင်လိုက်ဆဲဖြစ်သည်။ ဒါဟာ လီချန်းရှန်၏ စစ်မှန်သော စွမ်းအားမှာ မည်မျှ အားကောင်းသည်ကိုစိတ်ကူးပင်ကြည့်နိုင်ပေသည်။

ဗုဒ္ဓဘုရားကျောင်းငယ်၏ဆရာတော်မှာ လီချန်းရှန်၏ ကိုယ်ပေါ်၌ အကြည့်များကိုကျောက်ချထားသည်။

ရှေးအချိန်များတည်းက သူတို့၏ ကိုယ်ခံအားမှာကျင့်ကြံဆင့်အား ကျော်လွန်နေသောလူများမှာ သာမန်လူများမဟုတ်ကြပါချေ။

သူဟာ ဗုဒ္ဓဘုရားကျောင်းငယ်ရှိအခြားလူများ၏ ဒဏ်ရာများကို ဂရုမစိုက်လျှင်‌တောင်မှ တစ်ဖက်လူအား သတ်ကိုသတ်ရမည်!

မဟုတ်လျှင် ဗုဒ္ဓဂိုဏ်း၏စွမ်းအားကြီးသောရန်သူတစ်ယောက်မှာ အနာဂတ်တွင် လုံးဝပေါ်လာလိမ့်မည်ပင်။

ထိုအခိုက်တွင် တိုက်ပွဲမှာဆက်ဖြစ်နေပြီး ဗုဒ္ဓဘုရားကျောင်းငယ်တစ်ခုလုံးမှာ ဖရိုဖရဲဖြစ်နေ၏။

အကြီးအကဲများနှင့် ဂိုဏ်းသားများမှာ နေရာအနှံ့သို့လွင့်ပျံသွားပြီး လီချန်းရှန်၏ ကြယ်တာရာဓားအလင်းများအား ရှောင်တိမ်းနိုင်ရန်သာ အကောင်းဆုံးလုပ်ဆောင်နေကြသည်။ သူတို့သာ ဒါကိုမရှောင်တိမ်းနိုင်ပါလျှင် ရှိသမျှအားဖြင့် ခုခံနိုင်ရုံသာဖြစ်၏။

ထိုသို့ဆိုလျှင်တောင် လူတိုင်းမှာ စက္ကန့်တိုင်းတွင် ဒဏ်ရာအပြင်းအထန်ရဆဲပါပင်!

စက္ကန့်တိုင်းတွင် တစ်ယောက်ယောက်ဟာ အထိုးဖောက်ခံရကာ ကျဆုံးသည်ပင်။

သေခြင်းတရားမှာ ပျံ့နှံ့ကာကူးစက်နေ၏။

ဆရာတော်ဟာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူထပ်၍ကြာကြာမစောင့်နိုင်တော့မှန်းသိလိုက်သည်။ သူဟာ ချက်ချင်းပင် တင်ပလ္လင်ခွေချိတ်ထိုင်လိုက်ပြီး ကျမ်းဂန်အားစတင်ရွတ်ဆိုလိုက်၏။

သူရွတ်ဆိုလိုက်သည်နှင့် သေဆုံးပြီးသား ဗုဒ္ဓအကြီးအကဲများ၏ သွေးများမှာ သူ၏ကိုယ်တွင်စုစည်းသွားကြပြီး သူ၏ကိုယ်ကို ရွှေရောင်ပြောင်းစေလိုက်ကာ ကြေးလူသားတစ်ယောက်နှင့်ပင် တူသွားစေ၏။

တစ်ခဏကြာပြီးနောက်တွင်မူ သူဟာရုတ်တရတ်မျက်လုံးများကိုဖွင့်လိုက်ပြီး အားကောင်းသော ရွှေရောင်အလင်းနှစ်သွယ်အား ပစ်လွှတ်လိုက်လေသည်။

သူ၏အရှိန်အဝါမှာလည်းကောင်းကင်ကိုဖုံးအုပ်သွား၏။

"ခွေးကောင်လေး၊ မင်းရူးလို့ဝပြီလား?"

ထိုဝေဝါးဝါးစာသား‌တစ်ကြောင်းမှာ မိုးခြိမ်းသံနှင့်ရောယှက်နေသည်။

ထိုသည်မှာ တစ်ရာသောတိုက်ပွဲနတ်ဘုရားပညာရှင်၏ သင်္ကေတပင်ဖြစ်၏။

ထိုသည်မှာ မိုးကြိုးလိုပါပင်!

သူ၏ကျင့်ကြံဆင့်မှာမူ ယခင်က တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သို့ မရောက်ရှိသေးပါချေ။

သို့ရာတွင် ယခု၌ သူ၏လျှို့ဝှက်နည်းလမ်းအကူအညီဖြင့် သူဟာ ပဉ္စမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သို့ရောက်ရှိ‌ခဲ့လေပြီ။

လီချန်းရှန်ဟာ သူ၏ရည်ရွယ်ချက်များအား ယခင်ကတည်းက သတိပြုမိသည်ပင်။

သို့သော် သူဟာ ၎င်းတို့အား မရပ်တန့်ပါချေ။ သူဟာ ဗုဒ္ဓဘုရားကျောင်းငယ်ရှိလူတိုင်းအား သတ်ရန်အခွင့်အရေးသာယူလိုက်သည်။

ထိုဆရာတော်တိုက်ခိုက်ချိန်တွင် သူဟာ ဗုဒ္ဓဘုရားကျောင်းငယ်၏ အကြီးအကဲနှင့်ဂိုဏ်းတပည့်များ၏ ၈၀ရာခိုင်နှုန်းကိုပင် သတ်ခဲ့ပြီးဖြစ်သည်။

ဆရာတော်တိုက်ခိုက်သည့် အခိုက်တွင် သူဟာ ထပ်မံ၍မစောင့်နိုင်တော့မှန်း သိသွားသည်။

အတွေးတစ်ခုဖြင့် သူ၏နံဘေးရှိ ၁၀၈သွယ်သော ဓားအလင်းများမှာ တိုက်ရိုက်ပင် ထိုဆရာတော်အား ခုတ်ဖြတ်လိုက်သည်။

ဘန်း ဘန်း ဘန်း...

ဓားအလင်းများမှာ ဖြတ်သွားပြီး မိုးကြိုးသွားများနှင့် အလင်းများကို ချန်ထားခဲ့သည်။

သို့ရာတွင် ဓားအလင်းပျောက်သွားချိန်၌ ဆရာတော်၏ကိုယ်မှာ ဒဏ်ရာလုံးဝမရသွားပါချေ။

လီချန်းရှန်မှာ မျက်လုံးများကို မှေးကျဉ်းလိုက်သော်လည်း ထိုဆရာတော်မှာ ရယ်မောလျက်ဖြင့် သိန်းဟောက်လိုက်သည်။

"ဟားဟားဟားဟား... မင်းလုပ်နိုင်တာဘာမှမရှိဘူး ဟုတ်တယ်လား? ဒါကငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ ဝါဂျရာအနုပညာပဲ။ ပြီးတော့ မင်းသတ်ခဲ့တဲ့ ဗုဒ္ဓဂိုဏ်းတပည့်အားလုံးရဲ့ ကျင့်ကြံဆင့်နဲ့လည်း အဆင့်မြှင့်ခဲ့တယ်။"

"လက်ရှိမင်းက ငါ့ကိုလုံးဝ မခြိမ်းခြောက်နိုင်ပါဘူး။"

"မင်းထက် အဆင့်နည်းနည်းလေးလောက်ပိုမြင့်တဲ့ လူတွေကိုတိုက်ခိုက်နိုင်တာကလည်း အသုံးမဝင်ပါဘူး။"

လီချန်းရှန်မှာ ပြန်မဖြေပါချေ။ အတွေးတစ်ခုဖြင့် ၁၀၈သွယ်သော ဓားအလင်းများမှာ စုစည်းသွားပြီး ဓားအလင်းတန်းကြီးတစ်ခုဖြစ်ပေါ်လာကာ ထိုဆရာတော်၏ခေါင်းအနောက်မှ ပိုင်းဖြတ်လိုက်သည်။

ဘုန်း!

ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ၊ ဓားအလင်းတန်းကြီးဟာ တိုက်ရိုက်ပင် ပြန့်ကျဲသွားတော့သည်။

ဗုဒ္ဓဘုရားကျောင်းငယ်၏ ဆရာတော်မှာ လုံးဝပင်ဒဏ်ရာမရသွားပါချေ။

"ဟားဟားဟားဟား... မင်းရဲ့တိုက်ခိုက်မှုက ငါ့အပေါ်မှာ အသုံးမဝင်တော့ဘူးလို့ ပြောပြီးပြီလေ! ဗုဒ္ဓဂိုဏ်းကိုဆန့်ကျင်တာက မင်းဘဝရဲ့အကြီးဆုံးအမှားဆိုတာ သိအောင်လုပ်ပေးမယ်။"

သူ့စကားဆုံးသည်နှင့် ကြောက်မက်ဖွယ်ဖိအားတစ်ခုဟာ လီချန်းရှန်၏ အရှေ့မှ ရုတ်တရတ်တိုက်ခိုက်လိုက်၏။

ထိုဆရာတော်၏ ပုံရိပ်မှာ ဖြည်းညင်းစွာပျောက်ကွယ်နေသည်။

ရှင်းလင်းစွာပင် ထိုလူ၏အရှိန်မှာ အင်မတန်မြန်နေပြီး နေရာတွင်ပေါ်လာရန် ‌နောက်ခံပုံများကိုပင်ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်မှာ လီချန်းရှန်ရှေ့၌ပေါ်လာ၏။

"သေ!"

ထိုးချက်တစ်ခုဖြင့် လေထုထဲရှိ နတ်ဝိဉာဉ်စွမ်းအားမှာ တမုဟုတ်ချင်းထွက်ပေါ်လာပြီး လေဟာနယ်ကြီးတစ်ခုပင်ဖြစ်ပေါ်လာစေခဲ့သည်။ တုန်လှုပ်မှုများမထွက်ပေါ်လာခင် လက်သီးမှာ လီချန်းရှန်၏ရင်ဘတ်သို့ကျရောက်လာခဲ့၏။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၃။ အပိုင်း ၃၃၇ ဒါက ငါ့ရဲ့ စစ်မှန်တဲ့စွမ်းအားပဲ

လုမျိုးနွယ်စု။

"ဟစ်~"

တစ်ခဏမျှကျင့်ကြံပြီးနောက်တွင် လုရှောင်ယန်မှာ ထပ်မံအဆင့်တက်သွားပြီး သူ၏ကျင့်ကြံဆင့်မှာ နောက်ထပ်အဆင့်တစ်ခုတိုးသွား၏။ သူ၏ခွန်အားမှာ မဟာယနနတ်ဘုရားအရှင် သတ္တမြောက်အဆင့်မှ နောက်ထပ် မဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့်တစ်ခုသို့ရောက်ရှိသွားသည်။

သူဟာမထိန်းနိုင်ဘဲ အတန်ငယ်မျက်မှောင်ကျုံ့လိုက်သည်။

"ထူးဆန်းလိုက်တာ၊ ငါ့ကျင့်ကြံနှုန်းက ဒီနှစ်ကြိမ်မှာ အရမ်းမြန်တယ်။ ငါ့ရဲ့တစ်ယောက်တည်း ကျင့်ကြံနှုန်းနဲ့ဆိုရင် ဒီလောက်ထိမမြန်သင့်ဘူး။ တပည့်လေးတွေရဲ့ကျင့်ကြံနှုန်းလည်းတိုးလာလို့များလား?"

လုရှောင်ယန်မှာ မတတ်နိုင်ဘဲ မျက်မှောင်ကျုံ့လိုက်သည်။

"ဝမ့်ခိုက် တပည့်လေးတွေရဲ့ သတင်းတွေကို ကြည့်ဖို့ ဖွင့်ပေးပါဦး။"

[ကောင်းပါပြီ၊ ထုတ်ပေးနေပါပြီ]

ဝမ့်ခိုက်မှာ လုရှောင်ယန်ထံသို့ သတင်းများအလျင်အမြန်လွှဲပြောင်းပေးလိုက်သည်။

လုရှောင်ယန်ဟာကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာအံ့အားသင့်သွားသည်။

"အာ? တစ်ခုခုမှားနေပြီ။"

ယွင်လီကောလိုက်လံဖမ်းဆီးခံနေရသော သတင်းများမှာ စခရင်ထက်တွင် ရှိနေသေးပါသော်လည်း မကြာသေးခင်က စခရင်ထက်၌ လီချန်းရှန်အနိုင်ယူခံခဲ့ရသော မက်ဆေ့အနည်းငယ်ကိုပါတွေ့လိုက်ရသည်။

[သင်၏တပည့် လီချန်းရှန်မှာ ဗုဒ္ဓဘုရားကျောင်းငယ်၏ အကြီးအကဲတိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]

[သင်၏တပည့် လီချန်းရှန်အား ဗုဒ္ဓဘုရားကျောင်းငယ်၏အကြီးအကဲများမှ ဝိုင်းရံထားကြပါသည်]

[သင်၏တပည့် လီချန်းရှန်မှာ ဗုဒ္ဓဘုရားကျောင်းငယ်၏ ဆရာတော်ဆီမှ အနိုင်ယူခံလိုက်ရပါသည်]

လုရှောင်ယန် : "..."

သူဟာ မပြောခင် တစ်ခဏမျှ ငြိမ်သက်သွားသည်။

"ဝမ့်ခိုက်၊ တစ်ခုခုတော့မှားနေပြီလို့ထင်တယ်။"

[သခင်၊ ဘာဖြစ်လို့လဲ?]

"ဘာလို့ငါ့ရဲ့တပည့်တွေ အကုန်လုံး အနိုင်ယူပဲခံနေရတာလဲ? ပြောရရင် သူတို့သာ အနိုင်ပဲယူခံနေရမယ်ဆို သူတို့ရဲ့ ကျင့်ကြံဆင့် ဘယ်လောက်အားကောင်းကောင်း ဒါကိုဆက်မလုပ်နိုင်ဘဲ အသတ်ခံလိုက်ရလိမ့်မယ်၊ ဟုတ်တယ်လား?"

ဒါပေမယ့် အခု သူတို့တွေက အနိုင်ယူပဲခံနေရပြီး မသေကြဘူး။ ဒါက နည်းနည်းလောက် ကျိုးကြောင်းမသင့်လျော်ဘူးလို့မထင်ဘူးလား?"

[ဒါကတကယ်ကို အရမ်းကျိုးကြောင်းသင့်တာပေါ့! သခင် မင်းသာ အနိုင်ယူခံရရင် ပြန်မတိုက်ဘူးလား?]

"ဒါပေါ့ ပြန်တိုက်ရမယ်လေ"

[ဟုတ်တယ်၊ သခင်။ သခင်သာပြန်တိုက်ရင် တစ်ဖက်လူကရော ထပ်ပြီးတိုက်မှာလား?]

"ဒါပေါ့"

[ဒါအမှန်ပဲလေ။ ငါကလည်း သူတို့တိုက်ခိုက်ခဲ့တဲ့လူတွေရဲ့ အချက်အလက်ကို ရဖို့မဖြစ်နိုင်ဘူးမဟုတ်လား? ဒါက တစ်ခဏတာ အချက်အလက်တွေကိုပဲ ဖမ်းနိုင်လို့ပဲ။ ပြီးတော့ ဒါက တပည့်တွေရဲ့သတင်းလေ။ သူတို့တိုက်ခိုက်ခံရချိန်မှာ အခြားလူတွေရဲ့ ပြင်ပအခြေအနေတွေကို မဖမ်းယူနိုင်ဘူး။]

[တပည့်တွေက တဖက်လူကို သတ်လိုက်ရင်တောင် ငါက အဲ့ဒီသတင်းကိုမဖမ်းယူနိုင်ဘူး]

[ဒါပေမယ့် တပည့်တွေ အနိုင်ယူခံလိုက်ရတာဖြစ်ဖြစ် အသတ်ခံလိုက်ရတာဖြစ်ဖြစ် အဲ့ဒီသတင်းကို ဖမ်းယူနိုင်တယ်။

ဒါကြောင့် သတင်းတွေကို "ဘယ်သူနဲ့ ဘယ်သူက တပည့်တွေကိုတိုက်ခိုက်ခဲ့ပါတယ်"ဆိုတာပဲ ရေးနိုင်ပါတယ်]

"ငါသိပြီ"

လုရှောင်ယန် အတန်ငယ် နားလည်သွားသည်။

နောက်တစ်နည်းဆိုရလျှင် ၎င်းတို့နှစ်ဦးတိုက်ခိုက်ရာတွင် ဝမ့်ခိုက်မှာ သူ့တပည့်များ၏ သတင်းကိုသာ ဖမ်းယူနိုင်သည်။

သူ၏တပည့်များမှာ တစ်ဖက်လူအား သတ်လိုက်ပါလျှင်တောင် ဝမ့်ခိုက်မှာ ထိုသည်ကို ဖမ်းယူဖို့မဖြစ်နိုင်ပါချေ။

ထို့ကြောင့် တပည့်များ အနိုင်ယူခံရသည့်သတင်းများကိုသာလျှင် မှတ်တမ်းယူနိုင်သည်။

ဒါပေါ့၊ လူရှောင်ယန်မှာ ငတုံးမဟုတ်ပါချေ။

သူ၏တပည့်များမှာ အခြားသူများကို အနိုင်ရဖို့ကို မျှော်မှန်းသည်မှာ လက်တွေ့မဆန်နေပါချေ။

လီကောကိုပဲစဉ်းစားကြည့်...

ထို လီချန်းရှန်၏ လက်ရှိကျင့်ကြံခြင်းမှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်၏ ပြီးပြည့်စုံသောအထွဋ်အထိပ်အဆင့်သာရှိသေးသည်။ အများဆုံး သူသည် တစ်ဆင့်သာပိုမြင့်သည်ဖြစ်သည်။ ပြီးပြည့်စုံသည့် တစ်ရာသောတိုက်ပွဲနတ်ဘုရားအားတိုက်ခိုက်နိုင်ရန်မှာ အားကုန်ပင်သုံးရချေမည်။

ဒါ့အပြင် သူဟာ တပည့်များအား ပုန်းကွယ်နေရန်သာ သင်ကြားခဲ့သည်။ ထို့ကြောင့် သူဟာ ဗုဒ္ဓဘုရားကျောင်းငယ်အား သွားရှုပ်ရန်မှာ လုံးဝပင်မဖြစ်နိုင်ပါချေ။

ဒါက ဖြေရှင်းချက်တစ်ခုသာရှိသေးသည်။

လီချန်းရှန်မှာ အဖမ်းခံခဲ့ရပြီး ဗုဒ္ဓဂိုဏ်း၏ နှိပ်စက်မှုကို ခံခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်လား?

သူအသတ်ခံရလိမ့်မလား?

လုရှောင်ယန်ဟာ နက်နဲမှုကျင့်စဉ်ဖြစ်သည့် အကြွင်းမဲ့‌ကောင်းကင်ဘုံတေးသံကို မထုတ်ခင်တွင်တစ်ခဏမျှတိတ်ဆိတ်သွားသည်။

သူဟာ ပုဂ္ဂိုလ်ရေးအရ ထို ကျင့်စဉ်အား တအားကြဏ္ဌိနှစ်သက်မနေပါချေ။

သို့ရာတွင် သူ၏တပည့်များပို၍ပို၍တိုက်ခိုက်ခံနေရချိန်တွင် သူဟာ ထိုင်မြဲထိုင်နေမနိုင်ပါချေ။

ဒါ့အပြင် သူ၏တပည့်များသေသွားပါက သူတို့မှာ ပြန်လည်မွေးဖွားရန် အချိန်အတော်ကြာပေလိမ့်မည်။

ထိုအချိန်ဆိုလျှင် သူ၏ကျင့်ကြံခြင်းအားလည်း အပြင်းအထန်သက်ရောက်နိုင်သည်။

လုရှောင်ယန်မှာ အကြွင်းမဲ့ကောင်းကင်ဘုံတေးသံကျင့်စဉ်၏ ဂါထာကိုအလျင်အမြန်ရွတ်ဖတ်လိုက်သည်။

"ဆရာက ကမ္ဘာမှာအကောင်းဆုံးပဲ။ ဆရာတစ်ယောက်ရှိတဲ့တပည့်က ကောင်းချီးပေးခံရတာ..."

အမှိုက်ကျင့်စဉ်များမှာ ရှေးရိုးစွဲဂါထာများနှင့်သာ ဖော်ပြလေ့ရှိကြသည်ပင်။

...

တစ်ဖက်တွင်မူ ‌ဗုဒ္ဓဘုရားကျောင်းငယ်၌ ရွှေရောင်အလင်းတစ်ပြနှင့် အဖြူရောင်အလင်းတစ်ပြမှာ တိုက်ခိုက်နေကြဆဲပင်။

သို့ရာတွင် တစ်ယောက်‌က ‌ဂရုတစိုက်ကြည့်ရှုပါလျှင် ရွှေရောင်အလင်းမှာ အဖြူရောင်အလင်းအား ဖိနှိပ်ထားသည်ကိုမြင်နိုင်သည်ပင်။

၎င်းဟာ ပိုမိုအားကောင်းသည်သာမက ပိုမိုမြန်ဆန်ကာ ခံ့ညားသည်။

နှစ်ယောက်တိုက်မိသည့်အချိန်တိုင်း ရွှေရောင်အလင်းမှာ အဖြူရောင်အလင်းအားစတင်တိုက်ခိုက်မြဲဖြစ်သည်။

တိုက်ပွဲ၏ အသက်ရှူဆယ်ကြိမ်စာမျှတွင် အလင်းနှစ်ပြမှာ အကြိမ်တစ်ရာမျှ တိုက်မိပြီးဖြစ်လေသည်။

အဆုံးတွင် အဖြူရောင်အလင်းမှာ မြေပြင်ပေါ်သို့ ဥက္ကာပျံတစ်လုံးနှယ် ကျရောက်သွားသည်။

ဘုန်း!

ပြင်းထန်သော ပေါက်ကွဲမှု‌နှင့်အတူ သူဟာ ဗုဒ္ဓဘုရားကျောင်းတစ်ခုလုံးအား စင်တီမီတာများစွာအထိ မြေပြင်တွင် ‌ဖျက်ဆီးလိုက်သည်။

ဗုဒ္ဓဘုရားကျောင်းငယ်၏ အကာအကွယ်အစီအရင်မှာ ထိုသည်ကို မထိန်းနိုင်ဘဲ ချက်ချင်း အက်ကွဲသွားသည်။

အဆောက်အဦးအများစုမှာ ထိုလျှပ်တစ်ပြက်တိုက်ခိုက်မှုတွင် ပျက်စီးသွား၏။ ဖုန်များအလိမ်းလိမ်းတက်လာကာ အဘက်ဘက်သို့ ပျံ့နှံ့နေ၏။

"အဟွတ် အဟွတ်..."

ဖုန်များပျောက်ကွယ်သွားပြီးနောက်တွင် လီချန်းရှန်၏ ပုံရိပ်မှာ တွင်းနက်နက်မှ တွားသွားထွက်လာသည်။

သူဟာ ဒဏ်ရာအပြင်းအထန်မရပါသော်လည်း လုံးဝတော့ ခြစ်ရာလေးပင်မရှိဟု မဆိုလိုပါချေ။

နတ်ပစ္စည်းအဆောင်များသည်ပင် ၎င်းတို့၏ ကိုယ်ပိုင် ကာကွယ်နိုင်စွမ်းရှိသော်လည်း သူတို့၏ အကန့်အသတ်လည်းရှိပေသည်။

ဒါပေါ့၊ ၎င်းမှာ ဗုဒ္ဓဘုရားကျောင်း၏ ဆရာတော်မှာ သူ၏ကျင့်ကြံဆင့်အား ပဉ္စမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သို့‌တိုးမြှင့်ကာ နတ်ပစ္စည်းအဆောင်အား အက်ကွဲစေရန် လျှို့ဝှက်လမ်းစဉ်အား အသုံးပြုနိုင်သည်ဟု မဆိုလိုပါချေ။

သို့ရာတွင် နတ်ပစ္စည်းအဆောင်ထဲသို့ လီချန်းရှန်ထည့်သွင်းထားသော စွမ်းအားမှာ အကန့်အသတ်ရှိသည်ပင်။ ၎င်းမှာ သူ၏ ဆယ်ပါးသောသိုင်းနတ်ဘုရား အထွဋ်အထိပ်အဆင့်ထိ ကန့်သတ်ထားကာ လုံလောက်သော စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့ပါချေ။

ထို့ကြောင့် အကာအကွယ်နိုင်စွမ်းမှာ နတ်ပစ္စည်းအဆောင်မှ ကန့်သတ်ချက်တစ်ခုရောက်သည်အထိသာထောက်ပံ့နိုင်သည်ပင်။

ကောင်းကင်ထက်တွင် ရွှေရောင်အလင်းမှာ တဖြည်းဖြည်းဆင်းသက်လာကာ ဗုဒ္ဓဘုရားကျောင်းငယ်၏ ဆရာတော်ကိုယ်ကို ပြသနေသည်။

သူ၏လက်ရှိကိုယ်မှာ ယခင်ကနှင့် အတော်လေးဝေးကွာနေသည်ပင်။

သူ၏အမြင့်မှာ ၂.၂၅မီတာသို့တိုးလာသည်။

သူ၏မူလ သာမန်ကိုယ်မှာ ယခုတွင် ကြွက်သားများဖြင့်ပြည့်နေ၏။ ခွန်အားအကြီးဆုံး ကိုယ်ကာယချန်ပီယံသည်ပင် သူ၏ရှေ့၌ပျောက်ကွယ်ပြီး အရှက်ရနေနိုင်လိမ့်မည်။

သူ၏ကိုယ်ပေါ်၏ ကြွက်သားများမှာ ကြက်ဥများကဲ့သို့ အဖုအထစ်များဖြစ်နေ၏။

၎င်းတို့အား သွေးကြောများဖြင့် ဖုံးအုပ်ထားသည်။ သွေးများစီးဆင်းသည်နှင့် ထိုအကြောများမှာ မြင့်ကာနိမ့်ကာဖြင့် ရှင်သန်နေကြသလိုပါပင်။

ဒါဟာ တိုက်ပွဲကြောင့် ဒါမှမဟုတ် သူဟာ လျှို့ဝှက်ကျင့်စဉ်ကိုသုံးကာအချို့တပည့်များ၏ သွေးကိုစုပ်ယူခဲ့ခြင်းကြောင့်ဖြစ်ပြီး သူ၏ လက်ရှိအရှိန်အဝါမှာ တိုးမြင့်သွားကာ ဆဌမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သို့ရောက်ရှိသွားသည်။

ဒဏ်ရာနည်းသောလီချန်းရှန်အားကြည့်ကာ သူဟာများစွာဒေါသမဖြစ်ပါချေ။

"ငါအခုတစ်ခုခုကိုတွေးနေတာ"

"မင်းကဘယ်သူလဲ?"

"မင်းရဲ့ဓားအငွေ့အသက်က အရမ်းအားကောင်းပြီး မင်းကျင့်ကြံနေတဲ့ ကျင့်စဉ်က ဒဏ္ဍာရီလာ ထိုက်ယိဓားတာအိုနဲ့ အရမ်းကိုဆင်တူနေတယ်။"

"အခုမင်းက နတ်ချပ်ဝတ်တန်ဆာကို ဝတ်ထားသေးတာကိုကြည့်ပြီး ငါနားလည်ပြီလို့ထင်တယ်။"

"ငါမင်းဘယ်သူလဲဆိုတာကို သိပြီထင်တယ်"

လီချန်းရှန်ဟာ မဖြေပါချေ။

"မကြာသေးခင်က ထိုက်ယိဓားတာအိုမှာ ပါရမီရှင်မြင့်မြတ်သောသားတော်လေးပေါ်လာတယ်လို့ကြားတယ်။"

"ငါသာ မမှားရင် အဲ့ဒီမြင့်မြတ်သောသားတော်က မင်းပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား?"

ဗုဒ္ဓဘုရားကျောင်းငယ်၏ ဆရာတော်မှာ ပြုံးလိုက်သည်။

"မူလကတော့ ငါတို့လမ်းကြောင်းတွေက တူညီကြတယ်။"

"ကံမကောင်းစွာနဲ့ပဲ မင်းကငါ့ရဲ့ ဗုဒ္ဓဘုရားကျောင်းငယ်ကိုလာပြီး ဒုက္ခဖြစ်စေခဲ့တယ်။ အခု ငါမင်းကိုသတ်ရင်တောင်မှ ထိုက်ယိဓားတာအိုက ဗုဒ္ဓဂိုဏ်းတာဝန်ခံမှုကို ထိန်းထားနိုင်မှာမဟုတ်ဘူး။"

"ငါသာမင်းကိုသတ်လိုက်ပြီး ဗုဒ္ဓဂိုဏ်းအတွက် တခြားဂိုဏ်းက စွမ်းအားကြီးပါရမီရှင်တစ်ယောက်ကို ဖယ်ရှားလိုကရင် ဗုဒ္ဓဂိုဏ်းက ငါ့ကိုလုံးဝဆုချမှာပဲ။ မြင့်မြတ်သောသားတော်လီက ငါ့ရဲ့စကားတွေကို သဘောတူရဲ့လား?"

လီချန်းရှန်မှာ နှာမှုတ်လိုက်သည်။

တစ်ဖက်လူဟာ သူ့အားမသတ်ခင် ထိုအရာများအား အထူးတလည် စိစစ်နေရလောက်အောင်ပင် ထိုသူကပျင်းနေမည်ဟု မျှော်လင့်မထားခဲ့မိပါချေ။

"ခင်ဗျားမှာ ဘာအတွေးပဲရှိရှိ တိုက်ရိုက်သာပြောလိုက်။ ညှင်းပန်းနေတာကိုရပ်လိုက်တော့။"

ဆရာတော်ဟာပြုံးလိုက်သည်။

"တကယ်တော့ ဓားတာအိုမှာရှိတဲ့ မြင့်မြတ်သောသားတော်လီရဲ့ ပါရမီနဲ့ဆိုရင် ဘာကြောင့် ထိုက်ယိဓားတာအိုမှာ ဆက်‌နေသေးတာလဲ?"

"ကျုပ်တို့ရဲ့ ဗုဒ္ဓဂိုဏ်းက ကမ္ဘာမှာ နံပါတ်တစ်ဂိုဏ်းပဲ။"

"ကျုပ်တို့ဗုဒ္ဓဂိုဏ်းကအောင်မြင်ပြီး ဒီ‌တစ်လောကလုံးမှာ ဂိုဏ်းခွဲတွေရှိတယ်။"

"ကျင့်စဉ်နဲ့ နတ်လမ်းစဉ်မှာဆို ကျုပ်တို့ဗုဒ္ဓဂိုဏ်းက ပိုများတာပေါ့"

"မြင့်မြတ်သောသားတော်လီက ကျုပ်တို့ ဗုဒ္ဓဂိုဏ်းကိုဝင်ရောက်ဖို့ဆန္ဒရှိတယ်ဆိုရင် မင်းရဲ့ ဗုဒ္ဓဂိုဏ်းက ဂုဏ်သရေက လုံးဝမနိမ့်စေရဘူးလို့ ကျုပ်အာမခံတယ်။ မင်းရဲ့ လုပ်ဆောင်မှုကလည်း ထိုက်ယိဓားတာအို မဆုံးရှုံးစေတော့ဘူး။"

"ကျုပ်က မြင့်မြတ်သောသားတော်လီရဲ့ဆရာတူညီမလေးကိုတောင်ပြန်ပေးနိုင်တယ်။ ဘယ်လိုသဘောရလဲ?"

လီချန်းရှန်ဟာ စိတ်ထဲတွင်အေးစက်စွာပြုံးလိုက်သည်။

ဘုန်းကြီးအိုကြီးက တွေးတတ်လိုက်တာ။

ဒီအချိန်တွင် သူဟာဗုဒ္ဓဘုရားကျောင်းငယ်အားဖျက်ဆီးပြီးဖြစ်သည်။ ဒီ‌ဗုဒ္ဓဘုရားကျောင်းငယ်၏ တိုက်အုပ်ဆရာတော်အနေဖြင့် တစ်ဖက်လူက သူ့အားသတ်လျှင်တောင် သူဟာဆုများများရနိုင်လောက်မည်မဟုတ်ပါချေ။

ဒါ့အပြင် ကိစ္စများမှားယွင်းသွားပါက ထိုက်ယိဓားတာအို၏ ဒေါသကို တည်ငြိမ်စေရန်အလို့ငှာ ဗုဒ္ဓဂိုဏ်းမှာ သူ့အားနောက်ကျောပေးနေရမည်ပင်ဖြစ်သည်။

ထို့ကြောင့် ထိုသည်များမဖြစ်ခင် ဤဆရာတော်မှာ လီချန်းရှန်အားအရှုံးပေးရန် သွေးဆောင်နေခြင်းဖြစ်သည်ပင်။

သူသာတစ်ဖက်လူအား သွေးဆောင်နိုင်ပါလျှင် ဒါဟာ သူ့အတွက် အင်မတန်အကျိုးများစေလိမ့်မည်။

ပထမဦးစွာ လီချန်းရှန်မှာ စစ်မှန်သောဓားတာအိုပါရမီရှင်ဖြစ်သည်။

အဓိကအားဖြင့် သူဟာ သွားလေရာတွင် အမျိုးမျိုးသော ကောင်းမွန်စွာ ဆက်ဆံမှုအား ရရှိဖို့ အရည်အချင်းရှိလေသည်။

တစ်ဖက်လူ၏ဂိုဏ်းချုပ်သာ ငတုံးမဟုတ်နေဘူးဆိုပါလျှင်ပေါ့။

ဒုတိယအနေဖြင့် သူဟာ ထိုက်ယိဓားတာအို၏ မြင့်မြတ်သောသားတော်ဖြစ်သည်။

ထိုက်ယိဓား‌တာအိုမှာ နတ်ဘုရားလောကတွင် ထိပ်တန်းအဖွဲ့အစည်းမဟုတ်ပါသော်ငြား ၎င်းမှာ ကြီးမားသောအဖွဲ့အစည်းဖြစ်နေသေးသည်။

ထိုက်ယိဓားတာအို၏မြင့်မြတ်သောသားတော်မှာ ဗုဒ္ဓဂိုဏ်းသို့ကူးပြောင်းသွားလျှင်တောင်ဗုဒ္ဓဂိုဏ်း၏ ဂုဏ်ပုဒ်မှာ မည်မျှထိကြီးမားနိုင်မည်နည်း?

ဆရာတော်မှသူ့အားသတ်လိုက်လျှင် ဗုဒ္ဓဂိုဏ်းမှထိုဆရာတော်အား ဗုဒ္ဓဘုရားကျောင်းငယ်မှထုတ်ပယ်လိုက်ပေလိမ့်မည်။ သို့ရာ‌တွင် ဆရာတော်ဟာ သူ့အားကြိုးတုပ်ထားလျှင် သူဟာ လုံးဝကိုဆုကြီးရပေလိမ့်မည်။

လူတိုင်းဟာ အကျိုးအမြတ်နောက် အမြဲလိုက်ကြသည်။ နောက်ဆုံးတွင် အကျိုးအမြတ်များကအရေးကြီးဆုံးဖြစ်၏။

ဒါဟာ ပထမဦးစွာ အရှုံးပေးရန်ဆွဲဆောင်ပြီး ချက်ချင်းမသတ်ရသေးသော အကြောင်းပြချက်ပင်ဖြစ်၏။

လီချန်းရှန်မှာ သူ၏လက်ကောက်ဝတ်အားပွတ်လိုက်ကာ ထူးမခြားနား ပြုံးလိုက်သည်။

"ဒါက အလောင်းအစားကောင်းတစ်ခုလိုပဲ။"

ဗုဒ္ဓဘုရားကျောင်းငယ်၏ဆရာတော်မှာ ပျော်ရွှင်သောအမူအရာကိုထုတ်ပြနေသော်လည်း လီချန်းရှန်၏ နောက်ထပ် စကားလုံးများမှာ သူ၏မျက်နှာထက်ရှိ ဝမ်းမြောက်မှုကို ကွယ်ပျောက်သွားစေသည်။

"ဒါပေမယ့် ကျုပ်အမုန်းဆုံးက ကတုံးတွေပဲ။ ကျုပ်က ကတုံးတွေကိုသတ်ရာမှာ အင်မတန်စိတ်ဝင်စားတယ်၊ အထူးသဖြင့် ကတုံးတစ်ယောက်ကို ဓားအဝေ့တစ်ချက်နဲ့တင် သတ်လိုက်နိုင်တာမျိုးပေါ့။ ကျုပ်ကဒါကို နှစ်တစ်သောင်းလောက်တောင် လုပ်နိုင်တယ်! ဒါပေမယ့် ခင်ဗျားက ကျုပ်ကိုယ်တိုင်ကို ကတုံးတစ်ယောက်ဖြစ်လာစေချင်မှတော့၊ ဟီးဟီး၊ စိတ်မကောင်းပါဘူး။ ကျုပ်စိတ်မဝင်စားဘူး။"

ဆရာတော်၏အမူအရာမှာ လုံးဝအေးစက်သွားသည်။

သူ၏အမူအရာမှာ အေးစက်စက်ပြောလိုက်သည်အတိုင်း အေးစက်နေ၏။

"မင်းကိုအပြစ်ပေးသင့်တယ်။ မင်းရဲ့ထိုက်ယိဓားက ငါ့ရဲ့ဝါဂျရာအနုပညာအကာအရံကိုတောင် မချိုးဖြတ်နိုင်ပါဘူး။ မင်းကငါ့‌ရဲ့ရှေ့မှာပဲသေရလိမ့်မယ်!"

သူ့စကားဆုံးသည်နှင့် လီချန်းရှန်မှာ သူ၏ လက်ခလယ်တစ်ချောင်းကိုသာ ထောင်ပြလိုက်၏။

ထို့နောက်တွင် ဗုဒ္ဓဘုရားကျောင်းငယ်၏ဆရာတော်မှာ သူ၏နေရာမှ ရုတ်တရတ်ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် သူဟာ လေကိုပင်မဖြုန်းတော့ဘဲ လီချန်ရှန်းရှေ့သို့ ချက်ချင်းရောက်လာ၏။

လူသတ်ငွေ့ဟာထွက်ပေါ်လာသည်။ ထိုအချိန်၌ သူဟာ လီချန်းရှန်အား မြုပ်နှံစရာမရှိဘဲနှင့်ပင် သေစေချင်သည်။

ဗုဒ္ဓကြွလှမ်းလာပါလျှင်တောင် သူ့အားကယ်တင်နိုင်မည်မဟုတ်တော့ချေ!

သူဟာ ဝါဂျရာအနုပညာအား ရှိသမျှအားကုန် အသက်သွင်းလိုက်ကာ ကြီးမြတ်သောဗုဒ္ဓသိုင်းပညာတစ်ခုနှင့်ပေါင်းစပ်လိုက်သည်။ သူ၏လက်သီးမှ စွမ်းအားမှာ အားကောင်းလှသောကြောင့် အင်မတန်အားကြီးသော စွမ်းအင်နှင့် အလင်းကိုပင် ပေါ်ထွက်လာစေသည်။

လူသတ်ငွေ့ဟာ ပျံ့နှံ့သွားကာ တိုးမြဲတိုးလာ၏။ ၎င်းမှာ လီချန်းရှန်ရှေ့မှောက်သို့ရောက်သောအခါ အကန့်အသတ်ထိရောက်ရှိပြီးပင်ဖြစ်သည်။

သူဟာ လီချန်းရှန်အား ထို ထိုးချက်နှင့်ပင်သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်!

သို့ရာတွင် လီချန်းရှန်မှာ နောက်သို့လုံးဝမဆုတ်ပါချေ။

သူ၏ရှေ့သို့ ထိုးချက်ကျရောက်လာသောအခါတွင် သူ၏စွမ်းအားမှာ ချက်ချင်းအသက်ဝင်သွားသည်။

ကြီးမြတ်သောအာကာပြင် ဖြိုခွဲခြင်းခြေလှမ်းကျင့်စဉ်၏ ကျေးဇူးဖြင့် လီချန်းရှန်မှာ ပိုမိုမြန်ဆန်သော အရှိန်နှင့်ပင် ဆရာတော်၏ထိုးချက်ကိုရှောင်လိုက်သည်။

သို့သောသူဟာ နောက်မဆုတ်ပါချေ။ ထိုအစားသူဟာ အင်မတန်မှထက်မြိလှ‌သည့် ဘာမထီဓားအငွေ့အသက်ကို ကိုင်ဆောင်ပြီး ဘုန်းကြီးအို အရှေ့သို့ ခုန်ကူးသွားလိုက်သည်။

ထို့နောက်တွင် သူဟာ ကိုယ်ပေါ်ရှိ နတ်အဆောင်ဓားအားဆင့်ခေါ်ကာ အဇူရာကြာပွင့်ဓားအနုပညာကို ခွန်အားအလုံးစုံဖြင့် လှည့်ပတ်လိုက်သည်!

ထိုအခိုက်တွင် လီချန်းရှန်၏ အရှိန်အဝါမှာ ရှိန်လောက်ဖွယ်ပါပင်။

ထိုအခိုက်တွင် လီချန်းရှန်မှာ ဓားနှင့်လူတစ်ယောက်ဖြစ်လာ၏။

ထိုအခိုက်တွင် လီချန်းရှန်၏ စစ်မှန်သောခွန်အားကို ပြသလေသည်!

မတိုင်ခင်က သူဟာ ပုန်းအောင်းမြဲပုန်းအောင်းနေလျက် ဘုန်းကြီးအိုအား ရှုပ်ထွေးစေကာ သူသည် ထိုက်ယိဓားတာအိုနှင့် ကြယ်တာရာဓားအလင်းတန်းများကိုသာ သုံးတတ်သယောင် ဟန်ဆောင်နေခဲ့၏။

သူ၏ တကယ့်ပန်းတိုင်မှာ ထိုဘုန်းကြီးအိုမှ သူ၏အကွက်အားလုံးကို ထုတ်သုံးမည့်အခိုက်ကို ရှာနေခြင်းပါပင်။

ဒါဟာ ယခုအခိုက်၌ ဘုန်းကြီးအို၏ စွမ်းအားကိုသူ၏တိုက်ခိုက်မှုဖြင့်သာ ထိန်းထားပြီး သူ၏ကာကွယ်နိုင်စွမ်းကို အာရုံမစိုက်နိုင်စေရန်ဖြစ်သည်။

အခုတွင် အချိန်ကျလာလေပြီ!

ဆရာတော်အိုကြီး၏မျက်စိသူငယ်အိမ်များမှာ တစ်ခဏအတွင်းပြူးကျယ်သွားသည်။ သူဟာလီချန်းရှန်မှ ထိုသို့သော အားကောင်းသည့်တိုက်ခိုက်မှုမျိုး ထုတ်နိုင်မည်ဟု မထင်မှတ်ထားခြင်းကြောင့်ပင်

ထိုဓားအငွေ့အသက်၏ ထက်မြိမှုမှာ မြန်ဆန်အားကောင်းပြီး သူ့အားမောပန်းကာ အသက်ပင်မရှူနိုင်အောင် ပြုလုပ်နေသည်ပင်!

သူဟာကာကွယ်ချင်ပါသော်လည်း အင်မတန်နောက်ကျနေပြီဖြစ်၏။

သူဟာတိုက်ခိုက်ချင်ပါလျှင် လီချန်းရှန်၏ဓားအလင်းမှာ သူမှ လီချန်းရှန်အား မထိနိုင်ခင်ပင် အသတ်ခံလိုက်ရပေလိမ့်မည်။

တကယ်ကိုပင် သူ၏ နှလုံးအိမ်အား မနာကျင်စေခင်မှာပင် သူ၏ကိုယ်မှာ ကြီးမားသောအားတစ်ခုဖြင့် ရိုက်မိသွားသည်။

သွေးများစီးကျလာ၏။ သူ၏ရင်ဘတ်မှာ အရှင်လတ်လတ်ဆုတ်ဖြဲခံလိုက်ရကာ အတွင်းအင်္ဂါများမှာ ဓားကြောင့် ကွဲပြဲသွားကြသည်။

၎င်းမှာ ဓားအလင်း သူ၏နောက်ကျော်ကိုထိုးဖောက်လျက် နံရိုးများကိုပင်ကျိုးကြေစေသည်အထိဖြစ်သွားစေသည်။

သူဟာလှုပ်ရှားမှုတစ်ခုနှင့်ပင် ပြင်းစွာဒဏ်ရာရသွားကာ အသတ်ခံရလုနီးပါးပင်!

ဘုန်း!

ဆရာတော်အိုကြီးမှာ မီတာသောင်းချီအကွာမှ များပြား‌သောကျောက်တုံးကြီးများပြန့်ကျဲနေသည့် အမှိုက်ပုံသို့ ပြင်းပြင်းထန်ထန်ဆောင့်တွန်းခံလိုက်ရသည်။

"ဒါကပြီးသွားပြီ!"

ထိုအခိုက်တွင် လီချန်းရှန်တိုက်ခိုက်ချိန်၌ သူဟာသက်ပြင်းချနိုင်သွားသည်။

ထိုအခိုက်၌ ထိတ်လန့်ခြင်းနှင့် ရှုပ်ထွေးခြင်းများထက် ဆရာတော်အိုကြီးမှာ အကူအညီမဲ့မှုနှင့် မမျှတမှုက ပိုရှိနေသည်။

သူဟာခါးသက်စွာပြုံးလိုက်၏။

"ဟီးဟီး၊ မင်းကတစ်လျှောက်လုံး အရံအစီအစဉ်ကိုဖုံးထားမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဂျူနီယာလေးတစ်ယောက်က တကယ်ကို စွမ်းအားကြီးတာပဲ။ မင်းကတကယ်ကို တုနှိုင်းမဲ့ပါရမီရှင်ပဲ! ငါက အလကားသက်သက်သေရတာမဟုတ်ဘူး။"

လီချန်းရှန်မှာ သူ၏ဓားအား ဖြည်းညင်းစွာ ရုတ်သိမ်းကာ အေးစက်စက်ပြောလိုက်သည်

"အဓိပ္ပာယ်မရှိပြောတာ‌တွေတော်တော့။ ကျုပ်ရဲ့ဆရာတူညီမလေးဘယ်မလဲ? ကျုပ်ကိုပြောပြပါ၊ ခင်ဗျားရဲ့အလောင်းကို အကောင်းတိုင်းထားခဲ့ပေးမယ်"

ဆရာတော်အိုကြီးမှာ သူ၏ဒဏ်ရာများကြောင့် ညည်းညူကာအကြိမ်ရေအနည်းငယ်ခန့်ချောင်းဆိုးလိုက်သည်

"အဟွတ်၊ အဟွတ်၊ အဟွတ်... မင်းရဲ့ဆရာတူညီမလေးကိုထပ်ပြီးမြင်ရမှာမဟုတ်ဘူး။ သူမကို‌ နတ်ဆိုးသုတ်သင်ရှင်းလင်းခြင်းအစည်းအဝေးမှာ ပါဝင်ဖို့ ဗောဓိဘုရားကျောင်းကိုပို့လိုက်ပြီးပြီ"

"မင်းသွားရဲလို့လား"

"ဒါပေမယ့် မင်းသွားရဲရင်တောင် ငါက မင်းကိုသွားခွင့်ပြုမှာမဟုတ်ဘူး"

လီချန်းရှန်ဟာ သူ၏မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။

ဆိုးရွားသော ခံစားချက်တစ်ခုက သူ၏နှလုံးတွင်ဆန်တက်လာ၏။

"ဘာလဲမင်းသွားချင်လို့လား"

ဆရာတော်အိုကြီးမှာနှာမှုတ်လိုက်သည်။

"ဗုဒ္ဓဂိုဏ်းက အောင်မြင်တယ်။ ငါ့ကိုအကြွယ်ဝဆုံးဖြစ်စေတာဘာလို့ထင်လဲ? နှစ်တွေအများကြီးကြာအောင် ငါစုဆောင်းခဲ့တာ ထိပ်တန်းအဆင့် နတ်သလင်း‌ကျောက်ပေါင်းဆယ်သန်းရှိတယ်။ နတ်ဘုရားဘုရင်အဆင့်ပညာရှင်တောင်မှ နတ်သလင်းကျောက်ပေါင်းများစွာရဲ့ ပေါက်ကွဲမှုကို ကြံ့ကြံ့ခိုင်နိုင်မှာမဟုတ်ဘူး။"

"ဒီအချိန်မှာ မင်းသေတာကို မြင်ရမှာပေါ့"

"ကျုပ်အရင်သွားပြီ။ မြင့်မြတ်သောသားတော်လီ၊ ခင်ဗျားကို အောက်ငရဲဘုံမှာစောင့်နေပါမယ်။"

"ခင်ဗျား သေစမ်း!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၃။ အပိုင်း ၃၃၈ ငါ့တပည့်လေးအပြစ်ပြုခဲ့မိတာ ဘယ် ဘော့စ်အကြီးစားလဲ?

"ချိတ်ဆက်မှုမဖန်တီးခင်မှာ တစ်ဖက်လူကို အရင်ဖော်ထုတ်ဖို့ ငါ့ရဲ့စိတ်ခွန်အားကိုပထမဆုံးအသုံးပြုရမယ်။ ပြီးရင်ငါကထိုက်ရွှမ်ပေသို့ရဲ့ ဟင်းလင်းပြင်ဆိုင်ရာစွမ်းအားကို ထည့်သွင်းရမယ်...နောက်ကျရင်တော့ တည်နေရာရှာ‌ဖွေတဲ့နေရာတွေမှာ ကျောက်ချထားရမယ်။ နောက်ဆုံးမှာ အဲ့ဒီကျင့်စဉ်ကို လုံးဝလှည့်ပတ်နိုင်သွားမယ်။"

"အကြွင်းမဲ့ကောင်းကင်ဘုံတေးသံ၊ အသက်ဝင်!"

လုရှောင်ယန်ဟာ အကြွင်းမဲ့ကောင်းကင်ဘုံတေးသံအား တိုက်ရိုက်အသုံးပြုလိုက်သည်။ သို့သော် အသုံးပြုသည့်အချိန်၌ သူ၏တစ်ကိုယ်လုံးအား စွမ်းအားကြီးမားသော အားတစ်ခုက လွှမ်းခြုံလိုက်သည်။

ဘန်း!

ထိုအခိုက်တွင် လုရှောင်ယန်၏ကိုယ်မှာတုန်လှုပ်သွား၏။ သူဟာနေရာ၌ပင် မူးဝေနေကာ မြေပြင်တွင် မထိုက်ချမီ‌၌ ခြေနှစ်လှမ်းပြန်ဆုတ်မိသွားသည်။

"သေစမ်း မင်း!"

သူဟာ ဒေါသထွက်လွန်းသောကြောင့် ဆဲရေးလိုက်သည်။

အကြွင်းမဲ့ကောင်းကင်ဘုံတေးသံအားအသုံးပြုလိုက်သည်နှင့် သူဟာ လေးလံသော လေထုကိုခံစားမိလိုက်သည်။ သူဟာ အနာတရမဖြစ်သွားပါသော်လည်း အချိန်ခဏလောက်တော့ မူးဝေသွားခဲ့သည်။

ဆိုရလျှင် တစ်ဖက်လူ၏တိုက်ခိုက်မှုမှာ အနည်းဆုံး အစောပိုင်းနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်နှင့် ညီမျှသည်။

သူ၏တပည့်မှာ ထိုမျှလောက်ထိ အံ့ဩဖို့ကောင်းသည်လား?

သူဟာ နတ်ဘုရားဧကရာဇ်အဆင့်ရှိရန်သူအား တကယ်တိုက်ခိုက်နေသည်ပင်။

သို့သော်၊ တစ်စုံတရာကမှားယွင်းနေ၏။ လီချန်းရှန်၏လက်ရှိကျင့်ကြံဆင့်ဖြစ်သည် ဆယ်ပါးသောသိုင်းနတ်ဘုရားအထွဋ်အထိပ်မှာ နတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်ဖို့ရာ အကွာအဟမှာ ဝေးကွာလှသည်။ သူဟာ ပိုမို အဆင့်မြင့်သူများကိုတိုက်ခိုက်နိုင်လျှင်တောင် ထိုမျှလောက်ထိအားကောင်းသောပညာရှင်အား တိုက်ခိုက်ရန်မလိုအပ်ပါချေ။

ဝမ့်ခိုက်များ မှားယွင်းကာ အာရုံခံမိသည်လား?

ဆိုရလျှင် လီချန်းရှန်နှင့် အခြားသူများမှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ပညာရှင်များမဟုတ်ကြဘဲ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များဖြစ်နေကြသည်လား?

သို့ရာတွင် ဤသည်လည်းမမှန်ပါချေ။ သူတို့အားလုံးဟာ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များဖြစ်နေပါလျှင် သူ၏လက်ရှိကျင့်ကြံဆင့်မှာ အနည်းဆုံးတော့ နတ်ဘုရားဧကရာဇ်အဆင့်မဟုတ်လျှင်တောင် ကြီးမြတ်သောနတ်ဘုရားအဆင့်တွင် ရှိနေရပေမည်။

တစ်ခုခုတော့မှားနေပြီ!

တစ်ခုခုမှားနေပုံပေါ်သည်။

ဤလောကမှာ နတ်ဘုရားလောကဖြစ်သည်။ ဤနေရာမှာ အနိမ့်ပိုင်းလောကထက်ပိုကာသန်မာပေသည်။

ထိုသို့သောကမ္ဘာကြီးတွင် ဝမ့်ခိုက်ဟာ တပည့်များ၏ မည်သည့်အချက်အလက်ကိုမျှပင် မရှာနိုင်ပါချေ။

ဒီ‌အခြေအနေတွင် မှားယွင်းရန်မှာ လုံးဝဖြစ်နိုင်ချေရှိသည်။ စုံစမ်းထားရခဲ့သည့် တပည့်များ၏ကျင့်ကြံဆင့်မှာ တကယ်ကိုအတုအယောင်ပင်!

ဆိုရလျှင် တပည့်အချို့မှာ နတ်ဘုရားဧကရာဇ်အဆင့်သို့ပင်တက်လှမ်းပြီးကြဟန် တူသည်။

ထို့နောက်တွင် ၎င်းတို့မှာ အားကောင်းသောရန်သူများကို စတင်တိုက်ခိုက်နေပြီလား?

ဝမ့်ခိုက်မှာ လုံလောက်သော သတင်းမရခဲ့ခြင်းကြောင့် သူ၏ကျင့်ကြံဆင့်မှာ နတ်ဘုရားအရှင်ဘုရင်အဆင့်သို့သာတိုးလာသည်။

အမ်...

ဝမ့်ခိုက်မှာ အလွန်ယုံကြည်လို့မရနိုင်ပါချေ။

သူဟာဤခွေးခေါင်းဆောင်အား အနားတွင် ထားခွင့်မပြုတော့ပါချေ။ သူဟာ သူ့ကိုယ်သူ ပိုမိုလုံခြုံစေရန် တွေး‌တောရမည်ပင်။

လုရှောင်ယန်၏ နှလုံးမှာ လေးလံနေ၏။ သူဟာ အဝတ်များကို ချက်ချင်းလဲကာ လုမျိုးနွယ်စုဘိုးဘေးခန်းမ‌သို့ရောက်ရှိလာ၏။ သူဟာ လုချန်းလုံအားချက်ချင်းခေါ်လိုက်သည်။

မကြာမီတွင် လုချန်းလုံမှာ လုမျိုးနွယ်စုဘိုးဘေးခန်းမသို့ရောက်ရှိလာသည်။

"ဘိုးဘေး၊ ကျုပ်ကိုရှာနေတာလား?"

လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ပါတယ်။ ကျုပ် ခင်ဗျားကိုပြောစရာတစ်ခုရှိတယ်။ မကြာခင်က ညဘက်ရာသီဥတုကို ခန့်မှန်းနေတာ။ နတ်ဘုရားလောကတစ်ခုလုံးက နည်းနည်းလောက်တော့ ဆိုးမယ်”

"ဟစ်~"

လုခန်းလုံမှာ ချက်ချင်းပင် အံ့အားသင့်သွားပြီး သူ၏မျက်နှာထက်တွင် ကြီးစွာသော ထိတ်လန့်မှုကို ထုတ်ဖော်ပြသနေသည်ပင်။

"ဘိုးဘေး ခင်ဗျားဒါကို ရာသီဥတုအခြေအနေကနေ ကောက်နှုတ်ထားတာလား?"

သူဟာအင်မတန်ထိတ်လန့်သွားသည်။ သူ၏ဘိုးဘေးမှာ ဒဏ္ဍရီလာကောင်းကင်ဘုံရှုအနုသုခုမကို သိရန်မမျှော်လင့်ထားခဲ့ပါချေ!

၎င်းမှာ နတ်ဘုရားအရှင်ဘုရင်အဆင့်များပင် မသိနိုင်သည့် နတ်လမ်းစဉ်ဖြစ်သည်ပင်။

နတ်ဘုရားအရှင်ဘုရင်အဆင့်ကိုကျော်ဖြတ်ပြီး ဒဏ္ဍာရီလာ အမတအဆင့်သို့ရောက်ရှိမှသာ ထိုကောင်းကင်ဘုံရှုအနုသုခုမကို အသုံးပြုနိုင်မည်ဖြစ်သည်။

ဘိုးဘေး၏ကျင့်ကြံဆင့်မှာ အမတအဆင့်သို့ပင်ရောက်ရှိနေခြင်းဖြစ်နိုင်မလား?

ဘုရားရေ၊ ဒါကအရမ်းကြောက်ဖို့ကောင်းမနေဘူးလား?

အမတတစ်ပါး!

၎င်းမှာ များစွာသော ကမ္ဘာလောကများရှိ သက်ရှိများအားလုံးကို ကျော်လွန်နေသော တည်ရှိမှုဖြစ်သည်။

၎င်းမှာ ကောင်းကင်ဘုံတရားရုံးအား အုပ်ချုပ်ရန် ဆန္ဒနှင့် တည်ရှိသော ဖြစ်တည်မှုဖြစ်ပြီး လူတိုင်းကိုအထင်သေးလေသည်!

လုရှောင်ယန်၏ မျက်နှာမှာ ရွှင်မြူးရိပ်ပေါ်လွင်လာ၏။ သူ၏အဘိုးမှာ အလွယ်တကူပင်လှည့်ဖျားခံရနိုင်မည်ဟု မထင်ထားခဲ့ပါချေ။ သူဟာ သူ၏စကားများအား အမှန်ပင် အလွယ်တကူယုံကြည်နေသည်။

ဟီးဟီး၊ ဒါကကောင်းပါတယ်။ သူဟာလည်း ဒီအတွေးရေယာဉ်ကိုသာ စီးမျောမည်ဖြစ်သည်။

ထိုသို့တွေးရင်းဖြင့် သူဟာချောင်းဟန့်လျက်ဆိုလိုက်သည်။

"အမှန်ပဲ။ လုမျိုးနွယ်စုက အခုဆိုရင်အရမ်းကိုသေးငယ်နေသေးတယ်။ လုမျိုးနွယ်စုမှာရှိတဲ့လူတွေကို အန္တရာယ်ထဲကျရောက်တာကနေ ကာကွယ်ဖို့ လုမျိုးနွယ်စုကို လုမျိုးနွယ်ဘိုးဘွားနယ်မြေကိုခေါ်ဆောင်ပြီး တစ်မျိုးနွယ်လုံးဖျက်ဆီးခံရတာနဲ့ တိုက်ခိုက်ခံရမှာကို ရှောင်ရှားဖို့ ကမ္ဘာငယ်တစ်ခုထဲမှာ တစ်မျိုးနွယ်လုံးကို အစီအရင်တစ်ခု တည်ဆောက်စေဖို့ ပြင်ဆင်ထားတယ်။"

"ဘိုးဘေး၊ ကောင်းလိုက်တဲ့အကြံ! ဘိုးဘေးကပြောတယ်ဆိုတည်းက ချန်းလုံကဒါကို လိုက်နာမှာပါ"

လုရှောင်ယန်ဟာ ခေါင်းငြိမ့်လိုက်သည်။

"ဒါဆိုရင် လုမျိုးနွယ်စုဂိုဏ်းသားတွေကို အမြန်စုစည်းပြီး လုမျိုးနွယ်စုဘိုးဘေးနယ်မြေကိုလာခဲ့။ အခုကစပြီး မင်းဘာသာမင်း တံခါးပိတ်ကျင့်ကြံတော့။"

"ကောင်းပါပြီ!"

လုချန်းလုံမှာ အလျင်အမြန်ပင် လုပ်စရာရှိသည်ကိုသွားရောက်လုပ်ဆောင်တော့သည်။

လုရှောင်ယန်၏ အတွေးများမှာရိုးရှင်းလှပါသည်။ လူအနည်းစုကသာ လုမျိုးနွယ်စုဘိုးဘေး‌နယ်မြေအကြောင်း သိရှိကြခြင်းကြောင့်ပင်။ သူတို့သိခဲ့လျှင်တောင်မှ ထိုနေရာကိုတွေးမိလိမ့်မည်မဟုတ်ချေ။

မျိုးနွယ်စုခြောက်ခုမှ လူများသည်လည်း လုမျိုးနွယ်စု၏ဘိုးဘေးနယ်မြေအကြောင်းကို သိကြပါသော်ငြား ၎င်းတို့မှာ ဆန္ဒရှိပါက သေသွားနိုင်သည့် လုမျိုးနွယ်စုလက်ထဲရှိ ပုရွက်ဆိတ်လေးများဖြစ်သည်။ ထို့ကြောင့် လုရှောင်ယန်မှာ လုမျိုးနွယ်စု၏ ပုံစံအမှန်ကို ၎င်းတို့ထုတ်ဖော်မည်အား မကြောက်ရွံ့ပါချေ။

ထိုအချိန်ရောက်လျှင် ကောင်းကင်ပင်လယ်မြို့တော်အား လုမျိုးနွယ်စု၏ ရှေ့တန်းဖြစ်ခွင့်ပြုမည်ပင်။ တစ်ယောက်ယောက်မှသူ့အား ဒုက္ခလာပေးချင်နေပါလျှင် ကောင်းကင်ပင်လယ်မြို့တော်အား ပထမဆုံး ကိုင်တွယ်ခွင့်ပြုလိုက်မည်။ ထိုနည်းလမ်းဖြင့် လုမျိုးနွယ်စုတွင်ရွေးချယ်စရာများပြားပေသည်။ သူတို့မှာ ပုန်းဖို့ရာမက လွတ်မြောက်ဖို့ပါရွေးချယ်နိုင်သည်။

ပင်လယ်ခုနှစ်သွယ်စင်မြင့်မှာမူ သူဟာဂိုဏ်းသားများအား နတ်သလင်းကျောက်များစုဆောင်းဖို့ရာတောင်းဆိုထားဆဲပင်။ ထိုအချိန်တွင် သူ၏ကိုယ်ပွားတစ်ခုဖြစ်ဖြစ် လုမျိုးနွယ်စုတပည့်တစ်ဦးဖြစ်ဖြစ် သူ့အ‌တွက် ငွေများစုဆောင်းပေးလျှင် အ‌ဆင်ပြေလောက်မည်လား?

သူဟာတကယ်ကို ပါရမီရှင်ပင်!

...

တစ်ဖက်တွင်မူ ဗုဒ္ဓဘုရားကျောင်းငယ်၌။

ဖုန်များပျောက်ကွယ်သွားချိန်တွင် ဗုဒ္ဓဘုရားကျောင်းငယ်၏တစ်ဝက်ကျော်မျှနှင့် တောင်တစ်ခုလုံးမှာ အက်ကွဲသွားပြီး တောင်‌အောက်ခြေနှင့်အအပျက်အစီးများအချို့သာ ကျန်ရှိတော့သည်။

ပုံရိပ်နှစ်ခုမှာ ပြေးလာ၏။

ဤမြင်ကွင်းကိုမြင်ကာ စုန့်ရှင်းနျန်မှာ မြေပေါ်တွင်ချက်ချင်းဒူးထောက်ပြီး မျက်ဝန်းများမှာနီရဲသွား၏။ သူဟာမတိုင်ခင်ကလို ပြုံးပင်မပြုံးတော့ပါချေ။

"ဆရာတူအစ်ကို လေး! ဆရာတူအစ်မ ငါး! ကျွန်တော်နောက်ကျသွားတယ်!"

သူဟာလက်သီးတင်းတင်းဆုပ်ထားပြီး သူ၏မျက်နှာထက်တွင် ဒေါသနှင့် မိမိကိုယ်ကိုရှုံ့ချခြင်းတို့သာ ဖြစ်ပေါ်နေ၏။

ဘာကြောင့်လဲ?

ဘာကြောင့်သူအချိန်မီမရောက်ခဲ့ရတာလဲ?

သူသာနည်းနည်းလောက်လေးစောပြီးရောက်လာခဲ့မည်ဆိုလျှင် ကိစ္စများက ယခုလိုအဆုံးမသတ်သွားလောက်ပါချေ။ သူ၏ဆရာတူအစ်ကိုနှင့် အစ်မနှစ်ဦးစလုံးအား ဆုံးရှုံးလိုက်ခြင်းကို သိရှိပြီးနောက်တွင်သူဟာ အသည်းကွဲသွားရသည်။

သူတို့မှာ ရှန်းထီကျောက်ရှင်အမှန်အသားဖြင့် ပြန်လည်ရှင်သန်နိုင်မည်မှန်းသိပါသော်ငြားလည်း ၎င်းတို့ တစ်ခါကအသတ်ခံလိုက်ရသည်ဆိုသည့်အချက်မှာ ပျက်စီးမသွားပါချေ!

လင်းရှင်းယွဲ့မှာ ထိုသည်ကိုမြင်သော် ကူရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

တကယ်ကိုပင် ကျင့်ကြံခြင်းလမ်းကြောင်းမှာ အင်မတန်နှလုံးသားမဲ့လှသည်။ သူတို့သေမည်လားကို မည်သူမှမသိကြပါချေ။

သူမဟာ စုန့်ရှင်းနျန်၏ပုခုံးအားပုတ်ကာ နှစ်သိမ့်လိုက်သည်။

"အရမ်းဝမ်းမနည်းပါနဲ့။ ရှင့်ရဲ့ဆရာက သူတို့ကိုပြန်ပြီးရှင်သန်စေနိုင်တယ် မဟုတ်ဘူးလား?"

"အဲ့ဒါက အဲ့လောက်မလွယ်ဘူး။ ရှန်းထီကျောက်ရှင်အမှတ်အသားရဲ့ ပြန်လည်ရှင်သန်စွမ်းက တစ်ဖက်လူရဲ့ ကျင့်ကြံဆင့်ပေါ်မှာ မူတည်‌တယ်။ ကျင့်ကြံဆင့်မြင့်လေလေ ရှင်သန်ဖို့အချိန်ကြာလေလေပဲ။"

"သူတို့ရဲ့ကျင့်ကြံဆင့်တွေကပဲ အရမ်းကိုမြင့်နေပြီ။ သူတို့သေသွားပြီးနောက်မှာ သူတို့ကိုပြန်ရှင်သန်စေဖို့ ဘယ်လောက်ကြာမလဲဆိုတာကိုမသိဘူးလေ။ ဒါက ဆယ်စုနှစ်အချို့တော့ အနည်းဆုံးကြာနိုင်တယ်။ ဒီဟာနဲ့ သေတာနဲ့ကြားမှာ ဘာကွာတာရှိလို့လဲ?"

လင်းရှင်းယွဲ့မှာ သူမ၏ခေါင်းကို ကူရာမဲ့စွာ ခါယမ်းလိုက်သည်။

သူမဟာ သူမ၏ဖခင်အား အနန္တတန်ခိုးရှင် မဖြစ်ဖို့ မမျှော်လင့်ပါချေ။

မဟုတ်သေးပါဘူး၊ အခုဘာလို့ အဲ့ဒီလူကို သူမအဖေလို့တွေးနေသေးတုန်းပဲလဲ?

အားးးးး!

စိတ်ရှုပ်စရာပဲ!

သူမစိတ်ဓာတ်ကျသွားသည်နှင့်တပြိုင်နက် စုန့်ရှင်းနျန်မှာ သူ၏ ခါးပတ်ကြိုးစအဖြူအားအတွင်းဝတ်ဆီမှ ဆုတ်ဖြဲလိုက်ကာ သူ၏ခါးထက်တွင်ချည်နှောင်လိုက်၏။

"ရှင်ဘာတွေလုပ်နေတာလဲ?"

စုန့်ရှင်းနျန်မှာ လေးနက်လှသောအမူအရာဖြင့်ပြောလိုက်သည်။

"ငါ့ရဲ့အရင်အိမ်မှာတုန်းက လူ‌တစ်ယောက်သေဆုံးပြီးရင် ငိုကိုငိုရတယ်လေ။ မဟုတ်ရင် သေပြီးရင်တောင်မှ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနေရမှာမဟုတ်ဘူး။"

"ငါ့ရဲ့ဆရာတူအစ်ကိုနဲ့ အစ်မတွေက သေသွားကြပြီး ငါကခြေတစ်လှမ်းနောက်ကျသွားတယ်။ သဘာဝကျကျပဲ ငါသူတို့အတွက် ငိုကြွေးရမယ်လေ။"

လင်းရှင်းယွဲ့မှာ ခပ်လေးလေး သက်ပြင်းချလိုက်သည်။

မျှော်လင့်ထားသလိုပင် သူ၏ဆရာတူမောင်နှမများနှင့် နက်နဲသော ဆက်ဆံရေးရှိသော တစ်စုံတစ်ယောက်ဖြစ်လေသည်။

သို့သော် တစ်ခဏအကြာတွင် သူမ၏အမူအရာမှာ ရုတ်တရတ် ထူးဆန်းသွား၏။

"အစ်ကို၊ အစ်မ ခင်ဗျားတို့က တကယ်ကိုဝမ်းနည်းစရာပဲ! အဲ့ဒီကတုံးတွေက သေတာနဲ့ထိုက်တန်တယ်။ ဘာလို့သူတို့က အကြင်နာမဲ့ရတာလဲ? သူတို့က ကျုပ်ရဲ့ ဆရာတူအစ်ကိုနဲ့ အစ်မတွေကိုသတ်သွားတယ်..."

လင်းရှင်းယွဲ့ : "..."

သူမ၏မျက်နှာလှလှလေးမှာ ကူရာမဲ့စွာ ရှုံ့တွသွား၏။

သူကဘာတွေလုပ်နေတာလဲ?

ရယ်စရာဖြစ်စေချင်နေတာလား?

သူမဟာ ရယ်ချင်ပါသော်လည်း တစုံတရာက မဆီလျော်နေသလိုခံစားနေရသည်။ နောက်ဆုံးတွင် ဒါက စုန့်ရှင်းနျန်၏ အရင်မိသားစု၏ စည်းမျဉ်းဖြစ်သည်ပင်။ ဒါက သေလူကိုပို့ဆောင်ခြင်းပင်။

သူမဟာ ဒါကိုထိန်းဖို့လိုပါသည်... သူမဟာ ဒါကိုထပ်မံ၍မထိန်းနိုင်တော့ဟန်တူဟည်။

သို့သော် လင်းရှင်းယွဲ့မှာ မထိန်းနိုင်ဘဲရယ်လိုက်မိသည်နှင့် အပျက်အစီးများက ရုတ်တရတ်ပေါက်ကွဲသွားသည်။

ထို့နောက်တွင် လီချန်းရှန်၏ ခန့်ညားသောပုံရိပ်မှာ ၎င်းတို့ နှစ်ဦးသားအရှေ့တွင် ပေါ်ထွက်လာတော့၏။

လီချန်းရှန်:"..."

စုန့်ရှင်းနျန်:"..."

လင်းရှင်းယွဲ့:"..."

"မင်းဘာလုပ်နေတာလဲ?"

လီချန်းရှန်မှာ စုန့်ရှင်းနျန်၏ ခါးထက်မှာ အဖြူရောင်အစင်းကြောင်းအားကြည့်ကာ အော်လိုက်သည်။ သူဟာချက်ချင်းပင် ကြောင်အသွားကာ လျစ်လျူရှုလိုက်မိ၏။

စုန့်ရှင်းနျန်မှာ လီချန်းရှန်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။

"အစ်ကိုကြီးမသေဘူးလား?"

လီချန်းရှန်၏မျက်နှာမှာ ချက်ချင်းပင်မှောင်မည်းသွား၏။

"မင်းကငါ့ကိုဒီလောက်တောင် သေစေချင်နေတာလား?"

စုန့်ရှင်းနျန်ဟာ ချက်ချင်းပင် လေးနက်စွာပြောလိုက်၏။

"ဆရာတူအစ်ကိုကြီး၊ ခင်ဗျားက... (ဇွန်ဘီ)ဖုတ်ကောင်လား? မလာပါနဲ့။ ကျွန်တော့ရဲ့ဓားမော့နည်းပညာက ဝိဉာဉ်တွေကိုတောင် ဆုတ်ဖြဲနိုင်တယ်။ အစ်ကိုကြီးက အခု ဖုတ်ကောင်ဖြစ်နေရင်တောင် ကျွန်တော် ခင်ဗျားကို မကြောက်ဘူး။"

"မင်းဘာတွေပြောနေတာလဲ?! မင်း ငတုံးကောင်!"

"ဒါပေမယ့် ဗုဒ္ဓဘုရားကျောင်းငယ်တစ်ခုလုံးကဖျက်ဆီးခံလိုက်ရတယ်! အစ်ကိုကြီးတကယ်ပဲ အဆင်ပြေတာလား? ဒါက သဘာဝတရားကြီးရဲ့ နိယာမတွေနဲ့ဆန့်ကျင်နေတာပဲ!"

လီချန်းရှန်မှာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူဟာ တစ်စုံတစ်ယောက်ကိုသတ်နေသလိုခံစားရ၏။ ကံဆိုးစွာဖြင့် ထိုသည်မှာ သူ၏ဆရာတူညီလေးဖြစ်သည်။

အကူအညီမဲ့စွာဖြင့်သူဟာ စိတ်နှလုံးထဲရှိ ဒေါသကိုဖိနှပ်ကာ ပြန်ဖြေလိုက်ရသည်။

"အဲ့ဒါဆရာပဲ! ဗုဒ္ဓဘုရားကျောင်းငယ်ရဲ့ဆရာတော်က နတ်သလင်းကျောက်တွေကို ဖောက်ခွဲပြီး ဗုဒ္ဓဘုရားကျောင်းကိုဖျက်ဆီးတဲ့အချိန်တုန်းက ဆရာ့ရဲ့ပုံရိပ်က ငါ့ရဲ့ကိုယ်ပေါ်မှာရုတ်တရတ်ပေါ်ထွက်လာတယ်။"

"အဲ့ဒီပုံရိပ်က ငါ့အပေါ်ကိုကျမယ့်ပေါက်ကွဲမှုကို အစားဝင်ခံလိုက်တာ။"

"ဘာ!"

ထိုအခိုက်တွင် စုန့်ရှင်းနျန်တင်မကဘဲ လင်းရှင်းယွဲ့သည်ပင် အံ့အားသင့်ကာ ပြောစရာမဲ့သွား၏။

"ဆရာ့ကိုတွေ့ပြီးပြီလား? ဆရာကဘယ်မှာလဲ?"

စုန့်ရှင်းနျန်ဂာ အလျင်စလိုပင်မေးလိုက်ပြီး လီချန်းရှန်မှာတော့ ခေါင်းခါလိုက်သည်။

"ဆရာဘယ်မှာရှိတယ်ဆိုတာကို ငါမသိဘူး။ ငါက ဆရာ့ရဲ့ ပုံရိပ်ဆီကနေပဲ အကယ်ခံလိုက်ရတာပဲ။"

"ဘုရားရေ၊ ဆရာ့ကိုမင်းရှာမတွေ့သေးပေမယ့် မင်းမှာ ဆရာ့ရဲ့ ပုံရိပ်ရှိနေတာပေါ့။ ဆရာက အရမ်းကြီးဘက်မလိုက်နေဘူးလား?"

စုန့်ရှင်းနျန်မှာ ချက်ချင်းပင် မထိန်းနိုင်ဘဲ သရော်လိုက်သည်။

လီချန်းရှန်မှာ သူအားဒေါသတကြီးစိုက်ကြည့်လိုက်၏။

"ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ? ဆရာကငါတို့အားလုံးကို သူ့၏ကလေးအရင်းတွေလိုပဲ ဆက်ဆံတာပါ။ အဲ့ဒီပုံရိပ်ကလည်း အရမ်းအန္တရာယ်ကြီးတဲ့ အခြေအနေမှာပဲ ဖြစ်ပေါ်တယ်။"

"ကျွန်တော်သိပြီ။ ဒါပေမယ့် ပြောရမယ်ဆိုရင် ဆရာကတကယ်ကို စွမ်းအားကြီးတာပဲ! ဆရာကဘယ်ရောက်နေလဲဆိုတာကိုမသိပေမယ့်လည်း သူက ကျွန်တော်တို့ကိုကာကွယ်ဖို့အတွက် အားကောင်းတဲ့ပုံရိပ်ကို သာမန်ကာလျှံကာလေးဖန်တီးနိုင်တုန်းပဲ။"

"ဒါအမှန်ပဲ။ ဆရာ့ရဲ့ခွန်အားကို သံသယဝင်စရာကိုမရှိတာ။"

ထိုအခိုက်တွင် စုန့်ရှင်းနျန်ဟာ ရုတ်တရတ်ပင် တစုံတရာကိုတွေးမိသွားကာ အလျင်စလိုပြောလိုက်သည်။

"ဒါနဲ့၊ ဆရာတူအစ်မ ငါး‌ရော ဘယ်မှာလဲ? ဖြစ်နိုင်တာက သူမ...?"

"တော်တော့"

လီချန်းရှန်မှာ တကယ်ကိုပင် စုန့်ရှင်းနျန်၏ ကျက်သရေမရှိသော ပါးစပ်အား တကယ်ကိုပင်ကြောက်ရွံ့လှသည်။ သူဟာ ထိုကောင်လေးမှ နောက်ထပ် အဓိပ္ပာယ်မရှိသည်များထပ်ထွက်လာမည်ကို ကြောက်နေသည်။ သူဟာ ရှင်သန်နေနိုင်ဆဲကျူးကောကျီချုံမှ ထိုကောင်လေး၏ သေလောက်သည့်ကျိန်စာအတိုက်ခံရမည်ကိုကြောက်ရွံ့မိသည်။

"မင်းရဲ့စီနီယာအစ်မကမသေသေးပါဘူး။ သူမက နတ်ဆိုးသုတ်သင်ရှင်းလင်းခြင်းအ‌စည်းအဝေးမှာ ပါဝင်ဖို့ ဗောဓိဘုရားကျောင်းဆီကို ပို့ဆောင်ခံလိုက်ရသည်။

"အစ်ကိုကြီး ဘာပြောလိုက်တာ?"

စုန့်ရှင်းနျန်၏မျက်ဝန်းများမှာ ချက်ချင်းပင် ပြူးကျယ်သွား၏။

သူ၏အမူအရာမှာ လီချန်းရှန်၏နှလုံးခုန်ပင်မှားသွားစေသည်။

"နတ်ဆိုးသုတ်သင်ရှင်းလင်းခြင်းအစည်းအဝေးမှာ အန္တရာယ်တစ်ခုခုရှိမနေနိုင်ဘူးလား?"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၃။ အပိုင်း ၃၃၉ လုမျိုးနွယ်စု၏ခံတပ်များ မွေးဖွားခြင်း

"ဘာလို့လဲ? မင်းက အဲ့ဒီနတ်ဆိုးသုတ်သင်ရှင်းလင်းခြင်းအစည်းအဝေးအကြောင်းသိလို့လား?"

စုန့်ရှင်းနျန်မှာ ခေါင်းငြိမ့်ကာ လေးနက်သောအမူရာနှင့်ပြောလိုက်သည်။

"ဒါ‌ပေါ့ကျွန်တော်သိတယ်။ နတ်ဆိုးသုတ်သင်ရှင်းလင်းခြင်းအစည်းအဝေးက တကယ်ကို အရေးပါတဲ့ ဗုဒ္ဓဂိုဏ်းရဲ့ပွဲတော်ပဲ။"

"ဒါပေမယ့် လက်တွေ့ရည်ရွယ်ချက်က တကယ်တော့ နတ်ဘုရားကနေ အမတအဖြစ်ကိုအောင်အောင်မြင်မြင်တက်လှမ်းမယ့် ဗုဒ္ဓဂိုဏ်းရဲ့ထိပ်တန်းအဆင့်ပညာရှင်တွေအတွက် လုံလောက်ကုသိုလ်ကို ထောက်ပံ့ဖို့ပဲ။"

"လူတိုင်းတော့ နားလည်ကြပါတယ်၊ ဗုဒ္ဓဂိုဏ်းမှာ ကုသိုလ်ကိုလက်ခံရရှိဖို့ အင်မတန်အရေးပါဆုံးနည်းလမ်းက နတ်ဆိုးသုတ်သင်ခြင်းပဲလေ။"

"ဒါပေမယ့် သူတို့က အဲ့ဒီနတ်ဆိုးကောင်းသလားဆိုးသလားကိုတောင် ဂရုမစိုက်ကြဘူး။ ဒါက ဗုဒ္ဓကျင့်ကြံခြင်းလမ်းစဉ်မှာ တကယ်တော့ နတ်ဆိုးတွေလို ဖြစ်တည်မှုတွေကို ထိန်းသိန်းဖို့ အခြေခံထားလို့ပဲ။"

"နောက်တစ်မျိုးဆိုရရင် တစ်ယောက်ယောက်ရဲ့ကိုယ်ထဲမှာ ဘယ်နတ်ဆိုးသွေးပဲရှိနေနေ အဲ့ဒီဘုန်းကြီးတွေကပဲ ဗုဒ္ဓတာအိုကျမ်းကိုရွတ်ဆိုပြီးသိမ်းကျုံးတိုက်ခိုက်ကြတာပဲ။ တစ်ယောက်ယောက်ရဲ့ကိုယ်မှာ ကုသိုလ်၊ တာအိုဖြောင့်မတ်မှု၊ ဒါမှမဟုတ် ဗုဒ္ဓဓမ္မရှိမနေရင် အဲ့ဒီဗုဒ္ဓတာအိုကိုခုခံနိုင်လိမ့်မှာမဟုတ်ဘူး။"

"အဲ့ဒါကြောင့် ဆယ်နှစ်တိုင်းမှာဗုဒ္ဓဂိုဏ်းရဲ့ ဌာနချုပ်ဖြစ်တဲ့ ဗောဓိဘုရားကျောင်းဆီကို နတ်ဆိုးတွေကို စုဆောင်းပြီးပို့ဆောင်ဖို့အတွက် နေရာတိုင်းမှာ ဗုဒ္ဓဂိုဏ်းခွဲတွေကကို ထားရှိခဲ့တယ်။"

"ဒီနည်းလမ်းနဲ့ နတ်ဘုရားအရှင်ဘုရင်အထွဋ်အထိပ်အဆင့်ထိကျင့်ကြံပြီးဖြစ်တဲ့ အဲ့ဒီဝါရင့်ဘုန်းကြီးတွေက သူတို့ရဲ့ကုသိုလ်တိုးမြင့်ဖို့နဲ့ အမတအရှင်တွေအဖြစ်တက်လှမ်းဖို့အတွက် နတ်ဆိုးသုတ်သင်ခြင်းအပေါ်မှာ မှီခိုကြတယ်။"

"နတ်ဆိုးသန်းရာပေါင်းများစွာအတွက်ကတော့ နာကျင်မှုနဲ့ တစ်ယောက်‌ပြီး တစ်ယောက်သေကြရမှာပေါ့။"

လီချန်းရှန်၏ မျက်လုံးများတွန့်သွားသည်။

"ဗုဒ္ဓဂိုဏ်းတွေက ဒီလောက် ရက်စက်တာလား?"

စုန့်ရှင်းနျန်မှာ ခေါင်းငြိမ့်လိုက်သည်။

"အဲ့လောက်တော့ ရက်စက်တာမဟုတ်ပါဘူး။ အချက်ကျကျပြောရရင် ဗုဒ္ဓတာအို ဒါမှမဟုတ် နတ်ဆိုးပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးက ကမ္ဘာလောကရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ အကောင်းနဲ့ အဆိုးတော့ရှိတာပေါ့။"

"သူတို့က ဗုဒ္ဓဂိုဏ်းမှာ ဆိုးတဲ့လူတွေမဟုတ်ဘူးဆိုတာကို တိတိကျကျပြောနိုင်လား?"

"မဟုတ်ရင် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မွေးဖွားခဲ့တဲ့ နတ်ဆိုးတစ်ယောက်မှမရှိဘူးလို့ တိတိကျကျပြောနိုင်လား? ဒါပေါ့ သူတို့ကလည်း ဆိုးတဲ့လူတွေပဲလေ။"

"အဆုံးမှာ သူတို့က မတူညီတဲ့ဘက်ကဖြစ်နေရုံလေးပါပဲ။"

"သူတို့တွေက ဆန့်ကျင့်ဘက်ဖြစ်နေမှတော့ ဘယ်လိုများ ကောင်းတယ်ဆိုးတယ်ပြောနိုင်မှာလဲ?"

"သိပြီ။ အခုဗုဒ္ဓဂိုဏ်းက ဆရာတူညီမလေးကို သွားရှုပ်ပြီး ငါတို့ကိုဆန့်ကျင်နေတာပေါ့။ ဗုဒ္ဓဂိုဏ်းက ငါတို့အတွက်ဆိုးတာပဲ။ အခု ငါတို့သူတို့တွေနဲ့ ရင်ဆိုင်ဖို့ပဲလိုတော့တယ်!"

လင်းရှင်းယွဲ့မှာ ကူရာမဲ့စွာပြောလိုက်သည်။

"ပြောရရင် ဘာလို့အဲ့ဒီဗုဒ္ဓဂိုဏ်းက ဆယ်နှစ်တိုင်းမှာ နတ်ဆိုးသုတ်သင်ရှင်းလင်းခြင်းအစည်းအဝေးကို ကျင်းပဖို့လိုတာလဲ? သူတို့မှာ ဝါရင့်ဘုန်းတော်ကြီးတွေ အများကြီးရှိတယ်မဟုတ်လား? နတ်ဘုရားလောကကြီးက ကျယ်ပြောနေပေမယ့်လည်း အဆင့်နိမ့်လောကမှာ သိုင်းဘုရင်အဆင့်ပညာရှင်ဖြစ်တာထက် ဒီမှာ နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ဖြစ်တာကပိုပြီးခက်ခဲသင့်တယ် မဟုတ်လား?"

စုန့်ရှင်းနျန်မှာ ခေါင်းခါလိုက်သည်။

"မင်းမသိနိုင်ပါဘူး။ ဒါပေမယ့် ငါတို့ရဲ့ ကောင်းကင်ဓားသွားစင်မြင့်ရဲ့ တစ်ယောက်ယောက်က ဗုဒ္ဓဂိုဏ်းရဲ့ စီစဉ်မှုအတွေးအခေါ်တွေကို လေ့လာထားခဲ့တယ်။ ဒီကမ္ဘာမှာ ဗုဒ္ဓဂိုဏ်းကို ခုခံနိုင်တဲ့သူမရှိဘူး။"

"ပထမဆုံး ဒီလောကရဲ့ဂိုဏ်းတွေက အကုန်လုံးဖရိုဖရဲဖြစ်နေပြီး လုံးဝ မညီညွတ်ကြဘူး။ သူတို့က ပြုပြင်ထားတဲ့စနစ်တစ်ခုရဲ့ အပိုင်းမဟုတ်ဘူး။

"‌ဗုဒ္ဓဂိုဏ်းက အဲ့ဒီဖရိုဖရဲ‌တွေကြောင့်ပဲ စွမ်းအားမြင့်လာပြီး ဒုတိယနေရာမှာရှိလို့ ဘယ်သူကမှ လုံးဝ မခုခံနိုင်ကြဘူး။"

"အမတလောကမှာ ဗုဒ္ဓဂိုဏ်းက အနောက်ဘက်ဂိုဏ်းရဲ့ ကျောထောက်နောက်ခံရှိတယ်။"

"နတ်ဘုရားလောကက ဗုဒ္ဓဂိုဏ်းကအဲ့ဒါကို ကြေညာနေတာပဲ။"

"ပထမဦးဆုံး ဗုဒ္ဓဘာသာမှာ အခြေခံကျင့်စဉ်တွေအများကြီးရှိတယ်။ ပြီးတော့ အဲ့ဒါတွေက ရိုးရှင်းပြီး လေ့လာရလွယ်ကူတယ်။ အဲ့ဒါနဲ့ဆိုရင် အဆင့်ပိုမြင့်တဲ့ ကျင့်စဉ်တွေအတွက် ကောင်းမွန်တဲ့အခြေခံအုတ်မြစ်ကိုလည်း တည်ဆောက်နိုင်တယ်။"

"အဲ့ဒါတစ်ခုတည်းကတင်ပဲ ဒီကမ္ဘာက ကျင့်ကြံသူများစွာကို ဗုဒ္ဓဂိုဏ်းဆီဝင်ရောက်ဖို့ ဆွဲဆောင်နေတာပဲ။"

"ဗုဒ္ဓဂိုဏ်းက တပည့်ပိုများများ စုဆောင်းနိုင်နေတော့ သဘာဝအတိုင်းပဲ သူတို့မှာ ပါရမီရှင်အရေအတွက် အကြီးကြီးလည်းရှိတယ်။ ပြီးတော့ ရွေးချယ်မှုအလွှာတွေပြီးတဲ့နောက်မှာ သူတို့က ပါရမီရှင်တွေကို စုဆောင်းတယ်။

"နောက်တစ်ခုကတော့ အဆင့်မြင့်ကျင့်စဉ်ပဲ။ ဗုဒ္ဓဂိုဏ်းမှာ နတ်ဘုရားလမ်းစဉ်တွေတင်မကဘဲ နက်နဲမှုအဆင့် လမ်းစဉ်တွေလည်းရှိတယ်။ ဒါ့အပြင် သူတို့မှာ အများကြီးကိုရှိတာနော်!"

"သူတို့လက်ထဲက ပါရမီရှင် အများကြီးရယ် ကျင်ကြံခြင်းရင်းမြစ်အရေအတွက်များများနဲ့ဆိုရင် သူတို့ရဲ့ ကျင့်ကြံသူတွေက နတ်ဘုရားဧကရာဇ်အဆင့်ကိုရောက်ဖို့ အရမ်းလွယ်တာပေါ့။

"ပြီးတော့ အမတအရှင်တွေဖြစ်လာပြီးနောက်မှာလည်း သူတို့က နတ်ဆိုးတွေကို သုတ်သင်ပြီး အတိဒုက္ခကိုကျော်ဖြတ်တဲ့အခါမှာ မြင့်မားတဲ့အောင်မြင်မှုနှုန်းကိုရဖို့အတွက် ကုသိုလ်တွေပဲစုဆောင်းရတယ်လေ။"

"ဒီလိုအခြေအနေနဲ့ ဗုဒ္ဓဂိုဏ်းက သန်မာသည်ထက်သန်မာလာတယ်။"

"ဒီလိုဂိုဏ်းမျိုးက နတ်ဘုရားဧကရာဇ်အဆင့်တွေအများကြီးရှိဖို့အတွက် အရမ်းလွယ်တယ်လို့မင်းမထင်ဘူးလား?"

လင်းရှင်းယွဲ့မှာ တိတ်ဆိတ်သွားသည်။

"ဗုဒ္ဓဂိုဏ်းထဲဝင်ဖို့အတွက် အကျိုးအမြတ်အများကြီးရှိနေတာလား?"

နတ်ဘုရားလောကသို့ ရောက်လာပြီးနောက်တွင် သူမ၌ မည်သည့်စွမ်းအားရော နောက်ခံမျှပါမရှိပါချေ။ သူမမှာ ဗုဒ္ဓဂိုဏ်းသို့ဝင်ရောက်ရန်ပင် တွေးမိလိုက်သေးသည်။

သို့သော် သူမစကားဆုံးသည်နှင့် လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ သူတို့၏‌အရှိန်အဝါများကိုထုတ်ဖော်လိုက်ကြသည်။ သူတို့၏ ဓားအငွေ့အသက်နှင့် ဓားမော့အငွေ့အသက်မှာ သူမ၏ကိုယ်အား တမုတ်ဟုတ်ချင်းဖိနှိပ်လိုက်ကာ ခဏအတွင်း၌ပင် သတ်ဖြတ်လိုက်တော့မလိုပါပင်။

လင်းရှင်းယွဲ့မှာ သူမ၏လက်ကိုအခါခါယမ်းပြလိုက်သည်။

"ငါနောက်နေတာပါ။ မတိုက်ပါနဲ့။ ငါက မဟာမိတ်ပါ။

ထိုသည်မှသာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့မှာ ၎င်းတို့၏အရှိန်အဝါများကိုပြန်ရုတ်သိမ်းလိုက်၏။

"အခု ဆရာတူညီမလေးက ဗောဓိဘုရားကျောင်းကိုသွားရောက်နေတဲ့လမ်းမှာပဲ။ သူမမရောက်သေးရင်လည်း သူမကိုဘယ်နေရာပို့လိုက်လဲမသိဘူး။ ငါတို့ ဘာလုပ်ကြမလဲ?"

"ရှင်တို့ထဲကတစ်ယောက်က ထိုက်ယိဓားတာအိုရဲ့မြင့်မြတ်သောသားတော်၊ နောက်တစ်ယောက်ကလည်း ကောင်းကင်ဓားသွားစင်မြင့်ရဲ့ မြင့်မြတ်သောသားတော်။ ရှင်တို့သွားလိုက်ပြီးတော့ ဂိုဏ်းရဲ့စွမ်းအားကိုသုံးလို့မရဘူးလား?"

"မရဘူးပေါ့"

လီချန်းရှန်မှာ မျက်နှာထားတည်တည်နှင့်ပြန်ဖြေလိုက်သည်။

"ငါတို့က နတ်ဘုရားလောကကိုလာပြီး ထိုက်ယိဓားတာအိုနဲ့ ကောင်းကင်ဓားသွားစင်မြင့်ဆီကနေ အထောက်အပံ့တွေအများကြီးရယူထားပြီး ပြန်တောင်မဆပ်ရသေးဘူး။ အခု ငါတို့က သူတို့ကိုအသုံးချမယ်ဆိုရင် ငါတို့က ခွေးတွေထက်တောင်ဆိုးမနေဘူးလား?"

"ဒါကမှန်ပါတယ်။ ဒါပေမယ့်...ကျူးကောကျီချုံအတွက်ကရော?"

စုန့်ရှင်းနျန်မှာ သူ၏နားထင်များကိုဖိပွတ်လိုက်ကာ ခေါင်းကိုက်ကိုက်ဖြင့် ပြောလိုက်သည်။

"ကံဆိုးလို့ ဆရာကအနားမှာမရှိဘူး။ ဆရာသာရှိမယ်ဆိုရင် ငါတို့လည်းခံစားနေရလိမ့်မှာမဟုတ်ဘူး။"

လီချန်းရှန်ဟာ ခေါင်းခါလိုက်သည်။

"မင်းဒီလိုမပြောနဲ့။ မူလက ဆရာဘာကြောင့် ငါတို့ကိုလာပြီးမကယ်သလဲလို့ တွေးနေခဲ့သေးတယ်။ ဒါပေမယ့် ဆရာရဲ့ပုံရိပ်ကငါ့ကိုကာကွယ်ပေးခဲ့တဲ့ ဗုဒ္ဓဘုရားကျောင်းငယ်က ဒီနေ့ရဲ့တိုက်ပွဲကိုကြုံလိုက်ရပြီး ဆရာရဲ့နာကျင်မှုကို နောက်ဆုံးတော့နားလည်သွားတယ်။"

"အိုး? အကြောင်းပြချက်ကဘာလဲ?"

လီချန်းရှန်မှာ လေးနက်သောမျက်နှာထားဖြင့်ပြောလိုက်သည်။

"အနိမ့်ပိုင်းလောကမှာတုန်းက မင်းသတိရသေးလား၊ တစ်ယောက်ယောက်ရဲ့ကျင့်ကြံဆင့်က နတ်ဘုရားအဆင့်ကို တက်သွားပြီးနောက်မှာ သူတို့ရဲ့အားကုန်သုံးပြီးမတိုက်နိုင်ဘူးမလား? အရင်က ယဲ့မျိုးနွယ်စုကလည်း ငါတို့နဲ့ နောက်ဆုံးတိုက်ပွဲမှာ သူတို့ရဲ့စွမ်းရည်ကို ထုတ်မပြခင်မှာ ကောင်းကင်တာအိုထုတ်ဖော်ခြင်းပိတ်ဆို့ဖို့အတွက် သန်းပေါင်းရာချီကျော်တဲ့လူတွေရဲ့သွေးအပေါ်ကိုမှီခိုခဲ့တယ်။"

"ကောင်းကင်တာအိုကို ပိတ်ဆိုတဲ့ သွေးအစီအရင်အတွက်သာမဟုတ်ရင် ကောင်းကင်တာအိုနိယာမတွေက ငါတို့နတ်ဘုရားအဆင့်ကျင့်ကြံသူတွေကို တိုက်ရိုက်ပဲ ဖျက်ဆီးသွားလိမ့်မယ်။"

သူတို့နှစ်ဦးသားမှာ ခေါင်းငြိမ့်လိုက်သော်လည်း ရှုပ်ထွေးစွာမေးနေကြဆဲပင်။

"ပြီးတော့?"

လီချန်းရှန်မှာ အသက်ပြင်းပြင်းရှူလိုက်သည်။

"ငါသာမမှားရင် ဆရာကတကယ်ကို အမတပဲ!"

လေထုမှာ သေလုအောင်ပင်တိတ်ဆိတ်သွားတော့သည်။

သူတို့၏မျက်လုံးများမှာ ထိုအခိုက်၌ပြူးထွက်နေကာ နှလုံးခုန်ပင်ရပ်တော့မလိုဖြစ်သွား၏။

ထိုအခိုက်တွင် သူတို့နှစ်ဦးမှာ လုရှောင်ယန်ဟာ အမြဲလိုလို စွမ်းအားကြီးမားကြောင်း နားလည်သွားသည်။

လုရှောင်ယန်ထံတွင် ရင်းမြစ်အများအပြားရှိကြောင်းလည်း နားလည်သွားကြသည်။

ဒါဟာ လုရှောင်ယန်မှာ အမတအရှင်ဖြစ်ခြင်းကြောင့်ပင်။ သူဟာ ကျယ်ပြောသောစကြဝဠာရှိ အားအကောင်း‌ဆုံး ထိပ်တန်းအရည်အချင်းရှိ အမတအရှင်ပင်ဖြစ်သည်!

ထို့ကြောင့် သူဟာ နတ်ဘုရားလောကတွင် မတိုက်ခိုက်ပါချေ။

သူဟာ မတိုက်ခိုက်ချင်သည်ကြောင့်မဟုတ်ဘဲ မတိုက်ခိုက်နိုင်ခြင်းကြောင့်ပင်။

သူတစ်ကြိမ်တိုက်ခိုက်လိုက်သည်နှင့် ကောင်းကင်တာအိုနိယာမများထံမှ အပြစ်ပေးခြင်းကိုခံရလိမ့်မည်။

သို့ရာတွင် ဒါက စိတ်ကိုတက်ကြွလာစေသည်။

လုရှောင်ယန်သာ မသေမျိုးအမတအရှင်ဖြစ်ပါလျှင် သူတို့၏ နောက်၌ အားကောင်းသော နောက်ခံရှိနေခြင်းဟု ဆိုနိုင်မည်မဟုတ်ပါလား?!

"ဒါကကောင်းသားပဲ! ဆရာကတကယ်ကို အမတအရှင်ပေါ့။ ဒါဆို ငါတို့ကအနာဂတ်မှာ နတ်ဘုရားလောကမှာ လုပ်ချင်တာကိုလုပ်လို့ရနိုင်ပြီပေါ့။"

လင်းရှင်းယွဲ့မှာ မျက်ခုံးများပင်မြင့်တက်သွား၏။

"ဒါပေမယ့်အခု ကျူးကောကျီချုံက ဘယ်မှာရှိသလိုဆိုတကို မရှာနိုင်သေးဘူး! ရှင်တို့လုံးဝစိတ်မပူကြဘူးလား?"

သုံးဦးသားမှာ ထပ်မံတိတ်ဆိတ်သွားပြန်သည်။

လီချန်းရှန်မှာ အကြီးမားဆုံးခေါင်းကိုက်သွား၏။ သူဟာပြဿနာကိုတွေးမိပြီးဖြစ်သည်။ ဗုဒ္ဓဘုရားကျောင်းငယ်၏ ဆရာတော်မှာ ဘုရားကျောင်းတစ်ခုလုံးအားဖျက်ဆီးရန် ရွေးချယ်လိုက်သည်မှာ သူ့ကိုယ်သူသေပွဲဝင်လိုက်ရုံမက ကျူးကောကျီချုံ မည်သည့်နေရာတွင်ရှိနေသည်ကို ဖုံးကွယ်ရန်လည်းဖြစ်သည်။ ထို့ကြောင့် သူဟာဘုရားကျောင်းတစ်ခုလုံးရှိ တပည့်များအားလုံးကိုသတ်ဖို့ရာ တုန့်ဆိုင်းမနေခြင်းပင်။

အကြင်နာမဲ့ချက်။

သို့ရာတွင် အားလုံးမှာ လမ်းစပျောက်နေခိုက်တွင် အဝေးမှ ရွှေရောင်အလင်းများ ပျံထွက်လာသည်။

"မြန်မြန်သွားပြီး ဗုဒ္ဓဘုရားကျောင်းငယ်မှာ တစ်ခုခုဖြစ်နေလားကြည့်ကြည့်။"

"တစ်‌ယောက်ယောက်ကတော့ ငါတို့ရဲ့ဗုဒ္ဓဂိုဏ်းခွဲကို ဖျက်ဆီးရဲတယ်။ သူတို့ကိုအလွတ်မပေးနဲ့။"

လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ အချင်းချင်းကြည့်လိုက်ကာ မထိန်းနိုင်ဘဲ ပြုံးမိသွား၏။

ဘယ်လိုတောင် အချိန်ကိုက်ရောက်လာတာလဲ!

(ဤထဲတွင်ပါသည့် အမတအရှင်သည် မသေမျိုးအဖြစ်တက်လှမ်းခြင်းဖြစ်ပြီး အမတနတ်ဘုရားဧကရာဇ်အဆင့်ကို‌ဆိုလိုခြင်းမဟုတ်ပါ)

...

တစ်ဖက်တွင်မူ လုမျိုးနွယ်စု၏ အဆောက်အဦနှင့် ရွာဟောင်းတွင် မြို့ငယ်လေးကို တည်ဆောက်ပြီးဖြစ်သည်။

၎င်းမှာ မြို့ငယ်လေးဖြစ်ပါသော်လည်း အတွင်း၌ အစီအရင်အမျိုးစုံစွာရှိနေကြသည်။ ၎င်းတို့အားလုံးအား အဆင့်မြင့်ဆုံး ပုံဖော်နည်းလမ်းဖြင့် ပုံဖော်ထားကာ နတ်သလင်းကျောက်များဖြင့်ထောက်ကန်ပေးထားသည်။

ပုံရိပ်ယောင်အစီအရင်များ၊ အကာအကွယ်အစီအရင်များ၊ အတိုက်အခိုက်အစီအရင်များ၊ ဝိဉာဉ်စုစည်းအစီအရင်များ... အမျိုးမျိုးသော အစီအရင်များမှာ ရောယှက်ကာ ထပ်နေကြပြီး ကာကွယ်နေကြသည်။

ဒါ့အပြင် ၎င်းတို့အားလုံးမှာ အခြေခံအားဖြင့် နက်နဲမှုအဆင့်အစီအရင်များဖြစ်ကြသည်။

၎င်းကို ကိုယ်ဝန်မဆောင်သောခံတပ်ကြီးဟုပင် ဆိုနိုင်နေပြီပင်။

လုရှောင်ယန်ဟာတစ်ဖက်လူမှ ဒီနန်းတော်သို့ပေါက်သော တံခါးအားရှာနိုင်လိမ့်မည်မဟုတ်သည်ကိုလုံးဝယုံကြည်ချက်ရှိသည်။

တစ်ဖက်လူမှာ ရှာတွေ့သွားပါလျှင်တောင် ဒါကို ဖွင့်နိုင်မှာမဟုတ်ချေ!

သူဟာဖွင့်နိုင်မည်ဆိုပါလျှင်တောင် အစီအရင်ပေါင်းများစွာကြောင့် အနိစ္စရောက်သွားနိုင်ပေသည်။

ပြီးပြည့်စုံတယ်!

ဒါကတော်တော်လေးကိုပြည့်စုံတာပဲ!

ဒါကရိုးရှင်းစွာပင် လုရှောင်ယန်ကဲ့သို့ သိုသိပ်စွာနေထိုင်ခြင်းကို ယုံကြည်သော လုရှောင်ယန်ကဲ့သို့ လူများ အထူးသဖြင့် ပြုလုပ်ကြသည့် ခံတပ်ပင်ဖြစ်သည်။

ဒီ ခံတပ်တွင် လုမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်များအားလုံးမှာ လုံ့လစိုက်ကာကျင့်ကြံနေကြ၏။

လုရှောင်ယန်မှာ ဝိဉာဉ်စုဆောင်းအစီအရင်အား ဆက်လက်အသုံးပြုနေပြီး လုမျိုးနွယ်စု၏တပည့်များကျင့်ကြံဆင့် အရူးအမူးတိုးရန် ဆေးလုံးများကိုလည်း သုံးနေသည်။

သို့သော် လုမျိုးနွယ်စုတပည့်များမှာ အတော်လေး ကြိုးစားကြသည်ပင်။

ဥပမာ၊ သခင်ကြီးလု၏ကျင့်ကြံဆင့်မှာ သူ၏လမ်းညွှန်မှုနှင့် ရင်းမြစ်များအောက်တွင် အတော်လေးတိုးတက်လာသည်။

လုထျန်းနန်နှင့် အခြားသော ဒုတိယမျိုးဆက်တပည့်များ၊ လုရှောင်ချန်နှင့် အခြားသော တတိယမျိုးဆက်တပည့်များ၏ကျင့်ကြံဆင့်မှာ ပုံမှန်တိုးတက်နေကြသည်။

လုရှောင်ယန်မှာ လုမျိုးနွယ်စု၏ဘိုးဘေးမှာ တကယ်ကိုပင် အတော်လေးအားကောင်းသည်ဟု သံသယဝင်မိသည်။ ထို့ကြောင့် လုမျိုးနွယ်စု၏ သွေးဆက်များမှာ တကယ်ကို မဆိုးပါချေ။

မဟုတ်လျှင် လုချင်ရှန်းလို မကောင်းဆိုးဝါးနှင့် သူ့လိုမျိုးမကောင်းဆိုးဝါးကို ဘာကြောင့်များမွေးထုတ်နိုင်ခဲ့ပါသနည်း။

သူဟာဝမ့်ခိုက်နှင့် မတွေ့ခင်တွင်ပင် သူ၏ကျင့်ကြံဆင့်မှာ အရမ်းအားကောင်းနေပြီဖြစ်သည်။

နောက်တစ်ခုမှာ လုရှောင်ယန်၏ ကျင့်ကြံဆင့်တိုးလာခြင်းဖြစ်ပြီး မဟာတာအိုမွေးဖွားခြင်း၏ အချိန်လျှော့ချခြင်း လုပ်ဆောင်ချက်မှာလည်း အတော်လေး တိုးတက်လာလေသည်။

ထိုနည်းလမ်းဖြင့် သူဟာလုမျိုးနွယ်စုတပည့်များ၏ ကျင့်ကြံနှုန်းကိုပင် တိုးလာနိုင်စေသည်။

ကံမကောင်းစွာဖြင့် ၎င်းတို့မှာ သူ၏တပည့်များမဟုတ်ကြသောကြောင့် သူ၏ကျင့်ကြံဆင့်အား မတိုးလာစေနိုင်ပါချေ။

မဟုတ်လျှင် လုရှောင်ယန်မှာ အမတနတ်ဘုရားဧကရာဇ်အဆင့်သို့ပင် ရောက်နေနိုင်ပြီးဖြစ်သည်ဟု ခန့်မှန်းမိသည်။

သူ့ထံတွင် တစ်ချိန်၌ခြေတလှမ်းလှမ်းဖို့ရန်သာ ရွေးချယ်မှုရှိသည်။ သူဟာထို တပည့်လေးများမှာ သူ့ဆီသို့အလျင်အမြန်ပြန်လာရန်‌မျှော်လင့်မိပြီး သူဟာ ထိုမှသာ ၎င်းတို့အားသိုသိုသိပ်သိပ်ဖြင့် ကျင့်ကြံစေနိုင်မည်ပင်။

သူဟာ အပြင်ဘက်၌ ဒုက္ခများအားဆွဲဆောင်နေခြင်းကို ဆက်မလုပ်စေချင်ပါချေ။

…

နတ်ဘုရားလောကတွင် ဗုဒ္ဓဂိုဏ်း၊ ဗောဓိဘုရားကျောင်း၌ အရာအားလုံးမှာ ငြိမ်းချမ်းနေသည်။

ရွတ်ဖတ်မှုမှာ အဆုံးမဲ့ပင်။ ရွှေရောင်ဗုဒ္ဓအမှတ်အသားမှာ ကောင်းကင်တွင် မြှင့်တင်လျက်ရှိပြီး ကောင်းကင်ဆီသို့ ငွားငွားစွင့်စွင့်ဖြစ်နေ၏။

နတ်ဆိုးများနှင့် တစ္ဆေများမှာ သိပ်သည်း‌သောဗုဒ္ဓဓမ္မကို မြင်သောအခါ ကူရာမဲ့စွာ ဒူးထောက်လျက် ဆည်းကပ်ကြ၏။ ၎င်းတို့မှာ လုံးဝမခုခံနိုင်ပါချေ။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၃။ အပိုင်း ၃၄၀ ဗုဒ္ဓဂိုဏ်း၏ တပည့်ငါးဦး

ဗောဓိဘုရားကျောင်းအပြင်ဘက်တွင် နတ်ဆိုးရထားတွဲများအား ‌ဘုရား‌ကျောင်းထဲသို့ဆွဲသွင်းနေကြသည်။

ထိုနတ်ဆိုးများအား နတ်ဆိုးသုတ်သင်ရှင်းလင်းခြင်းအစည်းအဝေးတွင် အသုံးပြုကြမည်ဖြစ်၏။

နတ်ဆိုးအားလုံးမှာ ၎င်းတို့၏ရထားတွဲများထဲ၌ ကြောက်ရွံမှုကြောင့် ပုန်းအောင်းနေကြသည်။

ဗုဒ္ဓဓမ္မနှင့် အကျဉ်းချခံထားရသော အကျဉ်းသားများ ဗောဓိဘုရားကျောင်းသို့ရောက်ရှိပြီးနောက်တွင် ပိုမို၍ကြောက်ရွံ့ကာ မလွယ်ကူသလိုခံစားနေရသည်ပင်။

ဤနေရာရှိ ဗုဒ္ဓဓမ္မမှာအသက်အန္တရာယ်မည်မျှရှိကာ ကြောက်မက်ဖွယ်ကောင်းသည်ကိုသိရှိကြပေသည်။

သို့သော် ၎င်းတို့မှာ ခုခံနိုင်ရန်မစွမ်းသာဘဲ အခြားသူများအား ကရုဏာသက်ရုံသာ လုပ်နိုင်သည်။

ထိုသည်မှာ တစ်ဖက်လူသည် ၎င်းတို့ထက် အဆ တစ်ရာ၊ တစ်ထောင် သို့မဟုတ် တစ်သောင်းမျှပင် သန်မာသောကြောင့်ဖြစ်ချေ၏!

၎င်းတို့ထဲမှာ အချို့မှာ တကယ်ကိုပင် မိုက်မဲကာ လူလည်းသတ်ကြ၏။

အချို့မှာမူ ၎င်းတို့၏ကိုယ်ပိုင်စွမ်းအားကိုတိုးမြှင့်ရန်အတွက် သူတို့၏ကိုယ်ပိုင်မျိုးနွယ်စုကိုပင်သတ်ကြသည်။

အချို့မှာမှု ၎င်းတို့၏မျိုးနွယ်စုနှင့် အခြားသူများကိုပင်မထိခိုက်စေဖူးပါချေ။

ထိုထဲမှနတ်ဆိုးအနည်းစုသည် လူသားများ သို့မဟုတ် ၎င်းတို့၏မျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကိုခံရသည့်အတိုင်းအတာအထိပင်ရှိတတ်သည်။

ထိုနတ်ဆိုးများ၏ ထက်ဝက်လောက်မှာ အပြစ်မဲ့ကြကာ အပြစ်ပြုခံရသူများပင် ဖြစ်၏။

သို့ရာတွင် ဗုဒ္ဓဂိုဏ်းမှာ နတ်ဆိုးများအား ဖမ်းဆီးသည့်အချိန်တွင် အမှန်တရားအား ဂရုမထားကြပါပေ။

စွမ်းအားမှာ အမှန်တရားဖြစ်သည်။

အားနည်းသူမှာ မကောင်းဆိုးဝါးဖြစ်သည်!

သန်းရာနှင့်ချီသောနတ်ဆိုးများအကြားတွင် ကောင်းမွန်သော နတ်ဆိုးအနည်းစုရှိနေပါလျှင်လည်း ၎င်းတို့မှာ ဂရုမစိုက်ကြပါချေ။ ၎င်းတို့မှာ သူတို့အားလုံးကို ဖမ်းဆီးမည်ပင်ဖြစ်သည်။

တစ်ဖက်လူမှာ နတ်ဆိုးဖြစ်နေသရွေ့ ၎င်းသည် ပြစ်မှုကျူးလွန်ပြီးဖြစ်သည်။ တစ်ဖက်လူမှာ နတ်ဆိုးဖြစ်နေကတည်းက ဗုဒ္ဓဂိုဏ်းမှ ကုသိုလ်ရရှိရန် လုံလောက်နေပြီပင်ဖြစ်၏။

အမှားဖြစ်ဖြစ် မဖြစ်ဖြစ် ၎င်းတို့အတွက် အရေးမပါပါချေ။

ဗောဓိဘုရားကျောင်းထဲသို့ ထည့်သွင်းခံနေရသော နတ်ဆိုးအရေအတွက် အဆုံးမဲ့ကိုကြည့်ခြင်းဖြင့် ‌တိမ်ထုထဲရှိတလက်လက်တောက်ပနေသော ခန်းမအဝင်ပေါက်တွင် ရည်မွန်သောဘုန်းကြီးတစ်ပါးမှာ အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်သည်။

"ဒီနေ့ နတ်ဆိုးဘယ်လောက်ထိ ယူလာတာလဲ?"

သူ၏နံဘေးရှိအကြီးအကဲမှာ ချက်ချင်းပင်ရှေ့သို့ရောက်လာကာ ပြန်ဖြေလိုက်၏။

"မြင့်မြတ်သောဗုဒ္ဓကိုတင်ပြပါတယ်၊ ဒီနေ့ပို့ဆောင်နေတဲ့ နတ်ဆိုးတွေက မိုးကြိုးဘုရားကျောင်းငယ်၊ မယ်ရုတောင်ငယ်နဲ့ အခြားဗုဒ္ဓဂိုဏ်းခွဲတွေကပါ။ နတ်ဆိုးပေါင်း ၁.၇သန်းကျော်အထိရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နတ်ဆိုးပေါင်း သန်း၈၀ကျော်အထိစုဆောင်းမိနေပါပြီ။ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲကိုစတင်ဖို့ သန်း၂၀လောက်ပဲလိုပါတော့တယ်။ ဒါကို တစ်နှစ်မပြည့်ခင်မှာပဲ ပြည့်နိုင်မယ်လို့ထင်ပါတယ်။"

မြင့်မြတ်သောဗုဒ္ဓမှာ ခေါင်းငြိမ့်ကာ မျက်လုံးများပင်ပြုံးသွားသည်။

"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ ကိုယ်တော်တို့ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲကို ဒီတစ်ခေါက် စတင်ဖို့ရာ ဆယ်နှစ်လောက်တောင် မလိုတော့ပုံပေါ်တယ်။ အနာဂတ်မှာ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲကို နှစ်တိုင်းကျင်းပနိုင်တဲ့အထိတောင်လျှော့ချနိုင်ပြီး စိတ်ဝိဉာဉ်တောင်တန်းအတွက် အမတဗုဒ္ဓအရှင်တွေကို ပိုပြီးထောက်ပံ့လာနိုင်လိမ့်မယ်။"

အမတဗုဒ္ဓအရှင်နှင့် ၎င်းတို့၏မှာ လုံ‌လောက်စွာအားကေင်းနေမှသာလျှင် ဗုဒ္ဓဘိုးဘေး၏ကျင့်ကြံခြင်းမှာ တိုးမြှင့်လာနိုင်မည်ဖြစ်သည်ပင်။

"ဗုဒ္ဓဘိုးဘေးသာ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်သွားနိုင်ခဲ့ရင် ကိုယ်တော်တို့ရဲ့ အနောက်ဘက်ဂိုဏ်းကို ဒီလောကမှာ လုံးဝ ကျော်ကြား‌လာစေလိမ့်မယ်!"

"ဟုတ်ပါတယ်! ဒါပေမယ့်လည်း မြင့်မြတ်သောဗုဒ္ဓအရှင် ကျွန်တော်တို့မှာ သတင်းဆိုးအချို့ရှိပါတယ်။"

မြင့်မြတ်သောဗုဒ္ဓမှာ အတန်ငယ်မျက်မှောင်ကျုံ့သွားကာ သူ၏အမူအရာက ပဟေဠိဖြစ်နေ၏။

"ဗုဒ္ဓဂိုဏ်းခွဲငယ်အချို့က မကြာ‌ခင်က ဖျက်ဆီးခံလိုက်ရပါတယ်။"

မြင့်မြတ်သောဗုဒ္ဓမှာ ရုတ်တရတ်ပင်မျက်ခုံးများမြင့်တက်သွားကာ အေးစက်သော အလင်းတစ်ပြက သူ၏မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသည်။

"ဘယ်သူလုပ်တာတဲ့လဲ? ရှာတွေ့ပြီးပြီလား?"

"ကျွန်တော်တို့ ရှာဖွေနေဆဲပါပဲ၊ အခုအချိန်မှာတော့ ဘာသဲလွန်စကိုမှမတွေ့ရသေးပါ‌ဘူး။ ဒါပေမယ့်လည်း အဲ့ဒီနေရာမှာ အတော်လေးစွမ်းအားကြီးတဲ့ ဗုဒ္ဓဘုရားကျောင်းငယ်လို့ခေါ်တဲ့ ဗုဒ္ဓဂိုဏ်းခွဲတစ်ခုရှိပါတယ်။ ကျွန်တော်တို့ အဲ့ဒီ ဗုဒ္ဓဘုရားကျောင်းငယ်ကို ရှာဖွေခိုင်းလိုက်ရမလား? အဲ့ဒီမှာ သဲလွန်စတစ်ခုခုတော့ရှိမယ်ထင်တယ်?"

မြင့်မြတ်သောဗုဒ္ဓမှာခေါင်းငြိမ့်လိုက်သော်လည်း သူစကားပြောမည့်ဆဲဆဲတွင် ပုံရိပ်တစ်ခုမှာပြေးလာ၏။

"နှုတ်ဆက်ပါတယ်၊ မြင့်မြတ်သောဗုဒ္ဓ။ မကောင်းတာတစ်ခုတော့ဖြစ်နေပါပြီ။"

မြင့်မြတ်သောဗုဒ္ဓ၏အမူအရာမှာ ပိုမို၍ပင်အရုပ်ဆိုးလာခဲ့၏။

"ဘာကိစ္စရှိလို့လဲ? မင်းစိတ်ပူနေစရာလိုလို့လား?"

"မြင့်မြတ်သောဗုဒ္ဓ၊ အဲ့ဒါက ဗုဒ္ဓဘုရားကျောင်းငယ်ပါ။ ကျွန်တော်တို့မှာ ဗုဒ္ဓဘုရားကျောင်းငယ်လို့ခေါ်တဲ့‌ဂိုဏ်းခွဲတစ်ခုရှိပါတယ်။ အဲ့ဒီကျောင်းက အခုပဲဖျက်ဆီးခံခဲ့ရပါတယ်။"

"မင်းဘာပြောလိုက်တာလဲ?"

မြင့်မြတ်သောဗုဒ္ဓ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွား၏။ သူ၏စူးရှသောအကြည့်မှာ လူသတ်ငွေ့ကိုပင်ထုတ်လွှတ်နေ၏။

"ဘယ်သူလုပ်တာလဲ?"

"ကျွန်တော်မသိပါဘူး။ အခုအချိန်မှာ ဘာသဲလွန်စမှမရသေးပါဘူး။ ကျွန်တော် ဗုဒ္ဓအသံကို ဗုဒ္ဓကျောင်းငယ်အနားမှာရှိတဲ့ ဂိုဏ်းခွဲတွေဆီကို ဆက်သွယ်ဖို့အသုံးပြုထားမှာ ကြည့်ခိုင်းထားပါတယ်။"

အကြီးအကဲမှာ ချက်ချင်းပင် ရှေ့သို့ထွက်လာကာ တီးတိုးဆိုလိုက်သည်။

"မြင့်မြတ်သောဗုဒ္ဓ၊ မကောင်းတဲ့လူအချို့ကများ ကျုပ်တို့ဗုဒ္ဓဂိုဏ်းကို ဒုက္ခနဲ့ကြုံစေပြီး နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲအတွက် အကျိုးအမြတ်ယူချင်နေတာများလား?"

"ဒီအခြေအနေကို ကောက်ချက်ချလို့မရနိုင်သေးဘူး"

ဗုဒ္ဓဂိုဏ်းမှာ ၎င်းတို့အတွက် မရေတွက်နိုင်သော နတ်ဆိုးများအားရှာတွေ့ခဲ့ပြီးဖြစ်၏။

ထိုနတ်ဆိုးများတွင် မိဘများနှင့် ဆရာများလည်းရှိကြသည်။

၎င်းမှာ အင်မတန်အားကောင်းသောကျင့်ကြံဆင့်နှင့် အကြီးအကဲတစ်ယောက်နှစ်ယောက်များဖြစ်နိုင်မလားကို အာမမခံနိုင်ကြသေးပါချေ။

ဆိုရလျှင် ၎င်းတို့မှာ ဗုဒ္ဓဂိုဏ်းအား လက်စားချေရန်လုပ်သည်ကို နားလည်နိုင်ပါသည်။

သို့ရာတွင် ဒါက ‌ဗုဒ္ဓဂိုဏ်းမှာ ၎င်းတို့၏လက်စားချေမှုကို သည်းခံပေးမည်ဟုမဆိုလိုပါချေ။

ဂိုဏ်းခွဲငယ်အများအပြားနှင့် အလယ်အဆင့်ဂိုဏ်းခွဲတစ်ခုဖြစ်သည့် ဗုဒ္ဓဘုရားကျောင်းငယ်မှာ အတိုက်ခိုက်ခံခဲ့ရပြီးဖြစ်သည်။ ၎င်းတို့မှာ အတော်လေးခံစားခဲ့ရသည်ဟုပင် ယူဆနိုင်သည်။

ဗုဒ္ဓဘုရားကျောင်းမှာ ဒီတိုင်းထိုင်မကြည့်နေနိုင်ပါပေ။

ဒါဟာ လက်‌စားချေမှုတစ်ခုတည်းအတွက်မဟုတ်ပါချေ။ တစ်ချိန်တည်းမှာပင် ဗုဒ္ဓဂိုဏ်းမှာ ၎င်းတို့၏ဂုဏ်ကို ကာကွယ်ရန် လိုသေးသည်။

မဟုတ်ပါက ဤနတ်ဘုရားလောကတွင် နှစ်ပေါင်းများစွာ စုဆောင်းခဲ့ရသော ၎င်းတို့၏ဂုဏ်သိက္ခာမှာ တစ်ခါ ထိခိုက်ပြီးသည်နှင့် ဗုဒ္ဓဂိုဏ်း၏ တိုးတက်မှုကိုပင်ထိခိုက်လာစေနိုင်သည်။

"သွားပြီး ဟွေ့ရှင်း၊ ဟွေ့ဝူ၊ ဟွေ့ရှီ၊ ဟွေ့ဟိုင်နဲ့ ဟွေ့ကွမ်းတို့ကို သတင်းပေးလိုက်။ သူတို့ငါးယောက်ကို လာရောက်ဖို့ပါသတင်းပေးလိုက်သည်။"

"သိပါပြီ။"

မကြာခင်မှာပင် ငယ်ရွယ်သောဘုန်းကြီးလေးပါးမှာ ဗောဓိဘုရားကျောင်းခန်းမသို့ ရောက်ရှိလာ၏။

"နှုတ်ဆက်ပါတယ်၊ မြင့်မြတ်သောဗုဒ္ဓ!"

၎င်းတို့မှာ ငယ်ရွယ်သောဘုန်းကြီးများဖြစ်ကြပါသော်လည်း ၎င်းတို့၏ကျင့်ကြံဆင့်များမှာ လုံးဝကိုနိမ့်မနေပါချေ။

ထို ဂျူနီယာလေးဦးအား ကြည့်ရင်းဖြင့် မြင့်မြတ်သောဗုဒ္ဓ၏မျက်လုံးများမှာ စိတ်ချရသော အမူအရာကိုထုတ်ပြလာသည်။

၎င်းတို့မှာ နတ်ဘုရားလောကမှာ ဂရုတစိုက်ရွေးချယ်ထားခဲ့ရသည့် ထိပ်တန်းအရည်အချင်းရှိပါရမီရှင်များဖြစ်ကာ ၎င်းတို့နှင့် မျိုးဆက်တူ ကျင့်ကြံသူဆယ်သန်းချီအား တိုက်ခိုက်လာခဲ့သည်ပင်။

မဟုတ်ဘူး၊ ၎င်းတို့အား ထိပ်တန်းအရည်အချင်းရှိ ပါရမီရှင်ဟု ပြောရန်မှာပင် သရော်နေသလိုပါပင်။

၎င်းတို့မှာ အမတအရှင်များ၏ပြန်လည်မွေးဖွားခြင်းပင်ဖြစ်သင့်၏!

၎င်းတို့၏ပျှမ်းမျှအသက်မှာ နှစ်ပေါင်းတစ်ရာထက်ပင်နည်းသေးသာ်။

သို့ရာတွင် ၎င်းတို့လေးဦးအကြားရှိ နှစ်ဦးမှာ ဒဿမမြောက် တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်၏အထွဋ်အထိပ်သိာ့ရောက်ရှိနေပြီး ကျန်နှစ်ဦးမှာ ပထမမြောက် ‌တစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်တွင်ဖြစ်၏။

ထိုအသက်နှင့် ကျင့်ကြံဆင့်တွင် ၎င်းတို့မှာ နတ်ဘုရားလောကတစ်ခုလုံးတွင် ၎င်းတို့၏ပြိုင်ဘက်များအား မရေတွက်နိုင်လောက်သောအကြိမ်များစွာ ဦးဆောင်နေပြီးဖြစ်သည်။

မြင့်မြတ်သောဗုဒ္ဓမှာ နတ်ဘုရားလောကတွင် သက်တမ်း၁၀၀အောက်ရှိကျင့်ကြံသူပါရမီများအား အဆင့်သတ်မှတ်ချက်ရှိပါလျှင် သူ၏ရှေ့မှောက်ရှိ လေးဦးမှာ အနည်းဆုံး ထိပ်ဆုံးဆယ်ယောက်အတွင်းသို့ဝင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

အနည်းဆုံး ၎င်းတို့ဟာလုံးဝကို ထိပ်တန်း နှစ်ဆယ်အတွင်းပါဝင်နိုင်ပေမည်။

ဤနေရာမှာ နတ်ဘုရားလောကဖြစ်သည်။

ဤနတ်ဘုရားလောကကြီးတွင် မရေတွက်နိုင်သောကျင့်ကြံသူများရှိ၏။

ဤကဲ့သို့ ကြီးမားသောလောကတွင် ကျင့်ကြံသူပေါင်းမည်မျှ များမည်နည်း?

ထိုမျှလောက်ကျင့်ကြံသူအများထဲတွင် ထိပ်တန်းနှစ်ဆယ် သို့မဟုတ် ထိပ်တန်းအဆင့် တစ်ဆယ်ထဲသို့ ဝင်ရောက်နိုင်သည်မှာ ၎င်းတို့သည် အင်မတန်ပင်စွမ်းအားကြီးသည်ဟုဆိုလိုခြင်းပင်ဖြစ်၏။

သို့ရာတွင် စိတ်ပြေလျော့သွားပြီးနောက် သူဟာမထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်၏။

"ဟွေ့ရှင်းဘယ်မှာ? ဘာလို့‌ဒီမှာရှိမနေတာလဲ?"

လေးဦးမှာ အချင်းချင်းကြည့်လိုက်ကြသည်။ ၎င်းတို့ထဲမှတစ်ဦးမှာ သူ၏လက်ဝါးများကိုဖိပွတ်လိုက်ကာ ခေါင်းကိုငုံ့လိုက်၏။

"ဆရာတူအစ်ကိုဟွေ့ရှင်းက...အိပ်နေပါတယ်။"

မြင့်မြတ်သောဗုဒ္ဓမှာ သူ၏နှဖူးအား ကူရာမဲ့စွာ ရိုက်လိုက်မိ၏။

"ငါသိနေတယ်။ ဒီကောင်လေးက ဘယ်တော့မှကောင်းတာမလုပ်ဘူး။ ထားလိုက်တော့ သူ့ဆီကိုနောက်မှ တစ်ယောက်ယောက်လွှတ်ပြီးသတင်းပို့လိုက်မယ်။ အခု မင်းတို့ကို အရင်ဆုံး တာဝန်အကြောင်းပြောမယ်။"

"ကိုယ်တော်တို့ဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းခွဲငယ်အချို့နဲ့ ဗုဒ္ဓဘုရားကျောင်းငယ်လို့ခေါ်တဲ့ အလယ်အဆင့်ဂိုဏ်းက ဖျက်ဆီးခံလိုက်ရတယ်။

မင်းတို့အနည်းစုက လူငယ်မျိုးဆက်မှာ ကျင့်ကြံဆင့်မြင့်ကြပြီး နတ်ဝိဉာဥ်စွမ်းအားအကောင်းဆုံးဖြစ်တယ်။"

"ဒါကြောင့် မင်းတို့ကို ဒီကိစ္စစုံစမ်းရာမှာ ကြီးကြပ်ဖို့ပြင်ဆင်ထားတယ်။"

"တစ်ယောက်ယောက်က အမှောင်ထဲကနေ ဒုက္ခဖြစ်စေရင် သူတို့ကို အဲ့ဒီနေရာမှာတင်သတ်လိုက်။ လွတ်မြောက်ခွင့် ပေးဖို့မလိုဘူး။ ဒါကမင်းတို့ကို လေ့ကျင့်ပေးတယ်လို့မှတ်ယူလိုက်ပါ။"

"သိပါပြီ! ကျေးဇူးတင်ပါတယ်၊ မြင့်မြတ်သောဗုဒ္ဓ!"

လေးယောက်မြောက်ဘုန်းကြီးမှာ အမိန့်ကိုရသည်နှင့် ထွက်ခွာသွား၏။ မြင့်မြတ်သောဗုဒ္ဓမှာ စိတ်သက်သာရာရကာ သက်ပြင်းချသက်ပြင်းချလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ဗုဒ္ဓ၏ရှေ့မှောက်တွင် တင်ပလ္လင်ခွေခြိတ်ကာထိုင်လိုက်၏။

"အမိတာဘ။ ဗုဒ္ဓ ဒီကမ္ဘာရဲ့အဆုံး ကိုယ်တော့်အလှည့်မရောက်ခင် တစ်နှစ်ကျန်နေသေးပါတယ်။"

"အဲ့ဒီအချိန်ဆိုရင် ကိုယ်တော်လည်း မဟာမိုးကြိုးသံဘုရားကျောင်းကိုပြန်လာနိုင်ပြီး ဗုဒ္ဓရဲ့ ပို့ချမှုကိုထပ်ပြီးနားထောင်နိုင်ပြီ"

"နှစ်ပေါင်းတစ်ထောင်လောက် ကုသိုလ်စုပြီးနောက်မှာ မဟာမိုးကြိုးသံဘုရားကျောင်းကို ခြေတစ်လှမ်းဝင်ရောက်ဖို့နဲ့ နောက်တစ်လှမ်းရှေ့ဆက်လှမ်းဖို့ရာ အရည်အချင်းမီပါ့မလားကို သိချင်မိတယ်။"

"ကိုယ်တော့်ကို ငဲ့ညှာပေးပါ။"

"အမိတာဘ!"

မကြာခင်တွင် မွန်မြတ်သောဘုန်းတော်ကြီးမှာ ဗောဓိဘုရားကျောင်းခြံဝန်းထဲသို့ရောက်ရှိလာ၏။

ခြံဝန်းထဲတွင် သင်္ကန်းဝတ် ငယ်ရွယ်သောဘုန်းတော်ကြီးတစ်ပါးမှာ ပုခက်တွင်လှဲလျောင်းကာ အိပ်ပျော်နေသည်။

အကုန်လုံးမှာ ဗုဒ္ဓထံတောင်းဆုပြုပြီး ရွတ်ဆိုခြင်းဖြင့် အလုပ်များနေကြသည့် ဤဗုဒ္ဓဂိုဏ်း၏မြင့်မြတ်နယ်မြေတွင် သူ၏အပြုအမှုများမှာအင်မတန် မသင့်လျော်ဖြစ်နေသည်။

သို့ရာတွင် သူ၏တားဆီးမရသောအပြုအမူနှင့် နှစ်လိုမှုအမူအရာမှာမွန်မြတ်သောဘုန်းတော်ကြီးအား အနောက်အယှက်မပြုပါချေ။ ဆိုရလျှင် ဘုန်းတော်ကြီးမှာ သူ့အား လေးစားမှုဖြင့်ပင် ကြည့်နေသေး၏။

ထိုသည်မှာ တစ်ဖက်လူသည် နှစ်ပေါင်းတစ်သောင်း‌ထက်ပိုကြာအောင် ဗုဒ္ဓဘုရားကျောင်းငယ်၏ သမိုင်းတွင် ပါရမီအကောင်းဆုံး ဖြစ်တည်မှုဖြစ်ခြင်းကြောင့်ပင်။

လက်ရှိတွင် သူဟာ သူ၏ခြောက်ဆယ်ထဲတွင်သာရှိနေသော်ငြားလည်း သူဟာ ‌ဗုဒ္ဓဂိုဏ်း၏တပည့်ငါးဦးအကြားတွင် အခြားပါရမီရှင်လေးဦးနှင့်အတူ ရပ်တည်နေ၏။

ဤသည်မှာ ဗုဒ္ဓဂိုဏ်းမှာ မြင့်မြတ်သောသားတော်များမရှိခြင်းကြောင့်ပင်။ ထိုအစား ၎င်းတို့ထံတွင် ထိုပါရမီရှင်ငါးဦးရှိ၏။ သို့သော် ထိုတပည့်ငါးဦးမှာ လက်ရှိ မရေတွက်‌နိုင်လောက်အောင် ကျော်ကြားသော မြင့်မြတ်သောသားတော်များနှင့် မြင့်မြတ်သော အပျိုစင်များကိုပင် အလွယ်တကူဖိနှိပ်နိုင်လေသည်။

ထိုအကြားတွင် ထိုဟွေ့ရှင်းမှာ အကျော်ကြားဆုံးပင်ဖြစ်သည်။

ဤသည်မှာ အခြားသော တပည့်ငယ်လေးဦးမှာ နတ်ဘုရားလောက၏ ထိပ်တန်းအဆင့်တစ်ဆယ်နှင့် နှစ်ဆယ်ဟုပြောနိုင်ခြင်းပင်။

သို့ရာတွင် သူတို့မှာ ဟွေ့ရှင်းသည် အဆင့်တစ်ဟုပင် ယုံကြည်ချက်ရှိပါပေသည်။

ဟွေ့ရှင်းမှာအငယ်ဆုံးဖြစ်ပါသော်လည်း သူ၏ကျင့်ကြံဆင့်မှာ တစ်ထောင်သောစစ်ပွဲနတ်ဘုရားအထွဋ်အထိပ်သို့ပင်ရောက်ရှိနေပြီးဖြစ်သည်!

ထိုလူငယ်လေး၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် ဤကမ္ဘာလောကနှင့် သူနှင့် ယှဉ်နိုင်မည့်သူပင် မရှိနိုင်ပါချေ။

ဘုန်းတော်ကြီး၏မျက်လုံးများမှာ မနာလိုအားကျလေးစားမှုများနှင့်ပြည့်နေသည်။ ထို့နောက်တွင် သူဟာ ခြံဝနထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။

"အမိတာဘ၊ စီနီယာဟွေ့ရှင်း၊ ကျွန်တော်ဒီကို မြင့်မြတ်သောဗုဒ္ဓရဲ့အမိန့်ကို ပြောကြားဖို့လာခဲ့တာပါ။"

ဗုဒ္ဓဂိုဏ်းတွင်တပည့်များစွာရှိပြီး နှစ်တိုင်းတွင် မရေတွက်နိုင်လောက်အောင်များပြားနေသေးသည်။ ထို့ကြောင့် ဟွေ့ရှင်းကဲ့သို့လူငယ်တစ်ယောက်သည်ပင် ဘုန်းတော်ကြီးနှင့်ယှဉ်ပါလျှင် ဝါကြီးသည်ဟုယူဆနိုင်ပေသည်။

သူ့အား စီနီယာဟုယူဆနိုင်သည်။

ထိုစကားများအားကြားသည်နှင့် ဟွေ့ရှင်းမှာ ‌နှေးကွေးစွာ အကြောဆန့်လိုက်ပြီး သူ၏မျက်ဝန်းများအား စိတ်မရှည်စွာ ဖွင့်လိုက်သည်။

"သိပြီ။ ဗောဓိဘုရားကျောင်းတစ်ခုလုံးမှာ လူတွေအများကြီးရှိတယ်။ မင်းတို့တွေ ငါ့ကိုတွေ့ဖို့ တကူးတကလာရှာတာဖြစ်သင့်လို့လား?"

"မင်းတို့ကောင်တွေ ငါမပါဘဲ တစ်ခုခုမလုပ်နိုင်ဘူးလား?"

"အာ...စီနီယာဟွေ့ရှင်း၊ ကျွန်တော်က ဒီမှာ မြင့်မြတ်သောဗုဒ္ဓရဲ့ အမိန့်ကို လက်လွှဲပေးဖို့ပဲလာခဲ့တာပါ။ ဒေါသမထွက်ပါနဲ့။"

"ကောင်းပြီ၊ ကောင်းပြီ။ မင်းကို ဒေါသဖြစ်ဖို့စိတ်မရှိပါဘူး။ ဘာလဲဆိုတာ ငါ့ကိုပြောပါ။"

"စီနီယာဟွေ့ရှင်း၊ ဂိုဏ်းခွဲအချို့ဖျက်ဆီးခံလိုက်ရတာကြောင့် မြင့်မြတ်သောဗုဒ္ဓက ခင်ဗျားတို့ငါးယောက်ကို သွားပြီးစုံစမ်းစေချင်နေပါတယ်။ တခြား စီနီယာလေးယောက်ကတော့ ထွက်သွားနှင့်ပါပြီ။ ခင်ဗျားတစ်ယောက်တည်းကျန်ခဲ့တာပါ။"

"ကောင်းပြီ၊ ငါနားလည်ပြီ။ မြန်မြန်သွားလိုက်တော့။ ငါ ထမင်းစားပြီးရင်သွားလိုက်မယ်။"

"ကောင်းပါပြီ။"

ဘုန်းတော်ကြီး ပြန်ထွက်ခွာသွားသည်နှင့် ဟွေ့ရှင်းမှာ သူ၏ခေါင်းအား ကူရာမဲ့စွာခါလိုက်သည်။

"ငါဒီဂိုဏ်းမှာ ပုန်းအောင်းပြီးပဲ ကျင့်ကြံချင်တာ။ မင်းတို့က ဘာလို့ ငါ့ကိုအကြောင်းအရင်းမရှိ ဒုက္ခတွေလာပေးနေရတာလဲ? ငါဘယ်သူကိုမှလဲမသတ်ချင်သလို ဘယ်မှာမှလည်းမပါဝင်ချင်ဘူး။"

"ပြီးတော့ ငါ့ကျင့်ကြံဆင့်ကလည်း အရမ်းနိမ့်နေသေးတယ်။ ငါကတစ်ထောင်သောစစ်ပွဲနတ်ဘုရားအထွဋ်အထိပ်အဆင့်မှာပဲရှိသေးတယ်။"

သူ၏စကားဆုံးသည်နှင့် အသံတစ်ခုမှာ သူ၏နားထဲတွင်ပေါ်ထွက်လာ၏။

[ဒင်! သင်၏ကျင့်စဉ်၊ မဟာဝါဂျရာအနုပညာမှာ သင်သည် အနည်းငယ်စိတ်ရှုပ်ထွေးနေသည်ကိုအာရုံခံမိပြီး ဘာသာကျင့်ကြံကာ သင့်ရဲ့ပျော်ရွှင်မှုကို တိုးမြှင့်စေချင်‌နေပါတယ်။ မဟာဝါဂျရာအနုပညာကို အလိုအလျောက်ပဲ အပြည့်အဝ ကျင့်ကြံပြီးပါပြီ။]

[ဒင်! သင်၏ကျင့်စဉ် ဂေါတမမြင့်မြတ်လက်ဝါးငယ်မှာ သင်အနည်းငယ်မပျော်မရွှင်ဖြစ်နေသည်ကိုခံစားရပြီး ထိပ်ဆုံးအဆင့်ကိုတက်လှမ်းဖို့ ကြိုးစားနေပါတယ်။ သင်ဟာ ‌ဂေါတမမြင့်မြတ်လက်ဝါးရဲ့ ပိုကြီးမားတဲ့ပုံစံကို လျှော့ချဖို့ကြိုးစားခဲ့ပြီး ကျရှုံးခဲ့ပါတယ်။ ဂေါတမမြင့်မြတ်လက်ဝါးက အရမ်းစွမ်းအားကြီးပေမယ့် ဂေါတမလက်ဝါးငယ်ရဲ့အဆင့်က မလုံလောက်သေးပါဘူး။ သင်ဟာ ပိုမိုကြိုးစားဖို့ လိုအပ်နေပါသေးတယ်။ သင်စိတ်မဆိုးဖို့ရာမျှော်လင့်မိပါတယ်။]

[ဒင်! သင်၏ကျင့်စဉ် ရွှေခေါင်းလောင်းအကာအရံမှာ သင်ဟာ အတန်ငယ်ဗိုက်ဆာနေပြီး မပျော်မရွှင်ဖြစ်နေသည်ကို အာရုံခံမိပါတယ်။ သူဟာ သူ့ရဲ့အဆင့်ကိုနှိမ့်ချနေပါတယ်။ ကျေးဇူးပြုပြီး ချက်ချင်းကို ထမင်းဖြူ တစ်ပန်းကန်စားလိုက်ပါ။ ပြီးသွားရင် ရွှေခေါင်းလောင်းအကာအရံက အလိုအလျောက်ပဲ ထိပ်ဆုံးအဆင့်ကိုတိုးသွားပါလိမ့်မယ်]

[ဒင်! သင်၏ကျင့်စဉ် ရေပေါ်ပေါ့ပါးခြေလှမ်းမှာ သူ၏အူများထဲတွင် ဓာတ်‌ငွေ့အမြောက်အများစုဝေးနေသည်ကို အာရုံခံစားမိပါသည်။ ၎င်းက ဘယ်အချိန်ဖြစ်ဖြစ် အရှိန်မြှင့်နိုင်ဖို့ပြင်ဆင်နေပါတယ်။ အရှိန်မြှင့်တဲ့အချိန်ကျရင် ၎င်းက သူ့ရဲ့မသက်သာတဲ့ဆူညံသံအချို့ကို ထုတ်လွှတ်ပါလိမ့်မယ်။ သင်နားလည်ဖို့‌မျှော်လင့်ပါတယ်]

[ဒင်! သင်၏ကျင့်စဉ် ဝါဂျရာကျားရဲနှိမ့်ချလက်သီးက အခြားကျင့်စဉ်တွေအကုန်လုံးသင့်အား ဒေါသ‌ဖြစ်စေနေတယ်လို့ ခံစားမိနေပါတယ်။ ၎င်းက သင်၏အကြိုက်များ ရနိုင်ဖို့ အခွင့်အလမ်းယူချင်နေကတည်းက လက်ရှိမှာ သူ၏အဆင့်အား အရူးအမူးပင်တိုးမြှင့်နေပါသည်... ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်... ၎င်းမှာ‌အောင်မြင်စွာကျော်ဖြတ်တက်လှမ်းသွားနိုင်ပါပြီ။ ၎င်းမှာ မဟာဝါဂျရာကျားရဲနှိမ့်ချလက်သီးဖြစ်လာပါပြီ! ၎င်းက ကြီးထွားလာပါပြီ!]

…

သူ၏စိတ်အတွင်းရှိအသံများမှာ ပြေးဝင်လာကာ ကမောက်ကမဖြစ်နေပါသော်လည်း ဟွေ့ရှင်းမှာ လုံးဝမတုန့်ပြန်ပါချေ။

၎င်းမှာ ဆယ်နှစ်ပင်ရှိချေပြီ!

သူဟာ အချိန်အတော်ကြာ အသုံးပြုခဲ့၏!

ယခင်က သူဟာဘုရားကျောင်းထဲတွင် အမှိုက်တစ်စသာဖြစ်ခဲ့ပြီး သန့်ရှင်းရေးဘုန်းကြီးတစ်ပါးသာဖြစ်၏။

သို့ရာတွင် တစ်နေ့တွင် သူ၏စိတ်တွင်း၌ ထူးဆန်းသောအသံများပေါ်ထွက်လာလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။

ထိုထူးဆန်းသည့်အသံများ‌အကူအညီဖြင့် သူ၏ကျင့်စဉ်များ အမှန်ကိုပင် တိုးတက်‌လာကြောင်းတွေ့ရှိခဲ့ရသည်!

မှန်ပါသည်၊ သူ၏ကျင့်စဉ်မှာ အလိုအလျောက် အဆင့်မြင့်သွားခြင်းပင်။

သူ၏ကျင့်စဉ် အလိုအလျောက် အဆင့်မြင့်သွားခြင်းကြောင့် သူ၏ကျင့်ကြံဆင့်မှာလည်း တကယ်ကိုပင် ကြီးကြီးကြီးမားမားတိုးတက်လာ၏။

ထိုမှစကာ သူဟာ ဗုဒ္ဓဂိုဏ်း၏ ကျော်ကြားသော အံ့ဖွယ်ပါရမီရှင်ဖြစ်လာသည်။

မဟုတ်သေးဘူး၊ သူ့အား ထိပ်တန်းပါရမီရှင်ဟုခေါ်သင့်ပေသည်။

သို့ရာတွင် ထိုသို့ဆိုလျှင်တောင်မှ သူဟာဘယ်တုန်းကမှ ဘဝင်မမြင့်ပါချေ။ ထိုအစား သူဟာ သူ့ကိုယ်သူတိုးတက်စေရန် လုံ့လတစိုက်ကျင့်ကြံလေသည်။

ဒါပေါ့၊ သူ၏လုံ့လတစိုက်ကျင့်ကြံခြင်းမှာ တတ်နိုင်သမျှ အိပ်ခြင်းပါပင်။

ဒါဟာသူအိပ်နေချိန်မှသာ သူ၏စိတ်ခံစားချက်များမှာ အများအပြား အပြောင်းအလဲမဖြစ်မှာဖြစ်သည်။ ထိုနည်းလမ်းဖြင့် ကျင့်စဉ်များမှာ အင်မတန်ဇွဲနပဲရှိရှိ ကျင့်ကြံမည်ဖြစ်၏။

နောက်တစ်မျိုးပြောရလျှင် သူ၏ခံစားမှုများမှာ အိပ်မနေပါလျှင် အတက်အကျများပြီး အချို့ကျင့်စဉ်များမှာ မနာခံတော့ဘဲ သူတို့၏အသိစိတ်များရှိလာကြ၏။ ထို‌သို့ဖြစ်သောအခါတွင် သူ၏ကျင့်ကြံဆင့်လိုအပ်ချက်များကို နောက်ပြန်ဆုတ်ခြင်းဖြင့်ပင် အဆုံးအဖြတ်ပေးတတ်ကြသည်။

ဥပမာ ကျင့်စဉ်တစ်ခုမှာ သူ၏အဆင့်အား လျှော့ချလိုက်၏။

ထို့ကြောင့် သူဟာ အစကနတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင်မဖြစ်ခင်အထိ ကျင့်ကြံချင်ခဲ့ပေသည်။ ထိုနေ့မတိုင်ခင်တွင် သူဟာဗောဓိဘုရားကျောင်းမှ ခြေတစ်လှမ်းပင်ထွက်မည်မဟုတ်ပါချေ။ သူဟာ အဆုံးသတ်အချိန်မတိုင်ခင် လောကတွင် အသန်မာဆုံးပညာရှင်ဖြစ်လာသည်အထိ သိုသိုသိပ်သိပ်နေချင်သည်။

ကံမကောင်းစွာနှင့် ယခုတွင်ကောင်းကင်ဘုံမှာ သူအား အခွင့်အရေးတစ်ခုပင်မပေးပါချေ။

***

All Chapters