← Chapters

အခန်း (၃၅၆-၃၆၀)

Vol. 24 Ch. 356-360

အခန်း (၃၅၆-၃၆၀)

Vol. 24 Ch. 356-360

အပိုင်း ၃၅၆ လှည့်ဖျားပြီးနောက် ထွက်ပြေးခြင်း

ရိုးရိုးသားသားပြောရလျှင် ဗုဒ္ဓဂိုဏ်းမှာသူ့အား ရင်းမြစ်များစွာပေးအပ်ခဲ့ပြီးဖြစ်သည်။

ဤနေရာ၌အခြားမြို့များမှ မြို့အရှင်များသာဖြစ်နေပါလျှင် ၎င်းတို့မှာ များစွာ စိတ်လှုပ်ရှားကြပေလိမ့်မည်။ ထို့နောက်တွင် သူတို့အားဖျော်ဖြေရန်အလို့ငှာ ပွဲတစ်ခုပင်ကျင်းပပေးကြလိမ့်မည်ပင်။

ဒီလူရဲ့စားချင်စိတ်က အရမ်းကြီးမားလွန်းမနေဘူးလား?

မှတ်ချက်ပြုရလျှင် ၎င်းမှာဆင်ခြေတစ်ခုမျှသာဖြစ်၏။ ဗုဒ္ဓဂိုဏ်းအကြီးများသာ သူ့ကိုယုံကြည်မိပါလျှင် ၎င်းတို့မှာ တကယ်ကိုရူးနှမ်းနေခြင်းဖြစ်ရမည်။

၎င်းတို့ ပထမဆုံးဝင်လာချိန်တွင် ထိုလူမှာ အင်မတန်ရိုးသားသည်ဟု ထင်ခဲ့သည်။

ယခုတွင် ၎င်းတို့မှာ မှားသွားမှန်းသိလိုက်ကြရ၏။

ထိုလူမှာ လုံးဝကိုရိုးသားသူတစ်ယောက်မဟုတ်ပါချေ။ ဒါ့အပြင် ၎င်းမှာ လူလိမ်သာဖြစ်၏။

အားလုံးမှာ ကျွင့်ပုကျန်းသည် ရင်းမြစ်များပိုမိုရရှိစေရန် ထိုသို့ပြုမူနေခြင်းသိပါသော်လည်း မတတ်နိုင်ကြပါချေ။

ဘာကြောင့်လဲ?

အကြောင်းမှာ ထိုလူသည် ဝူရှူးမြို့အရှင်ဖြစ်ပြီး ဤသည်မှာ ဝူရှူးမြို့တော်ဖြစ်၏။

ဗုဒ္ဓဂိုဏ်းအနီးရှိ ဂိုဏ်းခွဲများမှာ ဖျက်ဆီးခံရပြီးဖြစ်၏။ ဝူရှူးမြို့တစ်ဝိုက်တွင် ကိစ္စများကိုထိန်းချုပ်ရန် ဗောဓိဘုရားကျောင်းမှ အထူးပုဂ္ဂိုလ်များအား စေလွှတ်ရမည်မှာ အသုံးမဝင်တော့ပါချေ။ ၎င်းတို့မှာ နယ်မြေအားမကျွမ်းကျင်ဘဲ မည်မျှကြာညောင်းမည်ကိုလည်း မသိနိုင်ပါချေ။

မြင့်မြတ်သောဗုဒ္ဓမှာ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲမစခင်တွင် ထိုကိစ္စအားဖြေရှင်းရန် ထပ်ခါထပ်ခါမှာကြားနေ၏။

မည်သူကများ နှောင့်နှေးဝံ့ကြမည်နည်း?

အကူအညီမဲ့နေရင်း အကြီးအကဲများမှာ ထပ်မံပြုံးလိုက်ကာ ဆက်ပြောလိုက်သည်။

"မြို့အရှင်ကျွင့် ကျုပ်‌စိတ်မကောင်းပါဘူး။ ကျုပ်တို့သတိမထားမိဘဲ ဝူရှူး‌မြို့တော်ရဲ့ ဆုံးရှုံးမှုတွေကို မစုံစမ်းလိုက်မိဘူး။"

"ဒီလိုဆိုရင်ရော? ကျုပ်တို့က နောက်ထပ် ထိပ်တန်းအဆင့် နတ်သလင်းကျောက်ပေါင်းတစ်သန်းကိုပေးပါ့မယ်။ ဘယ်လို‌သဘောရလဲ?"

ကျွင့်ပုကျန်းမှာ ချက်ချင်းပဲပြုံးကာပြောလိုက်သည်။

"အဟုတ်ပါပဲ။ အားလုံးက ကြင်နာနေမှတော့ ကျုပ်လည်း ပိုအကျိုးရှိတာပေါ့ဗျာ။"

"ကိစ္စမရှိပါဘူး။ မြို့အရှင်ကျွင့်က ကျုပ်တို့ရဲ့ ဒီတာဝန်ကိုပြီးမြောက်ဖို့ ကူညီနိုင်မယ်ဆိုရင် ငွေနဲ့ရင်းမြစ်တွေက ဘာမှကိုမဟုတ်ပါဘူး။"

ပြောနေရင်းဖြင့် အားလုံးမှာ သိုလှောင်လက်စွပ်အား ကျွင့်ပုကျန်းထံသို့ လက်လွှဲလိုက်သည်။

"မြို့အရှင်ကျွင့်၊ ဒီထဲမှာ ထိပ်တန်းအဆင့် နတ်သလင်းကျောက် သန်းနှစ်ဆယ်၊ နတ်လက်နက်တွေနဲ့ နတ်ပစ္စည်းအဆောင်လက်နက်တွေပါပါတယ်။ တစ်ချက်ကြည့်လိုက်ပါဦး။"

ကျွင့်ပုကျန်းဟာ ထိုအရာများကိုလက်ခံလိုက်ကာ ၎င်းတို့အပေါ်တွင် နတ်ဘုရားအာရုံကိုဖွင့်လှစ်ကာ အကျဉ်းချုံးကြည့်လိုက်၏။

"အကြီးအကဲတို့ နောက်နေတာဖြစ်ရမယ်။ ကျုပ်က အခြားလူတွေကိုမယုံပေမယ့် အကြီးအကဲတို့ကိုတော့ ဘယ်မယုံဘဲနေပါ့မလဲဗျာ?"

လူတိုင်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။ သူသာထိုတာဝန်အားအောင်မြင်သည်နှင့် အရာအားလုံးမှာ အဆင်ပြေမည်ပင်ဖြစ်သည်။

သူတို့မှာမူ တစ်ဖက်လူနှင့်အတူ ရမှတ်ဖြေရှင်းမပြီးခင်တွင် အရင်ဆုံးတာဝန်ပြီးမြောက်ရန်ကိုသာစောင့်နေရုံဖြစ်သည်။

"ဒီလိုဆိုရင် မြို့အရှင်ကျွင့် ကျေးဇူးပြုပြီး ရှာဖွေဖို့ ချက်ချင်းပဲ လူတွေလွှတ်လိုက်ပါတော့။"

"အလျင်လိုမနေပါနဲ့။"

ကျွင့်ပုကျန်းမှာ သူ၏လက်ကိုဝေ့ယမ်းကာ ရယ်မောလိုက်သည်။

အမှန်တွင် သူဟာ၎င်းတို့လက်တွင်းမှ နတ်သလင်းကျောက်များအား တတ်နိုင်သလောက်ရှင်းပစ်ချင်တာဖြစ်၏။

သူဟာ အဆင့်ပိုမြင့်သည့်ရန်သူများအား သတ်နိုင်ပါသော်လည်း လူအများတွင် နောက်ခံအစီအစဉ်ရှိသည်ဟု ဆရာကဆိုခဲ့သည်။

သူဟာ ၎င်းတို့အားချောင်ပိတ်လိုက်ပါက သူတို့၏နတ်သလင်းကျောက်များအားဖောက်ခွဲပါလျှင် မည်သို့ဖြစ်လိမ့်မည်နည်း?

သူဟာ အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်အားတိုက်ခိုက်နိုင်ပါသော်လည်း သူဟာ အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်တွင်ရှိသည်ဟုမဆိုလိုပါချေ။

သူဟာတကယ်တွင် တစ်ထောင်သောစစ်ပွဲနတ်ဘုရားပထမအဆင့်၌သာရှိသေးချေသည်။

အမတနတ်ဘုရားဧကရာဇ်ပထမအဆင့်ပညာရှင်နှင့် တိုက်ပွဲတွင် သူဟာအင်မတန်သတိထားရချေမည်။ တစ်ဖက်လူမှာ တကယ်ကိုပင် အင်မတန်များပြားလှသော နတ်သလင်းကျောက်များအားဖောက်ခွဲပစ်ပါက သူဟာထိန်းချုပ်နိုင်မည်မဟုတ်ပါချေ။

ထို့ကြောင့် သူဟာ ၎င်းတို့၏ပစ္စည်းအနည်းငယ်အား ပထမဆုံးလှည့်ဖျားယူထားလျှင်လည်း နောက်မှသာ ၎င်းတို့အားတိုက်ခိုက်လျှင် အရမ်းကြီးနောက်မကျသေးပါချေ။

ဗုဒ္ဓဂိုဏ်းအကြီးအကဲများ၏မျက်နှာထက်ရှိ ရှုပ်ထွေးမှုများကို မြင်ရသည်တွင် ကျွင့်ပုကျန်းဟာစကားဆက်လိုက်သည်။

"အကြီးအကဲတို့ ဒီလိုပါ။ ကျုပ်ကဒီလူတွေကို တစ်ချက်တည်းနဲ့ဖမ်းဆီးဖို့အတွက် ထောင်ချောက်အစီအရင်ခင်းကျင်းဖို့ပြင်ဆင်ထားပါတယ်။"

အားလုံး၏မျက်လုံးမှာတောက်ပသွားသည်။

"ဒါကကောင်းတာပဲ။"

"ကောင်းပါတယ်၊ ဒါပေမယ့်‌ကျုပ်လက်ရှိမှာ နတ်သ‌လင်းကျောက်တွေမရှိသေးဘူးဖြစ်နေတုန်းပဲ။"

ဗုဒ္ဓဂိုဏ်းအကြီးအကဲများ : "...."

အားလုံးမှာ တစ်စုတဝေးတည်း စိတ်ညစ်ညူးသွားကာ မျက်နှာထက်ရှိအမူအရာများမှာလည်း မှုန်မှိုင်းလာကြ၏။

ဘာကြောင့်အစီအရင်ခင်းကျင်းဖို့ နတ်သလင်းကျောက်တွေလိုရတာလဲ? ‌ခင်ဗျားမှာ ကြင်ဖက်မိန်းကလေးတစ်ယောက်မရှိဘူးလို့ပဲပြောလိုက်ပါလား? ကျုပ်တို့ဆီ ခင်ဗျားရဲ့ခြေထောက်နဲ့ကျောကိုနှိပ်ပေးဖို့ မြင့်မြတ်သောမိန်းမပျိုကိုပဲရှာခိုင်းလိုက်ပါတော့လား?

ဒီလူလောက် အရှက်မဲ့တဲ့လူရောရှိပါတော့မလား?

"မြို့အရှင်ကျွင့်၊ ဒါကဆီလျော်ရဲ့လား? ကျုပ်တို့ဗုဒ္ဓဂိုဏ်းက ခင်ဗျားကိုအခုတင်ပဲ ထိပ်တန်းအဆင့် နတ်သလင်းကျောက်ပေါင်းသန်းနှစ်ဆယ်ပေးအပ်ပြီးသွားပြီလေ။"

"ဒီထိပ်တန်းအဆင့်နတ်သလင်းကျောက်တွေကို အစီအရင်ခင်းကျင်းဖို့အတွက် သုံးလိုက်လို့မရဘူးလား?"

ကျွင့်ပုကျန်းမှာ သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။

"ဒီလိုဘယ်လိုလုပ်ရပါမလဲ? အဲ့ဒီ ထိပ်တန်းအဆင့်နတ်သလင်းကျောက်သန်းနှစ်ဆယ်က ခင်ဗျားတို့ကျုပ်ကိုပေးတဲ့ ဆု‌လက်ဆောင်လေ။ ကုန်ကျစရိတ်ကိုပေးမယ့်သူက ခင်ဗျားတို့ပဲဖြစ်သင့်တာမဟုတ်ဘူးလား? ကျုပ်ကိုပေးစေချင်နေတာလား? ဒါကလည်း စည်းမျည်းတွေကို ဆန့်ကျင်နေတယ်နော်။"

"ဒါပေမယ့် ကျုပ်တို့လည်း မြို့အရှင်ကျွင့်ကို ထိပ်တန်းအဆင့်နတ်သလင်းကျောက်ပေါင်းသန်း နှစ်ဆယ်ပေးထားတယ်လေ။"

"ကောင်းပြီလေ ဒါဆိုရင်"

ကျွင့်ပုကျန်းမှာ ပုခုံးတွန့်လိုက်၏။

"ကျုပ် ပထမကတော့ ဗုဒ္ဓဂိုဏ်းကိုကူညီပြီး အတတ်နိုင်‌ဆုံး အဲ့ဒီလူတွေကို ဖမ်းပေးချင်ခဲ့ပါတယ်။ ဗုဒ္ဓဂိုဏ်းက ဆန္ဒမရှိမှတော့ ထားလိုက်ပါတော့။"

သူထိုသို့ပြောပြီးသည်နှင့် ဗုဒ္ဓအကြီးအကဲတစ်ပါးမှာ အလျင်စလို ပြောလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျုပ်တို့ခင်ဗျားကိုပေးပါ့မယ်။"

၎င်းတို့မှာ သန်းနှစ်ဆယ်အား ကုန်ဆုံးစေခဲ့ပြီးနေပြီပင်။ နောက်ထပ်နည်းနည်းလောက်အား အဘယ့်ကြောင့် ဂရုစိုက်နေရတော့မည်နည်း?

ထိုလူစုအားဖမ်းဆီးပြီး တာဝန်ပြီးမြောက်ဖို့ရန်မှာ မြင့်မြတ်သောဗုဒ္ဓအားပျော်ရွှင်စေမည့် အဓိကသော့ချက်ဖြစ်၏။

"တစ်သန်းဆိုရင် လုံလောက်မလား?

"မလုံလောက်သေးဘူး။ ကျုပ်ရဲ့လက်အောက်ငယ်သားတွေကိုလည်း လုပ်အားခပေးရဦးမယ်မဟုတ်လား? ကျုပ်ရဲ့လက်အောက်ငယ်သားတွေကို ဘာမှ‌မပေးဘဲလုပ်ခွင့်ပြုရမှာလား? ကျုပ်ကိုအရင်ဆုံး ငါးသန်းပေးထားရင်ရောဘယ်လိုလဲ?"

ဗုဒ္ဓဂိုဏ်းအကြီးအကဲများမှာ ဒေါသဖြင့်အံကိုကြိတ်ကာ လက်သီးများဆုပ်ထားကြလေသည်။

"မြို့အရှင်ကျွင့်၊ အရမ်းလွန်မလာပါနဲ့! အနားပေးဖို့လမ်းလေးကိုချန်ထားပါဦး၊ ဒါမှအနာဂတ်မှာလည်း ကျုပ်တို့လက်တွဲလို့ရမှာပေါ့။ ခင်ဗျားသာအရမ်းလွန်ကျူးလာရင်တော့ အနာဂတ်မှာ ဗုဒ္ဓဂိုဏ်းကစွမ်းအားကြီးပုံရိပ်တွေရောက်လာခဲ့ရင် ခင်ဗျားရဲ့ဝူရှူးမြို့က ခံစားချက်မကောင်းမှာကို ကျုပ်စိုးရိမ်မိပါတယ်။"

"ဒါက မလိုပါဘူး! ကျုပ်တို့ဂိုဏ်းရဲ့ဒေါသတစ်ခုကတင် ခင်ဗျားတောင့်မခံနိုင်တဲ့အရာတစ်ခုဖြစ်နေပြီ။"

ကျွင့်ပုကျန်းမှာ လုံးဝမစိုးရိမ်ဘဲ သူ၏ဦးခေါင်းကိုညွှန်ပြလိုက်သည်။

"လာပါ၊ လာပါ၊ လာပါ! ကျုပ်ကိုတိုက်ခိုက်လိုက်! ခင်ဗျားတို့ဆန္ဒရှိသလိုတိုက်ခိုက်လိုက်ပါ! ကျုပ်ကိုဒီနေ့သတ်လိုက်ရင် ခင်ဗျားတို့ဗုဒ္ဓဂိုဏ်း ဘယ်တော့မှထုတ်မပြခံရဘူးလို့ယုံလား? အဲ့ဒီ့အချိန်ဆိုရင် ဗုဒ္ဓဂိုဏ်းအပေါ်ကျလာမယ့် ဖိအားကိုတော့ ကျုပ်ပြောစရာတောင်လိုမှာမဟုတ်ဘူးထင်ပါတယ်"

"အဲ့ဒီအချိန် ခင်ဗျားတို့ကို အခြားဂိုဏ်းတွေက အတူတကွတိုက်ခိုက်ကြရင် ရှင်းရှင်းလင်းလင်းမလုပ်ခဲ့လို့ဆိုပြီး ကျုပ်ကိုအပြစ်မတင်ပါနဲ့။"

"ဟီးဟီးဟီးဟီး... မြို့အရှင်ကျွင့်၊ ခင်ဗျားကကျုပ်တို့ကို ဒီလိုခြိမ်းခြောက်လို့ရနိုင်မယ်လို့တကယ်ကြီးထင်နေတာလား?"

ဗုဒ္ဓဂိုဏ်းအကြီးအကဲမှာ သူ၏အရှိန်အဝါအားတဖြည်းဖြည်းထုတ်ဖော်လိုက်သည်။

"ခင်ဗျားကိုသတ်ပြီးသွားရင် ကျုပ်တို့က‌လောကကြီးကို 'ခင်ဗျားတို့ရဲ့ဝူရှူးမြို့အရှင်က နတ်ဆိုးတွေရဲ့ အလိမ်ခံရပြီး သူ့ရဲ့စိတ်ပါလွတ်သွားတယ်'လို့ ပြောနိုင်တယ်။ အမှန်တရားဂိုဏ်းတွေက ဝူရှူးမြို့အရှင်လေးလောက်နဲ့ ကျုပ်တို့ကိုဆန့်ကျင်မယ်ထင်လို့လား?"

"ကျစ် ကျစ်၊ ခင်ဗျားတို့က တကယ်တတ်လည်းတတ်နိုင်တာပဲ။ ကျုပ်အထင်ကြီးမိပါတယ်။"

ကျွင့်ပုကျန်းမှာ ဗုဒ္ဓဂိုဏ်းကမည်မျှအရှက်မဲ့သည်ကို အချိန်ကြာသိလာသော်ငြားလည်း ထိုအခိုက်တွင်မူ မျက်ဝါးထင်ထင်မြင်လိုက်ရသောအခါ၌ ထိတ်လန့်ကာ အထင်ကြီးသွားမိသေးသည်ပင်။

အရှက်မဲ့သောနေရာတွင် တစ်လောကလုံးရှိဂိုဏ်းအားလုံးမှာ ဗုဒ္ဓဂိုဏ်းအားကျော်လွန်နိုင်မည်မဟုတ်ပါချေ။

၎င်းတို့မှာ မည်သူ့ကိုသတ်သတ် ပြောရန်လိုသည်မှာတော့ "နတ်ဆိုးကိုအနိုင်ယူသည်"ဆိုသည့်စကားပင်။

သို့သော် ထိုဗုဒ္ဓအကြီးကဲလေးများမှာ သူ့အားတိုက်ခိုက်ရန်ပင်တကယ်ကိုမလုံလောက်ပါချေ။

သူ၏ဆရာထံမှ သူသင်ကြားလာခဲ့သော အရှက်မဲ့မှုမှာ ပြိုင်ဘက်ကင်းချေသည်။ သူဟာထိုလူများအား ဖုန်ထုအတွင်းတွင်ထားခဲ့နိုင်၏။

သူဟာအရှိန်အဝါကိုမထုတ်ဖော်ဘဲ ဗုဒ္ဓဂိုဏ်းအကြီးအကဲမှ လွှဲပြောင်းပေးခဲ့သော သိုလှောင်လက်စွပ်ကိုသာ ဖြည်းညင်းစွာထုတ်ယူလိုက်သည်။

"ဒီမှာ ထိပ်တန်းအဆင့်နတ်သလင်းကျောက်ပေါင်း သန်းနှစ်ဆယ်ရှိတယ်မဟုတ်လား? ကျုပ်သာ ဒါကို မီးပန်းလေးတွေလိုမျိုးလွှတ်ပေးလိုက်ရင် ဝူရှူးတစ်မြို့တော်လုံးက ကောင်းကင်ထိတိုင် ရိုက်ခတ်သွားမလားသိချင်မိတယ်?"

ဗုဒ္ဓဂိုဏ်းအကြီးအကဲများ : "..."

လေထုမှာအတန်ငယ်တိတ်ဆိတ်သွားပြီးနောက် လူတိုင်းမှာ ၎င်းတို့၏အရှိန်အဝါများအား အလျင်အမြန်ပင် ရုတ်သိမ်းလိုက်ကြကာ ချက်ချင်းပင် ကြင်နာသောအပြုံးတစ်ခုကို ချိတ်ဆွဲလိုက်ကြ၏။

"မြို့အရှင်ကျွင့်၊ ခင်‌ဗျားဘာတွေပြောနေတာလဲ? ကျုပ်တို့က မိတ်ဆွေတွေပဲဆိုတော့ ဟန်ချက်ညီသင့်တာပေါ့ဗျာ။ ဒါက ‌နတ်သလင်းကျောက်လေး ငါးသန်းပဲမဟုတ်ဘူးလား? ဒါလေးကျုပ်တို့ရဲ့ရင်းနှီးမှုကို ဘယ်ယှဉ်နိုင်ပါ့မလဲ? ဒီမှာ ထိပ်တန်းအဆင့်နတ်သလင်းကျောက် ငါးသန်းပါ။ ကျေးဇူးပြုပြီး တစ်ချက်လောက်ကြည့်လိုက်ပါဦး၊ မြို့အရှင်ကျွင့်။"

ကျွင့်ပုကျန်းမှာ ပြုံးလိုက်သည်။

"အမှန်ပဲ။ ကျုပ်တို့အားလုံးက မိတ်ဆွေတွေပဲလေ။ ဒါပေါ့ ကျုပ်တို့ပြန်လည်သင့်မြတ်ကြရမှာပဲ။"

သူဟာလက်စွပ်အား ရယူတော့မည့်အချိန်မှာပဲ တစ်ဖက်အကြီးအကဲမှာ ရှင်းလင်းစွာပင် သူ၏လက်ကိုပြန်ရုတ်လိုက်၏။

ကျွင့်ပုကျန်းမှာ သူ့အားမော့ကြည့်ရင်း ရယ်လိုက်သည်။

"မြို့အရှင်ကျွင့်၊ ‌ထပ်ပြီးပေးရမှာများရှိသေးလား?"

"မရှိပါဘူး၊ မရှိပါဘူး။ ဒါကနောက်ဆုံးပေးရမှာပါပဲ။"

ထိုသို့ပြောကာ သူသည် တစ်ဖက်လူ၏လက်ထဲမှ လက်စွပ်ကို ချက်ချင်းယူလိုက်၏။

"ဒီလိုဆိုရင်ရော? ခင်ဗျားတို့အကြီးအကဲတွေ ဒီမှာ အရင်စောင့်နေလိုက်ပါ။ ကျုပ်က အဲ့ဒီသူခိုးတွေကို ထောင်ချောက်ဆင်ဖို့ အစီအရင်တွေခင်းကျင်းမယ့် လူတွေခေါ်လာခဲ့ပါ့မယ်။"

"ကောင်းပါပြီ! ကျေးဇူးတင်ပါတယ်၊ မြို့အရှင်ကျွင့်"

"ရပါတယ်ဗျာ။ အစေခံတို့၊ အကြီးအကဲတွေကို လက်ဖက်ရည်နဲ့ ပွဲ‌တစ်ခု စီစဉ်ပေးလိုက်ပါ။ ကျုပ်မကြာခင်ပြန်လာခဲ့မယ်။"

ထို့နောက်တွင် ကျွင့်ပုကျန်းမှာချက်ချင်းပဲ ဝူရှူး‌မြို့တော်မှ ထွက်ခွာသွား၏။ သူဟာမြို့တော်မှ ထွက်ခွာသည်နှင့် ရှီချန်းလင်နှင့် အခြားလူများမှာ အလျင်အမြန်ပင်သူ့အား ဝန်းရံလိုက်ကြသည်။

"ဆရာ ခုနှစ်၊ ဘယ်လိုလဲ?"

"စိတ်မပူပါနဲ့၊ ငါပြင်ဆင်ပြီးသွားပြီ။ ဒီထဲမှာ ထိပ်တန်းအဆင့်နတ်သလင်းကျောက်ပေါင်း ၂၅သန်း၊ နတ်လက်နက်အများကြီးနဲ့ နတ်ပစ္စည်းအဆောင်လက်နက်တွေပါတယ်။"

"သေစမ်း၊ ဆရာခုနှစ်က တကယ်ကို ထူးကဲတာပဲ။ အခုလောက်ဆို ဗုဒ္ဓဂိုဏ်းက ငတုံးတွေတော့ သေလုအောင် ငိုနေလောက်ပြီ။"

ကျွင့်ပုကျန်းမှာ နှာမှုတ်လိုက်သည်။

"သူ့တို့ကို ငါ့ဆရာကိုသတ်ဖို့ ဘယ်သူကပြောလို့လဲ? ဒါက အစပဲရှိသေးတယ်။"

ကျွင့်ပုကျန်းထံတွင် အစီစဉ်အရှည်ကြီးရှိလေသည်။ သူဟာဒါကို အချိန်ကြာ ဖုံးမထားနိုင်မှန်းလည်းသိလေသည်။ မကြာမီတွင် တစ်ဖက်က သူ့အား ရှာတွေ့သွားကြလိမ့်မည်။

တစ်ဖက်လူကသူ့အား ရှာဖွေမှာကို စောင့်ဆိုင်းနေမည့်အစား အရင်ဆုံးရင်းမြစ်များကိုရယူပြီး လက်ဦးမှုယူတိုက်ခိုက်ကာ သူတို့နည်းအတိုင်းပြန်လုပ်သည်က ပိုကောင်းချေသည်။

သူ၏ဝူရှူးမြို့အရှင် ဂုဏ်ပုဒ်အားဆုံးရှုံးရလိမ့်မလား? သူဂရုမစိုက်ပါချေ။

"ဆရာခုနှစ်၊ မြန်မြန်ထွက်သွားရအောင်။ ဗုဒ္ဓဂိုဏ်းကို ဘာမှရှာတွေ့ခွင့် မပေးပါနဲ့။"

"အလျင်မလိုပါဘူး။ သူတို့ကို ပြန်လွှတ်ပါရစေဦး။"

သူဟာစကားဆုံးသည်နှင့် ချက်ချင်းပင် လက်စည်းတံဆိပ်ပြုလုပ်လိုက်သည်။ ထို့နောက်တွင် နတ်ဆိုးဆန်စွာပြုံးလျက် ချက်ချင်းပင် အားလုံးနှင့် အတူတကွပြေးတော့၏။

မြို့အရှင်အိမ်တော်တွင် အကြီးအကဲများ၏အမူအရာမှာ သိပ်မကောင်းလှပါချေ။

"ဒီကျွင့်ပုကျန်းကတကယ်ကိုတော်တော်များနေပြီ။ သူကကျုပ်တို့ဗုဒ္ဓဂိုဏ်းကနေ အကျိုးအမြတ်တွေယူနေတာပဲ။"

"ဘာကြောက်စရာရှိလို့လဲ? ဒါကိစ္စသာပြီးသွားရင် ငါတို့လည်းပြန်သွားပြီး မြင့်မြတ်သောဗုဒ္ဓဂိုဏ်းဆီတင်ပြမယ်၊ ပြီးရင်တော့ သူ့ဆီကို ထိပ်တန်းပညာရှင်နှစ်ယောက်လောက်ပို့ပေးရတာပေါ့။ အဲ့ဒီအချိန်ကျ သူကတော့ ဒုက္ခတွေ့ပြီပဲ။"

သူပြောနေစဉ်‌၌ အစေခံတစ်ဦးမှာ လက်ဖက်ရည်နှင့် အတူ ဝင်လာ၏။

သူတို့၏စကားလုံးများအားကြားလိုက်ဟန်ဖြင့် အစေခံမှာ တခစ်ခစ်နှင့်ရယ်နေသည်။

"အကြီးအကဲတို့ အခုထိမသိကြသေးမှာကို စိုးရွံ့မိပါတယ်။ ကျွန်မတို့မြို့အရှင်က ဒီနေ့ဒီနေရာကိုရောက်ဖို့ အခြားလူတွေဆီကနေ အကျိုးအမြတ်တွေယူခဲ့တာပါ။ ဝူရှူးမြို့တော်မှာ သူ့ထက်အရှက်မဲ့တဲ့လူမရှိတော့ပါဘူး။ ကျွန်မကိုမယုံကြည်ရင် ထွက်သွားပြီးမေးမြန်းကြည့်လို့ရပါတယ်။ အနည်းဆုံး ဝူရှူးမြို့တော်တစ်ခုလုံးက ဂိုဏ်းတစ်ဝက်လောက်နီးပါး သူ့ဆီ‌ကနေ လှည့်ဖျားခံခဲ့ရတယ်လေ။"

"သူက လက်ရှိအခြေအနေကိုရောက်ဖို့ တစ်လှမ်းပြီးတစ်လှမ်း ရင်းမြစ်အများအပြားကို ဒီလိုနည်းလမ်းတွေနဲ့စုဆောင်းခဲ့တာပါ။"

"ဒါ့အပြင်၊ သူကအကျိုးအမြတ်တွေရယူပြီးရင်လည်း ထွက်ခွာသွားတတ်ပါတယ်။ သူကဘယ်တော့မှအကြာကြီးမနေပါဘူး။"

ဗုဒ္ဓဂိုဏ်းအကြီးအကဲများ၏ နှလုံးအိမ်များမှာ တုန်ရီလာကာ တစ်စုံတရာမှာမှားယွင်းနေသည်ကို ခပ်ရေးရေးမျှ အာရုံခံမိလိုက်ကြသည်။

"မဟုတ်ပါဘူး။ သူခိုးတစ်ယောက်က ကျုပ်တို့ဗုဒ္ဓဂိုဏ်းသားတွေကို ဝူရှူးမြို့တော်မှာ သတ်လိုက်ရင် ဝူရှူးမြို့တော်က ဘယ်လိုလုပ်မရှာနိုင်ရမှာလဲ?"

"သေစမ်း၊ ကျုပ်တို့တောင် ဒီကောင်စုတ်ရဲ့အလိမ်ခံလိုက်ရပြီပေါ့။ မြန်မြန် သူ့ကိုတားရမယ်! သူကတကယ်ကိုဉာဏ်ကြီးရှင်ပဲ!"

အားလုံးတုံ့ပြန်လိုက်ချိန်တွင် အတော်လေးနောက်ကျနေပြီဖြစ်သည်။

ထိုသည်မှာ မြို့အရှင်အိမ်တော်ရှိမြေပြင်တစ်ခုလုံးမှာ ထိုအခိုက်၌ တောက်ပလာခြင်းကြောင့်ပါပင်။

"သေလိုက်ပါတော့!"

"ကျွင့်ပုကျန်း! မင်း ခွေးကောင်! စောင့်နေလိုက်။ ငါသေရင်တောင် မင်းကိုအလွတ်မပေးဘူး!"

"သေစမ်း မင်း!"

တေးသံတစ်ခုထွက်ပေါ်လာပြီး မကြာမီပင် ပြင်းထန်သော ပေါက်ကွဲမှုလှိုင်းဖြင့် ဖုံးအုပ်သွားတော့၏....

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၄။ အပိုင်း ၃၅၇ လေကဲ့သို့ သေဆုံးခြင်း

ဘုန်း!

ဝူရှူးမြို့မှ ကြီးမားသောမှိုပွင့်ကြီး တက်လာသည်ကိုမြင်သော် ရှီချန်းလင်မှာ သက်ပြင်းချလိုက်သည်။

"ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ဝူရှူးမြို့အရှင်ဖြစ်လာတာ သိပ်မကြာလိုက်ဘူးပဲ။ ငါထွက်မသွားခင်လေးမှာ ဝူရှူးမြို့ရဲ့သွေးကိုစုပ်ဖို့အခွင့်အရေးလေးတောင်မရလိုက်ဘူးကွာ။"

ကျွင့်ပုကျန်း၏အမူအရာမှာ တည်ငြိမ်နေကာ ထိုမျှ ဝမ်းနည်းမနေပါချေ။

"မပူပါနဲ့။ ငါတို့ဗုဒ္ဓဂိုဏ်းကိုဖျက်ဆီးပြီးတာနဲ့ ရင်းမြစ်တွေက ပြဿနာမဟုတ်တော့ပါဘူး။"

"ပြီးတော့ ငါမြို့‌အရှင်အိမ်တော်က ရတနာအားလုံးကိုလည်း ယူလာခဲ့တယ်။ အရင်မြို့အရှင် ဂိုဏ်းကြီးမျိုးစုံကနေ ရထားခဲ့တဲ့လက်ဆောင်တွေလည်း အများကြီးပဲထည့်လာတယ်။"

"ခန့်မှန်းကြည့်ရရင် သဘာဝရ‌တနာတွေ၊ လက်နက်တွေနဲ့ နတ်သလင်းကျောက်မျိုးစုံတွေအပါအဝင် အားလုံးပေါင်း ထိပ်တန်းအဆင့် နတ်သလင်းကျောက် သန်း၃၀ဆယ်လောက်တော့ တန်တယ်။"

"ဗုဒ္ဓဂိုဏ်းကတော့ ငါတို့ကို ထိပ်တန်းအဆင့်နတ်သလင်းကျောက်ပေါင်း ၂၅သန်းပေးဖို့ လှည့်ဖျားခံခဲ့ရတာပဲ။ နတ်လက်နက်တွေနဲ့ နတ်ပစ္စည်းအသုံး‌အဆောင်တွေပါပါရင် ငါတို့မှာ အလုံအလောက်ရှိနေပြီ။"

အားလုံး၏မျက်လုံးများမှာ ချက်ချင်းတောက်ပသွားကြသည်။

"ဆရာခုနှစ်က တကယ်ကိုအံ့ဩစရာပဲ!"

"ရှင်းလီ၊ တော်‌လိုက်တော့။ နတ်လက်နက်တွေကို ခွဲပေးပြီး သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းကိုတိုးမြှင့်လိုက်။ ပြီးတော့ နတ်သလင်းကျောက်တွေကိုယူလာခဲ့။ ငါးယောက်တစ်ဖွဲ့ဖွဲ့ပြီး အနီးအနားကဗုဒ္ဓဂိုဏ်းသားတွေကို ဖိနှိပ်ပြီး ဝိုင်းထားကြရမယ်။ တစ်ယောက်ကိုမှမလွတ်စေနဲ့။"

"သိပါပြီ!"

"ငါ မင်းတို့ရဲ့နတ်ချပ်ဝတ်တန်ဆာပေါ်မှာ နေ‌ရာရွှေ့ပြောင်းအစီအရင်၊ အကာအကွယ်အစီအရင်တွေနဲ့ စိတ်ဝိဉာဉ်စုစည်းခြင်းအစီအရင်တွေကို ရေးဆွဲပေးထားမယ်။ မင်းတို့အနိုင်မယူနိုင်တဲ့ ဆရာကြီးတစ်ယောက်ယောက်နဲ့ ကြုံရရင် အချိန်မီ နေရာရွှေ့ပြောင်းပါ။"

"ဆရာ့ရဲ့ရှန်းထီကျောက်ရှင်အမှတ်အသားက ငါတို့ကို ပြန်လည်ရှင်သန်စေနိုင်ပေမယ့် လူတိုင်းက မသေဖို့ကြိုးစားကြရမယ်။ ဒါက လူတိုင်းရဲ့လက်ရှိကျင့်ကြံဆင့်တွေက အရမ်းမနိမ့်ကျနေလို့ပဲ။ တစ်ခါသေလိုက်တာနဲ့ ဒါက ငါတို့ရဲ့ကျင့်ကြံခြင်းကို အချိန်ကြာနှောင့်နှေးစေလိမ့်မယ်။"

"ဒါ့အပြင် အခု ရှန်းထီကျောက်ရှင်အမှတ်အသားကို အခုထိသုံးလို့ရနိုင်သေးလားကိုလည်း ငါသေချာမသိဘူး။"

"နားလည်ပါပြီ!"

လူတိုင်းမှာ ချက်ချင်းပင် နတ်လက်နက်များအားခွဲဝေလိုက်ကြ၏။

ကျွင့်ပုကျန်းမှာ အမည်မဲ့ဂိုဏ်းမှ တပည့်ရာချီကျော်ကို ဦးဆောင်နေသည်။ ပျှမ်းမျှဆိုရလျှင် တစ်ဦးချင်းစီမှာ အနည်းဆုံးနတ်လက်နက်နှစ်ခုရနိုင်၏။

ထို့အပြင် သူတို့နတ်ဘုရားလောကအားမလာခင်တွင် လုရှောင်ယန်မှာ တစ်ဦးချင်းစီကို အတိုက်အခိုက်နတ်လက်နက်နှင့် အကာအကွယ်နတ်လက်နက်တစ်ခုစီအားပေးထားခဲ့သည်။ ထို့ကြောင့် တစ်ယောက်ချင်းစီတွင် အနည်းဆုံးနတ်လက်နက်လေးမျိုးစီရှိကြ၏။

ထိုသို့သော် လက်နက်အစုံလိုက်မှာ ထိုဂိုဏ်းကြီးများထံတွင်ပင် ရှားပါးလွန်းသည်။

ထိုသည်မှာ ၎င်းတို့၏ကျင့်ကြံဆင့်များသည် အများဆုံး နတ်ဘုရားအားဖန်ဆင်းခြင်းနှင့် နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်တို့တွင် ရှိကြခြင်းကြောင့်ဖြစ်သည်။

ထိုကျင့်ကြံဆင့်တွင် တစ်ယောက်ထံ၌ နတ်လက်နက်တစ်ခုသာ ရှိလိမ့်မည်။ ရှားရှားပါးပါးဆိုလျှင် နတ်လက်နက်နှစ်ခုရှိပေမည်။ လေးခုမဆိုထားနှင့် ၎င်းတို့ထံတွင် သုံးခုထက်ဘယ်တော့မှပိုမရှိပါချေ။

နတ်လက်နက်အားလက်ခံရရှိပြီးနောက်တွင် ရှီချန်းလင်မှာ မနေနိုင်ဘဲမေးလိုက်သည်။

"ဆရာခုနှစ်၊ ကျွန်တော်‌တို့ကို နတ်လက်နက်တစ်ခုတောင်ပေးတယ်။ ဆရာကိုယ့်ကိုယ်ကိုအတွက်ကျတော့ နတ်ပစ္စည်းအ‌ဆောင်လက်နက်ကိုသုံးမလို့လား?"

ကျွင့်ပုကျန်း၏မျက်လုံးများကျယ်သွား၏။

"အဓိပ္ပာယ်မရှိတာ။ ငါကဒီလိုလူလား? ငါ့မှာသာ တစ်ခုခုရှိရင် ငါအမြဲတမ်း လက်အောက်ငယ်သားတွေကိုအရင်ပေးမှာပေါ့။"

ရှီချန်းလင်နှင့် အခြားလူများမှာ ပြန်မဖြေပါချေ။

ဆိုရိုးအတိုင်းပင်: "တပည့်တစ်ဦးမှာ ဆရာ၏အလိမ်အညာများကိုသယ်ဆောင်လေသည်။"

ဂိုဏ်းချုပ်မှာလည်း ထိုသို့သောအရာများကိုနေ့တိုင်းလုပ်ဆောင်လေသည်။ သူ၏ကျင့်ကြံဆင့်မှာ ရှင်းလင်းစွာပင် အမြင့်ဆုံးဖြစ်သော်လည်း သူဟာအမြဲလိုလို တပည့်များထက်အဆင့်မြင့်မားသော အကောင်းဆုံးဆိုသည့် အကာအကွယ်ချပ်ဝတ်နှင့် လက်နက်ကိရိယာများကိုသာဝတ်ဆင်သည်။

ဗုဒ္ဓဂိုဏ်းမှ ကျွင့်ပုကျန်းအား နတ်ပစ္စည်းအဆောင်လက်နက် ဆယ်ခုပင်ပေးအပ်ခဲ့သည်ဟုကြားခဲ့ရသည်။ သို့သော် ကျွင့်ပုကျန်းမှာ တစ်ခုတလေမျှပင် ထုတ်မလာပါချေ။ သူဟာတကယ်ကို တွန့်တိုလှ၏။

ကျွင့်ပုကျန်းမှာ အတန်ငယ်ချောင်းဟန့်ကာ သူ၏လက်များအား ကျောနောက်သို့ပို့‌လိုက်၏။

"မင်းတို့ကောင်တွေ၊ အများကြီးမတွေးနဲ့လေ။ ငါကဆရာနဲ့မတူပါဘူး။ ငါကအဲ့လိုမျိုး မသင့်လျော်တာကိုလုပ်ပါ့မလား။ ငါ နတ်ပစ္စည်းအဆောင်လက်နက်တွေကို သိမ်းထားတဲ့အကြောင်းက မင်းတို့တွေရဲ့ကျင့်ကြံဆင့်က နတ်ပစ္စည်းအဆောင်လက်နက်ရဲ့စွမ်းအားကို မထုတ်နိုင်လောက်အောင် အရမ်းနိမ့်နေသေးလို့ပါ။ မင်းတို့သာ ပညာရှင်တစ်ယောက်နဲ့ကြုံရရင် အသတ်ခံရပြီး နတ်ပစ္စည်းအဆောင်လက်နက်ကိုလည်း တခြားလူတွေ လုသွားတာခံနေရလိမ့်မယ်။"

"ဒါ့ကြောင့် အဆောင်လက်နက်တွေကို ငါနဲ့အတူသိမ်းထားတာပါ။"

လူတိုင်းဟာစကားမဆိုဘဲ သူ့အားစိုက်‌ကြည့်နေကြဆဲဖြစ်၏။

၎င်းတို့မှာ ကြည့်နေဆဲပင်...

လူအများအပြား၏ စိုက်ကြည့်ခြင်းကိုခံနေရသော ကျွင့်ပုကျန်းသည် သူ၏ မျက်နှာအတန်ငယ်ပူလောင်လာသည်ကိုပင် ခံစားနေရ၏။

"မင်းတို့ ဘာလို့ဒီလိုဖြစ်နေရတာလဲ? ငါတို့အခု ဆရာ့အတွက်လက်စားချေဖို့ ဗုဒ္ဓဂိုဏ်းသားတွေနဲ့ ရင်ဆိုင်နေရတာနော်။ မင်းတို့ဘယ်လိုတောင် ဒီအကျိုးအမြတ်တွေပေါ်မှာ အာရုံစိုက်နိုင်ရသေးတာလဲ? မင်းတို့ဆရာ့ကိုလက်စားချေတဲ့နေရာမှာပဲ အာရုံထားသင့်တယ်၊ မဟုတ်ဘူးလား?"

အားလုံးမှာယောင်ဝါးဝါးပြောလိုက်သည်။

"ဆရာကြီးအတွက် ကျွန်တော်တို့ရဲ့လက်စားချေမှုက ဒါနဲ့မဆိုင်ဘူးလေ၊ ဟုတ်တယ်မလား?"

"အမှန်ပဲ။ ကျွန်တော်တို့သာ ဆရာကြီးအတွက် လက်စားချေပေးချင်ရင် ဒါက ကျွန်တော်တို့ပြဿနာပဲလေ။ ဒါပေမယ့် ဆရာခုနှစ်က ကျွန်တော်တို့ကို နတ်ပစ္စည်းအဆောင်လက်နက်လေးတစ်ခုတောင်မပေးတာ အရမ်းရက်စက်ရာကျမနေဘူးလားဗျာ?"

"ဆရာကြီးကတော့ အရင်းရှင်စနစ်ကို ပုခက်ထဲမှာတည်းကသတ်ပစ်ရမယ်လို့ပြောတာပဲ။"

"မင်းတို့ဘာပြောချင်တာလဲ?"

"အရှင်းရှင်စနစ်။ ဆရာကတစ်ခါ‌ဒါကိုရှင်းရှင်းလင်းလင်းပြောခဲ့ဖူးတယ်၊ ကျွန်တော်တို့တွေက တွန့်တိုခြင်း၊ လောဘနဲ့ အရှက်မဲ့ခြင်းတို့ကို ရှောင်ရှားရမယ်တဲ့..."

ကျွင့်ပုကျန်း : "..."

"မင်းတို့အရိုက်ခံချင်လို့လား?"

"ဆရာခုနှစ်က ကျွန်တော်တို့ဆရာမှမဟုတ်တာ။ ကျွန်တော့ဆရာက ဆရာခုနှစ်ရဲ့ ဆရာတူအစ်ကိုကြီးသုံးလေ ကျွန်တော့်ကိုရိုက်ရင်တော့ ဆရာ့ကိုပြောလိုက်မှာပေါ့။"

"အဟုတ်ပဲ။ ကျွန်တော့ရဲ့ဆရာက ဆရာခုနှစ်ရဲ့ ဆရာတူအစ်မနှစ်လေ။ သူမကအကာကွယ်ပေးဆုံးလူပဲ။"

"ဟုတ်တယ်။ ကျွန်တော်တို့ရဲ့ဆရာက အမည်မဲ့ဂိုဏ်းရဲ့ ဆရာတူအစ်ကိုအကြီး‌ဆုံးပဲ။"

ကျွင့်ပုကျန်းမှာသူ၏လက်ကိုဝေ့ယမ်းလိုက်၏။

"တော်တော့၊ တော်တော့။ ဆရာတူအစ်ကိုအကြီးဆုံးရဲ့တပည့်တွေ အပျော်အပျက်ထဲဝင်ပါတာ ရပ်လိုက်ပါတော့။ ငါ့ရဲ့ကျင့်ကြံဆင့် ဘယ်လောက်နိမ့်နိမ့်၊ ငါကဘယ်လောက်ပဲအားနည်းနည်း မင်းတို့ဆရာကို‌တော့ အနိုင်ယူဖို့တော့ ပြဿနာမရှိပါဘူးကွာ။"

တစ်ခဏအကြာတွင် သူဟာတကယ်ကို မထိန်းနိုင်တော့ပါချေ။

"အဟမ်း အဟမ်း... ဒီလိုဆိုရင်ရော? ငါအခုအချိန်မှာ ဗုဒ္ဓဂိုဏ်းသားအများဆုံးကို သတ်နိုင်တဲ့ တစ်ယောက်ကို နတ်ပစ္စည်းအဆောင်လက်နက်တစ်ခုနဲ့ဆုချမယ်။ ဒီလိုဆိုအဆင်ပြေလား?"

လူတိုင်းမှာခေါင်းငြိမ့်ကာ ချက်ချင်း လူစုခွဲလိုက်ကြ၏။

"ဒီလိုမှပေါ့ဗျာ"

ကျွင့်ပုကျန်းမှာ နဖူးထက်မှချွေးများကိုသုတ်လိုက်ကာ ကူရာမဲ့စွာသက်ပြင်းချလိုက်၏။

"ဒီရက်ပိုင်းမှာ တပည့်တွေလက်ခံဖို့ တကယ်ကိုခက်သထက်ခက်လာတာပဲ။"

၎င်းတို့အားလုံးမှာ သူ၏တပည့်များဖြစ်နေပါလျှင် သူတို့အားထိန်းချုပ်ရန်ပိုမိုလွယ်ကူပေလိမ့်မည်။ သို့သော် ယခုပင်ဖြစ်ပွားခဲ့သလို ၎င်းတို့အများစုမှာ ဆရာတူအစ်ကိုနှင့် အစ်မများ၏တပည့်များသာဖြစ်ကြသည်။ သူ့အတွက် ၎င်းတို့အားထိန်းချုပ်ရန်မှာ အင်မတန်ခက်ခဲ၏။ သူဟာသာမန်ကာလျှံကာရိုက်လိုက်လျှင်တောင်မှ ပြန်ရောက်ပြီးနောက် ဆရာတူအစ်ကိုနှင့် အစ်မများထံသို့ သူမှ ၎င်းတို့ကိုအနိုင်ကျင့်သည်ဟုသာ တိုင်ကြားလိုက်ပါလျှင် သူတို့၏ဆက်ဆံရေးပျက်စီးသွားပေလိမ့်မည်။

ဟင်း၊ ထိုဆုံးရှုံးမှုကို ခံစားရပြီးနောက်တွင် သူဟာ ဆရာတူအစ်ကိုနှင့် အစ်မတို့၏တပည့်များအား ဘယ်တော့မှကူညီမည်မဟုတ်တော့ပါချေ။

သို့သော် သူအထွန့်တက်ပါသော်လည်း အရေးကြီးကိစ္စများနှင့် အလုပ်များရပေဦးမည်ပင်။

အရင်ဦးဆုံးသူဟာ အစီအရင်များအား ခင်းကျင်းလိုက်သည်။

သူ၏ကိုယ်ပေါ်ရှိ နတ်ချပ်ဝတ်တန်ဆာပေါ်တွင် အစီအရင်ခင်းကျင်းခြင်းဖြင့် မည်သည့်အန္တရာယ်နှင့် ကြုံကြုံ ၎င်းတို့မှာ နေရာပြောင်းရွှေ့လာနိုင်ပေသည်။

၎င်းက ကျွင့်ပုကျန်းအား အတော်အတန်ထက်မြတ်သည်ဟု ခံစားသွားရစေ၏။

ထိုသို့တွေးနေရင်းဖြင့် သူ၏ဆရာထံတွင် ကိုယ်ပိုင်တပည့်အများအပြားရှိပေသည်။

သို့သော် မည်သို့သင်ယူရမည်ကို သိသည်ကတော့မများပါချေ။

ဥပမာ ဆရာ့၏အစီအရင် အင်မတန်ကျွမ်းကျင်မှုပင်!

သူ့ဆရာ၏အဂ္ဂိရတ်ပညာနှင့် လက်နက်ပြုပြင်ခြင်းနည်းလမ်းတို့မှာလည်း ထိပ်တန်းများဖြစ်ကြသော်ငြား အစီအရင်များလောက်တော့ အသုံးမဝင်ပါချေ။

တပည့်များအားလုံးအကြားတွင် သူကလွဲလျှင် ဆရာတူအစ်ကိုအကြီးဆုံးနှင့် နံပါတ်ရှစ်ဆရာတူညီလေးကျန်းသာ ဒါကိုသင်ယူနိုင်၏။

ဆရာတူအစ်ကိုအကြီးဆုံး ၎င်းကိုစတင်ကျင့်ကြံခြင်းမှာ သူ၏ပါရမီသည် အင်မတန်နိမ့်ကျနေပြီး ကျင့်ကြံခြင်းလမ်းကြောင်းတွင် အနာဂတ်ထပ်မရှိတော့ခြင်းကြောင့်ပါပင်။

နံပါတ်ရှစ်ဆရာတူညီလေးကျန်းမှာ သူ့နောက်မှဂိုဏ်းသို့ဝင်ရောက်လာပြီး သူ့နှင့် ယှဉ်နိုင်ရန်ဝေးသေးသည်။

ပြောရလျှင် အမည်မဲ့ဂိုဏ်းတစ်ခုလုံး၌ မည်သူကများ အစီအရင်ရေးဆွဲခြင်းတွင် သူ့ကိုယှဉ်နိုင်ပါမည်နည်း?

ပြောရလျှင် ဆရာသေဆုံးသွားပြီးကတည်းက အမည်မဲ့ဂိုဏ်းတွင်... ဂိုဏ်းချုပ်အသစ်အားရွေးချယ်ရန်လိုအပ်နေသည် မဟုတ်ပါလား?

အမည်မဲ့ဂိုဏ်းတစ်ခုလုံးတွင် သူ့ထက်ပိုမိုသင့်တော်နိုင်မည့်သူမရှိပါချေ။

ပထမဆုံး သူဟာအမြဲတစေကြည့်ကောင်းကာ ဩဇာ‌ညောင်းချေသည်။

သူ၏ဆရာကလွဲလျှင် သူဟာအမည်မဲ့ဂိုဏ်း၌ ယှဉ်ပြိုင်သူအနည်းငယ်သာရှိချေ၏။

ယခုတွင် ဆရာကထွက်သွားပြီး သဘာဝအရ သူဟာပထမဖြစ်မည်ပင်။

ထို့နောက်တွင် သူ၏ကျင့်ကြံဆင့်ကိုတွေးကြည့်မိသည်။ အနည်းဆုံးတော့ သူဟာ အဆင့်မြင့်ကျင့်ကြံဆင့်ရရှိနိုင်သည်။

ဆရာတူအစ်ကိုအကြီး‌ဆုံးယွင်... သူ၏ခြိမ်းခြောက်မှုမှာ လျစ်လျူရှုနိုင်လုနီးပါးပါပင်။

ဆရာတူအစ်မနှစ်မှာ တစ်နေကုန် သူမ၏မှတ်စုကိုသာရေးနေ၏။ သူမက လုံးဝအရေးမကြီးပါပေ။

ဆရာတူအစ်ကိုသုံးမှာ တုတ်ချောင်းများနှင့် မည်သို့ကစားရမည်ကိုသာသိပြီး အကြံဉာဏ်မရှိပါချေ။

ဆရာတူအစ်ကိုလေးမှာ ဓားပညာရှင်ဖြစ်ပြီး ဆရာတူအစ်ကိုခြောက်မှာမူ ဓားမော့ပညာရှင်တစ်ယောက်ဖြစ်သည်။ ကျွင့်ပုကျန်းမှာ ၎င်းတို့သည် စိတ်ပူစရာရှိသည်ဟု မခံစားရပါချေ။

ဆရာတူအစ်မငါးတွင် သဘာဝနှစ်လိုဖွယ်ဆွဲဆောင်မှုရှိ၏။ သူမဟာ ဂိုဏ်းချုပ်ဖြစ်ရန် စိတ်ဝင်စားခြင်းမရှိနိုင်ပါချေ။

သူဟာဂိုဏ်းချုပ်ဖြစ်လာပြီးနောက်တွင် သူမကို ဂိုဏ်းချုပ်ကတော်ဖြစ်‌လာအောင်လုပ်နိုင်မည်... ထားပါတော့။ သူမဟာ ကြည့်ကောင်းပါသော်လည်း သူမ၏အစွယ်များမှာ ထွန်သွားစိတ်များလိုပါပင်။ သူသာသူမကိုလက်ထပ်ပါက သူမနှင့် ညီအစ်မအဖြစ်သာအဆုံးသတ်သွားပေလိမ့်မည်။

ပြောစရာမလိုလောက်အောင် ဆရာတူညီလေးရှစ်မှာ သူ့လိုမျိုးခန့်ညားခြင်းမရှိသလို ကျင့်ကြံခြင်းနည်းလမ်းများနှင့် အတိုက်အခိုက်စွမ်းအားမှာလည်း သူထက်နိမ့်ကျကာ အစီအရင်ရေးဆွဲမှုသည်ပင် သူ့ထက်နိမ့်ကျသေးသည်။

ဆရာတူညီလေးကိုးမှာ ဂိုဏ်းသို့နောက်ဆုံးမှ‌ဝင်ရောက်လာပြီး ဆရာ့ထံမှာ အနည်းဆုံးသာသင်ယူခဲ့ရသည်။

ဂိုဏ်းချုပ်ပလ္လင်မှာ သူနှင့်သာသက်ဆိုင်သည့်ပုံပေါ်လေသည်။

"ဟီးဟီးဟီး...ဟီးဟီးဟီး..."

ကျွင့်ပုကျန်းမှာ ကောင်းကင်ကိုကြည့်ကာ အရူးနှယ်ပြုံးလိုက်သည်။ ထိုအခိုက်တွင် အသံတစ်သံမှာ သူ၏နံဘေးမှ ထွက်ပေါ်လာ၏။

"ဆရာခုနှစ်၊ ဘာတွေရယ်နေတာလဲ?"

ကျွင့်ပုကျန်းမှာ ရပ်တန့်သွားကာ အလျင်စလိုပင် သူ၏အကြည့်ကို ပို့လိုက်သည်။ သူဟာ ရှီချန်းလင်၏ ငါးယောက်အဖွဲ့ကိုမြင်သည်တွင် မနေနိုင်ဘဲ မျက်မှောင်ကြုံ့လိုက်သည်။

"ဘာလို့မင်းတို့ငါးယောက်ထွက်မသွားသေးတာလဲ?"

"ကျွန်တော်တို့က ဆရာရဲ့ဟင်းလင်းပြင်ရွှေ့ပြောင်းအစီအရင် ယုံကြည်ရလားသိချင်လို့ပါ။ ပြောရရင် ဆရာကသေသွားပြီလေ။ ဘယ်လိုတောင်ပြုံး‌နိုင်ရသေးတာလဲ?"

"အဓိပ္ပာယ်မရှိတာ! ငါပြုံးနေတယ်လို့ဘယ်သူပြောတာလဲ? ငါငိုနေတာကွ။ ငါ့ဆရာသေသွားလို့ ငါငိုနေခဲ့တာ။"

"ဆရာဦးလေးရဲ့ နှုတ်ခမ်းထောင့်က မျက်ရည်စက်လား?"

ကျွင့်ပုကျန်း၏မျက်နှာမှာ နီရဲသွားကာ သူ၏နှုတ်ခမ်းထောင့်မှာ သွားရည်ကို အလျင်စလိုသုတ်လိုက်၏။

"ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ? မြန်မြန် ဗုဒ္ဓဂိုဏ်းတပည့်တွေကို ရင်ဆိုင်လာခဲ့။"

"‌သိပါပြီ!"

အားလုံးထွက်ခွာပြီးနောက်တွင် သူတို့ဟာလမ်းလျှောက်ရင်းပြောနေကြသည်။

"ဆရာခုနှစ်က အခု အသေအချာကြီးကိုပြုံးနေတာကို၊ သူက ငိုနေတယ်လို့ ငြင်းနေသေးတယ်။"

"ဟင်း! ပြောတာရပ်လိုက်တော့။ ဆရာကြီးကဆုံးသွားပြီလေ။ သူအရမ်းကိုဝမ်းနည်းနေလောက်တယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်က ထုံသွားတာနဲ့ တစ်ခုခုမှားသွားဖို့လွယ်တာပဲ။ သူ့ရဲ့ဦးနှောက် ထိခိုက်သွားနိုင်တယ်။"

"အနာဂတ်မှာ သူ့ကိုဒေါသမထွက်ပါနဲ့။ အဆုံးမှာ သူ့အတွက်လည်း မလွယ်ပါဘူး။ သူကငါတို့အားလုံးတိုးတက်ဖို့ ဦးဆောင်ခဲ့ရတာပဲ။ ဒီနှစ်တွေကသူ့အတွက် ခက်ခဲခဲ့တယ်။"

...

အသံများတဖြည်းဖြည်းပျောက်ကွယ်သွားသည့်အခါ ကျွင့်ပုကျန်း၏မျက်နှာမှာ မထိန်းနိုင်ပဲ ရှုံ့တွသွား၏။

သူ၏ပုံရိပ်မှာ သူတို့အတွက်အဘယ့်ကြောင့် ငတုံးကြီးတစ်ယောက်နှင့် တူနေရသည်ဟု ခံစားနေရသနည်း?

ထားပါတော့ သူဟာအရင်ဆုံးလုပ်စရာရှိတာလုပ်ပြီး ဆရာ့အတွက် လက်စားချေရမည်။

အစီအရင်များ ခင်းကျင်းပြီးနောက်တွင် သူဟာဗုဒ္ဓဂိုဏ်းသားများအားစတင်ကာ ရှာဖွေတော့သည်။

...

နတ်ဘုရားလောက၊ မက်မွန်ပွင့်ဘုန်းကြီးကျောင်း။

ဤသည်မှာ ဗုဒ္ဓ သီလရှင်ကျောင်းဖြစ်သည်။ ၎င်းတွင် တပည့်အများကြီးမရှိသော်လည်း အဆင့်မှာမူ မနိမ့်ကျပါချေ။

၎င်းမှာ ဗုဒ္ဓဂိုဏ်း၌ အစဉ်အမြဲ အမျိုးသမီးသီလရှင်မှာ အင်မတန်နည်းပါးပြီး မက်မွန်ပွင့်သီလရှင်ခေါင်းဆောင်နှင့် မြင့်မြတ်သောဗုဒ္ဓတို့အကြားမှာ ထူးကဲသောဆက်ဆံရေးတို့ကြောင့်ဖြစ်ကာ မက်မွန်ပွင့်သီလရှင်ကျောင်းမှာ ဂရုစိုက်မှုအများအပြားရရှိလေသည်။ ၎င်းတွင် စွမ်းအားကြီးဗုဒ္ဓကျင့်စဉ်အမြောက်အများလည်းရှိချေ၏!

သို့သော် ယခုတွင် သင်္ကန်းရုံထားသည့်ပုံရိပ်တစ်ခုက မက်မွန်ပွင့်မျှော်စင်မှ အလျင်အမြန်ပျံထွက်လာ၏။

"သေစမ်း ဗုဒ္ဓဂိုဏ်း။ မင်းတို့ကတကယ်ကြီး ငါ့ရဲ့အမည်မဲ့ဂိုဏ်းချုပ်ကိုသတ်ရဲတယ်ပေါ့။ ငါ့ရဲ့အမည်မဲ့ဂိုဏ်းကိုလွယ်လွယ်လေးအနိုင်ကျင့်လို့ရမယ်လို့ထင်နေတာလား? ငါ၊ လုံကွမ်းက မင်းတို့ရဲ့‌‌ဗုဒ္ဓဂိုဏ်းအုတ်မြစ်ကို ဖျက်ဆီးမှာကို ‌ကြည့်နေလိုက်။"

လုံကွမ်းမှာ အနိမ့်ပိုင်းလောကရှိ ရှေးဟောင်းတောင်နယ်နိမိတ်၏ ရှေးဟောင်းနဂါးဧကရာဇ်ဖြစ်သည်။ သူဟာ နောက်ပိုင်းတွင် အမည်မဲ့ဂိုဏ်း၏တပည့်ဖြစ်လာသည်။

နတ်ဘုရားလောကသို့ရောက်ပြီးနောက်တွင် သူဟာအားလုံးနှင့် အဆက်အသွယ်ပျက်သွားသည်။ အမှတ်မထင် သူဟာ မက်မွန်ပွင့်ဘုန်းကြီးကျောင်းသို့ဝင်ရောက်ကာ အမည်ခံတပည့်တစ်ဦးဖြစ်လာ၏။

သူဟာ မူလက မက်မွန်ပွင့်ဘုန်းကြီးကျောင်းတွင်ကျင့်ကြံချင်ပြီး အမည်မဲ့ဂိုဏ်း၏ဆရာတူအစ်ကိုအစ်မများကို မရှာဖွေခင်တွင် သူ၏ကျင့်ကြံဆင့်အားတိုးလာစေချင်သည်။

သူဟာ ဗုဒ္ဓဂိုဏ်းမှာ လုရှောင်ယန်ကို လွန်ခဲ့သည့်နှစ်ရက်ကပင် သတ်ပစ်လိုက်သည်ကို ကြားရဖို့မမျှော်လင့်ခဲ့ပါချေ။

ဒါကဘယ်လိုဖြစ်နိုင်တာလဲ?

၎င်းမှာ ဗုဒ္ဓဗောဓိဘုရားကျောင်းမှာ အနီးအနား ဗုဒ္ဓဂိုဏ်းခွဲ၏ ဖျက်ဆီးခံရခြင်းကို စုံစမ်းရန် မက်မွန်ပွင့်ဘုန်းကြီးကျောင်းကို သတင်းပို့ခိုင်းလိုက်ရာ၌ ဖြစ်ပွားခဲ့ခြင်းပင်။

သူဟာချက်ချင်းပင် ထိုတာဝန်ကိုလက်ခံကာ တောင်ခြေကိုဆင်းရန်အခွင့်အရေးယူပြီး အခြားသော ဗုဒ္ဓဂိုဏ်းတပည့်များကိုရင်ဆိုင်နေလိုက်၏။

တကယ်တော့ တွေးစရာမလိုဘဲနှင့် သူဟာ မည်သူက ထိုဗုဒ္ဓဂိုဏ်းခွဲများကို ဖျက်ဆီးသည်အား ခန့်မှန်းနိုင်သည်ပင်။

သူဟာရှာတွေ့နိုင်ရန် ကူညီမည်ဟု ၎င်းတို့ တကယ်ထင်နေကြသည်လား?

အိပ်မက်သာဆက်မက်နေလိုက်!

ထိုသည်မှာ သူ၏ဆရာတူအစ်ကိုနှင့် အစ်မများသာဖြစ်သည်!

"ဗုဒ္ဓဂိုဏ်းသားတွေ ငါ့ရဲ့ဒေါသကိုခံယူဖို့ ပြင်ထားကြပေတော့!"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၄။ အပိုင်း ၃၅၈ တိုက်ပွဲအကြမ်းစား

သူဟာ ယခုတွင် ဗုဒ္ဓဂိုဏ်းအား လူအများအပြားတိုက်ခိုက်နေသည်ကို မသိရှိပါချေ။

ထို့ကြောင့် လုံကွမ်းမှာ ဗုဒ္ဓဂိုဏ်းသားတစ်ဖွဲ့က ကျင့်ကြံသူတစ်စုကိုတိုက်ခိုက်နေသည်ကို မကြုံတွေ့ခင်တွင် မက်မွန်ပွင့်ဘုန်းကြီးကျောင်းနားမှ အဝေးသို့မသွားပါချေ။

သူဟာ မထိန်းနိုင်ဘဲ ရပ်တန့်သွားမိသည်။ သူဟာဆင်းသက်လိုက်ကာ တစ်ဘက်မှတိုက်ပွဲအားကြည့်ရှုနေကြသော ဗုဒ္ဓဂိုဏ်းသားများကို စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ညီအစ်ကိုတို့၊ ဒီမှာဘာတွေဖြစ်နေကြတာလဲ? ဘယ်သူတွေကို တိုက်ခိုက်နေကြတာလဲ?"

တစ်ဖက်လူမှာ သူ့ထံသို့ကြည့်လာပြီး မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။

"မင်းက?"

"အိုး၊ ကျုပ် ကိုယ့်ကိုယ်ကိုမိတ်ဆက်ဖို့မေ့သွားတာပဲ။ ကျုပ်က မက်မွန်ပွင့်ဘုန်းကြီးကျောင်းက ဗုဒ္ဓဂိုဏ်းတပည့်တစ်ယောက်ပါ။ နတ်ဆိုးတွေကိုသတ်ဖို့အတွက် ဗောဓိဘုရား‌ကျောင်းကနေ အမိန့်ရလာလို့ပါ။"

"ဒါဆို မင်းက မက်မွန်ပွင့်ဘုန်းကြီးကျောင်းကညီအစ်ကိုပေါ့။ ကျုပ်လည်း ခင်ဗျားအကြောင်းအတော်များများကြားဖူးပါတယ်။"

တစ်ဖက်လူမှာ လုံကွမ်း၏ပုံစံအမှန်အားသံသယမဖြစ်ပါချေ။ ပြောရလျှင် ပုံမှန် ဗုဒ္ဓဂိုဏ်းခွဲအချို့တွင် အဝတ်လျှော်၊ ချက်ပြုတ်ခြင်းတို့ကို စီမံရန် ဘုန်းကြီးငယ်များနှင့် သီလရှင်များထားရှိသည်ပင်။ မက်မွန်ပွင့်သီလရှင်ကျောင်းမျိုးတွင် အမျိုးသားဗုဒ္ဓဂိုဏ်းသား တစ်ယောက်နှစ်ယောက်ရှိမည်မှာ အံ့ဩစရာမဟုတ်ပါချေ။

"ဒီ‌ခွေးကောင်က ကျုပ်တို့ရဲ့ရန်သူဘက်က ဟန်ဆောင်ပြီး ကျုပ်တို့ကို တိုက်ခိုက်ဖို့‌ကြိုးစားတယ်လေ။ အဆုံးမှာတော့ ကျုပ်တို့ဆီမှာ ဖိနှိပ်ခံလိုက်ရတာပါပဲ။"

"ကျုပ်သိပြီ"

လုံကွမ်းမှာ ခေါင်းငြိမ့်လိုက်သည်။

ဒါဟာ အမည်မဲ့ဂိုဏ်း၏ ပထမနှင့် ဒုတိယမျိုးဆက် တပည့်များဟာ ဗုဒ္ဓဂိုဏ်းအား အင်မတန်ပွင့်လင်းစွာတိုက်ခိုက်ကြဟန်တူပြီး တချို့လူလိမ်များမှာ အကျိုးအမြတ်ရရန် အမည်မဲ့ဂိုဏ်းသားများ ဟန်ဆောင်ကာ အ‌ခွင့်အရေးယူကြသည်။

ကောင်းသားပဲ။

ဆိုရိုးအတိုင်းပင်၊ ရန်သူတစ်ယောက်၏ ရန်သူမှာ မိတ်ဆွေဖြစ်သည်ပင်။ တစ်ဖက်မှာ ဗုဒ္ဓဂိုဏ်းသားများအား သတ်ရန်ဆန္ဒရှိပါလျှင် ထိုလူဟာ သူ၏အကူအညီနှင့် ထိုက်တန်ပေသည်။

ထိုသို့တွေးနေရင်းဖြင့် သူဟာ တိုက်ပွဲအား စောင့်ကြည့်နေကြသော ဗုဒ္ဓဂိုဏ်းသားများ၏အနောက်သို့ တိတ်တဆိတ်ပြန်လည်ဆုတ်ခွာသွားလိုက်သည်။ မတိုက်ခိုက်ခင်တွင် သူဟာကိုယ်တွင်းရှိ နတ်ဝိဉာဉ်စွမ်းအားကို လှည့်ပတ်လိုက်သည်။

"ဝါဂျရာ ကျားနှိမ်နင်းလက်သီး! နဂါးဆယ့်ရှစ်ကောင်နှိမ်နင်းလက်ဝါး! ပရာယနာ ဝါဂျရာ လက်ဝါး! ဗုဒ္ဓအလင်းတောက်ပခြင်း! စစ်မှန်သောဗုဒ္ဓဆင်းသက်..."

တစ်ဆက်တည်းနှင့် တိုက်ကွက် ဒါဇင်ချီပစ်လွှတ်ပြီးနောက်တွင် တစ်ဖက်လူနှင့် အခြားလူများမှာပြင်ဆင်မထားမိဘဲ နေရာတွင်ပင် လုံကွမ်းကြောင့် ဒဏ်ရာအပြင်းအထန်ရသွားကြတော့သည်။

"မင်း...မင်းကဗုဒ္ဓဂိုဏ်းသားတပည့်တစ်ယောက်မဟုတ်ဘူး! မင်းကဘယ်သူလဲ?"

ဗုဒ္ဓဂိုဏ်းသားအနည်းစုမှာ ပဟေဠိဖြစ်သွားသော်လည်း လုံကွမ်းမှာ သူ၏ခြေထောက်ကိုမြောက်လျက် ကန်ထည့်လိုက်၏။

"ငါကမင်းအဖေလေ! ငတုံး!"

ဘုန်း!

ပြင်းထန်သောပေါက်ကွဲမှုဖြင့် ထိုဗုဒ္ဓဂိုဏ်းသားများမှာ လုံကွမ်းကြောင့် အသားပြားများအဖြစ် လုံးဝကို အကန်ခံလိုက်ရတော့သည်။

ထို့နောက်တွင် သူဟာပါးစပ်ကိုဖွင့်ကာ ဗုဒ္ဓဂိုဏ်းသားများ၏ ခန္ဓာများနှင့် ဝိဉာဉ်များကို စုပ်ယူကာ ဝါးမြိုလိုက်တော့သည်။

လူသားများမှာ နတ်ဆိုးသားရဲများအား ဆေးလုံးနှင့် လက်နက်အဖြစ်ပြုပြင်နိုင်ကတည်းက နတ်ဆိုးသားရဲများမှာလည်း လူသားများကို ဝါးမြိုကာ အစာချေပစ်နိုင်သည်ပင်။

လုံကွမ်းမှာ နတ်ဝိဉာဉ်သားရဲအဆင့်သို့ တိုးမြင့်ပြီးဖြစ်သော်လည်း သူဟာ လူသားတစ်ယောက်တော့မဟုတ်သေးပါချေ။

ထိုဗုဒ္ဓဂိုဏ်းသားများအား စားသောက်၍ အစာချေပြီးနောက်တွင် သူ၏ကျင့်ကြံဆင့်ကိုပင် အနည်းငယ်တိုးပွားလာစေ၏။

အများအပြားတော့ မဟုတ်သော်ငြားလည်း နှစ်များစွာကြာအောင် အတော်လေး စုဆောင်းနိုင်ပါသေးသည်။

ထိုဗုဒ္ဓဂိုဏ်းသားများအား သတ်ဖြတ်ပြီးနောက်တွင် သူဟာ လူအုပ်ထဲသို့ ချက်ချင်းဝင်ရောက်ကာ သတ်ဖြတ်ခြင်း ကြိုးဝိုင်းအသစ်တစ်ခုကိုစတင်လိုက်၏။

သူ၏ဆယ်ပါးသောတိုက်ပွဲနတ်ဘုရားအဆင့်ကဲ့သို့ စွမ်းအားနှင့် သူဟာဗုဒ္ဓဂိုဏ်းသားအားလုံးကို အလွယ်တကူသတ်လိုက်သည်။

ဗုဒ္ဓဂိုဏ်းသားများ၏ဝိုင်းရံခြင်းကိုခံထားရ‌သော နတ်ဘုရားလောက လေလွင့်ကျင့်ကြံသူများမှာ ကူရာမဲ့စွာကြောင်အသွားကြတော့သည်။

ဘာတွေဖြစ်နေတာလဲ?

ဒီရက်တွေမှာ ဘုန်းကြီးတွေကလည်း ဘုန်းကြီးတွေကို ပြန်တိုက်‌နေတာများလား?

လူတိုင်း၏ ကြောင်အနေသောအမူအရာကို မြင်သော် လုံကွမ်းမှာ ကြိတ်ရယ်ကာ အပြုံးတစ်ခုဖြင့် သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။

"အားလုံးပဲ၊ ‌မကြောက်ကြပါနဲ့။ ကျုပ်ကလည်း လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ‌ဗုဒ္ဓဂိုဏ်းသားမဟုတ်ပါဘူး။ ဒီလိုဝတ်ထားတာက အာရုံတွေကိုဆွဲဆောင်ချင်လို့ပါပဲ။"

လူတိုင်းမှာ ချက်ချင်းနားလည်သွားကြကာ ‌ချီးမွမ်းရန် ၎င်းတို့၏လက်မများကိုထောင်ပြလိုက်ကြသည်။

"သိပြီ။ စီနီယာ၊ ခင်ဗျားမှာ အစီစဉ်ကောင်းလေးတစ်ခုသေချာရှိနေတာပဲ။"

လုံကွမ်းမှာ ထပ်မံပြုံးကာ ပြောလိုက်သည်။

"အနာဂတ်မှာ လူတိုင်းက ကျုပ်ကိုအတုယူနိုင်ပြီး ဗုဒ္ဓဂိုဏ်းသားတွေလို ဝတ်ဆင်နိုင်ရမယ်။ ဒါက သူတို့မပြင်ဆင်ထားတဲ့အချိန်မှာ တိုက်ခိုက်ဖို့ အရမ်းအကျိုးရှိစေမှာပါ။"

လူတိုင်းဟာ ခေါင်းများခါလိုက်ကြသည်။

"မဟုတ်ဘူး၊ ကျုပ်တို့ ဗုဒ္ဓဂိုဏ်းကိုထပ်တိုက်ဖို့မဝံ့ရဲတော့ပါဘူး။"

"အမှန်ပဲ။ ဗုဒ္ဓဂိုဏ်းသားတွေကအရမ်းစွမ်းအားကြီးတယ်။ ကျုပ်တို့ လုံးဝမနိုင်နိုင်ဘူး။"

လုံကွမ်းဟာ စိတ်ထဲတွင် မျက်လုံးများကိုလှိမ့်လိုက်သည်။ ဒါဆိုဘယ်လိုလုပ်မှာလဲ? နောက်ဆုံးမှာ သူနဲ့အတူ ဗုဒ္ဓဂိုဏ်းဆက်ပြီးတိုက်ခိုက်ဖို့ သူတို့ကိုကယ်ခဲ့တာလေ။ သူတို့က မျက်တောင်တစ်ခတ်အတွင်းမှာပဲ တိုက်ခိုက်ဖို့ ရပ်တန့်သွားရင် သူတို့ကိုကယ်တဲ့ အဓိကအချက်ကဘာလဲ?"

သို့သော် သူဟာမမိုက်မဲပါချေ။ နှစ်သောင်းချီထက်ပိုမိုနေထိုင်လာပြီးနောက်တွင် သူ့ထံ၌ ဦးနှောက်တစ်ခုတော့ရှိပါသေးသည်။ ထို့အပြင် အမည်မဲ့ဂိုဏ်းသို့ဝင်လာပြီးနောက် လမ်းလွဲကိုဦးတည်လာခဲ့သည်။ သူဟအနည်းနှင့်အများ‌တော့ ကြံစည်တတ်ပါသည်။

သူဟာမျက်လုံးများကိုလှိမ့်လျက် အဖြေတစ်ခုတွေးတောလိုက်သည်။

"ညီအစ်ကိုတို့၊ ဘယ်လိုတောင်ရည်မှန်းချက်မရှိနိုင်ရတာလဲ? ကျုပ်ကိုကြည့်ပါ။ အတိတ်မှာ ကျုပ်လည်း ကြမ်းကြုတ်မှုထဲနေထိုင်ခဲ့ရတယ်။ ကျုပ်ဆာလောင်နေခဲ့တဲ့အချိန်တောင်ရှိတယ်။ ဒါပေမယ့် အခုကျုပ်ကိုကြည့်လိုက်။ ဗုဒ္ဓဂိုဏ်းသားတွေကို စသတ်ကတည်းက ကျင့်စဉ်တွေပိုရလာပြီး အိတ်မှာတောင်ပြည့်လျှံနေပြီး၊ ကျုပ်ရဲ့အရှိန်အဝါလည်း တိုးလာပြီး ပိုတောင်ခန့်ညားလာနေသေးတယ်။"

"ခင်‌ဗျားတို့တွေက သွေးဆောင်လို့မရဘူးလား?"

လူတိုင်းဟာခေါင်းငြိမ့်လိုက်ကြကာ မျက်ဝန်းများထဲ၌ အလွမ်းရိပ်ပင်သန်းနေသည်။

"ဟုတ်ပါပြီ၊ ဒါပေမယ့် ကျုပ်တို့ရဲ့ကျင့်ကြံဆင့်ကအရမ်းနိမ့်နေတယ်။ ဗုဒ္ဓဂိုဏ်းသားတွေကို လုံးဝမနိုင်လောက်ဘူး။"

လုံကွမ်းဟာသက်ပြင်းချလိုက်သည်။

"ဟင်း; ကောင်းပြီ၊။ ကျုပ်တို့ကလေလွင့်ကျင့်ကြံသူဖြစ်နေကတည်းက ကျုပ်ရခဲ့တဲ့ ဗုဒ္ဓဂိုဏ်းရင်းမြစ်တွေ ပေးပါ့မယ်။"

အားလုံး၏မျက်လုံးများမှာ ချက်ချင်းတောက်ပသွား၏။

"တကယ်လား?"

"ဒါပေါ့! ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ဒီဟာတွေကို ဗုဒ္ဓဂိုဏ်းရဲ့တပည့်တွေဆီကလုလာတာပဲ။ သူတို့က တန်ဖိုးမရှိဘူး။ ခင်ဗျားတို့လေ့ကျင့်ပြီးနောက်ကျရင် ဗုဒ္ဓဂိုဏ်းသားတွေကို ပိုပြီးသတ်ရမယ်။ ဗုဒ္ဓဂိုဏ်းခွဲတစ်ချို့ကို လုယယ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ အဲ့ဒီမှာ မရေတွက်နိုင်တဲ့ ကျင့်စဉ်တွေ၊ လက်နက်တွေနဲ့ တခြားကျင့်ကြံခြင်းရင်းမြစ်တွေလည်းရှိတယ်။"

"စီနီယာ၊ မပူပါနဲ့။ ကျုပ်တို့လေ့လာပြီး ဗုဒ္ဓဂိုဏ်းသားတွေကို လုံးဝပိုပြီးသတ်ပေးပါ့မယ်!"

"ကောင်းတယ်။ ကျုပ် ခင်‌ဗျားတို့ကို အခုပဲ ကျင့်စဉ်တွေကို လက်လွှဲပေးမယ်။"

ပြောရင်းဖြင့် လုံကွမ်းဟာချက်ချင်းပင် ကျင့်စဉ်များအား လွှဲပေးလိုက်သည်။

ပြောရလျှင် ၎င်းကျင့်စဉ်များမှာ ဗုဒ္ဓဂိုဏ်းမှဖြစ်ပြီး အမည်မဲ့ဂိုဏ်းမှမဟုတ်ပါချေ။ သူဟာဗုဒ္ဓဂိုဏ်း၏အကူအညီနှင့် အခြားအရာများကိုလည်း လုံးဝလိုအပ်မနေပါချေ။

ကမ္ဘာရှိလူတိုင်းမှာ ၎င်းကိုလေ့လာပြီး ဗုဒ္ဓဂိုဏ်းကို လုယက်ကြပါလျှင် အကောင်းဆုံးဖြစ်ချေမည်။

ထိုနည်းလမ်းဖြင့် သူဟာ ဂိုဏ်းချုပ်အတွက် လက်စားချေနိုင်လိမ့်မည်!

ထို့ကြောင့် နောက်နှစ်လအတွင်း ဗုဒ္ဓဂိုဏ်းအပေါ်တိုက်ခိုက်ကြသူအရေအတွက်မှာ အဆုံးမဲ့တိုးတက်လာကြသည်။

ဗုဒ္ဓဂိုဏ်းသားအမြောက်အများ သတ်ဖြတ်ခံရပြီး ဗုဒ္ဓဂိုဏ်းခွဲမှာ ဖျက်ဆီးခံရသည်။

ထိုသည်ကြောင့် ဗုဒ္ဓဂိုဏ်းသားအများအပြားမှာ အငြိမ်းစားယူပြီး သာသနာတော် စွန့်လွှတ်လိုက်ကြသည်။

နောက်တွင် ဗုဒ္ဓဂိုဏ်းသားတစ်ယောက်ဖြစ်ရုံမက ကတုံးဖြစ်နေလျှင်ပင် ၎င်းတို့မှာ အသတ်ခံရမည်ဆိုသည့် သတင်းများပင် ပျံ့နှံသွားသည်။

၎င်းမှာ ဗုဒ္ဓဂိုဏ်းသားများသည် ဂိုဏ်းသို့ဝင်ရောက်ပြီး ၎င်းတို့၏ ဆံပင်ရှည်များကိုကန့်သတ်ရန် ခေါင်းရိတ်ကာ အမာရွတ်ထားခြင်းကြောင့်ပါပင်။ ထို့ကြောင့် ဆံပင်တုရောင်းအားပင် မြင့်တက်လာတော့သည်။

ဆံပင်တုဈေးနှုန်းမှာ နေရာအမြောက်အများတွင် တကယ်ကိုပင် ထိပ်တန်းအဆင့်နတ်သလင်းကျောက်တစ်တုံးအထိပင် တိုးမြင့်သွား၏။

အချို့မှာမူ နတ်ဆိုးသားရဲများကိုပင်သတ်ဖြတ်ကာ ဆံပင်တုပြုလုပ်ရန်အတွက် ၎င်းတို့၏သားမွေးများကို နှုတ်ယူကြ၏။

...

တောင်ကြားတွင် လုရှောင်ယန်၏ကျင့်ကြံခြင်းမှာ အဆုံးမဲ့ တိုးလာနေဆဲဖြစ်သည်။

သူဟာ ကိုယ်တိုင်မကျင့်ကြံဘဲ တပည့်များကျင့်ကြံရာတွင် အဓိကမှီတည်နေကာ စွမ်းအားကိုတိုးစေ၏။

သူသည် အမတနတ်ဘုရားဧကရာဇ်ပဉ္စမအဆင့်မှ အမတနတ်ဘုရားဧကရာဇ် သတ္တမအဆင့်သို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် နှစ်လသာဖြတ်သန်းရသေးပြီး ဆေးလုံးများကြောင့် လီချန်းရှန်နှင့်စုန့်ရှင်းနျန်တို့၏တိုးတက်ခြင်းမှာ နှေးကွေးလာသည်။

သို့သော် လုရှောင်ယန်မှာ သူ၏ကျင့်ကြံဆင့် နှစ်ဆင့်အထိ တိုးမြှင့်လိုက်နိုင်ဆဲပင်။

၎င်းမှာ သူ့အားမနေနိုင်ဘဲ ပဟေဠိဖြစ်စေ၏။

၎င်းသည် ကျင့်ကြံဆင့်ပိုမြင့်လေ အဆင့်မြင့်ရန် ပိုခက်ခဲလေဖြစ်သောကြောင့်ပါပင်။

ဒါ့အပြင် သူဟာနှစ်လအတွင်း၌မကျင့်ကြံရသေးချေ။ ကျင့်စဉ်များအား အမတအဆင့်အထိတိုးမြှင့်ပြီး နက်နဲမှုအဆင့်လက်နက်များအား အမတအဆင့်အဆောင်လက်ဖွဲ့များအဖြစ် အဆင့်မြှင့်နေခဲ့ခြင်းသာဖြစ်၏။ ၎င်းမှာ သူ့အား အလျင်အမြန်တိုးတက်စေရန် မဖြစ်နိုင်ပါချေ။

လက်ရှိတွင် ဝမ့်ခိုက်မှာ အနီးတွင်မရှိသဖြင့် လုရှောင်ယန်မှာ တပည့်များ၏ သတင်းကို မကြည့်နိုင်ဖြစ်နေသည်။

သို့သော် ယခင်သတင်းကိုအခြေခံပြီး ကျွင့်ပုကျန်း၊ ကျန်းထိုက်ရွှမ်နှင့် စုလင်းဝူတို့မှာ ဗုဒ္ဓဂိုဏ်းအား ဆန့်ကျင်သည့်တိုက်ပွဲတွင် ပါဝင်နေမှန်းသိရှိထားသည်။

ထို့အပြက် ကျူးကောကျီချုံမှာ ဗုဒ္ဓဂိုဏ်း၏ဖမ်းဆီးခြင်းကို ခံထားရဆဲဖြစ်ကာ မည်သည့်နေရာတွင်ရှိသည်ကိုမူ မသိရပါချေ။ သူ၏ကျင့်ကြံဆင့်ကို တိုးမြင့်စေရန် တပည့်သုံးယောက်သာကျန်တော့သည်။

လီကော၊ ဝူရှားနဲ့ ထျန်းယွမ်။

လီကောမှာမူ နေ့တိုင်းလိုလို လိုက်လံဖမ်းဆီးခံနေရပြီး ကျင့်ကြံရန်အချိန်ပင်မရှိပါချေ။ သူ၏ကျင့်ကြံဆင့်မှာ မြန်မြန်ကြီးဘယ်လိုတိုးတက်နေရသနည်း?

တစ်‌ဖက်တွင် ဝူရှားနှင့် ထျန်းယွမ်မှာ ဘယ်တုန်းကမှ ပေါ်မလာခဲ့ချေ။ ၎င်းတို့မှာ တစ်နေရာတွင်ပုန်းအောင်းကာကျင့်ကြံနေပြီး ကံကောင်းမှုများနှင့် ကြုံနေရမည်လားကို တွေးထင်နေမိသည်။

ဒါက ၎င်းတို့နှစ်ဦးသာဖြစ်နိုင်သည်။

လုရှောင်ယန်မှာ စိတ်သက်သာရာရကာသက်ပြင်းချလိုက်သည်။

ထိုအဖိုးတန်တပည့်လေးနှစ်ဦးမှာ တကယ်ကိုပင်ယုံကြည်ရဆဲဖြစ်၏။

တကယ်တော့ သူဟာအမြဲတစေ ဝူရှားနှင့် ထျန်းယွမ်အား အလွန်မြင့်မြင့် မှန်းထားသည်။

ယခင်က ၎င်းတို့မှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကျီရွေ့တောင်ထိပ်တွင် ရှိနေဆဲအချိန်၌ ဝူရှားနှင့် ထျန်းယွမ်မှာ အင်မတန် လုံ့လစိုက်ကာကျင့်ကြံပြီး မည်သည့်အတွေးများမှလည်း မရှိကြပါချေ။

ဝူရှားမှာ အချက်အလက်ပရိတ်သတ်ဖြစ်ပြီး သူမ၏မှတ်စုတွင် ရေးမှတ်ရသည်ကို ကြိုက်နှစ်သက်သည်။ သူမဟာ ကျင့်ကြံခြင်းပြဿနာများအားလုံးကို ရေးချပြီး ထပ်ခါထပ်ခါ ပြန်လည်ကြည့်ရှုတတ်သည်။

ထျန်းယွမ်မှာမူ လုံးဝကိုကျင့်ကြံခြင်းအရူးဖြစ်သည်ပင်။ အပိုင်းတစ်ခုအား သူဟာ ရက်အနည်းငယ် သို့မဟုတ် လတစ်တဝက်လောက်နှင့်ပင် ကျင့်ကြံနိုင်၏။

.

၎င်းတို့၏ ကျင့်ကြံခြင်းတွင်ခေါင်းမာမှုမှာ အခြားတစ်ပည့်များထက် သာလွန်နေပေသည်။

ထိုအဖိုးတန်တပည့်လေးနှစ်ဦးမှာ အလုပ်ကြိုးစားပြီး တတ်နိုင်သမျှ မြန်မြန်ကျင့်ကြံရန်သာမျှော်လင့်မိပါ၏။ ၎င်းတို့မှာ သူ၏ကျင့်ကြံဆင့်အား ချက်ချင်းပင် နတ်ဘုရားဧကရာဇ်အဆင့်ထိရောက်အောင် တိုးလာစေနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

ထိုသို့တွေးနေခြင်းကပင် သူ့အား အင်မတန်စိတ်လှုပ်ရှားလာစေသည်။

ထိုသို့နှင့် သူဟာ ချန်းရှန်နှင့် စုန့်ရှင်းနျန်တို့၏ကျင့်ကြံခြင်းကိုလည်း တွေးတောလိုက်မိသည်။

၎င်းတို့နှစ်ဦးမှာ လက်ရှိတွင် သူ၏လက်အောက်၌ရှိသည်။ သူဟာမြန်မြန်၎င်းတို့၏ကျင့်ကြံဆင့်အားတိုးမြှင့်ရချေမည်။

နောက်ဆုံးတွင် ၎င်းတို့သန်မာလာလေ သူလည်းသန်မာလေဖြစ်သည်ပင်။

မကြာခင်တွင် ထိုနှစ်ဦးသားကျင့်ကြံနေကြသောနေရာဆီသို့ နတ်ဘုရားအာရုံကိုဖြန့်ကျက်လိုက်၏။

တောင်ကြားတစ်ဖက်တွင် လီချန်းရှန်နှင့်စုန့်ရှင်းနျန်မှာ မြိုချထားခဲ့သော သဘာဝရတနာများနှင့် ဆေးလုံးများအား တဖြည်းဖြည်းအစာချေနေ၏။ ၎င်းတို့၏ကိုယ်တွင်းမှ အရှိန်အဝါမှာ တဖြည်းဖြည်းတည်ငြိမ်လာသည်။ ၎င်းတို့မှာ ဆေးလုံး၏စွမ်းအား အင်မတန်အားကောင်းသောကြောင့် သူတို့၏ချီလမ်း‌ကြောင်းများပေါက်ကွဲစေလောက်သည့်အခြေအနေတွင်မဟုတ်တော့ပါချေ။

၎င်းတို့နှစ်ဦးသည် တစ်ချိန်တည်း၌ မျက်လုံးများဖွင့်လိုက်ကြသည်။ မျက်လုံးများထဲမှ အလင်းမှာ ရောင်ခြယ်ကိုးသွယ် နတ်လျှပ်စီးနှင့်တူပြီး ၎င်းတို့၏အရှိန်အဝါများမှာလည်း အသက်ရှူကျပ်လောက်အောင်သိပ်သည်းနေ၏။

တစ်ထောင်သောစစ်ပွဲနတ်ဘုရား ဒဿမအဆင့်ပါပင်။

ထိုကျင့်ကြံဆင့်နှင့် ၎င်းတို့၏ အဆင့်တစ်ဆင့်ပိုမြင့်သူအား တိုက်ခိုက်နိုင်သောစွမ်းရည်နှင့်အတူ သူတို့သည် မဟာယနနတ်ဘုရားအရှင်ဘုရင်ဒဿမအဆင့်အောက်ရှိပညာရှင်များအား တိုက်ခိုက်နိုင်နေပြီဖြစ်၏။

၎င်းတို့နှစ်ဦးမှာ အချင်းချင်းကြည့်လိုက်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

"တကယ်ကိုပဲ ဆရာ့ကိုရှာတွေ့ပြီးနောက်မှာ ငါ့ရဲ့ကျင့်ကြံနှုန်းကပိုမြန်လာတာပဲ။ လနည်းနည်းလေးပဲရှိသေးပေမယ့် ငါ့ရဲ့ကျင့်ကြံဆင့်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက်တောင် ပိုပြီး တိုးတက်လာသေးတယ်။"

"အမှန်ပဲ။ ဆရာက တကယ်ကိုတမူထူးခြားတာပဲ။ ဆရာ့ရဲ့မျိုးနွယ်စုကလည်း ဘယ်လောက်စွမ်းအားကြီးမလဲ တွေးမိတယ်။ ဘယ်လိုဖြစ်တည်မှုမျိုးကများ သူ့ကိုအရမ်းစွမ်းအားကြီးဖို့လောက်ထိ ပျိုးထောင်ထားရတာလဲ?"

"ဆရာ့ရဲ့မျိုးနွယ်စုကိုတော့ ဒီလောကမှာ ထိပ်တန်းအရည်အချင်းရှိမျိုးနွယ်စုဖြစ်ရမယ်။ တစ်နေ့ကျရင် သူတို့ရဲ့အသွင်အစစ်ကို မြင်ဖို့လောက်အထိ ကံကောင်းမလားသိချင်လိုက်တာကွာ။"

"အိပ်မက်မက်မနေနဲ့တော့။ ဆရာကတင် အရမ်းအံ့ဖွယ်ဖြစ်နေပြီ၊ ဆရာ့ရဲ့မျိုးနွယ်စုက လုံးဝကိုပိုပြီး အံ့ဩစရာကောင်းနေမှာပဲ။ ငါတို့က သူတို့ကိုမြင်နိုင်ဖို့ ဘယ်လိုအရည်အချင်းရှိမှာတဲ့လဲ? ကောင်းကောင်းကျင့်ကြံနေတာက မင်းအတွက်ပိုကောင်းမယ်။"

"ကျင့်ကြံခြင်းကိုပြောရရင် ကျွန်တော့်ရဲ့ချီလမ်းကြောင်းတွေပေါက်ကွဲပြီးနောက်မှာ ဆရာ့ကိုယ်ပွားရဲ့အဇူရာသက်ရှည်ကြမ်းသုံးပြီး ကုပေးတော့ အဲ့ဒါက အတော်လေးကြီးလာပုံပေါ်တာကိုတွေ့လိုက်တယ်။"

"ဒီလိုလား? ကြည့်ပါရစေဦး။"

လီချန်းရှန်မှာ အလျင်စလိုပင် သူ၏ထိုနေရာအား ထိကြည့်လိုက်ပြီး ချက်ချင်းပျော်ရွှင်သွားသည်။

"ငါပြောမယ်၊ တကယ်မှန်နေပုံပဲ။ ငါ့ရဲ့ဟာလည်း ပိုပြီးရှည်လာပြီထင်တယ်။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၄။ အပိုင်း ၃၅၉ အဖွဲ့အစည်းသုံးခုတွေ့ဆုံခြင်း

"သူတို့တကယ်ရော အကျိုးရှိရှိကျင့်ကြံနေတာဟုတ်ရဲ့လား?

၎င်းတို့နှစ်ဦးအား တိတ်တဆိတ်ထောက်လှမ်းနေသော လုရှောင်ယန်မှာ ကူရာမဲ့စွာကြောင်အသွား၏။

သို့သော် ထိုငတုံးနှစ်ကောင်မှာ တကယ်ကိုပင် တုံးအလှချေ၏။ ၎င်းတို့မှာ တကယ်ကြီး ထိုကိစ္စအား ဤနေရာတွင် ဆွေးနွေးနေ၏!

၎င်းတို့မှာ သင့်လျော်စွာကျင့်ကြံသင့်ပေသည်!

ထိုသို့တွေးရင်းဖြင့် သူ၏နတ်ဘုရားအာရုံမှာ ချက်ချင်းပင် ၎င်းတို့၏ဝိဉာဉ်များအား ပြင်းစွာ ရိုက်ခတ်လိုက်၏။

"ဘယ်ကမဆိုင်တာတွေလုပ်နေကြတာလဲ? မြန်မြန် ကျင့်ကြံကြ!"

ထိုနှစ်ဦးသားမှာ ကြောက်ရွံ့မှုဖြင့်တုန်ရီနေကြပြီး အဓိပ္ပာယ်မရှိသည်များကို မပြောရဲကြပါချေ။ ၎င်းတို့မှာ အလျင်စလိုပင် ဆက်လက်ကျင့်ကြံကြတော့၏။

လုရှောင်ယန်၏ဘက်‌တွင် သူဟာ လက်နက်၊ကျင့်စဉ်များအား ဆက်လက် အဆင့်မြှင့်တင်နေ၏။

အမတတာအိုနက်နဲမှုဖြင့် အဆင့်မြှင့်တင်နေသည့် ကျင့်စဉ်အနည်းငယ်အကြားတွင် အဇူရာသက်ရှည်အနုပညာ၊ သွေးမျိုးဆက်စွမ်းအားနှင့် ပြည့်နှက်နေသောစစ်မှန်သောအမြင်သုံးပါး၊ မဟာစွမ်းအားကောင်းကင်နဂါး၊ ဂေါတမနတ်လက်ဝါး၊ သွေးဘီလူးနတ်ဆိုးအနုပညာနှင့် ထိပ်တန်းနက်နဲမှုအဆင့်ကျင့်စဉ်များပါဝင်ကြသည်။

အဇူရာသက်ရှည်အနုပညာမှာ ဖော်ပြရန်ပင်မလိုပါချေ။ ၎င်းမှာ အလျင်အမြန်ကုသနည်းဖြစ်ပြီး တိုက်ပွဲထဲတွင် သက်ကယ်တိုက်ကွက်ကြီးတစ်ခုပင်ဖြစ်သည်ပင်။

လုရှောင်ယန် သူ၏ကျင့်စဉ်ကိုအဆင့်မြှင့်တင်သည့်အချိန်တိုင်း သူဟာအကောင်းဆုံးရွေးချယ်မှုကိုပြုလုပ်လိမ့်မည်။ သိုင်းဘုရင်အဆင့်ကျင့်စဉ်မှ နတ်ဘုရားအဆင့်ကျင့်စဉ်၊ ထို့နောက်တွင် နတ်ဝိဉာဉ်အဆင့်ကျင့်စဉ် နှင့် နောက်ဆုံးတွင် နက်နဲမှုအဆင့်ကျင့်စဉ်အထိ လုရှောင်ယန်က အမြဲထိုသို့ပြုလုပ်ခဲ့သည်။

စစ်မှန်သောအမြင်သုံးပါးကိုမူ ဖော်ပြရန်ပင်မလိုပါချေ။ ၎င်းမှာ အတော်လေးစုပ်ယူထားခဲ့၏။

ဥပမာ ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းခြေလှမ်းကျင့်စဉ်၏ နေရာရွှေ့ပြောင်းစွမ်းရည်၊ အရပ်ဆယ်မျက်နှာထာဝစဉ် ၃၆၀ဒီဂရီရှာဖွေခြင်းစွမ်းရည်နှင့် ရည်ရွယ်ချက်အမှန်ကို ဖော်ထုတ်ခြင်း၏ တိုက်ခိုက်မှု စွမ်းရည်စစ်များပင်...

ထို့နောက် လုရှောင်ယန်ဟာ ကောင်းကင်နတ်ဆိုးအုပ်ချုပ်သူကိုရောစပ်ကာ တိုက်ခိုက်မှုနယ်နိမိတ်ကိုတိုးလာနိုင်စေပြီး နဂါးပင်လယ်လေးခုမှာ တိုက်ခိုက်မှုနယ်နိမိတ်တိုးလာသည်။

ထိုနည်းလမ်းဖြင့် အကာအကွယ်ကိုလျစ်လျူရှုနိုင်ခြင်းပင်မက တိုက်ခိုက်မှုနယ်နိမိတ်ကိုပင် လျစ်လျူရှုနိုင်လေပြီဖြစ်သည်။

လုရှောင်ယန်မှာ စစ်မှန်သောအမြင်အာရုံသုံးပါးမှာ အင်မတန်အသုံးဝင်လှသောကြောင့် ထပ်ခါထပ်ခါ တိုးတက်စေလေသည်။

သူ၏မျက်လုံးများထဲတွင် ကျင့်စဉ်များ၏ဂုဏ်ရည်ကိုသိုလှောင်ထားလိုက်သည်နှင့် ကျင့်စဉ်များမှာ ၎င်းတို့ကိုယ်တိုင် အသက်သွင်းနိုင်ပေသည်။ ၎င်းမှာအဆင်ပြေလှကာ၊ မြန်ဆန်ပြီး စွမ်းအားကြီးမားပေသည်။

ဂေါတမနတ်လက်ဝါး၊ မဟာစွမ်းအားကောင်းကင်နဂါးနှင့် သွေးဘီလူးနတ်ဆိုးအနုပညာကဲ့သို့ ကျင့်စဉ်များမှာမူ လုရှောင်ယန်ချက်ချင်းကျင့်ကြံနိုင်သည့် အတိုက်အခိုက်ကျင့်စဉ်များဖြစ်ကြသည်။

သူဟာ ၎င်းတို့အား အဆင့်မြှင့်ကိုမြှင့်ရပေမည်။

သူ၏တပည့်များကျင့်ကြံသည့်ကျင့်စဉ်များအကြားတွင် လီချန်းရှန်နှင့် စုန့်ရှင်းနျန်၏ကျင့်စဉ်များကိုသာ အမတကျင့်စဉ်အဖြစ် တိုးမြှင့်ရသေးသည်။ နောက်ဆုံးတွင်လည်း ထိုနှစ်ယောက်မှာ သူ့နံဘေးသို့ရောက်ရှိပြီးဖြစ်ကာ ၎င်းတို့၏လုံခြုံမှုမှာ သေချာပေသည်။

သို့သော် လုရှောင်ယန်မှာ ၎င်းတို့အားယခုတွင် ကျင့်ကြံခြင်းမပြုထားရခြင်းမှာ ဤလောကသည် နတ်ဘုရားလောကဖြစ်ခြင်းကြောင့်ပါပင်။ ၎င်းတို့၏ကျင့်ကြံဆင့်များမှာလည်း နတ်ဘုရားအဆင့်သာရှိသေးပြီး အမတများလည်းမဟုတ်ခြင်းကြောင့်ပါပင်။

၎င်းတို့တွင် ဝမ့်ခိုက်ကဲ့သို့ အကာအရံလည်းမရှိသလို မြင်းနက်များကဲ့သို့ ကံစွမ်းအား၏ကာကွယ်ခြင်းလည်းမရှိပါချေ။ ထို့ကြောင့် သူတို့မှာ အမတကျင့်စဉ်များအား မကျင့်ကြံနိုင်ပါချေ။ တစ်ကြိမ်မျှကျင့်ကြံလိုက်ရုံနှင့် ၎င်းတို့အားကောင်းကင်မှ ပြင်းပြင်းထန်ထန်အပြစ်ပေးလိမ့်မည်ပင်။

အမတများဖြစ်လာပြီးနောက်တွင် အမတလောကသို့သွားကာ ထိုအမတလမ်းစဉ်အား သဘာဝအတိုင်းကျင့်ကြံနိုင်မည်ဖြစ်သည်။

လုရှောင်ယန်မှာ အခြားတပည့်များ၏ကျင့်စဉ်များကို အမတလမ်းစဉ်အဆင့်ထိ အဆင့်မမြှင့်တင်ရသေးပါချေ။ ၎င်းတို့မှာ ပြန်မလာကြသေးပေ။ သူတို့အသတ်ခံလိုက်ရပါလျှင် ရှန်းထီကျောက်ရှင်အမှတ်အသား၌ ပြန်လည်ရှင်သန်ရန် အချိန်ကြာဦးမည်ဖြစ်၏။

လုရှောင်ယန်မှာ မလုံခြုံသည့်အရာများကို ပြုလုပ်ရသည်အားမနှစ်သက်ပါချေ။

အခြားလူများအတွက်မူ လုရှောင်ယန်မှာ သူ၏ကိုယ်ပေါ်မှချပ်ဝတ်အချို့ကို အမတချပ်ဝတ်အဖြစ်အဆင့်မြှင့်လိုက်သည်။

အတိုက်အခိုက်လက်နက်များအားအဆင့်မြှင့်ရန်နှောင့်နှေးနိုင်သော်လည်း ချပ်ဝတ်ကိုမူ အမတချပ်ဝတ်အဖြစ် အဆင့်မြှင့်ရပေမည်။

လုံခြံမှုကဦးစားပေးဖြစ်သည်။

ထို့နောက်တွင် ရွှမ်ယွမ်ဓား၊ ခွန်းလွန်ဓားနှင့် အခြားဓားများအား အမတပစ္စည်းအဆောင်လက်နက်များအဖြစ်အဆင့်မြှင့်တင်လိုက်တော့သည်။ ယခုတွင် သူတိုက်ခိုက်ချိန်၌ သူ၏တိုက်ခိုက်မှုစွမ်းအားမှာ ပို၍ပင်တိုးလာနိုင်တော့မည်။

ထို့အပြင် လုရှောင်ယန်မှာ အင်မတန်ထူးဆန်းသောဖြစ်စဉ်တစ်ခုအားတွေ့ရှိသွားသည်။

ရွှမ်ယွမ်ဓား၊ ခွန်းလွန်ဓားနှင့် တရားစီရင်ရေးဓားမော့တို့တွင် နတ်ပစ္စည်းအဆောင်လက်နက်အဆင့်တည်းက ၎င်းတို့၏ကိုယ်ပိုင်အသိစိတ်ရှိနေပြီးသားဖြစ်ပါသော်လည်း နက်နဲမှုအဆင့်တွင် အသိစိတ်မှာပိုမိုအားကောင်းလာခဲ့သည်။ ၎င်းမှာ ပုံမှန်ကလေးငယ်တစ်ယောက်နှင့်ပင်ယှဉ်နေနိုင်ပြီဖြစ်၏။

သို့သော် အမတအဆောင်လက်နက်များဖြစ်လာချိန်တွင်မူ ၎င်းတို့၏အသိစိတ်မှာ ကနဦးက နောက်ပြန်ဆုတ်သွားဟန်ပေါ်သော်လည်း ကိုယ်တိုင်စတင်တိုက်ခိုက်နေနိုင်ပြီ‌ဖြစ်၏။

၎င်းမှာ လုရှောင်ယန်ယခင်ဘဝက ကစားခဲ့သည့် အွန်လိုင်းဂိမ်းထဲမှ ဓားတစ်ချောင်းအားသတိရသွားမိစေ၏။ ထိုအထဲမှ လက်နက်များမှာလည်း ၎င်းတို့ဘာသာတိုက်ခိုက်နိုင်သည်ပင်။

၎င်းမှာ အမတအဆောင်လက်နက်များ၏ အံ့ဖွယ်လည်းဖြစ်နိုင်ပေသည်။

သို့သော် ၎င်းသည် အမတတစ်ပါး၏လက်ထဲတွင် ပိုမိုအကျိုးရှိနိုင်၏။ ထိုမှသာ ထိုအကျိုးများသည် အကြီးမားဆုံးဖြစ်ပေလိမ့်မည်။

ထို့ထက် လုရှောင်ယန်သည် ရှန်းထီကျောက်ရှင်အမှတ်အသားကိုလည်း အားကောင်းလာစေလိုက်သည်။ ထိုရတနာမှာ အင်မတန်အရေးပါပြီး သူ့ကိုပင် ပြန်လည်ရှင်သန်စေနိုင်၏။

ထို့ကြောင့် ၎င်းအား အမတအဆောင်လက်နက်အဖြစ်အဆင့်မြှင့်ရန်မှာ ပိုမိုလိုအပ်ပေသည်။

အမတအဆောင်လက်နက်တစ်ခုအဖြစ်မြှင့်တင်ပြီးနောက်တွင် ၎င်း၏ရှင်သန်နှုန်းမှာ တက်လာပေသည်။

မူလတွင် လုရှောင်ယန် နတ်ဘုရားလောကသို့ရောက်ကာစ၌ အမည်မဲ့ဂိုဏ်း၏ ဒုတိယမျိုးဆက်တပည့်လေးအချို့မှာ သေဆုံးသွားပြီး ရှန်းထီကျောက်ရှင်အမှတ်အသားထဲတွင် ပြန်လည်ရှင်သန်ရန် စောင့်‌ဆိုင်းနေသည်။ လုရှောင်ယန်ခန့်မှန်းမိသည်မှာ ၎င်းတို့ပြန်လည်ရှင်သန်ရန် အနည်းဆုံး လအနည်းငယ်ပိုကြာဦးပေမည်။ ယခုတွင် ရှန်းထီကျောက်ရှင်အမှတ်အသားမှာ အမတအဆောင်လက်နက်ဖြစ်လာကာ အားလုံးမှာ အောင်အောင်မြင်မြင်ရှင်သန်လာကြတော့၏။

ပြန်လည်ရှင်သန်လာပြီးနောက်တွင် လုရှောင်ယန်မှာ ချက်ချင်းပင် ၎င်းတို့အား တောင်ကြားသို့ပစ်လွှတ်လိုက်ကာ အဓိကအုပ်စုအားလိုက်မှီအောင် စတင်ကျင့်ကြံစေလိုက်သည်။

ထို့နောက်တွင် တောင်နှင့်မြစ်ပန်းချီ၊ ရှေးဟောင်းပန်းချီ၊ ရတနာခုနှစ်သွယ်လက်ရာမြောက်စေတီ၊ ဧကရာဇ်‌ ခေါင်းဘီးနှင့် ကမ္ဘာမြေဧကရာဇ်စာအုပ်...

၎င်းတို့အားလည်း လုရှောင်ယန်မှာ အမတအ‌ဆောင်လက်နက်များအဖြစ်အဆင့်မြှင့်တင်လိုက်သည်။

သို့သော် ထိုလက်နက်များအား အဆင့်မြင့်ပြီးနောက်တွင် လုရှောင်ယန်မှာ တစ်စုံတရာကမှားယွင်းနေသည်ဟု ဆက်တိုက်ခံစားနေရသည်။

အဆင့်မြှင့်ပြီးနောက်တွင် ၎င်းတို့၏ လွတ်လပ်သောအသိစိတ်တစ်ချို့မှာ စတင်ဖွံ့ဖြိုးလာဟန်တူသည်။

၎င်းတို့မှာ သူ့အားခုခံနေချင်ခြင်းမဟုတ်ပါချေ။

ထိုအစား... ၎င်းတို့မှာ ဉာဏ်ထက်သောဖြစ်တည်မှုများအလား သူ၏ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ကြသည်။

ထိုသည်မှာ လုရှောင်ယန်အား မယုံကြည်နိုင်အောင်ဖြစ်စေ၏။

ဒီဓမ္မရတနာတွေကလည်း စိတ်ဝိဉာဉ်ရှိလာနိုင်တယ်လား?

ကံမကောင်းစွာဖြင့် ဝမ့်ခိုက်မှာ ဤနေရာ၌မရှိနေဘဲ သူ့အားလည်း ရှင်းမပြနိုင်ပါချေ။ မဟုတ်လျှင် သူဟာ ဝမ့်ခိုက်ကို မေးနိုင်လိမ့်မည်။

ထိုအားလုံးအား လုပ်ဆောင်ပြီးနောက်တွင် နောက်ထပ်လတစ်ခုကျော်ဖြတ်သွား၏။ ယခင်နှစ်လနှင့်ပါ ပေါင်းရလျှင် ဗုဒ္ဓဂိုဏ်းနှင့် သူတို့၏တိုက်ပွဲမှာ သုံးလကြာညောင်းခဲ့ပြီဖြစ်၏။

…

ဗောဓိဘုရားကျောင်းခန်းမ။

ထိုအခိုက်တွင် ခန်းမတစ်ခုလုံးရှိလေထုမှာ လေးနက်နေရာမှ ပြင်းထန်လာ၏။ အင်မတန်ကြောက်မက်ဖွယ်အရှိန်အဝါမှာ ခန်းမတစ်ခုလုံးရှိဗုဒ္ဓအကြီးအကဲအားလုံးများအား လေးနက်သွားစေသည်။ ၎င်းတို့မှာ အသက်ရှူရန်ပင် မဝံ့ရဲပါချေ။

မြင့်မြတ်သောဗုဒ္ဓမှာခန်းမထိပ်ဆုံးတွင်ထိုင်နေပြီး မည်းမှောင်နေပြီဖြစ်သည်။ သူဟာ ယခင်ကလိုမျိုးမကြင်နာတော့ပါချေ။ ကျန်ရစ်ခဲ့သမျှသည် ဆိုးသွမ်းယုတ်မာမှုသာဖြစ်၏။

သူ၏အဆိပ်သင့်မျက်လုံးတစ်စုံမှာ အောက်ဘက်ရှိလူများအား တိတိပပစိုက်ကြည့်နေကာ အေးစက်စက်ပြောလိုက်၏။

"နောက်ထပ်သုံးလကုန်သွားပြန်ပြီ! အရင်လတွေနဲ့ပါဆိုရင် နှစ်တစ်ဝက်နီးပါးတောင်ရှိနေပြီ။"

"ဒီအရှုပ်အထုပ်ကိစ္စှတွေကြောင့်သာမဟုတ်ရင် နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲက စီစဉ်ထားသလိုကျင်းပပြီးနေလောက်ပြီ။ အဲ့လိုဆိုရင် ဗုဒ္ဓနတ်ဘုရားဧကရာဇ်က အတိဒုက္ခကိုကျော်ဖြတ်ပြီး အမတတစ်ပါးတောင်ဖြစ်နေလောက်ပြီ။ ဒီနတ်ဘုရားလောကက ကိုယ်တော့်ရဲ့တာဝန်လည်း ပြီးဆုံးသွားလောက်ပြီ။"

"ဒါပေမယ့်၊ အချိန်တစ်ခုလောက်ကြာပြီးနောက်မှာ လူတစ်ယောက်လေးကိုဖမ်းဖို့တောင် ကျရှုံးရုံတင်မကဘူး အဲ့ဒီလူတွေက ကိုယ်တော်တို့ဗုဒ္ဓဂိုဏ်းကို ဆုံးရှုံးမှုတွေ ပိုပြီးဖြစ်လာစေနေတယ်။"

"ဒါတွေသာဆက်ဖြစ်နေရင် နတ်ဘုရားလောကတစ်ခုလုံးက ဂိုဏ်းခွဲတွေအားလုံးက နေရာမှာပဲ ပြိုကွဲသွားလိမ့်မယ်။"

"မြင့်မြတ်သောဗုဒ္ဓ၊ ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး"

အကြီးအကဲများမှာ ချက်ချင်းပင် မြေပြင်၌ဒူးထောက်လိုက်ကြသော်လည်း မြင့်မြတ်သော ဗုဒ္ဓမှာ စိတ်ထိန်းဖို့ရန် ရည်ရွယ်ချက်နည်းနည်းလေးပင် ရှိမနေပါချေ။

"ရူးတာကို ရပ်လိုက်တော့။ ကိုယ်တော်အခုစိတ်ထိန်းဖို့မလိုဘူး။ ကိုယ်တော်အခုလိုနေတာက ဗုဒ္ဓဂိုဏ်းကိုကိုယ်‌တော့်နောက်ကွယ်က တိုက်ခိုက်နေတဲ့ကောင်တွေကို မြက်ခင်းထဲကနေ တွားသွားထွက်လာပြီး ကိုယ်တော့ရှေ့မှောက်ရောက်လာဖို့ပဲ။ ကိုယ်‌တော်က သူတို့တွေကို အပိုင်းပိုင်းဆွဲဆုတ်ပစ်မယ်!"

"မြင့်မြတ်သောဗုဒ္ဓ၊ ကျုပ်တို့ ကိစ္စကိုစုံစမ်းပြီး နည်းနည်းရှာတွေ့ထားတာလေးတွေရှိပါတယ်။"

"နည်းနည်းလောက်? အကြာကြီးစုံစမ်းပြီးနောက်မှာ မင်းတို့က နည်းနည်းလောက်ပဲရှာတွေ့တယ်လို့ပြောနေတာလား? ဒီလိုနှုန်းနဲ့ မင်းတို့ရဲ့စုံစမ်းချိန်ကို ဆယ်ဆလောက်တိုးလိုက်ရင်တောင် ဒီကိစ္စကိုဖြေရှင်းဖို့ အတော်ကြာလိမ့်မယ်။"

"ကောင်းကင်တာအိုနိယာမ‌ကြောင့် ကိုယ်တော်က အမတတစ်ပါးဖြစ်ပြီး တိုက်ခိုက်လို့မရဘူးဆိုတဲ့အချက်ကြောင့်သာမဟုတ်ရင် ဒီကိစ္စကိုဖြေရှင်းပြီးနေလောက်ပြီ။"

"မြင့်မြတ်သောဗုဒ္ဓ၊ စိတ်ထိန်းပါ။ ကျုပ်တို့မှားသွားပါတယ်။"

မြင့်မြတ်သောဗုဒ္ဓမှာ သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။

"ကိုယ်တော့်ကိုအဓိပ္ပာယ်မရှိပြောနေတာတော်လိုက်တော့။ လက်တွေ့ကျပြီး အဓိပ္ပာယ်ရှိတာကိုပဲကြားချင်တယ်။"

"နားလည်ပါပြီ! မြင့်မြတ်သောဗုဒ္ဓ၊ ကျုပ်တို့ရဲ့ အသေးစိတ်စုံစမ်းပြီးတဲ့နောက်မှာ ဗုဒ္ဓဂိုဏ်းကို ပစ်မှတ်ထားနေတဲ့ အဖွဲ့အစည်းအများအပြားရှိနေပါတယ်။

ဒါပေမယ့် မာနအကြီးဆုံးကတော့ အဖွဲ့အစည်းသုံးခုရှိပါတယ်။

"သူတို့ထဲကတစ်ယောက်က ဝူရှူးမြို့တော်ရဲ့မြို့အရှင်ပါ။ ဒီကလေးရဲ့နာမည်ကတော့ ကျွင့်ပုကျန်းဖြစ်ပြီး သူ့ရဲ့ကျင့်ကြံဆင့်က တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်မှာရှိပုံပါပဲ။ သူကတိုက်ခိုက်တာရှားတာကြောင့် သူ့ရဲ့ကျင့်ကြံဆင့်ကို လွယ်လွယ်နဲ့ မထောက်လှမ်းနိုင်ပါဘူး။ သူကတစ်ထောင်သောစစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်လည်း ဖြစ်နိုင်ပါတယ်။"

"ဒါပေမယ့် တကယ့်တိုက်ပွဲမှာဆိုရင် သူ့ရဲ့အတိုက်အခိုက်စွမ်းအားစစ်က သူနဲ့ကျင့်ကြံဆင့်တူပြိုင်ဘက်ကို အလွယ်လေး ကျော်လွန်တဲ့‌ပုံပေါ်ပါတယ်။"

မြင့်မြတ်သောဗုဒ္ဓမှာ အံ့အားသင့်သွားကာ မျက်ခုံးများမှာ အနည်းငယ်မြင့်တန်လာသည်။

"အဆင့်တစ်ဆင့်ပိုမြင့်တဲ့လူကို တိုက်ခိုက်နိုင်တဲ့ ဖြစ်တည်မှု? ဒါက... အဲ့ဒီဖြစ်တည်မှုများဖြစ်နိုင်လား?"

သူဟာ စိတ်ဝိဉာဉ်တောင်မှ တာဝန်တစ်ခုသယ်ဆောင်လာချိန်တွင် စိတ်ဝိဉာဉ်တောင်၏အကြီးအကဲများမှ နတ်ဘုရားလောက သို့မဟုတ် အနိမ့်ပိုင်းလောကတွင် အင်မတန်ထူးကဲသော ဖြစ်တည်မှုတစ်ခုရှိသည်ဟု ကြားသိခဲ့ရသည်။

၎င်းအား ကောင်းကင်ဘုံခုံရုံးအထက်မှ ပုဂ္ဂိုလ်မှ စီရင်သည်။

အနောက်ဘက်ဂိုဏ်း၏သူတော်စင်နှစ်ပါးသည်ပင် အလွယ်တကူဝင်မပါဝံ့ပါချေ။

သူဟာချက်ချင်းပင် ကောင်းကင်ဘုံသို့ဂါရဝပြုကာ ထိုဖြစ်တည်မှုမျိုးအား မကြုံတွေ့ရစေရန် တောင်းဆုပြုလိုက်သည်။

"နောက်အဖွဲ့အစည်းနှစ်မျိုးကရော?"

တစ်ခဏမျှတိတ်ဆိတ်ပြီးနောက်တွင် သူဟာထပ်မံပြောလာ၏။

"နောက်ထပ်နှစ်ဖွဲ့ရဲ့နာမည်တွေကိုတော့ အသေအချာမသိပါဘူး။ ဒါပေမယ့် သူတို့ထဲကတစ်ယောက်က အုတ်ဂူဖောက်တဲ့နေရာမှာကျွမ်းကျင်ပြီး အင်မတန်စွမ်းအားကြီးတယ်လို့သိရပါတယ်။ သူတို့ကလည်း ကျွင့်ပုကျန်းရဲ့သွေးဆက်ထက်လုံးဝမနိမ့်ကျပါဘူး။

"နောက်ဆုံးသွေးဆက်ကတော့ ဆယ်ပါးသောမဟာနတ်ဆိုးဧကရာဇ်လို့ခေါ်တဲ့ဖြစ်တည်မှုပါ။ သူက နတ်ဝိဉာဉ်သားရဲအများအပြားကိုထိန်းချုပ်ပြီး စွမ်းအားအရာမှာ အသန်မာဆုံးပါပဲ။

"အစပိုင်းမှာ အဲ့ဒီအဖွဲ့အစည်းသုံးခုက ဗုဒ္ဓဂိုဏ်းခွဲကို အညှာအတာမဲ့အတိုက်ခိုက်ခဲ့ဆုံးပါပဲ။"

"ဒါပေမယ့် ကျွန်တော်တို့ရဲ့စီစဉ်မှုတွေနဲ့ စားပွဲကို တဖြည်းဖြည်းမှောက်လိုက်နိုင်ပြီးတော့ အဖွဲ့အစည်းသုံးခုက လူတွေကို စပြီးဖိနှိပ်နေပါပြီ။"

"ဒါပေမယ့်..."

"ဒါပေမယ့်၊ ဘာလဲ?"

"ကျုပ်တို့ရဲ့ အဆင့်နိမ့်တွေထဲမှာ ထိပ်တန်းပါရမီရှင်တွေ မရှိတော့လို့ အဲ့ဒီရန်သူတွေလည်း မကြာခဏလွတ်မြောက်ကြပါတယ်။ ကျွန်တော်တို့ အခွင့်ကောင်းယူပြီး အဖွဲ့အစည်းသုံးခုက အတူတူလုပ်ဆောင်ဖို့ပြင်နေတာကို တွေ့ခဲ့ရပါတယ်။ မကြာခင်မှာ သူတို့တွေက ကျွန်တော်တို့ရဲ့ ဗောဓိဘုရားကျောင်းရှိတဲ့ဘက်ကို ရွှေ့လာကြပါတော့မယ်။"

"တခြားရန်သူတွေကိုတော့ စိတ်ပူစရာမလိုပါဘူး။"

မြင့်မြတ်သောဗုဒ္ဓမှာ နှာမှုတ်လိုက်သည်။

"ကောင်း‌ပြီ၊ သူတို့က ကိုယ်တော့်ရဲ့ ဗောဓိဘုရားကျောင်းကို ဦးတည်လာနေပြီပေါ့။ စိတ်ဝင်စားစရာပဲ။ ဒီကလေးတွေကလောဘကြီးပုံပေါ်တော့ ကိုယ်တော့်ရဲ့ဗောဓိဘုရားကျောင်းကို ပြချင်နေပြီ။"

"မြင့်မြတ်သောဗုဒ္ဓ၊ ဆိုလိုချင်တာက...?"

"သူတို့ လာပါစေ။ ကိုယ်တော်တို့ဗုဒ္ဓဂိုဏ်းက ပညာရှင်အစစ်တချို့ကို သူတို့နဲ့ကစားဖို့ လွှတ်ပေးရမယ့် အချိန်ရောက်နေပြီထင်တယ်။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၂၄။ အပိုင်း ၃၆၀ ဆရာတူအကိုအကြီးဆုံးပြန်လာပြီလား?

နတ်ဘုရားလောက၊ နှင်းလွှမ်းရွာ။

၎င်းမှာ နတ်ဘုရားလောက၏ကျန်ရှိသောနေရာတွင် သီးသန့်တည်ရှိနေသော ရွာငယ်လေးဖြစ်သည်။

အပြင်ဘက်တောင်တက်လမ်းမှာ ကြမ်းတမ်းလှသည်။ ရွာရှိမုတ်ဆိတ်ကျဲကျဲပုံပြင်ပြောသူမှလွဲလျှင် မည်သူမှတောင်၏အပြင်ကို မထွက်ကြပါချေ။

၎င်းမှာ ထိုမုတ်ဆိတ်နှင့်လူသည် နတ်ဘုရားအဆင့်ကျင့်ကြံခြင်းရှိသော ကျင့်ကြံသူဖြစ်သောကြောင့်ပါပင်။

နတ်ဘုရားလောကတစ်ခွင်တွင် ၎င်းမှာ တကယ်ကိုတန်ဖိုးမရှိလှပါချေ။ သို့သော် သူ၏ကျင့်ကြံဆင့်ကြောင့် တောင်တန်းများကိုဖြတ်သန်းကာ ခရီးဆက်နိုင်ပြီး တောအုပ်အတွင်းရှိ ကြောက်မက်ဖွယ်နတ်ဆိုးသားရဲများကို ရှောင်ရှားနိုင်သည်။

...

"မုတ်ဆိတ်ကြီး၊ နောက်ဆုံးတစ်ခေါက်တုန်းက ပုံပြင်ကိုအဆုံးမသတ်ရသေးဘူးနော်။ ဘာ‌လို့ စွန်းဝူခုံးက ထန်စန်း၊ ပါကျဲနဲ့ နဂါးဖြူလေးတို့ကိုသတ်လိုက်ရတာလဲ? သူတို့က သူ့ရဲ့ ဆရာနဲ့ ဆရာတူညီလေးတွေမဟုတ်ဘူးလား?"

ကလေးအုပ်စုမှာ တောင်၏အပြင်ဘက်မှပြန်ရောက်ကာ ရွာအဝင်ဝရှိ မုတ်ဆိတ်နှင့်လူကိုဝန်းရံလိုက်ကြသည်။

မုတ်ဆိတ်နှင့်လူမှာ ကူရာမဲ့စွာဖြေဆိုလေသည်။

"ဒါကတော့ မျောက်လေးက သူ့ရဲ့နှလုံးသားကိုဆုံးရှုံးလိုက်ရလို့ပါ။ နှလုံးသားမရှိတဲ့မျောက်တစ်ကောင်က အခြားလူတွေလက်ထဲမှာဆိုရင် ရုပ်သေးရုပ်တစ်ကောင်လိုပဲ၊ မဟုတ်လား?"

"မုတ်ဆိတ်ကြီး၊ ဘာလို့မျောက်က သူ့ရဲ့နှလုံးသားကိုဆုံးရှုံးသွားခဲ့ရတာလဲ? မျောက်ရဲ့ နှလုံးသားက ဘယ်ရောက်သွားလို့လဲ?"

မုတ်ဆိတ်နှင့်လူမှာ သူ၏လက်များကို ဖြန့်လိုက်သည်။

"ငါလည်းမသိပါဘူးကွာ။ မင်းတို့တွေငါ့ကိုပြောကြပါဦး။"

"ပျင်းစရာပဲ။ ဘယ်လိုလုပ် ဒီလိုသူရဲကောင်းတစ်ယောက်က ရုပ်သေးရုပ်တစ်ရုပ်ဖြစ်လာရတာလဲ?"

"ဒါတော့မတတ်နိုင်ဘူးလေ။ သက်ရှိအားလုံးက သူတော်စင်တွေရဲ့ မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်လေးတွေသာသာပါပဲ။ ရှေးအချိန်တွေတည်းက သူတော်စင်တွေကသာ ကောင်းကင်တာအို အချုပ်အနှောင်တွေကို ကျော်ဖြတ်လာခဲ့ကြတာပဲ။"

"ဗုဒ္ဓဂိုဏ်းကတကယ်ကို စက်ဆုပ်ဖို့ကောင်းတယ်။ သူတို့ကအမြဲကြောင်သူတော်လုပ်နေပြီး ကမ္ဘာမှာ အကောင်းဆုံးလူတွေလို့ပြောကြသေးတယ်။ အဆုံးမှာတော့ သူတို့က တစ်နေကုန် ညစ်ပတ်တဲ့အရာတွေပဲ လုပ်ကြတာပဲ။"

"ဗုဒ္ဓဂိုဏ်းက ကျွန်တော်တို့နတ်ဘုရားလောကမှာ အသန်မာဆုံးဂိုဏ်းလို့ ကြားထားတယ်။"

မုတ်ဆိတ်နှင့်လူမှာ ဆေးပိုက်ကိုသောက်လိုက်ကာ အငွေ့တချို့မှုတ်ထုတ်လိုက်၏။ သူဟာ အရှေ့မှ ‌ကလေးငယ်များ၏ ကလေးဆန်မှုကို လျစ်လျူရှုကာ စိတ်ဝင်တစားဖြင့် မှတ်ချက်ပြုလိုက်သည်။

"မတတ်နိုင်ဘူးလေ။ တာအိုဂိုဏ်းမှာ ရှေးရိုးစွဲတွေများပြီး မညီညွတ်ကြဘူး။ ဒါပေါ့ ဗုဒ္ဓဂိုဏ်းကို သူတို့ ဘယ်ယှဉ်နိုင်ပါ့မလဲ!"

"တာအိုဂိုဏ်းဘက်မှာဆိုရင် ယုံကြည်တဲ့သူတိုင်းဆီ ယုံကြည်မှုစွမ်းအားကိုပေးအပ်တယ်။ ဗုဒ္ဓဂိုဏ်းမှာဆိုရင်တော့ သူတို့ကဘယ်သူပဲဖြစ်ဖြစ်၊ ဘာကိုပဲယုံကြည်ကြည် ဗုဒ္ဓကမဖြန့်ချီခင် ယုံကြည်မှုစွမ်းအားကို ဗုဒ္ဓပေါ်မှာပဲ စူးစိုက်ထားတယ်။"

"ဗုဒ္ဓဂိုဏ်းက ရင်းမြစ်တွေကို စည်းစည်းလုံးလုံးထိန်းသိမ်းထားပြီး အတူတကွလုပ်ဆောင်ကြတယ်။ အဲ့ဒါကတင်ပဲ တာအိုဂိုဏ်းကို ဖိနှိပ်ဖို့အတွက် သဘာဝကျနေတယ်။"

"သို့ပေမယ့်၊ ဒီလောကရဲ့ဗုဒ္ဓဂိုဏ်းကတော့ မကြာသေးခင်က အရမ်းကိုငြိမ်းချမ်းနေပုံမပေါက်ဘူး။ ဂိုဏ်းခွဲအတော်များများလေး မကြာခင်ကမှ ဖျက်သိမ်းခံရပြီး အားလုံး အလုပ်များနေကြတယ်ဆိုပဲ။"

"မုတ်ဆိတ်ကြီး၊ ဘာလို့အများကြီးသိနေရတာလဲ?"

"ဒါကတော့ ငါကဉာဏ်ကောင်းလို့ပေါ့ကွာ။ ငါဘယ်လောက်ထိပ်ပြောင်လဲကြည့်လေ။ ညဘက်မှာတောင် မီးအိမ်လုပ်လို့ရတယ်။ မင်းတို့ခေါင်းကို မင်းတို့ရိတ်လိုက်တာနဲ့ မင်းတို့လည်း ငါ့လိုဉာဏ်ကောင်းသွားလိမ့်မယ်။"

"‌ထားလိုက်ပါတော့!"

ကလေးများမှာ သူ့အားလျှာထုတ်ကာ ပြောင်ပြလိုက်ကြပြီး နေရာပေါင်းစုံသို့ ထွက်ပြေးသွားကြကုန်၏။

မုတ်ဆိတ်နှင့်လူမှာ ခေါင်းအားခါယမ်းလျက် သူ၏ ဆေးတံကြီးကို ဆက်လက်သောက်သုံးနေ၏။

ထိုအခိုက်တွင် ရင်းနှီးသောအသံနှင့် မရင်းနှီးသောအသံတစ်ခုမှာ သူ၏နားအတွင်းသို့ဝင်ရောက်လာသည်။

"သူတို့ကတော့ ခင်ဗျားကဒီမှာ ဗဟုသုတအကြွယ်ဝဆုံးပဲလို့ပြောကြတယ်။ ခင်ဗျား နတ်ဘုရားလောကက လုမျိုးနွယ်စုအကြောင်းများ သိမလားလို့ မေးပါရစေ။"

ထိုအသံကိုကြားသည်တွင် မုတ်ဆိတ်နှင့်လူ၏ကိုယ်မှာ အေးခဲသွားသည်။ ထို့နောက်တွင် သူဟာစိတ်လှုပ်တရှားမော့ကြည့်မိလိုက်၏။ သူ၏မျက်ဝန်းများ တစ်ဖက်လူနှင့်ဆုံသွားချိန်တွင် လက်ထဲမှ ဆေးတံသည်မြေပြင်ပေါ်သို့ ပြုတ်ကြသွားကာ ကြမ်းတမ်း‌သောမျက်လုံးများမှာ ချက်ချင်းနီရဲလာတော့၏။

"အကြီးဆုံး...အကြီးဆုံးဆရာတူအစ်ကို? အစ်ကိုကြီးပြန်လာပြီပေါ့?"

တစ်ဖက်လူမှာ အတန်ငယ်မျက်မှောင်ကျုံ့သွား၏။

"မင်းဘာပြောလိုက်တယ်?"

ထိုစကားလုံးများမှာ သူ၏အသိစိတ်အား ရှုပ်ထွေးမှုကဆွဲယူလိုက်ကြ၏။ သူဟာအလျင်စလိုပင် မျက်ဝန်းထောင့်အားသုတ်လိုက်ကာ ပြန်ဖြေကြားလိုက်သည်။

"တောင်းပန်ပါတယ်ဗျ၊ ကျုပ်ရဲ့မိတ်ဆွေ‌ဟောင်းတစ်ယောက်ကို တွေးမိသွားလို့ပါ။ ကျုပ်ကိုဘာများမေးလိုက်တာလဲ?"

"ဒီနတ်ဘုရားလောကမှာ လုမျိုးနွယ်စုလို့ခေါ်တဲ့ မျိုးနွယ်စုတစ်ခုများရှိလားလို့ပါ။ အဲ့ဒါက နတ်ဘုရားလောကရဲ့ ထိပ်တန်းမျိုးနွယ်စုတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ‌ဒါမှမဟုတ် ပိုပြီးတော့ ထူးကဲတဲ့မျိုးနွယ်စုတောင်ဖြစ်နိုင်ပါတယ်!"

"လုမျိုးနွယ်စု?"

မုတ်ဆိတ်နှင့်လူမှာ သူ၏တောက်ပြောင်နေသော ခေါင်းပြောင်ပြောင်အား ပွတ်လိုက်ပြီး မျက်မှောင်ကျုံ့ကာ သူ၏အမူအရာကခါးသက်သွားသည်။

"နတ်ဘုရားလောကရဲ့ ထိပ်တန်းမျိုးနွယ်စုတွေထဲမှာ ဒီလိုမျိုးနွယ်စုမျိုးရှိတာလား? ကျုပ်ကို ပိုပြီးမမေးသင့်တာပါ။ ခင်ဗျားသွားပြီး တစ်နေရာရာမှာပဲလိုက်ရှာသင့်တယ်။

တစ်ဖက်လူမှာ ခေါင်းငြိမ့်လိုက်သည်။

"ကျေးဇူးတင်ပါတယ်။"

သူ၏စကားဆုံးသည်နှင့် တစ်ဖက်လူမှာ လှည့်ထွက်သွားတော့သည်။

မုတ်ဆိတ်နှင့်လူမှာ ထိုသူ၏နောက်ကျောကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

"ဒီလူက သူနဲ့အတော်တူတာပဲ! အရမ်းကိုတူတယ်! သူကဘာလို့အရမ်းတူနေရတာလဲ? အရာတူအကိုအကြီးဆုံးနဲ့မတူတာဆိုလို့ သူကနည်းနည်းလောက်ယုံကြည်ရပုံပေါ်နေရုံလေးပဲ။ ဒါပေမယ့် တခြားရှူထောင့်တွေကိုအခြေခံပြီး ဆရာတူအစ်ကိုအကြီးဆုံးပြန်လာတယ်လို့တောင် တွေးမိလုနီးနီးဖြစ်သွားတယ်။"

....

တစ်ဖက်တွင်မူ စစ်၏မီးတောက်များမှာ ဗောဓိဘုရားကျောင်းတစ်ဝိုက်တွင် ပို၍ပို၍တောက်လောင်လာကြသည်။

နေ့တိုင်းနီးပါး ဗုဒ္ဓဂိုဏ်းခွဲတစ်ခု ဖျက်ဆီးခံရရင်ခံရ မဟုတ်လျှင် ဗုဒ္ဓဂိုဏ်းသားတစ်ယောက်အသတ်ခံရသည်။

ဗုဒ္ဓဂိုဏ်းသားများတွင် ရွေးချယ်စရာမရှိတော့ပါချေ။ ‌၎င်းတို့မှာ အလင်းထဲ၌ရှိပြီး တစ်ဖက်မှာ အမှောင်ထဲတွင်ဖြစ်၏။ ဒါ့အပြင် ၎င်းတို့ထံ၌ ညစ်တီးညစ်ပတ် လှည့်ဖျားမှု အစုံအလင်လည်းရှိနေသေးသည်ပင်။

ဗုဒ္ဓဂိုဏ်းမှာ အချို့ရန်သူများအား သတ်ပစ်ရန် ၎င်းတို့၏စွမ်းအားကြီးများတွင် မှီခိုထားရပါသော်လည်း တစ်ဖက်၏အုတ်မြစ်အား ထိခိုက်စေရန် ကျရှုံးခဲ့ကြရသည်။

အကြောင်းမှာ ထိုသူများက အင်မတန်ဉာဏ်ထက်လှခြင်းကြောင့်ပင်။ သူတို့သာ နိုင်'နိုင်ချေမရှိပါလျှင် ၎င်းတို့မှာ ချက်ချင်းထွက်ပြေးကာ မတိုက်ခိုက်ကြတော့ပါချေ။

ဤသည်မှာ ဗုဒ္ဓဂိုဏ်းအား ကူရာပင်မဲ့စေ၏။

တစ်ခါတရံတွင် ၎င်းတို့မှာ တစ်ဖက်အား အနိုင်မယူနိုင်ခြင်းပင်မဟုတ်ပါချေ။ တစ်ဖက်လူများမှာ အင်မတန် ကျွမ်းကျင်လိမ္မာကြသည်။ ၎င်းတို့မှာ အင်မတန်ချောင်းမြောင်းတတ်ကာ အလျင်အမြန်လွတ်မြောက်သွားတတ်ကြသည်။

ဗုဒ္ဓဂိုဏ်းသားများအယောင်ဆောင်ကာ ဗုဒ္ဓဂိုဏ်းခွဲကိုတိုက်ခိုက်ကြသည်လူအများအပြားလည်း ရှိသည်ဟုဆိုကြသည်။ ရလဒ်အနေဖြင့် ဘုရားကျောင်းတိုင်းတွင် တင်းကြပ်သော ညမထွက်ရအမိန့်ပင် ထုတ်ပြန်လိုက်ကြသည်။ တူညီသောဘုရားကျောင်းမှ မဟုတ်သူများမှာ ဝင်လာနိုင်ရန်ခွင့်မပြုထားသလို ထွက်သွားခွင့်လည်း မပြုထားကြပါချေ။

ထိခိုက်ခံရခြင်းမှာ ၎င်းတို့ကိုယ်ကိုယ်ကာကွယ်ရန် အချို့ဘုရားကျောင်းများမှာ ဗောဓိဘုရားကျောင်းမှ သံတမန်များကိုပင် ဝင်ရောက်ခွင့်မပြုပါချေ။

ဗုဒ္ဓဂိုဏ်းတစ်ခုလုံးမှာ ကမောက်ကမအခြေအနေသို့ရောက်ရှိလာ၏။

ထိုအခိုက်တွင် ပုဟွားဘုရားကျောင်းဟု အခေါ်ရှိသော ဘုရားကျောင်းတစ်ခုမှာ ရန်သူအုပ်စုနှင့် ရင်ဆိုင်နေရသည်။

"ညီအစ်ကိုတို့၊ တိုက်ခိုက်ကြ! အားပြင်းပြင်းတိုက်ကြ! ဒီမြည်းကတုံးတွေကို သတ်ကြ။"

ရှီချန်းလင်၏ ဦးဆောင်မှုအောက်တွင် အမည်မဲ့ဂိုဏ်းတပည့်များမှာ အရူးအမူးပင် ပုဟွားဘုရားကျောင်းအား မီးလောင်တိုက်သွားနေကြသည်။

၎င်းတို့ထံတွင် ထိုဗုဒ္ဓဂိုဏ်းသားများအတွက် စာနာမှုအနည်းအကျဉ်းပင်မရှိပါချေ။ ထိုသူတို့မှာ ၎င်းတို့၏ဂိုဏ်းချုပ်အား သတ်ရဲကြလေကတည်းက အမည်မဲ့ဂိုဏ်း၏ဒေါသကို ပြသရန် ပြင်ဆင်ထားရလေသည်။

မကြာခင်တွင် တလက်လက်တောက်ပနေသောအလင်းတစ်ခုမှာ ဘုရားကျောင်းထံမှ မြင့်တက်လာ၏။ ဤသည်မှာ ပုဟွားဘုရားကျောင်းရှိ အစီအရင်များအား အသက်သွင်းလိုက်ခြင်းကြောင့်ဖြစ်သည်။ အစီအရင်များ၏အကူအညီဖြင့် ပျက်စီးနေသော ပုဟွားကျောင်းတပည့်များ၏ကျင့်ကြံဆင့်မှာ ရုတ်တရတ်ထိုးတက်လာခဲ့သည်။

တစ်စုံတရာမှားယွင်းနေသည်ကိုအာရုံရနေသော ရှီချန်းလင်မှာ ချက်ချင်းပင် ဂိုဏ်းတပည့်များအား ပြန်လည်ဆုတ်ခွာရန် ဆော်ဩလိုက်သည်။

"မကောင်းတော့ဘူး! ပြန်ဆုတ်! ပြန်ဆုတ်ကြ! သူတို့က ကျင့်ကြံဆင့်တိုးဖို့အတွက် အစီအရင်တစ်ခုကိုသုံးနေတယ်။"

ထိုတပည့်များမှာလည်းချက်ချင်းပင် ဆုတ်ခွာရန်ပြင်လိုက်ကြသည်။ သို့သော် တစ်ချိန်တည်းတွင်ပင် ကောင်းကင်ယံ၌ရုတ်တရတ် ရွှေရောင်အလင်းတစ်ခုဖြင့် ဖုံးလွှမ်းသွားတော့သည်။

"ဒါကချိတ်ပိတ်အစီအရင်ပဲ! သေစမ်း၊ ငါတော့လှည့်စားခံလိုက်ရပြီ!"

ထိုအခိုက်တွင် ရှီချန်းလင်မှာ ထောင်ချောက်ထဲသို့ကျဆင်းနေသည်ကို မရိပ်မိဘဲ ဆန့်ကျင်ရရန်ကြံစည်နေပါလျှင် သူဟာ သူ့ကိုယ်သူ တို့ဖူးဖြင့် သတ်လိုက်နိုင်လိမ့်မည်။

၎င်းတို့မှာ ပုဟွားကျောင်း၏ထိုတပည့်များအားရင်ဆိုင်နေရရုံတင်မက ပုဟွားကျောင်း၏ အကြီးအကဲများနှင့် ဝါရင့်ဘုန်းတော်ကြီးများကိုပါ ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထိုအကြီးအကဲများမှာ မတိုင်ခင်က ပုန်းအောင်းနေကြကာ အစီအရင် အသက်ဝင်လာမည့် အခိုက်အား စောင့်ဆိုင်းနေခဲ့ကြခြင်းပင်။

ယခုတွင် ရှီချန်းလင်နှင့် အခြားလူများမှာ လွတ်ပင်မလွတ်မြောက်နိုင်ကြတော့ချေ။ ၎င်းတို့အားရင်ဆိုင်ရင်းဖြင့် သေကြရုံသာတတ်နိုင်ကြတော့သည်။

"မင်းတို့က ဗုဒ္ဓဂိုဏ်းသားတွေကို သတ်ပြီး ဗုဒ္ဓဂိုဏ်းခွဲကိုလည်း ဖျက်ဆီးရဲတယ်ပေါ့။ ဒီနေ့ မင်းတို့ကိုငါက ပြာ‌အဖြစ်ပြောင်းပြီး ပြန်လည်ဝင်စားခြင်းသံသရာကနေ သွေဖယ်အောင် တားဆီးပစ်မယ်!"

များပြားလှသော ရွှေရောင်အလင်းများမှာ ပျံ့နှံ့လာကာ ရှီချန်းလင်၏နှလုံးကိုပင် လောင်မြိုက်သွားစေ၏။

ပို၍အကူအညီမဲ့စေသည်မှု တစ်ဖက်၏အစီအရင်သည် ဤနေရာရှိ ဟင်းလင်းပြင်စွမ်းအားကို ချိတ်ပိတ်ထားခြင်းပါပင်။ ၎င်းတို့၏ကိုယ်ပေါ်ရှိ ဟင်းလင်းပြင်အစီအရင်အား အသက်သွင်းနိုင်ခြင်းမရှိတော့ပါချေ။

ဒီတစ်ချိန်တော့ ၎င်းတို့မှာ သေတော့မည်ပင်!

"လောင်ရှစ်၊ ငါတို့ဘာလုပ်ကြမလဲ? ဒီအစီအရင်က ဗုဒ္ဓအစီအရင်ပဲ။ ဒါကို ဗုဒ္ဓလမ်းစဉ်တစ်ခုနဲ့ပဲ ချိုးဖြတ်နိုင်လိမ့်မယ်။ ငါတို့ရဲ့ကျင့်စဉ်တွေနဲ့ ‌ချိုးဖြတ်ဖို့က ခက်ခဲ‌တယ်။"

ဗုဒ္ဓဂိုဏ်းပညာရှင်များ၏ တဟုန်ထိုးတိုက်ခိုက်မှုကိုရင်ဆိုင်ရင်းဖြင့် ရှီချန်းလင်က အော်ပြောလိုက်သည်။

"ညီအစ်ကိုတို့ ငါတို့ ဘာပဲဖြစ်ဖြစ်သေမှာပဲ။ သေတဲ့အထိပဲ တိုက်ကြတာပေါ့။ အမည်မဲ့ဂိုဏ်းရဲ့ဂုဏ်အသရေအတွက် သတ်ကြ!"

ဆိုရိုးအတိုင်းပင် ယုန်တစ်ကောင်သည်ပင်စိတ်ပူပန်လာချိန်တွင် ကိုက်လိမ့်မည်ဖြစ်၏။

၎င်းတို့မှာ မလွတ်မြောက်နိုင်တော့ကတည်းက သေသည်အထိတိုက်ရုံသာရှိတော့သည်။ တစ်ယောက်သတ်၊ နှစ်ယောက်သတ်ခြင်းဖြင့် ၎င်းတို့လည်း ဆုံးရှုံးမှုတစ်ခုအား ခံစားရခြင်းမှာ ၎င်းတို့ကိုယ်ကို ကာကွယ်နိုင်ပေသည်။

ဗုဒ္ဓဂိုဏ်းပညာရှင်များမှာ စိတ်လှုပ်ရှားနေသောအမူအရာများပေါ်ထွက်လာကြ၏။

အချိန်ကြာရှည်စွာ ဗုဒ္ဓဂိုဏ်းမှ တစ်ဖက်လူများ၏ လိုက်ခံဖမ်းဆီးခြင်းကိုခံနေရသည်။ ယနေ့တွင် ၎င်းတို့မှာ လှပသော တန်ပြန်ခြင်းကို ပြုလုပ်နိုင်ပြီဖြစ်၏။

ထိုအချိန်တွက် ၎င်းတို့မှာ ပုဟွားကျောင်းသို့ ကျူးကျော်လာသော တိဌိများအား သတ်ချင်နေကြပြီဖြစ်၏!

ဘက်နှစ်ဘက်မှာ ထိခတ်သွားကြခြင်း ချက်ချင်းပင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်သွားစေ၏။

ဘုန်း!

တိုက်ခိုက်နှုန်း မျိုးစုံမှာ လေထုထဲတွင် ပေါက်ကွဲသွားကြသည်။

ပုဟွားကျောင်းတစ်ခုလုံးမှာ အရောင်အသွေးစုံတိုက်ပွဲကွင်းပြင်ပင်ဖြစ်လာတော့သည်။

ရှီချန်းလင်နှင့် အခြားလူများမှာ မကြုံစဖူးပြိုင်ဘက်များနှင့်ပင်ရင်ဆိုင်နေရသည်။ ၎င်းတို့မှာ တိုက်ပွဲရာချီကြုံတွေ့ခဲ့ဖူးပါသော်လည်း တစ်ဖက်၏စွမ်းအားကြီးသော ကျင့်ကြံခြင်း၏ဖိအားဒဏ်ကို မခုခံနိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။

၎င်းတို့မှာ ဗုဒ္ဓဂိုဏ်းသားများအား အရူးအမူးသတ်နေရင်းဖြင့် အမည်မဲ့ဂိုဏ်းအတွက် ဗုဒ္ဓဂိုဏ်းစွမ်းအားကို ပိုမို စားသုံးချင်လာကြချိန်တွင် အသံတစ်သံမှာ ကောင်းပင်မှ ရုတ်တရတ်ထွက်ပေါ်လာသည်။

"အမိတာဘ! ရှန်ဇိုင်း ရှန်ဇိုင်း! ယောက်ျားသားတပည့်တို့ မင်းတို့ကိုအကောင်းဆုံးဆုတောင်းပေးပါတယ်။"

"နောက်ထပ် ဗုဒ္ဓဂိုဏ်းပညာရှင်လား?"

ရှီချန်းလင်၏နှလုံးအိမ်မှာ ချက်ချင်းပင်အေးစက်သွားတော့သည်။ သေစမ်း၊ ဒီတစ်ခါတွင် သူဟာတကယ်ပင်သေဆုံးရတော့မည်။

မျှော်လင့်မထားစွာဖြင့် ဗုဒ္ဓဂိုဏ်းအသံထွက်ပေါ်လာပြီးနောက်တွင် ရွှေရောင်ဗုဒ္ဓအလင်းတစ်ပြမှာ ချက်ချင်းပင် ပုဟွားကျောင်းမှ ခင်းကျင်းထားသောချိတ်ပိတ်အစီအရင်အားရိုက်ခတ်သွားတော့သည်။

ဘုန်း!

တစ်ခဏအတွင်းမှာပင် ကြီးမားသောအပေါက်ကြီးတစ်ပေါက်က ဗုဒ္ဓဂိုဏ်းအစီအရင်တွင် ထွက်ပေါ်လာတော့သည်။

ဗုဒ္ဓဂိုဏ်းအစီအရင်၏အားနည်းချက်မှာ ဗုဒ္ဓကျင့်စဉ်များပင်ဖြစ်၏။

ကျင့်စဉ်နိယာမအရ တူညီသောလိင်က အချင်းချင်းဆွဲငင်ကြပြီး မတူညီသောလိင်က အချင်းချင်း တွန်းကန်ကြသည်။ ဗုဒ္ဓဂိုဏ်းကျင့်စဉ်များမှာ ဗုဒ္ဓဂိုဏ်း၏အစီအရင်များကိုဝင်ရောက်ရန် အင်မတန်လွယ်ကူလှချေသည်။ ဝင်ရောက်ပြီးနောက်တွင် ဗုဒ္ဓကျင့်စဉ်မှာ ချက်ချင်းပင် တိုက်ခိုက်မှုအဖြစ်တန်ပြန်လာလျှင်ပင် အစီအရင်အတွင်း၌အလွယ်တကူပင် ပျက်ပြယ်သွားနိုင်၏။

ထိုပြစ်ချက်ကြောင့် ဗုဒ္ဓဂိုဏ်းမှာ အစီအရင်များကိုလေ့လာရန် ရှားသည်ပင်။

ဗုဒ္ဓဂိုဏ်းအစီအရင်ရှိ စုတ်ပြဲနေသောအပေါက်ကြီးအား ကြည့်ရင်းဖြင့် ဗုဒ္ဓဂိုဏ်းပညာရှင်များမှာ ကြောင်အသွားကြတော့သည်။ ရှီချန်းလင်နှင့် အခြားလူများမှာလည်း ကြောင်အသွားသည်။

ဘာတွေဖြစ်နေတာလဲ?

အဲ့ဒါကဗုဒ္ဓဂိုဏ်းသားတစ်ယောက်မဟုတ်ဘူးလား? သူကရှင်းရှင်းလင်းလင်းကြီးကို ဗုဒ္ဓကျင့်စဉ်တစ်ခုသုံးလိုက်တာလေ!

ဘာလို့ ဗုဒ္ဓဂိုဏ်းပညာရှင်တွေကလည်း ဗုဒ္ဓဂိုဏ်းကိုတိုက်ခိုက်ချင်နေရတာလဲ?

အားလုံးမှာ ပဟေဠိဖြစ်နေကြချိန်တွင် သင်္ကန်းရုံထားသော ပုံရိပ်တစ်ခုက ခဏအကြာ၌ ချက်ချင်းဆင်းသက်လာတော့သည်။

"ညီအစ်ကိုတို့၊ သတ်ကြ! ကတုံးတွေအားလုံးကိုသတ်ကြ!'

ပုဟွားကျောင်းမှ အားလုံး : "..."

ရှီချန်းလင်နှင့် အခြားလူများ : "..."

လုံကွမ်းမှာ ကတုံးတပည့်များအုပ်စုကို ဦးဆောင်ကာ ပု‌ဟွားကျောင်းတပည့်များအား အရူးအမူးသတ်နေ၏။

ခေတ္တမျှ ကြောင်အပြီးသည်တွင် ရှီချန်းလင်မှာ ကူရာမဲ့စွာ ဆဲရေးမိလိုက်၏။

"သေလိုက်ပါတော့! ဒါ ဆရာတူအကိုလုံကွမ်းမဟုတ်လား?"

ထိုအခါမှသာ ၎င်းတို့ဟာတုံ့ပြန်လာကြသည်။ ယခုရောက်ရှိလာသူသည် ရှေးဟောင်းတောင်နယ်နိမိတ်၏ ရှေးဟောင်းနဂါးဧကရာဇ်—လုံကွမ်းပါပင်။

"ဆရာတူအစ်ကိုလုံကွမ်း၊ ဘယ်လိုဖြစ်ရတာလဲ? ဘာလို့ခင်ဗျားက သင်္ကန်းကြီးရုံထားပြီး ဆံပင်တွေပါရိတ်ထားရတာတုန်း?"

"ဒါကငါ့ကိုယ်ငါဖုံးကွယ်တဲ့ နည်းလမ်းအလန်းစားပဲ! ငါသာ ဘုန်းတော်ကြီးတစ်ယောက်ဟန်ဆောင်လိုက်တာနဲ့ အမည်မဲ့ဂိုဏ်းကဆိုတာ ဘယ်သူမှသိမှာမဟုတ်တော့ဘူးလေ။"

လုံကွမ်းမှာ အကြိမ်ပေါင်းသန်းချီလောက် ၎င်းအား ဆင်ခြေတစ်ခုအဖြစ်သုံးခဲ့သည်။ မတတ်နိုင်ပါချေ။ သူဟာနတ်ဘုရားလောကသို့ရောက်ရှိလာပြီးနောက်တွင် ဗုဒ္ဓဂိုဏ်းသို့ဝင်ရောက်ကာ မက်မွန်ပွင့်ဘုန်းကြီးကျောင်း၌ ဗုဒ္ဓလမ်းစဉ်အားကျင့်ကြံခဲ့ပါသည်ဟု မည်သူ့ကိုမှမပြောနိုင်ပါချေ။

"သေစမ်း! ဆရာတူအစ်ကိုလုံကွမ်း၊ တကယ်ကောင်းတဲ့အစီအစဉ်ပဲ!"

"မင်းတို့ကောင်တွေဘာကိုစောင့်နေတာလဲ? လာပြီးတော့ ငါနဲ့အတူတူ ဒီကတုံးကောင်တွေကိုသတ်ကြစို့!"

***

All Chapters