အခန်း (၃၄၆-၃၅၀)
Vol. 24 Ch. 346-350
အပိုင်း ၃၄၆ ဘာကြောင့် အဲ့ကောင်စုတ်လေးတွေပြန်မလာရသေးတာလဲ?
"ကျွန်မနားလည်ပါပြီ၊ ရှင်းနျန်။ ဒါကရှင် အပြင်မှာတစ်ယောက်တည်းနေဖို့ အရမ်းအန္တရာယ်များလို့ပါ။ အရင်ဆုံးရှင့်ကိုကျွန်မရဲ့ နက်နဲမှုအဆင့်တိုက်ပွဲချပ်ဝတ်ကိုအရင်ဝတ်ပေးခွင့်ပြုပါ။ ဒါနဲ့ဆိုရင် ရှင်လည်း ရှင့်ကိုယ်ရှင် ကာကွယ်ဖို့သုံးနိုင်ပြီ။"
"နက်နဲမှုအဆင့်တိုက်ပွဲချပ်ဝတ်? မြန်မြန်ထုတ်ပြီး ငါ့ကိုကြည့်ခွင့်ပေးပါဦး။"
တစ်ဖက်လူမှာ စုန့်ရှင်းနျန်အားမြန်မြန်ပင် ချပ်ဝတ်အားလက်လွှဲလိုက်သည်။ စုန့်ရှင်းနျန်မှာ ၎င်းကိုမြင်သည်တွင် သူ၏အမူအရာမှာ တမုဟုတ်ချင်းပြောစရာမဲ့သွား၏။
"ဒါက မိန်းမချပ်ဝတ်ကြီးမဟုတ်လား? ဒါက ဝတ်ရုံဆိုရင်တောင် လက်ခံနိုင်သေးပေမယ့် ချပ်ဝတ်ရဲ့ ရင်ဘန်နေရာမှာ ပန်းကန်လုံးပုံ အချွန်ကြီးနှစ်ခုတောင်ပါသေးတယ်။ ဒါကငါနဲ့လုံးဝကိုမကိုက်ဘူး။"
"အာ...ဒါပေမယ့်ကျွန်မမှာ ဒီနက်နဲမှုအဆင့်ချပ်ဝတ်ပဲရှိတာ။ ဒါကလွဲရင် ကျန်တာက နတ်ချပ်ဝတ်တန်ဆာတွေချည်းပဲ။"
"ဒါဆိုလည်း အရင်ဆုံးငါ့ကို နတ်ချပ်ဝတ်တန်ဆာ ၈ခုကနေ ၁၀ခုလောက်ပဲပေးစမ်းပါ။ ဒါတွေကိုအရင်ဝတ်လိုက်မယ်။"
"ရှစ်ခုကနေဆယ်ခုအထိ? ရှင်ဝတ်လို့ရတဲ့ ချပ်ဝတ်အရေအတွက်က လေးခုကနေငါးခုအထိပဲလေ!"
"ဒါတွေကို တလှည့်စီဝတ်လို့မရဘူးလား? နေ့တိုင်းအသစ်တစ်ခုဝတ်လို့မရဘူးလား? ပြီးတော့ ဆရာတူအစ်ကိုရဲ့ချပ်ဝတ်က ငါ့ကိုကာကွယ်ဖို့နဲ့ ကွဲသွားတယ်။ သူ့ကိုလည်းနည်းနည်းပေးလို့ရတယ်။"
"အိုး၊ အိုး၊ ကျွန်မသိပြီ။ တကယ်ကိုပဲ"
...
မကြာမီတွင် စုန့်ရှင်းနျန်မှာ နတ်ချပ်ဝတ်တန်ဆာအနည်းစုအား ယူဆောင်လာပြီး ကောင်းကင်မှာ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။
လီချန်းရှန်မှာ မျက်လုံးများပြူးကျယ်သွားကာ မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။
"မင်းဒါတွေကိုဘယ်ကရလာတာလဲ? ဒါတွေက အရမ်းထူးကဲမနေဘူးလား?
စုန့်ရှင်းနျန်မှာ ခပ်ရေးရေးပြုံးလိုက်ကာ သူ့ထံသို့ နတ်ချပ်ဝတ်တန်ဆာ သုံးခုခန့်ပစ်လိုက်သည်။
"ဒါကကူညီလို့မရနိုင်ဘူး။ ကျွန်တော်ဒီလောက်ရုပ်ချောနေဖို့ ဘယ်သူကများတောင်းဆိုခဲ့တာလဲ? ရုပ်ချောတဲ့လူတစ်ယောက်က ဘယ်နေရာသွားသွား နတ်ဘုရားလိုဖြစ်တည်မှုပဲ။"
"အံ့ဖွယ်ပဲ! ဆရာတူညီလေးကို ဒီလိုထူးချွန်နေမယ်လို့ မထင်ထားခဲ့ဘူး။ ဒီနေ့ကစပြီး မင်းအပေါ် ငါ့အမြင်တွေက ခြားနားသွားပြီ။"
"သိုသိုသိပ်သိပ်ဆက်နေပါ။"
လင်းရှင်းယွဲ့မှာ စုန့်ရှင်းနျန်အား ပြောစရာမဲ့စွာကြည့်လိုက်သည်။
သူဟာမိန်းမတစ်ဦးအားမှီခိုနေလျှင်တောင်ပင် ဤမျှထိ အရှက်မဲ့လှသည်ကို တွေးရသည်မှာ။
သို့သော် သူမဟာ စုန့်ရှင်းနျန်မှ အဘယ်ကြောင့် ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်း၏ဂိုဏ်းချုပ်ဆီမှ နှစ်သက်ခြင်းကိုခံရသလဲအား နားမလည်ပါချေ။
ယုတ္တိကျကျပြောရလျှင် စုန့်ရှင်းနျန်မှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ပါရမီရှင်က ပါရမီရှင်ဖြစ်ဆဲပင်။ သူဟာ စစ်မှန်စွာ ထိပ်တန်းအရည်အချင်းရှိပညာရှင်အဖြစ်သို့ မရင့်ကျက်ခင်တွင် သူ၏တန်ဖိုးမှာလည်း အကန့်အသတ်ရှိပေ၏။!
ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းချုပ်မှာ ထူးကဲတဲ့ဝါသနာတချို့ရှိတာများဖြစ်နိုင်မလား?
သို့ရာတွင် တစ်ဖက်လူတွင် ထူးခြားသောအကြိုက်တစ်ချို့ရှိနေပါလျှင် စုန့်ရှင်းနျန်မှာ ထိုလူအားမနှစ်သက်သင့်ပေ။
သူ့လိုမျိုး ပါရမီရှင်မှာ အင်မတန်ဂုဏ်ရှိသည်။ သူဟာအဘယ့်ကြောင့် ထိုသို့သောလူဖြင့် ရှိနိုင်ရသနည်း?
အတိတ်တွင် လူတစ်ယောက်မှာ ကျင့်ကြံပြီး ပိုမိုသန်မာလာလျှင် ၎င်းနှင့် ထိုကမ္ဘာ၏ဆက်ဆံရေးမှာ တိုးလာလိမ့်မည်ဟု ကြားသိခဲ့ရသည်။ အဆုံးတွင် သူတို့၏ဆက်ဆံရေးမှာ ၎င်းတို့အနီးရှိလူများကိုသက်ရောက်စေလိမ့်မည်။
ထိုဆက်ဆံရေးမှာ ကံကြမ္မာဟုခေါ်ကြသလို ဘေးဥပဒ်ဟုလည်းခေါ်ကြသည်။
ဤသည်မှာ ထိုအရာကြောင့်ဖြစ်နေနိုင်လား?
ပုရွက်ဆိတ်များ၏ကံကြမ္မာမှာ ကောင်းကင်ဘုံ၏အဆုံးအဖြတ်ကို ခံယူရန်အရည်အချင်းမပြည့်မီပေ။ သို့သော် ဒါက နတ်ဘုရားများအတွက် ကိစ္စမဟုတ်ပါချေ။ ပြောရလျှင် နတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်များမှာ အမတတန်ခိုးရှင်များဖြစ်လာမည့်ဆဲဆဲတည်ရှိမှုများဖြစ်ကြသညါပင်။
၎င်းတို့၏ကံကြမ္မာကို ကောင်းကင်ဘုံမှသတ်မှတ်ထား၏။
ထိုသို့ဆိုလျှင် လင်းရှင်းယွဲ့မှာ ဤအခြေအနေအားပိုမိုကောင်းစွာ နားလည်နိုင်သည်။
ဒါဟာစုန့်ရှင်းနျန်သည် ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းချုပ်အတွက် အရေးပါသောကြောင့်ပင်။
သို့သော် စုန့်ရှင်းနျန်မှာ ပါရမီရှင်အကြီးစားတစ်ယောက်၏ပြန်လည်မွေးဖွားလာခြင်းလည်းဖြစ်နိုင်သည်ပင်။
သူဟာယခင်ဘဝက ကောင်းကင်ဓားသွားစင်မြင့်ဂိုဏ်းချုပ်၏ချစ်ရသူပင်ဖြစ်နိုင်၏။
ဤသို့ဆိုလျှင် နားလည်နိုင်ပါသည်။
"ဒါကအခုအချိန်မှာ အရေးကြီးဆုံးမဟုတ်ဘူးလို့ထင်တယ်။ ငါတို့မြန်မြန်ထွက်သွားသင့်ပြီ။ ငါတို့အခုပဲ ဗုဒ္ဓဂိုဏ်းပညာရှင်နှစ်ယောက်ကိုသတ်လိုက်တာလေ။ သူတို့လာပြီး စုံစမ်းကြမှာပဲ။"
လီချန်းရှန်မှာခေါင်းငြိမ့်လိုက်သည်။
ဤတစ်ကြိမ်၌တစ်ဖက်လူအားအနိုင်ယူလိုက်နိုင်ခြင်းမှာ စုန့်ရှင်းနျန်မှာ စွမ်းအားကြီးသော ကမ္ဘာငယ်ကိုဆင့်ခေါ်လိုက်ခြင်းကြောင့်ပင်။
သူသာ ၎င်းအားထပ်မံလုပ်ဆောင်ရမည်ဆိုပါလျှင် မည်သည်များဖြစ်ပွားမည်ကို တကယ်ပင်မပြောနိုင်ပါချေ။
...
သူတို့အုပ်စု ဖြတ်သန်းသွားပြီးနောက်တွင် ကောင်းကင်၏ထောင့်တစ်နေရာမှ စတင်ကာ အားနည်းသောအပြောင်းအလဲများ ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။
ထို့နောက်တွင် သက္ကန်းအနီတောက်တောက်ဝတ်ဆင်ထားသော ဗုဒ္ဓဂိုဏ်းသားတစ်ယောက်မှာ ဖြည်းညင်းစွာပေါ်လာ၏။
"ထူးဆန်းတယ်၊ ဟွေ့ရှီနဲ့ဟွေ့ဝူရဲ့ရောင်ဝါတွေက တကယ်ကြီးပျောက်သွားပြီ။ သူတို့နှစ်ယောက်ကို ဘယ်သူကသတ်လိုက်တာလဲ?"
"ထိပ်တန်းအရည်အချင်းရှိတဲ့ဆရာကြီးများဖြစ်နိုင်နေမလား?"
"ဒီလိုဆိုရင်တော့ ငါဂရုစိုက်မှရမယ်။"
"ထားပါတော့ ငါအရင်ဆုံး အားမနာနေတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဂိုဏ်းကလည်း ငါဘာလုပ်နေလဲဆိုတာကိုမှမသိတာ။ ဟွေ့ကွမ်းနဲ့ ဟွေ့ဟိုင်ကိုပဲ အရင်ဆုံးအဲ့ဒီလူတွေနဲ့ ရင်ဆိုင်ခိုင်းပြီးတော့ သူတို့အာရုံကိုဆွဲထားခိုင်းရမယ်။"
"သူတို့ထပ်မထိန်းနိုင်တော့တဲ့အချိန်မှ ပေါ်ထွက်လာဖို့အခွင့်ကောင်းယူပြီး အဲ့ဒီလူတွေကို တစ်ချက်တည်းနဲ့အမှောက်သိပ်ရမယ်။
"ငါကတကယ့်ဉာဏ်ကြီးရှင်ပဲ။ ဟီးဟီးဟီး..."
...
ရက်အနည်းငယ်မှာပင် ဖိဂုလျန်မှာ ကောင်းကင်ပင်လယ်မြို့တော်အနီးသို့ရောက်ရှိလာခဲ့သည်။
"ဟစ်~! ဒါကကောင်းကင်ပင်လယ်မြို့တော်လား? ဒါကအရမ်းရဲဝံ့တာပဲ! အဝေးကနေကြည့်တာတောင် သိပ်သည်းတဲ့မသေမျိုးစွမ်းအားတွေကိုခံစားရတုန်းပဲ။ ဒါက ငါကိုယ်တိုင် နတ်မိမယ်နယ်မြေကိုရောက်နေသလိုပဲ။ နတ်ဘုရားလောကက သခင့်ရဲ့ဘိုးဘေးနယ်မြေက မျှော်လင့်ထားသလိုပါပဲ!"
၎င်းမှာ ကောင်းကင်ပင်လယ်မြို့တော်အတွင်းသို့ ဂရုတစိုက်လှမ်းဝင်လာခဲ့ပြီး အလွန်သိုသိုသိပ်သိပ်နေလေတော့သည်။
ဤနေရာမှာ ၎င်း၏သခင်နေထိုင်ရာနေရာဟု သိထားခဲ့ရသည်။ ဤနေရာတွင် ထိပ်တန်းပါရမီရှိကြီးများ ရှိနေနိုင်မလားကို မည်သူသိနိုင်ပါမည်နည်း?
ဒီတိုင်းတွေ့ရသော လူတစ်ယောက်သည်ပင် လက်ဝါးတစ်ချက်ဖြင့် သတ်ရန်လုံလောက်သည်အထိ စွမ်းအားကြီးနိုင်လေသည်။
သို့သော် ဝင်ရောက်ပြီးနောက်တွင် ဖိဂုလျန်မှာ မထိန်းနိုင်ဘဲ အတန်ငယ်ပဟေဠိဖြစ်သွား၏။
ဘာလို့ ဒီနေရာကလူတွေရဲ့ကျင့်ကြံဆင့်တွေက အရမ်းမြင့်တဲ့ပုံပေါ်မနေရတာလဲ?
ဥပမာဆိုရလျှင် လမ်းပေါ်မှ လူသွားလူလာအချို့မှာ သူ၏ကျင့်ကြံဆင့်နှင့်ပင် တူညီနေပုံပေါ်သည်။ အချို့မှာ စစ်မှန်သောနတ်ဘုရားအဆင့်ပင်မဟုတ်ဘဲ သူ့ထက်ပင် ပိုမိုအားနည်းနေသေးသည်!
"ငါနေရာများမှားလာတာလား? ဒီကောင်းကင်ပင်လယ်မြို့တော်မှာ အားနည်းတဲ့လူတွေအတော်များတာပဲ!"
မျက်ခုံးများ အတန်ငယ်မြင့်တက်သွားကာ ဖိဂုလျန်မှာ တိတ်တဆိတ်ပင် လမ်းရှိထောင့်တစ်ခုသို့ရောက်ရှိသွားကာ တိုင်တစ်ခုထောင်နေသော ကျင့်ကြံသူလေးတစ်ဦးအား ရှာတွေ့သွား၏။
"ညီအစ်ကို၊ ကျုပ်မင်းကိုမေးစရာတစ်ခုရှိလို့ပါ!"
"မေးပါ၊ ပြဿနာမရှိပါဘူး။"
"ဒီကောင်းကင်ပင်လယ်မြို့တော်မှာ လုမျိုးနွယ်စုလို့အမည်တွင်တဲ့ မျိုးနွယ်စုတစ်ခုများရှိသလားဗျ။"
တစ်ဖက်လူ၏မျက်လုံးများမှာ အတန်ငယ်ရွေ့လျားသွားသော်လည်း သူ၏မျက်နှာအမူအရာမှာမူ တည်ငြိမ်နေ၏။
"မရှိပါဘူး၊ ကျုပ်က ကောင်းကင်ပင်လယ်မြို့တော်မှာနှစ်ပေါင်းများစွာနေလာခဲ့ပြီး လုမျိုးနွယ်စုကိုတော့ မကြားဖူးပါဘူး။"
"ငါတကယ်မှားယွင်းသွားတာပဲဖြစ်နိုင်လား? ကောင်းကင်ပင်လယ်မြို့တော်က သခင့်ရဲ့မျိုးနွယ်စုမရှိဘူးလား? ဒါမှမဟုတ် တချို့အကြောင်းအရင်းလေးတွေများရှိနေတာလား?"
ဖိဂုလျန်မှာ ပဟေဠိဖြစ်နေပြီး ချက်ချင်းပဲ နောက်ထပ်တစ်ယောက်အားမေးလိုက်သည်။
လမ်းဘေးဈေးသည်မှာ ချက်ချင်းပင်တစ်ဖက်သို့ လှည့်ကာထွက်သွား၏။
ဖိဂုလျန်မှာ တစ်ဆက်တည်းနှင့် လူမြောက်များစွာကိုမေးခဲ့ပါသော်လည်း မည်သူမှ လုမျိုးနွယ်စုမှာ ဤနေရာ၌ရှိသည်ဟု မဆိုကြပါချေ။
၎င်းမှာ သူ့အား အတန်ငယ်စိတ်ဓာတ်ကျစေသည်။
"လုမျိုးနွယ်စုကတကယ်တော့ ကောင်းကင်ပင်လယ်မြို့တော်မှာ မရှိပုံပါပဲ။ ဟင်း၊ ငါဒီနေရာကို ဘာမှမဟုတ်ဘဲ ရောက်လာခဲ့တာပဲ။"
သူ၏ခေါင်းကိုခါရင်းဖြင့် ဖိဂုလျန်ဟာ ကောင်းကင်ပင်လယ်မြို့တော်မှာ ထွက်ခွာရန်ပြင်လိုက်သည်။
သို့သော် ထိုသို့တွေးမိပြီး ကောင်းကင်ပင်လယ်မြို့တော်အား မထွက်ခွာနိုင်ခင်တွင် မတော်တဆတစ်ခုဖြစ်သွားခဲ့၏။
ပထမဆုံး ပုံရိပ်အချို့မှာ ၎င်း၏အရှေ့တွင် တိတ်တဆိတ်ပိတ်ဆို့ထားကြသည်။ ဖိဂုလျန်၏နှလုံးမှာ ရပ်တန့်သွားပြီး သူဟာ ပြန်လှည့်ရန်ပြင်လိုက်၏။ အဆုံးတွင် သူ့အား အနောက်မှလည်းပိတ်ဆို့ထားကြသည်ပင်။
သူဟာကောင်းကင်မှပျံပြေးချင်ပါသော်လည်း ကောင်းကင်တွင် ပုံရိပ်အနည်းငယ်ကိုတွေ့လိုက်ရသည်။
ဖိဂုလျန်၏နှလုံးခုန်နှုန်းမှာ တစ်ချက်ချော်သွား၏။
ဘာဖြစ်နေတာလဲ?
ဒီလူတွေက ဘာလုပ်ဖို့ကြိုးစားနေတာလဲ?
တံတွေးမြိုချသံ!
သူဟာတံတွေးမြိုချကာ ချက်ချင်းဆိုလိုက်သည်။
"ညီအစ်ကိုတို့၊ ညီအစ်မတို့ ကောင်းကောင်းပြောကြရအောင်ပါ။ ကျုပ်ကခုမှရောက်လာတာမို့ စည်းမျဉ်းတွေကိုမသိပါဘူး။ တစ်ခုခုနှောင့်နှေးစေခဲ့ရင် ကျုပ်ကိုခွင့်လွှတ်ပေးပါဗျာ."
"မင်းက လုမျိုးနွယ်စုကို ရှာချင်နေတဲ့တစ်ယောက်လား?"
၎င်းတို့ထဲမှတစ်ဦးမှာ ခေါင်းဆောင်နေသော စီစဉ်သူတစ်ယောက်ဖြစ်ပုံရ၏။ သူဟာလူထု၏နောက်ဘက်မှ လျှောက်ထွက်လာကာ ထူးမခြားနားမေးလိုက်သည်။
ဖိဂုလျန်၏နှလုံးမှာရပ်တန့်သွားပြီး ချက်ချင်းပင် အင်မတန်ပျော်မြူးသွား၏။
ဒါကလုမျိုးနွယ်စုက တကယ်ကို ဒီနေရာမှာရှိနိုင်တာလား?
လုမျိုးနွယ်စုက အရမ်းကိုဆန်းကြယ်လို့ မတိုင်ခင်က သူနဲ့တွေ့ဆုံဖို့ သဘောမတူခဲ့တာလား?
ဒါက သတင်းကောင်းပဲ!
သူဟာ ယခုတွင်တကယ်ကို လုံးဝ ယုံကြည်မှုရှိသွား၏!
ဖိဂုလျန်မှာ အခြားလူများအား မကြာခင်တွင် ကယ်တင်ရန် စစ်ကူများ ခေါ်ဆောင်လာမည်ဆိုသည်ကို သိစေချင်နေလေသည်။
ထိုသို့တွေးရင်းဖြင့် သူဟာချက်ချင်းပင်ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။
"မှန်ပါတယ်။ ညီအစ်ကိုတို့ ဒါကကျွန်တော်ပါ။ ကျုပ်က ချစ်စဖွယ်ဖိဂုလျန်လေးပါ။
သူ၏စကားဆုံးသည်နှင့် သူဟာ ကြီးမားသောအနက်ရောင်အဝတ်အိတ်ဖြင့်ဖုံးအုပ်ခံလိုက်ရတော့သည်။
ဖိဂုလျန်:"???"
ဘာတွေဖြစ်နေတာလဲ?
ဘာတွေဖြစ်နေတာလဲ?
ဒါဟာအတော်လေးထူးခြားသည်!
၎င်းတို့မှာ သူ့အားအဘယ့်ကြောင့် ကြီးမားသော အနက်ရောင်အဝတ်အိတ်ကြီးနှင့် လွှမ်းခြုံထားကြသနည်း?
ဝိုး၊ သခင့်ရဲ့ ဇာတိက မျှော်လင့်ထားသလိုပဲ ဒီကလူတွေကလည်း တကယ်ကို နွေးနွေးထွေးထွေးကြိုဆိုပေးကြတယယ်။ တကယ်ကို ဒီနေရာကကောင်းမွန်တဲ့နေရာပဲ။
ဒါက နတ်ပစ္စည်းအဆောင်များလား?
ဒီလိုနဲ့လည်းမတူပါဘူး။ အဲ့ဒီ့မှာ နတ်ပစ္စည်းအဆောင်ရဲ့ ရောင်ဝါလည်းမရှိပါချေ။
သူဟာပဟေဠိဖြစ်နေချိန်တွင် သူ၏ခေါင်းထက်မှ လေးလံသော ရိုက်ခတ်မှုဟာသူ၏ခေါင်းမှ ထွက်မြည်လာပြီး တမုဟုတ်ချင်းပင်သူ၏တစ်ကိုယ်လုံးအား တုန်ရီသွားစေကာ ကမ္ဘာကြီးက လည်နေသလိုပါပင်။
ထိုအခိုက်တွင် တစ်ဖက်လူများမှာ ပြန်ပေးသမားများဟုပင် ကောင်းကောင်းမပြောနိုင်ဘဲ ဖိဂုလျန်တွင် ရှင်သန်ဖို့ရာပင် အခွင့်မရှိတော့ပါချေ။
"အိုင်းယား! ညီအစ်ကိုတို့၊ တိုက်ခိုက်တာကိုရပ်လိုက်ပါ။ ညီအစ်ကိုတော့ ကျုပ်ကိုရပ်နေတာရပ်ပါတော့။ ကျုပ်ကခင်ဗျားတို့ဘက်ကပါ။ ကျုပ်တို့က တူညီတဲ့ဘက်ကပါ။"
ကံမကောင်းစွာပင် သူ့အားမည်သူမှ လုံးဝပင်နားမထောင်ကြပါချေ။ တုတ်ချောင်းမှ ရိုက်နှက်မှုမှာ သေလုနီးပါးပင်ဖြစ်သည်။
…
လုရှောင်ယန်၏ဘက်တွင်မူ ရက်အနည်းငယ်ကျင့်ကြံပြီးနောက် သူဟာ သူ၏တရားထိုင်ခြင်းမှ ထပ်မံနိုးလာ၏။
"ငါ့ရဲ့ကျင့်ကြံဆင့်ကာ တကယ်ကို ထပ်တိုးလာပြီပဲ။ မြန်လိုက်တာ!"
သူ၏ကျင့်ကြံဆင့်မှာ မဟာယနနတ်ဘုရားအရှင် အထွဋ်အထိပ်အဆင့်သို့ပင်ရောက်ရှိနေလေပြီ။ တွန်းအားလေးတစ်ခုဖြင့်သူဟာ အမတနတ်ဘုရားဧကရာဇ်အဆင့်ပညာရှင်ဖြစ်နိုင်တော့ပေမည်။
သို့သော် သူ၏ကျင့်ကြံဆင့်မှာ ရက်အနည်းငယ်အတွင်း၌ပင်တိုးလာခြင်းဖြစ်သည်လား?
သူဟာ သူ၏ကိုယ်ပိုင်ကျင့်ကြံနှုန်းအား ကောင်းမွန်စွာသိထားလေသည်။ ၎င်းမှာ မနှေးကွေးလွန်းပါသော်လည်း အင်မတန်မကောင်းဆိုးရွားဆန်နေသည်အထိလည်းမဟုတ်ပါချေ။
ထိုမကောင်းဆိုးရွားနှယ် အရှိန်မှာ သူ၏စိတ်ကူးထက်ပင် လုံးဝကျော်လွန်နေသည်ပင်။
မဟုတ်သေးဘူး၊ ဒါက သူတပည့်တွေရဲ့ ကျင့်ကြံဆင့်ထပ်တိုးလာလို့ဖြစ်ရမယ်။
မဟုတ်လျှင် သူဟာ ထိုမျှအထိလျင်လျင်မြန်မြန် တိုးတက်သွားမှာမဟုတ်ချေ။
လုရှောင်ယန်မှာ ချက်ချင်းပင် ဝမ့်ခိုက်အား အနီးအနားရှိတပည့်များ၏ ကျင့်ကြံဆင့်ကို ဖွင့်စေလိုက်သည်။
"ဆရာ၊ ကျွန်တော်တို့ အာရုံခံနိုင်တဲ့တပည့်အရေအတွက် ထပ်ပြီးတိုးလာပုံပါပဲ။ ကျွန်တော်အခု စုန့်ရှင်းနျန်ကိုပါ ဆက်သွယ်နိုင်သွားပြီ။"
"စုန့်ရှင်းနျန်ကလည်း သီးသန့်ကျင့်ကြံရာကနေထွက်လာပြီလား? ကောင်းတယ်၊ ငါအခုနောက်ထပ်တပည့်တစ်ယောက်ကို ရှာတွေ့ပြီပေါ့။ သူတို့ ပိုပြီးထွက်လာလေလေ ငါ့အတွက်ပိုပြီးလွယ်လေပေါ့ကွာ။ အဲ့ဒီအချိန်ကျရင် ငါကသူတို့ဆီပြေးသွားပြီး မဟာတာအိုမွေးဖွားခြင်းထဲကို ဝင်လိုက်ရုံပဲ။ ငါအခုဆိုရင် အချိန်ရဲ့အရှိန်ကို သုံးဆအထိညှိနိုင်သွားပြီ။"
ထို့နောက်တွင် သူဟာ ၎င်းတို့ကို အရူးအမူးတိုးမြှင့်ပေးကာ သူတို့၏ကျင့်ကြံဆင့်များကို တိုးစေမည်ပင်။
"အံ့ဩစရာပဲ။"
ဝမ့်ခိုက်မှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့၏ ကျင့်ကြံခြင်းအချက်အလက်များအား အလျင်အမြန်ပင် ဖွင့်ပြလိုက်သည်။
"မဆိုးဘူး။ ဒီစုန့်ရှင်းနျန်ရဲ့ကျင့်ကြံဆင့်က တစ်ရာသောတိုက်ပွဲနတ်ဘုရားပထမအဆင့်ကိုတောင်ရောက်နေပြီပဲ။ သူကတကယ်ကိုမြန်တယ်။"
"ပြီးတော့ အဲ့ဒီချန်းရှန်ရဲ့ကျင့်ကြံဆင့်ကလည်း တကယ်ကို တစ်ရာသောတိုက်ပွဲနတ်ဘုရားပထမအဆင့်ထိ တက်လှမ်းနိုင်သွားပြီပဲ။ မဆိုးဘူး။"
လုရှောင်ယန်၏ နှုတ်ခမ်းထောင့်မှာ အတန်ငယ်ကွေးညွတ်သွားကာ သူဟာ၎င်းတို့၏တိုးတက်မှုအား အင်မတန်စိတ်ကျေနပ်နေ၏။
"ဝမ့်ခိုက်၊ ဝိဉာဉ်ဆင့်ခေါ်ခြင်းကို သုံးလိုက်။"
"ဝိဉာဉ်ဆင့်ခေါ်ခြင်းကို အသက်သွင်းလိုက်ပါပြီ၊ ဒါပေမယ့် တပည့်တွေက အခု အရမ်းအလုပ်ရှုပ်နေပြီး မလာနိုင်ပါဘူး!"
"အလုပ်ရှုပ်နေတယ်? ဘာတွေဖြစ်လို့လဲ?"
"လှုပ်ရှားမှုအချက်အလက်ကိုထုတ်ပေးနေပါပြီ။ တစ်ချက်လောက်ကြည့်လိုက်ပါဦး ဆရာ။"
လုရှောင်ယန်မှာ ၎င်းအားကြည့်ပြီးသည်နှင့် နေရာတွင်ပင် ကြောင်အသွားတော့သည်။
"သေလိုက်ပါတော့!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၄။ အပိုင်း ၃၄၇ ငါနေရာတင်ပဲ ကြောင်အသွားတယ်
[သင်၏တပည့် စုန့်ရှင်းနျန်မှာ ဗုဒ္ဓဂိုဏ်းသားတစ်ဦး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်ယွင်လီကောမှာ လေတိမ်တိုက်လက်သီးဂိုဏ်းချုပ်၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်လီချန်းရှန်မှာ ဗုဒ္ဓဂိုဏ်းသားတစ်ဦး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်ယွင်လီကောမှာ ပျောက်ကွယ်ကန်ချက်မဟာအကြီးအကဲ၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့် စုန့်ရှင်းနျန်မှာ ဗုဒ္ဓဂိုဏ်းသားတစ်ဦး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့် ယွင်လီကောမှာ ကျယ်ချူးသယ်ဂိုဏ်းမြင့်မြတ်သောအပျိုစင်၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့်လီချန်းရှန်မှာ ဗုဒ္ဓဂိုဏ်းသားတစ်ဦး၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
[သင်၏တပည့် ယွင်လီကောမှာ နတ်ဆိုးသားရဲတစ်ကောင်၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပါသည်]
...
မှန်သားပြင်မှာ တပည့်များတိုက်ခိုက်ခံရခြင်းနှင့် ပြည့်လုနီးပါပင်။
လုရှောင်ယန်မှာ လီကော အဘယ့်ကြောင့်တိုက်ခိုက်ခံရသည်ကို နားလည်နိုင်ပါသော်လည်း လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့၏ တိုက်ခိုက်ခံရခြင်းကိုမူ နားမလည်နိုင်ပါချေ။
၎င်းတို့နှစ်ဦးမှာ တောင်မှ သိပ်မကြာသေးခင်ကတင်ကသာ ထွက်ခွာလာခဲ့သည်မဟုတ်ပါလား?
သူဟာထွက်လာကာစလေးပါပင်။ ဘာပဲဖြစ်ဖြစ် ၎င်းတို့မှာ တိုက်ခိုက်ခံရခြင်းဖြစ်ဟန်လည်းမတူပါချေ။
လုရှောင်ယန်မှာ ပဟေဠိဖြစ်နေကာ သူ့အဘိုး၏အသံမှာ အပြင်ဘက်မှထွက်ပေါ်လာ၏။
"ဘိုးဘေး၊ ကျုပ်တို့ ကောင်းကင်ပင်လယ်မြို့တော်ကနေ တင်ပြချက်တစ်ခုရလာခဲ့ပါတယ်။"
"ဘာကိစ္စများလဲ?"
လုရှောင်ယန်မှာ ချက်ချင်းပင် မတူညီသော အိုမင်းကာ နက်နဲသည့်အသံအား စကားဆိုရန်အသုံးပြုလိုက်သည်။
"ဒီနေ့ပဲ လူသားအသွင်နဲ့ နတ်ဆိုးသားရဲတစ်ကောင်က ကောင်းကင်ပင်လယ်မြို့တော်ကိုရောက်လာပြီး ဘိုးဘေးရဲ့အကြောင်းကို စုံစမ်းနေပါတယ်။"
လုရှောင်ယန်မှာ ရပ်တန့်သွား၏။ နတ်ဆိုးသားရဲတစ်ကောင်က သူ့ကိုရှာနေတယ်?
ဒါက အနိမ့်ပိုင်းလောကဆီကများဖြစ်နိုင်မလား?
သူဟာမျက်လုံးများအား အတန်ငယ်မှိတ်လိုက်ကာ သူ၏နတ်ဘုရားအာရုံကိုထုတ်ဖော်လိုက်သည်။
သူ၏လက်ရှိကျင့်ကြံဆင့်မှာ မဟာယနနတ်ဘုရားအရှင်ဘုရင် ဒဿမအထွဋ်အထိပ်အဆင့်သို့ရောက်ရှိနေပြီးဖြစ်သောကြောင့် သူ၏နတ်ဘုရားအာရုံမှာ နယ်မြေကျယ်ကျယ်အားအလွယ်တကူ လွှမ်းခြုံနိုင်နေပြီဖြစ်သည်။
သူ၏နတ်ဘုရားအာရုံအားထုတ်ဖော်ပြီးနောက်တွင် လုရှောင်ယန်မှာ တစ်ဖက်လူ၏ပုံစံအမှန်အား ချက်ချင်းပင်အာရုံခံနိုင်သွားသည်။
ဖိဂုလျန်!
ဒါဟာ ထိုငတုံးဖိဂုလျန်မှလွဲ၍ တကယ်ကိုအခြားသူမဟုတ်ပါချေ။
လုရှောင်ယန်မှာ အတော်လေး စိတ်ပျက်သွား၏။
သူဟာ ရှေးဟောင်းနဂါးဧကရာဇ်၊ လိပ်နက် ဒါမှမဟုတ် မီးငှက်ဇာမဏီတို့နှင့်တွေ့ရပါလျှင် အင်မတန်အံ့ဖွယ်ကောင်းပေမည်။
သူ နတ်ဘုရားလောကအား လာရောက်ချိန်တွင် ဖိဂုလျန်သည်ပင် မရောက်သေးဟန်ပေါ်ပါသည်။
ဒါ့အပြင် လုရှောင်ယန်မှာ ဖိဂုလျန်မှာ ယခုမှသာ စစ်မှန်သောနတ်ဘုရားပထမအဆင့်သို့ သနားချင့်စဖွယ်နိမ့်ကျလောက်အောင် ရောက်နေသေးသည်ကို အာရုံခံမိလိုက်သည်။
သူအားပို၍ပြောစရာမဲ့စေသည်မှာ ဖိဂုလျန်မှာ အရှင်လတ်လတ် ရိုက်နှက်ခံထားရ၏။
ကောင်းကင်ဘုံမှာ အဘယ့်ကြောင့် သူ့အားပိုမိုထူးကဲသည့်တစ်ယောက်ကိုသာ မပို့ပေးရသနည်း? နောက်ဆုံးတွင် သူဟာ ပျိုးထောင်ရန် အားကောင်းသောတစ်ယောက်ကို လိုချင်ပြီး ထိုမှသာ သူ၏နံဘေးတွင် ပိုမိုအသုံးဝင်သော လူ သို့မဟုတ် နတ်ဆိုးများ ရှိမည်ဖြစ်သည်ပင်!
သေလိုက်ပါတော့။
"ဒါကအဆင်ပြေပါတယ်။ သူကဖော်ရွေတဲ့နတ်ဆိုးလေးပါပဲ။ သူ့ကို ဒီနေရာခေါ်လာခဲ့ပေး။"
"သိပါပြီ!"
မကြာမီတွင် ဖိဂုလျန်အား လုမျိုးနွယ်စုဘိုးဘေးနယ်မြေရှိ လုရှောင်ယန်၏အခန်းတွင်းသို့ ပို့ဆောင်လိုက်ကြသည်။
လုရှောင်ယန်မှာ သူ၏လက်ချောင်းအား ဆန့်ထုတ်လိုက်ပြီး နတ်ဝိဉာဉ်စွမ်းအားကိုဖိဂုလျန်၏ ကိုယ်တွင်းသို့ဝင်ရောက်စေလိုက်ကာ ၎င်းမှာချက်ချင်းပင် သတိရလာသည်။
ဖိဂုလျန်မှာ မတ်တပ်ရပ်လိုက်ရာ ယိမ်းထိုးသွားပြီးသည်နှင့် အလျင်စလိုပင် ဒူးထောက်ဂါရဝပြုလိုက်သည်။
"အားလုံးပဲ၊ ကျုပ်ကိုလွှတ်ပေးကြပါ။ ကျုပ်မှားသွားပါတယ်။ ကျုပ်ထပ်ပြီး လုမျိုးနွယ်စုကို မရှာတော့ပါဘူး။ ကျုပ်ကိုသွားခွင့်ပေးပါ။ ကျုပ်က နတ်ဆိုးငယ်လေးတစ်ကောင်ပါပဲ။ ကျုပ်က လုမျိုးနွယ်စု တစ်ယောက်ကိုမှမသိပါဘူး။ ကျုပ်လည်း အနားကတခြားလူတွေကိုမေးကြည့်နေတာပါ။ ဘယ်သူကအဲ့ဒီ လုမျိုးနွယ်စု ဘာဆိုတာကိုသိမှာတဲ့လဲ?"
လုရှောင်ယန် : "..."
တစ်ခဏအကြာတွင် မည်သူမှလည်းမတိုက်လိုက်ဘဲ မည်သည့်အသံကိုမှလည်း မကြားရသောကြောင့် ဖိဂုလျန်မှာ ချက်ချင်းမျက်မှောင်ကျုံ့မိသွားကာ တိတ်တဆိတ်မော့ကြည့်လိုက်၏။
ထို့နောက်တွင် လေထုမှာ သေလုအောင်တိတ်ဆိတ်သွား၏။
တစ်ခဏကြာပြီးနောက်တွင် ဖိဂုလျန်မှာ သူ၏မျက်လုံးများထဲတွင် မျက်ရည်များပြည့်လျက်ဖြင့် ချက်ချင်းခုန်အုပ်လိုက်သည်။
"သခင်၊ ဝူးဝူးဝူး၊ ကျွန်တော်နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ။ ဝူးဝူးဝူး..."
လုရှောင်ယန်မှာ ၎င်းအားကန်ထုတ်လိုက်သည်။
"မင်းကို အရင်က သမင်သားအဖြစ်ချက်စားလိုက်ရမှာ! မင်း ခွေးကောင်။"
ဖိဂုလျန်၏မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်သွား၏။
"သခင်၊ ကျွန်တော့မှာလည်း ရွေးစရာမရှိလို့ပါ။ အခု ကျွန်တော်က လုမျိုးနွယ်စုအကြောင်းမေးမြန်းခဲ့တာဆိုပေမယ့် အရှင်လတ်လတ်အနှိပ်စက်ခံရပြီး သူတို့တွေက စတူးတောင်လုပ်စားလုနီးပဲ!"
"အေးပါ၊ အေးပါ၊ ထားလိုက်ပါတော့။ မင်းငါ့ကိုဘယ်လိုရှာတွေ့တာလဲ?"
"ပြောရမှာတော့ ရှည်ပါတယ် သခင်။ ပြောရရင် ဒီမနက်က..."
"ရပ်လိုက်၊ ငါ့ကိုအရေးကြီးတဲ့ဟာပဲ အသေးစိတ်ပြော"
"အာ...တကယ်တော့၊ ကျွန်တော်က နတ်ဘုရားလောကကို လောင်ထိုင်နဲ့အတူရောက်လာခဲ့တာ။ ပြီးတော့ ကျင့်ကြံခြင်းရင်းမြစ်တွေရဖို့အတွက် ကျွန်တော်တို့နှစ်ယောက် အခြားလူတွေဆီကနေ လုယက်ကြတယ်။"
လုရှောင်ယန်:"..."
"လုယက်တယ်? မင်းတို့နှစ်ယောက်တည်းနဲ့လေ? တခြားလူတွေကိုလုတယ်ပေါ့? အခြားတစ်ခုရော မဖြစ်နိုင်နေဘူးလား။"
"အာ...မဟုတ်ပါဘူး၊ ကျွန်တော်တစ်ယောက်တည်းကပဲ လုယက်တာပါ။ လောင်ထိုင်က တောင်ပေါ်မှာ ဆန်းကြယ်ချင်ယောင်ပဲဆောင်ရပြီး အဲ့ဒါနဲ့ပဲ လူတွေက ကျွန်တော့နောက်မှာ ပညာရှင်တစ်ဦးရှိတယ်လို့ ထင်ကြတာပါ။"
တစ်ခါရပ်တန့်ပြီးနောက် သူဟာစကားဆက်လိုက်သည်။
"ဒီနေ့၊ ကျွန်တော်တို့နှစ်ယောက် ပုံမှန်လိုပဲ ဗုဒ္ဓဂိုဏ်းအဖွဲ့တစ်ခုကို လုယက်ခဲ့တယ်။ ပြီးတော့ သခင်မလေး ငါးကို ဗုဒ္ဓဂိုဏ်းအကျဉ်းရထားတွဲအထဲမှာချုပ်နှောင်ထားတာတွေ့လိုက်ရတယ်။ သူမကို သုတ်သင်ဖို့အတွက် နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲမှာ ဆင်နွှဲဖို့ခေါ်ဆောင်သွားတယ်။
"အဲ့ဒါနဲ့ ကျွန်တော်တို့နှစ်ယောက်လည်း သခင်မလေးငါးကို အတူတူကယ်ဖို့လုပ်ကြတာပေါ့။"
"အဆုံးမှာတော့ တစ်ဖက်အဖွဲ့ကနေ စီနီယာဘုန်းကြီးနှစ်ပါးထပ်ပို့မယ်လို့ မထင်ထားဘူးလေ၊ သူတို့က လောင်ထိုင်နဲ့ သခင်မလေး ငါးကို နေရာမှာပဲဖမ်းမိသွားတယ်။ ကျွန်တော်ပဲလွတ်လာတာ။"
"အဲ့လိုဖြစ်ပြီးချင်းချင်းမှာပဲ မြေအောက်လောကဂိုဏ်းချုပ်က ရထားတွဲထဲမှာ သူ ကောင်းကင်ပင်လယ်မြို့တော်ကိုလာပြီး လုမျိုးနွယ်စုကိုဖျက်ဆီးပစ်မယ်လို့ အော်နေတာကို ကြားလိုက်ရတာပဲ။ ဒါကြောင့် ကျွန်တော်ဒီကိုရောက်လာတာ။"
ဖိဂုလျန်၏စကားများအားကြားပြီးနောက်တွင် လုရှောင်ယန်မှာ နေရာ၌ပင်ကြောင်အသွားတော့သည်။
ဘာတွေဖြစ်နေတာလဲ?
အရင်ဆုံး ဖိဂုလျန်နဲ့ လောင်ထိုင်က တစ်ယောက်ယောက်ဆီကနေ လုယက်တယ်။ ပြီးတော့ သူတို့က ဖမ်းခံထားရတဲ့ကျူးကောကျီချုံနဲ့ ကြုံလိုက်ရတယ်။ သူမဖမ်းခံရတာတင်မကဘဲ မြေအောက်လောကဂိုဏ်းက ပညာရှင်တစ်ယောက်ပါ ဖမ်းခံထားရတယ်။
ထို့နောက်တွင် လောင်ထိုင်နှင့် ကျူးကောကျီချုံမှာ မလွတ်မြောက်နိုင်ခင်မှာပဲ ဗုဒ္ဓဂိုဏ်းက အခြားပညာရှင်တွေရဲ့အဖမ်းကိုခံလိုက်ရပြန်တယ်။
ဒီ မသက်ဆိုင်တဲ့ကိစ္စတွေအားလုံးက ဘယ်လို ဆက်စပ်သွားတာလဲ?
လုရှောင်ယန်မှာ တကယ်ကိုမတွေးတောနိုင်တော့ပါပေ။
သို့သော် ထားလိုက်ပါ။ ဤသည်မှာ ယခုတွင် ပြဿနာအသစ်တစ်ခုရှိနေခြင်းကြောင့်ပင်။ လုရှောင်ယန်မှာ ကျူးကောကျီချုံအား ဗုဒ္ဓဂိုဏ်းမှဖမ်းဆီးထားခြင်းကို သိပြီးဖြစ်သည်။
ဒါ့အပြင် သူမဟာ နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲတွင် ပါဝင်ရပေဦးမည်။
သူ၏ခန့်မှန်းချက်မှန်ကန်ပါလျှင် ကျူးကောကျီချုံမှာ ထိုနတ်ဆိုးသုတ်သင်ရှင်းလင်းပွဲတွင် ပါဝင်လိုက်သည်နှင့် အင်မတန်ဒုက္ခများပေလိမ့်မည်။ သူမဟာသေပင်သေနိုင်၏။
ဤသည်မှာ အရေးကြီးဆုံးအရာပါပင်။
သူ့ထံတွင် ရှန်းထီကျောက်ရှင်အမှတ်အသားရှိပြီး ကျူးကောကျီချုံအား ပြန်လည်ရှင်သန်စေနိုင်သည်မှာ မှန်ပါသည်။ သို့သော် ကျူးကောကျီချုံ၏လက်ရှိကျင့်ကြံဆင့်နှင့်ဆိုလျှင် ပြန်လည်ရှင်သန်ရန် မည်မျှကြာမည်ကိုမသိနိုင်ပါချေ။
ဒါဟာ ကျင့်ကြံခြင်းကိုနှောင့်နှေးစေလိမ့်မည်မဟုတ်ပါလား?
ဒါ့အပြင် လုရှောင်ယန်မှာ မည်မျှပင် သိုသိုသိပ်သိပ်နှင့် ငြိမ်းချမ်းစွာ နေထိုင်ရသည်ကို နှစ်သက်ပါသော်ငြားလည်း သူ၏အဖိုးတန်သောတပည့်လေးမှာ သူ၏မျက်စိရှေ့တွင် အနိုင်ကျင့်ခံနေရသည်ကို မကြည့်နိုင်ပါချေ။
ထိုသို့ဆိုလျှင် သူသည် ၎င်းတို့၏ဆရာမည်သို့ဆက်ဖြစ်နေနိုင်ပါမည်နည်း။
မဟုတ်သေးဘူး၊ သူဟာကျူးကောကျီချုံအားကယ်တင်ရမည်။
လုရှောင်ယန်မှာ သူ၏နားထင်များအား ကြမ်းတမ်းစွာ ဆွဲပွတ်လိုက်သည်။
"ဒီလိုဆိုရင်ရော? ငါသွားပြီးမတိုင်ခင်ကတည်နေရာကိုကြည့်လိုက်ရင် သဲလွန်စတစ်ခုခုရှာတွေ့နိုင်တယ်။"
"နားလည်ပါပြီ။ ကျွန်တော့နောက်လိုက်ခဲ့ပါ သခင်။"
လုရှောင်ယန်မှာ သူ့အားဒေါသဖြင့်စိုက်ကြည့်လိုက်သည်။
"ငါတို့သာ အဲ့ဒီကိုရောက်တဲ့အချိန်ဆိုရင် သဲလွန်စတွေအကုန်လုံးကိုဖျောက်ဖျက်ပြီးလောက်ပြီ။"
လုရှောင်ယန်မှာ သူ၏နတ်ဆိုးထိန်းချုပ်နတ်ဘုရားအနုပညာကိုအသုံးပြုကာ ဖိဂုလျန်၏ မကြာမီက မှတ်ဉာဏ်များကို ကြည့်နေလိုက်သည်။ ထို့နောက်တွင် သူဟာချက်ချင်းပင် စစ်မှန်သောအမြင်သုံးပါးကိုအသုံးပြုကာ ကျူးကောကျီချုံနှင့် အခြားလူများအဖမ်းခံထားရသည့် တောင်ကြားသို့နေရာရွှေ့ပြောင်းလိုက်သည်။
"သေစမ်း!"
ဖိဂုလျန်မှာ မထိန်းနိုင်ဘဲ ပျက်ရယ်ပြုလိုက်သည်။ သူဟာ မျက်လုံးများကို ပြူးလိုက်ကာ အနီးတစ်ဝိုက်အား အသေအချာစိုက်ကြည့်လိုက်ပြီး နေရာတွင်ပင် ညစ်ကျယ်ကျယ်ပြောလိုက်သည်။
သခင်ကဒီလောက် အံ့ဖွယ်ကောင်းတာလား?
ထိုနေရာမည်မျှဝေးကွာသည်ကို သူမှလွဲ၍ မည်သူမှ ကောင်းကောင်းမသိနိုင်ချေ။
သူဟာ ကောင်းကင်ပင်လယ်မြို့တော်အားရှာမတွေ့ခင်တွင် နေ့ပေါင်းညပေါင်းများစွာ ပျံသန်းခဲ့ရသည်။ ဒါ့အပြင် သူဟာ ပျံသန်းခြင်းကိုလည်း မရပ်တန့်ခဲ့ပါချေ။
သို့သော် သူ၏သခင်သည် ထိုနေရာသို့အတွေးတစ်ခုတည်းနှင့်ပင် အရောက်သွားနိုင်၏။ သခင့်ရဲ့စွမ်းအားက အရမ်းအံ့ဖွယ်ကောင်းမနေဘူးလား?
လုရှောင်ယန်မှာ ဖိဂုလျန်နှင့် အနှောင့်အယှက်ဖြစ်မနေပါချေ။ သူဟာချက်ချင်းပင် စစ်မှန်သောအမြင်သုံးပါးကို အသုံးပြုကာ အနီးဝန်းကျင်အား စူးစမ်းရှာဖွေတော့၏။
ဒါဟာ စစ်မှန်သောအမြင်သုံးပါးသည် ထာဝရ အရပ်ဆယ်မျက်နှာကဲ့သို့သော စူးစမ်းခြင်းကျင့်စဉ်ကိုစုပ်ယူထားခြင်းကြောင့်ပင်။ ၎င်း၏လုပ်ဆောင်ချက်မှာ သာမန်နတ်ဘုရားအာရုံထက်ပင် ပိုမိုမြင့်မားသေး၏။
မကြာမီတွင် အချင်း မိုင် ၃၀၀အကွာတွင် မည်သည့်ဗုဒ္ဓဂိုဏ်းသားမှရှိမနေသည်ကို အတည်ပြုလိုက်သည်။
သူဟာမြေပြင်သို့ဆင်းသက်လိုက်၏။ အချို့နတ်ဆိုးသားရဲများ၏ အကြွင်းအကျန်များမှာ အခြားသောနတ်ဆိုးသားရဲလေးများ၏စားသောက်ခြင်းကိုခံထားရသည်။
"သခင်၊ ဘယ်လိုလဲ? သခင်မလေး ငါး ဘယ်ရောက်နေပြီလဲဆိုတာကို ရှာတွေ့လား?"
လုရှောင်ယန်မှာ ခေါင်းခါလိုက်၏။
"ငါအခု ဘာမှရှာမတွေ့သေးဘူး။ ကျီချုံရဲ့ ရောင်ဝါကို တစ်ဖက်လူတွေက လုံးဝပိတ်ထားလိုက်ပြီ။ ပြောရရင် တစ်ဖက်အဖွဲ့က ပြင်းထန်တဲ့ အထူးဟင်းလင်းပြင်အမျိုးအစားဓမ္မရတနာတချို့ကို သုံးထားပုံပဲ။"
"အမှန်ပါပဲ။ ကျွန်တော်မြင်ခဲ့ရတာကျ အဲ့ဒီဘုန်းကြီးငယ်လေးက သပိတ်ကို သခင်မလေးငါးနဲ့ နတ်ဆိုးပေါင်းသောင်းချီကို စုပ်ယူဖို့ အသုံးပြုထားတာပဲ။"
"ဒီလိုဆိုရင်တော့၊ ငါတို့ပြဿနာကကြီးပြီ။"
လုရှောင်ယန်မှာ ယခုတွင် ဗောဓိဘုရားကျောင်းအား သွားမည်မဟုတ်ပါချေ။ သူ၏လက်ရှိကျင့်ကြံဆင့်မှာ ဗောဓိဘုရားကျောင်းအား စိန်ခေါ်ရန် အလုံအလောက်အားမကောင်းသေးပါချေ။
တစ်ဖက်အဖွဲ့အစည်းတွင် နတ်ဘုရားအရှင်ဘုရင်အဆင့်ပညာရှင် များစွာရှိ၏။ သူဟာ မဟာယနနတ်ဘုရားအရှင်အဆင့်တွင်သာရှိသေးသည်ပင်။
မဟာယနအရှင်ဘုရင်အဆင့်ဆေးလုံးမှာ အသက်အကြိမ်သုံးဆယ်ရှိုက်စာမျှသာရှိ၏။ ဒါ့အပြင် ဝမ့်ခိုက်မှာ သူ့အား တစ်လုံးသာပေးထားသည်ပင်။
လုရှောင်ယန်၏အင်မတန် သတိထားတတ်သော ကိုယ်ကျင့်စရိုက်နှင့် သူဟာဗောဓိဘုရားကျောင်းသို့သွားရောက်မည်မဟုတ်ပါချေ။
အဆုံးတွင် လုရှောင်ယန်မှာ အလုံအလောက်အားမကောင်းသေးခြင်းကြောင့်ပင်။
သူသာ စွမ်းအားလုံလုံလောက်လောက်ရှိပါလျှင် ၎င်းတို့အား ချက်ချင်းတိုက်ခိုက်ကာ ကျူးကောကျီချုံအား လက်လွှဲပေးရန် ပြောမည်ဖြစ်သည်။
သို့သော် ၎င်းမှာမဖြစ်နိုင်ပါချေ။ နောက်ဆုံးတွင် ထိုဘုန်းကြီး၏ကျင့်ကြံဆင့်မှာ နတ်ဘုရားဧကရာဇ်အဆင့်တွင် မရှိလောက်ချေ။ ဖိဂုလျန်ပြောကြားချက်အရ တစ်ဖက်လူမှာ တစ်ထောင်သော စစ်ပွဲနတ်ဘုရားအဆင့်သာရှိသေး၏။
သူ၏ကျင့်ကြံဆင့်နှင့် သူ့အား ဗောဓိဘုရားကျောင်းသို့ရောက်ရန် အနည်းဆုံး၁လလောက်ကြာပေလိမ့်မည်။
သူဟာထိုအခါမှ ဗုဒ္ဓဂိုဏ်းသက်ဆိုင်သူများအား တစ်ခုခုလုပ်ပါလျှင် သူဟာအခြားလူများ၏အာရုံကို ဆွဲဆောင်နိုင်မှာလား? ထိုလူအား မီအောင်လိုက်ပြီး ကျူးကောကျီချုံအား ခေါ်လာသည်မှာ အကောင်းဆုံးပင်။
ဒါ့အပြင်သူဟာ သူ၏အချိန်ကို တိုးလိုက်ပြီး ပိုမိုအားကောင်းသော အဆင့်သို့ကျင့်ကြံလိုက်သည်။
လုရှောင်ရန်မှာ သူ၏မျက်ခုံးများကိုသပ်ကာ မျက်လုံးထဲ၌ အေးစက်စက်အလင်းတပြက ဖြတ်ပြေးသွားသည်။
"ကောင်းပြီလေ! ဒီနည်းကိုသုံးရအောင်။"
မင်းတို့ရဲ့ ဗုဒ္ဓဂိုဏ်းက အကြင်နာမဲ့နေကတည်းက ငါ့ရဲ့အကြင်နာမဲ့မှုကိုလည်း အပြစ်မတင်နဲ့။
အသက်ပြင်းပြင်းရှူပြီးနောက်တွင် သူဟာချက်ချင်းပဲ လက်သင်္ကေတများထုတ်ဖော်ကာ သူ၏ကိုယ်မှ ကိုယ်ပွားလေးခု ခွဲထုတ်လိုက်၏။
သူ၏ကျင့်ကြံဆင့် မဟာယနနတ်ဘုရားအရှင်ဘုရင် အထွဋ်အထိပ်အဆင့်ကိုရောက်ရှိပြီးနောက်တွင် သူဟာကိုယ်ပွားလေးခုအား ဖန်တီးနိုင်ပြီဖြစ်၏။
သူ၏ကိုယ်ပွားတစ်ခုစီတိုင်းတွင် မဟာယနနတ်ဘုရားအရှင်ဘုရင်ထိပ်ဆုံးအဆင့်ကျင့်ကြံခြင်းရှိကြသည်။
ဒါ့အပြင် သူ၏ကျွမ်းကျင်မှုအားလုံးကိုပိုင်ဆိုင်၏။
ထိုသို့ဖြင့် သူဟာ ကိုယ်ပွားများအားလုံးကို ဖြန့်ကျက်ပြီး ဗုဒ္ဓဂိုဏ်းကိုတိုက်ခိုက်သည်နှင့်ဗုဒ္ဓဂိုဏ်း၏ အာရုံကိုရသွားမည်ဖြစ်သည်။
ထိုအချိန်ဆိုလျှင် သူဟာ ရေများကို ရွှံ့ဖြစ်စေပြီး ကျူးကောကျီချုံ၏တည်နေရာအား စူးစမ်းရန် အခွင့်အရေးရရှိသွားမည်ဖြစ်သည်။
လုရှောင်ယန်မှာ တစ်ဖက်မှသူ့အားစုံစမ်းမည်ကို မကြောက်ရွံ့ပါချေ။ သူဟာကိုယ်ပွားများ၏သွင်ပြင်နှင့် ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ပြီး သူ၏ရောင်ဝါကိုတိုက်ရိုက်ဝတ်ဆင်ထားနိုင်သည်။ ဗုဒ္ဓဂိုဏ်းမှာ သူ၏ပုံစံအစစ်အမှန်အား သံသယဝင်လိမ့်မည်မဟုတ်ချေ။
ပြောရလျှင် ထိုနေရာမှာကောင်းကင်ပင်လယ်မြို့တော်နှင့် အင်မတန်အလှမ်းဝေးလှသည်။
ဗုဒ္ဓဂိုဏ်းမှ တစ်ယောက်ယောက်သာ မဖော်ပြပါလျှင် သူတို့ဟာ လုရှောင်ယန်၏ပုံစံအစစ်အား ရှာဖွေခြင်းကို မေ့လျော့သွားနိုင်သည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၄။ အပိုင်း ၃၄၈ စွမ်းအားအကြီးမားဆုံးတိုက်ခိုက်မှု
ဖိဂုလျန်မှာ လုရှောင်ယန် အတည်ကြီး ကိုယ်ပွားတစ်ခုအား ဖန်တီးလိုက်သည်ကို မြင်ရသောအခါ ထိတ်လန့်ကြောင်အသွားတော့၏။
"သခင်၊ ဘယ်...ဘယ်လို ဒီကိုယ်ပွားကိုဖန်တီးလိုက်တာလဲ?"
"ကိစ္စတော်တော်များများကို စပ်စုနေတာက ရပ်လိုက်တော့။ ပြီးတော့ ငါမင်းကိုပြောပြရင်တောင် မင်းရဲ့ဉာဏ်လောက်လေးနဲ့ နားလည်မှာမဟုတ်ဘူး။"
ဖိဂုလျန် : "..."
"သခင်က ကျွန်တော်တို့ နတ်ဆိုးသားရဲတွေကို ဘက်မလိုက်ဘူးလို့ခံစားရတယ်။ သခင်လည်း နတ်ဆိုးသားရဲတွေရဲ့ ဉာဏ်စွမ်းအပေါ်မှာ အထင်မသေးဖို့မျှော်လင့်မိပါတယ်။"
"ဒါဆိုမင်းကို မေးခွန်းရိုးရိုးလေးတစ်ခုလောက်မေးပါရစေ။ ဘယ်အခြေနေအောက်မှာ တစ်နဲ့ တစ်ပေါင်းရင် သုံးနဲ့ ညီမျှသလဲ?"
"တစ်အပေါင်း တစ်က ဘယ်အခြေအနေမှာမှ သုံးနဲ့မညီမျှပါဘူး။"
"မင်းမှားတယ်။ မင်းတွက်ချက်မှုမှားယွင်းတဲ့အချိန်ကျရင် တစ်အပေါင်းတစ်က သုံးနဲ့ညီမျှတယ်။"
ဖိဂုလျန် : "..."
"မင်းကဒါကိုလက်မခံချင်ဘူးလား?"
ဖိဂုလျန်ခေါင်းငြိမ့်လိုက်သည်တွင် လုရှောင်ယန်မှာ စကားဆက်လိုက်သည်။
"ကောင်းပြီလေ၊ ငါမင်းကို နောက်ထပ်မေးခွန်းတစ်ခုမေးမယ်။ ဒါကမတိုင်ခင်ကနဲ့ တူညီတဲ့မေးခွန်းပဲ။ တစ်အပေါင်းတစ်က ဘယ်အချိန်မှာ နှစ်နဲ့ညီမျှလဲ?"
"တွက်ချက်မှုမှားယွင်းတဲ့အခါမှာ တစ်အပေါင်းတစ်က နှစ်နဲ့ညီမျှပါတယ်။"
"ငတုံး၊ တစ်အပေါင်းတစ်က အမြဲ နှစ်နဲ့ညီမျှတယ်လေ။ မင်းရူးနေလား?"
"သခင်၊ ကျွန်တော့ကိုနောက်နေတာလား? ပထမတုန်းကတော့ 'သုံး'၊ နောက်တစ်ခေါက်ကျတော့ 'နှစ်'တဲ့။ သခင့်ရဲ့ အလှည့်အပြောင်းတွေက အရမ်းရှုပ်ထွေးပြီး စိတ်ရှုပ်ဖို့ကောင်းတယ်။"
"မင်းငါ့ကို အဲ့ဒါအတွက်နဲ့ အပြစ်တင်တာလား? မင်းကသာ ငါ့ကိုစမ်းသပ်စေချင်ခဲ့တာလေ။ ပြီးတော့ မင်းက နှစ်နဲ့ သုံးကိုတောင် မခွဲခြားနိုင်ဘူး။ ငါ့ကိုအပြစ်တင်ရဲတယ်ပေါ့?"
ဖိဂုလျန်မှာ လုံးဝပြောစရာမဲ့သွားသည်။
လုရှောင်ယန်မှာ ၎င်းနှင့် ရှုပ်နေတော့ဘဲ သူ၏ကိုယ်ပွားလေးခုကိုသာ အမိန့်ပေးလိုက်၏။
"မင်းတို့လေးယောက်၊ ချက်ချင်းပဲ အနီးအနားက ဗုဒ္ဓဂိုဏ်းတွေကို ဖျက်ဆီးလာခဲ့။ တစ်ယောက်ကိုမှ အရှင်မထားနဲ့။"
"ဟုတ်ကဲ့ပါ!"
ကိုယ်ပွားလေးဦးမှာ လုရှောင်ယန်၏အမိန့်များကိုရရှိပြီးနောက်တွင် ချက်ချင်းပဲ နေရာရွှေ့ပြောင်းထွက်ခွာသွားကြတော့၏။
ထို့နောက်တွင် လုရှောင်ယန်မှာ ဝမ့်ခိုက်အား တောင်းဆိုလိုက်သည်။
"ဝမ့်ခိုက် ချက်ချင်းပဲ လီချန်းရှန်နဲ့ စုန့်ရှင်းနျန်အပေါ်မှာ ဝိဉာဉ်လမ်းညွှန်ကို အသက်သွင်းပေး။"
[နားလည်ပါပြီ။ စွမ်းအားကြီးသော ဝိဉာဉ်လမ်းညွှန်အား အသက်သွင်းနေပါတယ်]
ထိုကိစ္စများစီစဉ်ပြီးနောက်တွင် လုရှောင်ယန်မှာ တောင်ကြားထဲ၌ အစီအရင်များကို စတင်ရေးဆွဲတော့သည်။
ဗုဒ္ဓဂိုဏ်းမှ ဒဏ်ရာရပြီးနောက်တွင် ၎င်းတို့မှာ ပြဿနာရှာရန် ဤနေရာသို့ရောက်လာကြပေလိမ့်မည်။
လုရှောင်ယန်အတွက် ၎င်းတို့အား ကောင်းကင်ပင်လယ်မြို့တော်ကို သွားခွင့်ပြုပြီး လုမျိုးနွယ်စုအား အဖမ်းခံစေသည်မှာ မဖြစ်နိုင်ပါချေ။
သူဟာ ဤနေရာတွင် ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထား၏။ ဗုဒ္ဓဂိုဏ်းမှ ပါရမီရှင်တစ်ယောက်ယောက်များ လာရောက်ခဲ့ပါလျှင် သူဟာ တောင်ကြားရှိ မီးသင်္ဂြိုဟ်စက်အားဖွင့်လှစ်လိုက်ချေမည်။ သူဟာ တစ်ယောက်စီတိုင်းအား သတ်ပစ်မည်ဖြစ်၏။
ဖိဂုလျန်မှာ လုရှောင်ယန်နောက်လိုက်ရင်းဖြင့် အလုပ်များနေတော့သည်။
၎င်းတွင် လုရှောင်ယန်ကဲ့သို့အစီအရင်များ ရေးထွင်းနိုင်စွမ်းမရှိသော်လည်း သူသည် အစီအရင်ထဲသို့ နတ်သလင်းကျောက်များတော့ ထည့်သွင်းနိုင်ပါသေးသည်။
ထို့နောက်တွင် အစီအစဉ်၏ နောက်ထပ်ခြေလှမ်းမစတင်ခင်တွင် လုရှောင်ယန်မှာ ချန်းရှန်နှင့် အခြားလူများအားစောင့်ရပေလိမ့်မည်။
သူဟာ ၎င်းအားတွေးတောထားပြီးဖြစ်၏။ အရင်ဦးဆုံးတွင် သူ၏အဖိုးတန်တပည့်လေးနှစ်ဦးအား တောင်နှင့်မြစ်ပန်းချီထဲသို့ဝင်ရောက်စေကာ အမတသွေးဆေးလုံး၊ အမတခြင်ဆီဆေးလုံးနှင့် အမတဝိဉာဉ်ဆေးလုံးများအား သောက်သုံးရန် မဟာတာအိုမွေးဖွားခြင်းကိုအသုံးပြုရမည်။ ထို့နောက်တွင် သူ၏တပည့်နှစ်ဦးအား တစ်ဖက်အဖွဲ့ကို မဖျက်ဆီးခင်တွင် မြင်းနက်အား ရှာခွင့်ပြုရပေမည်။
ထိုအခိုက်တွင် ဝမ့်ခိုက်ဖြစ်ဖြစ် သူကိုယ်တိုင်ဖြစ်ဖြစ် သူတို့၏စွမ်းအားများတိုးလာနိုင်မည်ဖြစ်သည်။ ထိုသည်က ၎င်းတို့ ဗုဒ္ဓဂိုဏ်းအားခုခံရန် များစွာပိုမိုလွယ်ကူသွားပေလိမ့်မည်။
...
နတ်ဘုရားလောက၊ ဆောင်းဦးလေညင်းတောင်ကြား။
ဤသည်မှာ နတ်ဘုရားလောကရှိ အဆင့်မြင့်ဂိုဏ်းတစ်ခုပင်။
နတ်ဘုရားလောကတစ်ခွင်တွင် ထိုသို့သောဂိုဏ်းများမရေတွက်နိုင်လောက်အောင်ရှိချေသည်။
ယနေ့မှာ ဆောင်းဦးလေညင်းတောင်ကြား၏ တပည့်ရွေးချယ်ခြင်းနေ့ပင်ဖြစ်သည်။
"လီအားနျူ၊ အဆင့်သုံးပါရမီရှင်၊ အပြင်စည်းတပည့်။"
...
"လျူချင်းရွှီ၊ အဆင့်လေးပါရမီရှင်၊ အပြင်စည်းအစားထိုးဂိုဏ်းတပည့်။"
...
"ဝမ်ရှောင်ဟုန်၊ အဆင့်ငါးပါရမီရှင်၊ အပြင်စည်းယာယီတပည့်။"
...
"ချန်ရှောင်ဟွား၊ အဆင့်ခြောက် ပါရမီရှင်၊ အပြင်စည်း အစားထိုးယာယီတပည့်။"
…
အကြီးအကဲတစ်ဦးမှာကြေငြာချက်အား အဆုံးမရှိဖတ်ရှုပြနေချိန်တွင် အချို့မှာ ပျော်ရွှင်ကြပြီး အချို့မှာ ဝမ်းနည်းကြ၏။
မတူညီသော ပါရမီများဖြင့် ဂိုဏ်းအားဝင်ရောက်ပြီးသည်တွင် ထိုလူ၏ပုံစံသည် ကွဲပြားသွားနိုင်၏။ ဒါကြောင့် လူတစ်ယောက်၏စတင်မှုပုံစံမှာ အရမ်းအရေးပါသည်။ ၎င်းမှာ ထိုလူ၏စမှတ်ကိုပင် ဆုံးဖြတ်ပေးသည်။
သင်၏စမှတ်ပိုမြင့်လေလေ သင်နှင့်အခြားလူများ၏ အနာဂတ်မှာ ပိုမိုကြီးမားလေလေဖြစ်သည်။
ထိုအခိုက်တွင်အကြီးအကဲဟာ သူ၏အသံကိုမြှင့်လိုက်သည်။
"ဟန်ကျန့်၊ ပထမအဆင့်ပါရမီရှင်၊ အတွင်းစည်းတပည့်။"
သူဟာထိုသို့ပြောပြီးသည်နှင့် လူတိုင်းမှာ မထိန်းနိုင်ဘဲ အံ့အားသင့်သွားကြသည်။
"သူကတော့ တကယ်ကြီးကို အတွင်းစည်းတပည့်ပဲ။ စွမ်းအားကြီးလိုက်တာ!"
"အဲ့ဒီတစ်ယောက်က ဘယ်သူလဲ? သူကဘယ်လိုလုပ်မြန်မြန်ကြီး အတွင်းစည်းတပည့် ဖြစ်လာနိုင်ရတာလဲ?"
"ငါ့ကိုသာ သူနဲ့နှိုင်းယှဉ်ရင် တကယ်ကြီးဒေါသထွက်မှာပဲ။ သူနဲ့ ငါကအတူတူအစမ်းသပ်ခံထားခဲ့ရတာလေ။ ငါက ပဉ္စမအဆင့် ပါရမီပဲရှိနေခဲ့ချိန်မှာ သူက ပထမအဆင့် ပါရမီရှင်ဖြစ်နေခဲ့မယ်လို့မထင်ထားခဲ့ဘူး။ သူကတော့ အတွင်းစည်းတပည့်ဖြစ်လာပြီး ငါကတော့ အပြင်စည်းယာယီတပည့်လေးပဲဖြစ်လာတယ်။"
လူတိုင်း အံ့အားသင့်သွားကြသည်မှာ အံ့ဩစရာမဟုတ်ပါချေ။ ထိုသည်မှာ ပထမအဆင့်ပါရမီသည် အင်မတန်ကောင်းမွန်သော ပါရမီအဖြစ် ယူဆထားကြသောကြောင့်ပါပင်။ ၎င်းမှာ ထိပ်တန်းအဆင့်ပါရမီ၏အောက်မှာသာရှိတော့၏။
ထိပ်တန်းအဆင့်ပါရမီမှာ အလွယ်တကူရရှိနိုင်သည့် အရာတစ်ခုမဟုတ်ပါချေ။ ၎င်းမှာ အင်မတန်ရှားပါးလှသည်။
ထို့ကြောင့် ၎င်းတို့၏အမြင်တွင် တစ်ခါတရံ၌ ပထမအဆင့်ပါရမီရှင်သည် အကောင်းဆုံးဟုပင် ပြောနိုင်သည်။
တပည့်များ၏ အံ့အားသင့်မှု၊ ဆောင်းဦးလေညင်းတောင်ကြားအကြီးအကဲ၏သက်တောင့်သက်သာဖြစ်မှုနှင့် မတူညီစွာ လူအုပ်ထဲရှိဟန်ကျန့်၏ အမူအရာမှာတည်ငြိမ်နေသည်။
သူ၏ပါရမီမှာ ပထမအဆင့်ပါရမီလေးသာ ဖြစ်ခြင်းမှာ လုံးဝကိုမဖြစ်နိုင်ပါချေ။
ပြောရလျှင် သူ၏ပါရမီမှာ လုံးဝကို ဆောင်းဦးလေညင်းတောင်ကြား၏ အကဲဖြတ်အရည်အချင်းများထက်ကျော်လွန်နေပေသည်။ ထို့အပြင် ဆောင်းဦးလေညင်းတောင်ကြားတွင် ထိပ်တန်းအရည်အချင်းရှိပါရမီရှင်ကသာ သူ၏ဖိနပ်များကို ကိုင်ဆောင်ရန် အရည်အချင်းပြည့်မီနိုင်သည်။
သူဟာ စမ်းသပ်နေစဉ်တွင် သူ၏အဆင့်ကို နှိမ့်ချထားခြင်းကြောင့်သာ ပထမအဆင့်ပါရမီရှင်ဖြစ်နေရခြင်းဖြစ်၏။ မဟုတ်လျှင် ဆောင်းဦးလေညင်းတောင်ကြား၏စမ်းသပ်ကျောက်တုံးမှာ ပေါက်ကွဲသွားလောက်ပြီဖြစ်၏။
မူလက ဟန်ကျန့်မှာ ထိုဂိုဏ်းအားဝင်ရောက်ရန် မရွေးချယ်လိမ့်မည်မဟုတ်ပါချေ။ သူဟာ သိုသိပ်စွာနေထိုင်ချင်ပြီး များများစားစားမပါဝင်ဘဲ ဒုက္ခများကို မဆွဲဆောင်ချင်သောကြောင့်ပင်။
သို့သော် ထိုသို့ပြုလုပ်နိုင်ခြင်း လုံးဝမရှိပါချေ။ သူ၏ကျင့်ကြံခြင်းလမ်းစဉ်မှာ မလုံမလောက်ဖြစ်နေချေပြီ။ ထို့ကြောင့် သူဟာ ဂိုဏ်းတစ်ခုအားရွေးချယ်က အချို့သော ကျင့်စဉ်များအား လေ့လာရတော့မည်ဖြစ်၏။
၎င်းမှာ နတ်ဘုရားလမ်းစဉ်တစ်ခုဖြစ်လျှင် အကောင်းဆုံးဖြစ်၏။
ထိုသည်ကိုလေ့လာပြီးနောက်တွင် သူဟာထွက်ခွာရန်ဆင်ခြေပေးလို့ရပြီဖြစ်၏။
"ဟန်ကျန့်၊ သွားကြစို့။ ငါမင်းအတွက် နေရာထိုင်ခင်းစီစဉ်ပေးဖို့ ဂိုဏ်းဆီကို ခေါ်သွားပေးမယ်။"
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ"
ဆောင်းဦးလေညင်းတောင်ကြားအကြီးအကဲမှာ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
သူဟာဟန်ကျန့်အား အထူးသဖြင့် စိတ်ကျေနပ်မိသည်။
ထိုကလေးမှာ အင်မတန်ပါရမီကောင်းရုံမျှမက သူ၏စိတ်နေစိတ်ထားမှာလည်း တကယ်ကိုမဆိုးလှပါချေ။
ပြောရလျှင် သူ့လိုမျိုး ပါရမီရှင်အဆင့် ပုံရိပ်တစ်ခုမှာ ဂုဏ်ယူကာ မာန်တက်နေတတ်သည်။ အများအားဖြင့် ထိုအကျိုးမရှိသည့်အရာများမှာ သူ၏ကျင့်ကြံခြင်း အလယ်နှင့် နောက်ဆုံးအဆင့်များတွင် ဖြစ်ပေါ်တတ်သည်။ သို့သော် ဟန်ကျန့်မှာ မဆိုးပါချေ။ သူ၏စိတ်အခြေအနေမှာလည်း အတော်အတန်ကောင်းမွန်ပြီး တည်လည်းတည်ငြိမ်သည်။ သူဟာ တကယ်ကို ပြီးပြည့်စုံသော ကျောက်စိမ်းလေးပါပင်!
အကြီးအကဲမှာ ဟန်ကျန့်အား အလျင်အမြန်ပင် သူ၏နေရာသို့ခေါ်သွား၏။ ၎င်းမှာ အင်မတန်ကောင်းမွန်စွာ ခင်းကျင်းထားသော ဂူအိမ်လေးတစ်လုံးပါပင်။
ဆောင်းဦးလေညင်းတောင်ကြား၏ ကျင့်ကြံသူများမှာ အမြဲလိုလို တောင်ကြား၏နှစ်ဘက်စလုံးရှိ ချောက်ကမ်းပါးများတွင် အပေါက်များဖွင့်ထားကြ၏။ တည်နေရာမြင့်လေ ရာထူးမြင့်လေပင်။
ဟန်ကျန့်၏ တည်နေရာမှာ မဆိုးပါချေ။
"ဟန်ကျန့်၊ ဒီဂူအိမ်က အနာဂတ်မှာ မင်းရဲ့ဂူဖြစ်လာလိမ့်မယ်။ မင်း ကောင်းကောင်းကျင့်ကြံပြီး ဆောင်းဦးလေညင်းတောင်ကြားကို မကျရှုံးပါစေနဲ့။"
"ဟုတ်ကဲ့ပါ! မပူပါနဲ့၊ အကြီးအကဲ။ ကျွန်တော် လုံးဝကို အကောင်းဆုံးလုပ်ဆောင်မှာပါ။"
ဆောင်းဦးလေညင်းတောင်ကြားအကြီးအကဲမှာ စိတ်ကျေနပ်မှုဖြင့် ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။
"ဝင်ကြည့်ပြီး အရင်ဆုံး ဆေးကြောလိုက်ပါ။ ပြီးရင်တော့ ပို့ချချက်နားထောင်ဖို့ ခန်းမကို သွားရောက်ပြီး ကျင့်စဉ်ကို လေ့လာပါ။"
"ကောင်းပါပြီ။"
အကြီးအကဲထွက်သွားပြီးနောက်တွင် ဟန်ကျန့်မှာ ချက်ချင်းပင် ဂူအိမ်ထဲသို့ဝင်ရောက်ကာ ကာကွယ်ရန်အတွက် အစီအရင်အနည်းငယ်ကို ခင်းကျင်းလိုက်သည်။
ဟန်ကျန့်၏ အစီအရင်များ ခင်းကျင်းမှုစံနှုန်းမှာ အတော်အတန်ကောင်းမွန်သည်။ လုရှောင်ယန်ကလွဲလျှင် အစီအရင်များရေးဆွဲရာ၌ ဟန်ကျန့်မှာ မည်သူ့ကိုမှ သူဟာရှုံးနိမ့်မည်မဟုတ်ကြောင်း ခံစားနေမိသည်။
ဒါပေါ့၊ လုရှောင်ယန်ကိုတော့ လူတစ်ယောက်လို့ သတ်မှတ်လို့ရသေးလို့လား?
သူဟာ အင်မတန်မူမမှန်သော မကောင်းဆိုးဝါးပင်။ ဟန်ကျန့်၏ အထင်တွင် လုရှောင်ယန်မှာ လူတစ်ယောက်မဟုတ်ပါချေ။
ထို့ကြောင့် သေချာသောရှုထောင့်မှ သူ့အား အစီအရင်ခင်းကျင်းရာတွင် နံပါတ်တစ်တည်ရှိမှုအဖြစ် မှတ်ယူနိုင်သည်။
အစီအရင်များခင်းကျင်းပြီးသည်နှင့် ဟန်ကျန့်မှာ ဂူအိမ်ထဲရှိ စားပွဲခုံကို ခုထားသော ရှေးဟောင်းစာအုပ်တစ်အုပ်အား တွေ့လိုက်ရသည်။
"အာ? ဘယ်သူကများ ဒီလိုကောင်းမွန်တဲ့ ရှေးဟောင်းစာအုပ်ကို ခုံခုဖို့ သုံးထားရတာလဲ? နှမျောစရာပဲ။"
ဟန်ကျန့်မှာ ရှေးဟောင်းစာအုပ်အား ထုတ်ယူလိုက်ကာ ခေါင်းစဉ်အားမဖတ်ခင်တွင် ဖုန်များကိုဖယ်ရှားလိုက်၏။
"ပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ်? ဘာကြီးလဲ?"
ဟန်ကျန့်မှာပထမစာမျက်နှာအားဖွင့်ကြည့်လိုက်ရာ အထဲရှိရေးသားထားသည်များကိုမြင်လိုက်ရသည်။
"ဒီစာအုပ်က ဒီလောကကြီးမှာ အသန်မာဆုံးနည်းစနစ်ပဲ။ မင်းသာကောင်းကောင်းဆုပ်ကိုင်နိုင်မယ်ဆိုရင် အကျိုးအမြတ်ကြီးကြီးရလိမ့်မယ်။"
"ဘယ်သူကများ ဒီလိုစာအုပ်တစ်အုပ်ရေးဖို့ အရမ်းပျင်းရိနေရတာလဲ?"
ဟန်ကျန့်မှာ မထိန်းနိုင်စွာ ပျက်ရယ်ပြုလိုက်သည်။ ထို့နောက်တွင် စူးစမ်းလိုစိတ်ကြောင့် ဒုတိယစာမျက်နှာကို လှန်လိုက်၏။
"မင်းက ၁၃၅၂၃အကြိမ်မြောက်တိုက်ပွဲမှာ လုရှောင်ယန်ရဲ့ အသတ်ခံရလိမ့်မယ်! ချက်ချင်းပဲ ပြင်ဆင်ထားပါ။ မင်းသာလုရှောင်ယန်ကို သတ်လိုက်တာနဲ့ ကျင့်ကြံခြင်းရင်းမြစ်များစွာကိုရရှိရလိမ့်မှာဖြစ်ပြီး ဒီလောကမှာ အကြွယ်ဝဆုံးလူဖြစ်လာလိမ့်မယ်။ အတိဒုက္ခကိုကျော်ဖြတ်ပြီး အမတအရှင်ဖြစ်လာဖို့က အိပ်မက်မဟုတ်တော့ဘူး။ မင်းက သန့်စင်ခြင်းသုံးပါးကို ခြေလှမ်းပြီး လောကသုံးပါးမှာ နံပါတ်တစ် ပညာရှင်ဖြစ်လာလိမ့်မယ်၊ ရှေးဟောင်းသဏ္ဍာန်မဲ့စကြဝဠာမှာ ကြီးမြတ်သော နံပါတ်တစ် ပညာရှင်ဖြစ်လာလိမ့်မယ်။ မင်းက လောကမှာ စွမ်းအားကြီးလာလိမ့်မယ်။ ဒီနည်းစနစ်က လုရှောင်ယန်မသေခင်မှာ တစ်လျှောက်လုံးမင်းကို ကူညီထောက်ပံ့လိမ့်မယ်။"
ဟန်ကျန့်:"..."
သူဟာ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ အတွေးတစ်ခုဖြင့် သူ၏လက်များအကြားတွင် မီးတောက်တစ်ခုပေါ်လာကာ စာအုပ်အား ပြာချလိုက်သည်။
စာအုပ်မှာ ပြာများအဖြစ်ပြောင်းလဲသွားချိန်တွင် သူဟာနှာသာချေလိုက်သည်။
"ဘယ်သူကများ ငါ့ကိုဒီလိုအရူးလုပ်ဖို့အထိ ပျင်းရိနေရတာလဲ? မင်းကငါ့ကို လုရှောင်ယန်ကိုသတ်စေချင်တယ်ပေါ့? ငါရူးနေတယ်လို့များထင်နေတာလား? ငါ့ရဲ့အဆင့်လေးနဲ့ လုရှောင်ယန်ကို သတ်နိုင်မယ်လို့များထင်နေတာလား? သူသာတကယ်ကြီး အဲ့လောက်အားနည်းနေရင် သူ့ကိုယ်သူ တို့ဖူးလေးတစ်ခုနဲ့တောင်သတ်လို့ရနေပြီမဟုတ်လား?"
ဟန်ကျန့်မှာ လုရှောင်ယန်ကို မသတ်ချင်ပါချေ။ သူဟာဒါကိုတွေးခဲ့ပြီးဖြစ်၏။ သူဟာ မည်သည့်ကိုမှဂရုမစိုက်ဘဲ ပုန်းအောင်းကာသာ ကျင့်ကြံချင်ပါဟည်။
သူ၏ကျင့်ကြံဆင့်တိုးလာပြီးနောက်တွင် သူဟာ လုရှောင်ယန်နှင့် တစ်နေ့တွေ့ရမည်ဖြစ်ပြီး သေချာပေါက်ဖြစ်လာမည့်အရာပင် သူဟာဒူးထောက်ပြီး တစ်ဖက်လူအား ချက်ချင်းပင် "အဖေ"လို့ခေါ်လိုက်မည်။
သူသာ တစ်ဖက်လူအား ဆန့်ကျင်မတိုက်ခိုက်နိုင်ခဲ့ပါလျှင် ထိုလူနှင့် ဆက်သွယ်မည်ပင်။ အရူးတစ်ယောက်ကသာ လုရှောင်ယန်အား တိုက်ခိုက်လိမ့်မည်ပင်။
တစ်ဖက်တွင် ဗုဒ္ဓဂိုဏ်းအား ရှာဖွေနေသော လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာ ၎င်းတို့အားဆင့်ခေါ်နေသော အင်မတန်မှ ရင်းနှီးလှသည့် အားတစ်ခုအား ခံစားမိလိုက်ကြသည်။
"ဒီခံစားချက်က ဆရာ့ဆီကနေလာတာပဲ!"
၎င်းတို့နှစ်ဦးသားမှာအင်မတန်ပျော်ရွှင်သွားကြ၏။
"ကောင်းလိုက်တာ! ဆရာကငါတို့ကိုဆင့်ခေါ်နေပြီ။"
လင်းရှင်းယွဲ့၏ နူးညံ့သောကိုယ်လေးမှာ တုန်ရီသွားသည်။
"အဲ့ဒါသူပဲ! သူပေါ်လာပြီ!"
"ဆရာတူအစ်ကို၊ သွားပြီး ဆရာ့ကိုရှာကြစို့။"
စုန့်ရှင်းနျန်မှာ စိတ်လှုပ်ရှားစွာ အော်လိုက်သော်လည်း လီချန်းရှန်၏အမူအရာမှာ လေးနက်နေပြီး မလှုပ်ရှားပါချေ။
"ဆရာတူအစ်ကို၊ ဘာဖြစ်လို့လဲ? ဆရာပေါ်လာပြီလေ။ ဆရာကို မြန်မြန်သွားရှာရအောင်။"
လီချန်းရှန်မှာ အသက်ပြင်းပြင်းရှူလိုက်ကာ လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။
"ငါတို့က ဒီလိုပုံနဲ့ ပြန်သွားပြီး ဆရာ့ကိုတွေ့ကြမှာလား? ငါတို့က ဆရာ့ကို ကျူးကောကျီချုံပျောက်သွားပြီး အခုထိရှာမတွေ့သေးဘူးလို့ ပြောရမှာလား?"
စုန့်ရှင်းနျန်၏ စိတ်လှုပ်ရှားနေသော အမူအရာမှာ ချက်ချင်းပင် အေးစက်သွားသည်။
ဤသည်မှာမှန်ပါသည်။ ၎င်းတို့နှစ်ဦးမှာ ကျူးကောကျီချုံအား မကယ်တင်ရသေးချေ။
သူတို့သာ ဒီတိုင်းပြန်သွားခဲ့ပါလျှင် ဆရာ့အားမည်သို့ မျက်နှာပြရမည်နည်း?
၎င်းတို့နှစ်ဦးမှာ လက်သီးများဆုပ်လိုက်ကြသည်။
"ဆရာတူအစ်ကိုမှန်ပါတယ်။ ဆရာ့ကို ဒီတိုင်းသွားပြီး တွေ့လိုမရဘူး။ ဆရာတူအစ်မကိုကယ်နိုင်တဲ့အထိ ဆက်လိုက်နေရဦးမှာ!"
လင်းရှင်းယွဲ့မှာ ၎င်းတို့၏စိတ်ဝိဉာဉ်ကူးစက်ခံလိုက်ရကာ ချက်ချင်းပြောလိုက်သည်။
"ကျွန်မရှင်တို့ကိုကူညီမယ်။ ဒါပေမယ့် ကျွန်မတို့လူနည်းနည်းလေးက ကျူးကောကျီချုံကိုတောင် မရှာနိုင်တာ ဘယ်လိုကယ်ရမှာတဲ့လဲ?"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၄။ အပိုင်း ၃၄၉ ဗုဒ္ဓဂိုဏ်း လှုပ်ရှားပြီ
လီချန်းရှန်နှင့်စုန့်ရှင်းနျန်ဟာ ခေတ္တမျှတွေးတောလိုက်ကာ စုန့်ရှင်းနျန်မှာ အကြံတစ်ခုရသွားသည်။
"ဒါနဲ့ ဒီအချိန်မှာ ဗုဒ္ဓဂိုဏ်းကိုရင်ဆိုင်နေရတာ ကျွန်တော်တို့ နှစ်ယောက်၊ သုံးယောက်ပဲရှိတယ်။ ဗုဒ္ဓဂိုဏ်းတစ်ခုလုံးကိုခုခံဖို့ကလည်း ကျွန်တော်တို့အတွက်မဖြစ်နိုင်ဘူး။ ပြီးတော့ ဆရာက သာမန်ကာလျှံကာလေး တိုက်ခိုက်လို့မရနိုင်တဲ့ အမတအရှင်လေ။ မဟုတ်ရင် သူ့ကို ကောင်းကင်တာအိုနိယာမတွေနဲ့ဖိနှိပ်လို့ရမှာပေါ့။ ဒီလိုဆိုရင် ဘာလို့ကျွန်တော်တို့ တခြားဆရာတူအစ်ကိုတွေကို ဆင့်ခေါ်ဖို့ နည်းလမ်းမရှာရမှာလဲ?"
"ဟုတ်တာပဲ!"
လီချန်းရှန်၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားသည်။
"ငါတို့နှစ်ယောက်နဲ့တင် အရမ်းစွမ်းအားကြီးနေပြီ။ တခြားလူတွေက ငါတို့ထက်ပိုပြီး စွမ်းအားကြီးကြမှာပဲ။ ပြီးတော့ အမည်မဲ့ဂိုဏ်းက တတိယမျိုးဆက်တပည့်လေးတွေလည်း ရှိနေသေးတယ်လေ။ အားလုံးတူတူလုပ်ဆောင်ကြမယ်ဆိုရင် ဆရာတူညီမလေးကို လုံးဝကယ်နိုင်မှာပဲ။"
"ဒါပေမယ့် ပြောရရင် ငါတို့သုံးယောက်အတွက် ဆရာတူအစ်ကိုနဲ့ အစ်မတို့ကိုအတူတကွသွားရှာဖို့က လုံးဝ မသင့်လျော်ဘူး။ နောက်ဆုံးမှာ ဆရာတူညီမလေးရဲ့နေရာကိုလည်း ရှာရဦးမယ်လေ။"
လင်းရှင်းယွဲ့မှာ ချက်ချင်းပြောလိုက်သည်။
"ကျွန်မသွားပြီးတော့ တစ်ယောက်ယောက်ကိုရှာလိုက်မယ်၊ ဒါပေမယ့်... ကျွန်မသူတို့ကို ဘယ်လိုရှာရမှာလဲ?"
စုန့်ရှင်းနျန်ဟာ ခဏမျှတွေးတောပြီး ချက်ချင်းပြောလိုက်သည်။
"ဒီလိုဆိုရင်ရော? ဗုဒ္ဓဂိုဏ်းက အမည်မဲ့ဂိုဏ်းရဲ့ ဆရာတူညီမလေးကို ဖမ်းထားပါတယ်ဆိုပြီး ကောလဟာလဖြန့်မယ်ဆိုရင်ရော?"
"မဟုတ်ဘူး၊ ငါတို့ဒီလိုလုပ်လို့မရဘူး။"
လီချန်းရှန်မှာ သူ့အားချက်ချင်းတားလိုက်သည်။
"ငါတို့အခုပဲ ဗုဒ္ဓဘုရားကျောင်းငယ်ကိုဖျက်ဆီးခဲ့တာ။ ငါတို့က ဗုဒ္ဓဂိုဏ်းရဲ့ အာရုံကိုဆွဲဆောင်ထားပြီးနှင့်နေပြီ။ ဗုဒ္ဓဂိုဏ်းကသာ ကောလဟာလနောက်လိုက်ရင် သူတို့က ဆရာတူညီမလေးကို စုံစမ်းကြလိမ့်မယ်။ ဗုဒ္ဓဂိုဏ်းကဆရာတူညီမလေးကိုပဲ စုံစမ်းမှာမဟုတ်ဘဲ ဗုဒ္ဓဘုရားကျောင်းငယ်ကနေပို့ဆောင်လိုက်တဲ့ ဆရာတူညီမလေးပါဝင်တဲ့ နတ်ဆိုးပေါင်းတစ်သိန်းကိုပါ စုံစမ်းနိုင်သေးတယ်။ အဲ့ဒီလိုသာဆိုရင် ဗုဒ္ဓဂိုဏ်းက ငါတို့ကို ခြိမ်းခြောက်နိုင်တုန်းပဲ။"
"ပြီးတော့ ငါတို့ကို မခြိမ်းခြောက်နိုင်ရင်တောင်မှ ဗုဒ္ဓဂိုဏ်းက ဒေါသဖြစ်လို့ နတ်ဆိုးအုပ်လိုက်ကြီးကို ဖျက်စီးပြီး ဆရာတူညီမလေးလည်း မြှုပ်စရာနေရာတောင် မရှိဘဲ သေမသွားနိုင်ဘူးလား?"
စုန့်ရှင်းနျန်မှာ သူ၏မျက်ခုံးများအား အပြင်းအထန်ဖိပွတ်လိုက်ကာ ချက်ချင်းပြောလိုက်သည်။
"ဒါဆို ကျွန်တော်တို့ဘာလုပ်သင့်လဲ? ဒီလိုဆိုရင် ဆရာအဖမ်းခံရတယ်လို့ပြောရင်တောင် ဗုဒ္ဓဂိုဏ်းရဲ့ အာရုံကိုဆွဲဆောင်သလို ဖြစ်သွားမှာပေါ့။"
လီချန်းရှန်မှာ ခဏမျှထပ်မံတွေးတောကာ ချက်ချင်းပြောလိုက်သည်။
"သိပြီ။ ဆရာကဗုဒ္ဓဂိုဏ်းရဲ့အသတ်ကိုခံလိုက်ရပြီး ပြာအဖြစ်လောင်ကျွမ်းသွားတယ်လို့ပြောရအောင်။ အဲ့ဒီနည်းလမ်းနဲ့ဆိုရင် ဆရာတူအစ်ကိုနဲ့ အစ်မနဲ့ ညီလေးတို့ကို ခေါ်လို့ရပြီ။"
"အဲ့ဒီအချိန်ကျရင်တော့ သူတို့ဆီသတင်းပို့ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမှာပဲ။"
"အခုအချိန်မှာ အဓိကက သူတို့ကိုမြှားခေါ်ဖို့ပဲ။"
လင်းရှင်းယွဲ့၏မျက်နှာမှာ တွန့်လိမ်သွားသည်။
"ဒါ...ဒါကသိပ်မကောင်းဘူး မလား?"
"ငါတို့ လုပ်နိုင်တာဘာမှမရှိဘူး။ မင်းသာ တကယ်တစ်ခုခုဖြစ်နေတဲ့အသံမလွှင့်ရင် လာကြမှာကိုမဟုတ်ဘူး။"
"အာ...ဟုတ်ပြီ ဒါဆို"
၎င်းတို့သုံးဦးမှာ တာဝန်ခွဲပြီးသည်နှင့် ချက်ချင်းခွဲသွားကြတော့သည်။
…
တစ်ချိန်တည်းမှာပင် ဗုဒ္ဓဂိုဏ်း၏လုနင်ဘုရားကျောင်းသို့ ပုံရိပ်တစ်ခုရောက်ရှိလာသည်။
၎င်းမှာ အဆင့်နိမ့်ဘုရားကျောင်းသာဖြစ်သည်။ မကြီးမားပါသော်လည်း အတွင်း၌ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်ပညာရှင်များပါဝင်သည့် တပည့်ပေါင်းသောင်းချီရှိပါသေးသည်။
"အဲ့ဒါက ဘယ်သူလဲ? သူက ငါတို့လုနင်ဘုရားကျောင်းထဲမှာ ဘာလုပ်နေတာလဲ?"
"မင်းကဘယ်ကလဲ? ဘာလို့ ငါတို့လုနင်ဘုရားကျောင်းဆီလာရတာလဲ?"
လုနင်ဘုရားကျောင်း၏တပည့်များမှာ လျင်မြန်စွာပင် တစ်ဖက်လူအားရှာဖွေကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ဟာ ထိုလူ၏ပုံစံအမှန်ကို စတင်မေးမြန်းကြ၏။
သို့သော် ထိုလူမှာ လုံးဝအဖြေမပေးဘဲ သူ၏ညာလက်အား အနည်းငယ်ပင့်မြှောက်လိုက်၏။
တစ်ခဏချင်းမှာပင် လျှပ်စီးကြောင်းက တိုးထွက်လာသည်။
ညီမျှသော နတ်ဝိဉာဉ်စွမ်းအားကုဋေချီမှာ ထိုလူ၏လက်ဝါးထက်တွင် စုဝေးလာကြသည်။ ထိုလူ၏လက်ဝါးကျရောက်လာသည်နှင့် မီတာတစ်သန်းအရှည်ရှိသော ဓားမော့အလင်းမှာ ချက်ချင်းထွက်ပေါ်လာ၏။
လုနင်ဘုရားကျောင်း တပည့်များ၏အမူအရာမှာ ဆိုးဆိုးရွားရွားပြောင်းလဲသွားသည်။
"မကောင်းတော့ဘူး၊ သူငါတို့ကို သတ်တော့မယ်!"
"သူက အရမ်းစွမ်းအားကြီးတယ်။ ငါတို့က သူ့ရဲ့ပြိုင်ဘက်တောင်မဟုတ်ဘူး။ ပြေး!"
သို့သော် အားလုံး လုပ်ရှားတော့မည့်ဆဲဆဲတွင် ထိုလူလက်ထဲရှိ ဓားမော့ရှည်မှာ မြည်သံကျယ်တစ်ခုနှင့်အတူ ကျရောက်လာ၏။
တစ်ခဏအတွင်းတွင် လုနင်ဘုရားကျောင်းတပည့်သောင်းချီမှာ ထိုဓားမော့ဖြင့်အသတ်ခံလိုက်ရ၏။
ဘုန်း! လုနင်ဘုရားကျောင်းတစ်ခုလုံးမှာ ဓားမော့အလင်းကြောင့် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားတော့သည်။
လုနင်ဘုရားကျောင်းနှင့် တူညီသောအရာမှာ အခြားသော ဘုရားကျောင်းများတွင်လည်း ဖြစ်ပွားခဲ့သည်ပင်။
နှစ်ရက်အတွင်းမှာပင် ထိုနယ်မြေရှိ ဗုဒ္ဓဂိုဏ်းခွဲများ ဒါဇင်ချီမှာ အညှာအတာမဲ့စွာ ဖျက်ဆီးခံလိုက်ရသည်။ ဒါ့အပြင် ၎င်းတို့အားလုံးမှာ စွမ်းအားကြီးမားသော ပြိုင်ဘက်တစ်ယောက်၏ ဖျက်ဆီးခံရခြင်းပင်။
ဗုဒ္ဓဂိုဏ်းအဖွဲ့ခွဲများမှာ အလျင်အမြန်ပင် ထိုနယ်မြေတွင် ပြိုကွဲသွားကြ၏။
ပြောစရာပင်မလိုလောက်အောင် ထိုဖြစ်ရပ်များမှာ လုရှောင်ယန် ကိုယ်ပွားလေးယောက်၏ လုပ်ဆောင်ချက်များပင်ဖြစ်သည်။
လုရှောင်ယန်မှာ သူ၏လက်တွင် သွေးမည်မျှစွန်းမည်ကို ဂရုမစိုက်ပါချေ။ ထိုအရာမှာ အဓိပ္ကာယ်မရှိပေ။
လုရှောင်ယန်မှာ မည်သူကိုမှ မသတ်ဘဲ ကောင်းကောင်းမွန်မွန်သာ ပြောပါလျှင် ဗုဒ္ဓဂိုဏ်းမှာ သူ့အားအဖက်ပင်မလုပ်ဘဲ ကျူးကောကျီချုံအား သူ့ထံပြန်ပေးမည်မဟုတ်ပါချေ။
အချိန်အများစုတွင် ထိုးချက်တစ်ခု၏သက်ရောက်မှုမှာ ပိုမို အကျိုးရှိပြီး ရိုးရှင်းစွာပင် စကားလုံးများထက် အကျိုးရှိပါချေသည်။
သူ၏ဆန္ဒအလျောက် ဗုဒ္ဓဂိုဏ်းခွဲများအား ဖျက်ဆီးပြီးနောက်တွင် လုရှောင်ယန်မှာ ဗုဒ္ဓဂိုဏ်း၏ ဆရာကြီးများအား အလျင်အမြန်ပင် ဆွဲဆောင်နိုင်လိုက်သည်။ ထိုအထဲတွင်ကျူးကောကျီချုံအား ဖမ်းဆီးထားသည့် စီနီယာဘုန်းကြီးနှစ်ယောက်ပါဝင်နေလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ လုရှောင်ယန်သာ ၎င်းတို့နှင့် ကြုံရပါလျှင် ထိုနှစ်ဦးအား အပိုင်းအစများအဖြစ် ဆုတ်ဖြဲပစ်မည်ဟု ကျိန်ဆိုထားလေသည်။
ထိုဘုန်းကြီးများမှာ သူ၏တပည့်လေးကို ဖမ်းရန် အတင့်ရဲလှသည်။ သူတို့က သေချင်နေတာပဲ!
သို့သော် ၎င်းမှာ ကံအပေါ်မူတည်နေ၏။ တစ်ချက်လူများသာ မလာခဲ့ပါလျှင် သူဟာကူရာမဲ့စွာသာ ကြည့်နေဖို့ကလွဲ ရွေးစရာရှိမှာမဟုတ်တော့ပါချေ။
သို့သော် ယခုတွင် ပိုမိုအရေးကြီးသောပြဿနာရှိနေသည်။ ၎င်းမှာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်ဆိုသော ကောင်စုတ်လေးနှစ်ကောင်မှာ လုရှောင်ယန်နှင့် နီးမလာရုံသာမက ၎င်းတို့၏ တည်နေရာများမှာ ပို၍ပို၍သာဝေးလာနေချေသည်ပင်။
"အဲ့ဒီကောင်စုတ်လေးတွေဘာလုပ်နေတာလဲ?"
နေ့တစ်နေ့အား အစီအရင်ခင်းကျင်းခြင်းဖြင့် ကုန်ဆုံးစေပြီးနောက်တွင် လုရှောင်ယန်မှာ တောင်ကြားအဝင်ဝတွင် ရပ်ကာ မျက်မှောင်ကြုံ့လိုက်သည်။ သူဟာ ထိုကောင်လေးနှစ်ယောက် မည်သည်အား လုပ်ဆောင်နေသည်ကို လုံးဝမသိနားမလည်ပါချေ။
"ထူးဆန်းတယ်၊ ဒီကောင်လေးနှစ်ယောက်ရဲ့ လှုပ်ရှားမှုအချက်အလက်မှာလည်း ဘာမှမပြောင်းသွားပါဘူး။"
ယခုတွင် လှုပ်ရှားမှု အချက်အလက်မှာ ယွင်လီကော ထပ်မံတိုက်ခိုက်ခံရခြင်းအကြောင်းများသာရှိပေသည်။ လီချန်းရှန်နှင့် စုန့်ရှင်းနျန်မှာမူ အဆင်ပြေပါ၏။
ထိုအခြေအနေအရ ၎င်းတို့နှစ်ဦးမှာ အပြင်ဘက်တွင် ထပ်မံမရှိလောက်တော့ကြပေ!
လုရှောင်ယန်မှာ ဝမ့်ခိုက်ကို အော်ခေါ်လိုက်သည်။
"ဝမ့်ခိုက်၊ မင်းဆီမှာများ တစ်ခုခုဖြစ်လို့လား? ငါက မင်းကိုဘာလို့ ပိုပြီး မယုံကြည်ရတော့ဘူးလို့ ခံစားနေရတာလဲ?"
"မင်းရဲ့ဝိဉာဉ်လမ်းညွှန်က ငါ့တပည့်တွေအပေါ်မှာ အလုပ်မဖြစ်တော့ဘူး။ ချန်းရှန်နဲ့ အခြားသူတွေလည်း လုံးဝမလာကြဘူး။"
[အာ...]
ဝမ့်ခိုက်မှာ ပြောစရာမဲ့သွားသည်။
[ဒါကမဖြစ်နိုင်ပါဘူး! အဓိပ္ပာယ်မရှိတာ။ ငါ့ရဲ့ ဝိဉာဉ်လမ်းညွှန်နဲ့ပက်သတ်ပြီး မှားစရာကိုမရှိတာ]
"မင်းနဲ့ပက်သတ်ပြီး လုံးဝတစ်ခုခုမှားနေတာပဲ။ ပရိုဂရမ်တစ်ခုခုများမှားနေတာလား? ဘယ်နေရာမှာလဲ?"
[ဟေး၊ ဟေး။ သခင် ခင်ဗျားရဲ့လက်ကို မရွေ့နဲ့။ မဟုတ်၊ ဒီမှာဆိုရင်မကောင်းဘူး။ အဲ့ဒါကညစ်ပတ်တယ်။ မဟုတ်ဘူး၊ အဲ့ဒါတကယ်ကိုမကောင်းတာနော်! တကယ်ကိုမကောင်းဘူး!]
လုရှောင်ယန် : "..."
လုရှောင်ယန်မှာ မည်သည်ကိုမျှ မလုပ်ဆောင်ရသေးဘဲ နေရာ၌ပင် ရှုပ်ထွေးစွာရပ်နေကာ တစ်ဖက်လူ၏ ညစ်ညမ်းသော အသွင်မျိုးစုံအား ကြည့်နေလေသည်။ သူဟာ ပြောစရာမဲ့နေ၏။
"မင်းသရုပ်ဆောင်လို့ပြီးပြီလား? ငါမင်းကို ထိတောင်ထိရသေးလို့လား?"
[အာ...]
ဝမ့်ခိုက်မှာ သူ၏အမြီးအားနှံ့လိုက်ကာ နေရခက်စွာ ပြုံးလိုက်သည်။
[ငါက သခင်ပြင်ဆင်နေတာကို ကူညီချင်ရုံပါ]
"သွားစမ်းပါ။ ငါမင်းကိုထိမှာမဟုတ်ဘူး။ မြန်မြန် ငါ့ရဲ့တပည့်တွေကို ပြန်ဆင့်ခေါ်လိုက်တော့။ မြန်မြန်လေး။"
[ကောင်းပါပြီ၊ သခင်။ ဒီတစ်ခေါက်တော့ အရမ်းစွမ်းအားကြီးတဲ့ ဝိဉာဉ်လမ်းညွှန်ကိုသုံးလိုက်ပါ့မယ်]
လုရှောင်ယန်မှာ ခေါင်းငြိမ့်လိုက်သည်။
"ဒါက ပိုပြီး ကောင်းတယ်။"
ထို့နောက်တွင် သူနှင့်ဖိဂုလျန်မှာ တောင်ကြားဝင်ပေါက်တွင် ထိုင်လိုက်ကြကာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်တို့အား စောင့်နေလိုက်ကြသည်။
နေမင်းကြီး ထွက်ပြူလာ... ဝင်သွား... ထွက်ပြူ...ဝင်သွား...ထွက်ပြူ...ထပ်မံဝင်သွား...
ထိုသို့ရက်အနည်းငယ်ခန့် ထပ်ခါဖြစ်ပွားရွတ်ပြီးနောက်တွင် လုရှောင်ယန်မှာ ထိုင်မနေနိုင်တော့ပါချေ။
"ဝမ့်ခိုက်၊ ငါတော့ မင်းတစ်ခုခုဖြစ်နေပြီလို့ထင်တယ်။ မင်းတကယ်ပဲ သူတို့ကိုဆင့်ခေါ်ခဲ့ရဲ့လား?"
[တကယ် ဆင့်ခေါ်ခဲ့ပါတယ်!]
လုရှောင်ယန်မှာ ပြောစရာမဲ့သွားသည်။
သူဟာ ထိုခွေးအား ထပ်မံနားမထောင်နိုင်တော့ဟု ခံစားရသည်။ ထိုခွေး၏ကျွမ်းကျင်မှုများမှာ ဆိုးသထက်ဆိုးလာ၏။ သူသာ ၎င်းအားထပ်မံနားထောင်နေပါက ဒုက္ခနှင့် ကြုံရနိုင်ချေရှိသည်။
သူဟာ သူ့ကိုယ်သူသာ အားကိုးလျှင် ပိုကောင်းလောက်မည်။
ထိုသို့ဖြင့် လုရှောင်ယန်မှာ သူ၏နတ်ဘုရားအာရုံဖြင့် ဗုဒ္ဓဂိုဏ်းအား ရင်ဆိုင်နေသော ကိုယ်ပွားလေးယောက်ကို ရပ်တန့်စေရန် အမိန့်ပေးလိုက်ကာ လီချန်းရှန်နှင့် စုန့်ရှင်းနျန်အား ရှာဖွေစေလိုက်၏။
မည်သို့ပင်ဖြစ်စေကာမူ ဗုဒ္ဓဂိုဏ်းခွဲအများအပြားမှာ ဖျက်ဆီးခံလိုက်ရပြီး သူတို့၏ပန်းတိုင်မှာလည်း အောင်မြင်လုနီးပါပင်ဖြစ်၏။
ဗုဒ္ဓဂိုဏ်းမှ လူများသာ ရူးမနေပါလျှင် ၎င်းတို့၏ ဂိုဏ်းခွဲဒါဇင်ချီဖျက်ဆီးခံရသည်ကို ဂရုမစိုက်ဘဲနေမည်မဟုတ်ချေ။
...
တစ်ချိန်တည်းမှာပင်၊ ဗုဒ္ဓဂိုဏ်း၏ ဗောဓိဘုရားကျောင်း၌။
တရားထိုင်နေသည့် မြင့်မြတ်သောဗုဒ္ဓမှာ ရုတ်တရတ်မျက်လုံးများဖွင့်လိုက်ကာ သူ၏ဖျော့တော့တော့ရွှေရောင်မျက်လုံးများက ပဟေဠိဖြစ်နေပုံကို ပြသလာ၏။
"ထူးဆန်းတယ်၊ ဘာကြောင့် ဒီကမ္ဘာလေးမှာ ဗုဒ္ဓဂိုဏ်းရဲ့စိတ်စွမ်းအားက ရုတ်တရတ်ကြီး တော်တော်များများ လျော့ကျသွားရတာလဲ?"
ဗုဒ္ဓဂိုဏ်း၏ စိတ်စွမ်းအားမှာ စိတ်ဝိဉာဉ်တောင်တွင်တစ်ယောက်ယောက်၏ကျင့်ကြံခြင်း အခြေခံကို ဗုဒ္ဓဘိုးဘေး၊ ဗုဒ္ဓ၊ ဗောဓိသဗ္ဗ၊ ရဟန္တာ၊ ဗောဓိနှင့် အခြားသော ဗုဒ္ဓပညာရှင်များသို့ထောက်ပံ့ပေးရုံသာမက ဤကမ္ဘာလောကတွင် ဗုဒ္ဓဂိုဏ်း၏ ပစ္စည်းဥစ္စာများကိုလည်း ကိုယ်စားပြုပေသည်။
သို့သော်၊ ယခုတွင် ဤလောက၏ နံ့သာပေါင်း ပူဇော်ဆက်သခြင်းများမှာ ရုတ်တရတ် အတော်များများ လျော့ကျသွားကာ သူ့အား အတန်ငယ် အံ့ဩပြီး ပဟေဠိဖြစ်စေ၏။
ထိုအခိုက်တွင် ဗုဒ္ဓအကြီးအကဲတစ်ပါးမှာ ကျန့်ခန်းမသို့ အလျင်အမြန် ပျံသန်းဝင်ရောက်လာ၏။
"မြင့်မြတ်သောဗုဒ္ဓ၊ တစ်ခုခုဖြစ်နေပါတယ်။"
မြင့်မြတ်သောဗုဒ္ဓ၏ နှလုံးအိမ်မှာ ရုတ်တရတ် ခုန်နှုန်းတစ်ချက် လွဲချော်သွား၏။
"ဘာကိစ္စရှိလို့လဲ?"
"မြင့်မြတ်သောဗုဒ္ဓ၊ ကျုပ်တို့ရဲ့ ဒါဇင်နဲ့ချီတဲ့ဗုဒ္ဓဂိုဏ်းခွဲတွေ ဖျက်ဆီးခံလိုက်ရပါပြီ။"
အေးစက်သော အလင်းတစ်ပြက မြင့်မြတ်သောဗုဒ္ဓ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
"ဘာတွေဖြစ်နေတာဘဲ? ကိုယ်တော့်ကိုအသေးစိတ်ပြောပါဦး!"
"ကျုပ်လည်းမသိပါဘူး၊ ဒါပေမယ့် ကျုပ်တို့တွေ ဂိုဏ်းခွဲဒါဇင်ချီနဲ့ အဆက်အသွယ်ပြတ်သွားလို့ပါ။ ကျုပ်ရဲ့နတ်ဘုရားအာရုံနဲ့ အနီးအနားက ဂိုဏ်းခွဲတွေကို ဆက်သွယ်ပြီး လူအချို့ကို စုံစမ်းဖို့စေလွှတ်ခဲ့ပါတယ်။ အဆုံးမှာတော့ ဂိုဏ်းခွဲတစ်ချို့ ဖျက်ဆီးခံလိုက်ရတာကို တွေ့လိုက်ရတာပါ။ တခြားဂိုဏ်းခွဲတွေမှာလဲ တူညီတဲ့အခြေအနေမျိုး ဖြစ်ပွားခဲ့ပါတယ်။"
မြင့်မြတ်သောဗုဒ္ဓမှာ မထိန်းနိုင်ဘဲ မျက်ခုံးများမြင့်တက်သွားသည်။
"ထူးဆန်းတယ်၊ ထူးဆန်းတယ်။ အတိတ်မှာတုန်းက ဘယ်သူကမှာ ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းကို ဒီလိုမျိုးမလုပ်ဝံ့ကြပါဘူး။ ဘာလို့အားလုံးက မကြာခင်ကပဲ အတင့်ရဲလာကြတာလဲ?"
"ကျုပ်လည်းမသိပါဘူး။ ဒါပေမယ့် နတ်ဆိုးသုတ်သင်ရှင်းလင်းပွဲက မလိုတော့ပါဘူး။ ကျုပ်တို့က မဖမ်းသင့်တဲ့သူကိုများ ဖမ်းထားမိတာလား?"
မြင့်မြတ်သောဗုဒ္ဓမှာ သူ၏ခေါင်းအား အတန်ငယ် ခါယမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး။ ကိုယ်တော်တို့သာ မဖမ်းသင့်တဲ့သူကိုဖမ်းထားခဲ့ရင် တစ်ဖက်က ကိုယ်တော်တို့ရဲ့ အဖွဲ့ခွဲနဲ့ ပက်သက်မှာမဟုတ်ဘူး။ အဲ့ဒီအစား ကိုယ်တော်တို့ရဲ့ ဗောဓိဘုရားကျောင်းကို တိုက်ရိုက်တိုက်ခိုက်လိမ့်မယ်။"
"ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းက အတော်လေး စွမ်းအားကြီးတဲ့ လှေးကောင်ငယ်လေးကို နှိုးဆွမိဟန်တူပါတယ်။"
"အဲ့ဒါက ဘယ်နေရာလဲ? မင်းတစ်ခုခုရှာတွေ့ခဲ့သေးလား?"
"အဲ့ဒါက ဟွေ့ရှီနဲ့ အခြားသူတွေကိုပို့လိုက်တဲ့ ဗုဒ္ဓဘုရားကျောင်းငယ်တစ်ဝိုက်မှာပါ။ ပြီးတော့ ကျုပ်လည်း စုံစမ်းခဲ့ပါတယ်။ ဟွေ့ရှီနဲ့ ဟွေ့ဝူကလည်း..."
မြင့်မြတ်သောဗုဒ္ဓ၏ မျက်လုံးများမှာ အနည်းငယ်လေးနက်သွားသည်။
"သိပြီ၊ ကိုယ်တော် အမှားလုပ်မိပုံပါပဲ။ ဒီလှေးကောင်လေးက သာမန်တော့ဟုတ်ပုံမရဘူး။"
"ဒီလိုဆိုရင် ကိုယ်တော်တို့ ဗောဓိဘုရားကျောင်းကနေ ဗောဓိဝါဂျရာလေးပါးကို ပို့ရလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ဗုဒ္ဓဂိုဏ်းရဲ့ ပုံစံအစစ်အမှန်နဲ့ အဲ့ဒီနယ်မြေအနီးအနားက တခြားဂိုဏ်းတွေကို ဖိအားပေးပြီး ဗုဒ္ဓဂိုဏ်းကို ကူညီဖို့ ဉာဏ်ကြီးရှင်တစ်ယောက်ကိုရှာရမယ်။"
"တစ်ယောက်ယောက်ကများ သဲလွန်စတစ်ခုရှာတွေ့ရင် သူတို့က အများအပြား ဆုချခံရမယ်။"
"သူတို့သာ မနာခံဘဲနေဝံ့ရင်... ဘာလုပ်ရမလဲကို မင်းသိပါတယ်။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၄။ အပိုင်း ၃၅၀ ဆရာကသေသွားပြီလား?
"ဒီနေ့၊ ငါ၊ ကျွင့်ပုကျန်းက ဝူရှူးမြို့တော်ရဲ့ သခင်ဖြစ်လာရမယ်လို့ ကျိန်ဆိုတယ်! ဒီနေ့ကစပြီး ငါက ဝူရှူးမြို့တော်ရဲ့ သခင်ဖြစ်လာပြီး မသေဆုံးခင်အချိန်အထိ ဝူရှူးမြို့တော်ရဲ့ကြီးထွားဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်မယ်!"
ဝူရှူးမြို့တော်တွင် ကျွင့်ပုကျန်းဟာ သူ၏ကျမ်းကျိန်ခြင်းကို ကြေညာလိုက်သည်။ တစ်ခဏအကြာတွင် များစွာသော ချီးမြှောက်မှုများက ဝူရှူးမြို့တော် တစ်ခုလုံးမှတိုးထွက်လာသည်။
"အသက်ရှည်ပါစေ မြို့အရှင်! အသက်ရှည်ပါစေ မြို့အရှင်!"
လူအုပ်ထဲတွင် ကျွင့်ပုကျန်း၏ အထူးဂရုစိုက်မှုများကို ရရှိထားသော ဂိုဏ်းအကြီးအကဲအချို့မှာ ရှုပ်ထွေးနေသော အမူအရာများရှိနေသည်။
"သူရဲ့ပါရမီကလည်း အရမ်းကောင်းတယ်လို့ ကျုပ်ဘာကြောင့် မမြင်ရတာလဲ? သူ့ရဲ့ပါရမီက အရမ်းကောင်းတယ်လို့ သိထားရင် ကျုပ်တို့ဂိုဏ်းကနေ ဘာကိစ္စပဲရှိရှိထွက်သွားခွင့် ပြုလိုက်မှာမဟုတ်ပါဘူး။"
"အမှန်ပဲ။ ကျုပ်တို့ဂိုဏ်းကနေ သူ့အတွက် နတ်သလင်းကျောက်တစ်သန်းနီးပါး ပေးခဲ့ရတယ်။ ငွေတွေကိုခြွေတာဖို့အတွက် ကျုပ်တို့တကယ်ကြီးသို့ကို ဂိုဏ်းကနေထုတ်ပယ်ခဲ့နယ်။ သူသာနောက်ထပ် နှစ်တစ်ဝက်လောက် ဆက်ပြီးနေမယ်ဆိုရင် သူက ကျုပ်တို့ ပင်လယ်နီဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေဦးမှာပဲ။"
...
ကျွင့်ပုကျန်းမှာ အောက်ဘက်ရှိ ဝူရှူးမြို့မှ ကျင့်ကြံသူများအား ကြည့်နေလိုက်ဟည်။ သူ နှစ်ပေါင်းများစွာ ခံစားနေခဲ့ရသော ဖိနှိပ်မှုမှာ ကွယ်ပျောက်သွား၏။
လွန်ခဲ့တဲ့နှစ်အနည်းငယ် သူ၏ဆရာနောက်သို့ လိုက်နေစဉ်ကတည်းက သူဟာ လုံ့လတစိုက်နှင့် မောပန်းခြင်းမရှိ ကြိုးစားခဲ့လေသည်။
ရှင်သန်ဖို့နှင့် ပိုမိုသန်မာဖို့ရာ သူဟာ ဝူရှူးမြို့တော်ရှိ ဂိုဏ်းကြီးအမျိုးမျိုးအား ဂုတ်သွေးစုပ်ရန် အမည်မဲ့ဂိုဏ်း၏ တတိယမျိုးဆက်ဂိုဏ်းသားတို့၏ တစ်စိတ်တစ်ပိုင်းအား ရယူရန် အင်မတန်ကြိုးစားခဲ့သည်!
သူဟာ တစ်ချိန်က အစားအစာနှင့် အဝတ်အစားအတွက် စိတ်ပူပင်ရန်မလိုအပ်သော လူချမ်းသာသခင်လေးတစ်ဦးဖြစ်ခဲ့ဖူးသည်ပင်။
သူဟာ ဘယ်တုန်းကမှ ပိုက်ဆံမပြတ်ခဲ့ပါချေ။ သူဟာ ငွေကိုပင် စိတ်ဝင်စားခြင်းမရှိခဲ့။
သို့သော် နတ်ဘုရားလောကသို့ လာရောက်ပြီးနောက်တွင် ရှင်သန်ရန်နှင့် တတိယမျိုးဆက်ဂိုဏ်းသားများအား ဦးဆောင်ရန် သူဟာ သူ၏မျက်နှာကိုပင် ဂရုမစိုက်တော့ပါချေ။
၎င်းမှာ အခြားဂိုဏ်းများ၏ အကျိုးအမြတ်ကိုရယူရန် အဖွဲ့ကိုဦးဆောင်နေရရုံမျှမက ၎င်းတို့မှာ ဘာမှမပေးသလို အလုပ်လည်းမလုပ်ပါချေ။
ဝူရှူးမြို့တော်၏ ကျင့်ကြံသူများမှာ သူ့အား ဝူးရှူးရဲ့ခွေးအိုကြီးဟုပင် အမည်ပေးထားကြ၏။
ထိုသည်မှ လူတိုင်းသည် ကျွင့်ပုကျန်းအား မည်သို့ထင်သည်ကို သိနိုင်ပေသည်။
သို့သော် အရာအားလုံးမှာ ယခုတွင် အဆင်ပြေပြီဖြစ်သည်။
သူဟာ ဝူရှူးမြို့တော်၏ မြို့အရှင်ဖြစ်သွားလေပြီ။ ဝူရှူးမြို့တော် တစ်ခုလုံးမှ မည်သူမျှသူ့အား မခုခံနိုင်ပါချေ။
ပြီးပြည့်စုံတယ်!
သူဟာ အောင်မြင်မှုရရှိခဲ့သည်ဟုပင်ဆိုနိုင်သည်။
အနာဂတ်တွင် ဝူရှူးမြို့တော်တစ်ခုလုံးမှာ သူ့အား အခွန်များနှင့် လက်ဆောင်များ ပေးအပ်ရပေမည်။ အနာဂတ်တွင် မည်သူမှ သူသည် ၎င်းတို့ထံမှ အကျိုးအမြတ်ရယူနေခြင်းဟု မဆိုနိုင်တော့ပါချေ။
သူဟာ အကျိုးအမြတ်များရယူရန်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။
"ဆရာဘာလုပ်နေမလဲလို့ တွေးမိတယ်! ဆရာတူအစ်နဲ့ အစ်မတွေရော ဘယ်လိုနေကြမလဲ?"
ကျွင့်ပုကျန်းမှာ ဘာသာရေရွတ်လိုက်၏။ ထိုအခိုက်တွင် ပုံရိပ်တစ်ခုမှာ သူ၏နံဘေးသို့ ရုတ်တရတ်ရောက်ရှိလာခဲ့သည်။
"ဆရာဦးလေးကျွင်း၊ ကိစ္စကြီးတစ်ခုတော့ဖြစ်နေပြီ။"
ကျွင့်ပုကျန်းမှာ တစ်ဖက်လူအပေါ်သို့အကြည့်ပို့လိုက်ကာ သူ၏မျက်ခုံးများမှာ အတန်ငယ်မြင့်တက်သွားသည်။
"ချန်းလင်၊ ဘာတွေဖြစ်နေလို့လဲ? မင်းကဘာလို့အရမ်းပူပန်နေရတာလဲ?"
"ကျွန်တော် တစ်ယောက်ယောက်က ဂိုဏ်းချုပ်ကို သတ်လိုက်တယ်ဆိုတဲ့ သတင်းကြားခဲ့ရတယ်။"
"ဘယ်သူ?"
"ဂိုဏ်းချုပ်က ဆရာဦးလေးရဲ့ဆရာ၊ ဂိုဏ်းချုပ်လုပါ။"
"မင်းဘာပြောလိုက်တယ်?"
ကျွင့်ပုကျန်း၏မျက်လုံးမှာ ချက်ချင်းပင် ပြူးကျယ်သွားကာ ကိုယ်ပေါ်ရှိအမွေးများပင် တစ်ဆုံးထောင်ထသွားတော့သည်။
"ဒီသတင်းကမှန်ရောမှန်ရဲ့လား?"
ရှီချန်းလင်မှာ ခါးသက်စွာပြုံးလိုက်သည်။
"တစ်ယောက်ယောက်ကများ ကျွန်တော်တို့ဆီလာပြီးလိမ်နိုင်မှာတဲ့လား? အဓိပ္ပာယ်မရှိဘူးလေ။ နောက်ဆုံးမှာ ကျွန်တော့်တို့နဲ့ ဆရာကြီးကြားက ဆက်ဆံရေးကို ဘယ်သူမှမသိဘူးလေ။"
ကျွင့်ပုကျန်းမှာ ခြေနှစ်လှမ်းနောက်ဆုတ်မိသွားသည်။ သူ၏သွေးများဆောင့်တက်ကာ သွေးတစ်လုပင် အန်မိတော့မလိုဖြစ်သွား၏။
ထိုအခိုက်တွင် သူ၏နှလုံးအိမ်မှာ ဆုတ်ဖြဲခံလိုက်ရသလိုခံစားလိုက်ရသည်။ သူ၏ဆုတ်ဖြဲခံထားရသော အသားမှာ သွေးနှင့်ရောနှောနှင့် ပြီး လည်ချောင်းဝတွင် တစ်နေပြီး သူ့အား သေစေလိုအောင်ပင် ပြုလုပ်နေပေ၏!
"ဘယ်သူကလုပ်ခဲ့တာတဲ့လဲ?"
"အဲ့ဒါက ဗုဒ္ဓဂိုဏ်းပါ!"
"ဗုဒ္ဓဂိုဏ်း! ဗုဒ္ဓဂိုဏ်းတဲ့လား!"
ကျွင့်ပုကျန်းမှာ သူ၏လက်များအားတင်းကြပ်စွာဆုပ်လိုက်ကာ မျက်ဝန်းများမှာ သွေးရောင်လို နီရဲလျက် လူသတ်ငွေ့များဖြင့်ပင် ပြည့်နေ၏။
"ငါ့ရဲ့အမိန့်တွေကို တစ်ဆင့်လွှင့်လိုက်။ ဗုဒ္ဓဂိုဏ်းက လူတိုင်းကိုသတ်ဖို့ ဝူရှူးမြို့တော်တစ်ခုလုံးရဲ့ အင်အားကိုသုံးလိုက်။ တစ်ယောက်မှမရှင်စေနဲ့!"
"ဆရာဦးလေးကျွင်း၊ အဲ့ဒါကအရမ်းစွန့်စားရာမကျနေဘူးလား? ဗုဒ္ဓဂိုဏ်းမှာက နက်ရှိုင်းတဲ့စွမ်းအားရှိတယ်။ ဒါကို သေချာတွေးကြည့်ချင်သေးလား?"
"တွေးစရာ ဘာမှမလိုတော့ဘူး! ငါ့အပေါ်ဆရာ့ရဲ့ကြင်နာမှုက တောင်တစ်လုံးလိုပဲ လေးလံတယ်။ ဆရာ့ကြောင့်သာမဟုတ်ရင် ငါတို့ဒီနေ့ဒီနေရာကိုရောက်လိမ့်မှာမဟုတ်ဘူး။ သူကအခု ဗုဒ္ဓဂိုဏ်းရဲ့အသတ်ခံလိုက်ရတော့ ဒီနတ်ဘုရားလောကတစ်ခုလုံးက ဘုန်းကြီးတွေကို အရေနွှာပြီးသာ စားပစ်လိုက်နိုင်ချင်မိတယ်။"
"ဗုဒ္ဓဂိုဏ်းနဲ့ ငါက အခုကစပြီး ရန်သူတွေ ဖြစ်ကြလိမ့်မယ်။ ငါ့အတွက် ဘာလှည့်ကွက်မှ ကစားစရာမလိုဘူး။ အခု၊ ငါ အဲ့ဒီဗုဒ္ဓဂိုဏ်းက ကတုံးတွေကို သတ်ပဲသတ်ချင်တယ်!"
"ကောင်းပါပြီ!"
…
နတ်ဘုရားလောက၊ ဝူဝမ်မြို့တော်။
ပုံရိပ်အချို့မှာ လေလံအိမ်မှ အပြုံးများဖြင့် လှမ်းထွက်လာကြသည်။
"ကျစ် ကျစ်၊ ဒီတစ်ချိန်ကတော့ ကြီးမားလှတဲ့ရိတ်သိမ်းချိန်ပဲ။ ငါထပ်ပြီးတော့ နတ်သလင်းကျောက် အတော်များများ ရလာပြန်ပြီ။
"ဒါက ဆရာသခင်ရဲ့ကောင်းမြတ်သောမိုးတိမ်နတ်ဘုရားလျှပ်စီးကို ကျေးဇူးတင်ရမယ်၊ ဒါကြောင့်ပဲ ငါတို့ ရတနာတော်တော်များများကို တူးဖော်ရရှိနိုင်ခဲ့တာ။"
"ငါတို့ကိုယ့်ဘာသာ ကံကောင်းတယ်လို့ယူဆရမယ်။ ဒီလမှာ ဂိုဏ်းက မဟာယနနတ်ဘုရားအရှင်ဘုရင်အဆင့်အပါအဝင်အုတ်ဂူဆယ်လုံးထက်ပိုပြီးတူးခဲ့တယ်။ မဟုတ်ရင် ငါတို့ အတော်များများ ဝင်လောက်မှာမဟုတ်ဘူး။"
"ညီအစ်ကိုတို့၊ ဘာလို့ဒီည မသောက်ကြရမှာလဲကွာ? ငါရှင်းပါ့မယ်။"
"မရဘူး၊ နောက်ဆုံးတစ်ခေါက်သွားတို့က ငါတို့ပဲရှင်းခဲ့ကြရတာလေ။ မင်းကဘယ်တော့မှမပေးဘူး။"
"ဒီတစ်ခေါက်တော့ မတူတော့ပါဘူးကွာ။ ငါပိုက်ဆံယူလာတယ်။"
"တကယ်လား?"
"ဒါပေါ့ အမှန်ပဲလေ။ မြန်မြန် သွားရအောင်။ မင်းတို့ နောက်ကျရင် ကောင်းတဲ့အရာလေးတွေ လွတ်သွားလိမ့်မယ်။"
"ထားလိုက်ပါတော့။ လောင်ကျွင့် မင်းတစ်နေကုန် သောက်နေဖို့ပဲ တွေးလို့မရဘူးလေ။ ငါတို့လက်ရှိတာဝန်က ကျင့်ကြံဖို့ပဲ။ ဘယ်လိုများမင်းရဲ့ဘောင်းဘီထဲက အရာကိုပဲ တစ်လျှောက်လုံးတွေးနေနိုင်ရတာလဲ?"
ကျွင်းချန်မင်ဟာ မျက်လုံးများကိုလှိမ့်လိုက်သည်။
"ငါ့ရဲ့မိန်းမလေးကတောင် ငါ့ကိုဂရုမစိုက်တာ။ ငါကဘာလို့ အများကြီးဂရုစိုက်နေရမှာလဲ?"
"အဓိပ္ပာယ်မရှိတာ။ မင်းမိန်းမက အစောကြီးတည်းကသေပြီးနေပြီ။ သူကမင်းကို ထိန်းချင်ရင်တောင် ထိန်းနိုင်မှာမဟုတ်ဘူး။"
သူဟာ စနောက်နေချိန်တွင် အခြားသောပုံရိပ်မှာ အလျင်အမြန်ပြေးလာကာ ဒေါသဖြင့်ပြောလိုက်သည်။
"လောင်ရွှီ၊ လောင်ကျွင့်၊ မင်းတို့တွေ မြန်မြန်ပြန်လာကြ။ ကိစ္စကြီးတစ်ခုတော့ဖြစ်နေပြီ။"
၎င်းတို့မှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။
"ဘာကိစ္စလဲ? ဘာလို့အမြန်လိုနေရတာလဲ?"
"ဂိုဏ်းချုပ်ဆရာသခင်က ဗုဒ္ဓဂိုဏ်းရဲ့ အသတ်ခံလိုက်ရပြီတဲ့! ဆရာဦးလေးကျန်းက ဝမ်းနည်းနေပြီး ဗုဒ္ဓဂိုဏ်းတစ်ဝိုက်လုံးကို ဖျက်ဆီးဖို့ လူစုချင်နေတယ်။"
"သေစမ်း!"
"မင်းဘာပြောလိုက်တယ်? ဆရာသခင်ကအသတ်ခံလိုက်ရတယ်? ပြီးတော့ ကတုံးတစ်ယောက်ရဲ့အသတ်ခံရတာ? သေစမ်း၊ ညီအစ်ကိုတို့ ကိုယ့်ကိုယ်ကိုပြင်ဆင်ပြီး အဲ့ဒီထိပ်ပြောင်တွေကိုသတ်ကြစို့!"
...
ရှေးဟောင်း မြင့်မြတ်သောမြေ၊ တစ်ရာသောတောင်တန်း။
ရုတ်တရတ် စူးရှသောအော်သံတစ်ခုထွက်ပေါ်လာ၏။
"ဗုဒ္ဓဂိုဏ်း! မင်းတို့က ငါ့ဆရာကိုသတ်ခဲ့တယ်။ ငါ၊ စုလင်းဝူက ညှိနှိုင်းပေးမှာမဟုတ်တော့ဘူး! ဒီနေ့ကစပြီး၊ ဗုဒ္ဓဂိုဏ်းသားတွေကို သတ်ဖို့အတွက် လုံးဝကိုလုပ်နိုင်သမျှအကောင်းဆုံးလုပ်ဆောင်တော့မယ်။ ရှေးဟောင်းမြင့်မြတ်နယ်မြေရဲ့ တစ်ရာသောတောင်တန်းမှာရှိတဲ့ နတ်ဆိုးသားရဲတိုင်းက ဗုဒ္ဓဂိုဏ်းတစ်ခုလုံးပျက်စီးတဲ့အထိ ဗုဒ္ဓဂိုဏ်းသားတွေကိုစားသုံးလိမ့်မယ်!"
လိပ်နက်၊ မီးငှက်ဇာမဏီနှင့် အခြားသူများက ၎င်းကိုကြားသောအခါ မနေနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်ကြသည်။
"လုရှောင်ယန်က သေပြီတဲ့လား? ထူးဆန်းတယ်၊ သူသာသေပြီဆိုရင် ငါတို့ကဘာလို့ ဘာသတင်းမှမရတာလဲ? လုရှောင်ယန်ရဲ့ သွေးအဆီအနှစ်က ငါတို့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ပျောက်ကွယ်မသွားသေးဘူးလေ!"
"ငါတို့ရဲ့ အာရုံတွေက နှေးကွေးနေတာလည်းဖြစ်နိုင်တယ်။ နတ်ဘုရားလောကက ကြီးမားလွန်းတယ်။ လုရှောင်ယန်က ငါတို့နဲ့ အလှမ်းဝေးလွန်းနေတယ်လေ။ သူသေသွားပေမယ့်လည်း သူ့ရဲ့သေဆုံးခြင်းသတင်းကို သွေးအဆီအနှစ်ဆီကို မပို့ရသေးတာပဲ။ ဒါကြောင့် ငါတို့ရဲ့အသိစိတ်ပင်လယ်ထဲက သွေးအဆီအနှစ်တစ်စက်က အသက်စွမ်းအားရှိနေသေးတာ။"
"ငါတို့ရောက်တဲ့အချိန်ဆိုရင် သွေးအဆီအနှစ်က ပျောက်ကွယ်သွားလောက်ပြီ။"
"ဒါပေမယ့် သူကငါတို့ရဲ့သခင်မဟုတ်တော့ရင်တောင် ငါတို့နတ်ဘုရားလောကိုလာပြီး လက်ရှိအဆင့်ထိကျင့်ကြံနိုင်တာ သူ့ကြောင့်ဖြစ်နေတုန်းပဲ။ သူကငါတို့အပေါ်မှာ အတော်လေးကောင်းပေးခဲ့တယ်။ ငါတို့ဒီခရီးမှာ စုလင်းဝူနဲ့ပူးပေါင်းပြီးအဲ့ဒီ့ကောင်တွေကိုသတ်ကြမယ်။ ဒါကို လုရှောင်ယန်အတွက် ကျေးဇူးဆပ်တယ်လို့ တွေးလို့ရနိုင်တယ်။"
...
တစ်ဖက်တွင် လီချန်းရှန်မှာ အင်မတန်ထူးကဲသောစွမ်းအားကို သူ၏ကိုယ်တွင်အာရုံခံမိလိုက်ပြီး မထိန်းနိုင်ဘဲ မျက်မှောင်ကျုံ့လိုက်၏။
"ဆရာတူညီလေး၊ ဆရာကငါတို့ကို ထပ်ပြီးဆင့်ခေါ်နေပုံပဲ။"
"အဟုတ်ပဲ! ဆရာက ကျွန်တော်တို့ကို လွမ်းနေတာဖြစ်လောက်တယ်။"
လက်သီးများအား ဆုပ်လိုက်ချိန်တွင် လီချန်းရှန်၏ နှလုံးအိမ်မှာတုန်ရီနေ၏။
"ဆရာကဒီလိုလုပ်လေလေ ဆရာတူညီမလေးကို ကယ်ဖို့ပိုပြီးကြိုးစားသင့်လေပဲ။ မဟုတ်ရင် ဆရာ့ရဲ့ ငါတို့အပေါ်ထားတဲ့မေတ္တာက ဘယ်လို ရှင်သန်နေနိုင်ဦးမှာလဲ?"
"အမှန်ပဲ! ကြိုးစားကြမယ်။"
၎င်းတို့နှစ်ဦးပျံသွားသည်နှင့် ၎င်းတို့၏အာရုံမှာ အောက်ဘက်ရှိ တလက်လက်တောက်နေသော အလင်း၏ဆွဲဆောင်ခြင်းကိုခံလိုက်ရသည်။
"တောက်ပနေတဲ့ ထိပ်ပြောင်တစ်ယောက်ရဲ့ခေါင်းပါလား. ဒါက ထိပ်ပြောင်ခေါင်းပဲ။ အောက်ဘက်မှာ ပုန်းနေတဲ့ ကတုံးတစ်ယောက်ရှိတယ်။"
"သူက ကတုံးဖြစ်နေတယ်ဆိုတည်းက သူ့ကို မလွှတ်ပေးနိုင်ဘူး။"
"သူတို့ကို ရိုက်လိုက်ရအောင်!"
…
ဟွေ့ရှင်း၏ဘက်တွင်မူ သူဟာ ဗုဒ္ဓဂိုဏ်းမှ အနီးအနားရှိဗုဒ္ဓဂိုဏ်းသားများ အလျင်အမြန်စုဝေးကြရန် အမိန့်ရရှိလိုက်ရကာ ထိုကိစ္စနောက်ကွယ်အား ရှာဖွေနိုင်လိုက်ပြီး ၎င်းမှာ ဗုဒ္ဓဂိုဏ်းခွဲအများအပြားဖျက်ဆီးခံလိုက်ရခြင်းပင်။
သူများ စူးစမ်းခဲ့ရဲ့လား?
မလုပ်ခဲ့ဘူးပေါ့။
ဗုဒ္ဓဂိုဏ်းတွင် သူဟာစားသောက်နိုင်သော်လည်း အလုပ်မလုပ်ပါချေ။ သို့သော် သူ့အတွက်အလုပ်မလုပ်ဖို့ရန်မှာ မဖြစ်နိုင်ပါချေ။ ထိုသည်မှာ သူ၏အလုပ်အမြဲနှောင့်နှေးနေရခြင်းပင်။
မူလတွင် ဗုဒ္ဓဂိုဏ်းအတွက် ခူကောင်ငယ်လေးများအားရှင်းလင်းပေးရသည်ကို စိတ်မရှိပါချေ။
၎င်းမှာ သူ့အတွက် ကိစ္စကြီးမဟုတ်ပါချေ။
သို့သော် ဟွေ့ရှီနှင့် ဟွေ့ဝူ သေဆုံးပြီးနောက်တွင် သူဟာ သူ၏နည်းစနစ်ကို ချက်ချင်းပြောင်းလဲလိုက်ကာ ပုန်းအောင်းရာ နေရာတစ်ခုရှာလိုက်သည်။
တစ်ဖက်လူမှာ ပြီးပြည့်စုံသော တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်သို့ရောက်နေပြီဖြစ်သည်။ ၎င်းတို့မှာ အသတ်ခံလိုက်ရပါလျှင်တောင် တစ်ဖက်လူ၏ကျင့်ကြံဆင့်မှာ တစ်ထောင်သော စစ်ပွဲနတ်ဘုရားအဆင့်ရှိသင့်နေပြီဖြစ်သည်။
ဟွေ့ရှင်းမှာ တစ်ဖက်လူထက် အဆင့်နှစ်ဆင့်မကျော်လွန်ပါလျှင် တစ်ဖက်လူအား တိုက်ခိုက်နိုင်လိမ့်မည်ကို အာမမခံနိုင်ပါချေ။
သူဟာ ယခုတွင် မဟာယနနတ်ဘုရားအရှင်ဘုရင်ပထမအဆင့်တွင်သာရှိသေးပေသည်။
ပြောရလျှင် တစ်ဖက်လူ၏ကျင့်ကြံဆင့်မှာ တစ်ရာသောတိုက်ပွဲနတ်ဘုရား ပထမအဆင့်ကို မကျော်လွန်နိုင်ပါချေ။
တစ်ဖက်လူမှာ ထိုအဆင့်ကို ကျော်လွန်နေပါလျှင် သူဟာ တစ်ဖက်လူအား ဘာကိစ္စရှိရှိတိုက်ခိုက်လိမ့်မည်မဟုတ်ချေ။
၎င်းမှာ သူရဲဘောကြောင်ပုံပေါ်သော်လည်း အင်မတန်လုံခြုံလှပေသည်။
ထို့ကြောင့် ဟွေ့ရှီနှင့် ဟွေ့ဝူ သေဆုံးပြီးနောက်တွင် သူဟာချက်ချင်းဆိုသလို ပုန်းအောင်းရန် နေရာတစ်ခုရှာလိုက်သည်ပင်။
ထိုမုန်တိုင်းကျော်လွန်ပြီးနောက်တွင် သူဟာ ဗောဓိဘုရားကျောင်းသို့ သူ၏ဆုအားလက်ခံရန် ပြန်သွားမည်ဖြစ်သည်။
"ငါဘယ်ဆုကို တောင်းဆိုသင့်လဲ? ဟမ်... ပထမဆုံး ငါ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင်ဆယ်ယောက်၊ အိုး မဟုတ်ဘူး၊ တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင် အယောက်နှစ်ဆယ်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ပြောရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါသာ ငါက တစ်ထောင်သော စစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်ဆိုတာကို ကြေညာလိုက်မယ်ဆိုရင် တစ်ထောင်သော စစ်ပွဲနတ်ဘုရားအဆင့်ပညာရှင်က တစ်ရာသောတိုက်ပွဲနတ်ဘုရားအဆင့်ပညာရှင် ဆယ်ယောက် အယောက်နှစ်ဆယ်လောက်ကို ဖျက်ဆီးတာက ပြဿနာမဟုတ်တော့ဘူး။"
"ဒါတစ်ခုတည်းနဲ့တင်၊ သူတို့ငါ့ကို ထိပ်တန်းအဆင့်နတ်သလင်းကျောက် တစ်သန်း၊ နှစ်သန်းလောက် ဆုချနိုင်ချေရှိတယ်။"
"ပြီးရင် ငါသူတို့ကို တစ်ထောင်သော စစ်ပွဲနတ်ဘုရားအဆင့်ပညာရှင် နှစ်ယောက်ကို တိုက်ခိုက်ဖို့ အားကုန်သုံးလိုက်ရတယ်လို့ပြောမယ်။"
"ဒီလိုဆိုရင်၊ ဆုတချို့ကို ထပ်ရနိုင်လောက်သေးတယ်။"
"ဟီးဟီး...လုံးဝမဆိုးဘူး။"
"သူတို့သာ ငါ့ကို ရတနာမျှော်စင်ရဲ့ ထိပ်တန်းအလွှာကိုဝင်ရောက်စေပြီး နတ်ဘုရားနည်းလမ်းနည်းနည်းလောက်ပိုပြီး လေ့လာစေရင်တော့ အကောင်းဆုံးပဲပေါ့။ အဲ့ဒီ့အချိန်ဆိုရင် အဲ့ဒီ နတ်ဘုရားနည်းလမ်းတွေက သူတို့ဘာသာ ကျင့်ကြံကြပြီး ငါ့ရဲ့ ကျင့်ကြံဆင့်လည်း အတော်လေးတိုးလာမှာပဲ။"
သူပြောလိုက်သည်နှင့် သူ၏ကိုယ်တွင်းရှိကျင့်စဉ်မှာ စတင် အသက်ဝင်လာသည်။
[သင်၏ကျင့်စဉ်၊ ရေပေါ်ပေါ့ပါးခြေလှမ်းမှာ သင်ဟာ ခံစားချက်ကောင်းနေသည်ကို ခံစားမိပါသည်။ ၎င်းမှာ ထိပ်တန်းအရည်အချင်းရှိ နတ်ဘုရားလမ်းစဉ်အဖြစ် တိုးမြင့်သွားပြီး နက်နဲမှုအဆင့်တစ်ဝက်အထိလည်းရှိနေပါပြီ]
[သင်၏ကျင့်စဉ်၊ ဝါဂျရာအနုပညာမှာ သင်သည် တိတ်တဆိတ်ပျော်ရွှင်နေသည်ကို အာရုံခံနိုင်ပါသည်။ သင်၏ကျင့်ကြံဆင့်မှာ အရှိန်မြှင့်နေပါပြီ။ သင်ဟာပို၍ ပို၍ ကြမ်းတမ်းလာပါပြီ]
...
သို့သော် ထိုအခိုက်တွင် ဖိအားနှစ်ခုမှာ ရုတ်တရတ်ကောင်းကင်မှကျဆင်းလာကာ ဟွေ့ရှင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။
***